แ€”แ€„แ€บแ€žแ€ฌแ€›แ€พแ€ญแ€›แ€„แ€บ

By Louvis-74

24.3K 1.6K 84

Tom&Les๐Ÿณ๏ธโ€๐ŸŒˆ More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 19
Part 20

Part 18

928 67 3
By Louvis-74

T & L groupကုမ္ပဏီ၏အစည်းအဝေး၌ ဥက္ကဌဒေါ်ယမင်းသစ်တစ်ယောက်ဒေါသထွက်လို့နေသည်.အကြောင်းမှာ..ဒုဥက္ကဌဦးသာထက်၏စာရင်းဇယားတွေမှာသိန်း၅၀၀၀
နီးပါးကွာဟနေခြင်းကြောင့်ဖြစ်သည်..စားပွဲပေါ်က..စာရွက်စာတမ်းစာရင်းဇယားတွေကိုယူ၍

"ဒီလအတွက်စာရင်းတွေက..ဘယ်လိုဖြစ်ရတာလဲ ဦးသာထက် ကျွန်မဆီမှာရှိတဲ့စာရင်းတွေနဲ့ရှင့်ဆီကစာရင်းတွေက သိန်း၅၀၀၀
နီးပါးကွာနေပါလား" ဟု လေသံမာမာနှင့်ပြောကာ ဒေါသထွက်နေသည့်အန်တီလေးကိုကြည့်ရင်း..ခေတ်ပါကြောက်လာသည်..

"ကျွန်တော့်ရဲ့အတွင်းရေးမှူးစာရင်းတွေမှားတာဖြစ်မယ် ဥက္ကဌ..ကျွန်တော်အခုပဲသူ့ကိုပြန်စစ်ပြီးပြင်ခိုင်းလိုက်ပါ့မယ်"

"အခုချက်ချင်းရှင့်ရဲ့အတွင်းရေးမှူးကိုခေါ်လိုက်ပါ..ဘဏ်အကောင့်ထဲမှာသွင်းထားတဲ့ငွေပမာဏကလည်း..ဒီစာရင်းတွေထဲကအတိုင်းပဲသွင်းထားတယ်"

ထိုအခါဦးသာထက်၏မျက်နှာသည်..တော်တော်လေးကိုပျက်သွားပြီးငြိမ်နေသည်

ဦးသာထက်၏အတွင်းရေးမှူးကို အစည်းအဝေးမစခင်ကတည်းကခေတ်ကိုယ်တိုင်မနန္ဒာကိုသွားခေါ်ခိုင်းထား၍..အစည်းအဝေးခန်းမရှေ့မှာရောက်နှင့်နေပြီဖြစ်သည်

"ဥက္ကဌကြီးခင်​ဗျ...ဦးသာထက်ရဲ့အတွင်းရေးမှူးအပြင်မှာရောက်နေပါပြီ"

"အခုပဲ..ခေါ်လိုက်ပါ"

အပြင်မှာစောင့်နေသည့်မနန္ဒာနှင့်ဦးသာထက်၏အတွင်းရေးမှူးရှိရာသို့ခေတ်ကိုယ်တိုင်ထွက်ခေါ်လိုက်ပြီး..ထိုအတွင်းရေးမှူးကောင်မလေးအား

"ဥက္ကဌကြီးကိုအမှန်အတိုင်းပဲပြောလိုက်ပါ..ညီမလေး...အခုမင်းကိုဦးသာထက်ကလွှဲချနေပြီ..သူခိုင်းတာမှန်သမျှကုမ္ပဏီလူကြီးတွေရှေ့မှာအမှန်အတိုင်းပြောပေးပါ..အဲဒါမှမင်းဒုက္ခမရောက်မှာ"

"ဟုတ်..ဟုတ်ကဲ့ပါ.CEO"

"လာ..လိုက်ခဲ့"

ထိုကောင်မလေးကိုအစည်းအဝေးခန်းမထဲသို့ခေါ်လာပြီးနောက်..စစ်ဆေးမှုတွေစတင်လေသည်...

