"အွန်းဗြောရေ!"
"အီးးဟီးး!"
နာမည်လေးခေါ်လိုက်တုန်းမှာချက်ချင်းတံခါးဝကိုငိုယိုပြီးပြေးဝင်လာတဲ့အဝါရောင်ဖဲသားဂါဝန်ပွပွလေးနဲ့အွန်းဗြော
ဆွန်းမင်အသံကြားတော့ငိုတာမှဘယ်လိုမှမရပ်တော့
ဝမ်ချန်းမင်းသမီးရဲ့အဆောင်ထဲမှာရှိတဲ့အထိန်းတော်နဲ့နန်းတွင်းသူအချို့ကိုအပြင်ကိုထွက်ခိုင်းလိုက်ပြီးဆွန်းမင်အတွက်လဲဝတ်ထားတဲ့ဝတ်စုံတစ်ခုကိုယူလာခိုင်းလိုက်သည်
အဆောင်ကျယ်ကြီးထဲမှာဝမ်ချန်းရယ်ဆွန်းမင်ရယ်နဲ့အွန်းဗြောရယ်သာရှိ၏
အွန်းဗြောကသူ့လက်သေးသေးတွေနဲ့ဆွန်းမင်ရဲ့ပါးပြင်နှစ်ဖက်နဲ့လက်နဲ့သုတ်ပေးနေသည်
မြေအောက်အကျဉ်းထောင်ထဲမှာမို့လို့ဘယ်ကလဲမသိညစ်ပေလာတဲ့ဖုန်မှုန့်တွေကိုဒီကလေးသေးသေးလေးကလက်သေးသေးလေးတွေနဲ့လာသုတ်ပေးနေတာ
ဝမ်ချန်းအနောက်ကနေငြိမ်ပြီးလက်ပိုက်ကာကြည့်နေသည်
သူ့သမီးဆိုပေမဲ့ သူလဲဘာလုပ်ရမှန်းမသိပါ
ကလေးကသူ့ကိုဆိုကြောက်သွားသည် ကြည့်တောင်မကြည့်တော့
"အဟမ့်း"
ချောင်းတစ်ချက်တော့ဟန့်လိုက်သည် ဒါပေမဲ့ဘယ်သူမှအဖက်မလုပ်
ဘုရင်တစ်ပါးသည်ယခုမှလျစ်လျူရှုခြင်းကိုခံရဖူးခြင်းဖြစ်၏
ဘယ်လိုမှကိုအဆင်မပြေနေ
"နန်းတွင်းသူတွေအဝတ်အစားလာပေးပြီးရင်ကိုယ်လက်သန့်စင်ပြီးငါ့အဆောင်ကိုလာခဲ့ ဆွေးနွေးစရာရှိတယ်"
"မင်းကြီးအဆောင်က ဘယ်မှာပါလဲ"
"သူတို့လမ်းပြလိမ့်မယ်"
ဝမ်ချန်းပြောပြောပြီးချင်းလှည့်ထွက်သွားသည်
ဒီနေရာကသူ့ခြေလှမ်းတွေအမြန်ထွက်ခွာချင်ပါသည်ဆိုမှန်မည်
သူတစ်ယောက်ထဲမရင်းမနှီးဖြစ်နေတဲ့အခြေအနေကိုရင်ဆိုင်ဖို့ရာအင်အားလဲမရှိ
အတူတူပျိုးထောင်မယ်ဆိုတဲ့စကားကိုသူမစဉ်းစားပဲပြောခဲ့သည်
ဖြစ်သင့်ပါ့မလားလဲမသိသလို
ရှည်ရှည်ဝေးဝေးမတွေးတောခဲ့တာလဲပါမည်
သက်ပြင်းမောခပ်တိုးတိုးကိုချမိသည်
ဒီရှေ့ကတံတားကပြန်ရင်ကိုယ့်နန်းဆောင်ရောက်သွားမှာသိပေမဲ့ဒီနေ့တော့အဲ့ဒီ့ဘက်ကနေလဲမသွားချင်ပါ
