Second life ( အချို့သောချစ်ခြ...

By moetharchel

126K 9.5K 1.4K

Hydrangeaတွေနဲ့အတူ အမြဲနောင်တရနေလိုက်ပါအစ်ကို။ နောင်တတရားတွေ အားနာစိတ်တွေနဲ့နာနာကျင်ကျင်ရှင်သန်နေလိုက်ပေါ့။ More

Intro
EP - 1
EP - 2
EP - 3
EP - 4
EP - 5
EP - 6
EP - 7
EP - 8
EP - 9
EP- 10
EP - 11
EP - 12
EP - 13
EP - 14
EP - 15
EP - 16
EP - 17
EP - 18
EP - 19
EP - 20
EP - 21
Attention please!!
EP - 22
EP - 23
EP - 24
EP - 25
EP - 26
EP - 27
EP - 29
EP - 30
EP - 31
EP - 32
EP - 33
Sorry for update
EP - 34
EP - 35
EP - 36
EP - 37
EP - 38
EP - 39
EP - 40
EP - 41
EP - 42
EP - 43
EP - 44
EP - 45
EP - 46
EP - 47
EP - 48
hello
EP - 49

EP - 28

1.9K 172 32
By moetharchel

Unicode

မနေ့ကတည်းကbossကိုလာကြိုဖို့ပြောထားတဲ့ဒေါက်တာပွစိကြောင့် မနက်စောစောထကာအလုပ်နဲ့ဆန့်ကျင်ဘက်နေရာမှာနေသည့်bossရဲ့အိမ်ကိုတသီးတသန့်သွားကြိုရသည်။
တကယ်ဆိုဒါကတမင်သက်သက်ပိုကိုပိုတာ။ bossက ကလေးမဟုတ်တာလည်းဒေါက်တာပွစိအသိဆုံး။ ပြီးတော့ကားမောင်းတဲ့နေရာမှာလည်းတော်လိုက်တာမှပြောမနေနဲ့။ မြန်မာနိုင်ငံကလမ်းမှမဟုတ်ဘူး အင်္ဂလန်မှာတောင်မွှတ်နေအောင်မောင်းတတ်တာ။
ပြိုင်ကားမောင်းတဲ့နေရာမှာလည်းNo 1 ချန်ပီယံဆုတောင်ရထားလိုက်သေး။
ဒါကိုများ………။

"ရောက်လာပြီလား ထူးထက်စေ……"

ကားပေါ်ကဆင်းကာအိမ်ထဲကိုခြေလှမ်းလှမ်းကာစပဲရှိသေး ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့်ခြေလှမ်းတွေပင်တုံ့ခနဲ။ bossနဲ့အတူရှိနေကျမျက်နှာထားနဲ့ဆန့်ကျင်ဘက်ဖြစ်သည့်နဂိုမူလမျက်နှာထားတည်တည်ကိုမှပိုပြီးတည်ထားသေးတဲ့အပြင်လေးထောင့်မကျတကျမျက်မှန်ကိုလက်ညှိုးနှင့်ပင့်တင်လိုက်သေးတဲ့ပုံကိုကတကယ့်ကိုကြက်သီးထစရာကောင်းသည်။

"ကဲ…ဆိုပါအုံး……မနေ့ကအကြောင်းလေး……"

"ဘာ…ဘာကိုလဲဗျ……"

လူကိုစူးစိုက်ကြည့်ပြီးမေးလာတာကြောင့်စကားတွေပင်ထစ်သွားရသည်။
သြော်…ငါ့မလည်းကိုယ့်လင်ကိုယ်မကြောက်ရသေးခင်ဘယ်သူ့လင်ပါအစစ်လာကြောက်နေရသေးတာလဲမသိဘူး……။

"ကောင်လေးကဘာဖြစ်လို့အဲ့ဒီ့လောက်အထိအရက်တွေသောက်လာရတာလဲ……"

"အဲ့ဒါတော့ကျွန်တော်လည်းမသိ………"

"မင်းကဘာကိစ္စမသိရတာလဲ…ကောင်လေးအနားမှာအမြဲရှိနေပြီးဒါလေးတောင်မသိဘူးလား……"

ဒေါက်တာ့စကားကြောင့်ထူးထက်စေမှာမျက်နှာကြီးရှုံ့မဲ့ကာပြန်ပဲပြောရမလိုလို ၊ ငြိမ်ပဲငြိမ်နေရတော့မလိုလိုပင်။  အကယ်၍ဒေါက်တာကိုပြန်ပြောပြန်ရင်လည်းbossကတစ်စက်လေးမှမကြိုက်။ ' ဒေါက်တာကစိတ်ပူလို့မေးတာလေ…မင်းသိသလောက်ဖြေပေးလိုက်ပေါ့ '  ဆိုတာချည်း။
ဖြေပေးဖို့ကလည်းသူ့ဒေါက်တာကမေးလိုက်ရင်ကပ်သီးကပ်သတ်တွေဆိုတာ recordယူပြီးကိုပြန်ပြောပြလိုက်ချင်တယ်။

တကယ်ပါပဲ……သူ့ရဲ့ကောင်လေးကဘယ်မှာဘာတွေလုပ်ပြီးဘာတွေစိတ်ညစ်လာလို့အရက်တွေလာသောက်နေလဲဆိုတာဒီကကောင်ကဘယ်လိုလုပ်သိမှာလဲ……သိရအောင်ကျွန်တော်ကbossရည်းစားမှမဟုတ်တာ……။

"ဘာတွေဖြစ်နေတာလဲဒေါက်တာ……"

