𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕�...

By JeonTae__Gic

14.2K 1K 49

Kim Taehyung ဆိုတဲ့ဂနာမငြိမ်စွာတေးလန်တစ်ယောက် မိဘတွေရဲ့သဘောတူညီမှုတစ်ခုကြောင့် သူတစ်ခါမှမမြင်ဘူးတဲ့ လူတစ်ယောက... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{18}
{19}
{20}
{21}
{22}
{23}
{24}
Final

{17}

424 34 0
By JeonTae__Gic

" သားတော်လေး.. ထမင်းစားလို့ကောင်းပါရဲ့လား.. "

သစ်သားဇွန်းလေးကိုကိုင်ကာ တစ်လှုပ်လှုပ်ဖြင့်စားနေသော သားတော်ဂျောင်ကုလေးအား ကြည့်ကာ သူမပြုံးမိသည်။

" ကောင်းတယ်မယ်တော်.. မယ်တော်ရော မစားသေးဘူးလား "

" မယ်တော်က မဆာသေးဘူး သားတော်ရဲ့.. သားတော်သာ အရင်စားနှင့်နော် "

" ဟုတ် "

အသက်အရွယ်နှင့်မလိုက်အောင် လိမ္မာပါးနပ်လွန်းလှသည့် သားတော်လေးအား သူမကြည့်ကာ အချစ်ပိုရလေသည်။ သားတော်လေးက အိမ်ရှေ့စံ ဆိုသည့် ဂုဏ်ပုဒ်နှင့် ပြည့်စုံသည်ထပ် ပိုပါသေးသည်။

ထိုအချိန် အထိန်းတော်၏ ' မင်းကြီး စောင့်နေပါတယ် ' ဆိုသည့် စကားကြောင့် သူမ သားတော်လေးကို သေချာပြောပြီး ထားခဲ့ကာ နန်းတွင်းမီးဖိုဆောင်ရှိရာ ဘက်သို့ထွက်လာခဲ့ လိုက်သည်။

နန်းတွင်းမီးဖိုဆောင်သို့ ရောက်သော် အပြောနှင့်ခြားနားစွာ တွေ့လိုက်ရသည့် ဘီဆန်မယ်မယ် ခေါ် မင်းကြီး၏ ဒုတိယမြောက် မိဘုရား။

ဘီဆန်မယ်မယ်သည် မိဘုရားခေါင်းကြီးကိုမြင်သည်နှင့် အပြုံးတစ်ခုအား ချိတ်ဆွဲလိုက်သည်။

" မိဘုရားခေါင်းကြီး ရောက်လာပြီပဲ.. မင်းကြီးက ခုနကမှ ကိစ္စတစ်ခုကြောင့် အဆောင်ဘက်ကို ပြန်သွားခဲ့ပြီ.. "

ဘီဆန်မယ်မယ်၏ အပြောကြောင့် မိဘုရားခေါင်းကြီးမှာ ခေါင်းအသာညိမ့်လိုက်ပြီး ထွက်သွားရန်ပြင်သည်။

" ဒါဆိုလည်း သွားခွင့်ပြုပါအုန်း.. "

" ခဏလေးပါ မိဘုရားခေါင်းကြီး.. မင်းကြီးက ကျွန်တော်မျိုးမကိုပြောခိုင်း လိုက်ပါတယ်.. မင်းကြီးက မိဘုရားခေါင်းကြီးကိုယ်တိုင် ဖျော်ပေးတဲ့ ပန်းလက်ဖက်ရည် သုံးဆောင် ချင်လို့ပါတဲ့ "

" ကောင်းပါပြီ.. လုပ်ပေးလိုက်ပါ့မယ် "

မိဘုရားခေါင်းကြီးလည်း စကားရှည်တွေပြောမနေတော့ပဲ မီးဖိုဆောင်ထဲ၀င်ကာ မင်းကြီးကို သူမကိုယ်တိုင် ဖျော်ပေးနေကြ ပန်းလက်ဖက်ရည်အား ဖျော်ပေးရန် ပြင်လေသည်။
ဘီဆန်မယ်မယ်မှာလည်း ကိုယ့်နေရာကိုယ် မပြန်သေးပဲ မိဘုရားခေါင်းကြီး နားတွင် ရစ်သီရစ်သီ လုပ်နေ၏။

ဒါကို သတိထားမိတဲ့ မိဘုရားခေါင်းကြီးကလည်း လက်ဖက်ရည်ဖျော်နေရင်းပင် ဘီဆန်မယ်မယ်အား လှမ်းမေးလိုက်သည်။

" ဘီဆန်မယ်မယ်လည်း သွားချင် သွားလို့ရပါတယ်.. "

" ဟင့်အင်း.. ကျွန်တော်မျိုးမက မိဘုရားခေါင်းကြီး ပန်းလက်ဖက်ရည်ဖျော်တာကို လေ့လာမလို့ပါ.. ကျွန်တော်မျိုးမ ကိုယ်တိုင် မင်းကြီးကို ဖျော်တိုက်ပေးချင်လို့ "

မိဘုရားခေါင်းကြီးလည်း ရိုးရိုးသာမန်စိတ်ဖြင့်သာ တွေးလိုက်ပြီး ဘာမှပြန်မပြောတော့။

ခဏအကြာ ပန်းလက်ဖက်ရည်အား ဖျော်ပြီး မင်းကြီးဆီသွားပို့ရန် ပြင်လိုက်ချိန် ဘီဆန်မယ်မယ်မှ...

