ငါ့ခင်ပွန်းကို နေ့တိုင်း အလို...

By NyeinHlaingZin123

156K 13.5K 139

Title - Pampering My Husband Every Day Type - Web Novel (CN) Genre - Romance , Slice of Life Author - Grumpy... More

Description
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
paid gp
အပိုင်း ၄
promotion
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
ပရိုမိုးရှင်း
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၉
အပိုင်း ၄၀
လျော့စျေး
အပိုင်း ၄၁
အပိုင်း ၄၂
gp ပြီးဆုံးခြင်း
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
၃ နှစ်ပြည့် 😍😘😘
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄

အပိုင်း ၃၈

2K 216 2
By NyeinHlaingZin123

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၃၈

ချင်ကောက ရုတ်တရက် ထရယ်နေသော သူ့မိန်းမကို စိုက်ကြည့်နေမိသည်။

"ရှင့်ရဲ့ EQ က အရမ်းနိမ့်တာပဲ " လို့ ဝူထုန် ပြောလိုက်သည်။

"ကိုယ့်အမေလည်း ဒီလိုတစ်ပုံစံတည်းပြောတယ်" ဟု ချင်ကော အမှုမဲ့အမှတ်မဲ့ ဝန်ခံခဲ့သည်။

"ကျွန်မတို့ မကြိုက်တဲ့ဟာကို ပြောထားပြီးပြီဆိုတော့ အနာဂတ်မှာ ကျွန်မတို့ထဲက ဘယ်သူကမှ သိမ်ငယ်မနေသင့်ဘူး"  လို့ဝူထုန် ပြောလိုက်သည်။

"ကောင်းပြီ"  ချင်ကော နှစ်စက္ကန့်လောက် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ဒါဆို ကျွန်​​မ အခု​တောင်းဆိုလို့ရမလား" 

"ရတယ်ပြော "

"ဒီနေ့လိုအခြေအနေမျိုး ထပ်ပြီးမဖြစ်စေနဲ့"  ဝူထုန် အလေးအနက်ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ကျွန်မရှင့်ကို ထပ်ပြီး ခွင့်လွှတ်နိုင်မလားဆိုတာ မသိလို့ပဲ"

"ဟုတ်ပါပြီ "ချင်ကော ခေါင်းတညိတ်ညိတ်နဲ့ ခဏလောက်စဉ်းစားပြီး "နောင်မှာ မင်းမလုပ်ချင်တဲ့အရာကို ကိုယ်လုပ်မှာမဟုတ်တော့ဘူး" လို့ အာမခံလိုက်သည်။

"ကျွန်မ ရှင့်ကိုယုံတယ်"  ဤတစ်ကြိမ်တွင် ဝူထုန်က ရိုးသားစွာ ပြုံးလိုက်သည်။

'ကျွန်မ ရှင့်အတွက် ကြိုးကြိုးစားစား အလုပ်လုပ်ဖို့ ဆန္ဒရှိတယ်။ ပြီးတော့ ကျွန်မ မပင်ပန်းသွားခင် ကျွန်မအတွက် ရှင် ပြောင်းလဲပေး။'

ညဘက်တွင် ချင်ကောက ဝူထုန်ကို ပွေ့ဖက်ထားပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသော်လည်း ဝူထုန်က သူ့ကို ကုတင်အောက်ဘက် ကန်ပစ်ခဲ့သည်။

"မိန်းမ၊ မင်း မနူးညံ့တော့ဘူး" ချင်ကော မျက်နှာမှာ ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေသည်။

"ဒီနေ့ ရှင် ကျွန်မကိုဒီလိုမျိုး ကြောက်အောင်လုပ်ခဲ့တာလေ။ ကျွန်မကို နူးညံ့သိမ်မွေ့စေချင်သေးတာလား"  စောစောက သူတို့ ဆွေးနွေးမှုကြောင့် ဖြစ်နိုင်သလို ဝူထုန်ရဲ့ ဒေါသလည်း ထွက်လာခဲ့သည်။

ချင်ကောက ချက်ချင်း အပြစ်ရှိစွာ ခေါင်းညိတ်လိုက်သည်။

"ဧည့်ခန်းထဲသွား ဆိုဖာပေါ်မှာ အိပ်"  ဝူထုန် ခေါင်းအုံးကို ပစ်ပေးလိုက်သည်။

ချင်ကော သူ့လက်ကို မြှောက်ကာဖမ်းလိုက်ပြီး ဝူထုန်ကို စက္ကန့်အနည်းငယ်ကြာ ကြည့်လိုက်သည်။ ဝူထုန် စိတ်မရှည်နေတာကို မြင်လိုက်ရတော့ သူ့ခေါင်းကိုလှည့်လိုက်သည်

"ခဏလေး "

ဝူထုန် ခေါ်သံကိုကြားတော့ ချင်ကောက ချက်ချင်း ပျော်ရွှင်စွာနဲ့ ခေါင်းကို လှည့်လိုက်သည်။  အမြီးသာ သူ့အနောက်မှာပေါက်နေရင် သူ့အမြီးကို ချက်ချင်း လှုပ်နေလို့ရပြီ။

"ဒီနေ့ ရှင့်ကိုမေးဖို့မေ့သွားလို့ ရှင့်ရဲ့ အထူးတပ်ဖွဲ့ အချစ်ဇာတ်လမ်းမှာ နောက်နေ့ ခရီးစဉ်က သိပ်ကြောက်စရာမကောင်းဘူး မလား"  နေ့ခင်းတုန်းက ချင်ကောရဲ့ ခရီးစဉ်ကို ဆက်လက်လုပ်ဆောင်ဖို့ သဘောတူခဲ့သော်လည်း ဝူထုန်က အမှန်တကယ် သတ္တိမရှိပေ။

"ဒိုင်ဗင်ထိုးရမှာ ကြောက်လား"  ချင်ကောက အဲဒါကို စဉ်းစားပြီးမှ မေးလိုက်သည်။

နောက်ထပ်က ဒိုင်ဗင်ထိုးရမှာလား?  ဝူထုန် ခဏလောက်စဉ်းစားလိုက်သည်။ "ကျွန်မ ရေဘယ်လိုကူးရမှန်းတောင်မသိဘူး "

"ဒိုင်ဗင်ထိုးဖို့ ရေကူးနည်းကို သိစရာ မလိုပါဘူး၊ အင်း... ဒါမှမဟုတ် ကိုယ် ရေကူးတဲ့နည်းကို သင်ပေးလို့ ရပါတယ်....."

