" ဟက်ချိုး!!! "
ကျွန်တော်နှာချည်လိုက်သည်မှာ သစ်ပင်ပေါ်မှာရှိတဲ့ငှက်တွေတောင် ထပျံသွားရှာသည်။ အခုကျွန်တော် အပြင်ထွက်ပြီးလမ်းလျှောက်နေခြင်း..။
မနေ့က ရေထဲမှာတော်တော်ကြာသွားလို့ထင်တယ် အခုကျွန်တော် ဖျားချင်သလိုလိုဖြစ်နေသည်။
ဂျောင်ကုကတော့ သိတဲ့အတိုင်း မနက်ကတည်းက ဘယ်သွားမှန်းကိုမသိတာ နောက်နေ့ကျမှ ကျွန်တော်သူ့ကိုမေးကြည့်အုန်းမယ်။
ကျွန်တော် အတွေးတွေစုံနေတုန်း နားထဲမြင်းခွာသံတွေလိုလို လူသံတွေလိုလိုကြားလိုက်ရသည်။ ကျွန်တော်သေချာ ကြားလိုက်တာမို့ နားကြားမှားတာ မဖြစ်နိုင်...။
" သရဲများလား... "
သရဲဆိုတဲ့အတွေးနဲ့တင် ကြောက်ချွေးများပြန်လာသည်။ ဒါပေမဲ့ နေ့လယ်ပိုင်းဆိုတော့ သရဲကမဖြစ်နိုင်ပြန်ဘူး..။
ကျွန်တော်လည်း ဘာမှန်းမသိတာမို့ အိမ်ထဲ၀င်ရန် ခြေလှမ်းပြင်လိုက်ချိန်....
" သခင်လေး!!!..... "
ကျွန်တော့်အနောက်မှ သခင်လေးဆိုတဲ့ခေါ်သံကြားလိုက်ရသည်။ ဒါ...ဒါ ဆိုဟွန်းသံမဟုတ်ဘူးလား...။
ကျွန်တော် အနောက်သို့လှည့်ကြည့်လိုက်ရာ ဆိုဟွန်းဆိုတဲ့ကောင်လေးနှင့် နန်းတွင်းကားထဲက စစ်သည်တွေလိုမျိုး ၀တ်ထားတဲ့ လူအများအပြားတွေ့လိုက်ရသည်။
" WTF..!!! "
" ထယ်ယောင်း...!! အဖေ့ဆီကိုလာခဲ့ ထွက်ပြေးမယ်မကြံနဲ့တော့ "
ထိုလူတွေထဲမှ အမတ်၀တ်စုံ၀တ်ထားတဲ့ လူတစ်ယောက်ကထွက်လာပြီး ကျွန်တော်ကိုလှမ်းခေါ်သည်။ ကျွန်တော့်အဖေလို့ထင်ရပေမဲ့ ဒီအဖိုးကြီးကပြောတိုင်းသွားစရာလား ကင်မ်ထယ်ယောင်း...တစ်ထယ်ပဲရှိတယ်။
ကျွန်တော်ထွက်ပြေးဖို့ကြိုးစားလိုက်ပေမဲ့ ကျွန်တော့်ကို စစ်သည်တော်တွေက ၀ိုင်းထားသည်။ ကျွန်တော်လည်းထွက်ပြေးဖို့မလွယ်တာ သတိထားမိသည်။ ဒါဆိုလည်း ဟိုအဖေဆိုတဲ့ အဖိုးကြီးခေါ်တဲ့ဆီပဲ သွားရတော့မှာပေါ့။
ကျွန်တော်လည်း ထိုအဖိုးကြီးနားသွားလိုက်တော့ အဲ့အဖိုးကြီးကကျွန်တော့်ကိုလာဖက်ပြီး စိတ်ပူနေသလိုပုံစံဖြင့်...
