ကတိ(Completed)
By KaLay79
57.9K 4K 762
ကတိဆိုတာပေးပြီးရင်တည်ရတယ် ကိုကိုရဲ့ More
အစပျိုးခြင်း
အပိုင်းတစ်
အပိုင်းနှစ်
အပိုင်းသုံး
အပိုင်းလေး
အပိုင်းငါး
အပိုင်းခြောက်
အပိုင်းခုနှစ်
အပိုင်းရှစ်
အပိုင်းကိုး
အပိုင်းတစ်ဆယ့်တစ်
အပိုင်းတစ်ဆယ့်နှစ်
အပိုင်းတစ်ဆယ့်သုံး
အပိုင်းတစ်ဆယ့်လေး
အပိုင်းတစ်ဆယ့်ငါး
အပိုင်းတစ်ဆယ့်ခြောက်
အပိုင်းတစ်ဆယ့်ခုနှစ်
အပိုင်းတစ်ဆယ့်ရှစ်
အပိုင်းတစ်ဆယ့်ကိုး
အပိုင်းနှစ်ဆယ်
ဇာတ်သိမ်းပိုင်း
အချပ်ပို
အချပ်ပို_၂
အပိုင်းတစ်ဆယ်
1.9K 148 19
By KaLay79
ကံကြမ္မာကသိပ်ကိုဆန်းကျယ်လွန်းတာဘဲ။ဒါမှမဟုတ် ကံဇာတ်ဆရာကတမင်သက်သက်အကွက်ချပြီးစီစဉ်နေခဲ့တာလား။မိဘကိုလုပ်ကြံပြီးသားဖြစ်သူကိုလိပ်ပြာလုံလုံနဲ့ခေါ်ထားခဲ့တာ တော်ရုံသတ္တိတော့မဟုတ်ဘူး။
ဒီနေ့ရာသီဥတုကမကောင်း‌ေပ။ကောင်းကင်တခွင်ကမှိုင်းညှို့နေပြီး တိမ်ညိုတိမ်မဲတွေကရွေ့လျားနေတယ်။လွတ်လပ်စွာမြူးထူးပျော်ပါးနေတဲ့ တေးသီငှက်တွေလည်း မပျံသန်းကြတော့ဘဲသစ်ပင်ပေါ်မှာငြိမ်သက်စွာနဲ့နားခိုနေကြတယ်။
မကြာခင်မှာရွာတော့မယ်မိုးသားတွေက တရိပ်ရိပ်နဲ့မည်းမှောင်တက်လာတယ်။လေ‌ပြင်းတွေအရင်တိုက်ခတ်လာပြီးနောက် မိုးစက်မိုးပေါက်လေးတွေက တဖြည်းဖြည်းနဲ့ကျဆင်းလာခဲ့တယ်။မိုးရွာချလိုက်သည်နှင့်တပြိုင်နဲ့ တင်းခံထားတဲ့မျက်နှာလေးက ချက်ချင်းဘဲမျက်ရည်ကြည်တွေကျဆင်းလာခဲ့တယ်။
ထိုသူဟာ ရေညှိုရောင်အုတ်တိုင်ရှေ့မှာထွင်းထုထားတဲ့အမည်နာမကိုတခါခါဖတ်ရင်း ယူကြုံးမရဖြစ်နေခဲ့တယ်။တခြားသူတော့မဟုတ်ပါဘူး။အဖိုး မင်ယောင်လေ...
ပတ်ခ်ချွဲမင်တို့ကိုမြုတ်နှံထားတဲ့မြေမို့မို့လေးကိုလက်ဖြင့်ဖွဖွလေးပုတ်နေပြီး ပါးစပ်ကလည်းတီးတိုးဆိုနေသေးတယ်။သားအရင်းလိုမျိုး ပတ်ခ်ချွဲမင်ကိုချစ်တာပါ။ကျေးရွာသားတွေအပေါ် နွေးထွေးကြင်နာပြီး ခေါင်းပုံဖြတ်အမြတ်ကြီးစားတာမျိုးမလုပ်တဲ့သူမို့ အားလုံးကချစ်ခင်ကြသည်။ဒါကို ဘယ်လိုစိတ်နဲ့များလုပ်ကြံခဲ့သလဲဆိုတာ သူ စဉ်းစားလို့မထိဘူး။
*အခုလောက်ဆို အေးချမ်းတဲ့နေရာအသစ်မှာပျော်ရွှင်နေလောက်ရောပေါ့..*
*နောင်ဘဝမှာတော့ အခုလိုမျိုးအဖြစ်ဆိုးနဲ့မကြုံပါစေနဲ့လို့ ဆုတောင်းပေးတယ် နော်....*
*မင်မင် လေးကိုလည်းလွမ်းနေတယ်မလား။ကလေးလေးက လိမ္မာပါတယ်။သူစိမ်းတွေနဲ့တောင် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတယ်လေ..*
*ကလေးလေးက ငယ်ရုပ်မပျောက်တော့ မှတ်မိနေတာပါ..*
*အပစ်မရှိတဲ့မြို့စားမင်းတို့အတွက် အပစ်ရှိသူတွေဆီကနေ အကြွေးပြန်တောင်းပေးပါ့မယ်....*
*‌အခုမှလာခဲ့ရလို့ တောင်းပန်ပါတယ်...*
အဖိုးမင်ယောင်က ပတ်ခ်ချွဲမင်ရဲ့ဖခင်အရွယ်လောက်ရှိတယ်ဆိုပေမယ့် အဖိုးက‌ရိုသေလေးစားသမှုဖြင့် မြို့စားမင်းလို့ခေါ်သည်။ကိုယ့်ကိုကိုယ်နှိပ်ချတက်တဲ့ အဖိုးမင်ယောင်က မျက်ရည်အရွဲသားဖြင့် တယောက်ထဲစကား‌ေတွတိုင်တည်နေလိုက်သည်။
အဆက်မပြတ်ရွာသွန်းနေတဲ့မိုးကဒီကနေ့တော့လုံးဝရပ်စဲမှာမဟုတ်ပါဘူး။ခန္ဓာကိုယ်ကမိုးရေကြောင့်အေးစက်နေပေမယ့် ရင်ထဲမှာတော့ပူလောင်နေတယ်။အဆောင်းမပါတဲ့ အဖိုးမင်ယောင်က ဦးခေါင်းကနေစီးကျလာတဲ့မိုးရေနဲ့အတူမျက်ရည်တွေကို မြေမို့မို့‌ေလး‌ေပါ်သို့လွတ်လပ်စွာကျဆင်းခွင့်ပေးလိုက်တယ်။
*နောက်တခါလာရင် မငိုတော့ပါဘူးလို့ ကတိပေးပါတယ်......*
ဂျိန်း.ခနဲဆိုပြီးမိုးချိန်းသံနဲ့အတူလျှပ်စီးလျှပ်ပန်းတွေကကောင်းကင်ယံတခွင်မှာ လင်းလက်သွားတော့တယ်။အဖိုးမင်ယောင်က စိတ်ထဲရှိသမျှကိုဖွင့်အံထုတ်လိုက်ပြီး ထိုနေရာကနေကျောခိုင်းထွက်သွားတော့တယ်။အနောက်ကိုတချက်မှလှည့်မကြည့်ဘဲနဲ့ပေါ့။အကယ်၍ အဖိုးသာတခါလောက်လှည့်ကြည့်ဖြစ်ရင် သစ်ပင်အောက်ကအရိပ်တခုကိုတွေ့ကောင်းတွေ့နိုင်ပါတယ်..
*ဟယ်..မိုးရေတွေရွဲလို့ပါလား အဖိုးရယ်....*
*ရတယ် ရတယ်...*
ဈေးသည်အဖိုးမင်ယောင်က‌ေမြးတ‌ေယာက်နဲ့အတူ‌ေနထိုင်ပြီး အိမ်နီးနားချင်းတွေကပြုစုစောင့်ရှောက်ပေးကြတယ်။သူတို့ချက်သမျှဟင်းတွေကိုလည်း တအိမ်တလှည့်ကြဖြင့် ပို့ပေးတယ်။ခိုကိုးရာမယ့်နေတဲ့ အဖိုးကိုအားလုံးကဂရုဏာသနားစိတ်ဝင်မိနေပေမယ့် စိတ်ဓာတ်သန်မာတဲ့ အဖိုးကတော့ မည်သူမှမသိတဲ့အစီစဉ်တချို့ကိုချမှတ်နေခဲ့တယ်။
အဖိုးစကားတွေကတခါတလေတော့ထူးဆန်းနေတက်တယ်။ပဟေဠိဆန်တဲ့မေးခွန်းတွေကိုမေးတက်လို့ ရွာထဲက,လူငယ်တချို့နဲ့ကလေးတွေကသူ့ကိုတွေ့တာနဲ့ နှာခေါင်းရှုံ့ကြတယ်။အရူးနဲ့တူလို့တဲ့လေ....