" မိဘုရားခေါင်းကြီး ကျွန်တော်မျိုးမ သွားပို့လိုက်ပါမယ်.. "

" ရပါတယ်.. ကိုယ်တိုင်သွားပို့လိုက်ပါမယ် "

" အော.. မိဘုရားခေါင်းကြီး အိမ်ရှေ့စံမင်းသားလေးကို တစ်ယောက်တည်းထားခဲ့တာပဲ ကျွန်တော်မျိုးမပဲ ပို့ပေးလိုက်ပါ့မယ် အိမ်ရှေ့စံတစ်ခုခု ဖြစ်မှဖြင့်... "

ဘီဆန်မယ်မယ်၏ အပြောကြောင့် မိဘုရားခေါင်းကြီး သူ၏သားတော်လေးအား စိတ်ပူသွားသည်။ သားတော်လေးအား အထိန်းတော်များဖြင့် ထားခဲ့ပါသော်လည်း စိတ်ပူမိပြန်သည်။

" ဒါဆို မင်းကြီးဆီကို ဘီဆန်မယ်မယ်ပဲ သွားပို့ပေးလိုက်ပါ.. "

" ဟုတ်ပါပြီ မိဘုရားခေါင်းကြီး "

မိဘုရားခေါင်းကြီးလည်း နန်းတွင်းမီးဖိုဆောင်ထဲကနေ ထွက်သွားလေတော့သည်။

ကျန်ခဲ့သော ဘီဆန်မယ်မယ်သည် အရင်နှင့်မတူတော့ပဲ ကြောက်မက်ဖွယ်အပြုံးတစ်ခုအား ဖန်ဆင်းထားသည်။ အိတ်ကပ်ထဲတွင်အသင့်ပါလာသော အိတ်လေးထဲမှ အမှုန့်များအား လက်ဖက်ရည်ခွက်ထဲသို့ လောင်းထည့်လိုက်ကာ သေချာပြင်ဆင်ပြီး မင်းကြီးအဆောင်တော်သို့ ဦးတည်သွားလေသည်။

