နားခိုရာမှားတဲ့ လိပ်ပြာငယ်

By mahar_for_thondra

6K 375 32

စာရေးသူ၏စိတ်ကူးသက်သက် ဖန်တီးထားတာဖြစ်လို့ အပြင်လောကနှင့် အချိုးမကျနိုင်ပါ More

IᑎTᖇO🦋
🦋💙
🦋①...𝗨𝗻𝗶
🦋①...𝙕𝙖𝙬𝙜𝙮𝙞
🦋②...Ⓩⓐⓦⓖⓨⓘ
🦋③...Ⓤⓝⓘ
⚠️ⁿᵒᵗⁱᶠⁱᶜᵃᵗⁱᵒⁿ ᶠᵒʳ ᵒⁿ ᵐʸ ʷʳⁱᵗⁱⁿᵍ❕❗️
🦋③...Ⓩⓐⓦⓖⓨⓘ
🦋④...Ⓤⓝⓘ
🦋④...Ⓩⓐⓦⓖⓨⓘ
🦋⑤...Ⓤⓝⓘ
🦋⑥...Ⓤⓝⓘ
🦋⑤...Ⓩⓐⓦⓖⓨⓘ
🦋 ⑥...Ⓩⓐⓦⓖⓨⓘ
🦋⑦...Ⓤⓝⓘ
🦋⑦...Ⓩⓐⓦⓖⓨⓘ
🦋⑧...Ⓤⓝⓘ
🦋⑧...Ⓩⓐⓦⓖⓨⓘ
🦋⑨...Ⓤⓝⓘ
🦋⑨...Ⓩⓐⓦⓖⓨⓘ
🦋①⓪...Ⓤⓝⓘ
🦋①⓪...Ⓩⓐⓦⓖⓨⓘ
🦋①① ... Ⓤⓝⓘ
🦋①① ... Ⓩⓐⓦⓖⓨⓘ
🦋①②...Ⓤⓝⓘ
🦋①②...Ⓩⓐⓦⓖⓨⓘ
🦋①③...Ⓤⓝⓘ
🦋①③...Ⓩⓐⓦⓖⓨⓘ
🦋①④...Ⓤⓝⓘ
🦋①④...Ⓩⓐⓦⓖⓨⓘ
🦋①⑤...Ⓤⓝⓘ
🦋①⑤...Ⓩⓐⓦⓖⓨⓘ
🦋①⑥...Ⓤⓝⓘ
🦋①⑥...Ⓩⓐⓦⓖⓨⓘ
🦋①⑦...Ⓤⓝⓘ
🦋①⑦...Ⓩⓐⓦⓖⓨⓘ
🦋①⑧...Ⓤⓝⓘ
🦋①⑧...Ⓩⓐⓦⓖⓨⓘ
🦋19... 🅄🄽🄸
🦋19... 🅉🄰🅆🄶🅈🄸
[ယာယီ ရပ်နား]

🦋②...Ⓤⓝⓘ

302 12 3
By mahar_for_thondra

"အမလေး သူဌေးလေးရေ လုပ်ပါအုံး"

ကြီးမေ၏ အလန့်တကြားအော်သံကား မိုးသံပြင်းပြင်းကိုပင်ဖောက်ထွက်လျက် ဟိန်းစက္ကတစ်ယောက် နှံ့နေသောခြေထောက်အောက်သို့ချကာ အပြေးသွားကြည့်မိတော့ ကြီးမေတစ်ယောက်မိုးရေထဲ၌သတိမရှိတော့သည့် ရှိုင်းသော်တာ၏ခေါင်းကို အသာလေးမကာ "သားငယ်ရှိုင်း သတိထားပါအုံး"ဟူသော စကားကိုသာ အရုပ်ကြိုးပျက်မျက်နှာနှင့်ပြောနေသည်ကို တွေ့လိုက်ရတော့ ဟိန်းစက္ကတစ်ယောက် ပြာပြာသလဲနှင့်ထီးပင်မယူနိုင်ပြေးသွားလိုက်သည်..
အနားသို့ရောက်သောအခါ ခြေထောက်တဖက်ဒူးထောက်လိုက်ပြီး ကြီးမေထံမှ ရှိုင်းသော်တာ၏ ပျော့ခွေနေသည့် ခန္ဓာကိုယ်လေးအား ပြာပြာသလဲဖြင့် အကြမ်းပတမ်း ဆွဲခေါ်လိုက်ကာ ရှိုင်း၏ ဒူးနှစ်ဖက်အောက်မှလက်တစ်ဖက်လျှို ရှိုင်းနောက်ကျောကိုလက် တစ်ဖက်ဖြင့်သိုင်း၍ပွေ့ချီကာမတ်တပ်ထရပ်လိုက်သည်

