MY Crush Is My Step-Father
bhonesittthaw8 द्वारा
748K 30K 446
ဒုတိယအကြိမ် ပြန်တင်ခြင်း.... अधिक
အမှာစာ
ep.1
ep.2
ep.3
ep.4
ep.5
ep.6
ep.7
ep.8
ep.9
ep.10
ep.11
ep.12
ep.13
ep.14
ep.15
ep.16
ep.17
ep.18
ep.19
ep.20
ep.21
ep.22
ep.23
ep.25
ep.26
ep.27
ep.28
ep.29
ep.30
story time (side story)
ep.31
ep.32
ep.33
ep.34
ep.35
ep.36
ep.37
ep.38
ep.39
ep.40
Ep. ( 41.1 + 41.2)
Ep. 42
Ep. 43
Ep. 44
Ep. 45
(( Final ))
Extra......
အမှတ်တရလေးတဖြတ်
ep.24
11.7K 546 19
bhonesittthaw8 द्वारा
Part 24
UNICODE...
မျက်လုံးယဉ်စွာ တည်ဆောက်ထားသော နှစ်ထပ်တိုက်ကိုမှ မှန်လုံးပုံ ခိုအိမ်ပါသည့် အိမ်ကလေးသည် ခဲရောင်ဆေးတင်ထားခံရပြီး ကြီးမားကျယ်ဝန်းသော ခြံကြီးရဲ့အလည်ဗဟိုတည့်တည့်တွင်တည်ရှိပြီး နေ့တနေ့ရဲ့တာဝန်ပြီးဆုံးခါ အနောက်အင်ပါယာထဲ ဝင်လုဆဲဆဲ နေမင်းနှင့်အတူ ဖျော့တော့ လျော့ရဲလို့ အရိုင်းဆန်စွာ တည်ရှိနေသည်...။
သိပ်မကြာပါ...
ခြံဝန်းထဲသို့ မနက်က ထွက်ခွာသွားသော ကားအနက်ကလေး ပြန်ဝင်လာပုံထောက် ဟံသာဦး ကုမ္ပဏီမှ ပြန်လာပြီထင်သည်။
ကားပေါ်မှ ခပ်မြန်မြန်ဆင်းလာသံ ပြီးတော့ ကားတံခါးကို ဝုန်းခနဲစောင့်ပိတ်လိုက်သံ အိမ်ထဲကို ဝင်လာသော ခြေလှမ်းကြမ်းကြမ်းသံတွေရယ် တော်တော်လေးကိုနီးနေပြီဖြစ်သော ထိုသူ့ရဲ့အသက်ရှူသံတွေ....
"နွေဦး..."
ခေါ်ဆိုလာသောအသံနှင့်အတူ ဟံသာဦးလက်ထဲက လက်ဆွဲအိတ်ကို ကြမ်းပြင်ပေါ် ဘုတ်ခနဲပစ်ချပစ်ရင်း သူ့အနား လျှင်မြန်စွာ ချည်းကပ်လာနေပြီ..နွေဦးက လှုပ်ကုလားထိုင်ပေါ်ထိုင်နေရင်းမှ နှုတ်ခမ်းကလေးတွေကို ကော့တက်ရုံမျှသာကွေးယူလိုက်သည်..။
ထို့နောက် ဟံသာဦးက နွေဦးအား အင်္ကျီကော်လံစမှစောင့်ဆွဲတော့ ခါးကော့ပါလာသည့်နွေဦးက နှာခေါင်းရှုံ့လျှက်...
"ဘာလဲ..."
"မနက်က မင်းအကောင်ကို အိမ်ခေါ်တွေ့တယ်တယ်ပေါ့.."
"အဲ့တော့ဘာဖြစ်လဲ.."
"ဟား.. ငြင်းတောင်မငြင်းရလောက်တဲ့အထိ နှစ်ယောက်သား ဖြစ်ပျက်နေကြတာလား.."
"အဲ့တာမင်းနဲ့မဆိုင်ဘူး.. "
"ဆိုင်တယ်..ဆိုင်တယ်..မင်းရဲ့လင်က ငါဘဲ မှတ်ထား.."
