A chance to change the past (...

By Maihsu-97

131K 7.5K 234

ဟမ်!!.. ငါ​​သေသွားပြီမဟုတ်ဘူးလား... ဘယ်လို​ဖြစ်ပြီးဒီအိမ်ကိုပြန်ရောက်နေတာလည်း!! ဘုရားသခင်က ဝမ်ရိပေါ်ဆိုတဲ့လူမ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25 (Final)

Part-9

5.2K 284 6
By Maihsu-97


"သားလေဝမ်ကျန့်က​တော့သူ့အဖွားတွေနဲ့ညစာစားပြီးကတည်းကလိုက်သွားလိုက်တာ အခုဆိုအိမ်မှာကျန်ခဲ့တာ ရိပေါ်နှင့်ရှောင်းကျန့်နှစ်​ယောက်ထဲသာဖြစ်သည်"

နှစ်​ယောက်ထဲမို့အနေခက်သောကြောင့် သားလေးသွားလိုက်တာနဲ့ရှောင်းကျန့်လည်း သူလုပ်စရာရှိတာတွေမြန်မြန်လုပ်ပြီး အခန်းထဲဝင်ဖို့ပြင်တော့သည်။

"အိပ်တော့မလို့လား...ရှောင်းကျန့်"

"အင်း..အိပ်တော့မလို့ရိပေါ် ဘာဖြစ်လို့လည်း"

"ဘာမှမဖြစ်ပါဘူး အိပ်နှင့် ကျွန်တော်ခဏနေအခန်းထဲဝင်လာခဲ့မယ် "

"ဟင်!!!!"
သားလည်းမရှိတာကို..ရိပေါ်ကဘာ..ဘာဝင်လာလုပ်မှာလည်း...

"ဟာ ရှောင်းကျန့် ကျွန်တော်ကဘာလုပ်ရမှာလည်း အိပ်ရမယ်လေ လူအိပ်ချိန်ရောက်နေပြီ"

"မင်းအခန်းမှာမင်းအိပ်လေ ရိပေါ်"

"မအိပ်ချင်ဘူး..ကျွန်တော်ကခင်ဗျားနဲ့အိပ်ချင်တာ"

"ဟင်!!"
မင်း..မင်း ကိုယ့်အခန်းမှာကိုယ်အိပ်​နော်ရိပေါ်..ငါ...ငါလည်းအိပ်ပြီ...
ပြောပြီးတာနဲ့ ရှောင်းကျန့်အခန်းထဲဝင်တံခါးပိတ်ပြီးတာနဲ့ တံခါးကိုမှီပြီးရင်ဘက်ကိုလက်နဲ့ဖိထားကာ ရင်ခုန်သံ​မြန်နေခဲ့လေသည်။

ရိပေါ်ကတော့အရှက်သည်းပြီး အခန်းထဲဝင်သွားတဲ့ ရှောင်းကျန့်ကိုကြည့်ပြီး ရီမိလေသည်...ဒီအတိုင်းလေးတူတူအိပ်မှာကို သူ့ကိုယုတ်မာဖို့လာအိပ်မယ့်အတိုင်းဘဲ.....
ယောကျာ်းတောင်ရလို့ကလေးတစ်​ယာက်တောင်ထွက်လာပြီးပြီ.....သူကအခုထိရှက်နေတုန်း....တွေးပြီးရိပေါ်ရီမိလေသည်။





".....ကျွီ့......"
ရှောင်းကျန့်အိပ်ပျော်ခါနီးလေးမှာ အခန်းတံခါးကိုတစ်ယောက်ယောက်ဖွင့်သံကြောင့် မျက်စိဖွင့်လာခဲ့ရလေသည်။
အခန်းမှီးကမှိတ်ထားသည် မို့ လူကိုတော့သဲသဲကွဲကွဲမမြင်ရပေ......

"ခင်ဗျား အိပ်ပျော်နေပြီလား ရှောင်းကျန့်"

ရိပေါ်ရဲ့အသံကိုကြားတာနဲ့ ရှောင်းကျန့်ကအိပ်ချင်ယောင်ပြန်ဆောင်လိုက်လေသည်။
သူရိပေါ်နဲ့ခုထိကိုမျက်နှာချင်းမဆိုင်ရဲသေးပါပေ.....

