နန်အန်ဟိုစံအိမ် မင်္ဂလာဆောင်အကြိုနေ့ သတို့သမီးအခန်းအတွင်းတွင်။
သတို့သမီးကို လိုက်ပါစောင့်ရှောက်သူနှစ်ဦးသည် သူတို့၏ အလုပ်တာဝန်များကို ပြီးဆုံးသည်နှင့် ဟိုစံအိမ်၏ အစေခံများကို အတွင်းခန်းအပြင်သို့ ခေါ်ဆောင်သွားခဲ့သည်။သူတို့က စိတ်မရှည်စွာ တီးတိုးအတင်းမပြောခင် တံခါးကိုတောင်ဖြတ်မသွားရသေးပေ။
"ငါ့ဘဝမှာ အတော်ကြာကြာနေခဲ့ရပြီးပြီး ဒီလောက်လှတဲ့ ယောကျာ်းလေးကို ငါမမြင်ဖူးသေးဘူး။"
"သူက နာမကျန်းတဲ့သူနဲ့ လက်ထပ်ရတာ သနားစရာပဲ။"
"သနားစရာကောင်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?သူက ဟိုစံအိမ်က သခင်ငယ်လေးကို လက်ထပ်ရတာလေ။သူ့လက္ခဏာရှစ်ခုက* သခင်ငယ်လေးဟိုအတွက် ချုံရှီကို* ကွက်တိကိုက်ညီမနေဘူးဆိုရင် သခင်ကြီးဟိုနဲ့ သခင်မဟိုက အင်ပါယာဆေးရုံ ယွမ်ပန်က* ငါးယောက်မြောက်သားကိုတောင် အရေးပေးစဥ်းစားမှာမဟုတ်လောက်ဘူး။"
[လက္ခဏာရှစ်ခု- အဲ့ဒါက ဘယ်အချိန်မှာမွေးတယ်၊ နှစ်၊ လ၊ ရက်၊ အချိန် အတိအကျကိုပြောတာပါ။ဗေဒင်ဟောတဲ့နေရာမှာသုံးပါတယ်။]
[ချုံရှီ-တားဆီးကာကွယ်တဲ့လက်ထပ်ပွဲလို့ခေါ်ပါတယ်၊ အန္တရာယ်များလောက်အောင်ဖျားနာနေတဲ့ လူငယ်လေးကို ပျော်ရွှင်ဖွယ်ရာ အဖြစ်ပျက်က သေအံဆဲဆဲဖြစ်နေတာကို တားဆီးကာကွယ်ပေးမယ်လို့ မျှော်လင့်တဲ့ စီစဥ်ပေးထားတဲ့လက်ထပ်ပွဲပါ။]
[Yuan Pan-ဒီဝတ္ထုက ဘယ်သမိုင်းမင်းဆက်ကမှမဟုတ်ပါဘူး ဒါပေမယ့် ချင်မင်းဆက်မှာ ထိုဂုဏ်ပုဒ်ကို အင်ယာပါအိမ်ထောင်စုကို ဆေးအကူတွေ ဖြန့်ဖြူးတာနဲ့ သုတေသန ဦးစီးဦးဆောင်တာနဲ့ ဆေးရုံကိုစီမံဖို့အတွက် စုစုပေါင်း လူနှစ်ယောက် ကိုင်ဆောင်ထားသည်။]
"မင်းပြောတာက ကျိုးကြောင်းဆီလျော်တယ်။ဒါက ကောင်းချီးလား ကျိန်စာလားဆိုတာ အချိန်ကပဲ ပြောပြ
လိမ့်မယ်။"
.....
သူတို့၏စကားဝိုင်းအလည်တွင် သတို့သမီးကို လိုက်ပါစောင့်ရှောက်သူသည် အခန်းအပြင်ကို ရောက်ရှိလာသည်။တံခါးနှစ်ခုကို ဆွဲမပိတ်ခင် သူအထဲကို တစ်ချက်ကြည့်လိုက်သည်။အနီရောင်တောက်တောက် ပွဲအလယ်တွင် ဟိုစံအိမ်ကို လက်ထပ်ပြီးခါစ လူငယ်လေးသည် သူ့မျက်နှာကို သတို့သမီး မျက်နှာလွှာကို ဖုံးအုပ်ထားပြီး သတို့သမီးကုတင်ပေါ်တွင် ကျောက်စိမ်းထုထွင်းထားသလိုမျိုး ငြိမ်သက်စွာ ထိုင်နေသည်။
တံခါးသည် ဖြည်းညင်းစွာ ပိတ်သွားပြီး သတို့သမီးအခန်းထဲတွင် ဝမ်းမြောက်ဝမ်းသာသည့် လက်ထပ်ပြီးခါစ ဇနီးမောင်နှံသာ ကျန်ရစ်ခဲ့သည်။
ပတ်ဝန်းကျင်နေရာက တိတ်ဆိတ်သွားပြီး တစ်နေ့လုံးတောင့်တင်းနေသော လင်းချင်ယုနောက်ကျောသည် နောက်ဆုံးတွင် ပြေလျော့သွားသည်။သူ့ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး သတို့သမီး မျက်နှာလွှာမှာ ချိတ်ဆွဲထားသည် ပန်းဖွားများက သူနှင့်အတူ ယိမ်းနွဲ့နေသည်။
သတို့သမီးမျက်နှာလွှာ ဝတ်ဆင်ခြင်းသည် တကယ် အဆင်မပြေပေ။အမျိုးသမီး သတို့သမီးက လက်ထပ်သောအခါတွင် သူမခေါင်းပေါ်က သတို့သမီး မျက်နှာလွှာကို သူမခင်ပွန်းမှ မတင်ပေးရသည်။၎င်းသည် အမျိုးသားသတိုးသမီးကို လက်ထပ်သောအခါတွင်လဲ ဒီလိုမျိုးဖြစ်သည်ဟု ယူဆရသည်။
သို့သော် သူ့ခင်ပွန်းက ဒါကို မစွမ်းဆောင်နိုင်မှာကို သူကြောက်ရွံမိသည်။
သူ..."ခင်ပွန်း။"
လင်းချင်ယု သူ့လက်ကိုမြှောက်လိုက်ပြီး သတို့သမီး မျက်နှာလွှာကို ကိုယ်တိုင်ဖယ်လိုက်သည်။သူ့အမြင်အာရုံက နောက်ဆုံးပွင့်လာခဲ့သည်။သူ ပတ်ပတ်လည်ကိုကြည့်လိုက်တော့ အရောင်ဖျော့သော ပိတ်ကျဲလိုက်ကာနှင့် အနီရောင်အဖုံးနှင့် နွေးထွေးသောစောင်ရှိသည်။နောက်ဆုံး သူအာရုံကို ကုတင်ပေါ်မှာအိပ်နေတဲ့လူစီ လှည့်လိုက်သည် - နန်အန်စံအိမ်၏ သခင်ငယ်လေးဟို၊ လုဝမ်ချန်။
ဖယောင်းတိုင်မီးအောက်တွင် လင်းချင်ယု လုဝမ်ချန်ကို အမူရာမရှိဘဲ အကဲဖြတ်လိုက်သည်။
လုဝမ်ချန်သည် ကြက်သွေးရောင် မင်္ဂလာဝတ်စုံကို ဝတ်ထားသည်။သူ့မျက်ခုံးတွေက အဝေးကတောင်တန်းတွေလိုဖြစ်သည်။သူ့မျက်တောင်တွေကလဲ ရှည်လျားထူထဲပြီး သူပါးတွေက ချိုင့်ဝင်နေပြီး သူ့နှုတ်ခမ်းကလဲ စာရွက်ကဲ့သို့ ဖြူလျော်နေသည်။သူမျက်ခုံးတွေက တင်းတင်းကျပ်ကျပ်ပိတ်ထားကာ ဖျားနာမှု့ကြောင့် သူ့ခန္ဓာကိုယ်က ကျိုးပဲ့နေပင်မဲ့ အလွန်ကြည့်ကောင်းသော အသွင်အပြင်ကို လက်ဆောင်ရထားသည်ဆိုတာ တွေ့မြင်နိုင်သည်။
ဒီနေ့ကနေစပြီး ဒီလူက သူ့ခင်ပွန်းဖြစ်သည်။
သူကယောကျာ်းဖြစ်ပေမယ့် သူကတခြားယောကျာ်းတစ်ယောက်၏ ဇနီးမယားဖြစ်လာသည် - သူက တယူမင်းဆက်၏ ပထမဆုံး "တရားဝင် ဥပဒေအရ လက်ထက်သော" အမျိုးသားဇနီးမယားဖြစ်လာသည်။
ဘယ်လောက်တောင် ရီစရာကောင်းလိုက်လဲ။
သူအင်ပါယာဆေးဘက်ဆိုင်ရာရုံး၏ စာမေးပွဲအတွက် ပြင်ဆင်နေတာ သုံးနှစ်ရှိပြီ။သူစာမေးပွဲအောင်ခဲ့လျှင် သူ့အဖေလိုပဲ ဆေးဘက်ဆိုင်ရာ အရာရှိတစ်ယောက်ဖြစ်လာလိမ့်မည်။သူနန်းတော်ထဲမဝင်နိုင်ခဲ့ရင်တောင် သူမြို့တော်မှာ ဆေးဆိုင်ဖွင့်ပြီး သာမန်သမားတော်တစ်ယောက်ဖြစ်နိုင်သည်။
ဝမ်းနည်းစရာကောင်းတာက ဒီအဓိကတာဝန်အတွက် အပြင်ထွက်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ဧကရီက သူမအရင်ပေါ်လာဖို့ခေါ်ခဲ့ပြီး ပြောခဲ့သည် "မင်းရဲ့သားက မေလ၁၁ရက် ကွေ့ဝေနှစ်၊ ချန်ရှီမှာမွေးတယ်လို့ ကြားတယ်။ အဲ့ဒါဟုတ်လား?"
