ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသ...

Oleh suyinhtike

15.5K 1.3K 7

Reader လေးတစ်ယောက်က တောင်းဆိုထားလို့ပါ Both Uni and Zawgyi ************ လုခယ့်ဟာ သူ့ရဲ့အသက်သုံးဆယ်ပြည့်မွေးနေ... Lebih Banyak

Prolouge
Chapter - 1
Chapter-2,3
Chapter-4
Chapter-5
Chapter- 6
Chapter-7
Chapter-8,9
Chapter-10,11
Chapter-12,13
Chapter-14
Chapter-15
Chapter-16 (Mature)
Chapter-17
Chapter-18
Chapter-19,20
The End

Chapter-21

543 42 0
Oleh suyinhtike

Unicode

နောက်ဆုံးတော့ အဆုံးသတ်မယ့်နေ့ ရောက်လာလေပြီ... ဧကရာဇ်ထုံယန်က ပလ္လင်ပေါ်မှာထိုင်နေပြီး ရဲမက်တွေက ဖုန်းဆွန်၊ ဝမ်ရှုနဲ့ ခေါင်းကိုအိတ်စွပ်ခံထားရသည့် အမျိုးသမီးတစ်ယောက်ကို ဖမ်းချုပ်ခေါ်လာကြသည်...

လူတိုင်းက ဒီအမျိုးသမီးဘယ်သူဆိုတာ သိချင်နေကြ၏... ထုံယန်က ရဲမက်တွေအား အိတ်ကိုဖယ်ရန်အမိန့်ပေးလိုက်သည်... ထိုအမျိုးသမီးကတော့ ဧကရီချွန်ရုံသာ ဖြစ်ပေသည်...

ဘေးကလူတွေအားလုံး ကြောင်အသွားကြ၏... ထုံယန်က ဘယ်သူ့ကိုမှ သက်ညှာမပေးပေ... ဝမ်ရှုကတော့  သူမကိုယ်ဝန်ကို အကြောင်းပြကာ ညှာတာပေးရန်တောင်းဆိုလေသည်...

"ဝမ်ရှုရဲ့ဗိုက်ကိုခွဲပြီး ကလေးကိုထုတ်လိုက်... ဒါပေမဲ့ ဝမ်ရှုကို သေအောင်ပစ်ထား" ထုံယန်မှာ သနားညှာတာမှုလုံးဝမရှိဘဲ အမိန့်ပေးလိုက်သည်... 

ဝမ်ရှုမှာ သနားညှာတာပေးဖို့ တောင်းပန်နေပေမဲ့ ထုံယန်ဆက်ပြောလိုက်တဲ့ စကားကြောင့် လူတိုင်း အံ့ဩထိတ်လန့်သွားလေ၏... "မင်းရဲ့ အဖေနဲ့အမေကို သတ်ပစ်တုန်းကရော သနားညှာတာမှုရှိခဲ့လို့လား"

ဝမ်ရှု ခေါင်းကိုငုံ့ထားရင်း တိတ်ဆိတ်စွာငိုကြွေးနေလေသည်... "သူမလျှာကိုဖြတ် မျက်လုံးကိုဖောက်ထုတ်ပြီးမှ ကလေးကိုထုတ်...ပြီးရင် သတ်ပစ်လိုက်တော့" ထုံယန်ပြောပြီးနောက် သူ့အာရုံက တုန်ယင်နေပြီဖြစ်တဲ့ ဖုန်းဆွန်ဆီရောက်သွားသည်...

ရဲမက်တွေမှာ ဝမ်ရှုရဲ့လျှာကိုဖြတ်ပြီး မျက်လုံးကိုဖောက်ထုတ်လိုက်ကြ၏... နောက်ရဲမက်တစ်ယောက်ကတော့ သူမဗိုက်ကိုခွဲကာ ကလေးကို ထုတ်ယူလေသည်...

ကလေးအား အစေခံတစ်ယောက်ဆီပေးပြီးနောက် ဝမ်ရှုကို သတ်လေတော့သည်... သူမတောင်းပန်ချင်သော်လည်း အသံမထွက်နိုင်တော့ပါပေ...