လှေကားကနေဆင်းလာတဲ့bossကိုမြင်လိုက်မှသာထူးထက်စေမှာသက်ပြင်းချနိုင်တော့သည်။ မဟုတ်ရင်ဒီဒေါက်တာကသူ့ကိုရစ်လို့ဆုံးမှာမဟုတ်ဘူး။

"ဘာမှမဟုတ်ပါဘူး……မနက်စာစားသွားအုံးလေကိုယ့်ကလေးလေး……"

ကြားလိုက်ရတဲ့နူးနူးညံ့ညံ့အသုံးအနှုန်းလေးကြောင့်ထူးထက်စေမှာနှာခေါင်းတရှုံ့ရှုံ့ပင်။
အပြောင်းအလဲမြန်မှုကြီးကလည်းအံ့သြဖို့ကောင်းလောက်ပါပေတယ်……။

"မစားတော့ဘူးဒေါက်တာ……နောက်ကျနေပြီ……"

မနက်စာမစားတော့ဘူးပြောလိုက်တာနဲ့ချက်ချင်းဆိုသလိုဒေါက်တာ့မျက်နှာကစူပုတ်ပုတ်ဖြစ်သွားလေပြီ။  လေးထောင့်မကျတကျမျက်မှန်လေးနဲ့လူကြီးဆန်တဲ့ရုပ်လေးကဒီလိုစူပုတ်နေပြန်တော့လည်းသဝဏ့်အတွက်တစ်မျိုးတော့ချစ်စရာကောင်းသားရယ်။

"နေ့လည်စာစောစောစားမယ်လေဒေါက်တာရဲ့…နော်……"

"သေချာလား……"

သေသေသပ်သပ်ဖိသပ်ကာလှန်တင်ထားသည့်မီးခိုးရင့်ရောင်ဆံနွယ်တွေကိုခပ်ဖွဖွထိကိုင်ရင်းပြောလာကြောင့်ပြုံးကာခေါင်းညိတ်ပြလိုက်မိသည်။
စားဖြစ်သည် မစားဖြစ်သည်ကနောက်မှပေါ့။

"ဒါဆိုသွားရအောင်လေ boss……"

အလွမ်းသယ်နေတဲ့အမြင်ကတ်လို့ဝင်ပြောမိတော့ဒေါက်တာစဝ်ထည်ဝါရဲ့နဂါးမျက်စောင်းကလူကိုဒိုင်းခနဲဝင်ဆောင့်သည်။
ဘာပဲဖြစ်ဖြစ်ပြောသင့်တာပြောလိုက်မိတာကြောင့်ဒီတစ်ခါတော့ထူးထက်စေအကြည့်မလွှဲမိ။ မျက်နှာထားတင်းတင်းနှင့်သာခေါင်းမော့ကာရပ်နေလိုက်သည်။
အခုလိုမှသတိမပေးရင်bossဒီတစ်သက်companyမရောက်လောက်တော့ဘူး……။

"အင်း……ဒါဆိုသွားရအောင်……"

ပြောပြောဆိုဆိုနှင့်ကောင်လေးကကားပေါ်ဝင်ထိုင်လိုက်တော့ထူးထက်စေကdriverနေရာအမြန်သွားဝင်ထိုင်သည်။ ထည်ဝါ့ကိုပေစောင်းစောင်းမျက်နှာပေးဖြင့်ပြန်ကြည့်သွားဖို့ကိုလည်းမမေ့။
တွေ့မယ်…တွေ့မယ်……မင်းနေမကောင်းဖြစ်ရဲဖြစ်ကြည့်လိုက်…မကုပေးဘဲလမ်းဘေးမှာကိုပစ်ထားပစ်အုံးမယ်။
အဟွန်း……စဝ်ထည်ဝါကိုဘာမှတ်နေလဲ။

_____________________________________________

သဝဏ်companyထဲဝင်လိုက်သည်နှင့် အရင်ဆုံးမြင်တွေ့လိုက်ရသည်ကတစ်ချိန်ကသိပ်ချစ်ခဲ့ဖူးသည့်လက်ရှိအမုန်းဆုံးလူ၏မျက်နှာ။ အကြည့်ပြန်လွှဲကာရုံးခန်းဆီသို့ခပ်သွက်သွက်လျှောက်သွားလိုက်တော့လိုက်ငေးကြည့်နေပြန်သည်။
စိတ်ထင်တာကြောင့်လားတော့မသိပေမယ့်…ဒီနေ့ဦးမှိုင်းညှို့ရွှေဘုံရဲ့အကြည့်တွေကတစ်မျိုးပဲ……။

' ဒေါက် ဒေါက် '

ထိုင်ခုံမှာထိုင်ကာစပဲရှိသေးကြားလိုက်ရတဲ့တံခါးခေါက်သံကြောင့်ကြည့်မိတော့ ထင်တဲ့အတိုင်းထိုလူပင်။
အခုမှရောက်တာကို…သက်သက်မဲ့အမောစို့ရအောင်ဘာလာလုပ်ပြန်တာလဲ။

"ငါ…ငါစကားနည်းနည်းလောက်ပြောလို့ရမလား……"

