ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼...

Od AvocadojuiceO_2

66.3K 7.2K 498

Start date _ 15/3/2023 End date - I don't own this novel and cover art. Just a fan translation. All credit t... Více

Synopsis
1
1 Zawgyi
2
2 Zawgyi
3
3 Zawgyi
4
4 Zawgyi
5
5 Zawgyi
6
6 Zawgyi
7 Zawgyi
8
8 Zawgyi
9
9 Zawgyi
10
10 Zawgyi
11
11 Zawgyi
12
12 Zawgyi
13
13 Zawgyi
14
15
16
17
18
Story Glory
19
20
21
22
23

7

2K 264 27
Od AvocadojuiceO_2

⦅ဂေးမုန်းတီးသူအဖြောင့်ကောင်⦆

°°°°°°°

နောက်တစ်နေ့က အားလပ်ရက်ဖြစ်၏။ အိပ်ရာထလာပြီးနောက် အစီအစဉ်အတိုင်း ရုပ်ရှင်ကြည့်ရန်လုရွှမ်းကို ယဲ့ယောင်ဖိတ်လိုက်တယ်။

လုရွှမ်းကအဆင်သင့်စွာပဲ သဘောတူလိုက်ပြီး ယဲ့ယောင်နဲ့အတူအပြင်ထွက်လာသည်။ လမ်းပေါ်၌လမ်းလျှောက်နေရင်းဖြင့် တစ်နေ့တာခရီးစဥ်ကို သူကပလန်ချနေခဲ့တယ်။

"ရုပ်ရှင်ကြည့်မယ်၊ စားသောက်မယ် ပြီးတော့စကားမစပ် ရာသီဥတုကရက်အနည်းငယ်အတွင်း အေးလာတော့မှာ၊ ငါတို့အဝတ်ထူထူတွေ ဝယ်ဖို့လိုပြီနော်။ ပုံစံတူနေတဲ့ငါတို့အဝတ်တွေကို updateလုပ်သင့်ပြီ။ မင်းကြိုက်တာတွေ့ရင်ပြော ငါမင်းအတွက်ဝယ်ပေးမယ်" လုရွှမ်းကပြော၏။

၎င်းတို့နှစ်ယောက်အနားမှ ကောင်မလေးတစ်ချို့ဖြတ်သွားကြသည်။ ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ထိုနှစ်ယောက်မကြားလောက်ဘူးထင်၍ ကောင်မလေးတွေက စိတ်လှုပ်ရှားစွာနှင့်စကားစတင်ပြောကြတော့သည်။

"နင်တို့ကြားလိုက်လား?! ငါမင်းအတွက်ဝယ်ပေးမယ်တဲ့။ အရမ်းအလိုလိုက်တာပဲ အားးးး!"

"အိုးအိုး သူတို့ဆီကနေ လက်ထပ်ပြီးသားဇနီးမောင်နှံတွေလို ခံစားချက်မျိုးအပြည့်ရတာပဲ။ လူနောက်ကွယ်မှာပဲ ပလဲပနံသင့်ကြတယ်ဆိုတာတော့ ငါတော့မယုံဘူး။ ငါသူတို့ကိုထောက်ခံတယ်!"

"သေချာပေါက်ပေါ့ဟ။ ပုံစံတူအင်္ကျီတွေကို ရည်ရွယ်ပြီးဝယ်တာကိုပဲကြည့်။ အဲ့ဒါကြောင့်အမှန်တရားက သူတို့ကတကယ့်ကို အိုးးးးးး!"

၎င်းတို့ပြောသမျှ ဝိုးတိုးဝါးတားကြားလိုက်ရသော ယဲ့ယောင် : "......"

သူအနည်းငယ်မျှရှက်ရွံသွားခဲ့တယ်။

သူတို့နှစ်ယောက်ကြားက သူငယ်ချင်းဆက်ဆံရေးကို အချစ်ရေးအဖြစ်မှတ်ယူခံရတာကို လုရွှမ်းကြားသိရတဲ့အခါ ဘယ်လိုတွေးနေမလဲသူသိချင်မိသည်။

ယဲ့ယောင် ရုတ်တရတ်ပွေ့ဖက်ခံလိုက်ရပြီး လုရွှမ်းကအနားကပ်လာကာ သူ့နားထဲသို့တိုးတိုးလေးကပ်ပြောလာခဲ့၏။

"မင်းကြားလိုက်လား၊ ငါတို့မှာ CP ဖန်တွေအတော်များများရှိတာပဲနော်" အဖြောင့်ကောင်လုရွှမ်းမှာ အံဩသွားသည့်အရိပ်အယောင် တစိုးတစိတောင်မပြပဲ နှုတ်ခမ်းထောင့်လေးကွေးကာ ဆိုးရွားသည့်အပြုံးတစ်ခုချိတ်ဆွဲလျက် "မဆိုးဘူးကွာ၊ သူတို့မှာရတနာတွေကို ဖော်ထုတ်နိုင်တဲ့စူးရှတဲ့မျက်လုံးတွေရှိနေတာပဲ။ ငါတို့ရဲ့အချစ်တွေကစစ်မှန်လွန်းတော့ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ ကတိကဝတ်တွေကို လူတွေကတောင်မြင်နေနိုင်ပြီ"

ယဲ့ယောင် : "...... မင်းဘာတွေပြောနေတာလဲ၊ CPဖန်ကဘာလဲဆိုတာမင်းသိလို့လား?"

"သေချာပေါက် သိတာပေါ့" လုရွှမ်းတစ်ယောက် အရင်ကဖတ်ပြီးခဲ့သောပို့စ်တွေကို ပြန်တွေး၍မျက်ခုံးပင့်မြှောက်လိုက်တယ်။ "ကြည့်လေ၊ မင်းကအင်တာနက်ပေါ်မှာလျှောက်မှမကြည့်တာ၊ ပေါ်ပျူလာဖြစ်တဲ့CPကိုတောင် မင်းမကြားဖူးဘူး၊ ဖိုရမ်တွေပေါ်မှာ အဲ့အကြောင်းတွေကြီးပဲ အပြည့်ဖြစ်နေတာ သိသိသာသာကြီးကို။ CPဖန်တွေဆိုတာ ငါတို့ကိုအတွဲတွေလို့ထင်ပြီး ငါတို့အတူတူရှိနေတာကိုမြင်ရတာ သဘောကျတဲ့သူတွေကိုခေါ်တယ်။ နားလည်ပြီလား အတန်းဖော်ယဲ့?"

