နှလုံးသွေးဖြင့် ဆေးပါရစေ (Com...

By Hnin_528

33.2K 1.6K 637

#Normal #Myanmar fiction #punishment type #ဆိုးသွမ်းလွန်းတဲ့ကောင်မလေးနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ကောင်လေးရဲ့အချစ်ဇ... More

Intro
အပိုင်း 1
အပိုင်း 2
အပိုင်း 3
အပိုင်း 4
အပိုင်း 5
အပိုင်း 6
အပိုင်း 7
အပိုင်း 8
အပိုင်း 9
အပိုင်း 10
အပိုင်း 11
အပိုင်း 12
အပိုင်း 13
အပိုင်း 14
အပိုင်း 15
အပိုင်း 16
အပိုင်း 17
အပိုင်း 18
အပိုင်း 19
အပိုင်း 21
အပိုင်း 22
အပိုင်း 23
အပိုင်း 24
အပိုင်း 25
အပိုင်း 26
အပိုင်း 27
အပိုင်း 28
အပိုင်း 29
အပိုင်း 30
အပိုင်း 31
အပိုင်း 32
အပိုင်း 33
အပိုင်း 34
အပိုင်း 35
အပိုင်း 36
အပိုင်း 37
အပိုင်း 38
အပိုင်း 39
အပိုင်း 40
အပိုင်း 41
အပိုင်း 42
အပိုင်း 43
အပိုင်း 44 💙
အပိုင်း 45 (Final)

အပိုင်း 20

666 32 19
By Hnin_528

အပိုင်း 20

ဒီဇင်ဘာလ  30ရက်နေ့....

ထိုနေ့မတိုင်မီ အရင်ရက်များတွင်  နန်းနန်း ကောင်းမွန်မြတ်နဲ့မတွေ့အောင်ရှောင်သည်။မေလေးနဲ့သာစကားပြောသည်။ သူရဇော်တို့နဲ့ စနေ တနင်္ဂနွေကျောင်းပိတ်ရက်များတွင် ကျုံးဘေးမှာ ဆိုင်ကယ်အမြဲစီးဖြစ်သည်။သူရဇော်က သူ့အားဆိုင်ကယ်စီးသင်ပေးလို့ သူစီးတတ်နေပြီဖြစ်သည်။ဆေးလိပ် ဘီယာ တို့ကိုလည်း သူမဖြတ်နိုင်သေး။မကောင်းတာ မှန်သမျှသူအကုန်လုပ်ပစ်သည်။အရွဲ့တိုက်ခြင်းက သူ့အတွက် ကောင်းကျိုးမဖြစ်စေတာသိရက်နဲ့ တမင်လုပ်နေခြင်းပင်။

...........

ဒီဇင်ဘာ30က နန်းနန်းရဲ့မွေးနေ့ဖြစ်တာကြောင့် ကောင်းမွန် နန်းနန်းအား လက်ဆောင်ပေးရန် အရုပ်ဆိုင်ကို ရောက်နေသည်။
သူ့အားတမင်ရှောင်နေသောကောင်မလေးကြောင့်ကောင်းမွန်စိတ်မကောင်း။
အရုပ်ဆိုင်တွင် အရုပ်မျိုးစုံရှိသည့်အထဲမှ ဒေါသထွက်နေသောကြောင်ပုံစံအရုပ်လေးကို ကောင်းမွန်ဝယ်လိုက်သည်။

"နန်းနန်းနဲ့ ဒီအရုပ်လေးနဲ့က တူလိုက်တာ"

ကောင်းမွန် ကြောင်ရုပ်ကလေးကိုယူကာ အိမ်ကိုပြန်လာလိုက်သည်။

...........................

