shady☆ [julyz] ✔️

By ji__aan

9K 1K 201

You locked me with those starry eyes ever since that day, when I initially started to feel weird, odd, uncomf... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
20
21
22
23
24
25
26
27
28
29
30 [ FINAL ]
announcement 🙌🏻

19

245 32 12
By ji__aan

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

" ပေါက်တတ်ကရတွေ လျှောက်ပြောနေတယ် မလုပ်ချင်ဘူး..ဂင်မ်ထယ်ရယ် မင်း ခေါင်းထိလာတာလား ဘာလား"

" မထိလာပါဘူး။ အတည်ပြောနေတာ အီဂျောင်ရာ "

ဂျောင်ဟျွန်းမှာ စပ်ဖြီးစပ်ဖြီးနဲ့ လက်အုပ်တွေပါ ချီပြီး ပြောနေတဲ့ ထယ်ရယ့်ရဲ့ အကြံကို မျက်ခုံးမျက်မှောင်ကြုံ့ရင်း လက်တခါခါနဲ့ ပြန်ငြင်းနေရသည်။

" မင်းမျက်နှာကို ထိုးလိုက်ရာက မတော်လို့ ကျိုးပဲ့သွားရင် ဘယ့်နှယ့်လုပ်ရ "

" မျက်နှာက ချောတော့ အနာဖြစ်ရင် နှမြောစရာကောင်းတာတော့ ဟုတ်ပေမဲ့.."

ဂျောင်ဟျွန်း အကြောက်အကန်ငြင်းနေရတဲ့ အကြောင်းမှာတော့ ထယ်ရယ့်ရဲ့ အကြံက တော်တော်လေးကို ရူးကြောင်ကြောင်နိုင်နေတာကြောင့်ပင်။

ဂင်မ်ထယ်ရယ်က အခုမှ ဂင်မ်ထယ်ရယ်နဲ့ ပြန်တူလာသလိုပဲ။

အီဂျောင်ဟျွန်းနဲ့ ရန်ဖြစ်ပြီး အိမ်ပေါ်က ဆင်းလာတယ်?

အဲ့လိုပြောပြီး ရည်းစားဟောင်း အိမ်ပေါ် သွားနေမယ်တဲ့။
နည်းတဲ့ အကြံလား?

" ငါတို့ ဘယ်တုန်းက မျက်နှာတည့်တည့် ထိုးရလောက်တဲ့ထိ ရန်ဖြစ်လို့လဲ။ ထိုးလိုက်တာက ပိုပြီး ယုတ္ထိမရှိဘူးလေ"

" ထိုးရလောက်တဲ့ထိ ရန်ဖြစ်မှ အိမ်ပေါ်ကဆင်းဖို့ လုံလောက်မှာလေ"

" တခြားသူနဲ့ ရန်ဖြစ်လို့မရဘူးလား "

" အိမ်ငှါးက အိမ်ရှင်နဲ့ရန်ဖြစ်တာလောက် အိမ်ပေါ်ကဆင်းဖို့ ကောင်းတဲ့ အကြောင်းပြချက်မရှိဘူး "

အီဂျောင် သက်ပြင်း အရှည်ကြီးချလိုက်သည်။

" ခဏလေး ပတ်ဟန်ဘင်းကို ဖုန်းဆက်အုံးမယ် "

" ဘာလို့လဲ "

" ပထမဆုံးအနေနဲ့ ပြောရရင် ငါ့ရည်းစားက အီဂျောင်ဟျွန်း အလကားနေရင်း လူတွေကိုလိုက်ထိုးနေတယ်ဆိုတဲ့ စကားမျိုးကြားသွားရင် ငါအသတ်ခံရမှာ။ ဒုတိယအနေနဲ့ ပြောရရင် ပတ်ဟန်ဘင်းက မင်းမန်နေဂျာလေ.. မင်းကို ထိုးလိုက်ရင် ငါ့ကို..သတ်မှာပဲပေါ့.. "

ထယ်ရယ်က ရယ်ချင်သွားပြီး သူ့ပါးစပ်သူပိတ်လိုက်တာမြင်လို့ မျက်စောင်းတစ်ချက်လှမ်းထိုးလိုက်ကာ ပတ်ဟန်ဘင်းကို ဖုန်းခေါ်လိုက်သည်။

ထယ်ရယ် ကြားအောင် speaker ပါ ဖွင့်ထားလိုက်၏။
ဖုန်းကိုင်တာနဲ့ ဂျောင်ဟျွန်းမှာ အချိုသတ်လေသံကို ချက်ချင်း ပြောင်းသွား၏။

" အချစ်လေး ဘာလုပ်နေ ? "

" ဂျောင်ဟျွန်း ငါ ဒီနေ့ အမေ့ဆိုင်မှာ ကူလုပ်ပေးရမှာလို့ ပြောထားတယ်လေ။ ညနေမတိုင်ခင်ထိ ဖုန်းမခေါ်နဲ့ အလုပ်များနေတယ် "

" အလုပ်များနေတာ သိပေမဲ့ မေးစရာလေးရှိလို့ "

တစ်ဖက်က ပန်းခက်တွေ ဆင်နေတဲ့အသံတောင် ဖုန်းထဲကနေကြားရသည်။ ဟန်ဘင်းဆီက ခပ်တိုးတိုးထွက်လာတဲ့ အချက်ပြသံကြောင့် အီဂျောင် စကားကို ဆက်ပြောလိုက်၏။

" ဂင်မ်ထယ်ရယ်လေ ရုတ်တရက်ကြီး သူ့မျက်နှာကို နှစ်ချက်လောက် ထိုးပေးဆိုလို့ လုပ်လိုက်ရမလား"

တစ်ဖက်က အီဂျောင့်ကိုတော့ တိုက်ရိုက်မပြောပေမဲ့ သူ့ဟာသူအလုပ်ရှူပ်နေတဲ့ကြားက " ဘယ်လို အဓိပ္ပာယ်မရှိတာတွေလဲ" ဆိုပြီး ပြောသံ ကြားလိုက်သည်။

အဲ့ဒီနောက်မှ ဖုန်းထဲကို တိုက်ရိုက် ပြောလာ၏။

" အာ.. ထယ်ရယ် သူ့ကို ထိုးချင်ထိုး ရိုက်ချင်ရိုက် နှစ်ချက်မကလို့ ဘယ်လောက်နေနေ။ ညနေမှ တွေ့မယ် ဖုန်းချလိုက်တော့ "

" အွန်း အဲ့တာဆို တာ့တာ "

အီဂျောင် စိတ်ဖြောင့်လက်ဖြောင့် ဖုန်းချလိုက်ပြီး ထယ်ရယ့်ကို လှမ်းကြည့်လိုက်၏။

ရည်းစားဆီက ခွင့်ပြုချက်ရတာနဲ့ အင်္ကျီလက်ကိုပါ ခေါက်တင်ပြီး လက်ကောက်ဝတ်အဆစ်တွေက ဟိုလှည့် ဒီလှည့် စလုပ်နေတာကြောင့် ထယ်ရယ် နည်းနည်းတော့ မျက်ခုံး လှူပ်သွားသည်။

