Unicode
အခန်း (၁၂၄)
ယွင်ချဲ့ အိမ်ပြန် မရောက်ခင်ကပင် ရေစွမ်းအားကြောင်းမှာ ပျံ့နှံ့နေပြီး လူအများက ယွင်ချဲ့ ထံတွင် ရေစွမ်းအား အသုံးပြုပုံကို သင်ပေးရန် တောင်းဆိုမည်ဟု တွေးနေကြသည့် အပြင် အာဏာပိုင်များကလည်း အရေးတကြီး အစည်းအဝေးများ လုပ်နေကြသည်။ ဓါတ်ကြီးငါးပါး စွမ်းအားရှင်များက သာမန် အနေအထားသို့ ရောက်ကုန်ပြီး ရေစွမ်းအားက အလွန်ပင်ကျော်ကြားလာသည်။ ရေစွမ်းအားရှင်များမှာ စခန်းထဲရှိ ရေလိုအပ်သည့် နေရာများကို ဖြည့်ဆည်းပေးရုံသာ လုပ်ခဲ့ရသည်။ အကယ်၍ ရေစွမ်းအားက ထိုသို့ စွမ်းဆောင်နိုင်မည် ဆိုလျှင် စွမ်းအားရှင်များ အတွက် သာမက စခန်းအတွက်လည်း အကျိုးဖြစ်ထွန်း လိမ့်မည်။
ထိုကိစ္စများမှာ ယွင်ချဲ့နှင့် မဆိုင်သောကြောင့် သူ၏စိတ်ထဲတွင် ရှင်းဖုန်း၏ ဟင်းချက်ပေးမည်ဆိုသော ကတိကိုသာ အာရုံထားခဲ့သည်။ သူတို့ အိမ်ပြန် ရောက်သည်နှင့် ယွင်ယောင်ကို မီးဖိုခန်းထဲမှ ထွက်စေလိုက်ပြီး ရှင်းဖုန်းက အားလုံးအတွက် နေ့လယ်စာ ချက်ပေးတော့မည် ဖြစ်သည်။ ထိပ်ဉီးနှင့် ချောင်ယန်းအဖွဲ့တို့ကို တစ်ရက် ခွင့်စေလိုက်ပြီး ရှင်းဖုန်းက ထမင်းဟင်း ချက်နိုင်မည်ဟု မထင်ထားသဖြင့် အားလုံး အံ့အားသင့် သွားကြသည်။
"မမကူပေးဖို့ မလိုတာ သေချာလား"
စိတ်မချခြင်းများဖြင့် မီးဖိုခန်းထဲသို့ ၅ ကြိမ်မြောက် ရောက်လာသော ယွင်ယောင်မှာ တစ်ဖန် နှင်ထုတ် ခံလိုက်ရပြန်သည်။
"မလိုပါဘူး ကျွန်တော်တို့က တော်ပါတယ် မမရဲ့ မမသွားထိုင်ပြီး နေ့လယ်စာကို စောင့်နေလိုက် ... ဒီနေ့ တစ်ရက်တော့ နားလိုက်နော် ခေါင်းဆောင် ရှင်းက ကျွန်တော့်ကို ကူခိုင်းထားတာပဲ"
ယွင်ယောင်ကို တွန်းထုတ်ကာ မီးဖိုခန်း တံခါးကို ယွင်ချဲ့ ပိတ်လိုက်သည်။ ယွင်ယောင်လည်း တံခါးရှေ့တွင် အတော်ကြာအောင် ရပ်ပြီးနောက် ခေါင်းခါလျက် ထွက်သွားလေသည်။ ချောင်ယန်း အဖွဲ့သားအချို့မှာ တာဝန်အတွက် ထွက်သွားသဖြင့် ယနေ့ နေ့လယ်စာ ပြန်စားကြမည် မဟုတ်ပေ။ ကူးမင်ရွှမ်း ကလည်း တစ်ဖက်အခန်းတွင် ယဲ့ရှင်းချန် နှင့်အတူ စစ်တပ်မှ စာတမ်းများကို ဖတ်ရှုနေသည်။
"စစ်တပ် ၃ ခု .. ၁ ခုစီကနေ အယောက် ၁ဝဝ ... ၁ဝဝ စီထဲမှာ နယ်မြေ စွမ်းအားရှင်က ၂ယောက်စီပဲပါတာလား ... အရမ်းနည်းတယ်လို့ မထင်ဘူးလား မျိုးစေ့တွေက တန်နဲ့ချီပြီး ရှိမှာ ၆ယောက်တည်းနဲ့ ဘယ်လို သယ်ရမှာလဲ"
စွမ်းအားရှိသော စစ်သားများ အကြောင်းကို သေချာ ဖတ်ရှုပြီးနောက် ယဲ့ရှင်းချန် စဉ်းစားလျက် ပြောလိုက်သည်။
"ဒါမှမဟုတ် ချဲ့နဲ့ ခေါင်းဆောင်ရှင်းကလည်း နယ်မြေ စွမ်းအားရှင်တွေ ဆိုတော့ တာဝန်တွေခွဲပေးချင်လို့ များလား"
"မဟုတ်ဘူး .. ငါတို့အတွက် နယ်မြေစွမ်းအားရှင် စစ်သားတွေ သူတို့မှာမရှိတော့ဘူး ထင်တယ်"
ကူးမင်ရွှမ်းက အကြောင်းရင်း အမှန်ကို သိထားသည့်အလား ခေါင်းခါ ပြလိုက်သည်။
"တခြား စွမ်းအားတွေလို မဟုတ်ဘဲ နယ်မြေစွမ်းအားက မလောက်မငှ ဖြစ်နေတာနော် .. ပုံမှန်ဆိုရင် အယောက် ၁ဝဝ မှာမှ နယ်မြေစွမ်းအားရှင် ၁ ယောက်ပဲရတာ။ ပြီးတော့ စွမ်းအားရှင် အများစုက သူတို့ရဲ့ စွမ်းအားတွေကို မထုတ်ပြချင်ကြဘူး။ အဲဒီတော့ သူတို့သိတဲ့ နယ်မြေစွမ်းအားရှင်က နည်းနည်းပဲရှိတယ် ... ချောင်ယန်းအဖွဲ့ကြီးမှာဆိုရင် လူ ၃ဝဝရှိပေမယ့် နယ်မြေ စွမ်းအားရှင်က ၃ ယောက်ပဲ .. ခေါင်းဆောင်ရှင်း .. ဟောင်လင်းနဲ့ ယွီဝမ်းချင် အဖွဲ့ထဲက တစ်ယောက် သူတို့ပဲရှိတယ် ... အခြားအဖွဲ့တွေ အတွက် ၁ ယောက်ရရင်တောင် တော်တော် ကံကောင်းပြီ ငါတို့ရဲ့မိတ်ဖက် အရှုံးသမားအဖွဲ့ကို ကြည့်လေ နယ်မြေစွမ်းအားရှင် တစ်ယောက်တောင် မရှိဘူး စစ်တပ်ကလည်း အဲဒီလို ဖြစ်နေနိုင်တယ် ... သူတို့မှာ နယ်မြေ စွမ်းအားရှင် သိပ်မရှိပေမယ့် လုပ်ရတဲ့တာဝန်တွေက များတော့ ဒီစစ်ဆင်ရေးကို နယ်မြေစွမ်းအားရှင် စစ်သားတွေ အများကြီး မလွှတ်ပေးနိုင်ဘူး ... တပ်ဖွဲ့တစ်ခုစီက ၂ ယောက်စီ ရတာနဲ့တင် ငါတို့ပျော်သင့်ပြီ အခြားစွမ်းအားရှင် အဖွဲ့တွေကို နယ်မြေစွမ်းအားရှင် တစ်ယောက်စီ ခေါ်သွားဖို့ တောင်းဆိုလိမ့်မယ် ... ငါတို့မှာတော့ ခေါင်းဆောင် ယွင်နဲ့ ခေါင်းဆောင် ရှင်းတို့ ရှိနေတော့ သူတို့လာပြောကြမှာ မဟုတ်ဘူး"