"သမီးက...ဒုဥက္ကဌရဲ့အတွင်းရေးမှူးလား"

"ဟုတ်ပါတယ်..ဥက္ကဌကြီး"

"ဒုဥက္ကဌတင်ပြတဲ့..ဒီစာရင်းတွေနဲ့အန်တီ့ဆီမှာရှိတဲ့စာရင်းတွေက သိန်း၅၀၀၀နီးပါးကွာဟနေတယ်...ဒီစာရင်းတွေကိုသမီးလုပ်ထားတယ်ဆိုတာ ဟုတ်လား"

ကုမ္ပဏီရှယ်ယာရှင်တွေနှင့်ဒါရိုက်တာအဖွဲ့ဝင်တွေကလည်း..ထိုကောင်မလေး၏အဖြေကိုစိတ်ဝင်တစားနှင့်နားထောင်နေကြသည်...

"ဟုတ်ပါတယ်CEO...ဒါပေမယ်ကျွန်မက ဒုဥက္ကဌခိုင်းတဲ့အတိုင်း..စာရင်းလုပ်ရတာပါ..ကျွန်မကိုအခုစာရင်းအတိုင်းလုပ်ဖို့.ဒုဥက္ကဌရဲ့သား..ကိုထက်ဘုန်းရှိန်က သင်ပေးပါတယ်..ဒုဥက္ကဌကလည်း..ဒီစာရင်းအတိုင်းမလုပ်ရင်.အလုပ်ဖြုတ်ပစ်မယ်လို့ပြောပါတယ်"

ထိုစကားကိုကြားတော့..ဦးသာထက်တစ်ယောက်အလန့်တကြားနှင့်

"သူမဟုတ်တာတွေ ပြောတာပါ..ကျွန်တော်တို့သူ့ကိုမခိုင်းပါဘူး...သူ့ရဲ့အမှားအတွက်ကျွန်တော်တို့သားအဖကိုစွပ်စွဲနေတာပါ" ဟု ကြောက်ကန်ကန်ကာငြင်းနေသည်..

အစည်းအဝေးပွဲတက်လာသည့်သူတွေကလည်း..ခေါင်းချင်းဆိုင်ကာပြောနေကြသည်..

"ကျွန်မမှန်သောစကားကိုပြောတာပါ..အဲ့ဒီပိုက်ဆံသိန်း၅၀၀၀ကိုလည်း..ကိုထက်ဘုန်းရှိန်ရဲ့ bank accထဲကိုထည့်ပေးရတာပါ...မယုံရင် bankရဲ့ငွေဝင်ငွေထွက်စာရင်းမှာစစ်လို့ရပါတယ်"

"ဘယ်လိုလဲဦးသာထက်..ခင်ဗျားငြင်းအုံးမလို့လား" မဲ့ပြုံး ပြုံးကာ ဦးသာထက်ကိုမေးလိုက်တော့ ခေတ်ကိုမကျေနပ်သည့်အကြည့်နှင့်ကြည့်ကာ

"ကုမ္ပဏီလူကြီးမင်းများ.ခင်ဗျာ..ကုမ္ပဏီအပေါ်မှာ ကျွန်တော်သစ္စာရှိရှိနှင့်အလုပ်လုပ်လာခဲ့တာလူကြီးမင်းတို့လည်းအသိပါ...ဒါကတော့ ကျွန်တော့်ကိုချောက်ချတာပါ"

ရှယ်ယာရှင်တွေခေါင်းချင်းဆိုင်ကာ..ဆွေးနွေးနေကြပြီး..သိပ်မကြာခင်မှာ ကုမ္ပဏီရှယ်ယာရှင်တစ်ဦးဖြစ်သည့်.တီချယ့်ဖေဖေ.ခေတ်၏ယောက္ခထီးက

"ခင်ဗျား..ကုမ္ပဏီအပေါ်မှာသစ္စာရှိလာတာ..ကျွန်တော်တို့လည်းသိပါတယ်...အခွင့်အရေးတစ်ခုအနေနဲ့...ကုမ္ပဏီငွေတွေကို..တစ်လအတွင်းပြန်ထည့်နိုင်ခဲ့ရင်..တရားမစွဲတော့ဘူး..ဒါပေမယ့်ဒုဥက္ကဌတာဝန်ကနေခင်ဗျားကိုရပ်စဲလိုက်တယ်.ရှယ်ယာရှင်အားလုံးရဲ့သဘောတူညီမှုနဲ့"

ဥက္ကဌဖြစ်သူ ခေတ်၏အန်တီလေးကလည်း..