အီဂျောင်ဟျွန်း တကယ်ကြီး ထိုးတော့မယ် ထင်တယ်။

ရုံးခန်းအပြင်ဘက်ကို မြင်နေရတဲ့ ပြတင်းကာကြားကနေ ကြည့်တော့ အပြင်ဘက် ရုံးခန်းမှာ ယူဂျင်းကို လှမ်းမြင်လိုက်ရသည်။

" တကယ် ထိုးမှာနော် "

" အင်း "

" ထိုးပြီနော် "

လက်သီးစရွယ်တဲ့ အီဂျောင့်ကို ခဏတော့ လက်ပြန်ကာပြလိုက်တယ်။ တစ်ခါမှ အသားနာမယ့် လုပ်ရပ်တွေ မလုပ်ဖူးတာကို။

" ခဏလေး။ အရမ်း နာအောင်မထိုးနဲ့နော် မင်း လက်စွပ်တွေ ဘာတွေ ဝတ်ထားသေးလား မျက်နှာကို ခြစ်မိနေအုံး-"

စကားတောင် မဆုံးသေးဘူး ညာဘက်ပါးပေါ်ကို အရှိန်ပြင်းပြင်းနဲ့ လက်သီးတစ်ချက်က မဆိုင်းမတွရောက်ချလာသည်။ မျက်ခုံးထောင့်စွန်းကပါ အောင့်ကနဲဖြစ်သွားပြီး နှာခေါင်းရိုးကိုလည်း နည်းနည်း ထိမိ၏။

" အဆင်ပြေလား။ နှစ်ချက်ထိုးခိုင်းတာ ဒါ တစ်ချက်ပဲ ရှိသေး-"

" တော်ပြီ "

အရမ်းနာအောင် မထိုးပါနဲ့ဆိုတာကို အားကြီးနဲ့ လူပါလဲကျအောင်ထိုးပြီးမှ အားနာပါးနာ ပြန်ထူရှာသည်။ မျက်နှာကို စမ်းကြည့်တော့ မျက်ခုံးထောင့်မှာ နည်းနည်း အသားပေါက်သွားလို့ သွေးထွက်သည်။

နှာခေါင်းကရော..နှာခေါင်းကပါ သွေးစိမ့်နေတာလား။

" သွေး..သွေးတွေ "

" အရမ်းနာအောင် မထိုးပါနဲ့ဆိုတာကို !! "

" မ..မဟုတ်ဘူးလေ။ ငါက ရန်ဖြစ်ထားတယ်ဆိုတာ ယုတ္ထိရှိအောင် ပြင်းပြင်းလေးထိုးလိုက်ပေမဲ့ မနာလောက်ဘူးထင်တာ "

မျက်နှာချိုပြန်သတ်တဲ့ အီဂျောင်ဟျွန်းက ဆယ်ဘဝအငြိုးတွေနဲ့ ပိတ်ထိုးပစ်ပြီးမှ တစ်သျှူးကမ်းပေးရင်း ရယ်ပြ၏။

အထိုးခံရပြီးမှပဲ သတိရသွားတာကတော့ အီဂျောင်ဟျွန်း အထက်တန်းတုန်းက ကျောင်းမှာ အနိုင်ကျင့်ခံရမှာစိုးပြီး လက်ဝှေ့သင်တန်းတက်ထားဖူးတယ်ဆိုတဲ့ အကြောင်းကိုပင်။

ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ

" ထယ်ရယ် ဒီမှာ ဘာလာလုပ်နေတာလဲ "

ကျန်းဟောက် တစ်ယောက် ညနေပိုင်း အပြင်ထွက်ကာ လေးဆယ့်ငါးမိနစ်လောက် ပြေးပြီး အိမ်ကို ပြန်ရောက်တော့ မထင်မှတ်ထားတဲ့ ကြိုဆိုမှူကြီး ရောက်နေ၏။

" ခဏ လာလည်တာ "

ပြုံးစစနဲ့ ပြောတဲ့ ရည်းစားဟောင်း ဖြစ်သူကို မယုံနိုင်စွာ ကြည့်မိနေတုန်းပဲ အာရုံထဲ ဝင်လာတာကတော့ မျက်ခုံးထောင့်က ဒဏ်ရာလေးပင်။

ပြီးတော့ မျက်နှာက နည်းနည်းလေး ယောင်နေသလိုပဲ။

တောင့်ခဲစွာ စကားတစ်ခွန်းတစ်လေတောင် မစမိတဲ့ လေထုကြီးထဲ ထယ်ရယ်က ကျန်းဟောက် စကားမပြောမချင်း စပြောဖို့ အကြံရှိပုံမရ။

ထယ်ရယ့်မျက်နှာက နဂိုထက် တော်တော်လေး ပိန်ကျသွားသည်။
ဖျားထားတာကြောင့်ရော..ကျန်းဟောက်ရဲ့ ပယောဂမလွတ်တာကြောင့်ပါဖြစ်မှာပေါ့။

" မျက်နှာက ဘာဖြစ်လာတာလဲ "

" ဂျောင်ဟျွန်းနဲ့ ရန်ဖြစ်လာတာ "

မျက်နှာငယ်လုပ်ပြီး ပြန်ဖြေတာကြောင့် အန္တရာယ်များတဲ့ ခံစားချက်မျိုးဝင်လာ၏။

" လာလည်တာဆိုတော့ ဒီလို တွေ့ပြီးရင် ပြီးပြီမလား "

ထယ်ရယ် ပြန်ဖြေတာကို မစောင့်ပဲ အခန်းလျှို့ဝှက်နံပါတ် မြန်မြန်ရိုက်ကာ အခန်းထဲကို ဝင်ခါနီးမှ ထယ်ရယ်က ပိတ်ခါနီး တံခါးကြားထဲ သူ့လက်ထိုးထည့်လို့ အမြန် တံခါး ပြန်ဖွင့်လိုက်ရသည်။

" ဂင်မ်ထယ်ရယ် ! လက်ကို ဒီလို နမော်နမဲ့ လုပ်လို့မရဘူးလေ ဂစ်တာတီးနေပြီး! "

လန့်သွားတာကြောင့် ငေါက်မိတော့ ထယ်ရယ်က ရယ်ပြ၏။ စိတ်ပူပြလို့ မဖြစ်ဘူးကို ရုတ်တရက်.. ပြောထွက်သွားတာပဲ။

ဂင်မ်ထယ်ရယ်.. မုန်းတယ်ဆိုပြီး ကျန်းဟောက်ဆီကို လာရှာနေတာပဲ။

" ကျွန်တော် အခု နေစရာ မရှိဘူး။ အိမ်ပေါ်က ဆင်းလာတာ..အဲ့တာနဲ့.."

