Second Love
Da Venus-Zozo
37.8K 3.4K 570
zsww,possessive,mpreg Start Date :5.4.23 End Date:... Zawgyi/Unicode Altro
part-1
part-2
part-3
part-4
part-5
part-6
part-7
part-8
part-9
part-10
part-11
part-12
part-13
part-15
part-16
part-17
part-18
part-19
part-20
part-21
part-14
1.4K 153 26
Da Venus-Zozo
Unicode!!
ရှောင်းကျန့်  ကုမ္ပဏီက အပြန်  ရှောင်းပဏာမ စံအိမ်တော်မှ သားသား ကိုပါ တစ်ခါတည်း ဝင် ခေါ်လာခဲ့၏။
သားသားကတော့ အပြန် လမ်းတစ်လျှောက်လုံးတွင်… ညီလေး လိုချင်ကြောင်းသာ တစ်ဖွဖွပြောနေ၏။ရှောင်းကျန့်က ရယ်၍
"ဒီစကားတွေ ဘယ်က ဘယ်လို ကြားပြီး ပြောတက်လာတာလဲကွာ!"
"ဟီး~~ ဖွားဖွား ပြောတာလေ…သားသားက ဖွားဖွားတို့နှင့်သွားအိပ်ရင် ပါးပါးက သားရဲ့ညီလေး ကို အမြန်ဆုံး မွေးပေးမှာတဲ့!"
ရှောင်းကျန့်က ခပ်ဟဟ ရယ်ကာ
"ဒီစကားတွေ မင်း ပါးပါး ကြားရင်တော့ အဆူခံရတော့မှာပဲကွာ…"
သားသားက ရှောင်းကျန့်ပြောတာကို နားလည်သလို တစ်ဟီးဟီးရယ်ကာ
"ဒက်ဒီ!"
"ဗျား!"
ရှောင်းကျန့်က ကားကို ဂရုတစိုက် မောင်းရင်း သားသားကို ထူး ၏။
"သားသားကို ညီလေးတွေ ညီမလေးတွေ အများကြီး မွေးပေးနော်!"
"ဟားဟား   ဒက်ဒီက ကြိုးစားပေးရုံပဲလေကွာ  အမှန်တကယ် မွေးပေးရမှာက သားရဲ့ပါးပါးလေ…"
"ဒါဆို ဒက်ဒီကလဲ   ပါးပါးကို ကလေးလေးတွေ မွေးစေချင်လားဟင်!"
ရှောင်းကျန့်က သားသားရဲ့ မျှော်လင့်နေဟန်ဖြင့် ရွှန်းလဲ့နေသည့် မျက်ဝန်းဝိုင်းကြီးတွေကိုကြည့်ကာ  အဖြေပြန် မပေးတော့ဘဲ  ခပ်ဖွဖွကလေးသာ ရယ်မိတော့သည်။
•     •     •
ရှောင်းကျန့်   ကားပေါ်မှ ဆင်းကာ  ကားသော့ကို  ကောင်လေးတစ်ယောက်အား ပစ်ပေးလိုက်ရင်း
"ဂိုထောင်ထဲ ထည့်ပေးထား!"
"ဟုတ်ကဲ့   သခင်လေး!"
ရှောင်းကျန့်  ကားတစ်ဖက်ခြမ်းကို ခြေတံရှည်တွေဖြင့်  ခပ်သွက်သွက်ကလေးသွားကာ ကားတံခါးကို ဆွဲဖွင့်၍ သားသားကို ပွေ့ချီလိုက်သည်။
ကားသံကြား၍ လာကြိုသည့် အိမ်တော်ထိန်းထံသို့  သားကို လွှဲ ပေးလိုက်ကာ
"ဝမ်ရိပေါ်   ထမင်း စားရဲ့လား!"
"ဟုတ်ကဲ့  မနက်ကတော့ မနက်စာ ဆင်း စားပါတယ်…ပြီးတော့ အကိုက်အခဲပျောက်ဆေး သောက်ပြီးကတည်းက သူ့အလုပ်ခန်းထဲ ဝင် သွားတာပါ…နေ့လည်စာ လဲ ထွက် မစားပါဘူး!"
