Unicode
အပိုင်း (၁၂၁) သရဲ သရဲ သရဲ (၁)
နောက်တစ်ရက်တွင် ယဲ့ကျန်းက ပြင်ဆင်ရန်အတွက် မနက်စောစောထသည်။ သည်နေ့တွင် သူမက အမျိုးသမီးအကယ်ဒမီတွင် ဝင်ခွင့်စာမေးပွဲ သွားရောက်ဖြေဆိုရမည်ဖြစ်သည်။
မသက်မသာ ဖြစ်နေသော လေထုအခြေအနေကို ခံစားမိနေခဲ့သည်။ သူမက နယ်မြို့မှလာသော တောရိုင်းမလေး ဖြစ်သည်။ ထို့ကြောင့် ယုံကြည်မှု အလွန်ရှိနေခဲ့လျှင် သံသယဝင်စရာ ကောင်းသွားပေလိမ့်မည်။ သခင်မကြီးလုက ရည်ရွယ်ချက်ရှိရှိဖြင့် သူမကို အဖော်ပြုရန် လုဖန်းကို ပြောပေးသည်။ သည်နေ့ လုကျင်းကလည်း အတန်းမတက်ပေ။ ထို့ကြောင့် သူတို့အားလုံးက ယဲ့ကျန်းကို အကယ်ဒမီသို့ လိုက်ပါပို့ဆောင်ကြမည်ဖြစ်သည်။
ယဲ့ကျန်းက လုကျင်း၏စိတ်အားထက်သန်မှုကို မကြိုဆိုလိုပေ။ ထိုညီအစ်မများက သူမက ဟာသပြက်လုံးဖြစ်ခြင်းကို ကြည့်လိုနေကြခြင်း ဖြစ်သည်။
သည်နေ့တွင် ယဲ့ကျန်းက သန့်စင်ကောင်းမွန်သော ရေပြာရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသည်။ ပန်းဖူးများပွင့်နေသော ပုံသဏ္ဌာန်များကို ရေးထိုးထားပြီး ခါးတွင် သေးသိမ်သွားသောသဏ္ဌာန် ဖြစ်သည်။ အနောက်ပိုင်းမှလာသော အရောင်တောက်သည့် ပိုးသားကို အစိမ်းရောင်အစများဖြင့် အလှဆင် ဝတ်ဆင်ထားခြင်းဖြစ်သည်။ ထို့ကြောင့် သူမ၏တစ်ကိုယ်လုံးက ကျောက်စိမ်းဖြူ အသားအရေနှင့် ပေါင်းစပ်လိုက်သော် အလွန်ထည်ဝါသွားသည်။ ထို့အပြင် သူမ၏တောက်ပသော မျက်ဝန်းများ၊ ပါးလျသောမျက်ခုံးနှင့် ချစ်စဖွယ်ပုံပန်းသွင်ပြင်အားလုံးက ထင်ရှားနေသည်။ သူမက လှပသော ဆေးရေးပန်းချီကားတစ်ချပ်နှင့်တူသည်။ တစ်ချက်ကြည့်ရုံမျှဖြင့်ပင် သူမ၏အလှတွင် ဖမ်းစားခံရနိုင်သည်။
ယဲ့ကျန်းက အလွန်သန့်စင်ပြီး ကြည်လင်သောရေကန်အတွင်းမှ ကြာပန်းလေးအလား လန်းဆန်းနေသည်။ ထို့ကြောင့် လုကျင်းပင် သူမထံမှ အကြည့်မလွှဲနိုင်တော့ပေ။
