𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕�...

By JeonTae__Gic

14.2K 1K 49

Kim Taehyung ဆိုတဲ့ဂနာမငြိမ်စွာတေးလန်တစ်ယောက် မိဘတွေရဲ့သဘောတူညီမှုတစ်ခုကြောင့် သူတစ်ခါမှမမြင်ဘူးတဲ့ လူတစ်ယောက... More

{1}
{2}
{3}
{4}
{5}
{6}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23}
{24}
Final

{7}

535 49 2
By JeonTae__Gic

ကျေးငှက်သံများနှင့် ချိုသာစွာ သာယာလှပပါသော မနက်ခင်းလေးတစ်ခု။ မနက်အစောဘက်မလို့ အအေးဓာတ်များကဖုံးလွှမ်းထားသည်။
ထိုအပြင် စောင်ပုံထဲမှာ ကွေးကွေးလေးအိပ်ပျော်နေပါသော သူတစ်ယောက်လည်းရှိသည်။

" ခလော...ခလော....ဖူးး "

အိပ်ယာကိုအပေါ်နဲ့အောက် ဇောက်ထိုးအိပ်ကာ ဟောက်နေပါသော ကင်မ်ထယ်ယောင်းပါလေ။ အိပ်မက်ကောင်းနေတယ် ထင်ပါရဲ့။
နေထွက်စပြုနေပြီဖြစ်လို့ ပြတင်းပေါက်ကနေ ထယ်ယောင်းရှိရာသို့ နေရောင်ခြည်အလင်းတန်းများ ဖြာကျလာသည်။
မျက်နှာပေါ်ဖြာကျလာသော အလင်းတန်းတို့ကြောင့် အိပ်ပျော်နေသော ထယ်ယောင်းမှာ လှုပ်လှုပ်ရွရွဖြစ်လာခဲ့သည်။

" အား....နေထိုးတယ်... "

ကျွန်တော် ရာသီဥတုကအေးအေးလေးမို့ စောင်လေးခြုံကာ ကွေးကွေးလေးအိပ်နေတုန်း မျက်နှာပေါ် နေရောင်ကလာထိုးသည်။ မျက်လုံးတည့်တည့်ကိုနေက လာထိုးနေတာမလို့အိပ်လို့ မရတော့။ တကယ့်စိတ်ဓာတ်ပဲ။

ကျွန်တော်လည်း မဖွင့်ချင်တဲ့မျက်လုံးကိုပြူးကာ အိပ်ချင်မူးတူးဖြင့် အခန်းအပြင်ကိုထွက်လာလိုက်သည်။ ကျွန်တော်အခန်းထဲကထွက်လာတော့ အိမ်ထဲမှာလုံး၀ကိုတိတ်ဆိတ်နေတယ်။ မနက်ခင်းအစောပိုင်းလောက်ဆိုတော့ ပရစ်တွေရဲ့ ကြူကြူကြူကြူ အသံကလွဲပြီးဘာမှမကြားရ။ ဒါဆို ဟိုလူဂျောင်ကု ဘယ်ရောက်နေတာပါလိမ့်။

ကျွန်တော်လည်း အိမ်ရှေ့နဲ့အိမ်နောက်ပတ်ရှာသော်လည်း ဂျောင်ကုကိုမတွေ့။ ဂျောင်ကုက မနက်စောစောစီးစီး ဘယ်သွားတာပါလိမ့်။ အပြင်သွားမယ်ဆိုလည်း ကျွန်တော့်ကိုပြောပေါ့။ ဘယ်နဲ့အခုကျွန်တော်က ဒီအိမ်ထဲမှာတစ်ယောက်ထဲ ။

ကျွန်တော်လည်း သက်ပြင်းတစ်ချက်ချကာ လုပ်စရာမရှိ လုပ်စရာရှာ ဒီအိမ်မှာရှိတဲ့ပစ္စည်းတွေကို လိုက်လံစပ်စုတော့တယ်။ ဘာမှတော့မဟုတ်ပါဘူး...အခုလိုကျွန်တော်စပ်စုရတဲ့ ရည်ရွယ်ချက်က အရင်ခေတ်ကသုံးတဲ့ပစ္စည်းတွေကို နန်းတွင်းကားထဲမှာပဲမြင်ဖူးတာမလား။ အခုလက်တွေ့မြင်ဖူးအောင် လျှောက်ကြည့်တာ ဟဲဟဲ..

ကျွန်တော်တစ်အိမ်လုံးကိုပတ်ကြည့်ခဲ့သော်လည်း စပ်စုစရာပစ္စည်းတစ်ခုမှမတွေ့။ ရှင်းရှင်းပြောရရင် ဂျောင်ကု၀တ်တဲ့ အ၀တ်စားတောင်မတွေ့တဲ့အထိ အိမ်ကပြောင်ရှင်းနေတယ်။ အဲ့တာတော့မဟုတ်သေးဘူးလေ ဂျောင်ကုကမချမ်းသာပေမဲ့ အ၀တ်အစားတို့ အိမ်သုံးပစ္စည်းတစ်ခုခုတော့ရှိသင့်တယ်မလား။ နန်းတွင်းကားတွေထဲမှာဆိုရင် ဆင်းရဲတဲ့လူတွေအိမ်မှာတောင် ပရိဘောကပစ္စည်းတွေ ရှိပါသေးတယ်။ အခု ဂျောင်ကုအိမ်မှာကြတော့တစ်မျိုးပါလား။ ဒီလူ ကပ်စီးကုတ်တာပဲ ဖြစ်ရမယ်...

ကျွန်တော်အိမ်ထဲမှ အိမ်ပြင်ကိုထွက်ကာ တိုက်ခတ်လာသော လေပြည်လေညင်းတွေကို တစ်၀ကြီးရှူရှိုက်လိုက်သည်။ ကျွန်တော်ကိုယ်လက်လေ့ကျင့်ခန်း နည်းနည်းပါးပါးလုပ်ပြီး အိမ်ဘေးနားတစ်၀ှိုက်လျှောက်ကြည့်တော့ ဘာမှမတွေ့။ ဒါပေမဲ့ ရေချိုးတဲ့နေရာတို့ အိမ်သာတို့တော့ရှိသင့်တယ်မလား။ မရှိဘူးဆိုတော့ ဂျောင်ကု ဗိုက်နာရင်ဘယ်လိုသွားတာလဲ... ရေကောဘယ်လိုချိုးတာလဲ..။ ဒါမှမဟုတ် ဘာမှမလုပ်ပဲနေတာလား။

ကျွန်တော်အတွေးကိုယ်ဆီနဲ့ အိမ်အနောက်ဘက်သို့ရောက်လာခဲ့တော့တယ်။ အခုထိ ရေချိိုးမယ့်နေရာရှာ လို့မတွေ့။ နေရာတိုင်း သစ်ပင်တွေနဲ့ ချုံတွေကြီးပဲ။
ဒါပေမဲ့ ကျွန်တော်သွားရင်းသွားရင်းနဲ့ တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် ပါးစပ်ကအလိုလိုနေရင်းနားရွက်တက်ချိတ်မတတ် ပျော်သွားခဲ့သည်။ မပျော်ပဲနေမလား မယုံနိုင်စရာမြင်ကွင်းကြီးကို။ ကျွန်တော်ဘာကိုတွေ့တာလဲဆိုတော့...