*တနေ့ကမြို့ထဲသွားပြီးပြန်လာကတည်းက မျက်နှာလည်းမကောင်းဘူး။ဘာဖြစ်လာတာလဲ အဖိုး....*
*မင်မင်လေးကိုတွေ့ခဲ့တယ်...*
မြေးဖြစ်သူရဲ့အမေးကို အဖိုးကစိတ်မကောင်းဟန်ဖြင့်ပြန်ဖြေလိုက်တယ်။မြေးဆိုပေမယ့်အရင်းတော့မဟုတ်ပေ။မောင်နှမဝမ်းကွဲတွေကမွေးထားတဲ့ကလေးတွေပေါ့။ထိုထဲမှာမှ ယန်ယန်လေးတစ်ယောက်ဘဲ အဖိုးနဲ့နေတယ်။
ယန်ယန်လေးကလည်းဂျီမင်နဲ့သက်တူရွယ်တူဘဲလေ။နောက်ပြီး အဖိုးပြောပြထားလို့ ပတ်ခ်ချွဲမင်ရဲ့ မိသားစုအကြောင်းကိုသိထားတယ်။မင်မင်လေးလို့ အဖိုးကချစ်စ‌ရာကောင်းအောင်ခေါ်လိုက်တိုင်း သူ အပြင်မှာတခါလောက်တော့ဆုံဖူးချင်မိတယ်။ယန်ယန် ရဲ့မိသားစုကအနည်းငယ်တော့ချို့တဲ့ကြတယ်။ဒါပေမယ့် ယန်ယန်လေးက လိမ္မာပြီးဉာဏ်ကောင်းတဲ့ကလေးမို့ အဖိုးမင်ယောင်က သူနဲ့နေဖို့ခေါ်ယူထားတယ်။
ယိုင်နဲ့နဲ့သစ်သားတိုင်လေးတွေနဲ့ဆောက်ထားတဲ့ တဲအိမ်လေး၏ကွပ်ပျစ်ရှေ့မှာ အဖိုးကခြေပစ်လက်ပစ်ထိုင်ကာ မှိုင်ထွေစွာနဲ့မိုးစက်တွေကိုငေးမောနေသည်။ရေစိုအဝတ်တွေကိုလည်း လဲချင်းမပြုဘဲ စိတ်လွတ်နေသူတယောက်လို ပြုမှုနေလို့ ယန်ယန်လေးကဘဲ အလိုက်တသိနဲ့အိမ်ပေါ်ကိုတွဲခေါ်တင်ပေးလိုက်တယ်။
*ဂျွန်ဆော့ဆိုတာ မြို့တော်ဝန်အသစ်ရဲ့အဖေမဟုတ်လား ..*
*အင်း...*
အဖိုးကယန်ယန်ကိုအကြောင်းစုံပြောပြလိုက်တော့ အသံအောင်တဲ့ယန်ယန်လေးက အလန့်တကြားနဲ့ထအော်တော့တယ်။မြို့စားမင်းဂျွန်ဆော့ကို သူတို့သိတယ်။ပတ်ခ်ချွဲမင်လောက်တော့ မရင်းနှီးပေမယ့် မြို့မျက်နှာဖုံးလည်းဖြစ် လူကုန်ထံအသိုင်းဝိုင်းကလည်းဖြစ်တာကြောင့် တော်ရုံတန်ရုံမခေါ်ရဲဘူးလေ။သူတို့လိုမပြည့်စုံတဲ့သူတွေကပိုဆိုးတာပေါ့။လမ်းမှာတွေ့ရင်တောင် ခေါင်းငုံအရိုသေပေးရတဲ့အနေထားမျိုး
ဂျီမင်ကိုဘာကြောင့်များမွေးစားဖို့စိတ်ကူးခဲ့တာလည်းမသိဘူး။နှစ်အကြာကြီးလိပ်ပြာလုံလုံနဲ့ ဘာမှမဖြစ်သလိုနေနိုင်တာ သူတကယ်အံ့ဩတယ်။
*အဖိုးကဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ...*
*မင်မင်လေးကို အကြောင်းစုံပြောပြချင်တယ်...*
ယန်ယန်က သက်ပြင်းတိုးတိုးလေးချလိုက်တယ်။သံယောဇဉ် ၊ချစ်ခြင်းမေတ္တာတွေ တွယ်င်ြိအောင်လုပ်ပြီးမှပြန်ပြင်လို့မရတဲ့အမှားတခုရဲ့ဖြစ်ရပ်မှန်ကိုသိသွားရင် ဂျီမင် ဘာဖြစ်သွားမလဲ။မုန်းတီးသွားမလား၊ဒါမှမဟုတ် ကျေးဇူးရှင်မို့ နားလည်ခွင့်လွှတ်ပေးလိုက်မလား။
*ဖြစ်ပြီးတာ‌ေတွကို အဖိုးကအစပြန်ဖော်ချင်နေတာလား။သူလည်း အဲမိသားစုထဲမှာနေသားတကျ‌ဖြစ်နေပြီလေ...*
*ထားလိုက်လို့မရဘူးလား ။တော်ကြာနေ သားတို့ကြောင့် ပိုပြီးစိတ်ထိခိုက်သွားအုန်းမယ်..*
*အမှန်တရားကိုသိစေချင်ရုံပါဘဲ။ကျန်တာကတော့ မင်မင်လေးဆုံးဖြတ်ပါစေ...*
ယန်ယန်ပြောတာကို အဖိုးနားလည်တယ်။သူတို့ကသူစိမ်းဆိုပေမယ့် ပတ်ခ်ချွဲမင်အပေါ်မှာတင်ကျန်နေတဲ့ကျေးဇူးကြွေးတွေကို မင်မင်လေးဆီမှာဆပ်ခဲ့ချင်တယ်။
ရန်တိုက်ပေးပြီးသွေးခွဲနေတာမဟုတ်ပါဘူး။မင်မင်လေးလည်းသိသင့်သိထိုက်တယ်ထင်လို့လေ။အမှန်တရားဆိုတာ နှစ်တွေဘယ်လောက်ကြကြာ အချိန်တန်ရင်ပေါ်လာစမြဲဘဲ။
*မသိတော့ဘူး အဖိုးလုပ်ချင်တာလုပ်တော့..*
*ဒီရက်ပိုင်းမြို့ထဲသွားပြီး ဂျီမင်ကိုကြည့်ထားပေး...*
*ဘာလို့လဲ..*
*ငါ့ကိုပြန်မမေးနဲ့ ယန်ယန်။ပြောတာဘဲလုပ်လိုက်...*
တကျွီကျွီ မြည်နေတဲ့သစ်သားတံခါးကိုဆွဲဖွင့်ကာ အဖိုးကအိပ်ခန်းထဲကိုဝင်သွားတော့တယ်။ကျန်ခဲ့တဲ့ ယန်ယန်ကတော့ နားမလည်ခြင်းများစွာနဲ့ခေါင်းကိုတဖျင်းဖျင်းကုတ်ကာ အိမ်ရှေ့ကိုထွက်ခဲ့လိုက်တော့တယ်။
ကြိမ်ဝါးနဲ့ရက်လုပ်ထားတဲ့ခမောက်ရှည်ကိုချိတ်ထားတဲ့တိုင်ကနေဆွဲယူလိုက်ပြီး မြို့ထဲသွားဖိူ့ပြင်လိုက်တယ်။ဂျီမင်ကိုစောင့်ကြည့်ဖို့က ခက်ခက်ခဲခဲမှမဟုတ်တာ။
ပန်းချီဆရာဂျီမင်ဆိုရင်မြို့ထဲမှာမသိတဲ့သူမရှိဘူးလေ။ဘယ်သူ့ကိုမေးမေးအဆင်ပြေတယ်။သီချင်းလေးတညီးညီးနဲ့ လမ်းတလျှောက်လုံးပြည့်အောင် လိမ်ဖယ်လိမ်ဖယ်လုပ်ပြီးသွားနေတဲ့ ယန်ယန်လေးက ပျော်ပျော်နေတက်သူမို့ လမ်းမှာတွေ့သမျှကလေးတွေက သူ့ကိုမြင်တာနဲ့အပြေးလာနှုတ်ဆက်ကြတယ်။
