စာမျက်နှာ (၀၁) နောင်တတို့နှင့် ပြည့်နှက်နေသော
"ဆရာဂျောင်ကု...! ဆရာဂျောင်ကု!
ခဏစောင့်ပါအုံးလို့..ခ..ခဏ!!"
ဂျောင်ကု အနောက်ကနေ သူ့ကို အော်ဟစ်ပြီး ဟောဟဲဆိုက်ကာ ပြေးလာသော ကောင်လေးကို မသိချင်ယောင်ဆောင်ကာ လှည့်မကြည့်ဘဲ ဆရာများရုံးခန်းထဲကို ဝင်သွားလိုက်သည်။
"ဆရာဂျောင်ကုကလည်း စောင့်....
စောင့်ပါအုံးဆိုတာကို ~"
တံခါးတိုင်ကို ကိုင်ကာ အမောဖြေနေပုံရသော ကောင်လေးက စူပုတ်ပုတ်နှင့် သူ့ကို မကျေမချမ်းပြောနေပုံကို ဂျောင်ကု စိတ်ထဲ၌ အသည်းယားစွာ ပြုံးလိုက်မိပေမယ့် အပြင်ဘက်ရုပ်ကတော့ ပြောစရာပင်မလို လုံးဝကို တည်တံ့ထားသည်။ ရှေ့စားပွဲခုံပေါ်ရှိ ကျောင်းသားစာရင်းတွေကို ကြည့်နေဟန်ဆောင်ကာ သူ့ဘေးနားသို့ လာကပ်ထိုင်နေသော ကောင်လေးကို မသိချင်ယောင်ဆောင်နေလိုက်သည်။
"ဆရာဂျောင်ကု..ဒီနေ့ ဒီ ကြက်သားလုံးကြော်ရော၊ ဆူရှီရော ကျွန်တော် ကိုယ်တိုင်လုပ်လာတာ.. မြည်းကြည့်ပေး..~"
သူ့ဘေးတွင် ထမင်းဘူးကို ဖွင့်ကာ ကြက်သားလုံးကြော်လေးတစ်ခုကို တူလေးနဲ့ ညှပ်ပြီး ခွံ့ကျွေးဖို့
ဟန်ပြင်လာသော ကောင်လေးကြောင့် ဂျောင်ကု ရှောင်ကာ မတ်တပ်ထရပ်လိုက်မိသည်။ သူ့ရဲ့ အပြုအမူကို လန့်သွားပုံရတဲ့ ကောင်လေးက တုန်တက်သွားကာ တူနဲ့ ညှပ်ထားတဲ့ ကြက်သားလုံးလေးက အောက်သို့ ပြုတ်ကျသွားလေ၏။
"တော်ပြီ..ဆော့ဂျင်! ကိုယ့်အတန်းကိုယ် ပြန်တော့!"
"ဘာလို့လဲ..ဆရာဂျောင်ကုရဲ့ ကျွန်တော်က ဆရာစားဖို့အတွက် ကိုယ်တိုင်တောင်
ချက်လာပေးတာကို ~"
"မလိုဘူး...မလိုတာမလို့ သွားတော့! နောက်တစ်ခါလည်း ငါ့ကို ဒီလို အပြုအမူတွေ လာမလုပ်ပါနဲ့..ငါက မင်းရဲ့ ဆရာဆိုတာ မှတ်ထားပြီး လေးလေးစားစား ဆက်ဆံ!"
သူ့ရဲ့ အပြောကြောင့် ကောင်လေးရဲ့ မျက်ဝန်းလှလှတို့မှာ အရည်ကြည်လေး တစ်ချို့
ဝေ့သွားပေမယ့် သန်မာသော ကောင်လေးက ချက်ချင်း ပြန်ပြုံးလိုက်ကာ...
"ကျွန်တော်က ဆရာ့ကို အမြဲတမ်း လေးလေးစားစား ဆက်ဆံပါတယ်နော်..~ "
"လေးလေးစားစား ဆက်ဆံပေလို့ဘဲ..ကင်ဆော့ဂျင်!
တစ်နေ့..တစ်နေ့ ငါ့ဆီအချိန်တိုင်းလာပြီး စကားတွေ ရေပက်မဝင်ပြော၊ ရိသဲ့သဲ့တွေလုပ်နေတာက...ဟူးး~!"