ကြီးမေကလည်းခြေမကိုင်မိလက်မကိုင်မိဖြင့် စကားကလည်းအထစ်ထစ် "သူ.သူဌေးလေး .သားငယ်ရှိုင်းက..."

စကားပင်မဆုံးလိုက် ဟိန်းစက္က၏ အသံကပို၍ပင်တုန်နေသလို

"တောက်ခ်.နောက်.နောက်မှ ရှင်းပြတော့ .ကြီးမေ"

အသံကားတုန်နေပေမယ့်လည်း ဗီဇအရ မာထန်နေ၏စိတ်တိုနေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်.ထို့နောက် ရင်ခွင်ထဲသတိမရှိသည့် ရှိုင်းငယ်အား မိုးစိုမှာစိုးရိမ်သည့်အလားတင်းတင်းကြပ်ကြပ်ဖက်ထားပြီး သူ့ခန္ဓာကိုယ်ကြီးဖြင့်အုပ်မိုး၍ခြေလှမ်းကျယ်ကြီးများနှင့် အိမ်ကြီးထဲသို့ ခပ်သွက်သွက်ပင် ဝင်လာခဲ့တော့သည်..ကြီးမေလည်း အိမ်မကြီးတံခါးကိုပိတ်၍ ခြံတံခါးသော့ကို နေရာတကျ ပြန်ချိတ်လိုက်ပြီး ဟိန်းစက္ကနောက်သို့ လိုက်ရန် ဟန်ပြင်နေစဉ် ဟိန်းစက္ကမှ "ကြီးမေ အဝတ်အစားတွေ အရင်လဲလိုက် ပြီးမှ တက်လာခဲ့"ဟုဆိုသဖြင့် မိမိအခန်းရှိရာ လှေကား မျက်နှာကြက်အောက်မှ အခန်းလေးဆီသို့ ဉီးတည်ရာပြောင်းရတော့သည်..

ဟိန်းစက္ကတယောက် ရှိုင်းအခန်းရှိရာ အပေါ်ထက်သို့တက်ရန် လှေကားထစ် ၃ဆင့်လောက် တက်ပြီးသောအခါ နောက်ပြန်လှည့်၍ "ကြီးမေ ခြံတံခါးသွားပြန်ဖွင့်ထားအုံး ဒေါက်တာ ဇော်လွင်သန့်ကို ကျွန်တော်ခေါ်ထားမှာမို့ ပြီးရင် သူသတိရလာရင်သောက်ရအောင် ကြက်သားစွပ်ပြုတ်လေး လုပ်ထားပေးပါ " ပြောလိုက်သည့်ပုံစံကား မည်သူ့ကိုမျှ အကူအညီ တောင်းခံနေသည့်ပုံမျိုးမဟုတ် လုပ်ကိုလုပ်ထားရမည်ဟု အဓိပ္ပါယ်သက်သက်ဖြင့်သာပြောခြင်းမျိုးပင် ဤသည်မှာလည်း မည်သူတစ်ဉီးတယောက်ကိုမျှ အကူအညီမတောင်းချင်သည့် ဟိန်းစက္က၏ ဘ၀င်လေဟပ်နေတဲ့ အကျင့်များထဲမှ တစ်ခုအပါအ၀င်ဖြစ်သည်..

ရှိုင်းအခန်းရှေ့သို့ရောက်သောအခါ ဟိန်းစက္ကတစ်ယောက်ငယ်ငယ်က အကြောင်းအရာ တစ်ခုကိုပြန်စဉ်းစားမိသွားသည်..