မည်သည့် အဖွဲ့အစည်း၊ အသင်းအဖွဲ့၊ စစ်တပ်မဆို နယ်မြေ စွမ်းအားရှင်ကို တွေ့သည်နှင့် ထိုတစ်ယောက် အတွက် ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး သူတို့၏ ကိုယ်ရေး ကိုယ်တာနှင့် အကျင့်တရားတို့ကို ဂရုစိုက်မည် မဟုတ်ပေ။ တိုက်ခိုက်နိုင်စွမ်း မရှိသည့် အချို့သော နယ်မြေ စွမ်းအားရှင်များမှာ အထူးကာကွယ်ပေးရန် လိုအပ်သည်။
"ဪ နယ်မြေ စွမ်းအားရှင်တွေက သူတို့လုပ်ရမယ့် တာဝန်ရှိတယ်ပဲ ထင်ခဲ့တာ"
ကူးမင်ရွှမ်း၏ ရှင်းပြချက်ကို ကြားပြီးနောက် ယဲ့ရှင်းချန် ပြုံးပြလေသည်။ ပစ္စည်းရိက္ခာ သိမ်းဆည်းခြင်းကို သူတို့ လုပ်နိုင်စွမ်း မရှိခြင်းနှင့် မည်မျှပင် များပြားနေသော ပစ္စည်းဖြစ်ပါစေ ယွင်ချဲ့က လက်တစ်ချက် ဝှေ့ရုံဖြင့် အားလုံးကို သိမ်းဆည်း နိုင်သည်။ ထို့အပြင် ရှင်းဖုန်း၊ သူနှင့်အတူ အမြဲ အပြင်ထွက်သော ချူးဟောင်လင်း သည်လည်း နယ်မြေစွမ်းအားရှင် ဖြစ်သောကြောင့် ထိုစွမ်းအားကို အမှုမဲ့အမှတ်မဲ့ ထားခဲ့သည်။
"နယ်မြေ စွမ်းအားရှင်တွေက ဒီလောက် တန်ဖိုးကြီးမှန်း မသိခဲ့ဘူး"
ယဲ့ရှင်းချန် သာမက ထိပ်ဉီး တစ်ဖွဲ့လုံးလည်း ထိုအကြောင်းကို မသိခဲ့ပေ။
"မင်းဘဝက သက်သာခဲ့တာကို"
ကူးမင်ရွှမ်းလည်း ခေါင်းခါလျက် စာရွက်များကိုသာ ပြန်ကြည့် နေလိုက်သည်။ တစ်ဖွဲ့စီမှ စစ်သားများမှာ စွမ်းအား အဆင့်ချင်း တူညီနေကြသည်။ တပ်ဖွဲ့ တစ်ခုစီက အဆင့် ၃ စွမ်းအားရှင် ၂ဝ နှင့် ကျန်သော စစ်သားများက အဆင့် ၂ ဖြစ်ကြပြီး အများစုမှာ ဓါတ်ကြီးငါးပါးနှင့် နှုန်းမြင့် စွမ်းအားရှင်များ ဖြစ်ကြသည်။ မော့စစ်တပ်မှ လေစွမ်းအားရှင် တစ်ယောက်ပါပြီး စွမ်းအားများစွာရှိသောသူမှာ သူတို့ သိထားသူများမှ လွဲ၍ အခြား မရှိတော့ပေ။ ထို့အပြင် မော့ဝမ်းယန် ကိုသာ တွေ့မည် ဆိုလျှင်လည်း ကျန်သော ဝေ့စစ်တပ်နှင့် ဝမ်စစ်တပ်တို့ ခေါင်းဆောင်များမှာ ဗိုလ်ချုပ်အဆင့် ဖြစ်နေသည်။
"သူတို့တွေ လက်လျော့မယ့်ပုံ မပေါ်ဘူး ... သူတို့က ဗိုလ်ချုပ်တွေ ဆိုပေမယ့် ဗိုလ်ကြီး မော့ ရဲ့အမိန့်ကို လိုက်နာရမယ် မဟုတ်လား"
စာရွက်များကို ကြည့်ပြီးနောက် အစည်းအဝေးမှ အများအပြား သင်ယူနိုင်ခဲ့သော ကျိုးဇယ်ယွီက သူတို့ကို မုန်းတီး သွားလေသည်။ အလွန် လောဘကြီးသော စစ်တပ်က အချို့စွမ်းအားရှင် အဖွဲ့များထက်ပင် ပို၍ ဆိုးဝါးသည်။
"အနည်းဆုံးတော့ သူတို့က နိုင်ထက်စီးနင်း ပြောကြတာပဲ"
စစ်တပ် အရာရှိများနှင့် မကြာခဏ တွေ့ဆုံနေရသော ကူးမင်ရွှမ်းက သူထင်ထားသကဲ့သို့ ဖြစ်လာသောကြောင့် အေးဆေးလျက်ပင်။
"ဒီစစ်ဆင်ရေးကတော့ ပိုပြီး ဆိုးဝါးမယ့်ပုံပဲ ငါတို့ကြုံနေကျ ဖုတ်ကောင်တွေ ထက်တောင် များနေနိုင်တယ် အဲဒီအခါ ယွင်ချဲ့ရဲ့ လေထု အလွှာကလည်း လူ ၄ဝဝ ကို ကာပေးနိုင်မှာ မဟုတ်ဘူး ... ဒီမှာကြည့် ဒရုန်းကနေ ဗွီဒီယိုရိုက်ယူခဲ့တဲ့ ကျောင်းရဲ့နေရာပဲ ဖုတ်ကောင်တွေလည်း အရမ်းများတယ်"
ကူးမင်ရွှမ်း ပြောလျက် တက်ဘလက်ထဲမှ ဗွီဒီယိုကို ညွှန်ပြလေသည်။ အပေါ်စီးမှ ရိုက်ပြထားသော ဗွီဒီယိုထဲတွင် သန္ဓေပြောင်း အပင်များစွာ လှုပ်ရှားကြပြီး ရှိနေသော ပမာဏမှာလည်း သူတို့ကို မေ့လဲလုမတတ် ဖြစ်သွားစေသည်။
"အင်း... ဒါက ခွေးဖုတ်ကောင်လား .. ဒီမှာက တစ်ကောင်တောင် မကဘူးပဲ"
