[Unicode]
အနှီးစဖြူဖြူဖြင့်ထုတ်ကာ မချီတတ်ချီတတ်ဖြင့် သူ့ရင်ခွင်ထဲ မရဲတရဲပွေ့ပိုက်ထားသည့်ရက်သားကလေးငယ်လေး။
"နန်းကျမိဖုရားတစ်ပါးက အရှင်မင်းကြီးအပေါ် ဘာကိစ္စဒီလိုပြုမူရဲရတာလဲ"
ဒေါသတကြီးထွက်ပေါ်လာသောကြင်ယာတော်ဂိုရဲ့အသံမာမာကြောင့် ထယ်ယောင်းကိုယ်လေးဆတ်ကနဲပင်တုန်သွားသည်။ ထယ်ယောင်းသာမက ရင်ခွင်ထဲမှ ကလေးငယ်သည်လဲ ထိုအသံကြောင့်လန့်ကာ စီကနဲအော်ငိုတော့၏။
အငိုတိတ်အောင်တစ်ခါမှမချော့မြူဖူးသေးသည်မို့ နီတာရဲအကောင်ပေါက်လေးရဲ့ စူးနစ်စွာအော်မြည်သံ၌ သူ့ကမ္ဘာပျက်တော့မလိုခံစားနေရသည်။ လက်ပေါ်မှလူးလွန့်လာပြီဖြစ်သော ကလေးအားလည်းဆက်မထိန်းနိုင်တော့ပြီ။ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိတဲ့အနေအထားမှာ အရှေ့မှ အရှင့်ကိုအားကိုးတကြီးမော့ကြည့်လိုက်မိတော့....
သူ့ကိုပြန်ကြည့်နေသော ဗလာကျင်းနေတဲ့အရှင့်မျက်ဝန်းတွေ။ အော်ငိုနေသည့်ကလေးငယ်ကိုလဲအရှင်က ဂရုထားမိဟန်မတူဘဲ သူ့ကိုသာကြည့်နေသည်။
"အခုချက်ချင်း နန်းကျဆောင်ကိုပြန်လိုက်ပါ"
သူ့လက်မောင်းအား ကြမ်းတမ်းစွာဆွဲကိုင်ရင်း အရှင့်အရှေ့မှ ကရောသောပါးဆွဲထုတ်သည့် ကြင်ယာတော်ဂို။ပုံမာန်ထက် နုနယ်နေသည့်အသွေးအသားက မိန်းကလေးတစ်ယောက်ရဲ့အား၌ပင် အသည်းခိုက်အောင်နာကျင်သလိုရှိသည်မို့ မျက်ရည်တို့စို့တက်လာရသည်။
"မယ်မယ်...ဒီလိုလုပ်လို့မဖြစ်ပါဘူး..."
ကလေးငိုသံဆူညံနေသည့်ကြားမှာအထိန်းတော်ကြီးဆီမှအော်သံကလဲ ကရောသောပါးထွက်လာပြန်၏။
"မယ်မယ် မလုပ်ပါနဲ့..."
အထိန်းတော်ကြီးက ကြင်ယာတော်ဂိုကိုဆွဲနေသလို ကြင်ယာတော်ဂိုကလဲ ကလေးပိုက်ထားသည့်ထယ်ယောင်းအား ဆွဲနေသည်။ ထယ်ယောင်းတို့ရဲ့လက်ရှိ အခြေအနေဟာ ဖရိုဖရဲဖြင့်...။
"အခုဒါကဘာဖြစ်နေကြတာလဲ"
နန်းဆောင်ထဲသို့ဝင်လာသည့်နန်းမတော်က သူတို့အခြေအနေကြောင့် အံ့ဩသွားပုံရသည်။တစီစီအော်ငိုနေသည့်ထယ်ယောင်းလက်ထဲမှကလေးဆီအကြည့်ရောက်လာကာ...
"ပုခက်ထဲရှိနေရမယ့်ကလေးကို ဘာလို့ခေါ်ထုတ်လာရတာလဲ..."
နန်းမတော်ရဲ့အမေးကိုထယ်ယောင်းမဖြေတတ်စွာနှုတ်ဆိတ်ရင်း ကလေးအားအငိုတိတ်ရန် အထိန်းတော်လီလုပ်သလို လုပ်ချင်ပေမယ့် အခွင့်မသာ။
"ကလေးဒီလောက်အထိငိုနေတာတောင် ဖရိုဖရဲနဲ့ဘာဖြစ်နေကြတာလဲ"
ထိုအခါမှ ကြင်ယာတော်ဂိုက ထိတ်လန့်တကြားဖြင့် ထယ်ယောင်းလက်အားလွှတ်လိုက်သည်။ သူမကိုယ်တိုင်လဲနန်းမတော်ရောက်လာမည်ဟုမထင်ထားခဲ့၍ ယခုလိုဖြစ်ရပ်အတွက် စိုးရွံ့သွားသည်ပင်။
"မယ်မယ်...နန်းကျမိဖုရားက အရှင့်ခွင့်ပြုချက်မရှိဘဲ အရှင့်နန်းဆောင်ကိုရောက်လာတာပါ...အရေးယူပေးပါ"
'ဖြန်း!!'