အဖေလင်းထံမှ ခိုင်လုံသောအဖြေရပြီးနောက် ဧကရီက ဧကရာဇ်ကို လင်းမိသားစုနဲ့ လက်ထပ်ပွဲကို တိုင်ပင်ဆွေးနွေးပြီး လင်းချင်ယုကို နန်အန်ဟို၏အကြီးဆုံးသား လုဝမ်ချန်နှင့် လက်ထပ်ရန်ကတိပြုခဲ့သည်။
လုဝမ်ချန်သည် မွေးရာပါဖျားနာပြီး နှစ်ပေါင်းများစွာ အိမ်ယာထဲလှဲနေတာကို မြို့တော်ရှိ အရာရှိများနှင့် မူးမတ်မျိုးနွယ်များအားလုံး သိသည်။သူမွေးဖွားတုန်းက နန်အန်ဟိုက အင်ပါယာသမားတော်ကို သူ့ကိုကြည့်ပေးရန် အထူးဖိတ်ကြားခဲ့သည်။အင်ပါယာ သမားတော်သည် သခင်ငယ်လေးဟိုသည် အသက်၂၀ကိုကျော်ဖြတ်ပြီး အသက်မရှင်နိုင်ဘူးလို့ အခိုင်အမာပြောခဲ့သည်။
ဒီနှစ်မှာတော့ လုဝမ်ချန်က အသက်၁၉နှစ်ဖြစ်ပြီး သူ့အခြေနေက တစ်နေ့ထက်တနေ့ ပိုပိုဆိုးဝါးလာသည်။သူ့နေ့ရက်တွေက တဖြည်းဖြည်းဆုတ်ယုတ်လာပြီး နိဂုံးချုပ်ရန် နီးကပ်လာတာကို မြင်လိုက်ရသဖြင့် နန်အန်ဟိုသည် ကောင်းကင်ဘုံကိုဝင်ရောက်ပြီး တစ္တေများနှင့် နတ်ဘုရားများကို သိသည်ဟုဆိုသော တယူမင်းဆက် နိုင်ငံတော်ဆရာကို အကူညီတောင်းဖို့ စာရေးရန်မှလွဲပြီး တခြားရွေးချယ်စရာမရှိပေ။နိုင်ငံတော်ဆရာက သူ့ကိုပေးသောပြန်စာတွင် စာလုံးရှစ်လုံးပါသော စာကြောင်းတစ်ကြောင်းသာပါပြီး မတ်လ ၁၁ရက် ကွေ့ဝေနှစ် ချန်ရှီဟု အတိအကျဖြစ်သည်။
ဧကရာဇ်၏အမိန့်ကို မလိုက်နာခြင်းသည် သေဒဏ်ပေးခံရသော ပြစ်မှု့ဖြစ်သည်။လင်းချင်ယုသည် သူတစ်ယောက်ထဲကသာ သေရမည်ဆိုပါက ဘာမှမဆုံးရှုံးဘူးဟု တွေးခဲ့သော်လည်း သူ့အသက်ကြီးရင့်နေသော မိဘနှစ်ပါးနှင့် သူ့ညီငယ်လေးကို ကာကွယ်ရအုန်းမည်ဖြစ်သည်။ဒီနည်းဖြင့် သူသည် လုဝမ်ချန်၏ ချုံရှီ အမျိုးသားဇနီးသည် ဖြစ်လာခဲ့သည်။
၁၀နှစ်ကျော်ကြာအောင် ကြိုးကြိုးစားစား သင်ကြားခဲ့သမျှအားလုံးသည် ဟာသတစ်ခုလို ဖြစ်သွားသည်။
ထိုအချိန်တွင် ဟိုင်ရှီကို* ကျော်လွန်သွားသည်။ညစောင့်စောင့်နေသော တံခါးအပြင်ဘက်က အစေခံမိန်းကလေးသည် "ရှောင်ကျွမ်* အချိန်ရောက်ပါပြီ။သခင်ငယ်လေးဟိုကို အိမ်ယာမှာ ကြင်နာစွာ ခစားပါ။"
[Hai shi-၉နာရီကနေ၁၁နာရီအချိန်ကိုပြောတာပါ။]
[Shao jun- သခင်လေးလို့ဆိုလိုတာပါ လင်းချင်ယုကိုပြောတာပါ။]
လင်းချင်ယု သူ့အိပ်ပျော်နေသော ခင်ပွန်းကိုကြည့်လိုက်ပြီး သူ့လက်ချောင်းတွေကို ဆုတ်လိုက်သည် -သူမက သူ့ကို လုဝမ်ချန်ကို ခစားစေချင်သေးတာလား?ဘယ်လို ဟာသလဲ။
ချမ်းသာတဲ့မိသားစုမှာ လက်ထပ်ပြီးရင် လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေက အမြဲတမ်း ရှုပ်ထွေးပြီး ခက်ခဲသည်။အလျင်လိုသောချုံရှီဖြစ်ခဲ့သော်လည်း နန်အန်ဟိုစံအိမ်သည် "အမျိုးသားဇနီးဖြစ်နည်း"ဟုခေါ်သသောအရာကို လင်းချန်ယုကို သင်ကြားပေးရန် ညွှန်ကြားရေးအဒေါ်တစ်ဦးကို လင်းစံအိမ်သို့ စေလွှတ်ခဲ့သည်။မင်္ဂလာမဆောင်ခင်မှာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို
အတွင်းရောအပြင်ပါ သန့်ရှင်းအောင်ဆေးကြောရသည်။အဆီလိုမျိုး တစုံတခုကိုတောင် လိမ်းခဲ့ရသည်။
လင်းချင်ယုသည် လိင်တူချစ်သူကောင်းတစ်ယောက် မဟုတ်ပေ။ဒီလိုအရှက်ရမှု့မျိုး သူတခါမှမခံစားခဲ့ရပေ။လင်းမိသားစုက လူတွေကိုကာကွယ်ဖို့သာမဟုတ်ဘူးဆိုရင် လုဝမ်ချန်ကို သူနဲ့အတူ သေဆုံးရန် ခေါ်ဆောင်သွားဖို့ကလွဲပြီး ဘာကိုမှမနှစ်သက်တော့ပေ။
သတို့သမီးအခန်းထဲမှာ ဘာလှုပ်ရှားမှု့မှမတွေ့တော့ အစေခံမိန်းကလေးက နောက်ထပ်တိုက်တွန်းလိုက်သည် "သခင်လေး အိပ်ယာဝင်ဖို့အချိန်ကျပါပြီ။"
လင်းချင်ယုသည် သူ့မျက်လုံးကိုပိတ်လိုက်ပြီး ထွက်လာသောအမုန်းတရားတွေကို ပြန်မြိုသိမ့်လိုက်ရသည်။သူဖယောင်းတိုင်တွေကို မှုတ်လိုက်ပြီး ကုတင်ရှေ့က အနီရောင်ဖယောင်းတိုင်ကို တစ်ခုထဲကိုသာ ကျန်ခဲ့လိုက်သည်။လုဝမ်ချန်သည် စောင်ပေါ်တွင်လဲလျောင်းလျက် ရွှေရောင်ထိုးထားသည့် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သည်။ဒီလိုပုံမျိုး အိပ်တာက သိပ်ပြီးသက်တောင့်သက်သာ မရှိနိုင်ဘူး။
ဒါပေမယ့် အဲ့ကိစ္စက သူနဲ့ဘာဆိုင်လို့လဲ?လုဝမ်ချန် ထာဝရအိပ်ပျော်သွားမဲ့ နေ့ကိုမျှော်လင့်နေသည်။
လင်းချင်ယု အိပ်ယာဆီသို့ လမ်းလျှောက်သွားပြီး သူ့မျက်လုံးများသည် လုဝမ်ချန်၏ သူ့ရင်ဘက်ပေါ်တွင် ကန့်လန့်ဖြတ်တင်ထားသော လက်တွေကို ကျရောက်သွားသည်။
လင်းမိသားစုသည် ဆေးဘက်ဆိုင်ရာမိသားစုဖြစ်သည်။လင်းချင်ယုသည် ကလေးဘဝတည်းက သူ့ဖခင်နှင့် ဆေးပညာကိုလေ့လာခဲ့တာဖြစ်သည်။သူဆယ်ကျော်သက်အရွယ်ရောက်သောအခါတွင် စာလေ့လာရန် အိမ်ကနေထွက်လာပြီး ကျော်ကြားသော ဆရာနောက်ကိုလိုက်ခဲ့သည်။လုဝမ်ချန်၏ အသားရေကို ကြည့်ရုံဖြင့် လုဝမ်ချန်သည် သေလုမြောပါး ဖျားနားနေပြီး ပြင်းထန်ပြီး နာတာရှည်ရောဂါ ခံစားနေရတာဖြစ်မည်ဆိုတာ သူသိသည်။
၎င်းကိုအတည်ပြုရန်အတွက် လင်းချင်ယု ဒီဖျားနာသောလူ၏ သွေးခုန်နှုန်းကို ခံစားဖို့ အသားကိုထိလိုက်သည်။လုဝမ်ချန်၏လက်ကောက်ဝတ်သည် ရေအေးထဲမှာ ငါးသွားမျှားသကဲ့သို့ ကြောက်စရာကောင်းလောက်အောင် အေးစက်နေသည်။
သူသံသယဝင်နေသလိုပင် သူ့သွေးခုန်နှုန်းသည် ပင်ပမ်းနွမ်းနယ်နေသည်။သူ့သွေးခုန်နှုန်းသည် သေခြင်းတရားနှင့် နီးကပ်လာသော လက္ခဏာများကိုပြသနေသည်။အံ့သြစရာကောင်းအောင် အလုပ်လုပ်တဲ့ သမားတော် ပြန်လည်ဝင်စားလာတာ မဟုတ်ပါက လုဝမ်ချန်သည် အများစု တစ်နှစ်ခွဲသာ ခံတော့မည်ဖြစ်သည်။
သူတစ်နှစ်ခွဲလောက် တောင့်ခံဖို့ပဲလိုအပ်တယ်။လုဝမ်ချန် ကွယ်လွန်သွားတဲ့အခါ သူလွတ်လပ်သွားလိမ့်မယ်။
လင်းချင်ယုသည် မသိစိတ်ကနေ သူ့လက်မှာ အားသုံးလိုက်တဲ့အတွက်ကြောင့် လုဝမ်ချန်၏ လက်ကောက်ဝတ်တွင် တိမ်သော အမှတ်နှစ်ခုကျန်ရစ်ခဲ့သည်။
ရုတ်တရက် ထိုဖြူဖျော့သော လက်ချောင်းများသည် လှုပ်ရှားလာသည်။
လင်ချင်ယု မသိစိတ်ကနေ လွတ်လိုက်ပြီး လုဝမ်ချန်၏ လက်ကို အိပ်ယာပေါ်ပြန်ကျသွားစေသည်။သူ့မျက်ခွံအောက်ကနေ မျက်လုံးတွေက လိမ့်နေတာကို တွေ့ပြီး သူ့ရှည်လျားသော မျက်တောင်တွေက အနည်းငယ် တုန်ရီနေသည်။
လုဝမ်ချန် အိပ်ယာနိုးလာတော့မှာလား?
လင်းချင်ယုသည် သူလုဝမ်ချန်ကို မျက်တောင်မခတ်စိုက်ကြည့်နေရင်း တည်ကြည်သောအမူရာရှိနေသည်။သူရဲ့ ဓါးလိုအကြည့်အောက်မှာ လုဝမ်ချန် သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
လုဝမ်ချန်မျက်လုံးတွေက မြူနှင့်ဖုံးလွှမ်းနေပုံပေါ်ပြီး သူကဘာမှမမြင်ရသကဲ့သို့ ဖြစ်နေသည်။သူ့မျက်လုံးထဲက မြူများပျောက်ကွယ်သွားသောအခါ ပဟေဋိဖြစ်သော အမူရာပေါ်လာခဲ့သည် "ဟမ်....? ဒီဂန္တဝင်အလှလေးက ဘယ်ကရောက်လာတာလဲ?"
ဟမ့် ဒီတဏှာရူးကတော့ သူသေခံနီးဆဲဆဲဖြစ်နေတာတောင် သူ့ကိုအလှလေးလို့ခေါ်ဖို့ မမေ့သေးဘူး။
လင်းချင်ယုက အေးသက်စွာ ပြောလိုက်သည် "မင်းနိုးလာပြီ။"
လုဝမ်ချန်က ခဏလောက် ငေးမောနေသည်။သူက "မင်းဘယ်သူလဲ?"လို့ ကွဲအက်နေသောအသံဖြင့် မေးလိုက်သည်။
လင်းချင်ယု၏မျက်လုံးများထဲတွင် အံ့သြသင့်သော အရိပ်ယောင်များ ပေါ်ထွက်လာသည်။"မင်း ငါဘယ်သူလဲဆိုတာ မသိဘူးလား?"
ဒါသူတို့တွေ့ဆုံသည့် ပထမဆုံးအကြိမ်ဖြစ်ပေမယ့် လုဝမ်ချန်မှာ ဦးနှောက်ကြီးထွားသရွေ့ သူ့ပေါ်မှာဝတ်ထားသည့် သတို့သမီးဝတ်စုံကိုမြင်ရုံဖြင့် သူသဘောပေါက်သင့်သည်။
လုဝမ်ချန် သူ့ခေါင်းကိုခါလိုက်ပြီး မသဲမကွဲချောင်းဆိုးသံထွက်လာပြီး ပြောလိုက်သည် "အဲ့ဒါအရမ်းအပ်ကြောင်းထပ်နေပင်မယ့် သူမေးချင်နေတုန်းပဲ။ဒါကဘယ်နေရာလဲ?ငါဘာလို့ဒီကိုရောက်နေတာလဲ?"