သူမ၏စိတ်ထဲတွင် မနာလိုမှုများက ပြည့်နှက်နေခဲ့ပြီဖြစ်သည်။ လုယောင်ယောင်က အရာအားလုံးတွင် ရှုံးသွားလျှင်ပင် သူမ၏ရုပ်သွင်တစ်ခုတည်းနှင့် လူတိုင်းက သူမကို မှတ်မိသွားအောင် လုပ်နိုင်စွမ်းရှိသည်။
“ယောင်ယောင် ငါလည်း နင် ပေးတဲ့ အလှဆီကိုသုံးတာပဲ၊ ဘာလို့ ငါ့ရဲ့မျက်နှာကတော့ မပြောင်းလဲသွားတာလဲ”
ချန်းလီပင်းက ယဲ့ကျန်း၏ ပြီးပြည့်စုံနေသော မျက်နှာကို ကြည့်လျက် ယဲ့ကျန်း၏မျက်နှာကို ဆွဲခွာချင်ပြီး သူမ၏မျက်နှာတွင် ကောက်တပ်ချင်ရလောက်အောင် မနာလိုဖြစ်လာသည်။
ယဲ့ကျန်းက ကြင်နာစွာဖြေသည်။
“ဒီအလှဆီက မှော်ဆေးမှ မဟုတ်တာ၊ တစ်ရက် နှစ်ရက်လောက်နဲ့ သက်ရောက်မှု ဘယ်ရှိပါ့မလဲ၊ နောက်ပြီး တို့တွေ ကြားမှာ အသားအရေကွာတယ်လေ”
“ဒါဆိုရင် နင်ကကျတော့ ဘာလို့ မြန်မြန်ပြောင်းလဲသွားတာလဲ”
လုကျင်းက နှုတ်ခမ်းစူပြီး ဝင်မေးသည်။
“ပင်ကိုယ်အလှဆိုတာကို မေးမေးတို့ နားမလည်ပါဘူး”
ယဲ့ကျန်းက ရယ်သည်။
သည်လိုဂုဏ်ယူသောအမူအရာက ထိုနေရာရှိမိန်းကလေးတိုင်းကို စိုးရိမ်စိတ်ဝင်သွားပြီး သူမကို နင်းခြေပစ်ချင်လာစေသည်။
အနာဂတ်တွင် သူတို့၏ အကြီးဆုံးယောက်မဖြစ်လိုသော ချန်းချုံပင်းကမူ ယဲ့ကျန်းကို သူ၏ညီမများကဲ့သို့ မနာလိုဖြစ်ခြင်း မရှိပေ။ သူမက ကြင်နာစွာ ပြောသည်။
“အခုတောင် နောက်ကျတော့မယ်၊ ငါတို့က အခုမှ မသွားရင် ယောင်ယောင် နောက်ကျလိမ့်မယ်၊ ဒီနေ့က မင်းရဲ့အရေးကြီးဆုံးနေ့လေ”
“သူက ဘာပဲဖြစ်ဖြစ် စာမေးပွဲအောင်မှာမှ မဟုတ်တာ၊ ဘာလို့ စောစောသွားနေမှာလဲ”
လုကျင်းက သက်ပြင်းချပြီး ဆက်ပြောသည်။
“တတိယအစ်မ နင်က စာမေးပွဲ မအောင်လည်း ပြဿနာတော့ မရှိပါဘူး”
ထိုအချိန်တွင် လုဖန်းက ရယ်သည်။
“ယောင်ယောင်က စာမေးပွဲတောင် မဖြေရသေးဘူး၊ နင်က ဘာလို့ ဆိုးရွားတဲ့စကားတွေ ပြောနေတာလဲ”
“စတုတ္ထညီမ တကယ်လို့ နင်သာ ပုံပြင်ကောင်းတစ်ပုဒ်ကို ပြောချင်တယ်ဆိုရင် နင်အရင်ဆုံး … စကားကောင်းကောင်း ပြောတတ်ဖို့လိုတယ်”