ခြောက်နှစ်ကြာအောင်မပွင့်သေးတဲ့ကြာပန်းဖြူတွေပွင့်လာရတဲ့အကြောင်းအရင်းကိုရှောင်လွှဲချင်မိတာလဲပါမည်
ပထမဦးဆုံးသောနှစ်ခါစဉ်းစားယူရသည့်အကြောင်းအရင်းသည် သေချာပေါက်အွန်းဗြောလေးကြောင့်မဟုတ်တာသေချာသည်
ဘာများပါနည်း မျက်လုံးထဲမှာသားသမီးဇောနေတဲ့နီရဲနေတဲ့မျက်ထောင့်နီတွေနဲ့သူ့ကိုပြန်ကြည့်နေတဲ့အကြည့်ရဲရဲတွေစွဲထင်ကျန်ရစ်နေသေး၏
ခပ်ဝေးဝေးရောက်နေတဲ့နေရာကနေနောက်ပြန်လှည့်ကြည့်လိုက်သည်
မင်းသမီးလေးရဲ့နန်းဆောင်လေးဟာတိတ်ဆိတ်နေပေမဲ့ ဘာမှန်းမသိတဲ့လေထုတစ်ခုကအဲ့ဒီ့အနားရောက်တာနဲ့နွေးထွေးနေ၏
သူ့ရဲ့သွေးသားကိုရှာဖို့ခြောက်နှစ်လုံးလုံးခမည်းတော်မင်းကြီးဆီကအာဏာသိမ်းခဲ့တဲ့ဘုရင်
ဒါပေမဲ့လုံးဝလက်လျော့လိုက်တဲ့အခါသူ့ဆီကိုတည့်တည့်ရောက်လာတာကသူ့သမီးလေးအပြင်လူတစ်ယောက်ပါကံကြမ္မာအရသူ့ဆီကိုရောက်လာခဲ့သည်
ဒါကလဲသူ့သွေးသားရဲ့ဖခင်ဟုကြွေးကြော်ထားတဲ့ကလေးသာသာလေးတစ်ယောက်
"မင်းကတကယ်ဘာများလဲ"
ဒါဟာ ရေရှည်တွေ့ဆုံရမဲ့ဆက်ဆံရေးတစ်ခုပေလားမသိပေမဲ့
ကံကြမ္မာကကောင်းလေသလားဆိုးလေသလားမသိ
.........
"မင်းကြီး ကျွန်တော်ရှင်းပါ တစ်ခါထဲခေါ်လာခဲ့ပါတယ်"
"ဝင်လာ!"
အချိန်ကမွန်းတည့်
ဝမ်ချန်းလဲသူ့အဆောင်မှာပြင်ထားတဲ့တော်ဝင်စားပွဲအုပ်ကိုလက်နဲ့တောင်မထိနိုင်သေး
တစ်ချိန်လုံးခုံမှာထိုင်ပြီးကိုင်နေတဲ့ခေါင်းကိုသာလက်နဲ့ဖိထားရသည်
အတွေးတွေလဲစုံပြီမို့ခေါင်းကိုက်တာကတော့မဆန်း
သမီးအွန်းဗြောနဲ့လဲတစ်ခါလောက်တော့နီးနီးကပ်ကပ်နေချင်မိသည် ဒါပေမဲ့ဘယ်လိုမှမကပ်တာကဆိုး၏
တံခါးနှစ်ချက်ကကျွီကနဲပွင့်လာသည် အရင်ဆုံးဝင်လာတဲ့ကိုယ်ရံတော်ရှင်းကကိုယ့်ကိုဦးညွှတ်ပြီးအနားလာရပ်သည်
"ဟိုကောင်လေးရော"
"အဲ့ဒီ့ကောင်လေးပါလာ....."