"စောက်ရူး..."ဟုအော်ခါ ဟံသာဦးလက်ထဲမှ ကိုယ်လွှတ်ရုန်းရင်း သူ့အား စောင့်တွန်းပစ်လိုက်သည်..။
ခန္ဓာကိုယ်ဟန်ချက်ပျက်သွားသော ဟံသာဦးက သူ့ကိုယ့်ကို ပြန်ထိန်းရင်း ရင်ဘက်ပေါ်လိပ်တက်သွားသော ရှပ်ကို ပြန်ဆွဲချလို့ ဘေးကိုတစ်ချက်ခေါင်းလွှဲခါ ဟက်ခနဲ အ့ံဩသယောင်ရယ်မိသည်..။ နောက်တော့ လျှင်မြန်သော လက်တစ်ဖတ်က နွေဦးမေးရိုးကို သူ့လက်ဖျံကြီးတွေနှင့် ဆုတ်တင်းဖြစ်ညှစ်လိုက်သည်..။
"အာ့...."
ဆူထွက်လာသော အသံပုံ ပုံစံ နီဖူးသော နှုတ်ခမ်းရဲရဲလေးက ပြူတင်းပေါက်ဆီမှလာသော လိမေ္မာ်ရောင်တိမ်အောက်မှာ လှသွေးကြွယ်စွာ...
နံရံတစ်ဖက်သို့ နွေဦးအား ကျောကပ်စေရန် ပုခုံးမှ ဖိတွန်းရင်း အနောက်သို့ဆုတ်စေသည်..။ ခြေလှမ်း ထပ်လှမ်းစရာမကျန်တော့လောက်အောင်ကိုပင် ဟံသာဦးစေစားရာအတိုင်း နွေဦးကျောက နံရံနှင့်ထိကပ်စွာ...
"လှတယ်.." ဟု နွေဦး နှုတ်ခမ်းလေးအား လက်မဖြင့်ဖိတင်ပွတ်သပ်ရင်း ဟံသာဦး သူ့ နှူတ်ခမ်းတို့နှင့် ဖိကပ်နမ်းရန် ကြိုးပမ်းခိုက် တစ်ဖတ်က သူ့အား ခေါင်းကို လွှဲရှောင်လိုက်သည်..။
ဟံသာဦး မျက်ခုံးနှစ်ဖတ်ဟာ ထိလုနီးပါးကြုတ်ဝင်လျှက် ရှောင်သည့်ဘက်သို့ လိုက်နမ်းသည်...။
"ဟင်း..."
"ငြိမ်ငြိမ်နေ မဟုတ်ရင် အသက်ရှူရပ်တဲ့အထိ နမ်းပစ်မယ်..."
ဟံသာဦးရဲ့ လက်ဖဝါးတွေက နွေဦးရဲ့ မေးရိုးနှစ်ဖတ်ပေါ် အုပ်တင်ခါ ခေါင်းကို ထပ်၍ လှုပ်မရအောင် ထိန်းချုပ်လိုက်ပြီး ထပ်နမ်းရန်ပြင်သည်။
Ring_Ring_
အချိန်ကိုက်ဝင်လာသော ဖုန်းသံကြောင့် ဟံသာဦး စိတ်ပျက်စွာ သူ့အင်္ကျီအတွင်းအိတ်ကပ်ထောင့်ထဲက ဖုန်းအား လျစ်လျူရှုလို့ သူ့တာဝန်တွေကိုသာ ဆက်သည်..။
Ring_Ring_
တဖန် ထပ်ဝင်လာသော ဖုန်းကြောင့် ဟံသာဦး နွေဦးကိုနမ်းချင်စိတ်လည်းမရှိတော့ပါ.. ပြီးတော့ အဆက်မပျက်လာနေပုံထောက်ရင် ဒါအရေးကြီးဖုန်း ထင်၏ ..။
ဒီအတိုင်းအလွှတ်ပေးလိုက်ဖို့ဆိုတာကလည်း ဝေလာဝေးမို့ နွေဦး ဂုတ်သားဖွေးဖွေးအား သွားရာထင်သည်အထိ ကိုက်ခဲဖိချေပစ်လိုက်သည်။
"အင့်!"