" ဘာလို့ ဒိုင်ဗင်ထိုးမှာလဲ။ ကျွန်မကို ငါးမန်းတွေကြည့်ဖို့ ခေါ်သွားမှာတော့ မဟုတ်ဘူးမလား"  ဝူထုန်က သူ့ဦးနှောက်ကို မထိန်းချုပ်နိုင်တော့ဘူး။

"မဟုတ်ပါဘူး၊ ဒိုင်ဗင်ထိုးရုံလေးပါပဲ "ချင်ကောက   "ကိုယ်မင်းကိုနောက်မှာ ထားခဲ့မှာမဟုတ်ဘူးလို့ ကတိပေးတယ်"

ဒိုင်ဗင်ထိုးတာက အထူးကြောက်စရာမဟုတ်ဘူးလို့ ဝူထုန် ခန့်မှန်းတဲ့အတွက် သူမထပ်မေးလိုက်သည်။ "နောက်ထပ် ဘာရှိသေးလဲ"

"Skydiving" ချင်ကောက ဝူထုန်ရဲ့မျက်နှာမပြောင်းခင် အမြန်ပြောလိုက်သည်။ "ကိုယ်မင်းကိုဖက်ထားမှာပါ စိတ်မပူပါနဲ့ ကိုယ်အရင်က လေ့ကျင့်ထားခဲ့ပြီးပြီ၊ ပြဿနာလုံးဝမရှိဘူး"

ဝူထုန် ချင်ကောကို ကြည့်ပြီး ဘာမှ မပြောနိုင်တော့ပေ။

"မင်း မကြိုက်ဘူးရင် ကိုယ်တို့ မသွားတော့ဘူး"  ချင်ကော သတိထားပြီး ထပ်ပြောခဲ့သည်။

"ထွက်သွား"  ရှေ့တွင် စိတ်အားထက်သန်သော အချိန်ဇယားများ ရှိတော့မည်မဟုတ်ကြောင်း သိလိုက်ရသဖြင့် ဝူထုန် နောက်ဆုံးတွင် အေးချမ်းစွာ အိပ်ပျော်နိုင်တော့မည်။

ချင်ကော သူ့ခေါင်းအုံးကို ဖက်ကာ တံခါးဆီသို့ လျှောက်သွားခဲ့ပြီးဖြစ်သော်လည်း ရုတ်တရက် လှည့်ပြန်ကာ ကုတင်ပေါ်သို့ လှဲချလိုက်ပြီး ဝူထုံ့ နှုတ်ခမ်းကို ပိတ်ဆို့လိုက်သည်။  အနည်းငယ် ရစ်ပတ်တွယ်ငြိပြီးနောက် မောဟိုက်နေတဲ့ ဝူထုန်ကို လွှတ်ပေးလိုက်သည်။

"မိန်းမ၊ ကောင်းသောညပါ"  ချင်ကောက အိပ်ခန်းထဲက မထွက်မီ ဝူထုန့်ပါးကို တစ်ဖန် နမ်းလိုက်သည်။

နမ်းခံရပြီးနောက် ဝူထုန်က မျက်လုံးများကို မနေနိုင်ဘဲ လှန်လိုက်ကာ  ပြုံးပြီး ပြန်အိပ်လိုက်သည်။

ချင်ကော ဆိုဖာပေါ်မှာ ခေါင်းအုံးကို ဒီတိုင်း ပစ်ချလိုက်ပြီး လသာဆောင်ဘက်ထွက်ကာ စီးကရက်တစ်လိပ်သောက်ပြီး ကောင်းကင်တပြင်လုံးရှိ ကြယ်များကို ကြည့်ကာ ဝူထုန် သူ့ကို ဒီနေ့ပြောခဲ့တဲ့ စကားတွေ သူ့စိတ်ထဲ ထပ်ကာထပ်ကာ ပြန်စဥ်းစားခဲ့သည်။

စကားလုံးတိုင်းနှင့် စာကြောင်းတိုင်းက သူ့စိတ်ထဲ အဆက်မပြတ် လည်ပတ်နေသည်။

"ဒါဆို မင်းကိုယ့်ကို အိမ်ထောင်ရေးကြောင့် လက်ထပ်ခဲ့တာတောင် ကိုယ်နေမကောင်းမှန်းသိရက်နဲ့တောင် မင်းကိုယ့်ကိုလက်ခံဖို့ကြိုးစားပြီး ကိုယ်နဲ့ ဖေးဖေး တို့နဲ့ စစ်မှန်တဲ့မိသားစုကို ထူထောင်ချင်တာလား"  ချင်ကော သူ့လက်ထဲက မီးစွဲနေတဲ့ စီးကရက်ကို လွှတ်ပစ်လိုက်သည်။ "ဒါက ငါ မမျှော်လင့်ရဲတဲ့ အနာဂတ်ပဲ"

ချင်ကောက သူ့ လက်ကိုင်ဖုန်းကို ထုတ်ကာ တရုတ်နိုင်ငံ၌ မည်သည့်အချိန်ပင်ဖြစ်နေပါစေ ချင်ဟွိုက်ဆီ ဖုန်းခေါ်ခဲ့သည်။

"အစ်ကို"  ချင်ဟွိုက်က သူ့ညအိပ်ဝတ်အင်္ကျီကို လဲနေသဖြင့် ရုတ်တရက် ဖုန်းမြည်လာသောကြောင့် သူ အံ့သြသွားသည်။