သဘောမကျသလိုစိုက်ကြည့်နေတဲ့ရဏသဝဏ်ကြောင့်မှိုင်းညှို့မဝံ့မရဲလေးသာခွင့်တောင်းမိတယ်။ ဒါတောင်ဘာမှပြန်မတုံ့ပြန်ဘဲမျက်နှာသေနှင့်သာဆက်စိုက်ကြည့်နေတာကြောင့်တံခါးဝမှာတင်လူကခေါင်းငုံ့ကာရပ်နေမိဆဲ။  မှိုင်းညှို့သူ့ဆီမှာအလုပ်လုပ်နေတဲ့အတောအတွင်းသိလာရတာက ရဏသဝဏ်ကတကယ့်ကိုစိတ်မမှန်တာပင်။ စိတ်ကျန်းမားရေးချို့ယွင်းသလိုစိတ်မမှန်တာမျိုးမဟုတ်ပေမယ့်လို့ သူစိတ်မထင်ရင်မထင်သလိုလူကိုအော်ငေါက်တတ်သလိုပစ္စည်းတွေရိုက်ခွဲပစ်ပြီးသောင်းကျန်းတတ်သေးသည်။
အခုလည်းဘာလုပ်အုံးမလဲမသိ။

"အရေးကြီးလား……"

"ဟင်……အင်း……"

ထိုအခါမှသဘောမကျသလိုမျက်နှာပေးနှင့်မေးတစ်ချက်ဆတ်ပြလာသည်။ သဘောက ' ဝင်လာခဲ့ '  ဆိုတဲ့ပုံစံမျိုး။ မှိုင်းညှို့လည်းသူ့ရှေ့သွားရပ်ကာသော့ချိတ်အပိုင်းအစလေးကိုစားပွဲပေါ်တင်ပေးလိုက်တော့အနည်းငယ်အံ့သြသွားပုံရတဲ့မျက်နှာထား။
သို့သော်လည်းရဏသဝဏ်ရဲ့ထိုမျက်နှာထားဟာတစ်ခဏလေးသာဖြစ်တည်ပြီးချက်ချင်းဆိုသလိုပျောက်သွားပြန်သည်။

"ဒါလေးက…မင်းရဲ့သော့ချိတ်လား……"

သဝဏ်သူ့ရှေ့ကသော့ချိတ်လေးကိုတစ်ချက်ကြည့်မိလိုက်တော့ဒေါက်တာကိုယ်တိုင်လုပ်ပေးထားတဲ့handmadeသော့ချိတ်လေးပင်။
ဒေါက်တာကိုယ်တိုင်လုပ်ပေးထားတာမို့နှမျောမိပေမယ့် ရှေ့ကလူရဲ့အကြည့်တွေကတစ်ခုခုကိုသိနေပုံရတာမို့မျက်နှာပြန်တည်ကာ

"မဟုတ်ဘူး……"

ဦးမှိုင်းညှို့ရွှေဘုံတစ်ယောက်မျက်မှောင်ကျုတ်သွားပုံအရတော့အဖြေကသူလိုချင်တဲ့အဖြေဟုတ်မနေလို့ထင်ပါရဲ့။

"ဒါဆိုဘယ်သူ့ဟာလဲ……မင်း…မင်းမြတ်သဝဏ်နဲ့သိတယ်မဟုတ်လား……သူအခုဘယ်မှာလဲ……"

"မသိဘူး……ဘယ်ကမြတ်သဝဏ်လဲ……"

မျက်နှာသေနှင့်ပြန်မေးကာခပ်စူးစူးစိုက်ကြည့်ပေးလိုက်တော့မယုံကြည်သလိုခေါင်းတခါခါနှင့်ပြန်ကြည့်နေပြန်သည်။
ခင်ဗျားတကယ်ကိုစိတ်ရှုပ်ဖို့ကောင်းတယ်……။

"မင်းမလိမ်နဲ့!……မနေ့ကမင်းကားသော့မှာဒီသော့ချိတ်လေးချိတ်ထားတာငါတွေ့လိုက်တယ်……"

"ဟား!……ခင်ဗျားကဘာကိစ္စကျုပ်ကိုလာအော်နေရတာလဲ…နေပါအုံး ဒီသော့ချိတ်ကကျုပ်ရဲ့သော့ချိတ်ပါလို့ပြောနိုင်ရအောင်ခင်ဗျားမှာဘာသက်သေရှိလဲ……"

ခေါင်းငုံ့သွားတဲ့ထိုသူကိုကြည့်ရင်းဒေါသထွက်လာပြန်တာကြောင့်တောက်တစ်ချက်ခေါက်ကာရုံးခန်းထဲကနေထွက်သွားဖို့ပြင်လိုက်သည်။
ဒီလူ့ကိုဆက်မြင်နေရရင်အကုသိုလ်များတယ်……။

"မြတ်သဝဏ်!……"

ကြားလိုက်ရတဲ့ခေါ်သံသဲ့သဲ့လေးကြောင့်လှမ်းနေတဲ့ခြေလှမ်းတွေကတုံ့ခနဲ။ အနားရောက်လာတဲ့လက်မောင်းကနေဆွဲကိုင်ပြီးမျက်နှာချင်းဆိုင်ဖြစ်အောင်ဆွဲလှည့်လိုက်တာမို့ လူကအသိလွတ်ကာအလိုက်သင့်လှည့်မိလိုက်ချိန်မြင်လိုက်ရသည်ကဦးမှိုင်းညှို့ရွှေဘုံရဲ့မျက်နှာပေါ်ကမျက်ရည်စတွေ။

"မင်း…မင်းဟုတ်တယ်မလား…မြတ်သဝဏ်ကိုမင်းသိတယ်မဟုတ်လား…သူဘယ်မှာရှိနေတယ်ဆိုတာမင်းသိနေတယ်မလား သူမသေသေးဘူးမဟုတ်လား……ငါ့ကိုမလိမ်ပါနဲ့…ကျေးဇူးပြုပြီး ငါသူ့ကိုတောင်းပန်ချင်နေခဲ့တာ……ပြီးတော့…ပြီးတော့ငါ…ငါသူ့ကို………"