မနက် စောစောအချိန်တွင် ဦးအောင်ဇာ သူ့ရဲ့နွားညီနောင်ကိုလှည်းတွင်တပ်ကာ လယ်တောဆီကို သွားနေလေသည်။ ပြာသိုလရောက်ပြီဖြစ်လို့ လမ်းတစ်လျှောက်တွင်မြူနှင်းများဖြင့်ဝေဝါးနေသည်။ခွာညိုပန်းများကိုရွာထဲတွင်ရောင်းနေကြသောကလေးများကိုလည်းတွေ့ရသည်။အစောကြီးဖြစ်ပေမယ့် ဘဝဝမ်းစာအတွက်ရုန်းကန်နေကြရသောကလေးများကိုမြင်တော့ သူ့သားနဲ့သမီးကိုသတိရမိပြန်သည်။လယ်ကကျဲခါစဖြစ်လို့စပါးစေ့များကိုစားကြမည့် ခို၊ ကြွက်တို့ဒဏ်များကိုလည်းသူဂရုစိုက်ရမည်ဖြစ်သဖြင့် အလုပ်အားမှမြို့ကိုသွားမည်တွေးထားသည်။မြို့သွားမည်ဆိုမှ ဒီနေ့က နန်းနန်းရဲ့မွေးနေ့ ဆိုတာခေါင်းထဲရုတ်တရက်ပေါ်လာသည်။အလုပ်မအားလို့ သူမသွားဖြစ်။နန်းနန်းစိတ်ကောက်နေရော့မည်ဟုတွေးရင်းလှည်းကိုမောင်းလာတာ လမ်းခရီးတစ်ဝက်တောင်ရောက်လို့လာလေပြီ။

အနောက်ဘက်စူးစူးမှ စစ်ကိုင်းတောင်ရိုးကို  မြူနှင်းတို့ကြောင့်မမြင်ရ။နှင်းတွေကြားထဲ ခိုက်ခိုက်တုန်အောင်လှည်းမောင်းလာရင်း လယ်တောကိုရောက်လာလေသည်။သူ့ရဲ့နွားတွေလည်းချမ်းနေလေရော့မည်။

................

ကတွတ်ပေါက်ကိုဖွင့်လိုက်ပြီး လယ်ထဲမှ ရေကိုစစ်နေသော ဦးအောင်ဇာအနားကို လယ်နီးနားချင်း ကိုထွေးလှ ရောက်လို့လာလေသည်။

"အောင်ဇာရေ..... ငါ့လောပန်းက ဒီနားတစ်ဝိုက်ကလယ်တွေကို ဝယ်မယ်ကြားတယ် မင်းရဲ့လယ်တွေရောင်းဦးမလား"

ဦးအောင်ဇာ သူ့အား ထွေးလှပြောသောစကားကို ချက်ချင်းငြင်းလိုက်သည်။

"တော်ပြီ ထွေးလှ....ငါ့ဘိုးဘွားပိုင်လယ်တွေကိုငါမရောင်းချင်ဘူး...ဒီလယ်လေးတွေကို ငါချစ်တယ် ငါမြတ်နိုးတယ်"

"တစ်ဧက သိန်း500ပေးမယ်ကြားတယ် အောင်ဇာ...မင်းရဲ့လယ်ယာမြေ7ဧကဆို သိန်းအများကြီးရမာနော်....မင်း အကုန်မရောင်းချင်လည်းတစ်ဝက်ရောင်းလိုက်ကွာ ကျန်တာကိုပဲလုပ်ပေါ့"

"​တော်ပါပြီဟာ ဒီလယ်ကထွက်တာလေးနဲ့ တစ်နှစ်တစ်ခါစားရရင်ကိုတော်ပါပြီ....ငါမရောင်းချင်ဘူး"

"အေးပါ အေးပါ"
.................

ညနေပိုင်းတွင် အိမ်မှာ နန်းနန်းရဲ့မွေးနေ့ပါတီကျင်းပမည်ဖြစ်လို့ တစ်အိမ်လုံးပြင်ကြဆင်ကြနှင့်အလုပ်ရှုပ်နေသည်။မွေးနေ့ရှင်ကတော့အိပ်ကောင်းနေဆဲ။ဒီဇင်ဘာကျောင်းပိတ်ရက်ဖြစ်လို့ နန်းနန်း 10နာရီထိုးတာတောင်မထသေးဘဲအိပ်နေတာဖြစ်သည်။

မေလေးကတော့ နန်းနန်းအတွက် မာဖလာထိုးထားတာလေး လက်စသက်လို့နေသည်။ချမ်းအေးသောဆောင်းရာသီမှာ နန်းနန်းအားအနွေးဓာတ်ရစေမည့် သူ့ရဲ့မာဖလာလေးက လှရက်လွန်းသည်။ ကိုကို့အားလိုင်းပေါ်မှမာဖလာထိုးနည်းရှာခိုင်းပြီး သူထိုးထားခြင်းဖြစ်သည်။သူ့ရဲ့လှပသော အဖြူနဲ့အနက်စပ်ကြားမာဖလာလေးကိုကြည့်ကာမေလေးပြုံးလိုက်သည်။

"ကိုယ့်ရဲ့ အဖိုးမဖြတ်နိုင်တဲ့လက်ဆောင်လေးရေ ကိုယ်တန်ဖိုးထားရတဲ့သူဆီမှာကောင်းကောင်းနေရမယ်နော်..ဟီး"

...............

