​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီ...

By Autumn_Aster

31.9K 2.9K 67

Type : Web Novel Author: Jiu Yue Wei Lan 九月微蓝 Total Chapter: 106 Eng Trans -> https://www.novelupdates.com... More

Prologue
အခန်း၁ တွင်ပါဝင်သည့် အသုံးအနှုန်းများ
အခန်း ၁
အခန်း-၂
အခန်း-၃
အခန်း ၄
အခန်း ၅
အခန်း-၆
အခန်း ၇
အခန်း ၈
အခန်း-၉
အခန်း-၁၀
အခန်း ၁၁
အခန်း- ၁၂
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇

အခန်း ၁၃

878 106 1
By Autumn_Aster

UNICODE

လွမ်စန်းညန်က သူမအစေခံမိန်းကလေးတွေကို အပြင်မှာ ထားခဲ့ပြီး တစ်ယောက်တည်း ဝင်လာသည်။ သူမ ခြေချလိုက်ချိန်မှာပဲ စားပွဲပေါ်မှ အသားဟင်းရနံ့ကို ရလိုက်ပြီး သူမနေ့လည်စာစားပြီးတာတောင်မှ ဗိုက်ဆာသလို ခံစားသွားရ၏။

အသားဟင်းသုံးပွဲ၊ အသီးအရွက်တစ်ပွဲ၊ စွပ်ပြုတ်တစ်ခွက်

ခမ်းနားချက်ပဲ

"စစ်မေ့ ညီမရဲ့ ဟင်းပွဲတွေက တကယ့်ကို အံ့ဩစရာပဲ တကယ်ကြီး အသားဟင်းသုံးပွဲနဲ့ အသီးအရွက်တစ်ပွဲရတယ်နော်"

လွမ်စန်းညန်၏ လေသံက မနာလိုမှုတွေနှင့် ပြည့်နေပြီး လွမ်ရှီဘေးမှာ သူမအိမ်လိုပဲ ထိုင်လိုက်သည်။ သူမကပြုံးရင်း ပြောလာသည်။ "စစ်မေ့ မမက ညီမလေးနဲ့ တူတူစားရင် စိတ်မရှိဘူးမလား?"

လွမ်ရှီ "..."

လွမ်စန်းညန်က သုံးဘဝ ဖြတ်သန်းပြီးသော်လည်း ဒီလို ပေါ့ဆတာ သူမအတွက် တကယ်အဆင်ပြေလား? ပြီးနောက် သူမအတွေးပြောင်းသွားသည်။ လွမ်စန်းညန်က ဗဟုသုတပိုင်းမှာ သိတာ ခိုင်မာတယ်လို့ ခံစားပြီးတော့ သူမက ရောဂါကုသနိုင်သည့် System စွမ်းရည်ရှိတာကြောင့် ဝတ္ထုထဲမှာ သားသမီးမရသည့် ဝမ်ဖေးတစ်ဦးကို ကုသပေးနိုင်လို့ သူမမှာ နောက်ခံတောင့်တယ်လို့ တွေးနေတာပဲ ဖြစ်မည်။

ဝတ္ထုထဲမှာ လွမ်စန်းညန်က တခြားသူတွေအတွက် ရောဂါကုသနိုင်တယ်လို့ပဲ ရေးထားပေမယ့် သူမကိုယ်သူမလည်း ပြန်သုံးပြီး ကုသနိုင်သည့်ပုံပေါ်သည်။

သူမစိတ်ထဲ ဤကောက်ချက်ချမှုရတာနှင့် လွမ်ရှီက လွမ်စန်းညန် သူမနှင့် အတူစားဖို့ တောင်းဆိုမှုကို မငြင်းပယ်တော့ပေ။

သို့ပေမယ့် လွမ်စန်းညန်က သူမနှင့် အတူစားတာကို သူမ၏တရားဝင်မိခင်သိလို့ကတော့ ရူးသွားလောက်မှာကို သူမ ကြောက်မိသည်။

သူမရဲ့တရားဝင်မိခင်ဆီ ယူဆောင်လာမည့် စိတ်ဒုက္ခအား လွမ်ရှီကြည့်ဖို့ စောင့်နေသည်။

"ညီမ စိတ်မရှိပါဘူး။ စူးယွီ နောက်ထပ် ပန်းကန်လုံးတစ်လုံးနဲ့ တူကို တတိယသခင်မလေးအတွက် ပြင်ပေး"

ဟင်းပွဲတွေမှာ ပြဿနာရှိတာကို စူးယွီနှင့် စူးကျူးက သိပေမယ့် တတိယသခင်မလေး သူမဘာသာ ပိုက်ကွန်ထဲဝင်လာတာကို တိတ်ဆိတ်စွာပဲ ကြည့်နေကြသည်။ သူတို့သခင်မလေးသာ အစားအသောက်တွေမှာ ပြဿနာရှိနေတာကို အာရုံမခံမိရင် တစ်စုံတစ်ယောက်ကြောင့် သူတို့သခင်မလေးကိုယ် ပျက်ဆီးသွားလိမ့်မည်။

ထို့ကြောင့် အစေခံနှစ်ဦးက ဖူးရန်ရဲ့အပြုအမူကို အင်မတန် မခံမရပ်နိုင်ဖြစ်ပြီး ကူကယ်ရာမဲ့နေကြ၏။

သို့ပေမယ့် တတိယသခင်မလေးလည်း ထိုပြဿနာရှိနေသည့် အစားအသောက်အား စားတာကို ဖူးရန်သိသွားရင်...

သူတို့က ချက်ချင်း သက်ဝင်လှုပ်ရှားသွားကြသည်။

စူးယွီက သန့်စင်တဲ့ တူနှင့်ဇွန်းကို သွားယူလာပြီး လွမ်စန်းညန်အတွက် ထမင်းအဖြူ တစ်ပန်းကန် ထည့်ပေးလိုက်သည်။

လွမ်စန်းညန်က ဦးအောင်စစားတော့သည်။ သူမရဲ့တူက ပဲငံပြာရည်နှင့် နှပ်ထားပြီး ဆီတွေဝေ့နေသည့် ဝက်လက်ထံ ရွှေ့သွားသည်။

လွမ်ရှီရဲ့အကြည့်က အနည်းငယ်တောက်ပသွားသည်။ လွမ်စန်းညန်က ပထမဆုံး ကြိုးစားမှုမှာတင် အပိုဟင်းအမယ်ပါနေသည့် ဟင်းပွဲကို တကယ်ကြီးရွေးချယ်ခဲ့သည်။

"စန်းကျဲ နေ့လည်စာမစားရသေးဘူးလားဟင်?"

လွမ်စန်းညန်က ပျော်ရွှင်စွာနှင့် ဝက်လက်ကို ကိုက်ရင်း ခေါင်းခါပြလာသည်။ "မမစားပြီးပြီ ဒါပေမယ့် ဗိုက်ထပ်ဆာလာလို့" သူမပိုင်ဆိုင်ထားသည့် စွမ်းရည်နှင့် သူမစားနှုန်းက တိုးလာပေမယ့်လည်း ပြီးခဲ့တဲ့ရက်တွေမှာ မားမားတွေက သူမကို စောင့်ကြည့်နေလို့ ဗိုက်အပြည့်မစားရဘဲ ထမင်းစားပြီး မုန့်တွေနှင့်ပဲ သူမဗိုက်ကို နှစ်သိမ့်ရသည်။

လွမ်ရှီ "..."

လွမ်ရှီက သူမထမင်းမစားခင် ကြက်စွပ်ပြုတ်ပန်းကန်သေးသေးနှင့် သောက်သည်။ ပြီးတော့ သူမက ဆေးခတ်ထားသည့် အသီးအရွက်ဟင်းအမယ်နှင့် ပဲငံပြာရည်ဝက်လက်နှပ်ကို ရှောင်လိုက်သည်။

လွမ်စန်းညန်က မြိန်ရေရှက်ရေကို စားနေပြီး သူမနှုတ်ခမ်းမှာ ဆီတွေနှင့် ဝင်းလက်နေသည်။ ထမင်းပန်းကန်လုံးနှစ်လုံး စားပြီးတာတောင်မှ သူမက စားချင်နေသေးချိန်မှာ သူမရဲ့ စတုတ္ထညီမလေးက ထမင်းပန်းကန်လုံးတစ်လုံးပဲ စားကာ အသားအနည်းငယ်စားပြီးနောက် တူကိုချပြီး နှုတ်ခမ်းထောင့်တွေကို လက်ကိုင်ပဝါနှင့် သုတ်တော့သည်။ တိတ်ဆိတ်စွာနှင့် သူမရဲ့စတုတ္ထညီမလေးဗိုက်က စာကလေးလောက်ပဲ ရှိတယ်လို့ လွမ်နင်းက တိတ်တိတ်လေး ရေရွတ်တော့သည်။

"စစ်မေ့ ဘာလို့ နည်းနည်းပဲ စားတာလဲ အရမ်းဖြုန်းတီးရာကျတာပဲ" လွမ်စန်းညန်က သဘောမတူသည့် မျက်နှာရှိနေ၏။