"ကျုပ်ဘာမှမသိဘူး……ခင်ဗျားပြောနေတာတွေဘာတစ်ခုမှနားမလည်တာမို့…အခုဒီအခန်းထဲကနေ ခင်ဗျားထွက်သွားမလား ကျုပ်ထွက်သွားရမလား……"

လေသံခပ်မာမာကြောင့်မှိုင်းညှို့ကြောင်အအနှင့်သာငေးကြည့်နေမိသည်။ လုံးဝသေချာသေးတာတော့မဟုတ်ပေမယ့်လို့ဒီလူကသာမြတ်သဝဏ်ကိုသိနေခဲ့တယ်ဆိုရင်ဆိုတဲ့မျှော်လင့်ချက်ရေးရေးလေးနဲ့အတင်းလိုက်မေးနေမိခြင်း။
တကယ်လည်း…သူမြတ်သဝဏ်ကိုတွေ့ချင်နေခဲ့တာမဟုတ်လား။

"ငါတောင်းပန်ပါတယ်……"

တိုးဖွဖွစကားတစ်ခွန်းကြောင့်သဝဏ်မျက်ခုံးအသာပင့်မိသည်။
နေစမ်းပါအုံး…အခုဒီလူက ' တောင်းပန်ပါတယ် '  လို့ပြောလိုက်တာလား။

"ငါ…ငါဘယ်လိုပဲတောင်းပန်ရတောင်းပန်ရမင်းကိုတောင်းပန်မှာမို့လို့……ကျေးဇူးပြုပြီး ငါ့ကိုမြတ်သဝဏ်နဲ့တွေ့ခွင့်ပေးပါနော်……"

"ဟားဟားဟား!!……"

မျက်နှာငယ်လေးနဲ့တောင်းဆိုသလိုလေးပြောနေတဲ့သူကိုကြည့်ရင်းသဝဏ်မနေနိုင်ဘဲအော်ရယ်မိသည်။

အခုမှတွေ့ချင်တယ်တဲ့လား?……
အခုမှတွေ့ခွင့်ပေးပါတဲ့လား?……
အခုမှတောင်းပန်ချင်တယ်တဲ့လား?……
ရှိနေခဲ့တုန်းကကျတော့ဘာဖြစ်လို့တန်ဖိုးမထားခဲ့သလဲ။ ခင်ဗျားအပေါ်မှာအရာအားလုံးသည်းခံပေးခဲ့တုန်းကတော့နည်းနည်းလေးတောင်အလျှော့မပေးခဲ့တဲ့ကအခုမှဘာကိစ္စနဲ့လာပြီးတောင်းပန်ချင်နေရတာလဲ။

"ငါ……ငါမြတ်သဝဏ်ကိုတွေ့ချင်လို့ပါ……"

"ကျုပ်မသိဘူးလို့ပြောနေတယ်လေ!!……"

စိတ်တိုတိုနှင့်အော်ပြောကာဆောင့်တွန်းလိုက်မိတော့ကြမ်းပေါ်မှာခွေခနဲလဲကျသွားတဲ့ထိုသူ။ မျက်ရည်စတွေနဲ့ပြန်ငေးကြည့်နေပြန်တာကြောင့်မသိရင်ကိုယ်ကပဲလွန်နေသလိုလိုပင်။
ကျုပ်အလှည့်တုန်းကတော့ခင်ဗျားဒီ့ထက်ပိုပြီးရက်စက်ခဲ့ဖူးတယ်မဟုတ်လား……။

"ထွက်သွား……"

"ငါ……"

"ထွက်သွားလို့ကျုပ်ပြောနေတယ်လေ!……"

လေသံခပ်မာမာနှင့်စကားကိုတစ်လုံးချင်းဖိပြောလာတာကြောင့်မှိုင်းညှို့လည်းဘာတစ်ခွန်းမျှဆက်မပြောတော့ဘဲခေါင်းငုံ့ကာသာထွက်လာခဲ့လိုက်ရသည်။ ရုံးခန်းအပြင်ရောက်တော့ကွက်ကြည့်ကွက်ကြည့်လုပ်နေကြတဲ့သူတွေကိုဂရုမစိုက်နိုင်ဘဲနံရံကိုမှီထိုင်ရင်းသာငိုချပစ်မိပြန်တယ်။

မသိခဲ့ဘူးမြတ်သဝဏ်……တစ်ချိန်ကငါမင်းအပေါ်အနိုင်ယူခဲ့မိတာတွေကဒီလောက်အထိနာကျင်ပြီးခံရခက်စေခဲ့မှန်း……။





#################################

Zawgyi

မေန႕ကတည္းကbossကိုလာၾကိဳဖို႕ေျပာထားတဲ႕ေဒါက္တာပြစိေၾကာင့္ မနက္ေစာေစာထကာအလုပ္နဲ႕ဆန္႕က်င္ဘက္ေနရာမွာေနသည့္bossရဲ႕အိမ္ကိုတသီးတသန္႕သြားၾကိဳရသည္။
တကယ္ဆိုဒါကတမင္သက္သက္ပိုကိုပိုတာ။ bossက ကေလးမဟုတ္တာလည္းေဒါက္တာပြစိအသိဆံုး။ ျပီးေတာ့ကားေမာင္းတဲ႕ေနရာမွာလည္းေတာ္လိုက္တာမွေျပာမေနနဲ႕။ ျမန္မာနိုင္ငံကလမ္းမွမဟုတ္ဘူး အဂၤလန္မွာေတာင္မႊတ္ေနေအာင္ေမာင္းတတ္တာ။
ျပိဳင္ကားေမာင္းတဲ႕ေနရာမွာလည္းNo 1 ခ်န္ပီယံဆုေတာင္ရထားလိုက္ေသး။
ဒါကိုမ်ား………။