" ချွန်းနန်ကို ပြန်ပေါ့"

အခုလို ပြတ်တောင်းစွာ ဖြေလိုက်ပုံကို သဘောမကျ။ ထယ်ရယ့်ကို မကြည့်ပဲ ဘေးပတ်ဝန်းကျင်ကို အရင်ကြည့်လိုက်တုန်း ကျန်းဟောက်ကို မျက်စောင်းလှမ်းထိုးနေတာသိလိုက်ပါသည်။

" ကျွန်တော် အိမ်ငှါးခ တစ်ဝက်ပေးမယ်။ ဒီမှာ တစ်လလောက်ပဲနေမယ်နော် "

" အဲ့လိုကြီးက မရဘူး- "

စကား တစ်ဝက်တစ်ပြတ်မှာတင် ကျန်းဟောက် မမြင်မိတဲ့ luggage ကိုပါ ဆွဲရင်း အိမ်ထဲကို သူ့သဘောအတိုင်း ဝင်သွားသည်။
အိမ်ငှါးခနဲ့ ကိုင်ပေါက်တာမို့ ပြောစရာစကားမရှိတော့ပဲ တစ်လစာ တစ်ဝက်သက်သာလည်း မဆိုးဘူးလို့ တွေးချင်စရာ။

ရည်းစားဟောင်းတွေနဲ့ အဆက်အသွယ်လုပ်တာ ထုံးစံမဟုတ်ဘူးကို အခုတော့ တစ်အိမ်တည်းနေရမယ့်ဟာက.. သိပ်တော့ မဟုတ်သေးဘူးလေ။

လမ်းခွဲထားတာ တစ်ပါတ်ကျော်ကျော်လေးပဲ ရှိသေးတယ်။ သေအောင် နေရခက်တာပဲ။

" ကိုယ်လည်း အခုမှ အပြင်ကပြန်လာတာမို့ ရေသွားချိုးပြီး ခဏနေရင် ညနေစာလုပ်ပေးမယ်။ အဲ့ကျမှ နေမယ့်ထိုင်မယ့်ကိစ္စ သေချာပြောတာပေါ့ "

နေဖို့ကို လက်ခံပေးမယ်ဆိုတဲ့ သဘောထင်သွားမှာစိုးလို့ ထပ်ဖြည့်ပြောရသေးသည်။

" ပေးနေမယ်လို့ ကိုယ် မပြောသေးဘူးနော် "

" သိပါပြီ "

ဧည့်ခန်းထဲမှာ ထိုင်နေရစ်တဲ့ ထယ်ရယ့်ကို ခဏထားခဲ့ရပါသည်။

ရေချိုးပြီးတာနဲ့ ညနေစာချက်ဖို့ကြည့်တော့ ခေါင်းစားစရာက ရေခဲသေတ္တာထဲ ဘာမှရှိမနေ။
အခုမှ စျေးသွားဝယ်ရင်လည်း ချက်ရမယ့်အချိန်နဲ့ မကာမိ။ ဗီရိုထဲမှာရှိတဲ့ ခေါက်ဆွဲထုပ်တွေကို ကြည့်ပြီး မသိမသာတော့ မျက်မှောင်ကြုံလိုက်သည်။

အိမ်မှာပေးနေလိုက်ရမလား။
အဲ့ဒီကောင်လေးက ကျန်းဟောက်ရဲ့ စိတ်မခိုင်မှူတွေကို အမြဲစမ်းသပ်နေတော့တာပဲ။



ရေချိုးပြီးတာနဲ့ ဆံပင်တောင်မခြောက်သေးဘူးကို ဧည့်ခန်းဘေးတင်ရှိတဲ့ မီးဖိုချောင်ဘက်တန်း ဝင်သွားတဲ့ ကျန်းဟောက်အား ထယ်ရယ် ကြည့်ပြီး ကိုယ်တိုင် လုပ်နေတာတွေ ဟုတ်ရော ဟုတ်ရဲ့လားလို့ နည်းနည်းတော့ ပြန်စိုးရိမ်လာ၏။

ကျန်းဟောက်လုပ်သမျှကို အစစအရာရာမြင်နေရတာမို့ ခေါက်ဆွဲခြောက်ထုပ်တွေကို ကြည့်ပြီး ခေါင်းကိုက်ချင်နေတဲ့ မျက်နှာကိုလည်း ကောင်းကောင်း မြင်ရသည်။

မသိချင်ယောင်ဆောင်ပြီး ဖုန်းသုံးနေလိုက်တော့ ခြောက်မိနစ်လောက်အကြာမှာ ဧည့်ခန်းထဲက စားပွဲပေါ်ကိုပဲ ခေါက်ဆွဲ ပန်းကန်တွေ လာချ၏။

" စျေးမဝယ်ဖြစ်သေးလို့ ခေါက်ဆွဲပဲ ပြုတ်လိုက်တယ်။ စားပြီးရင် ပြန်လိုက် "

" ဂျောင်ဟျွန်းနဲ့ ရန်ဖြစ်လာပါတယ်ဆို "

" အီဂျောင်က ဘယ်လောက် စိတ်တိုပါစေ ထိုးတာအထိတော့ လုပ်မယ် မထင်ဘူး။ အိမ်ပေါ်က နှင်ချတာကတော့ လုပ်နိုင်တယ် ထင်ရပေမဲ့ "

" တကယ် ထိုးသွားတယ်လေ။ မျက်နှာကဟာတွေကို ကြည့်။ အိမ်ပေါ်ကလည်း တကယ် ဆင်းလာရတာ "

နာသမျှနေရာတွေ လက်ညှိုးထိုးပြကာ ပြောတော့ ခေတ္တတိတ်ဆိတ်သွားပြန်ရဲ့။

" ဆေးထည့်ထားလား "

" နေ့လည်ကတော့ ဆေးထည့်ထားပေမဲ့ ညဘက် တစ်ခေါက် ထပ်ထည့်ရမယ် ထင်တယ် "

ထယ်ရယ့်ကို စကားမပြန်တော့ပဲ ခေါက်ဆွဲစားတဲ့ဆီ အာရုံရောက်သွားသည်။ ထယ်ရယ်နဲ့ တွေ့ကာစ အပြင်ကပြန်လာတဲ့ပုံက အားကစားလုပ်ခဲ့ပုံပဲမို့ ဗိုက်ဆာနေတာနဲ့ တူ၏။

ကျန်းဟောက်လည်း အလုပ်ရှူပ်အောင် နေနေတဲ့ပုံရယ်။

" အိမ်ငှါးခကို တစ်ဝက် မပေးနဲ့ လေးပုံတစ်ပုံပဲပေး "

နေလို့ရတယ်ဆိုတဲ့ မီးစိမ်းပြတဲ့တိုင် အိမ်ငှါးခ ညှိနှိူင်းတာကိုတော့ ထယ်ရယ် နားမလည်။ ပြီးတော့ စျေးတိုးတောင်းတာ မဟုတ်ပဲ လျော့တောင်းတာလား။

" ဘာလို့လဲ "

" ထယ်ရယ့်မှာ အားနာတတ်တဲ့စိတ်အခံလေးရှိနေရင် ကိုယ်နှင်ထုတ်ချင်တဲ့အချိန် နှင်ထုတ်လို့ ရမယ်ထင်လို့ "