"ခင်ဗျားတကယ် အိပ်ပျော်နေတာလားရှောင်းကျန့်"

".....အင်း ငါအိပ်ပျော်နေပြီ...."

ရိပေါ်အသံမထွက်အောင်တိတ်တိတ်ရီလိုက်မိသည်...ဘယ်သူကအိပ်နေရင်းနဲ့မေးတာပြန်ဖြေလို့လည်း....

"အော်...​ရှောင်းကျန့်ကအိပ်နေပြီကို..."
ဒါဆိုငါလည်း အိပ်ပါတော့မယ်လေ........

ပြောပြီးတာနဲ့ရိပေါ်ကအိပ်ယာပေါ်လှဲချလိုက်ရင်း ရှောင်းကျန့်ကိုအတင်းတိုးဖက်ကာ ရင်ခွင်ထဲ ဆွဲထည့်လေတော့သည်။

ထိုအခါမှရှောင်းကျန့်ကအတင်း ရုန်းဖယ်ပြီး​အတင်းထလာကာ..........

"မင်း....မင်းဘာလုပ်တာလည်းရိပေါ်"

"ဖက်အိပ်တာလေ ဘာဖြစ်လည်း ကိုယ့်ယောကျာ်းကိုဖက်အိပ်တာဘာဖြစ်လည်း..."

"မင်း.....မင်း ...ဒါသက်သက်လုပ်တာမလား"
ရှောင်းကျန့်ကရှက်ရမ်းရမ်းပြီးဒေါသထွက်နေတဲ့ယုန်သူငယ်လေးလို လက်ညိုးကလေးတထိုးထိုးနဲ့ရိပေါ်ကိုပြောလာလေသည်....
ထို့နောက်အခန်းမီးကိုပါ တစ်ပါထဲဖွင့်လိုက်လေသည်။

"ဟောဗျာ.....တကယ်ပြောနေတာလေ ကိုယ့်ယောကျာ်းကိုဖက်တာဘယ်သူ့ခွင့်ပြုချက်ယူရအုံးမှာလည်း...​ပြီး​​တော့ခင်ဗျားကအိပ်ပျော်နေတာမဟုတ်ဘူးလား...ကျွန်တော်ဖက်တာဘယ်လိုသိလည်း..."

"ဟို..ငါ.....ငါ..တကယ်အိပ်ပျော်နေတာ မင်းအတင်းဖက်လို့ ငါ..ငါနိုးသွားတာ"

"ဟုတ်လား.. "

"ဟုတ် ဟုတ်တယ် "

"ဟားးဟားးးဟားးး"
ရှောင်းကျန့်ရယ...ရှောင်းကျန့်......မလိမ်တက်ဘဲလိမ်နေပြန်ပြီ......

"ငါ...ငါတကယ်ပြောနေတာလို့ပြောနေတယ်လေ ငါတကယ်အိပ်ပျော်နေတာ"

"ဟားဟား..ဟုတ်ပါပြီ ဟုတ်ပါပြီထားပါတော့.."

"ထားပါတော့လုပ်မနေနဲ့ မင်းငါ့အခန်းထဲဘာဝင်လာလုပ်တာလည်း ငါအိပ်တော့မှာ မင်းလည်းမင်းအခန်းမင်းပြန်အိပ်တော့"

"ကျွန်တော်ခင်ဗျားနဲ့အိပ်မယ် ပြောထားပြီးပြီလေ.. ဒီနေ့မှမဟုတ်ဘူး နောက်နေ့တွေလည်းခင်ဗျားနဲ့တူတူအိပ်မှာ ကျွန်တော်တို့ကလက်ထက်ထားပြီးသားနော် "

" ခင်ဗျားဘာပြောပြော ကျွန်တော်ကခင်ဗျားနဲ့တူတူအိပ်မှာ"

"ပြီးရော မင်းအိပ်ချင်အိပ်လေ ငါ့ဘက်​တော့တိုးမလာနဲ့"

"တိုးခဲ့ရင်ကော ခင်ဗျားဘာလုပ်ချင်လည်း"

"မင်း...မင်း.."