ဗွီဒီယိုကို သေချာကြည့် နေကြလေသည်။ တိရစ္ဆာန် ဖုတ်ကောင်များမှာ သာမန်ဖုတ်ကောင်များထက် နှိမ်နင်းရန် ခက်ခဲလှသည်။ အကောင်သေးလေ ပရိယာယ် ကြွယ်လေပင်။ ပြီးခဲ့သော တစ်ခေါက်က ကြောင်တစ်ကောင်ကို ကံကောင်းစွာဖြင့် သေချာဖြေရှင်း နိုင်ခဲ့သည်။ ထိုကြောင်၏ အစွမ်းက အလင်းမဟုတ်ဘဲ အခြားသော စွမ်းအား ဖြစ်နေခဲ့လျှင် သူတို့အတွက် အလွန် ခဲယဉ်းခဲ့လိမ့်မည်။
"ဘာပဲဖြစ်ဖြစ် အခုတစ်ကြိမ်တော့ သေချာ သတိထား ရတော့မယ် ခဏနေ ခေါင်းဆောင် .. ယွင်ချဲ့တို့နဲ့ ငါတိုင်ပင် လိုက်ဉီးမယ် ဒီစစ်ဆင်ရေးမှာ ဘယ်သူ့ကိုမှ မဆုံးရှုံးရဖို့ မျှော်လင့်တယ်"
ကူးမင်ရွှမ်းလည်း ဗွီဒီယိုကို ပိတ်လိုက်ပြီး စစ်တပ်မှ ပို့ထားသော မြေပုံများကို ဖွင့်ကြည့်လိုက်သည်။ ဉီးနှောက် အလုပ်လုပ်ခြင်းက ယဲ့ရှင်းချန်၏ အားသာချက် မဟုတ်သောကြောင့် သူတို့၏ကိုယ်ပိုင် တက်ဘလက်များဖြင့် ထိုဗွီဒီယိုများကိုသာ ကြည့်နေကြသည်။
မီးဖိုခန်းထဲတွင် ရှင်းဖုန်းမှာ မိုးပြာရောင် အေပရွန်ကို ဝတ်လျက် အသီးအရွက်များကို လျင်မြန်စွာ ဖြတ်တောက် ဆေးကြော နေလေသည်။ ယွင်ချဲ့မှာ ကောက်ကျစ်စွာ ပြုံးလျက် နံရံတွင်မှီနေပြီး အားလုံးအတွက် စွပ်ပြုတ်ကို ချက်ပြုတ်နေသော သူ၏လူကို ကြည့်နေသည်။ ယောက်ျားများက တည်ကြည်နေလျှင် ခံ့ညားသည်ဟု ပြောကြသော်လည်း ယွင်ချဲ့က ရှင်းဖုန်း ချက်ပြုတ်နေသည့် အချိန်တွင် အလွန် ကြည့်ကောင်းသည်ဟု ထင်မိသည်။
"ငါ့ကို ပိုချစ်လာတာလား"
ရှင်းဖုန်းမှာ ဟင်းအမယ်များ ဖြတ်တောက် နေသည်ကို မရပ်ဘဲနှင့် ယွင်ချဲ့ကို စောင်းကြည့်ကာ စနောက်လျက် မေးလိုက်သည်။ တစ်ချိန်တည်းတွင် အမဲသားများကိုလည်း နုပ်နုပ်စဉ်း လိုက်သည်။ အနောက်တောင် ဒေသ၏ ဒေသစားစရာ ဖြစ်သည့် အမဲစွပ်ပြုတ်စပ်ကို ချက်ပြုတ် နေခြင်းပင်။
"ဟုတ်တယ် အရမ်း ကြည့်လို့ ကောင်းတယ်! ခင်ဗျားကို အရမ်းချစ်တာပဲ! ကျွန်တော်သာ မိန်းကလေးဆိုရင် အခုချက်ချင်း ကလေးရအောင် လုပ်လိုက်ချင်တယ်”
ယွင်ချဲ့ စနောက်လျက် ရှင်းဖုန်း အနားသွားကာ လက်တစ်ဖက်က ပခုံးကို တင်လိုက်ပြီး နောက်တစ်ဖက်က ရှင်းဖုန်း မျက်နှာကို အသာပုတ် လိုက်သည်။
"ကလေးကတော့ မရသေးဘူး .. လောလောဆယ်တော့ ညတိုင်း ငါ့ခုတင်ကို နွေးအောင်လုပ်ပေးမယ့် သူတစ်ယောက်ပဲ လိုတယ်"
ရှင်းဖုန်းမှာ ထိုကောင်လေး နှင့်အတူ နေနိုင်ရန် စိတ်အား ထက်သန်နေသည်။ ယွင်ချဲ့လည်း ပြုံးပြလျက် ခြေဖျားထောက်ကာ ရှင်းဖုန်း ပါးကို နမ်းလိုက်သည်။
"အင်းပါ .. ကျွန်တော်လည်း မမကို နောက်တော့ ပြောမှာပါ မဟုတ်လည်း သူသိသွားမှာပဲ"
ယွင်ချဲ့မှာ အကြောင်းပြချက် မရှိဘဲ အချိန်ဆွဲသူ မဟုတ်သဖြင့် သူတို့အကြောင်း ယွင်ယောင်ကို ပြောပြရန် ကြံရွယ်လိုက်တိုင်း သူ၏အစ်မက မိသားစုမှာ သူ့အပေါ်ကိုသာ မှီခိုနေရကြောင်း၊ ချန်ချန်က သူနှင့်အတူ ဆော့ကစားရန် မောင်နှမဝမ်းကွဲများ လိုအပ်ကြောင်း အမြဲပြောလေ့ရှိသည်။ သူမက ထိုသို့ အမြဲပြောသဖြင့် ယွင်ချဲ့နှင့် ရှင်းဖုန်းတို့၏ ဆက်ဆံရေးကို သူမရိပ်မိနေသည်ဟု ယွင်ချဲ့ တစ်ခါတစ်ရံ တွေးမိသည်။
"သူငါတို့ကို သံသယဝင်နေတယ်လို့ ထင်တယ် .. မင်းအတွက် တစ်ခုခု ဖြစ်မနေဘူးလား"
ရှင်းဖုန်းမှာ ထိုကိစ္စအတွက် စိတ်မချမ်းမြေ့ ဖြစ်နေရသည်။ ယွင်ချဲ့ အကျပ်အတည်းဖြစ်နေရသည်ကို ရှင်းဖုန်း နားလည်သော်လည်း သူတို့၏အချစ်ကို ခိုးကြောင်ခိုးဝှက် မဖြစ်စေချင်ပေ။
"အဲဒီတော့ ဘာဖြစ်လဲ .. ယောက်ျားတွေက သူတို့ မပိုင်တာကို ပိုလိုချင်ကြတာ မသိဘူးလား ကျွန်တော်တို့ နှစ်ယောက်လုံး ယောကျ်ားလေးတွေလေ .. ဒီလောက်တော့ ကြုံရမှာပေါ့"
ယွင်ချဲ့လည်း ခရမ်းချဉ်သီး တစ်လုံးယူကာ ရေဆေးပြီး တစ်ကိုက် ကိုက်လိုက်သည်။ သူ၏လက်ကလည်း အီစီကလီ လုပ်ဟန်နှင့် အောက်သို့ဆင်းကာ ရှင်းဖုန်း တင်နားတွင် ရပ်သွားသည်။
"ဟင်းအမယ်တွေလည်း ပြင်ပြီးပြီ ဖယ်တော့ ဒီနေရာက ပူတယ် ... ငါတို့တွေ နယ်မြို့ထဲက စျေးတစ်ခုခုကို သွားရအောင် ငါ့မှာ ငရုတ်သီးခြောက်တွေ သိပ်မကျန်တော့ဘူး"