လွမ်ရှီက သူမလက်ကိုင်ပဝါကို ချလိုက်ပြီး စူးယွီက သူမအတွက် ငှဲ့ထားပေးသည့် လက်ဖက်စိမ်းရေနွေးကြမ်းကို တစ်ငုံသောက်ပြီးမှ ပြုံးကာ ပြန်ဖြေလေသည်။ "ထမင်းပန်းကန်လုံးတစ်လုံးစားတာ လုံလောက်ပါပြီ"

သူမစိတ်ထဲမှာတော့ လွမ်စန်းညန်၏ စားနိုင်မှုကို တိတ်တိတ်လေး အံ့ဩမိသည်။

သေချာစူးစမ်းပြီးနောက်မှာ ဤသုံးရက်အတွင်း လွမ်စန်းညန်က တော်တော်လေး ပြောင်းသွားပုံပေါ်တာကို လွမ်ရှီ သတိထားမိသည်။ သူမတစ်ကိုယ်လုံးက အရမ်းကို ယုံကြည်မှုတွေ ပြည့်လျှံနေပုံပေါ်သည်။

လွမ်စန်းညန်က ဆက်ပြီး နားမချနေတော့ဘဲ စားပွဲရှိကျန်တဲ့ဟင်းပွဲတွေအား လက်စသတ်နေသည်။

သူမရဲ့ စတုတ္ထညီမလေးဆီမှာ စားရတာ ပိုပြီး သက်တောင့်သက်သာ ရှိသည်။ သူမ ဘာသာစားချိန်ဆို သူမရဲ့ အနီးကပ်အစေခံတွေနှင့် မားမားတွေက စိုက်ကြည့်နေသည်။ ထို့ကြောင့် သူမက ချဉ်တူးနေသည့် အမူအရာနှင့် ထုံတမ်းစဉ်လာအတိုင်း စားနေရသည်။ အများကြီးစားခွင့်မပေးပေ။

လွမ်စန်းညန်က တွေးရင်း ခေါင်းလှည့်ကာ ပြုံးပြလိုက်သည်။ "စစ်မေ့ မမဆုံးဖြတ်လိုက်ပြီ။ အခုကစပြီး မမက စစ်မေ့နဲ့ပဲ စားတော့မယ်"

သဘာဝကျစွာနှင့် လွမ်ရှီက တားမြစ်စရာအကြောင်းမရှိပေ။ သူမရဲ့ တရားဝင်အမေတော့ သေချာသဘောကို ဒေါသကြောင့် သွေးအန်တော့မှာမို့လို့ သူမက ပြုံးပြီး သဘောတူလိုက်သည်။

"ရတာပေါ့"

နေ့လည်စာစားပြီးတော့ လွမ်ရှီနှင့် လွမ်စန်းညန်က ခုံအတိုဆီ ရွှေ့ပြီး စူးယွီနှင့် စူးကျူးကတော့ စားပွဲကို သန့်ရှင်းလေသည်။

လွမ်စန်းညန်က ရေနွေးသောက်ရင်း ကျင့်ဝတ်အပြည့်နှင့် သူမရဲ့ စတုတ္ထညီမလေးကို ကြည့်လိုက်သည်။ ပြီးနောက် သူမရဲ့အစေခံမိန်းကလေး ယောင်ဟုန်ပြောတာကို မှတ်မိသွားသည်။ ဝမ်ကုန်းဇီက သူ့အစေခံတွေကို လွှတ်ပြီး ဒီနေ့ကို တန်ဖိုးကြီးဆေးပင်တွေ ပို့ပေးလာသည်တဲ့။ အဲ့လိုမှ သူမရဲ့စတုတ္ထညီမလေးက ခန္ဓာကိုယ်အားဖြည့်နိုင်မှာဖြစ်သည်။

သူမက သုံးဖို့မလိုသော်လည်း ဒါက လွမ်စန်းညန် မျက်လုံးတွေ နီရဲတဲ့အထိ မနာလိုဖြစ်တာကို မရပ်တန့်နိုင်ပေ။

နှိုင်းယှဉ်ရန်မရှိပါက အန္တရာယ်မရှိပေ။ လူတစ်ယောက်ကို တစ်ခြားလူနှင့် နှိုင်းယှဉ်တာက ထိုလူကို အမျက်ဒေါသထွက်ပြီး သေစေနိုင်သည်။ သူမနောက်ကျ ချီယွဲ့အမ်နှင့် လက်ထပ်ချိန်ကျ ဒီကိစ္စနှင့် ပတ်သက်ပြီး သေချာသင်ပေးရမည်။

ဒါကတော့ လွမ်စန်းညန်တွေးနေတာဖြစ်သည်။ ဒီနေ့ သူမ လာလည်သည့်အကြောင်းရင်းကို မှတ်မိချိန်မှာတော့ ထိုအတွေးတွေကို ခေတ္တ ဖယ်လိုက်သည်။

"စစ်မေ့ ဒီကိစ္စကို မမစိတ်ထဲမှာ တွေးနေတာ ရက်တော်တော်ရှိနေပြီ။ ထုတ်မပြောရင် မမနှလုံးသားက သက်တောင့်သက်သာ ဖြစ်မှာမဟုတ်ဘူး။ အမှန်က ဒီရက်ပိုင်းထဲမှာ မမက စေ့စပ်ပွဲဖျက်ချင်လို့ ပြဿနာရှာတော့ အဖေက ကိစ္စကို အမတ်ဟွေးယန်နဲ့ ညှိနှိုင်းဖို့ ကြိုးစားခဲ့တယ်။ အမတ်ဟွေးရန်က လက်ထပ်ထိမ်းမြားမှု သဘောတူညီမှုမှာ မမအစား စစ်မေ့ကို အစားထိုးမယ်ဆိုတဲ့ အခြေအနေရပ်နဲ့ သဘောတူခဲ့တယ်။ မမက ဒီလိုလုပ်ဖို့ နှလုံးသားမရှိဘူးလေ။ ဘယ်လိုတွေ ဘာပြောပြော စစ်မေ့က မမညီမလေးပဲ။ မီးတွင်းထဲ စစ်မေ့ကို ဘယ်လိုလုပ် ခုန်ချခိုင်းရက်မှာလဲ? အဲဒါကြောင့် မမက စေ့စပ်မှု မဖျက်သိမ်းတော့ဘူးလို့ ပြောတော့ အဖေက စိတ်ဆိုးပြီး အနာဂတ်မှာ မမကို သူဂရုမစိုက်တော့ဘူးလို့ ပြောလာတယ်"

လွမ်စန်းညန်က မနေ့ညက အမတ်ချန်းယီပြောလာသည့် စကားတွေကို ပြောလာခဲ့ပြီး အရှက်နည်းနည်းလေးတောင်မရှိဘဲ သူမအတွက် အခန်းတွေ ပိုထည့်လာသည်။ သူမပြောလို့ပြီးတော့ လွမ်ရှီကို သနားစရာမျက်လုံးလေးနှင့် ကြည့်လိုက်၏။

"စစ်မေ့ မမက ညီမလေးအတွက် အများကြီး စတေးခဲ့တယ်"

လွမ်ရှီက တုန်လှုပ်သွားဟန်ဆောင်ပြီး လွမ်စန်းညန်၏ ဉာဏ်ရည်ကို အားဖြည့်ပေးလိုက်သည်။ "အဲ့လိုမျိုးဖြစ်ခဲ့တာလား?" ဒါပေမယ့် သူမစိတ်ထဲမှာတော့ ရယ်စရာဟာသလို့သာ မြင်သည်။ ချီယွဲ့အမ်က အလားအလာကောင်းပြီး တောက်ပသည့် မင်းမှုထမ်းအလုပ်ရှိနေတော့ လွမ်စန်းညန်က မခွဲရက်နိုင်တာ အရှင်းလင်းကြီးလေ။ သူမပါးစပ်ထဲက ထွက်လာချိန်ကျ သူမက စတေးထားရပါတယ်ဆိုပြီး ဘယ်လိုလုပ်ဖြစ်လာတာလဲ?

ထို့အပြင် ချီယွဲ့အမ်က နဂိုထဲက လွမ်စန်းညန်ရဲ့ သတို့သားလောင်းလေ ဟုတ်ပြီလား?