"ဟားဟား...အိပ်မှာသာအိပ်စမ်းပါရှောင်းကျန့်ရယ်....စကားများမနေတော့နဲ့"

"အဲ့တာဆို ငါအိပ်ပြီ"

"ဟေး...နေပါအုံးနေပါအုံး တကယ်​ကြီးဒီအတိုင်းကြီးအိပ်တော့မလို့လား ဒီနေ့ညသားလည်းမရှိတော့ကျွန်တော်တို့ လွတ်လပ်နေတယ်မလား အဲ့ဒီတော့ ကျွန်တော်တို့နှစ်ယောက်ဒီည....."

"မင်း....မင်းငါ့ကိုဘာစကားတွေလာပြောနေတာလည်း ရိပေါ်"

"ဟာ..... ကျွန်တော်ပြောတာ သားမရှိဘူးလွတ်လပ်နေတော့ ကျွန်တော်တို့ဒီညပြောချင်တာတွေလွတ်လွတ်လပ်လပ်ပြောလို့ရတယ်လို့ပြောတာ..ခင်ဗျား​​ရဲ့ခေါင်းထဲမှာဘာတွေတွေးနေတာလည်း ရှောင်းကျန့်"

"ဘာ.. ဘာမှမတွေးပါဘူး မင်းဘာပြောချင်လို့လည်းပြောလေ.."

"ကျွန်တော်မကျေနပ်ဘူး "

"ဘာကိုမကျေနပ်တာလည်း ရိပေါ်"

"ခင်ဗျားကိုလေ ရှောင်းကျန့်....ဘာလို့ညနေတုန်းက မားတို့နဲ့ပေါင်းပြီးကျွန်တော့်ကိုအဲ့လိုစရတာလည်း ပြီးတော့ကွာရှင်းပြီးအဝေးကိုထွက်သွား​ပေးပါ့မယ်ဆိုတဲ့စကားကို ဘာလို့ပါးစပ်က​နေလွယ်လွယ်နဲ့ပြောထွက်ရတာလည်း ရှောင်းကျန့်် ခင်ဗျားမှာအသဲနှလုံးမရှိဘူးလား ခင်ဗျားမှာယောကျာ်းကော သားကောရှိတယ် မိသားစုကိုလွယ်လွယ်နဲ့ပြစ်သွားဖို့ဘာလို့များပြောထွက်ရတာလည်းရှောင်းကျန့်ရဲ့...ခင်ဗျားကတကယ်ကိုမကောင်းဘူး"

ပြောပြီးမောသွားတဲ့ပုံရတဲ့ ရိပေါ်ကပြောပြီးတာနဲ့ချက်ချင်းအိပ်ယာပေါ်လှဲချလိုက်လေသည်။

ရှောင်းကျန့်ပါအိပ်ယာပေါ်လိုက်လှဲချပြီး ရိပေါ်နဲ့မျက်နှာချင်းဆိုင်အိပ်လိုက်ကာ.....

"မဟုတ်ပါဘူးရိပေါ်ရဲ့ ငါထားမသွားပါဘူး မားကမင်းကိုစနေတာလေ ငါ့ကိုပါဝိုင်းစခိုင်းတော့ ငါလည်းဒီအတိုင်းဘဲ​​ရောပြီး စကြည့်လိုက်တာပါ..စိတ်မဆိုးပါနဲ့"

"မသိဘူးခင်ဗျားပြောတာက ပြောတာဘဲလေ"

"တမင်ပြောတာမဟုတ်ပါဘူးဆို ရိပေါ်ကလည်း.. "

"...ပြီးတာဘဲ...အဲ့အကြောင်းထပ်မပြောတော့ဘူး အခု ကျွန်တော့်တို့အနာဂတ်အကြောင်းဘဲပြောရအောင်"

"ဘာအနာဂတ်အကြောင်းပြောချင်တာလည်း ရိပေါ်"

"ခင်ဗျား ကျွန်တော့်ကိုချစ်လား ရှောင်းကျန့်"

ရိပေါ်ကစကားပြောနေရင်းက ရုတ်တရက်ကြီး သူ့ကိုချစ်လားဟုလာမေးလာကြောင့်ရှောင်းကျန့်တစ်ယောက် ရင်ခုန်သံတွေမြန်လာကာ စကားတွေတောင်ထစ်ကုန်ရလေသည်။

"ဘာ...ဘာ​ ဖြစ်လို့..မေးတာလည်းရိပေါ်"

"ကျွန်တော်မေးတာသာဖြေစမ်းပါ ခင်ဗျားကျွန်တော့်ကိုချစ်လား"

"ငါ.......ဟို......."