*ဒီနေ့လည်း အဖိုးမလာဘူး...*
တခါတွေ့ဆုံပြီးကတည်းကပျောက်သွားတဲ့အဖိုးကို ဂျီမင်က နေ့တိုင်းလာရှာတယ်။ဆိုင်မဖွင့်ခင်တခါ နဲ့အိမ်ပြန်ရင်တခါ လာလာကြည့်ပေမယ့်ထိုနေရာလေးမှာ မည်သူမှမရှိချေ။
တယောက်ထဲတီးတိုးရေရွတ်ရင်း ဘေးပတ်ပတ်လည်ကို‌လျှောက်ကြည့်လိုက်သည်။နေရာပြောင်းသွားတာများလား ။ဒါပေမယ့် သူ့ကိုလာရှာမယ်လို့ ပြောသွားတယ်မလား။နာမည်မသိ နေရပ်မသိတဲ့ အဖိုးကိုသူဘယ်လိုရှာရမှာလဲ
*နောက်နေ့မှပြန်လာတော့မယ်..*
လူသူရှင်းတဲ့ထိုနေရာလေးကို ကျောခိုင်းလှည့်ထွက်လာခဲ့တယ်။ဖြူဖွေးတဲ့အသားရည်နဲ့ ပိတုန်းရောင်ဆံနွယ်နက်နက်လေးက နဖူးပြင်ပေါ်မှာဝဲကျနေတော့ လေတချက်ဝေ့လိုက်တိုင်း မြင်သူအဖို့ရင်သက်ရှု့မောစေတယ်။
အသားရောင်ရှပ်င်္ကျီလက်တိုနဲ့ချည်သားဘောင်းဘီအနက်ရောင်ကိုတွဲဝတ်ထားပြီး လည်သာလက်ဆွဲအိတ်ကို တဖက်ကကိုင်ပြီးကျန်လက်တဖက်က ဦီးထုတ်အဝိုင်းကိုကိုင်ထားသည်။ဂျီမင်ကို အပြင်မှာတွေ့လိုက်ရတော့ ယန်ယန်တယောက် မျက်တောင်ခတ်ဖို့ပင် မော့လျော့နေခဲ့သည်။
တောင့်တောင့်ကြီးရပ်ကာ ပါးစပ်ဟလျက်ဖြစ်နေတဲ့ ယန်ယန်ကို ဖြတ်သွားတဲ့လူတချို့ကလည်ပြန်ကြည့်နေကြတယ်။ယောကျာ်းလေးဖြစ်ပြီး အဲလောက်တောင်ကြည့်ကောင်းရသလား။တည်ကြည်ခန့်ငြားတာမဟုတ်ဘဲ လှတယ်လို့သုံးရမလား။အဲလိုဆို မိန်းကလေးဖြစ်သွားမှာပေါ့။မဟုတ်ဘူး ဂျီမင်က မိန်းကလေးလိုလှတာမဟုတ်ဘူး။ယောကျာ်းတိုင်းမှာမရှ်တဲ့ အလှမျိုးနဲ့လှတာ
ယန်ယန်စိတ်ထဲမှတ်ချက်တွေပေးရင်း အဖိုးရဲ့မှာကြားသံတွေကိုနားထဲကြားယောင်တော့မှ ဂျီမင် အနောက်ကိုချက်ချင်းဘဲပြေးလိုက်သွားတော့တယ်။
*အဟား.!ငါ့နှယ်....သူကယောကျာ်းလေးနော်။ယောကျာ်းလေးပါ ယန်ယန်ရာ...*
သဘောတကျနဲ့အသံထွက်သည်အထိရယ်မောလိုက်ပြီး ဂျီမင်ရဲ့ပန်းချီပြခန်းနဲ့အရောင်းဆိုင်လေးရဲ့ မနီးမဝေးတဲ့နေရာလေးမှာထိုင်နေလိုက်သည်။ဒီအကြောင်းကို အဖိုးကိုပြန်ပြောရင်တော့ အလှောင်ခံမှာသေချာတယ်။ဂျီမင်ကဘယ်လောက်ထိချစ်စရာကောင်းကြောင်း..အဖိုးပြောပြတုန်းက သူနှာခေါင်းရှုံသေးတယ်လေ။အဖိုးက တအားပိုတာဘဲဆိုပြီးပြောတော့ သူ့ခေါင်းကိုဘုသီးထသွားအောင် အဖိုးကထုတယ်။အခုမှဘဲ အပိုမဟုတ်ဘူးဆိုတာယုံတော့တယ်
_______
*ဘယ်လိုဖြစ်ရတာလဲ ဆိပ်ကမ်းမှာလုံခြုံရေးတွေတင်းကျပ်ထားတယ်မဟုတ်လား....*
*ညသန်းခေါင်ကြီး ဖောက်သွားတာပါ မြို့တော်ဝန်...*
အရာရှိကြီး၏စကားကြောင့် ဂျောင်ဂု ကျစ်တချက်သတ်လိုက်သည်။ပြည်မကြီးဆီကိုပို့ရမယ့် ရေနံတွေ ဖောက်ထုတ်ခံရတယ်တဲ့လေ။ဆိပ်ကမ်းမှာကပ်ထားတဲ့သင်္ဘောပေါ်ကိုတင်ပြီးကာမှ အစောင့်တွေလည်းရှိရက်သားနဲ့ ဘယ်လိုဖြစ်ရတာလဲဆိုတာ ဂျောင်ဂု စဉ်းစားမရဘူး။
သင်္ဘောတစ်စီးလုံးဆိုတော့တန်ကြေးကနည်းတာမဟုတ်ဘူး ။တော်သေးတယ်လို့တော့ပြောရမယ် အနည်းကျဉ်းဘဲခိုးထုတ်နေတုန်းမှာ လူမိသွားလို့။
ဒါတွေကပြည်သူတွေအတွက်လုပ်တာဖြစ်လို့ တခုခုများလွဲချော်သွားရင် သူဘဲနာမည်ပျက်မှာလေ။သူ့အကျိုးတွက်မဟုတ်ဘဲ စီးပွားချင်းဖလှယ်တာကို သိပ်မကျွမ်းတဲ့ကြားက သူတက်နိုင်သမျှအမှားမရှိအောင်လုပ်ပေးနေတာ။ပြည်သူတွေ စီးပွားရေးချောင်လည်ဖို့အတွက် ထုတ်ကုန်၊သွင်းကုန်တွေကို သူကိုယ်တိုင်ဦးစီးပြီးလုပ်တယ်ဆိုတာက ကြားထဲကနေခေါင်းပုံဖြတ်တဲ့သူတွေများနေလို့ ၊အမြတ်ကြီးစားပြီး ပြည်သူ့ဘဏ္ဍာတွေကို မတရားသိမ်းပိုက်နေတယ်ဆိုတာ သူသိတယ်။
ဒါကလည်းခေတ်အဆက်ဆက်အုပ်ချုပ်လာတဲ့ ခေါင်းဆောင်တွေရဲ့ လုပ်ရိုးလုပ်စဉ်ဘဲ။ပြည်သူတွေဘာဖြစ်ဖြစ် ငါတို့အဆင်‌ေပြဖိူ့ဘဲအရေးကြီးတယ်ဆိုတဲ့တကိုယ်ကောင်းသမားတွေကြောင့် ပြည်သူတွေငတ်ပြတ်ကြတာ။
အနားယူသွားတဲ့မြို့တော်ဝန်မှာတော့ အဲလိုမကောင်းတဲ့မှတ်ချက်တွေမကြားဖူးဘူး။သိုသိပ်ထားရင်တော့လည်း မပြောတက်ဘူးပေါ့လေ။အဓိက,ကအာဏာနဲ့ငွေဘဲမဟုတ်လား
