My Warlock (Completed)
By KhamAung938
79K 4.2K 153
Wang Yibo; စုန်းမျိုးနွယ်က မျိုးရိုး ရှောင်းနဲ့ နာမည် ကျန့် ရှိတဲ့လူက ... More
e.p(1)သောက်ကလေးကရုပ်ဆိုး​ တယ်(သာက္ကေလးက႐ုပ္ဆိုးတယ္)
e.p-(2)ဝက်ဖက်တီးလေး
e.p-(3)သူစိမ်းလူကြီးကသားသားရဲ့gegeကိုခိုးဖို့လုပ်နေတယ်
e.p-(4)gegeကသားအပိုင်
e.p-6 who are you
e.p-7 Is he ogre?
e.p-8 yes, I am18 years old
e.p-9 လေးတယ်
e.p-10 gegeနာတယ်
e.p-11 ခွေးပေါက်လေး
e.p-12 ဝမ်အဆိုးလေး
e.p-13 drama king
e.p-14 red eyes
e.p-15နိုးထခြင်း
e.p-16 မျှော့ကြီး
e.p-17 ရှက်ရှက်
e.p-18 လုံးလုံးလေး
e.p-19 ​မြေပုံ
e.p-20 တူးနံ
e.p-21
e.p-22
e.p-23
e.p-24🌚
e.p-25(1)
e.p-25(2)
e.p-26(1)
e.p-26(2)
e.p-27
e.p-28
e.p-29
ရပ်နား
e.p-30
e.p-31
e.p-32
e.p-33
e.p-34
e.p-35
e.p-36
e.p-37
e.p-38(end)
Extra
e.p-5 မင်းကဘာကောင်လေးလဲ
2.2K 142 0
By KhamAung938
ရှောင်းကျန့်မနက်ထလာတော့ သူ့လက်က
ထုံကျင်နေတာကိုခံစားမိသည်။နောက်ပြီးတော့ ‌ အရင်ကထက်လေးလာတဲ့ဝက်ပေါက်ရဲ့ခန္ဓာကိုယ် ပြီးတော့ ခြေထောက်နဲ့လက်ကလဲအရင်ကထက်ရှည်လာသလိုပဲ။
ရှောင်းကျန့်တစ်ခုခုထူးဆန်းနေသလိုခံစား
ရသာမို့မဖွင့်ချင်သေးသောမျက်လုံးကို
အတင်ဖွင့်လိုက်တော့ ဝက်ပေါက်ကသူ့ရဲ့
ရင်ခွင်ထဲမှာဝင်ပြီးအိပ်နေတာပဲ။
ဒါကမထူးဆန်းဘူး ထူးဆန်းတာကအရင်ကထက် ရှည်လာတဲ့ ဝက်ပေါက်ရဲ့ အရပ်
ပြီးတော့ တစ်ညထဲနဲ့ ဘယ်လိုလုပ်ဒီ 3နှစ်
အရွယ် ကလေးက ဒီလောက်အရွယ်ရောက်လာရတာလဲ။
ရှောင်းကျန့်တို့လို စုန်းမျိုးစုန်းနွယ်မှာအရွယ်
ပြောင်း တဲ့ ကလေးတွေရှိပင်မဲ့ အခုလို
ချက်ချင်းကြီး 3နှစ်အရွယ်ကနေ 10နှစ်အရွယ် ကလေးဖြစ်လာတာလဲ ။အလွန်ဆုံး
အရွယ် ပြောင်း ‌ တဲ့ ကာလက 10နှစ်အထက် မှဖြစ်တတ်တာပါ။တာဆိုဝက်ပေါက်
ကစုန်းမျိုးနွယ်ကမဟုတ်ဘူးလား။
3နှစ်အရွယ်နဲ့ အရွယ်ပြောင်းကာလရောက်ရအောင် မင်းကဘယ်မျိုးနွယ် ကလဲ
ဟင် ဝက်ပေါက် ။ဒီအကြောင်းကို
ငါကျန်းချန်နဲ့ တိုင်ပင်ကြည့်ရ မယ်။
ဒါကတကယ်ထူးဆန်းတဲ့ ဖြစ်စဥ်ပဲ။
"gege"
ရှောင်းကျန့်ဝက်ပေါက်ကိုကြည့်ကာ အတွေးနွံ့ထဲနှစ်နေတုန်း ဝက်ပေါက်က နိုးလာကာ
သူ့ကိုခေါ်လိုက်သောကြောင့် ဝက်ပေါက်ကို