ကျန်းဟောက်ရဲ့ စားလက်စ ခေါက်ဆွဲ ပန်းကန်က ကြည့်လိုက်တော့ တစ်ဝက်တောင် မကျန်တော့ပေ။ ထယ်ရယ့်ထက် အစားမြန်တာတော့ သိပေမဲ့ ဘယ်တုန်းကရော ဒီလောက်ကြီးထိ အစားမြန်မြန်စားတတ်သွားတာလဲ။

" ဒါနဲ့..ကျန်းဟောက်ရော နေကောင်းရဲ့လား"

" အိမ်မှာ လာနေဖို့ကိစ္စပဲဆို? နေကောင်းလား မမေးနဲ့လေ "

အရမ်းကို သိသိသာသာ စည်းခြားနေသည်။
အဲ့ဒီဘောင်ကို ပြန်ကျော်ရဖို့ အချိန်ထပ်လိုမယ်ဆိုတာကို သေချာသွားပေမဲ့ စိတ်မလျော့ပဲနေနိုင်သရွေ့တော့ ကြိုးစားကြည့်ရမှာ ထယ်ရယ့်အပိုင်း။

ကျန်းဟောက်က စားပြီးသား ပန်းကန်ကို ကိုင်ကာ ထသွားသည်။
အရင်က ပုံမှန်လိုဆို ထယ်ရယ် စားလို့မပြီးသေးရင် ထိုင်စောင့်ပေးနေတတ်တဲ့လူက..။

စိတ်မကောင်း ဖြစ်တဲ့ခံစားချက်တိုးဝင်လာပေမဲ့ မဖြစ်သေးဘူးလေ။

" အနာတွေ ဆေးထည့်လိုက်အုံး "

သူ့အိပ်ခန်းထဲက အိပ်ယာအပိုနဲ့ စောင်အပိုတွေ ထုတ်ပေးရင်း ထယ်ရယ့်ကို ဆေးသေတ္တာပါ ချပေးကာ သတိပေးသလိုပြောသည်။


" ထယ်ရယ် စားလို့ ပြီးပြီဆို ကိုယ် ပန်းကန်ဆေးလိုက်မယ်"

ကျန်းဟောက်မှာ ထယ်ရယ့်ကို စကားတစ်ခွန်းပြောလိုက်မိတိုင်းရော၊ ထယ်ရယ်က စကားတစ်ခွန်း ပြောလာတိုင်းရော၊ ဘယ်အချိန်မှာ ဘယ်လိုအကွက်လာရွေ့မယ်မှန်း ပြောမရတာကြောင့် ကိုယ့်ကိုယ်ကိုပဲ ဘောင်ခတ်ထားရသည်။

ထယ်ရယ့်ဆီကို ပြန်သွားမိလို့ မဖြစ်ဘူးဆိုတဲ့အတွေးကို လွန်ဆန်ဖို့အတွက် လုံလောက်တဲ့ နှလုံးခုန်နှူန်းတွေက ကျန်ရှိနေသေး၏။

ထယ်ရယ်စားပြီးသွားတဲ့ ပန်းကန်ကို ဘာမှပြန်မပြောနိုင်ခင်ပဲ ဆွဲယူလာခဲ့ပြီး ပန်းကန်ဆေးရင်း စိတ်လွတ်လက်လွတ်ဖြစ်နေရလျက်။

ထယ်ရယ် တကယ်ပဲ အီဂျောင်နဲ့ ရန်ဖြစ်လာတာလို့ ထင်ရပေမဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးမှူတစ်စိတ်တစ်ပိုင်းအရ မယုံချင်နေ။

စိမ်းသက်သက်ဆက်ဆံတဲ့အပေါ်မှာ ဘယ်လိုမြင်နေမလဲ မသိပေမဲ့ ကျန်းဟောက်လည်း စိမ်းသက်ချင်ယောင်ဆောင်ရတာ ခက်ခဲလွန်းသည်။

မတွဲတော့ဘူးဆိုရင်တောင် အရမ်းရင်းနှီးခဲ့တာကို။

" အာ့ စပ်တယ် "

ပန်းကန်ဆေးပြီးကာ ရှိသေး ဧည့်ခန်းဘက်က မထိတထိအော်သံကြောင့် စိတ်ပျက်လက်ပျက် အနားသွားလိုက်သည်။

အဲ့တာထက် အလိုလိုရောက်သွားတာဆို ပိုမှန်မည်။

မျက်ခုံးထောင့်က ဒဏ်ရာနဲ့ ထယ်ရယ့်ကို ကြည့်ရင်း ဆေးထည့်ပေးလိုက်တာက ပြဿနာမရှိနိုင်ပါဘူး။
မှန်လည်း မပေးထားမိတာကို။

ကျန်းဟောက်ကို မော့ကြည့်လာတာမို့ ဘေးနားတင် ထိုင်လိုက်ကာ ဂွမ်းတံအသစ် တစ်ခုယူလိုက်သည်။

ထယ်ရယ်က ကျန်းဟောက် လုပ်သမျှကို နားမလည်နိုင်စွာ ကြည့်နေဆဲ။

" ဆေးထည့်ပေးမယ် ငြိမ်ငြိမ်နေ "

" ကျွန်တော့်ဘာသာ လုပ်ပါမယ် "

" ငြိမ်ငြိမ်နေပါဆို "

လေသံနိမ့်နဲ့ ပြောလိုက်ရင်း ထယ်ရယ့်မျက်နှာကို တစ်ဖက်ကို လှည့်ယူလိုက်မှ ငြိမ်သွားသည်။ ဆေးထည့်ပေးတော့လည်း စပ်တယ်တောင် ထပ်မပြောပဲ မျက်လုံးအဝိုင်းသားနဲ့ ကျန်းဟောက်ကို ကြည့်နေတာ သိပါ၏။

" ထယ်ရယ် "

" ဟုတ် "

လိမ်လိမ်မာမာဖြေတဲ့ အသံကစ မတွဲခင် အခြေအနေကို ပြန်ရောက်သွားတာနဲ့ တူသည်။
ပြတ်ပြီး တစ်ပါတ်အကြာမှာ ပြန်ပေါ်လာရုံကိုတောင် ဒီလောက် ယောက်ယက်ခတ်ဖြစ်အောင် လုပ်နေတာက မကောင်းဘူးလေ။

ပြတ်ဆဲပြီးသားအခြေအနေမို့ စည်းခြားပြီးသွားတာကပဲ ကျန်းဟောက်အတွက် အဆင်ပြေနေသည်။
နောက်တစ်လဝန်းကျင်အတွင်း ဖူကျန့်ကို ပြန်ရမှာပဲ။

" ဇာတ်လမ်းပြန်စချင်နေတာဆိုရင် အခုကတည်းက ရပ်လိုက်တော့ "

" ကျွန်တော့်မှာ တကယ် နေစရာမရှိတော့လို့ပါနော် "

