"ပီ~~~~~~"
"ဟင်!"
ငြိမ်သက်နေတဲ့ လူအုပ်ကြီးရဲ့နောက်နားက လူမသိသူမသိအီးပေါက်သံတိုးတိုး~~
ဒါကဝလုံးအထင်သက်သက်...
"ခွီး!"
"အဟွတ်!"
"အဟမ်း ဟမ်း!"
"အဟိ အမ်း!"
ဘေးကအသံတွေနဲ့ လှည့်ကြည့်လာတဲ့မျက်လုံးတွေကို သတိထားမိပုံမရတဲ့ကောင်လေးကတော့ လေပူတွေပါမှုတ်ထုတ်လို့ ခေါင်းတညိမ့်ညိမ့်နဲ့ သူ့လုပ်ရပ်ကိုသူဘာသာ ဂုဏ်ယူနေသလိုမျိုး...
"...!"
"အဟမ်း ဒါဆိုရင် ဆရာမိုးသားလွင်ပြင်ကဆက်ပြီးဆွေးနွေးပါလိမ့်မယ်.."
ရီချင်စိတ်ကို နှုတ်ခမ်းနားလက်သီးဆုပ်တေ့လို့ ချောင်းဟန့်ရင်းဖြေဖျောက်ရသည်...
လူအုပ်ကလည်း သူ့အသံကြောင့်ရှေ့ပြန်လှည့်သွားကြပေမဲ့ပြုံးစိစိ... တရားခံကလည်းဘာမှမလုပ်ထားသလိုမျိုးမျက်နှာလေးကတည်သွားပြန်သည်...
မိုးသားကိုကြည့်တော့လည်း ရီချင်စိတ်ကိုအတင်းချုပ်တီးထားဟန် အံကိုကြိတ်လို့...
"အဟမ်း အဟမ်း ဒါဆို ခုနက ဆရာကိုတည်ငြိမ်ဦး ပြောခဲ့သလိုပဲ........."
ပြောသမျှကို ခေါင်းလေးတညိမ့်ညိမ့်နဲ့ လိုက်နားထောင်နေတဲ့ကောင်လေးက ခုနကပေါက်ကရလုပ်ထားတာ သူမဟုတ်တဲ့အတိုင်း ..
ငြိမ်ဦးခေါင်းကိုအသာခါလိုက်မိသည်...တွေ့တာနှစ်ရက်တောင်မပြည့်သေးပေမဲ့ ဒီကောင်လေးကို သူဂရုတစိုက်လိုက်ကြည့်နေမိသည်ပဲ.. ကလေးလိုလို ဘာလိုလိုနဲ့ကောင်လေးက သူ့အာရုံတွေကို တွေ့စတည်းကဖမ်းစားထားခဲ့သည်...
ဒီကောင်လေးက တကယ့်ကို တစ်ခုခုပါပဲ.....။
အားလုံးကိုယ့်အိမ်ကိုပြန်ကြတော့ မွန်းလွဲ ၁ချက်တီး...။ အပေါက်ဝကနေ အမေ့ကိုစောင့်နေရင်း ဝလုံးကဗိုက်ဆာနေပြီဖြစ်သည်...
"အဆင်ပြေရဲ့လား ဝလုံးလေး..."
"ဟုတ် ပြေပါတယ်ဗျ.."
ဒီနေ့မှ ရွာထဲကလူတွေက ထူးဆန်းနေသလို... ဝလုံးကပဲအရမ်းချောနေလို့လားမသိဘူး ကလေးတွေကအစ ဝလုံးကိုနှုတ်ဆက်သွားကြသည်...ဝလုံးချောတာ အားလုံးသိသွားပုံပေါ်သည်...
ဘဝင်မြင့်နေတဲ့ဝလုံးက ကြက်တောင်စည်းလေးကိုပါ သပ်တင်လို့ ခေါင်းတမော့မော့...
"ကောင်းကောင်းလုပ်ခဲ့တယ် လုံးလုံး"
"အောင်မြင်သွားတာပဲ လုံးပေါက်လေး.."
