မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင...

By harley__robbie

278K 4.7K 92

​" နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ ၁၅၀၀ နဲ့ ၅၂၈ သီအိုရမ်မေတ္တာအစုအပုံတွေ တစ်စတစ်စ ပေါက်ဖွားလာတယ်။ အဲဒါဘယ်သ... More

To Dear Honeys 🍯
Thein Mwae San Nwe's Art
Nay Han Mine's Art
✽ အပိုင်း ၁ ✽
✽ အပိုင်း ၂ ✽
✽ အပိုင်း ၃ ✽
✽ အပိုင်း ၄ ✽
✽ အပိုင်း ၅ ✽
✽ အပိုင်း ၆ ✽
✽ အပိုင်း ၇ ✽
✽ အပိုင်း ၈ ✽
✽ အပိုင်း ၉ ✽
✽ အပိုင်း ၁၀ ✽
✽ အပိုင်း ၁၁ ✽
✽ အပိုင်း ၁၂ ✽
✽ အပိုင်း ၁၃ ✽
✽ အပိုင်း ၁၄ ✽
✽ အပိုင်း ၁၅ ✽
✽ အပိုင်း ၁၆ ✽
✽ အပိုင်း ၁၇ ✽
✽ အပိုင်း ၁၈ ✽
✽ အပိုင်း ၁၉ ✽
✽ အပိုင်း ၂၀ ✽
✽ အပိုင်း ၂၁ ✽
✽ အပိုင်း ၂၂ ✽
✽ အပိုင်း ၂၃ ✽
✽ အပိုင်း ၂၅ ✽
✽ အပိုင်း ၂၆ ✽
✽ အပိုင်း ၂၇ ✽
✽ အပိုင်း ၂၈ ✽
✽ အပိုင်း ၂၉ ✽
✽ အပိုင်း ၃၀ ✽
✽ အပိုင်း ၃၁ ✽ (ဇာတ်သိမ်းပိုင်း)
PDF File version (Unicode)
New OC Fiction Announcement (Unicode)
1 (Zaw)
2 (Z)
3 (Z)
4 (Z)
5 (Z)
6 (Z)
7 (Z)
8 (Z)
9 (Z)
10 (Z)
11 (Z)
12 (Z)
13 (Z)
14 (Z)
15 (Z)
16 (Z)
17 (Z)
18 (Z) 🔞⚠️‼️
19 (Z)
20 (Z)
21 (Z)
22 (Z) 🔞
23 (Z)
24 (Z)
25 (Z) 🔞
26 (Z) 🔞
27 (Z)
28 (Z)
29 (Z)
30 (Z)
31 (Z) Final Part
PDF File Ver (Zawgyi)
New OC Fiction Announcement (Zawgyi)

✽ အပိုင်း ၂၄ ✽

5.2K 86 2
By harley__robbie

မိုးများသည်းထန်နေသော ညအချိန်တွင် လှပချောမောသည့်အမျိုးသမီးတစ်ဦးသည် သူမ၏ရင်ခွင်ထဲ၌ ၂ နှစ်အရွယ်ကလေးငယ်အား တင်းကျပ်စွာပွေ့ချီရင်း ပြေးလွှားလာသည်။ ကလေးနှင့်မိခင်နှစ်ဦးစလုံးမှာ မိုးရေများစိုရွဲနေသည်။

အိမ်တံခါးတစ်ခုရှေ့သို့ရောက်လျှင် အမျိုးသမီးမှာ ကလေးကိုချီထားလျက် လျင်မြန်စွာတံခါးခေါက်ခဲ့သည်။

" ယောကျာ်း ယောကျာ်း "

(၁၅) မိနစ်၊ မိနစ် (၂၀) ကြာအောင် တံခါးခေါက်နေခဲ့သော်လည်း အိမ်ရှင်သည် တော်တော်နှင့်တံခါးမဖွင့်လာပေ။ သို့ဖြစ်လျှင် အမျိုးသမီးမှာ ထိုအိမ်တံခါးရှေ့တွင် မတ်တပ်ရပ်နေခဲ့ပြီး သူမ၏သမီးငယ်နှင့်အတူ ခိုက်ခိုက်တုန်အောင် ချမ်းနေခဲ့သည်။ ခဏအကြာတွင် တံခါးပွင့်လာသည်။