လွမ်စန်းညန်ရဲ့ သရုပ်ဆောင်မှုက တည်ငြိမ်စွာ တိုးတက်လာပေမယ့် အဓိကကျဆုံးကတော့ ဆေးဟောင်းက တူညီနေချိန်မှာ ဟင်းရည်သာ ပြောင်းသွားသည်။ သူမက သူမ (လွမ်ရှီ) ရှေ့မှာ ဖျော်ဖြေရတာ သဘောကျနေတုန်းပင်။

တားလို့မရမှတော့ လွမ်ရှီက သူမအားလပ်ချိန်မှာ ကြည့်ရှုသည့် ဖျော်ဖြေရေးလို့ပဲ သတ်မှတ်တော့မည်။

"ရှိသေးတယ်။ အဖေက မနေ့ညက ဒီကိစ္စကို စိတ်ဆိုးနေတုန်းပဲ။ စစ်မေ့ အခု အဖေက ညီမလေးကို ဘယ်လိုကောင်းကောင်းဆက်ဆံလဲဆိုတာပဲ မကြည့်နဲ့။ အမှန်က အဲဒါ ဝမ်ကုန်းဇီနဲ့ ဝမ်မိသားစုကြောင့်ပဲ။ အဖေနဲ့ အမတ်ဟွေးရန်တို့က မမရဲ့ လက်ထပ်သဘောတူညီမှုကို ရုတ်သိမ်းချိန်တုန်းက မမက သူအချစ်ဆုံး တရားဝင်သမီးဖြစ်လို့ မမကောင်းဖို့အတွက် လုပ်တာလို့ပဲ ကနဦးတုန်းက ထင်ခဲ့တာ။ ဒါပေမယ့် နောက်ကျမှ သိရတာက အရာတိုင်းက အတုအယောင်တွေကြီးပဲ" လွမ်စန်းညန်က ပြောရင်း ပိုပိုပြီး ထိတ်ထိတ်ပျာပျာ ဖြစ်လာသည်။

"အဖေ့ရဲ့ မျက်လုံးထဲမှာ အမတ်စံအိမ်ရဲ့ အကျိုးအမြတ်နဲ့ သူ့မင်းမှုထမ်းအလုပ်ပဲ ရှိတယ်။ မမတို့ သမီးတွေက သူ လက်ထပ်ထိမ်းမြားတဲ့မဟာမိတ်အနေနှင့် သုံးဖို့ ပစ္စည်းသက်သက်ပဲ"

ဒေါသထွက်နေသည့် မျက်နှာနှင့် လွမ်စန်းညန်က လွမ်ရှီအရှေ့မှာ သူတို့ရဲ့ လူယုတ်မာ အဖေရဲ့ မူလရည်ရွယ်ချက်တွေအား ထုတ်ပြတော့သည်။

ထိုအချိန်မှာ လွမ်ရှီက လွမ်စန်းညန်က ကြိုးစားပန်းစား စကားပြောနေတာကို သတိထားမိတော့ သူမအတွက် ရေနွေးတစ်ချို့ ငှဲ့ပေးလိုက်သည်။ ပြီးနောက် လွမ်ရှီက သူတို့အမတ်အဖေကို ပြင်းထန်စွာ ဝေဖန်နေမှုအား စိတ်ဝင်စားမှုအပြည့်နှင့် ဆက်နားထောင်နေသည်။

လွမ်စန်းညန်က ဆက်ပြီး စကားမပြောရင် ရေနွေးပါးစပ်အပြည့်သောက်လိုက်သည်။

"စစ်မေ့ အဖေက အခု ညီမလေးကို ကောင်းကောင်းဆက်ဆံနေတာ ဝမ်ကုန်းဇီက စစ်မေ့ကို သဘောကျနေလို့။ ညီမလေးက ဝမ်မိသားစုကို လက်ထပ်ချိန်ကျ သူက ညီမလေးရဲ့သွေးကိုစုပ်ပြီး အမတ်စံအိမ်ရဲ့ နောက်ခံအဖြစ် ညီမလေးကို လုပ်မှာ"

"စစ်မေ့ အဖေပေးတဲ့ အကျိုးအမြတ်သေးသေးလေးအတွက်ကြောင့်နဲ့ ကျေးဇူးတွေတအားတင်ပြီး ညီမလေးကိုယ်ညီမလေး ရူးရူးမိုက်မိုက်နဲ့ ခွင့်မပြုပေးနဲ့"

"အခု မမကိုပဲကြည့် အမတ်စံအိမ်အတွက် အကျိုးအမြတ်မပေးနိုင်တဲ့ သတို့သားလောင်းရှိနေတော့ အဖေက မမကို လက်လျှော့လိုက်ပြီ။ အချိန်အကြာကြီးမွေးခဲ့တဲ့ ခွေးတွေကြောင်တွေအပေါ်တောင် လူတွေက သံယောဇဉ်ရှိကြပေမယ့် အဖေကတော့ သူ့လက်လျှော့ပြီလို့ ပြောပြီးတာနဲ့ တကယ်လက်လျှော့လိုက်တယ်။ သူ့အပြုအမူက တစ်ဖက်လူရဲ့ နှလုံးသားကို အေးစက်သွားစေတယ်"

"စစ်မေ့ ညီမလေးက ထက်မြက်တဲ့သူပဲ။ အမတ်စံအိမ်ရဲ့ ကြီးပွားချမ်းသာမှု ဒါမှမဟုတ် ကျဆင်းမှုတွေနဲ့ ညီမလေးကိုယ်ညီမလေး မချည်နှောင်ချင်ဘူးမလား? ဒါက မျိုးနွယ်စုထဲက ယောကျာ်းတွေရဲ့ တာဝန်လေ။ မမတို့နဲ့ ဘာဆိုင်လို့လဲ?"

"စစ်မေ့ သဘောတူလား?"

လွမ်စန်းညန်က သူမရဲ့ မကျေနပ်မှုတွေ ဒေါသတွေကို ဖြေဖျောက်နေသည်အား လွမ်ရှီက တိတ်ဆိတ်စွာ ကြည့်နေသည်။ သူတို့ရဲ့ အမတ်အဖေက လွမ်စန်းညန်ကို လက်လျှော့လိုက်တာနှင့် ပတ်သက်ပြီး ဘယ်လောက်က အစစ်အမှန်လည်းဆိုတာ သူမ မသိပေမယ့် သူတို့ရဲ့ အမတ်အဖေလုပ်ဆောင်မှု လမ်းကြောင်းက အရမ်းကို ပုံမှန်ဆန်တယ်လို့ သူမ မြင်သည်။

အမတ်ချန်းယီက သူ့သမီးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ သူခွန်အားတွေ အများကြီးစိုက်ထုတ်ထားသည်။ သူတို့ကို စည်းစိမ်အပြည့်နှင့်ထားသည်၊ အမျိုးသမီးဆရာမတွေကို ဖိတ်ကြားပြီး အမျိုးသမီးတွေ တတ်အပ်သည့် ပညာရပ်တွေကို သင်ပေးသည် ပြီးတော့ သူတို့ ချမ်းသာပြည့်စုံစွာနှင့် အရွယ်ရောက်လာချိန်မှာ လက်ထပ်ဖို့ မိသားစုတွေ ရှာပေးသည်၊ မင်္ဂလာအသွင်းပစ္စည်းတွေပါ ပါသေးသည်။ ကြိုမမြင်ရသည့် မတော်တဆမရှိရ၍် သူတို့ဘဝတစ်လျှောက်လုံး စားဖို့ ဝတ်ဖို့ ပူစရာမလိုပေ။ ဆိုလိုတာက သူတို့မိဘတွေက သူတို့ကို မွေးဖွားပေးပြီး သူတို့မျိုးနွယ်စုက သူတို့ကို သယ်ဆောင်လာပေးလို့ ထိုက်တန်တာတော့ ပြန်ပေးဆပ်ရမည်ဖြစ်သည်။

ခေတ်သစ်မှာလိုပင်၊ မိဘတွေက သူတို့ကလေးတွေကို ကြီးပြင်းအောင် စောင့်ရှောက်ခဲ့သည်၊ ပညာတတ်ဖို့ ကျောင်းကို လွှတ်ကြသည်၊ မိဘတွေ အိုမင်းလာချိန်မှာ သူတို့ မိဘတွေကို သူတို့ ပြန်မထောက်ပံ့သင့်ဘူးလား?

အထူးသဖြင့် မိသားစုပေါင်းသင်းမှုဖြင့် အပြစ်ရှိသော အဖွဲ့အစည်းတစ်ခုအောက်တွင် လုပ်ဆောင်နေချိန်ဖြစ်ကာ လူတစ်ဦး၏ဂုဏ်အသရေသည် သူတို့အားလုံးအတွက် ဂုဏ်သိက္ခာရှိပုံနှင့် လူတစ်ဦး၏အရှက်သည် သူတို့၏စုပေါင်းအရှက်ကို ရှုတ်ချတတ်သည့် ရှေးခေတ်ကာလဖြစ်သည်။ (T/N: ဒီနားကို တော်တော်လေးကြာအောင် စဉ်းစားလိုက်ရတယ်။ ကိုယ်နားလည်တာက ဒီလိုမျိုး မိသားစုဝင်တစ်ယောက်မှာ ဂုဏ်ဘွဲ့တွေရပြီး အမြင့်ကို တက်လှမ်းရင် မျိုးနွယ်ဝင်တွေပါ မြင့်တက်လာတာပြီးတော့ အပြစ်ရှိခဲ့ရင်လည်း ကျန်သူတွေပါ အရှက်ရတာမျိုးပါ။)

တစ်ခုတည်းသော လူသားဆန်မှုက ကံမကောင်းမှုက လက်ထပ်ပြီးသား သမီးတွေဆီ မရောက်နိုင်ပေမယ့် မိသားစုမရှိသည့် လက်ထပ်ထားသည့် သမီးတွေက ရှင်သန်ဖို့ နေ့ရက်တွေ ပိုခက်ခဲလာသည်။ ခင်ပွန်းဖြစ်သူ၏ စွန့်ပစ်ခံရသည့် ဇနီးသည်တွေကလည်း သူတို့မိသားစုဟောင်းဆီ ပြန်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။