ရှင်းဖုန်းလည်း သူ၏ဆိုးသွမ်းသော ပြောင်စပ်စပ် ကောင်လေးကို မည်သို့ လုပ်ရမည်ကိုမသိတော့ပေ။ ထို့နောက် ယွင်ချဲ့ လက်ကို ဖယ်လိုက်ပြီး မီးဖိုဖွင့်လျက် သူ၏ချက်ပြုတ် စွမ်းရည်ကိုပြသလေသည်။ ယွင်ချဲ့မှာ အဝေးတွင်ရပ်ကာ ခရမ်းချဉ်သီးကို ကိုက်လျက် ရှင်းဖုန်းကို ကြည့်နေသည်။ ရှင်းဖုန်းလည်း ဒယ်အိုးကို အပူပေးကာ ဆီထည့်လိုက်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းနှင့် ငရုတ်ဆီတို့ကို ထည့်ကာ ဆီသတ်လေသည်။ ခဏအကြာ မီးဖိုခန်းထဲတွင် ဟင်းအမွှေးအကြိုင် အနံ့မှာ ပျံ့သွားလေသည်။
"ကျွန်တော့်နယ်မြေထဲမှာ ငရုတ်ပင်တွေ စိုက်ရင်ရော ... ခင်ဗျား အစပ်ကြိုက်တယ် မလား"
ယွင်ချဲ့လည်း အနောက်တောင် ဒေသသားပီပီ အစပ်ကြိုက်သူ တစ်ယောက်ဖြစ်သည်။ သို့သော် နယ်မြေထဲတွင် ဆန်စပါး၊ ဂျုံ၊ အသီးအရွက်များကိုသာ စိုက်ပျိုးကာ အလုပ်များ နေခဲ့သဖြင့် ငရုတ်ပင်များကို သူမေ့သွားခဲ့သည်။
"အိုကေ စိုက်လိုက်လေ .. အခြောက်လှန်းတာ ဖြစ်ဖြစ် ဒါမဟုတ် ငရုတ်ဆော့ လုပ်လို့ရတယ်"
ရှဲ
ရှင်းဖုန်း စကားပြောရင်းနှင့် နုပ်နုပ်စဉ်း ထားသော ဝက်သားများကို ဒယ်အိုးထဲသို့ ထည့်ကြော်လိုက်သည်။ ဝက်သားအရောင် ပြောင်းလာသည့်အခါ နုပ်နုပ်စဉ်းထားသော မျှစ်နှင့် ငရုတ်ပွအစိမ်းကို ထည့်လိုက်သည်။ ဒယ်အိုးကို အနည်းငယ်ကြာအောင် လှန်လှောပြီးနောက် ဝက်စင်းကောမှာ ငရုတ်ပွအစိမ်းနှင့် ကြော်ထားသဖြင့် အလွန်လှပကာ အရသာရှိသော ဟင်းတစ်ခွက် ပြီးသွားလေသည်။ ယွင်ချဲ့လည်း တူတစ်စုံယူကာ မြည်းစမ်းလိုက်ပြီး ရှင်းဖုန်းကို လက်မထောင်ပြလိုက်သည်။
"မမနီးပါး တော်တာပဲ ! ကြည့်ရတာ မမအိမ်ထောင် ထပ်ပြုသွားရင်တောင် ကျွန်တော့်််အတွက် ချက်ပေးမယ့်သူ ရသွားပြီပေါ့"
ဟင်းပွဲမှာ ပြီးပြည့်စုံလှသဖြင့် ယွင်ချဲ့ ထပ်ခါထပ်ခါ ယူစားနေမိလေသည်။
"ဒီတော့ ငါအောင်သွားပြီလား"
ဒယ်အိုးကို ဆေးကြောနေရင်း ရှင်းဖုန်း မေးလိုက်သည်။ နောက်တစ်ခုမှာ ရှင်းဖုန်း၏ အကြိုက်ဆုံး ဖြစ်သော ဝက်ဝမ်းတွင်းသားကြော်ပင် ဖြစ်သည်။ ငရုတ်သီးနှင့် ကြော်လှော်ရခြင်း ဖြစ်သောကြောင့် စပ်နိုင်ပြီး ပိုစပ်လေ ရှင်းဖုန်းက ပိုကြိုက်လေပင်။
"ဒါပေါ့ ... ခင်ဗျား ဘယ်သူ့ကိုမှ bj မလုပ်ပေးဖူးဘူးလို့ ယူဆလို့ရလား"
ယွင်ချဲ့လည်း ရှင်းဖုန်းကို အနောက်ဘက်မှ ရုတ်တရက် ဖက်လိုက်သည်။ ရှင်းဖုန်းလည်း ခေါင်းကို နိမ့်ချလျက် မပြောမဆိုနှင့် စကားလမ်းကြောင်း ပြောင်းသွားသော ယွင်ချဲ့ကို လှည့်ကြည့်လိုက်သည်။
"ဘာဖြစ်လို့ ..."
"ဘာမှ မဟုတ်ပါဘူး ဒီတိုင်း တွေးကြည့်တာ .. ခင်ဗျားက အစပ်ကြိုက်တယ် အဲဒီတော့ တစ်ယောက်ယောက်ကို bj လုပ်တဲ့အခါ အဲဒီတစ်ယောက်တော့ အောက်ပိုင်း တော်တော်ဒုက္ခရောက်သွားမှာပဲ"
"အမ် ..."
ယွင်ချဲ့၏ တွေးနိုင်စွမ်းကြောင့် ရှင်းဖုန်းပင် ကြောင်အအနှင့် ခဏတာ တောင့်ခဲသွားပြီးနောက် ယွင်ချဲ့ တင်ကို အသာရိုက်လိုက်သည်။
"မင်းသိချင်ရင် ငါတို့ စမ်းကြည့်ကြမယ်လေ .."
"ကျွန်တော်က နောက်တာပါ .. အတည်ကြီး မလုပ်နဲ့လေ"
ယွင်ချဲ့ သူ၏ညီလေး ဒုက္ခရောက်မှာတော့ အလွန် ကြောက်သည်။ ကိုယ့်ရှူးကိုယ် ပတ်သွားသဖြင့် ပြောမိတာ မှားလေခြင်းဟု တွေးလိုက်သည်။
"ငါတော့ ဘယ်လိုဖြစ်ဖြစ် အဆင်ပြေတယ် ... မင်းငါ့ကို bjပေးရင်ရော ဘယ်လိုလဲ"
ရှင်းဖုန်းလည်း ဒယ်အိုးကို အပူပေးကာ ဆီထည့်လိုက်ပြီး အခွင့်အရေး ရတုန်း ဖမ်းဆုပ် ထားလိုက်သည်။ ထိုအချိန် သူ၏စိတ်ထဲတွင် သူ၏ခြေထောက်ကြား ရမ္မက်စိတ်များနှင့် အလုပ်ရှုပ်နေသော ယွင်ချဲ့၏ မျက်နှာကို မြင်ယောင်နေလေသည်။
"ဟီး အကြွေးမှတ်ထားလိုက်"
ထိုအကြောင်း ဆက်မပြောစေချင်တော့သဖြင့် ယွင်ချဲ့ ရယ်လိုက်သည်။ တစ်ခုခုလုပ်ရန်ပြောရန် ယွင်ချဲ့ ကြောက်လန့်ခြင်း မရှိဟု ထင်ကောင်း ထင်နိုင်သော်လည်း သူက လူပျိုသာရှိသေးသည်။ ထိုကိစ္စတွင် ရှင်းဖုန်း ကဲ့သို့ အေးဆေးစွာ မပြောနိုင်ပေ။