"မေမေတို့နဲ့ဘဲ ရှိုင်းအိပ်ချင်တယ် ..
ကိုကိုနဲ့ မအိပ်ချင်ဘူး သူ့အခန်းကညစ်ပတ်တယ်.."

ရှိုင်းသော်တာ၇နှစ်သားအရွယ်က အမှတ်တရအချို့ပင်ဖြစ်သည်
ငယ်ငယ်ကတည်းက မိုးရွာလျှင်နေစရာမရှိအောင်ကြောက်တတ်သူမို့မိုးရွာသည့်နေ့များဆို အိမ်ကလူများ နားပူရတော့သည်..

အကိုဖြစ်သူဟိန်းစက္ကနဲ့ကလည်း မတည့်သည်ဆိုတာထက် ရှိုင်းသော်တာဆိုသည့် ကလေးငယ်မှာ အသန့်အရှင်းအလွန်ကြိုက်ခြင်း ကြောင့် ညစ်တီးညစ်ပတ်နေသည့် ဟိန်းစက္ကနှင့်ပြဿနာကား ဤတွင်စလေသည်..ရှိုင်းသော်တာ ဆိုသည်မှာ မနက်မိုးလင်းတာနဲ့ မျက်နှာသစ်ပြီးရေပါတခါတည်း တန်းချိုးသည့် ကလေးမျိုး..
အ၀တ်အစားဆိုလျှင်လည်း ချွေးနံ့နဲနဲလောက်များရနေလျှင်ပင် ချက်ချင်း အ၀တ်လဲသည့်ကလေးမျိုး အနေအထိုင်မှာလည်း မိမိအခန်းကိုအမြဲတစေ သန့်ရှင်းနေသည့်ကလေးမျိုး စာအုပ်နေရာစာအုပ် ဖိနပ်နေရာဖိနပ် အ၀တ်အပေများကိုလည်း ပြန့်ကျဲနေခြင်းမျိုးမရှိ သူ့နေရာနှင့်သူ အိပ်ယာဆိုလည်း မနက်အိပ်ယာထကတည်းက တခါတည်းအစီအရီသန့်ရှင်းထားနေကျ သိမ်းဆည်းသည့်နေရာမှာလည်း အလွန်သေသပ်သည် ပစ္စည်းတခုခု၀ယ်လျှင်လည်း Dateကလေးတွေ တပ်သည့်အကျင့်လည်းရှိပေသည်..

ထိုအချက်များကြောင့် ဟိန်းစက္ကနဲ့ကား လုံး၀ပေါင်းထားလို့မရသည်မှာအမှန် ဆီနှင့်ရေလို့ပြောရင်တောင်မှားပါလိမ့်အုံးမည် .
ဆီနှင့်ရေကား ဒယ်အိုးထဲတွင် ရောချက်လို့ရပါသေးသည်မဟုတ်လား သူတို့နှစ်ယောက်ကား မိုးနှင့်မြေကဲ့သို့ ကွာခြားသည်ပြောရလျှင် ပို၍ အဓိပ္ပါယ်သက်ရောက်ပါမည်...

ဟိန်းစက္ကကား ရေချိုးမပျင်းသော်လည်း စည်းကမ်းနှင့်နေထိုင်မှုပုံစံသန့်ရှင်းသပ်ရပ်မှုတို့ကား 0%ပင် ၁ပါတ်ကို ၂ခါလောက်ကြီးမေသာ ၀င်မရှင်းပေးလျှင် သူ့ပစ္စည်းတွေနှင့်သူတောင် ခြေချစရာ နေရာကျန်မည်မဟုတ်ပါ..အမေဖြစ်သူမှ ခနခနဆုံးမသော်လည်း မိမိထက် ၇နှစ်မျှငယ်သည့် ကလေးငယ်လောက်ပင် စည်းစနစ်မကျသောကြောင့် မိဘများထံတွင်အမြဲမျက်နှာကောင်းမရပါ..

