ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့က...

Autorstwa PannKhattWaiio

127K 17.2K 562

fun translation not my own Więcej

မိတ်ဆက် မိတ္ဆက္
၂အဆက်
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
သတိပေးချက်
၁၈
၁၉
၂၀
၂၁
tele
၂၂
၂၃
၂၄
Let's try
ss
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂+၃၃
၃၄+၃၅
၃၇+၃၈
၃၉+၄၀
၄၁
၄၂
၄၃
၄၄
၄၅
၄၆+၄၇
၄၈+၄၉
၅၀+၅၁
၅၂..၅၃
၅၄.၅၅.၅၆
၅၇..၅၈
၅၉.၆၀
၆၁ ၆၂

၃၆

1.6K 266 7
Autorstwa PannKhattWaiio

အပိုင်း ၃၆

“ငါတို့အားလုံး သေချာရိုက်ကူးထားတာဆိုတော့ မင်းတို့လုပ်တဲ့အိပ်ထမတင်က စံချိန်နှုန်းမီရမယ်၊ စံချိန်မမီတဲ့အရေအတွက်တွေကိုထည့်ပြီး ရေတွက်မှာမဟုတ်ဘူး၊ လာပါ ချောမောတဲ့ကောင်လေးတွေ အဆင်သင့်ပြင်လိုက်တော့ ၃ ၂ ၁ စ”

ဟော့ချန်းက ဦးဆောင်သည်။ သူက တိုက်ရိုက်ပင် ခပ်မြန်မြန် ဦးစွာလုပ်ပြီးသည်နှင့် စံချိန်မီအိပ်ထမတင်အနေအထားသို့ ပြန်ပြောင်းလိုက်သည်။ သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် သွမ့်ရီဟွားကပင်ကြောင်သွားသည်။

ယန်ကျစ်နှင့်ဖေးရွှီတို့က ပို၍သေသပ်ကြသေးသည်။

ကျိုင်ရှင်းချန်၏နှုတ်ခမ်းပါးက ကော့တက်သွားသည်။ သူက လက်ကို လည်ပင်းအနောက်တွင် ထားလိုက်ပြီးနောက် အသက်အနည်းငယ်ရှူထုတ်ပြီးမှသာ ခေါင်းကိုမော့လိုက်သည်။ ဟူရင်းနှင့်အခြားသူများက ဝိုင်းကာရေတွက်ပေးကြသည်။ ထိုသို့ဖြင့် မတူညီသော အမျိုးသားလေးယောက်၏အသံက ရောယှက်နေသည်။

“၁ ၂ ၃ ၄ …”

မရေအတွက်များက များလာပြီးသိပ်မကြာခင် ဟူရင်းကို ကျော်လွန်သွားကာ ငါးဆယ်ကျော်အထိ ရောက်ရှိသွားသည်။

အိပ်ထမတင်က ခါးမှကြွက်သားအားအပေါ် မှီခိုထားရခြင်းဖြစ်သည်။ သာမန်လူများဆိုလျှင် ဆယ်ကြိမ်ကျော်ခန့်သာ လုပ်နိုင်ကြသည်။ ယခုလို မှတ်တမ်းတင်နေသော လောကမျိုးတွင် အလားတူလူမျိုးထောင်ပေါင်းများစွာရှိသည်။ ပို၍အရေးကြီးသည်မှာ ယခုလိုရုတ်တရက် PK လုပ်ရသောလူများအနေနှင့် ခါးအားကို ကောင်းကောင်းပြနိုင်မည်မဟုတ်ချေ။

အစပိုင်းတွင်တော်တော်များများ မြန်ဆန်နေခဲ့ကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကျောဘက်မှကြွက်သားက ကျိန်းစပ်လာပြီး အရှိန်က နှေးကျလာပေလိမ့်မည်။ ဟော့ချန်းက ခေါင်းလှည့်ပြီး ဘေးနားရှိယန်ကျစ်ကို ကြည့်လိုက်သည်။  ယန်ကျစ်က မျက်မှန်ချွတ်ထားသည်။ သူ၏မျက်ခုံးနှင့်မျက်ဝန်းက ထူးဆန်းနေပြီး စူးရှနေသည်။ သို့သော် သူ၏မျက်နှာက အနည်းငယ်နီလာသည်။ သို့သော် သူ၏အမူအရာကမူ ဆုံးဖြတ်ချက်ချထားသလိုမျိုးဖြစ်နေသည်။
သူက ဖေးရွှီကိုကြည့်လိုက်ပြန်သည်။ ဖေးရွှီက ပို၍တည်ငြိမ်သေးသည်။

သူက သည်အတိုင်းလှဲလိုက် ကျောကိုမြှင့်လိုက်လုပ်သမျှက စံချိန်နှုန်းမီနေပြီး အရှိန်နှုန်းကပင် ညီနေသည်မှာ စက်ရုပ်အလားထင်ရသည်။ အင်အားများဖြင့် ကောင်းကောင်း ပျိုးထောင်ထားသလိုမျိုးပင် ထင်ရသေးသည်။
ဟော့ချန်းက သတိလက်လွတ် အရှိန်ကိုနှေးလိုက်မိသည်။

သို့ရာတွင်  အကြိမ်အရေအတွက်က နောက်ဆုံးအကန့်အသတ်နားအထိ ရောက်လာသည်။ သို့တိုင်အောင် သူက ပထမဦးဆုံး လက်လျှော့အဆုံးသတ်ရသောသူ မဖြစ်လိုခဲ့ပေ။

ထိုသို့ဖြင့် ပထမအဆုံးသတ်ကာလက ကျော်လွန်သွားသည်။ သူက အခြားသူများ၏ခွန်အားကိုလည်း ကြည့်ချင်နေသေးသည်။ တိတ်ဆိတ်သောကမ်းခြေတွင် အနည်းငယ်မောဟိုက်သံဖြင့် အသက်ရှူသံအပြင် ဟူရင်း၏ရေတွက်သံသာရှိနေသည်။ ဟူရင်းက ကျိုင်ရှင်းချန်၏ခြေထောက်ကိုဖိထားရင်း အခြားသုံးဖွဲ့ကိုလှည့်ကြည့်သည်။

သူက ရှောင်ချင်သော်လည်း မရှောင်ချင်နေသည်နှင့်တူသည်။ ဝမ်နော့က ပို၍ရှက်နေသေးသည်။ သူက တစ်ချိန်လုံးခေါင်းငုံ့ထား၏။ သို့သော် ထိုသို့ခေါင်းငုံ့ လိုက်သည့်အခါ သူ၏အကြည့်က အမြဲလိုလို ယန်ကျစ်၏အောက်ပိုင်းတစ်နေရာသို့ ရောက်သွားကြောင်း မြင်လိုက်ရသည်။

အချိန်က တဖြည်းဖြည်းကုန်လွန်လာသည်။ သို့သော် မည်သူကမျှ မရပ်တန့်ချင်ကြချေ။ လူတိုင်းက နံပါတ် ၁ ဖြစ်ချင်ကြသည်။

အချိန်ကုန်လာသောအခါ အရေအတွက်က တစ်ရာအထိရောက်သွားသည်။
ကောပင်းက မနေနိုင်ဘဲလှမ်းပြောလိုက်သည်။

“အားလုံး အများကြီးကြိုးစားပြီးကြပြီးပါပြီ၊ မတောင့်ခံနိုင်တော့ရင် ရပ်လိုက်လို့ရပြီ”
သို့သော် မည်သူကမျှ မရပ်တန့်ချင်ကြပေ။

ကျိုင်ရှင်းချန်၏ပါးပြင်ပေါ် ချွေးများစီးကျလာသည်။ သူ၏အသက်ရှူသံက ပြင်းလာပြီး မျက်နှာက နီသထက်နီလာသည်။ ဟူရင်းက စိတ်လှုပ်ရှားစွာပြောသည်။

“ကျိုင်ရှင်းချန် မင်း လုပ်နိုင်ပါတယ်”

ကျိုင်ရှင်းချန်က ခေါင်းလှည့်ကာ ညာဘက်ခြမ်းမှ သုံးဖွဲ့ကိုကြည့်လိုက်သည်။ သူ လုပ်နေသော အိပ်ထမတင်က ၁၂၀ ကျော်နေလေပြီ။ ထိုတစ်ခဏတွင် သူက ရုတ်တရက် ပထမနေရာကို ယူမည်ဆိုသော ဆုံးဖြတ်ချက်က မှန်ကန်ခြင်းရှိမရှိတွေးမိလာသည်။

အကြောင်းမူကား ယခုမှရုတ်တရက် အခြားသောသုံးယောက်လုံးကလည်း ပထမနေရာကို ယူချင်မည်ဖြစ်ကြောင်း သို့မဟုတ် ပထမဆုံးလဲကျသွားသူ မဖြစ်လိုကြောင်း နားလည်လိုက်သည်။သူတို့က ရပ်ပင်မရပ်လောက်ချေ။ သို့သော် အိပ်ထမတင် ထပ်ခါတလဲလဲလုပ်ခြင်းက သူတို့၏ကျန်းမာရေးအတွက် မကောင်းချေ။ သူတို့ မနက်ဖြန်မထနိုင်တော့သည်လည်းဖြစ်နိုင်သည်။

ထို့ကြောင့် သူက ပထမဆုံးလှဲချရန် သင့်မသင့်နှင့် ပထမနေရာရအောင် ဆက်ကြိုးစားသင့်မသင့် မသေချာတော့ချေ။
ဒါက ခေါင်းပန်းလှန်သလိုဖြစ်နေသည်။ သူ၏ဘေးမှဖေးရွှီကလည်း ခေါင်းလှည့်ကာ သူ့ကို တစ်ချက်ကြည့်သည်။

သူတို့နှစ်ယောက်က အကြိမ်ရေတူလုနီးပါးဖြစ်သည်။ ထို့ကြောင့် အတူအတွလှဲပြီး အတူတကွပြန်ထခြင်းအားဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သောအခါ မျက်လုံးချင်းဆုံသွားသည်။  ဖေးရွှီက ကျိုင်ရှင်းချန်၏နီရဲနေသောမျက်နှာကို ကြည့်လိုက်သည်။

သူ၏မျက်နှာက အလွန်သေးသည်။ ချွေးများကလည်းပါးပြင်ပေါ် ချောမွေ့စွာဖြင့်စီးကျသွားပြီး နားထင်တောက်လျှောက်အောက်သို့ ရောက်သွားသည်။ သူက ခေါင်းမော့လိုက်သည့်အချိန်တိုင်းလိုလို  လည်ပင်းမှ အပြာရောင်သွေးကြောများကိုပင် မြင်နိုင်သေးသည်။

တော်တော်လေး ကြိုးစားနေတာပဲ။
ကျိုင်ရှင်းချန်က ထိုမျှအထိလုပ်နိုင်မည်ဟုလည်း သူမမျှော်လင့်ခဲ့ဖူးချေ။
သူက ရှုံးမှာကိုကြောက်တာလား။

သူက ပထမဦးဆုံး မလဲကျချင်ဘူးပဲ။

ဒါက ကိုယ်ပိုင်ဂုဏ်သိက္ခာကို စောင့်ကြပ်ခြင်းဖြစ်သည်။ သူက ထိုသို့စောင့်ကြပ်ရန် ဆုံးဖြတ်ချက်ချထားသည်။

သူတို့အားလုံးက ကျိုင်ရှင်းချန်ကို အားအနည်းဆုံးဟုထင်ထားကြပြီး သူ့ကို နောက်ဆုံးဟုသာ သတ်မှတ်ထားလောက်သည်။ သူတို့အားလုံးက သူ့ကိုသနားနေကြခြင်း ဖြစ်သည်။ သို့သော် မည်သူကမျှ သူ့ကို လှောင်ရယ်ကြမည်မဟုတ်ချေ။ သို့သော် သူတို့အားလုံးက ကျိုင်ရှင်းချန်ကို လိုချင်နေကြသည်။ ကျိုင်ရှင်းချန်ကမူ ဟူရင်းတို့ကိုသာ ကြည့်နေသည်။

သူ၏နှလုံးသားအောက်ခြေတွင်လည်း ကျိုင်ရှင်းချန်က တစ်ဖက်အနီဘက်မှ လူများနှင့် အတူတူသာလျှင်ဖြစ်သည်။ သို့သော် ကျိုင်ရှင်းချန်ကမူ သူတို့နည်းတူ အပြာဘက်မှဖြစ်နေလေပြီး ဟူရင်းတို့၏အရှေ့ ပထမဦးဆုံး လဲကျသွားသူမဖြစ်လိုခဲ့ပေ။