မိန်းကလေးတွေရဲ့ဆွေးနွေးမှုကို ယခုအခါတွင်လုံးဝမကြားရတော့ပေမယ့် ၎င်းတို့ချန်ရစ်ထားခဲ့သည့် ကြည်နူးစရာအငွေ့အသက်ကတော့ လေထုထဲလွင့်မြောနေဆဲဖြစ်လျက်။

"အတူတူ"ဟူသောစကားလုံးကို လုရွှမ်းကလုံးဝသဘာဝကျသည့်လေသံဖြင့် သာမန်ကာလျှံကာပြောနေခဲ့ကာ တစ်စုံတစ်ရာမှားယွင်းနေမှန်း မသိသလိုပင်။

လုရွှမ်းရဲ့နက်မှောင်သည့်မျက်လုံးအိမ်တွေကို ယဲ့ယောင်ကြည့်လိုက်ပြီး ရုတ်တရတ်ပြောလိုက်တယ်။ "တကယ်တော့အဲ့လိုပို့စ်တွေက......မင်းအတွက်မကောင်းဘူး။ ယောက်ျားတွေကိုမကြိုက်ဘူးလို့ မင်းကအလေးထားပြီးပြောနေပေမယ့် လူတိုင်းကတစ်ခြားအကြောင်းတွေကို ယုံကြည်ဖို့ခေါင်းမာနေဦးမှာပဲ။ ရှောင်လွှဲလို့မရတော့တဲ့ အနေအထားရောက်နေပြီဆိုရင် တစ်ချို့လူတွေကမင်းယောက်ျားတွေကိုကြိုက်တာပဲလို့ မသိစိတ်ကထင်သွားကြလိမ့်မယ်။ အဲ့တော့သူတို့မင်းကိုထပ်ပြီးအနှောင့်အယှက်တွေပေးကြမှာပဲ"

ယဲ့ယောင်ခဏရပ်လိုက်တော့ လုရွှမ်းရဲ့ယောက်ျားဆန်ကာတင့်တယ်လှတဲ့မျက်ခုံးတွေ တွန့်ချိုးနေတာမြင်လိုက်ရတယ်။ သူ့အမူအရာက မကျေမနပ်ဖြစ်နေပုံရကာ အဲ့ဒါကြောင့် သူကတိုးညင်းစွာဖြင့်ဆက်ပြောလိုက်တယ်။ "သူတို့မှာgroupဒါမှမဟုတ် အဲ့လိုမျိုးတစ်စုံတရာရှိနေလား ငါကြည့်လိုက်မယ်။ တကယ်လို့ရှိနေရင် adminတွေကိုငါပြောလိုက်ပါ့မယ်အဲ့ဒီ...... ငါတို့အကြောင်းကိုလူထုဖိုရမ်တွေပေါ်မှာ အဲ့လိုမျိုးတွေပြောနေတာတွေရပ်ဖို့ကို"

လုရွှမ်းရဲ့မပျော်မရွှင်ဖြစ်စွာ တွန့်ကုတ်နေသောမျက်ခုံးတွေကို ယဲ့ယောင်ကြည့်လိုက်တယ်။

ဒါကသူတစ်ကိုယ်ကောင်းဆန်သလိုဖြစ်နေပေမယ့် သူနဲ့လုရွှမ်းအကြောင်းကို လူတွေဒီလိုမျိုးပြောနေတာမြင်ရတော့ သူအရမ်းကိုပျော်ပါသည်။ သို့ပေမယ့်လည်း လုရွှမ်းလို ဟိုမိုဖိုးဘစ်တစ်ယောက်အတွက် ဒီလိုအရာကတကယ်ကိုကောင်းမနေချေ။

လုရွှမ်းကချက်ခြင်းပြန်မပြောဘူး။ သူ့လက်တွေကို ယဲ့ယောင်ပုခုံးပေါ်တင်လိုက်ပြီးမှ "မင်းဘယ်လိုခံစားရလဲ?"

ယဲ့ယောင်ကြောင်သွားကာ "ဘာမှမခံစားရဘူး"

"ဒါဆို ပြီးပြီပဲလေ" လုရွှမ်းရဲ့လေသံကပေါ့ပါးသွားကာ ယဲ့ယောင်၏ဆံပင်ကိုပွတ်သပ်၍ပျင်းရိစွာဆိုလာသည်။ "ဂုဏ်သရေရှိလူကြီးမင်းတစ်ယောက်က တစ်ခါကပြောဖူးတယ်။ 'လူတွေကအဲ့အရာကို မြင်ရ၊ကြားရတာသဘောကျပေမယ့် မင်းကတော့သဘောမကျဘူး။ ဒါပေမယ့်မင်းရဲ့ထင်မြင်ချက်က ဘယ်လောက်များအရေးပါလို့လဲ?'တဲ့။ လူထုရဲ့စိတ်အားထက်သန်မှုတွေကို အားလျော့စိတ်ပျက်သွားအောင်ငါတို့မလုပ်ရဘူးလေ။ နားလည်ရဲ့လား ရဲဘော်ယဲ့?"

ယဲ့ယောင်ရဲ့နှုတ်ခမ်းထောင့်လေးက ထိုအခိုက်အတန့်တွင်ဆတ်ခနဲတွန့်သွားရကာ သူ့အမူအရာကိုချုပ်ထိန်းပြီးနောက် မျက်နှာတည်နှင့် လုရွှမ်းရဲ့နှောင့်ယှက်ကျီစယ်နေသောလက်ကို အဝေးသို့ပုတ်ထုတ်လိုက်တော့သည်။

ပေါက်ကရတွေ၊ အဲ့စကားစုက အဲ့လိုသုံးဖို့ရည်ရွယ်ထားတာ မဟုတ်မှန်းအသိသာကြီးပဲကို!

***

အဓိကကျသောဧရိယာရှိလမ်းများသည် ဖျော်ဖြေရေးများကျင်းပသည့်နေရာများဖြင့် စည်ကားသိုက်မြိုက်နေသည်။

အဆင့်မြင့်ဇိမ်ခံပစ္စည်းအရောင်းဆိုင်များမှ စျေးအသင့်အတင့်ရှိပြီး အလွှာတိုင်းမှစျေးဝယ်သူတွေရဲ့အလိုရှိသည်များကိုဖြည့်ဆည်းပေးနိုင်သော စျေးနှုန်းချိုသာစွာဖြင့်လျင်မြန်စွာရောင်းချသည့် လူသုံးကုန်အရောင်းဆိုင်များအထိလည်းရှိလေသည်။

တောက်ပစွာလင်းထိန်နေသော လူသိများသည့်တန်ဖိုးကြီးအဝတ်အစားများရောင်းရာဆိုင်၏ ပြတင်းပေါက်နားမှသူတို့ဖြတ်လျှောက်သွားကာ မီးထွန်းထား၍လင်းပြနေသောဆိုင်၏လိုဂိုတံဆိပ်သည် ပြိုးပြိုးပြက်ပြက်ဖြင့်တလက်လက်တောက်ပနေလေ၏။