ဂျစ်ကန်ကန်၇နှစ်သား ရှိုင်းသော်တာကား ဟိန်းစက္ကနှင့် အိပ်ရမည်ကို မိုးရွာသည့် ညများထက်ပင်ပိုကြောက်နေသလို မျက်နှာအမူအရာဖြင့် .. အမေဖြစ်သူအား သူ့ကိုခေါ်သိပ်ရန် ဂျီကျနေသည်မှာ ရိုက်ချင်စရာဆိုပေမယ့် မျက်နှာအမူအရာလေးနှင့် ချွဲတတ်သည့်အကျင့်လေးကြောင့် မိဘနှစ်ပါးက သဲသဲလှုပ်ချစ်ရသည်မို့ တခါမျှပင်မရိုက်ဖူးပါ...

"မေမေ ရှိုင်းကိုခေါ်သိပ်ပါနော် မေမေနော်..
ကိုကိုက ညအိပ်ရင်မီးပိတ်ပြီးအိပ်တယ်မေမေ ရှိုင်းကကြောက်လို့
ဖွင့်ခိုင်းရင်လည်း ရှိုင်းကိူ ဆူတယ်မေမေ ..မေမေရေ ရှိုင်းကို
ခေါ်သိပ်ပါနော် ..နော်လို့."

"သားရယ် ၇နှစ်ထဲတောင်ရောက်နေပြီကို ကလေးလုပ်မနေပါနဲ့
တော့ ကိုကိုနဲ့အိပ်မလား ကိုယ့်အခန်းနဲ့ကို အိပ်မလားတစ်ခုဘဲ
ရွေး မေမေစိတ်မတိုချင်ဘူးနော် သားရှိုင်း.."

အမေဖြစ်သူ ဒေါ်စန္ဒာမြတ်မှ လေသံသံမာမာဖြင့် ဆူသည်လို့ပင်မသတ်မှတ်ရလောက်သည့် မျက်နှာထားဖြင့် ပြောလိုက်သည့်အခါ ရှိုင်းသော်တာတစ်ယောက် မငိုခင် ခပ်မှဲ့မှဲ့ဖြစ်နေသည့်မျက်နှာကလေးသည်ကား အမိအရ ဓါတ်ပုံဖမ်းရိုက်ထားနိုင်လျှင် ထိုပုံတွေ့သူတိုင်းအသည်းယားနေရမည်မှာအမှန်ပင်..မျက်လုံးလေးများက ဝိုင်းစက်သည်ဟုဆိုရလောက်အောင် မလှသော်လည်း မျက်ဆံလေးကား အများနှင့်မတူ နက်ပြာရောင် အဖျော့လေးဖြစ်နေသောကြောင့်မျက်ရည်ကြည်လေးများဝေ့တက်နေသည့် အချိန်မျိုးတွင်ဆို မျက်လုံးကလေးက နက်ပြာရောင်စိုရွန်းလို့နေသည်က မြင်သူသတိထားမိနေခြင်းဖြစ်သည်.မျက်ရည်ကြည်လေးများဝှေ့တက်နေသည့် မျက်လုံးကလေး ငိုချင်သောကြောင့်ဖြစ်ပေါ်လာသည့် နှာသီးရဲရဲလေး မငိုခင်မှဲ့နေသောကြောင့် အောက်နှုတ်ခမ်းအတွင်းသားတို့မှာ အပြင်သို့ရေစိုထားသည့် ချယ်ရီသီးပမာ အပေါ်နှုတ်ခမ်းသားတို့ကို နေရာယူထားလေသည် ထို့နောက်မှသာလျှင်မျက်ရည်ပေါက်ပေါက် ကျအောင်ငိုပါတော့သည်...

သားငယ်၏ မျက်နှာအမူအရာလေးကိုမြင်လိုက်သည့် ဖခင်ဖြစ်သူကတော့ သားငယ်အလိုကိုသာလိုက်ရင် မိန်းမဖြစ်သူအား တိုက်တွန်းလေတော့သည်..

