Ch-3.4
ကျန်းချာ သည် အမေရှန်းကို ပွေ့ဖက်၍ အလွန်စိတ်ပျက်အားငယ်စွာ ငိုကြွေးနေခဲ့သည်။လမ်းတလျှောက်လုံး မေးမယ်မေးမယ်လုပ်နေသည့် အဖေရှန်း မှာ ဘာမှမပြောနိုင်သေး။
အဖေရှန်း က ရှန်းရန် ပုခုံးကို ပုတ်၍ "ဒီကိစ္စအတွက် ရှောင်းရှီ ကို ငါတို့ ရှင်းပြရမယ်"
"သိပါတယ် ပါး "
အမေရှန်းနဲ့ကျန်းချာ တို့ သည် အိပ်ပျော်နေသည့် ရှန်းရှီ ကို သွားတွေ့ပြီးအဖေရှန်းက ရှန်းရန် ကို တစ်ခုခုရှင်းပြနေခဲ့သည်။
ထိုစကားဝိုင်းမှာ ညနေခင်းအထိပင်ဖြစ်သည်။
အဖေရှန်းနှင့်အမေရှန်း တို့သည် ညစာစားဖို့ ကမ်းလှမ်းမှုကိုငြင်းဆိုခဲ့သည်။ သူတို့နှစ်ယောက် ညနေခင်းမှာ တစ်ခုခုလုပ်စရာရှိလို့ ကလေးက အဆင်ပြေတာသိသောကြောင့် ကလေးနဲ့အတူ ရှိနေပေးဖို့သာပြောခဲ့ကြသည်။
ရှန်းရန် က သူ့မိဘတွေကို အောက်ထပ်ကို လိုက်ပို့ပေးပြီး ကျန်းချာ က ညစာပြင်ဆင်သည်။
ရှန်းရှီ တစ်နေကုန် အိပ်မောကျပြီး အိပ်ရာက မထသေးပေမယ့် ညသန်းခေါင်မှာ ၂ကြိမ် ငိုသောကြောင့် ချော့ပြီး ပြန်သိပ်လိုက်ရသည်။
ရှန်းရန် ပြန်ရောက်သောအခါ ကျန်းချာ မှာ အသီးအရွက်များ လှီးနေသည်။
သူမ ကျောင်းတက်တုန်းကသာ ဒီလိုလုပ်ခဲ့ပြီး နောက်ပိုင်း ရှန်းရန်နဲ့လက်ထပ်ခဲ့ပြီးနောက်ပိုင်း မလုပ်ဖြစ်ခဲ့ပါ။ သို့သော် ကိစ္စမရှိပါ။ သူမ တဖြေးဖြေးချင်းလုပ်ယူမည်။
ရှန်းရန် တခဏကြည့်နေကာ သူ့ဂျက်ကတ်ကိုချွတ်၍ လက်ကိုဆေးဖို့ ကျန်းချာ အနားတွင် ရပ်နေသည်။
ကျန်းချာ သူ့ကိုကြည့်၍ ရယ်မောလိုက်သည်။ " မစ်စတာရှန်း ရှင် ချက်တက်သလား?"
" မချက်တက်ဘူး" ရှန်းရန် က သူမရဲ့ လှုပ်ရှားမှုတွေကို သတိပြုမိကာ ပြောလိုက်သည်။ "သင်ယူနိုင်ပါတယ်"
ကျန်းချာ ရယ်မော၍ "ကျွန်မလည်း မလုပ်တာ ကြာပြီဆိုတော့ မီးဖိုချောင်သုံး ဓားတစ်ချောင်းနဲ့ကိုင်တွယ်နေရတယ်.."
"အဆင်ပြေပါတယ်။" ရှန်းရန် သည် သူမရဲ့လက်ထဲရှိ ဓားကို ယူ၍ ကျန်းချာ လုပ်သကဲ့သို့ ဖြည်းညှင်းစွာလှီးလိုက်သည်။ "အနာဂတ်မှာ ကိုယ်တို့ အဲဒါကို ဖြည်းဖြည်းချင်း သင်ယူကြမယ်.."