ယဲ့ယောင် ဒီဘရမ်းအမှတ်တံဆိပ်ကို မှတ်မိသည်။ သူတို့အထက်တန်းကျောင်းတုန်းက လုရွှမ်းရဲ့အဝတ်အစားတော်တော်များများမှာ ဒီအမှတ်တံဆိပ်ပါတာကြောင့် လုရွှမ်းကဒီတံဆိပ်ကို တော်တော်ကြိုက်တာပဲဖြစ်ရမည်ဟုသူတွေးခဲ့သည်။ နောက်ပိုင်းသူတို့ဆက်ဆံရေးမှာ ကောင်းသည်ထက်ပိုကောင်းလာသည်နှင့်အမျှ လုရွှမ်းရဲ့ဝတ်ပုံစားပုံမှာလည်း ပိုပြီးစျေးချိုလာသည်။ တန်ဖိုးကြီးအမှတ်တံဆိပ်တွေရဲ့ အရိပ်အယောင်ကိုတောင်သူမမြင်ရတော့ပေ။

လုရွှမ်းရဲ့မိသားစုနောက်ခံကို သူသိရသလောက် တစ်ခါတည်းဆယ်ခုလောက်ဝယ်ရင်တောင် တစ်ဒေါ်လာပဲကုန်သွားသလို ငွေကြေးကိုဂရုစိုက်မနေချေ။

ယဲ့ယောင် ပြတင်းပေါက်ရှေ့၌ရပ်လိုက်ပြီး လုရွှမ်းကိုကြည့်လိုက်သည်။ "မင်းဝယ်ချင်လား၊ ငါမင်းနဲ့အတူလိုက်ကြည့်ပေးမယ်"

လုရွှမ်းက ဒီမေးခွန်းကိုဘယ်လိုပြန်ဖြေရမလဲဟူ၍ အရှည်ကြီးစဥ်းစားနေပုံရသည်။ သူကဆိုင်ကို မနှစ်မြိို့စွာနှင့်တစ်ချက်ကြည့်လိုက်ပြီးနောက် တုံ့ဆိုင်းမနေပဲပြန်ဖြေလာလေ၏။ "နှစ်ပြားတန်အိတ်နဲ့တောင် ကြည့်ကောင်းနေတဲ့ ငါ့လိုလူချောတစ်ယောက်က ရုပ်ရည်ချောမောမှုတန်ဖိုးကိုမြင့်ဖို့ နာမည်ကြီးဘရမ်းတွေအပေါ်မှီခိုရမှာလား?"

၎င်း၏ရုပ်ပုံထင်ဟပ်နေသော ပြတင်းမှန်ရှေ့၌ရပ်နေရင်းဖြင့် နှဖူးပေါ်ကျနေသည့်ဆံပင်ကို အနောက်သို့လုရွှမ်းမှုတ်ထုတ်လိုက်သည်။ သူ့ဆီယဲ့ယောင်ရဲ့မျက်နှာလှည့်လာတော့ သူကမျက်ခုံးကိုပင့်မြှောက်၍ "ငါကချောတယ်မလား၊ မင်းငါ့ဆီမှာဆွဲဆောင်ခံလိုက်ရပြီမလား အတန်းဖော်လေးယဲ့ယောင်?"

ယဲ့ယောင် :"......"

ယဲ့ယောင်လုရွှမ်းကို နောက်ထပ်ပရောပရည်လုပ်ဖို့ အခွင့်အရေးထပ်မပေးတော့ပဲ ဘေးချင်းကပ်လျက်ရှိ သာမန်စျေးအသင့်အတင့်ရှိသည့် အဝတ်အစားဆိုင်ထဲသို့သာ လုရွှမ်းကိုဆွဲခေါ်သွားပါလေတော့သည်။

*

သဘောကျသည့်ဝတ်စုံတွေကိုယူကာ ယဲ့ယောင်နဲ့လုရွှမ်း အဝတ်လဲခန်းထဲသို့လျှောက်လာကြသည်။

ဤနေရာရှိ အဝတ်လဲခန်းများမှာအလွန်ကြီးမား၍ အမျိုးသားနှင့်အမျိုးသမီးဟူ၍ ခွဲခြားထားသည်။ အဝတ်လဲခန်းအကြီးတစ်ခုစီတိုင်း၏အတွင်း၌ အဝတ်လဲသည့်အခန်းအကန့်လေးတွေများစွာပါရှိ၏။

အမျိုးသားနှင့် အမျိုးသမီးအဝတ်လဲခန်းများသည် တစ်ခန်းကဘယ်ဘက်၌ရှိ၍ နောက်တစ်ခန်းကညာဘက်၌ အသီးသီးရှိကြပြီး အပြင်ဘက်တံခါးများကပါးလွှာသည့်ကန့်လန့်ကာဖြင့်သာ ပိုင်းခြားထားလေသည်။ အသံမလုံသည့်အကာကြောင့် ယောက်ျားလေးအဝတ်လဲခန်းဝင်ပေါက်မှနေ၍ မိန်းကလေးတွေ၏အဝတ်လဲခန်းဘက်မှ အသံဗလံများကိုဝိုးတိုးဝါးတားကြားနေရလေ၏။

"ထင်းထင်း နင်ပြီးပြီလား? ငါ့ကိုခဏလောက်လာကူလို့ရမလား? ဒီဂါဝန်ကဝတ်ရတာ ခက်လိုက်တာဟယ်"

"ငါပြီးပြီ! နင်ကဘယ်အခန်းထဲမှာလဲ?"

ယဲ့ယောင် အလေးမထားစွာဖြင့် ယောက်ျားလေးအဝတ်လဲခန်းထဲသို့လျှောက်သွားပြီး အခန်းငယ်လေးတစ်ခုထဲသို့ လုရွှမ်းနှင့်အတူဝင်ရောက်သွားသည်။

ယဲ့ယောင်အဝတ်အစားတွေလဲပြီးလို့ အပြင်ထွက်စောင့်နေတဲ့ခဏမှာပဲ တစ်ခုခုမှားနေမှန်းသဘောက်ပေါက်သွား၏။

လုရွှမ်း ထွက်မလာသေးတာပင်။

အင်္ကျီလဲတာကိုလုရွှမ်းက အဲ့လောက်ကြာဖို့လိုလိုလား?

အတွေးထဲနစ်မွန်းနေချိန် သူ့အရှေ့ရှိအခန်းငယ်ထဲမှလုရွှမ်းရဲ့အသံထွက်ပေါ်လာတယ်။

"ယောင်ယောင် မင်းလဲလို့ပြီးသွားပြီလား?"

ယဲ့ယောင် : "......??"

လုပ်ပြီ၊ လုရွှမ်းဒီကောင် မကောင်းတာတစ်ခုခု သေချာပေါက်ထပ်လုပ်နေပြီ!