"ဖြူဖြူ ရေ နင့်ညီမ နန်းနန်းကိုသွားနှိုးလိုက်ဦး တစ်နေကုန်အိပ်များနေတော့မာလားမသိဘူး"

ဦးမောင်ဇင်စကားကြောင့် ဖြူဖြူလည်း နန်းနန်းကိုသွားနှိုးဖို့ပြင်လိုက်သည်။

"ဒါနဲ့ အမြင့်ရောဘယ်သွားလဲ"

"မနက်ကတည်းက အပြင်သွားတယ်ဦးလေး"

ဦးမောင်ဇင် မိန်းမဖြစ်သူအခုရက်ပိုင်း အမူအရာတွေမမှန်နေတာကိုသတိထားမိသည်။ညတိုင်တွေလည်းအိမ်ကိုနောက်ကျမှပြန်ရောက်ပြီး သူနဲ့လည်းစကားမပြောဘဲရှောင်နေတာ3ပတ်လောက်ရှိနေလေပြီ။

"ဦးလေး"

"အော် သား ကောင်းမွန် လာ"

"ဦးလေး နန်းနန်းမနိုးသေးဘူးလား ကျနော် မွေးနေ့လက်ဆောင်ဝယ်ပြီးအပြင်ကပြန်လာတာ"

"မနိုးသေးဘူးထင်တယ် သားရေ...ငါ့သား ဦးလေးတရုတ်ပြည်ကို အလုပ်ကိစ္စနဲ့2လလောက်သွားရမယ် အဲ့တာဒီအိမ်မှာဦးလေးမရှိတုန်း နန်းနန်းလေးကိုဂရုစိုက်ပေးပါဦး..... အမြင့်ကဒီရက်ပိုင်းအိမ်မကပ်ဘူး သူ့ရဲ့ပြပွဲအတွက်အလုပ်ရှုပ်နေတာလားဘာလားကိုမသိတော့ပါဘူး"

"ဟုတ် ဦးလေး "

ကောင်းမွန်မြတ်နဲ့ ဦးအောင်ဇင်နဲ့စကားပြောနေစဥ် အိမ်ပေါ်ကနေ နန်းနန်းဆင်းလာလေသည်။

" အိပ်ရေးကိုမဝသေးဘူး...ဒါနဲ့ဖေဖေဘာပြောမလို့ မဖြူကိုနှိုးခိုင်းလိုက်တာလဲ"

အလိုမကျသော နန်းနန်းမျက်နှာကို ကောင်းမွန်စိုက်ကြည့်လိုက်သည်။ထိုကောင်မလေးက သနပ်ခါးမလိမ်းဘဲမျက်နှာပြောင်နဲ့တောင်ချစ်ဖို့ကောင်းလွန်းသည်။

"အချိန်ကိုလည်းကြည့်ဦးနန်းနန်း ဘယ်နှနာရီရှိပြီလဲ"

"ဖေဖေ့မှာနာရီရှိနေတာပဲ ကြည့်ပေါ့"

"နန်းသဇင်မြင့်... မွေးနေ့မှာမဆူချင်ဘူးနော်"

"မဆူနဲ့ မွေးနေ့လက်ဆောင်ဘာပေးမှာလဲ ပြော"

"ညနေပိုင်း ပါတီလုပ်ပေးမှာပဲကို"

နန်းနန်း အော်ရယ်ပစ်လိုက်သည်။

"ဟားဟား"

ရုတ်တရက် ထရယ်နေသောနန်းနန်းကြောင့် ကောင်းမွန်ပါကြောင်အစွာငေးကြည့်နေမိသည်။

"နန်းမှာ သူငယ်ချင်းက ရေတွက်ကြည့်ရင်လက်တစ်ဖက်စာပဲရှိတာကို ပါတီလုပ်ပေးနေသေးတယ်...အပြင်မှာသွားပြီးမုန့်ပတ်စားရင်ရနေတာကို"