ခင်ဗျားတွေဝေနေတာမဟုတ်လားရှောင်းကျန့် ....ခင်ဗျား ကျွန်တော့်ကိုမချစ်ဘူးမလား ....

"ကျွန်တော်ကတော့ ခင်ဗျားကို ချစ်မိနေပြီထင်တယ်"

"...ဟင်!!!..."
ရှောင်းကျန့်တစ်ယောက်ကြောင်သွားမိလေသည်။ ရိပေါ်ကသူ့ကိုချစ်မိနေပြီထင်တယ်တဲ့.....သူအိမ်မက်များမက်နေသလားလို့ထင်မိလေသည်။
သူသည်အရင်ကတည်းက ရိပေါ်ကိုတစ်ဖက်သက်စွဲလမ်းခဲ့တဲ့သူမဟုတ်လား.....အခုမေတ္တာရောင်ပြန်ဟပ်သည်လားမသိ...သူ့မေတ္တာတွေကို ရိပေါ်ဘက်ကနေရောင်ပြန်ဟပ်လာခဲ့လေသည်။

"ကျွန်​တော်ပြောတာ ​ကြားလားရှောင်းကျန့်"

"ကြား....ကြားပါတယ်ရိပေါ်"

အင်း ကျွန်​တော်​ပြောမယ် ဆက်နားထောင်ရှောင်းကျန့်...
ပြောပြီးရိပေါ်က ရှောင်းကျန့်ရဲ့လက်တစ်ဖက်ကိုညင်ညင်သာသာလေးဆွဲကိုင်လိုက်ပြီးမျက်လုံးချင်းဆုံစေကာ.....

"ကျွန်တော်ခင်ဗျားအပေါ်မေတ္တာရှိနေပြီရှောင်းကျန့်...ကျွန်တော်အရင်ကမှားခဲ့တဲ့အမှားတွေအတွက်လည်း ကျွန်တော်တောင်းပန်ပါတယ် အခုကစပြီး ကျွန်တော် သားနဲ့ခင်ဗျားကိုပိုစောင့်ရှောက်ပေးမယ် ပိုချစ်ပေးမယ် ကျွန်တော်အချစ်တွေအားလုံးကို သားနဲ့ခင်ဗျားကိုပုံပေးပါ့မယ်လို့ကျွန်တော်ကတိပေးတယ် ရှောင်းကျန့် ဒါကျွန်တော့်ရင်ထဲကလာတဲ့စကားတွေပါ ခင်ဗျားမယုံကြည်ရင်တောင် ကျွန်တော်သက်သေပြပေးပါ့မယ်"

".ဟင်!..ဟင့်..ဟင့်!!!..ဟင့်"
ရှောင်းကျန့်ကရိပေါ်ပြောတဲ့စကားတွေကြောင့် ပျော်ရွှင်လို့ကျတဲ့မျက်ရည်လား ဝမ်းနည်းလို့ကျတဲ့မျက်ရည်လားမသိအောင် မျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာလေသည်။

"မငိုပါနဲ့ရှောင်းကျန့် နောက်ကျရင်ကျွန်တော့်ကြောင့်ခင်ဗျားဘယ်တော့မှမငိုရအောင်  ကျွန်တော် ကြိုးစားပါ့မယ်"
ပြောပြီး​တော့ရိပေါ်က တသိမ့်သိမ့်ရိူက်ငိုနေတဲ့ ရှောင်းကျန့်ကိုယ်သေးသေးလေးကို သူ့ရင်ခွင်ကျယ်ကြီးထဲသို့ဆွဲကာ မြုပ်နေအောင်ဖက်ထားလိုက်လေသည်။

ဒီတစ်ခါတော့ ရှောင်းကျန့်ကလည်း မရုန်းတော့ဘဲ ရိပေါ်ဖက်ထားတဲ့အတိုင်းရိပေါ်  ရင်ခွင်ထဲမှာဘဲမျက်နှာအပ်ကာ တသိမ့်သိမ့်ရိူက်နေတော့သည်။

