Unicode
နောက်တစ်နေ့မနက်
သဲကြင်ယာ မနက်နိုးလာခဲ့တယ်။နိုးလာတော့ မိန်မိန့်က ကျောင်းသွားဖို့တောင်ပြင်ဆင်နေပြီ....
"မိန့်မိန့် ကိုကိုလိုက်ပို့ရမလား..."
"ကိုကိုသာ ဂရုစိုက်သွားပါ...ညီမလေးက ရတယ်..."
"ဒါဆို သွားတော့လေ.."
မိန့်မိန့်ထွက်သွားမှ သဲကြင်ယာလဲ ရေချိုး သွားတိုက်ကာ ပြင်ဆင်ရတော့တယ်။ပြင်ဆင်ပြီးတော့ ထမင်းနဲ့ တို့ဖူးသုတ်နဲ့ စားပြီး ရာဇာတို့အိမ်ကိုထွက်လာခဲ့တယ်။
လာနေရင်း လမ်းမှာ...
"ဟိတ်...သဲကြင်ယာပါလား..."
သဲကြင်ယာ မျက်နှာ မဲ့ပြစ်လိုက်တယ်။လမ်းနားက လူတွေက လိုက်နှောက်ယှက်ဖို့ပဲသိတယ်။
"အရှေ့က ဖယ်စမ်းပါ..."
"အစွာလေးပါလား..."
အမူးသမား၂ယောက်က သဲကြင်ယာရဲ့လက်ကို ဆွဲလိုက်တာကြောင့် လက်ဆစ် နဲနဲလွဲသွားသလိုပင်။သဲကြင်ယာက နဂိုထဲက အသားကဖြူပြီး ပိန်ပိန်သေးသေးလေးမို့လို့ အမူးသမားတွေရဲ့ ကြမ်းရှရှလက်တွေနဲ့ယှဥ်ရင် အများကြီး နုဖတ်နေတယ်။
သဲကြင်ယာ လဲ အမူးသမား၂ယောက်ကို အရက်ဖိုးပေးကာ လှည့်ထွက်လာခဲ့တယ်။လက်ကတော့ ဆွဲလိုက်တာကြောင့် အညိုရောင်ထကာ နာနေတယ်။
"ဟူး နောက်ခါ ဒီလမ်းက မလာတော့ဘူး..."
သဲကြင်ယာလဲ တွေးမနေပဲ ရာဇာဆီကိုပဲ လာခဲ့လိုက်တယ်။
ရာဇာ အရင်အတိုင်းပဲ ကိုကိုလာခါနီး အိပ်ရာထ ရေချိုးကာ စာထိုင်လုပ်နေလိုက်တယ်။ခဏနေတော့ တံခါးခေါက်သံနဲ့အတူ ကိုကိုဝင်လာတယ်။ကိုကို့ ကိုယ်သင်းနံ့လေးက မွှေးလိုက်တာ..
"ရာဇာ စောင့်နေတာကြာပြီလား.."
"မကြာသေးဘူး ကိုကို..."
"အော်...ဒါနဲ့ မနေ့က ဆရာ့ အပေါ်ထပ်ဝတ် ကျန်ခဲ့သေးလား..."
"မကျန်ခဲ့ပါဘူး..."
ဗီရိုထဲက သဲကြင်ယာရဲ့ အနွေးအက်ျီက လှောင်ရယ်ပြနေတယ်။
"ဒါဆို အိမ်မှာပဲ အထားမှားတာလားမသိဘူး..ထားလိုက်ပါတော့..."
ရာဇာ့မျက်လုံးက ရှောင်အာရဲ့ လက်ကို အကြည့်ရောက်သွားမိတော့ မျက်လုံးက ဒေါသထွက်လာတယ်။
"ကိုကို..."
_"ဟင် အင်း.."
"လက်က ဘာဖြစ်တာလဲ..."
"အာ ရေချိုးခါနီး တိုက််မိတာပါ...."
"ဟုတ်လို့လား..."
"အင်း..စာလုပ်မယ်လေ..."