ရှင်းကသူဝင်လာတဲ့နေရာကိုလက်ညိုးထိုးပြီးညွှန်ပြနေတုန်းခြေလှမ်းတစ်ခုနဲ့အတူအရင်ဆုံးကဝမ်ချန်းရှိရာကိုတည့်တည့်ဦးတည်လာတဲ့သူတစ်ဦး
ဆံနွယ်တွေကိုဦးခေါင်းထိပ်မှာဆံထုံးတစ်ခုနဲ့ထုံးချည်ထားပုံနှင့်အတူပိုးသားအင်္ကျီအပြာနုရောင်ဖြော့ဖြော့လေးနဲ့အိမ်တော်တစ်ခုကသခင်လေးအသွင်နဲ့ဝင်ရောက်လာတဲ့ကလေးအဖေသေးသေးလေး
ဝမ်ချန်းနဲ့ကိုယ်ရံတော်ရှင်းကကြောင်ပြီးကြည့်နေပြီးတော့မှသူတို့အချင်းချင်းပြန်ကြည့်မိ၏
ဝမ်ချန်းကကိုယ်ရံတော်ရှင်းကိုမြင်တဲ့အခါရှင်းကိုပါးစပ်ကြီးဟနေတဲ့ပုံစံအတိုင်းမြင်လိုက်ရတာမို့ဘာမှန်းမသိမျက်မှောင်ကျုံ့မိ၏
ရှင်း ကလဲလာဆိုလို့လာထဲကအနောက်ကိုပြန်လှည့်မကြည့်သူမို့ဆွန်းမင်ရဲ့ပုံစံဘယ်လိုဖြစ်နေလဲမသိတာကြောင့်သူလဲပါးစပ်အဟောင်းသားဖြစ်နေတာပင်
သာမန်အရပ်ထဲကကလေးကကလေးကိုချီထားတဲ့ပုံစံနဲ့နန်းတွင်းထဲဝင်လာရာကနေအခုတော့သခင်လေးပုံစံတောင်မဟုတ်ပဲမင်းသားငယ်လေးတစ်ပါးနဲ့တောင်တူနေသည်
နုဖက်နေတဲ့အသားအရည်နဲ့ဆင်ပေးထားတဲ့အပြာနုရောင်ဝတ်ရုံကအရမ်းကိုကြည့်ကောင်းလွန်းနေ၏
ရှင်းကဆွန်းမင်ရဲ့ပုံစံကိုမြင်မြင်ပြီးချင်းဝမ်ချန်းကိုပြောသည်
"မင်းကြီး မင်းကြီးသပ်သပ်ခေါ်လာတာမဟုတ်ဘူးလား"
"ရှင်း မင်းပါးစပ်ပိတ်ထားပြီးငါ့အဆောင်ထဲကထွက်သွားလိုက်!လုပ်ရမဲ့အစီအစဉ်အတိုင်းလုပ်"
ရှင်းလဲဘာမှပြောမနေတော့ဆက်ပြောလဲသူတို့ကိစ္စကိုယ့်ကိစ္စပဲဖြစ်မှာမို့ဦးညွှတ်ပြီးသာထွက်သွားလိုက်သည်
မနေ့ကလဲကိုယ်ကသာဓားကြီးတကားကားနဲ့မို့ဟိုကလေးကကိုယ့်ကိုမျက်စောင်းတခဲခဲ
လောလောဆယ်ထွက်သွားတာပဲကောင်းပါသည်
ခဏနေရင်ပေးထားတဲ့တာဝန်လဲရှိသေး၏
"မင်း..အဲ့ဒီ့နားမှာခေါင်းငုံပြီးရပ်မနေပဲဒီနားလာ"
ဆွန်းမင်ရောက်ေရာက်ချင်းမှာတင်ဘာလုပ်လို့လုပ်ရမှန်းမသိ
မနက်ပိုင်းကသာသူပြောချင်ရာတွေပြောခဲ့ပေမဲ့ဘုရင်တစ်ပါးဆိုတဲ့အရှိန်အဝါကိုလဲကြောက်ရသည်
"ထမင်းစားပြီးပြီလား"
ဆွန်းမင်းခေါင်းခါသည် ဒါပေမဲ့ရပ်နေရပ်အတိုင်းလေး
"ခေါင်းကိုမော့ထားပြီးဒီကိုလာ ငါမင်းနဲ့စကားပြောချင်လို့ခေါ်လိုက်တာ"
ဒီကိုလာဆိုပြီးဝမ်ချန်းထသွားတဲ့နေရာသည် တော်ဝင်စားပွဲရှိရာကို