"ဖေဖေနဲ့မေမေရဲ့မိတ်ဆွေတွေရောလာမာလေနန်းနန်း"

"အဲ့လူတွေဖေဖေတို့ဘာသာဧည့်ခံ... နန်းကတော့မသိတဲ့သူဆိုလုံးဝမခင်ချင်ဘူး...ပြီးတော့ဟန်ဆောင်ပြီးတောင်ပြုံးမပြချင်ဘူး"

ကောင်းမွန်မြတ်အားတစ်ချက်မကြည့်ဘဲ ဦးလေးနဲ့ပဲစကားပြောနေသည့်နန်းနန်းမျက်နှာက အလိုမကျမှုအပေါင်းသောင်းခြောက်ထောင်ပုံစံနှင့်ပင်။

........

နန်းနန်း ကိုကောင်းမွန်မြတ်ကို တမင်မမြင်ချင်ယောင်ဆောင်နေခြင်းဖြစ်သည်။ သူ့အတွက်ရှိနေမပေးတဲ့လူတစ်ယောက်ကို နန်းနန်းမေ့ပစ်ချင်မိသည်။

"နန်းနန်း ညီမလေး happy birthdayပါ"

"မယူချင်ဘူး"

"သမီး ....ကိုကိုက စေတနာရှိလို့ပေးတာလေ ယူလိုက်နော်သမီး"

"ဟင့်အင်း"

"နေပါစေ ဦးလေး သူမယူချင်ရင်လည်းသားမပေးတော့ပါဘူး"

ကိုကောင်းမွန်မြတ်စကားကြောင့် နန်းနန်းမတ်တပ်ရပ်ကာ အရုပ်ကိုဆွဲယူလိုက်သည်။

"ဒီ ဒေါသထွက်နေတဲ့ကြောင်ရုပ်က ဘာအဓိပ္ပါယ်နဲ့ဝယ်လာတာလဲ"

"ဒီတိုင်းသဘောကျလို့ ကိုကိုဝယ်လာတာပါ...နန်းနန်းလည်းကြိုက်မယ်ထင်လို့"

"ယူမယ် ယူလိုက်မယ် ...ဒါနဲ့ မရွှေအိမ်စည်ကိုဒီလိုအရုပ်ပေးဖူးလား"

"ဟင့်အင်း "

"ပြီးကော ယူလိုက်မယ်"

နန်းနန်း အရုပ်ကိုယူကာ အိပ်ခန်းထဲကိုပြေးကာသွားလိုက်သည်။

အိပ်ခန်းထဲသို့အရောက် အိပ်ယာပေါ်တွင်ခုန်ပေါက်ကာပါးစပ်မှလည်းအော်ချင်ရာအော်နေမိသည်။

"ယေး..ယေး... အား ....အရုပ်လေး သူငါ့ကိုချစ်နေတယ်မလား....နင်သိလား ဖြေဖြေ....သူငါ့ကိုချစ်နေတယ်မလားလို့....ဟား...ဟား"

"နန်းရဲ့ ဒီနှစ်မွေးနေ့မှာ ပျော်သွားပြီ ကို ရေ"

ကိုလို့ ခေါ်လိုက်မိသော နှုတ်ခမ်းလေးတစ်စုံအားသူလက်လေးနဲ့ဖိလိုက်သည်။

ကိုကောင်းမွန်မြတ်နဲ့ချစ်သူတွေဖြစ်ကြရင် "ကို"ဆိုသည့်နာမ်စားလေး ခေါ်ဖို့နန်းနန်းစဥ်းစားထားသည်။ဒါပေမယ့်ဖွင့်ပြောတဲ့နေ့တုန်းက အငြင်းခံလိုက်ရတော့ သူ့ဆန္ဒတွေမပြည့်ဝခဲ့။

"အကို အကိုက နန်းကိုချစ်နေတာလားဟင်...ဒါပေမယ့် ချစ်နေရင် အကိုဘာလို့ငြင်းခဲ့တာလဲ...အခု အကို ဘာလို့ နန်းကိုမွေးနေ့လက်ဆောင်ပေးတာလဲ"

ကောင်းမွန့်မြတ်ပေးသော မွေးနေ့လက်ဆောင်လေးကြောင့်သူအမျိုးမျိုးတွေးမိသည်။အတွေးကမ္ဘာထဲမှာချာချာလည်နေသောအချစ်ရူးမလေးတစ်ယောက်လိုဖြစ်နေသည်။

