α€”α€„α€Ία€žα€¬α€›α€Ύα€­α€›α€„α€Ί

By Louvis-74

24.3K 1.6K 84

Tom&LesπŸ³οΈβ€πŸŒˆ More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20

Part 7

925 76 1
By Louvis-74

လွင်ဘုန်းခေတ် နေ့ခင်းကအဖြစ်အပျက်ကြောင့်.ကြောက်ရွံကာတစ်ညလုံးမအိပ်ပေ..သူ့အဖေဘက်ကအဒေါ်နဲ့လှမြတ်မှာ သူ့ကိုတစ်ညလုံးချော့ပြော၍အိပ်ခိုင်းသော်လည်း.မအိပ်ပေ...ဒေါက်တာပေးထါးသောအိပ်ဆေးကိုတိုက်လိုက်မှအိပ်သွားသည်..အန်တီမြဆိုသူကို

"အန်တီ့ကို သမီးတစ်ခုလောက်မေးလို့ရမလား" ဟု လှမြတ်စကားလမ်းကြောင်းစလိုက်ကာ

"မေးလေ.ရပါတယ်"

"အန်တီ့ယောက်ျားဘက်က ဆွေမျိုးတွေကဘယ်လိုပုံစံတွေလဲ..သမီးပြောချင်တာက..သူတို့စိတ်ထားကိုပြောချင်တာ"

"အင်း...အန်တီပြောပြမယ်...သူတို့ကအတ္တကြီးတယ်လို့ပဲပြောရမလား..အန်တီတို့မှာသားသမီးလည်းမရှိဘူးဆွေမျိုးအရင်းအချာဆိုလို့ ခေတ်လေးတစ်ယောက်ပဲရှိတယ်.အန်တီ့အမျိုးသားဘက်မှာဆို မောင်နှမအရင်းမရှိဘူး..အန်တီ့အမျိုးသားဘက်ကဆွေမျိုးတွေက ခေတ်လေးဒီမှာကျောင်းလာတက်တာကိုမကြိုက်ကြဘူး ဘာလို့ဆိုအန်တီ့ရဲ့ဆွေမျိုးအရင်းအချာ.ခေတ်လေးကအန်တီတို့အမွေတွေအားလုံးကိုအပိုင်သိမ်းသွားမှာစိုးလို့" ဟု အန်တီမြဘက်ကပြောလာသောအခါ လှမြတ်တော်တော်လေးကိုအံသြသွားသည်..

"ဟမ်..."

"ဟုတ်တယ်..သမီး...ဒီအမွေတွေကလည်း..ခေတ်လေးရဲ့အဖေက တစ်ခုမှမယူပဲအန်တီ့ကိုပေးခဲ့တာတွေ တကယ်လို့အန်တီပေးရင် ခေတ်လေးကိုပဲပေးမယ်ဆိုတာသူတို့သိတယ် အဲဒါကြောင့် ခေတ်လေးဒီမှာလာနေတာကိုမကြိုက်ကြတာ"

"သူက T&L groupရဲ့ဆက်ခံသူဆိုတာ သူတို့မသိကြဘူးလား သူတို့လေါဘတက်ဒီအမွေတွေကသူ့အတွက် ဘာမှမပြောပလောက်ဘူးဆိုတာ "

"အန်တီသူတို့ကိုမပြောပြဘူး..ခေတ်လေးကလည်းဘယ်သူ့ကိုမှမပြောပါနဲ့လို့ပြောထားတာ အန်တီ့အမျိုးသားကိုတောင်မပြောပြထားဘူး" ဟု ဆွေးရိပ်သန်းနေတဲ့မျက်လုံးတွေနဲ့ပြောပြနေသည့်အန်တီ့ကိုကြည့်ကာ