" ငါ့ဆီကနေ မိဘုရားခေါင်းကြီးနေရာကို လုယူသွားခဲ့တဲ့ နင့်ကို ငါမုန်းတယ်.. ဒါကြောင့် ငါနင်ဘ၀ကိုရော အိမ်ရှေ့စံရဲ့ဘ၀ကိုရော ဘယ်လို ဖျက်စီးပြမလဲဆိုတာ စောင့်ကြည့်နေလိုက်!!.. "

~~~~~~~~~~~~~~~~~~~~~~~

" သားတော်လေး... အရမ်းမပြေးနဲ့ "

" ဟုတ်ကဲ့မယ်တော် "

သားတော်လေးက ကြာပန်းဥယျာဥ်ထဲတွင်ပြေးလွှား ဆော့ကစားနေသည်ကို မိဘုရားခေါင်းကြီးက အ၀ေးမှ ထိုင်ကြည့်နေလေသည်။ ထိုမြင်ကွင်းမှာ မှတ်တမ်းတင်ဖို့ ကောင်းလောက်အောင် လှပပါပေသည်။

ထိုအချိန် အ၀ေးတစ်နေရာမှ အခြွေရံတစ်ယောက်က ပြေးလာကာ သတင်းတစ်ခုအား လာပြောပြသည်။

" မိဘုရားခေါင်းကြီး မင်းကြီးအသဲအသန်ဖြစ်နေလို့ပါ!!! "

" ဟမ်!!! "

မိဘုရားခေါင်းကြီးလည်း မင်းကြီးအား စိုးရိမ်ပူပမ်သွားကာ သားတော်ဖြစ်သူအား ထားခဲ့ကာ မင်းကြီးအိပ်ဆောင်သို့ အမြန်သွားမိသည်။

အိပ်ဆောင်အပြင်တွင် တစ်ခုခုအားစောင့်ဆိုင်းနေကြပါသော အခြွေရံများ ၊ အမတ်များ နှင့် ဘီဆန်မယ်မယ်။

" ဘီဆန်မယ်မယ်!! မင်းကြီးဘာဖြစ်တာလဲ!! "

" မ..မသိပါဘူး မိဘုရားခေါင်းကြီး.. သမားတော်ထွက်လာမှ သိရမှာပါ "

ဘီဆန်မယ်မယ်ရဲ့မျက်လုံးတွင် မျက်ရည်စများဖြင့် အသံတွေမှာလည်း တုန်ရီနေသည်။
ခဏအကြာ အိပ်ဆောင်ထဲမှ တော်၀င်သမားတော် ထွက်လာခဲ့သည်။ သမားတော်၏မျက်နှာမှာလည်း လုံး၀ကိုပျက်ယွင်းနေလေသည်။

" သမားတော်!! မင်းကြီးဘာဖြစ်တာလဲ!! "

" မင်းကြီးဆုံးသွားပါပြီ "

သမားတော်၏ စကားကြောင့် ထိုနေရာတွင်ရှိသော သူများအားလုံး၏ မျက်နှာမှာ အံသြမှုတွေ အတိုင်းသားဖြစ်လာတော့သည်။

မိဘုရားခေါင်းကြီးမှာ သူ့နားသူတောင်မယုံနိုင်တော့ ။ မျက်ရည်များသာ ဇာတ်တိုက်ကျလာသည်။

ဘီဆန်မယ်မယ်မှာ သမားတော်စကားကြောင့် တစ်အံတစ်သြဖြစ်ကာ ရှိုက်ကြီးတစ်ငင်ငိုလေတော့သည်။ သို့သော် သူမ၏ အတွင်းစိတ် တစ်ဖက်ခြမ်းမှာတော့ ပျော်နေသည်မှာ အမှန်ပင်။

ငိုနေသော ဘီဆန်မယ်မယ်မှာ ချက်ချင်းဆိုသလို မိဘုရားခေါင်းကြီးအား နာကျည်းသော မျက်လုံးများဖြင့်ကြည့်ပြီး...

" မင်းကြီးသေရတာ မိဘုရားခေါင်းကြီးကြောင့်!!! သူ့ကိုသေဒဏ်ပေးစေ..!! "

ဘီဆန်မယ်မယ်ရဲ့စကားကြောင့် မိဘုရားခေါင်းကြီးမှာ မျက်ရည်များဖြင့် နားမလည်သလို ကြည့်လာ၏။

" မင်းစကားကိုပြန်ရုတ်သိမ်းပါ ဘီဆန်မယ်မယ်!!! "

" မိဘုရားခေါင်းကြီး ကြံစည်ခဲ့တာ ကျွန်တော်မျိုးမ အကုန်မြင်တယ်!! မင်းကြီးသောက်မယ့် လက်ဖက်ရည်ခွက်ထဲကို ရှင်အဆိတ်ခတ် ခဲ့တာကိုလေ!! "

ဘီဆန်မယ်မယ်ရဲ့စကားကြောင့် အနားတွင်ရှိသော အမတ်များနှင့် ၊ နန်းတွင်းသူ နန်းတွင်းသား အားလုံး အံသြကုန်ကြပြန်သည်။

" ဘီဆန်မယ်မယ်!! မင်းမဟုတ်တာတွေ မပြောနဲ့!!! "

" ကျွန်တော်မျိုးမ မလိမ်ပါဘူး!! မိဘုရားခေါင်းကြီး လုပ်ကြံခဲ့တာကို ဒီလူတွေထဲမှာ မြင်တဲ့သူ ရှိလား "

" ကျွန်တော်မြင်ခဲ့ပါတယ် မယ်မယ်!! "

ထိုလူတွေထဲမှ အသတ်အလတ်ပိုင်း လူတစ်ယောက် ထွက်လာခဲ့သည်။ ထိုလူမှာ နန်းတွင်း စားတော်ကဲ ဖြစ်သည်။

" ကျွန်တော် မိဘုရားခေါင်းကြီး လက်ဖက်ရည်ခွက်ထဲ တစ်ခုခုထည့်နေတာကို တွေ့လိုက်ပါတယ်.. "

" တော်တော်ယုတ်မာလှပါပေတယ်... ဒီမှာရှိတဲ့လူတွေ မိဘုရားခေါင်းကြီး အဆိပ်ခတ်တယ်ဆိုတာ ယုံကြပြီလား.. "

အမတ်များရဲ့တီးတိုးပြောသံများကြားတွင် မိဘုရားခေါင်းကြီးတဲ့ ' မဟုတ်ရပါဘူး ' ဆိုသောစကားမှာ ပျောက်ကွယ်သွားခဲ့သည်။ လူအများရဲ့ ရွံရှာနေသော အကြည့်တို့မှာလည်း မိဘုရားခေါင်းကြီးထံတွင်။

" မိဘုရားခေါင်းကြီးကို သေဒဏ်ပေးသင့်ပါတယ်..!! "

အမတ်တစ်ယောက်ရဲ့စကားသံအား ထောက်ခံကြပါသောလူအများအစု။ မိဘုရားခေါင်းကြီးမှ ငြင်းနေပါသော်လည်း အကျိုးမ၀င်ပေ။
ထိုမြင်ကွင်းအား ဘီဆန်မယ်မယ်မှကျေနပ်သလိုကြည့်ကာ သူမ၏ပုံစံအမှန်အား ဖုံးကွယ်လိုက်သည်။

" ကိုယ်ရံတော်တွေ!! မိဘုရားခေါင်းကြီးကို အပြစ်ပေးဆောင်သို့ ခေါ်သွားကြစမ်း!! "

" ဟုတ်ကဲ့ပါဘီဆန်မယ်မယ် "

မိဘုရားခေါင်းကြီးမှအတင်းရုန်းကာ အော်ငြင်းသော်လည်း ကိုယ်ရံတော်များမှာ မလွှတ်ပေးကြ။

ထို့နောက်မိဘုရားခေါင်းကြီးအား မှောင်မဲနေသောအပြစ်ပေးဆောင်ဆိုသည့် နေရာသို့ခေါ်လာကာ သူမ၏လက်အား သံကြိုးများဖြင့်တုပ်လေသည်။

" လွှတ်ကြစမ်း!! ငါကိုယ်တော်မိဘုရားခေါင်းကြီးရဲ့အမိန့်ပဲ!! "

မိဘုရားခေါင်းကြီး ဘယ်လိုပဲပြောပြော မရပေ..။ သူမ အခုအချိန်မှာ အာဏာမရှိတဲ့ မိဘုရားတစ်ယောက်ဖြစ်နေခဲ့ပြီ.... သူမ မလုပ်ခဲ့တဲ့ကိစ္စတစ်ခုအတွက်နဲ့လေ..။ သူမရင်နာစွာ မျက်ရည်များကျနေမိသည်။

အနောက်မှ တစ်ယောက်ယောက်တွန်းလိုက်တာကြောင့် မိဘုရားခေါင်းကြီးမှာ ကြမ်းပြင်၌ ဒူးထောက် ထိုင်ချမိသွားသည်။

သူမ၏ဘေး၌ ဓားရှည်ကိုင်ထားပါသော သားသတ်သမား တစ်ဦး မတ်တပ်ရပ်နေလေသည်။

" ကဲ...မိဘုရားခေါင်းကြီး စိတ်မကောင်းစွာနဲ့ပဲပြောရတော့မယ်.. အဆင်သင့်ဖြစ်တော်မူပြီလား "

မိဘုရားခေါင်းကြီး၏ အရှေ့ဘက် ခပ်လှမ်းလှမ်းတွင် ရှိနေပါသော ဘီဆန်မယ်မယ်။ သူမ၏ မျက်နှာတွင်လည်း အပြုံးများ၀ေဆာနေလျက်။

" မယ်တော်!!!.. မယ်တော်...!! "

လူအုပ်များကြားထဲမှ အသံလေးတစ်ခုကြောင့် မိဘုရားခေါင်းကြီးရင်ထဲ ဗြောင်းဆန်သွားရသည်။

" မယ်တော်!!.. မယ်တော်ကိုလွှတ်ပေးကြပါ ဟင့်!! သားတောင်းပန်ပါတယ် "

" သားတော်လေး..!! "

မိခင်ရှိရာပြေးလာကာ လာဖက်သော သားတော်လေးကြောင့် မျက်ရည်များမထိန်းနိုင်စွာ ရှိက်ကြီးတစ်ငင်ငိုမိသည်။

" မယ်တော်ကိုဘာလို့ ကြိုးတွေနဲ့တုပ်ထားကြတာလဲဟင်.. မယ်တော်!! "

" သားတော်လေး!! မယ်တော်..မယ်တော် အ၀ေးကြီးကိုသွားရတော့မယ်...သားတော်လေး မယ်တော်မရှိတော့လည်း ကောင်းကောင်းမွန်မွန်ကြီးပျင်းလာရမယ်နော်.. "

" ဘာလို့လဲမယ်တော်..ဟင့် မယ်တော်မရှိရင် သားမနေနိုင်ဘူး..ဟင့်အင့် "

ငယ်ရွယ်လွန်းတဲ့သားတော်လေးနှင့် ခွဲရတော့မည်ဆိုသော အသိမှာ သူမရင်ကိုဓားနဲ့အစိမ်းလိုက် ခွဲလိုက်သလိုပင်။

" အထိန်းတော်..အိမ်ရှေ့စံကိုခေါ်သွားလိုက်ပါ!! "

ဘီဆန်မယ်မယ်ရဲ့အမိန့်ပေးသံကြောင့် အထိန်းတော်များမှာ အိမ်ရှေ့စံအား ၀ိုင်းဆွဲကာ ထိုနေရာမှခေါ်ထုတ်သွားဖို့ပြင်ကြသည်။

" သားကိုလွှတ်ကြ!!!... မယ်တော်..ဟင့်!! "

ငြင်းဆန်နေသော အိမ်ရှေ့စံအား ထိန်းကာ ခေါ်လာကြသည်။

" သတ်စေ!!! "

ဘီဆန်မယ်မယ်၏ အသံနက်ကြီးနှင့်အတူ မိခင်၏အော်သံပါကြားလိုက်ရသည့်အတွက် လှည့်ကြည့်မိလိုက်ရာ...

" မယ်တော်!!!!! "

ရင်နှင့်ဖွယ်ရာ မြင်ကွင်းကြီးနှင့်အတူ လူအများကြား ထိုနေရာမှာပင် လှဲကျသွားပါသော ကလေးလေးတစ်ယောက်။