ဆွန်းမင်လဲသူ့ကိုတစ်ခါမကပြောလာတဲ့အခါဝမ်ချန်းရှိနေရာကိုသွားလိုက်ပြီးထိုင်ဆိုတော့လဲထိုင်လိုက်ပါသည်
ဝမ်ချန်းကသူ့ရှေ့ကထမင်းပန်းကန်လုံးလေးနဲ့တူကိုဆွန်းမင်ရှေ့ကိုတိုးပေးသည်
"စား"
ဆွန်းမင်လက်ထဲကိုတူပါထိုးထည့်ပေးလာသည်
ဆွန်းမင်ခေါင်းငုံ့ထားရာကနေမျက်လုံးလေးလှန်ကြည့်သည်
"ငါစားချင်စိတ်မရှိဘူး ဒီအတိုင်းစား"
ဆွန်းမင်တူကိုကိုင်ထားရင်းနဲ့မှဝမ်ချန်းကိုလဲကြည့်သေးသည် စားပွဲပေါ်ကဟင်းပါဲတွေကိုလဲကြည့်ရသေးသည် အများကြီးမှအများကြီးမှစားပွဲဝိုင်းအပြည့်ဖြစ်သည်
အခုသူ့ကိုဘုရင်တွေစားတဲ့ပွဲတော်အုပ်ကိုတည်ခင်းခိုင်းနေတာပဲ
"ဟို..အွန်းဗြောကိုခေါ်လို့ရမလား"
"ကိုယ်ရံတော်ရှင်းသွားခေါ်နေတယ်"
အွန်းဗြောကိုတော့သတိရရှာသည်
ဝမ်ချန်းဆွန်းမင်ကိုလက်ပိုက်ပြီးထိုင်ကြည့်နေ၏ အခုထဲလဲဘာကိုမှမထိရသေး
"အွန်းဗြောက ကြက်ပေါင်ကြိုက်ပါတယ်
အသားကိုအနည်းဆုံးနှစ်ပတ်တစ်ခါလောက်အဝစားတယ်"
ကြည့်ရင်းကြည့်ရင်းတည်ငြိမ်စွာပြောနေတဲ့သူရဲ့မျက်ဝန်းလေးတွေအရည်လဲ့လာတာကိုမြင်ရသည်
အဲ့ဒီ့အထိဝမ်ချန်းငြိမ်ပြီးနားထောင်နေတုန်း
"ကျွန်တော်မျိုးဆီကလုယူသွားတာကိုခံပြင်းပေမဲ့
ဒီလိုမျိုးကောင်းကောင်းနေရမှာဆိုတော့..."
ဝမ်ချန်းစားပွဲပေါ်မှာလက်ကိုတတောက်တောက်ခေါက်နေ၏
ဆွန်းမင်ရဲ့ပြောစကားကမရပ်သွားသေး
"တော်သေးတယ်လို့တွေးမိတယ် တကယ်တမ်းပြောရရင်ကြောက်နေခဲ့တာ ကလေးကိုပျိုးထောင်ဖို့"
ဝမ်ချန်းကလက်ခံတဲ့ဘဘောနဲ့ခေါင်းကိုအကြိမ်ကြိမ်ငြိမ့်သည်
"အဲ့ဒီ့တော့ငါနဲ့အတူပျိုးထောင်မလား"
"ဘာကိုဆိုလိုတာလဲမသိ"
ဆွန်းမင်လက်ထဲကတူတစ်စုံကိုစားပွဲပေါ်အသာချလိုက်သည်
အတူတူပျိုးထောင်ဖို့ဆိုတဲ့စကားက
ဝမ်ချန်းကဆွန်းမင်ရဲ့ဝေခွဲမရတဲ့မျက်နှာကိုအရိပ်အကဲဖတ်တတ်တာမို့လို့သူတစ်ခုခုကိုအတည်ဆကျပြောရန်ဆုံးဖြတ်လိုက်တော့သည်
"ငါနဲ့လက်ဆက်"
"ခင်ဗျာ!"
"ရွေးချယ်ခွင့်ပေးမယ်
မင်းအွန်းဗြောနဲ့မှမခွဲနိုင်ပါဘူးဆိုရင် ငါနဲ့လက်ဆက်မလား အငယ်တန်းသမားတော်လုပ်ပြီးနန်းတွင်းထဲနေမလား
စဉ်းစားစရာတစ်ခုပဲရှိတယ်ငါ့ကိုပဲလုပ်ကျွေးပြုစုမလား နန်းတော်တစ်ခုလုံးအတွက်မင်းအလုပ်လုပ်မလား"
".....!"