"မြတ်ရယ် ဒီနေ့တရက်တော့ခေါ်သိပ်လိုက်ပါ မိုးလည်းချုပ်နေပြီလေ မနက်ဖြန်ကျရင် ကိုယ်တို့အလုပ်တွေလည်း ရှိသေးတယ် သားလေးတို့လည်း ကျောင်းသွားရအုံးမှာ လာပါအချိန်ဆွဲမနေနဲ့တော့ ကလေးကိုခေါ်ခဲ့လိုက်တော့.."

ဟုဆိုကာ အခန်းထဲသို့ အရင်၀င်နှင့်လေသည် ဒေါ်စန္ဒာမြတ်လည်း အမျိုးသားဖြစ်သူ စကားအတိုင်း ငိုယိုနေသည့်ကလေးငယ်အား ပွေ့ချီခေါ်ဆောင်သွားတော့သည်

ငယ်ငယ်ကဖြစ်ရပ်များက ခေါင်းထဲတွင်အစီအရီပင်ပြန်ပေါ်လာသောကြောင့် ဟိန်းစက္ကတစ်ယောက် တခုခုကိုတွေးလိုက်မိဟန်ဖြင့်
ရွဲ့စောင်းစောင်း အပြုံးတစ်ခုကို ဖန်တီးကာ ဖွင့်ရန်လှမ်းနေသည့် ရှိုင်းသော်တာ ဒူးအောက်မှ လက်ကလေးကို အသာအယာ ပြန်ရုပ်ကာ ...နှုတ်ခမ်းဖျားထက်ကတော့....

"မင်း အရမ်းမုန်းတဲ့ ငါ့ရဲ့ ညစ်တီးညစ်ပတ်အခန်းလေးထဲမှာ တစ်ညလောက် ဝင်အိပ်စက်လိုက်ပါအုံး ရှိုင်းသော်တာ" ဟုသာ ခပ်ထေ့ထေ့ပြော၍ ဉီးတည်ရာပြောင်းလိုက်ပြီး မျက်နှာချင်းဆိုင်မှ မိမိအခန်းရှိရာဘက်သို့ ဉီးတည်သွားလိုက်တော့သည် ..

ညအိပ်ချိန်ဖြစ်သည်မို့ အခန်းထဲတွင် Night light သာဖွင့်ထားသည်မို့ အခန်းကအရမ်းကြီး လင်းမနေ ၀ါကျဉ်ကျဉ်သာလင်း၏...

အခန်းထဲသို့ရောက်သောအခါ ရင်ခွင်ထဲရှိ ကလေးငယ်ကို ခုတင်ပေါ်သို့တင်ရန် ကုတင်ရှိရာသို့ ဉီးတည်လိုက်သည် ထို့နောက် ရှိုင်းသော်တာကိုယ်လေးအား ခုတင်ပေါ်သို့အသာအယာတင်ကာ ဒူးနှစ်ဖက်အောက်လျှိုထားသည့် လက်ကိုထုတ်၍ ကုတင်အလယ်နားရောက်နေ့သည့် ခေါင်းအုံးကို လှမ်းယူလိုက်ပြီး ခေါင်းလေးကို အသာအယာတင်ပေးလိုက်သည် နှုတ်ခမ်းဖျားထက်မှ ခပ်ထေ့ထေ့စကားတခွန်းကိုလှောင်ပြောင်ဟန်ဖြင့် ပြောလိုက်ပါသေးသည်...

"အရမ်း-င်ခေါင်းကျယ်တဲ့ကောင် အခုတော့ဘာတတ်နိုင်သေး
လည်း နာငြီးစရာတောင်မလိုတော့ဘူး. ဟွန့်"

ပထမကတော့ မိသားစုဆရာဝန်ကြီးကို ခေါ်လိုက်ဖို့စဉ်းစားသော်လည်း သူ့အခြေအနေကိုကြည့်ပြီး ဟိုမေးဒီမေး မေးမှာကို စိတ်ရှုပ်သဖြင့် ငယ်ငယ်ကတည်းက ပုခုံးဖက်ပေါင်းလာတဲ့ ဒေါက်တာဇော်လွင်သန့်ကိုသာ ခေါ်ဖို့ဆုံးဖြတ်လိုက်တော့သည်.