"ေရာက္လာျပီလား ထူးထက္ေစ……"

ကားေပၚကဆင္းကာအိမ္ထဲကိုေျခလွမ္းလွမ္းကာစပဲရွိေသး ရုတ္တရက္ၾကားလိုက္ရတဲ႕အသံေၾကာင့္ေျခလွမ္းေတြပင္တံု႕ခနဲ။ bossနဲ႕အတူရွိေနက်မ်က္ႏွာထားနဲ႕ဆန္႕က်င္ဘက္ျဖစ္သည့္နဂိုမူလမ်က္ႏွာထားတည္တည္ကိုမွပိုျပီးတည္ထားေသးတဲ႕အျပင္ေလးေထာင့္မက်တက်မ်က္မွန္ကိုလက္ညိွဳးႏွင့္ပင့္တင္လိုက္ေသးတဲ႕ပံုကိုကတကယ့္ကိုၾကက္သီးထစရာေကာင္းသည္။

"ကဲ…ဆိုပါအံုး……မေန႕ကအေၾကာင္းေလး……"

"ဘာ…ဘာကိုလဲဗ်……"

လူကိုစူးစိုက္ၾကည့္ျပီးေမးလာတာေၾကာင့္စကားေတြပင္ထစ္သြားရသည္။
ေၾသာ္…ငါ့မလည္းကိုယ့္လင္ကိုယ္မေၾကာက္ရေသးခင္ဘယ္သူ႕လင္ပါအစစ္လာေၾကာက္ေနရေသးတာလဲမသိဘူး……။

"ေကာင္ေလးကဘာျဖစ္လို႕အဲ႕ဒီ႕ေလာက္အထိအရက္ေတြေသာက္လာရတာလဲ……"

"အဲ႕ဒါေတာ့ကြ်န္ေတာ္လည္းမသိ………"

"မင္းကဘာကိစၥမသိရတာလဲ…ေကာင္ေလးအနားမွာအျမဲရွိေနျပီးဒါေလးေတာင္မသိဘူးလား……"

ေဒါက္တာ့စကားေၾကာင့္ထူးထက္ေစမွာမ်က္ႏွာၾကီးရွံဳ႕မဲ႕ကာျပန္ပဲေျပာရမလိုလို ၊ ျငိမ္ပဲျငိမ္ေနရေတာ့မလိုလိုပင္။  အကယ္၍ေဒါက္တာကိုျပန္ေျပာျပန္ရင္လည္းbossကတစ္စက္ေလးမွမၾကိဳက္။ ' ေဒါက္တာကစိတ္ပူလို႕ေမးတာေလ…မင္းသိသေလာက္ေျဖေပးလိုက္ေပါ့ '  ဆိုတာခ်ည္း။
ေျဖေပးဖို႕ကလည္းသူ႕ေဒါက္တာကေမးလိုက္ရင္ကပ္သီးကပ္သတ္ေတြဆိုတာ recordယူျပီးကိုျပန္ေျပာျပလိုက္ခ်င္တယ္။

တကယ္ပါပဲ……သူ႕ရဲ႕ေကာင္ေလးကဘယ္မွာဘာေတြလုပ္ျပီးဘာေတြစိတ္ညစ္လာလို႕အရက္ေတြလာေသာက္ေနလဲဆိုတာဒီကေကာင္ကဘယ္လိုလုပ္သိမွာလဲ……သိရေအာင္ကြ်န္ေတာ္ကbossရည္းစားမွမဟုတ္တာ……။

"ဘာေတြျဖစ္ေနတာလဲေဒါက္တာ……"

ေလွကားကေနဆင္းလာတဲ႕bossကိုျမင္လိုက္မွသာထူးထက္ေစမွာသက္ျပင္းခ်နိုင္ေတာ့သည္။ မဟုတ္ရင္ဒီေဒါက္တာကသူ႕ကိုရစ္လို႕ဆံုးမွာမဟုတ္ဘူး။

"ဘာမွမဟုတ္ပါဘူး……မနက္စာစားသြားအံုးေလကိုယ့္ကေလးေလး……"

ၾကားလိုက္ရတဲ႕ႏူးႏူးညံ႕ညံ႕အသံုးအနွဳန္းေလးေၾကာင့္ထူးထက္ေစမွာနွာေခါင္းတရွံဳ႕ရွံဳ႕ပင္။
အေျပာင္းအလဲျမန္မွဳၾကီးကလည္းအံ႕ၾသဖို႕ေကာင္းေလာက္ပါေပတယ္……။

"မစားေတာ့ဘူးေဒါက္တာ……ေနာက္က်ေနျပီ……"

မနက္စာမစားေတာ့ဘူးေျပာလိုက္တာနဲ႕ခ်က္ခ်င္းဆိုသလိုေဒါက္တာ့မ်က္ႏွာကစူပုတ္ပုတ္ျဖစ္သြားေလျပီ။  ေလးေထာင့္မက်တက်မ်က္မွန္ေလးနဲ႕လူၾကီးဆန္တဲ႕ရုပ္ေလးကဒီလိုစူပုတ္ေနျပန္ေတာ့လည္းသဝဏ့္အတြက္တစ္မ်ိဳးေတာ့ခ်စ္စရာေကာင္းသားရယ္။

"ေန႕လည္စာေစာေစာစားမယ္ေလေဒါက္တာရဲ႕…ေနာ္……"