" သားလေး နေကောင်းရဲ့လား...ပိန်သွားသလိုပဲ... အဖေ ပြောစကားမှနားမထောင်တာ အခုလိုတောချုံအုံကြားမှာနေ နေရတာပေါ့.. အခုအဖေသားကိုတစ်နေရာခေါ်သွားမယ် သားထွက်ပြေးလို့မရတော့ဘူး "
ထိုအဖိုးကြီးမှ ဟန်ဆောင်အပြုံးတဲ့ကျွန်တော့်ကိုကြည့်ပြီး ပြောသည်။ အဲ့အဖိုးကြီးရုပ်က အမတ်ဆိုတဲ့အတိုင်းပါပဲ သူကောင်းစားဖို့အတွက် သားကိုရောင်းစားမယ်ဆိုတဲ့ရုပ်နဲ့။ ကြည့်လို့ကို မရဘူး။
" ဆိုဟွန်း....သားလေးကို မြည်းလှည်းထဲခေါ်သွားလိုက် "
" ကောင်းပါပြီသခင်ကြီး "
ဆိုဟွန်းမှ ကျွန်တော့်ကို သူတို့မှာ ပါလာတဲ့မြည်းလှည်းတစ်ခုထဲခေါ်သွားသည်။
" သခင်လေးဒီမှာထိုင်ပါ... "
ကျွန်တော် ထွက်ပြေးချင်ပါသော်လည်း လွတ်လမ်းမရှိတာကြောင့် သည်းခံနေလိုက်သည်။ ခဏအကြာ မြည်းလှည်းစထွက်လေသည်။
ထိုအချိန် ကျွန်တော့်အတွေးထဲ၀င်လာတဲ့ အတွေးတစ်ခု။ ကျွန်တော်ကနန်းတော်ကို ဆန့်ကျင်ပြီး ထွက်ပြေးခဲ့တာဆိုတော့ ကျွန်တော်ခေါင်းဖြတ်ခံရတော့မှာလား။ အခုကျွန်တော့်ကို မင်းကြီးအမိန့်နဲ့ခေါ်လာပြီး နန်းတော်ရောက်ရင် ခေါင်းဖြတ်ပစ်တော့မလို့လား..။
ကျွန်တော်တွေးရင်းနဲ့ပင် ကြက်သိန်းထသွားသည်။ တကယ်လို့ ဒီဘ၀မှာသေသွားရင် ကျွန်တော် ဟိုဘ၀ကိုပြန်သွားလို့ ရပါတော့မလား။ တကယ်ပါပဲ...။
" သခင်လေး အဆင်ပြေရဲ့လား...စကားလဲမပြောဘူး "
" ပြေ..ပြေပါတယ် "
ကျွန်တော်လဲ မချိပြုံး ပြုံးပြီးပြန်ပြောလိုက်သည်။ အခုကျွန်တော်တွေးနေတာ ကျွန်တော်ပဲသိတယ်..။
တကယ်လို့ကျွန်တော်သာ ခေါင်းဖြတ်ခံရရင် .....အာ မဖြစ်သေးပါဘူး ကျွန်တော်က စောက်ချောကြီးလေ..။
~~~~~~~~~~~~~~~~~~~~~~~
" သခင်လေး နန်းတော်ကိုရောက်ပါပြီ.. "
ကျွန်တော်အတွေးပေါင်းစုံနဲ့ နန်းတော်ကို ဘယ်လိုကနေဘယ်လို ရောက်သွားမှန်းတောင်မသိတော့။ တကယ်ပဲ ကျွန်တော်ခေါင်းဖြတ်ခံရတော့မှာလား ။
" သခင်လေး ဆင်းပါ "
ကျွန်တော်လည်း လှည်းပေါ်မှဆင်းကာ ဆိုဟွန်းခေါ်တဲ့အနောက်ကို လိုက်သွားလိုက်သည်။ ဆိုဟွန်းကကျွန်တော့်ကို နန်းတော်ထဲက အခန်းတစ်ခန်းထဲကိုခေါ်သွားသည်။ ထိုအခန်းထဲမှာ နန်းတွင်းသူတွေလိုပုံစံ ကောင်မလေးတွေရှိသည်။
" သခင်လေးကင်မ်ထယ်ယောင်းကို အဆင်ပြေအောင် ပြင်ဆင်ပေးလိုက်ကြပါ "
" ဟုတ်ကဲ့ပါ ကိုယ်ရံတော်ဆိုဟွန်း "
ဆိုဟွန်းမှ အခန်းထဲကထွက်သွားသည်။ ကျွန်တော့်ကို နန်းတွင်းသူတွေက အ၀တ်တွေအတင်းချွတ်နေသည်။ ကျွန်တော် ရှော့ရသွားရသည်။ ဘာလားပေါ့....။
" မင်းတို့ငါ့ကိုဘာလုပ်နေကြတာလဲ..ဖယ်ကြ "
" ၀တ်ရုံတော်လဲပေးမလို့ပါ သခင်လေး.. "