ကုတင်ဘေးရှိ မီးအိမ်တင်ထားသည့် စားပွဲအသေးလေးပေါ်မှ ဖုန်းကိုလှမ်းယူလိုက်ပြီးရင် Zaw Lwin That ဟူသော Contactလေးကို ခေါ်လိုက်လေသည်....

Ring......

Phone screen ပေါ်၌ Hein Sek Kaဆိုသည့် Contactလေးက အထင်းသား....
သို့သော် အချိန်ကား လူအိပ်ချိန်မဟုတ်လား ၁၂ခွဲပင်ကျော်နေလေပြီ သာမန်လူတောင်ထိုအချိန်ဆို အိပ်ကောင်းသည်မို့ နေ့ခင်းပိုင်းတွေမှာ မိုးတွင်းလည်းဖြစ်သောကြောင့် ဖျားနာသူများကဆေးရုံနေရာအနှံ့ ဆေးရုံမှာခြေချင်းလိမ်အောင် အလုပ်များသည့်သူမို့ ညပိုင်းတွင်တော့ဒေါက်တာဇော်လွင်သန့်တစ်ယောက် အခြားသူများထက် ပို၍နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်တတ်သည်မှာ မလွန်ဘူးမဟုတ်လား......

"လူကြီးမင်းခေါ်ဆိုသော.."

"တောက်ခ် ငါ ိုးမသား စောစောစီးစီး သေသွားပြန်ပြီလား"

၃ခေါက်ကနေ ၄ခေါက်ဆိုတော့ ဟိန်းစက္ကတစ်ယောက် တော်တော်ဒေါသထွက်နေလေပြီ...

"ငါ ိုးမသားလေး ဒီတခါမကိုင်လို့ကတော့ မင်းအသေဘဲဇော်လွင်သန့်"

သူ့ဘာသာကြံရာမရတိုင်း တစ်ပါးသူကို လိုက်ကြုံး၀ါးနေလေတော့သည်...

Ring......

နားထဲတွင် တဒွီဒွီနှင့် ကြားရပါများလာသောအခါမှ ဇော်လွင်သန့်တယောက် မျက်လုံးမဖွင့်သေးဘဲ လက်လေးရှေ့ဆန့်ကာဟိုစမ်းဒီစမ်းဖြင့် ကုတင်ဘေးရှိ စာအုပ်များပေါ်မှ မသိမသာတုန်ခါလှိုင်းထနေသည့်ဖုန်းပေါ်သို့လက်ရောက်သွားသောအခါမှသာ ဖုန်းကိုယူလိုက်ပြီး
အိပ်မှုန်စုံ၀ါးဖြင့် မျက်စိဖွင့်ကြည့်လိုက်တော့ Hein Sek Ka
ဆိုသည့် Contactလေးကြောင့် မျက်စိပင်ကျယ်သွားလေသည်....ထို့နောက်ထထိုင်ကာ Answer Keyလေးအား အမြန်ဆုံး ဆွဲတင်လိုက်လေတော့သည်.... ကြားရသည့်အသံကား ဒီဖက်ကလူသာ လိပ်ပြာငယ်လျှင် လိပ်ပြာလွင့်ပြီး အသက်ပါသွားမှာ အမှန်ပင် ..

"အင်း ဟိန်း​....ပြော.

စကားတောင်မဆုံးလိုက် ဆည်ကျိုးလာသည့်အလား ဟိန်းစက္ကဘက်မှ ကျက်သရေမင်္ဂလာမရှိသော ဆဲဆိုသံများသည် နားထဲသို့ တရဆက် ၀င်လာတော့သည်...

"ငါ ိုးမသားလေး ခေါ်နေတာဘယ်နှကြိမ်ရှိပြီလဲ ီးမို့အဲ့လောက်သေနေတာလား ဟမ် ခွေးသူတောင်းစား အသက်ရောရှိသေးရဲ့လားလို့...."

"ငါနေ့လည်ပိုင်းတွေအရမ်းပင်ပန်းထားလို့အိပ်တာမလွန်ဘူးဟ လူအိပ်ချိန်ဖုန်းတွေဆက်နေတဲ့ မင်းကမှ လွန်တာကွ .."