~~~~~~~~~~~~~~~~~~~~~~~

' ငါ့သားတော်လေး နန်းတက်ပွဲကိုတောင် မမြင်နိုင်တော့ဘူး ထင်ပါတယ် '

* အားး!! *

၀မ်းနည်းဖွယ်ရာ မြင်ကွင်းကြီးနှင့်အတူ ကျွန်တော်နိုးထလာခဲ့သည်။ ကျွန်တော့်တစ်ကိုယ်လုံး ချွေးတွေရွှဲစိုနေကာ မျက်လုံးထဲတွင်လည်း ထိုဖြစ်ရပ်ကြီးအားပြန်မြင်ယောင်နေသည်။

" ဒါ..ဒါဆိုအိမ်ရှေ့စံ..ဂျောင်ကု..နောက်ပြီးဘီဆန်မယ်..? "

နောက်ဆုံးတော့ ကျွန်တော့်ဆုတောင်းကြောင့် ဖြစ်ရပ်တွေအားလုံးကို သိခဲ့ရပြီ။

အခု ကျွန်တော် ကျွန်တော့်အိပ်ယာပေါ်ရောက်နေခဲ့တာ..။ အတွေးတောင်မဆုံးသေး အခန်းထဲ၀င်လာပါသော အထိန်းတော်မီ။

" သခင်လေး ပြင်ဆင်ဖို့အချိန်ကြပါပြီ.. "

" ဘာကိုပြင်ဆင်ရမှာလည်း အထိန်းတော်မီ.. "

" သခင်လေးမေ့နေတာလား..ဒီနေ့သခင်လေးရဲ့ ထိန်းမြှားလက်ထပ်ပွဲနေ့လေ.. "

အထိန်းတော်စကားကြောင့် ကျွန်တော်ရင်တောင်ခုန်သွားသည်။

တကယ်ပဲမေ့နေခဲ့တာပဲ.. ဒီနေ့က ကျွန်တော်နဲ့မင်းကြီး လက်ထပ်ရမယ့်နေ့ပဲကို..

________________________

အပ်ဒိတ်ကြာသွားခဲ့ရင် မီယားနဲပါ❤
ဒီအပိုင်းပေါ့သွားတယ်ထင်တယ်🥢
ဒါနဲ့ အိုင်နိ့ကောမန့်😭✨

---------------------
𝑻𝒉𝒂𝒏𝒌 𝒚𝒐𝒖 𝒔𝒐 𝒎𝒖𝒄𝒉 𝒂𝒍𝒍
---------------------
✍︎  ကင်မ်ဘယ်ရီ🍒
---------------------


Zawgi


" သားေတာ္ေလး.. ထမင္းစားလို႔ေကာင္းပါရဲ့လား.. "

သစ္သားဇြန္းေလးကိုကိုင္ကာ တစ္လႈပ္လႈပ္ျဖင့္စားေနေသာ သားေတာ္ေဂ်ာင္ကုေလးအား ၾကည့္ကာ သူမၿပံဳးမိသည္။

" ေကာင္းတယ္မယ္ေတာ္.. မယ္ေတာ္ေရာ မစားေသးဘူးလား "

" မယ္ေတာ္က မဆာေသးဘူး သားေတာ္ရဲ့.. သားေတာ္သာ အရင္စားႏွင့္ေနာ္ "

" ဟုတ္ "

အသက္အရြယ္ႏွင့္မလိုက္ေအာင္ လိမၼာပါးနပ္လြန္းလွသည့္ သားေတာ္ေလးအား သူမၾကည့္ကာ အခ်စ္ပိုရေလသည္။ သားေတာ္ေလးက အိမ္ေရ႔ွစံ ဆိုသည့္ ဂုဏ္ပုဒ္ႏွင့္ ျပည့္စံုသည္ထပ္ ပိုပါေသးသည္။