ရာဇာမကျေနပ်သေးပေမယ့် ထပ်မမေးတော့ပေ။လက်က အရာက တိုက််မိတာမဟုတ်ပဲ အကိုင်ခံထားရတယ်ဆိုတာ ကြည့်ရုံနဲ့တင်သိပါတယ်။ဘာလို့ဆို လက်ကောက်ဝတ်နားမှာ လက်ချောင်းအရာတွေရှိနေတာကြောင့်ပင်။
ရာဇာလဲ စာသင်ပြီးမှ စုံစမ်းမယ်ဆိုပြီး ထပ်မမေးတော့ပေ။
"ရာဇာ...နားလည်လား..."
"ဟုတ်ကဲ့ ကိုကို..."
"အင်း...ဒါဆို ဆရာမေးခွန်းထုတ်မယ်..ရာဇာ ဖြေကြည့်မလား..."
"ဟုတ် ကိုကို..."
"အရင်ဆုံး ဒီပုဒ်စာကို ပြန်တွက်ထားလိုက် ဆရာ မေးခွန်းထုတ်အုံးမယ်.."
ပြောကာ သဲကြင်ယာက အိတ်ထဲက မျက််မှန်အဝိုင်းလေးကို ထုတ်ပြီးမေးခွန်းထုတ်ဖို့ လုပ်နေလိုက်တယ်။
ရာဇာ ကိုကို့ကိုကြည့်ကာ ပြုံးနေမိတယ်။တစ်ကယ်ကို သူ့ရဲ့ အပိုင်လေးက ချစ်ဖို့ကောင်းလိုက်တာ..မျက််မှန်အဝိုင်းလေးနဲ့ စာကို အာရုံစိုက်နေပုံက ဘယ်သူမှမမြင်အောင် ဖွက်ထားချင်စရာကောင်းလှတယ်။ကိုကိုရယ် အဲ့လောက်ချစ်ဖို့ကာင်းအောင်မနေပါနဲ့ စိတ်မထိန်းနိုင်တဲ့နေ့ မဒိန်းမှုဖြစ်တော့မယ်...ဟူး...ဒီတစ်နှစ်ပဲ ကိုကို့ကို အလွတ်ပေးမှာ နောက်ဆိုရင်..ကျွန်တော်နဲ့ပဲနေရတော့မှာနော်...ဟက်..
သဲကြင်ယာ တစ်ယောက် စိုက်ကြည့်ခံရသလိုဖြစ်နေတာကြောင့် ရာဇာ့ကို ကြည့်လိုက်တော့ စာတွက်နေတာမို့လို့ စိတ်ထင်တာပဲ ဖြစ်မယ်ဆိုပြီး မေးခွန်းပြန်ထုတ်နေလိုက်တယ်။ခဏနေတော့ ဇက်ကြောတွေတက်နေတာကြောင့် ခဏ စားပွဲပေါ် ခေါင်းတင်ကာ မှိန်းနေလိုက်တယ်။
နောက် ၁နာရီကြာသော်..
ရာဇာတစ်ယောက် စာတွက်ပြီးတော့ ကိုကို့ကိုကြည့်တော့ စားပွဲပေါ်မှာ ခေါင်းတင်ပြီးအိပ်နေတာကြောင့် အနားကိုမြန်မြန်သွားလိုက်တယ်။
"ကိုကို..."
ရာဇာနှိုးကြည့်တော့ အင်း အဲ နဲ့ ပြန်အိပ်သွားတော့တယ်။
"ဟက်...ဘယ်လိုလေးလဲ ကွာ...အသည်းယားလာပြီ..."
ရာဇာ အသည်းယားကာ ပါးလေးကို လက်ညိုးနဲ့ထိုးကြည့်တော့ လက်ညိုးတောင် ပါးထဲ အိ ဝင်သွားတယ်။
"ဟား..နူးညံ့လိုက်တာ..."
ရာဇာ တစ်ယောက် ပိုင်ရှင်မသိအောင် ပါးလေးကို အနမ်းတစ်ပွင့်ခြွေလိုက်တယ်။
"နောက်ကျမှ အဝနမ်းပစ်မယ်.."