*စိတ်မပူပါနဲ့ ဒီကိစ္စကို မြို့တော်ဝန်ကိုယ်တိုင်ဖြေရှင်းစရာမလိုပါဘူး။ကျွန်တော်တို့ဘဲ  စီစဉ်လိုက်ပါ့မယ်...*
*ဒါပေမယ့် ပြည်မကြီးကိုပို့ရမယ့်ရက်က သတ်မှတ်ထားတာထက်နောက်ကျသွားမယ်လေ...*
*မနက်ဖြန်ပြန်ထွက်နိုင်အောင် ကြိုးစားပေးပါ့မယ်..*
*ကောင်းပါပြီ...*
သူကညွှန်ကြားရုံဘဲမို့ သိပ်ပြီးတော့စိတ်တိုင်းမကျဘူး။အရာရှိကြီးကတော့ သူ့လက်အောက်ငယ်သားတွေကို မှာစရာရှိတာမှာပြီး ရေနံခိုးထုတ်သွားတဲ့ တရားခံကိုမိအောင်ဖမ်းပေးမယ်လို့ပြောသွားတာဘဲ။စောင့်ကြည့်ရမှာပေါ့။အပြောနဲ့လက်တွေ့ ညီ၊မညီဆိုတာ
လူပင်ပန်းတာထက် စိတ်ပင်ပန်းတာကပိုဆိုးတယ်။တနေ့တနေ့ ဘာမှမလုပ်ရဘဲနဲ့ထိုင်ပြီး ခေါင်းစားရတဲ့အလုပ်ကြောင့် ထွက်ပြေးချင်စိတ်ပါပေါက်တယ်။အသက်အရွယ်နဲ့မညီမျှတဲ့အလုပ်ကိုတာဝန်ယူထားမှာတော့ ဘာတက်နိုင်မှာလဲ။ဆူးခင်းလမ်းဆိုလည်း အဆုံးထိလျှောက်ရမှာဘဲ
*အရာရှိကြီးကိုသိပ်မသင်္ကာဘူး မြို့တော်ဝန်...*
*ဘာလို့လဲ...*
*သူ့မျက်လုံးတွေကပုံမှန်မဟုတ်သလိုဘဲ။အပြစ်လုပ်ထားသလိုမျိုးလေ...*
*ကျွန်တော်သတိမထားမိလိုက်ဘူး...*
*နိုင်ငံရေး၊စီးပွားရေးလောကမှာ ဘယ်သူ့ကိုမှအပြည့်ဝယုံကြည်ထားလို့မရဘူး မြို့တော်ဝန်..*
*အားလုံးကအပေါ်ယံဘဲပျားသကာလောင်းထားတာ..*
*ဒါဆိုသူ့ကိုစောင့်ကြည့်ထားပါ။တခုခုထူးခြားရင် ကျွန်တော့်ဆီ‌အကြောင်းကြားပေး...*
*ဟုတ်ကဲ့...*
လူယုံအနေနဲ့ရော သူ့လုံခြုံရေးအတွက်ပါ တာဝန်ယူထားတဲ့ ဂျော့ခ် ကနိုင်ငံရေးလောကထဲမှာကျင်လည်နေသူပီပီ လူအကဲခတ်တော်တဲ့သူလည်းဖြစ်တယ်။တခါတလေ နယ်ဝေးတွေကိုထွက်ရတာဆိုတော့ မသမာသူတွေလုပ်ကြံမှာစိုးလို့ မြို့တော်ဝန်ဟောင်းကသူ့ကို ဒီလိုလုပ်ဖို့အကြံပေးလာတယ်။ဒါကြောင့် သူလည်းသေချာစဉ်းစားပြီးမှ ဂျော့ခ် ကိုဒီတာဝန်ပေးအပ်ဖို့ဆုံးဖြတ်လိုက်တာ
ဂျော့ခ်ကမြို့တော်ဝန်ဟောင်းရဲ့တူတော်ဖြစ်တယ်။ဒါပေမယ့် နိုင်ငံရေးကိုတော့သူထက်ပိုစိတ်ဝင်ပြီး ဘယ်သူကဘယ်လိုမျိုးဆိုတာ ကြည့်တာနဲ့တန်းသိတယ်။သူက စိတ်အရင်းခံနဲ့ကြည့်တော့ ဂျော့ခ် ကအားမလိုအာမရဖြစ်နေတက်တယ်။
*ဘယ်လိုလဲ အဆင်ပြေတယ်မလား...*
*ဒါပေါ့ မြို့တော်ဝန်က ရိုး အ, နေတာကို။ငါလုပ်ရင်မဖြစ်ဘူးဆိုတာရှိရိုးလား...*
*အရာရှိကြီးကတော့ ဘယ်မင်းတက်တက် ပိုင်နိုင်တုန်းဘဲနော်...*
*ပေါင်းတက်ဖို့ဘဲလိုတာပါ ယုံကြည်အောင်တော့ဟန်ဆောင်နေရတာပေါ့....*
လူတွေကဒေါသ၊မောဟ‌၊လောဘတွေနဲ့ပြည့်နှက်နေတယ်မဟုတ်လား ။ကိုယ့်လိုအပ်ကိုဖြည့်ဖို့ သူတပါးအသိုက်ကိုဖြိုဖို့လည်းဝန်မလေးကြသလို၊ယုံကြည်မှုကိုအလွဲသုံးစားလုပ်တက်ကြတယ်။
အပြင်ပန်းလှပြီးအတွင်းပုတ်နေတဲ့သူတွေအများကြီးရှိပါတယ်။ထိုထဲမှာ အရာရှိကြီးလည်းပါတာပေါ့။နှုတ်ချိုပြီးစိတ်ထားကောင်းပြပေမယ့် တကယ်တမ်းတော့သူဟာ လောဘသားကောင်တယောက်ပါ။
ဂရေ့စ် ကိုသူများထက်သာလွန်အောင်ထားချင်တဲ့ဖခင်တယောက်ရဲ့စေတနာကိုနားလည်ပေမယ့် အခုလိုမျိုးမသမာတဲ့နည်းနဲ့စီးပွားရှာနေတာကိုသာ သမီးဖြစ်သူသိရင် စိတ်မကောင်းဖြစ်မှာသေချာတယ်။
*အရာရှိကြီးကိုတော့လေးစားတယ် ဗျာ့။နောက်လည်းပူးပေါင်းဖို့မျှော်‌လင့်ပါတယ် ...*
*ဒါပေါ့ လူရင်းတွေဘဲပြောနေစရာလိုလို့လား....*
မြှောက်ထိုးပင့်ကော်ပေါင်းတက်တဲ့လက်အောက်ငယ်သားတွေက တစ်စိတ်ကိုတစ်အိပ်ထင်ပြီး ငွေစလေးအနည်းပေးလိုက်တာနဲ့အမြီးလေးတရမ်းရမ်းလုပ်နေတာလေ။လမ်းမှားရောက်နေလည်း ဆွဲတင်ဖို့စိတ်ကူးမရှိဘူး ။အချောင်ရသမျှအားလုံးကခွဲဝေမျှစားကြတယ်။
အရေးကြုံလာလို့အပစ်ပေးခံရရင် ထိုလူတွေကဘဲအစားခံပေးရမှာလေ။ဒါတွေသူတို့မစဉ်းစားဘူး
______
တဖျောက်ဖျောက်ကျနေတဲ့မိုးစက်တွေကိုကြည့်ပြီး ဘာလုပ်ရင်ကောင်းမလဲလို့ ဂရေ့စ် စဉ်းစားလိုက်တယ်။အပြင်ထွက်လို့ရတဲ့ရာသီဥတုမဟုတ်ဘူးလေ။စိုထိုင်းထိုင်းဖြစ်နေလို့ သွားလာရခက်ခဲတယ်။ဒီလိုအချိန်က ကော်ဖီပူပူတခွက်ရယ်၊စာအုပ်လေးတစ်အုပ်ရယ်ဘဲလိုတာပါ
‌ဒေါက်.!ဒေါက်.!