လင်းချင်ယု: "....." ဖျားနာမှု့က သူ့ကိုတုံးအသွားအောင်လုပ်လိုက်တာ ဖြစ်နိုင်မလား?ဒါမှမဟုတ် လုဝမ်ချန်က ဒီလက်ထပ်ပွဲအကြောင်းကိုတောင် မသိဘူးလား?
ချုံရှီမတိုင်ခင်က သူ့ခမည်းတော်က လုဝမ်ချန်၏အခြေနေနဲ့ပတ်သက်ပြီး ပြောတာကို ကြားခဲ့သည်။လုဝမ်ချန်သည် လွန်ခဲ့လက မိန်းမောတွေဝေပြီး စိတ်ရှုပ်ထွေးနေသည်လို့ ဆိုသည်။ဒီလိုဆိုရင်တော့ လုဝမ်ချန်က ဒီအိမ်ထောင်ရေးကို လုံးလုံးမသိတာဖြစ်နိုင်တယ်။
လင်းချင်ယု အမူရာက အနည်းငယ် ပြေလျော့သွားသည်။"မျိုးရိုးနာမည်က လင်း နာမည်က ချင်ယုပါ။"
"လင်းချင်ယု?လင်း...ချင်...ယု။" လုဝမ်ချန် သူ့နာမည်ကိုပြောလိုက်သည်။တစ်စုံတစ်ခုနဲ့ ရိုက်ခတ်လိုက်သလိုပဲ သူကပြောလိုက်သည် "အရှေ့နန်းတော်မှာ သေဆုံးသွားတဲ့ လှပတဲ့အင်ပါယာသမားတော်?"
လင်းချင်ယု မျက်မှောင်ကြုံလိုက်သည် "ဘာ?"
လုဝမ်ချန်က သူ့ကို ခဏလောက်ကြည့်နေပြီး သူ့မျက်နှာက ထိတ်လန့်မှု့နဲ့ပြည့်နှက်နေသည်။ထို့နောက် ရုတ်တရက် သူက ထထိုင်ဖို့ ရုန်းကန်နေသည်။
သမားတော်တစ်ယောက်၏ အလေ့အကျင့်အရ လင်းချင်ယုသည် ယိမ်းယိုင်နေသောလူနာကို ပြန်တွန်းလိုက်သည်။"မင်းဘာလုပ်နေတယ် ထင်တာလဲ?"
"မှန်။" လုဝမ်ချန် သူ့ရင်ဘက်ကို လက်တစ်ဖက်နဲ့ ကာလိုက်ပြီး ဗီရိုပေါ်က ကြေးနီမှန်ကို တစ်ဖက်နဲ့ညွှန်ပြလိုက်သည်။သူ့ဆံပင်ရှည်တွေက ခေါင်းအုံးပေါ်မှာ ပြန့်ကျဲနေသည် "အဟွတ်၊ အဟွတ်။ ငါ့ကိုမှန်ပေး။"
မှန်?
လင်းချင်ယု ကြေးနီမှန်ကို လုဝမ်ချန်ကို ကမ်းပေးပြီး မေးလိုက်သည် "ဒီမှန်က ဘာမှားနေလို့လဲ?"
လုဝမ်ချန်က မှန်ထဲကသူ့ကိုယ်သူ မြင်ပြီးနောက် တစ္တေသရဲကို မြင်နေရသည့်အတိုင်း သူ့မျက်လုံးတွေက ရုတ်တရက် ပြူးကျယ်လာသည်။သူ့အမူအရာက သူ့မှာပြောစရာ စကားလုံးတွေတစ်ထောင်လောက်ရှိနေပုံသည်။သူ အသက်မရှုနိုင်လောက်တော့တဲ့အထိ အချိန်အကြာကြီး ထိန်းထားလိုက်သည်။အဆုံးမှာတော့ သူစကားတစ်လုံးပဲပြောနိုင်သည် " ....ဖက်။"
ညစောင့်စောင့်သည် အစေခံမိန်းကလေးသည် သတို့သမီးအခန်းထဲကနေ လှုပ်ရှားမှု့ကိုကြားလိုက်ရသည်။သူတံခါးကိုခေါက်လိုက်ပြီး မေးလိုက်သည် "ရှောင်ကျွမ် တခုခုဖြစ်လို့လား?"
လင်းချင်ယု မိုးကြိုးပစ်ခံရသလိုမျိုး မိန်းမောတွေဝေနေတဲ့ လုဝမ်ချန်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည် "မင်းသခင်ကြီးဟိုနဲ့ သခင်မကို သခင်လေးဟို နိုးလာပြီလို့ ပြောလိုက်။"
အစေခံမိန်းကလေးက ချက်ချင်း နန်အန်ဟိုနှင့် သခင်မဟိုကို သတင်းပို့ဖို့ တစ်ယောက်ယောက်ကိုလွှတ်လိုက်သည်။ထို့နောက် သူတို့ သမားတော်ကိုလာဖို့ ဖိတ်လိုက်သည်။ခဏအကြာတွင် သတို့သမီးအခန်းသည် လူများနှင့်ပြည့်နှက်သွားသည်။အပြင်ဘက်အဆုံးတွင် ရပ်နေသော လင်းချင်ယုသည် လုံးဝအပြင်လူလိုမျိုး ပြုမှုနေသည်။
လုဝမ်ချန်၏ သွေးခုန်နှုန်းကို စစ်ဆေးသော သမားတော်ကျောင်သည် အင်ပါယာသမားတော်မဟုတ်ပေမယ့် သူလည်း မြို့တော်တွင် နာမည်ကြီးသော သမားတော်ဖြစ်သည်။သမားတော်ကျောင်သည် သူ့မုတ်ဆိတ်မွှေးကို ပွတ်လိုက်ပြီး မယုံကြည်နိုင်ဘဲ ပြောလိုက်သည် "ဒါဒီလူအိုကြီး သူ့ဆယ်စုနှစ်ပေါင်းများစွာ ဆေးပညာ လေ့ကျင့်ရေးအတွင်းမှာ ဒီလိုအခြေနေမျိုးကြုံတွေ့ရတာ ဒါပထမဆုံးအကြိမ်ပဲ။"
သခင်မဟိုက စိတ်အားထက်သန်စွာပြောလိုက်သည် "သမားတော်ကျန့် ဒါဝမ်ချန်များ.....?"
"သခင်မ စိတ်မရှည်မဖြစ်ပါနဲ့။သခင်လေးဟိုနိုးလာတာ ကောင်းတဲ့ကိစ္စပါ။ဒီသွေးခုန်နှုန်းတခုကပဲ....မနေကတုန်းက ဒီလူအိုကြီး သခင်လေးဟိုသွေးခုန်နှုန်းကို စစ်ဆေးကြည့်ခဲ့ပါတယ်။အဲ့အချိန်တုန်းက သခင်လေးဟိုရဲ့ အသက်ပါမှု့က သေချာပေါက် ပင်ပန်းနွမ်းနယ်နေပြီး သူက ကောင်းကင်နဲ့လူသားရဲ့ ပျက်စီးခြင်းငါးပါးနဲ့* သိပ်မဝေးတော့ဘူး။ဒါပေမယ့် အခုတော့ လုံးလုံး တခြားလူတစ်ယောက်လိုပဲ။"သမားတော်ကျောင်က အံသြတကြီး သူ့လျှာကိုခေါက်လိုက်သည်။"အဲ့ဒါက နတ်ဘုရားက သူတို့ရဲ့ အကူညီကိုချေးငှားပေးပြီး သူ့ခန္ဓာကိုယ်ကို တက်ကြွမှု့တွေနဲ့ သွင်းလောင်းလိုက်သလိုပဲ။"
[Five decays of Heaven and Man-ဗုဒ္ဓဝါဒမှာ ဘဝရဲ့အဆုံးသတ်မှာရောက်တဲ့အခါ ဖြစ်တဲ့ဖြစ်စဥ်ပါ။ပြောရရင် သေဆုံးတာပါ။]
လင်းချင်ယု တိတ်ဆိတ်စွာ တွေးတောနေသည်။လုဝမ်ချန်က ရုတ်တရက် ပိုကောင်းလာတယ် ၎င်းသည် နေဝင်ံခံနီး၏ နောက်ဆုံးရောင်ခြည်*မဟုတ်ပေ။အဲ့ဒါသည် ထူးဆန်းသည်။ဒီလိုအလားတူအဖြစ်မျိုးကို ဘယ်ဆေးစာအုပ်ထဲမှာမှ သူမမြင်ဖူးပေ။
[မသေခင် သတိပြန်ရလာတာကိုပြောတာပါ။]
သခင်မဟိုသည် စိတ်ပျက်အံ့အားသင့်သွားပြီး မေးလိုက်သည် "ဒါဆို သူ့ဖျားနာမှု့က ပြန်ပြီးကောင်းလာတော့မှာလား?"
သမားတော်သည် အတည်မပြုရဲပေ။သူ စဥ်းစားလိုက်ပြီး ပြောလိုက်သည် "အနည်းဆုံးတော့ မျှော်လင့်ချက်ရောင်ခြည်ရှိပါသေးတယ်။"
"ကောင်းတယ်၊ ကောင်းတယ်...."သခင်မဟိုသည် စိတ်လှုပ်ရှားကာ မျက်ရည်ကျလာသည် "ဝမ်ချန် မင်းကြားလား?မင်းရဲ့ရောဂါက ပိုကောင်းလာတော့မယ်တဲ့။"
လုဝမ်ချန်က ထူးခြားတဲ့တုန့်ပြန်မှု့မရှိပေ။သူက "ကျနော်ကြားပါတယ်။"လို့သာ ပြောလိုက်သည်။
သမားတော်သည် "သခင်မ၊ သခင်လေးဟိုက အခုမှနိုးလာတဲ့အတွက် သူအနားယူဖို့လိုအပ်ပါသေးတယ်။"လို့ထပ်ပြောလိုက်သည်။
သခင်မဟိုသည် သူ့မမျက်ရည်တွေကိုသုတ်လိုက်ကာ ပြောလိုက်သည် "ဒါဆို ဒီအမေက မင်းနားတာကိုမနှောက်ယှက်တော့ပါဘူး-ချင်ယုရော? ရှောင်ကျွမ် ဘယ်မှာလဲ?"