ထိုအခ်ိန္ အထိန္းေတာ္၏ ' မင္းႀကီး ေစာင့္ေနပါတယ္ ' ဆိုသည့္ စကားေၾကာင့္ သူမ သားေတာ္ေလးကို ေသခ်ာေျပာၿပီး ထားခဲ့ကာ နန္းတြင္းမီးဖိုေဆာင္ရိွရာ ဘက္သို႔ထြက္လာခဲ့ လိုက္သည္။

နန္းတြင္းမီးဖိုေဆာင္သို႔ ေရာက္ေသာ္ အေျပာႏွင့္ျခားနားစြာ ေတြ့လိုက္ရသည့္ ဘီဆန္မယ္မယ္ ေခၚ မင္းႀကီး၏ ဒုတိယေျမာက္ မိဘုရား။

ဘီဆန္မယ္မယ္သည္ မိဘုရားေခါင္းႀကီးကိုျမင္သည္ႏွင့္ အၿပံဳးတစ္ခုအား ခ်ိတ္ဆြဲလိုက္သည္။

" မိဘုရားေခါင္းႀကီး ေရာက္လာၿပီပဲ.. မင္းႀကီးက ခုနကမွ ကိစၥတစ္ခုေၾကာင့္ အေဆာင္ဘက္ကို ျပန္သြားခဲ့ၿပီ.. "

ဘီဆန္မယ္မယ္၏ အေျပာေၾကာင့္ မိဘုရားေခါင္းႀကီးမွာ ေခါင္းအသာညိမ့္လိုက္ၿပီး ထြက္သြားရန္ျပင္သည္။

" ဒါဆိုလည္း သြားခြင့္ျပဳပါအုန္း.. "

" ခဏေလးပါ မိဘုရားေခါင္းႀကီး.. မင္းႀကီးက ကြၽန္ေတာ္မ်ိဳးမကိုေျပာခိုင္း လိုက္ပါတယ္.. မင္းႀကီးက မိဘုရားေခါင္းႀကီးကိုယ္တိုင္ ေဖ်ာ္ေပးတဲ့ ပန္းလက္ဖက္ရည္ သံုးေဆာင္ ခ်င္လို႔ပါတဲ့ "

" ေကာင္းပါၿပီ.. လုပ္ေပးလိုက္ပါ့မယ္ "

မိဘုရားေခါင္းႀကီးလည္း စကားရွည္ေတြေျပာမေနေတာ့ပဲ မီးဖိုေဆာင္ထဲ၀င္ကာ မင္းႀကီးကို သူမကိုယ္တိုင္ ေဖ်ာ္ေပးေနၾက ပန္းလက္ဖက္ရည္အား ေဖ်ာ္ေပးရန္ ျပင္ေလသည္။
ဘီဆန္မယ္မယ္မွာလည္း ကိုယ့္ေနရာကိုယ္ မျပန္ေသးပဲ မိဘုရားေခါင္းႀကီး နားတြင္ ရစ္သီရစ္သီ လုပ္ေန၏။

ဒါကို သတိထားမိတဲ့ မိဘုရားေခါင္းႀကီးကလည္း လက္ဖက္ရည္ေဖ်ာ္ေနရင္းပင္ ဘီဆန္မယ္မယ္အား လွမ္းေမးလိုက္သည္။

" ဘီဆန္မယ္မယ္လည္း သြားခ်င္ သြားလို႔ရပါတယ္.. "

" ဟင့္အင္း.. ကြၽန္ေတာ္မ်ိဳးမက မိဘုရားေခါင္းႀကီး ပန္းလက္ဖက္ရည္ေဖ်ာ္တာကို ေလ့လာမလို႔ပါ.. ကြၽန္ေတာ္မ်ိဳးမ ကိုယ္တိုင္ မင္းႀကီးကို ေဖ်ာ္တိုက္ေပးခ်င္လို႔ "

မိဘုရားေခါင္းႀကီးလည္း ရိုးရိုးသာမန္စိတ္ျဖင့္သာ ေတြးလိုက္ၿပီး ဘာမျွပန္မေျပာေတာ့။

ခဏအၾကာ ပန္းလက္ဖက္ရည္အား ေဖ်ာ္ၿပီး မင္းႀကီးဆီသြားပို႔ရန္ ျပင္လိုက္ခ်ိန္ ဘီဆန္မယ္မယ္မွ...

" မိဘုရားေခါင္းႀကီး ကြၽန္ေတာ္မ်ိဳးမ သြားပို႔လိုက္ပါမယ္.. "

" ရပါတယ္.. ကိုယ္တိုင္သြားပို႔လိုက္ပါမယ္ "

" ေအာ.. မိဘုရားေခါင္းႀကီး အိမ္ေရ႔ွစံမင္းသားေလးကို တစ္ေယာက္တည္းထားခဲ့တာပဲ ကြၽန္ေတာ္မ်ိဳးမပဲ ပို႔ေပးလိုက္ပါ့မယ္ အိမ္ေရ႔ွစံတစ္ခုခု ျဖစ္မျွဖင့္... "

ဘီဆန္မယ္မယ္၏ အေျပာေၾကာင့္ မိဘုရားေခါင္းႀကီး သူ၏သားေတာ္ေလးအား စိတ္ပူသြားသည္။ သားေတာ္ေလးအား အထိန္းေတာ္မ်ားျဖင့္ ထားခဲ့ပါေသာ္လည္း စိတ္ပူမိျပန္သည္။

" ဒါဆို မင္းႀကီးဆီကို ဘီဆန္မယ္မယ္ပဲ သြားပို႔ေပးလိုက္ပါ.. "

" ဟုတ္ပါၿပီ မိဘုရားေခါင္းႀကီး "