ကြင်ယာတော်ဂိုရဲ့ မျက်နှာလှည့်ထွက်သွားသည်။ နန်းမတော်က ကြင်ယာတော်ဂိုကို ပါးရိုက်လိုက်တာတဲ့လား။
အရှင်အပါအဝင် အားလုံးက အံ့ဩမှုဖြင့်မျက်လုံးများဝိုင်းကနဲ။ကြင်ယာတော်ဂိုကတော့ နာကျင်သွားသည့် ပါးအားလက်ဖြင့်အုပ်ကိုင်ကာ နန်းမတော်ကို နားမလည်သလိုကြည့်၏။
နန်းမတော်က သူ့ဝတ်ရုံစအားတင်းတင်းဆုပ်လျက်...
"အဲဒီနန်းကျမိဖုရားက အရှင့်သွေးသားကိုမွေးဖွားပေးထားတဲ့သူဆိုတာကိုရောသတိရသေးရဲ့လား... ဘာလို့လက်လွတ်စပယ်ပြုမူနိုင်ရတာလဲ...အခု အပြစ်ပေးအရေးယူခံရမယ့်သူက ဘယ်သူလဲဆိုတာမယ်မင်းသိတယ်မလား"
"တောင်း...တောင်းပန်ပါတယ်မယ်မယ်..."
ကြင်ယာတော်ဂိုက ဒူးထောက်ထိုင်ချကာ ချက်ချင်းပင်တောင်းပန်သည်။အရှင်အပါအဝင် သူ့ဘက်မှာဘယ်သူမှရှိမနေတော့ဘူးလို့ထင်လိုက်တဲ့အချိန် နန်းမတော်ဆီကရရှိလိုက်တဲ့ ကာကွယ်မှုတစ်ခုကြောင့် ခုနကတည်းကစို့နေသည့် ထယ်ယောင်းမျက်ရည်တို့ကျလာရသည်။
"အပြစ်ခံယူဖို့ပြင်ဆင်ထားလိုက်...အခုတော့ ဒီကနေထွက်သွား..."
အရှင့်ကိုရော နန်းမတော်ကိုပါနှုတ်မဆက်နိုင်ဘဲ ထယ်ယောင်းအားစူးစူးနစ်နစ်ကြည့်ပြီး ထထွက်သွားသည့်ကြင်ယာတော်ကို။
"မယ်တော်ဒီကိုဘာလာလုပ်တာလဲ"
"ငါ့သားရဲ့နန်းဆောင်က ငါ့ကိုမကြိုဆိုချင်ဘူးထင်တယ်..."
"မယ်တော်သိနေသားပဲ"
တင်းမာနေသည့် သားအမိနှစ်ယောက်ရဲ့ဆက်ဆံရေးကြား ထယ်ယောင်းမနေလိုတော့ပြီမို့ အသာထွက်လာဖို့ပြင်လိုက်သည်။
"အရှင်မင်းကြီးရဲ့သွေးသားပါ...အရှင်မင်းကြီးချစ်မြတ်နိုးခဲ့တဲ့ကြင်ယာတော်တစ်ယောက်ဆီက အသက်နဲ့အလှဲအလှယ်လုပ်ပြီးရောက်ရှိလာတဲ့ အရှင့်သွေးသားလေးပါ..."