ချန်းလီပင်းက ရယ်လျက် ဝင်ပြောလာသည်။
ယဲ့ကျန်းကမူ သူတို့၏လှောင်နေခြင်းကို ဂရုမစိုက်ပေ။ သူမ၏စိတ်ထဲတွင် လောင်းကြေးကို မေ့လုနီးပါး ဖြစ်သွားသေးသည်။
ယနေ့တွင် သူမကိုအာရုံစိုက်သူ အလွန်များသည်။ မင်းသမီးလျိုဟွား ကိုယ်တိုင်ကပင် သူမကို လာရောက်စစ်ဆေးမည်ဟု ကြားထားသေး၏။ ဆရာမရှန်းက ထိုနေ့က သူမကို မှင်တက်ဖွယ်ကောင်းလောက်အောင် ဆွံ့အစေခဲ့လေရာ အခြားသူများက ယဲ့ကျန်းထံ လောင်းကြေးထပ်အောင် သူမက လုပ်ဆောင်ခဲ့သေးသည်။ လူအများ၏ရှေ့တွင် ယဲ့ကျန်းက အရှက်ကွဲခြင်းကို ကြည့်ချင်နေသည်။
သူမ၏ အရှက်ကွဲခြင်းက လုမိသားစုတစ်ခုလုံး အရှက်ကွဲခြင်းနှင့်ညီသည်။ ထို့ကြောင့် လုကျင်းကဲ့သို့ အရူးသာလျှင် ဒါကိုသတိမထားမိဘဲ အခြားသူများနှင့်အတူ ဝင်လောင်းနေခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ အကယ်ဒမီကတော့ စည်ကားနေတော့မှာပဲ”
ယဲ့ကျန်းက မျက်နှာသေဖြင့်ပြောသည်။
လုကျင်းက သူမကို လှောင်သလိုကြည့်ပြီးပြောသည်။
“ဒါက အမှန်တော့မဟုတ်ပါဘူး၊ တကယ်တော့ ဝင်ခွင့်စာမေးပွဲက သိပ်ကျော်ကြားတာ မဟုတ်ဘူး၊ အကယ်ဒမီရဲ့ အခြားဂိုဏ်းခွဲတစ်ခုကြောင့်သာဆိုရင်... ဥပမာအားဖြင့် ပညာရေးကျောင်းတော်ဆိုရင် ဒီထက်ပိုပြီး ကျော်ကြားလောက်တယ်”
အကယ်ဒမီကျောင်းတော်အတွင်း ဝင်ခွင့်ဖြေဆိုကြသော မိန်းကလေးအများစုက အသက်ကြီးနေကြပြီ ဖြစ်သည်။ ထို့အပြင် သာမန်မိသားစုနောက်ခံ ရှိနေသူကြသူများလည်း ပါနိုင်သေးသည့်အတွက် ပညာရေးအကယ်ဒမီနှင့် ကွာခြားလေသည်။
ယဲ့ကျန်းက မည်သည့် စကားမှ ဆက်မဆိုတော့ပေ။ စိတ်သဘောထားကျဉ်းမြောင်းသော လုကျင်းကဲ့သို့သောလူမျိုးနှင့် ငြင်းလျှင်လည်း အလကားသာလျှင်ဖြစ်သည်။ ကောင်မလေးများက လူစုခွဲလိုက်ကြပြီး ရထားလုံးနှစ်စီးနှင့်အတူ အကယ်ဒမီသို့ ထွက်ခွာလာခဲ့ကြသည်။
...