မိဘုရားေခါင္းႀကီးလည္း နန္းတြင္းမီးဖိုေဆာင္ထဲကေန ထြက္သြားေလေတာ့သည္။

က်န္ခဲ့ေသာ ဘီဆန္မယ္မယ္သည္ အရင္ႏွင့္မတူေတာ့ပဲ ေၾကာက္မက္ဖြယ္အၿပံဳးတစ္ခုအား ဖန္ဆင္းထားသည္။ အိတ္ကပ္ထဲတြင္အသင့္ပါလာေသာ အိတ္ေလးထဲမွ အမႈန္႔မ်ားအား လက္ဖက္ရည္ခြက္ထဲသို႔ ေလာင္းထည့္လိုက္ကာ ေသခ်ာျပင္ဆင္ၿပီး မင္းႀကီးအေဆာင္ေတာ္သို႔ ၪီးတည္သြားေလသည္။

" ငါ့ဆီကေန မိဘုရားေခါင္းႀကီးေနရာကို လုယူသြားခဲ့တဲ့ နင့္ကို ငါမုန္းတယ္.. ဒါေၾကာင့္ ငါနင္ဘ၀ကိုေရာ အိမ္ေရ႔ွစံရဲ့ဘ၀ကိုေရာ ဘယ္လို ဖ်က္စီးျပမလဲဆိုတာ ေစာင့္ၾကည့္ေနလိုက္!!.. "

~~~~~~~~~~~~~~~~~~~~~~~

" သားေတာ္ေလး... အရမ္းမေျပးနဲ႔ "

" ဟုတ္ကဲ့မယ္ေတာ္ "

သားေတာ္ေလးက ၾကာပန္းဥယ်ာဥ္ထဲတြင္ေျပးလႊား ေဆာ့ကစားေနသည္ကို မိဘုရားေခါင္းႀကီးက အဝေးမွ ထိုင္ၾကည့္ေနေလသည္။ ထိုျမင္ကြင္းမွာ မွတ္တမ္းတင္ဖို႔ ေကာင္းေလာက္ေအာင္ လွပပါေပသည္။

ထိုအခ်ိန္ အဝေးတစ္ေနရာမွ အေႁခြရံတစ္ေယာက္က ေျပးလာကာ သတင္းတစ္ခုအား လာေျပာျပသည္။

" မိဘုရားေခါင္းႀကီး မင္းႀကီးအသဲအသန္ျဖစ္ေနလို႔ပါ!!! "

" ဟမ္!!! "

မိဘုရားေခါင္းႀကီးလည္း မင္းႀကီးအား စိုးရိမ္ပူပမ္သြားကာ သားေတာ္ျဖစ္သူအား ထားခဲ့ကာ မင္းႀကီးအိပ္ေဆာင္သို႔ အျမန္သြားမိသည္။

အိပ္ေဆာင္အျပင္တြင္ တစ္ခုခုအားေစာင့္ဆိုင္းေနၾကပါေသာ အေႁခြရံမ်ား ၊ အမတ္မ်ား ႏွင့္ ဘီဆန္မယ္မယ္။

" ဘီဆန္မယ္မယ္!! မင္းႀကီးဘာျဖစ္တာလဲ!! "

" မ..မသိပါဘူး မိဘုရားေခါင္းႀကီး.. သမားေတာ္ထြက္လာမွ သိရမွာပါ "

ဘီဆန္မယ္မယ္ရဲ့မ်က္လံုးတြင္ မ်က္ရည္စမ်ားျဖင့္ အသံေတြမွာလည္း တုန္ရီေနသည္။
ခဏအၾကာ အိပ္ေဆာင္ထဲမွ ေတာ္၀င္သမားေတာ္ ထြက္လာခဲ့သည္။ သမားေတာ္၏မ်က္ႏွာမွာလည္း လံုး၀ကိုပ်က္ယြင္းေနေလသည္။

" သမားေတာ္!! မင္းႀကီးဘာျဖစ္တာလဲ!! "

" မင္းႀကီးဆံုးသြားပါၿပီ "

သမားေတာ္၏ စကားေၾကာင့္ ထိုေနရာတြင္ရိွေသာ သူမ်ားအားလံုး၏ မ်က္ႏွာမွာ အံၾသမႈေတြ အတိုင္းသားျဖစ္လာေတာ့သည္။

မိဘုရားေခါင္းႀကီးမွာ သူ႔နားသူေတာင္မယံုႏိုင္ေတာ့ ။ မ်က္ရည္မ်ားသာ ဇာတ္တိုက္က်လာသည္။

ဘီဆန္မယ္မယ္မွာ သမားေတာ္စကားေၾကာင့္ တစ္အံတစ္ၾသျဖစ္ကာ ရိႈက္ႀကီးတစ္ငင္ငိုေလေတာ့သည္။ သို႔ေသာ္ သူမ၏ အတြင္းစိတ္ တစ္ဖက္ျခမ္းမွာေတာ့ ေပ်ာ္ေနသည္မွာ အမွန္ပင္။

ငိုေနေသာ ဘီဆန္မယ္မယ္မွာ ခ်က္ခ်င္းဆိုသလို မိဘုရားေခါင္းႀကီးအား နာက်ည္းေသာ မ်က္လံုးမ်ားျဖင့္ၾကည့္ၿပီး...

" မင္းႀကီးေသရတာ မိဘုရားေခါင္းႀကီးေၾကာင့္!!! သူ႔ကိုေသဒဏ္ေပးေစ..!! "

ဘီဆန္မယ္မယ္ရဲ့စကားေၾကာင့္ မိဘုရားေခါင္းႀကီးမွာ မ်က္ရည္မ်ားျဖင့္ နားမလည္သလို ၾကည့္လာ၏။

" မင္းစကားကိုျပန္ရုတ္သိမ္းပါ ဘီဆန္မယ္မယ္!!! "

" မိဘုရားေခါင္းႀကီး ႀကံစည္ခဲ့တာ ကြၽန္ေတာ္မ်ိဳးမ အကုန္ျမင္တယ္!! မင္းႀကီးေသာက္မယ့္ လက္ဖက္ရည္ခြက္ထဲကို ရွင္အဆိတ္ခတ္ ခဲ့တာကိုေလ!! "

ဘီဆန္မယ္မယ္ရဲ့စကားေၾကာင့္ အနားတြင္ရိွေသာ အမတ္မ်ားႏွင့္ ၊ နန္းတြင္းသူ နန္းတြင္းသား အားလံုး အံၾသကုန္ၾကျပန္သည္။

" ဘီဆန္မယ္မယ္!! မင္းမဟုတ္တာေတြ မေျပာနဲ႔!!! "

" ကြၽန္ေတာ္မ်ိဳးမ မလိမ္ပါဘူး!! မိဘုရားေခါင္းႀကီး လုပ္ႀကံခဲ့တာကို ဒီလူေတြထဲမွာ ျမင္တဲ့သူ ရိွလား "

" ကြၽန္ေတာ္ျမင္ခဲ့ပါတယ္ မယ္မယ္!! "

ထိုလူေတြထဲမွ အသတ္အလတ္ပိုင္း လူတစ္ေယာက္ ထြက္လာခဲ့သည္။ ထိုလူမွာ နန္းတြင္း စားေတာ္ကဲ ျဖစ္သည္။