ငိုသံနက်နက်ဖြင့်အော်ကာပြောလိုက်သည့်နန်းမတော်ရဲ့စကားမှာ လှမ်းရန်ပြင်လိုက်သည့်ထယ်ယောင်းခြေလှမ်းတို့ဟာ တုန့်ကနဲရပ်တန့်သွားသည်။နန်းမတော်အား မော့ကြည့်လိုက်တော့ မျက်ရည်တို့ဖြင့်။
The Love Sleeping Under The Moonlight
Create by Jin's Jin Isle From BTS World
Novel by SawLwinYar
Edition လုပ်ထားတဲ့ Intro လေးပေါ့ကွယ်👀
[Zawgyi]
အႏွီးစျဖဴျဖဴျဖင့္ထုတ္ကာ မခ်ီတတ္ခ်ီတတ္ျဖင့္ သူ႔ရင္ခြင္ထဲ မရဲတရဲေပြ႕ပိုက္ထားသည့္ရက္သားကေလးငယ္ေလး။
"နန္းက်မိဖုရားတစ္ပါးက အရွင္မင္းႀကီးအေပၚ ဘာကိစၥဒီလိုျပဳမူရဲရတာလဲ"
ေဒါသတႀကီးထြက္ေပၚလာေသာၾကင္ယာေတာ္ဂိုရဲ႕အသံမာမာေၾကာင့္ ထယ္ေယာင္းကိုယ္ေလးဆတ္ကနဲပင္တုန္သြားသည္။ ထယ္ေယာင္းသာမက ရင္ခြင္ထဲမွ ကေလးငယ္သည္လဲ ထိုအသံေၾကာင့္လန႔္ကာ စီကနဲေအာ္ငိုေတာ့၏။
အငိုတိတ္ေအာင္တစ္ခါမွမေခ်ာ့ျမဴဖူးေသးသည္မို႔ နီတာရဲအေကာင္ေပါက္ေလးရဲ႕ စူးနစ္စြာေအာ္ျမည္သံ၌ သူ႔ကမာၻပ်က္ေတာ့မလိုခံစားေနရသည္။ လက္ေပၚမွလူးလြန႔္လာၿပီျဖစ္ေသာ ကေလးအားလည္းဆက္မထိန္းႏိုင္ေတာ့ၿပီ။ဘာလုပ္လို႔ဘာကိုင္ရမယ္မွန္းမသိတဲ့အေနအထားမွာ အေရွ႕မွ အရွင့္ကိုအားကိုးတႀကီးေမာ့ၾကည့္လိုက္မိေတာ့....
သူ႔ကိုျပန္ၾကည့္ေနေသာ ဗလာက်င္းေနတဲ့အရွင့္မ်က္ဝန္းေတြ။ ေအာ္ငိုေနသည့္ကေလးငယ္ကိုလဲအရွင္က ဂ႐ုထားမိဟန္မတူဘဲ သူ႔ကိုသာၾကည့္ေနသည္။
"အခုခ်က္ခ်င္း နန္းက်ေဆာင္ကိုျပန္လိုက္ပါ"
သူ႔လက္ေမာင္းအား ၾကမ္းတမ္းစြာဆြဲကိုင္ရင္း အရွင့္အေရွ႕မွ ကေရာေသာပါးဆြဲထုတ္သည့္ ၾကင္ယာေတာ္ဂို။ပုံမာန္ထက္ ႏုနယ္ေနသည့္အေသြးအသားက မိန္းကေလးတစ္ေယာက္ရဲ႕အား၌ပင္ အသည္းခိုက္ေအာင္နာက်င္သလိုရွိသည္မို႔ မ်က္ရည္တို႔စို႔တက္လာရသည္။
"မယ္မယ္...ဒီလိုလုပ္လို႔မျဖစ္ပါဘူး..."
ကေလးငိုသံဆူညံေနသည့္ၾကားမွာအထိန္းေတာ္ႀကီးဆီမွေအာ္သံကလဲ ကေရာေသာပါးထြက္လာျပန္၏။
"မယ္မယ္ မလုပ္ပါနဲ႔..."
အထိန္းေတာ္ႀကီးက ၾကင္ယာေတာ္ဂိုကိုဆြဲေနသလို ၾကင္ယာေတာ္ဂိုကလဲ ကေလးပိုက္ထားသည့္ထယ္ေယာင္းအား ဆြဲေနသည္။ ထယ္ေယာင္းတို႔ရဲ႕လက္ရွိ အေျခအေနဟာ ဖ႐ိုဖရဲျဖင့္...။
"အခုဒါကဘာျဖစ္ေနၾကတာလဲ"
နန္းေဆာင္ထဲသို႔ဝင္လာသည့္နန္းမေတာ္က သူတို႔အေျခအေနေၾကာင့္ အံ့ဩသြားပုံရသည္။တစီစီေအာ္ငိုေနသည့္ထယ္ေယာင္းလက္ထဲမွကေလးဆီအၾကည့္ေရာက္လာကာ...
"ပုခက္ထဲရွိေနရမယ့္ကေလးကို ဘာလို႔ေခၚထုတ္လာရတာလဲ..."
နန္းမေတာ္ရဲ႕အေမးကိုထယ္ေယာင္းမေျဖတတ္စြာႏႈတ္ဆိတ္ရင္း ကေလးအားအငိုတိတ္ရန္ အထိန္းေတာ္လီလုပ္သလို လုပ္ခ်င္ေပမယ့္ အခြင့္မသာ။
"ကေလးဒီေလာက္အထိငိုေနတာေတာင္ ဖ႐ိုဖရဲနဲ႔ဘာျဖစ္ေနၾကတာလဲ"
ထိုအခါမွ ၾကင္ယာေတာ္ဂိုက ထိတ္လန႔္တၾကားျဖင့္ ထယ္ေယာင္းလက္အားလႊတ္လိုက္သည္။ သူမကိုယ္တိုင္လဲနန္းမေတာ္ေရာက္လာမည္ဟုမထင္ထားခဲ့၍ ယခုလိုျဖစ္ရပ္အတြက္ စိုး႐ြံ႕သြားသည္ပင္။
"မယ္မယ္...နန္းက်မိဖုရားက အရွင့္ခြင့္ျပဳခ်က္မရွိဘဲ အရွင့္နန္းေဆာင္ကိုေရာက္လာတာပါ...အေရးယူေပးပါ"
'ျဖန္း!!'