" စတော်ဘယ်ရီစိုက်ခင်းကြီး..!! "

ကျွန်တော့်မျက်စိရှေ့တည့်တည့်မှာ ပေါက်ရောက်နေတဲ့ စတော်ဘယ်ရီစိုက်ခင်း
ကြီး။ ကျွန်တော်ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်။ တကယ်ပဲ ဒါကစတော်ဘယ်ရီစိုက်ခင်းကြီးလား...။

ကျွန်တော်လည်း အပျော်လုံးဆို့ကာ စတော်ဘယ်ရီခင်းထဲ ၀င်ပြီး အဲ့ဒီမှာချထားတဲ့ခြင်းတောင်းကိုယူကာ စတော်ဘယ်ရီသီးတွေကိုစတင်ခူးတော့သည်။ စတော်ဘယ်ရီသီးတွေက နီရည်းနေတာဆိုတော့ စားလို့ကောင်းမှာသေချာတယ် ဟိဟိ...။

ကျွန်တော် စတော်ဘယ်ရီသီးတွေကို တစ်၀ကြီးခူးပြီး အိမ်ထဲသို့သယ်ယူလာခဲ့တော့တယ်။

" ဟီးဟီး...ငါဒီခေတ်ရောက်မှကံတွေရှယ်ပွင့်နေရော.. "

ကျွန်တော်စတော်ဘယ်ရီသီးတစ်လုံးကို အရင်မြည်းကြည့်လိုက်ယုံတင် ကျွန်တော်ဟက်ထိသွားသည်။ ထင်ထားတဲ့အတိုင်း လုံး၀ချိုချိုချဥ်ချဥ်လေးနဲ့ အရမ်းစားလို့ကောင်းတယ်။
ကျွန်တော်လည်းကြိုက်ပြီဆို မနေနိုင်တော့ပဲ ခူးလာတဲ့စတော်ဘယ်ရီသီးတွေကို ၅မိနစ်ထဲနဲ့ တစ်ခါတည်း အကုန်မျိုလိုက်တော့သည်။ ရှေးလူကြီးတွေဟောထားတယ်မလား အစားဆိုတာမြန်မြန်စားရတာလို့လေ..။

ကျွန်တော်က ငယ်ငယ်လေးကတည်းကစတော်ဘယ်ရီသီးကို အရမ်းကြိုက်တာလေ..။ ဘယ်လောက်ထိတောင်ကြိုက်တာလဲဆိုရင် ငယ်ငယ်က ကျွန်တော်ကြီးလာရင် ဥယျာဥ်မှူးလုပ်ပြီး စတော်ဘယ်ရီခင်းကြီးတစ်ခုကို ရအောင်စိုက်မယ်လို့ အိပ်မက် မက်ခဲ့တာပေါ့ဗျာ။ ဒါပေမဲ့ ကြီးလာတော့ အပျင်းကြောကပ်ပြီး ဘာမှတောင်လုပ်ချင်စိတ်မရှိတော့..။ စားလိုက် သောက်လိုက် အိပ်လိုက်နဲ့သာအချိန်တွေ ကုန်နေတော့တာ။
   ဟင်း....ကျွန်တော်ပြောရင်းနဲ့တင် အဖေနဲ့အမေကိုလွမ်းလာသလို အိမ်ကိုလည်းလွမ်းလာတယ်။ အခုဆို ဟိုဘ၀မှာဘယ်လိုတွေတောင်ဖြစ်နေမလဲ သိချင်လိုက်တာ...။

ကျွန်တော်တွေးနေတာကိုရပ်ကာ ဘာမှလုပ်စရာမရှိသလို ထိုင်နေလိုက်သည်။ တကယ်လဲဘာမှလုပ်စရာမရှိတာကို...။

" ဂျွန်ဂျောင်ကုရေ...ခင်ဗျားဒီတစ်သက် ပြန်လာပါအုန်းမလား... "

ကျွန်တော်ပျင်းရိပျင်းတွဲအသံနဲ့ အော်လိုက်မိသည်။ ကျွန်တော်နိုးကတည်းကအခုထိရေမချိုးရသေးဘူး..။ ရေချိုးဖို့နေရာရှာတော့လည်းမတွေ့ပြန်ဘူး..။ အဲ့တော့ဂျောင်ကုပြန်လာမှ ရေချိုးရမယ့်နေရာကိုမေးပြီးရေချိုးရတော့မှာပေါ့...။