မျက်မှောင်ကြုတ်ကာကြည့်မိတော့ ဝမ်ပေါက်စ ကစိုးရိမ်တကြီး
"ညက သား အအိပ်ဆော့လို့လားဟင်"လို့ပြောလာတော့ ခေါင်းသာခါပြတော့သည်။
"တာဆိုဘာလို့လဲဟင်"
"မင်းကိုမင်း သေချာပြန်ကြည့် လေဘာတွေ
ပြောင်းလဲသွားလဲဆိုတာကို"
ဝမ်ပေါက်စကသူကိုယ်သူပြန်ငုံ့ကြည့်ကာ
သူလက်တွေကိုလဲကြည့် တယ် ‌ေခြတောက်
တွေကိုလဲစောင်ကို လှန်ပြီးကြည့် တယ်။
ပြီးတော့ခုတင်ပေါ်ကဆင်း ပြီး ရှောင်းကျန့်အခန်းထဲမှာရှိတဲ့တစ်ကိုယ်လုံး ပေါ်တဲ့
မှန်ကိုကြည့်တယ် ပုံစံမျိုးစုံလုပ်ကြည့်တယ်
ပြီးတော့ အံ့သြတဲ့ပုံစံနဲ့ရှောင်းကျန့်ကို လှည့်
ကြည့်လာတယ်ပြီးတော့သူကိုယ်သူလက်ညိုး
ထိုးပြီးတော့
"သားကိုယ်ဘာဖြစ်သွားတာလဲ
ဘာလို့သားလက်တွေကရှည်နေတာလဲ
ခြေထောက်ကကော ဘာလို့ရှည်နေတာလဲ
ဘာလို့လဲဟင် gegeဟင် ဘာလို့လဲ လို့"
သူကိုမေးခွန်းတွေကြီးဆက်တိုက်မေးနေတဲ့
ဝက်ပေါက်ကြောင့် ရှောင်းကျန့် ခေါင်းတောင်ကိုက်ချင်လာ ရသည်။
"gegeဖြေ ပေးပါ"
"မင်း အရွယ်ပြောင်းကာလကို ရောက်နေတာ"
ဟုပြောလိုက်တော့ ရှောင်းကျန့် ကိုအပြူးတာနဲ့ကြောင်ကြည့်နေသော ဝက်ပေါက်ကြောင့်
ပြောမီတဲ့ကိုယ်ပါးစပ်ကိုသာပိတ်ရိုက်လိုက်ချင်တော့တယ်။"ဒီစောက် ကလေးကဘယ်လိုလို့သိမှာလဲ ဟရှောင်းကျန့်ရ" ဟုကိုယ်ဘာသာရေရွတ်မိတော့ ။
"gegeဘာတွေပြောနေတာလဲဟင်"
ဟူသော ဝက်ပေါက်ရဲ့စကားကိုကြားရပြန်
သည်။
ရှောင်းကျန့်သက်ပြင်းတစ်ချက်ချလိုက်ပြီး
ခေါင်းခါပြလိုက်ကာဘာမှ
မဟုတ်ကြောင်းသာပြောလိုက်တော့သည်။
"gegeအရွယ်ပြောင်းကာလဆိုတာ ဘာကြီးလဲဟင်"
ထပ်မေးလာတဲ့ဝက်ပေါက်ကြောင့်ရှင်းပြရန်
မှတစ်ပါး ကျန်သာမရှိတာမို့ ရှောင်းကျန့်ရှင်းပြရတော့သည်။
"အရွယ်ပြောင်ကာလ ဆိုစုန်းတွေမှာ ဖြစ်တတ်တဲ့ မျိုးရိုးဘီဇ ပဲ အရွယ်ပြောင်းကာလ
ကတစ်ယောက်နဲ့တစ်ယောက်မတူကြဘူး
တာပင်မဲ့ တူတာတစ်ခု10နှစ်အရွယ်ပြီးမှစကြ
တာများတယ် အရွယ်ပြောင်းစုန်း တွေက
သူတို့အရွယ်တွေတာပြောင်းသွားတာ
သူတို့ရဲ့ညဏ်နဲ့အကျင့်စရိုက်တွေတော့မပြောင်းပဲ အရင်တိုင်ပဲ အဲ့ကြောင့်မို့
အရွယ်ပြောင်းကာလကို ဖြတ်ကျော်ပြီတဲ့
စုန်းတိုင်းကို အစစအရာရာ သေချာသင်ပေးရတယ် အရမ်းလဲဂရုတစိုက် ကို စောင့်ကြည့်
ရမယ့်အရွယ်လဲဖြစ်် တစ်ခုခုလွှချော်တာနဲ့
သူတို့ဘဝ ဘယ်တော့မှအရွယ်ရောက်တဲ့