သူတို့အ၀တ်လဲမယ်ဆိုလဲ ကျွန်တော်ကိုပြောရောပေါ့ ဘယ့်နှယ့် မသိရင်....ထားလိုက်ပါတော့။
" အ၀တ်ငါ့ကိုပေး ငါ့ဘာသာငါလဲမယ် "
" ဟုတ်ကဲ့ပါသခင်လေး "
ထိုအခါ အခန်းထဲမှ နန်းတွင်းသူတွေထွက်သွားကြသည်။ ကျွန်တော်လည်းသူတို့ထွက်သွားတဲ့အချိန်မှ အ၀တ်မြန်မြန်လဲရတော့သည်။ တော်သေးတယ် အ၀တ်လဲပြီး ခဏအကြာမှပြန်၀င်လာကြလို့။
နန်းတွင်းသူတွေက ကျွန်တော့်ကို ဘာတွေမှန်းမသိလိမ်းပေးနေကြသည်။ ထင်တာကတော့ မိတ်ကပ်ပဲနေမယ်။
နောက်ပြီး ဆံပင်ကိုဖြီးပေးပြီး ဆံထိုးတွေလား ဘာတွေလဲမသိ လုပ်ပေးသေးသည်။
ခဏအကြာသူတို့ ကျွန်တော်ကို မှန်နဲ့တူတဲ့ ကြေးမုံပြင်တစ်ခုကိုလာပြသည်။ ကျွန်တော်လည်းကြည့်လိုက်တော့ ဘယ်ဆိုးလို့လဲ ကျွန်တော်ပိုချောသွားတာပဲ။ ဒါနဲ့ ကျွန်တော့်ကိုခေါင်းဖြတ်မလို့မဟုတ်လား ဘာလို့ဒီလိုတွေပြင်ပေးနေရတာလဲ။ ဒါမှမဟုတ် ဒါသူတို့ရဲ့ရိုးရာလား။
တွေးလို့တောင်မဆုံးသေး ကျွန်တော့်အဖေဆိုတဲ့ အဖိုးကြီးက ကျွန်တော် လာခေါ်သည်။ ကျွန်တော်လည်း အဲ့အဖိုးကြီးအနောက်ဘုမသိဘမသိ လိုက်သွားရသည်။
သိပ်မကြာလိုက် စစ်သည်တော်နှစ်ယောက်ရပ်နေတဲ့ အခန်းအရှေ့သို့ရောက်လာသည်။
စစ်သည်တော်နှစ်ယောက်ထဲက တစ်ယောက်က....
" အမတ်ကင်မ် ဘာကိစ္စရှိလို့ပါလဲ "
" မင်းကြီးနဲ့ တွေ့ဖို့ကိစ္စရှိလို့ပါ... "
မင်းကြီးဆိုတဲ့စကားကြောင့် ရင်ထဲမှာလိပ်ပြာတွေပျံသွားရသည်။ တကယ်ခေါင်းဖြတ်ခံရတော့မယ် ထင်တယ်။
စစ်သည်တော်တစ်ယောက်က အခန်းထဲ၀င်ပြီး ပြန်ထွက်လာသည်။ ကြည့်ရတာ မင်းကြီးကိုအကြောင်းသွားကြားတာ နေမယ်။
" ၀င်လို့ရပါပြီ အမတ်ကင်မ် "
ကျွန်တော်လည်း ကြောက်ပြီး အခန်းထဲကို ခေါင်းငုံကာ ဟိုအဖိုးကြီးနဲ့အတူ ၀င်သွားလိုက်သည်။ မင်းကြီးကိုလဲမမြင်ချင်သလို ကြောက်လဲကြောက်သည်။
" မင်းကြီး...ကျွန်တော်မျိုး ကြင်ယာတော်ကင်မ်ကိုရှာတွေ့ပါပြီ... "
ဘေးကအဖိုးကြီးဘာပြောတာလဲဂရုမစိုက်နိုင် ခေါင်းကိုအသေငုံ့ထားသည်။ မင်းကြီးက ကျွန်တော့်ကို ခေါင်းဖြတ်ဖို့အမိန့်ပေးတော့မှာမလား။
" ဒါနဲ့ အမတ်ကင်မ်ကို ငါကိုယ်တော် ကိုယ်တိုင်ရှာမယ်လို့ ပြောထားတယ်မဟုတ်ဘူးလား!! "
" ဒါ...ဒါပေမဲ့ မင်းကြီး "
ကျွန်တော် မင်းကြီးရဲ့အသံကြောင့် နည်းနည်းကြောင်သွားရသည်။ ကျွန်တော်ဒီအသံကို ရင်းရင်းနှီးနှီးကြားဖူးပြီးသားပါ..။ တကယ်ကိုကြားဖူးတာ..။
ကျွန်တော်လဲ မနေနိုင်ပဲ သိချင်စိတ်နဲ့ မင်းကြီးရှိရာ ပလ္လင်ထက်ကို လှမ်းကြည့်လိုက်တော့ မျက်လုံးအစုံပြူးတက်သွားရသည်...။
" ဂျွန် ဂျောင် ကု..!!!! "
ကျွန်တော်အားရပါးရ အံသြလွန်းစွာ အော်ချလိုက်သည်။ တ...တကယ် ဂျောင်ကုပဲလား!!