ဂျောင်ကု သက်ပြင်းချလိုက်ကာ ထိုင်ခုံမှာ ပြန်ထိုင်ပြီး သူ့ရှေ့က ထမင်းဘူးကို တွန်းထုတ်ပလိုက်သည်။ သူ့တွန်းထုတ်လိုက်တဲ့ ထမင်းဘူးလေးကို
ကောင်လေးက ပြန်ပိတ်ပြီး သိမ်းနေရင်း...
"ကျွန်တော်က ဆရာ့ကို ကျွန်တော့်အသံ
အများဆုံး ကြားဖူးတဲ့လူ ဖြစ်စေချင်ခဲ့တာကို..."
"မင်းအသံ အများဆုံး ကြားရတော့
ငါနားညီးတာပေါ့ကွ! စာသာသွားလုပ်နေစမ်းပါကွာ.. အချိန်လာဖြုန်းမနေနဲ့..!"
ဂျောင်ကုရဲ့ အပြောကြောင့် ဆော့ဂျင်ရဲ့ မျက်ဝန်းလေး ဝမ်းနည်းပုံ ပေါ်သွားပေမယ့် မျက်နှာမပျက်စေဘဲ ပြန်ပြုံးပြလာပြန်သည်။ ကင်ဆော့ဂျင်ရေ..!
ဘာကိစ္စ ငါ မင်းကို ဆူရင် အမြဲပြုံးနေရတာလဲ!။ ငါ့ကို လူဆိုးဖြစ်အောင်လုပ်နေတာဘဲ..!။
"ဆရာဂျောင်ကုကို အနှောင့်အယှက်ဖြစ်စေရင်
ကျွန်တော် ပြန်တော့မယ်.."
သူ့ကို နှုတ်ဆက်ကာ ထမင်းဘူးလေးကို ပြန်ထုတ်သိမ်းပြီး ပြန်သွားသော ကောင်လေးကို ဂျောင်ကု လှည့်မကြည့်မိ။ သူ့စကားကြောင့် ဝမ်းနည်းပုံပေါ်သွားပေမယ့် ဆရာနဲ့ တပည့် အချင်းချင်း ခြားထားတဲ့ စည်းတော့ရှိမှ ဖြစ်မည်။
ဒီကောင်လေး သူ့ကို လိုက်ကပ်နေတာ လေးလလောက်တော့ရှိပြီ ထင်တယ်..။ နေ့တိုင်း စကားတွေ အများကြီး ပေါက်ပေါက်ဖောက်သလို ဘေးကနေ တရစပ် ပြောနေလေ့ရှိပြီး..တခါတလေဆို
'ဆရာဂျောင်ကုကို ကျွန်တော် သဘောကျတယ်' လို့တောင် ရုတ်တရတ်ကြီး ထထပြောတတ်သေးတာ..။
နှုတ်ခမ်းဖူးဖူးလေးတွေက သူအလိုမကျရင် နည်းနည်းစူထော်ထော် ဖြစ်လာတတ်တာက လွဲရင် အဲ့ကောင်လေးက အမြဲပြုံးနေတတ်သူလေးရယ်ပါ..။ ဘာအကြောင်းကိစ္စကြောင့်များ ဒါမှမဟုတ် သူ့ကို အမှန်တကယ် သဘောကျ၍များ လိုက်ကပ်နေသလား မသိပေမယ့် ဆရာနဲ့ တပည့် ကြားက အချစ်က မဖြစ်သင့်တာမလို့ အကြီးဖြစ်တဲ့သူက အရင် အမှားတွေ ဖြစ်မလာစေရန် တားနေရတာ ဖြစ်သည်။
ဒါတွေကို ဒီကောင်လေးက နားမလည်ဘဲ နေ့တိုင်း သူ့ဆီ စကားတွေ လာပြောလိုက်၊ မုန့်စားဆင်းချိန်ဆို သူ့အတွက် ထမင်းဘူးပါ ယူယူလာတတ်တာကြောင့် တစ်ချို့ လူနည်းစုတွေကတော့ မသိလိုက် မသိဘာသာ နေကြပေမယ့် အများစုက ကောင်လေးကို ကပ်ဖားယပ်ဖား ပုံစံမျိုး၊
'ဂေး' ဟူသော သဘောမျိုးတွေပါ သုံးနှုန်းလာတာကြောင့် သူ့ဘက်က ခပ်တန်းတန်း နေပေးနေရခြင်းပင်...။
မင်းက ငယ်သေးလို့ နားမလည်သေးပေမယ့် ငါ့ဘက်က ရင်လေးရတယ်..ကင်ဆော့ဂျင်ရဲ့..!။
💠💠💠
"..ကို..ကိုကိုဂျွန်း...သူ..သူက...