Zawgyi
အပိုင္း (၁၂၁) သရဲ သရဲ သရဲ (၁)
ေနာက္တစ္ရက္တြင္ ယဲ့က်န္းက ျပင္ဆင္ရန္အတြက္ မနက္ေစာေစာထသည္။ သည္ေန႕တြင္ သူမက အမ်ိဳးသမီးအကယ္ဒမီတြင္ ဝင္ခြင့္စာေမးပြဲ သြားေရာက္ေျဖဆိုရမည္ျဖစ္သည္။
မသက္မသာ ျဖစ္ေနေသာ ေလထုအေျခအေနကို ခံစားမိေနခဲ့သည္။ သူမက နယ္ၿမိဳ႕မွလာေသာ ေတာရိုင္းမေလး ျဖစ္သည္။ ထို႔ေၾကာင့္ ယုံၾကည္မႈ အလြန္ရွိေနခဲ့လွ်င္ သံသယဝင္စရာ ေကာင္းသြားေပလိမ့္မည္။ သခင္မႀကီးလုက ရည္႐ြယ္ခ်က္ရွိရွိျဖင့္ သူမကို အေဖာ္ျပဳရန္ လုဖန္းကို ေျပာေပးသည္။ သည္ေန႕ လုက်င္းကလည္း အတန္းမတက္ေပ။ ထို႔ေၾကာင့္ သူတို႔အားလုံးက ယဲ့က်န္းကို အကယ္ဒမီသို႔ လိုက္ပါပို႔ေဆာင္ၾကမည္ျဖစ္သည္။
ယဲ့က်န္းက လုက်င္း၏စိတ္အားထက္သန္မႈကို မႀကိဳဆိုလိုေပ။ ထိုညီအစ္မမ်ားက သူမက ဟာသျပက္လုံးျဖစ္ျခင္းကို ၾကည့္လိုေနၾကျခင္း ျဖစ္သည္။
သည္ေန႕တြင္ ယဲ့က်န္းက သန႔္စင္ေကာင္းမြန္ေသာ ေရျပာေရာင္ ပိုးသားဝတ္စုံကို ဝတ္ဆင္ထားသည္။ ပန္းဖူးမ်ားပြင့္ေနေသာ ပုံသဏၭာန္မ်ားကို ေရးထိုးထားၿပီး ခါးတြင္ ေသးသိမ္သြားေသာသဏၭာန္ ျဖစ္သည္။ အေနာက္ပိုင္းမွလာေသာ အေရာင္ေတာက္သည့္ ပိုးသားကို အစိမ္းေရာင္အစမ်ားျဖင့္ အလွဆင္ ဝတ္ဆင္ထားျခင္းျဖစ္သည္။ ထို႔ေၾကာင့္ သူမ၏တစ္ကိုယ္လုံးက ေက်ာက္စိမ္းျဖဴ အသားအေရႏွင့္ ေပါင္းစပ္လိုက္ေသာ္ အလြန္ထည္ဝါသြားသည္။ ထို႔အျပင္ သူမ၏ေတာက္ပေသာ မ်က္ဝန္းမ်ား၊ ပါးလ်ေသာမ်က္ခုံးႏွင့္ ခ်စ္စဖြယ္ပုံပန္းသြင္ျပင္အားလုံးက ထင္ရွားေနသည္။ သူမက လွပေသာ ေဆးေရးပန္းခ်ီကားတစ္ခ်ပ္ႏွင့္တူသည္။ တစ္ခ်က္ၾကည့္႐ုံမွ်ျဖင့္ပင္ သူမ၏အလွတြင္ ဖမ္းစားခံရနိုင္သည္။
ယဲ့က်န္းက အလြန္သန႔္စင္ၿပီး ၾကည္လင္ေသာေရကန္အတြင္းမွ ၾကာပန္းေလးအလား လန္းဆန္းေနသည္။ ထို႔ေၾကာင့္ လုက်င္းပင္ သူမထံမွ အၾကည့္မလႊဲနိုင္ေတာ့ေပ။