ၾကင္ယာေတာ္ဂိုရဲ႕ မ်က္ႏွာလွည့္ထြက္သြားသည္။ နန္းမေတာ္က ၾကင္ယာေတာ္ဂိုကို ပါး႐ိုက္လိုက္တာတဲ့လား။
အရွင္အပါအဝင္ အားလုံးက အံ့ဩမႈျဖင့္မ်က္လုံးမ်ားဝိုင္းကနဲ။ၾကင္ယာေတာ္ဂိုကေတာ့ နာက်င္သြားသည့္ ပါးအားလက္ျဖင့္အုပ္ကိုင္ကာ နန္းမေတာ္ကို နားမလည္သလိုၾကည့္၏။
နန္းမေတာ္က သူ႔ဝတ္႐ုံစအားတင္းတင္းဆုပ္လ်က္...
"အဲဒီနန္းက်မိဖုရားက အရွင့္ေသြးသားကိုေမြးဖြားေပးထားတဲ့သူဆိုတာကိုေရာသတိရေသးရဲ႕လား... ဘာလို႔လက္လြတ္စပယ္ျပဳမူႏိုင္ရတာလဲ...အခု အျပစ္ေပးအေရးယူခံရမယ့္သူက ဘယ္သူလဲဆိုတာမယ္မင္းသိတယ္မလား"
"ေတာင္း...ေတာင္းပန္ပါတယ္မယ္မယ္..."
ၾကင္ယာေတာ္ဂိုက ဒူးေထာက္ထိုင္ခ်ကာ ခ်က္ခ်င္းပင္ေတာင္းပန္သည္။အရွင္အပါအဝင္ သူ႔ဘက္မွာဘယ္သူမွရွိမေနေတာ့ဘူးလို႔ထင္လိုက္တဲ့အခ်ိန္ နန္းမေတာ္ဆီကရရွိလိုက္တဲ့ ကာကြယ္မႈတစ္ခုေၾကာင့္ ခုနကတည္းကစို႔ေနသည့္ ထယ္ေယာင္းမ်က္ရည္တို႔က်လာရသည္။
"အျပစ္ခံယူဖို႔ျပင္ဆင္ထားလိုက္...အခုေတာ့ ဒီကေနထြက္သြား..."
အရွင့္ကိုေရာ နန္းမေတာ္ကိုပါႏႈတ္မဆက္ႏိုင္ဘဲ ထယ္ေယာင္းအားစူးစူးနစ္နစ္ၾကည့္ၿပီး ထထြက္သြားသည့္ၾကင္ယာေတာ္ကို။
"မယ္ေတာ္ဒီကိုဘာလာလုပ္တာလဲ"
"ငါ့သားရဲ႕နန္းေဆာင္က ငါ့ကိုမႀကိဳဆိုခ်င္ဘူးထင္တယ္..."
"မယ္ေတာ္သိေနသားပဲ"
တင္းမာေနသည့္ သားအမိႏွစ္ေယာက္ရဲ႕ဆက္ဆံေရးၾကား ထယ္ေယာင္းမေနလိုေတာ့ၿပီမို႔ အသာထြက္လာဖို႔ျပင္လိုက္သည္။
"အရွင္မင္းႀကီးရဲ႕ေသြးသားပါ...အရွင္မင္းႀကီးခ်စ္ျမတ္ႏိုးခဲ့တဲ့ၾကင္ယာေတာ္တစ္ေယာက္ဆီက အသက္နဲ႔အလွဲအလွယ္လုပ္ၿပီးေရာက္ရွိလာတဲ့ အရွင့္ေသြးသားေလးပါ..."
ငိုသံနက္နက္ျဖင့္ေအာ္ကာေျပာလိုက္သည့္နန္းမေတာ္ရဲ႕စကားမွာ လွမ္းရန္ျပင္လိုက္သည့္ထယ္ေယာင္းေျခလွမ္းတို႔ဟာ တုန႔္ကနဲရပ္တန႔္သြားသည္။နန္းမေတာ္အား ေမာ့ၾကည့္လိုက္ေတာ့ မ်က္ရည္တို႔ျဖင့္။
The Love Sleeping Under The Moonlight
Create by Jin's Jin Isle From BTS World
Novel by SawLwinYar
Edition လုပ္ထားတဲ့ Intro ေလးေပါ့ကြယ္👀