𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕�...

By JeonTae__Gic

14.2K 1K 49

Kim Taehyung ဆိုတဲ့ဂနာမငြိမ်စွာတေးလန်တစ်ယောက် မိဘတွေရဲ့သဘောတူညီမှုတစ်ခုကြောင့် သူတစ်ခါမှမမြင်ဘူးတဲ့ လူတစ်ယောက... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23}
{24}
Final

{9}

499 37 1
By JeonTae__Gic

" ဒီနားမှာလူရှိကြလား.....!!!! "

ကျွန်တော်အော်ခေါ်နေပါသော်လည်း ဘာသံမှမကြားရ။ အခုဆိုကျွန်တော်ရေထဲမှာနေတာ 2နာရီလောက်ရှိပြီ။ ကုန်းပေါ်တက်ချင်ပေမဲ့ အ၀တ်အစားတွေကမှမရှိ။ ပြန်တွေးကကြည့်ရင် ဟိုတော၀က်ကိုပဲဒေါသထွက်မိတယ်။ အဲ့၀က်ကြောင့်သာမဟုတ်ရင် ကျွန်တော်အိမ်ကိုပြန်ရောက်နေလောက်ပြီပေါ့ ။

" အာ...ချမ်းလိုက်တာ "

တစ်ဖြေးဖြေး လေးအေးတွေကတိုက်ခက်လာတော့တယ်။ ဒီလိုနဲ့ပဲ ကျွန်တော်ရေထဲမှာကြာကြာနေရင်း လေဖြတ်ပြီးသေသွားရင် ဒုတ္ခ။ လေဖြတ်ရင်ပါးတွေရွဲ့ ပြီးရုပ်ဆိုးဆိုးကြီးဖြစ်နေမှာ။ ဒါတော့လက်မခံနိုင်ပါဘူး ကျွန်တော်က စောက်ချောကြီးမလားး။

ဒီတောထဲမှာအကူအညီတောင်းရမယ်သူတောင် မရှိဘူး။ ဂျောင်ကုတော့ရှိပါတယ်။ ဒါပေမဲ့သူ့ကိုစောင့်ရင် လေဖြတ်ပြီး မာလကီးယားးတန်းဖြစ်သွားမှာ ပြောစရာကိုမလို။ တကယ်ရူးချင်တာပါပဲ....။

" ရား...!!!ကယ်ကြပါအုံး..!! "

အခုအချိန် ကျွန်တော့် ကိုယ်စောင့်နတ်ဆိုတဲ့ အဖိုးကြီးလဲဘယ်မှာသေနေလဲမသိ။ တကယ်ဒုတ္ခရောက်နေတော့ လာမကယ်ဘူး ဟင်း...။

" လူရှိလား...!!ကယ်ကြပါအုန်း "

ကျွန်တော်အော်နေရင်း အ၀ေးတစ်နေရာကနေပြေးလာတဲ့လူတစ်ယောက်ကိုတွေ့လိုက် ရသည်။ ကျွန်တော်ဆီကို ပြေးလာတာထင်တယ်။ တစ်ဖြေးဖြေးနီးလာတော့ ကျွန်တော်ထိုလူကိုသေချာကြည့်မိသည်။ နောက်မှထင်ထင်ရှားရှားတွေ့လိုက်ရပါသော.....

" ဂျောင်ကု!!.. "

" ထယ်ယောင်း!!...ရေနစ်နေတာလား "

ဂျောင်ကုမှစိုးရိမ်နေတဲ့ လေသံနဲ့ကျွန်တော့်ကိုလာမေးသည်။ တော်ပါသေးတယ် သူဒီနေ့ပြန်လာတာစောလို့ ။

" ရေနစ်နေတာမဟုတ်ဘူး... ဟို... "

ကျွန်တော်ဂျောင်ကုကို ဖြစ်တဲ့ကြောင်း ပြောပြဖို့ နည်းနည်းမျက်နှာပူမိသည်။

" ပြောလေ...ဘာဖြစ်တာလဲ "