သူမ၏စိတ္ထဲတြင္ မနာလိုမႈမ်ားက ျပည့္ႏွက္ေနခဲ့ၿပီျဖစ္သည္။ လုေယာင္ေယာင္က အရာအားလုံးတြင္ ရႈံးသြားလွ်င္ပင္ သူမ၏႐ုပ္သြင္တစ္ခုတည္းႏွင့္ လူတိုင္းက သူမကို မွတ္မိသြားေအာင္ လုပ္နိုင္စြမ္းရွိသည္။
“ေယာင္ေယာင္ ငါလည္း နင္ ေပးတဲ့ အလွဆီကိုသုံးတာပဲ၊ ဘာလို႔ ငါ့ရဲ႕မ်က္ႏွာကေတာ့ မေျပာင္းလဲသြားတာလဲ”
ခ်န္းလီပင္းက ယဲ့က်န္း၏ ၿပီးျပည့္စုံေနေသာ မ်က္ႏွာကို ၾကည့္လ်က္ ယဲ့က်န္း၏မ်က္ႏွာကို ဆြဲခြာခ်င္ၿပီး သူမ၏မ်က္ႏွာတြင္ ေကာက္တပ္ခ်င္ရေလာက္ေအာင္ မနာလိုျဖစ္လာသည္။
ယဲ့က်န္းက ၾကင္နာစြာေျဖသည္။
“ဒီအလွဆီက ေမွာ္ေဆးမွ မဟုတ္တာ၊ တစ္ရက္ ႏွစ္ရက္ေလာက္နဲ႕ သက္ေရာက္မႈ ဘယ္ရွိပါ့မလဲ၊ ေနာက္ၿပီး တို႔ေတြ ၾကားမွာ အသားအေရကြာတယ္ေလ”
“ဒါဆိုရင္ နင္ကက်ေတာ့ ဘာလို႔ ျမန္ျမန္ေျပာင္းလဲသြားတာလဲ”
လုက်င္းက ႏႈတ္ခမ္းစူၿပီး ဝင္ေမးသည္။
“ပင္ကိုယ္အလွဆိုတာကို ေမးေမးတို႔ နားမလည္ပါဘူး”
ယဲ့က်န္းက ရယ္သည္။
သည္လိုဂုဏ္ယူေသာအမူအရာက ထိုေနရာရွိမိန္းကေလးတိုင္းကို စိုးရိမ္စိတ္ဝင္သြားၿပီး သူမကို နင္းေျခပစ္ခ်င္လာေစသည္။
အနာဂတ္တြင္ သူတို႔၏ အႀကီးဆုံးေယာက္မျဖစ္လိုေသာ ခ်န္းခ်ဳံပင္းကမူ ယဲ့က်န္းကို သူ၏ညီမမ်ားကဲ့သို႔ မနာလိုျဖစ္ျခင္း မရွိေပ။ သူမက ၾကင္နာစြာ ေျပာသည္။
“အခုေတာင္ ေနာက္က်ေတာ့မယ္၊ ငါတို႔က အခုမွ မသြားရင္ ေယာင္ေယာင္ ေနာက္က်လိမ့္မယ္၊ ဒီေန႕က မင္းရဲ႕အေရးႀကီးဆုံးေန႕ေလ”
“သူက ဘာပဲျဖစ္ျဖစ္ စာေမးပြဲေအာင္မွာမွ မဟုတ္တာ၊ ဘာလို႔ ေစာေစာသြားေနမွာလဲ”
လုက်င္းက သက္ျပင္းခ်ၿပီး ဆက္ေျပာသည္။
“တတိယအစ္မ နင္က စာေမးပြဲ မေအာင္လည္း ျပႆနာေတာ့ မရွိပါဘူး”
ထိုအခ်ိန္တြင္ လုဖန္းက ရယ္သည္။
“ေယာင္ေယာင္က စာေမးပြဲေတာင္ မေျဖရေသးဘူး၊ နင္က ဘာလို႔ ဆိုး႐ြားတဲ့စကားေတြ ေျပာေနတာလဲ”
“စတုတၳညီမ တကယ္လို႔ နင္သာ ပုံျပင္ေကာင္းတစ္ပုဒ္ကို ေျပာခ်င္တယ္ဆိုရင္ နင္အရင္ဆုံး … စကားေကာင္းေကာင္း ေျပာတတ္ဖို႔လိုတယ္”