ဒေါက်...ဒေါက်

သူအတွေးတွေအား ရပ်တန့်စေခဲ့သောတံခါးခေါက်သံ။ထိုအသံ၏နောက်ကွယ်မှာ သူ့အားပြုံးပြပြီးအခန်းထဲဝင်လာသူမှာ မေလေးဖြစ်သည်။

"နန်းနန်း....happy birthdayပါ"

"ဟင် မာဖလာလေး...အဖြူနဲ့အနက်စပ်ကြားလေး နန်းကြိုက်တယ် ဒါကိုမေလေးထိုးထားတာလားဟင်...ချစ်လိုက်တာမေလေးကို "

"အင်း မေလေးထိုးထားတာ နန်းအတွက်"

"ဒါနဲ့ မေလေး.... ကိုကောင်းမွန်မြတ်က ဒီမယ် နန်းကို လက်ဆောင်ပေးတယ်.....နန်း ပျော်နေတာ"

အရုပ်ကလေးကိုမြှောက်ပြပြီးပြုံးကာ ပြောနေသောနန်းနန်းကြောင့်မေလေးရင်ထဲခံစားချက်တစ်မျိုးဖြစ်ရပြန်သည်။ဒီခံစားချက်က သဝန်တိုတာလား... မနာလိုတာလား ...သိမ်ငယ်တာလား...အားငယ်တာလား...ဝမ်းနည်းတာလားသူမသိတော့ပေ။သူ့ရဲ့ကိုကိုကို သူအားကျမိသည်။သူချစ်ရတဲ့နန်းနန်းက သူ့ကိုမချစ်ဘဲ ကိုကို့ကိုချစ်နေတာဖြစ်၏။

"မေလေး.....မေလေး ဘာလိုချင်လဲပြော"

"ဟင် "

သူ့အား ပြုံးပြီးမေးနေသောနန်းနန်းကို မေလေးလိုချင်တာ နန်းနန်းရဲ့ချစ်သူဖြစ်ချင်တယ်လို့ပြောလိုက်ချင်သည်။

"ဟင့်အင်း နန်းနန်းဆီက ဘာမှမလိုချင်ဘူး...မေလေးလိုချင်တာရှိမှပြောမယ်နော်"

"ommomm"

.................

ညနေ ပါတီပွဲတွင် ဦးမောင်ဇင်နှင့် ဒေါ်မြင့်ဖူးမောင်ရဲ့မိတ်ဆွေတွေအပါအဝင် နန်းနန်းရဲ့လက်တစ်ဖက်စာလောက်ရှိတဲ့သူငယ်ချင်းတွေရောက်လို့လာသည်။နန်းနန်း ဦးလေးအောင်ဇာကို သူ့မွေးနေ့ကိုလာဖို့ပြောထားသော်လည်း ရောက်မလာ။

"ဦးလေး က ဘာလို့မလာတာလဲမေလေး...မအားလို့လားဟင်"

"ဟုတ်တယ် ဖေဖေက နောက်နေ့အားမှ လာခဲ့မယ်တဲ့နန်းနန်း"

"မေလေး နန်း ရွာကိုပြန်သွားချင်လိုက်တာ...ကြာကန်ထဲထပ်သွားချင်လာပြီ"

"နန်းနန်း ...မေလေး တင်ပါးတွေအောင့်လာသလိုပဲ အဲ့အကြောင်းကြားတိုင်း"

နန်းနန်းတို့ ကိုကောင်းမွန်မြတ်ဆီမှ ဝါးစိမ်းနဲ့ရိုက်ခံရတာမှတ်မိသေးသည်။
ကိုကောင်းမွန်မြတ်ရဲ့စိတ်ပူပုံ ၊ဂရုစိုက်ပုံ၊ အလိုလိုက်ပုံ၊နွေးထွေးပုံတိုကို ပြန်မြင်ယောင်မိသည်။

ရုတ်တရက် ခြံထဲကို ဆိုင်ကယ်စီးပြီးဝင်လာသော လူတစ်ယောက်ကြောင့်အားလုံးရဲ့မျက်လုံးတွေက ထိုလူဆီ အကြည့်ရောက်နေသည်။ နန်းနန်း ထိုလူစီးလာသောဆိုင်ကယ်ကိုမျက်တောင်မခတ်ဘဲကြည့်မိသည်။