"ဘာဖြစ်လို့မပြောပြတာလဲ အန်တီ" ဟု မေးလိုက်ရာ

"ခေတ်လေးတို့မိသားစု Car Accidentဖြစ်တဲ့ကိစ္စမှာသူတို့ကိုမသင်္ကါလို့ အထူးသဖြင့်အိမ့်သော်တာတို့ရဲ့အဖေ မင်းဇင်ကိုပိုပြီးမသင်္ကါတာ ခေတ်လေးသာ ဘာအင်အားမှမရှိတဲ့ပုံစံနဲ့နေနေရင် သူ့အဖေအမေသေဆုံးမှုအတွက်သူဘာမှသိမှာမဟုတ်ဘူးလို့ပဲထင်နေမှာ တကယ်တော့ခေတ်လေးဒီမြို့ကိုရောက်လာတာက သူ့အဖေအမေတွေကိစ္စအတွက်စုံစမ်းဖို့လို့အန်တီ့ကိုပြောပြထားတယ်"

"အန်တီမစုံစမ်းဘူးလား...ခေတ်လေးသူငယ်ချင်းထက်မွန်ဆွေရဲ့အဖေလည်းတစ်ခါပြောဖူးတယ် ဒါပေမယ့်သူပြောတာက accident က ရိုးရိုးမဟုတ်ဘူးလို့ပဲ ပြောထားတာ"

"အန်တီလည်းစုံစမ်းထားပါတယ် ခေတ်လေးသူငယ်ချင်းထက်မွန်ဆွေရဲ့အဖေက သူ့ကိုအန်တီ့အကိုမဆုံးခင်နေ့ကပြောသွားတယ်တဲ့ မင်းဇင်ဆီကလုပ်ငန်းတွေကို သူနောက်တစ်ခေါက်ပြန်လာရင်ပြန်သိမ်းတော့မယ်တဲ့ မင်းဇင်ကသူ့အပေါ်သစ္စာဖောက်ပြီး..လုပ်ငန်းတွေကိုအပိုင်သိမ်းချင်နေတာလို့ ပြောသွားခဲ့တယ်တဲ့ သူတို့မိသားစုပြန်သွားပြီးမြို့အပြင်ပဲရောက်သေးတယ် ကားဘရိတ်မမိတော့ပဲ သစ်ပင်ကိုဝင်တိုက်မိကြတာ" ဟု ဝမ်းနည်းကာပြောပြနေသည်..

"အန်တီ..အဲဒါဆို ဦးမင်းဇင်ဆီကလုပ်ငန်းတွေ သူ့အဖေနဲ့အမေဆုံးတော့ပြန်ရလား"

"မရပါဘူး..သမီးရယ်..အန်တီ့အကိုရဲ့လုပ်ငန်းတွေနဲ့မင်းဇင်တို့မိသားစုက ချမ်းသာလာပြီး ဒီမြို့ရဲ့မြို့မျက်နှာဖုံးဖြစ်လာကြတာပေါ့ အန်တီကိုယ်တိုင်ကလည်း အန်တီ့အကိုရဲ့လုပ်ငန်းတွေအကြောင်းကိုဘာမှမသိခဲ့တော့ ဥပဒေအရပြန်တောင်းဖို့မဖြစ်နိုင်ခဲ့ဘူး"

အန်တီမြပြောပြတာတွေကိုနားထောင်ပြီး ဟိုတွေးဒီတွေးဆက်စပ်ကြည့်တော့ လွင်ဘုန်းခေတ်က အိမ့်သော်တာကို ဦးမင်းဇင်ရဲ့သမီးမှန်းသိလို့အကြံနဲ့များကပ်ခဲ့တာလား..ဟုတွေးနေမိသည်..

"ဒီအကြောင်းတွေကို ခေတ်လေးအားလုံးသိနေတာလား အန်တီ"

"အင်း..ဟုတ်တယ်.သမီးရဲ့...သူဒီကိုကျောင်းလာမတက်ခင်ကတည်းက သိနေခဲ့တာ အဲဒါကြောင့်ပဲသူဒီကိုရောက်လာတာ သူဒီကိုရောက်တော့ ညနေဘက်ဆိုမင်းဇင်တို့အိမ်ဘက်ကိုသွားပြီး.သူတို့မိသားစုကိုသွားချောင်းတတ်တယ်"

"တကယ်လို့ခေတ်လေးက အိမ့်သော်တာကိုတကယ်သဘောကျနေတယ်ဆိုရင်ကော အန်တီသဘောတူမလား" ဟုမေးလိုက်ရာ

"အိမ့်သော်တာကတော့..သူ့အဖေနဲ့သူ့ညီမလိုမဟုတ်ဘူးစိတ်ထားလည်းကောင်းတယ်..သူ့ဟာသူအေးအေးလေးပဲနေတတ်တယ် ဒါပေမယ့်သူတို့မိသားစုနဲ့မပတ်သက်ခိုင်းတာပိုကောင်းတယ် အခုတောင်သူတို့မိသားစုကြောင့်ဒုက္ခရောက်နေရတာမဟုတ်လား" ဟုပြောပြလေသည်..