"မငိုတော့နဲ့ရှောင်းကျန့် မနက်ကျရင်မျက်လုံးတွေနာမယ် အိပ်တော့...ကျွန်​တော်ဖက်ထားပေးမယ်"

ရှောင်းကျန့်လည်းရိပေါ်ပြောတဲ့အတိုင်း ငိုနေတာကိုရပ်လိုက်ပြီး အိပ်ပျော်ဖို့သာကြိုးစားတော့သည်..ရှောင်းကျန့်အိပ်ပျော်ဖို့ကြိုးစားနေရသော်လည်း တကယ်တော့သူအိပ်မပျော်သွားချင်ပေ...ဒီအခိုက်အတန့်လေးက မနက်ဖြန်သူအိပ်ယာနိုးလာလို့ အိမ်မက်လေးတစ်ခုဖြစ်နေမှာကို သူအရမ်းကြောက်မိပါသည်။

"အိပ်တော့နော် ရှောင်းကျန့် လိမ်မာတယ်"

ရှောင်းကျန့်လည်းရိပေါ်ပြောတဲ့အတိုင်း အိပ်ပျော်ဖို့သာတွေးပြီး တခြားအတွေးတွေကိုခေါင်းထဲကထုတ်ပြစ်လိုက်လေသည်။

ဒီလိုနဲ့သူအရမ်းအိပ်ချင်နေပြီး အိပ်ပျော်ခါနီးဆဲဆဲလေးမှာ သူ့နဖူးလေးကနွေးကနဲတစ်ချက်ဖြစ်သွားလေသည်။
ရှောင်းကျန့်သည် အရမ်းအိပ်ချင်နေပြီမလို့ သိပ်သတိမထားမိလိုက်သော်ငြား အ​ပေါ်ကအနမ်းသူခိုးလေး၏မျက်နှာမှာတော့အပြုံးပန်းလေးတွေဝဆာနေခဲ့လေသည်။







"....မနက်7နာရီ...."

ရှောင်းကျန့်တစ်ယောက်နိုးနိုးလာခြင်းသူ့ခန္တာကိုယ်ကတစ်ယောက်ယောက်ကဖိထားသလို လေးလံလို့နေပေသည်။
သူမျက်စိဖွင့်ပြီး ပတ်ဝန်းကျင်အခြေအနေကိုလေ့လာမိတော့ သူရောက်နေတာ ရိပေါ်ရဲ့ရင်ခွင်ထဲမှာ.....

ဘာရယ်မဟုတ် ရှောင်းကျန့်မနေ့ညကအကြောင်းပြန်တွေးရင်းရှက်နေမိလေသည်။
ရိပေါ်ကတော့ နိုးမလာသေး..........

ရှောင်းကျန့်လည်း မထသေးဘဲ အခွင့်အရေးရတုန်းလေး ရိပေါ်ရဲ့မျက်နှာလေးကို ရင်ခွင်ထဲကနေကြည့်နေမိလေသည်။

"ရိပေါ်ကတကယ် ချောလိုက်တာ"
ရှောင်းကျန့်ရိပေါ်ရဲ့မျက်နှာကိုကြည့်နေရင်း မနေနိုင်စွာပြောမိလေသည်။

"ခင်ဗျား ယောကျာ်းချောတာအခုမှသိလား ရှောင်းကျန့်....."

"ဟမ်!! နိုးနေတာလား ရိပေါ်"

"ကြာပေါ့ မနက်စောစောစီးစီး ယောကျာ်းမျက်နှာကိုပေါ်တင်မကြည့်ရဲဘဲ အရမ်းရှက်တက်တဲ့ ကျွန်​တော့်အမျိုးသားလေးတစ်ဝကြီး ကြည့်လို့ရအောင် အိပ်ချင်ယောင်ဆောင်နေတာ ကြည့်ချင်ရင်ဆက်ကြည့်ပါ.."