တံခါးပွင့်လာသည်နှင့်တစ်ပြိုက်နက် အမျိုးသားမှာ အေးစက်သောမျက်နှာပေးတစ်ခုနှင့်အတူ အမျိုးသမီးနှင့်ကလေးငယ်ကို စိုက်ကြည့်နေခဲ့သည်။ အမျိုးသမီးမှာ မိုးရေများစိုရွဲနေသည့်ကြားက သနားစရာမျက်နှာသိမ်ငယ်နေသောအပြုံးလေးဖြင့် ကြည့်နေခဲ့လျက်။

" ယောကျာ်း ... "

" မင်းဘာလာလုပ်တာလဲ၊ ဒီလောက်မိုးသည်းနေတာ၊ တစ်ကိုယ်လုံးလည်းစိုရွဲနေပြီ၊ ကလေးဗန်းပြပြီး ငါ့ကိုဘာဒုက္ခပေးအုံးမလို့လဲ "

" မေ တောင်းပန်ပါတယ်၊ မေတို့သားအမိနှစ်ယောက်ကို အိမ်ရှင်ကညတွင်းချင်း အတင်းနှင်ထုတ်လိုက်လို့ပါ "

" ကျစ် ... ဒီမိန်းမတော့ သောက်ဇယားတွေနဲ့"

အမျိုးသားမှာ ဒေါသထွက်နေသည့်ပုံစံဖြင့် အမျိုးသမီးကိုဆက်ဆံသော်လည်း သူ့ရင်ထဲတွင် သူမတို့သားအမိနှစ်ယောက်ကို သနားနေခဲ့သည်။ သူ၏မိန်းမဖြစ်သူသည် လောင်းကစားလုပ်ခြင်းကို အလွန်ခုံမင်နှစ်သက်လွန်းရာ သူ့ဘက်ကဆက်မလုပ်ဖို့အတန်တန်တားခဲ့သည်မှာ အကြိမ်ပေါင်းမနည်းခဲ့ပေ။

လောင်းကစားလုပ်၍ရှုံးလာလျှင် ယောကျာ်းဖြစ်သူက ဒိုင်ခံလျော်ပေးခဲ့ရသည်။ မလျော်ပေးပါကလည်း မိန်းမဖြစ်သူကို သတ်ကြမည်စိုးရိမ်သဖြင့် သူရှာသမျှပိုက်ဆံအားလုံးသည် မိန်းမဖြစ်သူ မမေကလျာနွယ်၏လက်ချက်ကြောင့် ကုန်ပေါက်များခဲ့၏။ နောက်ဆုံးတွင် သည်းမခံနိုင်သည့်အဆုံး ကိုသူရမြိုင်မှာ မမေကလျာနွယ်နှင့် သမီးဖြစ်သူသိမ်မွေ့စံနွယ်ကိုပါ အိမ်ပေါ်ကနေနှင်ချခဲ့၏။

ဖခင်တစ်ယောက်အနေဖြင့် သမီးဖြစ်သူကိုခေါ်ထားချင်ခဲ့သော်လည်း သမီးဖြစ်သူက သူ့ကို မိခင်ဖြစ်သူလောက် လုံးဝမမက်ခဲ့သည့်အခါ ကွာရှင်းပြတ်စဲခဲ့သည်။ ထို့နောက် သားအမိနှစ်ယောက်လုံးကို နာကြည်းစိတ်နှင့်စွန့်ပစ်ခဲ့သည်။ ယခုတွင်မူ သူစွန့်ပစ်ခဲ့သောသားအမိနှစ်ယောက်မှာ သူ့ရှေ့တွင်တစ်ဖန်ပြန်ပေါ်လာလျက်။

ကိုသူရမြိုင်လည်း မိုးရေထဲတွင် ကြွက်စုတ်ဖြစ်နေသော မမေကလျာနှင့်သမီးငယ်သိမ်မွေ့စံနွယ်အား သနားမိ၍ အိမ်ထဲသို့ အဝင်ခံခဲ့သည်။ မမေကလျာမှာ သမီးငယ်ကိုချီထားရာမှ ကြမ်းပြင်ပေါ်သို့ ညင်သာစွာချခဲ့သည်။ သူမ ကိုင်ဆောင်ထားသောအဝတ်ထုပ်ကိုလည်း ကြမ်းပြင်ပေါ်တွင် ချထားလိုက်သည်။

" မင်းတို့သားအမိကို ဒီတစ်ညပဲနေခွင့်ပေးမယ် "
ကိုသူရမြိုင်မှာ မမေကလျာနွယ်ကို အသံတင်းမာစွာပြောခဲ့လျှင် သူမခမျာ သူ၏ခြေသလုံးနှစ်ဖက်ကိုကိုင်ကာ ဒူးထောက်ထားခဲ့သည်။

" ယောကျာ်းရယ် ... မေတို့ကို အဲဒီလောက်ထိ မရက်စက်ပါနဲ့ "

" ငါ မရက်စက်ခဲ့တုန်းကရော မင်းကလိမ္မာခဲ့လို့လား မေကလျာနွယ်"

" ကိုရယ် ... "

ကိုသူရမြိုင်၏စကားကြောင့် သူမမှာ ရင်ထဲစို့တက်လာပြီး ပန်းနုရောင်သန်းနေသောပါးမို့မို့တွင် မျက်ရည်ပူများက နဖူးထိပ်ကဆံနွယ်များတွင် ကျဆင်းနေသောမိုးရေစက်အေးများနှင့်အတူရောယှက်ကာ စီးကျလာသည်။ ' ကိုရယ် ' ဟူသောစကားနှစ်လုံးမှအပ ကျန်စကားလုံးများကို ပြောမထွက်ခဲ့ပေ။ သူမ၏အတိတ်ကအမှားများကို နောင်တရနေခဲ့သည်။

တစ်ချိန်က သူမကို ' မေ' ဟု ကြင်နာစွာခေါ်လေ့ရှိခဲ့ပြီး သူမငိုအတိုင်းအထက်လွန်ချစ်မြတ်န်ိုးခဲ့သည့်ခင်ပွန်းသည်မှာ ယခုတွင်ခက်ထန်စွာ ပြုမူဆက်ဆံနေခဲ့သည်။ သူမ အလွန်နာကျင်ရပါသည်။ နှလုံးသားတစ်ခုလုံးသည် ဓားဖြင့်အစိမ်းလိုက်ခွဲခံရသကဲ့သို့ နာကျင်နေရသည်။ သို့သော် ယခုလိုဖြစ်နေရသည်မှာ သူမပြုလုပ်ခဲ့သောအမှားများကြောင့်သာ။

" ငိုမနေနဲ့ ... ရေချိုးခန်းထဲမှာ ရေသေချာသုတ်ပြီး အဝတ်အစားသွားလဲ "

မမေကလျာနွယ်လည်း မျက်ရည်များသုတ်ကာ ပလတ်စတစ်အဝတ်ထုတ်လေးကိုသယ်ဆောင်လျက် သမီးဖြစ်သူကို ရေချိုးခန်းထဲသို့ခေါ်သွားသည်။ သားအမိနှစ်ယောက်လုံး ရေချိုးခန်းထဲတွင် ရေများခြောက်သွေ့အောင်ပြုလုပ်ခဲ့ကြပြီးနောက် အဝတ်အစားများလဲလှယ်ခဲ့ကြ၏။ နောက်ဆုံးတွင် ရေချိုးခန်းထဲမှ ပြန်ထွက်လာကြသည်။

ဧည့်ခန်းထဲက ကုလားထိုင်တွင် ထိုင်စောင့်နေသော ကိုသူရမြိုင်မှာ သားအမိနှစ်ယောက်ဝင်လာသည်ကိုမြင်လျှင် သက်ပြင်းချလိုက်သည်။

" မင်းတို့ ဒီဧည့်ခန်းမှာပဲ ဖျာခင်းပြီးအိပ် "

" သမီး ... ဖေဖေနဲ့မေမေတို့နဲ့အတူတူ အိပ်ချင်တယ် "

" မအိပ်ဘူး၊ နင့်အမေနင့်ကို ပြောခိုင်းတာမလား၊ နငိသိပ်ချစ်တဲ့ နင့်အမေနဲ့ပဲအိပ်၊ ငါလည်းအိပ်ရေးပျက်လို့ သွားအိပ်ပြီ "

သိမ်မွေ့စံနွယ်လေးမှာ အမှန်တကယ်ဖခင်ဖြစ်သူနှင့်အိပ်ချင်သည့်အတွက်ပြောခဲ့သော်လည်း အထင်လွဲခံလိုက်ရကာ အော်ခံထိသောကြောင့် အသားတုန်တက်သွားသည်။ မမေကလျာမှာ ကိုသူရမြိုင် ဧည့်ခန်းထဲကနေထွက်သွားလျှင် သူမတို့သားအမိနှစ်ယောက်အိပ်စက်နိုင်ရန် နေရာလွတ်တွင် ဖျာခင်းကာ စားပွဲခုံပေါ်တွင် ကိုသူရမြိုင်ချပေးထားသည့်စောင်၊ ခြင်ထောင်၊ ခေါင်းအုံးများကို ဖျာပေါ်တွင်တင်ပြီးနောက် ခြင်ထောင်စထောင်၏။ ထို့နောက် သမီးငယ်ကို ဖက်ထားကာ မျက်ရည်များနှင့်အတူအိပ်စက်ခဲ့သည်။

ကိုသူရမြိုင်မှာ တစ်ညလုံးအိပ်မရဖြစ်ခဲ့ပြီး သက်ပြင်းလုံးများ ခဏခဏချမိသည်။ ဤသို့ဖြင့် မနက်ရောက်လာခဲ့သည်။ သူ အစောကြီးနိုးနေခဲ့သော်လည်း မမေကလျာနွယ်မှာ မနိုးသေးပေ။ သိမ်မွေ့စံနွယ်ကလေးကလည်း မိခင်ရင်ခွင်ထဲတွင် အိပ်မောကျနေခဲ့သည်။ ၁၀ နာရီကျော်သည်အထိ သားအမိနှစ်ယောက်လုံးမနိုးသေး၍ ကိုသူရမြိုင်မှာ ခြင်ထောင်ကို လှန်ကာ အထဲကိုဝင်လာခဲ့သည်။ မမေကလျာ၏အနားကိုရောက်လာလျှင် သူမကိုလှုပ်နှိုးခဲ့သည်။

" မေကလျာ ... ထတော့လေ "

မမေကလျာနွယ်မှာ နိုးလာသော်လည်း သူမခေါင်းတစ်ဦးလုံးမူးဝေနေပြီး တစ်ကိုယ်လုံးကိုက်ခဲနေသဖြင့် ညည်းညူနေမိသည်။ သူမရင်ခွင်ထဲက သိမ်မွေ့စံနွယ်လေးမှာလည်း အဖျားတက်နေခဲ့သည်။ ကိုသူရမြိုင်မှာ သားအမိနှစ်ယောက်လုံးကို မသင်္ကာသဖြင့် နဖူးများစမ်းသပ်ခဲ့ရာ အဖျားကြီးဖျားနေမှန်းသိရလျှင် ချက်ချင်းဆရာဝန်သွားပင့်ခဲ့သည်။

ဆရာဝန်ကို အိမ်ပင့်လာပြီးလျှင် သားအမိနှစ်ယောက်စလုံးကို ဆေးကုသပေးခဲ့သည်။ ဤသို့ဖြင့် ၃ ရက်လောက် သူကချည်းပဲ အမေနှင့်သမီးကို ပြုစုနေခဲ့ရသည်။

တစ်နေ့တွင် မမေကလျာနွယ်ကို ဆန်ပြုတ်သောက်နေစဥ်မှာ ကိုသူရမြိုင်ဘက်က သူမဖြစ်မနေပြောရမည့်စကားကို ပြောရန်စတင်ခဲ့သည်။

" မင်းတို့သားအမိနှစ်ယောက်အတွက် ငါတိုက်ခန်းငှားပေးမယ်။ စပေါ်ငွေအပြင် တစ်နှစ်စာအိမ်ငှားခပါ တစ်ခါတည်းပေးထားမယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ပါ အရင်းအနှီးထုတ်ပေးမယ်။ မင်းတို့ငါနဲ့ဘယ်တော့မှ လာမပတ်သက်လေကောင်းလေပဲ "