" ဟို...ကျွန်တော်ရေချိုးနေတုန်း အကျီတွေကို တော၀က်တစ်ကောင် လာဆွဲသွားတာ အခု၀တ်စရာမရှိတော့ဘူး ကူညီပါအုန်းဂျောင်ကု "

ပြောပြီးသည်နှင့် ဂျောင်ကုကိုကြည့်ပြီး သနားစရာမျက်နာမျိုးလေး လုပ်ပြလိုက်သည်။ ဒါပေမဲ့ ဂျောင်ကုကတော့ ကျွန်တော်ကိုကြည့်ပြီးပြုံးစိစိဖြင့်...။ ရုပ်ကိုက လူယုတ်မာရုပ်နဲ့။

" ဘာတွေပြုံးစိစိလုပ်နေတာလည်း ရေထဲမှာနေရတဲ့လူကိုလည်းသနားပါအုန်း လေဖြတ်ပြီးသေတော့မယ် "

" ခဏလေးနေအုန်း.. "

ဂျောင်ကုမှ သူ့ရဲ့ အပေါ်အကျီကိုချွတ်လိုက်သည်။ ဒီလူဘာတွေလုပ်နေတာလည်း...။

" ရားးရားး....ခင်ဗျား အကျီတွေချွတ်ပြီးဘာလုပ်မလို့လဲ... မဟုတ်တာတစ်ခုခု လုပ်မယ်မကြံနဲ့နော် ကျွန်တော့်အကြောင်းပြလိုက်ရမလား "

" ရော့... "

ဂျောင်ကုမှ ကျွန်တော့်ကို သူ့ရဲ့အပေါ်အကျီအားလာပေးသည်။

" ဘာလဲ...ကျွန်တော်က ခင်ဗျားရဲ့ အပေါ်အကျီ ကို၀တ်ထားရမှာလား...ဒါပေမဲ့ ဒါကပါးကလည်းပါးသေးတယ် နောက်ပြီးတိုကလည်းတိုတယ် "

" မင်းမ၀တ်ချင်လဲရတယ်... ဒါပဲ၀တ်စရာရှိတာမို့ "

ကျွန်တော် ဒီအချိန်မှာ ဂျီးများနေလို့မဖြစ်။ မဟုတ်ရင် လေဖြတ်သွားနိုင်ခြေများတယ်။

" ပြီးရော...ခင်ဗျားဟိုကျောက်တုံးနားသွားပြီး အနောက်လှည့်နေ "

ဂျောင်ကုလည်း ကျွန်တော်ပြောတဲ့အတိုင်း ကျောက်တုံးနားကိုသွားကာ အနောက်လှည့်နေသည်။ ထိုအခါမှ ကျွန်တော်ရေထဲမှ တက်လာကာ ဂျောင်ကုရဲ့အပေါ်အကျီကို သေသေချာချာ၀တ်လိုက်သည်။

ဒါပေမယ့်အဆင်မပြေ။ အကျီက ပေါင်လယ်လောက်အထိ တိုနေပြီး ပါးပါးလေးရယ်။ ဒါပေမဲ့လည်း ကျွန်တော် အောင့်အီးပြီး၀တ်လိုက်ရပါတယ်။

" ဂျောင်ကုရပြီ...သွားကြမယ် "

ဂျောင်ကုမှ ကျွန်တော်ကိုလှည့်ကြည့်ကာ ရှော့ရသွားသည့်ဟန် ။ သူကြည့်နေတာ ကျွန်တော့်ရဲ့ အောက်ပိုင်းကို။

" မင်းဘာလို့ ဒီလောက်တောင် တိုနေရတာလဲ.. "

" ရားးးး!!! ခင်ဗျားဘာပြောတာ!! "

" အကျီကိုပြောတာ...အကျီတိုတာကို "

ကျွန်တော် ဂျောင်ကုကိုမျက်စောင်းလှလှလေး ပစ်ကျွေးလိုက်သည်။ စကားကို ရှင်းအောင်မပြောဘူး...။

" ခင်ဗျားရဲ့ အပေါ်အကျီကတိုနေတာကိုး...လာပါ အိမ်မြန်မြန်ပြန်ရအောင် ကျွန်တော်အေးနေပြီ "