ဘာကြောင့်မှန်းမသိ ဖုံးဖိလို့မနိုင်စွာပဲ ခပ်ယဲ့ယဲ့ပြုံးလိုက်မိသည်။

အနာကို ဆေးထည့်ပေးရင်း ကြည့်မိတော့ ဒဏ်ရာဖြစ်လာတာထက် ယောင်ရမ်းနေတာက ပိုဆိုးတာပင်။

" အီဂျောင်က ဘယ်လောက်တောင် ထိုးလိုက်လို့လဲ။ ဖုန်းဆက်ပြီး နည်းနည်း ဆူပေးရအုံးမလား? "

ကိုယ့်စကားကိုယ် ပြောမိပြီးမှ သတိထားမိသည်။
ဇာတ်လမ်းပြန်စချင်နေတာက ကျန်းဟောက်နဲ့ ပိုတူသွားပြီ။

ထယ်ရယ်က ရုတ်တရက် သေချာမကြားလိုက်ပဲ ကျန်းဟောက်ကို ကြည့်သည်။
စကားလမ်းကြောင်း လွှဲရန်သာ အကြံရပြီး ရုတ်တရက် မျက်နှာတွေပူလာလျက်။

" ဒါတွေယူပြီး ကိုယ့်အခန်းဘေးက အခန်းမှာ သွားအိပ်လိုက်။ ဒီအတိုင်း အခန်းလွတ်နေတာ အဲ့တာ။ မျက်နှာက နည်းနည်း ယောင်နေတဲ့နေရာတွေ ရေခဲကပ်ချင်ရင် ကိုယ့်ဘာသာပဲလုပ်လိုက်တော့ "

အလျင်စလို မပြောခဲ့တဲ့အတိုင်း သဘောထားလိုက်ပြီး ထယ်ရယ့်ကို ထားခဲ့ကာ အိပ်ခန်းထဲကိုပဲ မြန်မြန်ပြေးလာခဲ့တော့၏။

ကျောင်းမှာ ကျန်းဟောက်နေရာကို ဝင်မယ့် အစားထိုးဆရာ မြန်မြန်ရရင် တစ်လမပြည့်လည်း အလုပ်ထွက်မယ်လို့ ပြောင်းညှိသင့်နေပြီ ထင်ပါရဲ့။

အနီးကို ပြန်ရောက်လာတဲ့သူကြောင့် ဖူကျန့်ကိုပြန်ဖို့ စိတ်ပိုင်းဖြတ်ထားတာတွေ ပြောင်းလဲသွားမှာကို စိတ်ပူသည်။

ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ



အတူတူနေတာ ဘယ်နှရက်ရှိပြီလဲတောင် မတွက်ထားမိ။

ထယ်ရယ်က တိုက်ခန်းကို သူ့ရဲ့ ဂစ်တာပါ ယူလာပြီး သူ့အလုပ်ရှိရင်လည်း ကျန်းဟောက်ရဲ့အိမ်ကနေပဲသွားသည်။

အထွေအထူး လှူပ်ရှားမှူတွေ လုပ်မနေတာကြောင့် ကျန်းဟောက်ရဲ့ စိုးရိမ်မှူတွေက အနည်းငယ် လျော့ပါးလာသလို စကားလည်း သိပ်မပြောဖြစ်ကြပဲ ထမင်းတောင် တူတူမစားဖြစ်သလောက်။

ထယ်ရယ့်ကို ကြည့်ရတာကလည်း နေရင်းထိုင်ရင်းနဲ့ အရမ်းသာမာန်ဖြစ်လွန်းလာသည်မို့ အနည်းငယ်တော့ အံ့ဩမိပေမဲ့။

အီဂျောင့်အိမ်ကို ရောက်စတုန်းက ရင်းနှီးသလို မရင်းနှီးသလို အခြေအနေမျိုးကိုတောင် သတိရမိသလိုလို။

စိတ်ရှူပ်စရာကတော့ တစ်ခုတည်းပင်။

ကျန်းဟောက် နောက်ကျမှ အိမ်ပြန်ရောက်ရင် ဧည့်ခန်းထဲမှာ ထယ်ရယ်က ငုတ်တုတ်ရှိနေတာမို့။ တစ်ခါတစ်လေတော့ အိပ်ပျော်နေပြီး တစ်ခါတစ်လေတော့ တီဗီကြည့်နေသည်။

အခု ပြန်ရောက်တော့လည်း ဆိုဖာပေါ်မှာ အိပ်ပျော်နေလျက်သား။

အိမ်အပြင်ဘက်မှာ ရာသီဥတုမမှန်ပဲ စိုထိုင်းထိုင်းလေထုဖြစ်နေတာကို အခန်းပြင်မှာ စောင်မပါပဲ အိပ်နေတယ်။

မမြင်ရက်တာကြောင့် စောင်ယူကာ ခြုံပေးလိုက်ပြီး နှိူးဖို့ စိတ်ကူးမရှိပေမဲ့ အလိုလိုနေရင်း အနားကို ကပ်သွားမိသည်။ ခိုးကြည့်မိလည်း လူမမိရင် ရပြီလေ။

အသံတစ်ချက်ထွက်တာနဲ့ အအိပ်ဆတ်တဲ့ ထယ်ရယ် နိုးသွားမှာကိုလည်း စိုးရိမ်ဆဲ။

အိမ်ကိုရောက်လာကာစက မျက်ခုံးပေါ်မှာ ပါလာတဲ့ ဒဏ်ရာနေရာလေးကို လက်ဖျားနဲ့ သွားထိကြည့်မိတယ်။

ရက်တွေမတွက်ထားမိပေမဲ့ မျက်နှာပေါ်က ဒဏ်ရာကတော့ ပျောက်သွားပြီပဲ။
သာမာန်လိုနေနေတယ်ဆိုရင်တောင် ခံစားချက်အရရော ထယ်ရယ် အဆင်ပြေနေရဲ့လား။

ထယ်ရယ့်ကိုပဲ ထပ်ပြီး ထားသွားအုံးမှာပေမဲ့.. သိချင်တယ်။

ကျောင်းက နာမည်ကြီးတဲ့ ကျောင်းပေမို့ အခုတောင် ကျန်းဟောက်အလုပ်ထွက်ရင် တယောအတန်းအတွက် ဆရာနေရာကို လျှောက်ထားတဲ့သူတွေက ထင်ထားတာထက် များနေတာ။

တစ်လမပြည့်ခင်တောင် ဖူကျန့်ကို ပြန်လို့ရနိုင်တယ်။

ချက်ချင်းဆိုရင်တောင် ဖြစ်နိုင်လောက်ရဲ့။

နေ့လည်ကတောင် အဖေ့ကို ဖုန်းဆက်ဖြစ်သေးတယ်။ ဒီလထဲပဲ ပြန်လာခဲ့မယ်လို့ အာမခံလိုက်တော့ကာ အသံကြည်နေလျက်။

အဖေနဲ့ အမေနဲ့လည်း ဒီရက်ပိုင်း ပြန်တည့်နေပုံထောက်ပါတယ်။

သားဖြစ်သူ ရည်းစားနဲ့ပြတ်ထားပြီးမှ တိုက်တိုက်ဆိုင်ဆိုင်ပဲ အလုပ်ပိတ်ရက်ရတုန်း ခရီးထွက်သွားကြသေး။