ခ်န္းလီပင္းက ရယ္လ်က္ ဝင္ေျပာလာသည္။
ယဲ့က်န္းကမူ သူတို႔၏ေလွာင္ေနျခင္းကို ဂ႐ုမစိုက္ေပ။ သူမ၏စိတ္ထဲတြင္ ေလာင္းေၾကးကို ေမ့လုနီးပါး ျဖစ္သြားေသးသည္။
ယေန႕တြင္ သူမကိုအာ႐ုံစိုက္သူ အလြန္မ်ားသည္။ မင္းသမီးလ်ိဳဟြား ကိုယ္တိုင္ကပင္ သူမကို လာေရာက္စစ္ေဆးမည္ဟု ၾကားထားေသး၏။ ဆရာမရွန္းက ထိုေန႕က သူမကို မွင္တက္ဖြယ္ေကာင္းေလာက္ေအာင္ ဆြံ႕အေစခဲ့ေလရာ အျခားသူမ်ားက ယဲ့က်န္းထံ ေလာင္းေၾကးထပ္ေအာင္ သူမက လုပ္ေဆာင္ခဲ့ေသးသည္။ လူအမ်ား၏ေရွ႕တြင္ ယဲ့က်န္းက အရွက္ကြဲျခင္းကို ၾကည့္ခ်င္ေနသည္။
သူမ၏ အရွက္ကြဲျခင္းက လုမိသားစုတစ္ခုလုံး အရွက္ကြဲျခင္းႏွင့္ညီသည္။ ထို႔ေၾကာင့္ လုက်င္းကဲ့သို႔ အ႐ူးသာလွ်င္ ဒါကိုသတိမထားမိဘဲ အျခားသူမ်ားႏွင့္အတူ ဝင္ေလာင္းေနခဲ့ျခင္း ျဖစ္သည္။
“ဒီေန႕ အကယ္ဒမီကေတာ့ စည္ကားေနေတာ့မွာပဲ”
ယဲ့က်န္းက မ်က္ႏွာေသျဖင့္ေျပာသည္။
လုက်င္းက သူမကို ေလွာင္သလိုၾကည့္ၿပီးေျပာသည္။
“ဒါက အမွန္ေတာ့မဟုတ္ပါဘူး၊ တကယ္ေတာ့ ဝင္ခြင့္စာေမးပြဲက သိပ္ေက်ာ္ၾကားတာ မဟုတ္ဘူး၊ အကယ္ဒမီရဲ႕ အျခားဂိုဏ္းခြဲတစ္ခုေၾကာင့္သာဆိုရင္... ဥပမာအားျဖင့္ ပညာေရးေက်ာင္းေတာ္ဆိုရင္ ဒီထက္ပိုၿပီး ေက်ာ္ၾကားေလာက္တယ္”
အကယ္ဒမီေက်ာင္းေတာ္အတြင္း ဝင္ခြင့္ေျဖဆိုၾကေသာ မိန္းကေလးအမ်ားစုက အသက္ႀကီးေနၾကၿပီ ျဖစ္သည္။ ထို႔အျပင္ သာမန္မိသားစုေနာက္ခံ ရွိေနသူၾကသူမ်ားလည္း ပါနိုင္ေသးသည့္အတြက္ ပညာေရးအကယ္ဒမီႏွင့္ ကြာျခားေလသည္။
ယဲ့က်န္းက မည္သည့္ စကားမွ ဆက္မဆိုေတာ့ေပ။ စိတ္သေဘာထားက်ဥ္းေျမာင္းေသာ လုက်င္းကဲ့သို႔ေသာလူမ်ိဳးႏွင့္ ျငင္းလွ်င္လည္း အလကားသာလွ်င္ျဖစ္သည္။ ေကာင္မေလးမ်ားက လူစုခြဲလိုက္ၾကၿပီး ရထားလုံးႏွစ္စီးႏွင့္အတူ အကယ္ဒမီသို႔ ထြက္ခြာလာခဲ့ၾကသည္။
...