ဖေးရွှီ၏နှလုံးသားက ရုတ်တရက်ပူပြင်းလာသည်။

“၁၃၀ ကျော်သွားပြီ”

ဝန်ထမ်းတစ်ယောက်ကပြောသည်။

“ဟော့ချန်းနဲ့ဖေးရွှီက အသက် ၁၅၀ ကျော်တဲ့လူအိုကြီးတွေလိုပဲ”

လူတိုင်းက ထိတ်လန့်ကာ အသက်ရှူရခက်လာတော့မည့်အခြေအနေတွင် ရုတ်တရက် လူအုပ်ထဲမှ တအံ့တဩအသံများကထွက်လာသည်။

ကျိုင်ရှင်းချန်က ခေါင်းလှည့်ကာကြည့်လိုက်သောအခါ သူ၏ဘေးနားမှဖေးရွှီက ဦးစွာလှဲချလိုက်ပြီဖြစ်ကြောင်း မြင်လိုက်ရသည်။

ဖေးရွှီက ကမ်းခြေပေါ်လှဲနေသည်။ သူက ပါးစပ်ကို အနည်းငယ်ဖွင့်ထားပြီး အမောတကောအသက်ရှူသည်။

သူ၏ချောမောသောမျက်နှာဘေးဘက်ခြမ်း တောက်လျှောက် ချွေးများက စီးကျနေသည်။ လူတိုင်းက ကြောင်သွားသည်။

ဖေးရွှီက အရင်ဆုံးလှဲချလိုက်မည်ဟု မထင်ထားကြချေ။ လူအများစုဆိုလျှင် သူနှင့်ဟော့ချန်းကသာ နောက်ဆုံးတွင် ၁ နေရာကို ယှဉ်ပြိုင်ကြမည့်လူဟု ထင်ထားကြသည်။

လင်းချင်နင်ကလည်း အံ့အားသင့်သွားသည်။ သူက ဖေးရွှီကို ကူညီပေးနေသော ကြောင့် ဖေးရွှီ၏အခြေအနေက အကောင်းဆုံးအနေအထားတွင် ရှိနေသေးကြောင်း ကောင်းကောင်းနားလည်နေသည်။

သူက ခြေထောက်ကိုကူညီကာ ဖိထားပေးလေရာ ဖေးရွှီ၏အခြေအနေကို အကောင်းဆုံးနားလည်သည်။ ဖေးရွှီက အစမှအဆုံးအထိ အရှိန်နှုန်းကို ထိန်းထားနိုင်သေးသည်။ သူက မော့ပန်းနွမ်းနယ်သွားခြင်းမရှိသလို အရှိန်ကျလာသည့် အနေအထားလည်း မပြသေးချေ။ ထို့အပြင် ခက်ခဲဟန်လည်းမပေါ်သေးချေ။ ကြည့်ရသည်မှာ ဖေးရွှီက ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်ခြင်းဖြစ်လောက်သည်။

လင်းချင်နင်ကသာ ထိုသို့တွေးခြင်းမဟုတ်ဘဲ လူတိုင်းက ထိုသို့တွေးကြသည်။

ဟူရင်းက ပရိုဂရမ်အဖွဲ့ကိုပြောသည်။
“ဖေးရွှီ ထွက်သွားပြီ”

သွမ့်ရီဟွားနှင့်ဝမ်နော့တို့ကလည်း ဖေးရွှီကိုကြည့်ကြသည်။ ဟော့ချန်းနှင့်ယန်ကျစ် ကလည်း သူ့ကိုတစ်ချက်ကြည့်သည်။ ဖေးရွှီက ထထိုင်လိုက်သည်။ သူက လည်ပင်းနောက်ပိုင်းတွင် ပေနေသည့်သဲများကို ပုတ်ခါသည်။

သို့ရာတွင် ဟော့ချန်းတို့ကမူ ဖေးရွှီက စောစောလက်လျှော့လိုက်သည်မှာ သူဟာ ပထမနေရာကိုယူရန် ရည်ရွယ်ချက်မရှိသောကြောင့်ဟု ထင်ထားကြသည်။ ပြောရလျှင် သူက အနီဘက်မှဖြစ်စေ အပြာဘက်မှဖြစ်စေ မည်သူကိုမျှစိတ်မဝင်စားချေ။ သူက တစ်စုံတစ်ယောက်ကိုချစ်မိသွားရန်လည်း ဆန္ဒမရှိချေ။ ဒါက ဖေးရွှီ၏ပုံစံနှင့် ကိုက်ညီသည်။
ဖေးရွှီက ပထမဦးဆုံးလဲကျသွားသည်။ ထို့ကြောင့် သူ၏အနောက်မှ တစ်စုံတစ်ယောက်ကသာ လှဲချပြီး အရှုံးပေးလိုက်မည်ဆိုလျှင်လည်း အရှက်ရတော့မည် မဟုတ်ချေ။ ဖေးရွှီက ပထမဦးဆုံးထရပ်လိုက်ပြီးနောက် ခေါင်းကိုလှည့်ကာ ကျိုင်ရှင်းချန်ကို ကြည့်လိုက်သည်။
ဖေးရွှီက ကြည့်လိုက်သည်နှင့် ကျိုင်ရှင်းချန်၏အတွေးများက ပြန့်ကျက်သွား သည်။

သူက အရင်ဆုံးလှဲချခြင်းအားဖြင့် အခြားသူများက နောက်မှဝင်ကာလှဲချရုံဖြင့် ထိန်းထားနိုင်တော့မည်ဖြစ်သည်။ သို့တိုင်အောင် သူက အဆုံးအထိ ထိန်းထား၍ရသေးသည်။

လက်ရှိအချိန်တွင် ဖေးရွှီက ဦးစွာလှဲချသွားပြီဖြစ်လေရာ သူက ဖေးရွှီကို တစ်ဖက်သူဟာ သူ့ထက်နိမ့်ကျကြောင်း အမြင်ပေး၍မဖြစ်ပြန်ချေ။

ကျိုင်ရှင်းချန်က ယန်ကျစ်နှင့်ဟော့ချန်းတို့ကို ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ပိတ်လိုက်ပြီးနောက် စိုးရိမ်စိတ်များသွားသည်။ ထို့နောက် တစ်ဖန်အာရုံစိုက်လိုက်ပြန်သည်။

ပြောရလျှင် လူအများစုက သူ၏စွမ်းရည်ကို လျစ်လျူရှုထားကြသည်။ သူက အကသမားတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူက သည်ရှစ်ယောက်ထဲတွင် အလေ့ကျင့်ထားဆုံးနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုအကောင်းဆုံးဟုပြောလျှင် ချဲ့ကားရမရောက်ချေ။ သူတို့၏အကကျောင်းသားများက နေ့တိုင်းလိုလို ပြင်းထန်သည့်လေ့ကျင့်မှုများကို သုံးကာ လေ့ကျင့်နေရခြင်းဖြစ်သည်။

အထူးသဖြင့် ယခုလိုဖိုင်နယ်စာမေးပွဲနီးလာချိန်တွင်ဖြစ်သည်။ သူတို့က တစ်ရက်လျှင် နာရီပေါင်းများစွာကြာအောင် ခပ်ကြမ်းကြမ်းလေ့ကျင့်နေရသည်။ သူတို့ နေ့တိုင်းလိုလို သည်လိုအရှိန်နှုန်းကို ထိန်းထားရခြင်းဖြစ်သည်။ သူတို့အများစုလုပ်ရသည့် အခြေခံလေ့ကျင့်ခန်းက အိပ်ထမတင်ဖြစ်သည်။

ပရိုဂရမ်အဖွဲ့က ဖေးရွှီကို ရေပုလင်းပေးသည်။ ဖေးရွှီက အဖုံးကိုဖွင့်ပြီးနောက် နှစ်ငုံသောက်သည်။ ထို့နောက် နောက်လှည့်ကာ ကျိုင်ရှင်းချန်ကိုကြည့်ပြန်သည်။ ဖြူဖွေးတောက်ပသောအလင်းရောင်က သူ၏ချွေးများစိုရွှဲနေသောမျက်နှာပေါ် ဟပ်လာသည်။

သူ၏အနက်ရောင်ဆံပင်များက နှောင့်ယှက်မှုကြောင့် သူ့ကို ပို၍ဖြူသွားပြီး ချောမောသလိုဖြစ်သွားစေသည်။
ကျိုင်ရှင်းချန်က ရပ်တန့်မှုရှိကြောင်းမြင်သည့်အခါ ဖေးရွှီက အနည်းငယ် အံ့အားသင့်သွားသည်။

ကလဲ့စားပွဲက ဆက်လက်ဖြစ်နေသည်။ ထိုသို့ဖြင့် ၂၀၀ ရောက်သွားသည်။ ယန်ကျစ်နှင့်ဟော့ချန်းတို့ကပင် အနည်းငယ်နှေးသွားသည်။

“၂၀၁ ၂၀၂”

ထိုသို့ အိပ်ထမတင်လုပ်နေရင်း ဟော့ချန်းက ခေါင်းလှည့်ကာ အဝေးရှိကျိုင်ရှင်းချန်ကို အံ့အားတကြီးကြည့်လိုက်သည်။ သူ၏မျက်နှာတွင် ရယ်မောလိုဟန်ရှိနေသေးသည်။ ကျိုင်ရှင်းချန်က ထိုမျှသန်မာမည်ဟု သူသည်လည်း မထင်ထားမိချေ

သူသာလျှင်မကဘဲ လူတိုင်းက ကျိုင်ရှင်းချန်က ထိုမျှသန်မာမည်ဟု မထင်ထားကြချေ။

ပြောရလျှင် တောင့်ခံနိုင်စွမ်းအားနှင့် ရုပ်ပိုင်ဆိုင်ရာခွန်အားအရ ကျိုင်ရှင်းချန်ဟာ ဟော့ချန်းနှင့်ယန်ကျစ်ကို မယှဉ်နိုင်လောက်ချေ။ သူတို့အားလုံးကိုသာ အကန့်အသတ်အထိ လုပ်ခိုင်းမည်ဆိုလျှင် သူက မနိုင်လောက်ချေ။

သို့သော် သူက ကြံ့ခိုင်ခဲသည်။ သူက အခြားလူတိုင်းထက်ပိုပြီး သည်းခံနိုင်ခဲ့သည်။

ဟော့ချန်းက မြေပြင်သို့ ပထမဦးဆုံးလှဲချလိုက်သည်။ ထို့နောက် သူကရယ်ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ ယန်ကျစ်နှင့်ကျိုင်ရှင်းချန်ကို လှည့်ကြည့်လိုက်သည်။

ယန်ကျစ်၏တစ်ကိုယ်လုံးကလည်း ချွေးများစိုရွှဲနေသည်။ သူ၏လည်ပင်းနှင့် မျက်နှာက နီရဲနေသည်။ သူကမတ်တပ်ထရပ်လိုက်သောအခါ သူ၏ခန္ဓာကိုယ် အပေါ်ပိုင်းကပင် တုန်ခါနေသေးသည်။ သူကလည်း အကန့်အသတ်ကို ရောက်ရှိသွားသည်နှင့်တူသည်။

ကျိုင်ရှင်းချန်၏အခြေအနေက ပိုဆိုးသေးသည်။ အဆုံးတွင် လူတိုင်းက ယန်ကျစ်နှင့်ကျိုင်ရှင်းချန်ကို ကြည့်လိုက်ကြသည်။

ယန်ကျစ်က ခေါင်းလှည့်ပြီး ကျိုင်ရှင်းချန်ကိုကြည့်သည်။ ကျိုင်ရှင်းချန်က မျက်လုံးကိုပိတ်ထားပြီး အံကိုကြိတ်ထားကြောင်း မြင်လိုက်ရသည်။ သူက ပထမနေရာမရမချင်း လက်လျှော့မည်မဟုတ်ကြောင်း ဆုံးဖြတ်ချက်ချထားသည်နှင့် တူသည်။

သူက အလွန်ကြိုးစားသည်။ သူက ပထမနေရာကို အရယူချင်သည်။ ထို့နောက် သူ သဘောကျသောလူကို ဒိတ်လုပ်ရန်တောင်းဆိုချင်နေသည်။

ဟူရင်းလား သွမ့်ရီဟွားလား။

သူတို့အားလုံးက ကျိုင်ရှင်းချန်ကို အထင်သေးခဲ့ကြသည်။ သူက သူတို့၏ ကာကွယ်စောင့်ရှောက်မှု ဂရုစိုက်မှုလိုအပ်သော ပန်းပွင့်ဖြူလေးဟုထင်ခဲ့ကြသည်။ ပြောရလျှင် တစ်ဖက်သူက သူတို့ထက်ပင် ဆုံးဖြတ်ချက်ပြတ်သားနေသည်။