" အော်...အင်း..အင်း.. "

ကျွန်တော်လည်း အပေါ်မလုံ အောက်မလုံနဲ့ မလုံတဲ့နေရာကို လက်ကလေး ကာထားပြီး ဂျောင်ကုနဲ့အတူ အိမ်ကိုမြန်မြန်ပြန်လာခဲ့သည်။
အိမ်ရောက်တော့ ဂျောင်ကုက သူ့အခန်းထဲ၀င်သွားသည်။

" ရား...ဂျောင်ကု...ကျွန်တော့်အတွက်လဲစရာ အ၀တ်တစ်ခုလောက် ပေးဗျာ.. "

ကျွန်တော်အော်လိုက်ပေမဲ့ ဂျောင်ကုကတော့ အခန်းထဲကနေ အသံတောင်မကြား..။ ခဏအကြာ ဂျောင်ကု တစ်ခုခုကိုကိုင်ပြီး သူ့အခန်းထဲကထွက်လာသည်။

" ဒါ၀တ်လိုက် "

ဂျောင်ကုက ကျွန်တော့်ကို ခရမ်းရောင်၀တ်စုံတစ်ခုပေးသည်။ အကျီက နန်းတွင်းကားတွေထဲကလို မျိုးရိုးမြင့်တွေပဲ ၀တ်တဲ့ ၀တ်စုံနဲ့ ပုံစံတူသည်။

" ဂျောင်ကု ဒီ၀တ်စုံက မျိုးရိုးမြင့်တွေ၀တ်တဲ့ ၀တ်စုံနဲ့တူတယ်...ဒါနဲ့ ဒီ၀တ်ရုံကို ခင်ဗျား ဘယ်ကရတာလဲ "

ကျွန်တော်ပြောလိုက်တော့ဂျောင်ကု ကျွန်တော့်ဆီကနေ အကြည့်လွှဲသွားသည်။ ကျွန်တော်တောင်နည်းနည်း ကြောင်သွားရသည်။

" ဒါ..ဒါမှမဟုတ် ခင်ဗျား တစ်ယောက်ယောက်ဆီကနေ ခိုးလာတာလား.. "

" ဘာတွေပြောနေတာလဲ...ချမ်းပြီး တုန်တောင်တုန်နေပြီ...အ၀တ်အစားအမြန်သွားလဲလိုက်တော့ "

ဂျောင်ကုမှ ကျွန်တော့်အခန်းထဲကို အတင်းပို့ပြီး အ၀တ်လဲရန်ပြောကာ အပြင်ထွက်သွားသည်။ ကျွန်တော်လည်း ဘာမှတွေးမနေတော့ဘဲ ဂျောင်ကုပေးတဲ့၀တ်စုံကို အမြန်ပြောင်း၀တ်လိုက်တယ်။

အ၀တ်လဲပြီး ကိုယ့်ပုံစံကိုယ် မှန်ထဲပြန်ကြည့်လိုက်တော့ ဘယ်ဆိုးလို့လဲ ကျွန်တော်ချောသားပဲ။ ဂျောင်ကုပေးတဲ့ခရမ်းရောင် ၀တ်စုံနဲ့ ကျွန်တော်ရဲ့ ဆံပင်ရှည်တွေနဲ့က အရမ်းလိုက်ဖက်မှုရှိတယ်။ နောက်ပြီး ကျွန်တော်ရဲ့ မျက်နှာလေးနဲ့ရောပေါ့။

ကျွန်တော်လည်း မှန်ကြည့်ပြီး တော်တော်လေပေါ်ရောက်သွားသည်။ ကျွန်တော် အခန်းထဲမှ ထွက်ကာ ဂျောင်ကုကိုရှာတော့မတွေ့ ။ အိမ်အနောက်ဘက်သို့ လျှောက်လာတော့မှ တွေ့ပါပြီ စတော်ဘယ်ရီခင်းကို ရေလောင်းနေပါသော ဂျောင်ကု။

" ဂျောင်ကု... "

