Slowly Falling For Changkong...

By ANyein_26

56.9K 5.7K 167

COMPLETED ✔️ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.1... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18.1
Chapter-18.2
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( ရှန့်နွမ်အချပ်ပို - ၁ )
Chapter-58 ( ရှန့်နွမ်အချပ်ပို - ၂ )
Chapter-59 ( ရှန့်နွမ်အချပ်ပို - ၃ )
Chapter-60 ( ရှန့်နွမ်အချပ်ပို - ၄ )
Chapter-61 ( လက်ထပ်ခွင့်တောင်းခြင်း )
Chapter-62 ( လက်ထပ်ထိမ်းမြားခြင်း )
Chapter-63 ( ကလေးလေး )
Chapter-64 ( Date )
Chapter-65 ( ပြောင်းရွှေ့ခြင်း )
Chapter-66 ( ဝေ့ရိချန် ) The End

Chapter-40

686 82 2
By ANyein_26



ရွှီလျန်သည် သူမဆိုင်တွင်ရှိပြီး အလုပ်စားပွဲပေါ်တွင် သမင်ဦးချိုအချို့ကိုတန်းစီကာ တစ်ခုပြီးတစ်ခု စစ်ဆေးနေ၏။ ခရစ္စမတ်လည်း နီးကပ်လာပြီဖြစ်လို့ အခြားသောစီးပွါးရေးများနှင့် လုပ်ငန်းဆောင်တာများစွာအတွက် အမှာစာများဖြင့် ပြည့်နှက်နေပါသည်။ သူမ၏ရာသီအလိုက် ခရစ္စမတ်ပုံစံပန်းကုံးများအပြင် သမင်ဦးချိုများတွင် အလှဆင်ထားသော diffuser stones များသည်လည်း ဤကာလအတွင်း အလွန်ရေပန်းစားနေခဲ့သည်။

သို့သော် သူမအသုံးပြုသောပုံစံသည် ကျိုးပဲ့လွယ်သောသမင်ဦးချိုများကို ဖြစ်ပေါ်စေသောကြောင့် ရွှီလျန်သည် ၎င်း၏ diffuser များနှင့်မကပ်မီ အက်ကွဲနေသောသမင်ဦးချိုများမရှိကြောင်း သေချာစေရန် တစ်ခုချင်းစီကို သေချာစစ်ဆေးရမည်ဖြစ်သည်။ အကယ်၍ ကျိုးပဲ့နေသောသမင်ဦးချိုတစ်ခုကို ရှာတွေ့ခဲ့ပါက အပျက်အစီးကို ပြန်လည်ပြုပြင်ရန် သူမ အချိန်ယူရပါလိမ့်မည်။

ရွှီလျန်၏လက်ရာသည် အပြစ်အနာအဆာကင်းပြီး သူမက အလုပ်နှင့်ပတ်သက်ပြီး အလွန်လုံ့လဝီရိယရှိသောကြောင့် ဤကဲ့သို့သောအရာများကို ဂရုတစိုက်ဖြေရှင်းရန် လိုအပ်သည်။

ရွှီလျန် မတူညီသောသမင်ဦးချိုနှစ်ခုကို ပြည်တွင်းမှ မှာယူထားသော်လည်း နှစ်ခုစလုံးသည် ကျိုးပဲ့ပျက်စီးလွယ်၏။ ထို့ကြောင့် သူမသည် နိုင်ငံခြားသို့သွားကာ တရုတ်နိုင်ငံတွင် မရရှိနိုင်သောပုံစံခွက်များကို ဝယ်ယူခြင်းဖြင့် သူမ၏အနာဂတ် diffuser များ၏အရည်အသွေးကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့သည်။

ရွှီလျန်မှာ နောက်ထပ်တစ်သုတ်မပြုလုပ်ခင် စောင့်ဆိုင်းပြီး အခြားပုံစံခွက်ဝယ်ရန် စီစဉ်ထားခဲ့သည်။ ပြုပြင်ရန်လိုအပ်သည့်ပစ္စည်းများကို သူမ ပြုပြင်ခဲ့သော်လည်း လုပ်ငန်းစဉ်မှာ ဆက်လက်လုပ်ဆောင်ရန် အလွန်ခက်ခဲနေသည်ကို တွေ့ရှိခဲ့သည်။

သူမ တခြားသမင်ဦးချိုကို ပုံသွင်းနေစဉ် သူမဖုန်းမျက်နှာပြင်က လင်းသွား၏။ ရွှီလျန် သူမလက်များကိုသုတ်၍ မက်ဆေ့ခ်ျကိုကြည့်လိုက်သည်။ ၎င်းက သူမ၏အထက်တန်းစီနီယာနှစ်မှ အတန်းခေါင်းဆောင်ဖြစ်သည်။

အတန်းခေါင်းဆောင်က သူမကို အတန်းပြန်လည်တွေ့ဆုံပွဲအကြောင်း အရင်က မေးမြန်းခဲ့ဖူးသည်။ ဤသို့လုပ်လိုက်ခြင်းအားဖြင့် သူတို့က ရွှီလျန်အား အထက်တန်းကျောင်းစကားပြောခန်းအဖွဲ့ထဲသို့ ထည့်သွင်းရန် အခွင့်အရေးယူခဲ့သည်။ ထိုအချိန်တွင် ရွှီလျန်သည် အဖွဲ့မှ ချက်ချင်း မထွက်ခဲ့သော်လည်း အသံပိတ်ထားခဲ့ပြီး မည်သည့်မက်ဆေ့ချ်ကိုမျှ အကြောင်းပြန်ခြင်းမရှိခဲ့ပေ။

သို့သော် ရွှီလျန်တို့အတန်းခေါင်းဆောင်သည် စိတ်ဆုံးဖြတ်ထားပုံရသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ပြန်လည်တွေ့ဆုံမည့်ရက်နှင့်အချိန်ကို သိရှိခဲ့ရပြီး ရွီလျန်က သူမအချိန်အားလပ်မည်လား မသေချာကြောင်း၊ မည်သည့်အရာကိုမှ တိတိကျကျ အာမမခံကြောင်းနှင့် အမှန်တကယ် ငြင်းဆိုခြင်းမရှိဘဲ လာရန်ငြင်းခဲ့ကြောင်း မက်ဆေ့ချ်ပို့ခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ အတန်းခေါင်းဆောင်က လက်မလျှော့ဘဲ သူမကို ယနေ့ ထပ်မံတောင်းဆိုလာခဲ့သည်။

အတန်းခေါင်းဆောင် : [ ရွှီလျန် ငါတို့တွေ မနက်ဖြန်ည သီးသန့်အခန်းတစ်ခန်း ကြိုတင်နေရာယူပြီးပြီ တက်ရောက်မဲ့လူအရေအတွက်ကို ငါတို့သိဖို့လိုတယ် ဒါကြောင့် နင်လာမလားလို့ ငါအတည်ပြုလို့ရမလား ]

ရွှီလျန် အချိန်အတော်ကြာ မက်ဆေ့ချ်ကိုစိုက်ကြည့်နေပြီး တွေးတောနေခဲ့သည်။ အဆုံးတွင် သူမဖုန်းကို ကောက်ကိုင်၍ စာပြန်လိုက်၏။

ရွှီလျန် : [ အိုကေ ]

အတန်းခေါင်းဆောင် : [ ကောင်းပြီ ငါ နင့်ကိုစာရင်းထဲထည့်လိုက်မယ် ငါတို့တွေ မနက်ဖြန်ညနေ ခြောက်နာရီမှာတွေ့ကြမယ် ]

ရွှီလျန် : [ နင် ငါ့ကို အခု ပိုက်ဆံပေးစေချင်လား? ]

အတန်းခေါင်းဆောင် : [ အလျင်မလိုဘူး ငါတို့တွက်ချက်လို့ရတယ် ]

ရွှီလျန် စာမပြန်တော့ ၊ သူမ နောက်ထပ်သမင်ဦးချိုကို ကောက်ကိုင်လိုက်ချိန်တွင် ၎င်းမှာအက်ကွဲနေကြောင်း တွေ့လိုက်ရလေသည်။

"........"

ရုတ်တရက် ရွှီလျန်မှာ နိုင်ငံခြားသွားပြီး ပစ္စည်းအနည်းငယ်ဝယ်ရန် အရေးတကြီးလိုအပ်နေကြောင်း ခံစားလိုက်ရသည်။

သောကြာနေ့ညနေခင်း ခြောက်နာရီတွင် ရွှီလျန်သည် တွေ့ဆုံပွဲကျင်းပမည့်ကလပ်သို့ ရောက်ရှိလာ၏။ ရွှီလျန်သည် သူမ၏အတန်းဖော်များက သီးသန့်အခန်းကို ကြိုတင်မှာယူနိုင်စေရန် ကောင်းကောင်းလုပ်ဆောင်ခဲ့ရမည်ဟု ခန့်မှန်းခဲ့သည်။

ရွှီလျန် သူမအား အတန်းခေါင်းဆောင်ပို့ပေးထားသောမက်ဆေ့ချ်ကို ကြည့်လိုက်သည်။ အတန်းခေါင်းဆောင်သည် အတန်း group chat ထဲတွင် အခန်း၏တည်နေရာကို အမှန်တကယ်ပေးပို့ခဲ့သည့်တိုင် ရွှီလျန်မမြင်မည်ကို စိုးရိမ်သဖြင့် သူမအား သီးသန့်မက်ဆေ့ချ်တစ်စောင် ပေးပို့ခဲ့သည်။

တည်နေရာကို နောက်တစ်ဖန် အတည်ပြုပြီးနောက် တံခါးနားတွင် ချောင်ဆမ်ဝတ်ဆင်ထားသော စားပွဲထိုးအမျိုးသမီးထံသို့ သူမ သွား၏။ အမျိုးသမီးက သူမကို ကြိုဆိုပြီး ဓာတ်လှေကားဆီသို့ လမ်းညွှန်ပေးခဲ့သည်။

ရွှီလျန်သည် သူမ၏ဘယ်အတန်းဖော်တွေကများ ဤတွေ့ဆုံပွဲသို့ တက်ရောက်ကြမည်ကို မသိသော်လည်း ယခင်က သူမ ဤနေရာကိုရောက်ဖူးသောကြောင့် သူတို့၏အကျယ်ဆုံးသီးသန့်ခန်းဟာ လူအယောက်နှစ်ဆယ်ခန့် ထိုင်နိုင်ကြောင်း သိရှိပြီးဖြစ်၏။ သို့သော် သူတို့က သီးသန့်ခန်းတွေကို ချိတ်ဆက်ထားခဲ့သောကြောင့် ဖွင့်လိုက်တာနဲ့ အယောက်လေးဆယ်လောက်က အလွန်အဆင်ပြေစွာ ထိုင်နိုင်ကြသည်။

ဒီလိုချိတ်ဆက်တဲ့အခန်းမျိုးကို အတန်းခေါင်းဆောင်က သီးသန့်မှာထားပုံရသည်။ ရွှီလျန် ပိတ်ထားသည့်တံခါးနားသို့ နီးကပ်လာသည်နှင့်အမျှ အထဲက သက်ဝင်တက်ကြွနေသောစကားပြောသံများကို ကြားလိုက်ရ၏။

ရိုးရိုးသားသား ပြောရလျှင် သူမက ထိုကဲ့သို့သော အခမ်းအနားများကို တက်ရောက်လေ့မရှိသည့်အပြင် သူမ၏အထက်တန်းအတန်းဖော်ဟောင်းများအပေါ်တွင်လည်း လေးနက်သောခံစားချက်မျိုး မရှိခဲ့ပေ ၊ တကယ်တမ်း ရွှီလျန် သူတို့တွေနဲ့ ဘာအကြောင်းတွေပြောနိုင်မလဲဆိုတာကိုလည်း မသေချာဘူး။

သူမ တံခါးရှေ့တွင် တုံ့ဆိုင်းစွာ ရပ်နေသည်။ သူမ ထွက်သွားသင့်မသင့် စဉ်းစားနေသည့်အခိုက် တံခါးက အတွင်းမှ ပွင့်လာခဲ့၏။ ၎င်းက အပြင်ထွက်ပြီး ဆေးလိပ်သောက်ချင်နေသော သူမ၏အတန်းဖော်ဟောင်းတစ်ယောက်.. ရွှီလျန် အပြင်မှာရပ်နေသည်ကိုတွေ့တော့ သူ့လက်ထဲကစီးကရက်ကို အိတ်ထဲထည့်ကာ သူမကို ကြည့်လိုက်သည်။ ခဏတာတိတ်ဆိတ်သွားပြီးနောက် သူက တုံ့ဆိုင်းစွာ မေးလာ၏။

"မင်းကရွှီလျန်လား? ငါ မင်းကိုမတွေ့ရတာ နှစ်အတော်ကြာပြီ မင်းက ငါတို့အထက်တန်းကျောင်းတက်တုန်းကထက် အများကြီးပိုလှလာတယ်!"

သူ၏အသံကျယ်ကျယ်က အခန်းတွင်းရှိ လူများ၏အာရုံကို ဆွဲဆောင်သွားပြီး အားလုံးက တံခါးဆီသို့ လှည့်ကြည့်လာကြသည်။ တစ်ယောက်ပြီးတစ်ယောက် ရွှီလျန်ကိုမှတ်မိသွားကြကာ သူမအား တက်တက်ကြွကြွ နှုတ်ဆက်ကြလေ၏။ အခုမှပြန်ထွက်သွားဖို့က အရမ်းနောက်ကျသွားချေပြီ။ တခြားရွေးချယ်စရာမရှိတော့ဘဲ ရွှီလျန် အခန်းထဲဝင်သွားတော့သည်။

"ရွှီလျန် တုယန်ယန်ဘေးနားမှာ လာထိုင်လိုက် နင်တို့တွေ အချင်းချင်းထိုင်ဖူးကြတယ်မလား"

အတန်းခေါင်းဆောင်က လက်ဖက်ရည်သောက်နေသော အမျိုးသမီး၏ဘေးရှိ ခုံလွတ်တစ်ခုံဆီသို့ ညွှန်ပြသည်။ သူမက ဆံပင်အတိုနှင့် မိန်းမလှလေးတစ်ဦးဖြစ်၏။ ရွှီလျန် ခေါင်းညိတ်လျက်... တုယန်ယန်ကို မှတ်မိနေတုန်းပဲ။ ရွှီလျန်က သူမဘေးနားမှာ တစ်နှစ်ပတ်လုံး ထိုင်ခဲ့ခြင်းပင် ၊ ရွှီလျန် သူမအနားသွားထိုင် ကုတ်အင်္ကျီကိုချွတ်ပြီး သူမထိုင်ခုံနောက်တွင် တင်ထားလိုက်သည်။

ရွှီလျန်ဟာ အမြဲတစေ တစ်ကိုယ်ရေသမားတစ်ယောက်ဖြစ်ပြီး အထက်တန်းကျောင်းတက်စဉ်ကလည်း လူတိုင်းက သူမကို အေးစက်တယ်လို့ ထင်ခဲ့ကြသည်။ သူတို့အားလုံး သူမနှင့်အဆက်အသွယ် နည်းနည်းလေးတောင်မရှိကြ ၊ ယခုမူကား အားလုံးမှာ ဘွဲ့ရပြီးကြပြီးဖြစ်ကာ လူ့အဖွဲ့အစည်းနှင့်လည်း ထိတွေ့နေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့တွေ ရွှီလျန်ကို နှစ်အတော်ကြာ မတွေ့ခဲ့ရသော်လည်း ကျောင်းမှာ နေ့တိုင်း သူမနှင့်တွေ့ရသည်နှင့်ယှဉ်လျှင် အားလုံးမှာ သူမနှင့် ပို၍ရင်းနှီးလာကြလေပြီ။

တုယန်ယန်က ရွှီလျန်ကို လက်ဖက်ရည်တစ်ခွက် ဌဲ့ထည့်ပေးပြီး ဤအထူးသီးသန့်လက်ဖက်ရည်ကို ဤနားနေခန်းတွင်သာ ရရှိနိုင်သည်ဟု မှတ်ချက်ပေးလာခဲ့သည်။ ထိုစဉ် ရွှီလျန်မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ယောက်ျားလေးအတန်းဖော်က အတင်းအဖျင်းစပြောလာ၏။

"ရွှီလျန် မင်းမှာကောင်လေးမရှိသေးဘူးလား မရှိသေးရင် မင်း ရှောင်ရှနဲ့တွဲဖို့ စဉ်းစားကြည့်ပါလား.. သူက မင်းကို အထက်တန်းကျောင်းတုန်းက လိုက်ပိုးပမ်းခဲ့တာမလား?"