ကျန်းချာ သည် "အင်း" ကို မပြောခင် အချိန်အတော်ကြာ အံ့အားသင့်သွားသည်။
"မား " ရှန်းရှီ၏သိမ်မွေ့နူးညံ့သော အသံထွက်လာသည်။
ကျန်းချာ နှင့် ရှန်းရန် တို့သည် ခေါင်းကို လှည့်လိုက်ကြရာ တံခါးဘောင်အနား ချောင်းကြည့်နေသည့် သတ္တိမရှိလှသည့် ရှန်းရှီ ကို တွေ့လိုက်ကြရသည်။
ကျန်းချာ ရှန်းရှီ၏ရှေ့၌ ထိုင်ချလိုက်ပြီး ငိုချင်သော်လည်း ထိန်းထားသည်။
ကျန်းချာ သည် အသက်ပြင်းပြင်းရှူကာ ရယ်အောင်ကြိုးစားကာ ရှန်းရှီ၏ဆံပင်များကို ပွတ်သပ်ရန် လက်ကိုမြှောက်လိုက်သည်။
"မားတို့ သားလေး နိုးပြီလား ~ သား ဗိုက်ဆာနေပြီလား"
ရှန်းရှီ က ကျန်းချာ ကို ဗြောင်ကျကျ စိုက်ကြည့်နေသည်။ သူ့အမေက သူ့အရင်အမေထက် ပိုထူးဆန်းတယ်လို့သာ ခံစားမိပေမယ့် အခုသူ့အမေက ပိုကောင်းတယ်လို့ ခံစားမိသည်။
ကျန်းချာ က ရှန်းရှီ ကို ကောက်ချီ၍ "ဒီနေ့ ပါး ဟင်းချက်လိမ့်မယ် အိုကေ?"
"ဟုတ် " ရှန်းရှီ က ၄နှစ်ပဲရှိသေးပေမယ့် သူ့အသံက မပီကလာပီကလာဖြစ်နေတုန်းပါပဲ။
ကျန်းချာ သူ့ကိုကြည့်ရင်း သူမနှလုံးသားတွေ အရည်ပျော်သွားသလို ခံစားလိုက်ရသည်။
အရင်တုန်းကတော့ သူမ၏ဦးနှောက်အပိတ်ခံထားရတာ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ဒီလောက်ချစ်စရာကောင်းတဲ့ သားငယ်လေးနဲ့ဘာလို့ အချိန်ပိုမဖြုန်းမိတာလဲ?
ရှန်းရှီ သည် အလွန်လိမ်မာပြီ ကျန်းချာ ပေါ်မှဆင်းကာ ရှန်းရန် သို့ ပြေး၍ ခေါင်းမော့ကြည့်ကာ တီးတိုးပြောသည်။ "ပါး ရှောင်းရှီက ဟင်းသီးဟင်းရွက် ဆေးနည်း သိတယ်"
ရှန်းရန်နဲ့ကျန်းချာ နှစ်ယောက်စလုံးက ဒီအကြောင်းကို ပြောခဲ့ကြတယ်။
၄နှစ်အရွယ်ကလေးက အသီးအရွက်တွေကို ကျွမ်းကျင်စွာ ဆေးကြောနိုင်ပါသည်ဟု သူ့အဖေကို ပြောလာသည်။
ကျန်းချာက အံကြိတ်၍ "ကျောင်းရင်!"
"မားမား ?" ရှန်းရှီ မေးခွန်းထုတ်ချင်သည့်အကြည့်ဖြင့်ပြန်ကြည့်သည်။
ကျန်းချာ က ပြုံး၍ "ပါး ကိုင်တွယ်လိမ့်မယ်"
ရှန်းရှီ က မျက်ခုံးပင့်လိုက်၍ စိတ်အားထက်သန်စွာခေါင်းညိတ်သည်။ "ဟုတ်.."