ထိုလူက ဆိုင်ကယ်ဦးထုပ်ချွတ်လိုက်သောအခါ...
"ဟင် အဲ့တာ ဟိုမော်ဒယ်ပဲ"

လူတွေပါးစပ်ဖျားမှ အသံတို့ကစတင်ထွက်လာသည်။

ထိုလူကနန်းနန်းဆီကိုလျောက်လာလေသည်။
ဘေးမှာ မေမေပါ ပါလေသည်။

"နန်းနန်း မေမေ့သမီးလေး R6ကြီးကြိုက်လား"

"ဟင် သူ့ဆိုင်ကယ်မဟုတ်ဘူးလား"

"ဟင့်အင်း...မေမေ့သမီးဖို့ မေမေကSurprise"

"အာ...တကယ်နော်မေမေ 8တန်းစာမေးပွဲပြီးမှဝယ်ပေးမယ်ပြောတော့ အဲ့ဆိုင်ကယ်မြင်တော့ နန်းအတွက်လို့မထင်ဘူး...အား...ပျော်လိုက်တာ....မနက်ဖြန် လျောက်စီးမယ်"

"......"

"အာဘွား မေမေ...မွ"

နန်းနန်း မေမေ့ကိုနမ်းလိုက်ပြီးနောက် မေမေ့ဘေးကမော်ဒယ်ကိုကြည့်လိုက်သည်။

"ဒါနဲ့ အကိုက မေမေ့ဆိုင် ပြပွဲအတွက်ငှားထားတဲ့တစ်ယောက်လား"

"ဟုတ်တယ် ညီမ"

နန်းနန်းထိုလူ့ပုံစံကိုသိပ်သဘောမကျ။မေမေ့အနားကပ်လွန်းသည်။မေမေ့အား ထိုလူနှင့်အလုပ်ကိစ္စကလွဲပြီး မပတ်သက်ဖို့နောက်ရက်ကျပြောရဦးမည်။

........
ဒီနေ့ နန်းနန်း တက်ကြွလို့နေသည်။R6ဆိုင်ကယ်ကိုစမ်းပြီးစီးကြည့်ရမှာရင်တွေခုန်နေမိသည်။သူရဇော်တို့လာခေါ်မည်ပြောသဖြင့် ​ခြံရှေ့မှာ စောင့်နေတာ 10မိနစ်တောင်ရှိနေပြီဖြစ်သည်။

"နန်းနန်း....ကလေးက ငယ်သေးတယ် ဆိုင်ကယ်ကကြီးလွန်းတယ်...ကလေးအဆင်ပြေပါ့မလား"

ခြံထဲကနေ ထွက်လာသော ကိုကောင်းမွန်မြတ်က
သူ့အားစကားလာပြောလေသည်။
ကိုကောင်းမွန်မြတ်ပုံစံက နန်းနန်းကိုစိတ်ပူနေပုံဖြစ်သည်။

"ရတယ် သူရဇော်တို့ဆိုင်ကယ်လည်း နန်း စီးဖူးတယ်...သူရဇော်ကသင်ပေးလို့နန်းကျွမ်းနေပါပြီ"

"ကလေး အသက်မပြည့်သေးဘူး လမ်းမှာအစစ်အဆေးတွေ"

"ရတယ် သူရဇော်ဦးလေးက အကုန်ပိုင်တယ်....ပြသနာဖြစ်တိုင်း အဲ့ဦးလေးရှင်းပေးနေကြ"

"ကလေး ဆေးလိပ်တွေ မသောက်နဲ့ဦးနော်...ပြီးတော့အရက်တွေလည်းမသောက်နဲ့....ဆိုင်ကယ်စီးနေတုန်းအန္တရာယ်များတယ်"

"ကျန်တဲ့အချိန်သောက်လို့ရတယ်ပေါ့"

"နန်းနန်း မကောင်းတာကို မစမ်းချင်စမ်းပါနဲ့ကွာ...ကလေးရဲ့ အတွင်းက ကလီစာတွေကနုနယ်သေးတယ်....ပြီးတော့ အဲ့တာတွေရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေအများကြီးပဲ ....ကိုကိုပြောပြမယ်"

"ဟာ ရတယ် မပြောနဲ့တော့.......ဟိုမှာ ဆိုင်ကယ်တွေလာနေပြီ နန်းသွားပြီ"

ကောင်းမွန်မြတ် သက်ပြင်းချကာ အိမ်ထဲကိုပြန်ဝင်သွားလိုက်သည်။ရွှေအိမ်စည်က ရုပ်ရှင်ကြည့်ဖို့ခေါ်လို့ သူအဖော်လိုက်ကြည့်ပေးရဦးမည်။

......