"ရှယ်ယာရှင်တွေရဲ့ဆုံးဖြတ်ချက်ကိုကျွန်မလည်းသဘောတူပါတယ်..အခွင့်အရေးပေးတဲ့အနေနဲ့ တစ်လအတွင်းကုမ္ပဏီငွေတွေကို..ပြန်ဆပ်ပါကိုသာထက်...ပြီးတော့ရှင့်ရဲ့သားကိုလည်း..ကုမ္ပဏီပိုင်ပစ္စည်းကိုအလွဲသုံးစားလုပ်မှုနဲ့တရားမစွဲတော့ပါဘူး...Bar&Clubကိုလည်း..ဒီနေ့ပဲပိတ်ခိုင်းလိုက်ပါ..မပိတ်ရင်တော့ကုမ္ပဏီပိုင်ပစ္စည်းအလွဲသုံးစားလုပ်မှုနဲ့တရားစွဲရလိမ့်မယ်''

ဦးသာထက်တစ်ယောက်မကျေနပ်သည့်အကြည့်တွေနှင့် အားလုံးကိုကြည့်သွားကာ..အစည်းအဝေးခန်းမထဲကနေထွက်သွားသည်..

ဦးသာထက်ထွက်သွားပြီးနောက်...ရှယ်ယာရှင်တွေက

"ဥက္ကဌနဲ့CEOကို ကျွန်တော်တို့တစ်ခုလောက်အကြံပြုချင်လို့ပါ"

"ဟုတ်ကဲ့ပြောပါရှင့် "

"ဒီစကားကိုပြောသင့်ရဲ့လားမသိပေမယ့်..ဥက္ကဌ တို့လုံခြုံရေးအတွက်ပြောပါရစေ..တစ်ဖက်က ဒုဥက္ကဌကလည်း..ဥက္ကဌရဲ့အမျိုးဆိုတော့" ဟု စကားပလ္လင်တွေခံနေသဖြင့်

"ဟုတ်ကဲ့..ပြောပါအန်ကယ်လ်..ကျွန်တော်တို့နဲ့ဦးသာထက်က ကုမ္ပဏီမှာသာ.လုပ်ဖော်ကိုင်ဖက်အဖြစ်ပတ်သက်နေရတာပါ..အပြင်မှာဆိုအမျိုးတော်တယ်လို့သတ်မှတ်ထားကြတာမဟုတ်ပါဘူး" ဟု ခေတ်ကိုယ်တိုင်ဝင်ပြောမှ..စကားကိုဆက်၍​ပြောလေသည်

"ဒီလိုဗျာ...ကျွန်တော်တို့ရှယ်ယာရှင်တွေကို ပြီးခဲ့တဲ့နှစ်လတုန်းက ကိုသာထက်.ညစာဖိတ်ကျွေးတယ်ဗျ..အဲ့မှာသူတို့သားအဖနှစ်ယောက်က ကျွန်တော်တို့ကို.ဥက္ကဌနဲ့CEOကိုဖြုတ်ချပြီး..သူတို့သားအဖကို..ဥက္ကဌနဲ့CEOတင်ဖို့ကမ်းလှမ်းတယ် ကျွန်တော်တို့ဘက်ကငြင်းလိုက်တယ်ဗျ" ​
ဟူသောစကားကြောင့်..မနန္ဒာပြောပြသည့် ဦးသာထက်တို့သားအဖတွေ ရှယ်ယာရှင်တွေနဲ့တွေ့နေကြတယ် ဆိုသောစကားကိုသတိရသွားသည်..

တီချယ့်အဖေ ခေတ်ရဲ့ယောက္ခထီးဖြစ်သူက
"ကျွန်တော်လည်းမသိရပါလား..အဲ့ကိစ္စကို"ဟု မေးလိုက်ရာ

"CEOရဲ့ယောက္ခထီးဖြစ်တဲ့ခင်ဗျားကိုတော့..ဘယ်ဖိတ်မလဲဗျ..သူတို့အကြောင်းတွေဥက္ကဌနဲ့CEOကိုပြန်ပြောမှာစိုးလို့"

"အင်း..ဒါလည်းဟုတ်တာပဲ..."