"ီး စောက်ပိုတွေ လာပြောမနေနဲ့ ငါ့အိမ် အခုချက်ချင်း လာခဲ့မြန်မြန် "

"ဘယ်သူဘာဖြစ်လို့တုန်း ဒီအချိန်ကြီးမှ မင်းဒယ်ဒီကြီးဖြစ်တာလား.."

"ီး ငါ့အဖေနဲ့အမေမှ ပြန်မရောက်သေးတာ ဘယ်သူရှိမှာတုန်း ဟိုကျက်သရေတုန်းကောင်ပေါ့.."

"ဟျောင့် မင်းလက်လွန်သွားတာလား ဟိန်းစက္က စောက်ပြဿနာအကြီးကြီးတက်မှာနော် မင်း..."

"ီးကိုလက်လွန်ရမှာလား ငါဘာမှတောင်မလုပ်ရသေးဘူး သူ့ဘာသူပျော့ညံ့လို့ဖြစ်တာ ငါနဲ့ဘာမှမဆိုင်ဘူး မင်းလည်းစောက်ရစ်ရှည်မနေနဲ့တော့ မြန်မြန်လာခဲ့"

ဖုန်းချလိုက်ပြီးနောက် ရေစိုနေသည့် သူ့အဝတ်များကို လဲရင် အဝတ်ဗီရိုဘက်သို့ ဉီးတည်လိုက်သောအခါ ကုတင်ပေါ်မှ အမျိုးကောင်းသားကို အရင်လဲပေးရမည်ကို တွေးလိုက်မိသည် ရှိုင်းနှင့်တော်မည့် အဝတ်အစားတချို့ကိုထုတ်လိုက်ပြီး ကုတင်ဘက်သို့ လာခဲ့တော့သည် ...ကုတင်နားသို့ရောက်သောအခါ..

"ဒေါက်..

တံခါးခေါက်သံကို ကြားလိုက်ကတည်းက ကြီးမေဖြစ်ပေလိမ့်မည်..

"ဝင်ခဲ့ကြီးမေ LOCKချမထားဘူး"

ဝင်ခွင့်ပြုသောတုံ့ပြန်သံကြားမှ ကြီးမေတစ်ယောက်ဆန်ပြုတ်ပန်းကန်တင်ထားသည့် ယွန်းလင်ဗန်းလေးနှင့် တံခါးကို အသာအယာ ဖွင့်ကာခြေသံလုံလုံဖြင့် ဝင်လာခဲ့သည်...

"ဟိုလေ ကြီးမေ သူ့ကို အဝတ်အစားတွေ လဲပေးပါလား"

ယွန်းလင်ဗန်းလေးပေါ်မှ ဆန်ပြုတ်ပန်းကန်ချနေသည့် ကြီးမေ၏လက်တို့ကား ရပ်တန့်သွား၏.ကိုယ့်နားကိုပင်မယုံနိုင်.မည်သို့ပင် အိမ်ဖော်တစ်ယောက်ဖြစ်နေပါစေ အရွယ်ရောက်နေသည့် ယောင်္ကျားလေး တစ်ယောက်ကို အဝတ်အစား ချွတ်လဲပေးရတာတော့ မသင့်တော်ဘူးမလား..

"ရှင်."

ကြီးမေထံမှ "ရှင် "ဟူသောအာမေဋိတ်သံ ထွက်လာမှ ဟိန်းစက္ကတစ်ယောက် အသိပြန်ဝင်သည့်နှယ် အလျင်အမြန်ခေါင်းခါပြီး

"အာ ရပြီရပြီ ကျွန်တော်ဘဲလဲပေးလိုက်တော့မယ် ..
ကြီးမေ ဇော်လွင်သန့်ရောက်လာရင် ဒီကိုလွှတ်ခဲ့နော်.."

"ကြီးမေ ဘာများကူညီပေးရအုံးမလဲ သူဌေးလေး."