" ကြၽန္ေတာ္ မိဘုရားေခါင္းႀကီး လက္ဖက္ရည္ခြက္ထဲ တစ္ခုခုထည့္ေနတာကို ေတြ့လိုက္ပါတယ္.. "

" ေတာ္ေတာ္ယုတ္မာလွပါေပတယ္... ဒီမွာရိွတဲ့လူေတြ မိဘုရားေခါင္းႀကီး အဆိပ္ခတ္တယ္ဆိုတာ ယံုၾကၿပီလား.. "

အမတ္မ်ားရဲ့တီးတိုးေျပာသံမ်ားၾကားတြင္ မိဘုရားေခါင္းႀကီးတဲ့ ' မဟုတ္ရပါဘူး ' ဆိုေသာစကားမွာ ေပ်ာက္ကြယ္သြားခဲ့သည္။ လူအမ်ားရဲ့ ရြံရွာေနေသာ အၾကည့္တို႔မွာလည္း မိဘုရားေခါင္းႀကီးထံတြင္။

" မိဘုရားေခါင္းႀကီးကို ေသဒဏ္ေပးသင့္ပါတယ္..!! "

အမတ္တစ္ေယာက္ရဲ့စကားသံအား ေထာက္ခံၾကပါေသာလူအမ်ားအစု။ မိဘုရားေခါင္းႀကီးမွ ျငင္းေနပါေသာ္လည္း အက်ိဳးမ၀င္ေပ။
ထိုျမင္ကြင္းအား ဘီဆန္မယ္မယ္မွေက်နပ္သလိုၾကည့္ကာ သူမ၏ပံုစံအမွန္အား ဖံုးကြယ္လိုက္သည္။

" ကိုယ္ရံေတာ္ေတြ!! မိဘုရားေခါင္းႀကီးကို အျပစ္ေပးေဆာင္သို႔ ေခၚသြားၾကစမ္း!! "

" ဟုတ္ကဲ့ပါဘီဆန္မယ္မယ္ "

မိဘုရားေခါင္းႀကီးမွအတင္းရုန္းကာ ေအာ္ျငင္းေသာ္လည္း ကိုယ္ရံေတာ္မ်ားမွာ မလႊတ္ေပးၾက။

ထို႔ေနာက္မိဘုရားေခါင္းႀကီးအား ေမွာင္မဲေနေသာအျပစ္ေပးေဆာင္ဆိုသည့္ ေနရာသို႔ေခၚလာကာ သူမ၏လက္အား သံႀကိဳးမ်ားျဖင့္တုပ္ေလသည္။

" လႊတ္ၾကစမ္း!! ငါကိုယ္ေတာ္မိဘုရားေခါင္းႀကီးရဲ့အမိန္႔ပဲ!! "

မိဘုရားေခါင္းႀကီး ဘယ္လိုပဲေျပာေျပာ မရေပ..။ သူမ အခုအခ်ိန္မွာ အာဏာမရိွတဲ့ မိဘုရားတစ္ေယာက္ျဖစ္ေနခဲ့ၿပီ.... သူမ မလုပ္ခဲ့တဲ့ကိစၥတစ္ခုအတြက္နဲ႔ေလ..။ သူမရင္နာစြာ မ်က္ရည္မ်ားက်ေနမိသည္။

အေနာက္မွ တစ္ေယာက္ေယာက္တြန္းလိုက္တာေၾကာင့္ မိဘုရားေခါင္းႀကီးမွာ ၾကမ္းျပင္၌ ဒူးေထာက္ ထိုင္ခ်မိသြားသည္။

သူမ၏ေဘး၌ ဓားရွည္ကိုင္ထားပါေသာ သားသတ္သမား တစ္ၪီး မတ္တပ္ရပ္ေနေလသည္။

" ကဲ...မိဘုရားေခါင္းႀကီး စိတ္မေကာင္းစြာနဲ႔ပဲေျပာရေတာ့မယ္.. အဆင္သင့္ျဖစ္ေတာ္မူၿပီလား "

မိဘုရားေခါင္းႀကီး၏ အေရ႔ွဘက္ ခပ္လွမ္းလွမ္းတြင္ ရိွေနပါေသာ ဘီဆန္မယ္မယ္။ သူမ၏ မ်က္ႏွာတြင္လည္း အၿပံဳးမ်ားဝေဆာေနလ်က္။

" မယ္ေတာ္!!!.. မယ္ေတာ္...!! "

လူအုပ္မ်ားၾကားထဲမွ အသံေလးတစ္ခုေၾကာင့္ မိဘုရားေခါင္းႀကီးရင္ထဲ ေျဗာင္းဆန္သြားရသည္။

" မယ္ေတာ္!!.. မယ္ေတာ္ကိုလႊတ္ေပးၾကပါ ဟင့္!! သားေတာင္းပန္ပါတယ္ "

" သားေတာ္ေလး..!! "

မိခင္ရိွရာေျပးလာကာ လာဖက္ေသာ သားေတာ္ေလးေၾကာင့္ မ်က္ရည္မ်ားမထိန္းႏိုင္စြာ ရိွက္ႀကီးတစ္ငင္ငိုမိသည္။

" မယ္ေတာ္ကိုဘာလို႔ ႀကိဳးေတြနဲ႔တုပ္ထားၾကတာလဲဟင္.. မယ္ေတာ္!! "

" သားေတာ္ေလး!! မယ္ေတာ္..မယ္ေတာ္ အဝေးႀကီးကိုသြားရေတာ့မယ္...သားေတာ္ေလး မယ္ေတာ္မရိွေတာ့လည္း ေကာင္းေကာင္းမြန္မြန္ႀကီးပ်င္းလာရမယ္ေနာ္.. "

" ဘာလို႔လဲမယ္ေတာ္..ဟင့္ မယ္ေတာ္မရိွရင္ သားမေနႏိုင္ဘူး..ဟင့္အင့္ "

ငယ္ရြယ္လြန္းတဲ့သားေတာ္ေလးႏွင့္ ခြဲရေတာ့မည္ဆိုေသာ အသိမွာ သူမရင္ကိုဓားနဲ႔အစိမ္းလိုက္ ခြဲလိုက္သလိုပင္။

" အထိန္းေတာ္..အိမ္ေရ႔ွစံကိုေခၚသြားလိုက္ပါ!! "

ဘီဆန္မယ္မယ္ရဲ့အမိန္႔ေပးသံေၾကာင့္ အထိန္းေတာ္မ်ားမွာ အိမ္ေရ႔ွစံအား ဝိုင္းဆြဲကာ ထိုေနရာမွေခၚထုတ္သြားဖို႔ျပင္ၾကသည္။

" သားကိုလႊတ္ၾက!!!... မယ္ေတာ္..ဟင့္!! "

ျငင္းဆန္ေနေသာ အိမ္ေရ႔ွစံအား ထိန္းကာ ေခၚလာၾကသည္။

" သတ္ေစ!!! "

ဘီဆန္မယ္မယ္၏ အသံနက္ႀကီးႏွင့္အတူ မိခင္၏ေအာ္သံပါၾကားလိုက္ရသည့္အတြက္ လွည့္ၾကည့္မိလိုက္ရာ...

" မယ္ေတာ္!!!!! "

ရင္ႏွင့္ဖြယ္ရာ ျမင္ကြင္းႀကီးႏွင့္အတူ လူအမ်ားၾကား ထိုေနရာမွာပင္ လွဲက်သြားပါေသာ ကေလးေလးတစ္ေယာက္။

