နားခိုရာမှားတဲ့ လိပ်ပြာငယ်
By mahar_for_thondra
6K 375 32
စာရေးသူ၏စိတ်ကူးသက်သက် ဖန်တီးထားတာဖြစ်လို့ အပြင်လောကနှင့် အချိုးမကျနိုင်ပါ More
IᑎTᖇO🦋
🦋💙
🦋①...𝗨𝗻𝗶
🦋①...𝙕𝙖𝙬𝙜𝙮𝙞
🦋②...Ⓤⓝⓘ
🦋②...Ⓩⓐⓦⓖⓨⓘ
🦋③...Ⓤⓝⓘ
⚠️ⁿᵒᵗⁱᶠⁱᶜᵃᵗⁱᵒⁿ ᶠᵒʳ ᵒⁿ ᵐʸ ʷʳⁱᵗⁱⁿᵍ❕❗️
🦋③...Ⓩⓐⓦⓖⓨⓘ
🦋④...Ⓤⓝⓘ
🦋⑤...Ⓤⓝⓘ
🦋⑥...Ⓤⓝⓘ
🦋⑤...Ⓩⓐⓦⓖⓨⓘ
🦋 ⑥...Ⓩⓐⓦⓖⓨⓘ
🦋⑦...Ⓤⓝⓘ
🦋⑦...Ⓩⓐⓦⓖⓨⓘ
🦋⑧...Ⓤⓝⓘ
🦋⑧...Ⓩⓐⓦⓖⓨⓘ
🦋⑨...Ⓤⓝⓘ
🦋⑨...Ⓩⓐⓦⓖⓨⓘ
🦋①⓪...Ⓤⓝⓘ
🦋①⓪...Ⓩⓐⓦⓖⓨⓘ
🦋①① ... Ⓤⓝⓘ
🦋①① ... Ⓩⓐⓦⓖⓨⓘ
🦋①②...Ⓤⓝⓘ
🦋①②...Ⓩⓐⓦⓖⓨⓘ
🦋①③...Ⓤⓝⓘ
🦋①③...Ⓩⓐⓦⓖⓨⓘ
🦋①④...Ⓤⓝⓘ
🦋①④...Ⓩⓐⓦⓖⓨⓘ
🦋①⑤...Ⓤⓝⓘ
🦋①⑤...Ⓩⓐⓦⓖⓨⓘ
🦋①⑥...Ⓤⓝⓘ
🦋①⑥...Ⓩⓐⓦⓖⓨⓘ
🦋①⑦...Ⓤⓝⓘ
🦋①⑦...Ⓩⓐⓦⓖⓨⓘ
🦋①⑧...Ⓤⓝⓘ
🦋①⑧...Ⓩⓐⓦⓖⓨⓘ
🦋19... 🅄🄽🄸
🦋19... 🅉🄰🅆🄶🅈🄸
[ယာယီ ရပ်နား]
🦋④...Ⓩⓐⓦⓖⓨⓘ
66 7 0
By mahar_for_thondra
တယောသံက နားထဲသို့ ညှင်သာစွာပင် ငြိမ့်ငြိမ့်လေးတိုးဝင်လာ၏.. အမြင်အာရုံများက ဝေဝါးစွာ မျက်ခွံတို့ကို လေးလံစွာဖွင့်ကြည့်မိတော့ နက်ပြာရောင်မျက်နှာကျက် .. အနည်းငယ်အားယူကာ အာရုံစိုက်ကြည့်တော့ နံရံပေါ်တွင် မိမိကိုထိုင်ကြည့်နေသည့်အလား ခန့်ညားစွာတည်ရှိနေသည်က ဟိန်းစက္ကရဲ့ ပုံတူပန်းချိီကား...မှန်ဆွဲတံခါးနှစ်ချပ်မှာ အဆုံးထိဖွင့်ထားကာ ခန်းစီးများကလည်း ဝရန်တာလေသာရာအရပ်မှ တိုက်ခတ်နေသည့်လေအေးတဖြူးဖြူးကြောင့် အောက်သို့ငြိမ်ကျခြင်းမရှိ လေထဲသာတလှပ်လှပ် လွင့်ပျံနေ၏..လွင့်ပျံနေသည့် ခန်းစီးများရဲ့နောက်ကွယ်တွင်တော့ တယောထိုးနေသည့် အမျိုးသားတယောက်၏နောက်ကျောကို မှုန်ဝါးဝါးလေးမြင်နေရသည်...တယောသံကို နားထောင်ခြင်းဖြင့် မည်သူမည်ဝါမှန်းကောင်းကောင်းကြီး သိလိုက်လေပြီ...ဟိန်းစက္ကရဲ့ Fav songဖြစ်တဲ့ Anne-Marie & James Arthurတို့ရဲ့ Rewrite The Starsကို Violin verဖြင့် ခံစားစီးမျောစွာ တယောထိုးနေပုံကြည့်ရင် တစ်စုံတစ်ဉီးမှ လွဲ၍ မည်သူမှ မဖြစ်နိုင် ..."ဟိန်းစက္က ...."နှုတ်ခမ်းမှ မယုံနိုင်ခြင်းများစွာဖြင့် ခပ်ဖွဖွသာ ရေရွတ်မိ၏.....