"အိပ်နေပြီလား"  လို့ချင်ကော မေးလိုက်သည်။

"မအိပ်ရသေးဘူး"  ချင်ဟွိုက်က အစ်ကို့ဆီမှာ သူ့ကိုပြောစရာတစ်ခုရှိရမယ်လို့ ခံစားမိလိုက်တဲ့အတွက် သူ့ညအိပ်ဝတ်အင်္ကျီကိုလဲပြီးတာနဲ့ သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံမှာ ထိုင်လိုက်သည်။

"မင်း ဝူ နဲ့ စာချုပ်ချုပ်တုန်းက စာချုပ်မှာ ဘယ်လိုအခြေအနေရှိလဲ"  လို့ ချင်ကော မေးလိုက်သည်။

"ဘာလို့ ရုတ်တရက်ကြီး စိတ်ဝင်စားနေတာလဲ"  ချင်ဟွိုက် အဓိပ္ပါယ်ရှိစွာ မျက်မှောင်ကြုတ်လိုက်သည်။

"ငါသိချင်လို့"

"ဒီစာချုပ်ကို special လက်ထောက် လင်းနဲ့ ရှေ့နေက လုပ်ခဲ့တာ။ ယေဘုယျ အကြောင်းအရာကတော့ ဝူ ကုမ္ပဏီမှာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံပြီးတော့ တခြားကုမ္ပဏီရဲ့ ရှယ်ယာ ၃၀% ကို ခံစားရမှာ"  လို့ ချင်ဟွိုက် ပြောလိုက်သည်။

"၃၀% နည်းနည်းပဲလား"  ချင်ကော စီးပွားရေးကို နားမလည်သော်လည်း ဝူ မိသားစုက ထိုအချိန်တွင် ချွတ်ခြုံကျလုနီးပါးဖြစ်ခဲ့သည်။  ဤကဲ့သို့သော အခွင့်အလမ်းကောင်းဖြင့် ချင်ဟွိုက် အခြားလူ၏ ၃၀% သာတူညီမျှမှုကို ဘယ်လို လိုချင်နိုင်မှာလဲ

"အိမ်ထောင်ရေးကိစ္စက ရှိသေးတယ်မဟုတ်လား"  လို့ ချင်ဟွိုက် ပြောလိုက်သည်။

"ဒါပဲလား။ နောက်ထပ်ရှိသေးလား "  နေ့ခင်းဘက်တွင်၊ ချင်ကော သည် ဝူထုန် ကို ကောင်းကောင်းချော့ချင်သောကြောင့် ထိုအချိန်တွင် ဝူထုန် ဘာပြောတာလဲဆိုတာကို မစဉ်းစားခဲ့ပေ။  ဒါပေမယ့် ဒီနေ့နေ့လည်တွင် စကားစမြည်ပြောပြီးနောက် ချင်ကောက မိသားစုများကြား သဘောတူညီချက်နှင့်ပတ်သက်၍ သူနားလည်သင့်သည့်အရာတစ်ခု ရှိလာသည်ဟု ထင်ခဲ့သည်။

"အဲ့ဒါပဲ"

"အဲ့လောက် ရိုးရှင်းလား။ ငွေလွှဲပြီးသွားရင် ဝူထုန်  အိမ်ထောင်ရေးကိစ္စကို နောင်တရသွားမှာ မင်း မကြောက်ဘူးလား။ စီးပွားရေးသမားက ရိုးသားတယ်ဆိုရင်တောင် မင်းရဲ့ စရိုက်လက္ခဏာအရ အန္တရာယ်တွေကို ရှောင်နိုင်ရမယ်လေ "  လို့ချင်ကော ပြောလိုက်သည်။

ချင်ဟွိုက် ထိုစကားကိုကြားသောအခါ သူ့အစ်ကိုမေးလိုသည်ကို သဘောပေါက်သွားခဲ့သည်။  အစကတော့ သူ့ကို မသိစေချင်ပေမယ့် သူ သိသွားရင်လည်း ကိစ္စတော့မရှိဘူး။

"ငါ နောက်ထပ် စာပိုဒ်တစ်ပိုဒ် ထပ်ထည့်ထားတယ်။ ပူးပေါင်းဆောင်ရွက်တဲ့ ကာလမှာ မရီးဘက်က ကွာရှင်းလို့မရဘူး။"  ချင်ဟွိုက် ခေတ္တရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"စာချုပ်မှာ ဒီလိုမျိုးလုပ်တာက တရားဝင်လို့လား"  ချင်ကော သူ့မျက်လုံးတွေကို တကယ်ဖွင့်ထားခဲ့သည်။

"ကိစ္စမရှိပါဘူး၊ ဒီစာကြောင်းရဲ့ အလေးချိန်က ဘာကိစ္စရှိမှာမလို့လဲ"

"မင်း ဝူ ရဲ့ ကုမ္ပဏီကို ခြိမ်းခြောက်ပြီး ဝူထုန်ကို သတိပေးချက် ထုတ်နေတာလေ "  ချင်ကော အသက်ပြင်းပြင်းရှူကာ သူ့ခန္ဓာကိုယ်တွင်းရှိ ရုန်းရင်းဆန်ခတ်ခံစားချက်များကို ဖိနှိပ်ဖို့ကြိုးစားလိုက်သည်။  "ငါနဲ့ လက်ထပ်ချင်တဲ့သူ တစ်ယောက်မှ မရှိဘူး၊ မင်းငါ့ဆီမှာ မိသားစုရှိလာဖို့ ခြိမ်းခြောက်ဖို့ ရွေးချယ်ခဲ့တာ။ ဘယ်လို ခြိမ်းခြောက်မှုတွေနဲ့ သွေးဆောင်မှုတွေက ငါ့ကို ကုစားပေးနိုင်မလဲလို့ ဒေါက်တာလီကို ငါဘယ်လိုမေးရမလဲ "

"အစ်ကို....." ချင်ဟွိုက်က သူ့အစ်ကို စိတ်ဆိုးနေမှန်း သိပေမယ့် ဘယ်လိုရှင်းပြရမှန်းမသိဘူး။

"ချင်ဟွိုက် ..." ချင်ကော သူ့ဒေါသကို ထိန်းပြီး "ကွာရှင်းစာချုပ် ပြင်ထား" လို့ ပြောလိုက်သည်။