ဆွန်းမင်ထိုင်နေရာကနေဆက်ကနဲမတ်တပ်ထရပ်မိသည်
ဒီစကားကိုကြားလိုက်ပြီးပြီးချင်းသူလဲခြေတုန်ချတုန်ဖြစ်သွားတယ်ဆိုတာကတော့အမှန်
"မင်းပဲ ငါ့မိဖုရားဆို"
ဘ..ဘယ်လိုဖြစ်တယ်
"ဖေဖေး!! ဖေဖေ့ကိုဘယ်သူဖမ်းထားတာလဲ"
အံ့ဩတကြီးဖြစ်နေတုန်းမှာတင်အသံအကျယ်ကြီးထွက်လာတာနဲ့အတူမနက်ကဆွန်းမင်တွေ့ခဲ့တဲ့အတိုင်းဂါဝန်လုံးလုံးလေးနဲ့အွန်းဗြောကမျက်နှာလေးကိုမဲ့ပြီးဆွန်းမင်ဆီကိုတန်းအောင်ပြေးလာသည်
"ဘယ်သူကဖေဖေ့ကိုဖမ်းထားတာတုန်း ဖေဖေ သမီးရိုက်ပစ်မယ်"
အွန်းဗြောကဆွန်းမင်ကိုယ်ပေါ်တက်ပြီးရှိရှိသမျှကိုရန်မူတော့၏
သူ့ကိုဝတ်ရုံအနီကြီးနဲ့ဦးလေးကြီးကလာပြောသွားတာသူ့ဖေဖေကိုလူကြီးတစ်ယောက်ကဖမ်းထားပါတယ်လေ
"ငါကနင့်အဖေကိုဖမ်းထားတာပဲ ဘာဖြစ်ချင်လဲ"
ဒီကြားထဲမင်းကြီးကထပြောတော့ဆွန်းမင်မှာတအံ့တဩ
"သခင်ကြီးကမကောင်းတဲ့သူပဲ"
အွန်းဗြောကလဲသူ့ဖမည်းအော်ကိုပြန်ေအာ်သည် ဒါကမဖြစ်သင့်
"အ..အွန်းဗြော"
"သခင်ကြီးမဟုတ် ခမည်းတော် ခေါ်ကြည့်စမ်းခမည်းတော်"
ဆွန်းမင်ကတော့တကယ့်သွေးသားရင်းဖြစ်တဲ့သားအဖနှစ်ယောက်ကြားထဲဘာလုပ်ရမှန်းမသိ
ဒါသည် မင်းကြီးကသူ့သမီးတော်ကိုသူ့ဆီလာစေချင်လို့လုပ်တယ်မှန်းတော့သိပေမဲ့သူ့ကိုဖမ်းထားတယ်ဆိုတာကြီးကတော့
"မင်းကြီး အခုကလေးကိုကျွန်တော့်ကိုဖမ်းထားတယ်လို့ပြောထားတာလား"
"ဟုတ်တယ် အွန်းဗြော မင်းရဲ့ဖေဖေကို ဖမ်းထားလိုက်ပြီမို့လို့ ငါ့ကိုခမည်းတော်လို့ခေါ်ရင်လွှတ်ပေးမယ်"
အခုကလေးကိုအနိုင်ကျင့်နေတာများလား ဒီဘုရင်
အွန်းဗြောကလဲအလျော့မပေး မြို့နဲ့ဝေးရာမှာနေလာတဲ့ကလေးဆိုတော့ဘုရင်တွေဘာတွေမသိ
သူ့အဖေဆွန်းမင်ကိုထိရင်အဲ့ဒီ့သူဟာလူဆိုးဆိုတာချည်း
"သခင်ကြီးကလူဆိုးပဲ"
"ဒီကောင်မလေးအဖေကိုငါ့နန်းဆောင်ထဲမှာဖမ်းထားမှရတော့မယ်"
ဂီးးး!!