ဘာလို့...ကျွန်..ကျွန်တော့်ကိုဆို...အ..အမြဲ..~"
"တိတ်တော့..မငိုနဲ့တော့ဆို ~ ဂျင်လေးရာ ~"
နမ်ဂျွန်း သူ့ပခုံးပေါ် ခေါင်းလေးတင်ကာ ရှိုက်ကြီးတငင် ငိုနေသော ဂျင်လေးကို ကျောလေးပွတ်ပေးကာ ချော့မြူနေရသည်။
ငိုရတဲ့ အကြောင်းအရင်းကတော့ တခြားမဟုတ်...ဂျင်လေး အမြဲပြောလေ့ရှိတဲ့ ဆရာဂျောင်ကုဆိုသည့်
ကျောင်းဆရာကောင်ကြောင့်ပင်...။
အစွဲအလမ်းကြီးလွန်းတဲ့ ဒီကလေးက သူ့ကို ဂရုမစိုက်တဲ့ လူသား တစ်နည်းပြောရသော် သူ့ရဲ့ ဆရာ ဖြစ်သူကို ကြိုက်နေတယ်တဲ့လေ...။
ဂရုစိုက်မှုတွေ အများကြီးလိုအပ်တဲ့ ဒီကလေးက သူ့ကို ဂရုမစိုက်တဲ့ လူသားတစ်ယောက်ကိုမှ
ချစ်မိနေတာတဲ့လား။ မင်းတို့ရဲ့ ဖူးစာကြိုးနီလေးက အမှန်တကယ်ရော ဆက်နေရဲ့လား...။
ငိုနေတာ ရပ်ပြီး ငြိမ်သွားတဲ့ ဂျင်လေးကြောင့် နမ်ဂျွန်း ရင်ခွင်ထဲကို ငုံ့ကြည့်လိုက်တော့
အိပ်ပျော်သွားသည့်..မျက်နှာလေးက
ငြိမ်းချမ်းနေတာပဲ...။ ထိုင်လျက် အိပ်နေလျှင်
သက်တောင့်သက်သာ မရှိမှာစိုး၍ ပွေ့ချီလိုက်ကာ ဂျင်လေးအခန်းထဲသို့ ဝင်သွားလိုက်ပြီး
အိပ်ယာပေါ်သို့ တင်ပေးလိုက်သည်။ နှဖူးပေါ်
ကျနေသော နူးညံ့သည့် ဆံစတို့ကို သပ်တင်ပေးလိုက်ကာ နှဖူးလေးကို ခပ်ဖွဖွ နမ်းလိုက်သည်။
ငါ့ရဲ့ ညီလေး အိပ်တဲ့အချိန်တော့ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ပါစေ...။
.
.
.
.
.
.
"အစ်ကို...ဂျင်လေး အခြေအနေ?"
"..အိပ်ပျော်သွားပြီ..~"
အလုပ်မှ ပြန်လာသော ထယ်ယောင်း အခုမှ ညစာကို ပလုပ်ပဖောင်းစားကာ ဂျင့်အကြောင်းကို မေးတော့ နမ်ဂျွန်း
ရေသောက်ရင်းနဲ့ဘဲ ပြန်ဖြေလိုက်မိသည်။
"..ငိုရင်းနဲ့ဘဲ အိပ်ပျော်သွားတယ်"
"...."
အစ်ကို နမ်ဂျွန်းရဲ့ စကားကြောင့် ထယ်ယောင်း စိတ်ရှုပ်သဖွယ် ကိုင်ထားတဲ့ တူကို ချလိုက်ကာ သက်ပြင်းတစ်ချက်ချရင်း...
"အဲ့လို လုပ်နေတာက သူ့ကို ပိုထိခိုက်စေတယ်... ခဏ..ခဏ အဲ့လို ငိုနေတော့..ကျစ်..!"