လူတိုင်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။လင်းချင်ယု ရှေ့ကိုလှမ်းလိုက်ပြီး ပြောလိုက်သည် "သခင်မ။"
သခင်မဟိုသည် သူ့လက်ကိုကိုင်လိုက်ပြီး အပြုံးနဲ့ပြောလိုက်သည် "ချင်ယု ဟိုစံအိမ်ကို မင်းလက်ထပ်လိုက်တာနဲ့ ဝမ်ချန်ရဲ့ရောဂါ ကောင်းတဲ့ဘက်ကိုဦးတည်လာပြီ။မျှော်လင့်ထားတဲ့အတိုင်း နိုင်ငံတော်ဆရာက ထူးခြားတဲ့ဗျူဟာနဲ့ အံ့သြဖွယ်နည်းလမ်းနဲ့ ပါရမီရှင်ဖြစ်တယ်။မင်းက ဝမ်ချန်ရဲ့ ကယ်တင်ရှင်ပဲ။ငါတို့ရဲ့ဝမ်ချန်ကို မင်းရဲ့ဂရုစိုက်မှု့အောက်မှာ ထားလိုက်မယ်။"
လုဝမ်ချန်သည် သူ့ခေါင်းကိုမော့လိုက်ပြီး လင်းချင်ယုကို ကြည့်လိုက်သည်။
လင်းချင်ယုသည် အပြုံးနဲ့ပြောလိုက်သည် "သခင်ဟို စိတ်မပူပါနဲ့။သခင်လေးဟိုကို ပြုစုစောင့်ရှောက်ဖို့ ကျနော် အစွမ်းကုန်ကြိုးစားပါမယ်။"
သခင်မဟိုဘေးက မိုမိုက* စလိုက်သည် "အိုင် ရှောင်ကျွမ်က သခင်လေးဟိုကို ကျမတို့ခေါ်သလို ခေါ်နေလို့မဖြစ်ဘူးလေ။သခင်လေးကို ခင်ပွန်းလို့ခေါ်သင့်တယ်--"
[Momo- အသက်ကြီးတဲ့အမျိုးသမီး သူနာပြု။ကလေးတုန်းက ပြုစုစောင့်ရှောက်ဖူးတဲ့ အသက်ကြီးတဲ့အစေခံကိုခေါ်တာပါ။]
လူတိုင်းက ရီမောနေပြီး လင်းချင်ယု အင်္ကျီလက်အောက်မှာကွယ်နေတဲ့ သူ့လက်တွေ တင်းတင်းကျပ်ကျပ် ဆုတ်သွားတာ ဘယ်သူမှ သတိမထားမိလိုက်ပေ။
လူတိုင်း လူစုခွဲလိုက်ပြီး သတို့သမီးအခန်းသည် ငြိမ်သက်မှု့ ပြန်လည်ရရှိလာပြန်သည်။အနီရောင်ဖယောင်းတိုင်သည် ကုန်ဆုံးလုနီးပါး လောက်ကျွမ်းနေသည်။
လုဝမ်ချန်သည် အိပ်ယာပေါ်တွင် တိတ်ဆိတ်စွာလဲလျောင်းနေသည်။သူ့မျက်ဆုံးများသည် တခါတရံတွန့်သွားပြီး တခါတလေ ပြေလျော့သွားသည်။သူက တစုံတခုကို မှတ်မိဖို့ကြိုးစားနေပုံပေါ်သည်။
လင်းချင်ယုက သူ့ကိုအာရုံစိုက်ဖို့ အလွန်ပျင်းရိနေသည်။သူပြတင်းပေါက်နားမှာရပ်လိုက်ပြီး အပြင်ဘက်က ထူးဆန်းသောလကိုကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်က လရောင်လွှမ်းနေပုံပေါ်သည်။
အချိန်မသိအောင်ကြာရှည်ပြီးနောက် လုဝမ်ချန် သက်ပြင်းချလိုက်သည်။ "မိတ်ဆွေ...အို့ အဲ့ဒါကမမှန်ဘူး -အလှလေး ဒီကိုလာအုန်း။"လို့ သူပြောလိုက်သည်။
လင်းချင်ယု အေးစက်စွာ ပြောလိုက်သည် "မင်းဘယ်သူ့ကို ခေါ်နေတာလဲ?"
လုဝမ်ချန် ပြုံးပြီး ပြောလိုက်သည်"ဒီနေရာမှာ တခြားတစ်ယောက်ရှိသေးလို့လား?"
လင်းချင်ယုသည် နောက်လှည့်လိုက်သည်။ယိမ်းနွဲ့နေသော ဖယောင်းတိုင်မီးသည် သူ့ပါးပေါ်တွင် ကြက်သွေးရောင်ခြယ်ထားသည်။သူ့မျက်လုံးထောင့်က မျက်ရည်ခံမှည့်သည်လည်း ပိုနီကဲ့သို့ တောက်ပလာသည်။
သူကလှပပေမယ့် ကောင်းမွန်တဲ့ စိတ်ရှိပုံမပေါ်ပေ။
လုဝမ်ချန် အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီး လင်းချင်ယုကို ထိုင်ဖို့ခေါင်းညိတ်ပြလိုက်သည်။လင်းချင်ယုသည် အိပ်ယာဘေးတွင် မတ်တပ်ရပ်နေပြီး လုဝမ်ချန်နဲ့ လက်တစ်ကမ်းအကွာကို ထိန်းသိမ်းထားသည်။
"ငါအခုပဲ အဓိကအကြောင်းရင်းကို ခွဲထုတ်နေတာ။"လုဝမ်ချန် အသံသည် တည်ငြိမ်နေပြီး သူပထမနိုးတဲ့အချိန်တုန်းက စိတ်လှုပ်ရှားခြင်းတို့မရှိတော့ပေ။
လင်းချင်ယုက ပေါ့ပေါ့ပါးပါးပြောလိုက်သည် "အဲ့ဒါက ငါနဲ့ဘာဆိုင်လို့လဲ?"
"အဲ့ဒါက မင်းနဲ့နည်းနည်းဆိုင်တယ်။ဘာလို့လဲဆိုတော့ ငါစဥ်းစားနေတာက မင်းရဲ့အဓိကအကြောင်းရင်းနဲ့ သက်ဆိုင်နေလို့ပဲ။"ထိုစကားလုံးအနည်းငယ်ကိုပြောပြီးနောက် လုဝမ်ချန်သည် အနည်းငယ် အားနည်းပြီး ဖြူဖျော့နေပြီ ဖြစ်သည်။"တကယ်လို့ ငါရက်အနည်းငယ်လောက် စောရောက်ခဲ့မယ်ဆို မင်းတစ်သက်လုံးမုဆိုးမအဖြစ် မလွဲသာမရှောင်သာ ကျုံ့တွေ့ရမဲ့ ဒီအိမ်ထောင်ရေးကို ငါသေချာပေါက် သဘောတူမှာမဟုတ်ဘူး။"
လင်းချင်ယု၏ အမူရာသည် ထုံထိုင်းသွားသည်။"ဒါတွေကို အခုပြောနေတော့ရော ဘာအသုံးဝင်မှာလဲ?"
"အမှန်ပဲ။အခုငါတို့က လက်ထပ်ပြီးသွားပြီး ချည်နှောင်ပြီးသွားပြီ ငါတို့မင်္ဂလာဆောင်ရိုးရာဓလေ့ကို လုပ်ဆောင်ပြီး တစ်မြို့လုံးက ငါတို့ကခင်ပွန်းနဲ့ဇနီးဖြစ်တယ်ဆိုတာ သိပြီးပြီ။"
လင်းချင်ယု လှောင်ပြောင်လိုက်သည် "မဟုတ်ဘူး။"
"ဟမ်?"
လင်းချင်ယု လှောင်ပြောင်ပြီး "ငါတို့ လက်ထပ်ပွဲရိုးရာဓလေ့ကို မလုပ်ခဲ့ဘူး။မင်းက တစ်ချိန်လုံးအိပ်နေတာ။ငါက ရိုးရာဓလေ့ကို ကြက်ဖနဲ့လုပ်ခဲ့ရတာ။"
[ဒီနေရာမှာBig Cockလို့ရေးထားတာပါ စစချင်းကိုယ်ထင်ချင်တာထင်နေတာ:') ]
လုဝမ်ချန်က သရော်လိုက်သည် "အဲ့ဒါဟုတ်တယ်။အဆင်ပြေပါတယ်။ငါတို့ ရိုးရာကိုမလုပ်ခဲ့ရင်တောင် အဲ့ဒါကအဆင်ပြေတုန်းပဲ။မင်း ဒီအိမ်ထောင်ရေးကို အလေးနက်ထားစရာမလိုပါဘူး။ငါက တစ်နှစ်ခွဲတောင် နေရမှာမဟုတ်တဲ့အတွက် မင်းတစ်နှစ်ခွဲလောက် ဒုက္ခခံရအုန်းမယ်။ငါသေသွားရင် မင်းငါ့အမွေတွေကိုယူပြီး လင်းအိမ်ရာကို ပြန်သွားနိုင်တယ်။ဒီလိုဆို မင်းလဲဆုံးရှုံးမှု့အများကြီး ခံစားရမှာမဟုတ်ဘူး။"
လင်းချင်ယုသည် လန့်သွားပြီး မယုံသင်္ကာနဲ့ပြောလိုက်သည် "ဒီလောက် ကောင်းတာရှိလို့လား"
"ရှိတယ်။မင်းအိမ်ကို အမွေဘယ်လောက်ပြန်ယူသွားနိုင်မလဲဆိုတာ မင်းအစွမ်းစပေါ်မူတည်တယ်။"လုဝမ်ချန် ပျော့ပျောင်းသောခေါင်းအုံးကို မှီလိုက်ပြီး ပျင်းရိတဲ့အသံနဲ့ပြောလိုက်သည် "ဒီလိုကျိုးပဲ့နေတဲ့ခန္ဓာကိုယ်နဲ့ ငါ ဘာအိမ်တွင်းရေး ရုန်းကန်မှု့ တိုက်ခိုက်ရေးမှာမှ ဝင်ပါမှာမဟုတ်ဘူး။နန်အန်ဟိုစံအိမ်က ရေက နက်ရှိုင်းတယ်။ငါ အဲ့ဒါကို ဖမ်းဆုတ်လို့မရဘူး။ငါဒီတိုင်း အလိုက်သင့်နေပြီး စားသောက်ပြီး သေဖို့အတွက် စောင့်နေတာပါ။ငါ ငါးဆားနယ်ပဲဖြစ်ချင်တယ်။"
Bridal veil-သတို့သမီး မျက်နှာလွှာ
Zawgyi
နန္အန္ဟိုစံအိမ္ မဂၤလာေဆာင္အႀကိဳေန႔ သတို႔သမီးအခန္းအတြင္းတြင္။
သတို႔သမီးကို လိုက္ပါေစာင့္ေရွာက္သူႏွစ္ဦးသည္ သူတို႔၏ အလုပ္တာဝန္မ်ားကို ၿပီးဆုံးသည္ႏွင့္ ဟိုစံအိမ္၏ အေစခံမ်ားကို အတြင္းခန္းအျပင္သို႔ ေခၚေဆာင္သြားခဲ့သည္။သူတို႔က စိတ္မရွည္စြာ တီးတိုးအတင္းမေျပာခင္ တံခါးကိုေတာင္ျဖတ္မသြားရေသးေပ။
"ငါ့ဘဝမွာ အေတာ္ၾကာၾကာေနခဲ့ရၿပီးၿပီး ဒီေလာက္လွတဲ့ ေယာက်ာ္းေလးကို ငါမျမင္ဖူးေသးဘူး။"
"သူက နာမက်န္းတဲ့သူနဲ႔ လက္ထပ္ရတာ သနားစရာပဲ။"
"သနားစရာေကာင္းတယ္ဆိုတာ ဘာကိုဆိုလိုတာလဲ?သူက ဟိုစံအိမ္က သခင္ငယ္ေလးကို လက္ထပ္ရတာေလ။သူ႔လကၡဏာရွစ္ခုက* သခင္ငယ္ေလးဟိုအတြက္ ခ်ဳံရွီကို* ကြက္တိကိုက္ညီမေနဘူးဆိုရင္ သခင္ႀကီးဟိုနဲ႔ သခင္မဟိုက အင္ပါယာေဆး႐ုံ ယြမ္ပန္က* ငါးေယာက္ေျမာက္သားကိုေတာင္ အေရးေပးစဥ္းစားမွာမဟုတ္ေလာက္ဘူး။"
[လကၡဏာရွစ္ခု- အဲ့ဒါက ဘယ္အခ်ိန္မွာေမြးတယ္၊ ႏွစ္၊ လ၊ ရက္၊ အခ်ိန္ အတိအက်ကိုေျပာတာပါ။ေဗဒင္ေဟာတဲ့ေနရာမွာသုံးပါတယ္။]
[ခ်ဳံရွီ-တားဆီးကာကြယ္တဲ့လက္ထပ္ပြဲလို႔ေခၚပါတယ္၊ အႏၲရာယ္မ်ားေလာက္ေအာင္ဖ်ားနာေနတဲ့ လူငယ္ေလးကို ေပ်ာ္႐ႊင္ဖြယ္ရာ အျဖစ္ပ်က္က ေသအံဆဲဆဲျဖစ္ေနတာကို တားဆီးကာကြယ္ေပးမယ္လို႔ ေမွ်ာ္လင့္တဲ့ စီစဥ္ေပးထားတဲ့လက္ထပ္ပြဲပါ။]
[Yuan Pan-ဒီဝတၳဳက ဘယ္သမိုင္းမင္းဆက္ကမွမဟုတ္ပါဘူး ဒါေပမယ့္ ခ်င္မင္းဆက္မွာ ထိုဂုဏ္ပုဒ္ကို အင္ယာပါအိမ္ေထာင္စုကို ေဆးအကူေတြ ျဖန္႔ျဖဴးတာနဲ႔ သုေတသန ဦးစီးဦးေဆာင္တာနဲ႔ ေဆး႐ုံကိုစီမံဖို႔အတြက္ စုစုေပါင္း လူႏွစ္ေယာက္ ကိုင္ေဆာင္ထားသည္။]
"မင္းေျပာတာက က်ိဳးေၾကာင္းဆီေလ်ာ္တယ္။ဒါက ေကာင္းခ်ီးလား က်ိန္စာလားဆိုတာ အခ်ိန္ကပဲ ေျပာျပ
လိမ့္မယ္။"
.....