"ဒီနေ့တော့ မင်းကံကောင်းသွားတယ်မှတ်.. "
အိတ်ကပ်ထဲက အဆက်မပျက်အသံထွက်နေသော ဖုန်းအား ထုတ်လို့ ကိုင်ရင်း နားနားကပ်ခါ အခန်းပြင်ဘက် ပြန်ထွက်သွားလေသည်။
" ပြော ညီသု့....!!.....ဘာ...."
ထိပ်လန့်သွားသော ဟံသာဦးရဲ့မျက်နှာအနေအထားက စဉ်းစားစရာတွေများလွန်းနေပြန်သည်..။
နွေဦးရဲ့အမေ ဒေါ် နှောင်းကေသီ ကစင်္ကာပူ၌ အသတ်ခံရသည့်သတင်းကို နွေဦးအား ဘယ်လိုပြန်ပြောရမည်နည်း..။ ဟံသာဦး ဘယ်လိုဘဲ ဒီမိသားစုအပေါ်မုန်းနေပါစေ လူသတ်ရလောက်တဲ့အထိတော့ သူကျူးလွန်ဖို့ မလုပ်ရဲပါ.. သေသည်ထက် ပိုဆိုးတဲ့ ဒုက္ခတွေနဲ့ ပြည့်နှက်နေတာဘဲမြင်ချင်ခဲ့တာလေ...
ဒါ ဘယ်သူ့ လက်ချက်လဲဆိုတာကိုလည်း နှစ်ခါ စဉ်းစားနေစရာမလိုအောင် ဟံသာဦးမသိစိတ်က ထက်ဝက်ချိုး သေချာနေသည်..။
ဦးနေမင်းခ... ခင်ဗျား လက်ချက်ဘဲလား.. ကွယ်ရာကနေ လုပ်ချင်သလိုလိုက်လုပ်ပြီး ကြွက်တကောင်လို ပုန်းနေတယ်ပေါ့လေ...
..............
"ဟုတ်တယ် နေမင်းခတဲ့ မပိုင်ဘဲနဲ့တော့ မထိဘူး.. မကြာခင် မင်းလူကို ကိုယ့်လူ ဖြစ်လာအောင် သိမ်းသွင်းပြအုံးမှာမို့ ပိတ်လိုက်ကာစကြီးမပိတ်ခင် သေသေချာချာစောင့်ကြည့်နေစေချင်သေးရဲ့..အဟက်ဟက်.."
ဦးနေမင်းခဟု ခေါ်တွင်ထိုက်သော သူက စီးပွားရေးလောကရဲ့ဘုရင်တစ်ဆူအဖြစ်လည်းကောင်း တချိန်က ဟံသာဦးရဲ့ ဦးလေးတော်စပ်ပုံအဖြစ်လည်းကောင်း ရေစက်ဆိုးတွေရှိခဲ့ကြသည်..။
"ဟားဟားဟား... အဲ့ကလေး သူငယ်ငယ်တုန်းက သေလောက်အောင်ချစ်ဖို့ကောင်းတာ..မင်းသိလား ရဲနောင်..."
ဦးနေမင်းခရဲ့ တစ်ဖတ်ဘေးတွင် မတ်တပ်ရပ်အသင့်အနေအထားနဲ့ Bodyguard ရဲနောင်မိုးက မျက်နှာသေနှင့် ကျောက်ရုပ်တစ်ရုပ်လိုသာ ရှိနေမြဲ...
ဒရင်းဘတ် တစ်လုံးပေါ် ခြေတင်းထိုင်လို့ ရေကူးကန်တွင် အပန်းဖြေနေသော ဦးနေမင်းခက လက်ထဲတွင် စတော်ဘယ်ရီခြမ်းစိုက်ထားသော ဝိုင် တစ်ခွက်နှင့် သူ့လုပ်ရပ်တွေအတွက် ပျော်ရွှင်နေသဖွယ်
" အဲ့ကလေးကလေ ကား accident တစ်ခုမှာ သူ့ရည်းစားကိုသတ်သွားတဲ့ မိသားစုကို လက်စားခြေချင်နေတာ.. အဲ့တာ ငါက အမြင်မတော်လို့ ဘွားတော်ကြီးကို ငရဲအရင်ပို့လိုက်တာ ဟားဟား ဘယ်လောက်မိုက်လိုက်လဲ.. ဒါ ဟီးရိုးဆန်သွားပြီ ဟားဟားဟား..."