အဖေဖြစ်သူ အဖိုးကြီးမှာ မျက်လုံးပြူးကာ ကျွန်တော့်ကိုတစ်ချက်ရိုက်ပြီး...
" မင်းကြီးရှေ့မှာ ဘယ်လိုမရိုမသေပြုမူရတာလဲ!!!.. ချက်ချင်းတောင်းပန်စမ်း!! ကျွန်တော်မျိုးအပြစ်တွေပါ ကျွန်တော်မျိုးသေသင့်ပါတယ်မင်းကြီး!!! "
ဟိုအဖိုးကြီးက မြေကြီးထဲ၀င်မတက် ထိုင်ကန်တော့နေပေမဲ့ ကျွန်တော်ကတော့ အံသြနေတုန်း...။ တကယ့်ဂျောင်ကုလား။ ဒါမှမဟုတ် ရုပ်ဆင်တဲ့သူတစ်ယောက်လား။ ဒါမှမဟုတ် တကယ်ပဲ မင်းကြီးက ဂျောင်ကုလား...!! ။
" အမတ်ကင်မ် အခန်းထဲကနေ ထွက်သွားပေးပါ "
" ကျွန်တော်မျိုးသားလေးကို အပြစ်မမြင်ပါနဲ့မင်းကြီး!! ဒါတွေက ကျွန်တော့်အပြစ်.. "
" ငါကိုယ်တော် ထွက်သွားလို့ပြောနေတယ်!!! "
" အ..အမိန့်တော်အတိုင်းပါ "
ထိုအဖိုးကြီးလည်း အခန်းထဲမှထွက်သွားရှာသည်။
အခန်းထဲမှာ ကျန်ခဲ့သည်က ကျွန်တော်နဲ့ မင်ကြီးလား ဂျောင်ကုလားမသိတဲ့လူနဲ့ နှစ်ယောက်တည်း။
မင်းကြီးဆိုသော ဂျောင်ကုနဲ့တူတဲ့လူက ကျွန်တော့်ကို ကြည့်ကာ ပလ္လင်ပေါ်ကနေဆင်းလာပြီး...
" ကြင်ယာတော်ကင်မ်.... "
_________________________
Suprise ဖြစ်ကြမယ် ထင်သလိုလိုမထင်သလိုလိုပါပဲ🤒
မနေ့ကလည်းအပ်ပေးသလို ဒီနေ့လည်းထပ်အပ်ပေးတယ်နော်💃🏻
ဘယ်လိုလဲ မကြိုက်ကြဘူးမလား🖐🏻
---------------------
𝑻𝒉𝒂𝒏𝒌 𝒚𝒐𝒖 𝒔𝒐 𝒎𝒖𝒄𝒉 𝒂𝒍𝒍
---------------------
✍︎ ကင်မ်ဘယ်ရီ🍒
---------------------
Zawgi
" ဟက္ခ်ိဳး!!! "
ကြၽန္ေတာ္ႏွာခ်ည္လိုက္သည္မွာ သစ္ပင္ေပၚမွာရိွတဲ့ငွက္ေတြေတာင္ ထပ်ံသြားရွာသည္။ အခုကြၽန္ေတာ္ အျပင္ထြက္ၿပီးလမ္းေလ်ွာက္ေနျခင္း..။
မေန့က ေရထဲမွာေတာ္ေတာ္ၾကာသြားလို႔ထင္တယ္ အခုကြၽန္ေတာ္ ဖ်ားခ်င္သလိုလိုျဖစ္ေနသည္။
ေဂ်ာင္ကုကေတာ့ သိတဲ့အတိုင္း မနက္ကတည္းက ဘယ္သြားမွန္းကိုမသိတာ ေနာက္ေန့က်မွ ကြၽန္ေတာ္သူ႔ကိုေမးၾကည့္အုန္းမယ္။
ကြၽန္ေတာ္ အေတြးေတြစံုေနတုန္း နားထဲျမင္းခြာသံေတြလိုလို လူသံေတြလိုလိုၾကားလိုက္ရသည္။ ကြၽန္ေတာ္ေသခ်ာ ၾကားလိုက္တာမို႔ နားၾကားမွားတာ မျဖစ္ႏိုင္...။
" သရဲမ်ားလား... "
သရဲဆိုတဲ့အေတြးနဲ႔တင္ ေၾကာက္ေခြၽးမ်ားျပန္လာသည္။ ဒါေပမဲ့ ေန့လယ္ပိုင္းဆိုေတာ့ သရဲကမျဖစ္ႏိုင္ျပန္ဘူး..။
ကြၽန္ေတာ္လည္း ဘာမွန္းမသိတာမို႔ အိမ္ထဲ၀င္ရန္ ေျခလွမ္းျပင္လိုက္ခ်ိန္....