"မလိုဘူး ကြီးမေအောက်ဆင်းလို့ရပြီ"

"ဟုတ်ကဲ့ ဟုတ်ကဲ့သူဌေးလေး"
ကြီးမေတစ်ယောက် တံခါးကို အသာအယာလေးစိထားကာအိမ်အောက်သို့ဆင်းခဲ့လေတော့သည်

ကြီးမေဆင်းသွားပြီးနောက် အမျိုးကောင်းသားထံသို့လှည့်ကာ သက်ပြင်းချမိလေတော့သည် ..

"ရှိုင်းသော်တာ ရှိုင်းသော်တာ အတော်ဒုက္ခပေးတဲ့ကောင်"

ရေစိုနေသည့်အဝတ်အစားများအား လဲပေးပြီးသောအခါ ဟိန်းစက္ကတစ်ယောက် ရှိုင်းသော်တာကို မမြင်ဖူးသည့်နှယ် နှံ့နှံ့စပ်စပ် အသေကောင်လို ထိုင်ကြည့်နေမိသည်..

"ဒီလိုမြင်ရတာ အရမ်းကျေနပ်တာဘဲ မင်းဒီလို ငြိမ်သက်နေမှ ငါမျက်စိနောက်သက်သာတာ နေများကောင်းနေရင် လိုက်ယားလိုက်ယားနဲ့ မိန်းကလေးသူငယ်ချင်းမှန်းမသိ ယောင်္ကျားလေးသူငယ်ချင်းမှန်းမသိ လာခေါ်တိုင်းပါပါသွားတာ ဒီလိုဖြစ်နေမှဘဲ စိတ်ချမ်းသာ မျက်စိနောက်သက်သာတော့တယ် မင်းတစ်သက်လုံးဒီလို ဖြစ်နေလည်း ကောင်းသားဘဲ .."

အောက်တန်းစားစိတ်ဓါတ်ဆိုတာ ဒါမျိုးကိုပြောတာဖြစ်မယ်..

ဟိန်းစက္ကအကြည့်တို့ကား ရှိုင်းမျက်နှာ၏တစ်နေရာတွင် ကြည့်နေသည်မှာ ပြာပင်ကျတော့မတတ်..ထိုနေရာကားတခြားမဟုတ် အနည်းငယ်အနွေးဓါတ်ရလာသောကြောင့် ချယ်ရီရောင်သမ်းစပြုလာသည့် ရှိုင်း၏နှုတ်ခမ်းဖူးဖူးလေးထံတွင်ဖြစ်သည်...

ဟိန်းတစ်ယောက်သူ၏ နှုတ်ခမ်းအစုံကို ရှိုင်း၏နှုတ်ခမ်းဖူးဖူးထက်သို့ နယ်ကျော်ကာခေါင်းငုံပြီး ထိတွေ့နမ်းမိလေတော့ အခန်းပေါက်၀မှရပ်ကြည့်နေသည့် ဇော်လွင်သန့် တစ်ယောက် ပါးစပ်ကဆင်ပင်ဝင်ထိုင်လို့ရသည့်အခြေအနေပင်.....

up တာနောက်ကျလို့တောင်းပန်ပါတယ်ဗျ့
တစ်ပတ်နှစ်ပိုင်း upနိုင်အောင်ကြိုးစားနေပါတယ်ဗျ့
အ​ခက်အခဲတစ်စုံတစ်ရာကြောင့်upတာနောက်ကျမည်ဆိုလျှင်ကြိုအသိပေးပါမယ်ဗျ့🦋

#2764_words
#Thway_Myat_Nwae
#12.8.23(Sat) at 12:30pm

Continue Reading

You'll Also Like

7.7K 308 48
love,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။
419K 20.2K 39
The wielders are coming, and they're ready for violence. With a cub in her arms, Arietta James, a dedicated vet technician in training, flees for her...
67.2K 11.2K 43
This book contains Tanglish dialogues but english subtitles will be given for those sentences. So, my other readers and general readers can also read...
Bite Me By alicia

Paranormal

10.4M 414K 36
Werewolves and vampires don't mix, or that's what Kieran Callisto, a seventeen-year-old vampire, has believed all his life - until he falls for the A...