ကျွန်တော် ခေါ်လိုက်တော့ ဂျောင်ကုကကျွန်တော့်ကို တောက်ပတဲ့မျက်လုံးလေးများနှင့် ကြည့်ကာ ပြုံးပြသည်။ ဂျောင်ကုအပြုံးသည် အရင်နေ့တွေတုန်းကအပြုံးတွေနဲ့ လုံး၀မတူပဲ နူးညံမှုတွေပါနေသည်။ ကျွန်တော့်ရင်ထဲမှာတောင် အနွေးဓာတ်လေး ဖြတ်ပြေးသွားသည်။

" မဆိုးပါဘူး...မင်းနဲ့လိုက်တယ် "

ဂျောင်ကုစကားကြောင့် ကျွန်တော့်မှာ နည်းနည်းတောင်ရှက်မိသွားသည်။

" အဟမ်း....ဂျောင်ကု ကျွန်တော်လဲကူညီပေးမယ်လေ... စတော်ဘယ်ရီခင်းကိုရေလောင်းနေတာလား "

" မလိုပါဘူး...မင်းဘာသာသွားနားနေစမ်းပါ "

" မရဘူးဗျာ...ကျွန်တော်ကူညီပေးမယ် ဘာလုပ်ပေးရမလဲ "

ဂျောင်ကုလည်း ပြောလို့မရတဲ့ ကျွန်တော့်ကို လက်လျှော့သွားသည့်ပုံဖြင့် စတော်ဘယ်ရီခင်းကို ရေလောင်းခိုင်းသည်။ နောက်ပြီး စတော်ဘယ်ရီ ခင်းကိုဘယ်လို ဂရုစိုက်ပြီး ပျိုးထောင်ရမယ်ဆိုတဲ့ အကြောင်းလဲ ကျွန်တော့်ကိုသင်ပေးတယ်။ ဒီလိုကျတော့လည်း ဂျောင်ကုက ကျွန်တော့်ရဲ့ လေးစားရလောက်တဲ့ စီနီယာတစ်ယောက်လိုပဲ။ ပြီးတော့ အရမ်းလည်း ကြည့်ကောင်းတယ်။

ဂျောင်ကုရဲ့ အခုလို ပုံစံလေးကို ကျွန်တော် သဘောကျတယ်။

________________________

ဒီအပိုင်းတိုသွားတယ်ထင်တယ်🤧
နောက်အပိုင်းမှာ Supriseတိုက်မယ်နော်👀
တိုက်စရာလဲမလိုပါဘူး သိပြီးသားဖြစ်ကြမှာပါ🚶‍♀️
အဲ့တော့ နောက်အပိုင်းဆက်စောင့်ကြ....

---------------------
𝑻𝒉𝒂𝒏𝒌 𝒚𝒐𝒖 𝒔𝒐 𝒎𝒖𝒄𝒉 𝒂𝒍𝒍
---------------------
✍︎  ကင်မ်ဘယ်ရီ🍒
---------------------

Zawgi



" ဒီနားမွာလူရိွၾကလား.....!!!! "

ကြၽန္ေတာ္ေအာ္ေခၚေနပါေသာ္လည္း ဘာသံမွမၾကားရ။ အခုဆိုကြၽန္ေတာ္ေရထဲမွာေနတာ 2နာရီေလာက္ရိွၿပီ။ ကုန္းေပၚတက္ခ်င္ေပမဲ့ အ၀တ္အစားေတြကမွမရိွ။ ျပန္ေတြးကၾကည့္ရင္ ဟိုေတာ၀က္ကိုပဲေဒါသထြက္မိတယ္။ အဲ့၀က္ေၾကာင့္သာမဟုတ္ရင္ ကြၽန္ေတာ္အိမ္ကိုျပန္ေရာက္ေနေလာက္ၿပီေပါ့ ။

" အာ...ခ်မ္းလိုက္တာ "

တစ္ေျဖးေျဖး ေလးေအးေတြကတိုက္ခက္လာေတာ့တယ္။ ဒီလိုနဲ႔ပဲ ကြၽန္ေတာ္ေရထဲမွာၾကာၾကာေနရင္း ေလျဖတ္ၿပီးေသသြားရင္ ဒုတၡ။ ေလျဖတ္ရင္ပါးေတြရြဲ႔ ၿပီးရုပ္ဆိုးဆိုးႀကီးျဖစ္ေနမွာ။ ဒါေတာ့လက္မခံႏိုင္ပါဘူး ကြၽန္ေတာ္က ေစာက္ေခ်ာႀကီးမလားး။