"ကိုကို..ထတော့လေ..."
"အင်း...ဝါး...အိပ်ပျော်သွားတာလား..."
"အင်း ဟုတ်တယ် အကြာကြီး အိပ်နေရင် ခေါင်းကိုက််မှာဆိုးတာကြောင့် နှိုးလိုက်တာ.."
"ဟီး မနေ့က စာလုပ်တာ နောက်ကျသွားလို့..."
"နောက်ခါ အကြာကြီး မလုပ်နဲ့နော်..."
သဲကြင်ယာမှာ ကိုယ်က ဆရာလား သူက ဆရာလားတောင် မသဲကွဲတော့ဘူး..
"အင်းပါ...အခုတော့ ဒီမှာ မေးခွန်းတွေ ဖြေတတ်သလောက်ဖြေကြည့်..."
"ဟုတ်.."
ရာဇာလဲ မေးခွန်းတွေကို တစ်ချက်ကြည့်ကာ ဖြေလိုက်တော့တယ်။အားလုံးပြီးသွားတော့..
"ကိုကို ပြီးပြီ.."
"အင်း ပြကြည့်..."
သဲကြင်ယာ စာတွေစစ်ကြည့်တော့ လုံးဝမလွဲပဲ အကုန်မှန်နေတာကြောင့်..
"ဝါး ရာဇာ တော်လိုက်တာ...နောက်နေ့ မင်းအတွက် လက်ဆောင်ယူခဲ့မယ်..."
"ကိုကိုပေးတာဆို ဘာပဲဖြစ်ဖြစ်ရတယ်..."
"ဒီလိုသာ ဆက်သွားမယ်ဆိုရင် ၁၀တန်းကို အမှတ်များများနဲ့အောင်မှာ.."
"ကိုကိုသာ ဂတိကို တည်ဖို့ ကြိုးစား.."
"ဟုတ်ပါပြီ.."
အဲ့နောက် ရာဇာက သဲကြင်ယာကို အိမ်ပြန်လိုက်ပို့ပေးမယ်ဆိုပြီး လိုက်ပို့ပေးခဲ့တယ်။သဲကြင်ယာ လဲ ဘုရားစာရွတ်ရင်း ရာဇာ့နောက်က လိုက်လာခဲ့ရတာပေါ့....
နောက်ကြောင်းပြန်တာ သိပ်မလိုတော့ဘူးနော်... မကောင်းရင် တောင်းပန်ပါတယ်နော်...
နောက်အပိုင်းမျှော်
24.7.2023
Zawgi
နောက်တစ်နေ့မနက်
"ဒါဆို သွားတော့လေ.."
မိန့်မိန့်ထွက်သွားမှ ရှောင်အာလဲ ရေချိုး သွားတိုက်ကာ ပြင်ဆင်ရတော့တယ်။ပြင်ဆင်ပြီးတော့ ထမင်းနဲ့ တို့ဖူးသုတ်နဲ့ စားပြီး ရှောင်ဝမ်တို့အိမ်ကိုထွက်လာခဲ့တယ်။
လာနေရင်း လမ်းမှာ...
"ဟိတ်...ရှောင်အာပါလား..."
"အရှေ့က ဖယ်စမ်းပါ..."
"အစွာလေးပါလား..."
အမူးသမား၂ယောက်က ရှောင်အာရဲ့လက်ကို ဆွဲလိုက်တာကြောင့် လက်ဆစ် နဲနဲလွဲသွားသလိုပင်။ရှောင်အာက နဂိုထဲက အသားကဖြူပြီး ပိန်ပိန်သေးသေးလေးမို့လို့ အမူးသမားတွေရဲ့ ကြမ်းရှရှလက်တွေနဲ့ယှဉ်ရင် အများကြီး နုဖတ်နေတယ်။
ရှောင်အာလဲ တွေးမနေပဲ ရှောင်ဝမ်ဆီကိုပဲ လာခဲ့လိုက်တယ်။
"ရှောင်ဝမ် စောင့်နေတာကြာပြီလား.."
"မကြာသေးဘူး ကိုကို..."