"ေသခ်ာလား……"

ေသေသသပ္သပ္ဖိသပ္ကာလွန္တင္ထားသည့္မီးခိုးရင့္ေရာင္ဆံႏြယ္ေတြကိုခပ္ဖြဖြထိကိုင္ရင္းေျပာလာေၾကာင့္ျပံဳးကာေခါင္းညိတ္ျပလိုက္မိသည္။
စားျဖစ္သည္ မစားျဖစ္သည္ကေနာက္မွေပါ့။

"ဒါဆိုသြားရေအာင္ေလ boss……"

အလြမ္းသယ္ေနတဲ႕အျမင္ကတ္လို႕ဝင္ေျပာမိေတာ့ေဒါက္တာစဝ္ထည္ဝါရဲ႕နဂါးမ်က္ေစာင္းကလူကိုဒိုင္းခနဲဝင္ေဆာင့္သည္။
ဘာပဲျဖစ္ျဖစ္ေျပာသင့္တာေျပာလိုက္မိတာေၾကာင့္ဒီတစ္ခါေတာ့ထူးထက္ေစအၾကည့္မလႊဲမိ။ မ်က္ႏွာထားတင္းတင္းႏွင့္သာေခါင္းေမာ့ကာရပ္ေနလိုက္သည္။
အခုလိုမွသတိမေပးရင္bossဒီတစ္သက္companyမေရာက္ေလာက္ေတာ့ဘူး……။

"အင္း……ဒါဆိုသြားရေအာင္……"

ေျပာေျပာဆိုဆိုႏွင့္ေကာင္ေလးကကားေပၚဝင္ထိုင္လိုက္ေတာ့ထူးထက္ေစကdriverေနရာအျမန္သြားဝင္ထိုင္သည္။ ထည္ဝါ့ကိုေပေစာင္းေစာင္းမ်က္ႏွာေပးျဖင့္ျပန္ၾကည့္သြားဖို႕ကိုလည္းမေမ့။
ေတြ႕မယ္…ေတြ႕မယ္……မင္းေနမေကာင္းျဖစ္ရဲျဖစ္ၾကည့္လိုက္…မကုေပးဘဲလမ္းေဘးမွာကိုပစ္ထားပစ္အံုးမယ္။
အဟြန္း……စဝ္ထည္ဝါကိုဘာမွတ္ေနလဲ။

_____________________________________________

သဝဏ္companyထဲဝင္လိုက္သည္ႏွင့္ အရင္ဆံုးျမင္ေတြ႕လိုက္ရသည္ကတစ္ခ်ိန္ကသိပ္ခ်စ္ခဲ႕ဖူးသည့္လက္ရွိအမုန္းဆံုးလူ၏မ်က္ႏွာ။ အၾကည့္ျပန္လႊဲကာရံုးခန္းဆီသို႕ခပ္သြက္သြက္ေလွ်ာက္သြားလိုက္ေတာ့လိုက္ေငးၾကည့္ေနျပန္သည္။
စိတ္ထင္တာေၾကာင့္လားေတာ့မသိေပမယ့္…ဒီေန႕ဦးမွိဳင္းညိွဳ႕ေရႊဘံုရဲ႕အၾကည့္ေတြကတစ္မ်ိဳးပဲ……။

' ေဒါက္ ေဒါက္ '

ထိုင္ခံုမွာထိုင္ကာစပဲရွိေသးၾကားလိုက္ရတဲ႕တံခါးေခါက္သံေၾကာင့္ၾကည့္မိေတာ့ ထင္တဲ႕အတိုင္းထိုလူပင္။
အခုမွေရာက္တာကို…သက္သက္မဲ႕အေမာစို႕ရေအာင္ဘာလာလုပ္ျပန္တာလဲ။

"ငါ…ငါစကားနည္းနည္းေလာက္ေျပာလို႕ရမလား……"

သေဘာမက်သလိုစိုက္ၾကည့္ေနတဲ႕ရဏသဝဏ္ေၾကာင့္မွိဳင္းညိွဳ႕မဝံ႕မရဲေလးသာခြင့္ေတာင္းမိတယ္။ ဒါေတာင္ဘာမွျပန္မတံု႕ျပန္ဘဲမ်က္ႏွာေသႏွင့္သာဆက္စိုက္ၾကည့္ေနတာေၾကာင့္တံခါးဝမွာတင္လူကေခါင္းငံု႕ကာရပ္ေနမိဆဲ။  မွိဳင္းညိွဳ႕သူ႕ဆီမွာအလုပ္လုပ္ေနတဲ႕အေတာအတြင္းသိလာရတာက ရဏသဝဏ္ကတကယ့္ကိုစိတ္မမွန္တာပင္။ စိတ္က်န္းမားေရးခ်ိဳ႕ယြင္းသလိုစိတ္မမွန္တာမ်ိဳးမဟုတ္ေပမယ့္လို႕ သူစိတ္မထင္ရင္မထင္သလိုလူကိုေအာ္ေငါက္တတ္သလိုပစၥည္းေတြရိုက္ခြဲပစ္ျပီးေသာင္းက်န္းတတ္ေသးသည္။
အခုလည္းဘာလုပ္အံုးမလဲမသိ။

"အေရးၾကီးလား……"

"ဟင္……အင္း……"