"အစ်ကို!" ချင်ဟွိုက် စိုးရိမ်တကြီး မတ်တပ်ရပ်လိုက်သည်။

"ဘာလို့ ငါလည်း ကွာရှင်းလို့မရရမှာလဲ"  ချင်ကော ရယ်ပစ်လိုက်သည်။

"အစ်ကို....... ငါတို့ အများကြီး လုပ်ခဲ့ပြီးပြီ... ငါတို့ လုပ်ချင်တာက....." ချင်ဟွိုက် ဘာလုပ်ရမှန်းမသိတော့ပေ။

သူ့အစ်ကို လိုအပ်တာက သူ့ကို စိတ်နှလုံးအကြွင်းမဲ့နဲ့ ဆက်ဆံပေးမယ့် ဇနီးတစ်ယောက်ရှိဖို့လိုအပ်တယ်ဆိုတာကို ချင်ဟွိုက်သိပေမယ့် ဒီကမ္ဘာမှာ ခံစားချက်တစ်ခုတည်းကို ငွေနဲ့ဝယ်လို့မရဘူး။ သူ့အစ်ကိုကိစ္စမှာ သူ့ဘာသာသူ ရည်းစားရှာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ဒါကြောင့် သူ့အစ်ကိုလက်ထပ်ဖို့အတွက် တစ်ခုတည်းသောအရာမှာ ဇနီးသည်အဖြစ် နူးညံ့သိမ်မွေ့ပြီး၊ ကြင်နာတတ်သူ၊ သီလသမာဓိရှိပြီး ရိုးစင်းတဲ့မိန်းကလေးတစ်ယောက်ကို ရှာဖို့ စီးပွားဖြစ်အိမ်ထောင်ရေးကို အသုံးပြုလိုက်ခြင်းဖြစ်သည်။  ထို့ကြောင့် သူသည် ရွေးချယ်မှုပေါင်းထောင်ပေါင်းများစွာထဲမှ ဝူကျစ်ကျစ်ကို ရှာဖွေခဲ့ပေမယ့်လည်းလည်း ဝူကျစ်ကျစ်က ကောလဟာလတွေလို မကောင်းကြောင်း ထွက်ပေါ်လာခဲ့သည်။

နောက်တော့ သူ့အစ်ကိုက ဝူထုန်ကို ရွေးချယ်ခဲ့ပြီး ချင်ဟွိုက်လည်း သီးသန့်စုံစမ်းခဲ့သည်။ အချိန်ကုန်တာမြန်ဆန်သောကြောင့် ဝူထုန်၏ နောက်ခံနှင့် ကိုယ်ရည်ကိုယ်သွေးကို အကြမ်းဖျင်းသိရှိခဲ့ပြီး သူမတွင် အပြင်းဖျားနေသည့် မောင်လေးတစ်ဦးရှိသည်။ နောက်ခံ စုံစမ်းစစ်ဆေးမှု ရလဒ်များကို သုံးသပ်ကြည့်လျှင် ဝူထုန်က သန်မာဖြစ်ပြီး ကြင်နာတတ်သူ၊ လွတ်လပ်တဲ့သူ၊ အကောင်းမြင်တတ်သူဖြစ်ပြီး ကလေးတွေကို အလွန်ချစ်သည်။  ဝူထုန်က သူမ အစ်မဝမ်းကွဲ ဝူကျစ်ကျစ် ထက် ပိုသင့်တော်တယ်လို့ ချင်ဟွိုက် ခံစားမိသည်။ ထို့ကြောင့် နောက်ပိုင်းတွင် အဖြစ်အပျက်များ ဆက်တိုက်ဖြစ်လာခဲ့သည်။

"ငါပျော်နေသရွေ့ ယွမ် သန်း ၅၀၀ ကို စွန့်ပစ်နိုင်တယ်လို့ မင်းမပြောခဲ့ဘူးလား"  လို့ချင်ကော ပြောလိုက်သည်။

"ဒါပေမယ့်....... အချိန်ခဏလောက်နေရင်တောင်...... ပြန်ကောင်းလာမယ်လို့..... မျှော်လင့်ခဲ့တာ"  ချင်ဟွိုက် ရုတ်တရက် ဝမ်းနည်းလာသည်။ "မင်းဒီလိုလုပ်ရင် ငါမကူညီနိုင်တော့ဘူး၊ မင်းငါ့ကို စိတ်ဆိုးမှာမဟုတ်ဘူးလို့ ငါမျှော်လင့်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အထူးသဖြင့် မင်း ဒေါသဖြစ်မှာကို ငါတို့ကြောက်ခဲ့တာ"



••••••••••

Zawgyi

ငါ့ခင္ပြန္းကို ေန႔တိုင္း အလိုလိုက္ေနရတယ္

အပိုင္း ၃၈


ခ်င္ေကာက ႐ုတ္တရက္ ထရယ္ေနေသာ သူ႕မိန္းမကို စိုက္ၾကည့္ေနမိသည္။

"႐ွင့္ရဲ႕ EQ က အရမ္းနိမ့္တာပဲ " လို႔ ဝူထုန္ ေျပာလိုက္သည္။

"ကိုယ့္အေမလည္း ဒီလိုတစ္ပုံစံတည္းေျပာတယ္" ဟု ခ်င္ေကာ အမႈမဲ့အမွတ္မဲ့ ဝန္ခံခဲ့သည္။

"ကြၽန္မတို႔ မႀကိဳက္တဲ့ဟာကို ေျပာထားၿပီးၿပီဆိုေတာ့ အနာဂတ္မွာ ကြၽန္မတို႔ထဲက ဘယ္သူကမွ သိမ္ငယ္မေနသင့္ဘူး"  လို႔ဝူထုန္ ေျပာလိုက္သည္။

"ေကာင္းၿပီ"  ခ်င္ေကာ ႏွစ္စကၠန္႔ေလာက္ စဥ္းစားၿပီးေနာက္ ေခါင္းညိတ္လိုက္သည္။

"ဒါဆို ကြၽန္​​မ အခု​ေတာင္းဆိုလို႔ရမလား" 