~~~~~~~~~~~~~~~~~~~~~~~

' ငါ့သားေတာ္ေလး နန္းတက္ပြဲကိုေတာင္ မျမင္ႏိုင္ေတာ့ဘူး ထင္ပါတယ္ '

* အားး!! *

၀မ္းနည္းဖြယ္ရာ ျမင္ကြင္းႀကီးႏွင့္အတူ ကြၽန္ေတာ္ႏိုးထလာခဲ့သည္။ ကြၽန္ေတာ့္တစ္ကိုယ္လံုး ေခြၽးေတြရႊဲစိုေနကာ မ်က္လံုးထဲတြင္လည္း ထိုျဖစ္ရပ္ႀကီးအားျပန္ျမင္ေယာင္ေနသည္။

" ဒါ..ဒါဆိုအိမ္ေရ႔ွစံ..ေဂ်ာင္ကု..ေနာက္ၿပီးဘီဆန္မယ္..? "

ေနာက္ဆံုးေတာ့ ကြၽန္ေတာ့္ဆုေတာင္းေၾကာင့္ ျဖစ္ရပ္ေတြအားလံုးကို သိခဲ့ရၿပီ။

အခု ကြၽန္ေတာ္ ကြၽန္ေတာ့္အိပ္ယာေပၚေရာက္ေနခဲ့တာ..။ အေတြးေတာင္မဆံုးေသး အခန္းထဲ၀င္လာပါေသာ အထိန္းေတာ္မီ။

" သခင္ေလး ျပင္ဆင္ဖို႔အခ်ိန္ၾကပါၿပီ.. "

" ဘာကိုျပင္ဆင္ရမွာလည္း အထိန္းေတာ္မီ.. "

" သခင္ေလးေမ့ေနတာလား..ဒီေန့သခင္ေလးရဲ့ ထိန္းျမႇားလက္ထပ္ပြဲေန့ေလ.. "

အထိန္းေတာ္စကားေၾကာင့္ ကြၽန္ေတာ္ရင္ေတာင္ခုန္သြားသည္။

တကယ္ပဲေမ့ေနခဲ့တာပဲ.. ဒီေန့က ကြၽန္ေတာ္နဲ႔မင္းႀကီး လက္ထပ္ရမယ့္ေန့ပဲကို..

________________________

အပ္ဒိတ္ၾကာသြားခဲ့ရင္ မီယားနဲပါ❤
ဒီအပိုင္းေပါ့သြားတယ္ထင္တယ္🥢
ဒါနဲ႔ အိုင္နိ႔ေကာမန္႔😭✨

---------------------
𝑻𝒉𝒂𝒏𝒌 𝒚𝒐𝒖 𝒔𝒐 𝒎𝒖𝒄𝒉 𝒂𝒍𝒍
---------------------
✍︎  ကင္မ္ဘယ္ရီ🍒
---------------------

Continue Reading

You'll Also Like

566K 18.1K 55
The Seven Deadly Sins. Seven people with unimaginable powers, powers that everyone fears. They were kicked out of the kingdom for a crime that they h...
798K 48.3K 120
Y/N L/N is an enigma. An outgoing, cheerful, smiley teenage boy. Happy, sociable, excitable. A hidden gem in the rough of Japan's younger soccer pl...
221K 11.4K 34
Jeon and Kim( warning fic 🚨)
1.7M 99.9K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...