ဒါပေမဲ့ အခုကျွန်တော် ရေချိုးချင်နေပြီမို့ ဂျောင်ကုရားး မြန်မြန်ပြန်လာပါတော့...!!

~~~~~~~~~~~~~~~~~~~~~~~~

" အမတ်ကင်မ်နဲ့က မင်းကြီးကိုအရေးကြီးကိစ္စပြောရန် တွေ့ခွင့်တောင်းနေပါတယ် မင်းကြီး.. "

" လွှတ်လိုက် "

" အမိန့်တော်အတိုင်းပါ.. "

မင်းကြီး၏ စကားသံအဆုံး နားနေဆောင်ထဲသို့ ခေါင်းငုံအရိုအသေပြုကာ ၀င်လာပါသော အမတ်ကင်မ်..။ အရင်ထက် မြန်ဆန်လှသော ခြေလမ်းတို့ဟာ အရေးကြီးကိစ္စရှိသည့်ဟန် ပြလို့နေသည်။

" မင်းကြီးကို ကျွန်တော်မျိုးတင်ပြရန်အရေးကြီးကိစ္စ တစ်ခုရှိပါတယ် "

" လျှောက်တင်စေ....  "

" ကျွန်တော်မျိုး၏သား မင်းကြီး၏ကြင်ယာတော် နန်းတော်သို့ခေါ်ဆောင်ရာလမ်းတွင် ထွက်ပြေးတိမ်းရှောင်သွားကြောင်းပါ.... "

" အဟက်...... "

အရှင်၏ အေးစက်စက်ရယ်သံသည် တိတ်ဆိတ်နေသော နားနေဆောင်အတွင်း ပျံနှံ့သွားသည်။ အမတ်ကင်မ်သည် အရှင်အား အကြောက်လွန်သဖြင့် ဇောချွေးများပင်ပြန်နေပြီပင်။

" အဲ့တော့...ငါကိုယ်တော်အမိန့်ပေးရတာပေါ့... "

အရှင်သည် ပလ္လင်ပေါ်မှထကာ အမတ်ကင်မ်ရှိရာကို လျှောက်လှမ်းလာသည်။ အရိုအသေပြုသောပုံစံဖြင့် အမတ်ကင်မ်မှာတော့ အရှင်ကိုမရဲတစ်ရဲကြည့်ကာ ချွေးစေးများပင် ပြန်နေသည်။ အမတ်ကင်မ်အနား အရှင်ရောက်သောအခါ...

" ဒီကိစ္စကိုငါကိုယ်တော်.... "

* ၀ုန်း!! *

အရှင်စကားတောင်မဆုံးသေး အမတ်ကင်မ်သည် အရှင့်၏ခြေထောက်အား ၀ုန်းကနဲ မြည်အောင်အားရပါးရ ပြေးဖက်တော့သည်။

" မင်းကြီး..!!ကျွန်တော်မျိုးကြောင့် ဒီလိုကိစ္စတွေဖြစ်လာရတာပါ..!! ကျွန်တော်မျိုးမကောင်းလို့ပါ!! ကျွန်တော်မျိုးသေသင့်ပါတယ်မင်းကြီး..!! "

အရှင်၏ခြေထောက်ကိုဖက်ထားကာ အသံတွေတုန်ရီစွာ ပြောနေပါသော အမတ်ကင်မ်။
အရှင်မှအမတ်ကင်မ် ဖြစ်ပျက်နေပုံကိုကြည့်ကာ နည်းနည်းရယ်ချင်မိသွားသည်။

" ကျွန်တော်မျိုးကောင်းကောင်း မထိန်းကြောင်းခဲ့လို့ အခုလိုဖြစ်ရတာပါမင်းကြီး!!ကျွန်တော်မျိုးသေသင့်ပါတယ်.. "

" ငါကိုယ်တော်ဘာမှမပြောရသေးဘူးအမတ်ကင်မ် "

" သိရှိကြောင်းပါမင်းကြီး...ဒါပေမဲ့.. "

" ငါကိုယ်တော်ဆုံးဖြတ်မယ်....ကိုယ့်နေရာကိုယ်သွားနေစမ်း "

အရှင်ပြောလိုက်မှ အမတ်ကင်မ်လည်းအရှင့်ခြေထောက်ကို ဖက်ထားရာမှထကာ နေရာတကျပြန်နေတော့သည်။

" ကြင်ယာတော်ထွက်ပြေးသွားတဲ့ကိစ္စ ငါကိုယ်တော်ကိုယ်တိုင် လိုက်လံရှာဖွေတော်မူမယ်... နန်းတွင်းစစ်သည်တော်တွေကိုစေခိုင်းစရာမလိုဘူး.. "

အရှင်၏အမိန့်တော်ကြောင့် မျက်လုံးအစုံပြူးသွားပါတဲ့ အမတ်ကင်မ်။

" ကန့်ကွက်ကြောင်းပါမင်းကြီး...ဒီလိုကိစ္စလေးအတွက် မင်းကြီးကိုယ်တိုင်ပါ၀င်နေရန်မလိုအပ်...... "

" ငါကိုယ်တော်ရဲ့အမိန့်ကိုလွန်ဆန်ချင်တာလား...ခေါင်းပြတ်ချင်နေပြီထင်တယ်အမတ်ကင်မ်... "

အရှင်ပြောလိုက်သော စကားကြောင့်အမတ်ကင်မ်မှာခြေဖျား လက်ဖျားများတောင်အေးစက်သွားရှာသည်။ လျှာရှည်ပြီးပြောလိုက်မိတဲ့ကိုယ့်ကိုကိုယ်သာ အပစ်တင်လျက်...

" မင်းကြီးကျွန်တော်မျိုးကိုသွားခွင့်ပြုပါ.. "

" အင်း.. "

ဘုရင်းနားနေဆောင်ထဲမှထွက်လာခဲ့ပါသော အမတ်ကင်မ်။ တွေးမရသော အံသြမှုတို့ပါကပ်ပါလာခဲ့သည်။ အရင်ကဆို တိုင်းပြည်ရေးနှင့် တိုက်ခိုက်ရေးတို့ဘက်မှာသာ ကိုယ်တိုင်ပါ၀င်တဲ့အရှင်ဟာဆိုရင် အခြားကိစ္စတွေမှာဆို အရေးတောင်မစိုက်ပေ။ သို့ပေမဲ့ ဒီလိုကိစ္စသေးသေးလေးမှာကျ အရှင်သည် ကိုယ်တိုင်ပါ၀င်မည်သည်တဲ့လား..။

" တစ်ခြားသူအရေးကိစ္စတွေဆို ၀င်မပါတတ်တဲ့မင်းကြီးက သားကင်မ်ထယ်ယောင်းကိစ္စကို သူကိုယ်တိုင်ဆောင်ရွက်မည်တဲ့လား... မယုံနိုင်စရာပါပဲ.. "

အမတ်ကင်မ်လည်း အံသြမှုပေါင်းများစွာဖြင့် မိမိနေထိုင်ရာအဆောင်ဆီ ထွက်ခွာသွားလေတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~

" နေတောင်၀င်တော့မယ် ဟိုလူဂျောင်ကုဘယ်ကမ္ဘာ သ၀ေထိုးနေလဲမသိဘူး..ရေမချိုးရသေးပါဘူးဆိုမှ .. "

ကျွန်တော် အိမ်အပြင်မှာခေါက်တုန့်ခေါက်ပြန် ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်လုပ်နေမိသည်။ ဂျောင်ကုကိုလည်း မျှော်ရင်းပေါ့။ တကယ်ပါ ကျွန်တော်မနက်ကတည်းကဂျောင်ကုကို စောင့်နေတာအခုထိပေါ်မလာသေး။ အခုထိလည်းရေမချိုးရသေးဘူး။ လူလဲကြောင်ချီးရုပ်ဖြစ်နေပြီ။