ထယ်ယောင်းစကားကို နမ်ဂျွန်းက ပြန်တုန့်ပြန်ပြော
မနေတော့ဘဲ အိမ်ရှေ့ဧည့်ခန်းထဲသို့သာ ဝင်သွားတော့သည်။ သူတို့ အခုခေါင်းရှုပ်နေရတဲ့ ဆော့ဂျင်ရဲ့ အခြေအနေက ခွဲစိတ်ကုသပြီး ပျောက်ကင်းသွားအောင်လုပ်လို့ရတဲ့ ရောဂါမဟုတ်တော့...မဟုတ်ဘူး ရောဂါလို့တောင် အမည်တပ်လို့မရဘူး...။
ဆရာဝန်ဖြစ်တဲ့ ထယ်ယောင်းက သူ့ထက်စာရင်
ပိုပြီး ခေါင်းရှုပ်နေရတာ သူသိတာပေါ့။ အိမ်ကိုတောင် နောက်ကျမှ ပြန်ပြန်လာရပြီး အမြဲ သုတေသနခန်းထဲမှာဘဲ အချိန်ကုန်နေရတာ...။ ထယ်ယောင်းရော၊ ဆော့ဂျင်ရော ငါတို့ အရင်ကလို ပျော်ပျော်ရွှင်ရွှင် ပြန်နေနိုင်ကြရင် ကောင်းမှာဘဲ။
◆◇◆◇◆◇◆◇
"ဝါး..~ ဆရာဂျောင်ကု..ကျောင်းပန်းခြံကြီးက အရင်ကထက် ပိုလှလာသလိုဘဲနော်..~"
"...."
"..ဆရာဂျောင်ကု! ဒီပန်းလေးကို ကြည့်ပါအုံး... အသစ်စိုက်ထားကြတာထင်တယ်.."
"...."
"ဆရာဂျောင်ကု ဒီမှာ..ဒီမှာ ပန်းလေးတွေပေါ်မှာ
ရေလေးတွေ တင်နေတာ လုံးဝလှနေရောဘဲ..! ဓါတ်ပုံရိုက်ထားရမယ်.."
"...."
"...ဆရာဂျောင်ကု ဒီဖက်မှာ..လိပ်ပြာလေးတွေ အများ..."
"ကင်ဆော့ဂျင်!!"
အေးအေးချမ်းချမ်း နေချင်လို့ ကျောင်းပန်းခြံထဲမှာ တစ်ယောက်တည်း လာနေနေပါတယ်ဆိုမှ
ဘယ်ကနေ ဘယ်လို သူရှိတဲ့နေရာကို သိပြီး ရောက်လာမှန်းမသိတဲ့ ဆော့ဂျင်ဆိုတဲ့ ကောင်လေးကြောင့် ဂျောင်ကု စိတ်ရှုပ်သွားရသည်။
ငြိမ်ငြိမ်နေရင်တော့ မောင်းမထုတ်တော့ဘူးလေဟု
စိတ်ထားကောင်းကောင်းထားကာ တွေးထားပေမယ့်
စရောက်ကတည်းက စကားကို လုံးဝ ပေါက်ပေါက်ဖောက်သလို တရပ်စပ် ပြောလာသည့်
အနှီကောင်လေးကြောင့် ဂျောင်ကု လုံးဝ သည်းမခံနိုင်တော့ပေ..။
သူအော်လိုက်တော့မှ ထိုကောင်လေးက မျက်လုံးအဝိုင်းသားနှင့် ပြန်ကြည့်လာတာကြောင့်...
"..မင်း! တိတ်တိတ်ဆိတ်ဆိတ်မနေနိုင်ဘူးလား..!"
"..ဟင်?.."
သူ့စကားကို နားလည်သလိုလို နားမလည်သလိုလိုနှင့် ကြောင်တောင်တောင်လုပ်ကာ ကြည့်လာသော ကောင်လေးကြောင့် ဂျောင်ကု အသေကို
ကိုင်ဆောင့် ထုရိုက်ပစ်ချင်နေလေပြီ..။ ဘယ်လို ကြောင်တောင်တောင်နိုင်တဲ့ ကောင်လေးမှန်းကို မသိဘူး!။
"စကားပြောချင် တစ်ယောက်တည်း ပြောနေတော့..! ငါသွားပြီ..ကင်ဆော့ဂျင် ထပ်လိုက်မလာနဲ့!!"