စုန်းဖြစ်လာတော့မှာမဟုတ်ဘူး"
"သားကအခုမှ 3နှစ်ပဲရှိသေးတာလေလို့"
"အင်း အဲ့ကိစ္စကိုငါလဲမသိသေးဘူး
နောက်မှအဖြေရှာကြတာပေါ့"
"ဟုတ်"
"အခုတော့မျက်နှာသစ် သွားတိုက်အဝတ်လဲပြီးတော့ မနက်စာသွားစားမယ်"
"ဟုတ်"
ရှောင်းကျန့်လဲအိပ်ယာမှထကာ မနက်ခင်း
ကိစ္စများကိုပြုလုပ်ပြီး ထမင်းစားခန်းတို့
သွားရန်လှေကားနာရောက်တော့ ဝမ်းပေါက်
ကတစ်ပတ်တစ်ထည်ကိုပတ်ကာ အနားရောက် လာတာမို့ကြောင်သွားသည်။
မျက်နှာကလဲစူပုတ်ပုတ်နဲ့။
"gege သားအဝတ်တွေဝတ်လို့မရတော့ဘူး"
"အကုန်သေးကုန်ပြီ "
"မင်းက ကြီးလာမှတော့ မင်းဝတ်တွေကသေး
သွားမှာပေါ့"
"တာဆိုဘယ်လိုလုပ်မလဲ သားက ကိုယ်တီးလုံးနဲ့နေရမှာလား"
"နေစရာမလို"
ဟုရှောင်းကျန့်ပြောလာတော့မျက်လုံးဝိုင်းဝိုင်းနဲ့ သူကိုကြည့်နေ တာကြောင့်
"မင်းအခန်းထဲသွားရအောင်လာ"
ဟုဆိုကာရှေ့ကသွားလိုက်တော့ နောက်ကနေ
အူကြောင်ကြောင် ရုပ်လေးဖြစ်လိုက်လာသော ဝက်ပေါက်ကြောင့် တစ်ချက်ပြုံးမိ
လိုက်‌သေးသည်။
ရှောင်းကျန့် ဝမ်ပေါက်စရဲ့အခန်းထဲရောက်တော့အဝတ်ဘီဒိုကိုဖွင့်လိုက်ကာ
အရွယ်အစားသေးနေသောအဝတ်များကို
ကြီး စေရန် မန္ဒန်တစ်ခုကိုရွတ်လိုက်သည်
နှင့်တစ်ပြိုင်တည် အပြာရောင်အလင်းတန်း
များသည် ဘီဒိုတစ်ခုလုံးကိုလင်းထိန်သွား
ပြီး အလင်းတန်းများပျောက်သွားပြီးနော်
အရွယ်သေးနေလို့ ဝတ်လို့မရသော အဝတ်များ ချက်ချင်ပင်ဆယ်နှစ်အရွယ်ကလေး တစ်ယောက်ရဲ့အရွယ်အစားအဖြစ် ကြီးလာသည်ကို တွေ့လိုက် ရသော ဝမ်ပေါက်ကလေး
သည် ပါးစပ်လေး ဟကာကြည့်နေမိတော့သည်။
ရှောင်းကျန့်အံ့အားသင့်နေသောဝမ်ပေါက်ကို
ကြည့်ကာတစ်ချက်ပြုံးလိုက်ပြီး
"အခုအဝတ်လဲလို့ရပြီ "ဟုပြောကာ
ဝက်ပေါက်ရဲ့အခန်းထဲကနေထွက်လာတော့
သည်။
ရှောင်းကျန့်ထမင်းစားခန်းထဲရောက်တော့
ကျန်းချန်ကမနက်စားနေသည်ကိုတွေ့လိုက်ရတာကြောင့် ဝက်ပေါက်ရဲ့အကြောင်းကိုပြော
ပြရန် တွေးလိုက်ပြီးကျန်းချန်ရဲ့ရှေ့မှာဝင်ထိုင်လိုက်တော့သည်။
"အား သဲလေးနိုးပြီးလား တာနဲ့ သဲလေးရဲ့
မျှော့လေကော မဆင်းလာသေးဘူးလား"
"မဆင်းလာသေးဘူး"
"အော်"
"ကျန်းချန် ငါမင်းကိုပြောစရာရှိတယ်"
"အင်း ပြောလေ"
"gegeရေ သားဆင်လာပြီ"
ဟုအော်၍ဆင်းလာသောဝက်ပေါက်ကြောင့်ရှောင်းကျန့် ပြောရမဲ့စကားရိုပြန်မြိုချလိုက်
ရတော့သည်။