ကျွန်တော် ညည်းတွားကာ ဘေးကိုလှည့်ကြည့်လိုက်တော့ ကျွန်တော်နဲ့မလှမ်းမကမ်းကနေ လူတစ်ယောက်လာနေတာကိုတွေ့သည်။ ကျွန်တော်လည်းသေချာကြည့်လိုက်တော့မှ ဂျောင်ကုဖြစ်နေသည်။
ကျွန်တော်လည်း ကယ်တင်ရှင်ပေါ်လာသလိုပျော်ကာ ဂျောင်ကုရှိရာကို အမြန်ဆုံးသွားလိုက်တော့သည်။

ကျွန်တော်ဂျောင်ကုအနားရောက်တော့ ဂျောင်ကုကကျွန်တော့်ကို ကြည့်ပြီး..

" ဘာဖြစ်လို့လဲ.. "

" ဘာဖြစ်လို့လဲဟုတ်လား.... ခင်ဗျားကကောဘယ်တွေသွားနေတာမို့ ဒီလောက်ကြာနေရတာလဲ ကျွန်တော်ခင်ဗျားကိုစောင့်နေရတာ အရိုးဆွေးတော့မယ်.. "

ကျွန်တော်ပြောပြန်တော့လည်း ရုပ်သေကြီးနဲ့ကြည့်နေတဲ့ ဂျောင်ကုပါလေ..။ ရုပ်ကိုကဘယ်တော့မှမပြုံးတဲ့ အုန်းသီးရုပ်နဲ့...

" ဒါတွေထားပါ....ကျွန်တော်ရေချိုးမလို့ခင်ဗျားကိုစောင့်နေတာ...ရေချိုးရမယ့်နေရာ ကဘယ်မှာလဲ.. "

" မင်းရေမချိုးရသေးဘူးလား "

" နေရာမှမသိတာကိုမချိုးရသေးဘူးပေါ့.. နေရာသာသိရင်ခင်ဗျားကို စောင့်မနေဘူး "

ကျွန်တော်ပြောပုံကို ဂျောင်ကုကသဘောကျသွားလားမသိ ခပ်ပါးပါးပြုံးလိုက်သေးသည်။ ဒီလူတော့ ဘာတွေသဘောကျနေလဲမသိဘူး..။

" ခင်ဗျားဘာတွေသဘောကျပြီး ဘာတွေပြုံးနေတာလဲ ပြော.. "

" ဘာမှမဟုတ်ပါဘူး...လာ ငါ့နောက်လိုက်ခဲ့.. "

" ဟမ်..ဟေ့ ခဏစောင့်အုံးလေဗျာ "

ဂျောင်ကုဆိုတဲ့လူကလေ မပြောမဆိုနဲ့ကျွန်တော့်ကိုတောင်မစောင့်ဘူး သွားနေလိုက်တာများ..။ တကယ် လမ်းလျှောက်တာလဲ မနဲမှီအောင်လိုက်နေရတဲ့ အခြေအနေ..။

" ရားးးးဂျောင်ကု.. ကျွန်တော့်ကိုစောင့်ပါအုန်းလို့ "

တောအုပ်ကြီးထဲတွင် လမ်းမြန်မြန်လျှောက်ကာ ဂျောင်ကုနောက်ကနေအော်ခေါ်နေသော ထယ်ယောင်းနှင့် အနောက်ကပါလာသော သာလိကာကောင်လေးကြောင့် နားတွေညီးနေပါသော ဂျောင်ကုဆိုတဲ့ ကောင်လေးနှစ်ယောက်ရှိပေသည်။ အော်ခေါ်နေသောထယ်ယောင်း၏အသံမှာ တောအုပ်ထဲသို့ပျံနှံ့သွား သကဲ့သို့ အော်ခေါ်နေတာကို မသိချင်ယောင်ဆောင်ကာ ဦးတည်ရာကိုသာသွားနေသော ဂျောင်ကုတို့၏ ပုံသဏ္ဉာန်မှာ တောအုပ်ထဲတွင် လိုက်ဖက်စွာမြင်တွေ့နေရတော့သည်။

_____________________

ကဲကဲ...ပေါ်လာပါပြီလို့🧛‍♀️
အကြည်ဓာတ်လေးတွေရောရှိကြသေးရဲ့လား ဟင်🗣

---------------------
𝑻𝒉𝒂𝒏𝒌 𝒚𝒐𝒖 𝒔𝒐 𝒎𝒖𝒄𝒉 𝒂𝒍𝒍
---------------------
✍︎  ကင်မ်ဘယ်ရီ🍒
---------------------

Zawgi

ေက်းငွက္သံမ်ားႏွင့္ ခ်ိဳသာစြာ သာယာလွပပါေသာ မနက္ခင္းေလးတစ္ခု။ မနက္အေစာဘက္မလို႔ အေအးဓာတ္မ်ားကဖံုးလႊမ္းထားသည္။
ထိုအျပင္ ေစာင္ပံုထဲမွာ ေကြးေကြးေလးအိပ္ေပ်ာ္ေနပါေသာ သူတစ္ေယာက္လည္းရိွသည္။

" ခေလာ...ခေလာ....ဖူးး "

အိပ္ယာကိုအေပၚနဲ႔ေအာက္ ေဇာက္ထိုးအိပ္ကာ ေဟာက္ေနပါေသာ ကင္မ္ထယ္ေယာင္းပါေလ။ အိပ္မက္ေကာင္းေနတယ္ ထင္ပါရဲ့။
ေနထြက္စျပဳေနၿပီျဖစ္လို႔ ျပတင္းေပါက္ကေန ထယ္ေယာင္းရိွရာသို႔ ေနေရာင္ျခည္အလင္းတန္းမ်ား ျဖာက်လာသည္။
မ်က္ႏွာေပၚျဖာက်လာေသာ အလင္းတန္းတို႔ေၾကာင့္ အိပ္ေပ်ာ္ေနေသာ ထယ္ေယာင္းမွာ လႈပ္လႈပ္ရြရျြဖစ္လာခဲ့သည္။

" အား....ေနထိုးတယ္... "

ကြၽန္ေတာ္ ရာသီဥတုကေအးေအးေလးမို႔ ေစာင္ေလးၿခံဳကာ ေကြးေကြးေလးအိပ္ေနတုန္း မ်က္ႏွာေပၚ ေနေရာင္ကလာထိုးသည္။ မ်က္လံုးတည့္တည့္ကိုေနက လာထိုးေနတာမလို႔အိပ္လို႔ မရေတာ့။ တကယ့္စိတ္ဓာတ္ပဲ။

ကြၽန္ေတာ္လည္း မဖြင့္ခ်င္တဲ့မ်က္လံုးကိုျပဴးကာ အိပ္ခ်င္မူးတူးျဖင့္ အခန္းအျပင္ကိုထြက္လာလိုက္သည္။ ကြၽန္ေတာ္အခန္းထဲကထြက္လာေတာ့ အိမ္ထဲမွာလံုး၀ကိုတိတ္ဆိတ္ေနတယ္။ မနက္ခင္းအေစာပိုင္းေလာက္ဆိုေတာ့ ပရစ္ေတြရဲ့ ၾကဴၾကဴၾကဴၾကဴ အသံကလြဲၿပီးဘာမွမၾကားရ။ ဒါဆို ဟိုလူေဂ်ာင္ကု ဘယ္ေရာက္ေနတာပါလိမ့္။

ကြၽန္ေတာ္လည္း အိမ္ေရ႔ွနဲ႔အိမ္ေနာက္ပတ္ရွာေသာ္လည္း ေဂ်ာင္ကုကိုမေတြ့။ ေဂ်ာင္ကုက မနက္ေစာေစာစီးစီး ဘယ္သြားတာပါလိမ့္။ အျပင္သြားမယ္ဆိုလည္း ကြၽန္ေတာ့္ကိုေျပာေပါ့။ ဘယ္နဲ႔အခုကြၽန္ေတာ္က ဒီအိမ္ထဲမွာတစ္ေယာက္ထဲ ။