တယောက်ထဲသာ ရယ်နေသော ဦးနေမင်းခက ရေကူးကန်ထဲတွင် ရေကူးနေသော ကောင်မလေးတွေကို တစ်ချက် မျက်စပစ်ပြလိုက်သေးသည်။ အားကစားလိုက်စားသော ဦးနေမင်းခမှာ အဆီပိုမရှိသော လက်မောင်းကြွက်သား ဝမ်းဗိုက်ကြွက်သားတို့နှင့် ထို့အပြင် ရုပ်ရည်သွင်ပြင် ရှည်လျားသော အရပ်အမောင်းတို့ကြောင့် ပို၍ လူကြိုက်များရသည်။
"ရဲနောင်မိုး... အခုလောက်ဆို ဘွားတော်ကြီးသတင်းကို ငါတို့ရဲ့ တူလေးဆီရောက်လောက်ပြီထင်တယ် လောလောဆယ်တော့ ဘာမှဆက်မလှုပ်ရှားနဲ့အုံး... မိမှာချင်းအတူတူဘဲကို ဒီအတောအတွင်းအထိ အမှောင်ထဲကနေပြီး အ့ံအားသင့်စရာလေးတွေ ဖန်တီးပေးရမှာပေါ့.."
မျက်နှာခွဲစိတ်မှုလုပ်ထားသော ဦးနေမင်းခက တချိန်က ထိုကလေးရဲ့လက်ချက်ကြောင့် မျက်နှာတစ်ခြမ်း မီးဟပ်ခါ စုတ်ပျက်သပ်သွားခဲ့ဖူးပါသည်..။
"မင်းမှတ်မိချင်ရင်တောင် မှတ်မိမှာမဟုတ်တော့ဘူး တူလေးရဲ့.. မင်းက အများကြီးအများကြီး ပိုပိုပြီးထွားလာတော့ မင်းက ထင်တိုင်းကျဲနေတာလေ..တချိန်ကလည်း မင်းငါ့အောက်ကနေပြီး ချစ်စရာ အသံလေးတွေ ညည်းခဲ့တာ ဟား ရှီး ...."
စတော်ဘယ်ရီခြမ်းကို ခွက်နှုတ်ခမ်းမှဖြုတ်ယူခါ ပါးစပ်ထဲထည့်ဝါးလိုက်ရင်း....
"အင်း ဟုတ်တယ် မင်းအရသာက စတော်ဘယ်ရီလေးလိုဘဲ.. "
000000000
Zawgyi....
Part 24
UNICODE...
သိပ်မကြာပါ...
"နွဦေး..."
ခေါ်ဆိုလာသောအသံနှင့်အတူ ဟံသာဦးလက်ထဲက လက်ဆွဲအိတ်ကို ကြမ်းပြင်ပေါ် ဘုတ်ခနဲပစ်ချပစ်ရင်း သူ့အနား လျှင်မြန်စွာ ချည်းကပ်လာနေပြီ..နွဦေးက လှုပ်ကုလားထိုင်ပေါ်ထိုင်နေရင်းမှ နှုတ်ခမ်းကလေးတွေကို ကော့တက်ရုံမျှသာကွေးယူလိုက်သည်..။
ထို့နောက် ဟံသာဦးက နွဦေးအား အင်္ကျီကော်လံစမှစောင့်ဆွဲတော့ ခါးကော့ပါလာသည့်နွဦေးက နှာခေါင်းရှုံ့လျှက်...
"ဘာလဲ..."
"အဲ့တော့ဘာဖြစ်လဲ.."