" သခင္ေလး!!!..... "
ကြၽန္ေတာ့္အေနာက္မွ သခင္ေလးဆိုတဲ့ေခၚသံၾကားလိုက္ရသည္။ ဒါ...ဒါ ဆိုဟြန္းသံမဟုတ္ဘူးလား...။
ကြၽန္ေတာ္ အေနာက္သို႔လွည့္ၾကည့္လိုက္ရာ ဆိုဟြန္းဆိုတဲ့ေကာင္ေလးႏွင့္ နန္းတြင္းကားထဲက စစ္သည္ေတြလိုမ်ိဳး ၀တ္ထားတဲ့ လူအမ်ားအျပားေတြ့လိုက္ရသည္။
" WTF..!!! "
" ထယ္ေယာင္း...!! အေဖ့ဆီကိုလာခဲ့ ထြက္ေျပးမယ္မႀကံနဲ႔ေတာ့ "
ထိုလူေတြထဲမွ အမတ္၀တ္စံု၀တ္ထားတဲ့ လူတစ္ေယာက္ကထြက္လာၿပီး ကြၽန္ေတာ္ကိုလွမ္းေခၚသည္။ ကြၽန္ေတာ့္အေဖလို႔ထင္ရေပမဲ့ ဒီအဖိုးႀကီးကေျပာတိုင္းသြားစရာလား ကင္မ္ထယ္ေယာင္း...တစ္ထယ္ပဲရိွတယ္။
ကြၽန္ေတာ္ထြက္ေျပးဖို႔ႀကိဳးစားလိုက္ေပမဲ့ ကြၽန္ေတာ့္ကို စစ္သည္ေတာ္ေတြက ဝိုင္းထားသည္။ ကြၽန္ေတာ္လည္းထြက္ေျပးဖို႔မလြယ္တာ သတိထားမိသည္။ ဒါဆိုလည္း ဟိုအေဖဆိုတဲ့ အဖိုးႀကီးေခၚတဲ့ဆီပဲ သြားရေတာ့မွာေပါ့။
ကြၽန္ေတာ္လည္း ထိုအဖိုးႀကီးနားသြားလိုက္ေတာ့ အဲ့အဖိုးႀကီးကကြၽန္ေတာ့္ကိုလာဖက္ၿပီး စိတ္ပူေနသလိုပံုစံျဖင့္...