ကျန်းချန်းကတော့အသံလာရာကိုလှည့်ကြည့်လိုက်ပြီး တော်တော်အံ့သြမိသွားသည်။
ဒီကလေးကဘယ်လိုလုပ်အရွယ်ပြောင်းကာလ ကိုရောက်နေတာလဲ ပြီတော့ထပ်ပြီး
အရွယ်ပြောင်းဖို့လဲရှိနေသေးတာလား။
စုန်းတွေမှာတစ်ခါပဲအရွယ်ပြောင်းကာလရှိတာလေ တာဆို ဒီမျှော့ကောင်က စုန်းမျိုးနွယ်မဟုတ်ဘူးလား။ကျန်းချန်တွေနေရင်
နဲ့မျက်မှောင်ကြုတ်လိုက်ပြီးရှောင်းကျန့်ကို
ကြည့်လိုက်တော့
"ငါမင်းကိုပြောချင်တာဒီကိစ္စပဲ"ဟု ရှောင်းကျန့်ကပြောလိုက်တာမို့ခေါင်းတာငြိမ့်
ပြလိုက်တော့သည်။
"လာကိစ္စလဲဟင်gege"ဟုပြောပြီးကျန်းချန်ကိုမျက်စောင်းထိုး ရှောင်းကျန့်ရဲ့ပေါင်ပေါ်
ခပ်တည်တည်နဲ့တက်ထိုင်လိုက်သော ဝက်ပေါက်စ ကြောင့် ကျန်းချန်မှာကြောင်
တောင်ကြောင်သွားသည်။
ဝက်ပေါက်စရဲ့အမေးကိုရှောင်းကျန့်က
"ဘာမှမဟုတ်ဘူး"ဟုသာပြောပြီး
kကိုဝက်ပေါက်အတွက် မနက်စာယူလာခိုင်း
တော့ kလဲဝက်ပေါက်ရဲ့ ပုံစံကြောင့်အံ့သြသွားပြီးနောက်တော့ဘာမှနားမလည်တဲ့
ကြောင်စုတ်ကဝက်ပေါက်ကို
"ငါတို့ဝမ်ဝမ်လေးက ထူးခြားတဲ့အစွမ်းရှိလို့
မြန်မြန်အရွယ်ပြောင်းကာလကိုရောက်တာနေမယ်"လို့တောင်ချီးကျူးလိုက်သေး။
ဟိုပေါက်စကလဲသိပ်မကြိုက်ရှာပါဘူး
တပြုံးပြုံးနဲ့မနက်စာ စားနေလေရဲ့။
ရှောင်းကျန့် တို့3ယောက် မနက်စာ စာပြီးတော့ဝက်ပေါက်ကို kကိုထိုင်းပြီး
သူကတော့ကျန်းချန်နဲ့ဆွေးနွေးစရာရှိတာမို့
စာကြည့်ခန်းကိုသာနှစ်ယောက်သာသွားကြ
ကြောင့်ကျန်ခဲ့သူဝက်ပေါက်မှာ စူပုတ်ပုတ်
နဲ့သာကေကေနဲ့အတူခဲ့ရတော့သည်။
ရှောင်းကျန့်နဲ့ကျန်းချန်စာကြည့်ခန်းထဲရောက်တော့ တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်ကာ ပြိုင်တူ သက်ပြင်းချ လိုက်မိတော့သည်။ နှစ်ယောက်သာမျက်နှာချင်ဆိုင်
ထိုင်လိုက်ပြီး
"မင်းခေါ်လာတဲ့ကောင်လေးကစုန်းမျိုးနွယ်ကမဟုတ်ဘူးလား"
ဟုကျန်းချန်မှအရင်မေးလိုက်တော့
"ငါလဲ မသိဘူး ခေါ်လာတုန်းကငါလဲ စုန်းမျိုးနွယ်ကလို့ပဲထင်ခဲ့တာ"
"သူ့ရဲ့အရွယ်ပြောင်းကာလကစော်လွန်းနေ
တယ်ပြီးတော့သူ့ရဲ့ အရွယ်ပြောင်းကာလက
လဲပြီးသေးပုံမပေါ်ဘူး"
"တကယ်ပဲဝက်ပေါက်ကဘာမျိုးနွယ်ကလဲ"
"ဘာမျိုးနွယ်ပဲဖြစ်ဖြစ် မင်းသတိတော့ထားသင့်တယ် "
"ဝက်ပေါက် ကဘာအန္ဓာရယ်မှတော့ငါတို့ကို
မလုပ်လောက်ပါဘူး"
"ဒီလိုလုပ်ပါလား မင်းရဲ့မျှော့လေးက ဘာ