"ဘာလဲဟ ဒါငါ့အခန်းမဟုတ်ဘူးလား"
အားပြုပြီးထမည် လုပ်တော့ ညာဖက်လက်က လှုပ်၍မရ တခုခုနှင့်ချည်ထားခံရသလို .. ခေါင်းထောင်ပြီးကြည့်လိုက်တော့မှ ထင်ထားသည့်အတိုင်းပင် ညာဖက်လက်တွင်နေရာယူထားသည်ကား နက်ပြောင်နေသည့် သားရေကြိုးတစ်ခု ခပ်တင်းတင်းချည်ထားသောကြောင့် အနည်းငယ်မျှပင်လှုပ်လို့မရချေ...
"ဘာလဲဟ ဒီအခြေအနေက ကျစ်.."
သေသေချာချာကြည့်မိတော့မှ ဘယ်ဘက်လက်နှင့် ခြေထောက်နှစ်ဖက်ကိုလည်း ညာဖက်လက်နည်းတူ ချည်နှောင်ခံထားရသည်ကို ရှိုင်းသော်တာ သတိထားမိတော့သည်
"တောက်ခ်ီးဘဲကွာ"
"ဟိုကောင် ဟိန်းစက္က ငါ့ကိုဘာလုပ်ဖို့ ဒီလိုလုပ်ထားတာလဲ"
ဝရန်တာမှ တယောထိုးနေသည့် အမျိုးကောင်းသားကတော့ ရှိုင်းသော်တာ အသံကြားမှ ထိုးနေသည့်တယောကို ပခုံးထက်မှညှင်သာစွာ ချလိုက်ပြီး အခန်းထဲသို့ အေးတိအေးစက်ပင် ဝင်လာ၏ အခန်းထဲသို့ရောက်သောအခါ မှန်တံခါးနှစ်ချပ်ကို ဆွဲပိတ်လိုက်သောကြောင့် လွင့်ပျံနေသည့် ခန်းစီးများမှာ ရုတ်တရက် ဆိုသလို ငြိမ်ကျသွား၏....ထို့နောက်လက်ထဲမှ တယောကို ပုံတူပန်းချီကား အောက်မှ ဓါတ်ပုံအချို့တင်ထားသည့် ကျွန်းဗီရို အသေးလေးပေါ် တင်ထားလိုက်ပြီး ရှိုင်းသော်တာရှိရာ ကုတင်ဆီသို့ ဉီးတည် လျှောက်လှမ်းလာ၏....
"သတိရလာပြီလား ရှိုင်း"
ပြောလိုက်သည့် အသံကားခါတိုင်းနှင့်မတူ နူးညံ့နေ၏."ရှိုင်း".တဲ့ကုတင်နား ရောက်သောအခါ ရှိုင်းသော်တာဘေးနားသို့ တဇောင်းဝင်ထိုင်လိုက်ပြီး လက်တစ်ဖက်က ရှိုင်း၏ ပါးထက်၌ ညှင်သာစွာပင်နေရာယူလိုက်ပြီး အချိုသာဆုံးပြုံးပြကာ....
"ကိုယ်မေးနေတာ မကြားဘူးလား ရှိုင်း သတိရလာပြီလားလို့"
ပထမတခေါက် မိမိ၏ အမည်နာမကို နူးညံ့စွာပက် ခေါ်လိုက်ကတည်းက လူကသွေးပျက်နေပြီ.. ပြုမူလာသည့်အပြုအမူနှင့်ဒုတိယအကြိမ်ထပ်ခေါ်လာသည့် နာမ်စားကြောင့် ပါးစပ်အဟောင်းသားနှင့် ဆွံ့အ သွားရတော့သည်...စိတ်ကိုအတတ်နိုင်ဆုံးငြိမ်အောင်ထိန်းကာ ပြောစရာရှိတာကို ပြောဖို့ လုပ်ရတော့သည်....