နန်းနန်း သူရဇော်တို့နဲ့ တစ်မနက်ခင်းလုံးဆိုင်ကယ်ပတ်စီးရတာ ပျော်ဖို့ကောင်းသည်။ကိုကောင်းမွန်မြတ်သာပါရင်ပိုပျော်ဖို့ကောင်းလိမ့်မည်။
အိမ်ကိုပြန်အလာ လမ်းတွင် ကောင်းမွန်မြတ်အကြောင်းတွေးကာပြုံးနေမိသည်။
.
.
.
.
.
.
ကားလမ်းရဲ့ ဘေးရှိ ဗန်ဒါပင်အောက်တွင် ကောင်းမွန်နဲ့အိမ်စည်မတ်တပ်ရပ်လို့နေသည်။

"အိမ်စည် ပြန်တော့နော်.....နင့်အိမ်နဲ့နီးနီးလေးကျန်တော့တာ ငါလိုက်မပို့တော့ဘူး"

"အေးအေး ကောင်းမွန် ...ငါလိုအပ်နေချိန် ဘေးမာရှိနေပေးလို့ကျေးဇူးပါနော်"

"ရတယ် သူငယ်ချင်း...ငါပြန်တော့မယ်နော် ကားလမ်းသေချာကူးဦး"

ရွှေအိမ်စည် ဆာရီအပြာရောင်လေးကို မကာ ကားလမ်းကိုဟိုကြည့်ဒီကြည့်ကြည့်နေမိသည်။ရုတ်တရက် သူ့ဘေးမှာလာအော်နေသော ကြောင်လေးကို သူကြည့်လိုက်သည်။

"ကားလမ်းကူးမလို့လား... မမ နဲ့ကူးကြမယ်... ဟာနေဦးလေ မပြေးရဘူးလေ "

ကြောင်ကို လိုက်ဖမ်းရင်း တစ်ဖက်က မောင်းလာသောဆိုင်ကယ်ကိုသူမမြင်။

"ဒုန်း...အား"

နန်းနန်း ကောင်းမွန်မြတ်အကြောင်းတွေးလာရင်း ဆိုင်ကယ်မောင်းလာ​​နေစဥ် ဆာရီနဲ့အမျိုးသမီးက သူ့ရှေ့တွင်တည့်တိုးဝင်လာလေသည်။ထိုအမျိုးသမီးကိုမြင်မြင်ချင်း ဘရိတ်အုပ်လိုက်ပေမယ့် တိုက်မိဖြစ်အောင်တိုက်မိလိုက်သည်။အရှိန်အရမ်းမပြင်းသောကြောင့် ဆာရီနဲ့အမျိုးသမီး မသေဖို့သာဆုတောင်းရမည်။ နန်းနန်းလည်း
ဒဏ်ရာတော်တော်ရသွားသည်။

"နန်းနန်း ရလား "

"သူရဇော် အဲ့အမကို ကြည့်ဦး မေ့သွားတာလား သေသွားတာလား"

နန်းနန်း သူ့ဒဏ်ရာတွေထက် ဟိုအမကိိုစိတ်ပူနေမိသည်။

"ဟင် အဲ့တာ မရွှေအိမ်စည်ပဲ"

ရုတ်တရက် ဘေးကလူအနည်းငယ်ဝိုင်းလို့လာသည်။ ကောင်းမွန်လည်း ဆိုင်ကယ်တိုက်သံကြားလို့ နန်းနန်းတို့အဖွဲ့ ဖြစ်​​နေမလားဟုစိတ်ပူကာပြေးကြည့်မိသည်။

"ဟင် အိမ်စည်....အိမ်စည်.... ဟာ နန်းနန်း မင်းတမင်ဝင်တိုက်လိုက်တာလား"