***
Zawgyi
အခန္း (၁၂၄)
ယြင္ခ်ဲ့ အိမ္ျပန္ မေရာက္ခင္ကပင္ ေရစြမ္းအားေၾကာင္းမွာ ပ်ံ့ႏွံ႕ေနၿပီး လူအမ်ားက ယြင္ခ်ဲ့ ထံတြင္ ေရစြမ္းအား အသုံးျပဳပုံကို သင္ေပးရန္ ေတာင္းဆိုမည္ဟု ေတြးေနၾကသည့္ အျပင္ အာဏာပိုင္မ်ားကလည္း အေရးတႀကီး အစည္းအေဝးမ်ား လုပ္ေနၾကသည္။ ဓါတ္ႀကီးငါးပါး စြမ္းအားရွင္မ်ားက သာမန္ အေနအထားသို႔ ေရာက္ကုန္ၿပီး ေရစြမ္းအားက အလြန္ပင္ေက်ာ္ၾကားလာသည္။ ေရစြမ္းအားရွင္မ်ားမွာ စခန္းထဲရွိ ေရလိုအပ္သည့္ ေနရာမ်ားကို ျဖည့္ဆည္းေပး႐ုံသာ လုပ္ခဲ့ရသည္။ အကယ္၍ ေရစြမ္းအားက ထိုသို႔ စြမ္းေဆာင္နိုင္မည္ ဆိုလွ်င္ စြမ္းအားရွင္မ်ား အတြက္ သာမက စခန္းအတြက္လည္း အက်ိဳးျဖစ္ထြန္း လိမ့္မည္။
ထိုကိစၥမ်ားမွာ ယြင္ခ်ဲ့ႏွင့္ မဆိုင္ေသာေၾကာင့္ သူ၏စိတ္ထဲတြင္ ရွင္းဖုန္း၏ ဟင္းခ်က္ေပးမည္ဆိုေသာ ကတိကိုသာ အာ႐ုံထားခဲ့သည္။ သူတို႔ အိမ္ျပန္ ေရာက္သည္ႏွင့္ ယြင္ေယာင္ကို မီးဖိုခန္းထဲမွ ထြက္ေစလိုက္ၿပီး ရွင္းဖုန္းက အားလုံးအတြက္ ေန႕လယ္စာ ခ်က္ေပးေတာ့မည္ ျဖစ္သည္။ ထိပ္ဉီးႏွင့္ ေခ်ာင္ယန္းအဖြဲ႕တို႔ကို တစ္ရက္ ခြင့္ေစလိုက္ၿပီး ရွင္းဖုန္းက ထမင္းဟင္း ခ်က္နိုင္မည္ဟု မထင္ထားသျဖင့္ အားလုံး အံ့အားသင့္ သြားၾကသည္။
"မမကူေပးဖို႔ မလိုတာ ေသခ်ာလား"
စိတ္မခ်ျခင္းမ်ားျဖင့္ မီးဖိုခန္းထဲသို႔ ၅ ႀကိမ္ေျမာက္ ေရာက္လာေသာ ယြင္ေယာင္မွာ တစ္ဖန္ ႏွင္ထုတ္ ခံလိုက္ရျပန္သည္။
"မလိုပါဘူး ကြၽန္ေတာ္တို႔က ေတာ္ပါတယ္ မမရဲ႕ မမသြားထိုင္ၿပီး ေန႕လယ္စာကို ေစာင့္ေနလိုက္ ... ဒီေန႕ တစ္ရက္ေတာ့ နားလိုက္ေနာ္ ေခါင္းေဆာင္ ရွင္းက ကြၽန္ေတာ့္ကို ကူခိုင္းထားတာပဲ"
ယြင္ေယာင္ကို တြန္းထုတ္ကာ မီးဖိုခန္း တံခါးကို ယြင္ခ်ဲ့ ပိတ္လိုက္သည္။ ယြင္ေယာင္လည္း တံခါးေရွ႕တြင္ အေတာ္ၾကာေအာင္ ရပ္ၿပီးေနာက္ ေခါင္းခါလ်က္ ထြက္သြားေလသည္။ ေခ်ာင္ယန္း အဖြဲ႕သားအခ်ိဳ႕မွာ တာဝန္အတြက္ ထြက္သြားသျဖင့္ ယေန႕ ေန႕လယ္စာ ျပန္စားၾကမည္ မဟုတ္ေပ။ ကူးမင္႐ႊမ္း ကလည္း တစ္ဖက္အခန္းတြင္ ယဲ့ရွင္းခ်န္ ႏွင့္အတူ စစ္တပ္မွ စာတမ္းမ်ားကို ဖတ္ရႈေနသည္။
"စစ္တပ္ ၃ ခု .. ၁ ခုစီကေန အေယာက္ ၁ဝဝ ... ၁ဝဝ စီထဲမွာ နယ္ေျမ စြမ္းအားရွင္က ၂ေယာက္စီပဲပါတာလား ... အရမ္းနည္းတယ္လို႔ မထင္ဘူးလား မ်ိဳးေစ့ေတြက တန္နဲ႕ခ်ီၿပီး ရွိမွာ ၆ေယာက္တည္းနဲ႕ ဘယ္လို သယ္ရမွာလဲ"
စြမ္းအားရွိေသာ စစ္သားမ်ား အေၾကာင္းကို ေသခ်ာ ဖတ္ရႈၿပီးေနာက္ ယဲ့ရွင္းခ်န္ စဥ္းစားလ်က္ ေျပာလိုက္သည္။
"ဒါမွမဟုတ္ ခ်ဲ့နဲ႕ ေခါင္းေဆာင္ရွင္းကလည္း နယ္ေျမ စြမ္းအားရွင္ေတြ ဆိုေတာ့ တာဝန္ေတြခြဲေပးခ်င္လို႔ မ်ားလား"
"မဟုတ္ဘူး .. ငါတို႔အတြက္ နယ္ေျမစြမ္းအားရွင္ စစ္သားေတြ သူတို႔မွာမရွိေတာ့ဘူး ထင္တယ္"
ကူးမင္႐ႊမ္းက အေၾကာင္းရင္း အမွန္ကို သိထားသည့္အလား ေခါင္းခါ ျပလိုက္သည္။
"တျခား စြမ္းအားေတြလို မဟုတ္ဘဲ နယ္ေျမစြမ္းအားက မေလာက္မငွ ျဖစ္ေနတာေနာ္ .. ပုံမွန္ဆိုရင္ အေယာက္ ၁ဝဝ မွာမွ နယ္ေျမစြမ္းအားရွင္ ၁ ေယာက္ပဲရတာ။ ၿပီးေတာ့ စြမ္းအားရွင္ အမ်ားစုက သူတို႔ရဲ႕ စြမ္းအားေတြကို မထုတ္ျပခ်င္ၾကဘူး။ အဲဒီေတာ့ သူတို႔သိတဲ့ နယ္ေျမစြမ္းအားရွင္က နည္းနည္းပဲရွိတယ္ ... ေခ်ာင္ယန္းအဖြဲ႕ႀကီးမွာဆိုရင္ လူ ၃ဝဝရွိေပမယ့္ နယ္ေျမ စြမ္းအားရွင္က ၃ ေယာက္ပဲ .. ေခါင္းေဆာင္ရွင္း .. ေဟာင္လင္းနဲ႕ ယြီဝမ္းခ်င္ အဖြဲ႕ထဲက တစ္ေယာက္ သူတို႔ပဲရွိတယ္ ... အျခားအဖြဲ႕ေတြ အတြက္ ၁ ေယာက္ရရင္ေတာင္ ေတာ္ေတာ္ ကံေကာင္းၿပီ ငါတို႔ရဲ႕မိတ္ဖက္ အရႈံးသမားအဖြဲ႕ကို ၾကည့္ေလ နယ္ေျမစြမ္းအားရွင္ တစ္ေယာက္ေတာင္ မရွိဘူး စစ္တပ္ကလည္း အဲဒီလို ျဖစ္ေနနိုင္တယ္ ... သူတို႔မွာ နယ္ေျမ စြမ္းအားရွင္ သိပ္မရွိေပမယ့္ လုပ္ရတဲ့တာဝန္ေတြက မ်ားေတာ့ ဒီစစ္ဆင္ေရးကို နယ္ေျမစြမ္းအားရွင္ စစ္သားေတြ အမ်ားႀကီး မလႊတ္ေပးနိုင္ဘူး ... တပ္ဖြဲ႕တစ္ခုစီက ၂ ေယာက္စီ ရတာနဲ႕တင္ ငါတို႔ေပ်ာ္သင့္ၿပီ အျခားစြမ္းအားရွင္ အဖြဲ႕ေတြကို နယ္ေျမစြမ္းအားရွင္ တစ္ေယာက္စီ ေခၚသြားဖို႔ ေတာင္းဆိုလိမ့္မယ္ ... ငါတို႔မွာေတာ့ ေခါင္းေဆာင္ ယြင္နဲ႕ ေခါင္းေဆာင္ ရွင္းတို႔ ရွိေနေတာ့ သူတို႔လာေျပာၾကမွာ မဟုတ္ဘူး"