အတန်းဖော်က ဤသို့ပြောပြီးသွားသည်နှင့် လူတိုင်းမှာ နိုးကြွားစပြုလာကြသည်။ ဖော်ထုတ်ခံလိုက်ရသောရှောင်ရှမှာတော့ မျက်နှာနီမြန်းနေပါ၏။ သူက သူ့သူငယ်ချင်းအား အထစ်ထစ်အငေါ့ငေါ့ဖြင့်

"ဟေ့ မင်းကရော? ကောင်မလေးရှိလား လက်ထပ်ပြီးပြီလား ကလေးရောရပြီလား ဒုတိယကလေးလား? မရသေးဘူးလို့ပြောရင်တော့ ငါရယ်သေမှာပဲ!"

ရုတ်ခြည်း အကြောင်းအရာပြောင်းလိုက်သဖြင့် လူတိုင်းက ယောက်ျားလေးအတန်းဖော်ကို စနောက်လာကြပြီး ခဏအကြာတွင် အကြောင်းအရာမှာ သဘာဝအလျောက် တစ်စုံတစ်ရာသို့ ပြောင်းလဲသွားပြန်သည်။

ရွှီလျန်က သူမလက်ဖက်ရည်ခွက်ကို ကောက်ကိုင်၍ အေးအေးဆေးဆေး တစ်ငုံသောက်လိုက်၏။ သူမ ရှောင်ရှကို ရေးတေးတေးသာ ပုံဖမ်း၍ရသည်။ အထက်တန်းကျောင်းမှာတုန်းက လူတိုင်းက သူ့ကို ရှောင်ရှဟုခေါ်ကြသည်။ သူ့မျိုးရိုးနာမည်က 'ရှ' ဖြစ်လို့မဟုတ်ဘဲ သူက သူမတို့ပထဝီဝင်ဆရာ ရှလောင်ရှစ်နှင့်တူသောကြောင့်ပင်။ ထို့ကြောင့် နာမည်ပြောင်မှာ 'ရှောင်ရှ'....

ရွှီလျန် နည်းနည်းအံ့အားသင့်နေ၏။ အထက်တန်းကျောင်းတက်စဉ်က သူမအတန်းဖော်တွေကို သိပ်အာရုံမစိုက်ခဲ့ဘူး.. သို့သော်လည်း ဘာကြောင့်မှန်းမသိ ယခုတွင် ဒီလိုမျိုးအနည်းအကျဉ်း အသေးစိတ်များအားလုံးကိုတောင် သူမ မှတ်မိနေမြဲပဲ။

ခဏကြာပြီးနောက် အကြောင်းအရာမှာ ဘာကြောင့်မှန်းမသိ ဝေ့ရိချန်ထံသို့ ပြောင်းသွားပြန်ပါသည်။

ဝေ့ရိချန်သည် ရုပ်ရည်ချောမောပြီး ရန်ပွဲများတွင် ပြိုင်ဘက်ကင်းသောသူတစ်ယောက်.. ထို့ကြောင့် အထက်တန်းကျောင်းတွင် သူက အတော်လေး နာမည်ကြီးသည်။ ဒါကြောင့် တစ်စုံတစ်ယောက်က သူ့အကြောင်းပြောလာသည်မှာ သိပ်အံ့ဩစရာတော့မဟုတ်။

"အရင်တစ်ခေါက် ငါ ချင်းနန်လမ်းကို သောက်ဖို့သွားတုန်းက သူနဲ့တွေ့လိုက်တယ် သူက အထက်တန်းကျောင်းတုန်းကထက်တောင် အခု ပိုချောလာတာဟ!"

"သူက ချင်းနန်လမ်းမှာ ဘားဖွင့်ထားတာလား"

"ဟုတ်တယ် သူ့စီးပွါးရေးက တော်တော်အဆင်ပြေနေတဲ့ပုံပဲ"

"ငါတို့တွေ ညစာစားပြီးရင် ချင်းနန်လမ်းကို သောက်ဖို့သွားသင့်တယ်နော်"

ထို့နောက် ရုတ်တရက် ရွှီလျန်နာမည်အခေါ်ခံလိုက်ရ၏။

"ငါမှတ်မိသေးတယ်နော် အထက်တန်းကျောင်းတုန်းက ဝေ့ရိချန်က ရွှီလျန်ကို လိုက်ပိုးပမ်းခဲ့တာမလား? နင်တို့နှစ်ယောက်ဘယ်လိုလဲ.. နင် သူနဲ့အဆက်အသွယ်ရှိနေတုန်းပဲလား ရွှီလျန်"

"ငါတို့ အခုတလော သိပ်မဆက်သွယ်ဖြစ်ကြဘူး"

ရွှီလျန် ပြန်ဖြေလိုက်သည်။

ဝေ့ရိချန် သူမကို ပန်းစည်းတစ်စည်းပို့လာပြီးနောက်ပိုင်း သူမ သူ့ကို ထပ်မတွေ့ရတော့ ၊ ရိုးရိုးသားသားပြောရရင် ရွှီလျန်လည်း ၎င်းကို ထူးဆန်နေ၏။ ပုံမှန်အားဖြင့် ဝေ့ရိချန်က သူမကို မိနစ်တိုင်းလိုလို စိတ်အနှောင့်အယှက်ပေးလေ့ရှိသည်။ သူက ဒီလောက်အကြာကြီး တစ်ခါမှ ငြိမ်မနေခဲ့ဖူးဘူး... သူ့ကို သူ့အဖေက ဖမ်းဆီးထားတာဖြစ်ရင်ဖြစ် မဟုတ်ရင် တခြားသူတွေရိုက်တာခံရတာပဲဖြစ်မယ်။

နောက်ထပ်ယောက်ျားလေးအတန်းဖော်တစ်ယောက်ကလည်း သေနတ်ပုံစံလက်ဟန်ဖြင့် တုယန်ယန်ဆီသို့ ညွှန်ပြလျက် ပြဿနာတစ်ခုရှာရန် ကြိုးစားလိုက်သည်။

"အရင်က တုယန်ယန်က ဝေ့ရိချန်ကို ကြိုက်ခဲ့တာမလား? သူရန်ဖြစ်နေတဲ့အချိန်ဆို အရမ်းအရမ်းကြည့်ကောင်းတယ်လို့ တစ်ခါက ပြောဖူးတယ်မလား"

တုယန်ယန်က သူ့ကိုစိုက်ကြည့်ရင်း

"ကလေးတွေက ရန်ဖြစ်တတ်တဲ့သူတွေကိုကြိုက်ကြတယ် အရွယ်ရောက်ပြီးသူတွေကတော့ လူချမ်းသာတွေကိုပဲကြိုက်ကြတယ်"

"ဟား ဟား ဟား ဟား"

အဖွဲ့မှာ ပေါက်ကွဲမတက် ရယ်မောလိုက်ကြတော့သည်။

အားလုံးမှာ တစ်ယောက်နှင့်တစ်ယောက် စကားစမြည်ပြောဆိုနေကြကာ သူမပြန်ဖြေရလိမ့်မည့် အကျပ်ရိုက်စရာမေးခွန်းတွေက တကယ်ကို ပေါ်မလာတော့ပေ။ တကယ်တော့ သူတို့က သူမကို စကားတစ်ခွန်းပြောဖို့တောင် အခွင့်အရေးမပေးခဲ့ဘူး။

စားသောက်ပြီးနောက် ဝေ့ရိချန်၏ဘားသို့ သောက်ကြရန်အတွက် ပွက်လောညံအောင် တောင်းဆိုသံထွက်လာ၏။ ရွှီလျန်က သူတို့နှင့်မလိုက်သွားဘဲ အရင်ထွက်လာခဲ့သည်။

ဤသို့ဖြင့် လူအုပ်ကြီးဟာ ချင်းနန်လမ်းသို့သွားပြီး ဝေ့ရိချန်ဘားသို့ သွားလိုက်ကြသည်။ သို့သော် မမျှော်လင့်ဘဲ ဝေ့ရိချန်က ထိုနေရာတွင် မရှိခဲ့ပေ။

***

ဝေ့ရိချန်၏ဒဏ်ရာမှာ အများကြီးသက်သာလာခဲ့ပြီ ၊ ယနေ့တွင် သူ အပြင်သွားပြီး ကျို့ချန်မန်အကြိုက်ဆုံးပန်းတစ်စည်းဝယ်၍ ယခုတွင် သူမအား ကျေးဇူးတင်ရန်အတွက် HUG သို့ထွက်လာခဲ့သည်။

ကျို့ချန်မန်က သူမအသက်လေးဆယ်ဝန်းကျင်လောက်ရှိနေပြီဖြစ်သည့်တိုင် သူမ၏အသွင်အပြင်ကိုတော့ ကောင်းကောင်းထိန်းသိမ်းထားသည်။ သူမက နှစ်ဆယ်ကျော်အမျိုးသမီးတစ်ယောက်အလားပင် ၊ ယနေ့ညတွင် ကျို့ချန်မန်မှာ အနီရောင်ဂါဝန်ရှည်ကိုဝတ်ဆင်ထားကာ သူမဆံပင်တွေကိုချထားသဖြင့် နောက်ကျောဘက်၌ ရေတံခွန်ကဲ့သို့ သွယ်ဆင်းနေ၏။

သူမသည် ဘားအရှေ့တွင် ဒေါက်မြင့်ဖိနပ်ဖြင့် ထိုင်ခုံပေါ်တွင် ခြေချိတ်ထိုင်နေပြီး သူမလက်ထဲတွင်လည်း ကော့တေးအနီရောင်တစ်ခွက်ဖြင့်။ ဝေ့ရိချန် နီးကပ်လာသည်ကိုမြင်တော့ သူမက ပြုံး၍မေးလိုက်၏။

"မင်းလက်မောင်းဘယ်လိုနေလဲ"

"ပျောက်လုနီးပါးပါပဲ အစ်မချန်မန်ရဲ့ကူညီမှုကို ကျေးဇူးတင်ပါတယ် အို့.. ဒီပန်းတွေက အစ်မအတွက်ပါ"

ကျို့ချန်မန်က မျက်ခုံးတစ်ချက်ပင့်လျက် ပန်းတွေကိုလက်ခံလိုက်သည်။ သူမက ဘေးလှည့်၍ အော်ခေါ်ကာ

"ချိုးယွင် ဒီပန်းတွေကို ရေထဲထည့်ထားလိုက်"

ဖန်ချိုးယွင်က စင်္ကြံလမ်းထဲမှ ထွက်လာကာ ကျို့ချန်မန်ဘေးရှိ ဝေ့ရိချန်ကို သတိပြုမိသွား၏။ စကားတစ်ခွန်းမဆိုဘဲ သူမက ပန်းစည်းကိုယူ၍ အပေါ်ထပ်သို့တက်သွားသည်။

"ထိုင်"

ကျို့ချန်မန်က သူမဘေးနားရှိ ခုံအလွတ်ဘက်ကို လက်ဟန်ပြလိုက်သည်။

"မင်း ဘာသောက်ချင်လဲ"

ဝေ့ရိချန် ခဏစဉ်းစားပြီးနောက်

"လိမ္မော်ရည်နည်းနည်းနဲ့ဝီစကီ"

ကျို့ချန်မန် ပြုံးပြီး bartender ကို ခေါင်းညိတ်ပြလိုက်သည်။

"သူ့ကို တစ်ခွက်ပေးလိုက်ပါ"

Bartender က အရက်ကို အလျင်အမြန် ရောစပ်ပြီး ဝေ့ရိချန်ရှေ့သို့ ချပေးလာသည်။ ဝေ့ရိချန် ခွက်ကိုမ၍ တစ်ငုံသောက်၏။ အရသာမှာ အရင်တစ်ခေါက်က ဖန်ချိုးယွင် သူ့အတွက်ရောစပ်ပေးခဲ့သည့်ခွက်နှင့်မတူဘူးဟု သူ တွေးမိသွားသည်။ ဝေ့ရိချန် ခွက်အောက်ချပြီး ကျို့ချန်မန်ကို မေးလိုက်၏။

"အစ်မချန်မန်က ချန်လျောင်နဲ့ပတ်သတ်ပြီး ဘာတွေတွေးမိလို့လဲ"

ကျို့ချန်မန်ပြုံး၍ သူမကော့တေးကို တစ်ငုံသောက်၏။

"ချင်းနန်လမ်းက ဒီနှစ်အနည်းငယ်အတွင်းမှာ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ပြီ တချို့လူတွေက နည်းနည်းလေးမေ့တတ်လာကြပြီ၊ အဲဒီလူက အရမ်းမရိုးရှင်းဘူး သဘာဝကျကျပြောရရင် သူ့ကိုစောင့်ကြည့်နေတဲ့သူတွေရှိတယ်"

ဝေ့ရိချန်မျက်ဝန်းတွေ အသာကျဉ်းမြောင်းသွားလေသည်။ ရဲထဲတွင် ကျို့ချန်မန်မှာ တူတစ်ယောက်ရှိကြောင်း သူ လုံးဝသေချာပါ၏။

"နောက်တစ်ခေါက် မင်း တစ်ခုခုလုပ်ချင်တယ်ဆိုရင် အစ်ကိုကြီးကျဲနဲ့ အရင်ဆုံး ဆွေးနွေးတိုင်ပင်တာ ပိုကောင်းမယ်"

ကျို့ချန်မန် ဤသို့ပြောပြီးနောက် ဧည့်သည်အချို့ကိုနှုတ်ဆက်ရန် သူမဖန်ခွက်နှင့်ထထွက်သွားတော့သည်။

ဝေ့ရိချန်၏လက်ချောင်းမှာ သူ့ခွက်နှုတ်ခမ်းဝကို ဖြည်းဖြည်းချင်း ပတ်ဝဲနေ၏။ ကျောက်ကျဲ.. သည်လူကို ချင်းနန်လမ်းရဲ့ဘော့စ်အဖြစ် ယူဆလို့ရတယ် ၊ သူက တစ်လမ်းလုံးတွင် အဝင်အထွက်အများဆုံးနှုန်းဖြင့် ဘားတစ်ခုဖွင့်ထားသည်။ အကယ်၍ ချန်လျောင်က တစ်စုံတစ်ဦးကို မျက်နှာသာပေးရမည်ဆိုပါက ယင်းမှာ ချင်းနန်လမ်းရဲ့ကျောက်ကျဲသာဖြစ်ပေလိမ့်မည်။

"ကျေးဇူးတင်ပါတယ် အစ်မချန်မန်"

ဝေ့ရိချန် မတ်တပ်ရပ်၍ ကျို့ချန်မန်ဆီသို့ သူ့ခွက်ကိုမြှောက်ပြလိုက်သည်။ သူ အလျင်စလိုသောက်၍ ခွက်အလွတ်ကို ချထားပြီးနောက် ထွက်သွားပါတော့သည်။

ဝေ့ရိချန် သူ့ဘားသို့ပြန်ရောက်လာသောအခါ သူ၏ကျောင်းသားဟောင်းအဖွဲ့က သူ့ကိုလာရှာကြောင်းနှင့် အခုထိ မပြန်သေးကြောင်း သိရသည်။ ဝေ့ရိချန် အဖွဲ့ကိုလှမ်းကြည့်လိုက်ချိန်တွင် ယောက်ျားလေးများထဲမှတစ်ယောက်ဟာ ယခင်က ရွှီလျန်ကို ပိုးပမ်းခဲ့ဖူးသည့်သူဖြစ်ကြောင်း သတိပြုမိသွား၏။ သူ့နာမည်ကဘာပါလိမ့်? ရှောင်ရှ?