ယန်ကျစ်က ကျိုင်ရှင်းချန်ကို သူ၏ဆန္ဒကို      မပြည့်သွားစေလိုချေ။ သို့သော် သူနှင့်ကျိုင်ရှင်းချန်ကြား ရန်လိုမှုနှင့်အဆုံးမသတ်ချင်သေးချေ။

ထိုသို့ဖြင့် သူ၏စိတ်ထဲတွင် ရှုပ်ထွေးသောခံစားချက်များက ပြည့်နှက်လာသည်။ ယန်ကျစ်က အဆုံးတွင် ခွန်အားလျော့သွားပြီး ကမ်းခြေပေါ်သို့လှဲချလိုက်သည်။

“၂၄၉”

ဝမ်နော့ကအော်သည်။ သူတို့အားလုံးက ကျိုင်ရှင်းချန်ကိုကြည့်လိုက်ကြသည်။ ဟူရင်းက ကျိုင်ရှင်းချန်၏ခြေထောက်ကိုဖိထားသည်။ သူက အလွန်အံ့အားသင့်နေသောကြောင့် အနည်းငယ်ပင်စိတ်လှုပ်ရှားသွားသေးသည်။

သူ၏မျက်ဝန်းကလည်း အလွန်တောက်ပနေသည်။ သူက မျက်နှာသေနှင့်ရှိနေသော ကျိုင်ရှင်းချန်ကိုကြည့်လိုက်သည်။ တစ်ဖက်သူအပေါ် ထင်ယောင်ထင်မှားဖြစ်စေသော ချစ်မြတ်နိုးသည့်ခံစားချက်များကပင် ပေါ်ထွက်လာသေးသည်။

“၂၄၁ ရှင်းချန် မင်း အခုအချိန်မှာဆက်လုပ်လိုက် ဒါဆိုရင် နိုင်ပြီ”

ကျိုင်ရှင်းချန်က မျက်လုံးကိုမှတ်ထားပြီးနောက် နှုတ်ခမ်းပါးကို ခပ်တင်းတင်းစေ့ပိတ်သည်။ ထိုကျိုင်ရှင်းချန်က သူတို့လုံးဝမမြင်ဖူးသော ကျိုင်ရှင်းချန် ဖြစ်သည်။ သူတို့ မတွေးဖူးသောကျိုင်ရှင်းချန်လည်း ဖြစ်နေသေးသည်။
သွမ့်ရီဟွား၊ ဝမ်နော့၊ လင်းချင်နင်တို့အားလုံး ကျိုင်ရှင်းချန်ကြောင့် အံ့အားသင့်ရသည်။ ဒါက အပြင်းအထန်လုပ်ရသည့် အားကစားကြောင့်ရလာသော ချစ်စိတ်ဇောအဟုန်ဖြစ်သည်။

“၂၄၉”

ဟူရင်းက စိတ်လှုပ်ရှားစွာအော်သည်။
ကျိုင်ရှင်းချန်းက ရုတ်တရက် မျက်လုံးကိုဖွင့်လိုက်သည်။ သူ၏ခန္ဓာကိုယ်က တုန်နေပြီး အရှေ့သို့မှီလာသည်။ နောက်ဆုံးတွင် သူက အသက်ပြင်းပြင်းရှူပြီး တစ်ဖန်ပြန်လည် ကုန်းလိုက်ပြန်သည်။

ဟူရင်းက သူ့ကိုဖက်လိုက်သည်။

“နှစ်ရာနဲ့ငါး”

ကျိုင်ရှင်းချန်ကရယ်သည်။ သူက ဟူရင်း၏ပုခုံးပေါ်မှီနေရင်း အမောတကော အသက်ရှူသည်။

“နှစ်ရာနဲ့ငါး ကျွန်တော် နောက်တစ်ကြိမ် ထပ်လုပ်လိုက်အုံးမယ်

ဟူရင်းက ကျယ်လောင်စွာအော်ရယ်သည်။

“အသံက နားထောင်ရကောင်းလားမကောင်းလားဆိုတာ မင်း ဂရုစိုက်မနေသင့်ဘူး၊ မင်းနိုင်ရင်နိုင်တယ်ပေါ့”

ထိုစကားကိုကြားသောအခါ ဘေးနားတွင်ကျိုင်ရှင်းချန်ကိုသာ ကြည့်နေသည့် ဖေးရွှီက ခပ်တိုးတိုးရယ်လိုက်သည်။ သို့သော် သူက ငယ်စဉ်ကတည်းက ကင်မရာကို အထိမခံဖြစ်လေရာ အလိုအလျောက်ခံစားမိသည်။ ထို့ကြောင့် ကင်မရာက သူ့ကို အနီးကပ်ရိုက်ကူးနေကြောင်း သိလိုက်လျှင် သူ၏မျက်နှာရှိအပြုံးက ပျောက်ကွယ်သွား သည်။

ပင်လယ်ပြင်ကမ်းစပ်တွင် တိုက်ခိုက်နေသည့်လေအေးက သူ၏နှလုံးသားထဲမှ မီးတောက်ကိုမငြိမ်းစေနိုင်ပေ။ သူဟာ သူကိုယ်တိုင် ပထမရသည်ထက်ပင် ပျော်ရွှင်နေသည်။

ကျိုင်ရှင်းချန်က ပထမနေရာကိုယူသွားသောကိစ္စက မည်သူမျှမမျှော်လင့် ထားသောကိစ္စဖြစ်သည်။ ပရိုဂရမ်အဖွဲ့ဝင်များလည်း အလားတူသာလျှင်ဖြစ်သည်။ သို့ရာတွင် သူ့အတွက် ပထမနေရာရရန်မလွယ်ကူခဲ့ချေ။ သူက ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် အနိုင်ရသွားလေရာ လူတိုင်းက သဘောကျလက်ခံကြသည်။

ဝမ်နော့က လူတိုင်းထက်ပျော်နေသည်။ သူက ကျိုင်ရှင်းချန်၏အနားသို့ ကပ်သွားချင်သည်။ သို့သော် ကျိုင်ရှင်းချန်နှင့်နီးကပ်ရန် မဖြစ်နိုင်တော့ဟုခံစားရသဖြင့် ဘေးနားတွင်သာရပ်နေလိုက်ပြီး လက်ခုပ်တီးပေးနေလိုက်သည်။
လူတိုင်းက လက်ခုပ်တီးကြသည်။ ဟူရင်းက ကျိုင်ရှင်းချန်ကိုဆွဲထူပေးပြီး ပုခုံးကိုပုတ်ကာပြောသည်။

“မင်းရဲ့ဝမ်းဗိုက်ကြွက်သားက တော်တော်လေးပင်ပန်းနေလောက်ပြီ”

ရေရဲ့အလင်းလိုပဲ တော်တော်လေးလှတယ်။

ကျိုင်ရှင်းချန်က အပြင်းအထန်လေ့ကျင့်ခန်းလုပ်ထားခဲ့ကြောင့် စိတ်လှုပ်ရှားမှုမှ မသက်သာသေးချေ။ သူက ဂုဏ်ယူစွာဖြင့် မျက်ခုံးကိုပင့်လိုက်သည်။

ထိုအသွင်အပြင်က အလွန်လန်းကာ ဆွဲဆောင်မှုပြင်းသည်။ လင်းချင်နင်ကပင် ဝိုးဟူ၍ ခပ်တိုးတိုးအော်လိုက်မိသေးသည်။ သွမ့်ရီဟွားနှင့်ဝမ်နော့တို့က ကင်မရာရှေ့တွင် တိုက်ရိုက်မကြည့်ရဲကြဘဲ အကြည့်ကိုရှောင်ပြီး ထပ်ခါတလဲလဲပြန်ကြည့်နေကြသည်။

“ဒီနေ့ ရှင်းချန်ကြောင့် လူတိုင်းက အမြင်သစ်ပြောင်းသွားလောက်ပြီ”

“တကယ်ကိုအပြောင်းအလဲကြီးပါပဲ”

“မင်း အခုလူတိုင်းရဲ့အမူအရာတွေကို သေချာဓါတ်ပုံရိုက်ကူးထားတယ် မဟုတ်လား”

ကောပင်းကပြောသည်။

“အားလုံးရဲ့အမူအရာနော် သူတို့ရဲ့အမူအရာပြောင်းလဲသွားတဲ့ပုံစံကို ငါ့အတွက် ဖြတ်ပေးစမ်းပါ”       
           
ပရိုဂရမ်အဖွဲ့က သဘက်နှင့်ရေဘူးများ လာပို့သည်။ ဟူရင်းက ကိုယ်တိုင်ကိုယ်ကျသွားယူပြီး ကျိုင်ရှင်းချန်၏ချွေးကို သဘက်ဖြင့်သုတ်ပေးသည်။ ကျိုင်ရှင်းချန်က ရေနှစ်ငုံခန့်သောက်ပြီးနောက် သဘက်ကိုယူလိုက်သည်။

“ခင်ဗျားတို့ ငါတို့အတွက် အနှိပ်သည်တွေ ရှာပေးသင့်တယ်”

ဖေးရွှီကပရိုဂရမ်အဖွဲ့ကိုပြောသည်။
“အားလုံး ဒီနေ့ တော်တော်လေး ဒုက္ခများသွားကြပြီ”

ရုတ်တရက် အိပ်ထမတင် အကြိမ်အရေပေါင်းများစွာ လုပ်ထားရလေရာ သူတို့၏ခန္ဓာကိုယ်က မည်မျှကြံ့ခိုင်နေစေကာမူ မောပန်းနွမ်းနယ်မှုကို ခံစားနေရသေးသည်။ ထို့ကြောင့် ပြန်သောအခါ ကျိုင်ရှင်းချန်က သူ၏ခါးကိုပင် ထိန်းလိုက်ရသည်။ ဟူရင်းက သူ့ကိုတစ်ချိန်လုံးတွဲထားပေးပြီး ဆက်တိုက် စကားပြောနေသည်။

ချွေးအလွန်ထွက်သွားသောကြောင့်ဖြစ်လောက်သည်။ ပင်လယ်လေပြေက တိုက်ခတ်လာသောအခါ အေးသည်ဟုခံစားရသည်။ လူတိုင်းက အပြာအနီစံအိမ်သို့ပြန်ကြသည်။ ယန်ကျစ်က ကျိုင်ရှင်းချန်၏ကျောကိုကြည့်သည်။

ထို့နောက် ဘေးနားတွင် တောက်လျှောက်ကပ်တွယ်နေသည့် ဟူရင်းကိုကြည့်ပြီး ရုတ်တရက် တစ်စုံတစ်ရာကို ကြီးကြီးမားမားဆုံးရှုံးသွားရသလို ခံစားလိုက်ရသည်။ တစ်ယောက်ယောက်က သူ၏ပုခုံးကိုလာပုတ်ကြောင်း ခံစားမိသဖြင့် လှည့်ကြည့်လိုက်သောအခါ ဟော့ချန်းကိုမြင်လိုက်ရသည်။

လင်းချင်နင်ကလည်း ခေါင်းလှည့်ပြီး အနားရှိဖေးရွှီကိုကြည့်သည်။ သူက ပြောသည်။

“မင်းက ပထမနေရာယူမယ်လို့ ငါ ထင်ထားတာ”

ဖေးရွှီက ပြောသည်။
“ကျိုင်တိတိက ဒီမှာရှိနေပေမယ့် ငါ မရနိုင်ပါဘူး”

လင်းချင်နင်က ရိုးသားစွာပြောသည်။

“ဒီနေ့ ရှင်းချန်က တော်တော်လေးအံ့ဩဖို့ကောင်းတယ်”

ထိုစကားကိုကြားသောအခါ ဟူရင်းက လှည့်ကြည့်သည်။ သူကရယ်ပြီး နောက်ကျယ်လောင်စွာ အော်ပြောသည်။

“ဒီနေ့ ရှင်းချန်ကတော်တော်လေး လေးစားစရာကောင်းတယ်၊ အမျိုးသားစွမ်းအားတွေက ပေါက်ကွဲလုမတတ်ဘဲ၊ ငါတို့သာ ဒီနေ့ စာပို့ရမယ်ဆိုရင် အားလုံး သူ့ကိုပဲပို့ကြမယ်လို့ထင်တယ်၊ ငါကိုယ်တိုင်လည်း ရှင်းချန်ကိုပဲပို့မှာ”
ကျိုင်ရှင်းချန်ကပြောသည်။