"ရတယ္ေျပာ "

"ဒီေန႔လိုအေျခအေနမ်ိဳး ထပ္ၿပီးမျဖစ္ေစနဲ႔"  ဝူထုန္ အေလးအနက္ေျပာလိုက္သည္။ "ဘာလို႔လဲဆိုေတာ့ ကြၽန္မ႐ွင့္ကို ထပ္ၿပီး ခြင့္လႊတ္ႏိုင္မလားဆိုတာ မသိလို႔ပဲ"

"ဟုတ္ပါၿပီ "ခ်င္ေကာ ေခါင္းတညိတ္ညိတ္နဲ႔ ခဏေလာက္စဥ္းစားၿပီး "ေနာင္မွာ မင္းမလုပ္ခ်င္တဲ့အရာကို ကိုယ္လုပ္မွာမဟုတ္ေတာ့ဘူး" လို႔ အာမခံလိုက္သည္။

"ကြၽန္မ ႐ွင့္ကိုယုံတယ္"  ဤတစ္ႀကိမ္တြင္ ဝူထုန္က ႐ိုးသားစြာ ျပဳံးလိုက္သည္။

'ကြၽန္မ ႐ွင့္အတြက္ ႀကိဳးႀကိဳးစားစား အလုပ္လုပ္ဖို႔ ဆႏၵ႐ွိတယ္။ ၿပီးေတာ့ ကြၽန္မ မပင္ပန္းသြားခင္ ကြၽန္မအတြက္ ႐ွင္ ေျပာင္းလဲေပး။'

ညဘက္တြင္ ခ်င္ေကာက ဝူထုန္ကို ေပြ႕ဖက္ထားၿပီး ကုတင္ေပၚတြင္ လဲေလ်ာင္းေနေသာ္လည္း ဝူထုန္က သူ႕ကို ကုတင္ေအာက္ဘက္ ကန္ပစ္ခဲ့သည္။

"မိန္းမ၊ မင္း မႏူးညံ့ေတာ့ဘူး" ခ်င္ေကာ မ်က္ႏွာမွာ ဝမ္းနည္းျခင္းမ်ားျဖင့္ ျပည့္ႏွက္ေနသည္။

"ဒီေန႔ ႐ွင္ ကြၽန္မကိုဒီလိုမ်ိဳး ေၾကာက္ေအာင္လုပ္ခဲ့တာေလ။ ကြၽန္မကို ႏူးညံ့သိမ္ေမြ႕ေစခ်င္ေသးတာလား"  ေစာေစာက သူတို႔ ေဆြးေႏြးမႈေၾကာင့္ ျဖစ္ႏိုင္သလို ဝူထုန္ရဲ႕ ေဒါသလည္း ထြက္လာခဲ့သည္။

ခ်င္ေကာက ခ်က္ခ်င္း အျပစ္႐ွိစြာ ေခါင္းညိတ္လိုက္သည္။

"ဧည့္ခန္းထဲသြား ဆိုဖာေပၚမွာ အိပ္"  ဝူထုန္ ေခါင္းအုံးကို ပစ္ေပးလိုက္သည္။

ခ်င္ေကာ သူ႕လက္ကို ေျမႇာက္ကာဖမ္းလိုက္ၿပီး ဝူထုန္ကို စကၠန္႔အနည္းငယ္ၾကာ ၾကည့္လိုက္သည္။ ဝူထုန္ စိတ္မ႐ွည္ေနတာကို ျမင္လိုက္ရေတာ့ သူ႕ေခါင္းကိုလွည့္လိုက္သည္

"ခဏေလး "

ဝူထုန္ ေခၚသံကိုၾကားေတာ့ ခ်င္ေကာက ခ်က္ခ်င္း ေပ်ာ္႐ႊင္စြာနဲ႔ ေခါင္းကို လွည့္လိုက္သည္။  အၿမီးသာ သူ႕အေနာက္မွာေပါက္ေနရင္ သူ႕အၿမီးကို ခ်က္ခ်င္း လႈပ္ေနလို႔ရၿပီ။

"ဒီေန႔ ႐ွင့္ကိုေမးဖို႔ေမ့သြားလို႔ ႐ွင့္ရဲ႕ အထူးတပ္ဖြဲ႕ အခ်စ္ဇာတ္လမ္းမွာ ေနာက္ေန႔ ခရီးစဥ္က သိပ္ေၾကာက္စရာမေကာင္းဘူး မလား"  ေန႔ခင္းတုန္းက ခ်င္ေကာရဲ႕ ခရီးစဥ္ကို ဆက္လက္လုပ္ေဆာင္ဖို႔ သေဘာတူခဲ့ေသာ္လည္း ဝူထုန္က အမွန္တကယ္ သတၱိမ႐ွိေပ။

"ဒိုင္ဗင္ထိုးရမွာ ေၾကာက္လား"  ခ်င္ေကာက အဲဒါကို စဥ္းစားၿပီးမွ ေမးလိုက္သည္။

ေနာက္ထပ္က ဒိုင္ဗင္ထိုးရမွာလား?  ဝူထုန္ ခဏေလာက္စဥ္းစားလိုက္သည္။ "ကြၽန္မ ေရဘယ္လိုကူးရမွန္းေတာင္မသိဘူး "

"ဒိုင္ဗင္ထိုးဖို႔ ေရကူးနည္းကို သိစရာ မလိုပါဘူး၊ အင္း... ဒါမွမဟုတ္ ကိုယ္ ေရကူးတဲ့နည္းကို သင္ေပးလို႔ ရပါတယ္....."