ရဲမက်က သူမသေတာသေချာသွားပြီးနောက် ခေါင်းကိုဖြတ်ကာ ဧကရာဇ်ဘက်လှည့်လိုက်သည်... ဝမ်ရှုသေသွားတာကို မျက်မြင်တွေ့လိုက်ရတဲ့ ချွန်ရုံမှာတော့ အသနားခံတောင်းပန်တော့လေသည်...

"မင်းတောင်းပန်နေရအောင် တစ်ခုခုအမှားလုပ်ခဲ့တာ ရှိလို့လား" ထုံယန်မေးလိုက်သည်...

"အရှင်မင်းကြီး... ဖုန်းဆွန်က ကျွန်မကို တွန်းအားပေးခဲ့တာပါ... ကျွန်မ သူခိုင်းတဲ့အတိုင်းမလုပ်ရင် သူကျွန်မကို သတ်လိုက်မယ်... အရှင်မင်းကြီး ကျွန်တော်မျိုးမက လုံးဝအပြစ်ကင်းပါတယ်!!" ချွန်ရုံ အသနားခံလေသည်...

"ငါစုံစမ်းမှုအရ မင်းကသာ ငါ့လူတွေကိုသတ်ဖို့ လူစုခဲ့တာလေ.. ဖုန်းဆွန်က စစ်သားစုဆောင်းနိုင်ဖို့ အင်အားမှမရှိတာ" ထုံယန်ပြောပြီး သူမ တုံ့ပြန်မှုကိုကြည့်လိုက်သည်... 

"အရူးတစ်ယောက်ကိုဖမ်းဖို့ ငါကိုယ်တော် အရူးတစ်ယောက်လိုဟန်ဆောင်ခဲ့တယ်... မင်းရှင်းနိုင်ငံကို ထိန်းချုပ်ချင်နေမှန်း ငါသိတယ်... ငါ့ကိုဖယ်ရှားနိုင်ဖို့ ဖုန်းဆွန်ကိုအသုံးချခဲ့တယ်... ကျိရော့ကြောင့်သာမဟုတ်ရင် မင်းတို့အစီအစဉ်တွေ အောင်မြင်တော့မှာမလား"ထုံယန်ဟာ ဒေါသတကြီးသူမကိုပြောလိုက်ပေမဲ့ တစ်ချိန်တည်းမှာပဲ တည်ငြိမ်နေလေ၏...

"ကျိရော့က ဖုန်းဆွန်နဲ့ ဝမ်ရှုတို့ရဲ့ အကြံအစည်ကိုသိခဲ့တယ်... ဒါပေမဲ့ သူမ ထုတ်ပြောလိုက်ရင် မင်းကိုလည်း ဖော်ထုတ်သလိုဖြစ်သွားမှာစိုးတာကြောင့် မင်းသူမကို ငါ့နားမရောက်နိုင်အောင်လုပ်ခဲ့တယ်... သူမ နိုင်ငံထဲကထွက်သွားတာ မင်းသိတော့ သူမကိုသတ်ပစ်ဖို့ လူတွေလွှတ်ခဲ့တယ်... ဒါပေမဲ့ မင်းလူတွေက သူမကိုရှာမတွေ့တာကြောင့် ယွမ်ယွမ့်ကိုသတ်ပစ်ခဲ့တယ်မလား" ထုံယန်ပြောသော်လည်း ချွန်ရုံကတော့ သူမအပြစ်ကင်းကြောင်းနဲ့ ဖုန်းဆွန်အကြံအစည်တွေဟုပင် ဆိုနေလေသည်...

ဖုန်းဆွန်ကလည်း အရာအားလုံးကို ချွန်ရုံသာလုပ်ကြောင်းနှင့် သူက သူမပြောတဲ့အတိုင်း လုပ်ရကြောင်း ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပြောဆိုလေ၏... 

"သူ့အရိုးတွေအားလုံးကို ရိုက်ချိုးပစ်လိုက်" ထုံယန်အမိန့်ပေးလိုက်သည်... ချွန်ရုံမှာ ရဲမက်လက်ထဲမှ ရုန်းကန်သော်လည်း မအောင်မြင်ချေ.. ချွန်ရုံ့လက်တွေအချိုးခံရတော့မယ့်အချိန်မှာပဲ အပြာရောင်ဝတ်ရုံဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်က သူမရှေ့တွင် လာရပ်လေသည်....