သူ့ကို ယခုထိ မျက်လုံးအဝိုင်းသားလေးနှင့် ကြည့်နေသော ကောင်လေးကို ဂျောင်ကု ကျောခိုင်းလိုက်ကာ စာကြည့်တိုက်ဘက်သို့ ထွက်လာလိုက်သည်။
တစ်နေ့တစ်နေ့ နားအေး ပါးအေး ချမ်းချမ်းသာသာ နေရတယ်ကိုမရှိ..။ ကျောင်းဖွင့်ရက်တိုင်း နားမုဒိမ်းအသေကျင့်ခံနေရသော သူ့အဖြစ်ကို ကျောင်းပိတ်ရက်တွင် နားမဒိန်းကျင့်သည့် တာဝန်ကို ယူထားသော သူ့ သူငယ်ချင်းဖြစ်သူ ဂျောင်ဟိုဆော့သာ သိလျှင် အာပြဲကြီးနှင့်ကို ရယ်မှာ မြင်ယောင်ပါသေးသည်။
အရှင်ဘုရား..ကျွန်တော်မျိုးကို သနားသဖြင့် ဘေးနားမှာ အမြဲရှိနေတတ်တဲ့ ကင်ဆော့ဂျင်ဆိုတဲ့ ပေါက်ပေါက်စက်ကို အဝေးသို့ ပို့ပေးတော်မူပါဘုရား...!။
သူ့ကို ကျောခိုင်းကာ ထွက်သွားလေသော
ဆရာဂျောင်ကုကို ကြည့်ကာ ဆော့ဂျင် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သူ့ဘက်က
ဒီလောက် ပွင့်လင်းပြနေတာတောင်
ဆရာဂျောင်ကုက မသိတာမဟုတ်ဘဲ မသိချင်
ယောင်ဆောင်နေတော့...ဟူး ~။
ဆော့ဂျင် အစောနက ဆရာဂျောင်ကုကို စကား အများကြီး ပြောထားရ၍ ပင်ပန်းနေသောကြောင့် ငုတ်တုတ်ထိုင်ချလိုက်ကာ..သူ့ရှေ့၌ အိပဲ့အိပဲ့နှင့်
သွားနေသော ခရုလေးကို တုတ်ချောင်းလေးနဲ့
တို့ထိ တို့ထိ ထိုးနေရင်း....
"..ခရုလေး..ဆရာဂျောင်ကုက ငါ့ကို ဘာလို့ အမြဲအမြင်မကြည်ဖြစ်နေတာလဲ..မင်းသိလား..
ငါက သူ့ကို အခွင့်အရေးတွေ ဒီလောင်တောင်ပေးထားတာကို ~ ဟူး ~"
.
.
.
.
.
.
.
.
.
.
.
.
.
.
နမ်ဂျွန်း နာရီကို တစ်ချက်ကြည့်လိုက်တော့ ဆော့ဂျင်ကို ကျောင်းသွားကြိုရတော့မည့်အချိန် ရောက်နေပြီဖြစ်တာကြောင့် လုပ်လက်စအလုပ်ကို လက်စသတ်ကာ ဆော့ဂျင်ရဲ့ ကျောင်းဘက်သို့ ထွက်လာလိုက်သည်။
"ဂျင်လေး! အစ်ကို ဒီမှာ..!"
ကျောင်းဝန်းထဲက ထွက်လာသော ချောမောလှတဲ့ သူ့ညီလေးကို နမ်ဂျွန်း လက်လှမ်းပြကာ
အော်ခေါ်လိုက်သည်။ သူ့အသံကို ကြားဟန်ရှိတဲ့
ဂျင်လေးက ပြေးလာကာ သူ့ကိုတောင်
စကားမပြောဘဲ ကားထဲသို့ တန်းဝင်သွားသောကြောင့် နမ်ဂျွန်းအံ့ဩသွားရသည်။
'အိမ်အမြန်ပြန်ချင်နေလို့နေမှာပါ' ဟုသာ
ဖြည့်တွေးလိုက်ပြီး မောင်းသူထိုင်ခုံဘက်ကို
ဝင်ထိုင်လိုက်တဲ့အချိန် သူ့ပုခုံးကို လာပုတ်တဲ့
ဂျင်လေးကြောင့် နမ်ဂျွန်းလှည့်ကြည့်လိုက်တော့... လက်ဟန်နှင့် တစ်ခုခုကို ပြောတာကြောင့် နမ်ဂျွန်း ထပ်အံ့ဩရပြန်သည်။ ဒီတစ်ခါ အံ့ဩမှုတွင်တော့ စိုးရိမ်မှုတွေပါ ရောယှက်လျက်...။
"ထပ်ဖြစ်ပြန်ပြီလား..ဂျင်လေး..!"
▒▒▒▒▒▒▒▒▒▒
【2021.10.31】- Sunday