“နောက်ဆုံးရက်အထိသိမ်းထားပြီး အဲ့ဒီကျမှ ကျွန်တော့်ကိုပို့လည်း နောက်မကျသေး ပါဘူး”

ဟူရင်းက နောက်ပြန်လျှောက်ရင်းပြောသည်။

“ဒါဆိုရင် မနက်ဖြန်ကျရင် ငါ့ကိုဒိတ်လုပ်ဖို့ချိန်းလိုက်တော့”

ပထမနေရာကိုရသွားသည့်အတွက် မနက်ဖြန်ညအတွက် ဒိတ်လုပ်ရန်ရွေးချယ် ပိုင်ခွင့်ရှိသည်။ ပရိုဂရမ်အဖွဲ့က သူ့ကို ရွေးချယ်ခွင့်ပေးမည်ဖြစ်သည်။

“မစိုးရိမ်ပါနဲ့ အိပ်ယာမဝင်ခင် အပြည့်ပို့ထားပေးရင်ရပြီ”

“အားလုံးပဲ ခါးမသက်မသာဖြစ်တဲ့လူများ ရှိနေသေးလား”

အပြာအနီစံအိမ်နှင့်နီးကပ်လာသောအခါ ဒါရိုက်တာက လှမ်းမေးသည်။

“မင်းတို့အတွက် အနှိပ်သည်အချို့ရှာပေးဖို့လိုအပ်လား”

ဧည့်သည်များ၏ခါးက အရေးကြီးသည်။ မည်သည့်ကစားပွဲက ထိုမျှအထိ ပြင်းထန်သွားမည်ဟုလည်း အားလုံးက မထင်ထားမိကြချေ။ ထို့ကြောင့် လူတိုင်း အလွန်အကျွံပင်ပန်းနေကြလျှင် မကောင်းတော့ချေ။

ကျိုင်ရှင်းချန်က လက်မြှောက်သည်။

“ကျွန်တော်တော့ လိုတယ်လို့ထင်တယ်၊ ကျွန်တော် ပထမနေရာကိုရဖို့အတွက် ကျွန်တော့်ရဲ့ခါးကို တော်တော်လေး ဒုက္ခပေးလိုက်မိတယ်”

ယခုကာလက အမျိုးသားအဓိကဇာတ်လိုက်များ၏ ဖြောင့်တန်းသောခါးနှင့်အတူ အားနည်းချက်ကို ထုတ်ပြရမည့်ကာလဖြစ်သည်။

“မင်းက ဘာအနှိပ်သည်ကို ရှာနေတာလဲ”

ဟော့ချန်းက ရုတ်တရက်ပြောသည်။
“ခါးအနောက်ပိုင်းနာနေလို့လား၊ ငါ နှိပ်ပေးလို့ရတယ်”

ကောပင်းက ရုတ်တရက်အေးခဲသွားသည်။

“မင်းလား”

ချက်ချင်းဆိုသလိုကောပင်းက ပြန်ပြုံးလိုက်သည်။ သူ၏မျက်ဝန်းထဲတွင် အဓိပ္ပါယ်အပြည့်ပါသည်။ ထို့နောက် သူက မေးသည်။

“မင်းက နှိပ်တတ်တာလား”

“အရင်က ကျွန်တော့်ရဲ့မိဘတွေက မကြာခဏမသက်မသာဖြစ်နေကြလေ၊ ဒါကြောင့် ကျွန်တော်တို့ တရုတ်ဆေးဆရာအိုကြီးဆီမှာ အထူးတလည်လေ့လာထား ခဲ့တာပေါ့”

ဟော့ချန်းကပြောသည်။

“ခင်ဗျားတို့မယုံရင် လာကြည့်လို့ရတယ်”

“ဒါဆိုရင် အဆင်ပြေတာပဲ”

ကောပင်းက ရယ်လိုက်ပြီးနောက် ကျိုင်ရှင်းချန်ကိုကြည့်သည်။

“ဟော့ကောကတော့ ဒီနေ့သူ့ရဲ့စွမ်းရည်ကိုပြသဖို့ အခွင့်အရေးရပြီ”

ဒါက သူတို့အတွက် အဓိကအခန်းကဏ္ဍ ဖြစ်လာလောက်တယ်။

ယန်ကျစ်က နှုတ်ခမ်းကိုခပ်တင်းတင်းစေ့သည်။

“ကျွန်တော်လည်းနှိပ်ဖို့လိုအပ်နေတာ၊ ဟော့ကောက နှိပ်ပေးမှာလား”

ဟော့ချန်းက ယန်ကျစ်ကိုကြည့်သည်။ သူ၏မျက်နှာရှိအပြုံးက ပျောက်သွားသည်။ ယခုလေးတင် သူ ထုတ်ဖော်ပြသခဲ့သော စာနာသနားသည်ဆိုသော ခံစားချက်ကလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

ထိုတစ်ခဏတွင် ဖေးရွှီက ရုတ်တရက်ဝင်ပြောလိုက်သည်။      

“ကျွမ်းကျင်ပညာရှင်အနှိပ်သည်တွေကိုပဲ ရှာရအောင် လူတိုင်းက နှိပ်နယ်ပေးဖို့ လိုအပ်တယ်လေ၊ ပရိုဂရမ်အဖွဲ့က ဒီလောက်တော့ကပ်စေးမနည်းသင့်ဘူး”

ယန်ကျစ်နှင့်ဟော့ချန်းက ဖေးရွှီကိုကြည့်လိုက်ကြသည်။

ဖေးရွှီက ပြောလာသည့်အတွက် နှစ်ယောက်လုံးက အံ့အားသင့်သွားကြသည်။ ဖေးရွှီကမူ ယန်ကျစ်နှင့်မတူချေ။ သူက ဟော့ချန်း၏အတွေးကိုသိသည်။ သို့သော် ဟော့ချန်းက သည်အခြေအနေတွင် အခွင့်အရေးယူမည့်အရေးကိုသူက ခွင့်မပြုနိုင်ချေ။ ကင်မရာက ရိုက်ကူးနေသေးသည်။ လူအများလည်းရှိနေသေးသည်။ ထို့ကြောင့်သူက မည်မျှဒေါသထွက်နေစေကာမူ ထိုသို့မလုပ်သင့်ချေ။
ဟော့ချန်းကလည်းသိသည်။ သို့သော် သူက သည်အတိုင်း ရှင်းချန်နှင့် အဆက်အသွယ်ရှိမည့်အခွင့်အရေး လိုချင်ရုံသာဖြစ်သည်။ သူကလည်း ကောင်းကောင်းနှိပ်တတ်သည်။ ပြောရလျှင် ယေဘူယျ ဆရာသခင်အနှိပ်သည်လောက် အင်အားကပင် သူ့လောက် မကောင်းမွန်နိုင်ချေ။ ကောပင်းကလည်း တစ်ခဏကြာသည်အထိ မဆုံးဖြတ်နိုင်တော့ချေ။ ထို့ကြောင့် သူက ကျိုင်ရှင်းချန်ကိုသာ ဒုက္ခပေးလိုက်သည်။

“မင်း ဘယ်လိုထင်လဲ”

ကျိုင်ရှင်းချန်ကပြောသည်

“ဆရာကိုပဲခေါ်ရအောင်”

ဟော့ချန်းက လူတိုင်းကို လိုက်နှိပ်ပေးတာကိုတော့ ငါ ဘယ်လိုလုပ် ခွင့်ပြုပါ့မလဲ။

ဟော့ချန်းက လက်နှစ်ဖက်လုံးကို သူ၏ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး သူက စကားမပြောတော့ချေ။ သူက ခေါင်းလှည့်ပြီး ဖေးရွှီကိုကြည့်သည်။ ဖေးရွှီက အပြာအနီစံအိမ်မှခံစားချက်အခြေအနေကို အသိနည်းလွန်းနေသည်ဟု ခံစားလိုက်ရ သည်။

ငါ ဒီအစ်ကိုကြီးကို  ဘယ်လိုထိန်းရမလဲမသိတော့ပါဘူး။

ပရိုဂရမ်အဖွဲ့ကမူ သူတို့အတွက် အနှိပ်သည်အချို့ရှာပေးသည်။ အမျိုးသားသုံးယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သည်တစ်ကြိမ်တွင် သုံးယောက်လုံးက အချင်းချင်းနားလည်မှုယူထားကြသည်။ သူတို့အားလုံးက အမျိုးသားဆရာများကို ခေါ်သွားကြသည်။ အမျိုးသမီးဆရာကိုမူ ကျိုင်ရှင်းချန်အတွက် ချန်ထားပေးလိုက်သည်။

ဇာတ်ညွှန်းရေးဆရာလျှိုက မှတ်ချက်ချသည်။

“အမျိုးသားတွေက တော်တော်လေးကို အစွဲအလမ်းကြီးကြတယ်၊ သူတို့ရဲ့ ပိုင်စိုးလိုစိတ်ကတော့ တော်တော်လေးကို ကြောင်တောင်တောင်နိုင်တယ်”

သို့သော် မည်သူမျှမမျှော်လင့်ထားသည်မှာ ထိုဆရာလေးယောက်ထဲတွင် အမျိုးသမီးဆရာက ကြောက်စရာအကောင်းဆုံးဖြစ်နေသည်။ ကျိုင်ရှင်းချန်ကမူ ဆက်တိုက်နာကျင်၍ ညီးညူအော်ဟစ်နေရသည်။

အပိုင္း ၃၆

“ငါတို႔အားလုံး ေသခ်ာရိုက္ကူးထားတာဆိုေတာ့ မင္းတို႔လုပ္တဲ့အိပ္ထမတင္က စံခ်ိန္ႏႈန္းမီရမယ္၊ စံခ်ိန္မမီတဲ့အေရအတြက္ေတြကိုထည့္ၿပီး ေရတြက္မွာမဟုတ္ဘူး၊ လာပါ ေခ်ာေမာတဲ့ေကာင္ေလးေတြ အဆင္သင့္ျပင္လိုက္ေတာ့ ၃ ၂ ၁ စ”

ေဟာ့ခ်န္းက ဦးေဆာင္သည္။ သူက တိုက္ရိုက္ပင္ ခပ္ျမန္ျမန္ ဦးစြာလုပ္ၿပီးသည္ႏွင့္ စံခ်ိန္မီအိပ္ထမတင္အေနအထားသို႔ ျပန္ေျပာင္းလိုက္သည္။ သူႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနသည့္ သြမ့္ရီဟြားကပင္ေၾကာင္သြားသည္။

ယန္က်စ္ႏွင့္ေဖး႐ႊီတို႔က ပို၍ေသသပ္ၾကေသးသည္။

က်ိဳင္ရွင္းခ်န္၏ႏႈတ္ခမ္းပါးက ေကာ့တက္သြားသည္။ သူက လက္ကို လည္ပင္းအေနာက္တြင္ ထားလိုက္ၿပီးေနာက္ အသက္အနည္းငယ္ရႉထုတ္ၿပီးမွသာ ေခါင္းကိုေမာ့လိုက္သည္။ ဟူရင္းႏွင့္အျခားသူမ်ားက ဝိုင္းကာေရတြက္ေပးၾကသည္။ ထိုသို႔ျဖင့္ မတူညီေသာ အမ်ိဳးသားေလးေယာက္၏အသံက ေရာယွက္ေနသည္။

“၁ ၂ ၃ ၄ …”

မေရအတြက္မ်ားက မ်ားလာၿပီးသိပ္မၾကာခင္ ဟူရင္းကို ေက်ာ္လြန္သြားကာ ငါးဆယ္ေက်ာ္အထိ ေရာက္ရွိသြားသည္။

အိပ္ထမတင္က ခါးမွႂကြက္သားအားအေပၚ မွီခိုထားရျခင္းျဖစ္သည္။ သာမန္လူမ်ားဆိုလွ်င္ ဆယ္ႀကိမ္ေက်ာ္ခန႔္သာ လုပ္နိုင္ၾကသည္။ ယခုလို မွတ္တမ္းတင္ေနေသာ ေလာကမ်ိဳးတြင္ အလားတူလူမ်ိဳးေထာင္ေပါင္းမ်ားစြာရွိသည္။ ပို၍အေရးႀကီးသည္မွာ ယခုလို႐ုတ္တရက္ PK လုပ္ရေသာလူမ်ားအေနႏွင့္ ခါးအားကို ေကာင္းေကာင္းျပနိုင္မည္မဟုတ္ေခ်။