မျိုးနွယ်စုကလဲဆိုတာသိရအောင် အကြီး
အကဲဆီမှာ သွားမေးရအောင်"
"ငါမလိုက်ချင်ဘူးကျန်းချန်"
"မင်းလိုက်မှ ရမှာပေါ့ မင်းရဲ့မျှော့လေးအကြောင်းကို မင်းပဲသိတာငါဘာမှသိတာမဟုတ်ဘူး"
"တာပင်မဲ့ ကျန်းချန်" ရှောင်းကျန့် ပြောလို့
တောင်မပြီးလိုက်ခင်မှာပင်ကျန်းချန်က
ဖြတ်ပြောလိုက်သည်။
"ဘာမှတာပင်မဲ့တွေလုပ်မနေနဲ့ရှောင်းကျန့်
မင်းငါနဲ့လိုက်ရမယ်"လို့ပြောကာ
ထွက်သွားတော့သည်။
ကျန်ခဲ့တဲ့ရှောင်းကျန့်မှာတော့ဘာစဥ်းစား
မှန်းမသိ ငြိမ်နေကာမျက်လုံးများကလဲ
အသက်မဲ့နေပြီး တစ်ယောက်ထဲအခန်းထဲ
တွင် အဖော်မဲ့စွာထိုင်နေတော့သည်။
ခဏအကြာမှာတော့ရှောင်းကျန့်ရဲ့နှုတ်ခမ်းမှ
စကားသံထွက်လာတော့သည်။
"ဝက်ပေါက်မင်းကတကယ်ပဲ ဘာကာင်လေးလဲ"
ဟူသောစကားသံက အခန်းထဲမှဖြေငြင်းစွာထွက်သွားလာ‌ေတာ့သည်။
..................................
ဟင် ဝက်ပေါက် ။ဒီအကြောင်းကို
"gege"
"တာဆိုဘာလို့လဲဟင်"
သူလက်တွေကိုလဲကြည့် တယ် ခွေတောကျ
ထိုးပြီးတော့
"gegeဖြေ ပေးပါ"
သည်။
ရမယ့်အရွယ်လဲဖြစ် တစ်ခုခုလွှချော်တာနဲ့
"ဟုတ်"
"ဟုတ်"
"အကုန်သေးကုန်ပြီ "
သွားမှာပေါ့"
"နေစရာမလို"
လိုက်သေးသည်။
သည်။
"မဆင်းလာသေးဘူး"
"အော်"
"အင်း ပြောလေ"
"gegeရေ သားဆင်လာပြီ"
ရတော့သည်။
ကြည့်လိုက်တော့
ပြလိုက်တော့သည်။
တောင်ကြောင်သွားသည်။
ထိုင်လိုက်ပြီး
မလုပ်လောက်ပါဘူး"
ဖြတ်ပြောလိုက်သည်။
မင်းငါနဲ့လိုက်ရမယ်"ဟုပြောကာ
ထွက်သွားတော့သည်။
စကားသံထွက်လာတော့သည်။
ဟုပြောကာ အခန်းထဲမှဖြေငြင်းစွာထွက်သွားဝောာ့သည်။
..................................
Continue Reading
You'll Also Like
233K 25.5K 17
AKSHAT SINGHANIA - A literature professor in Singania Institute of Arts and Commerce. He is soft and caring person with a tough exterior, who doesn'...
860K 8.5K 68
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
5.6M 230K 68
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
796K 80.1K 55
3 lives got entangled due to the twisted Destiny...... Vidyut Rajvanshi married his college sweetheart Sanjana and was leading a happy life ......bot...