ဒီေတာထဲမွာအကူအညီေတာင္းရမယ္သူေတာင္ မရိွဘူး။ ေဂ်ာင္ကုေတာ့ရိွပါတယ္။ ဒါေပမဲ့သူ႔ကိုေစာင့္ရင္ ေလျဖတ္ၿပီး မာလကီးယားးတန္းျဖစ္သြားမွာ ေျပာစရာကိုမလို။ တကယ္ရူးခ်င္တာပါပဲ....။

" ရား...!!!ကယ္ၾကပါအံုး..!! "

အခုအခ်ိန္ ကြၽန္ေတာ့္ ကိုယ္ေစာင့္နတ္ဆိုတဲ့ အဖိုးႀကီးလဲဘယ္မွာေသေနလဲမသိ။ တကယ္ဒုတၡေရာက္ေနေတာ့ လာမကယ္ဘူး ဟင္း...။

" လူရိွလား...!!ကယ္ၾကပါအုန္း "

ကြၽန္ေတာ္ေအာ္ေနရင္း အဝေးတစ္ေနရာကေနေျပးလာတဲ့လူတစ္ေယာက္ကိုေတြ့လိုက္ ရသည္။ ကြၽန္ေတာ္ဆီကို ေျပးလာတာထင္တယ္။ တစ္ေျဖးေျဖးနီးလာေတာ့ ကြၽန္ေတာ္ထိုလူကိုေသခ်ာၾကည့္မိသည္။ ေနာက္မွထင္ထင္ရွားရွားေတြ့လိုက္ရပါေသာ.....

" ေဂ်ာင္ကု!!.. "

" ထယ္ေယာင္း!!...ေရနစ္ေနတာလား "

ေဂ်ာင္ကုမွစိုးရိမ္ေနတဲ့ ေလသံနဲ႔ကြၽန္ေတာ့္ကိုလာေမးသည္။ ေတာ္ပါေသးတယ္ သူဒီေန့ျပန္လာတာေစာလို႔ ။

" ေရနစ္ေနတာမဟုတ္ဘူး... ဟို... "

ကြၽန္ေတာ္ေဂ်ာင္ကုကို ျဖစ္တဲ့ေၾကာင္း ေျပာျပဖို႔ နည္းနည္းမ်က္ႏွာပူမိသည္။

" ေျပာေလ...ဘာျဖစ္တာလဲ "

" ဟို...ကြၽန္ေတာ္ေရခ်ိဳးေနတုန္း အက်ီေတြကို ေတာ၀က္တစ္ေကာင္ လာဆြဲသြားတာ အခု၀တ္စရာမရိွေတာ့ဘူး ကူညီပါအုန္းေဂ်ာင္ကု "

ေျပာၿပီးသည္ႏွင့္ ေဂ်ာင္ကုကိုၾကည့္ၿပီး သနားစရာမ်က္နာမ်ိဳးေလး လုပ္ျပလိုက္သည္။ ဒါေပမဲ့ ေဂ်ာင္ကုကေတာ့ ကြၽန္ေတာ္ကိုၾကည့္ၿပီးၿပံဳးစိစိျဖင့္...။ ရုပ္ကိုက လူယုတ္မာရုပ္နဲ႔။

" ဘာေတြၿပံဳးစိစိလုပ္ေနတာလည္း ေရထဲမွာေနရတဲ့လူကိုလည္းသနားပါအုန္း ေလျဖတ္ၿပီးေသေတာ့မယ္ "

" ခဏေလးေနအုန္း.. "

ေဂ်ာင္ကုမွ သူ႔ရဲ့ အေပၚအက်ီကိုခြၽတ္လိုက္သည္။ ဒီလူဘာေတြလုပ္ေနတာလည္း...။

" ရားးရားး....ခင္ဗ်ား အက်ီေတြခြၽတ္ၿပီးဘာလုပ္မလို႔လဲ... မဟုတ္တာတစ္ခုခု လုပ္မယ္မႀကံနဲ႔ေနာ္ ကြၽန္ေတာ့္အေၾကာင္းျပလိုက္ရမလား "