"မကျန်ခဲ့ပါဘူး..."
ဗီရိုထဲက ရှောင်အာရဲ့ အနွေးအက်ျီက လှောင်ရယ်ပြနေတယ်။
ရှောင်ဝမ် မျက်လုံးက ရှောင်အာရဲ့ လက်ကို အကြည့်ရောက်သွားမိတော့ မျက်လုံးက ဒေါသထွက်လာတယ်။
"ကိုကို..."
_"ဟင် အင်း.."
"လက်က ဘာဖြစ်တာလဲ..."
"အာ ရေချိုးခါနီး တိုက်မိတာပါ...."
"ဟုတ်လို့လား..."
"အင်း..စာလုပ်မယ်လေ..."
ရှောင်အာလဲ စာသင်ပြီးမှ စုံစမ်းမယ်ဆိုပြီး ထပ်မမေးတော့ပေ။
"ရှောင်ဝမ်...နားလည်လား..."
"ဟုတ်ကဲ့ ကိုကို..."
"အင်း...ဒါဆို ဆရာမေးခွန်းထုတ်မယ်..ရှောင်ဝမ် ဖြေကြည့်မလား..."
"ဟုတ် ကိုကို..."
ပြောကာ ရှောင်အာက အိတ်ထဲက မျက်မှန်အဝိုင်းလေးကို ထုတ်ပြီးမေးခွန်းထုတ်ဖို့ လုပ်နေလိုက်တယ်။
နောက် ၁နာရီကြာသော်..
ရှောင်ဝမ် တစ်ယောက် စာတွက်ပြီးတော့ ကိုကို့ကိုကြည့်တော့ စားပွဲပေါ်မှာ ခေါင်းတင်ပြီးအိပ်နေတာကြောင့် အနားကိုမြန်မြန်သွားလိုက်တယ်။
"ကိုကို..."
ရှောင်ဝမ် နှိုးကြည့်တော့ အင်း အဲ နဲ့ ပြန်အိပ်သွားတော့တယ်။
ရှောင်ဝမ် အသည်းယားကာ ပါးလေးကို လက်ညိုးနဲ့ထိုးကြည့်တော့ လက်ညိုးတောင် ပါးထဲ အိ ဝင်သွားတယ်။
"ဟား..နူးညံ့လိုက်တာ..."
ရှောင်ဝမ် တစ်ယောက် ပိုင်ရှင်မသိအောင် ပါးလေးကို အနမ်းတစ်ပွင့်ခြွေလိုက်တယ်။
"ကိုကို..ထတော့လေ..."
"အင်း ဟုတ်တယ် အကြာကြီး အိပ်နေရင် ခေါင်းကိုက်မှာဆိုးတာကြောင့် နှိုးလိုက်တာ.."
ရှောင်အာမှာ ကိုယ်က ဆရာလား သူက ဆရာလားတောင် မသဲကွဲတော့ဘူး..
"ဟုတ်.."
ရှောင်ဝမ်လဲ မေးခွန်းတွေကို တစ်ချက်ကြည့်ကာ ဖြေလိုက်တော့တယ်။အားလုံးပြီးသွားတော့..
"ကိုကို ပြီးပြီ.."
"အင်း ပြကြည့်..."
ရှောင်အာ စာတွေစစ်ကြည့်တော့ လုံးဝမလွဲပဲ အကုန်မှန်နေတာကြောင့်..
"ဝါး ရှောင်ဝမ် တော်လိုက်တာ...နောက်နေ့ မင်းအတွက် လက်ဆောင်ယူခဲ့မယ်..."
"ဟုတ်ပါပြီ.."
အဲ့နောက် ရှောင်ဝမ်က ရှောင်အာကို အိမ်ပြန်လိုက်ပို့ပေးမယ်ဆိုပြီး လိုက်ပို့ပေးခဲ့တယ်။ရှောင်အာလဲ ဘုရားစာရွတ်ရင်း ရှောင်ဝမ်နောက်က လိုက်လာခဲ့ရတာပေါ့....
နောက်အပိုင်းမျှော်
24.7.2023