သို့ပေမယ့် လွမ်စန်းညန်က တစ်ဝက်မှာ ကူးပြောင်းလာပြီး အမတ်ချန်းယီစံအိမ်ကို နက်ရှိုင်းသည့်ခံစားချက်မျိုး မရှိတာ လွမ်ရှီ မှတ်မိသည်။ ပြီးခဲ့သည့်ဘဝမှာ သူမက လေနှင့် မိုးကိုဆောင်ကျဉ်းနိုင်ချိန် အမတ်ချန်းယီစံအိမ်ကလည်း ဒီမျက်နှာသာ ပေးသည့်အခွင့်အရေးကို အမိအရယူပြီး မြင့်တက်လာကြသည်။

ဖြစ်နိုင်တာတော့ မူလကိုယ်ပိုင်ရှင်ကလွဲပြီး လွမ်စန်းညန်နှင့် ပတ်သက်သည့် အမတ်စံအိမ်မှသူတွေက အကျိုးအမြတ်ရသွားချိန်မှာ ထိုသူကတော့ မျှော်လင့်ချက်ကင်းမဲ့စွာနှင့် တုံးအသည့်အမူအရာဖြင့် သေဆုံးသွားခဲ့ရသည်။ သူမရဲ့ နှလုံးသားထဲမှာ သူမအတွေးတွေကို တည်ငြိမ်အောင်လုပ်ဖို့ ခက်ခဲပြီး သူမရဲ့ မကျေနပ်မှုတွေက ကြီးမားလှသည်။

လွမ်ရှီက သူမနားလည်ကြောင်းထုတ်ဖော်ပြသော်လည်း အပြင်ကိုတော့ ထုတ်မပြနိုင်ပေ။ အားလုံးမဟုတ်ရင်တောင်မှ ရှေးခေတ်ကာလမှ မျိုးရိုးမြင့်သမီးတွေက ဘိုးဘေးမျိုးနွယ်စုနှင့် မိသားစုရဲ့အယူအဆတွေ နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး သူတို့မိသားစုတွေကို လုံးဝအရေးကြီးတယ်လို့ မှတ်ယူကြတာဖြစ်သည်။

"စန်းကျဲ ညီမလေးကို သင်ကြားတဲ့ဆရာမက ပြောခဲ့တယ်။ လက်မထပ်ခင်မှာ မျိုးနွယ်စုက ညီမလေးတို့ရဲ့အိမ် ညီမလေးတို့က မိသားစုရဲ့ ချီးမြောက်မှုတွေနဲ့ ကာကွယ်မှုတွေကို ခံစားနိုင်တယ်။ လက်ထပ်ပြီးရင် မျိုးနွယ်စုက ညီမလေးတို့ရဲ့နောက်ခံနဲ့ ယုံကြည်မှု။ ညီမလေးတို့က မျိုးနွယ်စုရဲ့ ကျောထောက်နောက်ခံဖြစ်လာမယ်"

လွမ်ရှီက လေးနက်စွာနှင့် ပြောလာသည်။

လွန်စန်းညန်ရဲ့ မျက်ခုံးတွေက တွန့်ချိုးသွားသည်။ သူမရဲ့ စတုတ္ထညီမလေးက မိသားစုရဲ့ ဦးနှောက်ဆေးတာကို ခံထားရတာလား?

သူမအမြင်အရဆို မိန်းမတွေက အမှီအခိုကင်းမဲ့ပြီး ပိုသန်မာလာရမည်။ သူတို့ကို ထောက်ပံ့နေသည့် တောင်က ပြိုရင် လူတွေက ကိုယ့်ကိုကိုယ်ပဲ မှီခိုပြီး ပြေးရမှာဖြစ်သည်။

"စစ်မေ့ ညီမလေး မစေ့စပ်ခင်မှာ ဝမ်ကုန်းဇီက ဘယ်လိုဆက်ဆံမယ်၊ စေ့စပ်ပြီးရင် သူက ဘယ်လိုဆက်ဆံမလဲဆိုတာ တွေးမိရဲ့လား?"

"အခု ဝမ်ကုန်းဇီက ညီမလေးကို သဘောကျနေပေမယ့် နောက်နှစ်နှစ်လောက်မှာ သူက နောက်မိန်းမတစ်ယောက်ကို သဘောကျလာမလားဆိုတာ ဘယ်သူမှ သေချာမပြောနိုင်ဘူး။ သူက ညီမလေးကို သဘောမကျတော့တာနဲ့ ညီမလေးကို သူက လက်ထပ်ဖို့ အစီအစဉ်မရှိတော့ရင် အဖေက ညီမလေးကို စွန့်ပစ်လိုက်ဖို့ ပိုများတယ်။ သူက မမကို လက်လျှော့လိုက်သလိုပေါ့။ သူက ညီမလေးရဲ့ နောက်ဆုံးတန်ကြေးအထိ ညှစ်ထုတ်ဖို့ အရာရှိကြီးကြီးတစ်ယောက်ရဲ့ အနောက်ခြံဝန်းကို ကိုယ်လုပ်တော်အငယ်အနေနဲ့ ပို့ဖို့ ဖြစ်နိုင်ချေတောင်များတယ်"

လွန်စန်းညန်က သူမကို စိတ်အားထက်သန်စွာနှင့် မိခင်သဖွယ် သတိပေးနေခဲ့ပြီး သူမရဲ့ စကားတစ်ဝက်ကိုတောင် လွမ်ရှီအား ခြောက်ဖို့ ကြိုးစားခဲ့သည်။

လွမ်ရှီ "..."

သူတို့ရဲ့ အမတ်ဖခင်က အကျိုးအမြတ်တစ်ခုတည်းအတွက်နှင့် သူ့သမီးတွေကို အိမ်ထောင်ရေးမဟာမိတ် ကိရိယာပစ္စည်းတစ်ခုလို ဆက်ဆံမည်၊ မျိုးနွယ်စုထဲမှ ယောကျာ်းတွေက အကုန် သွေးစုတ်ဖုတ်ကောင်တွေ၊ ဝမ်ကုန်းဇီက တစ်ခြားတစ်ယောက်ကို ချစ်မိသွားနိုင်လို့ ယုံကြည်အားထားလို့ မရကြောင်း လွမ်စန်းညန် ပြောတာတွေကို သူမတော့ မယုံကြည်ပေ။

လွမ်စန်းညန်က လည်ချောင်းစိုစွတ်စေရန် နောက်ထပ် ရေနွေးတစ်ငုံ အပြည့်သောက်လိုက်သည်။ သူမရဲ့ စတုတ္ထညီမလေးက တစ်ချိန်လုံး လေးနက်စွာ နားထောင်နေတာကို သူမ မြင်တော့ သူမကို နားချနိုင်ပြီလို့ ခန့်မှန်းမိလိုက်သည်။ ချက်ချင်းဆိုသလို သူမက မဆုံးနိုင်ဘဲ အလွန်ကို မြင့်သည့် ခံယူချက်ကို ထုတ်ဖော်လာတော့သည်။

"စစ်မေ့ မျိုးနွယ်စုက မှီခိုအားထားလို့မရဘူး။ မမတို့ကိုယ်ကို မှီခိုတာက အကောင်းဆုံးပဲ"

လွမ်ရှီ "..."

ဆိုလိုချင်တာက လွမ်စန်းညန်က တစ်ခုခုကို စလုပ်တော့မှာလား?

သူမရဲ့ ပုံစံကို ကြည့်ရတာ သူမ (လွမ်ရှီ) ကိုပါ ဆွဲထည့်ဖို့ ကြံနေသလိုပဲ...

2023 Sep 27

ZAWGYI

လြမ္စန္းညန္က သူမအေစခံမိန္းကေလးေတြကို အျပင္မွာ ထားခဲ့ၿပီး တစ္ေယာက္တည္း ဝင္လာသည္။ သူမ ေျခခ်လိုက္ခ်ိန္မွာပဲ စားပြဲေပၚမွ အသားဟင္းရနံ႔ကို ရလိုက္ၿပီး သူမေန႔လည္စာစားၿပီးတာေတာင္မွ ဗိုက္ဆာသလို ခံစားသြားရ၏။

အသားဟင္းသုံးပြဲ၊ အသီးအ႐ြက္တစ္ပြဲ၊ စြပ္ျပဳတ္တစ္ခြက္

ခမ္းနားခ်က္ပဲ

"စစ္ေမ့ ညီမရဲ႕ ဟင္းပြဲေတြက တကယ့္ကို အံ့ဩစရာပဲ တကယ္ႀကီး အသားဟင္းသုံးပြဲနဲ႔ အသီးအ႐ြက္တစ္ပြဲရတယ္ေနာ္"

လြမ္စန္းညန္၏ ေလသံက မနာလိုမႈေတြႏွင့္ ျပည့္ေနၿပီး လြမ္႐ွီေဘးမွာ သူမအိမ္လိုပဲ ထိုင္လိုက္သည္။ သူမကျပဳံးရင္း ေျပာလာသည္။ "စစ္ေမ့ မမက ညီမေလးနဲ႔ တူတူစားရင္ စိတ္မ႐ွိဘူးမလား?"

လြမ္႐ွီ "..."