" ေရာ့... "

ေဂ်ာင္ကုမွ ကြၽန္ေတာ့္ကို သူ႔ရဲ့အေပၚအက်ီအားလာေပးသည္။

" ဘာလဲ...ကြၽန္ေတာ္က ခင္ဗ်ားရဲ့ အေပၚအက်ီ ကို၀တ္ထားရမွာလား...ဒါေပမဲ့ ဒါကပါးကလည္းပါးေသးတယ္ ေနာက္ၿပီးတိုကလည္းတိုတယ္ "

" မင္းမ၀တ္ခ်င္လဲရတယ္... ဒါပဲ၀တ္စရာရိွတာမို႔ "

ကြၽန္ေတာ္ ဒီအခ်ိန္မွာ ဂ်ီးမ်ားေနလို႔မျဖစ္။ မဟုတ္ရင္ ေလျဖတ္သြားႏိုင္ေျခမ်ားတယ္။

" ၿပီးေရာ...ခင္ဗ်ားဟိုေက်ာက္တံုးနားသြားၿပီး အေနာက္လွည့္ေန "

ေဂ်ာင္ကုလည္း ကြၽန္ေတာ္ေျပာတဲ့အတိုင္း ေက်ာက္တံုးနားကိုသြားကာ အေနာက္လွည့္ေနသည္။ ထိုအခါမွ ကြၽန္ေတာ္ေရထဲမွ တက္လာကာ ေဂ်ာင္ကုရဲ့အေပၚအက်ီကို ေသေသခ်ာခ်ာ၀တ္လိုက္သည္။

ဒါေပမယ့္အဆင္မေျပ။ အက်ီက ေပါင္လယ္ေလာက္အထိ တိုေနၿပီး ပါးပါးေလးရယ္။ ဒါေပမဲ့လည္း ကြၽန္ေတာ္ ေအာင့္အီးၿပီး၀တ္လိုက္ရပါတယ္။

" ေဂ်ာင္ကုရၿပီ...သြားၾကမယ္ "

ေဂ်ာင္ကုမွ ကြၽန္ေတာ္ကိုလွည့္ၾကည့္ကာ ေရွာ့ရသြားသည့္ဟန္ ။ သူၾကည့္ေနတာ ကြၽန္ေတာ့္ရဲ့ ေအာက္ပိုင္းကို။

" မင္းဘာလို႔ ဒီေလာက္ေတာင္ တိုေနရတာလဲ.. "

" ရားးးး!!! ခင္ဗ်ားဘာေျပာတာ!! "

" အက်ီကိုေျပာတာ...အက်ီတိုတာကို "

ကြၽန္ေတာ္ ေဂ်ာင္ကုကိုမ်က္ေစာင္းလွလွေလး ပစ္ေကြၽးလိုက္သည္။ စကားကို ရွင္းေအာင္မေျပာဘူး...။

" ခင္ဗ်ားရဲ့ အေပၚအက်ီကတိုေနတာကိုး...လာပါ အိမ္ျမန္ျမန္ျပန္ရေအာင္ ကြၽန္ေတာ္ေအးေနၿပီ "

" ေအာ္...အင္း..အင္း.. "

ကြၽန္ေတာ္လည္း အေပၚမလံု ေအာက္မလံုနဲ႔ မလံုတဲ့ေနရာကို လက္ကေလး ကာထားၿပီး ေဂ်ာင္ကုနဲ႔အတူ အိမ္ကိုျမန္ျမန္ျပန္လာခဲ့သည္။
အိမ္ေရာက္ေတာ့ ေဂ်ာင္ကုက သူ႔အခန္းထဲ၀င္သြားသည္။

" ရား...ေဂ်ာင္ကု...ကြၽန္ေတာ့္အတြက္လဲစရာ အ၀တ္တစ္ခုေလာက္ ေပးဗ်ာ.. "