*မမလေး အောက်မှာဧည့်သည်ရောက်နေပါတယ်....*
*အင်း..လာခဲ့မယ်...*
မှန်ပြတင်းပေါက်ကိုလာစင်တဲ့ရေစက်‌တွေကို လက်ဖြင့်ထိတွေ့ခံစားနေတုန်းမှာ အခန်းတံခါးခေါက်သံနဲ့အတူ အိမ်အကူမိန်းကလေးရဲ့စကားကြောင့် ပြတင်းပေါက်လိုက်ကာစကို ဆွဲပိတ်လိုက်တယ်။
အိစက်တဲ့ပိုးထည်ဖြင့်ချုပ်ထားတဲ့အဖြူရောင်ဂါဝန်ရှည်ကြီးကအရပ်မြင့်တဲ့ သူ(မ)နဲ့တော့အတော်လေးကိုကြည့်ကောင်းတယ်။လည်ပင်းအဝိုင်းဖြစ်တာကြောင့် လည်တိုင်ကျော့ကျော့လေးမှာ ပုလဲအဖြူကိုရွှေရောင်နဲ့ရောစပ်သီကုံးထားတဲ့လည်ဆွဲလေးကိုဝတ်ဆင်ထားတယ်။
ဂါဝန်ရှည်ကိုမ,ကာအိမ်ပေါ်‌ထပ်ကနေဆင်းလာတဲ့ ဂရေ့စ်ကို ဧည့်ခန်းတံခါးရဲ့မှန်အရိပ်ကနေ မျက်တောင်မခတ်တမ်းကြည့်နေမိတယ်။တနေ့တခြားလှသွေးကြွယ်လာတဲ့ ဂရေ့စ်ကိုညီမလေးတယောက်လိုသူ မမြင်တော့ဘူး။
ဂရေ့စ်နဲ့တွေ့တိုင်းခေါင်းစဉ်တပ်မရတဲ့ခံစားချက်ကြောင့် သူတွေဝေနေတယ်။ဒါကမဖြစ်သင့်ဘူးလို့ ကိုယ့်ကိုကိုယ်သတိပေးရင်း ကော်ဖီပူပူတွေကို ယူသောက်လိုက်တော့ လည်ချောင်းတလျှောက်ပူဆင်းသွားတော့တယ်
*အဟွတ်.!ဟွတ်.!...*
*ဘယ်လိုဖြစ်တာလဲ အဲလက်ရာ။ဖြည်းဖြည်းသောက်ပါ...*
*အဟွတ်.!ရ ရတယ်....*
ဘောင်းဘီပေါ်ကိုပေစင်သွားတဲ့ကော်ဖီတွေကိုဂရေ့စ်က လက်ကိုင်ပုဝါစလေးဖြင့်ညှင်သာစွာသုတ်ပေးလာတော့ အဲလက် အသက်ကိုအောင့်ထားလိုက်တယ်။ဒီနေ့ကျမှ ဘာလို့ရင်တုန်နေရတာလဲ။ကော်ဖီလည်းမသောက်ဘဲနဲ့....
*ဧည့်သည်ဆိုလို့ ဘယ်သူများလဲလို့...*
*ဘာလဲ နင်မျှော်နေတာ မြို့တော်ဝန်ကိုမဟုတ်လား....*
*မဟုတ်ပါဘူးနော်...!*
*လိမ်ပြန်ပီ...*
အဲလက်ကိုမျက်စောင်းတချက်ဝံ့ပြလိုက်ပြီး သတင်းစာတစ်စောင်ကိုယူဖတ်လိုက်တယ်။ဖေဖေက နေ့စဉ်ထုတ်သတင်းစာကိုအမြဲဖတ်လေ့ရှိတယ်။သူ(မ)ကတော့ စိတ်ကူးပေါက်မှသာ‌ဖတ်ဖြစ်တာ...
*ကိစ္စရှိလို့လား အဲလက်...*
*မရှ်ိပါဘူး....*
နေ့တိုင်းဂျီမင်ဆိုင်ကိုချောင်းပေါက်မတက်သွားနေတဲ့အဲလက်က အခုနောက်ပိုင်းတော့ခပ်စိပ်စိပ်လေးဖြစ်သွားတယ်။တွေ့လိုက်တိုင်း ပြုံးပြနှုတ်ဆက်ရုံကလွဲရင် ဘာမှပြောစရာမရှိတော့ ဂျီမင်ကိုချစ်တာသေချာရဲ့လားဆိုပြီးကိုယ့်ကိုကိုယ်ပြန်မေးမိတယ်။ရင်ခုန်တိုင်းလည်းအချစ်လို့ခေါင်းစဉ်တပ်လို့မရဘူးလေ...
*ဒါဆိုအပြင်သွားကြမလား..*
*မိုးရွာနေတယ်..*
*ဘာမှမဖြစ်ဘူး။ဒီရက်ပိုင်း ဂျီမင်ဆီကိုမရောက်ဖြစ်လို့ သွားရအောင် နော်....*
*ဂျီမင်ကိုစိတ်ဝင်စားနေတာတော့မဟုတ်ပါဘူး နော်....*
*ဘာ.!အဲလက် နင့်စကားကြီးကလည်း။စိတ်ဝင်စားစရာလားလို့..*
*မသိဘူးလေ အားအားရှိဂျီမင် ဆီသွားချင်နေတာ...*
အဲလက်စကားကိုဘယ်ကိုဉီးတည်နေလဲဆိုတာ ဂရေ့စ်သဘောပေါက်တယ်။ကိုယ်ချစ်တဲ့သူကိုမပိုင်ဆိုင်ရပေမယ့် အဝေးကငေးကြည့်ရုံနဲ့တင် ကျေနပ်မိပါတယ်။ဂျီမင်ကိုကြည့်တဲ့အဲလက်ရဲ့မျက်ဝန်းတွေကနူးညံ့မှုတွေပျော်ဝင်နေတယ်ဆိုတာ ခံစားချက်ချင်းတူတဲ့သူ(မ)ကသိပ်သိတာပေါ့။
ဒါပေမယ့် သူ(မ)ရဲ့အကြည့်တွေကိုတော့အဲလက်သတိမထားမိဘူး။မမြင်ခဲ့တာလား မမြင်ချင်ယောင်ဆောင်နေတာလားဆိုတာ အဲလက်ကိုယ်တိုင်သာသိပါလိမ့်မယ်
*သဝန်တိုနေတာလား..*
*ဘာကိုလည်း..*
*နင် ဂျီမင်ကို စိတ်ဝင်စားနေတာမလား။အာ့ကြောင့် ငါနဲ့သဝန်တိုနေတာလေ ...*
ဂရေ့စ် ကဒဲ့တိုးပြောချလိုက်တော့ အဲလက်ဘာပြန်ပြောရမလဲမသိတော့ဘူး။သဝန်တိုတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။သို့ပေမယ့် ဂျီမင်နဲ့ဂရေ့စ်ကိုတွဲမြင်လိုက်ရင် သူ့ရင်ထဲဗလောင်ဆူလာတယ်။ဝေခွဲရခက်တဲ့ ခံစားချက်ဘဲ
*သိနေတာလား...*
*အင်း...*
*ဘာမှမဖြစ်ဘူးလား...*
*ငါကဘာဖြစ်ရမှာလဲ..*
နည်းနည်းလေးမှမအံ့ဩတာ ထူးဆန်းတယ်။ပုံမှန်ဆိုဂရေ့စ်က လိင်တူခြင်းသဘောကျတာ ရှုပ်ချမယ့်သူမျိုးလေ။အခုတော့ အေးအေးလူလူတုန့်ပြန်လာတော့ အဲလက် ‌ကြောင်အမ်းနေမိတယ်။ဂရေ့စ် ကတခါတလေ ခန့်မှန်းရခက်လိုက်တာ
*ဟုတ်တယ် ငါဂျီမင်ကိုသဘောကျခဲ့တာ။စ တွေ့ကတည်းကလေ.သူ့အကြောင်းတွေစုံစမ်းကြည့်တော့ မြို့စားမင်းရဲ့မွေးစားသားဆိုတာသိလိုက်ရတယ်။နောက်တော့ ငါ သူ့ကိုဖွင့်ပြောခဲ့တယ်.....*
*ဟင်....*
သူ(မ)ကခန့်မှန်းရုံဘဲလေ။အဲလက်ကဂျီမင်ကိုသေချာပေါက်စိတ်ဝင်စားနေတယ်ဆိုတာလောက်ဘဲ သူ(မ)တွေးထားတာ။ဖွင့်ပြောခဲ့တယ်တဲ့လား။
*ဒါပေမယ့် အငြင်းခံလိုက်ရတယ်လေ..*
*ဂျီမင်က ငြင်းလိုက်တယ် ။ဟုတ်လား...*