လြမ္စန္းညန္က သုံးဘဝ ျဖတ္သန္းၿပီးေသာ္လည္း ဒီလို ေပါ့ဆတာ သူမအတြက္ တကယ္အဆင္ေျပလား? ၿပီးေနာက္ သူမအေတြးေျပာင္းသြားသည္။ လြမ္စန္းညန္က ဗဟုသုတပိုင္းမွာ သိတာ ခိုင္မာတယ္လို႔ ခံစားၿပီးေတာ့ သူမက ေရာဂါကုသႏိုင္သည့္ System စြမ္းရည္႐ွိတာေၾကာင့္ ဝတၳဳထဲမွာ သားသမီးမရသည့္ ဝမ္ေဖးတစ္ဦးကို ကုသေပးႏိုင္လို႔ သူမမွာ ေနာက္ခံေတာင့္တယ္လို႔ ေတြးေနတာပဲ ျဖစ္မည္။

ဝတၳဳထဲမွာ လြမ္စန္းညန္က တျခားသူေတြအတြက္ ေရာဂါကုသႏိုင္တယ္လို႔ပဲ ေရးထားေပမယ့္ သူမကိုယ္သူမလည္း ျပန္သုံးၿပီး ကုသႏိုင္သည့္ပုံေပၚသည္။

သူမစိတ္ထဲ ဤေကာက္ခ်က္ခ်မႈရတာႏွင့္ လြမ္႐ွီက လြမ္စန္းညန္ သူမႏွင့္ အတူစားဖို႔ ေတာင္းဆိုမႈကို မျငင္းပယ္ေတာ့ေပ။

သို႔ေပမယ့္ လြမ္စန္းညန္က သူမႏွင့္ အတူစားတာကို သူမ၏တရားဝင္မိခင္သိလို႔ကေတာ့ ႐ူးသြားေလာက္မွာကို သူမ ေၾကာက္မိသည္။

သူမရဲ႕တရားဝင္မိခင္ဆီ ယူေဆာင္လာမည့္ စိတ္ဒုကၡအား လြမ္႐ွီၾကည့္ဖို႔ ေစာင့္ေနသည္။

"ညီမ စိတ္မ႐ွိပါဘူး။ စူးယြီ ေနာက္ထပ္ ပန္းကန္လုံးတစ္လုံးနဲ႔ တူကို တတိယသခင္မေလးအတြက္ ျပင္ေပး"

ဟင္းပြဲေတြမွာ ျပႆနာ႐ွိတာကို စူးယြီႏွင့္ စူးက်ဴးက သိေပမယ့္ တတိယသခင္မေလး သူမဘာသာ ပိုက္ကြန္ထဲဝင္လာတာကို တိတ္ဆိတ္စြာပဲ ၾကည့္ေနၾကသည္။ သူတို႔သခင္မေလးသာ အစားအေသာက္ေတြမွာ ျပႆနာ႐ွိေနတာကို အာ႐ုံမခံမိရင္ တစ္စုံတစ္ေယာက္ေၾကာင့္ သူတို႔သခင္မေလးကိုယ္ ပ်က္ဆီးသြားလိမ့္မည္။

ထို႔ေၾကာင့္ အေစခံႏွစ္ဦးက ဖူးရန္ရဲ႕အျပဳအမူကို အင္မတန္ မခံမရပ္ႏိုင္ျဖစ္ၿပီး ကူကယ္ရာမဲ့ေနၾက၏။

သို႔ေပမယ့္ တတိယသခင္မေလးလည္း ထိုျပႆနာ႐ွိေနသည့္ အစားအေသာက္အား စားတာကို ဖူးရန္သိသြားရင္...

သူတို႔က ခ်က္ခ်င္း သက္ဝင္လႈပ္႐ွားသြားၾကသည္။

စူးယြီက သန္႔စင္တဲ့ တူႏွင့္ဇြန္းကို သြားယူလာၿပီး လြမ္စန္းညန္အတြက္ ထမင္းအျဖဴ တစ္ပန္းကန္ ထည့္ေပးလိုက္သည္။

လြမ္စန္းညန္က ဦးေအာင္စစားေတာ့သည္။ သူမရဲ႕တူက ပဲငံျပာရည္ႏွင့္ ႏွပ္ထားၿပီး ဆီေတြေဝ့ေနသည့္ ဝက္လက္ထံ ေ႐ႊ႕သြားသည္။

လြမ္႐ွီရဲ႕အၾကည့္က အနည္းငယ္ေတာက္ပသြားသည္။ လြမ္စန္းညန္က ပထမဆုံး ႀကိဳးစားမႈမွာတင္ အပိုဟင္းအမယ္ပါေနသည့္ ဟင္းပြဲကို တကယ္ႀကီးေ႐ြးခ်ယ္ခဲ့သည္။

"စန္းက်ဲ ေန႔လည္စာမစားရေသးဘူးလားဟင္?"

လြမ္စန္းညန္က ေပ်ာ္႐ႊင္စြာႏွင့္ ဝက္လက္ကို ကိုက္ရင္း ေခါင္းခါျပလာသည္။ "မမစားၿပီးၿပီ ဒါေပမယ့္ ဗိုက္ထပ္ဆာလာလို႔" သူမပိုင္ဆိုင္ထားသည့္ စြမ္းရည္ႏွင့္ သူမစားႏႈန္းက တိုးလာေပမယ့္လည္း ၿပီးခဲ့တဲ့ရက္ေတြမွာ မားမားေတြက သူမကို ေစာင့္ၾကည့္ေနလို႔ ဗိုက္အျပည့္မစားရဘဲ ထမင္းစားၿပီး မုန္႔ေတြႏွင့္ပဲ သူမဗိုက္ကို ႏွစ္သိမ့္ရသည္။

လြမ္႐ွီ "..."

လြမ္႐ွီက သူမထမင္းမစားခင္ ၾကက္စြပ္ျပဳတ္ပန္းကန္ေသးေသးႏွင့္ ေသာက္သည္။ ၿပီးေတာ့ သူမက ေဆးခတ္ထားသည့္ အသီးအ႐ြက္ဟင္းအမယ္ႏွင့္ ပဲငံျပာရည္ဝက္လက္ႏွပ္ကို ေ႐ွာင္လိုက္သည္။

လြမ္စန္းညန္က ၿမိန္ေရ႐ွက္ေရကို စားေနၿပီး သူမႏႈတ္ခမ္းမွာ ဆီေတြႏွင့္ ဝင္းလက္ေနသည္။ ထမင္းပန္းကန္လုံးႏွစ္လုံး စားၿပီးတာေတာင္မွ သူမက စားခ်င္ေနေသးခ်ိန္မွာ သူမရဲ႕ စတုတၳညီမေလးက ထမင္းပန္းကန္လုံးတစ္လုံးပဲ စားကာ အသားအနည္းငယ္စားၿပီးေနာက္ တူကိုခ်ၿပီး ႏႈတ္ခမ္းေထာင့္ေတြကို လက္ကိုင္ပဝါႏွင့္ သုတ္ေတာ့သည္။ တိတ္ဆိတ္စြာႏွင့္ သူမရဲ႕စတုတၳညီမေလးဗိုက္က စာကေလးေလာက္ပဲ ႐ွိတယ္လို႔ လြမ္နင္းက တိတ္တိတ္ေလး ေရ႐ြတ္ေတာ့သည္။

"စစ္ေမ့ ဘာလို႔ နည္းနည္းပဲ စားတာလဲ အရမ္းျဖဳန္းတီးရာက်တာပဲ" လြမ္စန္းညန္က သေဘာမတူသည့္ မ်က္ႏွာ႐ွိေန၏။

လြမ္႐ွီက သူမလက္ကိုင္ပဝါကို ခ်လိုက္ၿပီး စူးယြီက သူမအတြက္ ငွဲ႔ထားေပးသည့္ လက္ဖက္စိမ္းေရေႏြးၾကမ္းကို တစ္ငုံေသာက္ၿပီးမွ ျပဳံးကာ ျပန္ေျဖေလသည္။ "ထမင္းပန္းကန္လုံးတစ္လုံးစားတာ လုံေလာက္ပါၿပီ"

သူမစိတ္ထဲမွာေတာ့ လြမ္စန္းညန္၏ စားႏိုင္မႈကို တိတ္တိတ္ေလး အံ့ဩမိသည္။

ေသခ်ာစူးစမ္းၿပီးေနာက္မွာ ဤသုံးရက္အတြင္း လြမ္စန္းညန္က ေတာ္ေတာ္ေလး ေျပာင္းသြားပုံေပၚတာကို လြမ္႐ွီ သတိထားမိသည္။ သူမတစ္ကိုယ္လုံးက အရမ္းကို ယုံၾကည္မႈေတြ ျပည့္လွ်ံေနပုံေပၚသည္။

လြမ္စန္းညန္က ဆက္ၿပီး နားမခ်ေနေတာ့ဘဲ စားပြဲ႐ွိက်န္တဲ့ဟင္းပြဲေတြအား လက္စသတ္ေနသည္။

သူမရဲ႕ စတုတၳညီမေလးဆီမွာ စားရတာ ပိုၿပီး သက္ေတာင့္သက္သာ ႐ွိသည္။ သူမ ဘာသာစားခ်ိန္ဆို သူမရဲ႕ အနီးကပ္အေစခံေတြႏွင့္ မားမားေတြက စိုက္ၾကည့္ေနသည္။ ထို႔ေၾကာင့္ သူမက ခ်ဥ္တူးေနသည့္ အမူအရာႏွင့္ ထုံတမ္းစဥ္လာအတိုင္း စားေနရသည္။ အမ်ားႀကီးစားခြင့္မေပးေပ။