ရှောင်ရှဘေးနားမှာက တုယန်ယန်.. ဝေ့ရိချန်သည် သူမကို ရေးတေးတေးမျှသာ ပုံဖမ်း၍ရပြီး အထက်တန်းကျောင်းတွင် သူမက ရွှီလျန်၏ထိုင်ခုံဖော်မှန်း အမှတ်ရသွားသည်။

ချက်ချင်း ဝေ့ရိချန် နှလုံးခုန်လာရ၏။ ဒါက ရွှီလျန်ရဲ့အတန်းထဲကလူတွေမလား? သူ့မျက်လုံးတွေ ဘေးပတ်ဝန်းကျင်ကို မြန်မြန်ပတ်ကြည့်လိုက်ရာ ရွှီလျန်က အဖွဲ့ထဲတွင်မပါရှိကြောင်း သိလိုက်ရတော့ သူ နည်းနည်းစိတ်သက်သာရာရသွားခဲ့သည်။

အဆုံးတွင် သူသည်လည်း ကျောင်းသားဟောင်းတစ်ယောက်ပဲလေ ၊ အတိတ်မှာ ရှောင်ရှက သူ့ကို ခြိမ်းခြောက်ခဲ့ဖူးသော်လည်း ၎င်းက နှစ်တွေကြာသွားခဲ့ချေပြီ။ ဝေ့ရိချန်မှာ သူ၏အချစ်ပြိုင်ဘက်ဟောင်းကို အတန်ကြာကတည်းက လျစ်လျူရှူထားပြီးဖြစ်သည်။

ပြေငြိမ်းစေလိုသည့်အတွက် ဝေ့ရိချန် အဖွဲ့ထံသို့သွားပြီး လူတိုင်းကို သောက်စရာအချို့မှာရန် ပြောလိုက်သည်။ အတန်းခေါင်းဆောင်ထံမှ ဤနေရာတွင် ရွှီလျန် တကယ်မရှိကြောင်း အတည်ပြုပြီးနောက် သူ ပြုံး၍

"ဒီနေ့ညသောက်စရာအားလုံး 70% လျှော့ပေးတယ် မင်းတို့အားလုံး အချိန်ကောင်းလေး ပိုင်ဆိုင်ကြပါစေ"

ရွှီလျန်က သူမအတန်းဖော်များနှင့်အတူ ဝေ့ရိချန်ဘားသို့ မသွားရသည့်အကြောင်းမှာ ပထမဦးဆုံးအနေဖြင့် သူက သူမကို မတွေ့ချင်တာဖြစ်ကောင်းဖြစ်နိုင်တယ် ၊ ဒါကသာ အခြေအနေတစ်ရပ်ဆိုလျှင် သူမက သူမကိုယ်သူမ သူ့တံခါးဝကို အဘယ်ကြောင့် တွန်းပို့ပေးရမည်နည်း။

ဒုတိယအနေဖြင့် မနက်ဖြန်က စနေနေ့.. သူမ ရှန့်ချန်ခုန်းအိမ်ကို မနက်ဖြန် အလည်သွားမှာဖြစ်သည့်အတွက် ဒီနေ့ညမှာသာ သူမအရက်သောက်လိုက်မည်ဆိုပါက အရက်နာကျပြီး ဇာတ်သိမ်းသွားလိမ့်မည်။ ဒီလိုဆို ဝမ်းရှုလီက သူမကို ပိုပြီးတော့တောင် သဘောကျတော့မှာမဟုတ်ဘူးမလား?

ထို့ကြောင့် ရွှီလျန် အိမ်စောစောပြန်ခဲ့ပြီး ရေချိုး၍ အိပ်ရာဝင်သွားတော့သည်။

နောက်တစ်နေ့တွင် သူမ ရှန့်ချန်ခုန်းအိမ်သို့မသွားခင် အနီးနားက သစ်သီးဈေးတစ်ခုသို့မောင်းသွားပြီး လတ်လတ်ဆတ်ဆတ် လိမ္မော်သီးများ ဝယ်ယူခဲ့သည်။

ဒီအပတ်စနေနှင့်တနင်္ဂနွေနေ့တွင် ဘွဲ့ရကျောင်းသားများသည် သူတို့၏စာရင်းသွင်းထားတာကို အတည်ပြုရန်အတွက် ကျောင်းသို့သွားရန်လိုအပ်ပေသည်။ သူမ ရှန့်ချန်ခုန်းကို ဤအကြောင်းမေးမြန်းသောအခါ သူက စနေနေ့ညနေပိုင်းအလုပ်ချိန်ကိုယူပြီး တနင်္ဂနွေမနက်ပိုင်းတွင် စာရင်းသွားသွင်းလိုက်မည်ဖြစ်ကြောင်း ပြောလာခဲ့၏။ ဤသို့ဆိုလျှင် ကိစ္စတွေကို ဝမ်းရှုလီသတိပြုမိရန် ပို၍ခက်ခဲသွားပြီဖြစ်သည်။

ရွှီလျန်သိပါတယ်.. သူ့အဖေမတော်တဆဖြစ်ပြီးနောက် ရှန့်ချန်ခုန်း၏အမေဟာ လေယာဉ်ထုတ်လုပ်ခြင်းအလုပ်အကိုင်ကို ကျိန်းသေပေါက် သဘောကျမှာမဟုတ်။ သို့သော်လည်း ရှန့်ချန်ခုန်းအနေဖြင့် သူ၏အသက်မွေးဝမ်းကျောင်းအလုပ်ကိုတော့ တစ်သက်လုံး ဖုံးကွယ်ထားနိုင်မှာမဟုတ်ပေ။ သူ့အမေနှင့် ပွင့်ပွင့်လင်းလင်း ရှိရန်တော့ လိုအပ်နေသေးသည်။

လွန်ခဲ့တဲ့စနေနေ့က ရှန့်ချန်ခုန်း သူမကို အိမ်ပြန်ပို့ပြီးနောက် သူသည်လည်း အိမ်ပြန်မသွားခဲ့ဘူး။ အကြောင်းမှာ သူတို့နှစ်ယောက် နောက်နေ့မနက် အိပ်ရာနိုးလာပြီးနောက် သူတို့စုံတွဲမှာ မချုပ်တည်းထားတော့ဘဲ အိပ်ရာထဲတွင် ခဏတာနေရင်းဖြင့် အဆုံးသတ်သွားခဲ့ခြင်းကြောင့်ပင်။ ထို့ကြောင့် ရှန့်ချန်ခုန်းသည် ရွှီလျန်၏နေရာမှ အလုပ်သို့ တန်းတန်းမတ်မတ်သွားခဲ့ရသောကြောင့် အိမ်ပြန်မလာခဲ့ရတော့ပေ။

ထိုအချိန်မှစ၍ ရွှီလျန်အပေါ် ဝမ်းရှုလီ၏သဘောထားမှာ ဆိုးရွားလာခဲ့သည်။ ဒီမတိုင်ခင်က ဝမ်းရှုလီကမူ ရွှီလျန်ကို ဂရုမစိုက်သည့်ပုံရသော်လည်း အနည်းဆုံးတော့ သူမစာအုပ်ဖတ်နေစဉ် သူမ(ရွှီလျန်)နှင့် တစ်ခန်းတည်းထိုင်ခဲ့သေး၏။ သို့ပေမဲ့ အခုအချိန်မှာတော့ ဝမ်းရှုလီက သူမကို မတွေ့ချင်တော့သည်မှာ ထင်ရှားပါသည်။ ရွှီလျန်ရောက်လာတိုင်း ဝမ်းရှုလီက သူမအခန်းထဲသို့ ပြန်ဝင်သွားတော့၏။

ရွှီလျန် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ ၊ အန်တီဝမ်းက ဘာမှမပြောဘဲ ဘာကိုမှဂရုမစိုက်သလို ဖြစ်နေပေမဲ့ အခြေအနေကို သူမ တကယ်နားလည်တယ်လို့ ရွှီလျန် ခံစားရသည်။ ဒါ့အပြင် ရှန့်ချန်ခုန်းကလည်း အရွယ်ရောက်ပြီးသူအမျိုးသားတစ်ယောက် ၊ ညဘက်အပြင်ထွက်တာက... ပုံမှန်ပါပဲ။

ရွှီလျန် မီးဖိုချောင်ထဲသို့ဝင်သွားပြီး တံခါးဘောင်ကို မှီလိုက်သည်။ သူမ ရှန့်ချန်ခုန်းကို ခဏလောက်ကြည့်ပြီးနောက်

"ရှန့်ချန်ခုန်း အရင်က ရှင့်မှာကောင်မလေးရှိဖူးလား"

အသီးအရွက်လှီးနေသောရှန့်ချန်ခုန်းမှာ ချက်ချင်း အေးခဲသွားရသည်။ သူမမေးခွန်းကြောင့် သူ့နှလုံးသားမှာ ရုတ်တရက် တင်းကျပ်သွား၏။ ရှန့်ချန်ခုန်း သူ့လက်ထဲကဓားကို ဂရုတစိုက်ချပြီး ရွှီလျန်ကို လှည့်ကြည့်၍

"မရှိဘူး ဘာလို့မေးတာလဲ"

သူ ချန်းဖန်ဆီကနေ ကြားဖူးတယ်.. မိန်းကလေးတစ်ယောက်က မင်းနဲ့အတူရှိဖို့ သဘောတူပြီးနောက် သူမက နောက်ဆုံးမှာ မင်းကို မင်းရဲ့ရည်းစားဟောင်းတွေအကြောင်း မေးလာလိမ့်မယ်တဲ့။ ချန်းဖန် အကြံပေးခဲ့သည်မှာ မင်း မေးခွန်းကိုဘယ်လိုပဲဖြေနေပါစေ ရလဒ်က အမြဲတမ်းအတူတူပဲ.. မင်းကို ချေမှုန်းပစ်လိမ့်မယ်ဟူ၍။

သို့သော် ရှန့်ချန်ခုန်းသည် ရွှီလျန်၏ပင်ကိုယ်စရိုက်က ဤကဲ့သို့မဟုတ်မှန်း ထင်ထားပြီးသား ၊ သူ့မှာလည်း ဘယ်ရည်းစားဟောင်းမှမရှိသောကြောင့် ချန်းဖန်၏စကားတွေကို ဘယ်တုန်းကမှ သူ ရင်ထဲမထားခဲ့ပေ။

ယခုအချိန်တွင် ရွှီလျန်က ဤသို့သောမေးခွန်းမျိုးကို ဆိုင်းမဆင့်ဗုံမဆင့် မေးမြန်းလာခဲ့လေပြီ။ ရှန့်ချန်ခုန်းမှာ ချန်းဖန်နှင့်ပြောခဲ့သည်များကို ပြန်မတွေးဘဲမနေနိုငတော့။

ရွှီလျန်က ထပ်မမေးတော့ဘဲ ရိုးရှင်းစွာပင် 'အိုး' ဟုသာ အသံပြုလာခဲ့၏။

"ရှင့်အမေက ကျွန်မကိုမုန်းနေတာ မအံ့ဩတော့ပါဘူး"

အဆုံးတွင် သူမက ရှန့်ချန်ခုန်း အိမ်ခေါ်လာဖူးသော ပထမဆုံးကောင်မလေးပါပဲ.. သူမ ဝမ်းရှုလီကို ကျင့်သားရဖို့ အချိန်ပေးရမည်။

ဇဝေဇဝါဖြစ်နေသောရှန့်ချန်ခုန်းက

"ဘာလို့ဒီလိုထင်တာလဲ"

ရွှီလျန် ပခုံးတွန့်လိုက်သည်။ 

"အမေတွေက သူတို့သားတွေကို အမြဲတမ်း နည်းနည်းလေးတော့ မောင်ပိုင်စီးထားချင်တယ်လေ.. တခြားမိန်းမတစ်ယောက်က ရုတ်တရက် အခြေအနေထဲဝင်ရောက်လာပြီး အနှစ်နှစ်ဆယ်ကျော်ပြုစုပျိုးထောင်လာရတဲ့ သူမသားကို လက်ဝါးကြီးအုပ်ချင်ရင်တော့ အဲဒါက သူမကို မလွဲမသွေ မပျော်မရွှင် ဖြစ်သွားစေလိမ့်မယ်၊ ကျွန်မဝင်လာတုန်းက အန်တီက သူ့အခန်းထဲဝင်သွားတာ ရှင်မမြင်ဘူးလား? အန်တီ ကျွန်မကို မတွေ့ချင်တာဖြစ်နိုင်တယ်"

ရှန့်ချန်ခုန်းနှုတ်ခမ်းတွေ ကွေးတက်သွားပြီး ရွှီလျန်ကို ပွေ့ဖက်ပေးလိုခဲ့သည်။ သို့သော် သူက အေပရွန်ကိုဝတ်ထားဆဲဖြစ်သဖြင့် ရွှီလျန်၏အဝတ်အစားများ ညစ်ပတ်သွားမည်ကို စိုးရွံ့နေ၏။ ထို့ကြောင့် အဆုံးတွင် ရှန့်ချန်ခုန်းသည် ရွှီလျန်နှုတ်ခမ်းကိုပဲ အနမ်းပေးလိုက်ပါသည်။

"သူမကို အချိန်ခဏလောက်ပေးလိုက်ပါ အမေက မင်းကိုချစ်လာမှာပါ"

ရွှီလျန် သူ့ကို မော့ကြည့်လိုက်ပြီး ရှန့်ချန်ခုန်းလည်တိုင်ကို ဖက်တွယ်ထားရန် သူမလက်တွေကို မြှောက်လိုက်၏။

"သူမ မချစ်ဘူးဆိုရင်ရော?"

ရှန့်ချန်ခုန်း၏အမေသည် အထူးကိစ္စရပ်တစ်ရပ်ဖြစ်၏။ သူမ(ဝမ်းရှုလီ)က သာမန်လူတစ်ယောက်ဖြစ်ခဲ့မည်ဆိုလျှင် ယောက္ခမက သူမကို မကြိုက်ဘူးဆိုရင်တောင်မှ သူမခင်ပွန်းနှင့် သီးသန့်ခွဲနေလို့ရနိုင်သေးသည်။ ဒီလိုအခြေအနေမျိုး၌ သူမယောက္ခမကို တစ်နှစ်မှာ အကြိမ်အနည်းငယ်လောက်သာ တွေ့ခွင့်ရနိုင်မှာပင်။ သို့ပေမဲ့ ဝမ်းရှုလီ၏ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာအခြေအနေတွေက သူမတစ်ယောက်တည်း မနေနိုင်ဘူးလို့ ဆိုလိုနေတာပဲ။

"ကိုယ့်အမေရဲ့ကျန်းမာရေးက တဖြည်းဖြည်း သက်သာလာပါပြီ.. ကိုယ်ယုံတယ် သိပ်မကြာခင်မှာပဲ အမေ လုံးဝပြန်ကောင်းလာလိမ့်မယ်"

ယခင်ကဝမ်းရှုလီမှာ ကြင်နာတတ်ပြီး ဖော်ရွေသောအမျိုးသမီးတစ်ဦးဖြစ်သည်။ ထိုဝမ်းရှုလီက ရွှီလျန်ကို ချစ်ခင်နှစ်သက်လိမ့်မည်။

ရွှီလျန် သူမရှေ့ကအမျိုးသားကိုကြည့်ရင်း သူမနှလုံးသားထဲ နွေးထွေးသွားရသည်။ သူမခြေဖျားထောက်၍ ရှန့်ချန်ခုန်းနှုတ်ခမ်းထက်သို့ နမ်းလိုက်၏။ ပထမတော့ သူ တုံ့ပြန်ရန် နှောင့်နှေးနေသော်လည်း ခဏအကြာတွင် လက်ဦးမှုပြန်လည်ရယူကာ သူ့လျှာဖျားကို သူမလျှာဖျားနှင့် ရစ်ပတ်လိုက်သည်။

"အစ်ကို ညီမပြန်လာပြီ!"

ရုတ်တရက် ရှန့်နွမ်က အိမ်ထဲဝင်လာပြီး မီးဖိုချောင်တံခါးဘောင်နားတွင် နမ်းရှိုက်နေသော ရှန့်ချန်ခုန်းနှင့်ရွှီလျန်ကို မြင်သွားပါလေသည်။

"........"

သူမ တစ်စက္ကန့်လောက် အေးခဲသွားပြီးနောက် သူမခြေထောက်အောက်မှာ လေတိုက်သွားသည့်အလား သူမအိပ်ခန်းဘက်သို့ တစ်ဟုန်ထိုးပြေးသွားတော့သည်။

"ဟို.....ညီမ ဘာမှမမြင်လိုက်ဘူးနော်!!"