မနက်ကျအန်တီယမင်းသစ်လိုက်လာရင်ဘာဆက်ဖြစ်မလဲမသိဘူး ခေတ်လေးရဲ့စိတ်အခြေအနေကလည်းပုံမှန်အခြေအနေမဟုတ်တော့ ဘာပြဿနာမှမတက်ပါစေနဲ့ဟုသာဆုတောင်းနေမိသည်..

******************

မနေ့ကလွင်ဘုန်းခေတ်၏ကိစ္စသည်..ကျောင်းသားတွေမှတဆင့်ကျောင်းပြင်ပသို့ပေါက်ကြားသွားပြီး...စျေးထဲမှာလည်းစျေးသည်အချင်းချင်းပြောဆိုနေကြသည်..တချို့ကတော့လွင်ဘုန်းခေတ်ခိုးတာလို့ပြောနေကြပြီး..တချို့မှာတော့လွင်ဘုန်းခေတ်ချောက်ချခံရသည်ဟုထင်ကြေးအမျိုးမျိုးပေးနေကြသည်....

မနေ့က.လှမြတ်အဒေါ်ကျောင်းအုပ်ဆရာမကြီးအစည်းအဝေးကပြန်လာတော့..အကျိုးအကြောင်းပြောပြထားကာ ဒီနေ့ကျောင်း၌ဆရာမတွေကိုခေါ်ပြီးထိုကိစ္စနှင့်ပတ်သက်၍အစည်းအဝေးလုပ်နေသည်..

"ကျွန်မဒီနေ့အစည်းအဝေးခေါ်ရခြင်းအကြောင်းက မနေ့ကကျောင်းမှာကျွန်မ မရှိတုန်းဖြစ်ခဲ့တဲ့သူခိုးစွပ်စွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောပြချင်လို့ပါ" ဟု ကျောင်းအုပ်ဆရာမကြီးက အစည်းအဝေးခေါ်ရသည့်အကြောင်းကိုရှင်းပြကာ

"မနေ့ကအစွပ်စွဲခံရတဲ့ကလေးရဲ့စိတ်အခြေအနေက ပုံမှန်အခြေအနေမှာရှိမနေတော့ပါဘူး..အဖြူအစိမ်းဝတ်ထားတဲ့သူကိုမြင်ရင် သူ့ခမျာလန့်နေရှာတယ်...အခုအစည်းအဝေးမှာတင်..ဆယ်တန်းအခန်းကကျောင်းသားတွေကိုခေါ်ယူပြီးစစ်ဆေးမှာပါ"
ထိုအခါဆရာမတစ်ဦးက

"ဒီသတင်းကတစ်မြို့လုံးကိုပြန့်နေပြီဆရာမကြီး"

"ဟုတ်..ကျွန်မသိပါတယ်..ဆယ်တန်းကကျောင်းသားတွေကိုမနေ့က လွင်ဘုန်းခေတ် ဘာတွေလုပ်နေလဲဆိုတာကို သိတဲ့သူ..ဒီအစည်းအဝေးခန်းထဲကိုလာခဲ့ဖို့ပြောလိုက်ပါ" ဟု ဆရာမကြီးပြောလိုက်တော့ ဆရာတစ်ဦးက သွားခေါ်နေလေသည်..

လှမြတ်၏စိတ်ထဲမှလည်း..သူ့ကလေးလေးအပြစ်မရှိကြောင်းကိုဖော်ထုတ်နိုင်မယ့် လူသက်သေရောက်လာပါစေလို့ဆုတောင်းနေမိသည်..