ဒီအစားအစာသည် လွန်ခဲ့သည့်လအနည်းငယ်အတွင်း ရှန်းရှီ စားခဲ့သော အပျော်ဆုံးအစားအစာဖြစ်နိုင်သည်။
ပါးနဲ့မား ရှိတယ်၊မုန်းဖို့ကောင်းသော အဒေါ်ကျောင်းမရှိဘူး။
ရှန်းရှီ က သူ့ပန်းကန်သေးသေးလေးကို သိပြီး ပန်းကန်လုံးတစ်ဝက်လောက်စားပြီးနောက် ကြို့ထိုးသည်။
ကျန်းချာ က ရှန်းရန် ကို စိုက်ကြည့်၍ "သားကိုအများကြီးမစားဖို့ပြောပါ သူ့ဗိုက်ပြည့်အင့်လိမ့်မယ်.."
" ကိုယ့်အမှား ..ကိုယ့်အမှား.." ရှန်းရန် စိတ်ကောင်းဝင်နေ၏။
"မား၊ပါး ကို အပြစ်မတင်ပါနဲ့၊အဲဒါ စားချင်တဲ့ ရှောင်းရှီ ရဲ့အပြစ်ပါ အဖေနဲ့အမေ ချက်ပြုတ်ထားတဲ့ ဟင်းတွေက အရမ်းအရသာရှိတယ်၊ရှောင်းရှီ က လောဘကြီးမိတာပါ.."
ကျန်းချာ က စိတ်မသက်မသာခံစားရပြီး သူ့သားရဲ့ခေါင်းကို ထိ၍ "မင်းရဲ့ပါး ကို ပန်းကန်ဆေးခွင့်ပြုလိုက်.. မားနဲ့ကစားကြမယ်..."
"မား၊ရှောင်းရှီ က ပါးကို အတူကူလုပ်ပေးနိုင်ပါတယ်.."
"မဟုတ်ပါဘူး ပါးကို ကိုယ်တိုင်လုပ်ခွင့်ပေးလိုက်ပါ "
ရှန်းရှီ က ရှန်းရန် ကို သတိထားကြည့်သည်။
ရှန်းရန် က ပြုံး၍ သားဖြစ်သူ ခေါင်းကိုထိကာ ညင်သာစွာပြောလိုက်သည်။"မင်း အမေနဲ့သွားကစား..."
ရှန်းရှီ ယခု စိတ်သက်သာရာရသွားတော့သည်။
သူ နည်းနည်းသတိထားရင်တောင် သူက ကလေးလားဆိုတာ မြင်ရဖို့ လွယ်တယ်။
ကျန်းချာ နှင့် ရှန်းရန် တို့သည် ရှန်းရှီ၏လက်ရှိအခြေအနေ မှားယွင်းနေမှန်း သိသော်လည်း ယခုအချိန်တွင် ၎င်းတို့သည် သူ့ကို နှစ်သိမ့်ကာ စိတ်ချလက်ချရှိနေစေခဲ့သည်။
၉နာရီထိုးပြီးနောက် ရှန်းရှီ သူ့မျက်လုံးများကို ပွတ်သပ်လာသည်။
ကျန်းချာ က သူ့ကို အခန်းထဲခေါ်သွားပြီး ခဏနေတော့အပြင်သို့ထွက်လာခဲ့သည်။
သူမနှင့် ရှန်းရန် တို့သည် ဧည့်ခန်းထဲတွင် ထိုင်ကာ တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ်ကြည့်နေကြသည်။
ပြောစရာတွေ အများကြီးရှိပေမယ့် ဘာမှ မပြောနိုင်ဘူးဆိုတာ သိသာသည်။
"ရှန်းရန်"
"အင်း။"
"ကျွန်မ-"
"မား " ရှန်းရှီ၏အသံသည် သူတို့၏စကားဝိုင်းကို ကြားဝင်လာခဲ့သည်။
ကျန်းချာ က ခေါင်းကို လှည့်ကြည့်သည်။
ရှန်းရှီ သည် အဖြူအမည်း နွားဝတ်စုံလေးကို ဝတ်ထားကာ ခေါင်းအုံးသေးသေးလေးကို ကိုင်ကာ သူ့မျက်လုံးများတွင် မျှော်လင့်ချက်နှင့် စိုးရိမ်စိတ်တို့ရှိနေသည်ကို မြင်လိုက်ရသည်။
" သား မားနဲ့အတူအိပ်လို့ရမလား"