"​ငါ...ငါအိပ်ယာထတော့မယ်ရိပေါ်"
ရှက်ရမ်းရမ်းစွာပြောပြီး ရှောင်းကျန့်ကရိပေါ်ရင်ခွင်ထဲကအ​မြန်ထွက်ကာ ထသွားလေသည်။

"ဟားးဟားးး ရှက်သွားတာလား ဟားဟား"
ကျွန်တော် အမျိုးသားလေးကရှက်တက်လိုက်တာဗျာ.....ဟားဟားး
ရိပေါ်ကတော့ခုထိအိပ်ယာထဲကမထသေးဘဲ မနေ့ညကမှပူပူနွေးနွေးဖွင့်ပြောထားတဲ့ သူ့အမျိုးသားလေးကို အိပ်ယာထဲလှမ်းစကာပျော်နေပေတော့သည်။

******************
-
-
-
-

"ရိပေါ်...မင်းမနက်စာစားပြီးအလုပ်သွားတဲ့အချိန် သားရဲ့ပစ္စည်းလေးတွေ မားတို့အိမ်ပို့ခဲ့ပေးပါလား သားကအဲ့ကနေဘဲ ကျောင်းသွားမယ်ပြောတယ်"

"အင်း...ကျွန်တော်ယူသွားပေးမယ်လေ"

"ဒါဆို မနက်စာစားရအောင်"

"အင်း"

.
.
.
.
.

ဒီလိုနဲ ရှောင်းကျန့်နှင့်ရိ​ပေါ်မနက်စာစားပြီးတော့ ရိပေါ်ကသားရဲ့ပစ္စည်းတွေကို ကားထဲထည့်ကာသွားဖို့ရှောင်းကျန့်ကိုနှုတ်ဆက်လေသည်။

အလုပ်သွားတော့မယ်နော်..အိမ်မှာကောင်းကောင်းနေခဲ့
"ချစ်တယ်နော် ကျွန်တော့်အမျိုးသားလေးည​နေပြန်လာမှတွေ့မယ်"
ပြောပြီးရိပေါ်က ကားနဲ့ထွက်သွားလေသည်။

ကျန်ခဲ့တဲ့ရှောင်းကျန့်မှာတော့...နေသားမကျသေးတော့ရှက်နေမိပြီး ပျော်လည်းပျော်နေမိလေသည်။

ဒီလိုနှင့်ရှောင်းကျန့်အိမ်ထဲဝင်လာပြီး ခနနေတော့ သူတို့အိမ်ကိုပါဆယ်ထုတ်လာပို့တဲ့ကောင်လေးတစ်ယောက် ရောက်လာခဲ့လေသည်။

"အကိုတို့အိမ်ကဘာမှမမှာထားပါဘူး....ညီ​​လေးအိမ်မှားပြီးလာပို့တာထင်တယ်"

"မဟုတ်ပါဘူးဗျ...အိမ်လိပ်စာအရတော့ဒီအိမ်ပါဘဲနာမည်ကလည်းအကို့နာမည်နဲ့ပို့ခိုင်းလိုက်တာပါ ရှောင်းကျန့်ဆိုတဲ့နာမည်နဲ့ ကျွန်တော့်ကိုလာပို့ခိုင်းလို့လာပို့ပေးတာပါဗျ လက်ခံရကြောင်းလက်မှတ်လေးထိုးပေးပါအုံး"

ရှောင်းကျန့်လည်း ကောင်လေးကလိပ်စာမှန်ကြောင်းသူ့နာမည်နဲ့ပို့ခိုင်းကြောင်း အတင်းပြောနေတော့ ဘုမသိဘမသိနဲ့လက်မှတ်ထိုးပေးလိုက်ပြီးတော့ ထိုကောင်လေးကလည်း ပြန်သွားလေသည်။

ရှောင်းကျန့်လည်း ပါဆယ်ထုတ်ကိုယူလာပြီး အိမ်ထဲရောက်မှ ဖွင့်ဖောက်ကြည့်လိုက်တော့......

"....ဟင်!!!!!.."
ဓာတ်ပုံတွေ.......
ဓာတ်ပုံထဲမှာ ရိပေါ်နဲ့ရှင်းရှင်းက တစ်ယောက်နှင့်တစ်ယောက်ဖက်ထား​ကြပြီး အနမ်းပေးနေသည့်ပုံတွေ...တစ်ယောက်နှင့်တစ်ယောက်ပွေ့ဖက်ထားသည့်ပုံတွေ အများအပြားပင်......