အိမ့်ကြည်ဖြူ၏အပေါင်းအပါများမှလွဲ၍ ဆယ်တန်း အတန်းကတစ်တန်းလုံးနီးပါးရောက်လာလေသည်...ထိုအခါဆရာမကြီးက

"သားတို့သမီးတို့ထဲက မနေ့ကလွင်ဘုန်းခေတ်ဘာတွေလုပ်နေလဲဆိုတာ သိတဲ့သူရှိရင် ဆရာမတွေရှေ့မှာ ဆရာမကြီးကိုပြောပြပါ..လွင်ဘုန်းခေတ်က အခုစိတ်အခြေအနေပုံမှန်ဟုတ်မနေတော့ဘူး..သားတို့သမီးတို့ရဲ့အတန်းဖော်ကိုသနားရင်ပြောပြပါ..တကယ်လို့သူခိုးခဲ့တာမှန်တယ်ဆိုရင်လည်း..သူ့ကိုအပြစ်ပေးဆောင်ရွက်မှာပါ" ဟု ပြောလိုက်သောအခါ ထက်မွန်ဆွေနှင့်ဂျူးမြတ်ထက်က

"မနေ့ကလွင်ဘုန်းခေတ်..သမီးတို့နှစ်ယောက်နဲ့အတူအတန်းထဲကိုဝင်တာပါ..ပြီးတော့သူ့ထိုင်ခုံမှာပဲထိုင်ပြီး..ဘယ်မှမသွားပဲစာသင်တာပါ..နေ့လည်ပိုင်းလည်းသမီးတို့နဲ့အတူထမင်းစားပြီး..မုန့်စျေးတန်းကိုသွားတာပါ..ပြန်လာတော့လည်းသူ့ထိုင်ခုံမှာပဲသူထိုင်နေတာပါ..အိမ့်ကြည်ဖြူတို့ရှိတဲ့အရှေ့ဆုံးတန်းကိုလည်းတစ်ခါမှမသွားပါဘူး..ပြီးတော့လွင်ဘုန်းခေတ်က အတန်းရဲ့ရှေ့တံခါးပေါက်ကနေဘယ်တော့မှအဝင်အထွက်မလုပ်ပါဘူး..အနောက်တံခါးပေါက်ကနေပဲအဝင်အထွက်လုပ်တာပါ" ဟု တိကျတဲ့ဖြေရှင်းချက်တွေနှင့်ပြောပြလာကြသည်..

သူတို့အတန်းပိုင်ဒေါ်လဲ့လဲ့မာက

"ဆရာမကြီး..သူတို့နှစ်ယောက်ကလွင်ဘုန်းခေတ်ရဲ့သူငယ်ချင်းတွေ သူတို့သူငယ်ချင်းဘက်ကကာကွယ်ပေးနေတာနေမှာ" ဟု မာန်မလျော့ပဲ ပြောနေသေးသည့်အတွက် လှမြတ်လည်းစိတ်ဆိုးလာကာ

"အစ်မလည်း အစ်မတူမဘက်က လိုက်ပြီး လွင်ဘုန်းခေတ်ကိုရိုက်တဲ့အပြင်စိတ်ဒဏ်ရာရအောင်လုပ်ခဲ့တာပဲ" ဟု ပြောလိုက်ရာ

"ကျွန်မက သူ့အိတ်ထဲကလက်ပူးလက်ကြပ်မိလို့ ဆုံးမသင့်တာဆုံးမတာပဲ" ဟု လှမြတ်ထူးနှင့်ဒေါ်လဲ့လဲ့မာတို့နှစ်ယောက်ရန်ဖြစ်နေကြသည်ကို ဆရာမတွေနှင့်ဆယ်တန်းကျောင်းသားအားလုံးဝိုင်းကြည့်နေကြသည်..

"ကဲ..အားလုံးတော်ကြတော့..ကျွန်မကဒီကျောင်းရဲ့အကြီးအကဲတစ်ယောက်ဖြစ်တဲ့အတွက် မှန်မှန်ကန်ကန်ပဲစစ်ဆေးမှာပါ..အခုဒီမှာရှိနေတဲ့ကလေးတွေထဲက လွင်ဘုန်းခေတ်ရဲ့သူငယ်ချင်းနှစ်ယောက်ပြောတာမှန်လား..မှားလား သိတဲ့သူပြောပါ"

ထိုအခါ..ကျောင်းသားအားလုံးက
"သူတို့ပြောတာ..အမှန်တွေပါ.ဆရာမကြီး.."