အစပိုင္းတြင္ေတာ္ေတာ္မ်ားမ်ား ျမန္ဆန္ေနခဲ့ၾကသည္။ သို႔ေသာ္ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ေက်ာဘက္မွႂကြက္သားက က်ိန္းစပ္လာၿပီး အရွိန္က ေႏွးက်လာေပလိမ့္မည္။ ေဟာ့ခ်န္းက ေခါင္းလွည့္ၿပီး ေဘးနားရွိယန္က်စ္ကို ၾကည့္လိုက္သည္။  ယန္က်စ္က မ်က္မွန္ခြၽတ္ထားသည္။ သူ၏မ်က္ခုံးႏွင့္မ်က္ဝန္းက ထူးဆန္းေနၿပီး စူးရွေနသည္။ သို႔ေသာ္ သူ၏မ်က္ႏွာက အနည္းငယ္နီလာသည္။ သို႔ေသာ္ သူ၏အမူအရာကမူ ဆုံးျဖတ္ခ်က္ခ်ထားသလိုမ်ိဳးျဖစ္ေနသည္။
သူက ေဖး႐ႊီကိုၾကည့္လိုက္ျပန္သည္။ ေဖး႐ႊီက ပို၍တည္ၿငိမ္ေသးသည္။

သူက သည္အတိုင္းလွဲလိုက္ ေက်ာကိုျမႇင့္လိုက္လုပ္သမွ်က စံခ်ိန္ႏႈန္းမီေနၿပီး အရွိန္ႏႈန္းကပင္ ညီေနသည္မွာ စက္႐ုပ္အလားထင္ရသည္။ အင္အားမ်ားျဖင့္ ေကာင္းေကာင္း ပ်ိဳးေထာင္ထားသလိုမ်ိဳးပင္ ထင္ရေသးသည္။
ေဟာ့ခ်န္းက သတိလက္လြတ္ အရွိန္ကိုေႏွးလိုက္မိသည္။

သို႔ရာတြင္  အႀကိမ္အေရအတြက္က ေနာက္ဆုံးအကန႔္အသတ္နားအထိ ေရာက္လာသည္။ သို႔တိုင္ေအာင္ သူက ပထမဦးဆုံး လက္ေလွ်ာ့အဆုံးသတ္ရေသာသူ မျဖစ္လိုခဲ့ေပ။

ထိုသို႔ျဖင့္ ပထမအဆုံးသတ္ကာလက ေက်ာ္လြန္သြားသည္။ သူက အျခားသူမ်ား၏ခြန္အားကိုလည္း ၾကည့္ခ်င္ေနေသးသည္။ တိတ္ဆိတ္ေသာကမ္းေျခတြင္ အနည္းငယ္ေမာဟိုက္သံျဖင့္ အသက္ရႉသံအျပင္ ဟူရင္း၏ေရတြက္သံသာရွိေနသည္။ ဟူရင္းက က်ိဳင္ရွင္းခ်န္၏ေျခေထာက္ကိုဖိထားရင္း အျခားသုံးဖြဲ႕ကိုလွည့္ၾကည့္သည္။

သူက ေရွာင္ခ်င္ေသာ္လည္း မေရွာင္ခ်င္ေနသည္ႏွင့္တူသည္။ ဝမ္ေနာ့က ပို၍ရွက္ေနေသးသည္။ သူက တစ္ခ်ိန္လုံးေခါင္းငုံ႕ထား၏။ သို႔ေသာ္ ထိုသို႔ေခါင္းငုံ႕ လိုက္သည့္အခါ သူ၏အၾကည့္က အၿမဲလိုလို ယန္က်စ္၏ေအာက္ပိုင္းတစ္ေနရာသို႔ ေရာက္သြားေၾကာင္း ျမင္လိုက္ရသည္။

အခ်ိန္က တျဖည္းျဖည္းကုန္လြန္လာသည္။ သို႔ေသာ္ မည္သူကမွ် မရပ္တန႔္ခ်င္ၾကေခ်။ လူတိုင္းက နံပါတ္ ၁ ျဖစ္ခ်င္ၾကသည္။

အခ်ိန္ကုန္လာေသာအခါ အေရအတြက္က တစ္ရာအထိေရာက္သြားသည္။
ေကာပင္းက မေနနိုင္ဘဲလွမ္းေျပာလိုက္သည္။

“အားလုံး အမ်ားႀကီးႀကိဳးစားၿပီးၾကၿပီးပါၿပီ၊ မေတာင့္ခံနိုင္ေတာ့ရင္ ရပ္လိုက္လို႔ရၿပီ”
သို႔ေသာ္ မည္သူကမွ် မရပ္တန႔္ခ်င္ၾကေပ။

က်ိဳင္ရွင္းခ်န္၏ပါးျပင္ေပၚ ေခြၽးမ်ားစီးက်လာသည္။ သူ၏အသက္ရႉသံက ျပင္းလာၿပီး မ်က္ႏွာက နီသထက္နီလာသည္။ ဟူရင္းက စိတ္လႈပ္ရွားစြာေျပာသည္။

“က်ိဳင္ရွင္းခ်န္ မင္း လုပ္နိုင္ပါတယ္”

က်ိဳင္ရွင္းခ်န္က ေခါင္းလွည့္ကာ ညာဘက္ျခမ္းမွ သုံးဖြဲ႕ကိုၾကည့္လိုက္သည္။ သူ လုပ္ေနေသာ အိပ္ထမတင္က ၁၂၀ ေက်ာ္ေနေလၿပီ။ ထိုတစ္ခဏတြင္ သူက ႐ုတ္တရက္ ပထမေနရာကို ယူမည္ဆိုေသာ ဆုံးျဖတ္ခ်က္က မွန္ကန္ျခင္းရွိမရွိေတြးမိလာသည္။

အေၾကာင္းမူကား ယခုမွ႐ုတ္တရက္ အျခားေသာသုံးေယာက္လုံးကလည္း ပထမေနရာကို ယူခ်င္မည္ျဖစ္ေၾကာင္း သို႔မဟုတ္ ပထမဆုံးလဲက်သြားသူ မျဖစ္လိုေၾကာင္း နားလည္လိုက္သည္။သူတို႔က ရပ္ပင္မရပ္ေလာက္ေခ်။ သို႔ေသာ္ အိပ္ထမတင္ ထပ္ခါတလဲလဲလုပ္ျခင္းက သူတို႔၏က်န္းမာေရးအတြက္ မေကာင္းေခ်။ သူတို႔ မနက္ျဖန္မထနိုင္ေတာ့သည္လည္းျဖစ္နိုင္သည္။

ထို႔ေၾကာင့္ သူက ပထမဆုံးလွဲခ်ရန္ သင့္မသင့္ႏွင့္ ပထမေနရာရေအာင္ ဆက္ႀကိဳးစားသင့္မသင့္ မေသခ်ာေတာ့ေခ်။
ဒါက ေခါင္းပန္းလွန္သလိုျဖစ္ေနသည္။ သူ၏ေဘးမွေဖး႐ႊီကလည္း ေခါင္းလွည့္ကာ သူ႕ကို တစ္ခ်က္ၾကည့္သည္။

သူတို႔ႏွစ္ေယာက္က အႀကိမ္ေရတူလုနီးပါးျဖစ္သည္။ ထို႔ေၾကာင့္ အတူအတြလွဲၿပီး အတူတကြျပန္ထျခင္းအားျဖင့္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ေသာအခါ မ်က္လုံးခ်င္းဆုံသြားသည္။  ေဖး႐ႊီက က်ိဳင္ရွင္းခ်န္၏နီရဲေနေသာမ်က္ႏွာကို ၾကည့္လိုက္သည္။

သူ၏မ်က္ႏွာက အလြန္ေသးသည္။ ေခြၽးမ်ားကလည္းပါးျပင္ေပၚ ေခ်ာေမြ႕စြာျဖင့္စီးက်သြားၿပီး နားထင္ေတာက္ေလွ်ာက္ေအာက္သို႔ ေရာက္သြားသည္။ သူက ေခါင္းေမာ့လိုက္သည့္အခ်ိန္တိုင္းလိုလို  လည္ပင္းမွ အျပာေရာင္ေသြးေၾကာမ်ားကိုပင္ ျမင္နိုင္ေသးသည္။

ေတာ္ေတာ္ေလး ႀကိဳးစားေနတာပဲ။
က်ိဳင္ရွင္းခ်န္က ထိုမွ်အထိလုပ္နိုင္မည္ဟုလည္း သူမေမွ်ာ္လင့္ခဲ့ဖူးေခ်။
သူက ရႈံးမွာကိုေၾကာက္တာလား။

သူက ပထမဦးဆုံး မလဲက်ခ်င္ဘူးပဲ။

ဒါက ကိုယ္ပိုင္ဂုဏ္သိကၡာကို ေစာင့္ၾကပ္ျခင္းျဖစ္သည္။ သူက ထိုသို႔ေစာင့္ၾကပ္ရန္ ဆုံးျဖတ္ခ်က္ခ်ထားသည္။

သူတို႔အားလုံးက က်ိဳင္ရွင္းခ်န္ကို အားအနည္းဆုံးဟုထင္ထားၾကၿပီး သူ႕ကို ေနာက္ဆုံးဟုသာ သတ္မွတ္ထားေလာက္သည္။ သူတို႔အားလုံးက သူ႕ကိုသနားေနၾကျခင္း ျဖစ္သည္။ သို႔ေသာ္ မည္သူကမွ် သူ႕ကို ေလွာင္ရယ္ၾကမည္မဟုတ္ေခ်။ သို႔ေသာ္ သူတို႔အားလုံးက က်ိဳင္ရွင္းခ်န္ကို လိုခ်င္ေနၾကသည္။ က်ိဳင္ရွင္းခ်န္ကမူ ဟူရင္းတို႔ကိုသာ ၾကည့္ေနသည္။

သူ၏ႏွလုံးသားေအာက္ေျခတြင္လည္း က်ိဳင္ရွင္းခ်န္က တစ္ဖက္အနီဘက္မွ လူမ်ားႏွင့္ အတူတူသာလွ်င္ျဖစ္သည္။ သို႔ေသာ္ က်ိဳင္ရွင္းခ်န္ကမူ သူတို႔နည္းတူ အျပာဘက္မွျဖစ္ေနေလၿပီး ဟူရင္းတို႔၏အေရွ႕ ပထမဦးဆုံး လဲက်သြားသူမျဖစ္လိုခဲ့ေပ။

ေဖး႐ႊီ၏ႏွလုံးသားက ႐ုတ္တရက္ပူျပင္းလာသည္။

“၁၃၀ ေက်ာ္သြားၿပီ”

ဝန္ထမ္းတစ္ေယာက္ကေျပာသည္။

“ေဟာ့ခ်န္းနဲ႕ေဖး႐ႊီက အသက္ ၁၅၀ ေက်ာ္တဲ့လူအိုႀကီးေတြလိုပဲ”

လူတိုင္းက ထိတ္လန႔္ကာ အသက္ရႉရခက္လာေတာ့မည့္အေျခအေနတြင္ ႐ုတ္တရက္ လူအုပ္ထဲမွ တအံ့တဩအသံမ်ားကထြက္လာသည္။

က်ိဳင္ရွင္းခ်န္က ေခါင္းလွည့္ကာၾကည့္လိုက္ေသာအခါ သူ၏ေဘးနားမွေဖး႐ႊီက ဦးစြာလွဲခ်လိဳက္ၿပီျဖစ္ေၾကာင္း ျမင္လိုက္ရသည္။

ေဖး႐ႊီက ကမ္းေျခေပၚလွဲေနသည္။ သူက ပါးစပ္ကို အနည္းငယ္ဖြင့္ထားၿပီး အေမာတေကာအသက္ရႉသည္။

သူ၏ေခ်ာေမာေသာမ်က္ႏွာေဘးဘက္ျခမ္း ေတာက္ေလွ်ာက္ ေခြၽးမ်ားက စီးက်ေနသည္။ လူတိုင္းက ေၾကာင္သြားသည္။

ေဖး႐ႊီက အရင္ဆုံးလွဲခ်လိဳက္မည္ဟု မထင္ထားၾကေခ်။ လူအမ်ားစုဆိုလွ်င္ သူႏွင့္ေဟာ့ခ်န္းကသာ ေနာက္ဆုံးတြင္ ၁ ေနရာကို ယွဥ္ၿပိဳင္ၾကမည့္လူဟု ထင္ထားၾကသည္။

လင္းခ်င္နင္ကလည္း အံ့အားသင့္သြားသည္။ သူက ေဖး႐ႊီကို ကူညီေပးေနေသာ ေၾကာင့္ ေဖး႐ႊီ၏အေျခအေနက အေကာင္းဆုံးအေနအထားတြင္ ရွိေနေသးေၾကာင္း ေကာင္းေကာင္းနားလည္ေနသည္။