နန်းနန်း ကိုကောင်းမွန်ရဲ့စကားကြောင့် ရင်ဘတ်မီးစနဲ့ထိုးသလိုနာကျင်ရသည်။သူ့အားဘာဖြစ်သွားလဲတစ်ခွန်းမမေးဘဲ မရွှေအိမ်စည်ကိုစိတ်ပူနေသောကိုကောင်းမွန်မြတ်ကြောင့်နန်းနန်းရူးချင်မိသည်။

"ဟုတ်တယ် တမင်ဝင်တိုက်လိုက်တာ"

"နန်းနန်း မင်း အရမ်းစိတ်ပျက်ဖို့ကောင်းတယ်"

"ဒါနဲ့ အကိုက ဘယ်သူလဲ ညီမမသိဘူး....အကိုက
ဒီအမရဲ့ဘာလဲ...ညီမဖြေရှင်းပေးမယ်"

နန်းနန်း ကောင်းမွန်ကိုအမြင်ကပ်လို့ သူစိမ်းတစ်ယောက်လိုတမင်ပြောလိုက်သည်။

"....."

ကောင်းမွန်မြတ် ရွှေအိမ်စည်အား ဆေးရုံအမြန်ပို့ရန် လူနာတင်ကားကိုဖုန်းဆက်နေသည်။ သတိလစ်နေသောသူငယ်ချင်းအား စိုးရိမ်မိသဖြင့် နန်းနန်းဒဏ်ရာတွေသူမမြင်နိုင်။

"နန်းနန်း...ငါ့ဦးလေးကိုဖုန်းဆက်ပြီးပြီ အမှုကိစ္စတွေဘာတွေမဖြစ်စေရဘူး စိတ်ချ "

သူရဇော်က နန်းနန်းအား ပြောနေစဥ်...

"နန်းနန်း...မင်းအဲ့လိုလုပ်လိမ့်မယ်လို့ ငါတကယ်မထင်မိဘူး အံ့သြတယ် မင်းစိတ်ဓာတ်အဲ့လောက်ယုတ်ညံ့ရလား"

"နေဦး ဘိုးတော်...ခင်ဗျားရဲ့ကောင်မလေးလားအခုတိုက်ခံရတာ... ကျနော်တို့ဆေးရုံလိုက်ခဲ့မယ် ကျနော်တို့တာဝန်ယူပေးမယ်....စိတ်လျော့ ဘိုးတော်...နန်းနန်းကိုတစ်ခွန်းထပ်ပြောကြည့် ခင်ဗျားမျက်နှာစုတ်ပြီသာမှတ်"

ရုတ်တရက် လူနာတင်ကားရောက်လာသဖြင့် နန်းနန်းတို့ ဆေးရုံကိုလိုက်သွားကြသည်။

ကောင်းမွန် ​မျက်ဝန်းက နန်းနန်းအားပြောစရာတွေရှိနေသေးသည့်ပုံစံနှင့် စိုက်ကြည့်နေမိသည်။
နန်းနန်း ကိုကောင်းမွန်မြတ်နဲ့တစ်ပွဲတစ်လမ်းနွှဲရဦးမည်ထင်သည်။

#နှင်း
#18.10.2023
#စိတ်ကူးယဥ်ရေးသားခြင်းသာဖြစ်လို့ လိုအပ်ချက်များကို နားလည်ပေးကြပါဗျ



...........




...........................



................







.................




...............


























........








"ဒီ ဒေါသထှကျနတေဲ့ကွောငျရုပျက ဘာအဓိပ်ပါယျနဲ့ဝယျလာတာလဲ"
























"ommomm"

.................















"......"






........











......

.
.
.
.
.
.




















"....."








#18.10.2023














Continue Reading

You'll Also Like

12.3K 448 43
Vicktoria møder Pelle... Ja nemlig ham fra Page Four!! Hun er helt væk i ham... Kan han lide hende? Og hvad med ham der Stefan Hjort? Hvordan går det...
1.2K 79 11
Audrey har brugt hele sit liv på at træne op til sit livs første og vigtigste mission. Hvorfor? Bare fordi hun er den førstefødte af en mafia boss...
31.3K 17 5
Freja er 17 år gammel, og hendes far har gæster på besøg. Vilde sex scener
28.8K 354 48
Velkommen til et kig ind i min verden. Jeg hedder Anna og er 25 år. Jeg er uddannet fysioterapeut og er ansat hos Herning-Ikast. Jeg har set spillet...