"ကျစ်!!"
အိမ်တော်ထိန်းထံမှ စကားကြောင့် ရှောင်းကျန့် စုပ်သပ် မိပြန်သည်။
ရှောင်းကျန့်   ဝမ်ရိပေါ်၏   အလုပ်ခန်းရှေ့  လျှောက်သွားလိုက်ကာ  တံခါး ခေါက်ရန် ပြင်လိုက်သည်။
သို့သော် မနက်က အကြောင်းကိုပြန်တွေးမိသွားသောအခါ   သက်ပြင်းကို ချ ၍သာ အခန်းရှေ့မှ လှည့်ထွက် လာခဲ့မိတော့သည်။
မောင့် အမှားတွေဆိုပေမယ့်  မင်း လဲ မှန် မှ မှန်မနေဘဲ  မောင့်ဝမ်ရယ်………
*************
ကျွီ…………
ဖြည်းညင်းတဲ့ တံခါး ဖွင့်သံကြောင့်   Laptopကို ကြည့်နေရာမှ  တံခါးဆီ အကြည့်တွေရွှေ့မိလျှင်  တံခါး အဟ လေးထဲမှ ခေါင်းကလေး ပြူထွက်နေသည့် သားသားကို တွေ့လိုက်ရသည်။
လျော့ကျနေသည့် မျက်မှန် ကိုင်းကလေးအား ပင့်တင် လိုက်ကာ ပြုံးလိုက်ရင်း သားသားကို လက်ယက် ခေါ် လိုက်သည်။
သားသားက ထိုမှ  သွားကြီးကြီးလေးတွေပေါ်အောင် တစ်ဟီးဟီး ရယ်ကာ ရိပေါ်ဆီ ပြေးလာ၏။ရိပေါ် ပေါင်ပေါ်သို့ သားသားက ထိုင်ချလိုက်တာမို့  ရိပေါ်မှာ အင့်ခနဲ……
"ဘာတွေ စားလို့ ဒီလောက်တောင် လေးနေရတာလဲဗျာ     ရှောင်းရှောင်(ရှောင်လေး)က ဝက်ပေါက်ကလေးလား?!"
ကွဲရှရှ လည်ချောင်းသံဖြင့် ရိပေါ် ပြောလျှင် သားသားသည် နှုတ်ခမ်းလေးထော်ကာ 
"သားသားက ဝက် မဟုတ်ပါဘူး အတန်းထဲမှာဆို သားသားက  အခန့်ဆုံးပဲ!"
"ဘုရားရေ……ပြောပါဦး  ဒီလိုတွေတောင် ပြောတက်နေပြီဆိုတော့ ပါးပါးရဲ့ရှောင်းရှောင်ကလေးက  ရည်းစားတွေကော ထားတက်နေပြီလား!"
"နိုး  နိုး   သားသားက ရည်းစား မထားပါဘူးနော်     သားသားရဲ့ ညီလေး  ညီမလေးတွေကိုပဲ  ပါးပါးနဲ့ အတူတူ ကူထိန်းပေးမှာ!"
သားသား၏ လူကြီးလေးသဖွယ်  အပြောလေးကြောင့်  ရိပေါ်မှာ ပြုံးနေရာမှ မျက်နှာလှလှလေးဟာ ကွက်ခနဲ ပျက်၏။ထို့နောက်မှ ခက်အက်အက် တစ်ချက်ရယ်ကာ
"ဒီ  ဒီစကားတွေကို သားကို ဘယ်သူ သင်ပေးလိုက်တာလဲ…ဒက်ဒီလား!?"
"မဟုတ်ပါဘူးနော်  သားသားစိတ်ကူးထားတာလေးကို ပါးပါးကို ပြောပြတာပါ…နော်  ပါးပါး…… ညီလေးတွေ  ထပ် မွေးပေးပါနော်!!"
"ဒါ   ဒါ က ဖြစ်မှ မဖြစ်နိုင်ဘဲ သားရယ်…"
"ဟင့်အင်း   ပါးပါးက ဖြစ်အောင်လုပ်လို့ရတာပဲကို  ပါးပါးက အရမ်းတော်တာလေ နော်  သားသားအတွက် ညီလေးတွေ ထပ်မွေးပေးလို့!!"