"ခုနက ကိုသာထက်ကြည့်သွားတဲ့အကြည့်တွေက တစ်မျိုးပဲ...အဲဒါကြောင့်ဥက္ကဌနဲ့CEOတို့ကိုလုံခြုံရေးသတိထားပါလို့အကြံပေးချင်တာပါ..သူတို့ကစိတ်ချရတာမဟုတ်ဘူး" ဟု ရှယ်ယာရှင်တစ်ဦး၏အကြံပေးချက်ကြောင့် ခေတ်မှာမိသားစုလုံခြုံရေးအတွက်ပို၍စဥ်းစားရပေမည်..အထူးသဖြင့်မီးဖွားခါနီးတီချယ့်ကိုပိုဂရုစိုက်ရမည်ဖြစ်သည်..

"အခုလို..အကြံပေးတဲ့အတွက် အန်ကယ်လ်တို့ကိုကျေးဇူးတင်ပါတယ်ဗျ"

"ရပါတယ်ကွာ..မင်းရဲ့အဖိုးနဲ့အဖေအမေတွေရှိစဥ်ကတည်းက အန်ကယ်လ်တို့ကဒီကုမ္ပဏီမှာပဲ..ရှိနေခဲ့ကြတာ..ကိုသာထက်အကြောင်းကိုလည်းအန်ကယ်လ်တို့သိသင့်သလောက်သိပါတယ်"

"ဟုတ်ကဲ့ပါဗျ.."

"ကျွန်တော်တို့ပြန်တော့မယ်...ဥက္ကဌ" ဟု ရှယ်ယာရှင်တွေနှုတ်ဆက်တော့မှ.ငူငူငိုင်ငိုင်နှင့်တစ်ခုခုကိုစဥ်းစားနေသည့် ခေတ်ရဲ့အန်တီလေးသည်..သတိပြန်ဝင်လာကာ

"ဟုတ်ကဲ့..အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်" ဟု ပြန်နှုတ်ဆက်လေသည်.အန်တီလေးဘာတွေစဥ်းစားနေလဲဆိုတာတော့..ခေတ်လည်းမတွေးတတ်ပေ...

ဒေါ်ယမင်းသစ်အနေဖြင့် သူ့အဖေတည်ထောင်ခဲ့သည့်ကုမ္ပဏီကို သူ့လက်ထက်မှာအောင်မြင်အောင်အရာအားလုံးရင်းကာကြိုးစားခဲ့ရသည်..သူ၏တစ်ဦးတည်းသောသွေးသားရင်းချာဖြစ်သည့် လွင်ဘုန်းခေတ်ကိုလည်း..လွင်ဘုန်းခေတ်၏မိဘတွေဆုံးကတည်းက ယောက်ျားလေးတစ်ယောက်လိုပြုမူနေထိုင်လုပ်ကိုင်နိုင်အောင် လေ့ကျင့်ပျိုးထောင်ပေးခဲ့ရသည်...

နောင်တချိန်T&L groupကိုဆက်ခံသည့်အခါ လွင်ဘုန်းခေတ်အနေနှင့်ကြောက်ရွံစိတ်တွေမရှိပဲ..ကုမ္ပဏီကိုဆက်ခံနိုင်စေရန်ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်...

လွင်ဘုန်းခေတ် လက်ထပ်သည့်မိန်းကလေးကလည်း...လွင်ဘုန်းခေတ်အပေါ် သွန်သင်ဆုံးမ ဆွေးနွေးတိုင်ပင်အကြံပေးနိုင်မည့် လှမြတ်ထူးလိုမိန်းကလေးမျိုးပဲဖစ်စေရမည် ဟူသောရည်ရွယ်ချက်ဖြင့် လွင်ဘုန်းခေတ်နှင့်လှမြတ်ထူးသံယောဇဥ်တွေရှိပြီးအနေနီးစပ်လာအောင်..ကြိုတင်စီစဥ်ခဲ့ခြင်းဖြစ်သည်..

လွင်ဘုန်းခေတ် သူ့အဖေဘက်ကအဒေါ်ရှိသည့်မြို့မှာကျောင်းသွားတက်မည်ဆိုတော့ လှမြတ်ထူး၏အဒေါ်  သူ၏သူငယ်ချင်းဖြစ်သည့်ကျောင်းအုပ်ဆရာမကြီးနှင့်လှမြတ်ထူးကို လွင်ဘုန်းခေတ်တက်မည့်ကျောင်းကိုTransferကျအောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်..