ထိုအခါမွသေဘာမက်သလိုမ်က္နွာေပးႏွင့္ေမးတစ္ခ်က္ဆတ္ျပလာသည္။ သေဘာက ' ဝင္လာခဲ႕ '  ဆိုတဲ႕ပံုစံမ်ိဳး။ မွိဳင္းညိွဳ႕လည္းသူ႕ေရွ႕သြားရပ္ကာေသာ့ခ်ိတ္အပိုင္းအစေလးကိုစားပြဲေပၚတင္ေပးလိုက္ေတာ့အနည္းငယ္အံ႕ၾသသြားပံုရတဲ႕မ်က္ႏွာထား။
သို႕ေသာ္လည္းရဏသဝဏ္ရဲ႕ထိုမ်က္ႏွာထားဟာတစ္ခဏေလးသာျဖစ္တည္ျပီးခ်က္ခ်င္းဆိုသလိုေပ်ာက္သြားျပန္သည္။

"ဒါေလးက…မင္းရဲ႕ေသာ့ခ်ိတ္လား……"

သဝဏ္သူ႕ေရွ႕ကေသာ့ခ်ိတ္ေလးကိုတစ္ခ်က္ၾကည့္မိလိုက္ေတာ့ေဒါက္တာကိုယ္တိုင္လုပ္ေပးထားတဲ႕handmadeေသာ့ခ်ိတ္ေလးပင္။
ေဒါက္တာကိုယ္တိုင္လုပ္ေပးထားတာမို႕ႏွေမ်ာမိေပမယ့္ ေရွ႕ကလူရဲ႕အၾကည့္ေတြကတစ္ခုခုကိုသိေနပံုရတာမို႕မ်က္ႏွာျပန္တည္ကာ

"မဟုတ္ဘူး……"

ဦးမွိဳင္းညိွဳ႕ေရႊဘံုတစ္ေယာက္မ်က္ေမွာင္က်ဳတ္သြားပံုအရေတာ့အေျဖကသူလိုခ်င္တဲ႕အေျဖဟုတ္မေနလို႕ထင္ပါရဲ႕။

"ဒါဆိုဘယ္သူ႕ဟာလဲ……မင္း…မင္းျမတ္သဝဏ္နဲ႕သိတယ္မဟုတ္လား……သူအခုဘယ္မွာလဲ……"

"မသိဘူး……ဘယ္ကျမတ္သဝဏ္လဲ……"

မ်က္ႏွာေသႏွင့္ျပန္ေမးကာခပ္စူးစူးစိုက္ၾကည့္ေပးလိုက္ေတာ့မယံုၾကည္သလိုေခါင္းတခါခါႏွင့္ျပန္ၾကည့္ေနျပန္သည္။
ခင္ဗ်ားတကယ္ကိုစိတ္ရွဳပ္ဖို႕ေကာင္းတယ္……။

"မင္းမလိမ္နဲ႕!……မေန႕ကမင္းကားေသာ့မွာဒီေသာ့ခ်ိတ္ေလးခ်ိတ္ထားတာငါေတြ႕လိုက္တယ္……"

"ဟား!……ခင္ဗ်ားကဘာကိစၥက်ဳပ္ကိုလာေအာ္ေနရတာလဲ…ေနပါအံုး ဒီေသာ့ခ်ိတ္ကက်ဳပ္ရဲ႕ေသာ့ခ်ိတ္ပါလို႕ေျပာနိုင္ရေအာင္ခင္ဗ်ားမွာဘာသက္ေသရွိလဲ……"

ေခါင္းငံု႕သြားတဲ႕ထိုသူကိုၾကည့္ရင္းေဒါသထြက္လာျပန္တာေၾကာင့္ေတာက္တစ္ခ်က္ေခါက္ကာရံုးခန္းထဲကေနထြက္သြားဖို႕ျပင္လိုက္သည္။
ဒီလူ႕ကိုဆက္ျမင္ေနရရင္အကုသိုလ္မ်ားတယ္……။

"ျမတ္သဝဏ္!……"

ၾကားလိုက္ရတဲ႕ေခၚသံသဲ႕သဲ႕ေလးေၾကာင့္လွမ္းေနတဲ႕ေျခလွမ္းေတြကတံု႕ခနဲ။ အနားေရာက္လာတဲ႕လက္ေမာင္းကေနဆြဲကိုင္ျပီးမ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္ဆြဲလွည့္လိုက္တာမို႕ လူကအသိလြတ္ကာအလိုက္သင့္လွည့္မိလိုက္ခ်ိန္ျမင္လိုက္ရသည္ကဦးမွိဳင္းညိွဳ႕ေရႊဘံုရဲ႕မ်က္ႏွာေပၚကမ်က္ရည္စေတြ။

"မင္း…မင္းဟုတ္တယ္မလား…ျမတ္သဝဏ္ကိုမင္းသိတယ္မဟုတ္လား…သူဘယ္မွာရွိေနတယ္ဆိုတာမင္းသိေနတယ္မလား သူမေသေသးဘူးမဟုတ္လား……ငါ့ကိုမလိမ္ပါနဲ႕…ေက်းဇူးျပဳျပီး ငါသူ႕ကိုေတာင္းပန္ခ်င္ေနခဲ႕တာ……ျပီးေတာ့…ျပီးေတာ့ငါ…ငါသူ႕ကို………"

"က်ဳပ္ဘာမွမသိဘူး……ခင္ဗ်ားေျပာေနတာေတြဘာတစ္ခုမွနားမလည္တာမို႕…အခုဒီအခန္းထဲကေန ခင္ဗ်ားထြက္သြားမလား က်ဳပ္ထြက္သြားရမလား……"