" သားေလး ေနေကာင္းရဲ့လား...ပိန္သြားသလိုပဲ... အေဖ ေျပာစကားမွနားမေထာင္တာ အခုလိုေတာခ်ံဳအံုၾကားမွာေန ေနရတာေပါ့.. အခုအေဖသားကိုတစ္ေနရာေခၚသြားမယ္ သားထြက္ေျပးလို႔မရေတာ့ဘူး "
ထိုအဖိုးႀကီးမွ ဟန္ေဆာင္အၿပံဳးတဲ့ကြၽန္ေတာ့္ကိုၾကည့္ၿပီး ေျပာသည္။ အဲ့အဖိုးႀကီးရုပ္က အမတ္ဆိုတဲ့အတိုင္းပါပဲ သူေကာင္းစားဖို႔အတြက္ သားကိုေရာင္းစားမယ္ဆိုတဲ့ရုပ္နဲ႔။ ၾကည့္လို႔ကို မရဘူး။
" ဆိုဟြန္း....သားေလးကို ျမည္းလွည္းထဲေခၚသြားလိုက္ "
" ေကာင္းပါၿပီသခင္ႀကီး "
ဆိုဟြန္းမွ ကြၽန္ေတာ့္ကို သူတို႔မွာ ပါလာတဲ့ျမည္းလွည္းတစ္ခုထဲေခၚသြားသည္။
" သခင္ေလးဒီမွာထိုင္ပါ... "
ကြၽန္ေတာ္ ထြက္ေျပးခ်င္ပါေသာ္လည္း လြတ္လမ္းမရိွတာေၾကာင့္ သည္းခံေနလိုက္သည္။ ခဏအၾကာ ျမည္းလွည္းစထြက္ေလသည္။
ထိုအခ်ိန္ ကြၽန္ေတာ့္အေတြးထဲ၀င္လာတဲ့ အေတြးတစ္ခု။ ကြၽန္ေတာ္ကနန္းေတာ္ကို ဆန္႔က်င္ၿပီး ထြက္ေျပးခဲ့တာဆိုေတာ့ ကြၽန္ေတာ္ေခါင္းျဖတ္ခံရေတာ့မွာလား။ အခုကြၽန္ေတာ့္ကို မင္းႀကီးအမိန္႔နဲ႔ေခၚလာၿပီး နန္းေတာ္ေရာက္ရင္ ေခါင္းျဖတ္ပစ္ေတာ့မလို႔လား..။
ကြၽန္ေတာ္ေတြးရင္းနဲ႔ပင္ ၾကက္သိန္းထသြားသည္။ တကယ္လို႔ ဒီဘ၀မွာေသသြားရင္ ကြၽန္ေတာ္ ဟိုဘ၀ကိုျပန္သြားလို႔ ရပါေတာ့မလား။ တကယ္ပါပဲ...။
" သခင္ေလး အဆင္ေျပရဲ့လား...စကားလဲမေျပာဘူး "
" ေျပ..ေျပပါတယ္ "
ကြၽန္ေတာ္လဲ မခ်ိၿပံဳး ၿပံဳးၿပီးျပန္ေျပာလိုက္သည္။ အခုကြၽန္ေတာ္ေတြးေနတာ ကြၽန္ေတာ္ပဲသိတယ္..။
တကယ္လို႔ကြၽန္ေတာ္သာ ေခါင္းျဖတ္ခံရရင္ .....အာ မျဖစ္ေသးပါဘူး ကြၽန္ေတာ္က ေစာက္ေခ်ာႀကီးေလ..။
~~~~~~~~~~~~~~~~~~~~~~~
" သခင္ေလး နန္းေတာ္ကိုေရာက္ပါၿပီ.. "
ကြၽန္ေတာ္အေတြးေပါင္းစံုနဲ႔ နန္းေတာ္ကို ဘယ္လိုကေနဘယ္လို ေရာက္သြားမွန္းေတာင္မသိေတာ့။ တကယ္ပဲ ကြၽန္ေတာ္ေခါင္းျဖတ္ခံရေတာ့မွာလား ။
" သခင္ေလး ဆင္းပါ "
ကြၽန္ေတာ္လည္း လွည္းေပၚမွဆင္းကာ ဆိုဟြန္းေခၚတဲ့အေနာက္ကို လိုက္သြားလိုက္သည္။ ဆိုဟြန္းကကြၽန္ေတာ့္ကို နန္းေတာ္ထဲက အခန္းတစ္ခန္းထဲကိုေခၚသြားသည္။ ထိုအခန္းထဲမွာ နန္းတြင္းသူေတြလိုပံုစံ ေကာင္မေလးေတြရိွသည္။
" သခင္ေလးကင္မ္ထယ္ေယာင္းကို အဆင္ေျပေအာင္ ျပင္ဆင္ေပးလိုက္ၾကပါ "