လြမ္စန္းညန္က ေတြးရင္း ေခါင္းလွည့္ကာ ျပဳံးျပလိုက္သည္။ "စစ္ေမ့ မမဆုံးျဖတ္လိုက္ၿပီ။ အခုကစၿပီး မမက စစ္ေမ့နဲ႔ပဲ စားေတာ့မယ္"

သဘာဝက်စြာႏွင့္ လြမ္႐ွီက တားျမစ္စရာအေၾကာင္းမ႐ွိေပ။ သူမရဲ႕ တရားဝင္အေမေတာ့ ေသခ်ာသေဘာကို ေဒါသေၾကာင့္ ေသြးအန္ေတာ့မွာမို႔လို႔ သူမက ျပဳံးၿပီး သေဘာတူလိုက္သည္။

"ရတာေပါ့"

ေန႔လည္စာစားၿပီးေတာ့ လြမ္႐ွီႏွင့္ လြမ္စန္းညန္က ခုံအတိုဆီ ေ႐ႊ႕ၿပီး စူးယြီႏွင့္ စူးက်ဴးကေတာ့ စားပြဲကို သန္႔႐ွင္းေလသည္။

လြမ္စန္းညန္က ေရေႏြးေသာက္ရင္း က်င့္ဝတ္အျပည့္ႏွင့္ သူမရဲ႕ စတုတၳညီမေလးကို ၾကည့္လိုက္သည္။ ၿပီးေနာက္ သူမရဲ႕အေစခံမိန္းကေလး ေယာင္ဟုန္ေျပာတာကို မွတ္မိသြားသည္။ ဝမ္ကုန္းဇီက သူ႕အေစခံေတြကို လႊတ္ၿပီး ဒီေန႔ကို တန္ဖိုးႀကီးေဆးပင္ေတြ ပို႔ေပးလာသည္တဲ့။ အဲ့လိုမွ သူမရဲ႕စတုတၳညီမေလးက ခႏၶာကိုယ္အားျဖည့္ႏိုင္မွာျဖစ္သည္။

သူမက သုံးဖို႔မလိုေသာ္လည္း ဒါက လြမ္စန္းညန္ မ်က္လုံးေတြ နီရဲတဲ့အထိ မနာလိုျဖစ္တာကို မရပ္တန္႔ႏိုင္ေပ။

ႏိႈင္းယွဥ္ရန္မ႐ွိပါက အႏၲရာယ္မ႐ွိေပ။ လူတစ္ေယာက္ကို တစ္ျခားလူႏွင့္ ႏိႈင္းယွဥ္တာက ထိုလူကို အမ်က္ေဒါသထြက္ၿပီး ေသေစႏိုင္သည္။ သူမေနာက္က် ခ်ီယြဲ႕အမ္ႏွင့္ လက္ထပ္ခ်ိန္က် ဒီကိစၥႏွင့္ ပတ္သက္ၿပီး ေသခ်ာသင္ေပးရမည္။

ဒါကေတာ့ လြမ္စန္းညန္ေတြးေနတာျဖစ္သည္။ ဒီေန႔ သူမ လာလည္သည့္အေၾကာင္းရင္းကို မွတ္မိခ်ိန္မွာေတာ့ ထိုအေတြးေတြကို ေခတၱ ဖယ္လိုက္သည္။

"စစ္ေမ့ ဒီကိစၥကို မမစိတ္ထဲမွာ ေတြးေနတာ ရက္ေတာ္ေတာ္႐ွိေနၿပီ။ ထုတ္မေျပာရင္ မမႏွလုံးသားက သက္ေတာင့္သက္သာ ျဖစ္မွာမဟုတ္ဘူး။ အမွန္က ဒီရက္ပိုင္းထဲမွာ မမက ေစ့စပ္ပြဲဖ်က္ခ်င္လို႔ ျပႆနာ႐ွာေတာ့ အေဖက ကိစၥကို အမတ္ေဟြးယန္နဲ႔ ညႇိႏိႈင္းဖို႔ ႀကိဳးစားခဲ့တယ္။ အမတ္ေဟြးရန္က လက္ထပ္ထိမ္းျမားမႈ သေဘာတူညီမႈမွာ မမအစား စစ္ေမ့ကို အစားထိုးမယ္ဆိုတဲ့ အေျခအေနရပ္နဲ႔ သေဘာတူခဲ့တယ္။ မမက ဒီလိုလုပ္ဖို႔ ႏွလုံးသားမ႐ွိဘူးေလ။ ဘယ္လိုေတြ ဘာေျပာေျပာ စစ္ေမ့က မမညီမေလးပဲ။ မီးတြင္းထဲ စစ္ေမ့ကို ဘယ္လိုလုပ္ ခုန္ခ်ခိုင္းရက္မွာလဲ? အဲဒါေၾကာင့္ မမက ေစ့စပ္မႈ မဖ်က္သိမ္းေတာ့ဘူးလို႔ ေျပာေတာ့ အေဖက စိတ္ဆိုးၿပီး အနာဂတ္မွာ မမကို သူဂ႐ုမစိုက္ေတာ့ဘူးလို႔ ေျပာလာတယ္"

လြမ္စန္းညန္က မေန႔ညက အမတ္ခ်န္းယီေျပာလာသည့္ စကားေတြကို ေျပာလာခဲ့ၿပီး အ႐ွက္နည္းနည္းေလးေတာင္မ႐ွိဘဲ သူမအတြက္ အခန္းေတြ ပိုထည့္လာသည္။ သူမေျပာလို႔ၿပီးေတာ့ လြမ္႐ွီကို သနားစရာမ်က္လုံးေလးႏွင့္ ၾကည့္လိုက္၏။

"စစ္ေမ့ မမက ညီမေလးအတြက္ အမ်ားႀကီး စေတးခဲ့တယ္"

လြမ္႐ွီက တုန္လႈပ္သြားဟန္ေဆာင္ၿပီး လြမ္စန္းညန္၏ ဉာဏ္ရည္ကို အားျဖည့္ေပးလိုက္သည္။ "အဲ့လိုမ်ိဳးျဖစ္ခဲ့တာလား?" ဒါေပမယ့္ သူမစိတ္ထဲမွာေတာ့ ရယ္စရာဟာသလို႔သာ ျမင္သည္။ ခ်ီယြဲ႕အမ္က အလားအလာေကာင္းၿပီး ေတာက္ပသည့္ မင္းမႈထမ္းအလုပ္႐ွိေနေတာ့ လြမ္စန္းညန္က မခြဲရက္ႏိုင္တာ အ႐ွင္းလင္းႀကီးေလ။ သူမပါးစပ္ထဲက ထြက္လာခ်ိန္က် သူမက စေတးထားရပါတယ္ဆိုၿပီး ဘယ္လိုလုပ္ျဖစ္လာတာလဲ?

ထို႔အျပင္ ခ်ီယြဲ႕အမ္က နဂိုထဲက လြမ္စန္းညန္ရဲ႕ သတို႔သားေလာင္းေလ ဟုတ္ၿပီလား?

လြမ္စန္းညန္ရဲ႕ သ႐ုပ္ေဆာင္မႈက တည္ၿငိမ္စြာ တိုးတက္လာေပမယ့္ အဓိကက်ဆုံးကေတာ့ ေဆးေဟာင္းက တူညီေနခ်ိန္မွာ ဟင္းရည္သာ ေျပာင္းသြားသည္။ သူမက သူမ (လြမ္႐ွီ) ေ႐ွ႕မွာ ေဖ်ာ္ေျဖရတာ သေဘာက်ေနတုန္းပင္။

တားလို႔မရမွေတာ့ လြမ္႐ွီက သူမအားလပ္ခ်ိန္မွာ ၾကည့္႐ႈသည့္ ေဖ်ာ္ေျဖေရးလို႔ပဲ သတ္မွတ္ေတာ့မည္။

"႐ွိေသးတယ္။ အေဖက မေန႔ညက ဒီကိစၥကို စိတ္ဆိုးေနတုန္းပဲ။ စစ္ေမ့ အခု အေဖက ညီမေလးကို ဘယ္လိုေကာင္းေကာင္းဆက္ဆံလဲဆိုတာပဲ မၾကည့္နဲ႔။ အမွန္က အဲဒါ ဝမ္ကုန္းဇီနဲ႔ ဝမ္မိသားစုေၾကာင့္ပဲ။ အေဖနဲ႔ အမတ္ေဟြးရန္တို႔က မမရဲ႕ လက္ထပ္သေဘာတူညီမႈကို ႐ုတ္သိမ္းခ်ိန္တုန္းက မမက သူအခ်စ္ဆုံး တရားဝင္သမီးျဖစ္လို႔ မမေကာင္းဖို႔အတြက္ လုပ္တာလို႔ပဲ ကနဦးတုန္းက ထင္ခဲ့တာ။ ဒါေပမယ့္ ေနာက္က်မွ သိရတာက အရာတိုင္းက အတုအေယာင္ေတြႀကီးပဲ" လြမ္စန္းညန္က ေျပာရင္း ပိုပိုၿပီး ထိတ္ထိတ္ပ်ာပ်ာ ျဖစ္လာသည္။

"အေဖ့ရဲ႕ မ်က္လုံးထဲမွာ အမတ္စံအိမ္ရဲ႕ အက်ိဳးအျမတ္နဲ႔ သူ႕မင္းမႈထမ္းအလုပ္ပဲ ႐ွိတယ္။ မမတို႔ သမီးေတြက သူ လက္ထပ္ထိမ္းျမားတဲ့မဟာမိတ္အေနႏွင့္ သုံးဖို႔ ပစၥည္းသက္သက္ပဲ"