ေလသံခပ္မာမာေၾကာင့္မွိဳင္းညိွဳ႕ေၾကာင္အအႏွင့္သာေငးၾကည့္ေနမိသည္။ လံုးဝေသခ်ာေသးတာေတာ့မဟုတ္ေပမယ့္လို႕ဒီလူကသာျမတ္သဝဏ္ကိုသိေနခဲ႕တယ္ဆိုရင္ဆိုတဲ႕ေမွ်ာ္လင့္ခ်က္ေရးေရးေလးနဲ႕အတင္းလိုက္ေမးေနမိျခင္း။
တကယ္လည္း…သူျမတ္သဝဏ္ကိုေတြ႕ခ်င္ေနခဲ႕တာမဟုတ္လား။

"ငါေတာင္းပန္ပါတယ္……"

တိုးဖြဖြစကားတစ္ခြန္းေၾကာင့္သဝဏ္မ်က္ခံုးအသာပင့္မိသည္။
ေနစမ္းပါအံုး…အခုဒီလူက ' ေတာင္းပန္ပါတယ္ '  လို႕ေျပာလိုက္တာလား။

"ငါ…ငါဘယ္လိုပဲေတာင္းပန္ရေတာင္းပန္ရမင္းကိုေတာင္းပန္မွာမို႕လို႕……ေက်းဇူးျပဳျပီး ငါ့ကိုျမတ္သဝဏ္နဲ႕ေတြ႕ခြင့္ေပးပါေနာ္……"

"ဟားဟားဟား!!……"

မ်က္ႏွာငယ္ေလးနဲ႕ေတာင္းဆိုသလိုေလးေျပာေနတဲ႕သူကိုၾကည့္ရင္းသဝဏ္မေနနိုင္ဘဲေအာ္ရယ္မိသည္။

အခုမွေတြ႕ခ်င္တယ္တဲ႕လား?……
အခုမွေတြ႕ခြင့္ေပးပါတဲ႕လား?……
အခုမွေတာင္းပန္ခ်င္တယ္တဲ႕လား?……
ရွိေနခဲ႕တုန္းကက်ေတာ့ဘာျဖစ္လို႕တန္ဖိုးမထားခဲ႕သလဲ။ ခင္ဗ်ားအေပၚမွာအရာအားလံုးသည္းခံေပးခဲ႔တုန္းကေတာ့နည္းနည္းေလးေတာင္အေလွ်ာ့မေပးခဲ႕တဲ႕ကအခုမွဘာကိစၥနဲ႕လာျပီးေတာင္းပန္ခ်င္ေနရတာလဲ။

"ငါ……ငါျမတ္သဝဏ္ကိုေတြ႕ခ်င္လို႕ပါ……"

"က်ဳပ္မသိဘူးလို႕ေျပာေနတယ္ေလ!!……"

စိတ္တိုတိုႏွင့္ေအာ္ေျပာကာေဆာင့္တြန္းလိုက္မိေတာ့ၾကမ္းေပၚမွာေခြခနဲလဲက်သြားတဲ႕ထိုသူ။ မ်က္ရည္စေတြနဲ႕ျပန္ေငးၾကည့္ေနျပန္တာေၾကာင့္မသိရင္ကိုယ္ကပဲလြန္ေနသလိုလိုပင္။
က်ဳပ္အလွည့္တုန္းကေတာ့ခင္ဗ်ားဒီ႕ထက္ပိုျပီးရက္စက္ခဲ႕ဖူးတယ္မဟုတ္လား……။

"ထြက္သြား……"

"ငါ……"

"ထြက္သြားလို႕က်ဳပ္ေျပာေနတယ္ေလ!……"

ေလသံခပ္မာမာႏွင့္စကားကိုတစ္လံုးခ်င္းဖိေျပာလာတာေၾကာင့္မွိဳင္းညိွဳ႕လည္းဘာတစ္ခြန္းမွ်ဆက္မေျပာေတာ့ဘဲေခါင္းငံု႕ကာသာထြက္လာခဲ႕လိုက္ရသည္။ ရံုးခန္းအျပင္ေရာက္ေတာ့ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနၾကတဲ႕သူေတြကိုဂရုမစိုက္နိုင္ဘဲနံရံကိုမွီထိုင္ရင္းသာငိုခ်ပစ္မိျပန္တယ္။

မသိခဲ႕ဘူးျမတ္သဝဏ္……တစ္ခ်ိန္ကငါမင္းအေပၚအနိုင္ယူခဲ႕မိတာေတြကဒီေလာက္အထိနာက်င္ျပီးခံရခက္ေစခဲ႕မွန္း……။





#################################

Continue Reading

You'll Also Like

362K 9.6K 150
"𝑻𝒉𝒆𝒓𝒆'𝒔 𝒓𝒆𝒂𝒍𝒍𝒚 𝒏𝒐 𝒘𝒂𝒚 𝒐𝒇 𝒘𝒊𝒏𝒏𝒊𝒏𝒈 𝒊𝒇 𝒊𝒏 𝒕𝒉𝒆𝒊𝒓 𝒆𝒚𝒆𝒔 𝒚𝒐𝒖'𝒍𝒍 𝒂𝒍𝒘𝒂𝒚𝒔 𝒃𝒆 𝒂 𝒅𝒖𝒎𝒃 𝒃𝒍𝒐𝒏𝒅𝒆."
26K 1.5K 33
The story is about a very prominent Rajput family in Rajasthan, well-known in their village, and they have a large business empire of the jewelry and...
30.1K 984 58
What happens when 7 crack heads are added to a groupchat by the only 'sane' one? if you are homo please LEAVE! ⚠️T/W⚠️ Language Smut Slurs
6.2M 47.5K 56
Welcome to The Wattpad HQ Community Happenings story! We are so glad you're part of our global community. This is the place for readers and writers...