ခန္ဓာကိုယ်ဟန်ချက်ပျက်သွားသော ဟံသာဦးက သူ့ကိုယ့်ကို ပြန်ထိန်းရင်း ရင်ဘက်ပေါ်လိပ်တက်သွားသော ရှပ်ကို ပြန်ဆွဲချလို့ ဘေးကိုတစ်ချက်ခေါင်းလွှဲခါ ဟက်ခနဲ အံ့ဩသယောင်ရယ်မိသည်..။ နောက်တော့ လျှင်မြန်သော လက်တစ်ဖတ်က နွဦေးမေးရိုးကို သူ့လက်ဖျံကြီးတွေနှင့် ဆုတ်တင်းဖြစ်ညှစ်လိုက်သည်..။
"အာ့...."
ဆူထွက်လာသော အသံပုံ ပုံစံ နီဖူးသော နှုတ်ခမ်းရဲရဲလေးက ပြူတင်းပေါက်ဆီမှလာသော လိမ္မော်ရောင်တိမ်အောက်မှာ လှသွေးကြွယ်စွာ...
နံရံတစ်ဖက်သို့ နွဦေးအား ကျောကပ်စေရန် ပုခုံးမှ ဖိတွန်းရင်း အနောက်သို့ဆုတ်စေသည်..။ ခြေလှမ်း ထပ်လှမ်းစရာမကျန်တော့လောက်အောင်ကိုပင် ဟံသာဦးစေစားရာအတိုင်း နွဦေးကျောက နံရံနှင့်ထိကပ်စွာ...
"လှတယ်.." ဟု နွဦေး နှုတ်ခမ်းလေးအား လက်မဖြင့်ဖိတင်ပွတ်သပ်ရင်း ဟံသာဦး သူ့ နှူတ်ခမ်းတို့နှင့် ဖိကပ်နမ်းရန် ကြိုးပမ်းခိုက် တစ်ဖတ်က သူ့အား ခေါင်းကို လွှဲရှောင်လိုက်သည်..။
"ဟင်း..."
ဟံသာဦးရဲ့ လက်ဖဝါးတွေက နွဦေးရဲ့ မေးရိုးနှစ်ဖတ်ပေါ် အုပ်တင်ခါ ခေါင်းကို ထပ်၍ လှုပ်မရအောင် ထိန်းချုပ်လိုက်ပြီး ထပ်နမ်းရန်ပြင်သည်။
Ring_Ring_
Ring_Ring_
တဖန် ထပ်ဝင်လာသော ဖုန်းကြောင့် ဟံသာဦး နွဦေးကိုနမ်းချင်စိတ်လည်းမရှိတော့ပါ.. ပြီးတော့ အဆက်မပျက်လာနေပုံထောက်ရင် ဒါအရေးကြီးဖုန်း ထင်၏ ..။
ဒီအတိုင်းအလွှတ်ပေးလိုက်ဖို့ဆိုတာကလည်း ဝေလာဝေးမို့ နွဦေး ဂုတ်သားဖွေးဖွေးအား သွားရာထင်သည်အထိ ကိုက်ခဲဖိချေပစ်လိုက်သည်။
"အင့်!"
" ပြော ညီသု့....!!.....ဘာ...."
..............
"ရဲနောင်မိုး... အခုလောက်ဆို ဘွားတော်ကြီးသတင်းကို ငါတို့ရဲ့ တူလေးဆီရောက်လောက်ပြီထင်တယ် လောလောဆယ်တော့ ဘာမှဆက်မလှုပ်ရှားနဲ့အုံး... မိမှာချင်းအတူတူဘဲကို ဒီအတောအတွင်းအထိ အမှောင်ထဲကနေပြီး အံ့အားသင့်စရာလေးတွေ ဖန်တီးပေးရမှာပေါ့.."
000000000
पढ़ना जारी रखें
आपको ये भी पसंदे आएँगी
623K 70K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
9K 733 18
လူဆိုးကောင်လေးနဲ့ အေးဆေးတည်ငြိမ်တဲ့ ဆရာဝန်လေးတို့ ရဲ့ တစ်ယောက်ကိုတစ်ယောက်က ချစ်တဲ့အချစ်ဆိုတာက ဘယ်လိုဆိုတာ ??? ..
748K 30K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....