အဲ့လိုဆိုရင်တောင် ပြန်ရမှာပဲလေ။
ကိုယ်တိုင်လည်း မသိမသာ နိုင်ငံရပ်ခြားမှာ နေရတာကို ပင်ပန်းလာသယောင်မို့။

တစ်ခါတစ်လေတော့လည်း ပြန်တွန့်ဆုတ်ချင်မိသား..။

ဂင်မ်ထယ်ရယ် အဲ့ဒီကောင်လေးကြောင့် အခုရက်ပိုင်းဆို ဖူကျန့်ပြန်ရမှာ တွေးတိုင်း ရင်နာမိသည်။

သံယောဇဉ်တွယ်အောင် ထပ်လုပ်နေတာကြောင့် အရိပ်တောင် မမြင်ရဖို့က ပထမဆုံးအရေး။

ထယ်ရယ့် မျက်နှာနားမှာ အရိပ်ကျနေတဲ့ လက်ကို ပြန်ဖယ်ခါနီးအချိန် အိပ်နေတဲ့သူရဲ့ လက်တစ်ဖက်က ကျန်းဟောက်ရဲ့လက်ကို ထိလာသည်။

အဲ့ဒီနောက် လက်ကိုဆုပ်ကိုင်လာရာမှာတော့ ရုတ်တရက်မို့ လန့်သွားမိ၏။

မအိပ်နေဘူးလား။

အိပ်နေတဲ့ မျက်နှာက အရမ်း သဘာဝကျလွန်းနေလို့ကို။

အိပ်ရင်းနဲ့ ယောင်နေတာလည်း ဖြစ်နိုင်တာမို့ ရုန်းလိုက်မှ နိုးသွားမှာလည်း ကြောက်သည်။ ဘာမှန်းမသိသလိုပဲနေရင်း ထယ်ရယ့်ဘေးမှာတင် ကိုယ်တိုင်လည်း အိပ်ပျော်မှန်းမသိ အိပ်ပျော်သွားမိတော့ပြီ။

တစ်ခုက..ထယ်ရယ့်မှာ အိပ်နေရင်းယောင်တဲ့ အကျင့်မရှိဘူးလေ~






ဆုပ်ကိုင်ထားတဲ့လက်ဖဝါးတွေက ဒီဇာတ်လမ်းတစ်ခု ပြန်စဖို့ မလုံလောက်ဘူးဆိုတာကို ဘယ်လိုယုံရပါ့မလဲ။

ကျန်းဟောက်တစ်ယောက် အိမ်ကိုအမြဲ ညနောက်ကျမှ ပြန်လာနေလို့ စောင့်ရင်းက ပြန်ရောက်လာတိုင်း ထယ်ရယ့်မှာ အရူးကွက်နင်းနေရပုံတွေ မရိုးတော့။

ဖြတ်သွားခဲ့ပြီးရင် ဒီလိုမျိုး လူကို ခိုးမကြည့်တော့ဘူး ထင်ထားတာ။

မျက်နှာကို အနုစိတ်လိုက်ကြည့်နေတဲ့အချိန် သွေးရောင်တက်သွားလို့မဖြစ်တာမို့ စိတ်ထဲကနေ စီးပွါးရေးတက္ကသိုလ်တက်တုန်းက ဖတ်ခဲ့တဲ့စာတမ်းတွေကို ပြန်ပုံဖော်ကြည့်နေရတယ်။

မျက်လုံးမှိတ်ထားတဲ့တိုင် ကျန်းဟောက် ဘာတွေတွေးနေမလဲဆိုတာ အပေါ်ယံတော့ ထယ်ရယ် ခန့်မှန်းနိုင်ပါတယ်။
လက်ကို ပြန်ရုတ်သွားတယ်ဆိုတာ အာရုံရရလိုက်ချင်း ရရာနည်းနဲ့ ဆွဲထားမိတယ်။

အိပ်ရင်း ယောင်နေတယ်လို့ ထင်ပေးရင် ကောင်းမှာပဲ။

ကျန်းဟောက်ရဲ့လက်တွေ စိတ်လှူပ်ရှားဟန်ကြောင့် မူပျက်သွားတာကို သိလိုက်ပြီး သိပ်မကြာခင်မှာပဲ ငြိမ်သွားတယ်။

အချိန်ကို မရေပဲနဲ့ မသိမသာ မျက်လုံးတစ်ဖက်ဖွင့်ကြည့်တော့ ကျန်းဟောက်ကပါ ထိုင်လျက်သား အိပ်ပျော်နေလျက်။ တစ်နာရီ နှစ်နာရီလောက်များ ရှိသွားပြီလား။

ပါးမို့မို့တွေက နီရဲနေတာကိုကြည့်ရင်း ထယ်ရယ် ပြုံးလိုက်မိသည်။

သူများတကာကို အသည်းကွဲအောင်လုပ်ထားပြီး ဒီလိုမျိုး လှနေတာ တရားမဝင်ဘူးလေ။

ကျန်းဟောက်က ဆုံးဖြတ်ထားတာ တစ်ခုရှိရင် တော်ရုံပြန်မပြင်တာမို့ ထယ်ရယ့်အပေါ် စိတ်မပြတ်ရင်တောင် လွယ်လွယ်ပြန်တွဲမှာ မဟုတ်ဘူးဆိုတာက ကြည့်လေ သိသာလေ ဖြစ်နေတဲ့ ကိစ္စ။

သဘောပေါက်နေရက်နဲ့တောင် ဒီလိုအခြေအနေမျိုးက..အဆင်မပြေလိုက်တာ။

ခံစားချက်ကျန်နေသေးတယ်ဆိုတဲ့ တစ်ချက်တည်းကို အကြောင်းပြပြီး အနားကို ပြန်ခေါ်လို့ရမယ်ဆိုတဲ့ ယုံကြည်ချက်က ဝန်ခံရရင်တော့ အားနည်းနေသည်။

ကျန်းဟောက်ရဲ့လက်ကို မသိမသာလွှတ်လိုက်ပြီး တစ်ဖက်ကို ကျောပေးလှည့်လိုက်၏။
ကျန်းဟောက် အအိပ်ကြီးတာ သိပေမဲ့ စိတ်မလုံတာကြောင့် ဆိုဖာပေါ်ကနေ ချက်ချင်းထလိုက်ရင် မအိပ်နေပဲ အခွင့်ကောင်းယူထားတာကို မိမှာစိုးရသည်လေ။

ရင်ခုန်သံတွေက အတက်အကျမမှန်တာထက် စိတ်ပင်ပန်းမှူကြောင့် နှေးကွေးနေသည်။

တွယ်ကပ်နေတာကို ဒီထက်များ ပိုသိသာအောင်ပြမိရင် ထပ်ပြီး တွန်းထုတ်ခံရမလား။
ထယ်ရယ် ဒီအိမ်ပေါ်ကို တက်နေကာစကတည်းကနေ အခုထိ နေနေတဲ့ပုံစံက အရင်တုန်းက တစ်အိမ်တည်းနေရုံအဆင့်ကို ပြန်ရောက်နေသလိုမျိုး။
အိမ်မှူကိစ္စနဲ့ ပတ်သက်လို့ကလွဲရင် စကားတောင် သိပ်မပြောဖြစ်ကြပေ။