ကြၽန္ေတာ္လည္း သက္ျပင္းတစ္ခ်က္ခ်ကာ လုပ္စရာမရိွ လုပ္စရာရွာ ဒီအိမ္မွာရိွတဲ့ပစၥည္းေတြကို လိုက္လံစပ္စုေတာ့တယ္။ ဘာမွေတာ့မဟုတ္ပါဘူး...အခုလိုကြၽန္ေတာ္စပ္စုရတဲ့ ရည္ရြယ္ခ်က္က အရင္ေခတ္ကသံုးတဲ့ပစၥည္းေတြကို နန္းတြင္းကားထဲမွာပဲျမင္ဖူးတာမလား။ အခုလက္ေတြ့ျမင္ဖူးေအာင္ ေလ်ွာက္ၾကည့္တာ ဟဲဟဲ..

ကြၽန္ေတာ္တစ္အိမ္လံုးကိုပတ္ၾကည့္ခဲ့ေသာ္လည္း စပ္စုစရာပစၥည္းတစ္ခုမွမေတြ့။ ရွင္းရွင္းေျပာရရင္ ေဂ်ာင္ကု၀တ္တဲ့ အ၀တ္စားေတာင္မေတြ့တဲ့အထိ အိမ္ကေျပာင္ရွင္းေနတယ္။ အဲ့တာေတာ့မဟုတ္ေသးဘူးေလ ေဂ်ာင္ကုကမခ်မ္းသာေပမဲ့ အ၀တ္အစားတို႔ အိမ္သံုးပစၥည္းတစ္ခုခုေတာ့ရိွသင့္တယ္မလား။ နန္းတြင္းကားေတြထဲမွာဆိုရင္ ဆင္းရဲတဲ့လူေတြအိမ္မွာေတာင္ ပရိေဘာကပစၥည္းေတြ ရိွပါေသးတယ္။ အခု ေဂ်ာင္ကုအိမ္မွာၾကေတာ့တစ္မ်ိဳးပါလား။ ဒီလူ ကပ္စီးကုတ္တာပဲ ျဖစ္ရမယ္...

ကြၽန္ေတာ္အိမ္ထဲမွ အိမ္ျပင္ကိုထြက္ကာ တိုက္ခတ္လာေသာ ေလျပည္ေလညင္းေတြကို တစ္၀ႀကီးရႉရိႈက္လိုက္သည္။ ကြၽန္ေတာ္ကိုယ္လက္ေလ့က်င့္ခန္း နည္းနည္းပါးပါးလုပ္ၿပီး အိမ္ေဘးနားတစ္ဝိႈက္ေလ်ွာက္ၾကည့္ေတာ့ ဘာမွမေတြ့။ ဒါေပမဲ့ ေရခ်ိဳးတဲ့ေနရာတို႔ အိမ္သာတို႔ေတာ့ရိွသင့္တယ္မလား။ မရိွဘူးဆိုေတာ့ ေဂ်ာင္ကု ဗိုက္နာရင္ဘယ္လိုသြားတာလဲ... ေရေကာဘယ္လိုခ်ိဳးတာလဲ..။ ဒါမွမဟုတ္ ဘာမွမလုပ္ပဲေနတာလား။

ကြၽန္ေတာ္အေတြးကိုယ္ဆီနဲ႔ အိမ္အေနာက္ဘက္သို႔ေရာက္လာခဲ့ေတာ့တယ္။ အခုထိ ေရခ်ိုးမယ့္ေနရာရွာ လို႔မေတြ့။ ေနရာတိုင္း သစ္ပင္ေတြနဲ႔ ခ်ံဳေတြႀကီးပဲ။
ဒါေပမဲ့ ကြၽန္ေတာ္သြားရင္းသြားရင္းနဲ႔ ေတြ့လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ပါးစပ္ကအလိုလိုေနရင္းနားရြက္တက္ခ်ိတ္မတတ္ ေပ်ာ္သြားခဲ့သည္။ မေပ်ာ္ပဲေနမလား မယံုႏိုင္စရာျမင္ကြင္းႀကီးကို။ ကြၽန္ေတာ္ဘာကိုေတြ့တာလဲဆိုေတာ့...

" စေတာ္ဘယ္ရီစိုက္ခင္းႀကီး..!! "

ကြၽန္ေတာ့္မ်က္စိေရ႔ွတည့္တည့္မွာ ေပါက္ေရာက္ေနတဲ့ စေတာ္ဘယ္ရီစိုက္ခင္း
ႀကီး။ ကြၽန္ေတာ္ကိုယ့္မ်က္လံုးေတာင္ ကိုယ္မယံုႏိုင္။ တကယ္ပဲ ဒါကစေတာ္ဘယ္ရီစိုက္ခင္းႀကီးလား...။

ကြၽန္ေတာ္လည္း အေပ်ာ္လံုးဆို႔ကာ စေတာ္ဘယ္ရီခင္းထဲ ၀င္ၿပီး အဲ့ဒီမွာခ်ထားတဲ့ျခင္းေတာင္းကိုယူကာ စေတာ္ဘယ္ရီသီးေတြကိုစတင္ခူးေတာ့သည္။ စေတာ္ဘယ္ရီသီးေတြက နီရည္းေနတာဆိုေတာ့ စားလို႔ေကာင္းမွာေသခ်ာတယ္ ဟိဟိ...။

ကြၽန္ေတာ္ စေတာ္ဘယ္ရီသီးေတြကို တစ္၀ႀကီးခူးၿပီး အိမ္ထဲသို႔သယ္ယူလာခဲ့ေတာ့တယ္။

" ဟီးဟီး...ငါဒီေခတ္ေရာက္မွကံေတြရွယ္ပြင့္ေနေရာ.. "

ကြၽန္ေတာ္စေတာ္ဘယ္ရီသီးတစ္လံုးကို အရင္ျမည္းၾကည့္လိုက္ယံုတင္ ကြၽန္ေတာ္ဟက္ထိသြားသည္။ ထင္ထားတဲ့အတိုင္း လံုး၀ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္ေလးနဲ႔ အရမ္းစားလို႔ေကာင္းတယ္။
ကြၽန္ေတာ္လည္းႀကိဳက္ၿပီဆို မေနႏိုင္ေတာ့ပဲ ခူးလာတဲ့စေတာ္ဘယ္ရီသီးေတြကို ၅မိနစ္ထဲနဲ႔ တစ္ခါတည္း အကုန္မ်ိဳလိုက္ေတာ့သည္။ ေရွးလူႀကီးေတြေဟာထားတယ္မလား အစားဆိုတာျမန္ျမန္စားရတာလို႔ေလ..။

ကြၽန္ေတာ္က ငယ္ငယ္ေလးကတည္းကစေတာ္ဘယ္ရီသီးကို အရမ္းႀကိဳက္တာေလ..။ ဘယ္ေလာက္ထိေတာင္ႀကိဳက္တာလဲဆိုရင္ ငယ္ငယ္က ကြၽန္ေတာ္ႀကီးလာရင္ ဥယ်ာဥ္မွဴးလုပ္ၿပီး စေတာ္ဘယ္ရီခင္းႀကီးတစ္ခုကို ရေအာင္စိုက္မယ္လို႔ အိပ္မက္ မက္ခဲ့တာေပါ့ဗ်ာ။ ဒါေပမဲ့ ႀကီးလာေတာ့ အပ်င္းေၾကာကပ္ၿပီး ဘာမွေတာင္လုပ္ခ်င္စိတ္မရိွေတာ့..။ စားလိုက္ ေသာက္လိုက္ အိပ္လိုက္နဲ႔သာအခ်ိန္ေတြ ကုန္ေနေတာ့တာ။
   ဟင္း....ကြၽန္ေတာ္ေျပာရင္းနဲ႔တင္ အေဖနဲ႔အေမကိုလြမ္းလာသလို အိမ္ကိုလည္းလြမ္းလာတယ္။ အခုဆို ဟိုဘ၀မွာဘယ္လိုေတြေတာင္ျဖစ္ေနမလဲ သိခ်င္လိုက္တာ...။

ကြၽန္ေတာ္ေတြးေနတာကိုရပ္ကာ ဘာမွလုပ္စရာမရိွသလို ထိုင္ေနလိုက္သည္။ တကယ္လဲဘာမွလုပ္စရာမရိွတာကို...။

" ဂြၽန္ေဂ်ာင္ကုေရ...ခင္ဗ်ားဒီတစ္သက္ ျပန္လာပါအုန္းမလား... "

ကြၽန္ေတာ္ပ်င္းရိပ်င္းတြဲအသံနဲ႔ ေအာ္လိုက္မိသည္။ ကြၽန္ေတာ္ႏိုးကတည္းကအခုထိေရမခ်ိဳးရေသးဘူး..။ ေရခ်ိဳးဖို႔ေနရာရွာေတာ့လည္းမေတြ့ျပန္ဘူး..။ အဲ့ေတာ့ေဂ်ာင္ကုျပန္လာမွ ေရခ်ိဳးရမယ့္ေနရာကိုေမးၿပီးေရခ်ိဳးရေတာ့မွာေပါ့...။

ဒါေပမဲ့ အခုကြၽန္ေတာ္ ေရခ်ိဳးခ်င္ေနၿပီမို႔ ေဂ်ာင္ကုရားး ျမန္ျမန္ျပန္လာပါေတာ့...!!