မည္သည့္ အဖြဲ႕အစည္း၊ အသင္းအဖြဲ႕၊ စစ္တပ္မဆို နယ္ေျမ စြမ္းအားရွင္ကို ေတြ႕သည္ႏွင့္ ထိုတစ္ေယာက္ အတြက္ ယွဥ္ၿပိဳင္ၾကမည္ ျဖစ္ၿပီး သူတို႔၏ ကိုယ္ေရး ကိုယ္တာႏွင့္ အက်င့္တရားတို႔ကို ဂ႐ုစိုက္မည္ မဟုတ္ေပ။ တိုက္ခိုက္နိုင္စြမ္း မရွိသည့္ အခ်ိဳ႕ေသာ နယ္ေျမ စြမ္းအားရွင္မ်ားမွာ အထူးကာကြယ္ေပးရန္ လိုအပ္သည္။
"ဪ နယ္ေျမ စြမ္းအားရွင္ေတြက သူတို႔လုပ္ရမယ့္ တာဝန္ရွိတယ္ပဲ ထင္ခဲ့တာ"
ကူးမင္႐ႊမ္း၏ ရွင္းျပခ်က္ကို ၾကားၿပီးေနာက္ ယဲ့ရွင္းခ်န္ ၿပဳံးျပေလသည္။ ပစၥည္းရိကၡာ သိမ္းဆည္းျခင္းကို သူတို႔ လုပ္နိုင္စြမ္း မရွိျခင္းႏွင့္ မည္မွ်ပင္ မ်ားျပားေနေသာ ပစၥည္းျဖစ္ပါေစ ယြင္ခ်ဲ့က လက္တစ္ခ်က္ ေဝွ႕႐ုံျဖင့္ အားလုံးကို သိမ္းဆည္း နိုင္သည္။ ထို႔အျပင္ ရွင္းဖုန္း၊ သူႏွင့္အတူ အၿမဲ အျပင္ထြက္ေသာ ခ်ဴးေဟာင္လင္း သည္လည္း နယ္ေျမစြမ္းအားရွင္ ျဖစ္ေသာေၾကာင့္ ထိုစြမ္းအားကို အမႈမဲ့အမွတ္မဲ့ ထားခဲ့သည္။
"နယ္ေျမ စြမ္းအားရွင္ေတြက ဒီေလာက္ တန္ဖိုးႀကီးမွန္း မသိခဲ့ဘူး"
ယဲ့ရွင္းခ်န္ သာမက ထိပ္ဉီး တစ္ဖြဲ႕လုံးလည္း ထိုအေၾကာင္းကို မသိခဲ့ေပ။
"မင္းဘဝက သက္သာခဲ့တာကို"
ကူးမင္႐ႊမ္းလည္း ေခါင္းခါလ်က္ စာ႐ြက္မ်ားကိုသာ ျပန္ၾကည့္ ေနလိုက္သည္။ တစ္ဖြဲ႕စီမွ စစ္သားမ်ားမွာ စြမ္းအား အဆင့္ခ်င္း တူညီေနၾကသည္။ တပ္ဖြဲ႕ တစ္ခုစီက အဆင့္ ၃ စြမ္းအားရွင္ ၂ဝ ႏွင့္ က်န္ေသာ စစ္သားမ်ားက အဆင့္ ၂ ျဖစ္ၾကၿပီး အမ်ားစုမွာ ဓါတ္ႀကီးငါးပါးႏွင့္ ႏႈန္းျမင့္ စြမ္းအားရွင္မ်ား ျဖစ္ၾကသည္။ ေမာ့စစ္တပ္မွ ေလစြမ္းအားရွင္ တစ္ေယာက္ပါၿပီး စြမ္းအားမ်ားစြာရွိေသာသူမွာ သူတို႔ သိထားသူမ်ားမွ လြဲ၍ အျခား မရွိေတာ့ေပ။ ထို႔အျပင္ ေမာ့ဝမ္းယန္ ကိုသာ ေတြ႕မည္ ဆိုလွ်င္လည္း က်န္ေသာ ေဝ့စစ္တပ္ႏွင့္ ဝမ္စစ္တပ္တို႔ ေခါင္းေဆာင္မ်ားမွာ ဗိုလ္ခ်ဳပ္အဆင့္ ျဖစ္ေနသည္။
"သူတို႔ေတြ လက္ေလ်ာ့မယ့္ပုံ မေပၚဘူး ... သူတို႔က ဗိုလ္ခ်ဳပ္ေတြ ဆိုေပမယ့္ ဗိုလ္ႀကီး ေမာ့ ရဲ႕အမိန့္ကို လိုက္နာရမယ္ မဟုတ္လား"
စာ႐ြက္မ်ားကို ၾကည့္ၿပီးေနာက္ အစည္းအေဝးမွ အမ်ားအျပား သင္ယူနိုင္ခဲ့ေသာ က်ိဳးဇယ္ယြီက သူတို႔ကို မုန္းတီး သြားေလသည္။ အလြန္ ေလာဘႀကီးေသာ စစ္တပ္က အခ်ိဳ႕စြမ္းအားရွင္ အဖြဲ႕မ်ားထက္ပင္ ပို၍ ဆိုးဝါးသည္။
"အနည္းဆုံးေတာ့ သူတို႔က နိုင္ထက္စီးနင္း ေျပာၾကတာပဲ"
စစ္တပ္ အရာရွိမ်ားႏွင့္ မၾကာခဏ ေတြ႕ဆုံေနရေသာ ကူးမင္႐ႊမ္းက သူထင္ထားသကဲ့သို႔ ျဖစ္လာေသာေၾကာင့္ ေအးေဆးလ်က္ပင္။
"ဒီစစ္ဆင္ေရးကေတာ့ ပိုၿပီး ဆိုးဝါးမယ့္ပုံပဲ ငါတို႔ႀကဳံေနက် ဖုတ္ေကာင္ေတြ ထက္ေတာင္ မ်ားေနနိုင္တယ္ အဲဒီအခါ ယြင္ခ်ဲ့ရဲ႕ ေလထု အလႊာကလည္း လူ ၄ဝဝ ကို ကာေပးနိုင္မွာ မဟုတ္ဘူး ... ဒီမွာၾကည့္ ဒ႐ုန္းကေန ဗြီဒီယိုရိုက္ယူခဲ့တဲ့ ေက်ာင္းရဲ႕ေနရာပဲ ဖုတ္ေကာင္ေတြလည္း အရမ္းမ်ားတယ္"
ကူးမင္႐ႊမ္း ေျပာလ်က္ တက္ဘလက္ထဲမွ ဗြီဒီယိုကို ၫႊန္ျပေလသည္။ အေပၚစီးမွ ရိုက္ျပထားေသာ ဗြီဒီယိုထဲတြင္ သေႏၶေျပာင္း အပင္မ်ားစြာ လႈပ္ရွားၾကၿပီး ရွိေနေသာ ပမာဏမွာလည္း သူတို႔ကို ေမ့လဲလုမတတ္ ျဖစ္သြားေစသည္။
"အင္း... ဒါက ေခြးဖုတ္ေကာင္လား .. ဒီမွာက တစ္ေကာင္ေတာင္ မကဘူးပဲ"
ဗြီဒီယိုကို ေသခ်ာၾကည့္ ေနၾကေလသည္။ တိရစာၦန္ ဖုတ္ေကာင္မ်ားမွာ သာမန္ဖုတ္ေကာင္မ်ားထက္ ႏွိမ္နင္းရန္ ခက္ခဲလွသည္။ အေကာင္ေသးေလ ပရိယာယ္ ႂကြယ္ေလပင္။ ၿပီးခဲ့ေသာ တစ္ေခါက္က ေၾကာင္တစ္ေကာင္ကို ကံေကာင္းစြာျဖင့္ ေသခ်ာေျဖရွင္း နိုင္ခဲ့သည္။ ထိုေၾကာင္၏ အစြမ္းက အလင္းမဟုတ္ဘဲ အျခားေသာ စြမ္းအား ျဖစ္ေနခဲ့လွ်င္ သူတို႔အတြက္ အလြန္ ခဲယဥ္းခဲ့လိမ့္မည္။