ယဲ့ယောင်ဘာမှတောင်မပြောနိုင်သေးခင် လုရွှမ်းကဒုတိယအကြိမ်မြောက်ထပ်ပြောလာခဲ့ပြန်ကာ သူ့အသံထဲပြုံးရွှင်နေသည့်ရယ်သံပါ ရောပါလာခဲ့တယ်။ "လာပြီးကူပေးပါဦး။ ဒီဝတ်စုံကဝတ်ရခက်လိုက်တာကွာ၊ ငါတစ်ယောက်တည်း ဝတ်လို့မရလို့"

အခန်းငယ်လေးရဲ့တံခါးနားထိ ယဲ့ယောင်လျှောက်သွားပြီး အေးစက်စက်ပြောလိုက်သည်။ "ဝတ်ဖို့ခက်နေတယ်ဆိုရင် ဝတ်မနေနဲ့တော့ ရွှမ်းရွှမ်း မင်းရဲ့အဝတ်ဟောင်းတွေက စုတ်ပြဲသေးတာလဲမဟုတ်ပဲနဲ့ အဲ့ဒါတွေကိုပဲ မင်းဆက်ဝတ်လို့ရတယ်လေ"

"...... ဖာ့ခ်" လုရွှမ်းကပြုံးလျက်ခေါင်းပြူထွက်လာပြီး ယဲ့ယောင်၏လက်ကောက်ဝတ်ကို လက်အကြီးကြီးဖြင့် ဖမ်းဆုပ်ကိုင်လိုက်သည်။ "ဝင်လာခဲ့ မင်း"

အခန်းငယ်လေးထဲသို့ ယဲ့ယောင်အကြမ်းပတမ်းဆွဲသွင်းခံလိုက်ရသည်။ လုရွှမ်းကတံခါးကိုအရှိန်ဖြင့် တစ်ဖန်ဆောင့်ပိတ်ချလိုက်ပြီး ယဲ့ယောင်အားနံရံဆီတွန်းကာ လက်တစ်ဖက်ကယဲ့ယောင်၏ခေါင်းနဘေး၌ နံရံကိုထောက်လိုက်သည်။

ယဲ့ယောင်ကိုသူ့အရှေ့မှာပဲ တိုက်ရိုက်ပိတ်ကာလိုက်တော့သည်။

လုရွှမ်းကပြုံး၍အနီးသို့ချဥ်းကပ်လာကာ လူပုံလယ်နေရာ၌ရှိနေတာကြောင့်ဖြစ်၍ထင် သူကသူ့အသံကိုနှိမ့်ချလိုက်သည်။

"တစ်ခြားလူတွေရဲ့အချစ်ဆုံးသူငယ်ချင်းတွေက တစ်ယောက်နဲ့တစ်ယောက်ကူပြီးအဝတ်ဝတ်ပေးကြတယ် ဒါပေမယ့်မင်းကတော့ ဟိုးပဝေသဏီက အဝတ်ဟောင်းတွေကိုဝတ်ဖို့ ပြောတယ်ပေါ့လေ။ မင်းကတကယ်ကို အကြင်နာမဲ့တာပဲ ယောင်ယောင်"

လုရွှမ်းကညင်သာစွာစကားဆိုရင်း တစ်ချိန်တည်းမှာပဲ ၎င်းတို့နှစ်ယောက်၏မျက်နှာများ အလွန်နီးကပ်သွားသည်အထိ ဖြည်းဖြည်းချင်းနီးကပ်လာပြီးနောက် လုရွှမ်းရပ်လိုက်တယ်။

အရမ်းကိုနီးကပ်လွန်းတာကြောင့် ယဲ့ယောင်မျက်လုံးလေး အနည်းငယ်ပင့်ကြည့်ရုံနဲ့တင် လုရွှမ်းရဲ့နှုတ်ခမ်းတွေကိုမြင်ရလေသည်။

ခေါင်းဆောင်မင်းသားနဲ့မင်းသမီးကိုသာ ဒီလိုတူညီတဲ့မြင်ကွင်းမျိုးနဲ့ တီဗွီရုပ်ရှင်တွေထဲမှာ ယဲ့ယောင်မြင်ဖူးတာဖြစ်သည်။ ဒါပေမယ့်တစ်နေ့မှာသူက kabedonအနေအထားနဲ့နံရံမှာကပ်ပြီး ပိတ်ခံထားရလိမ့်မယ်လို့တော့ တစ်ခါမှမတွေးခဲ့ဖူးဘူး။

သူတိတ်တဆိတ်ချစ်နေတဲ့အဖြောင့်ကောင်ဆီကနေ ပိတ်ခံထားရလိမ့်မယ်ဆိုပိုလို့တောင်မတွေးဖူးပေ။

လုရွှမ်းရဲ့နှုတ်ခမ်းလွှာတွေက မျဥ်းဖြောင့်တစ်ကြောင်းလို အလွန်ပါးလျကာ၊ အရိုင်းဆန်သည့်ခံစားချက်အား အလွယ်တကူပေးစွမ်းလေသည်။ သူနဲ့မျက်နှာချင်းဆိုင်သည့်အခါမှာတော့ ဒီနှုတ်ခမ်းလွှာတွေကအမြဲတမ်းပြုံးနေပြီး ထိုအရိုင်းဆန်စေသည့်ခံစားချက်အား လုံးဝလွင့်စင်ပပျောက်သွားစေသည်။

ဒါကသာတီဗွီရှိုးတစ်ခုသာဆိုရင် ဇာတ်လိုက်နဲ့ဇာတ်လိုက်မက အခုပဲနမ်းနေကြလောက်ပြီ။

ယဲ့ယောင် လုရွှမ်းရဲ့အကြည့်တွေကိုရှောင်ဖယ်လိုက်တယ်။ သူ့အတွေးတွေကိုဖော်ထုတ်မိသွားအောင်လို့တော့ ထိုသူ့မျက်ဝန်းတွေကိုခွင့်မပြုနိုင်ဘူး။

လုရွှမ်းကရယ်မော၍ ပြောလာတယ် : "ငါ့လက်နှစ်ဖက်လုံးကကျိုးနေတော့တစ်ယောက်တည်းအဝတ်ဝတ်ရတဲ့ ရှုပ်ရှုပ်ထွေးထွေးအလုပ်ကို ပြီးအောင်မလုပ်နိုင်ဘူးဖြစ်နေတယ်ကွာ။ မင်းမှာငါ့ကိုနှိပ်စက်ဖို့ နှလုံးသားများရှိနေတာလား?"

"...... အဲ့အကြောင်းကြားရတာစိတ်မကောင်းပါဘူး" ယဲ့ယောင်ကပူးပေါင်း၍ ဖုန်းကိုဆွဲထုတ်လိုက်သည်။ "မင်းရဲ့လက်တွေနာနေပေမယ့် အဲ့သတင်းကြားရတဲ့ ငါ့နှလုံးသားလည်းနာကျင်ရပါတယ်။ ငါအခုပဲစျာပနနေရာကို မင်းအတွက်ကူပြီးဆက်သွယ်ပေးပါ့မယ်"

"ဒါဆိုမင်းငါ့ကိုမီးသင်္ဂြိုဟ်စက်ထဲဆွဲမထည့်ခင် အရင်ဆုံးအင်္ကျီကူဝတ်ပေးဦး" လုရွှမ်းကသူနဲ့ စတင်၍အရှက်မရှိစွာကစားလာတယ်။ "ငါတို့ဆက်ဆံရေးက တစ်ခြားသူတွေထက်မဆိုးဘူးလေ။ တစ်ခြားသူငယ်ချင်းတွေတောင်လုပ်နိုင်ရင် ငါတိို့လည်းလုပ်နိုင်ရမှာပေါ့"

ဒါကအရမ်းဂေးလွန်းတယ်လေ၊ ယဲ့ယောင်အလွန်ညင်သာစွာ သက်ပြင်းချလိုက်ပြီး လုရွှမ်းကိုနည်းနည်းဝေးဝေးသို့ တွန်းထုတ်၍သဘာဝကျအောင် ကြိုးစားလိုက်သည်။ "တစ််ခြားသူတွေကမိန်းကလေးတွေလေ သူတို့အဝတ်အစားတွေကသေးသွယ်ပြီးဝတ်ဖို့ခက်တာ ဒါမှမဟုတ်သူတို့စကတ်ကိုဇစ်ဆွဲတင်ဖို့ အကူအညီလိုတာတွေကပုံမှန်ပဲ။ မင်းကဆွယ်တာတစ်ထည်ဝတ်လိုက်ရုံပဲလေ။ မင်းရဲ့ဆွယ်တာကိုကူဝတ်ဖို့ ငါ့ဆီကဘာအကူအညီများလိုနေတာလဲ? ဆွဲတင်ပေးရအောင်လည်း မင်းရဲ့အဝတ်တွေမှာ ဘာဇစ်မှမရှိ ......"

ယဲ့ယောင် စကားပြောနေတာကိုရုတ်ချည်းရပ်တန့်လိုက်တယ်။ လုရွှမ်းရဲ့အဝတ်တွေမှာဇစ်ပါနေတာကို ရုတ်တရတ်တွေ့လိုက်ရတာကြောင့်ပင်_ ပြီးတော့အဲ့ဇစ်က ထိုသူ့ဘောင်းဘီမှာ။

လုရွှမ်းရဲ့အတွေးတွေက ယဲ့ယောင်နဲ့လျင်မြန်စွာပဲလိုက်ချိန်ညှိသွားကာ သူ့မျက်လုံးတွေက ယဲ့ယောင်၏မျက်နှာပေါ်သို့ကျရောက်လာခဲ့သည်။ "မင်းငါ့ကိုဒီဇစ်ကူဆွဲပေးချင်လို့လား? အကြံကောင်းပဲ၊ ငါဒါကိုတစ်ခါမှမတွေးခဲ့ဖူးဘူး"

ယဲ့ယောင် :"......"

ယဲ့ယောင် ပြတ်ပြတ်သားသားငုံ့ကိုင်းချကာ လုရွှမ်းရဲ့လက်မောင်းအောက်မှထွက်၍ လှည့်တောင်မကြည့်ပဲ အခန်းငယ်လေးထဲမှထွက်သွားသည်။ အခန်းငယ်လေးရဲ့တံခါးမပိတ်သွားခင် လုရွှမ်းရဲ့တခစ်ခစ်ရယ်မောသံကိုပင် သူကြားလိုက်ရလေ၏။

ဒီအရူးအဖြောင့်ကောင်က နေ့တိုင်းဂေးလုပ်ရပ်တွေပဲလုပ်နေပေမယ့် အတော်ကိုအပျော်ကြီးပျော်နေတယ်။ နောက်တစ်ခေါက်လည်း သူတကယ်ကိုလုပ်ရဲဦးမှာပဲ!

***

အဝတ်အစားတွေဝယ်ပြီး၍ စားသောက်ပြီးနောက် ရုပ်ရှင်ကြည့်ဖို့အချိန်ရောက်လေပြီ။

ရုပ်ရှင်လက်မှတ်တွေကို ယဲ့ယောင်ကြိုတင်ဘိုကင်လုပ်ပြီး၍ လုရွှမ်းနဲ့အတူ မြင်ကွင်းအကောင်းဆုံးထိုင်ခုံတွင် ဝင်ထိုင်ကာရုပ်ရှင်စမှာကို စောင့်နေလိုက်သည်။

ရုပ်ရှင်စသည့်အချိန်သို့ရောက်သည့်အခါ ရုပ်ရှင်ခန်းမတစ်ခုလုံးရှိ မီးအလင်းရောင်များမှောင်ကျသွားပြီး ရုံမှပေးသည့် 3Dမျက်မှန်မှတစ်ဆင့် လုရွှမ်းရဲ့အမူအရာတွေကို ယဲ့ယောင်မျက်လုံးထောင့်စွန်းမှနေ၍ သတိမထားမိအောင်မကြာမကြာ ခိုးခိုးကြည့်နိုင်သည်။

ဒီရုပ်ရှင်ရဲ့ဇာတ်ကြောင်းက အလွန်ရိုးရှင်းတယ်။ အဓိကဇာတ်လမ်းမှာတော့ ပျော်ရွှင်နေကြတဲ့မင်းသားနဲ့ မင်းသမီးတို့သူငယ်ချင်းနှစ်ယောက်ဟာ အစပိုင်းအချင်းချင်းအမြင်မကြည်ကြသည့်အဖြစ်ကနေ သူငယ်ချင်းတွေရဲ့အကူအညီနဲ့  ချိုမြိန်သည့် စုံတွဲအချစ်ငှက်ကလေးနှစ်ကောင်ဖြစ်လာသည့်အကြောင်းပင်။

မထင်မရှားဘေးဇာတ်ကွက်အနေနဲ့တော့ ဇာတ်လိုက်နဲ့ဇာတ်လိုက်မကိုတွဲဖက်ပေးပြီးနောက် ယောက်ျားလေးသူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်ခံစားချက်တစ်ယောက်နားလည်နေခဲ့ပေမယ့် လက်တွေ့ဘဝ၏ဖိအားတွေနှင့် အကြောင်းပြချက်အမျိုးမျိုးတွေကြောင့် သူတို့လက်တွဲဖော်ကိုရှာမတွေ့ခဲ့ရင်တောင် နှစ်ယောက်သားရဲ့နောက်ဆုံးဆက်ဆံရေးမှာ အကောင်းဆုံးသူငယ်ချင်းတွေအဖြစ်၌သာ ရပ်တန့်သွားခဲ့သည့် ဇာတ်လမ်းသာဖြစ်ပေ၏။

အမှောင်ထဲ၌ ယောက်ျားလေးနှစ်ယောက်၏ တစ်ယောက်ကိုတစ်ယောက်စနောက်နေသည့် မြင်ကွင်းတွေပေါ်လာတိုင်း ယဲ့ယောင်၏မျက်ဝန်းလေးတွေက လုရွှမ်းဆီဖြည်းဖြည်းချင်းလှည့်သွားတတ်သည်။

ယဲ့ယောင်အတော်လေးတော့ စိတ်မအေးနိုင်ဖြစ်နေမိတယ်။

လုရွှမ်းကသာတကယ်ကြီး ဂေးမုန်းတီးရေးသမားတစ်ယောက်ဆိုရင် ဒီလိုဇာတ်ကွက်မျိုးကြည့်ရတာကို အတော်လေးမနှစ်မြို့ဖွယ်ဖြစ်နေသင့်သည်။ ပြီးတော့စကားနဲ့သာ ဂေးမုန်းတီးသူဟုပြောနေပေမယ့် ပစ်ပစ်ခါခါငြင်းပယ်တာမျိုးမရှိရင် တုံ့ပြန်မှုတစ်စုံတစ်ရာလည်း ရှိလာမှာမဟုတ်ဘူးမလား?

ယဲ့ယောင်ကိုစိတ်သက်သာရာရစေသည့်အရာမှာ လုရွှမ်းရဲ့အမူအရာကအများကြီးမပြောင်းလဲသွားတာပဲဖြစ်တယ်။

အချိန်တွေကုန်လွန်သွား၍ ရုပ်ရှင်လည်းအဆုံးသတ်သို့ရောက်လာခဲ့သည်။ ရုပ်ရှင်ခန်းမရဲ့မီးတွေပြန်လင်းလာသည့်အခါ လုရွှမ်းက3Dမျက်မှန်ကိုချွတ်လိုက်ပြီး သူ့လက်ဘေးရှိ ကိုလာဘူးကိုကောက်ကိုင်၍  တစ်ငုံစုပ်သောက်လိုက်သည်။

ယဲ့ယောင် : "...... အဲ့ဒါငါ့coke"

"အိုး?" လုရွှမ်းကကိုလာဘူးကိုသောက်နေရာမှခွာ၍ ခပ်ဝေးဝေးထားကိုင်ကာ ကြည့်လိုက်ပြီးနောက် ယဲ့ယောင်ရှေ့မှာပဲ နောက်တစ်ငုံထပ်သောက်လိုက်ပြန်၏။

ယဲ့ယောင်၏အကြည့်ကြီးကိုရင်ဆိုင်လျက် လုရွှမ်းCokeကိုဖြည်းဖြည်းချင်းသောက်ကာ ထို့နောက်အခြားတစ်ဖက်မှ cokeကိုလှမ်းယူ၍ ယဲ့ယောင်လက်ထဲထည့်ပေးလိုက်သည်။ "ငါတို့နှစ်ယောက်ကြား အစားအသောက်ဝေမျှတာက တကယ်ကိုရေးကြီးခွင်ကျယ်ဖြစ်နေဖို့လိုလို့လား၊ ငါမင်းကိုဒီခွက်ပေးမယ်"

လုရွှမ်းရဲ့စကားတွေနဲ့အပြုအမူတွေက အရင်အတိုင်းတထေရာတည်းပင်ဖြစ်ကာ လိင်တူအချစ်ဇာတ်လမ်းရုပ်ရှင်ကို ကြည့်လိုက်ရပေမယ့်လည်း သက်တောင့်သက်သာမဖြစ်နေသည့်ပုံမပေါ်။

သူတို့ရုပ်ရှင်ရုံမှထွက်လာပြီး အငှားကားစီး၍ ကျောင်းဝန်းထဲပြန်ရောက်လာသည်အထိ ယဲ့ယောင်သူ့ကိုသွေးတိုးစမ်းကြည့်ဖို့အလျင်လိုမနေဘူး။ ကျောင်းဝင်းလမ်းတစ်လျှောက် လျှောက်လာရင်း လုရွှမ်းကသူ့လက်ကိုနောက်တစ်ဖန် ဆုပ်ကိုင်ဖို့ကြိုးစားလာမှသာ ယဲ့ယောင်စကားဟလာသည်။

"ဒီနေ့ရုပ်ရှင်ကို ဘယ်လိုထင်လဲ?"

"ကောင်းပါတယ်၊ ချိုမြိန်တဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲလေ" လုရွှမ်းကလက်တစ်ဖက်၌ စျေးဝယ်လာသည့်အထုပ်အပိုးတွေကိုကိုင်၍ အခြားတစ်ဖက်ကယဲ့ယောင်ရဲ့လက်ကိုကိုင်ထားလေ၏။ ဘာကိုတွေးထင်ရမလဲသူမသိ၊ ရုတ်တရတ်ပဲ သူ့ရဲ့အမူအရာကစူးရှသွားကာ "ဘာလို့ငါ့အထင်အမြင်ကို ရုတ်တရတ်ကြီးလာမေးနေတာလဲ? မင်းကချစ်ဖို့ကြံနေပြီးကောင်မလေးရှာနေတာလား၊ အဲ့ဒါကြောင့်အဲ့ရုပ်ရှင်ကိုအသုံးချပြီး ငါ့ကိုလာစမ်းနေတာလား?"

ယဲ့ယောင် :"......"

ဆက်စပ်သင့်သည့်ကိစ္စက မဆက်စပ်ပဲ၊ မဆက်စပ်သင့်သည့်အရာက စုံလုံးကန်းလျက် လာဆက်စပ်နေတယ်။

သူတကယ်ကို ချစ်ချင်နေတာပါ။ သို့ပေမယ့် လုရွှမ်းတွေးထင်နေတဲ့အချစ်မျိုးတော့ သေချာပေါက်မဟုတ်ဘူးလေ။

မဟုတ်တာ၊ မဟုတ်တာ၊ မဟုတ်တာ လုရွှမ်းကအဲ့ရုပ်ရှင်ထဲက လိင်တူချစ်တဲ့ဇာတ်ကွက်ကို လုံးဝမြင်တောင်မမြင်လိုက်တာလား!

ယဲ့ယောင်ရဲ့လက်ကို လုရွှမ်းလွှတ်လိုက်ပြီး လှည့်၍သူ့တံတောင်ဆစ်အကွေးကြား ယဲ့ယောင်၏လည်ပင်းကိုညှပ်ကာ နှစ်ယောက်ကြားရှိအကွာအဝေးအား ကျဥ်းမြောင်းသွားစေပြီး ဒေါသတကြီးဆိုလေသည်။ "အဲ့အကြောင်းကို ငါကစဥ်းတောင်မစဥ်းစားသေးဘူး၊ မင်းကိုလည်းခွင့်မပြုနိုင်ဘူး။ ငါတို့အတူတူတစ်ချိန်တည်းမှာပဲ ဆက်ဆံရေးတစ်ခုတည်ဆောက်မယ်လို့ သဘောတူထားခဲ့တယ်မလား? လိင်မှုကိစ္စနဲ့မိန်းကလေးတွေအတွက် မင်းရဲ့သူငယ်ချင်းကိုတော့ စွန့်ပစ်လိုက်လို့မရဘူးကွ!"

"ငါအဲ့လိုမတွေးပါဘူးဟ" ယဲ့ယောင်တကယ်ကိုသိမ်းသွင်းစည်းရုံးကာ ထိုအကြောင်းကိုတွေးကြည့်ပြီးနောက် ဖုန်းကိုထုတ်လိုက်တယ်။ "သရုပ်ဆောင်တွေရဲ့သရုပ်ဆောင်ပုံက အရမ်းလွန်လွန်းတယ်လို့ငါတွေးနေမိတာ အဲ့ဒါကြောင့်မင်းရဲ့ထင်မြင်ချက်ကိုကြားချင်လို့လေ၊ တစ်ခြားရုပ်ရှင်ဝေဖန်သူတွေက ဘယ်လိုတွေထင်မြင်ကြလဲတွေ့လိမ့်မယ်"

ထိုနေရာ၌ ရုပ်ရှင်သုံးသပ်ချက်များ များစွာရှိသည်။ ယဲ့ယောင်ကရှာတွေ့သွားဟန်ဆောင်ကာ လုရွှမ်းအားပြောလိုက်သည်။ "ယောက်ျားလေးအရံဇာတ်ကောင်နှစ်ယောက်က အချင်းချင်းချစ်ကြိုက်နေကြတာအသိသာကြီးဆိုပေမယ့် အဆုံးမှာနှစ်ယောက်သား အတူတူမရှိနိုင်တော့တာက သနားဖို့ကောင်းတယ်ဆိုပြီး လူအတော်အများများကတွေးနေကြတာ"

ထိုအခိုက်တွင် လုရွှမ်းတောင့်ခဲသွားကာ သူ့အမူအရာမှာလည်း ခဏတွင်းချင်းအေးစက်တည်ငြိမ်သွားလေသည်။

"...... ချစ်ကြိုက်နေတယ်?"

လုရွှမ်းရဲ့မိုင်းတွင်းအကြောင်းကို တွေးမိတော့ ယဲ့ယောင်စကားလုံးတွေကို ပုံမှန်ထက်ပိုသတိထားပြောကာ "အခုလူတိုင်းက ဒီလိုcpမျိုးကိုသဘောကျလို့နေမှာပါ"

လုရွှမ်းရဲ့အမူအရာက တဖြည်းဖြည်းပြေလျော့သွားကာ "ကောင်မလေးတွေက ယောက်ျားလေးတွေကြားကသူငယ်ချင်းဆက်ဆံရေးကို နားမလည်ကြပဲအချစ်လို့တွေးနေကြတာပေါ့။ ပုံမှန်ပါပဲကွာ၊ အဲ့အကြောင်းတွေမေ့ပစ်လိုက်"

...... လုရွှမ်းက တကယ်ကိုမမြင်လိုက်ပဲ အဲ့နှစ်ယောက်ကိုသူငယ်ချင်းတွေလို့ပဲ့ တွေးနေတာဟ!

ယဲ့ယောင်စိတ်ရှုပ်ထွေးသွားရကာ လုရွှမ်းအားမည်သို့မည်ပုံ ဆက်၍စမ်းသပ်ရမည်မှန်းမသိတော့ချေ။ သူကဘာမှမဖြစ်ခဲ့သလို ရှေ့သို့သာဆက်လျှောက်သွားတော့သည်။ ဆန့်ကျင်ဘက်တွင်တော့ လုရွှမ်းကထိုစာကြောင်းကြောင့် စိတ်ဝင်တစားရှိသွားပုံရပြီး ၎င်း၏ဖုန်းအား အားပါးတရဆွဲထုတ်လိုက်လေသည်။

လုရွှမ်းကဖုန်းကိုကြည့်လျှက် ပြောလာသည်။ "ဖန်တွေအတော်လေးရှိတာပဲ။ ငါတို့cpကိုလည်း supportတဲ့သူတွေအများကြီးရှိရင် ကောင်းမှာပဲနော်။ ကိုယ်သဘောကျတဲ့အတွဲတွေကို fictionရေးတဲ့သူတွေတောင်အများကြီးရှိတယ်။ စိတ်ဝင်စားစရာပဲ"

ယဲ့ယောင်မှာ ကူကယ်ရာမဲ့လျက် : "တစ်ခြားcp fanတွေလုပ်ထားတာကို မင်းကမနာလိုဖြစ်နေတာပဲ၊ မင်းရဲ့ကိုယ်ပိုင် fanficတွေကို ဖတ်ချင်နေလို့လား?"

"အဲ့ဒါတွေရှိရင် ငါဖတ်ချင်နေမှာ၊ ပြောနေစရာတောင်မလို...." လုရွှမ်းကစကားကိုရုတ်ခြည်းရပ်ပစ်လိုက်ကာ မျက်နှာကမည်းမှောင်သွားသည်။

ယဲ့ယောင်ထိတ်လန့်သွား၍ လုရွှမ်းအားပြန်လှည့်ကြည့်သည့်အခါ သူသည်လည်းလုရွှမ်းဖုန်းထဲက အကြောင်းအရာအားမြင်လိုက်ရ၏။

ဖိုတိုရှော့ရုပ်ပုံတစ်ပုံအား လုရွှမ်းချော်ထိသွားကာ ထိုရုပ်ပုံ၌ပါသည့်လူတွေရဲ့မျက်နှာကို ရုပ်ရှင်ထဲကအရံမင်းသားနှစ်ယောက်၏မျက်နှာများဖြင့် အစားထိုးထားလေသည်။ တစ်ယောက်ကအခြားတစ်ယောက်အား အိပ်ရာပေါ်၌ဖိထားပြီးနမ်းနေကြကာ ရုပ်ပုံတစ်ခုလုံးလိင်ပိုင်းဆိုင်ရာတင်းမာမှုတွေ အပြည့်နှင့်ပင်။

ဒါကယောက်ျားနှစ်ယောက်ကြားရှိ လိင်ပိုင်းဆိုင်ရာလုပ်ဆောင်မှုကို အရိပ်အမြွက်ဖော်ပြသည့် ဖိုတိုရှော့လုပ်ထားသောအိပ်ရာပေါ်ကပုံရိပ်တွေပင်။

လုရွှမ်း၏ပုခုံးအား ယဲ့ယောင်ကိုင်လိုက်ကာ အထိတ်ထိတ်အလန့်လန့်ဆိုလေသည်။ "မင်းဘာဖြစ်လို့လဲ၊ တစ်ခုခုဖြစ်လို့လား?"

"အဆင်ပြေပါတယ်" လုရွှမ်း မျက်လုံးတွေကိုမှိတ်လိုက်ကာ စိတ်ကိုဖြေလျှော့ချလိုက်သည်။ ထိုနောက်ဖုန်းကို ပင်မစာမျက်နှာသို့ပြန်ပြောင်းလိုက်ကာ စခရင်ကိုပိတ်ချလိုက်တော့သည်။ "ဒီလိုအရာတွေမြင်လိုက်ရတော့ နည်းနည်းမအီမသာဖြစ်လာလို့၊ ငါအချိန်ယူလိုက်ဦးမယ်"

"......" ယဲ့ယောင်ရဲ့နှလုံးသားလေးမှာ အောက်ခြေသို့တိုင်နစ်မြုပ်သွားခဲ့တော့သည်။ ထိုအခိုက်အတန့်၌ သူ့အမူအရာမှာ အလွန်ကြည့်ရဆိုးနေမည်ဟုပင် သံသယဝင်မိသည်။

ယဲ့ယောင် အသံထဲ၌ခံစားချက်တွေကိုထိန်းချုပ်ကာ "မလှုပ်နဲ့၊ ဒီမှာပဲနေ၊ ငါမင်းအတွက်လီမွန်ဖျော်ရည်တစ်ခွက် ဝယ်လာခဲ့မယ်"

လုရွှမ်းရဲ့အဖြေကိုပင်စောင့်မနေတော့ပဲ ခံစားချက်တွေကိုဖုံးကွယ်လျက် သိပ်မဝေးသည့်နေရာရှိ နို့လက်ဖက်ရည်ဆိုင်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားတော့သည်။

ဆောင်းဦးအစ၏ ညလေညင်းတွေထဲ အေးစိမ့်စိမ့်အရိပ်အငွေ့တို့ ရောယှက်ပါလာကာ ယဲ့ယောင်အားတဖြည်းဖြည်းနိုးကြားလာစေခဲ့သည်။

လုရွှမ်းကတကယ်ကို ဂေးမုန်းတီးသူတစ်ယောက်ပဲ။ ယောက်ျားနှစ်ယောက်ရဲ့ လွန်လွန်ကျူးကျူးဖြစ်နေသည့်မြင်ကွင်းက သူ့အတွက်တော့အော်ဂလီဆန်စရာပင်။

ယဲ့ယောင်ကိုယ့်ကိုကိုယ်ရယ်မောလိုက်မိတယ်၊ သူ့ရဲ့မျှော်လင့်ချက်တွေနဲ့ ဖျားယောင်းသွေးဆောင်မည့်အတွေးတွေက ထိုနေရာမှာပဲကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားလေပြီ။ သို့ပေမယ့်လည်း စိတ်သက်သာရာရသွားသလို သူခံစားလိုက်ရတယ်။

သူငယ်ချင်းကောင်းတွေအဖြစ်နဲ့က အကောင်းဆုံးပင်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့၊ ဟိုးအစကတည်းကသူလိုချင်တဲ့အရာက ဘာဆိုဘာမှဖွင့်ထုတ်မပြပဲ လုရွှမ်းရဲ့ရာသက်ပန်သူငယ်ချင်းတစ်ယောက်အဖြစ်ရှိနေရဖို့ပါပဲလေ။

***

ယဲ့ယောင်အဝေးသို့လျှောက်သွားသည့်အခါမှသာ လုရွှမ်းကသစ်ပင်ကိုမှီ၍ စောင့်ဆိုင်းနေလိုက်၏။

သူအခုထိ အော်ဂလီဆန်နေဆဲပင်ဖြစ်ကာ လီမွန်ဖျော်ရည်ဆယ်ခွက်လောက်သောက်ပြီးရင်တောင် အခုလိုစိတ်ပိုင်းဆိုင်ရာမအီမသာဖြစ်နေမှုက ပျောက်သွားမှာမဟုတ်။

တစ်ချက်လောက်ကြည့်လိုက်ရုံနှင့် သူ့ကိုရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ပိုကောင်းသွားစေမည့် တစ်စုံတစ်ရာကိုသူလိုအပ်နေပြီ။

လုရွှမ်း ဖုန်းကိုနောက်တစ်ကြိမ်ထပ်ထုတ်လိုက်တယ်။ ဒါပေမယ့် အရသာရှိတဲ့အစားအစာတွေ၊ မိန်းမလှတွေကိုကြည့်ရမည့်အစား သူ့ဖုန်းထဲကအယ်လ်ဘမ်ကို ကလစ်နှိပ်လိုက်သည်။

လုရွှမ်းရဲ့မိုဘိုင်းဓာတ်ပုံပြခန်းတွင် ပုံတွေအများကြီးရှိမနေချေ။ အများစုမှာသူနဲ့ယဲ့ယောင်တို့၏ အဖွဲ့လိုက်ဓာတ်ပုံများဖြစ်ပြီး နောက်ဆုံးတစ်ခေါက်တုန်းက ဖိုရမ်မှသူရှာဖွေခဲ့သည့် ယဲ့ယောင်ရဲ့တစ်ကိုယ်တည်းဓာတ်ပုံများနှင့် သူတို့နှစ်ယောက်ရဲ့cpပုံများသာဖြစ်သည်။

လုရွှမ်းကပုံတစ်ပုံကို သာမန်ကာလျှံကာနှိပ်ကာ ပုံကြီးချဲ့လိုက်သည်။ အဲ့ဒါကယဲ့ယောင်ကို သူ့လက်မောင်းတွေထဲပွေ့ဖက်၍ အားကစားကွင်းထဲမှထွက်သွားသည့်ပုံပင်ဖြစ်သည်။ သူတို့နှစ်ယောက်ရဲ့ဦးခေါင်းတွေအလွန်ပင် အတူတူနီးကပ်နေလျက် တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ကြင်နာယုယစွာစကားပြောနေကြမှန်း လူတိုင်းပြောနိုင်လေသည်။ နှစ်ယောက်ကြားအလယ်တွင် တတိယလူအတွက်နေရာမရှိသလို တတိယလူဆိုတာလည်း ဘယ်တော့မှရှိလာမည့်အရာမဟုတ်ပေ။

ထိုပုံအားလုရွှမ်းကြည့်နေရင်းဖြင့် နွေလည်ခေါင်ပူပူတွင် ဖရဲသီးဖျော်ရည်အေးအေးလေးတစ်ခွက်အား သောက်လိုက်ရသကဲ့သို့ သူ့အားမူးဝေစေသည့်မအီမသာဖြစ်နေမှုသည် တဖြည်းဖြည်းကွယ်ပျောက်သွားပြီး သူ့စိတ်ခံစားချက်တွေက ပျားရည်သကဲ့သို့ချိုမြိန်လာလေတော့၏။

ဖုန်းမျက်နှာပြင်ပေါ်ရှိ ယဲ့ယောင်၏မျက်နှာလေးအား လုရွှမ်းထိတွေ့လိုက်ကာ ကျေနပ်အားရသည့်အပြုံးအား လှစ်ဟလာခဲ့တော့သည်။

×××××××
Thanks for Reading
18/5/2023


Xun xun bends only for yao yao:3

Kabedon pose

Pokračovat ve čtení

Mohlo by se ti líbit

4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
Petra Od Faith 🌸

Dobrodružné

30.2K 919 51
FEATURED STORY ON @WattNeverland She shares the same green eyes, brown hair, fair skin, and accent as him. Raised by her brother, she only knows how...
2.1M 113K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.8M 132K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...