~~~~~~~~~~~~~~~~~~~~~~~~

" အမတ္ကင္မ္နဲ႔က မင္းႀကီးကိုအေရးႀကီးကိစၥေျပာရန္ ေတြ့ခြင့္ေတာင္းေနပါတယ္ မင္းႀကီး.. "

" လႊတ္လိုက္ "

" အမိန္႔ေတာ္အတိုင္းပါ.. "

မင္းႀကီး၏ စကားသံအဆံုး နားေနေဆာင္ထဲသို႔ ေခါင္းငံုအရိုအေသျပဳကာ ၀င္လာပါေသာ အမတ္ကင္မ္..။ အရင္ထက္ ျမန္ဆန္လွေသာ ေျခလမ္းတို႔ဟာ အေရးႀကီးကိစၥရိွသည့္ဟန္ ျပလို႔ေနသည္။

" မင္းႀကီးကို ကြၽန္ေတာ္မ်ိဳးတင္ျပရန္အေရးႀကီးကိစၥ တစ္ခုရိွပါတယ္ "

" ေလ်ွာက္တင္ေစ....  "

" ကြၽန္ေတာ္မ်ိဳး၏သား မင္းႀကီး၏ၾကင္ယာေတာ္ နန္းေတာ္သို႔ေခၚေဆာင္ရာလမ္းတြင္ ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္းပါ.... "

" အဟက္...... "

အရွင္၏ ေအးစက္စက္ရယ္သံသည္ တိတ္ဆိတ္ေနေသာ နားေနေဆာင္အတြင္း ပ်ံႏွံ႔သြားသည္။ အမတ္ကင္မ္သည္ အရွင္အား အေၾကာက္လြန္သျဖင့္ ေဇာေခြၽးမ်ားပင္ျပန္ေနၿပီပင္။

" အဲ့ေတာ့...ငါကိုယ္ေတာ္အမိန္႔ေပးရတာေပါ့... "

အရွင္သည္ ပလႅင္ေပၚမွထကာ အမတ္ကင္မ္ရိွရာကို ေလ်ွာက္လွမ္းလာသည္။ အရိုအေသျပဳေသာပံုစံျဖင့္ အမတ္ကင္မ္မွာေတာ့ အရွင္ကိုမရဲတစ္ရဲၾကည့္ကာ ေခြၽးေစးမ်ားပင္ ျပန္ေနသည္။ အမတ္ကင္မ္အနား အရွင္ေရာက္ေသာအခါ...