ကျန်းဟောက်ကလည်း ထယ်ရယ့်ကို ရှောင်နေတာများပါသည်။

အတော်ကို ခက်ခဲတဲ့ ကိစ္စပဲ။

ဘေးမှာရှိနေရက်နဲ့ ပေါ်ပေါ်ထင်ထင်တောင် ကြည့်မိလို့မရဘူး။

ဆိုဖာပေါ်မှာ လူးလိမ့်နေရင်းပဲ ဆက်တိုက် တွေးဖြစ်ခဲ့သည်။

ကျန်းဟောက်နဲ့ ပတ်သက်ရတဲ့ အခိုက်အတန့်တွေက အချိန်များမကိုက်လို့လား။
အဲ့တာအပြင် ကျန်းဟောက်က ပြန်လာဖို့မသေချာတဲ့ အခြေအနေမှာ ထယ်ရယ်က ထင်ထားသလောက်ရော စိတ်ရှည်နိုင်မလား။

ဆိုဖာပေါ် လှဲနေရာက ဆတ်ကနဲ ထလိုက်သည်။

ငုတ်တုတ်လေး အိပ်ပျော်နေတဲ့ ကျန်းဟောက်ကိုပါ နှစ်ခါမစဉ်းစားပဲ နှိူးလိုက်၏။

" ကျန်းဟောက် "

" ကျန်းဟောက် ဒီမှာ မအိပ်နဲ့တော့ "

ပြောချင်တဲ့ စကားတွေအစား အိပ်နေရာကပဲ နှိူးဖို့ ဖြစ်သွားသည်။
ပုခုံးကို အသာလေး လှူပ်နှိူးပေမဲ့ ထုံးစံအတိုင်းပဲ ကျန်းဟောက်က လှူပ်ရုံမျှ လှူပ်ပြီး အိပ်နေရာကတော့ နိုးမလာ။

" အအိပ်မက်တာကတော့ ပြောင်းလဲတော့မယ် မထင်ဘူး "

တိုးတိုး ပြောလိုက်ရင်း မျက်ဝန်းနားမယ် ဝဲနေတဲ့ ကျန်းဟောက် ဆံပင်တွေကို တစ်ချက် သပ်ပေးလိုက်သည်။

" ကျန်းဟောက် "

ပုခုံး တစ်ဖက်ထဲကို အသာထိပြီး နှိူးရာက နောက်တစ်ဖက်ကိုပါ ထိထိမိမိကိုင်ရင်း နာမည်ကို နည်းနည်း အသံပိုထွက်ကာ ခေါ်လိုက်တော့ လန့်သွားပုံရပြီး ခေါင်းလေးထောင်လာသည်။

" အင်း.. "

" အခန်းထဲ သွားအိပ် ဒီမှာ အိပ်ရင် မနက်ကျ ညောင်းနေမှာပေါ့ "

အိပ်ချင်မူးတူးဖြစ်နေတာကြောင့် ထယ်ရယ့်ကိုကြည့်ပြီး ရှက်နိုင်ပုံ နေရခက်နိုင်ပုံမပေါ်ပါ။ ခေါင်းငြိမ့်ပေမဲ့ လူကတော့ မရွေ့သေး။

အခန်းထဲထိ မသွားချင်ပဲ ဘေးနားရှိတဲ့ ဆိုဖာပေါ်ကို တက်ဖို့ လက်ရွယ်နေတော့ ထယ်ရယ့်မှာ လှမ်းဆွဲရသည်။

" ဆိုဖာပေါ်မှာ အိပ်ခိုင်းတာမဟုတ်ဘူး။ အိပ်ယာပေါ်မှာ အိပ်ခိုင်းတာ။ ဒီမှာ အိပ်ရင် ကျန်းဟောက် ပုခုံးတွေ ကျောတွေ နာလိမ့်မယ်။"

ကျန်းဟောက်က ထယ်ရယ့်ကို မပွင့်တပွင့် မျက်လုံးတွေနဲ့ မျက်နှာကို မဲ့ရင်း ကြည့်လာ၏။ ပုခုံးကို ကိုင်ထားတဲ့ ထယ်ရယ့် လက်မောင်းကို ကျန်းဟောက်ရဲ့ လက်တွေက ပြန်ကိုင်ထားသည်။

" ထယ်ရယ်က ကိုယ့်ရည်းစားတောင် မဟုတ်တော့ပဲနဲ့ ဘာလို့ လိုက်စိတ်ပူနေရတာလဲ "

တိုးလွှလွန်းတဲ့ စကားမို့ မကြားချင်​ယောင်ဆောင်လိုက်သင့်လား မသိတော့။ ကျန်းဟောက်ရဲ့ ပုခုံးကို ကိုင်တွယ်ထားတဲ့ လက်တွေမှာ အင်အားဖျော့တော့သွားသည်။

" ဇာတ်လမ်းပြန်စမယ်ဆို မလာနဲ့လို့ ပြောထားတယ်​လေ"

" ဒါ ဇာတ်လမ်း ပြန်စနေတာမှ မဟုတ်တာ။ ကျန်းဟောက်က အဲ့ဒီလို ထင်လို့ အဲ့ဒီလို ဖြစ်နေတာပေါ့ "

အစ်ကိုလေးကျန်းရဲ့ နှူတ်ခမ်းတွေက မဆိုစလောက် စူပုတ်ပုတ်ဖြစ်သွားသလို ထယ်ရယ့်ကို ပြန်မကြည့်ရဲတော့ပဲ ငြိမ်သွားသည်မို့ စိတ်ထဲ တစ်ခုခုတွေးမိနေပြီမှန်း ရိပ်မိဖို့ ကောင်းပါ၏။

" စိုးရိမ်ပေးတာလောက်ကို ဇာတ်လမ်းပြန်စတယ်မှ ခေါ်လို့မရတာ ကျန်းဟောက်ရယ် "

" ရတယ်လေ ? "

ထယ်ရယ့်ကို ပြန်ကြည့်ပြီး ပြောလာတော့ ခေါင်းခါပြလိုက်သည်။
ဘာကြောင့် ကိုယ့်ကိုယ်ကို ပျော့ညံ့တယ်လို့ ထင်မိလာမှန်း မသိရလောက်တဲ့ထိ ထယ်ရယ့်မှာ ကျန်းဟောက်စကားတစ်ခွန်းဆို တစ်ခွန်း ခံစားရခက်နေတတ်၏။

" ကျွန်တော်သာ တကယ်ဇာတ်လမ်းပြန်စချင်ရင် အဲ့ဒီလောက်ပဲ လုပ်ပါ့မလား"

"..."