သူ၏အကြံအစည်တွေအောင်မြင်တယ်လို့ပဲပြောရမည်..အခုဆိုလျှင် လွင်ဘုန်းခေတ်နှင့်လှမြတ်ထူးတို့၏ ကလေးတောင် လူ့လောကထဲသို့မကြာမီရက်ပိုင်းအတွင်း ရောက်လာတော့မည်...

******************

လှမြတ်ဖေဖေ..ကုမ္ပဏီအစည်းအဝေးပွဲကအပြန်လှမြတ်ဆီ ခဏဝင်လာပြီး..ကုမ္ပဏီအစည်းအဝေးပွဲမှာဖြစ်ပျက်ခဲ့သည့်အကြောင်းအရာတွေကိုပြောပြလေသည်..ဖေဖေပြောပြတဲ့အကြောင်းတွေကိုကြားတော့ မောင့်ကို..လှမြတ်စိတ်ပူမိသည်.

သိပ်မကြာမီ အိမ်ရှေ့မှာကားရပ်သံကြားသည့်အတွက် မောင်ပြန်ရောက်ပြီဟု ခန့်မှန်းမိသည်..ပြန်ရောက်ရောက်ချင်းလှမြတ်၏အခန်းထဲသို့ဝင်လာကာ လှမြတ်၏အနားမှာလာထိုင်ပြီး လှမြတ်ကိုဖက်ထားကာ

"သဲငယ်..နေလို့ထိုင်လို့ကောင်းရဲ့လား..ဘယ်လိုနေလဲ"

"ကောင်းပါတယ်..မောင်ရဲ့..ဘယ်လိုမှမနေဘူး..ကြည့်ပါအုံး..ငါရဲ့ချစ်စရာကောင်းတဲ့ကလေးလေးက ကုမ္ပဏီအလုပ်တွေနဲ့ပင်ပန်းလာတာတောင်.ငါ့ကိုစိတ်ပူနေတယ်."ဟု မောင့်ရဲ့ပါးနှစ်ဖက်ကိုလက်နှင့်ဖျစ်လိုက်ကာပြောတော့ သဘောကျစွာရယ်နေသည်...

မောင့်ရဲ့ရင်ခွင်ထဲသို့အတင်းတိုးဝင်ကာ...ချွဲတော့ လှမြတ်၏နဖူးကိုပြန်နမ်းသည်

"မောင် အခုမှအလုပ်ကပြန်လာတာ.ရေမချိုးရသေးဘူး..ချွေးနံ့တွေနံစော်နေတာပဲ...အဲဒါကြောင့်ရေအရင်သွားချိုးလိုက်အုံးမယ်နော်..ပြီးတော့မှ မောင့်ရင်ခွင်ထဲဝင်ပြီးအဝချွဲတော့..မောင့်ရဲ့သဲငယ်လေး"

"ချွေးနံ့တွေနံလည်းဘာဖြစ်လဲ...ကိုယ်ချစ်လို့ယူထားတဲ့သူပဲဟာ...ဘာလဲ.မောင်ကသဲငယ်ချွဲတာကိုမကြိုက်တာလား" ဟု ရစ်နေသည့် ခေတ်၏ဇနီးသည်ကိုကြည့်ရင်း...အချစ်တွေပိုရပါသည်..

************************************

Continue Reading

You'll Also Like

860K 8.5K 68
๐ข๐ง๐œ๐ฅ๐ฎ๐๐ž๐ฌ ๐š๐ฅ๐ฅ ๐จ๐Ÿ ๐ญ๐ก๐ž ๐›๐จ๐ฒ๐ฌ โœฆ . ใ€€โบ ใ€€ . โœฆ . ใ€€โบ ใ€€ . โœฆ don't forget to vote, share and comment. ๐Ÿค
256K 3.5K 60
Hockey player Aiden Peters used to torment Alyssa Davis all throughout middle school because he hated her, right? It's Alyssa's first year of college...
817K 35.5K 57
"Mujhe jhelna mushkil hai nader," she said with a smile while her gaze was fixed on the table. ("It's difficult to tolerate me, Nader") "Main jhel l...
126K 16.6K 36
#Book-3 Last book of Hidden Marriage Series. ๐Ÿ”ฅโค๏ธ This book is the continuation of the first and second book "Hidden Marriage - Amazing Husband." If...