"ဘာပဲျဖစ္ျဖစ္ အခုတစ္ႀကိမ္ေတာ့ ေသခ်ာ သတိထား ရေတာ့မယ္ ခဏေန ေခါင္းေဆာင္ .. ယြင္ခ်ဲ့တို႔နဲ႕ ငါတိုင္ပင္ လိုက္ဉီးမယ္ ဒီစစ္ဆင္ေရးမွာ ဘယ္သူ႕ကိုမွ မဆုံးရႈံးရဖို႔ ေမွ်ာ္လင့္တယ္"
ကူးမင္႐ႊမ္းလည္း ဗြီဒီယိုကို ပိတ္လိုက္ၿပီး စစ္တပ္မွ ပို႔ထားေသာ ေျမပုံမ်ားကို ဖြင့္ၾကည့္လိုက္သည္။ ဉီးေႏွာက္ အလုပ္လုပ္ျခင္းက ယဲ့ရွင္းခ်န္၏ အားသာခ်က္ မဟုတ္ေသာေၾကာင့္ သူတို႔၏ကိုယ္ပိုင္ တက္ဘလက္မ်ားျဖင့္ ထိုဗြီဒီယိုမ်ားကိုသာ ၾကည့္ေနၾကသည္။
မီးဖိုခန္းထဲတြင္ ရွင္းဖုန္းမွာ မိုးျပာေရာင္ ေအပ႐ြန္ကို ဝတ္လ်က္ အသီးအ႐ြက္မ်ားကို လ်င္ျမန္စြာ ျဖတ္ေတာက္ ေဆးေၾကာ ေနေလသည္။ ယြင္ခ်ဲ့မွာ ေကာက္က်စ္စြာ ၿပဳံးလ်က္ နံရံတြင္မွီေနၿပီး အားလုံးအတြက္ စြပ္ျပဳတ္ကို ခ်က္ျပဳတ္ေနေသာ သူ၏လူကို ၾကည့္ေနသည္။ ေယာက္်ားမ်ားက တည္ၾကည္ေနလွ်င္ ခံ့ညားသည္ဟု ေျပာၾကေသာ္လည္း ယြင္ခ်ဲ့က ရွင္းဖုန္း ခ်က္ျပဳတ္ေနသည့္ အခ်ိန္တြင္ အလြန္ ၾကည့္ေကာင္းသည္ဟု ထင္မိသည္။
"ငါ့ကို ပိုခ်စ္လာတာလား"
ရွင္းဖုန္းမွာ ဟင္းအမယ္မ်ား ျဖတ္ေတာက္ ေနသည္ကို မရပ္ဘဲႏွင့္ ယြင္ခ်ဲ့ကို ေစာင္းၾကည့္ကာ စေနာက္လ်က္ ေမးလိုက္သည္။ တစ္ခ်ိန္တည္းတြင္ အမဲသားမ်ားကိုလည္း ႏုပ္ႏုပ္စဥ္း လိုက္သည္။ အေနာက္ေတာင္ ေဒသ၏ ေဒသစားစရာ ျဖစ္သည့္ အမဲစြပ္ျပဳတ္စပ္ကို ခ်က္ျပဳတ္ ေနျခင္းပင္။
"ဟုတ္တယ္ အရမ္း ၾကည့္လို႔ ေကာင္းတယ္! ခင္ဗ်ားကို အရမ္းခ်စ္တာပဲ! ကြၽန္ေတာ္သာ မိန္းကေလးဆိုရင္ အခုခ်က္ခ်င္း ကေလးရေအာင္ လုပ္လိုက္ခ်င္တယ္”
ယြင္ခ်ဲ့ စေနာက္လ်က္ ရွင္းဖုန္း အနားသြားကာ လက္တစ္ဖက္က ပခုံးကို တင္လိုက္ၿပီး ေနာက္တစ္ဖက္က ရွင္းဖုန္း မ်က္ႏွာကို အသာပုတ္ လိုက္သည္။
"ကေလးကေတာ့ မရေသးဘူး .. ေလာေလာဆယ္ေတာ့ ညတိုင္း ငါ့ခုတင္ကို ေႏြးေအာင္လုပ္ေပးမယ့္ သူတစ္ေယာက္ပဲ လိုတယ္"
ရွင္းဖုန္းမွာ ထိုေကာင္ေလး ႏွင့္အတူ ေနနိုင္ရန္ စိတ္အား ထက္သန္ေနသည္။ ယြင္ခ်ဲ့လည္း ၿပဳံးျပလ်က္ ေျခဖ်ားေထာက္ကာ ရွင္းဖုန္း ပါးကို နမ္းလိုက္သည္။
"အင္းပါ .. ကြၽန္ေတာ္လည္း မမကို ေနာက္ေတာ့ ေျပာမွာပါ မဟုတ္လည္း သူသိသြားမွာပဲ"
ယြင္ခ်ဲ့မွာ အေၾကာင္းျပခ်က္ မရွိဘဲ အခ်ိန္ဆြဲသူ မဟုတ္သျဖင့္ သူတို႔အေၾကာင္း ယြင္ေယာင္ကို ေျပာျပရန္ ႀကံ႐ြယ္လိုက္တိုင္း သူ၏အစ္မက မိသားစုမွာ သူ႕အေပၚကိုသာ မွီခိုေနရေၾကာင္း၊ ခ်န္ခ်န္က သူႏွင့္အတူ ေဆာ့ကစားရန္ ေမာင္ႏွမဝမ္းကြဲမ်ား လိုအပ္ေၾကာင္း အၿမဲေျပာေလ့ရွိသည္။ သူမက ထိုသို႔ အၿမဲေျပာသျဖင့္ ယြင္ခ်ဲ့ႏွင့္ ရွင္းဖုန္းတို႔၏ ဆက္ဆံေရးကို သူမရိပ္မိေနသည္ဟု ယြင္ခ်ဲ့ တစ္ခါတစ္ရံ ေတြးမိသည္။
"သူငါတို႔ကို သံသယဝင္ေနတယ္လို႔ ထင္တယ္ .. မင္းအတြက္ တစ္ခုခု ျဖစ္မေနဘူးလား"
ရွင္းဖုန္းမွာ ထိုကိစၥအတြက္ စိတ္မခ်မ္းေျမ့ ျဖစ္ေနရသည္။ ယြင္ခ်ဲ့ အက်ပ္အတည္းျဖစ္ေနရသည္ကို ရွင္းဖုန္း နားလည္ေသာ္လည္း သူတို႔၏အခ်စ္ကို ခိုးေၾကာင္ခိုးဝွက္ မျဖစ္ေစခ်င္ေပ။
"အဲဒီေတာ့ ဘာျဖစ္လဲ .. ေယာက္်ားေတြက သူတို႔ မပိုင္တာကို ပိုလိုခ်င္ၾကတာ မသိဘူးလား ကြၽန္ေတာ္တို႔ ႏွစ္ေယာက္လုံး ေယာက်္ားေလးေတြေလ .. ဒီေလာက္ေတာ့ ႀကဳံရမွာေပါ့"
ယြင္ခ်ဲ့လည္း ခရမ္းခ်ဥ္သီး တစ္လုံးယူကာ ေရေဆးၿပီး တစ္ကိုက္ ကိုက္လိုက္သည္။ သူ၏လက္ကလည္း အီစီကလီ လုပ္ဟန္ႏွင့္ ေအာက္သို႔ဆင္းကာ ရွင္းဖုန္း တင္နားတြင္ ရပ္သြားသည္။
"ဟင္းအမယ္ေတြလည္း ျပင္ၿပီးၿပီ ဖယ္ေတာ့ ဒီေနရာက ပူတယ္ ... ငါတို႔ေတြ နယ္ၿမိဳ႕ထဲက ေစ်းတစ္ခုခုကို သြားရေအာင္ ငါ့မွာ င႐ုတ္သီးေျခာက္ေတြ သိပ္မက်န္ေတာ့ဘူး"