သူမ မော့ကြည့်လိုက်တော့ ကျိရော့က သူမအား စိုးရိမ်နေတဲ့ပုံစံဖြင့် ငုံ့ကြည့်နေလေ၏..."ရှင်အဆင်ပြေရဲ့လား" ကျိရော့မှ ဖြစ်ပျက်နေသမျှကို ကြည့်ရင်းမေးလိုက်သည်...

သူမရဲ့ကယ်တင်ရှင်ရောက်လာသလိုမျိုး အကြံအစည်ဖြင့် မျက်ရည်အတုအယောင်တွေသုံးကာ ငါ့ဝတ်ရုံစကို ဆွဲထားလေသည်... "မဟုတ်...မဟုတ်ဘူး.... ညီမလေးကျိရော့" သူမ အော်ငိုလေ၏..

သူမလုပ်ခဲ့တာတွေကို သိပြီးတာကြောင့် ငါ့ကိုညီမလေးလို့ခေါ်တာ တော်တော်မျက်နှာပြောင်တိုက်တာပဲ..."စိတ်မပူပါနဲ့... ဝမ်ရှုက ငရဲမှာ ရှင့်ကိုတွေ့ရတာပျော်မှာပါ" ငါပြောပြီးနောက် သူ့ရင်ဘတ်ကို ဓားနဲ့ထိုးလိုက်သည်...

သူမက ငါ့ကို ကြောင်အပြီးကြည့်နေတာကြောင့် ငါရီလိုက်၏.. "ငါအရူးလို့ နင်ထင်နေတာလား... နင့်ရဲ့အကုသိုလ်တွေအတွက် သေပြီးရင် ငရဲမှာလောင်ကျွမ်းနေလိုက်တော့... နင်ဘယ်တော့မှ ပြန်လည်မဝင်စားနိုင်ဖို့ ငါကျိန်ဆိုလိုက်တယ်" ငါပြောပြီးနောက် သူမရင်ဘတ်မှာ စိုက်ဝင်နေတဲ့ ငါ့ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်.... 

"သူမကို သေတဲ့အထိရိုက်... နာကျင်ခံစားနေရအောင်ရိုက်" ငါအမိန့်ပေးလိုက်တာကြောင့် ရဲမက်တွေ သူမအားရိုက်လေသည်... 

ဖုန်းဆွန်ကိုပဲ စီရင်ဖို့ကျန်တော့တယ်... ရဲမက်တွေအား ဖုန်းဆွန်ကို ကြိုက်သလို နှိပ်ဆက်ညှင်းပန်းခွင့်ပြုလိုက်သည်.. 

ထိုနေ့ပြီးနောက် ငါဟာ အမျိုးသားတစ်ယောက်ဖြစ်ကြောင်း ဖော်ထုတ်ပြောပြခဲ့ပေမဲ့ လူတွေအလွယ်တကူလက်ခံပေးခဲ့သည်... ထုံယန်ငါ့ကို လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာတော့ ငါအဆင်သင့်မဖြစ်သေးပေ... 

အစကတော့ ငါသူ့ကိုစနောက်ချင်တာကြောင့် ငြင်းဆန်ဖို့လုပ်လိုက်ပေမဲ့ ထုံယန်က ငါလက်ခံအောင်လုပ်လေ၏...

ငါက သူ့ဇနီးဖြစ်တော့မှာဆိုတော့ ဆိုလိုတာက သူ့ရဲ့အဆင့်အတန်းနဲ့အညီ ငါကဧကရီဖြစ်တော့မှာဖြစ်ချေသည်... 




Zawgyi

ေနာက္ဆံုးေတာ့ အဆံုးသတ္မယ့္ေန့ ေရာက္လာေလၿပီ... ဧကရာဇ္ထံုယန္က ပလႅင္ေပၚမွာထိုင္ေနၿပီး ရဲမက္ေတြက ဖုန္းဆြန္၊ ဝမ္ရႈနဲ႔ ေခါင္းကိုအိတ္စြပ္ခံထားရသၫ့္ အမ်ိဳးသမီးတစ္ေယာက္ကို ဖမ္းခ်ဳပ္ေခၚလာၾကသည္...