*အင်း....*
အဲလက်ကဘာမှမဖြစ်သလိုဘဲ မပွင့်တပွင့်အပြုံးလေးနဲ့ သူ(မ)ကိုတည်တည်ငြိမ်ငြိမ်နဲ့ပြောပြနေတယ်။အဲလက် ပြောကတည်းကသူ(မ)သိချင်ခဲ့တာ။ဘယ်လိုမိန်းကလေးမျိုးကို အဲလက်ကရင်ခုန်မိသွားလဲဆိုတာကိုပေါ့။နောက်တော့ အဲလက်ရဲ့ထူးဆန်းတဲ့အပြုမှုတချို့ကြောင့် သူ(မ)စုံစမ်းရေးလုပ်ခဲ့တယ်။အဲနောက်မှာမှ သူ(မ)သိလိုက်ရတာ။အဲလက်က လိင်တူချင်းသဘောကျတယ်တဲ့လေ
*ဝမ်းသာစရာဘဲ...*
*ကျေးဇူးပါ...*
ဂရေ့စ်ကရွဲ့ပြီးပြောတော့ အဲလက်ကလည်းအလိုက်သင့်လေးfollowလုပ်ပေးလိုက်တယ်။အရင်ကဆိုတွေ့တိုင်းစကားနာလုနေကြတဲ့သူတို့ကအခုတော့ အတွေးကိုယ်စီနဲ့ငြိမ်သက်နေကြတယ်။
*နင်ရောရင်ခုန်ဖူးလား ဂရေ့စ်...*
*အင်း..*
*တကယ်ကြီး.*
*ငါလည်းအရွယ်ရောက်ပြီးသားမိန်းကလေးဘဲ ရင်ခုန်တက်တာပေါ့....*
*ဘယ်သူလဲ မြို့တော်ဝန်ကိုလား ..*
*နင်ကဘာလုပ်ဖို့လဲ...*
*သိချင်လို့ပေါ့...*
သူ(မ)နဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်ထိုင်လိုက်ပြီးပျာပျာသလဲမေးလာတဲ့အဲလက်ကြောင့် ဂရေ့စ် ကရယ်လိုက်တယ်။အခုနေ သူ(မ)ဘက်ကစပြီးဖွင့်ပြောလိုက်ရင် တန်ဖိုးမဲ့သလိုဖြစ်သွားမလား။
မိန်းကလေးဆိုပြီးအိန္ဒြေသိက္ခာမကျအောင်ထိန်းထားရတာ တခါတလေတော့လည်းမွန်းကျပ်တယ်။ဖြစ်ချင်ရာဖြစ်ဆိုပြီး အရဲစွန့်လိုက်လို့ နောက်ဆက်တွဲဆိုးကျိုးတွေကို သူ(မ)အနေနဲ့ခံနိုင်ရည်မရှ်မှာလည်းကြောက်ရသေးတယ်။
*နင့်ကို..!*
*ဟမ်.!*
*ငါ ရင်ခုန်နေတာနင့်ကိုလို့...*
*ဂရေ့စ်..!*
ငြိမ်သက်သွားတဲ့လေပြေတွေ၊ရပ်စဲသွားတဲ့မိုးစက်တွေက သူတို့နှစ်ယောက်ကြားထဲခတ္တရပ်တန့်သွားတယ်။နားထဲပင့်ပြင်ထပ်နေတဲ့ ဂရေ့စ် စကားကအိမ်မက်မဟုတ်မှန်းသိတယ် ။ဒါပေမယ့် မယုံနိုင်သေးဘူး။
*မယုံဘူးလား..!*
*တော်တော့..မဟုတ်တာလျှောက်ပြောမနေနဲ့..*
*ဘာလို့လဲ.!ဘာလို့မယုံတာလဲ..*
*ဂရေ့စ် ငါ့ကိုဒီလိုမ,စ စမ်းနဲ့..*
*သိက္ခာကျခံပြီး စ,နေရအောင်ငါကအရူးမို့လား အဲလက်ရယ်.....*
အကိုဂျောင်ဂုနဲ့အတင်းကျပ်စီစဉ်ပေးနေတဲ့ဖေဖေ့ကြောင့် နောက်ဆုံးဒီလမ်းကိုရွေးလိုက်တယ်။ကိုယ်မချစ်တဲ့သူနဲ့ပေါင်းဖတ်ရမယ့်ဒုက္ခကလွယ်တယ်ထင်နေသလား။
အခုတော့သူ(မ)ရင်ထဲဘယ်သူရှိနေလဲဆိုတာ အဲလက်ကိုအသိပေးချိန်တန်ပြီလေ။အနည်းဆုံးတော့ မြိုသိပ်ထားရတာမပင်ပန်းတော့ဘူးပေါ့
*ငါ ပြန်တော့မယ်။ဒီစကားကိုမပြောဘူးလို့ဘဲ သတ်မှန်လိုက်မယ်....*
*ချစ်တယ်....!*
*.......*
လှည့်ထွက်လာတဲ့ခြေလှမ်းတွေက ဂရေ့စ် စကားတခွန်းကြောင့် ကျောက်ချထားသလိုရပ်တန့်သွားတယ်။မယုံနိုင်သေးဘူး။ဂရေ့စ် ကလေသူ့ကိုချစ်တယ်တဲ့။ဘယ်လိုချစ်တာလဲ။မောင်နှမလိုလား။မိတ်ဆွေလိုလား။ဒါမှမဟုတ်..
*ငါ နင့်ကိုငယ်ငယ်လေးကတည်းကသဘောကျခဲ့တာ။ငယ်သေးလို့ စိတ်ကစားတာထင်ပြီးလျစ်လျူရှုခဲ့ပေမယ့် တနေ့တခြားဝုန်းဒိုင်းကျဲလာတဲ့ ငါ့ရင်ခုန်သံတွေက နင့်ကြောင့်ဆိုတာ သေချာသွားတယ်.....*
*ငါနင့်ကိုချစ်တယ် အဲလက်..*
*အကိုတယောက်လိုမဟုတ်ဘဲ ချစ်သူလိုမျိုးချစ်တာ....*
*တော်တော့လို့..!*
မှိုင်းပျတဲ့ရာသီဥတုနဲ့အတူ သူတို့စကားဝိုင်းလေးကလည်းမုန်တိုင်းထန်လာခဲ့တယ်။ရုတ်တရက်မို့ အဲလက် တွေဝေသွားတာလည်းပါတာပေါ့။
ငွေ့ရည်ဖွဲ့လာတဲ့ ဂရေ့စ် ရဲ့မျက်ဝန်းကိုတချက်မျှစိုက်ကြည့်လိုက်ပြီး အိမ်ထဲကနေ ဒရောသောပါးပြေးထွက်လာခဲ့လိုက်တယ်။အိမ်ပြင်ရောက်မှသာ အသက်ကိုဝဝရှုလိုက်ပြီး တုန်ရီနေတဲ့လက်တဖက်နဲ့ သူ့ရင်ဘက်ကိုဖိထားလိုက်တယ်။
ဒီတခါရင်ခုန်သံက ဂျီမင်နဲ့တွေ့တုန်းကလိုမျိုးတော့မဟုတ်ဘူး။ဘယ်လိုမျိုးလဲဆိုတာ သူ သေချာမပြောတက်ပေမယ့် ခံစားချက်ချင်းမတူတာကိုတော့ သတိထားမိတယ်။
*မမလေး..!*
ရင်ထဲစို့တက်လာတဲ့ဝမ်းနည်းစိတ်ကြောင့် မတ်တပ်ရပ်ဖို့တောင် အားမရှိတော့ချေ။ယိုင်ကျသွားတဲ့ ခန္ဓာကိုယ်ကို အားတင်းပြီး ပြန်ထသော်လည်း
အချည်းနှီးသာ။ပါးပြင်‌ေပါ်ကိုတလိမ့်လိမ့်ကျဆင်းလာတဲ့ မျက်ရည်‌ေတွကိုအကြမ်းပတမ်းသုတ်ပစ်လိုက်ပြီး ဂါဝန်ရှည်ကို မ,ကာ အိမ်ပေါ်ထပ်ကိုတက်ဖို့လုပ်လိုက်တော့ အားမရှိတော့တဲ့ ခြေထောက်တွေ‌ေကြာင့် ကြမ်းပြင်ပေါ်ကို ပုံလျက်သားပစ်လဲကျသွားတော့တယ်
အ်ိမ်အကူမိန်းကလေးရဲ့ခေါ်သံကိုကြားပေမယ့် သူ(မ) မထတော့ပေ။ထိုအတိုင်းသာ နေနေလိုက်သည်။မျက်ရည်တွေလည်းရွှဲလို့ပေါ့.....