သူက ေျခေထာက္ကိုကူညီကာ ဖိထားေပးေလရာ ေဖး႐ႊီ၏အေျခအေနကို အေကာင္းဆုံးနားလည္သည္။ ေဖး႐ႊီက အစမွအဆုံးအထိ အရွိန္ႏႈန္းကို ထိန္းထားနိုင္ေသးသည္။ သူက ေမာ့ပန္းႏြမ္းနယ္သြားျခင္းမရွိသလို အရွိန္က်လာသည့္ အေနအထားလည္း မျပေသးေခ်။ ထို႔အျပင္ ခက္ခဲဟန္လည္းမေပၚေသးေခ်။ ၾကည့္ရသည္မွာ ေဖး႐ႊီက ရည္႐ြယ္ခ်က္ရွိရွိ လုပ္လိုက္ျခင္းျဖစ္ေလာက္သည္။

လင္းခ်င္နင္ကသာ ထိုသို႔ေတြးျခင္းမဟုတ္ဘဲ လူတိုင္းက ထိုသို႔ေတြးၾကသည္။

ဟူရင္းက ပရိုဂရမ္အဖြဲ႕ကိုေျပာသည္။
“ေဖး႐ႊီ ထြက္သြားၿပီ”

သြမ့္ရီဟြားႏွင့္ဝမ္ေနာ့တို႔ကလည္း ေဖး႐ႊီကိုၾကည့္ၾကသည္။ ေဟာ့ခ်န္းႏွင့္ယန္က်စ္ ကလည္း သူ႕ကိုတစ္ခ်က္ၾကည့္သည္။ ေဖး႐ႊီက ထထိုင္လိုက္သည္။ သူက လည္ပင္းေနာက္ပိုင္းတြင္ ေပေနသည့္သဲမ်ားကို ပုတ္ခါသည္။

သို႔ရာတြင္ ေဟာ့ခ်န္းတို႔ကမူ ေဖး႐ႊီက ေစာေစာလက္ေလွ်ာ့လိုက္သည္မွာ သူဟာ ပထမေနရာကိုယူရန္ ရည္႐ြယ္ခ်က္မရွိေသာေၾကာင့္ဟု ထင္ထားၾကသည္။ ေျပာရလွ်င္ သူက အနီဘက္မွျဖစ္ေစ အျပာဘက္မွျဖစ္ေစ မည္သူကိုမွ်စိတ္မဝင္စားေခ်။ သူက တစ္စုံတစ္ေယာက္ကိုခ်စ္မိသြားရန္လည္း ဆႏၵမရွိေခ်။ ဒါက ေဖး႐ႊီ၏ပုံစံႏွင့္ ကိုက္ညီသည္။
ေဖး႐ႊီက ပထမဦးဆုံးလဲက်သြားသည္။ ထို႔ေၾကာင့္ သူ၏အေနာက္မွ တစ္စုံတစ္ေယာက္ကသာ လွဲခ်ၿပီး အရႈံးေပးလိုက္မည္ဆိုလွ်င္လည္း အရွက္ရေတာ့မည္ မဟုတ္ေခ်။ ေဖး႐ႊီက ပထမဦးဆုံးထရပ္လိုက္ၿပီးေနာက္ ေခါင္းကိုလွည့္ကာ က်ိဳင္ရွင္းခ်န္ကို ၾကည့္လိုက္သည္။
ေဖး႐ႊီက ၾကည့္လိုက္သည္ႏွင့္ က်ိဳင္ရွင္းခ်န္၏အေတြးမ်ားက ျပန႔္က်က္သြား သည္။

သူက အရင္ဆုံးလွဲခ်ျခင္းအားျဖင့္ အျခားသူမ်ားက ေနာက္မွဝင္ကာလွဲခ်႐ုံျဖင့္ ထိန္းထားနိုင္ေတာ့မည္ျဖစ္သည္။ သို႔တိုင္ေအာင္ သူက အဆုံးအထိ ထိန္းထား၍ရေသးသည္။

လက္ရွိအခ်ိန္တြင္ ေဖး႐ႊီက ဦးစြာလွဲခ်သြားၿပီျဖစ္ေလရာ သူက ေဖး႐ႊီကို တစ္ဖက္သူဟာ သူ႕ထက္နိမ့္က်ေၾကာင္း အျမင္ေပး၍မျဖစ္ျပန္ေခ်။

က်ိဳင္ရွင္းခ်န္က ယန္က်စ္ႏွင့္ေဟာ့ခ်န္းတို႔ကို ၾကည့္လိုက္သည္။ သူ၏ႏႈတ္ခမ္းကို ခပ္တင္းတင္းေစ့ပိတ္လိုက္ၿပီးေနာက္ စိုးရိမ္စိတ္မ်ားသြားသည္။ ထို႔ေနာက္ တစ္ဖန္အာ႐ုံစိုက္လိုက္ျပန္သည္။

ေျပာရလွ်င္ လူအမ်ားစုက သူ၏စြမ္းရည္ကို လ်စ္လ်ဴရႈထားၾကသည္။ သူက အကသမားတစ္ေယာက္ျဖစ္သည္။ ထို႔ေၾကာင့္ သူက သည္ရွစ္ေယာက္ထဲတြင္ အေလ့က်င့္ထားဆုံးႏွင့္ ခႏၶာကိုယ္ႀကံ့ခိုင္မႈအေကာင္းဆုံးဟုေျပာလွ်င္ ခ်ဲ့ကားရမေရာက္ေခ်။ သူတို႔၏အကေက်ာင္းသားမ်ားက ေန႕တိုင္းလိုလို ျပင္းထန္သည့္ေလ့က်င့္မႈမ်ားကို သုံးကာ ေလ့က်င့္ေနရျခင္းျဖစ္သည္။

အထူးသျဖင့္ ယခုလိုဖိုင္နယ္စာေမးပြဲနီးလာခ်ိန္တြင္ျဖစ္သည္။ သူတို႔က တစ္ရက္လွ်င္ နာရီေပါင္းမ်ားစြာၾကာေအာင္ ခပ္ၾကမ္းၾကမ္းေလ့က်င့္ေနရသည္။ သူတို႔ ေန႕တိုင္းလိုလို သည္လိုအရွိန္ႏႈန္းကို ထိန္းထားရျခင္းျဖစ္သည္။ သူတို႔အမ်ားစုလုပ္ရသည့္ အေျခခံေလ့က်င့္ခန္းက အိပ္ထမတင္ျဖစ္သည္။

ပရိုဂရမ္အဖြဲ႕က ေဖး႐ႊီကို ေရပုလင္းေပးသည္။ ေဖး႐ႊီက အဖုံးကိုဖြင့္ၿပီးေနာက္ ႏွစ္ငုံေသာက္သည္။ ထို႔ေနာက္ ေနာက္လွည့္ကာ က်ိဳင္ရွင္းခ်န္ကိုၾကည့္ျပန္သည္။ ျဖဴေဖြးေတာက္ပေသာအလင္းေရာင္က သူ၏ေခြၽးမ်ားစို႐ႊဲေနေသာမ်က္ႏွာေပၚ ဟပ္လာသည္။

သူ၏အနက္ေရာင္ဆံပင္မ်ားက ေႏွာင့္ယွက္မႈေၾကာင့္ သူ႕ကို ပို၍ျဖဴသြားၿပီး ေခ်ာေမာသလိုျဖစ္သြားေစသည္။
က်ိဳင္ရွင္းခ်န္က ရပ္တန႔္မႈရွိေၾကာင္းျမင္သည့္အခါ ေဖး႐ႊီက အနည္းငယ္ အံ့အားသင့္သြားသည္။

ကလဲ့စားပြဲက ဆက္လက္ျဖစ္ေနသည္။ ထိုသို႔ျဖင့္ ၂၀၀ ေရာက္သြားသည္။ ယန္က်စ္ႏွင့္ေဟာ့ခ်န္းတို႔ကပင္ အနည္းငယ္ေႏွးသြားသည္။

“၂၀၁ ၂၀၂”

ထိုသို႔ အိပ္ထမတင္လုပ္ေနရင္း ေဟာ့ခ်န္းက ေခါင္းလွည့္ကာ အေဝးရွိက်ိဳင္ရွင္းခ်န္ကို အံ့အားတႀကီးၾကည့္လိုက္သည္။ သူ၏မ်က္ႏွာတြင္ ရယ္ေမာလိုဟန္ရွိေနေသးသည္။ က်ိဳင္ရွင္းခ်န္က ထိုမွ်သန္မာမည္ဟု သူသည္လည္း မထင္ထားမိေခ်

သူသာလွ်င္မကဘဲ လူတိုင္းက က်ိဳင္ရွင္းခ်န္က ထိုမွ်သန္မာမည္ဟု မထင္ထားၾကေခ်။

ေျပာရလွ်င္ ေတာင့္ခံနိုင္စြမ္းအားႏွင့္ ႐ုပ္ပိုင္ဆိုင္ရာခြန္အားအရ က်ိဳင္ရွင္းခ်န္ဟာ ေဟာ့ခ်န္းႏွင့္ယန္က်စ္ကို မယွဥ္နိုင္ေလာက္ေခ်။ သူတို႔အားလုံးကိုသာ အကန႔္အသတ္အထိ လုပ္ခိုင္းမည္ဆိုလွ်င္ သူက မနိုင္ေလာက္ေခ်။

သို႔ေသာ္ သူက ႀကံ့ခိုင္ခဲသည္။ သူက အျခားလူတိုင္းထက္ပိုၿပီး သည္းခံနိုင္ခဲ့သည္။

ေဟာ့ခ်န္းက ေျမျပင္သို႔ ပထမဦးဆုံးလွဲခ်လိဳက္သည္။ ထို႔ေနာက္ သူကရယ္ၿပီး အသက္ျပင္းျပင္းရႉလိုက္ကာ ယန္က်စ္ႏွင့္က်ိဳင္ရွင္းခ်န္ကို လွည့္ၾကည့္လိုက္သည္။

ယန္က်စ္၏တစ္ကိုယ္လုံးကလည္း ေခြၽးမ်ားစို႐ႊဲေနသည္။ သူ၏လည္ပင္းႏွင့္ မ်က္ႏွာက နီရဲေနသည္။ သူကမတ္တပ္ထရပ္လိုက္ေသာအခါ သူ၏ခႏၶာကိုယ္ အေပၚပိုင္းကပင္ တုန္ခါေနေသးသည္။ သူကလည္း အကန႔္အသတ္ကို ေရာက္ရွိသြားသည္ႏွင့္တူသည္။

က်ိဳင္ရွင္းခ်န္၏အေျခအေနက ပိုဆိုးေသးသည္။ အဆုံးတြင္ လူတိုင္းက ယန္က်စ္ႏွင့္က်ိဳင္ရွင္းခ်န္ကို ၾကည့္လိုက္ၾကသည္။

ယန္က်စ္က ေခါင္းလွည့္ၿပီး က်ိဳင္ရွင္းခ်န္ကိုၾကည့္သည္။ က်ိဳင္ရွင္းခ်န္က မ်က္လုံးကိုပိတ္ထားၿပီး အံကိုႀကိတ္ထားေၾကာင္း ျမင္လိုက္ရသည္။ သူက ပထမေနရာမရမခ်င္း လက္ေလွ်ာ့မည္မဟုတ္ေၾကာင္း ဆုံးျဖတ္ခ်က္ခ်ထားသည္ႏွင့္ တူသည္။

သူက အလြန္ႀကိဳးစားသည္။ သူက ပထမေနရာကို အရယူခ်င္သည္။ ထို႔ေနာက္ သူ သေဘာက်ေသာလူကို ဒိတ္လုပ္ရန္ေတာင္းဆိုခ်င္ေနသည္။

ဟူရင္းလား သြမ့္ရီဟြားလား။

သူတို႔အားလုံးက က်ိဳင္ရွင္းခ်န္ကို အထင္ေသးခဲ့ၾကသည္။ သူက သူတို႔၏ ကာကြယ္ေစာင့္ေရွာက္မႈ ဂ႐ုစိုက္မႈလိုအပ္ေသာ ပန္းပြင့္ျဖဴေလးဟုထင္ခဲ့ၾကသည္။ ေျပာရလွ်င္ တစ္ဖက္သူက သူတို႔ထက္ပင္ ဆုံးျဖတ္ခ်က္ျပတ္သားေနသည္။