ရွင္းဖုန္းလည္း သူ၏ဆိုးသြမ္းေသာ ေျပာင္စပ္စပ္ ေကာင္ေလးကို မည္သို႔ လုပ္ရမည္ကိုမသိေတာ့ေပ။ ထို႔ေနာက္ ယြင္ခ်ဲ့ လက္ကို ဖယ္လိုက္ၿပီး မီးဖိုဖြင့္လ်က္ သူ၏ခ်က္ျပဳတ္ စြမ္းရည္ကိုျပသေလသည္။ ယြင္ခ်ဲ့မွာ အေဝးတြင္ရပ္ကာ ခရမ္းခ်ဥ္သီးကို ကိုက္လ်က္ ရွင္းဖုန္းကို ၾကည့္ေနသည္။ ရွင္းဖုန္းလည္း ဒယ္အိုးကို အပူေပးကာ ဆီထည့္လိုက္ၿပီး ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ဂ်င္းႏွင့္ င႐ုတ္ဆီတို႔ကို ထည့္ကာ ဆီသတ္ေလသည္။ ခဏအၾကာ မီးဖိုခန္းထဲတြင္ ဟင္းအေမႊးအႀကိဳင္ အနံ႕မွာ ပ်ံ့သြားေလသည္။
"ကြၽန္ေတာ့္နယ္ေျမထဲမွာ င႐ုတ္ပင္ေတြ စိုက္ရင္ေရာ ... ခင္ဗ်ား အစပ္ႀကိဳက္တယ္ မလား"
ယြင္ခ်ဲ့လည္း အေနာက္ေတာင္ ေဒသသားပီပီ အစပ္ႀကိဳက္သူ တစ္ေယာက္ျဖစ္သည္။ သို႔ေသာ္ နယ္ေျမထဲတြင္ ဆန္စပါး၊ ဂ်ဳံ၊ အသီးအ႐ြက္မ်ားကိုသာ စိုက္ပ်ိဳးကာ အလုပ္မ်ား ေနခဲ့သျဖင့္ င႐ုတ္ပင္မ်ားကို သူေမ့သြားခဲ့သည္။
"အိုေက စိုက္လိုက္ေလ .. အေျခာက္လွန္းတာ ျဖစ္ျဖစ္ ဒါမဟုတ္ င႐ုတ္ေဆာ့ လုပ္လို႔ရတယ္"
ရွဲ
ရွင္းဖုန္း စကားေျပာရင္းႏွင့္ ႏုပ္ႏုပ္စဥ္း ထားေသာ ဝက္သားမ်ားကို ဒယ္အိုးထဲသို႔ ထည့္ေၾကာ္လိုက္သည္။ ဝက္သားအေရာင္ ေျပာင္းလာသည့္အခါ ႏုပ္ႏုပ္စဥ္းထားေသာ မွ်စ္ႏွင့္ င႐ုတ္ပြအစိမ္းကို ထည့္လိုက္သည္။ ဒယ္အိုးကို အနည္းငယ္ၾကာေအာင္ လွန္ေလွာၿပီးေနာက္ ဝက္စင္းေကာမွာ င႐ုတ္ပြအစိမ္းႏွင့္ ေၾကာ္ထားသျဖင့္ အလြန္လွပကာ အရသာရွိေသာ ဟင္းတစ္ခြက္ ၿပီးသြားေလသည္။ ယြင္ခ်ဲ့လည္း တူတစ္စုံယူကာ ျမည္းစမ္းလိုက္ၿပီး ရွင္းဖုန္းကို လက္မေထာင္ျပလိုက္သည္။
"မမနီးပါး ေတာ္တာပဲ ! ၾကည့္ရတာ မမအိမ္ေထာင္ ထပ္ျပဳသြားရင္ေတာင္ ကြၽန္ေတာ့္္္အတြက္ ခ်က္ေပးမယ့္သူ ရသြားၿပီေပါ့"
ဟင္းပြဲမွာ ၿပီးျပည့္စုံလွသျဖင့္ ယြင္ခ်ဲ့ ထပ္ခါထပ္ခါ ယူစားေနမိေလသည္။
"ဒီေတာ့ ငါေအာင္သြားၿပီလား"
ဒယ္အိုးကို ေဆးေၾကာေနရင္း ရွင္းဖုန္း ေမးလိုက္သည္။ ေနာက္တစ္ခုမွာ ရွင္းဖုန္း၏ အႀကိဳက္ဆုံး ျဖစ္ေသာ ဝက္ဝမ္းတြင္းသားေၾကာ္ပင္ ျဖစ္သည္။ င႐ုတ္သီးႏွင့္ ေၾကာ္ေလွာ္ရျခင္း ျဖစ္ေသာေၾကာင့္ စပ္နိုင္ၿပီး ပိုစပ္ေလ ရွင္းဖုန္းက ပိုႀကိဳက္ေလပင္။
"ဒါေပါ့ ... ခင္ဗ်ား ဘယ္သူ႕ကိုမွ bj မလုပ္ေပးဖူးဘူးလို႔ ယူဆလို႔ရလား"
ယြင္ခ်ဲ့လည္း ရွင္းဖုန္းကို အေနာက္ဘက္မွ ႐ုတ္တရက္ ဖက္လိုက္သည္။ ရွင္းဖုန္းလည္း ေခါင္းကို နိမ့္ခ်လ်က္ မေျပာမဆိုႏွင့္ စကားလမ္းေၾကာင္း ေျပာင္းသြားေသာ ယြင္ခ်ဲ့ကို လွည့္ၾကည့္လိုက္သည္။
"ဘာျဖစ္လို႔ ..."
"ဘာမွ မဟုတ္ပါဘူး ဒီတိုင္း ေတြးၾကည့္တာ .. ခင္ဗ်ားက အစပ္ႀကိဳက္တယ္ အဲဒီေတာ့ တစ္ေယာက္ေယာက္ကို bj လုပ္တဲ့အခါ အဲဒီတစ္ေယာက္ေတာ့ ေအာက္ပိုင္း ေတာ္ေတာ္ဒုကၡေရာက္သြားမွာပဲ"
"အမ္ ..."
ယြင္ခ်ဲ့၏ ေတြးနိုင္စြမ္းေၾကာင့္ ရွင္းဖုန္းပင္ ေၾကာင္အအႏွင့္ ခဏတာ ေတာင့္ခဲသြားၿပီးေနာက္ ယြင္ခ်ဲ့ တင္ကို အသာရိုက္လိုက္သည္။
"မင္းသိခ်င္ရင္ ငါတို႔ စမ္းၾကည့္ၾကမယ္ေလ .."
"ကြၽန္ေတာ္က ေနာက္တာပါ .. အတည္ႀကီး မလုပ္နဲ႕ေလ"
ယြင္ခ်ဲ့ သူ၏ညီေလး ဒုကၡေရာက္မွာေတာ့ အလြန္ ေၾကာက္သည္။ ကိုယ့္ရႉးကိုယ္ ပတ္သြားသျဖင့္ ေျပာမိတာ မွားေလျခင္းဟု ေတြးလိုက္သည္။
"ငါေတာ့ ဘယ္လိုျဖစ္ျဖစ္ အဆင္ေျပတယ္ ... မင္းငါ့ကို bjေပးရင္ေရာ ဘယ္လိုလဲ"
ရွင္းဖုန္းလည္း ဒယ္အိုးကို အပူေပးကာ ဆီထည့္လိုက္ၿပီး အခြင့္အေရး ရတုန္း ဖမ္းဆုပ္ ထားလိုက္သည္။ ထိုအခ်ိန္ သူ၏စိတ္ထဲတြင္ သူ၏ေျခေထာက္ၾကား ရမၼက္စိတ္မ်ားႏွင့္ အလုပ္ရႈပ္ေနေသာ ယြင္ခ်ဲ့၏ မ်က္ႏွာကို ျမင္ေယာင္ေနေလသည္။
"ဟီး အေႂကြးမွတ္ထားလိုက္"
ထိုအေၾကာင္း ဆက္မေျပာေစခ်င္ေတာ့သျဖင့္ ယြင္ခ်ဲ့ ရယ္လိုက္သည္။ တစ္ခုခုလုပ္ရန္ေျပာရန္ ယြင္ခ်ဲ့ ေၾကာက္လန့္ျခင္း မရွိဟု ထင္ေကာင္း ထင္နိုင္ေသာ္လည္း သူက လူပ်ိဳသာရွိေသးသည္။ ထိုကိစၥတြင္ ရွင္းဖုန္း ကဲ့သို႔ ေအးေဆးစြာ မေျပာနိုင္ေပ။
***