သူတို႔၏စကားဝိုင္းအလည္တြင္ သတို႔သမီးကို လိုက္ပါေစာင့္ေရွာက္သူသည္ အခန္းအျပင္ကို ေရာက္ရွိလာသည္။တံခါးႏွစ္ခုကို ဆြဲမပိတ္ခင္ သူအထဲကို တစ္ခ်က္ၾကည့္လိုက္သည္။အနီေရာင္ေတာက္ေတာက္ ပြဲအလယ္တြင္ ဟိုစံအိမ္ကို လက္ထပ္ၿပီးခါစ လူငယ္ေလးသည္ သူ႔မ်က္ႏွာကို သတို႔သမီး မ်က္ႏွာလႊာကို ဖုံးအုပ္ထားၿပီး သတို႔သမီးကုတင္ေပၚတြင္ ေက်ာက္စိမ္းထုထြင္းထားသလိုမ်ိဳး ၿငိမ္သက္စြာ ထိုင္ေနသည္။
တံခါးသည္ ျဖည္းညင္းစြာ ပိတ္သြားၿပီး သတို႔သမီးအခန္းထဲတြင္ ဝမ္းေျမာက္ဝမ္းသာသည့္ လက္ထပ္ၿပီးခါစ ဇနီးေမာင္ႏွံသာ က်န္ရစ္ခဲ့သည္။
ပတ္ဝန္းက်င္ေနရာက တိတ္ဆိတ္သြားၿပီး တစ္ေန႔လုံးေတာင့္တင္းေနေသာ လင္းခ်င္ယုေနာက္ေက်ာသည္ ေနာက္ဆုံးတြင္ ေျပေလ်ာ့သြားသည္။သူ႔ခႏၶာကိုယ္ကို အနည္းငယ္ လႈပ္ရွားလိုက္ၿပီး သတို႔သမီး မ်က္ႏွာလႊာမွာ ခ်ိတ္ဆြဲထားသည္ ပန္းဖြားမ်ားက သူႏွင့္အတူ ယိမ္းႏြဲ႕ေနသည္။
သတို႔သမီးမ်က္ႏွာလႊာ ဝတ္ဆင္ျခင္းသည္ တကယ္ အဆင္မေျပေပ။အမ်ိဳးသမီး သတို႔သမီးက လက္ထပ္ေသာအခါတြင္ သူမေခါင္းေပၚက သတို႔သမီး မ်က္ႏွာလႊာကို သူမခင္ပြန္းမွ မတင္ေပးရသည္။၎သည္ အမ်ိဳးသားသတိုးသမီးကို လက္ထပ္ေသာအခါတြင္လဲ ဒီလိုမ်ိဳးျဖစ္သည္ဟု ယူဆရသည္။
သို႔ေသာ္ သူ႔ခင္ပြန္းက ဒါကို မစြမ္းေဆာင္ႏိုင္မွာကို သူေၾကာက္႐ြံမိသည္။
သူ..."ခင္ပြန္း။"
လင္းခ်င္ယု သူ႔လက္ကိုေျမႇာက္လိုက္ၿပီး သတို႔သမီး မ်က္ႏွာလႊာကို ကိုယ္တိုင္ဖယ္လိုက္သည္။သူ႔အျမင္အာ႐ုံက ေနာက္ဆုံးပြင့္လာခဲ့သည္။သူ ပတ္ပတ္လည္ကိုၾကည့္လိုက္ေတာ့ အေရာင္ေဖ်ာ့ေသာ ပိတ္က်ဲလိုက္ကာႏွင့္ အနီေရာင္အဖုံးႏွင့္ ေႏြးေထြးေသာေစာင္ရွိသည္။ေနာက္ဆုံး သူအာ႐ုံကို ကုတင္ေပၚမွာအိပ္ေနတဲ့လူစီ လွည့္လိုက္သည္ - နန္အန္စံအိမ္၏ သခင္ငယ္ေလးဟို၊ လုဝမ္ခ်န္။
ဖေယာင္းတိုင္မီးေအာက္တြင္ လင္းခ်င္ယု လုဝမ္ခ်န္ကို အမူရာမရွိဘဲ အကဲျဖတ္လိုက္သည္။
လုဝမ္ခ်န္သည္ ၾကက္ေသြးေရာင္ မဂၤလာဝတ္စုံကို ဝတ္ထားသည္။သူ႔မ်က္ခုံးေတြက အေဝးကေတာင္တန္းေတြလိုျဖစ္သည္။သူ႔မ်က္ေတာင္ေတြကလဲ ရွည္လ်ားထူထဲၿပီး သူပါးေတြက ခ်ိဳင့္ဝင္ေနၿပီး သူ႔ႏႈတ္ခမ္းကလဲ စာ႐ြက္ကဲ့သို႔ ျဖဴေလ်ာ္ေနသည္။သူမ်က္ခုံးေတြက တင္းတင္းက်ပ္က်ပ္ပိတ္ထားကာ ဖ်ားနာမႈ႕ေၾကာင့္ သူ႔ခႏၶာကိုယ္က က်ိဳးပဲ့ေနပင္မဲ့ အလြန္ၾကည့္ေကာင္းေသာ အသြင္အျပင္ကို လက္ေဆာင္ရထားသည္ဆိုတာ ေတြ႕ျမင္ႏိုင္သည္။
ဒီေန႔ကေနစၿပီး ဒီလူက သူ႔ခင္ပြန္းျဖစ္သည္။
သူကေယာက်ာ္းျဖစ္ေပမယ့္ သူကတျခားေယာက်ာ္းတစ္ေယာက္၏ ဇနီးမယားျဖစ္လာသည္ - သူက တယူမင္းဆက္၏ ပထမဆုံး "တရားဝင္ ဥပေဒအရ လက္ထက္ေသာ" အမ်ိဳးသားဇနီးမယားျဖစ္လာသည္။
ဘယ္ေလာက္ေတာင္ ရီစရာေကာင္းလိုက္လဲ။
သူအင္ပါယာေဆးဘက္ဆိုင္ရာ႐ုံး၏ စာေမးပြဲအတြက္ ျပင္ဆင္ေနတာ သုံးႏွစ္ရွိၿပီ။သူစာေမးပြဲေအာင္ခဲ့လွ်င္ သူ႔အေဖလိုပဲ ေဆးဘက္ဆိုင္ရာ အရာရွိတစ္ေယာက္ျဖစ္လာလိမ့္မည္။သူနန္းေတာ္ထဲမဝင္ႏိုင္ခဲ့ရင္ေတာင္ သူၿမိဳ႕ေတာ္မွာ ေဆးဆိုင္ဖြင့္ၿပီး သာမန္သမားေတာ္တစ္ေယာက္ျဖစ္ႏိုင္သည္။
ဝမ္းနည္းစရာေကာင္းတာက ဒီအဓိကတာဝန္အတြက္ အျပင္ထြက္ဖို႔ ျပင္ဆင္ေနတဲ့အခ်ိန္မွာ ဧကရီက သူမအရင္ေပၚလာဖို႔ေခၚခဲ့ၿပီး ေျပာခဲ့သည္ "မင္းရဲ႕သားက ေမလ၁၁ရက္ ေကြ႕ေဝႏွစ္၊ ခ်န္ရွီမွာေမြးတယ္လို႔ ၾကားတယ္။ အဲ့ဒါဟုတ္လား?"