လူတိုင္းက ဒီအမ်ိဳးသမီးဘယ္သူဆိုတာ သိခ်င္ေနၾက၏... ထံုယန္က ရဲမက္ေတြအား အိတ္ကိုဖယ္ရန္အမိန႔္ေပးလိုက္သည္... ထိုအမ်ိဳးသမီးကေတာ့ ဧကရီခြၽန္ရံုသာ ျဖစ္ေပသည္...

ေဘးကလူေတြအားလံုး ေၾကာင္အသြားၾက၏... ထံုယန္က ဘယ္သူ႔ကိုမွ သက္ၫွာမေပးေပ... ဝမ္ရႈကေတာ့  သူမကိုယ္ဝန္ကို အေၾကာင္းျပကာ ၫွာတာေပးရန္ေတာင္းဆိုေလသည္...

"ဝမ္ရႈရဲ့ဗိုက္ကိုခြဲၿပီး ကေလးကိုထုတ္လိုက္... ဒါေပမဲ့ ဝမ္ရႈကို ေသေအာင္ပစ္ထား" ထံုယန္မွာ သနားၫွာတာမႈလံုးဝမရိွဘဲ အမိန႔္ေပးလိုက္သည္... 

ဝမ္ရႈမွာ သနားၫွာတာေပးဖို႔ ေတာင္းပန္ေနေပမဲ့ ထံုယန္ဆက္ေျပာလိုက္တဲ့ စကားေၾကာင့္ လူတိုင္း အံ့ဩထိတ္လန႔္သြားေလ၏... "မင္းရဲ့ အေဖနဲ႔အေမကို သတ္ပစ္တုန္းကေရာ သနားၫွာတာမႈရိွခဲ့လို႔လား"

ဝမ္ရႈ ေခါင္းကိုငံု႔ထားရင္း တိတ္ဆိတ္စြာငိုေႂကြးေနေလသည္... "သူမလ်ွာကိုျဖတ္ မ်က္လံုးကိုေဖာက္ထုတ္ၿပီးမွ ကေလးကိုထုတ္...ၿပီးရင္ သတ္ပစ္လိုက္ေတာ့" ထံုယန္ေျပာၿပီးေနာက္ သူ႔အာရံုက တုန္ယင္ေနၿပီျဖစ္တဲ့ ဖုန္းဆြန္ဆီေရာက္သြားသည္...

ရဲမက္ေတြမွာ ဝမ္ရႈရဲ့လ်ွာကိုျဖတ္ၿပီး မ်က္လံုးကိုေဖာက္ထုတ္လိုက္ၾက၏... ေနာက္ရဲမက္တစ္ေယာက္ကေတာ့ သူမဗိုက္ကိုခြဲကာ ကေလးကို ထုတ္ယူေလသည္...

ကေလးအား အေစခံတစ္ေယာက္ဆီေပးၿပီးေနာက္ ဝမ္ရႈကို သတ္ေလေတာ့သည္... သူမေတာင္းပန္ခ်င္ေသာ္လည္း အသံမထြက္ႏိုင္ေတာ့ပါေပ...

ရဲမက္က သူမေသတာေသခ်ာသြားၿပီးေနာက္ ေခါင္းကိုျဖတ္ကာ ဧကရာဇ္ဘက္လွၫ့္လိုက္သည္... ဝမ္ရႈေသသြားတာကို မ်က္ျမင္ေတြ့လိုက္ရတဲ့ ခြၽန္ရံုမွာေတာ့ အသနားခံေတာင္းပန္ေတာ့ေလသည္...

"မင္းေတာင္းပန္ေနရေအာင္ တစ္ခုခုအမွားလုပ္ခဲ့တာ ရိွလို႔လား" ထံုယန္ေမးလိုက္သည္...

"အရွင္မင္းႀကီး... ဖုန္းဆြန္က ကြၽန္မကို တြန္းအားေပးခဲ့တာပါ... ကြၽန္မ သူခိုင္းတဲ့အတိုင္းမလုပ္ရင္ သူကြၽန္မကို သတ္လိုက္မယ္... အရွင္မင္းႀကီး ကြၽန္ေတာ္မ်ိဳးမက လံုးဝအျပစ္ကင္းပါတယ္!!" ခြၽန္ရံု အသနားခံေလသည္...