ေဒါသထြက္ေနသည့္ မ်က္ႏွာႏွင့္ လြမ္စန္းညန္က လြမ္႐ွီအေ႐ွ႕မွာ သူတို႔ရဲ႕ လူယုတ္မာ အေဖရဲ႕ မူလရည္႐ြယ္ခ်က္ေတြအား ထုတ္ျပေတာ့သည္။

ထိုအခ်ိန္မွာ လြမ္႐ွီက လြမ္စန္းညန္က ႀကိဳးစားပန္းစား စကားေျပာေနတာကို သတိထားမိေတာ့ သူမအတြက္ ေရေႏြးတစ္ခ်ိဳ႕ ငွဲ႔ေပးလိုက္သည္။ ၿပီးေနာက္ လြမ္႐ွီက သူတို႔အမတ္အေဖကို ျပင္းထန္စြာ ေဝဖန္ေနမႈအား စိတ္ဝင္စားမႈအျပည့္ႏွင့္ ဆက္နားေထာင္ေနသည္။

လြမ္စန္းညန္က ဆက္ၿပီး စကားမေျပာရင္ ေရေႏြးပါးစပ္အျပည့္ေသာက္လိုက္သည္။

"စစ္ေမ့ အေဖက အခု ညီမေလးကို ေကာင္းေကာင္းဆက္ဆံေနတာ ဝမ္ကုန္းဇီက စစ္ေမ့ကို သေဘာက်ေနလို႔။ ညီမေလးက ဝမ္မိသားစုကို လက္ထပ္ခ်ိန္က် သူက ညီမေလးရဲ႕ေသြးကိုစုပ္ၿပီး အမတ္စံအိမ္ရဲ႕ ေနာက္ခံအျဖစ္ ညီမေလးကို လုပ္မွာ"

"စစ္ေမ့ အေဖေပးတဲ့ အက်ိဳးအျမတ္ေသးေသးေလးအတြက္ေၾကာင့္နဲ႔ ေက်းဇူးေတြတအားတင္ၿပီး ညီမေလးကိုယ္ညီမေလး ႐ူး႐ူးမိုက္မိုက္နဲ႔ ခြင့္မျပဳေပးနဲ႔"

"အခု မမကိုပဲၾကည့္ အမတ္စံအိမ္အတြက္ အက်ိဳးအျမတ္မေပးႏိုင္တဲ့ သတို႔သားေလာင္း႐ွိေနေတာ့ အေဖက မမကို လက္ေလွ်ာ့လိုက္ၿပီ။ အခ်ိန္အၾကာႀကီးေမြးခဲ့တဲ့ ေခြးေတြေၾကာင္ေတြအေပၚေတာင္ လူေတြက သံေယာဇဥ္႐ွိၾကေပမယ့္ အေဖကေတာ့ သူ႕လက္ေလွ်ာ့ၿပီလို႔ ေျပာၿပီးတာနဲ႔ တကယ္လက္ေလွ်ာ့လိုက္တယ္။ သူ႕အျပဳအမူက တစ္ဖက္လူရဲ႕ ႏွလုံးသားကို ေအးစက္သြားေစတယ္"

"စစ္ေမ့ ညီမေလးက ထက္ျမက္တဲ့သူပဲ။ အမတ္စံအိမ္ရဲ႕ ႀကီးပြားခ်မ္းသာမႈ ဒါမွမဟုတ္ က်ဆင္းမႈေတြနဲ႔ ညီမေလးကိုယ္ညီမေလး မခ်ည္ေႏွာင္ခ်င္ဘူးမလား? ဒါက မ်ိဳးႏြယ္စုထဲက ေယာက်ာ္းေတြရဲ႕ တာဝန္ေလ။ မမတို႔နဲ႔ ဘာဆိုင္လို႔လဲ?"

"စစ္ေမ့ သေဘာတူလား?"

လြမ္စန္းညန္က သူမရဲ႕ မေက်နပ္မႈေတြ ေဒါသေတြကို ေျဖေဖ်ာက္ေနသည္အား လြမ္႐ွီက တိတ္ဆိတ္စြာ ၾကည့္ေနသည္။ သူတို႔ရဲ႕ အမတ္အေဖက လြမ္စန္းညန္ကို လက္ေလွ်ာ့လိုက္တာႏွင့္ ပတ္သက္ၿပီး ဘယ္ေလာက္က အစစ္အမွန္လည္းဆိုတာ သူမ မသိေပမယ့္ သူတို႔ရဲ႕ အမတ္အေဖလုပ္ေဆာင္မႈ လမ္းေၾကာင္းက အရမ္းကို ပုံမွန္ဆန္တယ္လို႔ သူမ ျမင္သည္။

အမတ္ခ်န္းယီက သူ႕သမီးေတြကို ျပဳစုပ်ိဳးေထာင္တဲ့ေနရာမွာ သူခြန္အားေတြ အမ်ားႀကီးစိုက္ထုတ္ထားသည္။ သူတို႔ကို စည္းစိမ္အျပည့္ႏွင့္ထားသည္၊ အမ်ိဳးသမီးဆရာမေတြကို ဖိတ္ၾကားၿပီး အမ်ိဳးသမီးေတြ တတ္အပ္သည့္ ပညာရပ္ေတြကို သင္ေပးသည္ ၿပီးေတာ့ သူတို႔ ခ်မ္းသာျပည့္စုံစြာႏွင့္ အ႐ြယ္ေရာက္လာခ်ိန္မွာ လက္ထပ္ဖို႔ မိသားစုေတြ ႐ွာေပးသည္၊ မဂၤလာအသြင္းပစၥည္းေတြပါ ပါေသးသည္။ ႀကိဳမျမင္ရသည့္ မေတာ္တဆမ႐ွိရ၍္ သူတို႔ဘဝတစ္ေလွ်ာက္လုံး စားဖို႔ ဝတ္ဖို႔ ပူစရာမလိုေပ။ ဆိုလိုတာက သူတို႔မိဘေတြက သူတို႔ကို ေမြးဖြားေပးၿပီး သူတို႔မ်ိဳးႏြယ္စုက သူတို႔ကို သယ္ေဆာင္လာေပးလို႔ ထိုက္တန္တာေတာ့ ျပန္ေပးဆပ္ရမည္ျဖစ္သည္။

ေခတ္သစ္မွာလိုပင္၊ မိဘေတြက သူတို႔ကေလးေတြကို ႀကီးျပင္းေအာင္ ေစာင့္ေ႐ွာက္ခဲ့သည္၊ ပညာတတ္ဖို႔ ေက်ာင္းကို လႊတ္ၾကသည္၊ မိဘေတြ အိုမင္းလာခ်ိန္မွာ သူတို႔ မိဘေတြကို သူတို႔ ျပန္မေထာက္ပံ့သင့္ဘူးလား?

အထူးသျဖင့္ မိသားစုေပါင္းသင္းမႈျဖင့္ အျပစ္႐ွိေသာ အဖြဲ႕အစည္းတစ္ခုေအာက္တြင္ လုပ္ေဆာင္ေနခ်ိန္ျဖစ္ကာ လူတစ္ဦး၏ဂုဏ္အသေရသည္ သူတို႔အားလုံးအတြက္ ဂုဏ္သိကၡာ႐ွိပုံႏွင့္ လူတစ္ဦး၏အ႐ွက္သည္ သူတို႔၏စုေပါင္းအ႐ွက္ကို ႐ႈတ္ခ်တတ္သည့္ ေ႐ွးေခတ္ကာလျဖစ္သည္။ (T/N: ဒီနားကို ေတာ္ေတာ္ေလးၾကာေအာင္ စဥ္းစားလိုက္ရတယ္။ ကိုယ္နားလည္တာက ဒီလိုမ်ိဳး မိသားစုဝင္တစ္ေယာက္မွာ ဂုဏ္ဘြဲ႕ေတြရၿပီး အျမင့္ကို တက္လွမ္းရင္ မ်ိဳးႏြယ္ဝင္ေတြပါ ျမင့္တက္လာတာၿပီးေတာ့ အျပစ္႐ွိခဲ့ရင္လည္း က်န္သူေတြပါ အ႐ွက္ရတာမ်ိဳးပါ။)

တစ္ခုတည္းေသာ လူသားဆန္မႈက ကံမေကာင္းမႈက လက္ထပ္ၿပီးသား သမီးေတြဆီ မေရာက္ႏိုင္ေပမယ့္ မိသားစုမ႐ွိသည့္ လက္ထပ္ထားသည့္ သမီးေတြက ႐ွင္သန္ဖို႔ ေန႔ရက္ေတြ ပိုခက္ခဲလာသည္။ ခင္ပြန္းျဖစ္သူ၏ စြန္႔ပစ္ခံရသည့္ ဇနီးသည္ေတြကလည္း သူတို႔မိသားစုေဟာင္းဆီ ျပန္ဖို႔ဆိုတာ လုံးဝမျဖစ္ႏိုင္ေပ။