အေဖလင္းထံမွ ခိုင္လုံေသာအေျဖရၿပီးေနာက္ ဧကရီက ဧကရာဇ္ကို လင္းမိသားစုနဲ႔ လက္ထပ္ပြဲကို တိုင္ပင္ေဆြးေႏြးၿပီး လင္းခ်င္ယုကို နန္အန္ဟို၏အႀကီးဆုံးသား လုဝမ္ခ်န္ႏွင့္ လက္ထပ္ရန္ကတိျပဳခဲ့သည္။
လုဝမ္ခ်န္သည္ ေမြးရာပါဖ်ားနာၿပီး ႏွစ္ေပါင္းမ်ားစြာ အိမ္ယာထဲလွဲေနတာကို ၿမိဳ႕ေတာ္ရွိ အရာရွိမ်ားႏွင့္ မူးမတ္မ်ိဳးႏြယ္မ်ားအားလုံး သိသည္။သူေမြးဖြားတုန္းက နန္အန္ဟိုက အင္ပါယာသမားေတာ္ကို သူ႔ကိုၾကည့္ေပးရန္ အထူးဖိတ္ၾကားခဲ့သည္။အင္ပါယာ သမားေတာ္သည္ သခင္ငယ္ေလးဟိုသည္ အသက္၂၀ကိုေက်ာ္ျဖတ္ၿပီး အသက္မရွင္ႏိုင္ဘူးလို႔ အခိုင္အမာေျပာခဲ့သည္။
ဒီႏွစ္မွာေတာ့ လုဝမ္ခ်န္က အသက္၁၉ႏွစ္ျဖစ္ၿပီး သူ႔အေျခေနက တစ္ေန႔ထက္တေန႔ ပိုပိုဆိုးဝါးလာသည္။သူ႔ေန႔ရက္ေတြက တျဖည္းျဖည္းဆုတ္ယုတ္လာၿပီး နိဂုံးခ်ဳပ္ရန္ နီးကပ္လာတာကို ျမင္လိုက္ရသျဖင့္ နန္အန္ဟိုသည္ ေကာင္းကင္ဘုံကိုဝင္ေရာက္ၿပီး တေစၱမ်ားႏွင့္ နတ္ဘုရားမ်ားကို သိသည္ဟုဆိုေသာ တယူမင္းဆက္ ႏိုင္ငံေတာ္ဆရာကို အကူညီေတာင္းဖို႔ စာေရးရန္မွလြဲၿပီး တျခားေ႐ြးခ်ယ္စရာမရွိေပ။ႏိုင္ငံေတာ္ဆရာက သူ႔ကိုေပးေသာျပန္စာတြင္ စာလုံးရွစ္လုံးပါေသာ စာေၾကာင္းတစ္ေၾကာင္းသာပါၿပီး မတ္လ ၁၁ရက္ ေကြ႕ေဝႏွစ္ ခ်န္ရွီဟု အတိအက်ျဖစ္သည္။
ဧကရာဇ္၏အမိန္႔ကို မလိုက္နာျခင္းသည္ ေသဒဏ္ေပးခံရေသာ ျပစ္မႈ႕ျဖစ္သည္။လင္းခ်င္ယုသည္ သူတစ္ေယာက္ထဲကသာ ေသရမည္ဆိုပါက ဘာမွမဆုံးရႈံးဘူးဟု ေတြးခဲ့ေသာ္လည္း သူ႔အသက္ႀကီးရင့္ေနေသာ မိဘႏွစ္ပါးႏွင့္ သူ႔ညီငယ္ေလးကို ကာကြယ္ရအုန္းမည္ျဖစ္သည္။ဒီနည္းျဖင့္ သူသည္ လုဝမ္ခ်န္၏ ခ်ဳံရွီ အမ်ိဳးသားဇနီးသည္ ျဖစ္လာခဲ့သည္။
၁၀ႏွစ္ေက်ာ္ၾကာေအာင္ ႀကိဳးႀကိဳးစားစား သင္ၾကားခဲ့သမွ်အားလုံးသည္ ဟာသတစ္ခုလို ျဖစ္သြားသည္။
ထိုအခ်ိန္တြင္ ဟိုင္ရွီကို* ေက်ာ္လြန္သြားသည္။ညေစာင့္ေစာင့္ေနေသာ တံခါးအျပင္ဘက္က အေစခံမိန္းကေလးသည္ "ေရွာင္ကြၽမ္* အခ်ိန္ေရာက္ပါၿပီ။သခင္ငယ္ေလးဟိုကို အိမ္ယာမွာ ၾကင္နာစြာ ခစားပါ။"
[Hai shi-၉နာရီကေန၁၁နာရီအခ်ိန္ကိုေျပာတာပါ။]
[Shao jun- သခင္ေလးလို႔ဆိုလိုတာပါ လင္းခ်င္ယုကိုေျပာတာပါ။]
လင္းခ်င္ယု သူ႔အိပ္ေပ်ာ္ေနေသာ ခင္ပြန္းကိုၾကည့္လိုက္ၿပီး သူ႔လက္ေခ်ာင္းေတြကို ဆုတ္လိုက္သည္ -သူမက သူ႔ကို လုဝမ္ခ်န္ကို ခစားေစခ်င္ေသးတာလား?ဘယ္လို ဟာသလဲ။
ခ်မ္းသာတဲ့မိသားစုမွာ လက္ထပ္ၿပီးရင္ လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းေတြက အၿမဲတမ္း ရႈပ္ေထြးၿပီး ခက္ခဲသည္။အလ်င္လိုေသာခ်ဳံရွီျဖစ္ခဲ့ေသာ္လည္း နန္အန္ဟိုစံအိမ္သည္ "အမ်ိဳးသားဇနီးျဖစ္နည္း"ဟုေခၚသေသာအရာကို လင္းခ်န္ယုကို သင္ၾကားေပးရန္ ၫႊန္ၾကားေရးအေဒၚတစ္ဦးကို လင္းစံအိမ္သို႔ ေစလႊတ္ခဲ့သည္။မဂၤလာမေဆာင္ခင္မွာ သူ႔ခႏၶာကိုယ္တစ္ခုလုံးကို
အတြင္းေရာအျပင္ပါ သန္႔ရွင္းေအာင္ေဆးေၾကာရသည္။အဆီလိုမ်ိဳး တစုံတခုကိုေတာင္ လိမ္းခဲ့ရသည္။
လင္းခ်င္ယုသည္ လိင္တူခ်စ္သူေကာင္းတစ္ေယာက္ မဟုတ္ေပ။ဒီလိုအရွက္ရမႈ႕မ်ိဳး သူတခါမွမခံစားခဲ့ရေပ။လင္းမိသားစုက လူေတြကိုကာကြယ္ဖို႔သာမဟုတ္ဘူးဆိုရင္ လုဝမ္ခ်န္ကို သူနဲ႔အတူ ေသဆုံးရန္ ေခၚေဆာင္သြားဖို႔ကလြဲၿပီး ဘာကိုမွမႏွစ္သက္ေတာ့ေပ။
သတို႔သမီးအခန္းထဲမွာ ဘာလႈပ္ရွားမႈ႕မွမေတြ႕ေတာ့ အေစခံမိန္းကေလးက ေနာက္ထပ္တိုက္တြန္းလိုက္သည္ "သခင္ေလး အိပ္ယာဝင္ဖို႔အခ်ိန္က်ပါၿပီ။"
လင္းခ်င္ယုသည္ သူ႔မ်က္လုံးကိုပိတ္လိုက္ၿပီး ထြက္လာေသာအမုန္းတရားေတြကို ျပန္ၿမိဳသိမ့္လိုက္ရသည္။သူဖေယာင္းတိုင္ေတြကို မႈတ္လိုက္ၿပီး ကုတင္ေရွ႕က အနီေရာင္ဖေယာင္းတိုင္ကို တစ္ခုထဲကိုသာ က်န္ခဲ့လိုက္သည္။လုဝမ္ခ်န္သည္ ေစာင္ေပၚတြင္လဲေလ်ာင္းလ်က္ ေ႐ႊေရာင္ထိုးထားသည့္ မဂၤလာဝတ္စုံကို ဝတ္ဆင္ထားဆဲျဖစ္သည္။ဒီလိုပုံမ်ိဳး အိပ္တာက သိပ္ၿပီးသက္ေတာင့္သက္သာ မရွိႏိုင္ဘူး။
ဒါေပမယ့္ အဲ့ကိစၥက သူနဲ႔ဘာဆိုင္လို႔လဲ?လုဝမ္ခ်န္ ထာဝရအိပ္ေပ်ာ္သြားမဲ့ ေန႔ကိုေမွ်ာ္လင့္ေနသည္။
လင္းခ်င္ယု အိပ္ယာဆီသို႔ လမ္းေလွ်ာက္သြားၿပီး သူ႔မ်က္လုံးမ်ားသည္ လုဝမ္ခ်န္၏ သူ႔ရင္ဘက္ေပၚတြင္ ကန္႔လန္႔ျဖတ္တင္ထားေသာ လက္ေတြကို က်ေရာက္သြားသည္။
လင္းမိသားစုသည္ ေဆးဘက္ဆိုင္ရာမိသားစုျဖစ္သည္။လင္းခ်င္ယုသည္ ကေလးဘဝတည္းက သူ႔ဖခင္ႏွင့္ ေဆးပညာကိုေလ့လာခဲ့တာျဖစ္သည္။သူဆယ္ေက်ာ္သက္အ႐ြယ္ေရာက္ေသာအခါတြင္ စာေလ့လာရန္ အိမ္ကေနထြက္လာၿပီး ေက်ာ္ၾကားေသာ ဆရာေနာက္ကိုလိုက္ခဲ့သည္။လုဝမ္ခ်န္၏ အသားေရကို ၾကည့္႐ုံျဖင့္ လုဝမ္ခ်န္သည္ ေသလုေျမာပါး ဖ်ားနားေနၿပီး ျပင္းထန္ၿပီး နာတာရွည္ေရာဂါ ခံစားေနရတာျဖစ္မည္ဆိုတာ သူသိသည္။
၎ကိုအတည္ျပဳရန္အတြက္ လင္းခ်င္ယု ဒီဖ်ားနာေသာလူ၏ ေသြးခုန္ႏႈန္းကို ခံစားဖို႔ အသားကိုထိလိုက္သည္။လုဝမ္ခ်န္၏လက္ေကာက္ဝတ္သည္ ေရေအးထဲမွာ ငါးသြားမွ်ားသကဲ့သို႔ ေၾကာက္စရာေကာင္းေလာက္ေအာင္ ေအးစက္ေနသည္။
သူသံသယဝင္ေနသလိုပင္ သူ႔ေသြးခုန္ႏႈန္းသည္ ပင္ပမ္းႏြမ္းနယ္ေနသည္။သူ႔ေသြးခုန္ႏႈန္းသည္ ေသျခင္းတရားႏွင့္ နီးကပ္လာေသာ လကၡဏာမ်ားကိုျပသေနသည္။အံ့ၾသစရာေကာင္းေအာင္ အလုပ္လုပ္တဲ့ သမားေတာ္ ျပန္လည္ဝင္စားလာတာ မဟုတ္ပါက လုဝမ္ခ်န္သည္ အမ်ားစု တစ္ႏွစ္ခြဲသာ ခံေတာ့မည္ျဖစ္သည္။
သူတစ္ႏွစ္ခြဲေလာက္ ေတာင့္ခံဖို႔ပဲလိုအပ္တယ္။လုဝမ္ခ်န္ ကြယ္လြန္သြားတဲ့အခါ သူလြတ္လပ္သြားလိမ့္မယ္။
လင္းခ်င္ယုသည္ မသိစိတ္ကေန သူ႔လက္မွာ အားသုံးလိုက္တဲ့အတြက္ေၾကာင့္ လုဝမ္ခ်န္၏ လက္ေကာက္ဝတ္တြင္ တိမ္ေသာ အမွတ္ႏွစ္ခုက်န္ရစ္ခဲ့သည္။
႐ုတ္တရက္ ထိုျဖဴေဖ်ာ့ေသာ လက္ေခ်ာင္းမ်ားသည္ လႈပ္ရွားလာသည္။
လင္ခ်င္ယု မသိစိတ္ကေန လြတ္လိုက္ၿပီး လုဝမ္ခ်န္၏ လက္ကို အိပ္ယာေပၚျပန္က်သြားေစသည္။သူ႔မ်က္ခြံေအာက္ကေန မ်က္လုံးေတြက လိမ့္ေနတာကို ေတြ႕ၿပီး သူ႔ရွည္လ်ားေသာ မ်က္ေတာင္ေတြက အနည္းငယ္ တုန္ရီေနသည္။
လုဝမ္ခ်န္ အိပ္ယာႏိုးလာေတာ့မွာလား?
လင္းခ်င္ယုသည္ သူလုဝမ္ခ်န္ကို မ်က္ေတာင္မခတ္စိုက္ၾကည့္ေနရင္း တည္ၾကည္ေသာအမူရာရွိေနသည္။သူရဲ႕ ဓါးလိုအၾကည့္ေအာက္မွာ လုဝမ္ခ်န္ သူ႔မ်က္လုံးမ်ားကို ျဖည္းျဖည္းခ်င္း ဖြင့္လိုက္သည္။
လုဝမ္ခ်န္မ်က္လုံးေတြက ျမဴႏွင့္ဖုံးလႊမ္းေနပုံေပၚၿပီး သူကဘာမွမျမင္ရသကဲ့သို႔ ျဖစ္ေနသည္။သူ႔မ်က္လုံးထဲက ျမဴမ်ားေပ်ာက္ကြယ္သြားေသာအခါ ပေဟဋိျဖစ္ေသာ အမူရာေပၚလာခဲ့သည္ "ဟမ္....? ဒီဂႏၲဝင္အလွေလးက ဘယ္ကေရာက္လာတာလဲ?"
ဟမ့္ ဒီတဏွာ႐ူးကေတာ့ သူေသခံနီးဆဲဆဲျဖစ္ေနတာေတာင္ သူ႔ကိုအလွေလးလို႔ေခၚဖို႔ မေမ့ေသးဘူး။
လင္းခ်င္ယုက ေအးသက္စြာ ေျပာလိုက္သည္ "မင္းႏိုးလာၿပီ။"
လုဝမ္ခ်န္က ခဏေလာက္ ေငးေမာေနသည္။သူက "မင္းဘယ္သူလဲ?"လို႔ ကြဲအက္ေနေသာအသံျဖင့္ ေမးလိုက္သည္။
လင္းခ်င္ယု၏မ်က္လုံးမ်ားထဲတြင္ အံ့ၾသသင့္ေသာ အရိပ္ေယာင္မ်ား ေပၚထြက္လာသည္။"မင္း ငါဘယ္သူလဲဆိုတာ မသိဘူးလား?"
ဒါသူတို႔ေတြ႕ဆုံသည့္ ပထမဆုံးအႀကိမ္ျဖစ္ေပမယ့္ လုဝမ္ခ်န္မွာ ဦးေႏွာက္ႀကီးထြားသေ႐ြ႕ သူ႔ေပၚမွာဝတ္ထားသည့္ သတို႔သမီးဝတ္စုံကိုျမင္႐ုံျဖင့္ သူသေဘာေပါက္သင့္သည္။
လုဝမ္ခ်န္ သူ႔ေခါင္းကိုခါလိုက္ၿပီး မသဲမကြဲေခ်ာင္းဆိုးသံထြက္လာၿပီး ေျပာလိုက္သည္ "အဲ့ဒါအရမ္းအပ္ေၾကာင္းထပ္ေနပင္မယ့္ သူေမးခ်င္ေနတုန္းပဲ။ဒါကဘယ္ေနရာလဲ?ငါဘာလို႔ဒီကိုေရာက္ေနတာလဲ?"