ရှန့်ချန်ခုန်း "........"

ရွှီလျန် "........"

ရှန့်နွမ် သူမအိပ်ခန်းတံခါးကို ဆောင့်ပိတ်ပြီး သူမပါးပြင်တွေမှာလည်း နီမြန်းလာရပါ၏။

တကယ်ပဲ အာ.. အနမ်းခံရတဲ့သူက သူမမှမဟုတ်တာကို သူမနှလုံးသားက ဘာလို့အရမ်းခုန်နေရတာလဲ။

ရှန့်နွမ် ကျောင်းလွယ်အိတ်ကိုအောက်ချ၍ သူမတို့ group chat ကိုဖွင့်လိုက်သည်။

ကမ္ဘာပတ်နေသောနွမ်နွမ် : [ ငါ အခုလေးတင် ငါ့အိမ်ထဲဝင်လာတာ ငါ့အစ်ကိုကြီးနဲ့မမတို့နမ်းနေတာကို မြင်လိုက်ရတယ်! ]

စာလေ့လာခြင်းကထိပ်ပြောင်စေတယ် : [ အရမ်းစိတ်လှုပ်ရှားစရာပဲ! ]

ငါးမိနစ်စာလုပ်တစ်နာရီလေဖြတ် : [ အိုး.. အရွယ်ရောက်ပြီးသူအချစ် ငါကြိုက်တယ်လို့! ခ်ခ်ခ်ခ် ]

ငါးမိနစ်စာလုပ်တစ်နာရီလေဖြတ် : [ ရှန့်နွမ် နင်လဲ အဲဒါကို ရှန်လင်နဲ့ကြိုးစားကြည့်သင့်တယ်! ခ်ခ်ခ်ခ် ]

စာလေ့လာခြင်းကထိပ်ပြောင်စေတယ် : [ ဟား ဟား ဟား! နင်လုပ်ကြည့်သင့်တယ်! နင်တို့နှစ်ယောက် ခုတစ်လော အရမ်းရင်းနှီးလာကြတာ ငါသတိထားမိတယ်နော် ]

ကမ္ဘာပတ်နေသောနွမ်နွမ် : [ ငါတို့ကစာလေ့လာရုံတင်ပါ အိုကေ! ]

စာလေ့လာခြင်းကထိပ်ပြောင်စေတယ် : [ ဟုတ်တယ် စာလေ့လာနေတာ! ]

ရှန့်နွမ် : ..........

သူမက သူမသူငယ်ချင်းများနှင့် စကားပြောပြီး နည်းနည်းစိတ်ငြိမ်သွားအောင် လုပ်လိုခဲ့တာ ဒါပေမဲ့ အဆုံးမှာတော့ သူတို့က သူမမျက်နှာကို ပိုနီမြန်းသွားရအောင် ဖြစ်သွားစေခဲ့သည်။

ရှန်လင်ကိုနမ်းရမယ်? ရှန့်နွမ် ၎င်းအား ခဏတာ စဉ်းစားလိုက်မိသည်... ဖွီး ဖွီး! သူမ ဘာတွေတွေးနေတာလဲ? သူတို့နှစ်ယောက်က စာလေ့လာနေရုံပဲ!

ရှန့်နွမ် သူမကျောင်းလွယ်အိတ်ထဲမှ သင်္ချာမေးခွန်းများကိုထုတ်၍ ချက်ချင်း စာလုပ်တော့၏။

နေ့လယ်စာစားချိန်ရောက်တော့ ရှန့်နွမ်မှာ သူမအခန်းထဲမှမထွက်မီ အချိန်အတော်ကြာအောင် အပြင်ဘက်ကိုချောင်းကြည့်နေပြီး နေရာတွင် ခြေတကြွကြွဖြစ်နေ၏။ ရှန့်ချန်ခုန်းနှင့်ရွှီလျန်တို့ ညစာစားပွဲတွင် ထိုင်နေသည်ကိုမြင်တော့ သူမမျက်မြင်တွေ့ခဲ့ရသောမြင်ကွင်းကို ပြန်မတွေးဘဲမနေနိုင်တော့။ သူမမျက်နှာမှာ ချက်ချင်းပင် နီမြန်းလာရပြန်သည်။

သူ့ညီမလေး၏နီရဲနေသောနားရွက်များကိုကြည့်ရင်း ရှန့်ချန်ခုန်းမှာ သူမလေးဘာတွေစဉ်းစားနေမှန်း ချက်ချင်းသိရှိသွားကာ သူသည်လည်း ရှက်ရွံ့လာရသည်။ သို့စေကာမူ ရွှီလျန်ကတော့ အတော်လေးတည်ငြိမ်နေ၏။ သူမ ရှန့်နွမ်၏နီရဲနေသောနားရွက်များကိုမြင်ပြီးနောက် သူမခံစားရသမျှအားလုံးမှာ သည်အစ်ကိုကြီးနှင့်ညီမလေးက တကယ်ဆင်တူကြတာပဲ။

"စား"

ရှန့်ချန်ခုန်း အေးတိအေးစက်ပြောပြီး သူ့တူကိုကောက်ကိုင်၏။

ရှန့်နွမ်၏ခါတိုင်းလိုရွှင်ရွှင်ပြပြစကားများမရှိဘဲ ယနေ့နေ့လယ်စာမှာ တိတ်ဆိတ်နေခဲ့သည်။

စားသောက်ပြီးနောက် ရှန့်နွမ်က စားပွဲကို သန့်ရှင်းရေးလုပ်ပြီး သူမအခန်းထဲ ချက်ချင်းပြန်ဝင်သွားသည်။ ရွှီလျန်က လိမ္မော်သီးတစ်လုံးကိုယူ၍ ဝမ်းရှုလီကိုမေးလိုက်၏။

"အန်တီ လိမ္မော်သီးစားချင်လား ကျွန်မ အန်တီ့အတွက် လှီးပေးမယ်နော်"

ဝမ်းရှုလီ ရွှီလျန်ကိုကြည့်လိုက်ပေမဲ့ ပြန်မဖြေ ၊ ရွှီလျန်ကလည်း ဂရုမစိုက်ဘဲ ရိုးရှင်းစွာပင် သစ်သီးဓားကိုကိုင်၍ လိမ္မော်သီးအခွံစနွှာသည်။ သူမ ဤသို့လုပ်နေစဉ် သူမကပဲ စကားစပြောလာ၏။

"ကျွန်မ ဒီလိမ္မော်သီးတွေကို ဒီမနက်မှ သစ်သီးဈေးကနေဝယ်လာခဲ့တာ ခြံသမားတွေက သူတို့ထုတ်ကုန်တွေကို မနက်တိုင်းပို့တယ်၊ အဲဒါကြောင့် ဒီလိမ္မော်သီးတွေက အရမ်းလတ်ဆတ်တယ်.. ကျွန်မ တစ်လုံးမြည်းကြည့်ပြီးပြီ အရမ်းချိုပြီးတော့ အရည်လဲရွှမ်းတယ်"

ရွှီလျန်၏မီးဖိုချောင်စကေးမှာ သိပ်မကောင်းပါသည့်တိုင်အောင် ယင်းက သူမ၏လှီးဖြတ်သည့်စကေးကိုတော့ သက်ရောက်ခြင်းမရှိ။ သူမ လိမ္မော်သီးကို အပေါ်မှအောက်အထိ ပျက်စီးခြင်းမရှိ အခွံနွှာခဲ့သည်။ လိမ္မော်သီးကိုလှီးစိတ်ပြီးနောက် သူမ ဝမ်းရှုလီကို ပန်းကန်ကမ်းပေးပြီး

"အန်တီ နည်းနည်းလောက်မြည်းကြည့်ချင်လား"

ဝမ်းရှုလီက မမြည်းချင်ဘူး။ သူမက အခန်းထဲပြန်ပြီး တစ်ရေးအိပ်ရန် စီစဉ်းထားခဲ့ခြင်းဖြစ်သည်။ ရွှီလျန်ကမ်းပေးနေသောလိမ္မော်သီးများကို လျစ်လျူရှုပြီး မတ်တပ်ထရပ်လိုက်၏။ ရွှီလျန်က အခုလေးတင် လိမ္မော်သီးအခွံနွှာထားခဲ့သဖြင့် သစ်သီးဓားက သူမလက်ထဲတွင်ရှိနေဆဲပဲ ၊ ဝမ်းရှုလီလှုပ်ရှားပုံမှာ အလွန်ရုတ်တရက်ဆန်လွန်းသောကြောင့် သူမ မတ်တပ်ရပ်လိုက်ချိန်တွင် ဝမ်းရှုလီမှာ သူမလက်ဖဝါးနှင့် ချွန်ထက်နေသောဓားအစွန်းမှာ မတော်တဆ ထိမိသွားခဲ့သည်။

ဒဏ်ရာအသေးလေးဖြစ်ပေမဲ့လည်း ချက်ချင်း သွေးထွက်လာ၏။

ရွှီလျန်မှာ လိမ္မော်သီးနှင့်ဓားကို မြန်မြန်ဆန်ဆန် အောက်ချပြီး ဝမ်းရှုလီလက်ကို သွားစစ်ဆေးကြည့်၏။

"အန်တီ လက်ဘယ်လိုနေလဲ"

ဝမ်းရှုလီမှာ သူမ၏သွေးထွက်နေသောလက်ဖဝါးကို စိုက်ကြည့်ပြီး ရွှီလျန်ကို ရှောင်ဖယ်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ရှန့်ချန်ခုန်းက မီးဖိုချောင်ထဲမှထွက်လာရာ သူမ၏သွေးထွက်နေသောလက်ကို သတိပြုမိသွားလေ၏။ သူသည်လည်း စိုးရိမ်သွား၍

"အမေ လက်ဘာဖြစ်တာလဲ"

သူ ဝမ်းရှုလီလက်ကိုယူပြီး ဒဏ်ရာကိုကြည့်လိုက်သည်။ ဝမ်းရှုလီက သူ့ကိုတော့ မဖုံးကွယ်ထားခဲ့ပေ...

"ဒဏ်ရာကသိပ်တော့မနက်ပါဘူး ကျွန်တော် ဆေးသေတ္တာယူလိုက်အုံးမယ်"

ရှန့်ချန်ခုန်း တီဗီစင်နားသွားပြီး ဆေးသေတ္တာကိုယူလာ၏။ ပထမဦးစွာ ဝမ်းရှုလီဒဏ်ရာကို သန့်ရှင်းပေးပြီး အပေါ်ကနေ ဆေးပလတ်စတာတစ်ခု ကပ်ပေးထားလိုက်သည်။

"ရပါပြီ ဒဏ်ရာကို နှစ်ရက်လောက် ရေမစိုစေနဲ့"

ဝမ်းရှုလီ သူမလက်ကို ပြန်ဆွဲယူပြီး အခန်းထဲသို့ တန်းတန်းဝင်သွား၏။ ရွှီလျန်က ရှန့်ချန်ခုန်းဘေးနားတွင် ထိုင်နေကာ တောင်းတောင်းပန်ပန် ဆိုလာခဲ့သည်။

"ကျွန်မ တကယ်တောင်းပန်ပါတယ် ကျွန်မ အန်တီ့ကို ထိခိုက်စေဖို့ မရည်ရွယ်ခဲ့ပါဘူး.. ပြီးသွားတာနဲ့ တစ်ခါတည်း ဓားကို အောက်ချထားလိုက်သင့်တာ"

ရှန့်ချန်ခုန်း ဆေးသေတ္တာကိုဘေးဖယ်ပြီး သူမကို ပြုံးပြလိုက်သည်။

"ကိစ္စမရှိပါဘူး ကိုယ်သိပါတယ် မင်းမရည်ရွယ်ခဲ့ဘူးဆိုတာ"

မည်သို့ပင်ဆိုစေကာမူ ရွှီလျန်အပေါ် သူ့အမေ၏ငြင်းပယ်ခြင်းကို သူ ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။

"ဒီရက်ပိုင်းတော့ ဒီကိုမလာနဲ့အုံး.. ကိုယ့်အမေရဲ့အခြေအနေက အတော်လေး အပြောင်းအလဲမြန်လာတယ် ဒီတော့ သူမ နောက်တစ်ကြိမ် လှုံ့ဆော်ခံလိုက်ရပြီး မင်းကိုနာကျင်စေမှာကို ကိုယ်စိတ်ပူလို့ပါ"

ရွှီလျန် ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ပါသည်။

"အင်းပါ"

_____________________



႐ႊီလ်န္သည္ သူမဆိုင္တြင္ရွိၿပီး အလုပ္စားပြဲေပၚတြင္ သမင္ဦးခ်ိဳအခ်ိဳ႕ကိုတန္းစီကာ တစ္ခုၿပီးတစ္ခု စစ္ေဆးေန၏။ ခရစၥမတ္လည္း နီးကပ္လာၿပီျဖစ္လို႔ အျခားေသာစီးပြါးေရးမ်ားႏွင့္ လုပ္ငန္းေဆာင္တာမ်ားစြာအတြက္ အမွာစာမ်ားျဖင့္ ျပည့္ႏွက္ေနပါသည္။ သူမ၏ရာသီအလိုက္ ခရစၥမတ္ပုံစံပန္းကုံးမ်ားအျပင္ သမင္ဦးခ်ိဳမ်ားတြင္ အလွဆင္ထားေသာ diffuser stones မ်ားသည္လည္း ဤကာလအတြင္း အလြန္ေရပန္းစားေနခဲ့သည္။

သို႔ေသာ္ သူမအသုံးျပဳေသာပုံစံသည္ က်ိဳးပဲ့လြယ္ေသာသမင္ဦးခ်ိဳမ်ားကို ျဖစ္ေပၚေစေသာေၾကာင့္ ႐ႊီလ်န္သည္ ၎၏ diffuser မ်ားႏွင့္မကပ္မီ အက္ကြဲေနေသာသမင္ဦးခ်ိဳမ်ားမရွိေၾကာင္း ေသခ်ာေစရန္ တစ္ခုခ်င္းစီကို ေသခ်ာစစ္ေဆးရမည္ျဖစ္သည္။ အကယ္၍ က်ိဳးပဲ့ေနေသာသမင္ဦးခ်ိဳတစ္ခုကို ရွာေတြ႕ခဲ့ပါက အပ်က္အစီးကို ျပန္လည္ျပဳျပင္ရန္ သူမ အခ်ိန္ယူရပါလိမ့္မည္။

႐ႊီလ်န္၏လက္ရာသည္ အျပစ္အနာအဆာကင္းၿပီး သူမက အလုပ္ႏွင့္ပတ္သက္ၿပီး အလြန္လုံ႕လဝီရိယရွိေသာေၾကာင့္ ဤကဲ့သို႔ေသာအရာမ်ားကို ဂ႐ုတစိုက္ေျဖရွင္းရန္ လိုအပ္သည္။

႐ႊီလ်န္ မတူညီေသာသမင္ဦးခ်ိဳႏွစ္ခုကို ျပည္တြင္းမွ မွာယူထားေသာ္လည္း ႏွစ္ခုစလုံးသည္ က်ိဳးပဲ့ပ်က္စီးလြယ္၏။ ထို႔ေၾကာင့္ သူမသည္ နိုင္ငံျခားသို႔သြားကာ တ႐ုတ္နိုင္ငံတြင္ မရရွိနိုင္ေသာပုံစံခြက္မ်ားကို ဝယ္ယူျခင္းျဖင့္ သူမ၏အနာဂတ္ diffuser မ်ား၏အရည္အေသြးကို ျမႇင့္တင္ရန္ ဆုံးျဖတ္ခဲ့သည္။

႐ႊီလ်န္မွာ ေနာက္ထပ္တစ္သုတ္မျပဳလုပ္ခင္ ေစာင့္ဆိုင္းၿပီး အျခားပုံစံခြက္ဝယ္ရန္ စီစဥ္ထားခဲ့သည္။ ျပဳျပင္ရန္လိုအပ္သည့္ပစၥည္းမ်ားကို သူမ ျပဳျပင္ခဲ့ေသာ္လည္း လုပ္ငန္းစဥ္မွာ ဆက္လက္လုပ္ေဆာင္ရန္ အလြန္ခက္ခဲေနသည္ကို ေတြ႕ရွိခဲ့သည္။