သို႔ေပမယ့္ လြမ္စန္းညန္က တစ္ဝက္မွာ ကူးေျပာင္းလာၿပီး အမတ္ခ်န္းယီစံအိမ္ကို နက္႐ိႈင္းသည့္ခံစားခ်က္မ်ိဳး မ႐ွိတာ လြမ္႐ွီ မွတ္မိသည္။ ၿပီးခဲ့သည့္ဘဝမွာ သူမက ေလႏွင့္ မိုးကိုေဆာင္က်ဥ္းႏိုင္ခ်ိန္ အမတ္ခ်န္းယီစံအိမ္ကလည္း ဒီမ်က္ႏွာသာ ေပးသည့္အခြင့္အေရးကို အမိအရယူၿပီး ျမင့္တက္လာၾကသည္။

ျဖစ္ႏိုင္တာေတာ့ မူလကိုယ္ပိုင္႐ွင္ကလြဲၿပီး လြမ္စန္းညန္ႏွင့္ ပတ္သက္သည့္ အမတ္စံအိမ္မွသူေတြက အက်ိဳးအျမတ္ရသြားခ်ိန္မွာ ထိုသူကေတာ့ ေမွ်ာ္လင့္ခ်က္ကင္းမဲ့စြာႏွင့္ တုံးအသည့္အမူအရာျဖင့္ ေသဆုံးသြားခဲ့ရသည္။ သူမရဲ႕ ႏွလုံးသားထဲမွာ သူမအေတြးေတြကို တည္ၿငိမ္ေအာင္လုပ္ဖို႔ ခက္ခဲၿပီး သူမရဲ႕ မေက်နပ္မႈေတြက ႀကီးမားလွသည္။

လြမ္႐ွီက သူမနားလည္ေၾကာင္းထုတ္ေဖာ္ျပေသာ္လည္း အျပင္ကိုေတာ့ ထုတ္မျပႏိုင္ေပ။ အားလုံးမဟုတ္ရင္ေတာင္မွ ေ႐ွးေခတ္ကာလမွ မ်ိဳး႐ိုးျမင့္သမီးေတြက ဘိုးေဘးမ်ိဳးႏြယ္စုႏွင့္ မိသားစုရဲ႕အယူအဆေတြ နက္႐ိႈင္းစြာ အျမစ္တြယ္ေနၿပီး သူတို႔မိသားစုေတြကို လုံးဝအေရးႀကီးတယ္လို႔ မွတ္ယူၾကတာျဖစ္သည္။

"စန္းက်ဲ ညီမေလးကို သင္ၾကားတဲ့ဆရာမက ေျပာခဲ့တယ္။ လက္မထပ္ခင္မွာ မ်ိဳးႏြယ္စုက ညီမေလးတို႔ရဲ႕အိမ္ ညီမေလးတို႔က မိသားစုရဲ႕ ခ်ီးေျမာက္မႈေတြနဲ႔ ကာကြယ္မႈေတြကို ခံစားႏိုင္တယ္။ လက္ထပ္ၿပီးရင္ မ်ိဳးႏြယ္စုက ညီမေလးတို႔ရဲ႕ေနာက္ခံနဲ႔ ယုံၾကည္မႈ။ ညီမေလးတို႔က မ်ိဳးႏြယ္စုရဲ႕ ေက်ာေထာက္ေနာက္ခံျဖစ္လာမယ္"

လြမ္႐ွီက ေလးနက္စြာႏွင့္ ေျပာလာသည္။

လြန္စန္းညန္ရဲ႕ မ်က္ခုံးေတြက တြန္႔ခ်ိဳးသြားသည္။ သူမရဲ႕ စတုတၳညီမေလးက မိသားစုရဲ႕ ဦးေႏွာက္ေဆးတာကို ခံထားရတာလား?

သူမအျမင္အရဆို မိန္းမေတြက အမွီအခိုကင္းမဲ့ၿပီး ပိုသန္မာလာရမည္။ သူတို႔ကို ေထာက္ပံ့ေနသည့္ ေတာင္က ၿပိဳရင္ လူေတြက ကိုယ့္ကိုကိုယ္ပဲ မွီခိုၿပီး ေျပးရမွာျဖစ္သည္။

"စစ္ေမ့ ညီမေလး မေစ့စပ္ခင္မွာ ဝမ္ကုန္းဇီက ဘယ္လိုဆက္ဆံမယ္၊ ေစ့စပ္ၿပီးရင္ သူက ဘယ္လိုဆက္ဆံမလဲဆိုတာ ေတြးမိရဲ႕လား?"

"အခု ဝမ္ကုန္းဇီက ညီမေလးကို သေဘာက်ေနေပမယ့္ ေနာက္ႏွစ္ႏွစ္ေလာက္မွာ သူက ေနာက္မိန္းမတစ္ေယာက္ကို သေဘာက်လာမလားဆိုတာ ဘယ္သူမွ ေသခ်ာမေျပာႏိုင္ဘူး။ သူက ညီမေလးကို သေဘာမက်ေတာ့တာနဲ႔ ညီမေလးကို သူက လက္ထပ္ဖို႔ အစီအစဥ္မ႐ွိေတာ့ရင္ အေဖက ညီမေလးကို စြန္႔ပစ္လိုက္ဖို႔ ပိုမ်ားတယ္။ သူက မမကို လက္ေလွ်ာ့လိုက္သလိုေပါ့။ သူက ညီမေလးရဲ႕ ေနာက္ဆုံးတန္ေၾကးအထိ ညႇစ္ထုတ္ဖို႔ အရာ႐ွိႀကီးႀကီးတစ္ေယာက္ရဲ႕ အေနာက္ျခံဝန္းကို ကိုယ္လုပ္ေတာ္အငယ္အေနနဲ႔ ပို႔ဖို႔ ျဖစ္ႏိုင္ေခ်ေတာင္မ်ားတယ္"

လြန္စန္းညန္က သူမကို စိတ္အားထက္သန္စြာႏွင့္ မိခင္သဖြယ္ သတိေပးေနခဲ့ၿပီး သူမရဲ႕ စကားတစ္ဝက္ကိုေတာင္ လြမ္႐ွီအား ေျခာက္ဖို႔ ႀကိဳးစားခဲ့သည္။

လြမ္႐ွီ "..."

သူတို႔ရဲ႕ အမတ္ဖခင္က အက်ိဳးအျမတ္တစ္ခုတည္းအတြက္ႏွင့္ သူ႕သမီးေတြကို အိမ္ေထာင္ေရးမဟာမိတ္ ကိရိယာပစၥည္းတစ္ခုလို ဆက္ဆံမည္၊ မ်ိဳးႏြယ္စုထဲမွ ေယာက်ာ္းေတြက အကုန္ ေသြးစုတ္ဖုတ္ေကာင္ေတြ၊ ဝမ္ကုန္းဇီက တစ္ျခားတစ္ေယာက္ကို ခ်စ္မိသြားႏိုင္လို႔ ယုံၾကည္အားထားလို႔ မရေၾကာင္း လြမ္စန္းညန္ ေျပာတာေတြကို သူမေတာ့ မယုံၾကည္ေပ။

လြမ္စန္းညန္က လည္ေခ်ာင္းစိုစြတ္ေစရန္ ေနာက္ထပ္ ေရေႏြးတစ္ငုံ အျပည့္ေသာက္လိုက္သည္။ သူမရဲ႕ စတုတၳညီမေလးက တစ္ခ်ိန္လုံး ေလးနက္စြာ နားေထာင္ေနတာကို သူမ ျမင္ေတာ့ သူမကို နားခ်ႏိုင္ၿပီလို႔ ခန္႔မွန္းမိလိုက္သည္။ ခ်က္ခ်င္းဆိုသလို သူမက မဆုံးႏိုင္ဘဲ အလြန္ကို ျမင့္သည့္ ခံယူခ်က္ကို ထုတ္ေဖာ္လာေတာ့သည္။

"စစ္ေမ့ မ်ိဳးႏြယ္စုက မွီခိုအားထားလို႔မရဘူး။ မမတို႔ကိုယ္ကို မွီခိုတာက အေကာင္းဆုံးပဲ"

လြမ္႐ွီ "..."

ဆိုလိုခ်င္တာက လြမ္စန္းညန္က တစ္ခုခုကို စလုပ္ေတာ့မွာလား?

သူမရဲ႕ ပုံစံကို ၾကည့္ရတာ သူမ (လြမ္႐ွီ) ကိုပါ ဆြဲထည့္ဖို႔ ၾကံေနသလိုပဲ...

2023 Sep 27

Continue Reading

You'll Also Like

124K 16.4K 35
#Book-3 Last book of Hidden Marriage Series. 🔥❤️ This book is the continuation of the first and second book "Hidden Marriage - Amazing Husband." If...
237K 16.2K 47
This novel featuring Amie and her childhood friend, Mahir. It's a delightful tale of friendship, lost connections, and the power of rekindling old fl...
815K 35.5K 57
"Mujhe jhelna mushkil hai nader," she said with a smile while her gaze was fixed on the table. ("It's difficult to tolerate me, Nader") "Main jhel l...
235K 7.4K 55
ရိပ်ချေ ကိုကြီးကိုချစ်တယ် ။ ကိုကြီးလည်း ရိပ်ချေကိုချစ်လာရင် ဖွင့်ပြောပေးနော် ။ နွေဦးရိပ်ချေ 🍀 နေမခန်း & နွေဦးရိပ်ခ...