လင္းခ်င္ယု: "....." ဖ်ားနာမႈ႕က သူ႔ကိုတုံးအသြားေအာင္လုပ္လိုက္တာ ျဖစ္ႏိုင္မလား?ဒါမွမဟုတ္ လုဝမ္ခ်န္က ဒီလက္ထပ္ပြဲအေၾကာင္းကိုေတာင္ မသိဘူးလား?
ခ်ဳံရွီမတိုင္ခင္က သူ႔ခမည္းေတာ္က လုဝမ္ခ်န္၏အေျခေနနဲ႔ပတ္သက္ၿပီး ေျပာတာကို ၾကားခဲ့သည္။လုဝမ္ခ်န္သည္ လြန္ခဲ့လက မိန္းေမာေတြေဝၿပီး စိတ္ရႈပ္ေထြးေနသည္လို႔ ဆိုသည္။ဒီလိုဆိုရင္ေတာ့ လုဝမ္ခ်န္က ဒီအိမ္ေထာင္ေရးကို လုံးလုံးမသိတာျဖစ္ႏိုင္တယ္။
လင္းခ်င္ယု အမူရာက အနည္းငယ္ ေျပေလ်ာ့သြားသည္။"မ်ိဳး႐ိုးနာမည္က လင္း နာမည္က ခ်င္ယုပါ။"
"လင္းခ်င္ယု?လင္း...ခ်င္...ယု။" လုဝမ္ခ်န္ သူ႔နာမည္ကိုေျပာလိုက္သည္။တစ္စုံတစ္ခုနဲ႔ ႐ိုက္ခတ္လိုက္သလိုပဲ သူကေျပာလိုက္သည္ "အေရွ႕နန္းေတာ္မွာ ေသဆုံးသြားတဲ့ လွပတဲ့အင္ပါယာသမားေတာ္?"
လင္းခ်င္ယု မ်က္ေမွာင္ႀကဳံလိုက္သည္ "ဘာ?"
လုဝမ္ခ်န္က သူ႔ကို ခဏေလာက္ၾကည့္ေနၿပီး သူ႔မ်က္ႏွာက ထိတ္လန္႔မႈ႕နဲ႔ျပည့္ႏွက္ေနသည္။ထို႔ေနာက္ ႐ုတ္တရက္ သူက ထထိုင္ဖို႔ ႐ုန္းကန္ေနသည္။
သမားေတာ္တစ္ေယာက္၏ အေလ့အက်င့္အရ လင္းခ်င္ယုသည္ ယိမ္းယိုင္ေနေသာလူနာကို ျပန္တြန္းလိုက္သည္။"မင္းဘာလုပ္ေနတယ္ ထင္တာလဲ?"
"မွန္။" လုဝမ္ခ်န္ သူ႔ရင္ဘက္ကို လက္တစ္ဖက္နဲ႔ ကာလိုက္ၿပီး ဗီ႐ိုေပၚက ေၾကးနီမွန္ကို တစ္ဖက္နဲ႔ၫႊန္ျပလိုက္သည္။သူ႔ဆံပင္ရွည္ေတြက ေခါင္းအုံးေပၚမွာ ျပန္႔က်ဲေနသည္ "အဟြတ္၊ အဟြတ္။ ငါ့ကိုမွန္ေပး။"
မွန္?
လင္းခ်င္ယု ေၾကးနီမွန္ကို လုဝမ္ခ်န္ကို ကမ္းေပးၿပီး ေမးလိုက္သည္ "ဒီမွန္က ဘာမွားေနလို႔လဲ?"
လုဝမ္ခ်န္က မွန္ထဲကသူ႔ကိုယ္သူ ျမင္ၿပီးေနာက္ တေစၱသရဲကို ျမင္ေနရသည့္အတိုင္း သူ႔မ်က္လုံးေတြက ႐ုတ္တရက္ ျပဴးက်ယ္လာသည္။သူ႔အမူအရာက သူ႔မွာေျပာစရာ စကားလုံးေတြတစ္ေထာင္ေလာက္ရွိေနပုံသည္။သူ အသက္မရႈႏိုင္ေလာက္ေတာ့တဲ့အထိ အခ်ိန္အၾကာႀကီး ထိန္းထားလိုက္သည္။အဆုံးမွာေတာ့ သူစကားတစ္လုံးပဲေျပာႏိုင္သည္ " ....ဖက္။"
ညေစာင့္ေစာင့္သည္ အေစခံမိန္းကေလးသည္ သတို႔သမီးအခန္းထဲကေန လႈပ္ရွားမႈ႕ကိုၾကားလိုက္ရသည္။သူတံခါးကိုေခါက္လိုက္ၿပီး ေမးလိုက္သည္ "ေရွာင္ကြၽမ္ တခုခုျဖစ္လို႔လား?"
လင္းခ်င္ယု မိုးႀကိဳးပစ္ခံရသလိုမ်ိဳး မိန္းေမာေတြေဝေနတဲ့ လုဝမ္ခ်န္ကို ၾကည့္လိုက္ၿပီး တည္ၿငိမ္စြာေျပာလိုက္သည္ "မင္းသခင္ႀကီးဟိုနဲ႔ သခင္မကို သခင္ေလးဟို ႏိုးလာၿပီလို႔ ေျပာလိုက္။"
အေစခံမိန္းကေလးက ခ်က္ခ်င္း နန္အန္ဟိုႏွင့္ သခင္မဟိုကို သတင္းပို႔ဖို႔ တစ္ေယာက္ေယာက္ကိုလႊတ္လိုက္သည္။ထို႔ေနာက္ သူတို႔ သမားေတာ္ကိုလာဖို႔ ဖိတ္လိုက္သည္။ခဏအၾကာတြင္ သတို႔သမီးအခန္းသည္ လူမ်ားႏွင့္ျပည့္ႏွက္သြားသည္။အျပင္ဘက္အဆုံးတြင္ ရပ္ေနေသာ လင္းခ်င္ယုသည္ လုံးဝအျပင္လူလိုမ်ိဳး ျပဳမႈေနသည္။
လုဝမ္ခ်န္၏ ေသြးခုန္ႏႈန္းကို စစ္ေဆးေသာ သမားေတာ္ေက်ာင္သည္ အင္ပါယာသမားေတာ္မဟုတ္ေပမယ့္ သူလည္း ၿမိဳ႕ေတာ္တြင္ နာမည္ႀကီးေသာ သမားေတာ္ျဖစ္သည္။သမားေတာ္ေက်ာင္သည္ သူ႔မုတ္ဆိတ္ေမႊးကို ပြတ္လိုက္ၿပီး မယုံၾကည္ႏိုင္ဘဲ ေျပာလိုက္သည္ "ဒါဒီလူအိုႀကီး သူ႔ဆယ္စုႏွစ္ေပါင္းမ်ားစြာ ေဆးပညာ ေလ့က်င့္ေရးအတြင္းမွာ ဒီလိုအေျခေနမ်ိဳးႀကဳံေတြ႕ရတာ ဒါပထမဆုံးအႀကိမ္ပဲ။"
သခင္မဟိုက စိတ္အားထက္သန္စြာေျပာလိုက္သည္ "သမားေတာ္က်န္႔ ဒါဝမ္ခ်န္မ်ား.....?"
"သခင္မ စိတ္မရွည္မျဖစ္ပါနဲ႔။သခင္ေလးဟိုႏိုးလာတာ ေကာင္းတဲ့ကိစၥပါ။ဒီေသြးခုန္ႏႈန္းတခုကပဲ....မေနကတုန္းက ဒီလူအိုႀကီး သခင္ေလးဟိုေသြးခုန္ႏႈန္းကို စစ္ေဆးၾကည့္ခဲ့ပါတယ္။အဲ့အခ်ိန္တုန္းက သခင္ေလးဟိုရဲ႕ အသက္ပါမႈ႕က ေသခ်ာေပါက္ ပင္ပန္းႏြမ္းနယ္ေနၿပီး သူက ေကာင္းကင္နဲ႔လူသားရဲ႕ ပ်က္စီးျခင္းငါးပါးနဲ႔* သိပ္မေဝးေတာ့ဘူး။ဒါေပမယ့္ အခုေတာ့ လုံးလုံး တျခားလူတစ္ေယာက္လိုပဲ။"သမားေတာ္ေက်ာင္က အံၾသတႀကီး သူ႔လွ်ာကိုေခါက္လိုက္သည္။"အဲ့ဒါက နတ္ဘုရားက သူတို႔ရဲ႕ အကူညီကိုေခ်းငွားေပးၿပီး သူ႔ခႏၶာကိုယ္ကို တက္ႂကြမႈ႕ေတြနဲ႔ သြင္းေလာင္းလိုက္သလိုပဲ။"
[Five decays of Heaven and Man-ဗုဒၶဝါဒမွာ ဘဝရဲ႕အဆုံးသတ္မွာေရာက္တဲ့အခါ ျဖစ္တဲ့ျဖစ္စဥ္ပါ။ေျပာရရင္ ေသဆုံးတာပါ။]
လင္းခ်င္ယု တိတ္ဆိတ္စြာ ေတြးေတာေနသည္။လုဝမ္ခ်န္က ႐ုတ္တရက္ ပိုေကာင္းလာတယ္ ၎သည္ ေနဝင္ံခံနီး၏ ေနာက္ဆုံးေရာင္ျခည္*မဟုတ္ေပ။အဲ့ဒါသည္ ထူးဆန္းသည္။ဒီလိုအလားတူအျဖစ္မ်ိဳးကို ဘယ္ေဆးစာအုပ္ထဲမွာမွ သူမျမင္ဖူးေပ။
[မေသခင္ သတိျပန္ရလာတာကိုေျပာတာပါ။]
သခင္မဟိုသည္ စိတ္ပ်က္အံ့အားသင့္သြားၿပီး ေမးလိုက္သည္ "ဒါဆို သူ႔ဖ်ားနာမႈ႕က ျပန္ၿပီးေကာင္းလာေတာ့မွာလား?"
သမားေတာ္သည္ အတည္မျပဳရဲေပ။သူ စဥ္းစားလိုက္ၿပီး ေျပာလိုက္သည္ "အနည္းဆုံးေတာ့ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ရွိပါေသးတယ္။"
"ေကာင္းတယ္၊ ေကာင္းတယ္...."သခင္မဟိုသည္ စိတ္လႈပ္ရွားကာ မ်က္ရည္က်လာသည္ "ဝမ္ခ်န္ မင္းၾကားလား?မင္းရဲ႕ေရာဂါက ပိုေကာင္းလာေတာ့မယ္တဲ့။"
လုဝမ္ခ်န္က ထူးျခားတဲ့တုန္႔ျပန္မႈ႕မရွိေပ။သူက "က်ေနာ္ၾကားပါတယ္။"လို႔သာ ေျပာလိုက္သည္။
သမားေတာ္သည္ "သခင္မ၊ သခင္ေလးဟိုက အခုမွႏိုးလာတဲ့အတြက္ သူအနားယူဖို႔လိုအပ္ပါေသးတယ္။"လို႔ထပ္ေျပာလိုက္သည္။
သခင္မဟိုသည္ သူ႔မမ်က္ရည္ေတြကိုသုတ္လိုက္ကာ ေျပာလိုက္သည္ "ဒါဆို ဒီအေမက မင္းနားတာကိုမေႏွာက္ယွက္ေတာ့ပါဘူး-ခ်င္ယုေရာ? ေရွာင္ကြၽမ္ ဘယ္မွာလဲ?"