ထို့နောက်ကျောင်းသားတစ်ယောက်က

"မနေ့ကသူတို့သုံးယောက်မုန့်စျေးတန်းသွားနေတုန်း လွင်ဘုန်းခေတ်ရဲ့ကျောပိုးအိတ်ကိုကိုင်တဲ့သူရှိပါတယ်" ဟု ပြောလိုက်သောအခါ..

"အဲဒီလူက ဘယ်သူလဲ" ဟု မေးလိုက်ရာ

"အိမ့်ကြည်ဖြူပါ ဆရာမကြီး သူကလွင်ဘုန်းခေတ်ကို ၉တန်းထဲကမကြည်တာ ကျွန်တော်တို့အားလုံးသိပါတယ် လွင်ဘုန်းခေတ်ကိုချောက်ချတာပါ" ဟု ပြောလိုက်ရာ ထိုအထဲမှဆရာမတစ်ယောက်က

"ဖြစ်နိုင်ပါတယ်ဆရာမကြီး..လွင်ဘုန်းခေတ်က အနေအေးတဲ့သူတစ်ယောက်ပါ သူ့ကိုအိမ့်ကြည်ဖြူရန်စစနေတာ ကျွန်မတို့လည်းသိပါတယ် အစ်မလဲ့လဲ့မာကိုတော့အားနာပါတယ်" ဟု ပြောလိုက်ရာ ဒေါ်လဲ့လဲ့မာ၏မျက်နှာသည်..ချက်ချင်းဆိုသလိုပျက်သွားပြီး..သူ့အပြစ်လွတ်အောင်

"ကျွန်မကတော့ သက်သေနဲ့တကွတွေ့လို့ရိုက်မိခဲ့တာပဲ ဆရာဆိုတာကျောင်းသားကိုလိမ္မာအောင်ဆုံးမရမယ့်တာဝန်ရှိတယ် မဟုတ်လား" ဟု လျှောချလေသည်..

"ခဏနေရင် လွင်ဘုန်းခေတ်ရဲ့အုပ်ထိန်းသူရောက်လာလိမ့်မယ် အဲဒီ့အခါဆရာမဘက်ကသူနားလည်အောင်ရှင်းပြပြီးတောင်းပန်ပါ..ကျွန်မလည်းဝင်ပြောပေးပါ့မယ်...သူကT&L groupရဲ့ဥက္ကဌဆိုတော့ ရှေ့နေတွေဘာတွေခေါ်ရင်ခေါ်လာနိုင်တယ် ဆရာမတို့အားလုံးလည်း ဆရာမဒေါ်လဲ့လဲ့မာအစားတောင်းပန်ပေးကြပါ.."

ထိုအခါT&L groupလို့ကြားတော့ အားလုံး၏မျက်နှာသည် ချက်ချင်းဆိုသလိုထိတ်လန့်သွားကြပြီး

"ဘုရား..ဘုရား..မြွေပွေးကိုမှတုတ်နဲ့သွားထိုးသလိုဖြစ်ပြီ...ငါတို့အားလုံးတော့အလုပ်ပြုတ်တော့မယ် ထင်တယ်" ဟု ပြောနေကြတော့ လှမြတ်လည်းမဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည်....

**********

လွင်ဘုန်းခေတ်မခိုးပဲချောက်ချခံခဲ့ရတဲ့အကြောင်းတစ်မနက်တည်းမှာတင်တစ်ကျောင်းလုံးနှင့်တစ်မြို့လုံးပြန့်သွားပြီး..လွင်ဘုန်းခေတ်သည် T&L groupရဲ့ဆက်ခံသူဆိုသည့်အကြောင်းပါ..ကျောင်းသားများနှင့်ကျောင်းစျေးရောင်းသည့်စျေးသည်တွေမှတဆင့် တစ်မြို့လုံးကိုအချိန်ခဏလေးအတွင်းပြန့်သွားသည်..