" ဇာတ်လမ်းပြန်စချင်တယ်ဆိုရင်...အခုချက်ချင်း ကျန်းဟောက်ကို နမ်းလိုက်မှာပေါ့ "

" အဲ့ဒီလောက်ကြီး ရှင်းပြစရာ မလို- "

သူ့ဘာသာ စကားရပ်သွားပြီး သက်ပြင်းချနေတဲ့ ကျန်းဟောက်ကို ကြည့်နေရင်း...။

ကျန်းဟောက်ကို ပြန်ဖွင့်ပြောဖို့ရာ ဒီလောက်ထိ အချိန်ဆွဲနေရတာကိုက ထယ်ရယ့် စတိုင် မဟုတ်ဘူးကို။

မိနစ်ပိုင်းအကြာ ငြိမ်သက်မှူနောက် ကျန်းဟောက်က သူ့နဖူးကိုသူ လက်ဖဝါးတစ်ဖက်အုပ်ကာ မှူန်ကုပ်ကုပ်လုပ်၏။

" ကျွန်တော့်ဆီ ပြန်လာပေးရင် ကောင်းမယ်"

စိတ်ထဲမှာ ထပ်ထပ်ခါခါပြောနေရင်းက မထိန်းချုပ်နိုင်စွာပဲ ထုတ်ပြောလိုက်မိသည်။ ထယ်ရယ့်ဆီကို ရောက်လာတဲ့ လေးလေးလံလံအကြည့်က လိုချင်တဲ့အဖြေ ပြန်ရမှာမဟုတ်မှန်းတော့ သိပါ၏။

" သူစိမ်းလိုနေရတာ အသားမကျဘူး။ ကျန်းဟောက်လည်း အတူတူပဲလေ...ဟုတ်တယ်မလား? "

အိပ်ချင်နေရာက လုံးလုံးလျားလျား အသိပြန်ကပ်လာသလို ကျန်းဟောက်ရဲ့ မျက်လုံးတွေက အာရုံစူးစိုက်မှူအပြည့်ပြန်ဖြစ်သွားတာသိသည်။

သို့ပေမဲ့ ထယ်ရယ် မေးတာကို သေသေချာချာ ကြားလိုက်ရက်၊ အလေးအနက်ပြောတဲ့ စကားကို သေချာနားထောင်သွားပြီးနောက် မကြားဟန်ပြု လျစ်လျူရှူကာ ဆတ်ကနဲ ထသွားတော့၏။ အဲ့ဒီနောက် အိပ်ခန်းထဲကို တန်းတန်းမတ်မတ်ဝင်သွားတဲ့အပြင် တံခါးကိုပါ ဆောင့်ပိတ်သွားသေးသည်။

မစီစဉ်ထားပဲ ဖြစ်သွားတာတွေကလှည့်မို့ စိတ်ရှူပ်သွားပုံ ဖြစ်ကောင်းဖြစ်နိုင်လို့။



ဂင်မ်ထယ်ရယ် အဲ့ဒီလို မပြောပါစေနဲ့လို့ ဆုတောင်းနေရာက ဆုတောင်းမပြည့်ခဲ့။ ဒီကြားထဲ ကျန်းဟောက်ရဲ့ စိတ်ကိုပါ သိနေပြီး သတ္တိတွေရှိနေတာပင်။

မကြားချင်ယောင်ဆောင်ပြီး ထယ်ရယ့်ရှေ့က ရှောင်ထွက်ခဲ့သည်။

အိပ်ချင်တာတောင် ဆက်မအိပ်နိုင်တော့။အခု ရှောင်ထွက်ခဲ့လို့ရပေမဲ့ စပြီးသွားပြီဆို ထယ်ရယ်က နောက်ရက်တွေလည်း ပြန်တွဲဖို့ ဆက်ပြောနိုင်ကောင်းရဲ့။

ဖူကျန့်ပြန်မယ်လို့ ဆုံးဖြတ်ထားတဲ့ကြားက ထယ်ရယ်နဲ့ ပြန်တွဲရမှာကို ကြောက်၏။

ထယ်ရယ်က အဝေးဆုံးထိ ထပ်ပြီး ရည်ရွယ်မလား မသိနိုင်လို့..။ ကျန်းဟောက်က အဲ့ဒီလောက် မသွားရဲ။

အဖေနဲ့အမေသာ ကျန်းဟောက် ကောင်လေးတွေနဲ့တွဲတယ်ဆိုတဲ့အကြောင်းသိရင် အခန်းထဲ ပိတ်ထားခံရမလားတောင် မပြောတတ်တာကို။

ထယ်ရယ့်ကို ချစ်သူအနေနဲ့ သွားမိတ်ဆက်ပေးဖို့က ပိုတောင် ဝေးချေပြီ။

လက်ထပ်ဖို့လား..? ဖြစ်နိုင်မယ်လို့တောင် မထင်မိ။

ချစ်တာတစ်ခုတည်းနဲ့ ဘာလုပ်လို့ရမှာလဲ။
ရင်ခုန်သံနောက်ကို ပြန်လိုက်ရအောင် ကလေးမှမဟုတ်တော့တာလေ။

ထယ်ရယ်က ကလေးဆန်လို့ စိတ်ရင်းဆိုရင်တောင် လွယ်ကူမယ်လို့ချည်း ထင်နေမှာ။

အဲ့တာကြောင့်လည်း ထယ်ရယ့်ကို ကျန်းဟောက်ဘက်က အတွေးတွေအထိ လိုက်တွေးခိုင်းပြီး ဒုက္ခမများစေချင်။ ကိစ္စအဝဝကို ဖွင့်ပြောရအောင်ကလည်း စိတ်ပိုင်းဆိုင်ရာအရ ကျန်းဟောက်အတွက် မလွယ်ကူတဲ့ ကိစ္စ။

အဲ့တာကြောင့် မရေမရာအကြောင်းပြချက်တွေပေးရင်း ထားခဲ့တာကပဲ အဖြေဖြစ်ပြီး ထားခဲ့တာကပဲ ကျေနပ်စရာဖြစ်နေတော့သည်။

ချစ်သေးလားလို့ လာမေးခဲ့ရင် ဟင့်အင်း လို့ငြင်းဖို့ငှါလည်း အားအင်တော့ မွေးထားရကောင်းပြီပဲ။

ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ

a/n: update ကြာသွားတဲ့ကြားက မပြည့်မစုံ chapter လေးများ ဖြစ်သွားမလား မသိလို့ အားနာပါတယ် ㅠㅠ
writer's block လည်း ဖြစ်ချင်နေတာနဲ့ feedback လေးတွေရော ပေးသွားနိုင်ပါတယ်ရှင် TT🫶🏻

Continue Reading

You'll Also Like

1.5K 89 6
Gongfourz one shots written in Burmese 💌😺
43.3K 928 10
What if Tommy had enough and decided to runaway? In this storys Tommy has enough and runsaway when everyone yelled at him. Started : 23.04.2022 end...
1.4K 106 12
Bonedo's Sungho and Riwoo💌
11.5K 373 4
A OneShots and Short Stories Collection Book of Jake written in Burmese. I hope you enjoy. OTPs may contain- •HeeJake •JakeHoon •Jayke •Yunki Ever...