" ဒီကိစၥကိုငါကိုယ္ေတာ္.... "

* ဝုန္း!! *

အရွင္စကားေတာင္မဆံုးေသး အမတ္ကင္မ္သည္ အရွင့္၏ေျခေထာက္အား ဝုန္းကနဲ ျမည္ေအာင္အားရပါးရ ေျပးဖက္ေတာ့သည္။

" မင္းႀကီး..!!ကြၽန္ေတာ္မ်ိဳးေၾကာင့္ ဒီလိုကိစၥေတျြဖစ္လာရတာပါ..!! ကြၽန္ေတာ္မ်ိဳးမေကာင္းလို႔ပါ!! ကြၽန္ေတာ္မ်ိဳးေသသင့္ပါတယ္မင္းႀကီး..!! "

အရွင္၏ေျခေထာက္ကိုဖက္ထားကာ အသံေတြတုန္ရီစြာ ေျပာေနပါေသာ အမတ္ကင္မ္။
အရွင္မွအမတ္ကင္မ္ ျဖစ္ပ်က္ေနပံုကိုၾကည့္ကာ နည္းနည္းရယ္ခ်င္မိသြားသည္။

" ကြၽန္ေတာ္မ်ိဳးေကာင္းေကာင္း မထိန္းေၾကာင္းခဲ့လို႔ အခုလိုျဖစ္ရတာပါမင္းႀကီး!!ကြၽန္ေတာ္မ်ိဳးေသသင့္ပါတယ္.. "

" ငါကိုယ္ေတာ္ဘာမွမေျပာရေသးဘူးအမတ္ကင္မ္ "

" သိရိွေၾကာင္းပါမင္းႀကီး...ဒါေပမဲ့.. "

" ငါကိုယ္ေတာ္ဆံုးျဖတ္မယ္....ကိုယ့္ေနရာကိုယ္သြားေနစမ္း "

အရွင္ေျပာလိုက္မွ အမတ္ကင္မ္လည္းအရွင့္ေျခေထာက္ကို ဖက္ထားရာမွထကာ ေနရာတက်ျပန္ေနေတာ့သည္။

" ၾကင္ယာေတာ္ထြက္ေျပးသြားတဲ့ကိစၥ ငါကိုယ္ေတာ္ကိုယ္တိုင္ လိုက္လံရွာေဖြေတာ္မူမယ္... နန္းတြင္းစစ္သည္ေတာ္ေတြကိုေစခိုင္းစရာမလိုဘူး.. "

အရွင္၏အမိန္႔ေတာ္ေၾကာင့္ မ်က္လံုးအစံုျပဴးသြားပါတဲ့ အမတ္ကင္မ္။

" ကန္႔ကြက္ေၾကာင္းပါမင္းႀကီး...ဒီလိုကိစၥေလးအတြက္ မင္းႀကီးကိုယ္တိုင္ပါ၀င္ေနရန္မလိုအပ္...... "

" ငါကိုယ္ေတာ္ရဲ့အမိန္႔ကိုလြန္ဆန္ခ်င္တာလား...ေခါင္းျပတ္ခ်င္ေနၿပီထင္တယ္အမတ္ကင္မ္... "

အရွင္ေျပာလိုက္ေသာ စကားေၾကာင့္အမတ္ကင္မ္မွာေျခဖ်ား လက္ဖ်ားမ်ားေတာင္ေအးစက္သြားရွာသည္။ လ်ွာရွည္ၿပီးေျပာလိုက္မိတဲ့ကိုယ့္ကိုကိုယ္သာ အပစ္တင္လ်က္...

" မင္းႀကီးကြၽန္ေတာ္မ်ိဳးကိုသြားခြင့္ျပဳပါ.. "

" အင္း.. "

ဘုရင္းနားေနေဆာင္ထဲမွထြက္လာခဲ့ပါေသာ အမတ္ကင္မ္။ ေတြးမရေသာ အံၾသမႈတို႔ပါကပ္ပါလာခဲ့သည္။ အရင္ကဆို တိုင္းျပည္ေရးႏွင့္ တိုက္ခိုက္ေရးတို႔ဘက္မွာသာ ကိုယ္တိုင္ပါ၀င္တဲ့အရွင္ဟာဆိုရင္ အျခားကိစၥေတြမွာဆို အေရးေတာင္မစိုက္ေပ။ သို႔ေပမဲ့ ဒီလိုကိစၥေသးေသးေလးမွာက် အရွင္သည္ ကိုယ္တိုင္ပါ၀င္မည္သည္တဲ့လား..။

" တစ္ျခားသူအေရးကိစၥေတြဆို ၀င္မပါတတ္တဲ့မင္းႀကီးက သားကင္မ္ထယ္ေယာင္းကိစၥကို သူကိုယ္တိုင္ေဆာင္ရြက္မည္တဲ့လား... မယံုႏိုင္စရာပါပဲ.. "

အမတ္ကင္မ္လည္း အံၾသမႈေပါင္းမ်ားစြာျဖင့္ မိမိေနထိုင္ရာအေဆာင္ဆီ ထြက္ခြာသြားေလေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~

" ေနေတာင္၀င္ေတာ့မယ္ ဟိုလူေဂ်ာင္ကုဘယ္ကမ႓ာ သဝေထိုးေနလဲမသိဘူး..ေရမခ်ိဳးရေသးပါဘူးဆိုမွ .. "

ကြၽန္ေတာ္ အိမ္အျပင္မွာေခါက္တုန္႔ေခါက္ျပန္ ဟိုဘက္ေလ်ွာက္လိုက္ဒီဘက္ေလ်ွာက္လိုက္လုပ္ေနမိသည္။ ေဂ်ာင္ကုကိုလည္း ေမ်ွာ္ရင္းေပါ့။ တကယ္ပါ ကြၽန္ေတာ္မနက္ကတည္းကေဂ်ာင္ကုကို ေစာင့္ေနတာအခုထိေပၚမလာေသး။ အခုထိလည္းေရမခ်ိဳးရေသးဘူး။ လူလဲေၾကာင္ခ်ီးရုပ္ျဖစ္ေနၿပီ။