"ခက်လိုက်တာ သားသားရယ်…"
ရိပေါ်  သားသားကို ရင်ခွင်ထဲ ထည့် ဖက် လိုက်ကာ သက်ပြင်းကလေး ချ လိုက်မိသည်။
"ဟင်း~~ ကဲပါ  ညနေကျရင် ဖွားဖွားကြီးတို့ အိမ် ကို ညစာ သွားစားရမယ်လို့  ဒက်က ပြောထားတယ် မလား…ဒါကြောင့်  ရေချိုးထားရအောင်!"
"ဟုတ်ကဲ့  ချီ  ချီ ပါးပါး ချီ!"
သားသားက  လက်လေးနှစ်ဖက် ဆန့်တန်းကာ   ခပ်ချွဲချွဲကလေး ပြော၏။ရိပေါ်  သဘောတကျ ရယ် လိုက်ကာ သားသား ကိုယ်လုံးလေးကို  ပွေ့ချီလိုက်သည်။
ဂျွက်!!
"အားရိုး~~~!"
ရိပေါ်မှာ   သားသားကို ချီပြီး မတ်တပ်ရပ်လိုက်တယ် ဆိုရင်ဖြင့် ခါး မှာ ဂျွက် ခနဲ မြည်သွားရတော့သည်။ည က  မိမိ ပေါ်တွင်  ကျားရိုင်းတစ်ကောင်လို  ပြုမူ သောင်းကျန်းထားသည့် လူဆိုးကောင်ကြောင့် အခုလို  ရှက်စရာ ကိစ္စကြီး ဖြစ်သွားရတာပင်။
သားသားကတော့ ပြူးတူးကြောင်တောင်လေးဖြင့် ကြည့်နေ၏။ရိပေါ်မှာတော့ မျက်နှာလေးမှာ ရှက်တက်တက် ကလေး ဖြစ်သွားရသည်။
တော်သေးသည်က အခုချိန် ရိပေါ်တို့ သားအဖ နှစ်ယောက်ပဲရှိသည့်အပြင်  အလုပ်ခန်းထဲက မထွက်ရသေးတာကြောင့်ပင်။မဟုတ်လျှင်  ရိပေါ် ရှက်လို့ပင် သေ နိုင်၏။
မင်းကြောင့် ဖြစ်ရတာ!!
အကြမ်းပတမ်း လူဆိုးကောင်!!!
~~~~~~~~~~~~~~~~~~~~
သားသားကို ကုတင်ပေါ် မတ်တပ်ရပ်ခိုင်းကာ  ရေသုတ် ပေးနေရာမှ တံခါးဖွင့်သံ ကြားလိုက်ရ၍   အခန်းဝ ကို လှည့်ကြိုက်လိုက်ရာတွင်  တဘက်တစ်ထည် ခါးမှာ ပတ် ထားကာ  ခန္ဓာကိုယ် အပေါ်ပိုင်းတွင် ရေစက်လက်ဖြင့် အခန်းထဲ ဝင်လာသည့် လူဆိုးကောင် ကို တွေ့လိုက်ရသည်။
ကြည့်ရတာ ဒီ အခန်းမှာ ရိပေါ်တို့ သားအဖ ရေချိုးနေတာကြောင့် တစ်ခြား အခန်းမှာ ရေသွားချိုးတာ ဖြစ်မည်။
သို့သော်လည်း  ဒီလို  အင်္ကျီ မဝတ်ထားဘဲ အပေါ်ပိုင်း ဗလာဖြင့် အိမ်တော်တွင်း သွားလာနေတာကိုတော့ ရိပေါ် သဘော မကျချေ။
အစေခံကောင်မလေး တွေက ဒီ အပေါ်ထပ်ကို အတက်အဆင်း သိပ်မရှိသော်လည်း  ဒီလို အပြုအမူမျိုးက မသင့်တော်ဟု  ရိပေါ် ထင်၏။
ရိပေါ် မျက်မှောင်ကြုံ့ လိုက်ကာ ချက်ချင်း အကြည့်လွှဲလိုက်သည်။သို့သော်  စူးစိုက်ကြည့်နေသည့် အကြည့်စူးစူးတွေကိုတော့  ရိပေါ် ခံစားနေရတုန်းပင်။
သားသားကို ရေပြောင်အောင် သုတ်ပေးပြီးတာနဲ့  ဘေးမှာ အဆင်သင့် ချ ထားသည့် T-shirtလက်တို  ရဲရဲလေးကို ဝတ် ပေးဖို့ ပြင်ရာတွင်…
"နိုး!  ဒီအရောင် မကြိုက်ဘူး!"