ယန္က်စ္က က်ိဳင္ရွင္းခ်န္ကို သူ၏ဆႏၵကို      မျပည့္သြားေစလိုေခ်။ သို႔ေသာ္ သူႏွင့္က်ိဳင္ရွင္းခ်န္ၾကား ရန္လိုမႈႏွင့္အဆုံးမသတ္ခ်င္ေသးေခ်။

ထိုသို႔ျဖင့္ သူ၏စိတ္ထဲတြင္ ရႈပ္ေထြးေသာခံစားခ်က္မ်ားက ျပည့္ႏွက္လာသည္။ ယန္က်စ္က အဆုံးတြင္ ခြန္အားေလ်ာ့သြားၿပီး ကမ္းေျခေပၚသို႔လွဲခ်လိဳက္သည္။

“၂၄၉”

ဝမ္ေနာ့ကေအာ္သည္။ သူတို႔အားလုံးက က်ိဳင္ရွင္းခ်န္ကိုၾကည့္လိုက္ၾကသည္။ ဟူရင္းက က်ိဳင္ရွင္းခ်န္၏ေျခေထာက္ကိုဖိထားသည္။ သူက အလြန္အံ့အားသင့္ေနေသာေၾကာင့္ အနည္းငယ္ပင္စိတ္လႈပ္ရွားသြားေသးသည္။

သူ၏မ်က္ဝန္းကလည္း အလြန္ေတာက္ပေနသည္။ သူက မ်က္ႏွာေသႏွင့္ရွိေနေသာ က်ိဳင္ရွင္းခ်န္ကိုၾကည့္လိုက္သည္။ တစ္ဖက္သူအေပၚ ထင္ေယာင္ထင္မွားျဖစ္ေစေသာ ခ်စ္ျမတ္နိုးသည့္ခံစားခ်က္မ်ားကပင္ ေပၚထြက္လာေသးသည္။

“၂၄၁ ရွင္းခ်န္ မင္း အခုအခ်ိန္မွာဆက္လုပ္လိုက္ ဒါဆိုရင္ နိုင္ၿပီ”

က်ိဳင္ရွင္းခ်န္က မ်က္လုံးကိုမွတ္ထားၿပီးေနာက္ ႏႈတ္ခမ္းပါးကို ခပ္တင္းတင္းေစ့ပိတ္သည္။ ထိုက်ိဳင္ရွင္းခ်န္က သူတို႔လုံးဝမျမင္ဖူးေသာ က်ိဳင္ရွင္းခ်န္ ျဖစ္သည္။ သူတို႔ မေတြးဖူးေသာက်ိဳင္ရွင္းခ်န္လည္း ျဖစ္ေနေသးသည္။
သြမ့္ရီဟြား၊ ဝမ္ေနာ့၊ လင္းခ်င္နင္တို႔အားလုံး က်ိဳင္ရွင္းခ်န္ေၾကာင့္ အံ့အားသင့္ရသည္။ ဒါက အျပင္းအထန္လုပ္ရသည့္ အားကစားေၾကာင့္ရလာေသာ ခ်စ္စိတ္ေဇာအဟုန္ျဖစ္သည္။

“၂၄၉”

ဟူရင္းက စိတ္လႈပ္ရွားစြာေအာ္သည္။
က်ိဳင္ရွင္းခ်န္းက ႐ုတ္တရက္ မ်က္လုံးကိုဖြင့္လိုက္သည္။ သူ၏ခႏၶာကိုယ္က တုန္ေနၿပီး အေရွ႕သို႔မွီလာသည္။ ေနာက္ဆုံးတြင္ သူက အသက္ျပင္းျပင္းရႉၿပီး တစ္ဖန္ျပန္လည္ ကုန္းလိုက္ျပန္သည္။

ဟူရင္းက သူ႕ကိုဖက္လိုက္သည္။

“ႏွစ္ရာနဲ႕ငါး”

က်ိဳင္ရွင္းခ်န္ကရယ္သည္။ သူက ဟူရင္း၏ပုခုံးေပၚမွီေနရင္း အေမာတေကာ အသက္ရႉသည္။

“ႏွစ္ရာနဲ႕ငါး ကြၽန္ေတာ္ ေနာက္တစ္ႀကိမ္ ထပ္လုပ္လိုက္အုံးမယ္

ဟူရင္းက က်ယ္ေလာင္စြာေအာ္ရယ္သည္။

“အသံက နားေထာင္ရေကာင္းလားမေကာင္းလားဆိုတာ မင္း ဂ႐ုစိုက္မေနသင့္ဘူး၊ မင္းနိုင္ရင္နိုင္တယ္ေပါ့”

ထိုစကားကိုၾကားေသာအခါ ေဘးနားတြင္က်ိဳင္ရွင္းခ်န္ကိုသာ ၾကည့္ေနသည့္ ေဖး႐ႊီက ခပ္တိုးတိုးရယ္လိုက္သည္။ သို႔ေသာ္ သူက ငယ္စဥ္ကတည္းက ကင္မရာကို အထိမခံျဖစ္ေလရာ အလိုအေလ်ာက္ခံစားမိသည္။ ထို႔ေၾကာင့္ ကင္မရာက သူ႕ကို အနီးကပ္ရိုက္ကူးေနေၾကာင္း သိလိုက္လွ်င္ သူ၏မ်က္ႏွာရွိအၿပဳံးက ေပ်ာက္ကြယ္သြား သည္။

ပင္လယ္ျပင္ကမ္းစပ္တြင္ တိုက္ခိုက္ေနသည့္ေလေအးက သူ၏ႏွလုံးသားထဲမွ မီးေတာက္ကိုမၿငိမ္းေစနိုင္ေပ။ သူဟာ သူကိုယ္တိုင္ ပထမရသည္ထက္ပင္ ေပ်ာ္႐ႊင္ေနသည္။

က်ိဳင္ရွင္းခ်န္က ပထမေနရာကိုယူသြားေသာကိစၥက မည္သူမွ်မေမွ်ာ္လင့္ ထားေသာကိစၥျဖစ္သည္။ ပရိုဂရမ္အဖြဲ႕ဝင္မ်ားလည္း အလားတူသာလွ်င္ျဖစ္သည္။ သို႔ရာတြင္ သူ႕အတြက္ ပထမေနရာရရန္မလြယ္ကူခဲ့ေခ်။ သူက ကိုယ္ပိုင္ႀကိဳးစားအားထုတ္မႈျဖင့္ အနိုင္ရသြားေလရာ လူတိုင္းက သေဘာက်လက္ခံၾကသည္။

ဝမ္ေနာ့က လူတိုင္းထက္ေပ်ာ္ေနသည္။ သူက က်ိဳင္ရွင္းခ်န္၏အနားသို႔ ကပ္သြားခ်င္သည္။ သို႔ေသာ္ က်ိဳင္ရွင္းခ်န္ႏွင့္နီးကပ္ရန္ မျဖစ္နိုင္ေတာ့ဟုခံစားရသျဖင့္ ေဘးနားတြင္သာရပ္ေနလိုက္ၿပီး လက္ခုပ္တီးေပးေနလိုက္သည္။
လူတိုင္းက လက္ခုပ္တီးၾကသည္။ ဟူရင္းက က်ိဳင္ရွင္းခ်န္ကိုဆြဲထူေပးၿပီး ပုခုံးကိုပုတ္ကာေျပာသည္။

“မင္းရဲ႕ဝမ္းဗိုက္ႂကြက္သားက ေတာ္ေတာ္ေလးပင္ပန္းေနေလာက္ၿပီ”

ေရရဲ႕အလင္းလိုပဲ ေတာ္ေတာ္ေလးလွတယ္။

က်ိဳင္ရွင္းခ်န္က အျပင္းအထန္ေလ့က်င့္ခန္းလုပ္ထားခဲ့ေၾကာင့္ စိတ္လႈပ္ရွားမႈမွ မသက္သာေသးေခ်။ သူက ဂုဏ္ယူစြာျဖင့္ မ်က္ခုံးကိုပင့္လိုက္သည္။

ထိုအသြင္အျပင္က အလြန္လန္းကာ ဆြဲေဆာင္မႈျပင္းသည္။ လင္းခ်င္နင္ကပင္ ဝိုးဟူ၍ ခပ္တိုးတိုးေအာ္လိုက္မိေသးသည္။ သြမ့္ရီဟြားႏွင့္ဝမ္ေနာ့တို႔က ကင္မရာေရွ႕တြင္ တိုက္ရိုက္မၾကည့္ရဲၾကဘဲ အၾကည့္ကိုေရွာင္ၿပီး ထပ္ခါတလဲလဲျပန္ၾကည့္ေနၾကသည္။

“ဒီေန႕ ရွင္းခ်န္ေၾကာင့္ လူတိုင္းက အျမင္သစ္ေျပာင္းသြားေလာက္ၿပီ”

“တကယ္ကိုအေျပာင္းအလဲႀကီးပါပဲ”

“မင္း အခုလူတိုင္းရဲ႕အမူအရာေတြကို ေသခ်ာဓါတ္ပုံရိုက္ကူးထားတယ္ မဟုတ္လား”

ေကာပင္းကေျပာသည္။

“အားလုံးရဲ႕အမူအရာေနာ္ သူတို႔ရဲ႕အမူအရာေျပာင္းလဲသြားတဲ့ပုံစံကို ငါ့အတြက္ ျဖတ္ေပးစမ္းပါ”       
           
ပရိုဂရမ္အဖြဲ႕က သဘက္ႏွင့္ေရဘူးမ်ား လာပို႔သည္။ ဟူရင္းက ကိုယ္တိုင္ကိုယ္က်သြားယူၿပီး က်ိဳင္ရွင္းခ်န္၏ေခြၽးကို သဘက္ျဖင့္သုတ္ေပးသည္။ က်ိဳင္ရွင္းခ်န္က ေရႏွစ္ငုံခန႔္ေသာက္ၿပီးေနာက္ သဘက္ကိုယူလိုက္သည္။

“ခင္ဗ်ားတို႔ ငါတို႔အတြက္ အႏွိပ္သည္ေတြ ရွာေပးသင့္တယ္”

ေဖး႐ႊီကပရိုဂရမ္အဖြဲ႕ကိုေျပာသည္။
“အားလုံး ဒီေန႕ ေတာ္ေတာ္ေလး ဒုကၡမ်ားသြားၾကၿပီ”

႐ုတ္တရက္ အိပ္ထမတင္ အႀကိမ္အေရေပါင္းမ်ားစြာ လုပ္ထားရေလရာ သူတို႔၏ခႏၶာကိုယ္က မည္မွ်ႀကံ့ခိုင္ေနေစကာမူ ေမာပန္းႏြမ္းနယ္မႈကို ခံစားေနရေသးသည္။ ထို႔ေၾကာင့္ ျပန္ေသာအခါ က်ိဳင္ရွင္းခ်န္က သူ၏ခါးကိုပင္ ထိန္းလိုက္ရသည္။ ဟူရင္းက သူ႕ကိုတစ္ခ်ိန္လုံးတြဲထားေပးၿပီး ဆက္တိုက္ စကားေျပာေနသည္။

ေခြၽးအလြန္ထြက္သြားေသာေၾကာင့္ျဖစ္ေလာက္သည္။ ပင္လယ္ေလေျပက တိုက္ခတ္လာေသာအခါ ေအးသည္ဟုခံစားရသည္။ လူတိုင္းက အျပာအနီစံအိမ္သို႔ျပန္ၾကသည္။ ယန္က်စ္က က်ိဳင္ရွင္းခ်န္၏ေက်ာကိုၾကည့္သည္။

ထို႔ေနာက္ ေဘးနားတြင္ ေတာက္ေလွ်ာက္ကပ္တြယ္ေနသည့္ ဟူရင္းကိုၾကည့္ၿပီး ႐ုတ္တရက္ တစ္စုံတစ္ရာကို ႀကီးႀကီးမားမားဆုံးရႈံးသြားရသလို ခံစားလိုက္ရသည္။ တစ္ေယာက္ေယာက္က သူ၏ပုခုံးကိုလာပုတ္ေၾကာင္း ခံစားမိသျဖင့္ လွည့္ၾကည့္လိုက္ေသာအခါ ေဟာ့ခ်န္းကိုျမင္လိုက္ရသည္။

လင္းခ်င္နင္ကလည္း ေခါင္းလွည့္ၿပီး အနားရွိေဖး႐ႊီကိုၾကည့္သည္။ သူက ေျပာသည္။

“မင္းက ပထမေနရာယူမယ္လို႔ ငါ ထင္ထားတာ”

ေဖး႐ႊီက ေျပာသည္။
“က်ိဳင္တိတိက ဒီမွာရွိေနေပမယ့္ ငါ မရနိုင္ပါဘူး”