ကြၽန္ေတာ္ေအာ္လိုက္ေပမဲ့ ေဂ်ာင္ကုကေတာ့ အခန္းထဲကေန အသံေတာင္မၾကား..။ ခဏအၾကာ ေဂ်ာင္ကု တစ္ခုခုကိုကိုင္ၿပီး သူ႔အခန္းထဲကထြက္လာသည္။

" ဒါ၀တ္လိုက္ "

ေဂ်ာင္ကုက ကြၽန္ေတာ့္ကို ခရမ္းေရာင္၀တ္စံုတစ္ခုေပးသည္။ အက်ီက နန္းတြင္းကားေတြထဲကလို မ်ိဳးရိုးျမင့္ေတြပဲ ၀တ္တဲ့ ၀တ္စံုနဲ႔ ပံုစံတူသည္။

" ေဂ်ာင္ကု ဒီ၀တ္စံုက မ်ိဳးရိုးျမင့္ေတြ၀တ္တဲ့ ၀တ္စံုနဲ႔တူတယ္...ဒါနဲ႔ ဒီ၀တ္ရံုကို ခင္ဗ်ား ဘယ္ကရတာလဲ "

ကြၽန္ေတာ္ေျပာလိုက္ေတာ့ေဂ်ာင္ကု ကြၽန္ေတာ့္ဆီကေန အၾကည့္လႊဲသြားသည္။ ကြၽန္ေတာ္ေတာင္နည္းနည္း ေၾကာင္သြားရသည္။

" ဒါ..ဒါမွမဟုတ္ ခင္ဗ်ား တစ္ေယာက္ေယာက္ဆီကေန ခိုးလာတာလား.. "

" ဘာေတြေျပာေနတာလဲ...ခ်မ္းၿပီး တုန္ေတာင္တုန္ေနၿပီ...အ၀တ္အစားအျမန္သြားလဲလိုက္ေတာ့ "

ေဂ်ာင္ကုမွ ကြၽန္ေတာ့္အခန္းထဲကို အတင္းပို႔ၿပီး အ၀တ္လဲရန္ေျပာကာ အျပင္ထြက္သြားသည္။ ကြၽန္ေတာ္လည္း ဘာမွေတြးမေနေတာ့ဘဲ ေဂ်ာင္ကုေပးတဲ့၀တ္စံုကို အျမန္ေျပာင္း၀တ္လိုက္တယ္။

အ၀တ္လဲၿပီး ကိုယ့္ပံုစံကိုယ္ မွန္ထဲျပန္ၾကည့္လိုက္ေတာ့ ဘယ္ဆိုးလို႔လဲ ကြၽန္ေတာ္ေခ်ာသားပဲ။ ေဂ်ာင္ကုေပးတဲ့ခရမ္းေရာင္ ၀တ္စံုနဲ႔ ကြၽန္ေတာ္ရဲ့ ဆံပင္ရွည္ေတြနဲ႔က အရမ္းလိုက္ဖက္မႈရိွတယ္။ ေနာက္ၿပီး ကြၽန္ေတာ္ရဲ့ မ်က္ႏွာေလးနဲ႔ေရာေပါ့။

ကြၽန္ေတာ္လည္း မွန္ၾကည့္ၿပီး ေတာ္ေတာ္ေလေပၚေရာက္သြားသည္။ ကြၽန္ေတာ္ အခန္းထဲမွ ထြက္ကာ ေဂ်ာင္ကုကိုရွာေတာ့မေတြ့ ။ အိမ္အေနာက္ဘက္သို႔ ေလ်ွာက္လာေတာ့မွ ေတြ့ပါၿပီ စေတာ္ဘယ္ရီခင္းကို ေရေလာင္းေနပါေသာ ေဂ်ာင္ကု။

" ေဂ်ာင္ကု... "