အပျိုကြီးမအိမ်စည်နဲ့ အမမြနှင်းက သူ့ပုခုံးတွေကိုပါပုတ်လို့ ညတိုင်းတီဗွီရုံမှာကြည့်နေကျ ကိုရီးယားကားထဲကအတိုင်း အားပေးနေသည်...
ဝလုံးခမျာအူကြောင်ကြောင်... အမေကလည်းသူကြီးကတော်နဲ့စကားပြောနေတာ တော်တော်နဲ့ထွက်မလာသေး...
အမေ့ကိုစောင့်နေတုန်း ထွက်လာတဲ့နှစ်ယောက်ကြောင့် ဝလုံးခေါင်းကိုငုံ့ကာ မြေကြီးကိုစင်ကြယ်ဖိနပ်နဲ့ ထိုးဖွရင်း မမြင်ချင်ယောင်ဆောင်နေလိုက်သည်...
အနားကိုရောက်လာတဲ့ ခြေသံတွေကိုကြားပေမဲ့ မော့မကြည့်မိ... ဘာလို့မှန်းမသိ ဒီလူကိုမျက်နှာချင်းမဆိုင်ချင်ဘူး...
မြန်မြန်ကျော်သွားဖို့ ဆုတောင်းကို သူ့ရှေ့ရပ်တန့်လိုက်တဲ့ခြေသံတွေနဲ့ ဒီလိုဖြည့်သည်...
"အားတင်းထားညီလေး ဒါသဘာဝပါပဲ..."
ဆတ်ခနဲမော့ကြည့်မိတော့ ပြုံးစိစိမျက်နှာနဲ့ ဆရာမိုးသားလွင်ပြင်ဆိုတဲ့လူနဲ့ ရှူတည်တည်ကိုယ်တော်ကိုတွေ့သည်...
နားမလည်လို့ မျက်မှောင်ကုတ်ကြည့်တော့ ပြုံးစိစိကနေ စပ်ဖြဲဖြဲဖြစ်လာပြီး အားတင်းထားဆိုတဲ့ပုံစံနဲ့ လက်သီးဆုပ်နှစ်ဖက်ထောင်ပြလာသည်...
ဝလုံးမျက်နှာမကြည်မလင်နဲ့ ဘုကြည့်ကြည့်လိုက်မှ မျက်နှာပိုးသတ်သည်... ခုထိနေရာကမရွေ့တဲ့ လူကိုမသိမသာလှည့်ကြည့်တော့ ဝလုံးကိုကြည့်နေတဲ့မျက်လုံးနက်နက်တွေနဲ့ဆုံသည်...
ဝလုံးထက်ခေါင်းတစ်လုံးမက မြင့်နေတဲ့အရပ်ကြောင့် မကြည်လင်တဲ့မျက်နှာက လုံးဝကိုဆူပုတ်သွားတော့သည်...
သူတို့လာမှ ခေါင်းငုံ့ပြီးမမြင်ချင်ယောင်ဆောင်နေတဲ့ကောင်လေးက စီးထားတဲ့စင်ကြယ်ဖိနပ်အဝါရောင်လေးနဲ့ မြေကြီးတွေကိုထိုးဆွလို့နေတာကြောင့် ခြေထောက်တစ်ခါမြှောက်လိုက်တိုင်း ခေါင်းပေါ်က ကြက်တောင်စည်းလေးက တလှုပ်လှုပ်...
အနားရောက်သွားတဲ့အခါ သင်းခနဲရလိုက်တဲ့ သနပ်ခါးနံ့လေးကြောင့် ပြုံးလိုက်မိသလို... မိုးသားစလိုက်လို့ နားမလည်သလိုမျက်နှာလေးက သူမကြည်နေကြောင်း မျက်ခုံးတန်းနက်နက်လေးတွေ စုကျုံ့လို့ပြသည်...
ပါးလေးနှစ်ဖက်ဖောင်းနေအောင် ဆူပုတ်နေတဲ့ ကောင်လေးက တကယ့်ကိုကလေးမှကလေး...
"တော်တယ်..."
"ခွီး!"
မထိန်းနိုင်စွာထွက်သွားတဲ့ရီသံက မိုးသားဆီက... သူလည်းနားမလည်တဲ့မျက်လုံးလေးတွေကို အသာငေးလို့ ပြုံးလိုက်မိလေသလား~~~။