လင္းခ်င္နင္က ရိုးသားစြာေျပာသည္။

“ဒီေန႕ ရွင္းခ်န္က ေတာ္ေတာ္ေလးအံ့ဩဖို႔ေကာင္းတယ္”

ထိုစကားကိုၾကားေသာအခါ ဟူရင္းက လွည့္ၾကည့္သည္။ သူကရယ္ၿပီး ေနာက္က်ယ္ေလာင္စြာ ေအာ္ေျပာသည္။

“ဒီေန႕ ရွင္းခ်န္ကေတာ္ေတာ္ေလး ေလးစားစရာေကာင္းတယ္၊ အမ်ိဳးသားစြမ္းအားေတြက ေပါက္ကြဲလုမတတ္ဘဲ၊ ငါတို႔သာ ဒီေန႕ စာပို႔ရမယ္ဆိုရင္ အားလုံး သူ႕ကိုပဲပို႔ၾကမယ္လို႔ထင္တယ္၊ ငါကိုယ္တိုင္လည္း ရွင္းခ်န္ကိုပဲပို႔မွာ”
က်ိဳင္ရွင္းခ်န္ကေျပာသည္။

“ေနာက္ဆုံးရက္အထိသိမ္းထားၿပီး အဲ့ဒီက်မွ ကြၽန္ေတာ့္ကိုပို႔လည္း ေနာက္မက်ေသး ပါဘူး”

ဟူရင္းက ေနာက္ျပန္ေလွ်ာက္ရင္းေျပာသည္။

“ဒါဆိုရင္ မနက္ျဖန္က်ရင္ ငါ့ကိုဒိတ္လုပ္ဖို႔ခ်ိန္းလိုက္ေတာ့”

ပထမေနရာကိုရသြားသည့္အတြက္ မနက္ျဖန္ညအတြက္ ဒိတ္လုပ္ရန္ေ႐ြးခ်ယ္ ပိုင္ခြင့္ရွိသည္။ ပရိုဂရမ္အဖြဲ႕က သူ႕ကို ေ႐ြးခ်ယ္ခြင့္ေပးမည္ျဖစ္သည္။

“မစိုးရိမ္ပါနဲ႕ အိပ္ယာမဝင္ခင္ အျပည့္ပို႔ထားေပးရင္ရၿပီ”

“အားလုံးပဲ ခါးမသက္မသာျဖစ္တဲ့လူမ်ား ရွိေနေသးလား”

အျပာအနီစံအိမ္ႏွင့္နီးကပ္လာေသာအခါ ဒါရိုက္တာက လွမ္းေမးသည္။

“မင္းတို႔အတြက္ အႏွိပ္သည္အခ်ိဳ႕ရွာေပးဖို႔လိုအပ္လား”

ဧည့္သည္မ်ား၏ခါးက အေရးႀကီးသည္။ မည္သည့္ကစားပြဲက ထိုမွ်အထိ ျပင္းထန္သြားမည္ဟုလည္း အားလုံးက မထင္ထားမိၾကေခ်။ ထို႔ေၾကာင့္ လူတိုင္း အလြန္အကြၽံပင္ပန္းေနၾကလွ်င္ မေကာင္းေတာ့ေခ်။

က်ိဳင္ရွင္းခ်န္က လက္ျမႇောက္သည္။

“ကြၽန္ေတာ္ေတာ့ လိုတယ္လို႔ထင္တယ္၊ ကြၽန္ေတာ္ ပထမေနရာကိုရဖို႔အတြက္ ကြၽန္ေတာ့္ရဲ႕ခါးကို ေတာ္ေတာ္ေလး ဒုကၡေပးလိုက္မိတယ္”

ယခုကာလက အမ်ိဳးသားအဓိကဇာတ္လိုက္မ်ား၏ ေျဖာင့္တန္းေသာခါးႏွင့္အတူ အားနည္းခ်က္ကို ထုတ္ျပရမည့္ကာလျဖစ္သည္။

“မင္းက ဘာအႏွိပ္သည္ကို ရွာေနတာလဲ”

ေဟာ့ခ်န္းက ႐ုတ္တရက္ေျပာသည္။
“ခါးအေနာက္ပိုင္းနာေနလို႔လား၊ ငါ ႏွိပ္ေပးလို႔ရတယ္”

ေကာပင္းက ႐ုတ္တရက္ေအးခဲသြားသည္။

“မင္းလား”

ခ်က္ခ်င္းဆိုသလိုေကာပင္းက ျပန္ၿပဳံးလိုက္သည္။ သူ၏မ်က္ဝန္းထဲတြင္ အဓိပၸါယ္အျပည့္ပါသည္။ ထို႔ေနာက္ သူက ေမးသည္။

“မင္းက ႏွိပ္တတ္တာလား”

“အရင္က ကြၽန္ေတာ့္ရဲ႕မိဘေတြက မၾကာခဏမသက္မသာျဖစ္ေနၾကေလ၊ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ တ႐ုတ္ေဆးဆရာအိုႀကီးဆီမွာ အထူးတလည္ေလ့လာထား ခဲ့တာေပါ့”

ေဟာ့ခ်န္းကေျပာသည္။

“ခင္ဗ်ားတို႔မယုံရင္ လာၾကည့္လို႔ရတယ္”

“ဒါဆိုရင္ အဆင္ေျပတာပဲ”

ေကာပင္းက ရယ္လိုက္ၿပီးေနာက္ က်ိဳင္ရွင္းခ်န္ကိုၾကည့္သည္။

“ေဟာ့ေကာကေတာ့ ဒီေန႕သူ႕ရဲ႕စြမ္းရည္ကိုျပသဖို႔ အခြင့္အေရးရၿပီ”

ဒါက သူတို႔အတြက္ အဓိကအခန္းက႑ ျဖစ္လာေလာက္တယ္။

ယန္က်စ္က ႏႈတ္ခမ္းကိုခပ္တင္းတင္းေစ့သည္။

“ကြၽန္ေတာ္လည္းႏွိပ္ဖို႔လိုအပ္ေနတာ၊ ေဟာ့ေကာက ႏွိပ္ေပးမွာလား”

ေဟာ့ခ်န္းက ယန္က်စ္ကိုၾကည့္သည္။ သူ၏မ်က္ႏွာရွိအၿပဳံးက ေပ်ာက္သြားသည္။ ယခုေလးတင္ သူ ထုတ္ေဖာ္ျပသခဲ့ေသာ စာနာသနားသည္ဆိုေသာ ခံစားခ်က္ကလည္း ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။

ထိုတစ္ခဏတြင္ ေဖး႐ႊီက ႐ုတ္တရက္ဝင္ေျပာလိုက္သည္။      

“ကြၽမ္းက်င္ပညာရွင္အႏွိပ္သည္ေတြကိုပဲ ရွာရေအာင္ လူတိုင္းက ႏွိပ္နယ္ေပးဖို႔ လိုအပ္တယ္ေလ၊ ပရိုဂရမ္အဖြဲ႕က ဒီေလာက္ေတာ့ကပ္ေစးမနည္းသင့္ဘူး”

ယန္က်စ္ႏွင့္ေဟာ့ခ်န္းက ေဖး႐ႊီကိုၾကည့္လိုက္ၾကသည္။

ေဖး႐ႊီက ေျပာလာသည့္အတြက္ ႏွစ္ေယာက္လုံးက အံ့အားသင့္သြားၾကသည္။ ေဖး႐ႊီကမူ ယန္က်စ္ႏွင့္မတူေခ်။ သူက ေဟာ့ခ်န္း၏အေတြးကိုသိသည္။ သို႔ေသာ္ ေဟာ့ခ်န္းက သည္အေျခအေနတြင္ အခြင့္အေရးယူမည့္အေရးကိုသူက ခြင့္မျပဳနိုင္ေခ်။ ကင္မရာက ရိုက္ကူးေနေသးသည္။ လူအမ်ားလည္းရွိေနေသးသည္။ ထို႔ေၾကာင့္သူက မည္မွ်ေဒါသထြက္ေနေစကာမူ ထိုသို႔မလုပ္သင့္ေခ်။
ေဟာ့ခ်န္းကလည္းသိသည္။ သို႔ေသာ္ သူက သည္အတိုင္း ရွင္းခ်န္ႏွင့္ အဆက္အသြယ္ရွိမည့္အခြင့္အေရး လိုခ်င္႐ုံသာျဖစ္သည္။ သူကလည္း ေကာင္းေကာင္းႏွိပ္တတ္သည္။ ေျပာရလွ်င္ ေယဘူယ် ဆရာသခင္အႏွိပ္သည္ေလာက္ အင္အားကပင္ သူ႕ေလာက္ မေကာင္းမြန္နိုင္ေခ်။ ေကာပင္းကလည္း တစ္ခဏၾကာသည္အထိ မဆုံးျဖတ္နိုင္ေတာ့ေခ်။ ထို႔ေၾကာင့္ သူက က်ိဳင္ရွင္းခ်န္ကိုသာ ဒုကၡေပးလိုက္သည္။

“မင္း ဘယ္လိုထင္လဲ”

က်ိဳင္ရွင္းခ်န္ကေျပာသည္

“ဆရာကိုပဲေခၚရေအာင္”

ေဟာ့ခ်န္းက လူတိုင္းကို လိုက္ႏွိပ္ေပးတာကိုေတာ့ ငါ ဘယ္လိုလုပ္ ခြင့္ျပဳပါ့မလဲ။

ေဟာ့ခ်န္းက လက္ႏွစ္ဖက္လုံးကို သူ၏ေဘာင္းဘီအိတ္ကပ္ထဲသို႔ ထည့္လိုက္ၿပီး သူက စကားမေျပာေတာ့ေခ်။ သူက ေခါင္းလွည့္ၿပီး ေဖး႐ႊီကိုၾကည့္သည္။ ေဖး႐ႊီက အျပာအနီစံအိမ္မွခံစားခ်က္အေျခအေနကို အသိနည္းလြန္းေနသည္ဟု ခံစားလိုက္ရ သည္။

ငါ ဒီအစ္ကိုႀကီးကို  ဘယ္လိုထိန္းရမလဲမသိေတာ့ပါဘူး။

ပရိုဂရမ္အဖြဲ႕ကမူ သူတို႔အတြက္ အႏွိပ္သည္အခ်ိဳ႕ရွာေပးသည္။ အမ်ိဳးသားသုံးေယာက္ႏွင့္ အမ်ိဳးသမီးတစ္ေယာက္ျဖစ္သည္။ သည္တစ္ႀကိမ္တြင္ သုံးေယာက္လုံးက အခ်င္းခ်င္းနားလည္မႈယူထားၾကသည္။ သူတို႔အားလုံးက အမ်ိဳးသားဆရာမ်ားကို ေခၚသြားၾကသည္။ အမ်ိဳးသမီးဆရာကိုမူ က်ိဳင္ရွင္းခ်န္အတြက္ ခ်န္ထားေပးလိုက္သည္။

ဇာတ္ၫႊန္းေရးဆရာလွ်ိုက မွတ္ခ်က္ခ်သည္။

“အမ်ိဳးသားေတြက ေတာ္ေတာ္ေလးကို အစြဲအလမ္းႀကီးၾကတယ္၊ သူတို႔ရဲ႕ ပိုင္စိုးလိုစိတ္ကေတာ့ ေတာ္ေတာ္ေလးကို ေၾကာင္ေတာင္ေတာင္နိုင္တယ္”

သို႔ေသာ္ မည္သူမွ်မေမွ်ာ္လင့္ထားသည္မွာ ထိုဆရာေလးေယာက္ထဲတြင္ အမ်ိဳးသမီးဆရာက ေၾကာက္စရာအေကာင္းဆုံးျဖစ္ေနသည္။ က်ိဳင္ရွင္းခ်န္ကမူ ဆက္တိုက္နာက်င္၍ ညီးၫူေအာ္ဟစ္ေနရသည္။

Czytaj Dalej

To Też Polubisz

25.8K 3.2K 39
"ကိုယ်ရပ်တန့်ပစ်ဖို့​ ရွေးချယ်လိုက်တယ်၊ မင်းကိုချစ်​နေတဲ့ အချိန်​တွေမှာပဲ ရပ်တန့်ပစ်လိုက်ဖို့" Shut Down-《停摆》(mm trans) Native Title - 停摆 Total Chapt...
2.2M 146K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
398K 9K 81
NOT MINE ORIGINAL TITLE: 豪门生活观察日志 AUTHOR: 十六月西瓜 In the third year of wearing the book, Su Wan became popular. The reason was that she and her wealthy...