သူမ တျခားသမင္ဦးခ်ိဳကို ပုံသြင္းေနစဥ္ သူမဖုန္းမ်က္ႏွာျပင္က လင္းသြား၏။ ႐ႊီလ်န္ သူမလက္မ်ားကိုသုတ္၍ မက္ေဆ့ခ္်ကိဳၾကည့္လိုက္သည္။ ၎က သူမ၏အထက္တန္းစီနီယာႏွစ္မွ အတန္းေခါင္းေဆာင္ျဖစ္သည္။

အတန္းေခါင္းေဆာင္က သူမကို အတန္းျပန္လည္ေတြ႕ဆုံပြဲအေၾကာင္း အရင္က ေမးျမန္းခဲ့ဖူးသည္။ ဤသို႔လုပ္လိုက္ျခင္းအားျဖင့္ သူတို႔က ႐ႊီလ်န္အား အထက္တန္းေက်ာင္းစကားေျပာခန္းအဖြဲ႕ထဲသို႔ ထည့္သြင္းရန္ အခြင့္အေရးယူခဲ့သည္။ ထိုအခ်ိန္တြင္ ႐ႊီလ်န္သည္ အဖြဲ႕မွ ခ်က္ခ်င္း မထြက္ခဲ့ေသာ္လည္း အသံပိတ္ထားခဲ့ၿပီး မည္သည့္မက္ေဆ့ခ်္ကိုမွ် အေၾကာင္းျပန္ျခင္းမရွိခဲ့ေပ။

သို႔ေသာ္ ႐ႊီလ်န္တို႔အတန္းေခါင္းေဆာင္သည္ စိတ္ဆုံးျဖတ္ထားပုံရသည္။ လြန္ခဲ့သည့္ရက္အနည္းငယ္က ျပန္လည္ေတြ႕ဆုံမည့္ရက္ႏွင့္အခ်ိန္ကို သိရွိခဲ့ရၿပီး ႐ြီလ်န္က သူမအခ်ိန္အားလပ္မည္လား မေသခ်ာေၾကာင္း၊ မည္သည့္အရာကိုမွ တိတိက်က် အာမမခံေၾကာင္းႏွင့္ အမွန္တကယ္ ျငင္းဆိုျခင္းမရွိဘဲ လာရန္ျငင္းခဲ့ေၾကာင္း မက္ေဆ့ခ်္ပို႔ခဲ့သည္။ သို႔ေသာ္ မေမွ်ာ္လင့္ဘဲ အတန္းေခါင္းေဆာင္က လက္မေလွ်ာ့ဘဲ သူမကို ယေန႕ ထပ္မံေတာင္းဆိုလာခဲ့သည္။

အတန္းေခါင္းေဆာင္ : [ ႐ႊီလ်န္ ငါတို႔ေတြ မနက္ျဖန္ည သီးသန့္အခန္းတစ္ခန္း ႀကိဳတင္ေနရာယူၿပီးၿပီ တက္ေရာက္မဲ့လူအေရအတြက္ကို ငါတို႔သိဖို႔လိုတယ္ ဒါေၾကာင့္ နင္လာမလားလို႔ ငါအတည္ျပဳလို႔ရမလား ]

႐ႊီလ်န္ အခ်ိန္အေတာ္ၾကာ မက္ေဆ့ခ်္ကိုစိုက္ၾကည့္ေနၿပီး ေတြးေတာေနခဲ့သည္။ အဆုံးတြင္ သူမဖုန္းကို ေကာက္ကိုင္၍ စာျပန္လိုက္၏။

႐ႊီလ်န္ : [ အိုေက ]

အတန္းေခါင္းေဆာင္ : [ ေကာင္းၿပီ ငါ နင့္ကိုစာရင္းထဲထည့္လိုက္မယ္ ငါတို႔ေတြ မနက္ျဖန္ညေန ေျခာက္နာရီမွာေတြ႕ၾကမယ္ ]

႐ႊီလ်န္ : [ နင္ ငါ့ကို အခု ပိုက္ဆံေပးေစခ်င္လား? ]

အတန္းေခါင္းေဆာင္ : [ အလ်င္မလိုဘူး ငါတို႔တြက္ခ်က္လို႔ရတယ္ ]

႐ႊီလ်န္ စာမျပန္ေတာ့ ၊ သူမ ေနာက္ထပ္သမင္ဦးခ်ိဳကို ေကာက္ကိုင္လိုက္ခ်ိန္တြင္ ၎မွာအက္ကြဲေနေၾကာင္း ေတြ႕လိုက္ရေလသည္။

"........"

႐ုတ္တရက္ ႐ႊီလ်န္မွာ နိုင္ငံျခားသြားၿပီး ပစၥည္းအနည္းငယ္ဝယ္ရန္ အေရးတႀကီးလိုအပ္ေနေၾကာင္း ခံစားလိုက္ရသည္။

ေသာၾကာေန႕ညေနခင္း ေျခာက္နာရီတြင္ ႐ႊီလ်န္သည္ ေတြ႕ဆုံပြဲက်င္းပမည့္ကလပ္သို႔ ေရာက္ရွိလာ၏။ ႐ႊီလ်န္သည္ သူမ၏အတန္းေဖာ္မ်ားက သီးသန႔္အခန္းကို ႀကိဳတင္မွာယူနိုင္ေစရန္ ေကာင္းေကာင္းလုပ္ေဆာင္ခဲ့ရမည္ဟု ခန့္မွန္းခဲ့သည္။

႐ႊီလ်န္ သူမအား အတန္းေခါင္းေဆာင္ပို႔ေပးထားေသာမက္ေဆ့ခ်္ကို ၾကည့္လိုက္သည္။ အတန္းေခါင္းေဆာင္သည္ အတန္း group chat ထဲတြင္ အခန္း၏တည္ေနရာကို အမွန္တကယ္ေပးပို႔ခဲ့သည့္တိုင္ ႐ႊီလ်န္မျမင္မည္ကို စိုးရိမ္သျဖင့္ သူမအား သီးသန႔္မက္ေဆ့ခ်္တစ္ေစာင္ ေပးပို႔ခဲ့သည္။

တည္ေနရာကို ေနာက္တစ္ဖန္ အတည္ျပဳၿပီးေနာက္ တံခါးနားတြင္ ေခ်ာင္ဆမ္ဝတ္ဆင္ထားေသာ စားပြဲထိုးအမ်ိဳးသမီးထံသို႔ သူမ သြား၏။ အမ်ိဳးသမီးက သူမကို ႀကိဳဆိုၿပီး ဓာတ္ေလွကားဆီသို႔ လမ္းၫႊန္ေပးခဲ့သည္။

႐ႊီလ်န္သည္ သူမ၏ဘယ္အတန္းေဖာ္ေတြကမ်ား ဤေတြ႕ဆုံပြဲသို႔ တက္ေရာက္ၾကမည္ကို မသိေသာ္လည္း ယခင္က သူမ ဤေနရာကိုေရာက္ဖူးေသာေၾကာင့္ သူတို႔၏အက်ယ္ဆုံးသီးသန့္ခန္းဟာ လူအေယာက္ႏွစ္ဆယ္ခန႔္ ထိုင္နိုင္ေၾကာင္း သိရွိၿပီးျဖစ္၏။ သို႔ေသာ္ သူတို႔က သီးသန့္ခန္းေတြကို ခ်ိတ္ဆက္ထားခဲ့ေသာေၾကာင့္ ဖြင့္လိုက္တာနဲ႕ အေယာက္ေလးဆယ္ေလာက္က အလြန္အဆင္ေျပစြာ ထိုင္နိုင္ၾကသည္။

ဒီလိုခ်ိတ္ဆက္တဲ့အခန္းမ်ိဳးကို အတန္းေခါင္းေဆာင္က သီးသန့္မွာထားပုံရသည္။ ႐ႊီလ်န္ ပိတ္ထားသည့္တံခါးနားသို႔ နီးကပ္လာသည္ႏွင့္အမွ် အထဲက သက္ဝင္တက္ႂကြေနေသာစကားေျပာသံမ်ားကို ၾကားလိုက္ရ၏။

ရိုးရိုးသားသား ေျပာရလွ်င္ သူမက ထိုကဲ့သို႔ေသာ အခမ္းအနားမ်ားကို တက္ေရာက္ေလ့မရွိသည့္အျပင္ သူမ၏အထက္တန္းအတန္းေဖာ္ေဟာင္းမ်ားအေပၚတြင္လည္း ေလးနက္ေသာခံစားခ်က္မ်ိဳး မရွိခဲ့ေပ ၊ တကယ္တမ္း ႐ႊီလ်န္ သူတို႔ေတြနဲ႕ ဘာအေၾကာင္းေတြေျပာနိုင္မလဲဆိုတာကိုလည္း မေသခ်ာဘူး။

သူမ တံခါးေရွ႕တြင္ တုံ႕ဆိုင္းစြာ ရပ္ေနသည္။ သူမ ထြက္သြားသင့္မသင့္ စဥ္းစားေနသည့္အခိုက္ တံခါးက အတြင္းမွ ပြင့္လာခဲ့၏။ ၎က အျပင္ထြက္ၿပီး ေဆးလိပ္ေသာက္ခ်င္ေနေသာ သူမ၏အတန္းေဖာ္ေဟာင္းတစ္ေယာက္.. ႐ႊီလ်န္ အျပင္မွာရပ္ေနသည္ကိုေတြ႕ေတာ့ သူ႕လက္ထဲကစီးကရက္ကို အိတ္ထဲထည့္ကာ သူမကို ၾကည့္လိုက္သည္။ ခဏတာတိတ္ဆိတ္သြားၿပီးေနာက္ သူက တုံ႕ဆိုင္းစြာ ေမးလာ၏။

"မင္းက႐ႊီလ်န္လား? ငါ မင္းကိုမေတြ႕ရတာ ႏွစ္အေတာ္ၾကာၿပီ မင္းက ငါတို႔အထက္တန္းေက်ာင္းတက္တုန္းကထက္ အမ်ားႀကီးပိုလွလာတယ္!"

သူ၏အသံက်ယ္က်ယ္က အခန္းတြင္းရွိ လူမ်ား၏အာ႐ုံကို ဆြဲေဆာင္သြားၿပီး အားလုံးက တံခါးဆီသို႔ လွည့္ၾကည့္လာၾကသည္။ တစ္ေယာက္ၿပီးတစ္ေယာက္ ႐ႊီလ်န္ကိုမွတ္မိသြားၾကကာ သူမအား တက္တက္ႂကြႂကြ ႏႈတ္ဆက္ၾကေလ၏။ အခုမွျပန္ထြက္သြားဖို႔က အရမ္းေနာက္က်သြားေခ်ၿပီ။ တျခားေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ ႐ႊီလ်န္ အခန္းထဲဝင္သြားေတာ့သည္။

"႐ႊီလ်န္ တုယန္ယန္ေဘးနားမွာ လာထိုင္လိုက္ နင္တို႔ေတြ အခ်င္းခ်င္းထိုင္ဖူးၾကတယ္မလား"

အတန္းေခါင္းေဆာင္က လက္ဖက္ရည္ေသာက္ေနေသာ အမ်ိဳးသမီး၏ေဘးရွိ ခုံလြတ္တစ္ခုံဆီသို႔ ၫႊန္ျပသည္။ သူမက ဆံပင္အတိုႏွင့္ မိန္းမလွေလးတစ္ဦးျဖစ္၏။ ႐ႊီလ်န္ ေခါင္းညိတ္လ်က္... တုယန္ယန္ကို မွတ္မိေနတုန္းပဲ။ ႐ႊီလ်န္က သူမေဘးနားမွာ တစ္ႏွစ္ပတ္လုံး ထိုင္ခဲ့ျခင္းပင္ ၊ ႐ႊီလ်န္ သူမအနားသြားထိုင္ ကုတ္အကၤ်ီကိုခြၽတ္ၿပီး သူမထိုင္ခုံေနာက္တြင္ တင္ထားလိုက္သည္။

႐ႊီလ်န္ဟာ အၿမဲတေစ တစ္ကိုယ္ေရသမားတစ္ေယာက္ျဖစ္ၿပီး အထက္တန္းေက်ာင္းတက္စဥ္ကလည္း လူတိုင္းက သူမကို ေအးစက္တယ္လို႔ ထင္ခဲ့ၾကသည္။ သူတို႔အားလုံး သူမႏွင့္အဆက္အသြယ္ နည္းနည္းေလးေတာင္မရွိၾက ၊ ယခုမူကား အားလုံးမွာ ဘြဲ႕ရၿပီးၾကၿပီးျဖစ္ကာ လူ႕အဖြဲ႕အစည္းႏွင့္လည္း ထိေတြ႕ေနၾကၿပီျဖစ္သည္။ ထို႔ေၾကာင့္ သူတို႔ေတြ ႐ႊီလ်န္ကို ႏွစ္အေတာ္ၾကာ မေတြ႕ခဲ့ရေသာ္လည္း ေက်ာင္းမွာ ေန႕တိုင္း သူမႏွင့္ေတြ႕ရသည္ႏွင့္ယွဥ္လွ်င္ အားလုံးမွာ သူမႏွင့္ ပို၍ရင္းႏွီးလာၾကေလၿပီ။

တုယန္ယန္က ႐ႊီလ်န္ကို လက္ဖက္ရည္တစ္ခြက္ ဌဲ့ထည့္ေပးၿပီး ဤအထူးသီးသန့္လက္ဖက္ရည္ကို ဤနားေနခန္းတြင္သာ ရရွိနိုင္သည္ဟု မွတ္ခ်က္ေပးလာခဲ့သည္။ ထိုစဥ္ ႐ႊီလ်န္မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္ေနေသာ ေယာက္်ားေလးအတန္းေဖာ္က အတင္းအဖ်င္းစေျပာလာ၏။

"႐ႊီလ်န္ မင္းမွာေကာင္ေလးမရွိေသးဘူးလား မရွိေသးရင္ မင္း ေရွာင္ရွနဲ႕တြဲဖို႔ စဥ္းစားၾကည့္ပါလား.. သူက မင္းကို အထက္တန္းေက်ာင္းတုန္းက လိုက္ပိုးပမ္းခဲ့တာမလား?"

အတန္းေဖာ္က ဤသို႔ေျပာၿပီးသြားသည္ႏွင့္ လူတိုင္းမွာ နိုးႂကြားစျပဳလာၾကသည္။ ေဖာ္ထုတ္ခံလိုက္ရေသာေရွာင္ရွမွာေတာ့ မ်က္ႏွာနီျမန္းေနပါ၏။ သူက သူ႕သူငယ္ခ်င္းအား အထစ္ထစ္အေငါ့ေငါ့ျဖင့္

"ေဟ့ မင္းကေရာ? ေကာင္မေလးရွိလား လက္ထပ္ၿပီးၿပီလား ကေလးေရာရၿပီလား ဒုတိယကေလးလား? မရေသးဘူးလို႔ေျပာရင္ေတာ့ ငါရယ္ေသမွာပဲ!"

႐ုတ္ျခည္း အေၾကာင္းအရာေျပာင္းလိုက္သျဖင့္ လူတိုင္းက ေယာက္်ားေလးအတန္းေဖာ္ကို စေနာက္လာၾကၿပီး ခဏအၾကာတြင္ အေၾကာင္းအရာမွာ သဘာဝအေလ်ာက္ တစ္စုံတစ္ရာသို႔ ေျပာင္းလဲသြားျပန္သည္။

႐ႊီလ်န္က သူမလက္ဖက္ရည္ခြက္ကို ေကာက္ကိုင္၍ ေအးေအးေဆးေဆး တစ္ငုံေသာက္လိုက္၏။ သူမ ေရွာင္ရွကို ေရးေတးေတးသာ ပုံဖမ္း၍ရသည္။ အထက္တန္းေက်ာင္းမွာတုန္းက လူတိုင္းက သူ႕ကို ေရွာင္ရွဟုေခၚၾကသည္။ သူ႕မ်ိဳးရိုးနာမည္က 'ရွ' ျဖစ္လို႔မဟုတ္ဘဲ သူက သူမတို႔ပထဝီဝင္ဆရာ ရွေလာင္ရွစ္ႏွင့္တူေသာေၾကာင့္ပင္။ ထို႔ေၾကာင့္ နာမည္ေျပာင္မွာ 'ေရွာင္ရွ'....

႐ႊီလ်န္ နည္းနည္းအံ့အားသင့္ေန၏။ အထက္တန္းေက်ာင္းတက္စဥ္က သူမအတန္းေဖာ္ေတြကို သိပ္အာ႐ုံမစိုက္ခဲ့ဘူး.. သို႔ေသာ္လည္း ဘာေၾကာင့္မွန္းမသိ ယခုတြင္ ဒီလိုမ်ိဳးအနည္းအက်ဥ္း အေသးစိတ္မ်ားအားလုံးကိုေတာင္ သူမ မွတ္မိေနၿမဲပဲ။

ခဏၾကာၿပီးေနာက္ အေၾကာင္းအရာမွာ ဘာေၾကာင့္မွန္းမသိ ေဝ့ရိခ်န္ထံသို႔ ေျပာင္းသြားျပန္ပါသည္။

ေဝ့ရိခ်န္သည္ ႐ုပ္ရည္ေခ်ာေမာၿပီး ရန္ပြဲမ်ားတြင္ ၿပိဳင္ဘက္ကင္းေသာသူတစ္ေယာက္.. ထို႔ေၾကာင့္ အထက္တန္းေက်ာင္းတြင္ သူက အေတာ္ေလး နာမည္ႀကီးသည္။ ဒါေၾကာင့္ တစ္စုံတစ္ေယာက္က သူ႕အေၾကာင္းေျပာလာသည္မွာ သိပ္အံ့ဩစရာေတာ့မဟုတ္။

"အရင္တစ္ေခါက္ ငါ ခ်င္းနန္လမ္းကို ေသာက္ဖို႔သြားတုန္းက သူနဲ႕ေတြ႕လိုက္တယ္ သူက အထက္တန္းေက်ာင္းတုန္းကထက္ေတာင္ အခု ပိုေခ်ာလာတာဟ!"

"သူက ခ်င္းနန္လမ္းမွာ ဘားဖြင့္ထားတာလား"

"ဟုတ္တယ္ သူ႕စီးပြါးေရးက ေတာ္ေတာ္အဆင္ေျပေနတဲ့ပုံပဲ"

"ငါတို႔ေတြ ညစာစားၿပီးရင္ ခ်င္းနန္လမ္းကို ေသာက္ဖို႔သြားသင့္တယ္ေနာ္"

ထို႔ေနာက္ ႐ုတ္တရက္ ႐ႊီလ်န္နာမည္အေခၚခံလိုက္ရ၏။

"ငါမွတ္မိေသးတယ္ေနာ္ အထက္တန္းေက်ာင္းတုန္းက ေဝ့ရိခ်န္က ႐ႊီလ်န္ကို လိုက္ပိုးပမ္းခဲ့တာမလား? နင္တို႔ႏွစ္ေယာက္ဘယ္လိုလဲ.. နင္ သူနဲ႕အဆက္အသြယ္ရွိေနတုန္းပဲလား ႐ႊီလ်န္"

"ငါတို႔ အခုတေလာ သိပ္မဆက္သြယ္ျဖစ္ၾကဘူး"

႐ႊီလ်န္ ျပန္ေျဖလိုက္သည္။

ေဝ့ရိခ်န္ သူမကို ပန္းစည္းတစ္စည္းပို႔လာၿပီးေနာက္ပိုင္း သူမ သူ႕ကို ထပ္မေတြ႕ရေတာ့ ၊ ရိုးရိုးသားသားေျပာရရင္ ႐ႊီလ်န္လည္း ၎ကို ထူးဆန္ေန၏။ ပုံမွန္အားျဖင့္ ေဝ့ရိခ်န္က သူမကို မိနစ္တိုင္းလိုလို စိတ္အေႏွာင့္အယွက္ေပးေလ့ရွိသည္။ သူက ဒီေလာက္အၾကာႀကီး တစ္ခါမွ ၿငိမ္မေနခဲ့ဖူးဘူး... သူ႕ကို သူ႕အေဖက ဖမ္းဆီးထားတာျဖစ္ရင္ျဖစ္ မဟုတ္ရင္ တျခားသူေတြရိုက္တာခံရတာပဲျဖစ္မယ္။

ေနာက္ထပ္ေယာက္်ားေလးအတန္းေဖာ္တစ္ေယာက္ကလည္း ေသနတ္ပုံစံလက္ဟန္ျဖင့္ တုယန္ယန္ဆီသို႔ ၫႊန္ျပလ်က္ ျပႆနာတစ္ခုရွာရန္ ႀကိဳးစားလိုက္သည္။

"အရင္က တုယန္ယန္က ေဝ့ရိခ်န္ကို ႀကိဳက္ခဲ့တာမလား? သူရန္ျဖစ္ေနတဲ့အခ်ိန္ဆို အရမ္းအရမ္းၾကည့္ေကာင္းတယ္လို႔ တစ္ခါက ေျပာဖူးတယ္မလား"

တုယန္ယန္က သူ႕ကိုစိုက္ၾကည့္ရင္း

"ကေလးေတြက ရန္ျဖစ္တတ္တဲ့သူေတြကိုႀကိဳက္ၾကတယ္ အ႐ြယ္ေရာက္ၿပီးသူေတြကေတာ့ လူခ်မ္းသာေတြကိုပဲႀကိဳက္ၾကတယ္"

"ဟား ဟား ဟား ဟား"

အဖြဲ႕မွာ ေပါက္ကြဲမတက္ ရယ္ေမာလိုက္ၾကေတာ့သည္။

အားလုံးမွာ တစ္ေယာက္ႏွင့္တစ္ေယာက္ စကားစျမည္ေျပာဆိုေနၾကကာ သူမျပန္ေျဖရလိမ့္မည့္ အက်ပ္ရိုက္စရာေမးခြန္းေတြက တကယ္ကို ေပၚမလာေတာ့ေပ။ တကယ္ေတာ့ သူတို႔က သူမကို စကားတစ္ခြန္းေျပာဖို႔ေတာင္ အခြင့္အေရးမေပးခဲ့ဘူး။

စားေသာက္ၿပီးေနာက္ ေဝ့ရိခ်န္၏ဘားသို႔ ေသာက္ၾကရန္အတြက္ ပြက္ေလာညံေအာင္ ေတာင္းဆိုသံထြက္လာ၏။ ႐ႊီလ်န္က သူတို႔ႏွင့္မလိုက္သြားဘဲ အရင္ထြက္လာခဲ့သည္။

ဤသို႔ျဖင့္ လူအုပ္ႀကီးဟာ ခ်င္းနန္လမ္းသို႔သြားၿပီး ေဝ့ရိခ်န္ဘားသို႔ သြားလိုက္ၾကသည္။ သို႔ေသာ္ မေမွ်ာ္လင့္ဘဲ ေဝ့ရိခ်န္က ထိုေနရာတြင္ မရွိခဲ့ေပ။

***

ေဝ့ရိခ်န္၏ဒဏ္ရာမွာ အမ်ားႀကီးသက္သာလာခဲ့ၿပီ ၊ ယေန႕တြင္ သူ အျပင္သြားၿပီး က်ိဳ႕ခ်န္မန္အႀကိဳက္ဆုံးပန္းတစ္စည္းဝယ္၍ ယခုတြင္ သူမအား ေက်းဇူးတင္ရန္အတြက္ HUG သို႔ထြက္လာခဲ့သည္။

က်ိဳ႕ခ်န္မန္က သူမအသက္ေလးဆယ္ဝန္းက်င္ေလာက္ရွိေနၿပီျဖစ္သည့္တိုင္ သူမ၏အသြင္အျပင္ကိုေတာ့ ေကာင္းေကာင္းထိန္းသိမ္းထားသည္။ သူမက ႏွစ္ဆယ္ေက်ာ္အမ်ိဳးသမီးတစ္ေယာက္အလားပင္ ၊ ယေန႕ညတြင္ က်ိဳ႕ခ်န္မန္မွာ အနီေရာင္ဂါဝန္ရွည္ကိုဝတ္ဆင္ထားကာ သူမဆံပင္ေတြကိုခ်ထားသျဖင့္ ေနာက္ေက်ာဘက္၌ ေရတံခြန္ကဲ့သို႔ သြယ္ဆင္းေန၏။

သူမသည္ ဘားအေရွ႕တြင္ ေဒါက္ျမင့္ဖိနပ္ျဖင့္ ထိုင္ခုံေပၚတြင္ ေျခခ်ိတ္ထိုင္ေနၿပီး သူမလက္ထဲတြင္လည္း ေကာ့ေတးအနီေရာင္တစ္ခြက္ျဖင့္။ ေဝ့ရိခ်န္ နီးကပ္လာသည္ကိုျမင္ေတာ့ သူမက ၿပဳံး၍ေမးလိုက္၏။

"မင္းလက္ေမာင္းဘယ္လိုေနလဲ"

"ေပ်ာက္လုနီးပါးပါပဲ အစ္မခ်န္မန္ရဲ႕ကူညီမႈကို ေက်းဇူးတင္ပါတယ္ အို႔.. ဒီပန္းေတြက အစ္မအတြက္ပါ"

က်ိဳ႕ခ်န္မန္က မ်က္ခုံးတစ္ခ်က္ပင့္လ်က္ ပန္းေတြကိုလက္ခံလိုက္သည္။ သူမက ေဘးလွည့္၍ ေအာ္ေခၚကာ

"ခ်ိဳးယြင္ ဒီပန္းေတြကို ေရထဲထည့္ထားလိုက္"

ဖန္ခ်ိဳးယြင္က စၾကၤံလမ္းထဲမွ ထြက္လာကာ က်ိဳ႕ခ်န္မန္ေဘးရွိ ေဝ့ရိခ်န္ကို သတိျပဳမိသြား၏။ စကားတစ္ခြန္းမဆိုဘဲ သူမက ပန္းစည္းကိုယူ၍ အေပၚထပ္သို႔တက္သြားသည္။

"ထိုင္"

က်ိဳ႕ခ်န္မန္က သူမေဘးနားရွိ ခုံအလြတ္ဘက္ကို လက္ဟန္ျပလိုက္သည္။

"မင္း ဘာေသာက္ခ်င္လဲ"

ေဝ့ရိခ်န္ ခဏစဥ္းစားၿပီးေနာက္

"လိေမၼာ္ရည္နည္းနည္းနဲ႕ဝီစကီ"

က်ိဳ႕ခ်န္မန္ ၿပဳံးၿပီး bartender ကို ေခါင္းညိတ္ျပလိုက္သည္။

"သူ႕ကို တစ္ခြက္ေပးလိုက္ပါ"

Bartender က အရက္ကို အလ်င္အျမန္ ေရာစပ္ၿပီး ေဝ့ရိခ်န္ေရွ႕သို႔ ခ်ေပးလာသည္။ ေဝ့ရိခ်န္ ခြက္ကိုမ၍ တစ္ငုံေသာက္၏။ အရသာမွာ အရင္တစ္ေခါက္က ဖန္ခ်ိဳးယြင္ သူ႕အတြက္ေရာစပ္ေပးခဲ့သည့္ခြက္ႏွင့္မတူဘူးဟု သူ ေတြးမိသြားသည္။ ေဝ့ရိခ်န္ ခြက္ေအာက္ခ်ၿပီး က်ိဳ႕ခ်န္မန္ကို ေမးလိုက္၏။

"အစ္မခ်န္မန္က ခ်န္ေလ်ာင္နဲ႕ပတ္သတ္ၿပီး ဘာေတြေတြးမိလို႔လဲ"

က်ိဳ႕ခ်န္မန္ၿပဳံး၍ သူမေကာ့ေတးကို တစ္ငုံေသာက္၏။

"ခ်င္းနန္လမ္းက ဒီႏွစ္အနည္းငယ္အတြင္းမွာ ျမန္ျမန္ဆန္ဆန္ တိုးတက္လာခဲ့ၿပီ တခ်ိဳ႕လူေတြက နည္းနည္းေလးေမ့တတ္လာၾကၿပီ၊ အဲဒီလူက အရမ္းမရိုးရွင္းဘူး သဘာဝက်က်ေျပာရရင္ သူ႕ကိုေစာင့္ၾကည့္ေနတဲ့သူေတြရွိတယ္"

ေဝ့ရိခ်န္မ်က္ဝန္းေတြ အသာက်ဥ္းေျမာင္းသြားေလသည္။ ရဲထဲတြင္ က်ိဳ႕ခ်န္မန္မွာ တူတစ္ေယာက္ရွိေၾကာင္း သူ လုံးဝေသခ်ာပါ၏။

"ေနာက္တစ္ေခါက္ မင္း တစ္ခုခုလုပ္ခ်င္တယ္ဆိုရင္ အစ္ကိုႀကီးက်ဲနဲ႕ အရင္ဆုံး ေဆြးေႏြးတိုင္ပင္တာ ပိုေကာင္းမယ္"

က်ိဳ႕ခ်န္မန္ ဤသို႔ေျပာၿပီးေနာက္ ဧည့္သည္အခ်ိဳ႕ကိုႏႈတ္ဆက္ရန္ သူမဖန္ခြက္ႏွင့္ထထြက္သြားေတာ့သည္။

ေဝ့ရိခ်န္၏လက္ေခ်ာင္းမွာ သူ႕ခြက္ႏႈတ္ခမ္းဝကို ျဖည္းျဖည္းခ်င္း ပတ္ဝဲေန၏။ ေက်ာက္က်ဲ.. သည္လူကို ခ်င္းနန္လမ္းရဲ႕ေဘာ့စ္အျဖစ္ ယူဆလို႔ရတယ္ ၊ သူက တစ္လမ္းလုံးတြင္ အဝင္အထြက္အမ်ားဆုံးႏႈန္းျဖင့္ ဘားတစ္ခုဖြင့္ထားသည္။ အကယ္၍ ခ်န္ေလ်ာင္က တစ္စုံတစ္ဦးကို မ်က္ႏွာသာေပးရမည္ဆိုပါက ယင္းမွာ ခ်င္းနန္လမ္းရဲ႕ေက်ာက္က်ဲသာျဖစ္ေပလိမ့္မည္။

"ေက်းဇူးတင္ပါတယ္ အစ္မခ်န္မန္"

ေဝ့ရိခ်န္ မတ္တပ္ရပ္၍ က်ိဳ႕ခ်န္မန္ဆီသို႔ သူ႕ခြက္ကိုျမႇောက္ျပလိုက္သည္။ သူ အလ်င္စလိုေသာက္၍ ခြက္အလြတ္ကို ခ်ထားၿပီးေနာက္ ထြက္သြားပါေတာ့သည္။

ေဝ့ရိခ်န္ သူ႕ဘားသို႔ျပန္ေရာက္လာေသာအခါ သူ၏ေက်ာင္းသားေဟာင္းအဖြဲ႕က သူ႕ကိုလာရွာေၾကာင္းႏွင့္ အခုထိ မျပန္ေသးေၾကာင္း သိရသည္။ ေဝ့ရိခ်န္ အဖြဲ႕ကိုလွမ္းၾကည့္လိုက္ခ်ိန္တြင္ ေယာက္်ားေလးမ်ားထဲမွတစ္ေယာက္ဟာ ယခင္က ႐ႊီလ်န္ကို ပိုးပမ္းခဲ့ဖူးသည့္သူျဖစ္ေၾကာင္း သတိျပဳမိသြား၏။ သူ႕နာမည္ကဘာပါလိမ့္? ေရွာင္ရွ?

ေရွာင္ရွေဘးနားမွာက တုယန္ယန္.. ေဝ့ရိခ်န္သည္ သူမကို ေရးေတးေတးမွ်သာ ပုံဖမ္း၍ရၿပီး အထက္တန္းေက်ာင္းတြင္ သူမက ႐ႊီလ်န္၏ထိုင္ခုံေဖာ္မွန္း အမွတ္ရသြားသည္။

ခ်က္ခ်င္း ေဝ့ရိခ်န္ ႏွလုံးခုန္လာရ၏။ ဒါက ႐ႊီလ်န္ရဲ႕အတန္းထဲကလူေတြမလား? သူ႕မ်က္လုံးေတြ ေဘးပတ္ဝန္းက်င္ကို ျမန္ျမန္ပတ္ၾကည့္လိုက္ရာ ႐ႊီလ်န္က အဖြဲ႕ထဲတြင္မပါရွိေၾကာင္း သိလိုက္ရေတာ့ သူ နည္းနည္းစိတ္သက္သာရာရသြားခဲ့သည္။

အဆုံးတြင္ သူသည္လည္း ေက်ာင္းသားေဟာင္းတစ္ေယာက္ပဲေလ ၊ အတိတ္မွာ ေရွာင္ရွက သူ႕ကို ၿခိမ္းေျခာက္ခဲ့ဖူးေသာ္လည္း ၎က ႏွစ္ေတြၾကာသြားခဲ့ေခ်ၿပီ။ ေဝ့ရိခ်န္မွာ သူ၏အခ်စ္ၿပိဳင္ဘက္ေဟာင္းကို အတန္ၾကာကတည္းက လ်စ္လ်ဴရႉထားၿပီးျဖစ္သည္။

ေျပၿငိမ္းေစလိုသည့္အတြက္ ေဝ့ရိခ်န္ အဖြဲ႕ထံသို႔သြားၿပီး လူတိုင္းကို ေသာက္စရာအခ်ိဳ႕မွာရန္ ေျပာလိုက္သည္။ အတန္းေခါင္းေဆာင္ထံမွ ဤေနရာတြင္ ႐ႊီလ်န္ တကယ္မရွိေၾကာင္း အတည္ျပဳၿပီးေနာက္ သူ ၿပဳံး၍

"ဒီေန႕ညေသာက္စရာအားလုံး 70% ေလွ်ာ့ေပးတယ္ မင္းတို႔အားလုံး အခ်ိန္ေကာင္းေလး ပိုင္ဆိုင္ၾကပါေစ"

႐ႊီလ်န္က သူမအတန္းေဖာ္မ်ားႏွင့္အတူ ေဝ့ရိခ်န္ဘားသို႔ မသြားရသည့္အေၾကာင္းမွာ ပထမဦးဆုံးအေနျဖင့္ သူက သူမကို မေတြ႕ခ်င္တာျဖစ္ေကာင္းျဖစ္နိုင္တယ္ ၊ ဒါကသာ အေျခအေနတစ္ရပ္ဆိုလွ်င္ သူမက သူမကိုယ္သူမ သူ႕တံခါးဝကို အဘယ္ေၾကာင့္ တြန္းပို႔ေပးရမည္နည္း။

ဒုတိယအေနျဖင့္ မနက္ျဖန္က စေနေန႕.. သူမ ရွန့္ခ်န္ခုန္းအိမ္ကို မနက္ျဖန္ အလည္သြားမွာျဖစ္သည့္အတြက္ ဒီေန႕ညမွာသာ သူမအရက္ေသာက္လိုက္မည္ဆိုပါက အရက္နာက်ၿပီး ဇာတ္သိမ္းသြားလိမ့္မည္။ ဒီလိုဆို ဝမ္းရႈလီက သူမကို ပိုၿပီးေတာ့ေတာင္ သေဘာက်ေတာ့မွာမဟုတ္ဘူးမလား?

ထို႔ေၾကာင့္ ႐ႊီလ်န္ အိမ္ေစာေစာျပန္ခဲ့ၿပီး ေရခ်ိဳး၍ အိပ္ရာဝင္သြားေတာ့သည္။

ေနာက္တစ္ေန႕တြင္ သူမ ရွန့္ခ်န္ခုန္းအိမ္သို႔မသြားခင္ အနီးနားက သစ္သီးေဈးတစ္ခုသို႔ေမာင္းသြားၿပီး လတ္လတ္ဆတ္ဆတ္ လိေမၼာ္သီးမ်ား ဝယ္ယူခဲ့သည္။

ဒီအပတ္စေနႏွင့္တနဂၤေႏြေန႕တြင္ ဘြဲ႕ရေက်ာင္းသားမ်ားသည္ သူတို႔၏စာရင္းသြင္းထားတာကို အတည္ျပဳရန္အတြက္ ေက်ာင္းသို႔သြားရန္လိုအပ္ေပသည္။ သူမ ရွန့္ခ်န္ခုန္းကို ဤအေၾကာင္းေမးျမန္းေသာအခါ သူက စေနေန႕ညေနပိုင္းအလုပ္ခ်ိန္ကိုယူၿပီး တနဂၤေႏြမနက္ပိုင္းတြင္ စာရင္းသြားသြင္းလိုက္မည္ျဖစ္ေၾကာင္း ေျပာလာခဲ့၏။ ဤသို႔ဆိုလွ်င္ ကိစၥေတြကို ဝမ္းရႈလီသတိျပဳမိရန္ ပို၍ခက္ခဲသြားၿပီျဖစ္သည္။

႐ႊီလ်န္သိပါတယ္.. သူ႕အေဖမေတာ္တဆျဖစ္ၿပီးေနာက္ ရွန့္ခ်န္ခုန္း၏အေမဟာ ေလယာဥ္ထုတ္လုပ္ျခင္းအလုပ္အကိုင္ကို က်ိန္းေသေပါက္ သေဘာက်မွာမဟုတ္။ သို႔ေသာ္လည္း ရွန့္ခ်န္ခုန္းအေနျဖင့္ သူ၏အသက္ေမြးဝမ္းေက်ာင္းအလုပ္ကိုေတာ့ တစ္သက္လုံး ဖုံးကြယ္ထားနိုင္မွာမဟုတ္ေပ။ သူ႕အေမႏွင့္ ပြင့္ပြင့္လင္းလင္း ရွိရန္ေတာ့ လိုအပ္ေနေသးသည္။

လြန္ခဲ့တဲ့စေနေန႕က ရွန့္ခ်န္ခုန္း သူမကို အိမ္ျပန္ပို႔ၿပီးေနာက္ သူသည္လည္း အိမ္ျပန္မသြားခဲ့ဘူး။ အေၾကာင္းမွာ သူတို႔ႏွစ္ေယာက္ ေနာက္ေန႕မနက္ အိပ္ရာနိုးလာၿပီးေနာက္ သူတို႔စုံတြဲမွာ မခ်ဳပ္တည္းထားေတာ့ဘဲ အိပ္ရာထဲတြင္ ခဏတာေနရင္းျဖင့္ အဆုံးသတ္သြားခဲ့ျခင္းေၾကာင့္ပင္။ ထို႔ေၾကာင့္ ရွန့္ခ်န္ခုန္းသည္ ႐ႊီလ်န္၏ေနရာမွ အလုပ္သို႔ တန္းတန္းမတ္မတ္သြားခဲ့ရေသာေၾကာင့္ အိမ္ျပန္မလာခဲ့ရေတာ့ေပ။

ထိုအခ်ိန္မွစ၍ ႐ႊီလ်န္အေပၚ ဝမ္းရႈလီ၏သေဘာထားမွာ ဆိုး႐ြားလာခဲ့သည္။ ဒီမတိုင္ခင္က ဝမ္းရႈလီကမူ ႐ႊီလ်န္ကို ဂ႐ုမစိုက္သည့္ပုံရေသာ္လည္း အနည္းဆုံးေတာ့ သူမစာအုပ္ဖတ္ေနစဥ္ သူမ(႐ႊီလ်န္)ႏွင့္ တစ္ခန္းတည္းထိုင္ခဲ့ေသး၏။ သို႔ေပမဲ့ အခုအခ်ိန္မွာေတာ့ ဝမ္းရႈလီက သူမကို မေတြ႕ခ်င္ေတာ့သည္မွာ ထင္ရွားပါသည္။ ႐ႊီလ်န္ေရာက္လာတိုင္း ဝမ္းရႈလီက သူမအခန္းထဲသို႔ ျပန္ဝင္သြားေတာ့၏။

႐ႊီလ်န္ မ်က္ေမွာင္မၾကဳတ္ဘဲ မေနနိုင္ေတာ့ ၊ အန္တီဝမ္းက ဘာမွမေျပာဘဲ ဘာကိုမွဂ႐ုမစိုက္သလို ျဖစ္ေနေပမဲ့ အေျခအေနကို သူမ တကယ္နားလည္တယ္လို႔ ႐ႊီလ်န္ ခံစားရသည္။ ဒါ့အျပင္ ရွန့္ခ်န္ခုန္းကလည္း အ႐ြယ္ေရာက္ၿပီးသူအမ်ိဳးသားတစ္ေယာက္ ၊ ညဘက္အျပင္ထြက္တာက... ပုံမွန္ပါပဲ။

႐ႊီလ်န္ မီးဖိုေခ်ာင္ထဲသို႔ဝင္သြားၿပီး တံခါးေဘာင္ကို မွီလိုက္သည္။ သူမ ရွန့္ခ်န္ခုန္းကို ခဏေလာက္ၾကည့္ၿပီးေနာက္

"ရွန့္ခ်န္ခုန္း အရင္က ရွင့္မွာေကာင္မေလးရွိဖူးလား"

အသီးအ႐ြက္လွီးေနေသာရွန့္ခ်န္ခုန္းမွာ ခ်က္ခ်င္း ေအးခဲသြားရသည္။ သူမေမးခြန္းေၾကာင့္ သူ႕ႏွလုံးသားမွာ ႐ုတ္တရက္ တင္းက်ပ္သြား၏။ ရွန့္ခ်န္ခုန္း သူ႕လက္ထဲကဓားကို ဂ႐ုတစိုက္ခ်ၿပီး ႐ႊီလ်န္ကို လွည့္ၾကည့္၍

"မရွိဘူး ဘာလို႔ေမးတာလဲ"

သူ ခ်န္းဖန္ဆီကေန ၾကားဖူးတယ္.. မိန္းကေလးတစ္ေယာက္က မင္းနဲ႕အတူရွိဖို႔ သေဘာတူၿပီးေနာက္ သူမက ေနာက္ဆုံးမွာ မင္းကို မင္းရဲ႕ရည္းစားေဟာင္းေတြအေၾကာင္း ေမးလာလိမ့္မယ္တဲ့။ ခ်န္းဖန္ အႀကံေပးခဲ့သည္မွာ မင္း ေမးခြန္းကိုဘယ္လိုပဲေျဖေနပါေစ ရလဒ္က အၿမဲတမ္းအတူတူပဲ.. မင္းကို ေခ်မႈန္းပစ္လိမ့္မယ္ဟူ၍။

သို႔ေသာ္ ရွန့္ခ်န္ခုန္းသည္ ႐ႊီလ်န္၏ပင္ကိုယ္စရိုက္က ဤကဲ့သို႔မဟုတ္မွန္း ထင္ထားၿပီးသား ၊ သူ႕မွာလည္း ဘယ္ရည္းစားေဟာင္းမွမရွိေသာေၾကာင့္ ခ်န္းဖန္၏စကားေတြကို ဘယ္တုန္းကမွ သူ ရင္ထဲမထားခဲ့ေပ။

ယခုအခ်ိန္တြင္ ႐ႊီလ်န္က ဤသို႔ေသာေမးခြန္းမ်ိဳးကို ဆိုင္းမဆင့္ဗုံမဆင့္ ေမးျမန္းလာခဲ့ေလၿပီ။ ရွန့္ခ်န္ခုန္းမွာ ခ်န္းဖန္ႏွင့္ေျပာခဲ့သည္မ်ားကို ျပန္မေတြးဘဲမေနနိုငေတာ့။

႐ႊီလ်န္က ထပ္မေမးေတာ့ဘဲ ရိုးရွင္းစြာပင္ 'အိုး' ဟုသာ အသံျပဳလာခဲ့၏။

"ရွင့္အေမက ကြၽန္မကိုမုန္းေနတာ မအံ့ဩေတာ့ပါဘူး"

အဆုံးတြင္ သူမက ရွန့္ခ်န္ခုန္း အိမ္ေခၚလာဖူးေသာ ပထမဆုံးေကာင္မေလးပါပဲ.. သူမ ဝမ္းရႈလီကို က်င့္သားရဖို႔ အခ်ိန္ေပးရမည္။

ဇေဝဇဝါျဖစ္ေနေသာရွန့္ခ်န္ခုန္းက

"ဘာလို႔ဒီလိုထင္တာလဲ"

႐ႊီလ်န္ ပခုံးတြန႔္လိုက္သည္။ 

"အေမေတြက သူတို႔သားေတြကို အၿမဲတမ္း နည္းနည္းေလးေတာ့ ေမာင္ပိုင္စီးထားခ်င္တယ္ေလ.. တျခားမိန္းမတစ္ေယာက္က ႐ုတ္တရက္ အေျခအေနထဲဝင္ေရာက္လာၿပီး အႏွစ္ႏွစ္ဆယ္ေက်ာ္ျပဳစုပ်ိဳးေထာင္လာရတဲ့ သူမသားကို လက္ဝါးႀကီးအုပ္ခ်င္ရင္ေတာ့ အဲဒါက သူမကို မလြဲမေသြ မေပ်ာ္မ႐ႊင္ ျဖစ္သြားေစလိမ့္မယ္၊ ကြၽန္မဝင္လာတုန္းက အန္တီက သူ႕အခန္းထဲဝင္သြားတာ ရွင္မျမင္ဘူးလား? အန္တီ ကြၽန္မကို မေတြ႕ခ်င္တာျဖစ္နိုင္တယ္"

ရွန့္ခ်န္ခုန္းႏႈတ္ခမ္းေတြ ေကြးတက္သြားၿပီး ႐ႊီလ်န္ကို ေပြ႕ဖက္ေပးလိုခဲ့သည္။ သို႔ေသာ္ သူက ေအပ႐ြန္ကိုဝတ္ထားဆဲျဖစ္သျဖင့္ ႐ႊီလ်န္၏အဝတ္အစားမ်ား ညစ္ပတ္သြားမည္ကို စိုး႐ြံ႕ေန၏။ ထို႔ေၾကာင့္ အဆုံးတြင္ ရွန့္ခ်န္ခုန္းသည္ ႐ႊီလ်န္ႏႈတ္ခမ္းကိုပဲ အနမ္းေပးလိုက္ပါသည္။

"သူမကို အခ်ိန္ခဏေလာက္ေပးလိုက္ပါ အေမက မင္းကိုခ်စ္လာမွာပါ"

႐ႊီလ်န္ သူ႕ကို ေမာ့ၾကည့္လိုက္ၿပီး ရွန့္ခ်န္ခုန္းလည္တိုင္ကို ဖက္တြယ္ထားရန္ သူမလက္ေတြကို ျမႇောက္လိုက္၏။

"သူမ မခ်စ္ဘူးဆိုရင္ေရာ?"

ရွန့္ခ်န္ခုန္း၏အေမသည္ အထူးကိစၥရပ္တစ္ရပ္ျဖစ္၏။ သူမ(ဝမ္းရႈလီ)က သာမန္လူတစ္ေယာက္ျဖစ္ခဲ့မည္ဆိုလွ်င္ ေယာကၡမက သူမကို မႀကိဳက္ဘူးဆိုရင္ေတာင္မွ သူမခင္ပြန္းႏွင့္ သီးသန့္ခြဲေနလို႔ရနိုင္ေသးသည္။ ဒီလိုအေျခအေနမ်ိဳး၌ သူမေယာကၡမကို တစ္ႏွစ္မွာ အႀကိမ္အနည္းငယ္ေလာက္သာ ေတြ႕ခြင့္ရနိုင္မွာပင္။ သို႔ေပမဲ့ ဝမ္းရႈလီ၏႐ုပ္ပိုင္းဆိုင္ရာႏွင့္စိတ္ပိုင္းဆိုင္ရာအေျခအေနေတြက သူမတစ္ေယာက္တည္း မေနနိုင္ဘူးလို႔ ဆိုလိုေနတာပဲ။

"ကိုယ့္အေမရဲ႕က်န္းမာေရးက တျဖည္းျဖည္း သက္သာလာပါၿပီ.. ကိုယ္ယုံတယ္ သိပ္မၾကာခင္မွာပဲ အေမ လုံးဝျပန္ေကာင္းလာလိမ့္မယ္"

ယခင္ကဝမ္းရႈလီမွာ ၾကင္နာတတ္ၿပီး ေဖာ္ေ႐ြေသာအမ်ိဳးသမီးတစ္ဦးျဖစ္သည္။ ထိုဝမ္းရႈလီက ႐ႊီလ်န္ကို ခ်စ္ခင္ႏွစ္သက္လိမ့္မည္။

႐ႊီလ်န္ သူမေရွ႕ကအမ်ိဳးသားကိုၾကည့္ရင္း သူမႏွလုံးသားထဲ ေႏြးေထြးသြားရသည္။ သူမေျခဖ်ားေထာက္၍ ရွန့္ခ်န္ခုန္းႏႈတ္ခမ္းထက္သို႔ နမ္းလိုက္၏။ ပထမေတာ့ သူ တုံ႕ျပန္ရန္ ေႏွာင့္ေႏွးေနေသာ္လည္း ခဏအၾကာတြင္ လက္ဦးမႈျပန္လည္ရယူကာ သူ႕လွ်ာဖ်ားကို သူမလွ်ာဖ်ားႏွင့္ ရစ္ပတ္လိုက္သည္။

"အစ္ကို ညီမျပန္လာၿပီ!"

႐ုတ္တရက္ ရွန့္ႏြမ္က အိမ္ထဲဝင္လာၿပီး မီးဖိုေခ်ာင္တံခါးေဘာင္နားတြင္ နမ္းရွိုက္ေနေသာ ရွန့္ခ်န္ခုန္းႏွင့္႐ႊီလ်န္ကို ျမင္သြားပါေလသည္။

"........"

သူမ တစ္စကၠန့္ေလာက္ ေအးခဲသြားၿပီးေနာက္ သူမေျခေထာက္ေအာက္မွာ ေလတိုက္သြားသည့္အလား သူမအိပ္ခန္းဘက္သို႔ တစ္ဟုန္ထိုးေျပးသြားေတာ့သည္။

"ဟို.....ညီမ ဘာမွမျမင္လိုက္ဘူးေနာ္!!"

ရွန့္ခ်န္ခုန္း "........"

႐ႊီလ်န္ "........"

ရွန့္ႏြမ္ သူမအိပ္ခန္းတံခါးကို ေဆာင့္ပိတ္ၿပီး သူမပါးျပင္ေတြမွာလည္း နီျမန္းလာရပါ၏။

တကယ္ပဲ အာ.. အနမ္းခံရတဲ့သူက သူမမွမဟုတ္တာကို သူမႏွလုံးသားက ဘာလို႔အရမ္းခုန္ေနရတာလဲ။

ရွန့္ႏြမ္ ေက်ာင္းလြယ္အိတ္ကိုေအာက္ခ်၍ သူမတို႔ group chat ကိုဖြင့္လိုက္သည္။

ကမာၻပတ္ေနေသာႏြမ္ႏြမ္ : [ ငါ အခုေလးတင္ ငါ့အိမ္ထဲဝင္လာတာ ငါ့အစ္ကိုႀကီးနဲ႕မမတို႔နမ္းေနတာကို ျမင္လိုက္ရတယ္! ]

စာေလ့လာျခင္းကထိပ္ေျပာင္ေစတယ္ : [ အရမ္းစိတ္လႈပ္ရွားစရာပဲ! ]

ငါးမိနစ္စာလုပ္တစ္နာရီေလျဖတ္ : [ အိုး.. အ႐ြယ္ေရာက္ၿပီးသူအခ်စ္ ငါႀကိဳက္တယ္လို႔! ခ္ခ္ခ္ခ္ ]

ငါးမိနစ္စာလုပ္တစ္နာရီေလျဖတ္ : [ ရွန့္ႏြမ္ နင္လဲ အဲဒါကို ရွန္လင္နဲ႕ႀကိဳးစားၾကည့္သင့္တယ္! ခ္ခ္ခ္ခ္ ]

စာေလ့လာျခင္းကထိပ္ေျပာင္ေစတယ္ : [ ဟား ဟား ဟား! နင္လုပ္ၾကည့္သင့္တယ္! နင္တို႔ႏွစ္ေယာက္ ခုတစ္ေလာ အရမ္းရင္းႏွီးလာၾကတာ ငါသတိထားမိတယ္ေနာ္ ]

ကမာၻပတ္ေနေသာႏြမ္ႏြမ္ : [ ငါတို႔ကစာေလ့လာ႐ုံတင္ပါ အိုေက! ]

စာေလ့လာျခင္းကထိပ္ေျပာင္ေစတယ္ : [ ဟုတ္တယ္ စာေလ့လာေနတာ! ]

ရွန့္ႏြမ္ : ..........

သူမက သူမသူငယ္ခ်င္းမ်ားႏွင့္ စကားေျပာၿပီး နည္းနည္းစိတ္ၿငိမ္သြားေအာင္ လုပ္လိုခဲ့တာ ဒါေပမဲ့ အဆုံးမွာေတာ့ သူတို႔က သူမမ်က္ႏွာကို ပိုနီျမန္းသြားရေအာင္ ျဖစ္သြားေစခဲ့သည္။

ရွန္လင္ကိုနမ္းရမယ္? ရွန့္ႏြမ္ ၎အား ခဏတာ စဥ္းစားလိုက္မိသည္... ဖြီး ဖြီး! သူမ ဘာေတြေတြးေနတာလဲ? သူတို႔ႏွစ္ေယာက္က စာေလ့လာေန႐ုံပဲ!

ရွန့္ႏြမ္ သူမေက်ာင္းလြယ္အိတ္ထဲမွ သခၤ်ာေမးခြန္းမ်ားကိုထုတ္၍ ခ်က္ခ်င္း စာလုပ္ေတာ့၏။

ေန႕လယ္စာစားခ်ိန္ေရာက္ေတာ့ ရွန့္ႏြမ္မွာ သူမအခန္းထဲမွမထြက္မီ အခ်ိန္အေတာ္ၾကာေအာင္ အျပင္ဘက္ကိုေခ်ာင္းၾကည့္ေနၿပီး ေနရာတြင္ ေျခတႂကြႂကြျဖစ္ေန၏။ ရွန့္ခ်န္ခုန္းႏွင့္႐ႊီလ်န္တို႔ ညစာစားပြဲတြင္ ထိုင္ေနသည္ကိုျမင္ေတာ့ သူမမ်က္ျမင္ေတြ႕ခဲ့ရေသာျမင္ကြင္းကို ျပန္မေတြးဘဲမေနနိုင္ေတာ့။ သူမမ်က္ႏွာမွာ ခ်က္ခ်င္းပင္ နီျမန္းလာရျပန္သည္။

သူ႕ညီမေလး၏နီရဲေနေသာနား႐ြက္မ်ားကိုၾကည့္ရင္း ရွန့္ခ်န္ခုန္းမွာ သူမေလးဘာေတြစဥ္းစားေနမွန္း ခ်က္ခ်င္းသိရွိသြားကာ သူသည္လည္း ရွက္႐ြံ႕လာရသည္။ သို႔ေစကာမူ ႐ႊီလ်န္ကေတာ့ အေတာ္ေလးတည္ၿငိမ္ေန၏။ သူမ ရွန့္ႏြမ္၏နီရဲေနေသာနား႐ြက္မ်ားကိုျမင္ၿပီးေနာက္ သူမခံစားရသမွ်အားလုံးမွာ သည္အစ္ကိုႀကီးႏွင့္ညီမေလးက တကယ္ဆင္တူၾကတာပဲ။

"စား"

ရွန့္ခ်န္ခုန္း ေအးတိေအးစက္ေျပာၿပီး သူ႕တူကိုေကာက္ကိုင္၏။

ရွန့္ႏြမ္၏ခါတိုင္းလို႐ႊင္႐ႊင္ျပျပစကားမ်ားမရွိဘဲ ယေန႕ေန႕လယ္စာမွာ တိတ္ဆိတ္ေနခဲ့သည္။

စားေသာက္ၿပီးေနာက္ ရွန့္ႏြမ္က စားပြဲကို သန့္ရွင္းေရးလုပ္ၿပီး သူမအခန္းထဲ ခ်က္ခ်င္းျပန္ဝင္သြားသည္။ ႐ႊီလ်န္က လိေမၼာ္သီးတစ္လုံးကိုယူ၍ ဝမ္းရႈလီကိုေမးလိုက္၏။

"အန္တီ လိေမၼာ္သီးစားခ်င္လား ကြၽန္မ အန္တီ့အတြက္ လွီးေပးမယ္ေနာ္"

ဝမ္းရႈလီ ႐ႊီလ်န္ကိုၾကည့္လိုက္ေပမဲ့ ျပန္မေျဖ ၊ ႐ႊီလ်န္ကလည္း ဂ႐ုမစိုက္ဘဲ ရိုးရွင္းစြာပင္ သစ္သီးဓားကိုကိုင္၍ လိေမၼာ္သီးအခြံစႏႊာသည္။ သူမ ဤသို႔လုပ္ေနစဥ္ သူမကပဲ စကားစေျပာလာ၏။

"ကြၽန္မ ဒီလိေမၼာ္သီးေတြကို ဒီမနက္မွ သစ္သီးေဈးကေနဝယ္လာခဲ့တာ ၿခံသမားေတြက သူတို႔ထုတ္ကုန္ေတြကို မနက္တိုင္းပို႔တယ္၊ အဲဒါေၾကာင့္ ဒီလိေမၼာ္သီးေတြက အရမ္းလတ္ဆတ္တယ္.. ကြၽန္မ တစ္လုံးျမည္းၾကည့္ၿပီးၿပီ အရမ္းခ်ိဳၿပီးေတာ့ အရည္လဲ႐ႊမ္းတယ္"

႐ႊီလ်န္၏မီးဖိုေခ်ာင္စေကးမွာ သိပ္မေကာင္းပါသည့္တိုင္ေအာင္ ယင္းက သူမ၏လွီးျဖတ္သည့္စေကးကိုေတာ့ သက္ေရာက္ျခင္းမရွိ။ သူမ လိေမၼာ္သီးကို အေပၚမွေအာက္အထိ ပ်က္စီးျခင္းမရွိ အခြံႏႊာခဲ့သည္။ လိေမၼာ္သီးကိုလွီးစိတ္ၿပီးေနာက္ သူမ ဝမ္းရႈလီကို ပန္းကန္ကမ္းေပးၿပီး

"အန္တီ နည္းနည္းေလာက္ျမည္းၾကည့္ခ်င္လား"

ဝမ္းရႈလီက မျမည္းခ်င္ဘူး။ သူမက အခန္းထဲျပန္ၿပီး တစ္ေရးအိပ္ရန္ စီစဥ္းထားခဲ့ျခင္းျဖစ္သည္။ ႐ႊီလ်န္ကမ္းေပးေနေသာလိေမၼာ္သီးမ်ားကို လ်စ္လ်ဴရႈၿပီး မတ္တပ္ထရပ္လိုက္၏။ ႐ႊီလ်န္က အခုေလးတင္ လိေမၼာ္သီးအခြံႏႊာထားခဲ့သျဖင့္ သစ္သီးဓားက သူမလက္ထဲတြင္ရွိေနဆဲပဲ ၊ ဝမ္းရႈလီလႈပ္ရွားပုံမွာ အလြန္႐ုတ္တရက္ဆန္လြန္းေသာေၾကာင့္ သူမ မတ္တပ္ရပ္လိုက္ခ်ိန္တြင္ ဝမ္းရႈလီမွာ သူမလက္ဖဝါးႏွင့္ ခြၽန္ထက္ေနေသာဓားအစြန္းမွာ မေတာ္တဆ ထိမိသြားခဲ့သည္။

ဒဏ္ရာအေသးေလးျဖစ္ေပမဲ့လည္း ခ်က္ခ်င္း ေသြးထြက္လာ၏။

႐ႊီလ်န္မွာ လိေမၼာ္သီးႏွင့္ဓားကို ျမန္ျမန္ဆန္ဆန္ ေအာက္ခ်ၿပီး ဝမ္းရႈလီလက္ကို သြားစစ္ေဆးၾကည့္၏။

"အန္တီ လက္ဘယ္လိုေနလဲ"

ဝမ္းရႈလီမွာ သူမ၏ေသြးထြက္ေနေသာလက္ဖဝါးကို စိုက္ၾကည့္ၿပီး ႐ႊီလ်န္ကို ေရွာင္ဖယ္သြားခဲ့သည္။ ထိုအခိုက္အတန့္တြင္ ရွန့္ခ်န္ခုန္းက မီးဖိုေခ်ာင္ထဲမွထြက္လာရာ သူမ၏ေသြးထြက္ေနေသာလက္ကို သတိျပဳမိသြားေလ၏။ သူသည္လည္း စိုးရိမ္သြား၍

"အေမ လက္ဘာျဖစ္တာလဲ"

သူ ဝမ္းရႈလီလက္ကိုယူၿပီး ဒဏ္ရာကိုၾကည့္လိုက္သည္။ ဝမ္းရႈလီက သူ႕ကိုေတာ့ မဖုံးကြယ္ထားခဲ့ေပ...

"ဒဏ္ရာကသိပ္ေတာ့မနက္ပါဘူး ကြၽန္ေတာ္ ေဆးေသတၱာယူလိုက္အုံးမယ္"

ရွန့္ခ်န္ခုန္း တီဗီစင္နားသြားၿပီး ေဆးေသတၱာကိုယူလာ၏။ ပထမဦးစြာ ဝမ္းရႈလီဒဏ္ရာကို သန့္ရွင္းေပးၿပီး အေပၚကေန ေဆးပလတ္စတာတစ္ခု ကပ္ေပးထားလိုက္သည္။

"ရပါၿပီ ဒဏ္ရာကို ႏွစ္ရက္ေလာက္ ေရမစိုေစနဲ႕"

ဝမ္းရႈလီ သူမလက္ကို ျပန္ဆြဲယူၿပီး အခန္းထဲသို႔ တန္းတန္းဝင္သြား၏။ ႐ႊီလ်န္က ရွန့္ခ်န္ခုန္းေဘးနားတြင္ ထိုင္ေနကာ ေတာင္းေတာင္းပန္ပန္ ဆိုလာခဲ့သည္။

"ကြၽန္မ တကယ္ေတာင္းပန္ပါတယ္ ကြၽန္မ အန္တီ့ကို ထိခိုက္ေစဖို႔ မရည္႐ြယ္ခဲ့ပါဘူး.. ၿပီးသြားတာနဲ႕ တစ္ခါတည္း ဓားကို ေအာက္ခ်ထားလိုက္သင့္တာ"

ရွန့္ခ်န္ခုန္း ေဆးေသတၱာကိုေဘးဖယ္ၿပီး သူမကို ၿပဳံးျပလိုက္သည္။

"ကိစၥမရွိပါဘူး ကိုယ္သိပါတယ္ မင္းမရည္႐ြယ္ခဲ့ဘူးဆိုတာ"

မည္သို႔ပင္ဆိုေစကာမူ ႐ႊီလ်န္အေပၚ သူ႕အေမ၏ျငင္းပယ္ျခင္းကို သူ ရွင္းရွင္းလင္းလင္း ေတြ႕လိုက္ရသည္။

"ဒီရက္ပိုင္းေတာ့ ဒီကိုမလာနဲ႕အုံး.. ကိုယ့္အေမရဲ႕အေျခအေနက အေတာ္ေလး အေျပာင္းအလဲျမန္လာတယ္ ဒီေတာ့ သူမ ေနာက္တစ္ႀကိမ္ လႈံ႕ေဆာ္ခံလိုက္ရၿပီး မင္းကိုနာက်င္ေစမွာကို ကိုယ္စိတ္ပူလို႔ပါ"

႐ႊီလ်န္ ခဏစဥ္းစားၿပီးေနာက္ ေခါင္းညိတ္လိုက္ပါသည္။

"အင္းပါ"

_____________________

Continue Reading

You'll Also Like

4.4M 288K 61
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
7.8K 310 5
ကျွင်ယဲ့ရွှမ် & ချောင်ချင်း
2K 109 3
ကုချန်ရန် ~အထောက်အထား :နာမည်ဆိုးနဲ့အရုပ်ဆိုးစွာ ကျော်ကြားနေသည့်ကုမိသားစု ၏တတိယ ​မမလေး မုကျန့်ပေ ~အထောက်အထား: လျို့ဝှက်ဆန်းကြယ်ပြီး မွန်မြတ်တဲ့ မုမ...
555K 35.3K 71
"Sshhhhh....." he hushed and pinned us against the wall leaving no space between us. I held onto his biceps with my hand in reflex. He shook his head...