ထိုသတင်းသည်ဦးမင်းဇင်ထံသို့ပါရောက်ရှိသွားလေသည်..သမီးဖြစ်သူအိမ့်ကြည်ဖြူ၏လုပ်ရပ်ကြောင့်လည်းအရှက်ကွဲခဲ့ရပြီး..သမီးဖြစ်သူနှင့်ညီမဖြစ်သူဒေါ်လဲ့လဲ့မာတို့အတွက်T&L group ဥက္ကဌ​ကိုတောင်းပန်ဖို့ကျောင်းသို့လာခဲ့ရသည်..

ကျောင်းအုပ်ကြီး ရုံးခန်း၌ ဒေါ်ယမင်းသစ်နှင့်အတူရှေ့နေအဖွဲ့တို့လည်းရောက်နေသည်...
ကျောင်းအုပ်ကြီးမှ.

"ငါတောင်းပန်ပါတယ်..သစ်သစ်ရယ် မနေ့ကငါအစည်းအဝေးသွားနေတုန်းအနောက်မှာဖြစ်သွားတာပါ "

"နင်တောင်းပန်စရာမလိုပါဘူး...တောင်းပန်ရမှာက ခေတ်လေးကိုအခုလိုဖြစ်အောင်လုပ်တဲ့သူတွေပဲ"

"ခဏနေရင် သူတို့ရောက်လာပါလိမ့်မယ်"

"အင်းပါ..လှမြတ်လေးကိုလည်းကျေးဇူးတင်ပါတယ် ခေတ်လေးကိုစောင့်ရှောက်ပေးလို့" ဟု လှမြတ်ကိုကျေးဇူးတင်နေသဖြင့်

"မဟုတ်တာ..အန်တီယမင်းကလည်း..ခေတ်လေးကတခြားသူမှမဟုတ်တာ"

"ခေတ်လေးကိုအန်တီပြန်ခေါ်သွားပြီး...အိမ်မှာစိတ်ကျန်းမာရေးဆရာဝန်နဲ့ခေါ်ပြီးအနီးကပ်ကုသမယ် သူ့အခြေအနေတည်ငြိမ်သွားရင် နိုင်ငံခြားမှာပဲကျောင်းတက်ခိုင်းလိုက်တော့မယ်"

"ဟုတ်..အန်တီ" လှမြတ်ရဲ့ကလေးလေးနဲ့ခွဲရတော့မယ်ဆိုတော့ စိတ်မကောင်းပေ..ငိုချင်စိတ်ကိုထိန်းထားကာ ပြန်ပြောနေရသည်..

အကာရာကိုအကဲခပ်တော်တဲ့ဒေါ်ယမင်းသစ်တစ်ယောက် လှမြတ်ထူးရဲ့ပုံစံကိုကြည့်ကာ လွင်ဘုန်းခေတ်အပေါ်ကိုလှမြတ်ထူးသံယောဇဥ်ရှိနေကြောင်း အချိန်ခဏလေးအတွင်းရိပ်မိသွားသည်..ထို့ကြောင့်လွင်ဘုန်းခေတ်၏စိတ်အခြေအနေပြန်တည်ငြိမ်လာရင် လွင်ဘုန်းခေတ်အတွက်အရာရာစိတ်ချရသည့်လှမြတ်ထူးနှင့်လွင်ဘုန်းခေတ်ကို လက်ထပ်ပေးမည်ဟု စဥ်းစားမိနေသည်..

ဦးမင်းဇင်တစ်ယောက် ကျောင်းအုပ်ရုံးခန်းသို့ရောက်လာပြီး..

"ကျွန်တော့်သမီးနဲ့ကျွန်တော့်ညီမကိစ္စအတွက်ကျွန်တော်တောင်းပန်ပါတယ်" ဟု ဒေါ်ယမင်းသစ်အားတောင်းပန်လေသည်.