လူတိုင္း တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္သည္။လင္းခ်င္ယု ေရွ႕ကိုလွမ္းလိုက္ၿပီး ေျပာလိုက္သည္ "သခင္မ။"
သခင္မဟိုသည္ သူ႔လက္ကိုကိုင္လိုက္ၿပီး အၿပဳံးနဲ႔ေျပာလိုက္သည္ "ခ်င္ယု ဟိုစံအိမ္ကို မင္းလက္ထပ္လိုက္တာနဲ႔ ဝမ္ခ်န္ရဲ႕ေရာဂါ ေကာင္းတဲ့ဘက္ကိုဦးတည္လာၿပီ။ေမွ်ာ္လင့္ထားတဲ့အတိုင္း ႏိုင္ငံေတာ္ဆရာက ထူးျခားတဲ့ဗ်ဴဟာနဲ႔ အံ့ၾသဖြယ္နည္းလမ္းနဲ႔ ပါရမီရွင္ျဖစ္တယ္။မင္းက ဝမ္ခ်န္ရဲ႕ ကယ္တင္ရွင္ပဲ။ငါတို႔ရဲ႕ဝမ္ခ်န္ကို မင္းရဲ႕ဂ႐ုစိုက္မႈ႕ေအာက္မွာ ထားလိုက္မယ္။"
လုဝမ္ခ်န္သည္ သူ႔ေခါင္းကိုေမာ့လိုက္ၿပီး လင္းခ်င္ယုကို ၾကည့္လိုက္သည္။
လင္းခ်င္ယုသည္ အၿပဳံးနဲ႔ေျပာလိုက္သည္ "သခင္ဟို စိတ္မပူပါနဲ႔။သခင္ေလးဟိုကို ျပဳစုေစာင့္ေရွာက္ဖို႔ က်ေနာ္ အစြမ္းကုန္ႀကိဳးစားပါမယ္။"
သခင္မဟိုေဘးက မိုမိုက* စလိုက္သည္ "အိုင္ ေရွာင္ကြၽမ္က သခင္ေလးဟိုကို က်မတို႔ေခၚသလို ေခၚေနလို႔မျဖစ္ဘူးေလ။သခင္ေလးကို ခင္ပြန္းလို႔ေခၚသင့္တယ္--"
[Momo- အသက္ႀကီးတဲ့အမ်ိဳးသမီး သူနာျပဳ။ကေလးတုန္းက ျပဳစုေစာင့္ေရွာက္ဖူးတဲ့ အသက္ႀကီးတဲ့အေစခံကိုေခၚတာပါ။]
လူတိုင္းက ရီေမာေနၿပီး လင္းခ်င္ယု အက်ႌလက္ေအာက္မွာကြယ္ေနတဲ့ သူ႔လက္ေတြ တင္းတင္းက်ပ္က်ပ္ ဆုတ္သြားတာ ဘယ္သူမွ သတိမထားမိလိုက္ေပ။
လူတိုင္း လူစုခြဲလိုက္ၿပီး သတို႔သမီးအခန္းသည္ ၿငိမ္သက္မႈ႕ ျပန္လည္ရရွိလာျပန္သည္။အနီေရာင္ဖေယာင္းတိုင္သည္ ကုန္ဆုံးလုနီးပါး ေလာက္ကြၽမ္းေနသည္။
လုဝမ္ခ်န္သည္ အိပ္ယာေပၚတြင္ တိတ္ဆိတ္စြာလဲေလ်ာင္းေနသည္။သူ႔မ်က္ဆုံးမ်ားသည္ တခါတရံတြန္႔သြားၿပီး တခါတေလ ေျပေလ်ာ့သြားသည္။သူက တစုံတခုကို မွတ္မိဖို႔ႀကိဳးစားေနပုံေပၚသည္။
လင္းခ်င္ယုက သူ႔ကိုအာ႐ုံစိုက္ဖို႔ အလြန္ပ်င္းရိေနသည္။သူျပတင္းေပါက္နားမွာရပ္လိုက္ၿပီး အျပင္ဘက္က ထူးဆန္းေသာလကိုၾကည့္လိုက္ၿပီး သူ႔ခႏၶာကိုယ္က လေရာင္လႊမ္းေနပုံေပၚသည္။
အခ်ိန္မသိေအာင္ၾကာရွည္ၿပီးေနာက္ လုဝမ္ခ်န္ သက္ျပင္းခ်လိုက္သည္။ "မိတ္ေဆြ...အို႔ အဲ့ဒါကမမွန္ဘူး -အလွေလး ဒီကိုလာအုန္း။"လို႔ သူေျပာလိုက္သည္။
လင္းခ်င္ယု ေအးစက္စြာ ေျပာလိုက္သည္ "မင္းဘယ္သူ႔ကို ေခၚေနတာလဲ?"
လုဝမ္ခ်န္ ၿပဳံးၿပီး ေျပာလိုက္သည္"ဒီေနရာမွာ တျခားတစ္ေယာက္ရွိေသးလို႔လား?"
လင္းခ်င္ယုသည္ ေနာက္လွည့္လိုက္သည္။ယိမ္းႏြဲ႕ေနေသာ ဖေယာင္းတိုင္မီးသည္ သူ႔ပါးေပၚတြင္ ၾကက္ေသြးေရာင္ျခယ္ထားသည္။သူ႔မ်က္လုံးေထာင့္က မ်က္ရည္ခံမွည့္သည္လည္း ပိုနီကဲ့သို႔ ေတာက္ပလာသည္။
သူကလွပေပမယ့္ ေကာင္းမြန္တဲ့ စိတ္ရွိပုံမေပၚေပ။
လုဝမ္ခ်န္ အႀကိမ္အနည္းငယ္ ေခ်ာင္းဆိုးလိုက္ၿပီး လင္းခ်င္ယုကို ထိုင္ဖို႔ေခါင္းညိတ္ျပလိုက္သည္။လင္းခ်င္ယုသည္ အိပ္ယာေဘးတြင္ မတ္တပ္ရပ္ေနၿပီး လုဝမ္ခ်န္နဲ႔ လက္တစ္ကမ္းအကြာကို ထိန္းသိမ္းထားသည္။
"ငါအခုပဲ အဓိကအေၾကာင္းရင္းကို ခြဲထုတ္ေနတာ။"လုဝမ္ခ်န္ အသံသည္ တည္ၿငိမ္ေနၿပီး သူပထမႏိုးတဲ့အခ်ိန္တုန္းက စိတ္လႈပ္ရွားျခင္းတို႔မရွိေတာ့ေပ။
လင္းခ်င္ယုက ေပါ့ေပါ့ပါးပါးေျပာလိုက္သည္ "အဲ့ဒါက ငါနဲ႔ဘာဆိုင္လို႔လဲ?"
"အဲ့ဒါက မင္းနဲ႔နည္းနည္းဆိုင္တယ္။ဘာလို႔လဲဆိုေတာ့ ငါစဥ္းစားေနတာက မင္းရဲ႕အဓိကအေၾကာင္းရင္းနဲ႔ သက္ဆိုင္ေနလို႔ပဲ။"ထိုစကားလုံးအနည္းငယ္ကိုေျပာၿပီးေနာက္ လုဝမ္ခ်န္သည္ အနည္းငယ္ အားနည္းၿပီး ျဖဴေဖ်ာ့ေနၿပီ ျဖစ္သည္။"တကယ္လို႔ ငါရက္အနည္းငယ္ေလာက္ ေစာေရာက္ခဲ့မယ္ဆို မင္းတစ္သက္လုံးမုဆိုးမအျဖစ္ မလြဲသာမေရွာင္သာ က်ဳံ႕ေတြ႕ရမဲ့ ဒီအိမ္ေထာင္ေရးကို ငါေသခ်ာေပါက္ သေဘာတူမွာမဟုတ္ဘူး။"
လင္းခ်င္ယု၏ အမူရာသည္ ထုံထိုင္းသြားသည္။"ဒါေတြကို အခုေျပာေနေတာ့ေရာ ဘာအသုံးဝင္မွာလဲ?"
"အမွန္ပဲ။အခုငါတို႔က လက္ထပ္ၿပီးသြားၿပီး ခ်ည္ေႏွာင္ၿပီးသြားၿပီ ငါတို႔မဂၤလာေဆာင္႐ိုးရာဓေလ့ကို လုပ္ေဆာင္ၿပီး တစ္ၿမိဳ႕လုံးက ငါတို႔ကခင္ပြန္းနဲ႔ဇနီးျဖစ္တယ္ဆိုတာ သိၿပီးၿပီ။"
လင္းခ်င္ယု ေလွာင္ေျပာင္လိုက္သည္ "မဟုတ္ဘူး။"
"ဟမ္?"
လင္းခ်င္ယု ေလွာင္ေျပာင္ၿပီး "ငါတို႔ လက္ထပ္ပြဲ႐ိုးရာဓေလ့ကို မလုပ္ခဲ့ဘူး။မင္းက တစ္ခ်ိန္လုံးအိပ္ေနတာ။ငါက ႐ိုးရာဓေလ့ကို ၾကက္ဖနဲ႔လုပ္ခဲ့ရတာ။"
[ဒီေနရာမွာBig Cockလို႔ေရးထားတာပါ စစခ်င္းကိုယ္ထင္ခ်င္တာထင္ေနတာ:') ]
လုဝမ္ခ်န္က သေရာ္လိုက္သည္ "အဲ့ဒါဟုတ္တယ္။အဆင္ေျပပါတယ္။ငါတို႔ ႐ိုးရာကိုမလုပ္ခဲ့ရင္ေတာင္ အဲ့ဒါကအဆင္ေျပတုန္းပဲ။မင္း ဒီအိမ္ေထာင္ေရးကို အေလးနက္ထားစရာမလိုပါဘူး။ငါက တစ္ႏွစ္ခြဲေတာင္ ေနရမွာမဟုတ္တဲ့အတြက္ မင္းတစ္ႏွစ္ခြဲေလာက္ ဒုကၡခံရအုန္းမယ္။ငါေသသြားရင္ မင္းငါ့အေမြေတြကိုယူၿပီး လင္းအိမ္ရာကို ျပန္သြားႏိုင္တယ္။ဒီလိုဆို မင္းလဲဆုံးရႈံးမႈ႕အမ်ားႀကီး ခံစားရမွာမဟုတ္ဘူး။"
လင္းခ်င္ယုသည္ လန္႔သြားၿပီး မယုံသကၤာနဲ႔ေျပာလိုက္သည္ "ဒီေလာက္ ေကာင္းတာရွိလို႔လား"
"ရွိတယ္။မင္းအိမ္ကို အေမြဘယ္ေလာက္ျပန္ယူသြားႏိုင္မလဲဆိုတာ မင္းအစြမ္းစေပၚမူတည္တယ္။"လုဝမ္ခ်န္ ေပ်ာ့ေပ်ာင္းေသာေခါင္းအုံးကို မွီလိုက္ၿပီး ပ်င္းရိတဲ့အသံနဲ႔ေျပာလိုက္သည္ "ဒီလိုက်ိဳးပဲ့ေနတဲ့ခႏၶာကိုယ္နဲ႔ ငါ ဘာအိမ္တြင္းေရး ႐ုန္းကန္မႈ႕ တိုက္ခိုက္ေရးမွာမွ ဝင္ပါမွာမဟုတ္ဘူး။နန္အန္ဟိုစံအိမ္က ေရက နက္ရႈိင္းတယ္။ငါ အဲ့ဒါကို ဖမ္းဆုတ္လို႔မရဘူး။ငါဒီတိုင္း အလိုက္သင့္ေနၿပီး စားေသာက္ၿပီး ေသဖို႔အတြက္ ေစာင့္ေနတာပါ။ငါ ငါးဆားနယ္ပဲျဖစ္ခ်င္တယ္။"