ရိပေါ်  မျက်မှောင် ကြုံ့လိုက်ကာ
"သားသားက ဘယ်အရောင် ကြိုက်တာတုန်း!"
"အနက်  အနက်!"
"တိတ်စမ်း!   လူဆိုးတွေပဲ အနက်ကြိုက်တာ…ပါးပါး ရွေးပေးထားတာပဲ ဝတ်!"
သားသားက မျက်နှာကလေး စူပုတ်ကာ  အင်္ကျီ ဝတ် နေသည့်
ရှောင်းကျန့်ကို လက်ညှိုးထိုးပြကာ   
"ဒက်ဒီလဲ အနက်တွေပဲ ဝတ်တာလေ  ဒါကြောင့် သားသားလဲ ဝတ်မှာ!"
"ရှောင်းရှောင်ဝမ်!!  ပါးပါး စိတ်မတိုချင်ဘူးနော်! အနက်ရောင်ကြိုက်ပြီး အနက်ရောင်ဝတ်တဲ့သူ တွေက လူဆိုးတွေ!! ဒါကြောင့်  ပါးပါးရွေးပေးထားတဲ့ နီနီလေးပဲ ဝတ်ရမယ်!"
ဝမ်ရိပေါ်က  ရှောင်းကျန့်ရှိရာဘက် ခပ်စောင်းစောင်းကလေးကြည့်ကာ စကားနာထိုး၏။
"ဟာ  ဟေ့!  အနက်ရောင် ကြိုက်တာနဲ့ပဲ လူဆိုးဖြစ်ရရောလားကွာ…ဒါဆို  ကိုယ်က လူဆိုးလား!"
Shirtအနက်အား style  pantအနက်ထဲ လျှိုထည့်ကာ ခါးပတ် ပတ်နေသည့် လူဆိုးကောင်ရှောင်းကျန့်က  ရိပေါ်တို့ သားအဖ ရှိရာဆီ  ဝဲ ကြည့်ကာ  ရိသဲ့သဲ့ကလေး ဆိုလာလျှင်  ရိပေါ်  မျက်နှာလေး တင်းလိုက်ကာ…
"မင်း ဆိုး မဆိုး မင်းကိုယ်မင်း ပိုသိမှာပေါ့ လူဆိုးကောင်!!"
"အော……အွမ်း… ကျုပ်က လူဆိုးဆို  ခင်ဗျားကလဲ ကျုပ်မိန်းမဆိုတော့ လူဆိုးမိန်းမပေါ့ ဟုတ်လား!"
ရိပေါ်   ရှောင်းကျန့် အပြောကြောင့် မျက်လုံးတွေ ပြူးကျယ် သွားကာ သားသား၏ နားနှစ်ဖက်အား လက်ဖြင့် အုပ်ပေးလိုက်မိသည်။
"မင်း!!  ရိုင်းလိုက်တာများဆိုတာ…!"
"ဟွင်းဟွင်း       ကလေးရာ  ဒါက သာမန် ညစာ စားပွဲ လေးပါပဲကွာ…သားသားကြိုက်တာပဲ ဝတ်ခိုင်းလိုက်စမ်းပါ!"
"မင်းနော်!!  ဘယ်သူက  မင်း ကလေး လဲလို့!! တော်ပြီ! မင်းတို့ သားအဖ ကြိုက်တာသာ ဝတ်   ကြိုက်တာသာ လုပ်ကြတော့! တောက်ခ်!"
ရိပေါ် ဒေါသတွေထွက်ကာ ထိုအသားအဖအား လစ်လျူရှှုလိုက်ကာ  အဝတ်လဲခန်းထဲသို့သာ ဝင်သွားလိုက်တော့သည်။
ရှက်ရမ်း ရမ်းကာ ထွက်သွားသည့် လူကြီးပေါက်စကလေးကြောင့် ရှောင်းကျန့် ဟက်ဟက်ပက်ပက်ကြီး ရယ်ချမိတော့သည်။ထို့နောက် ကုတင်ပေါ်တွင် ပြူးတူးကြောင်တောင် ဖြင့်  အဖေနှစ်ယောက်ကို တစ်လှည့်စီ လိုက်ကြည့်နေသည့် သားသားအား ရှောင်းကျန့် ပုခုံး တွန့်ပြလိုက်လျှင် သားသားကလဲ ပုခုံးလေး ပြန်တွန့် ပြ ၏။
ရှောင်းကျန့်   တက်လွန်းသည့် သားသားကြောင့် ခါး ထောက်ကာသာ ခေါင်းတစ်ခါခါဖြင့် ရယ်မိတော့သည်။
ထို့နောက်  သားသားရှိရာဆီ သွားကာ  သားသားကြိုက်သည့်T-Shirtအနက်နှင့် စတိုင် ဘောင်းဘီ အနက်ကလေးကို  ဝတ်ပေးလိုက်သည်။
အရင်တုန်းကလဲ အနက်တွေ ဝတ်ပေးနေကြကိုကွာ  ဒီနေ့ကျမှ  ရစ်နေတာ………
ရှောင်းကျန့်မှာ ကလေးဆန်သည်ဟု ပြောလျှင်လည်း မကြိုက်ပဲ  အမှန်တကယ်ကို ကလေးဆန်နေသည့် ဝမ်ရိပေါ်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးမိတော့တာပါပဲ……
မနက်တုန်းက  အခြေအနေနဲ့စာလျှင် ယခု အခြေအနေလေးကိုပဲ ရှောင်းကျန့် လိုချင်မိ၏။
မောင် မင်းနဲ့ အမြဲ ပြေလည် ချင်တာပါ မောင့် ကလေးငယ်ရယ်
___________________________
စာရေးသူ ဇိုဇို့မှာ ပြဇာတ်လေး ရှိပါတယ်!
ရှောင်ဝမ် :
ပါးပါးက တော်ဆုံးပဲ! သားသား
အတွက် ညီလေးတွေ ထပ်မွေးပေး!!     
ရှောင်းကျန့်:
မင်း တော်တယ် my son!(ပြုံးပြုံးကြီးဖြင့် လက်မထောင်ပြ)
ဝမ်ရိပေါ် :
မင်းတို့ သားအဖ တိတ်တိတ်နေ
ကြစမ်း!!(မျက်နှာနီနီဖြင့် အော်ဟစ်)
____________________________
ZAWGYI
"ဒက်ဒီ!"
"ဗျား!"
•     •     •
"ဟုတ်ကဲ့   သခင်လေး!"
"ကျစ်!!"
*************
ကျွီ…………
"ခက်လိုက်တာ သားသားရယ်…"
ဂျွက်!!
"အားရိုး~~~!"
မင်းကြောင့် ဖြစ်ရတာ!!
~~~~~~~~~~~~~~~~~~~~
"အနက်  အနက်!"
ရိပေါ် ဒေါသတွေထွက်ကာ ထိုအသားအဖအား လစ်လျူရှုလိုက်ကာ  အဝတ်လဲခန်းထဲသို့သာ ဝင်သွားလိုက်တော့သည်။
_____________________________
             အတွက် ညီလေးတွေ ထပ်မွေးေ     
            ပး
ရှောင်းကျန့်:မင်း တော်တယ် my son!(ပုံြး 
              ပုံးကြီးဖြင့် လက်မထောင်ပြ)
             စ်)
Continua a leggere
Ti piacerà anche
170K 26.4K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
3.5K 679 17
Zero Sugar is not sweet......, but good for Health ! Binthew Fanfiction { Start - 14 May, 2024 - } ဤ FanFiction သည် စာရေးသူ၏ စိတ်ကူးအတွေးသက်သက်...
93.1K 13.5K 46
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
68.3K 17.6K 60
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