ကြၽန္ေတာ္ ေခၚလိုက္ေတာ့ ေဂ်ာင္ကုကကြၽန္ေတာ့္ကို ေတာက္ပတဲ့မ်က္လံုးေလးမ်ားႏွင့္ ၾကည့္ကာ ၿပံဳးျပသည္။ ေဂ်ာင္ကုအၿပံဳးသည္ အရင္ေန့ေတြတုန္းကအၿပံဳးေတြနဲ႔ လံုး၀မတူပဲ ႏူးညံမႈေတြပါေနသည္။ ကြၽန္ေတာ့္ရင္ထဲမွာေတာင္ အေနြးဓာတ္ေလး ျဖတ္ေျပးသြားသည္။

" မဆိုးပါဘူး...မင္းနဲ႔လိုက္တယ္ "

ေဂ်ာင္ကုစကားေၾကာင့္ ကြၽန္ေတာ့္မွာ နည္းနည္းေတာင္ရွက္မိသြားသည္။

" အဟမ္း....ေဂ်ာင္ကု ကြၽန္ေတာ္လဲကူညီေပးမယ္ေလ... စေတာ္ဘယ္ရီခင္းကိုေရေလာင္းေနတာလား "

" မလိုပါဘူး...မင္းဘာသာသြားနားေနစမ္းပါ "

" မရဘူးဗ်ာ...ကြၽန္ေတာ္ကူညီေပးမယ္ ဘာလုပ္ေပးရမလဲ "

ေဂ်ာင္ကုလည္း ေျပာလို႔မရတဲ့ ကြၽန္ေတာ့္ကို လက္ေလ်ွာ့သြားသည့္ပံုျဖင့္ စေတာ္ဘယ္ရီခင္းကို ေရေလာင္းခိုင္းသည္။ ေနာက္ၿပီး စေတာ္ဘယ္ရီ ခင္းကိုဘယ္လို ဂရုစိုက္ၿပီး ပ်ိဳးေထာင္ရမယ္ဆိုတဲ့ အေၾကာင္းလဲ ကြၽန္ေတာ့္ကိုသင္ေပးတယ္။ ဒီလိုက်ေတာ့လည္း ေဂ်ာင္ကုက ကြၽန္ေတာ့္ရဲ့ ေလးစားရေလာက္တဲ့ စီနီယာတစ္ေယာက္လိုပဲ။ ၿပီးေတာ့ အရမ္းလည္း ၾကည့္ေကာင္းတယ္။

ေဂ်ာင္ကုရဲ့ အခုလို ပံုစံေလးကို ကြၽန္ေတာ္ သေဘာက်တယ္။

________________________

ဒီအပိုင္းတိုသြားတယ္ထင္တယ္🤧
ေနာက္အပိုင္းမွာ Supriseတိုက္မယ္ေနာ္👀
တိုက္စရာလဲမလိုပါဘူး သိၿပီးသားျဖစ္ၾကမွာပါ🚶‍♀️
အဲ့ေတာ့ ေနာက္အပိုင္းဆက္ေစာင့္ၾက....

---------------------
𝑻𝒉𝒂𝒏𝒌 𝒚𝒐𝒖 𝒔𝒐 𝒎𝒖𝒄𝒉 𝒂𝒍𝒍
---------------------
✍︎  ကင္မ္ဘယ္ရီ🍒
---------------------

Continue Reading

You'll Also Like

21.3K 1.9K 34
jk:တကယ်လို့ ကျွန်တော်တို့သာ ရာမဇာတ်တော်ထဲက ဇာတ်ကောင်တွေဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်ဟာ အရှင်ရာမကိုမဟုတ်ဘဲ ဒသဂီရိကို ချစ်မိတဲ့ သီတာဒေဝီအဖြစ် သမိုင်းအသစ်...
191K 8.6K 107
In the vast and perilous world of One Piece, where the seas are teeming with pirates, marines, and untold mysteries, a young man is given a second ch...
166K 11.7K 61
BOOK #2 They say love heals scars, but Seokmin's scars were lessons-bitter reminders that twisted him into a creature of darkness. His life was a ser...
3.7K 327 3
"သူစိမ်းတွေ ဖြစ်သွားကြပြီလေ ကျနော်တို့က" "သူစိမ်းတွေတဲ့လား... သူစိမ်းတွေဆိုရင်တောင် အရင်းနှီးဆုံး သူစိမ်းတွေလေ" Kim Taehyung x Jeon Jungkook Start Da...