" ဘာလို႔ ဒိုင္ဗင္ထိုးမွာလဲ။ ကြၽန္မကို ငါးမန္းေတြၾကည့္ဖို႔ ေခၚသြားမွာေတာ့ မဟုတ္ဘူးမလား"  ဝူထုန္က သူ႕ဦးေႏွာက္ကို မထိန္းခ်ဳပ္ႏိုင္ေတာ့ဘူး။

"မဟုတ္ပါဘူး၊ ဒိုင္ဗင္ထိုး႐ုံေလးပါပဲ "ခ်င္ေကာက   "ကိုယ္မင္းကိုေနာက္မွာ ထားခဲ့မွာမဟုတ္ဘူးလို႔ ကတိေပးတယ္"

ဒိုင္ဗင္ထိုးတာက အထူးေၾကာက္စရာမဟုတ္ဘူးလို႔ ဝူထုန္ ခန္႔မွန္းတဲ့အတြက္ သူမထပ္ေမးလိုက္သည္။ "ေနာက္ထပ္ ဘာ႐ွိေသးလဲ"

"Skydiving" ခ်င္ေကာက ဝူထုန္ရဲ႕မ်က္ႏွာမေျပာင္းခင္ အျမန္ေျပာလိုက္သည္။ "ကိုယ္မင္းကိုဖက္ထားမွာပါ စိတ္မပူပါနဲ႔ ကိုယ္အရင္က ေလ့က်င့္ထားခဲ့ၿပီးၿပီ၊ ျပႆနာလုံးဝမ႐ွိဘူး"

ဝူထုန္ ခ်င္ေကာကို ၾကည့္ၿပီး ဘာမွ မေျပာႏိုင္ေတာ့ေပ။

"မင္း မႀကိဳက္ဘူးရင္ ကိုယ္တို႔ မသြားေတာ့ဘူး"  ခ်င္ေကာ သတိထားၿပီး ထပ္ေျပာခဲ့သည္။

"ထြက္သြား"  ေ႐ွ႕တြင္ စိတ္အားထက္သန္ေသာ အခ်ိန္ဇယားမ်ား ႐ွိေတာ့မည္မဟုတ္ေၾကာင္း သိလိုက္ရသျဖင့္ ဝူထုန္ ေနာက္ဆုံးတြင္ ေအးခ်မ္းစြာ အိပ္ေပ်ာ္ႏိုင္ေတာ့မည္။

ခ်င္ေကာ သူ႕ေခါင္းအုံးကို ဖက္ကာ တံခါးဆီသို႔ ေလွ်ာက္သြားခဲ့ၿပီးျဖစ္ေသာ္လည္း ႐ုတ္တရက္ လွည့္ျပန္ကာ ကုတင္ေပၚသို႔ လွဲခ်လိုက္ၿပီး ဝူထုံ႔ ႏႈတ္ခမ္းကို ပိတ္ဆို႔လိုက္သည္။  အနည္းငယ္ ရစ္ပတ္တြယ္ၿငိၿပီးေနာက္ ေမာဟိုက္ေနတဲ့ ဝူထုန္ကို လႊတ္ေပးလိုက္သည္။

"မိန္းမ၊ ေကာင္းေသာညပါ"  ခ်င္ေကာက အိပ္ခန္းထဲက မထြက္မီ ဝူထုန္႔ပါးကို တစ္ဖန္ နမ္းလိုက္သည္။

နမ္းခံရၿပီးေနာက္ ဝူထုန္က မ်က္လုံးမ်ားကို မေနႏိုင္ဘဲ လွန္လိုက္ကာ  ျပဳံးၿပီး ျပန္အိပ္လိုက္သည္။

ခ်င္ေကာ ဆိုဖာေပၚမွာ ေခါင္းအုံးကို ဒီတိုင္း ပစ္ခ်လိုက္ၿပီး လသာေဆာင္ဘက္ထြက္ကာ စီးကရက္တစ္လိပ္ေသာက္ၿပီး ေကာင္းကင္တျပင္လုံး႐ွိ ၾကယ္မ်ားကို ၾကည့္ကာ ဝူထုန္ သူ႕ကို ဒီေန႔ေျပာခဲ့တဲ့ စကားေတြ သူ႕စိတ္ထဲ ထပ္ကာထပ္ကာ ျပန္စဥ္းစားခဲ့သည္။

စကားလုံးတိုင္းႏွင့္ စာေၾကာင္းတိုင္းက သူ႕စိတ္ထဲ အဆက္မျပတ္ လည္ပတ္ေနသည္။

"ဒါဆို မင္းကိုယ့္ကို အိမ္ေထာင္ေရးေၾကာင့္ လက္ထပ္ခဲ့တာေတာင္ ကိုယ္ေနမေကာင္းမွန္းသိရက္နဲ႔ေတာင္ မင္းကိုယ့္ကိုလက္ခံဖို႔ႀကိဳးစားၿပီး ကိုယ္နဲ႔ ေဖးေဖး တို႔နဲ႔ စစ္မွန္တဲ့မိသားစုကို ထူေထာင္ခ်င္တာလား"  ခ်င္ေကာ သူ႕လက္ထဲက မီးစြဲေနတဲ့ စီးကရက္ကို လႊတ္ပစ္လိုက္သည္။ "ဒါက ငါ မေမွ်ာ္လင့္ရဲတဲ့ အနာဂတ္ပဲ"

ခ်င္ေကာက သူ႕ လက္ကိုင္ဖုန္းကို ထုတ္ကာ တ႐ုတ္ႏိုင္ငံ၌ မည္သည့္အခ်ိန္ပင္ျဖစ္ေနပါေစ ခ်င္ဟြိဳက္ဆီ ဖုန္းေခၚခဲ့သည္။

"အစ္ကို"  ခ်င္ဟြိဳက္က သူ႕ညအိပ္ဝတ္အက်ႌကို လဲေနသျဖင့္ ႐ုတ္တရက္ ဖုန္းျမည္လာေသာေၾကာင့္ သူ အံ့ၾသသြားသည္။

"အိပ္ေနၿပီလား"  လို႔ခ်င္ေကာ ေမးလိုက္သည္။

"မအိပ္ရေသးဘူး"  ခ်င္ဟြိဳက္က အစ္ကို႔ဆီမွာ သူ႕ကိုေျပာစရာတစ္ခု႐ွိရမယ္လို႔ ခံစားမိလိုက္တဲ့အတြက္ သူ႕ညအိပ္ဝတ္အက်ႌကိုလဲၿပီးတာနဲ႔ သက္ေတာင့္သက္သာ႐ွိတဲ့ ထိုင္ခုံမွာ ထိုင္လိုက္သည္။