"ီး ကို ရှိုင်းလား ငါ့ကိုဘာလို့ကြိုးတုပ်ထားတာလဲဖြေ"
"မနက်စောစောစီးစီး ညစ်ညမ်းတာတွေမပြောပါနဲ့လား ရှိုင်းရယ်"
"ဟျောင့် မင်းစောက်ပါးစပ်ကို အရင်ပြင်သွားပြီးရေဆေးချလိုက်အုံး ထွီး"
"ဘယ်နား နေရခက်နေသေးလဲ ရှိုင်း"
"ဘယ်နားမှနေရမခက်ဘူး လောလောဆယ်ကြိုးတွေသာအရင်ဖြုတ်ပေးစမ်းပါ "
"ဒါတော့ဘယ်ရမလဲ ရှိုင်းငယ်ရဲ့"
"ီးကို ရှိုင်းငယ် အော့ ရွံတာ ဟျောင့် "
ဟိန်းစက္က၏ မျက်နှာကားတဖြည်းဖြည်းနှင့် အနားသို့ချဉ်းကပ်လာပြီး နှုတ်ခမ်းသားတို့ထိကပ်လုဆဲဆဲ
"ထွီး ငိါုးမသားဝေးဝေးသွားစမ်း .."
မျက်လွှာတို့ကားအားယူဖွင့်စရာပင်မလို ဆတ်ခနဲပွင့်လာ၏ တရိပ်ရိပ်မူးလာသည့်ခေါင်းကြောင့် ခနလောက်မျက်စိမှိတ်လိုက်ပြန်၏
"ဟူးးး တော်ပါသေးရဲ့ အိပ်မက်ဖြစ်နေပေလို့"
အိပ်မက်ဖြစ်နေသောကြောင့် ရှိုင်းသော်တာ သက်ပြင်းချနိုင်တော့သည်...
နားထင်ကို အနွေးဓါတ်တခုခု လာရိုက်ခတ်နေသလို ခေါင်းကလည်းနေရတာ မာကြောတဲ့အရာတခုခုအပေါ်ရောက်နေသလို ....မျက်လုံး၂ဖက်ကို ညှင်သာစွာဖွင့်ကြည့်လိုက်ပြီး အနွေးဓါတ်လာရာ ဘယ်ဘက်သို့ လှည့်ကြည့်လိုက်၏လန့်နိုးလာသည့်အိပ်မက်ဆိုးထက်ပင် ပိုဆိုးနေသည့်မြင်ကွင်း
"ဟိန်းစက္က ဒီကောင်က ဘယ်လိုလုပ်ငါ့အခန်းထဲရောက်နေရတာလဲ"
စိတ်ထဲမှတော့မယုံနိုင်ခြင်းများးစွာဖြင့် အိပ်မောကျနေသည့် သကောင့်သားအား ညာဖက်လက်ဖြင့် လှမ်းရိုက်မည်အလုပ် ဆစ်ခနဲနာသွားသည့် ညာဖက်လက်ကို လှည့်ကြည့်မိတော့ ဆေးထိုးအပ် စိုက်ထားနေရာသွေးစအချို့စို့နှစ်နေ၏ ဆောင့်ကနဲဆွဲလိုက်လို့ ဖြစ်မယ်ထင်ပါရဲ့...
ထို့ကြောင့် ဟိန်းစက္ကနားအနီးသို့ကပ်ကာ
"မအေဘေးရီး ထတော့ မင်းအိပ်နေတာ ငါ့အခန်းဟ"
"ဟုတ်လို့လား မင်းအိပ်နေတာမှ ငါ့ခုတင်ငါ့လက်မောင်းလေကွာ"
"ီးမို့ နိုးနေတာကို အိပ်ချင်ယောင်ဆောင်နေရလားကွ"
"စောက်ပေါက်ပိတ်ထား ငါအခုမှ အိပ်ဖို့မှေးနေတာ"
"ငါကဘယ်လိုလုပ်မင်း အခန်းထဲရောက်လာတာလဲ "
"သြော် ဒီစောက်ပေါက် ပိတ်ထားလို့ပြောနေတာနားကန်းနေတာလား"
"ဟျောင့် စကားဆင်ခြင်ပြော ငါ့ကိုမင်းရဲ့ အနှိမ်ခံကျွန်များမှတ်နေလား"
" မင်းအပေါက်တော့ တခုခုစို့ထားရတော့မယ်ထင်တယ်"
ပြောရင်းဆိုရင်း ရှိုင်းခေါင်းအောက်မှ လက်ကိုဆွဲထုတ်ကာ ကုတင်အောက်သို့ ခြေဖနောင့်ဆောင့်ကာ ဆင်းသွားပြီး အ၀တ်စတစ်ခုကို ယူလာ၏
ထို့နောက် ရှိုင်းသော်တာ၏ ဟစိ ဖြစ်နေသည့် နှုတ်ခမ်းလွှာ နှစ်ချပ်အား အတင်းဆွဲဖွင့်ကာ ထိုးထည့်ထားလိုက်၏...
"ကောင်းကောင်း ပြောနေရင် လူစကားနားမလည်ဘူး"
ထိုနောက် ရှိုင်းသော်တာကိုကျောပေး၍ ဟိုဘက်လှည့်သွားလေ၏.....
ရှိုင်းသော်တာတစ်ယောက် ဒေါသထွက်ရမကောင်း ရီရမကောင်း အခြေအနေကြီးဖြင့်သာ.....ဘယ်ဘက်လက်ဖြင့် ပါးစပ်ထဲမှ အ၀တ်စအား ဖယ်ထုတ်လိုက်ပြီးလျှင် မိမိအခန်းသို့ပြန်ရန် ပြင်ရတော့၏....
နောက်ကျက တလှုပ်လှုပ်ဖြစ်နေသည့် အမျိုးကောင်းသားကြောင့် ဟိန်းစက္က ကောင်းကောင်း အိပ်လို့မရ...လှည့်ကြည့်လိုက်တော့ ညာဖက်လက်ထောက်ကာ ထဖို့ပြင်နေသည့် မျက်နှာဖြူစုတ်စုတ်နှင့် ကောင်က မျက် လုံးအပြူးသားဖြင့်ကြည့်လာ၏....
"တောက်ခ် ဒီကောင်ကတော့ ကြည့်နေတာ အကောင်းမှတ်နေလား"
"ဘာလဲ ငါ့အခန်းငါပြန်သွားမလို့ လာထကိုက်မနေနဲ့ သေစရာရှိတာ ပြန်သေနေလိုက်"
"လုပ်လိုက်ရင် စောက်ချိုးကမပြေဘူး ဒီပုံနဲ့များ ဆရာဝန်ဖြစ်ချင်နေသေးတယ် အလကားဆေးအကူနေရာတောင်ရမယ့် ကောင်မဟုတ်ဘူး"
ဟိန်းစက္က၏ ကျက်သရေမရှိ မင်္ဂလာမရှိစကားတခွန်းကြောင့် ရှိုင်းသော်တာ ဒေါသ ရေဆူမှတ်သို့ရောက်နေလေပြီ
"မင်း အဲ့လိုစကားမျိုးပြန်ပြောကြည့်လိုက်စမ်း
မင်းစောက်ခွက်တခုလုံး ရစရာမရှိအောင်ထိုးစုတ်ပစ်မယ်"
"အဟက်.! ငါကကြောက်ရမာလား"
"လုပ်နေတဲ့စောက်ချိုးကိုလည်း ကြည့်အုံးဆေးထိုးအပ် သွင်းထားတဲ့ လက်နဲ့ ထောက်ထိုင်ဖို့လုပ်နေတယ် အလကား စောက်ဒဏ်ရာကို ရှာဖွေယူနေတာ"
"ဟျောင့် ဒီလောက်နဲ့သေမသွားဘူး"
"အေ မသေမရှင်နဲ့ နူသွားလို့ကတော့ အိမ်မှာခေါ်တင်ထားအုံးမယ်မထင်နဲ့ အနူရုံတန်းပို့မှာ သိထားလိုက်"
"ငါကလည်း အနူရုံမှ သွားနေလိုက်ချင်သေး အနူသည်တွေကြည့်ရတာမှ မင်းစောက်ခွက်ကိုကြည့်နေရတာထက် ကျက်သရေရှိအုံးမယ်"
ဟိန်းစက္က၏ ဒေါသမျက်လုံးတွေနှင့်တင် တစ်ဖက်လူကိုပြာကျစေနိုင်ပါသည်.. အံ့ကြိတ်ကာလက်တစ်ဖက်ဖြင့်ရှိုင်းသော်တာ ဂုတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ပြီး မျက်နှာချင်းထိတော့မည့်အလား အနားသို့ကပ်ကာ တစ်လုံးချင်းဆိုလာ၏.....
"အဲ့..စောက်ခွက်ကိုဘဲ မင်းတစ်သက်လုံးထိုင်ကြည့်နေစေရမယ် မိုးလင်းကနေမိုးချုပ် အဲ့စောက်ခွက်မမြင်ဘဲ မင်းအိပ်လို့မရစေရဘူး မြဲမြဲမှတ်ထား ရှိုင်းသော်တာ"
ဆုပ်ကိုင်ထားသော ဂုတ်ကိုလွှတ်ကာ အားပြင်းပြင်းနှင့်ဆောင့်တွန်းလိုက်သောကြောင့် ရှိုင်းသော်တာမှာ ခေါင်းအုံးပေါ်သို့ အိပ်လျက်သားဖြစ်သွား၏...
ခေါင်းအုံးပေါ်မှ ပြန်ထကာ သွင်းလက်စ ဆေးထိုးအပ်ကို ဆွဲဖြုတ်ဖို့လုပ်နေတော့ နောက်ကျောမှ သကောင့်သား ကဘယ်အချိန်ကတည်းကထိုင်ကြည့်နေမှန်းမသိ ခပ်ပြတ်ပြတ်စကားတခွန်းသာ ဆိုလာ၏....
"အဲ့တာက ဘာလုပ်နေတာတုန်း"
"ဆေးအပ်ဖြုတ်နေတာမမြင်ဘူးလား"
"အေအဲ့တာက ဘာလုပ်ဖို့ဖြုတ်နေတာတုန်းလို့မေးနေတာ"
"ငါ့အခန်းငါ ပြန်ဖို့လုပ်နေတာ မင်းရဲ့ ညစ်ပတ်ပေလီနေတဲ့ အခန်းထဲမှာ မအိပ်နိုင်လို့"
"အဟက်.! အဲ့ လိုမျိုးမှ တွေ့ချင်တာ မင်းဆန္ဒမပြည့်စေရဘူးစိတ်ချ"
ဖြုတ်လက်စဆေးအပ်ကို ဆွဲဖြုတ်ကာ ကုတင်ပေါ်မှဆင်းပြီး တံခါးပေါက်ဆီသို့ ဉီးတည်လိုက်၏ စိတ်ထဲမှာတော့ဒီအခန်းထဲကမြန်မြန်ထွက်သွားနိုင်လေကောင်းလေဘဲလို့ သာတွေးမိ၏....
တံခါးပေါက်ဆီသို့ပင်မရောက်လိုက် နောက်မှ အရိပ်ကြီးကနီးလာကာ ခြေထောက်နှင့်ကြမ်းပြင်လွှတ်သွားသည်ကို သတိထားမိလိုက်၏....'ဘာလဲ ငါ့ကို အဲ့ကောင် ပွေ့လိုက်တာလား'.......
"လူစကားပြောနေတာ လူလိုနားမလည်ဘူးလား"
"ငါ့ကို အခုချက်ချင်းပြန်ချပေးစမ်း ဟိန်းစက္က .."
"လွတ်နိုင်မယ်ထင်ရင် ရုန်းပေါ့ ငါ့သဘောနဲ့တော့ လွယ်လွယ်နဲ့လွှတ်ပေးမယ် မထင်လိုက်နဲ့"
ရှိုင်းသော်တာ တစ်ယောက်မရမက ရုန်း၏ သို့သော် ဆင်မျက်နှာ ဖြုတ်လာကိုက်နေသလိုပင် လုံးဝအရာမထင်......
ထို့နောက် ကုတင်ပေါ်သို့ ပစ်တင်လိုက်၏....
ရှိုင်းသော်တာ တော့ 'အင့်' ခနဲပင် အသံထွက်သွား၏
ရှိုင်းသော်တာ၏ မှေးဖျားတို့ကို ခပ်ကြမ်းကြမ်းဆုပ်ကိုင် လိုက်ပြီး မျက်လုံးချင်း မဆုံ ဆုံအောင် စေ့စေ့ကြည့်ကာ
" နောက်တခါ ထခေါ်ရရင် ဒီထက်ဆိုးမယ်မှတ်မလုပ်ဘူး မထင်နဲ့ ရှိုင်း သော် တာ"
ထို့နောက် မိမိအားနောက်ကျောပေးကာ ဟိုဘက်လှည့်သွား၏....စိတ်ထဲတွင်တော့ မခံမရပ်နိုင်...
'မင်း ခြောက်တိုင်းငါကကြောက်မှာတဲ့လား မရရအောင်ကို ငါ့အခန်းကိုပြန်အုံးမာ'
တဖက်လူမကြားစေရန် ခပ်ဖွဖွသာ ပြောလိုက်ခြင်းပင်...
...............
နာရီဝက်လောက်ကြာသောအခါ ဟိန်းစက္က၏ အသက်ရှုသံ မှန်မှန်ကိုသာကြားရတော့သဖြင့် ကုတင်ပေါ်မှ အသာအယာဆင်းကာ အိပ်နေသောသူ နိုးလာမည်စိုးသောကြောင့် ခြေသံလုံလုံကဖြင့်သာတံခါးပေါက်ဆီသို့ ဉီးတည်လိုက်၏ ...
အခန်းတံခါးအား အသံမမြည်စေရန် ဖြည်းဖြည်းချင်းသာ ပိတ်လိုက်ပြီးနောက် နှုတ်ခမ်းလှလှလေးထက်မှာတော့ အောင်နိုင်သူ အပြုံးကြီးက ဘာတတ်နိုင်သေးလဲ အထာနှင့် ပြုံးနေသယောင်....
ထို့နောက် မိမိအခန်းရှိရာသို့ ခြေလှမ်းလေးများက ရွေ့လျားသွား၏ ....
တစ်လှမ်း
နှစ်လှမ်း
သုံးလှမ်း
တံခါးပွင့်သံ က ကျွီခနဲ ..!
ခနတုန်းက အရိပ်မည်းမည်းကြီးက တဖန်နောက်ကျော၌ ကပ်လျက်ရောက်ရှိနေပြန်သည်...
ခြေသံလုံအောင် ထိန်းလျှောက်နေသူမို့ အနေအထားက ထောင်ထောင်မတ်မတ်ရှိမနေ ကုန်းကွကွနှင့်
အနောက်ဘက်သို့မဝံ့မရဲ လှည့်ကြည့်မိသည့်အခါ
မျက်ခုံးတဖက်ပင့်ကာ လူကိုကြည့်နေသည့် ပုံကား 'မလွတ်တော့ဘူး ပြေးမနေနဲ့ ' အထာနှင့် ဖြတ်ရိုက်ချင်စရာပင်........
"ငါ့ကိုထပ်ခေါ်သွားဖို့မစဉ်း...အာ့"
ရှိုင်းသော်တာ ၏ စကားပင်မဆုံးလိုက် ဟိန်းစက္က၏ ပုခုံးပေါ်သို့ပွေ့တင်ခြင်း ခံလိုက် ရသောကြောင့် ရှိုင်းသော်တာ တစ်ယောက်ယက်ကန်ကန်ဖြင့်သာ ပါသွားလေ၏
အခန်းထဲသို့ရောက်သည်နှင့် ပုခုံးပေါ်မှ လိပ်လူသား ( ယက်ကန်ကန် လုပ်နေလို့ ) ကို ကုတင်ပေါ်သို့ ဆောင့်ခနဲ ပစ်ချလိုက်၏...
"လူစကားနားမလည်ဘူးလား ရှိုင်းသော်တာ"
"လူစကားနားလည်တယ် လူအသိစိတ်လည်းရှိသေးလို့ မင်းနဲ့အတူမနေနိုင်တာ ရှင်းပြီလား"
"ဘာစားပြီးကြီးပြင်းလာတဲ့ကောင်မို့ ဒီလောက် xင်ခေါင်းကျယ်နေရတာလဲ"
"ငါ့အခန်းငါပြန်မယ် ဘေးဖယ် ဟိန်းစက္က"
"မ ဖယ် ပေး နိုင် ဘူး"
တလုံးချင်းဖိ ပြောလိုက်ခြင်းကိုကြည့်ခြင်းအားဖြင့် သေချာတယ် ရှိုင်းသော်တာ မလွတ်တော့ဘူး
"ဒီလိုလား ရတယ်လေ .."
ဟိန်းစက္က၏ နောက်မှ တံခါးပေါက်ဆီသို့ အကြည့်ရောက်သွား ၏ အလစ်ပြေးထွက်သွားရင်တော့ အေးဆေး ၀င်တိုက်စရာဘာတခုမှရှိမနေသောကြောင့် ရှိုင်းသော်တာ သူ့အတွေးနှင့်သူ ကျေနပ်၍သာ ပြုံးလိုက်၏
"ဘာအကြံတွေထုတ်နေပြန်ပြီလဲ ရှိုင်းသော်တာ"
"အဲ့တာတော့ မင်းကိုယ်တိုင်ကြည့်လိုက်..."
ပြောပြီးသည်နှင့် မိမိဘေးမှ လှစ်ခနဲပင် ထွက်ပြေးသွားသော ကြောင့် ဟိန်းစက္ကတယောက် နောက်ကနေလိုက်ဖမ်းရတော့သည့်အခြေအနေ...
ပြေးသွားသည့်အမျိုးကောင်းသားကတော့ သွက်ချက် သူ့အခန်းတံခါးကိုပါ lockချသွားလေပြီ
" ရှိုင်းသော်တာ မင်းစောက်ချိုးတွေအတွက်အကျိုးဆက်က မနက်ကျမှကောင်းကောင်းသိရမယ် ....စောင့်ကြည့်လိုက် ...တောက်ခ်..!'
အပြင်ဘက်မှ  အသံတို့ကားတိတ်ဆိတ်သွားပြီမို့ ဟိုလူထွက်သွားပြီဆိုတာ သိလိုက်၏....
စိတ်ထဲတွင်တော့ ဘာတတ်နိုင်သေးလဲ ဟိန်းစက္ကရယ်လို့ သာအော်ပြောနေလိုက်တော့သည်....
...........................
နေရောင်ခြည်က ပြတင်းပေါက်ထက်မှ ကျော်လွန်၍ အိပ်ယာထက်သို့ပင်ရောက်ရှိနေလေပြီ...
ခါတိုင်းနေ့တွေဆို စောစော ထကာ ရေမိုးချိုးသန့်စင်ပြီးတာနဲ့ ဘုရားဝတ်ပြုလေ့ရှိသည် ထိုအကျင့်လေးကား မိခင်ဖြစ်သူ ဒေါ်စန္ဒာမြတ် ဆီမှ ရရှိထားသော ကောင်းမွေလေးဖြစ်ပေသည်.....
ခေါင်းက မူးနေဆဲပင် လူက နုံးနေသလို မထချင်ထချင်ဖြင့် အိပ်ယာမှ ထလိုက်ပြီး ရေအရင်ချိုးလိုက်သည်....အချိန်ကိုကြည့်လိုက်တော့ ၉နာရီထိုးတော့မည်ဖြစ်သောကြောင့်
"နောက်ကျတော့မှာဘဲ ဂျောခ့်နစ်နဲ့ PROJECTအတွက်လိုအပ်တာတွေ သွားဝယ်ရအုံးမှာ "
ပြောပြောဆိုဆိုနှင့် မြန်မြန်ပြင်ဆင်ကာ အိမ်အောက်သို့ပြေးဆင်းခဲ့ရတော့သည်...
ထမင်းစားခန်းထဲ ၌ ဟိန်းစက္ကနှင့် ဇော်လွင်သန့်တို့က မနက်စာစားနေကြရင်း ပြာပြာသလဲနှင့်ပြေးဆင်းလာသည့် ရှိုင်းသော်တာ ဘက်သို့ အကြည့်တို့က ရောက်လာ၏....ဟိန်းစက္ကကတော့စကားတခွန်းမှ မဆို ....
ဇော်လွင်သန့်ကတော့
"ညီလေး မနက်စာမစားတော့ဘူးလား ပြာပြာသလဲနဲ့ ဘာတွေ အရေးကြီးနေလို့လဲ"
"မစားတော့ပါဘူး အကို ကျွန်တော်Projectအတွက် လိုအပ်တာတွေ သွားဝယ်ရမှာ သူငယ်ချင်းနဲ့ ၉နာရီ ချိန်းထားတာမို့ "
"ဟုတ်ပါပြီ အပြင်မှာတော့တခုခုစားလိုက်အုံးနော် မနက်စာ မစားဘဲမနေနဲ့"
ဆရာဝန်ပီပီ အသေးအဖွဲကစ သူ့မျက်စိထဲ ရောဂါဖြစ်လာမှာကို ကြိုမြင်နေသောကြောင့် ကိစ္စအသေးအဖွဲလေးကအစ ဂရုစိုက်တတ်သည်မှာ လူတိုင်းအပေါ်ပင်.........
ရှိုင်းသော်တာတော့ပြောပြီးတာနဲ့ ဖိနပ်စင်ရှိရာသို့အမြန်ပင်ပြေးသွားလိုက်၏ ...
ထို့နောက်တခုခုကိုရှာနေဟန်ဖြင့်ပြန်လှည့်လာ၏
"ကြီးမေရေ ကြီးမေ"
"ရှင် သားရှိုင်းဘာလိုလို့လဲ"
ရှိုင်းသော်တာ အသံကြားသောကြောင့် မီးဖိုခန်းထဲမှ ကြီးမေမှာ ပြာပြာသလဲပင်ထွက်လာ၏...
"ကျွန်တော့် ဖိနပ်တွေ ဘယ်ရောက်ကုန်တာလဲ ဗျ တစ်ရံမှ မရှိတော့လို့"
"ကြီးမေလည်း.....
"ငါဖွက်ထားတာ မင်းဖိနပ်တွေအကုန်"
ကြီးမေ၏ စကားအား ထမင်းစားပွဲမှ ဟိန်းစက္ကက လှမ်းဖြတ်ပြောလိုက်၏
"ဟိန်းစက္က အခုပြန်ပေး ငါမင်းနဲ့ ရန်ဖြစ်ဖို့အချိန်မရှိဘူး"
"မနက်စာ လာစားရင်ပြန်ပေးမယ်"
"တောက်ခ် ဟိန်းစက္က"
ရှိုင်းသော်တာ မနက်ခင်းကြီး ဒေါသထွက်ရလေပြီ
"ဘာလဲ မကျေနပ်လို့လား မကျေနပ်လည်း ခြေတုံးလုံးသွားပေါ့ မင်းဆုံးဖြတ်ချက်ဘဲ"
"ဟိန်းစက္ကမင်းတော်တော်လွန်နေပြီ"
"အင်းလေ ငါလွန်တာငါသိတယ် အလျှော့ပေးဖို့စဉ်းစားထားတာမဟုတ်လို့ ကိုယ့်ဘာသာဆုံးဖြတ်"
"တောက်ခ်ီးလိုဘဲကွာ"
စိတ်တိုတိုနှင့် အသင့်တင်ထားသော ပေါင်မုန့်မီးကင် တစ်ချပ်ကို ယူစားလိုက်ပြီး ဟိန်းစက္ကမျက်နှာသို့ မကျေနပ်သည့် မျက်လုံးတို့ဖြင့်ကြည့်လာ၏...
"ကော်ဖီလေးပါသောက်လိုက်အုံး ပြီးရင်မင်းလိုချင်တာရမယ်"
ကော်ဖီ ၂ငုံလောက်သောက်ပြီးသောအခါ ဟိန်းစက္ကထံသို့ တဖန် မျက်စောင်းထိုးမိပြန်၏
"ရပြီ မလား ဟိန်းစက္က ငါ့ဖိနပ်တွေ ပြန်ပေး"
"ကြီးမေရေ နောက်ဖေးက Storeခန်းထဲမှာ သူ့ဖိနပ်တွေ အထုပ်လိုက် ချည်ထားတယ် အဲ့တာလေးယူပေးခဲ့ပါအုံး"
"ဟုတ် သူဌေးလေး"
ခနလောက်ကြာသောအခါ ကြီးမေကား အထုပ်မည်းမည်းကြီးနှင့်ရောက်လာပြီးလျှင် ရှိုင်းစီးနေကျ ဖိနပ်လေးအား ထုတ်ပေးလာ၏
"ရပါပြီ ကြီးမေ ကျေးဇူးပါဗျ့"
"ဟုတ်အဲ့တာဆို ကြီးမေမီးဖိုထဲ သွားအုံးမယ်နော် သားရှိုင်း"
"ဟုတ္ကဲ့ဗ့်"
ထို့နောက် ရှိုင်းသော်တာ တစ်ယောက်ပြာပြာသလဲပင်ပြေးထွက်သွားလေတော့သည်.....ထမင်းစားခန်းက အယုတ်တမာကောင်ကိုတော့ မျက်စောင်းထိုးရန်မမေ့ခဲ့ပါ.....
"ဟျောင့် မင်းလုပ်.....
"တော်တော့ ဇော်လွင်သန့် ဒါတရားဟောရမယ့် အချိန်မဟုတ်ဘူး"
ဟိန်းစက္ကကတော့ သူ့လုပ်ရက်နှင့်သူ ကျေနပ်နေပုံ
နှုတ်ခမ်းထက်မှာတော့ အောင်နိုင်သူအပြုံးက နေရာယူထားလျက်........
Upနောက်ကျလို့စိတ်ဆိုးနေကြပြီဟုတ်
ကျွန်တော်လည်း အလုပ်တွေပိနေလို့ပါဗျ့
နားလည်ပေးကြမယ်မလားဟင် အာဘွား😙
#3234_words
#Thway_Myat_Nwae
#18.8.2023 at 10:30PM
Continue Reading
You'll Also Like
60.9M 2.9M 83
[IN BOOKSTORES AND KINDLE UNLIMITED NOW!] What if you were matched with the original love god? --- When Lila goes to the Cupids Matchmaking Service i...
346K 15.9K 58
72.4K 3.1K 27
After barely surviving an attempt on her life, alchemy student Ariel investigates her new supernatural roommates as possible suspects. Nothing can pr...
Mahal By Rosy
Paranormal
26.5K 3.1K 39
She is walking in the dark corridors which are barely lit, the only source of light is the torch light in her hand. As she is walking she heard someo...