ရှောင်းကျန့်ပုံတွေကိုကြည့်ရင်း ငိုချင်လာသလိုလိုဝမ်းနည်းလာသလိုလိုဖြစ်လာပြီး...ငေးငိုင်ပြီးကြည့်နေမိစဥ်သူ့အိတ်ကပ်ထဲကဖုန်းမြည်လာခဲ့လေသည်....

ခေါ်ဆိုလာသည်ကအမည်မသိ ဖုန်းနံပါတ်အစိမ်းတစ်ခု.........

ရှောင်းကျန့်လည်း ကိုင်လိုက်ပြီး တစ်ဖက်ကထွက်လာတဲ့အသံကြောင့် ဖုန်းတောင်လွှတ်ကျမလို့ဖြစ်သွားခဲ့လေသည်။

"ကိုကိုနဲ့ငါ့ပုံတွေ လှမလှရဲ့လား ရှောင်းကျန့်"

TBC.......
ဖတ်ပေးကြတဲ့တစ်ယောက်စီတိုင်းကျေးဇူးအများကြီးတင်ပါတယ်💗

........................................................................

Zawgyi........






"ဟင်!!!!"




"ဟင်!!"



".....ကျွီ့......"














"ဟုတ်လား.. "

"ဟုတ် ဟုတ်တယ် "

"ဟားးဟားးးဟားးး"
ရှောင်းကျန့်ရယ်...ရှောင်းကျန့်......မလိမ်တက်ဘဲလိမ်နေပြန်ပြီ......







"မင်း...မင်း.."


"အဲ့တာဆို ငါအိပ်ပြီ"





"ကျွန်တော်မကျေနပ်ဘူး "


"ခင်ဗျားကိုလေ ရှောင်းကျန့်....ဘာလို့ညနေတုန်းက မားတို့နဲ့ပေါင်းပြီးကျွန်တော့်ကိုအဲ့လိုစရတာလည်း ပြီးတော့ကွာရှင်းပြီးအဝေးကိုထွက်သွားပေးပါ့မယ်ဆိုတဲ့စကားကို ဘာလို့ပါးစပ်ကနေလွယ်လွယ်နဲ့ပြောထွက်ရတာလည်း ရှောင်းကျန့် ခင်ဗျားမှာအသဲနှလုံးမရှိဘူးလား ခင်ဗျားမှာယောကျာ်းကော သားကောရှိတယ် မိသားစုကိုလွယ်လွယ်နဲ့ပြစ်သွားဖို့ဘာလို့များပြောထွက်ရတာလည်းရှောင်းကျန့်ရဲ့...ခင်ဗျားကတကယ်ကိုမကောင်းဘူး"












"ငါ.......ဟို......."



"...ဟင်!!!..."


"ကြား....ကြားပါတယ်ရိပေါ်"



".ဟင်!..ဟင့်..ဟင့်!!!..ဟင့်"

ပြောပြီးတော့ရိပေါ်က တသိမ့်သိမ့်ရိုက်ငိုနေတဲ့ ရှောင်းကျန့်ကိုယ်သေးသေးလေးကို သူ့ရင်ခွင်ကျယ်ကြီးထဲသို့ဆွဲကာ မြုပ်နေအောင်ဖက်ထားလိုက်လေသည်။

ဒီတစ်ခါတော့ ရှောင်းကျန့်ကလည်း မရုန်းတော့ဘဲ ရိပေါ်ဖက်ထားတဲ့အတိုင်းရိပေါ်  ရင်ခွင်ထဲမှာဘဲမျက်နှာအပ်ကာ တသိမ့်သိမ့်ရိုက်နေတော့သည်။









"....မနက်7နာရီ...."










******************
-
-
-
-




"အင်း"

.
.
.
.
.









"....ဟင်!!!!!.."
ဓာတ်ပုံတွေ.......





TBC.......

........................................................................


Continue Reading

You'll Also Like

384K 12.2K 88
"I have a secret, a well-kept secret for the last almost seven years. The real reason why I went into hiding." After years in a complicated relatio...
383K 33.5K 94
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)
1.4M 32.3K 60
In which Daniel Ricciardo accidentally adds a stranger into his F1 group chat instead of Carlos Sainz.
1.5M 35.1K 60
In wich a one night stand turns out to be a lot more than that. -Completed-