"မင္း ဝူ နဲ႔ စာခ်ဳပ္ခ်ဳပ္တုန္းက စာခ်ဳပ္မွာ ဘယ္လိုအေျခအေန႐ွိလဲ"  လို႔ ခ်င္ေကာ ေမးလိုက္သည္။

"ဘာလို႔ ႐ုတ္တရက္ႀကီး စိတ္ဝင္စားေနတာလဲ"  ခ်င္ဟြိဳက္ အဓိပၸါယ္႐ွိစြာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"ငါသိခ်င္လို႔"

"ဒီစာခ်ဳပ္ကို special လက္ေထာက္ လင္းနဲ႔ ေ႐ွ႕ေနက လုပ္ခဲ့တာ။ ေယဘုယ် အေၾကာင္းအရာကေတာ့ ဝူ ကုမၸဏီမွာ သန္း ၅၀၀ ရင္းႏွီးျမႇဳပ္ႏွံၿပီးေတာ့ တျခားကုမၸဏီရဲ႕ ႐ွယ္ယာ ၃၀% ကို ခံစားရမွာ"  လို႔ ခ်င္ဟြိဳက္ ေျပာလိုက္သည္။

"၃၀% နည္းနည္းပဲလား"  ခ်င္ေကာ စီးပြားေရးကို နားမလည္ေသာ္လည္း ဝူ မိသားစုက ထိုအခ်ိန္တြင္ ခြၽတ္ျခဳံက်လုနီးပါးျဖစ္ခဲ့သည္။  ဤကဲ့သို႔ေသာ အခြင့္အလမ္းေကာင္းျဖင့္ ခ်င္ဟြိဳက္ အျခားလူ၏ ၃၀% သာတူညီမွ်မႈကို ဘယ္လို လိုခ်င္ႏိုင္မွာလဲ

"အိမ္ေထာင္ေရးကိစၥက ႐ွိေသးတယ္မဟုတ္လား"  လို႔ ခ်င္ဟြိဳက္ ေျပာလိုက္သည္။

"ဒါပဲလား။ ေနာက္ထပ္႐ွိေသးလား "  ေန႔ခင္းဘက္တြင္၊ ခ်င္ေကာ သည္ ဝူထုန္ ကို ေကာင္းေကာင္းေခ်ာ့ခ်င္ေသာေၾကာင့္ ထိုအခ်ိန္တြင္ ဝူထုန္ ဘာေျပာတာလဲဆိုတာကို မစဥ္းစားခဲ့ေပ။  ဒါေပမယ့္ ဒီေန႔ေန႔လည္တြင္ စကားစျမည္ေျပာၿပီးေနာက္ ခ်င္ေကာက မိသားစုမ်ားၾကား သေဘာတူညီခ်က္ႏွင့္ပတ္သက္၍ သူနားလည္သင့္သည့္အရာတစ္ခု ႐ွိလာသည္ဟု ထင္ခဲ့သည္။

"အဲ့ဒါပဲ"

"အဲ့ေလာက္ ႐ိုး႐ွင္းလား။ ေငြလႊဲၿပီးသြားရင္ ဝူထုန္  အိမ္ေထာင္ေရးကိစၥကို ေနာင္တရသြားမွာ မင္း မေၾကာက္ဘူးလား။ စီးပြားေရးသမားက ႐ိုးသားတယ္ဆိုရင္ေတာင္ မင္းရဲ႕ စ႐ိုက္လကၡဏာအရ အႏၲရာယ္ေတြကို ေ႐ွာင္ႏိုင္ရမယ္ေလ "  လို႔ခ်င္ေကာ ေျပာလိုက္သည္။

ခ်င္ဟြိဳက္ ထိုစကားကိုၾကားေသာအခါ သူ႕အစ္ကိုေမးလိုသည္ကို သေဘာေပါက္သြားခဲ့သည္။  အစကေတာ့ သူ႕ကို မသိေစခ်င္ေပမယ့္ သူ သိသြားရင္လည္း ကိစၥေတာ့မ႐ွိဘူး။

"ငါ ေနာက္ထပ္ စာပိုဒ္တစ္ပိုဒ္ ထပ္ထည့္ထားတယ္။ ပူးေပါင္းေဆာင္႐ြက္တဲ့ ကာလမွာ မရီးဘက္က ကြာ႐ွင္းလို႔မရဘူး။"  ခ်င္ဟြိဳက္ ေခတၱရပ္တန္႔လိုက္ၿပီးေနာက္ ဆက္ေျပာလိုက္သည္။

"စာခ်ဳပ္မွာ ဒီလိုမ်ိဳးလုပ္တာက တရားဝင္လို႔လား"  ခ်င္ေကာ သူ႕မ်က္လုံးေတြကို တကယ္ဖြင့္ထားခဲ့သည္။

"ကိစၥမ႐ွိပါဘူး၊ ဒီစာေၾကာင္းရဲ႕ အေလးခ်ိန္က ဘာကိစၥ႐ွိမွာမလို႔လဲ"

"မင္း ဝူ ရဲ႕ ကုမၸဏီကို ၿခိမ္းေျခာက္ၿပီး ဝူထုန္ကို သတိေပးခ်က္ ထုတ္ေနတာေလ "  ခ်င္ေကာ အသက္ျပင္းျပင္း႐ွဴကာ သူ႕ခႏၶာကိုယ္တြင္း႐ွိ ႐ုန္းရင္းဆန္ခတ္ခံစားခ်က္မ်ားကို ဖိႏွိပ္ဖို႔ႀကိဳးစားလိုက္သည္။  "ငါနဲ႔ လက္ထပ္ခ်င္တဲ့သူ တစ္ေယာက္မွ မ႐ွိဘူး၊ မင္းငါ့ဆီမွာ မိသားစု႐ွိလာဖို႔ ၿခိမ္းေျခာက္ဖို႔ ေ႐ြးခ်ယ္ခဲ့တာ။ ဘယ္လို ၿခိမ္းေျခာက္မႈေတြနဲ႔ ေသြးေဆာင္မႈေတြက ငါ့ကို ကုစားေပးႏိုင္မလဲလို႔ ေဒါက္တာလီကို ငါဘယ္လိုေမးရမလဲ "