"ငါစံုစမ္းမႈအရ မင္းကသာ ငါ့လူေတြကိုသတ္ဖို႔ လူစုခဲ့တာေလ.. ဖုန္းဆြန္က စစ္သားစုေဆာင္းႏိုင္ဖို႔ အင္အားမွမရိွတာ" ထံုယန္ေျပာၿပီး သူမ တံု႔ျပန္မႈကိုၾကၫ့္လိုက္သည္... 

"အရူးတစ္ေယာက္ကိုဖမ္းဖို႔ ငါကိုယ္ေတာ္ အရူးတစ္ေယာက္လိုဟန္ေဆာင္ခဲ့တယ္... မင္းရွင္းႏိုင္ငံကို ထိန္းခ်ဳပ္ခ်င္ေနမွန္း ငါသိတယ္... ငါ့ကိုဖယ္ရွားႏိုင္ဖို႔ ဖုန္းဆြန္ကိုအသံုးခ်ခဲ့တယ္... က်ိေရာ့ေၾကာင့္သာမဟုတ္ရင္ မင္းတို႔အစီအစဉ္ေတြ ေအာင္ျမင္ေတာ့မွာမလား"ထံုယန္ဟာ ေဒါသတႀကီးသူမကိုေျပာလိုက္ေပမဲ့ တစ္ခ်ိန္တည္းမွာပဲ တည္ၿငိမ္ေနေလ၏...

"က်ိေရာ့က ဖုန္းဆြန္နဲ႔ ဝမ္ရႈတို႔ရဲ့ အႀကံအစည္ကိုသိခဲ့တယ္... ဒါေပမဲ့ သူမ ထုတ္ေျပာလိုက္ရင္ မင္းကိုလည္း ေဖာ္ထုတ္သလိုျဖစ္သြားမွာစိုးတာေၾကာင့္ မင္းသူမကို ငါ့နားမေရာက္ႏိုင္ေအာင္လုပ္ခဲ့တယ္... သူမ ႏိုင္ငံထဲကထြက္သြားတာ မင္းသိေတာ့ သူမကိုသတ္ပစ္ဖို႔ လူေတြလႊတ္ခဲ့တယ္... ဒါေပမဲ့ မင္းလူေတြက သူမကိုရွာမေတြ့တာေၾကာင့္ ယြမ္ယြမ့္ကိုသတ္ပစ္ခဲ့တယ္မလား" ထံုယန္ေျပာေသာ္လည္း ခြၽန္ရံုကေတာ့ သူမအျပစ္ကင္းေၾကာင္းနဲ႔ ဖုန္းဆြန္အႀကံအစည္ေတြဟုပင္ ဆိုေနေလသည္...

ဖုန္းဆြန္ကလည္း အရာအားလံုးကို ခြၽန္ရံုသာလုပ္ေၾကာင္းႏွင့္ သူက သူမေျပာတဲ့အတိုင္း လုပ္ရေၾကာင္း ကိုယ့္ကိုယ္ကို ခုခံကာကြယ္ေျပာဆိုေလ၏... 

"သူ႔အရိုးေတြအားလံုးကို ရိုက္ခ်ိဳးပစ္လိုက္" ထံုယန္အမိန႔္ေပးလိုက္သည္... ခြၽန္ရံုမွာ ရဲမက္လက္ထဲမွ ရုန္းကန္ေသာ္လည္း မေအာင္ျမင္ေခ်.. ခြၽန္ရံု႔လက္ေတြအခ်ိဳးခံရေတာ့မယ့္အခ်ိန္မွာပဲ အျပာေရာင္ဝတ္ရံုဝတ္ထားတဲ့အမ်ိဳးသမီးတစ္ေယာက္က သူမေရ႔ွတြင္ လာရပ္ေလသည္....

သူမ ေမာ့ၾကၫ့္လိုက္ေတာ့ က်ိေရာ့က သူမအား စိုးရိမ္ေနတဲ့ပံုစံျဖင့္ ငံု႔ၾကၫ့္ေနေလ၏..."ရွင္အဆင္ေျပရဲ့လား" က်ိေရာ့မွ ျဖစ္ပ်က္ေနသမ်ွကို ၾကၫ့္ရင္းေမးလိုက္သည္...