" ဟုတ္ကဲ့ပါ ကိုယ္ရံေတာ္ဆိုဟြန္း "
ဆိုဟြန္းမွ အခန္းထဲကထြက္သြားသည္။ ကြၽန္ေတာ့္ကို နန္းတြင္းသူေတြက အ၀တ္ေတြအတင္းခြၽတ္ေနသည္။ ကြၽန္ေတာ္ ေရွာ့ရသြားရသည္။ ဘာလားေပါ့....။
" မင္းတို႔ငါ့ကိုဘာလုပ္ေနၾကတာလဲ..ဖယ္ၾက "
" ၀တ္ရံုေတာ္လဲေပးမလို႔ပါ သခင္ေလး.. "
သူတို႔အ၀တ္လဲမယ္ဆိုလဲ ကြၽန္ေတာ္ကိုေျပာေရာေပါ့ ဘယ့္ႏွယ့္ မသိရင္....ထားလိုက္ပါေတာ့။
" အ၀တ္ငါ့ကိုေပး ငါ့ဘာသာငါလဲမယ္ "
" ဟုတ္ကဲ့ပါသခင္ေလး "
ထိုအခါ အခန္းထဲမွ နန္းတြင္းသူေတြထြက္သြားၾကသည္။ ကြၽန္ေတာ္လည္းသူတို႔ထြက္သြားတဲ့အခ်ိန္မွ အ၀တ္ျမန္ျမန္လဲရေတာ့သည္။ ေတာ္ေသးတယ္ အ၀တ္လဲၿပီး ခဏအၾကာမျွပန္၀င္လာၾကလို႔။
နန္းတြင္းသူေတြက ကြၽန္ေတာ့္ကို ဘာေတြမွန္းမသိလိမ္းေပးေနၾကသည္။ ထင္တာကေတာ့ မိတ္ကပ္ပဲေနမယ္။
ေနာက္ၿပီး ဆံပင္ကိုၿဖီးေပးၿပီး ဆံထိုးေတြလား ဘာေတြလဲမသိ လုပ္ေပးေသးသည္။
ခဏအၾကာသူတို႔ ကြၽန္ေတာ္ကို မွန္နဲ႔တူတဲ့ ေၾကးမံုျပင္တစ္ခုကိုလာျပသည္။ ကြၽန္ေတာ္လည္းၾကည့္လိုက္ေတာ့ ဘယ္ဆိုးလို႔လဲ ကြၽန္ေတာ္ပိုေခ်ာသြားတာပဲ။ ဒါနဲ႔ ကြၽန္ေတာ့္ကိုေခါင္းျဖတ္မလို႔မဟုတ္လား ဘာလို႔ဒီလိုေတျြပင္ေပးေနရတာလဲ။ ဒါမွမဟုတ္ ဒါသူတို႔ရဲ့ရိုးရာလား။
ေတြးလို႔ေတာင္မဆံုးေသး ကြၽန္ေတာ့္အေဖဆိုတဲ့ အဖိုးႀကီးက ကြၽန္ေတာ္ လာေခၚသည္။ ကြၽန္ေတာ္လည္း အဲ့အဖိုးႀကီးအေနာက္ဘုမသိဘမသိ လိုက္သြားရသည္။
သိပ္မၾကာလိုက္ စစ္သည္ေတာ္ႏွစ္ေယာက္ရပ္ေနတဲ့ အခန္းအေရ႔ွသို႔ေရာက္လာသည္။
စစ္သည္ေတာ္ႏွစ္ေယာက္ထဲက တစ္ေယာက္က....
" အမတ္ကင္မ္ ဘာကိစၥရိွလို႔ပါလဲ "
" မင္းႀကီးနဲ႔ ေတြ့ဖို႔ကိစၥရိွလို႔ပါ... "
မင္းႀကီးဆိုတဲ့စကားေၾကာင့္ ရင္ထဲမွာလိပ္ျပာေတြပ်ံသြားရသည္။ တကယ္ေခါင္းျဖတ္ခံရေတာ့မယ္ ထင္တယ္။
စစ္သည္ေတာ္တစ္ေယာက္က အခန္းထဲ၀င္ၿပီး ျပန္ထြက္လာသည္။ ၾကည့္ရတာ မင္းႀကီးကိုအေၾကာင္းသြားၾကားတာ ေနမယ္။
" ၀င္လို႔ရပါၿပီ အမတ္ကင္မ္ "
ကြၽန္ေတာ္လည္း ေၾကာက္ၿပီး အခန္းထဲကို ေခါင္းငံုကာ ဟိုအဖိုးႀကီးနဲ႔အတူ ၀င္သြားလိုက္သည္။ မင္းႀကီးကိုလဲမျမင္ခ်င္သလို ေၾကာက္လဲေၾကာက္သည္။
" မင္းႀကီး...ကြၽန္ေတာ္မ်ိဳး ၾကင္ယာေတာ္ကင္မ္ကိုရွာေတြ့ပါၿပီ... "