________
*ဘယ်သူလဲ...*
*......*
အိမ်ပြန်လမ်းမှာတစ်ယောက်ထဲဖြစ်နေတဲ့ ဂျီမင်က ခြေလှမ်းသွက်သွက်လေးနဲ့အတူမိုးစက်မှုန်တွေကြားထဲကြောက်စိတ်ကကြီးစိုးလာတယ်။ချက်ချင်းဘဲရွာချတော့မလိုမဲမှောင်လာတဲ့ ကောင်းကင်ကြီးက မကောင်းဆိုးဝါးတကောင်နဲ့အလားသဏ္ဌန်တူတယ်။
ဒီနေ့‌ေတာ့သူ့ကိုဘယ်သူမှလာမကြိုဘူးလေ။ကိုကို ကလည်းပြဿနာအနည်းငယ်ရှိနေလို့ အိမ်ပြန်နောက်ကျမယ်ဆိုပြီး မနက်ကတည်းကမှာသွားတာ။ဖေဖေကြီးက‌တော့ ကုန်သွယ်ရေးကိစ္စကြောင့် တခြားမြို့ကိုခရီးထွက်သွားတယ်။
သွားနေကျလမ်း‌လေးမို့ ထုံးစံအတိုင်းလှုပ်လီလှုပ်လဲ့လေးလျှောက်နေချိန် သူ့အနောက်ကနေထပ်ကြပ်မခွာလိုက်နေတဲ့ခြေသံကြောင့် ရင်ထဲဒိန်းခနဲ ဆောင့်တက်သွားတယ်
လမ်းဘေးမှာရှိတဲ့ဝါးပင်တွေနဲ့ နှစ်ချို့အပင်တွေကလည်းလေအဝေ့မှာဘယ်ညာယိမ်းထိုးနေတယ်။ကြောက်စရာကောင်းလိုက်တာ။ကြက်သီးမွှေးညှင်းထလာပြီး လက်နှစ်ဖက်ကိုပွတ်သက်ကာ ထိုခြေလှမ်းပိုင်ရှင်ကို လှမ်းမေးလိုက်တော့ ဘာမှမပြောဘဲ သူနဲ့ခပ်လှမ်းလှမ်းကနေ စိုက်ကြည့်နေတယ်။
*ဘယ်သူလဲလို့ မေးနေတယ်လေ..!*
လူသူကင်းမဲ့တဲ့ သူတို့လမ်းလေးက အိမ်ခြေကျဲတာမဟုတ်ပေမယ့် လူကုန်ထံတွေဖြစ်တာကြောင့် တသီးတသန့်နေတာများတယ်။အခုနေ သူ့ကိုသတ်သွားရင်တောင် ဘယ်သူမှသိလိုက်မှာမဟုတ်ဘူး။
တွေးရင်ငိုချင်လာတယ်။ထိုသူကလည်း သူ့စကားကိုမကြားသည့်အလား ရပ်မြဲတိုင်းရပ်နေတယ်။မျက်နှာကိုတော့ ရှင်းရှင်းလင်းလင်းမမြင်ရချေ။ဘယ်သူကသူ့အနောက်ကို ဘာကိစ္စကြောင့် လိုက်နေရတာလဲ
တီ..!
*အမေ့..!*
ဖြေသံမလာတော့ ဂျီမင်လည်းနောက်လှည့်မကြည့်တော့ဘဲ အိမ်‌ေရာက်ဖို့အရေးခြေသုတ်တင်ပြေးဖို့ပြင်တော့တယ်။ထိုအချိန် သူ့အနားကိုထိုးရပ်လာတဲ့ ကားနဲ့အတူ ဟွန်းတီးသံကြောင့် လန့်သွားကာ လမ်းမပေါ်ကိုလဲကျသွားတော့တယ်။
*ကလေး..!*
*ကိုကို...*
မြေနီကြမ်းတွေအပေါ်ကိုလက်နဲ့ထောက်မိသွားတော့ နူးညံ့တဲ့လက်ဖဝါးလေးကချက်ချင်းဘဲပွန်းပဲ့ရာထင်သွားတယ်။နာသွားပေမယ့် ကြောက်တာဘဲသိတယ်လေ။ပြန်ထဖို့လုပ်လိုက်ချိန် ကားပေါ်ကဆင်းလာတဲ့အရိပ်လေးကြောင့် အားကိုးရာရသွားတော့ ရှိုက်ကြီးတငင်ကိုချ‌လိုက်တော့တယ်။
*ကို.ကို...*
*ဘာဖြစ်တာလဲ ကလေးငယ်။ဟင်..ဘာလို့ငိုတာလဲ...*
ဂျောင်ဂု မေးလိုက်တော့ရင်ခွင်ထဲက ဂျီမင်ကခေါင်းရမ်းပြတယ်။ငိုတာတော့မရပ်သွားချေ။
ရေနံခိုးထုတ်သွားတဲ့ကိစွကြောင့် တနေ့လုံးမအားလပ်နိုင်ဖြစ်နေရတာ။အိမ်ပြန်နောက်ကျနေပြီဆိုတာကို သတိရတော့မှ ဂျစ်ကားလေးကိုအမြန်မောင်းနှင်လာခဲ့ရတာ။ကလေးငယ်ရဲ့ ဆိုင်ကိုသွားကြည့်တော့ ပိတ်သွားပြီလေ။
ဒါကြောင့်ဘဲလမ်းမှာတွေ့လိုတွေ့ငြားဆိုပြီး လိုက်လာခဲ့တော့ မပြေးရုံတမယ်သွားနေတဲ့ကလေးငယ်ကို အဝေးကလှမ်းတွေ့လိုက်တယ်။အနားရောက်မှ ကားသံပေးလိုက်လို့ လန့်သွားတာဖြစ်မယ်။
*ကလေးငယ်..ကိုကိုမေးနေတယ်လေ။ဘာလို့ငိုတာလဲ.....*
*အိမ်.အိမ်ပြန်ချင်တယ်...*
*အင်း..ပြန်ရအောင် နော်. *
*လာ.‌ကိုကိုထူပေးမယ်..*
တုန်တုန်ရီရီနဲ့ပြန်ဖြေလာတဲ့ကလေးငယ်ကြောင့် သူလည်းဆက်မမေးတော့ပေ။ပါးပြင်ပေါ်ကမျက်ရည်ကြည်တွေကိုလက်မလေးနဲ့ဖွဖွလေးသုတ်ပေးလိုက်ပြီး ကားပေါ်ကိုပွေ့တင်ပေးလိုက်တယ်။။
ချက်ချင်းဆိုသလိုဘဲ မိုးကအငြိုးကြီးစွာနဲ့ရွာချလာတယ်။တော်သေးတာပေါ့
သူနဲ့တွေ့လို့။မဟုတ်ရင် ကလေးငယ်မိုးမိတော့မှာ။
*သားတို့အတူတူပြန်လာကြတာလား...*
*ကလေးနဲ့က လမ်းမှာတွေ့တာ မေမေ...*
*ဂျီမင်လေးကဘာဖြစ်လို့ငိုလာတာလဲ...*
*ချော်လဲသွားလို့ ..*
*ဟင်.!*
အိမ်ရှေ့မှာစောင့်နေတဲ့ မေမေကသူတို့ကိုတွေ့တာနဲ့ စိတ်ပူဟန်ဖြင့်မေးလာတယ်။တလမ်းလုံးတိတ်ဆိတ်နေတဲ့ ကလေးငယ်ကလည်း အငိုတိတ်သွားပေမယ့် ဘာစကားမှမပြောပေ။ကားပေါ်ကဆင်းလိုက်တာနဲ့ အနောက်အိမ်ကိုပြေးဖို့ပြင်နေတဲ့ ကလေးငယ်‌ကြောင့် သူကဘဲ လက်ကောက်ဝတ်ကိုလှမ်းဆွဲကာ တားထားရတယ်။
ကလေးငယ်ကိုသတိထားတဲ့မေမေက သူနဲ့စကားများလာတယ်ထင်ပြီး ဆူဖို့ကြည့်လာချိန် ကြားဖြတ်ပြောလာတဲ့ကလေးငယ်ရဲ့စကားကြောငိ့ နှစ်ယောက်စလုံးအာမေဍိတ်အသံထွက်သွားတယ်
*ဘယ်မှာလဲ ကိုကို့ကိုပြစမ်း..*