"ကျွန်မဒီကိုမရောက်ခင်တုန်းကတော့ တရားစွဲဖို့အတွက်ရှေ့နေအဖွဲ့တွေကိုပါခေါ်လာခဲ့တာ အခုဒီကိုရောက်တော့ ကျွန်မသူငယ်ချင်းဖြစ်တဲ့ဆရာမကြီးနဲ့ဆရာမတွေအားလုံးကဝိုင်းပြီးတောင်းပန်နေလို့...တရားမစွဲတော့တာပါ..ဒါပေမယ့်ကျွန်မကျေနပ်လားဆိုရင်တော့ မကျေနပ်ပါဘူး ကျွန်မတူမလေးနိုင်ငံခြားကပြန်လာတဲ့နေ့ကျရင်တော့ ရှင်တို့သတိထားနေပေါ့ ရှင်တို့လုပ်ငန်းတွေသူ့လက်ထဲမရောက်ချင်ရင်" ဟု ပညာတတ်ပီပီသသ စကားကိုလိမ္မာပါးနပ်စွာပြောပြီး ခြိမ်းခြောက်လိုက်သည်..

ဒေါ်ယမင်းသစ်အနေနှင့်လည်းသူ့အစ်မနှင့်ခဲအိုသေဆုံးမှုအတွက် သူစုံစမ်းသင့်သလောက်စုံစမ်းပြီးလို့ သိသင့်သလောက်သိနေပြီဖြစ်သည့်အတွက်အခုလိုတစ်ချက်ခုတ်နှစ်ချက်ပြတ်အောင်ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်...

ဦးမင်းဇင်ကတော့..စိတ်ထဲကမပါပဲတောင်းပန်နေရပေမယ့် အခုလိုခြိမ်းခြောက်ခြင်းခံလိုက်ရတော့ လွင်ဘုန်းခေတ်ကိုငယ်ငယ်ကတည်းကသူ့မိဘတွေနဲ့အတူအသေမသတ်လိုက်ရလို့ပိုပြီးဒေါသဖြစ်ပြီး..လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်..

ဦးမင်းဇင်လက်သီးဆုပ်ပြီးဒေါသထွက်နေသည်ကို ဦးမင်းဇင်ကိုအကဲခတ်နေသည့်ဒေါ်ယမင်းသစ်နှင့်လှမြတ်ထူးတို့နှစ်ယောက်လုံးသိကြသည်...

**********
ဒေါ်ယမင်းသစ်နှင့်လှမြတ်တို့ လွင်ဘုန်းခေတ်ဆီသို့ရောက်တော့

"အန်တီလေး" ဟု သူ့အဒေါ်ကိုပြေးဖက်သည်..

"ခေတ်လေး...အန်တီလေးတောင်းပန်ပါတယ်နော်" ဟု ဖက်ကာတောင်းပန်နေပေမယ့်

"ရပါတယ်..အန်တီလေးရဲ့ ကျွန်တော်ဘာမှမဖြစ်ပါဘူး" ဟု သူ့အန်တီရှေ့မှာသန်မာချင်ယောင်ဆောင်နေပြသည်ကိုမြင်တော့ လှမြတ်နဲ့ဒေါ်ယမင်းသစ်တို့နှစ်ယောက်လုံးပို၍ငိုချင်သွားသည်...

"ခေတ်လေး အန်တီလေးနဲ့အတူတူရန်ကုန်ကိုပြန်လိုက်ခဲ့ပါတော့နော်"

"ဟုတ်ကဲ့..အန်တီလေး ခေတ်ဒီမှာမနေချင်တော့ဘူး" ဟု ပြောနေသဖြင့်

"ခေတ်လေးရယ်...." ဟု ဒေါ်ယမင်းသစ်တစ်ယောက်လွင်ဘုန်းခေတ်ကိုဖက်ကာနှစ်သိမ့်ပေးနေသည်..

လှမြတ်လည်းထိုတူရီးနှစ်ယောက်ကိုကြည့်ကာ..မျက်ရည်များကျဆင်းနေသည်...

*******************************(

Continue Reading

You'll Also Like

555K 35.3K 71
"Sshhhhh....." he hushed and pinned us against the wall leaving no space between us. I held onto his biceps with my hand in reflex. He shook his head...
781K 110K 40
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...
817K 35.5K 57
"Mujhe jhelna mushkil hai nader," she said with a smile while her gaze was fixed on the table. ("It's difficult to tolerate me, Nader") "Main jhel l...
256K 3.5K 60
Hockey player Aiden Peters used to torment Alyssa Davis all throughout middle school because he hated her, right? It's Alyssa's first year of college...