သူမရဲ့ကယ္တင္ရွင္ေရာက္လာသလိုမ်ိဳး အႀကံအစည္ျဖင့္ မ်က္ရည္အတုအေယာင္ေတြသံုးကာ ငါ့ဝတ္ရံုစကို ဆြဲထားေလသည္... "မဟုတ္...မဟုတ္ဘူး.... ညီမေလးက်ိေရာ့" သူမ ေအာ္ငိုေလ၏..

သူမလုပ္ခဲ့တာေတြကို သိၿပီးတာေၾကာင့္ ငါ့ကိုညီမေလးလို႔ေခၚတာ ေတာ္ေတာ္မ်က္ႏွာေျပာင္တိုက္တာပဲ..."စိတ္မပူပါနဲ႔... ဝမ္ရႈက ငရဲမွာ ရွင့္ကိုေတြ့ရတာေပ်ာ္မွာပါ" ငါေျပာၿပီးေနာက္ သူ႔ရင္ဘတ္ကို ဓားနဲ႔ထိုးလိုက္သည္...

သူမက ငါ့ကို ေၾကာင္အၿပီးၾကၫ့္ေနတာေၾကာင့္ ငါရီလိုက္၏.. "ငါအရူးလို႔ နင္ထင္ေနတာလား... နင့္ရဲ့အကုသိုလ္ေတြအတြက္ ေသၿပီးရင္ ငရဲမွာေလာင္ကြၽမ္းေနလိုက္ေတာ့... နင္ဘယ္ေတာ့မွ ျပန္လည္မဝင္စားႏိုင္ဖို႔ ငါက်ိန္ဆိုလိုက္တယ္" ငါေျပာၿပီးေနာက္ သူမရင္ဘတ္မွာ စိုက္ဝင္ေနတဲ့ ငါ့ဓားေျမႇာင္ကို ဆြဲထုတ္လိုက္သည္.... 

"သူမကို ေသတဲ့အထိရိုက္... နာက်င္ခံစားေနရေအာင္ရိုက္" ငါအမိန႔္ေပးလိုက္တာေၾကာင့္ ရဲမက္ေတြ သူမအားရိုက္ေလသည္... 

ဖုန္းဆြန္ကိုပဲ စီရင္ဖို႔က်န္ေတာ့တယ္... ရဲမက္ေတြအား ဖုန္းဆြန္ကို ႀကိဳက္သလို ႏိွပ္ဆက္ၫွင္းပန္းခြင့္ျပဳလိုက္သည္.. 

ထိုေန့ၿပီးေနာက္ ငါဟာ အမ်ိဳးသားတစ္ေယာက္ျဖစ္ေၾကာင္း ေဖာ္ထုတ္ေျပာျပခဲ့ေပမဲ့ လူေတြအလြယ္တကူလက္ခံေပးခဲ့သည္... ထံုယန္ငါ့ကို လက္ထပ္ခြင့္ေတာင္းတဲ့အခ်ိန္မွာေတာ့ ငါအဆင္သင့္မျဖစ္ေသးေပ... 

အစကေတာ့ ငါသူ႔ကိုစေနာက္ခ်င္တာေၾကာင့္ ျငင္းဆန္ဖို႔လုပ္လိုက္ေပမဲ့ ထံုယန္က ငါလက္ခံေအာင္လုပ္ေလ၏...

ငါက သူ႔ဇနီးျဖစ္ေတာ့မွာဆိုေတာ့ ဆိုလိုတာက သူ႔ရဲ့အဆင့္အတန္းနဲ႔အညီ ငါကဧကရီျဖစ္ေတာ့မွာျဖစ္ေခ်သည္... 

Lanjutkan Membaca

Kamu Akan Menyukai Ini

176K 8.7K 50
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
40.3K 945 12
You, a girl who is socially awkward, undeniably introverted and a bit shy. Meets a guy who's explosive, aggressive personality and straightforwardnes...
79.7K 737 12
အသက်ရွယ်ကန့်သက်ချက်တွေ လွန်လွန်ကြူးကြူးပါဝင်လို့ ကိုယ့်ဟာကိုယ် ဆင်ခြင်ဖတ်ပါ။
8.3M 309K 43
Life is unfair, something that Zayne knows from experience. His whole life is unfair. His birth wasn't allowed, his existence hated as his mother gav...