ကြၽန္ေတာ္ ညည္းတြားကာ ေဘးကိုလွည့္ၾကည့္လိုက္ေတာ့ ကြၽန္ေတာ္နဲ႔မလွမ္းမကမ္းကေန လူတစ္ေယာက္လာေနတာကိုေတြ့သည္။ ကြၽန္ေတာ္လည္းေသခ်ာၾကည့္လိုက္ေတာ့မွ ေဂ်ာင္ကုျဖစ္ေနသည္။
ကြၽန္ေတာ္လည္း ကယ္တင္ရွင္ေပၚလာသလိုေပ်ာ္ကာ ေဂ်ာင္ကုရိွရာကို အျမန္ဆံုးသြားလိုက္ေတာ့သည္။

ကြၽန္ေတာ္ေဂ်ာင္ကုအနားေရာက္ေတာ့ ေဂ်ာင္ကုကကြၽန္ေတာ့္ကို ၾကည့္ၿပီး..

" ဘာျဖစ္လို႔လဲ.. "

" ဘာျဖစ္လို႔လဲဟုတ္လား.... ခင္ဗ်ားကေကာဘယ္ေတြသြားေနတာမို႔ ဒီေလာက္ၾကာေနရတာလဲ ကြၽန္ေတာ္ခင္ဗ်ားကိုေစာင့္ေနရတာ အရိုးေဆြးေတာ့မယ္.. "

ကြၽန္ေတာ္ေျပာျပန္ေတာ့လည္း ရုပ္ေသႀကီးနဲ႔ၾကည့္ေနတဲ့ ေဂ်ာင္ကုပါေလ..။ ရုပ္ကိုကဘယ္ေတာ့မွမၿပံဳးတဲ့ အုန္းသီးရုပ္နဲ႔...

" ဒါေတြထားပါ....ကြၽန္ေတာ္ေရခ်ိဳးမလို႔ခင္ဗ်ားကိုေစာင့္ေနတာ...ေရခ်ိဳးရမယ့္ေနရာ ကဘယ္မွာလဲ.. "

" မင္းေရမခ်ိဳးရေသးဘူးလား "

" ေနရာမွမသိတာကိုမခ်ိဳးရေသးဘူးေပါ့.. ေနရာသာသိရင္ခင္ဗ်ားကို ေစာင့္မေနဘူး "

ကြၽန္ေတာ္ေျပာပံုကို ေဂ်ာင္ကုကသေဘာက်သြားလားမသိ ခပ္ပါးပါးၿပံဳးလိုက္ေသးသည္။ ဒီလူေတာ့ ဘာေတြသေဘာက်ေနလဲမသိဘူး..။

" ခင္ဗ်ားဘာေတြသေဘာက်ၿပီး ဘာေတြၿပံဳးေနတာလဲ ေျပာ.. "

" ဘာမွမဟုတ္ပါဘူး...လာ ငါ့ေနာက္လိုက္ခဲ့.. "

" ဟမ္..ေဟ့ ခဏေစာင့္အံုးေလဗ်ာ "

ေဂ်ာင္ကုဆိုတဲ့လူကေလ မေျပာမဆိုနဲ႔ကြၽန္ေတာ့္ကိုေတာင္မေစာင့္ဘူး သြားေနလိုက္တာမ်ား..။ တကယ္ လမ္းေလ်ွာက္တာလဲ မနဲမွီေအာင္လိုက္ေနရတဲ့ အေျခအေန..။

" ရားးးးေဂ်ာင္ကု.. ကြၽန္ေတာ့္ကိုေစာင့္ပါအုန္းလို႔ "

ေတာအုပ္ႀကီးထဲတြင္ လမ္းျမန္ျမန္ေလ်ွာက္ကာ ေဂ်ာင္ကုေနာက္ကေနေအာ္ေခၚေနေသာ ထယ္ေယာင္းႏွင့္ အေနာက္ကပါလာေသာ သာလိကာေကာင္ေလးေၾကာင့္ နားေတြညီးေနပါေသာ ေဂ်ာင္ကုဆိုတဲ့ ေကာင္ေလးႏွစ္ေယာက္ရိွေပသည္။ ေအာ္ေခၚေနေသာထယ္ေယာင္း၏အသံမွာ ေတာအုပ္ထဲသို႔ပ်ံႏွံ႔သြား သကဲ့သို႔ ေအာ္ေခၚေနတာကို မသိခ်င္ေယာင္ေဆာင္ကာ ၪီးတည္ရာကိုသာသြားေနေသာ ေဂ်ာင္ကုတို႔၏ ပံုသဏ္ဉာန္မွာ ေတာအုပ္ထဲတြင္ လိုက္ဖက္စြာျမင္ေတြ့ေနရေတာ့သည္။

_____________________

ကဲကဲ...ေပၚလာပါၿပီလို႔🧛‍♀️
အၾကည္ဓာတ္ေလးေတြေရာရိွၾကေသးရဲ့လား ဟင္🗣

---------------------
𝑻𝒉𝒂𝒏𝒌 𝒚𝒐𝒖 𝒔𝒐 𝒎𝒖𝒄𝒉 𝒂𝒍𝒍
---------------------
✍︎  ကင္မ္ဘယ္ရီ🍒
---------------------

Continue Reading

You'll Also Like

1.2M 39.7K 26
He's my husband. The coldest husband I've ever seen. Highest ranking [#1Korea]
3.7K 327 3
"သူစိမ်းတွေ ဖြစ်သွားကြပြီလေ ကျနော်တို့က" "သူစိမ်းတွေတဲ့လား... သူစိမ်းတွေဆိုရင်တောင် အရင်းနှီးဆုံး သူစိမ်းတွေလေ" Kim Taehyung x Jeon Jungkook Start Da...
19.2K 769 11
UNICODE...... 🔞အပိုင်းတိုင်းလိုလိုမှာ Sexအခန်းများပါဝင်သည့်အတွက် ကလေးသူငယ်များချင့်ချိန်ပြီးမှဖတ်ရန်🔞 ZAWGYI...... 🔞အပိုင္းတိုင္းလိုလိုမွာ Sexအခန္...
764K 20.6K 76
မင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခ...