Unicode
ပိုင်ရွယ် ဝောာ်ဝင်စာကြည့်ဆောင်ရှေ့၌ အချိန်တော်ကြာရပ်ကြည့်နေမိသည်...
[ဒီမယ် ခဗျားရပ်နေတာကြာနေပြီ မဝင်သေးဘူးလား..ဝင်မယ်ဆိုမြန်မြန်ဝင် ဒီမှာ ပူလွန်းလို့သေတော့မယ်...]
ပိုင်ရွယ်လည်း မျက်ခုံး တစ်ချက်ပင့်ကာ ဘေးနား က မြေခွေးဖြူကိုကြည့်လိုက်တော့ ပူလွန်းလို့ထင်သည်...ပက်လက်လန်ကာ လျှာထွက်နေပုံမှာ တကယ်သေတော့မယ့်အတိုင်း..
“အဲ့ဆိုလည်းသွားမယ်လေ..”
ပိုင်ဟူလည်း တိတ်တဆိတ် မျက်စောင်းထိုးကာ
*အစကတည်းက အဲ့လိုပြောသင့်တာ*ဆိုတဲ့ မျက်နှာအနေအထားဖြင့် လိုက်ပါလာသည်...
တံခါးနား ရောက်ရုံသာရှိသေးသည်...အထဲမှ ဩဇာ အပြည့်နဲ့ အသံထွက်လာသည်....
“ရှန်း ဝင်လာခဲ့!..”
တံခါးခေါက်မည့် လက်တောင်တန့်သွားကာ တံခါးကိုတိုက်ရိုက်ဖွင့်လို့ ဝင်သွားလိုက်သည်...
ထိုနောက် လျန်မင်ယွင်ရှေ့တွင် ခါးကို90° ကုန်းလိုက်ကာ ရိုးရိုးကျိုးကျိုးဖြင့်
“အရှင်..”
[ဟားဟားဟား....]
“...”
လျန်မင်ယွင် သူ့ရှေ့က ကောင်လေးအား ကြည့်နေကာ ရီချင်စိတ်ကိုထိန်းထားရသလိုပင်...
ပိုင်ရွယ်-??
[ဟားဟား အဟွတ် အဟွတ် ဇာတ်ကြောင်းသေချာမဖတ်ဘူးပဲ ရှန်းက အဲ့လိုလုပ်ဖို့နေနေသာသာ မင်းကြီးကို ပုခုံးဖက်ပြီး နေလာတဲ့သူမျိုး...]
“.....”
အဲ့တော့ ငါက သောက်ရှက်ကွဲသွားတာပေါ့....
“ရှန်း??”
“အဟမ်း ဘာကိစ္စလဲ....”
“မနက်ဖြန် မင်းသမီး ရှင်း ကို မင်း သွားကြိုဖို့ ပြောမလို့ပါ...”
“ဪ အဲ့ဟာပဲမလား...”
“နေဦး ရှန်း...”
လှည့်ထွက်ရန် ပြင်နေတဲ့ ပိုင်ရွယ်ရဲ့ ခြေလှမ်းများ ရပ်တန့်ကာ တစ်ဖက်လူအား စိုက်ကြည့်လိုက်သည်..။
မထင်ထားတာက သူက ကိုယ့်ကို ပြန်ပြီး ဖော်ပြလို့မရတဲ့ မျက်ဝန်းနဲ့ ပြန်ကြည့်နေတယ် ဆိုတာပဲ
“....”
“ရှန်း မင်းကိုကြည့်ရတာ ပြောင်းလဲသွားသလိုပဲ...”
“ဟုတ်လား လက်ထပ်ဖို့ အရွယ်ရောက်လာလို့နေမှာပေါ့...”
စကားဆုံးသည်နှင့် အေးခဲလာတဲ့ ပတ်ဝန်းကျင်အခြေအနေ....
“အို မင်းက ချစ်တဲ့သူတောင်တွေ့နေပြီပေါ့...”
“အာ??? မတွေ့သေးပါဘူး ငါဆိုလိုတာက ငါလည်း မကြာခင် လက်ထပ်တော့မှာလို့ ချစ်တဲ့သူတွေ့ရင်...”
“ထွက်သွား!!!!”
“.....”
ဘာလား ကြောင်တောင်တောင်နဲ့
ရှန်းထွက်သွားပြီးတော့ လျန်မင်ယွင် စိတ်ထဲက ဒေါသတွေကို ဖြေလျော့နိုင်ရန် ကြိုးစားနေရရှာသည်
“လက်ထပ်ဖို့လား ဟက် ရှန်း မင်းလက်ထပ်ရမယ်ဆိုရင်တောင် ငါ့ကိုပဲလက်ထပ်ရမယ်....”
--------------
ပိုင်ရွယ် တော်ဝင်စာကြည့်တိုက်ကနေ ထွက်လာတော့ ပျင်းနေတာနဲ့ မူလကိုယ် သွားနေကျ အနောက်တော်ဝင်အပန်းဖြေရေကန် နား ကို လျှောက်လာခဲ့တယ်.....
အနီးနားကို ရောက်တော့ မိုးမခ ပင် ကြီး ကိုမှီပြီး စာအုပ်ကိုတိတ်တဆိတ်ဖတ်နေတဲ့သူ အလှလေးကို တွေ့လိုက်တယ်...
ဘာလို့ မှန်းမသိ ရင် ခုန်လာသလိုပဲ...အဟမ်း..
မျက်နှာမှာ ရှက်သွေးဖြာလာကာ အချစ်တွေ့ကာစ မိန်းမငယ်လေးလို လုပ်နေတဲ့ သူ့ဘေးက လူကို တစ်ချက်ကြည့်ကာ ထိုလူ ကြည့်နေတဲ့ လားရာအတိုင်း ပိုင်ဟူ တစ်ချက်ရှိုးလိုက်သည်....
မိုးမခပင်အောက်က အပြာနုရောင် ဝတ်ရုံကို ဝတ်ထားကာ နက်ရောင် ဆံပင် ရှည်များအား တစ်ဝက်ကို အပြာရောင်ဖဲပြားဖြင့်စုစည်းထားသည်
စာအုပ်ကို စိတ်နှစ်ကာဖတ်နေပုံ၊ တစ်ချက်တစ်ချက် ကော့တက်သွားတဲ့ နူတ်ခမ်းဖူး၊
နေပါဦး!! ဒါက မူလကိုယ်ကြိုက်ခဲ့တဲ့ ဒုတိယမင်းသား တျန်းဖေးရန် မဟုတ်ဘူးလား!!!
သူ့ဘေးကလူ ရှက်သွေးဖြာနေတဲ့ အကြောင်းကို သိရှိသွားခဲ့ပြီလေ...သို့သော် သတိမပေးနိုင်....
ဟိုဘိုးတော်အား ပညာပြချင်သေးသည်...
သူ့အသည်းသက်ညှာ တစ်ခြားသူအား ကြိုက်နေပုံကို မြင်စေချင်သေးသည်..
ပိုင်ရွယ်ကြည့်နေသည့် အကြည့်အား တစ်ဖက်သူမှာ ခံစားမိသွားပုံပင်...
“ဘယ်သူများလဲလို့ အားရှန်းကို...”
ခပ်ဖျော့ဖျော့အပြုံးလေးနှင့် သူ့ကိုကြည့်နေသည့် အကြည့်များမှာ ညင်သာလှသည်....
ထူးဆန်းသော ခံစားချက်များကိန်းအောင်းနေသလိုလို..
*ပိုင်ဟူ သူက??*
[ဇာတ်လိုက်...လို့ သတ်မှတ်လို့ရတယ်..]
*ဟမ်?? နေပါဦး ဇာတ်လိုက်က ဘာလို့ နှစ်ယောက်တောင်လဲ???*
[ဒုတိယဇာတ်လိုက်ဆိုတာ ရှိနေကြပဲကို..]
*ငါမြူဆွယ်ရမှာက ဟိုလူပဲမဟုတ်ဘူးလား..*
[ဒါပေမဲ့ သူလည်းဇာတ်လိုက်ပဲလေ...ပြီးတော့ သူ့ကိုကြည့်ရတာ မင်းကိုကြိုက်နေတဲ့ပုံပဲ..အဟမ်း ရှန်းကိုပြောတာ...]
*ဪ အဲ့လိုကို အဲ့တာများ သူ့ကိုမြူဆွယ်ရတာ ပိုကောင်းတာပေါ့ ဟုတ်တယ်မလား*
ပိုင်ဟူလည်း သူ၏ အကြံဆိုးများ မျက်နှာထက်တွင် မပေါ်အောင် ကြိတ်သည်းခံရင်း...
[ဒါပေါ့...]
ဟားဟားဟား ဒါပေါ့ ဒါပေါ့
“အင်း မင်းသားလည်း ဒီမှာရှိနေတာပဲ..”
“ဟုတ်တယ် ဒီနေရာက သာယာလို့လေ အေးအေးဆေးဆေး စာအုပ်လာဖတ်နေတာ..ဒါနဲ့ ရှန်းကရော...”
ထိုသို့မေးလာတော့ ပိုင်ရွယ်အကြပ်ရိုက်သွားသည်
အိပ်ချင်လို့လာတာ လို့လည်းပြောလို့မဖြစ်..
“ထားပါတော့ ဒီမင်းသားနဲ့တူတူ လာထိုင်..”
“ဟုတ်”
မျက်နှာများနီရဲလာသော သူလေးအား ဆက်မမေးနေတော့..
သူသိတာပေါ့ အားရှန်းက ဒီကိုအိပ်ဖို့လာတာဆိုတာ
သူ့ရဲ့အားရှန်းက ဒီလောက်ထိ အရှက်သည်းတတ်မယ် မှန်း မသိခဲ့ဘူး...
ဖေးရန် လည်း သူ့ဘေးက လူသားအား မြတ်နိုးမှုများဖြင့် ကြည့်နေမိသည်...
*ပိုင်ဟူ ဒီတစ်ခါ ပစ်မှတ်က လွယ်သားပဲ..*
[မင်း ဇာတ်လိုက်မရဲ့ဖူးစာ ရှာရအုံးမှာ မြူဆွယ်ဖို့ပဲ တွေးမနေနဲ့..]
*အို....ဘာပဲဖြစ်ဖြစ် လွယ်တယ်ဟ...*
[ပထမကမ္ဘာမလို့ပါ..]
ပိုင်ရွယ်လည်း အရှက်သည်းနေသော မိန်းမပျိုလေးလို ဒုတိယမင်းသားနှင့် ချိန်းတွေ့ရန် စကားရှာကြည့်တော့သည်
“ဟိုလေ မင်းသား...”
“အင်း ဘာပြောမလို့လဲ”
“ဟို.....”
“ရှန်း!!!!!”
ဇာတ်ထဲနှစ်မျောနေသော ပိုင်ရွယ်မှာ ထိုအသံကြောင့် ထဆဲမတတ်ပင်..။
စိတ်တိုတိုဖြင့် လှည့်ကြည့်လိုက်တော့ အဓိကဇာတ်လိုက် ဟာ ဒေါသတကြီးဖြင့် လာနေသည်ကိုတွေ့လိုက်ရသည်...
*ငါလူး အဲ့ကောင်ဘာလာလုပ်တာလဲ!!*
[....]
ခုချိန်မှာ မင်းရဲ့ ဂန္ဓမာပန်းအတွက်ပဲ မင်းတွေးသင့်တယ်..
____________
Hikari
>>>>>>>>>
Zawgyi
ပိုင္ရြယ္ ေဝာာ္ဝင္စာၾကၫ့္ေဆာင္ေရ႔ွ၌ အခ်ိန္ေတာ္ၾကာရပ္ၾကၫ့္ေနမိသည္...
[ဒီမယ္ ခဗ်ားရပ္ေနတာၾကာေနၿပီ မဝင္ေသးဘူးလား..ဝင္မယ္ဆိုျမန္ျမန္ဝင္ ဒီမွာ ပူလြန္းလို႔ေသေတာ့မယ္...]
ပိုင္ရြယ္လည္း မ်က္ခံုး တစ္ခ်က္ပင့္ကာ ေဘးနား က ေျမေခြးျဖဴကိုၾကၫ့္လိုက္ေတာ့ ပူလြန္းလို႔ထင္သည္...ပက္လက္လန္ကာ လ်ွာထြက္ေနပံုမွာ တကယ္ေသေတာ့မယ့္အတိုင္း..
“အဲ့ဆိုလည္းသြားမယ္ေလ..”
ပိုင္ဟူလည္း တိတ္တဆိတ္ မ်က္ေစာင္းထိုးကာ
*အစကတည္းက အဲ့လိုေျပာသင့္တာ*ဆိုတဲ့ မ်က္ႏွာအေနအထားျဖင့္ လိုက္ပါလာသည္...
တံခါးနား ေရာက္ရံုသာရိွေသးသည္...အထဲမွ ဩဇာ အျပၫ့္နဲ႔ အသံထြက္လာသည္....
“ရွန္း ဝင္လာခဲ့!..”
တံခါးေခါက္မၫ့္ လက္ေတာင္တန႔္သြားကာ တံခါးကိုတိုက္ရိုက္ဖြင့္လို႔ ဝင္သြားလိုက္သည္...
ထိုေနာက္ လ်န္မင္ယြင္ေရ႔ွတြင္ ခါးကို90° ကုန္းလိုက္ကာ ရိုးရိုးက်ိဳးက်ိဳးျဖင့္
“အရွင္..”
[ဟားဟားဟား....]
“...”
လ်န္မင္ယြင္ သူ႔ေရ႔ွက ေကာင္ေလးအား ၾကၫ့္ေနကာ ရီခ်င္စိတ္ကိုထိန္းထားရသလိုပင္...
ပိုင္ရြယ္-??
[ဟားဟား အဟြတ္ အဟြတ္ ဇာတ္ေၾကာင္းေသခ်ာမဖတ္ဘူးပဲ ရွန္းက အဲ့လိုလုပ္ဖို႔ေနေနသာသာ မင္းႀကီးကို ပုခံုးဖက္ၿပီး ေနလာတဲ့သူမ်ိဳး...]
“.....”
အဲ့ေတာ့ ငါက ေသာက္ရွက္ကြဲသြားတာေပါ့....
“ရွန္း??”
“အဟမ္း ဘာကိစၥလဲ....”
“မနက္ျဖန္ မင္းသမီး ရွင္း ကို မင္း သြားႀကိဳဖို႔ ေျပာမလို႔ပါ...”
“ဪ အဲ့ဟာပဲမလား...”
“ေနဦး ရွန္း...”
လွၫ့္ထြက္ရန္ ျပင္ေနတဲ့ ပိုင္ရြယ္ရဲ့ ေျခလွမ္းမ်ား ရပ္တန႔္ကာ တစ္ဖက္လူအား စိုက္ၾကၫ့္လိုက္သည္..။
မထင္ထားတာက သူက ကိုယ့္ကို ျပန္ၿပီး ေဖာ္ျပလို႔မရတဲ့ မ်က္ဝန္းနဲ႔ ျပန္ၾကၫ့္ေနတယ္ ဆိုတာပဲ
“....”
“ရွန္း မင္းကိုၾကၫ့္ရတာ ေျပာင္းလဲသြားသလိုပဲ...”
“ဟုတ္လား လက္ထပ္ဖို႔ အရြယ္ေရာက္လာလို႔ေနမွာေပါ့...”
စကားဆံုးသည္ႏွင့္ ေအးခဲလာတဲ့ ပတ္ဝန္းက်င္အေျခအေန....
“အို မင္းက ခ်စ္တဲ့သူေတာင္ေတြ့ေနၿပီေပါ့...”
“အာ??? မေတြ့ေသးပါဘူး ငါဆိုလိုတာက ငါလည္း မၾကာခင္ လက္ထပ္ေတာ့မွာလို႔ ခ်စ္တဲ့သူေတြ့ရင္...”
“ထြက္သြား!!!!”
“.....”
ဘာလား ေၾကာင္ေတာင္ေတာင္နဲ႔
ရွန္းထြက္သြားၿပီးေတာ့ လ်န္မင္ယြင္ စိတ္ထဲက ေဒါသေတြကို ေျဖေလ်ာ့ႏိုင္ရန္ ႀကိဳးစားေနရရွာသည္
“လက္ထပ္ဖို့လား ဟက္ ရွန္း မင္းလက္ထပ္ရမယ္ဆိုရင္ေတာင္ ငါ့ကိုပဲလက္ထပ္ရမယ္....”
--------------
ပိုင္ရြယ္ ေတာ္ဝင္စာၾကၫ့္တိုက္ကေန ထြက္လာေတာ့ ပ်င္းေနတာနဲ႔ မူလကိုယ္ သြားေနက် အေနာက္ေတာ္ဝင္အပန္းေျဖေရကန္ နား ကို ေလ်ွာက္လာခဲ့တယ္.....
အနီးနားကို ေရာက္ေတာ့ မိုးမခ ပင္ ႀကီး ကိုမွီၿပီး စာအုပ္ကိုတိတ္တဆိတ္ဖတ္ေနတဲ့သူ အလွေလးကို ေတြ့လိုက္တယ္...
ဘာလို႔ မွန္းမသိ ရင္ ခုန္လာသလိုပဲ...အဟမ္း..
မ်က္ႏွာမွာ ရွက္ေသြးျဖာလာကာ အခ်စ္ေတြ့ကာစ မိန္းမငယ္ေလးလို လုပ္ေနတဲ့ သူ႔ေဘးက လူကို တစ္ခ်က္ၾကၫ့္ကာ ထိုလူ ၾကၫ့္ေနတဲ့ လားရာအတိုင္း ပိုင္ဟူ တစ္ခ်က္ရိႈးလိုက္သည္....
မိုးမခပင္ေအာက္က အျပာႏုေရာင္ ဝတ္ရံုကို ဝတ္ထားကာ နက္ေရာင္ ဆံပင္ ရွည္မ်ားအား တစ္ဝက္ကို အျပာေရာင္ဖဲျပားျဖင့္စုစည္းထားသည္
စာအုပ္ကို စိတ္ႏွစ္ကာဖတ္ေနပံု၊ တစ္ခ်က္တစ္ခ်က္ ေကာ့တက္သြားတဲ့ ႏူတ္ခမ္းဖူး၊
ေနပါဦး!! ဒါက မူလကိုယ္ႀကိဳက္ခဲ့တဲ့ ဒုတိယမင္းသား တ်န္းေဖးရန္ မဟုတ္ဘူးလား!!!
သူ႔ေဘးကလူ ရွက္ေသြးျဖာေနတဲ့ အေၾကာင္းကို သိရိွသြားခဲ့ၿပီေလ...သို႔ေသာ္ သတိမေပးႏိုင္....
ဟိုဘိုးေတာ္အား ပညာျပခ်င္ေသးသည္...
သူ႔အသည္းသက္ၫွာ တစ္ျခားသူအား ႀကိဳက္ေနပံုကို ျမင္ေစခ်င္ေသးသည္..
ပိုင္ရြယ္ၾကၫ့္ေနသၫ့္ အၾကၫ့္အား တစ္ဖက္သူမွာ ခံစားမိသြားပံုပင္...
“ဘယ္သူမ်ားလဲလို့ အားရွန္းကို...”
ခပ္ေဖ်ာ့ေဖ်ာ့အၿပံဳးေလးႏွင့္ သူ႔ကိုၾကၫ့္ေနသၫ့္ အၾကၫ့္မ်ားမွာ ညင္သာလွသည္....
ထူးဆန္းေသာ ခံစားခ်က္မ်ားကိန္းေအာင္းေနသလိုလို..
*ပိုင္ဟူ သူက??*
[ဇာတ္လိုက္...လို႔ သတ္မွတ္လို႔ရတယ္..]
*ဟမ္?? ေနပါဦး ဇာတ္လိုက္က ဘာလို႔ ႏွစ္ေယာက္ေတာင္လဲ???*
[ဒုတိယဇာတ္လိုက္ဆိုတာ ရိွေနၾကပဲကို..]
*ငါျမဴဆြယ္ရမွာက ဟိုလူပဲမဟုတ္ဘူးလား..*
[ဒါေပမဲ့ သူလည္းဇာတ္လိုက္ပဲေလ...ၿပီးေတာ့ သူ႔ကိုၾကၫ့္ရတာ မင္းကိုႀကိဳက္ေနတဲ့ပံုပဲ..အဟမ္း ရွန္းကိုေျပာတာ...]
*ဪ အဲ့လိုကို အဲ့တာမ်ား သူ႔ကိုျမဴဆြယ္ရတာ ပိုေကာင္းတာေပါ့ ဟုတ္တယ္မလား*
ပိုင္ဟူလည္း သူ၏ အႀကံဆိုးမ်ား မ်က္ႏွာထက္တြင္ မေပၚေအာင္ ႀကိတ္သည္းခံရင္း...
[ဒါေပါ့...]
ဟားဟားဟား ဒါေပါ့ ဒါေပါ့
“အင္း မင္းသားလည္း ဒီမွာရိွေနတာပဲ..”
“ဟုတ္တယ္ ဒီေနရာက သာယာလို႔ေလ ေအးေအးေဆးေဆး စာအုပ္လာဖတ္ေနတာ..ဒါနဲ႔ ရွန္းကေရာ...”
ထိုသို႔ေမးလာေတာ့ ပိုင္ရြယ္အၾကပ္ရိုက္သြားသည္
အိပ္ခ်င္လို႔လာတာ လို႔လည္းေျပာလို႔မျဖစ္..
“ထားပါေတာ့ ဒီမင္းသားနဲ႔တူတူ လာထိုင္..”
“ဟုတ္”
မ်က္ႏွာမ်ားနီရဲလာေသာ သူေလးအား ဆက္မေမးေနေတာ့..
သူသိတာေပါ့ အားရွန္းက ဒီကိုအိပ္ဖို႔လာတာဆိုတာ
သူ႔ရဲ့အားရွန္းက ဒီေလာက္ထိ အရွက္သည္းတတ္မယ္ မွန္း မသိခဲ့ဘူး...
ေဖးရန္ လည္း သူ႔ေဘးက လူသားအား ျမတ္ႏိုးမႈမ်ားျဖင့္ ၾကၫ့္ေနမိသည္...
*ပိုင္ဟူ ဒီတစ္ခါ ပစ္မွတ္က လြယ္သားပဲ..*
[မင္း ဇာတ္လိုက္မရဲ့ဖူးစာ ရွာရအံုးမွာ ျမဴဆြယ္ဖို႔ပဲ ေတြးမေနနဲ႔..]
*အို....ဘာပဲျဖစ္ျဖစ္ လြယ္တယ္ဟ...*
[ပထမကမ႓ာမလို႔ပါ..]
ပိုင္ရြယ္လည္း အရွက္သည္းေနေသာ မိန္းမပ်ိဳေလးလို ဒုတိယမင္းသားႏွင့္ ခ်ိန္းေတြ႕ရန္ စကားရွာၾကၫ့္ေတာ့သည္
“ဟိုေလ မင္းသား...”
“အင္း ဘာေျပာမလို႔လဲ”
“ဟို.....”
“ရွန္း!!!!!”
ဇာတ္ထဲႏွစ္ေမ်ာေနေသာ ပိုင္ရြယ္မွာ ထိုအသံေၾကာင့္ ထဆဲမတတ္ပင္..။
စိတ္တိုတိုျဖင့္ လွၫ့္ၾကၫ့္လိုက္ေတာ့ အဓိကဇာတ္လိုက္ ဟာ ေဒါသတႀကီးျဖင့္ လာေနသည္ကိုေတြ့လိုက္ရသည္...
*ငါလူး အဲ့ေကာင္ဘာလာလုပ္တာလဲ!!*
[....]
ခုခ်ိန္မွာ မင္းရဲ့ ဂႏၶမာပန္းအတြက္ပဲ မင္းေတြးသင့္တယ္..
____________
Hikari
>>>>>>>>>