*ဟယ်..!သွေးစို့နေတာဘဲ..*
*စော‌ေစာကဘာလို့မပြောရတာလဲ ကလေးရယ်..တကယ်ဘဲ..*
သူဘာမှပြောမထွက်ဘူး။ကိုကိုက ဂရုဏာဒေါသနဲ့ပြောတယ်ဆိုတာ သူသိတယ်။အနာတရဖြစ်မှာကြောက်တဲ့ ကိုကိုက သူ့လက်ဖဝါးကိုတယုတယလေးဆေးထည့်ပေးတယ်။
ပါးစပ်ကလည်းပွစိပွစိပြောရင်းပေါ့။မေမေကြီးကတော့ သူ့အတွက်စွပ်ပြုတ်ပူပူလေးလုပ်ပေးမယ်ဆိုပြီးမီးဖိုခန်းထဲဝင်သွားတယ်
*အ.!*
*အရမ်းနာနေလား..*
*ဟင့်အင်း..*
အသားနီလန်သွားတာတောင် မနာဘူးဆိုပြီးငြင်းနေတဲ့ကလေးငယ်ကိုပေစောင်းစောင်းဖြင့်ကြည့်ပေးလိုက်တော့ ရယ်ပြလာတယ်။တက်လည်းတက်နိုင်တဲ့ကလေးငယ်ပါလား။အခုဘဲငိုလိုက် ၊အခုဘဲရယ်လိုက်နဲ့
*ကိုကို့ကိုပြောစရာရှိလို့လား...*
*ဟင်..!*
*တခုခုပြောချင်တာရှ်ိလားလို့..*
*မရှိပါဘူး...*
ဂျီမင်မုသားသုံးလိုက်တယ်။သူ့အနောက်ကိုလိုက်လာတဲ့ထိုလူကဘယ်သူလဲဆိုတာမသိသေးသ၍တော့ ကိုကို့ကိုအမှန်တိုင်းပြောလို့မဖြစ်သေးဘူး။မဟုတ်ရင် တအားစိတ်ပူပြီး ဆိုင်တောင်ပေးမသွားဘဲနေလိမ့်မယ်။
ဘာကြောင့်မှန်းမသိ သူကြောက်နေတာမိတယ်။ကိုကို အရောက်မြန်လို့ပေါ့။မဟုတ်ရင် သူ လမ်းမှာတင်မေ့လဲသွားနိုင်တယ်။မဟုတ်မှ အဖိုးပြောသလို သူ့အနားမှာရန်သူတွေရှိနေတာလား။ဒါပေမယ့် သူနဲ့ဘယ်သူကမှ ရန်င်ြုးရန်စမရှိဘူးလေ။
*ကလေးငယ်..*
*ကိုကို ဘာပြောလိုက်တာလဲ..*
*နားလိုက်အုန်းလို့ ခဏနေ ကိုကိုစွတ်ပြုတ်လာပို့ပေးမယ်..*
*ဟုတ်ကဲ့..*
အတွေးလွန်နေတဲ့ ကလေးငယ်ကိုကြည့်ပြီး သိပ်တော့ဘဝင်မကျဘူး။တခုခုကိုဖုံးကွယ်ထားသလိုဘဲ။စိတ်နဲ့ကိုယ်နဲ့မကပ်တဲ့ ကလေးငယ်ရဲ့ကျောပြင်ကိုကြည့်ပြီး သက်ပြင်းချလိုက်တယ်။
______
၁၇.၆.၂၃
Kelly
           Thankful my readers 🤍
______
Zawgyi
*ရတယ် ရတယ်...*
*အင်း...*
*ဘာလို့လဲ..*
_______
*ကောင်းပါပြီ...*
*ဘာလို့လဲ...*
*ဟုတ်ကဲ့...*
______
‌ဒေါက်.!ဒေါက်.!
*အင်း..လာခဲ့မယ်...*
*အဟွတ်.!ဟွတ်.!...*
*အဟွတ်.!ရ ရတယ်....*
*မဟုတ်ပါဘူးနော်...!*
*လိမ်ပြန်ပီ...*
*မရှိပါဘူး....*
*မိုးရွာနေတယ်..*
*သဝန်တိုနေတာလား..*
*ဘာကိုလည်း..*
*သိနေတာလား...*
*အင်း...*
*ဘာမှမဖြစ်ဘူးလား...*
*ငါကဘာဖြစ်ရမှာလဲ..*
*ဟင်....*
*အင်း....*
*ဝမ်းသာစရာဘဲ...*
*ကျေးဇူးပါ...*
*အင်း..*
*တကယ်ကြီး.*
*နင်ကဘာလုပ်ဖို့လဲ...*
*သိချင်လို့ပေါ့...*
*နင့်ကို..!*
*ဟမ်.!*
*ဂရေ့စ်..!*
*မယုံဘူးလား..!*
*ချစ်တယ်....!*
*.......*
*တော်တော့လို့..!*
*မမလေး..!*
အချည်းနှီးသာ။ပါးပြင်‌ပေါ်ကိုတလိမ့်လိမ့်ကျဆင်းလာတဲ့ မျက်ရည်‌တွေကိုအကြမ်းပတမ်းသုတ်ပစ်လိုက်ပြီး ဂါဝန်ရှည်ကို မ,ကာ အိမ်ပေါ်ထပ်ကိုတက်ဖို့လုပ်လိုက်တော့ အားမရှိတော့တဲ့ ခြေထောက်တွေ‌ကြောင့် ကြမ်းပြင်ပေါ်ကို ပုံလျက်သားပစ်လဲကျသွားတော့တယ်
________
*ဘယ်သူလဲ...*
*......*
တီ..!
*အမေ့..!*
*ကလေး..!*
*ကိုကို...*
*ကို.ကို...*
*ဘာဖြစ်တာလဲ ကလေးငယ်။ဟင်..ဘာလို့ငိုတာလဲ...*
*အိမ်.အိမ်ပြန်ချင်တယ်...*
*အင်း..ပြန်ရအောင် နော်. *
*လာ.‌ကိုကိုထူပေးမယ်..*
*ချော်လဲသွားလို့ ..*
*ဟင်.!*
*ဟယ်..!သွေးစို့နေတာဘဲ..*
*စော‌စောကဘာလို့မပြောရတာလဲ ကလေးရယ်..တကယ်ဘဲ..*
*အ.!*
*အရမ်းနာနေလား..*
*ဟင့်အင်း..*
*ဟင်..!*
*တခုခုပြောချင်တာရှိလားလို့..*
*မရှိပါဘူး...*
*ကလေးငယ်..*
*ဟုတ်ကဲ့..*
______
၁၇.၆.၂၃
Kelly
           Thankful my readers 🤍
Continue Reading
You'll Also Like
1.5M 35.1K 60
In wich a one night stand turns out to be a lot more than that. -Completed-
300K 14.6K 94
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...
1.7M 63.5K 43
" Wtf is wrong with you, can't you sleep peacefully " " I-Its pain..ning d-down there, I can't...s-sleep " " JUST SLEEP QUIETLY & LET ME ALSO SLEEP...
438K 15.3K 163
Sevyn and Von hung around the same people but did not like each other. But they were just cordial. Until Von's birthday came up and Sevyn was the onl...