ေဘးကအဖိုးႀကီးဘာေျပာတာလဲဂရုမစိုက္ႏိုင္ ေခါင္းကိုအေသငံု႔ထားသည္။ မင္းႀကီးက ကြၽန္ေတာ့္ကို ေခါင္းျဖတ္ဖို႔အမိန္႔ေပးေတာ့မွာမလား။
" ဒါနဲ႔ အမတ္ကင္မ္ကို ငါကိုယ္ေတာ္ ကိုယ္တိုင္ရွာမယ္လို႔ ေျပာထားတယ္မဟုတ္ဘူးလား!! "
" ဒါ...ဒါေပမဲ့ မင္းႀကီး "
ကြၽန္ေတာ္ မင္းႀကီးရဲ့အသံေၾကာင့္ နည္းနည္းေၾကာင္သြားရသည္။ ကြၽန္ေတာ္ဒီအသံကို ရင္းရင္းႏွီးႏွီးၾကားဖူးၿပီးသားပါ..။ တကယ္ကိုၾကားဖူးတာ..။
ကြၽန္ေတာ္လဲ မေနႏိုင္ပဲ သိခ်င္စိတ္နဲ႔ မင္းႀကီးရိွရာ ပလႅင္ထက္ကို လွမ္းၾကည့္လိုက္ေတာ့ မ်က္လံုးအစံုျပဴးတက္သြားရသည္...။
" ဂြၽန္ ေဂ်ာင္ ကု..!!!! "
ကြၽန္ေတာ္အားရပါးရ အံၾသလြန္းစြာ ေအာ္ခ်လိုက္သည္။ တ...တကယ္ ေဂ်ာင္ကုပဲလား!!
အေဖျဖစ္သူ အဖိုးႀကီးမွာ မ်က္လံုးျပဴးကာ ကြၽန္ေတာ့္ကိုတစ္ခ်က္ရိုက္ၿပီး...
" မင္းႀကီးေရ႔ွမွာ ဘယ္လိုမရိုမေသျပဳမူရတာလဲ!!!.. ခ်က္ခ်င္းေတာင္းပန္စမ္း!! ကြၽန္ေတာ္မ်ိဳးအျပစ္ေတြပါ ကြၽန္ေတာ္မ်ိဳးေသသင့္ပါတယ္မင္းႀကီး!!! "
ဟိုအဖိုးႀကီးက ေျမၾကီးထဲ၀င္မတက္ ထိုင္ကန္ေတာ့ေနေပမဲ့ ကြၽန္ေတာ္ကေတာ့ အံၾသေနတုန္း...။ တကယ့္ေဂ်ာင္ကုလား။ ဒါမွမဟုတ္ ရုပ္ဆင္တဲ့သူတစ္ေယာက္လား။ ဒါမွမဟုတ္ တကယ္ပဲ မင္းႀကီးက ေဂ်ာင္ကုလား...!! ။
" အမတ္ကင္မ္ အခန္းထဲကေန ထြက္သြားေပးပါ "
" ကြၽန္ေတာ္မ်ိဳးသားေလးကို အျပစ္မျမင္ပါနဲ႔မင္းႀကီး!! ဒါေတြက ကြၽန္ေတာ့္အျပစ္.. "
" ငါကိုယ္ေတာ္ ထြက္သြားလို႔ေျပာေနတယ္!!! "
" အ..အမိန္႔ေတာ္အတိုင္းပါ "
ထိုအဖိုးႀကီးလည္း အခန္းထဲမွထြက္သြားရွာသည္။
အခန္းထဲမွာ က်န္ခဲ့သည္က ကြၽန္ေတာ္နဲ႔ မင္ႀကီးလား ေဂ်ာင္ကုလားမသိတဲ့လူနဲ႔ ႏွစ္ေယာက္တည္း။
မင္းႀကီးဆိုေသာ ေဂ်ာင္ကုနဲ႔တူတဲ့လူက ကြၽန္ေတာ့္ကို ၾကည့္ကာ ပလႅင္ေပၚကေနဆင္းလာၿပီး...
" ၾကင္ယာေတာ္ကင္မ္.... "
_________________________
Suprise ျဖစ္ၾကမယ္ ထင္သလိုလိုမထင္သလိုလိုပါပဲ🤒
မေန့ကလည္းအပ္ေပးသလို ဒီေန့လည္းထပ္အပ္ေပးတယ္ေနာ္💃🏻
ဘယ္လိုလဲ မႀကိဳက္ၾကဘူးမလား🖐🏻
---------------------
𝑻𝒉𝒂𝒏𝒌 𝒚𝒐𝒖 𝒔𝒐 𝒎𝒖𝒄𝒉 𝒂𝒍𝒍
---------------------
✍︎ ကင္မ္ဘယ္ရီ🍒
---------------------