"အစ္ကို....." ခ်င္ဟြိဳက္က သူ႕အစ္ကို စိတ္ဆိုးေနမွန္း သိေပမယ့္ ဘယ္လို႐ွင္းျပရမွန္းမသိဘူး။

"ခ်င္ဟြိဳက္ ..." ခ်င္ေကာ သူ႕ေဒါသကို ထိန္းၿပီး "ကြာ႐ွင္းစာခ်ဳပ္ ျပင္ထား" လို႔ ေျပာလိုက္သည္။

"အစ္ကို!" ခ်င္ဟြိဳက္ စိုးရိမ္တႀကီး မတ္တပ္ရပ္လိုက္သည္။

"ဘာလို႔ ငါလည္း ကြာ႐ွင္းလို႔မရရမွာလဲ"  ခ်င္ေကာ ရယ္ပစ္လိုက္သည္။

"အစ္ကို....... ငါတို႔ အမ်ားႀကီး လုပ္ခဲ့ၿပီးၿပီ... ငါတို႔ လုပ္ခ်င္တာက....." ခ်င္ဟြိဳက္ ဘာလုပ္ရမွန္းမသိေတာ့ေပ။

သူ႕အစ္ကို လိုအပ္တာက သူ႕ကို စိတ္ႏွလုံးအႂကြင္းမဲ့နဲ႔ ဆက္ဆံေပးမယ့္ ဇနီးတစ္ေယာက္႐ွိဖို႔လိုအပ္တယ္ဆိုတာကို ခ်င္ဟြိဳက္သိေပမယ့္ ဒီကမ႓ာမွာ ခံစားခ်က္တစ္ခုတည္းကို ေငြနဲ႔ဝယ္လို႔မရဘူး။ သူ႕အစ္ကိုကိစၥမွာ သူ႕ဘာသာသူ ရည္းစား႐ွာဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္ပဲ။ဒါေၾကာင့္ သူ႕အစ္ကိုလက္ထပ္ဖို႔အတြက္ တစ္ခုတည္းေသာအရာမွာ ဇနီးသည္အျဖစ္ ႏူးညံ့သိမ္ေမြ႕ၿပီး၊ ၾကင္နာတတ္သူ၊ သီလသမာဓိ႐ွိၿပီး ႐ိုးစင္းတဲ့မိန္းကေလးတစ္ေယာက္ကို ႐ွာဖို႔ စီးပြားျဖစ္အိမ္ေထာင္ေရးကို အသုံးျပဳလိုက္ျခင္းျဖစ္သည္။  ထို႔ေၾကာင့္ သူသည္ ေ႐ြးခ်ယ္မႈေပါင္းေထာင္ေပါင္းမ်ားစြာထဲမွ ဝူက်စ္က်စ္ကို ႐ွာေဖြခဲ့ေပမယ့္လည္းလည္း ဝူက်စ္က်စ္က ေကာလဟာလေတြလို မေကာင္းေၾကာင္း ထြက္ေပၚလာခဲ့သည္။

ေနာက္ေတာ့ သူ႕အစ္ကိုက ဝူထုန္ကို ေ႐ြးခ်ယ္ခဲ့ၿပီး ခ်င္ဟြိဳက္လည္း သီးသန္႔စုံစမ္းခဲ့သည္။ အခ်ိန္ကုန္တာျမန္ဆန္ေသာေၾကာင့္ ဝူထုန္၏ ေနာက္ခံႏွင့္ ကိုယ္ရည္ကိုယ္ေသြးကို အၾကမ္းဖ်င္းသိ႐ွိခဲ့ၿပီး သူမတြင္ အျပင္းဖ်ားေနသည့္ ေမာင္ေလးတစ္ဦး႐ွိသည္။ ေနာက္ခံ စုံစမ္းစစ္ေဆးမႈ ရလဒ္မ်ားကို သုံးသပ္ၾကည့္လွ်င္ ဝူထုန္က သန္မာျဖစ္ၿပီး ၾကင္နာတတ္သူ၊ လြတ္လပ္တဲ့သူ၊ အေကာင္းျမင္တတ္သူျဖစ္ၿပီး ကေလးေတြကို အလြန္ခ်စ္သည္။  ဝူထုန္က သူမ အစ္မဝမ္းကြဲ ဝူက်စ္က်စ္ ထက္ ပိုသင့္ေတာ္တယ္လို႔ ခ်င္ဟြိဳက္ ခံစားမိသည္။ ထို႔ေၾကာင့္ ေနာက္ပိုင္းတြင္ အျဖစ္အပ်က္မ်ား ဆက္တိုက္ျဖစ္လာခဲ့သည္။

"ငါေပ်ာ္ေနသေ႐ြ႕ ယြမ္ သန္း ၅၀၀ ကို စြန္႔ပစ္ႏိုင္တယ္လို႔ မင္းမေျပာခဲ့ဘူးလား"  လို႔ခ်င္ေကာ ေျပာလိုက္သည္။

"ဒါေပမယ့္....... အခ်ိန္ခဏေလာက္ေနရင္ေတာင္...... ျပန္ေကာင္းလာမယ္လို႔..... ေမွ်ာ္လင့္ခဲ့တာ"  ခ်င္ဟြိဳက္ ႐ုတ္တရက္ ဝမ္းနည္းလာသည္။ "မင္းဒီလိုလုပ္ရင္ ငါမကူညီႏိုင္ေတာ့ဘူး၊ မင္းငါ့ကို စိတ္ဆိုးမွာမဟုတ္ဘူးလို႔ ငါေမွ်ာ္လင့္တယ္။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္အတြင္းမွာ အထူးသျဖင့္ မင္း ေဒါသျဖစ္မွာကို ငါတို႔ေၾကာက္ခဲ့တာ"



#1.7.2023

Continue Reading

You'll Also Like

4.8M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
412K 37.2K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
453K 10.9K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
288K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...