နှစ်ယောက်ကအကြောတူတာလားတော့မသိ
အွန်းဗြောကစိတ်တွေတိုပြီးလေပေါ်တောင်ပျံချင်နေပြီတစ်သည် မာန်ဖီသံသေးသေးလေးတွေကလဲတကယ့်ကျားပေါက်လေးတစ်ကောင်လို
တကယ်လဲအံ့ဩပါသည်
ဒီလိုကံကြမ္မာကတစ်ဖန်ပြန်ပြီးအလှည့်အပြောင်းကြောင့်တွေ့ဆုံရတာတောင်သားအဖအရင်းနှစ်ယောက်ကတွေ့တွေ့ချင်းရန်ဖြစ်ကျသည်
"ခဏ!"
ကျက်ကျက်ညံအောင်ဆူနေကျတဲ့စကားရည်လုပြိုင်ပွဲ
ဆွန်းမင်စားပွဲခုံကိုလက်နဲ့ရိုက်ပြီးခပ်ကျယ်ကျယ်အော်လိုက်တဲ့အခါနှစ်ယောက်စလုံးတိတ်ကျသွားသည်
"အရင်ဆုံးထမင်းစားကျတာပေါ့"
အဲ့ဒီ့တော့မှအွန်းဗြောကလဲဆွန်းမင်ပေါင်ပေါ်မှာငြိမ်ပြီးတက်ထိုင်သွားသလိုခမည်းတော်လို့အခေါ်မခံရတဲ့ဝမ်ချန်းကလဲနှုတ်ဆိတ်သွားသည်
"အွန်းဗြော အာ~.."
ဆွန်းမင်ကအွန်းဗြောကိုအစားတစ်လုတ်ချင်းခွံ့နေသည်
ဒါကိုဝမ်ချန်းကသိပ်တော့မနာလိုပါ
ထိုင်ကြည့်နေရတာလဲမကြည့်ချင်တော့
နေရာကထပြီးကိုယ့်စားပွဲမှာကိုယ်ဝင်ထိုင်လိုက်သည်
"အေးပါ မင်းတို့ပဲသားအဖ"
ကြားပုံတောင်မပေါ် လူလဲဘာလုပ်ရမှန်းမသိ
ဒီမှာအရူးလုံးလုံးကိုဖြစ်လို့နေပြီ
အဲ့ဒီ့နေ့ သူ့အဆောင်မှာနေ့လည်စာစားပြီးပြန်သွားတဲ့သူနှစ်ယောက်ထဲကအကောင်ကြီးကြီးတစ်ယောက်ကိုဝမ်ချန်းမှာလိုက်သေးသည်
"အွန်းဗြောကိုငါ့ကိုခမည်းတော်လို့ခေါ်ဖို့တော့သင်ပေးလိုက်"
............
"ကျစ်! အိပ်မပျော်ဘူးကွာ"
ညရောက်တော့ဝမ်ချန်းတစ်ယောက်အိပ်ရာပေါ်မှာလူးလှိမ့်နေလေပြီ အိပ်မပျော်တာလဲတော်တော်ကိုကြာပါပြီ
မနက်ကျရင်ညီလာခံရှိသည် မင်းသမီးလေးအတွက်စီစဉ်ရမှာတွေသူတစ်ခုမှမလုပ်နိုင်သေး
ဘယ်လိုမှကိုဆက်ပြီးအိပ်လို့မရတဲ့အဆုံးအပေါ်ထပ်ဝတ်ရုံကိုသာခြုံပြီးမင်းသမီးအဆောင်ဘက်ကိုရောက်သွားတော့၏
"မင်းကြီး"
"ရှူး"
သူရောက်လာတာမို့ပြာသွားတဲ့အစောင့်တွေကိုတိတ်တိတ်နေရန်သာပြောပြီးဟထားနေကျပြတင်းပေါက်လေးအနားကနေသွားချောင်းကြည့်သည်
ဖယောင်းတိုင်မီးသဲ့သဲ့ကြားထဲကအရိပ်လေးနှစ်ခု
ပူးကပ်ပြီးအိပ်နေတာမြင်ရတာနဲ့တောင်သူ့အလိုလိုပြုံးမိသည်
သူ့မှာအွန်းဗြောနဲ့နီးကပ်ဖို့အခွင့်အရေးနည်းနည်းလောက်ဖြစ်ဖြစ်ရှိရင်ကောင်းမည်
ထပ်ပြီးတော့လူဆိုးကြီး မဖြစ်ချင်တာတော့အမှန်တရားလဲဖြစ်ပါ၏