မမေကလျာနွယ်မှာ စကားတစ်ခွန်းမှမတုံ့ပြန်ခဲ့ပေ။ ဆန်ပြုတ်ခပ်ထားသည့် စတီးဇွန်းကိုကိုင်ထားသောသူမ၏လက်မှာ တုန်ယင်နေခဲ့သည်။ မျက်ဝန်းနှစ်ဖက်မှကျဆင်းလာသည့် မျက်ရည်ပေါက်ငယ်တို့မှာ ဆန်ပြုတ်ပန်းကန်ထဲသို့ တစ်စက်ချင်းကျနေခဲ့သည်။ ဤသည်ကို ကိုသူရမြိုင်မြင်လျှင် သူ၏နှလုံးသားမှာ ပူဆွေးလာသည်။ သိမ်မွေ့စံနွယိလေးက သူမဘေးနားတွင် အိပ်မောကျနေ၏။

သူ၏ဇနီးဖြစ်သူကို တစ်ချိန်ကအလွန်ချစ်မြတ်နိုးခဲ့သည်။ ချစ်လွန်း၍အလိုတအားလိုက်ခဲ့မိရာ မမေကလျာနွယ်သည် အပေါင်းအသင်းများမှားကာ ဖဲသမားဖြစ်လာခဲ့သည်။ ယခုသူပြန်လက်ခံချင်သော်လည်း မမေကလျာနွယ်ကို ယုံကြည်မှုမရှိတော့ပေ။ သူမအား ချစ်ခင်တွယ်တာနေသော သမီးနှင့်ယောကျာ်းဖြစ်သူကို မငဲ့ညှာဘဲ ဘဝပျက်သည်အထိ လောင်းကစားလုပ်ခဲ့သောသူမကို နာကြည်းနေသေးသည်။ သို့သော်လည်း သူမအပေါ်ချစ်သည့်စိတ်ကလည်း အနည်းငယ်ကနေသေးသည်မို့ ယခုသူမဒုက္ခရောက်နေသည့်အခြေအနေမှာ သူကူညီပေးနေမိသည်။

ဆန်ပြုတ်သောက်နေသည့် မမေကလျာနွယ်မှာ အဖြူရောင်ဆန်ပြုတ်နှင့်ကြက်သွန်မြိတ်အစိမ်းရောင်အဖတ်လေးများကိုငေးကြည့်ကာ အတွေးလွန်ခဲ့သည်။ ဆန်ပြုတ်ရေကြည်ပေါ်တွင် တစ်ချိန်က သူမတို့မိသားစုအတူတူပျော်ရွှင်ခဲ့ကြသည့်ပုံရိပ်များကို တဖြည်းဖြည်းမြင်ယောင်လာရင်း ငိုနေမိသည်။ ရင်ထဲတွင် နောင်တမီးလျှံများ တောက်လောင်နေခဲ့သည်။ ထို့နောက် သူမ၏အမြင်အာရုံများက မှောင်မိုက်လာကာ ကြမ်းပြင်ပေါ်သို့ မူးဝေကာ လဲကျသွားတော့သည်။

ဖျာပေါ်တွင် ဇွန်းကဆန်ပြုတ်များက ပြန့်ကျဲသွားသည်။ ကိုသူရမြိုင်မှာ မျက်လုံးပြူးသွားလျက် အသည်းအသန်ပြေးလာရင်း သူမကိုယ်လုံးကို ပွေ့ထားလိုက်သည်။

" မေ ... မေ ...  သတိထားပါအုံး"

ကိုသူရမြိုင်မှာ သူမပါးနှစ်ဖက်ကိုလှုပ်နိုးခဲ့သော်လည်း သူမကသတိလစ်နေခဲ့သည်။ မမျှော်လင့်ထားသောအခြေအနေကို ရုတ်တရက်ကြုံတွေ့ရစဥ်မှာ သူ့နူတ်ဖျားကနေ " မေ " ဟူသောနာမ်စားလေး လွှတ်ခနဲထွက်သွားခဲ့သည်ကို သူသတိမထားမိပါ။

ဤသို့ဖြင့် မမေကလျာနွယ်ကိုအားချင်းဆေးရုံတင်လိုက်ရသည်။ မမေကလျာသည် စိတ်ပိုင်းဆိုင်ရာအတော်ထိခိုက်ခဲ့ပြီးနောက် အစားအသောက်မမှန်၊ အအိပ်မမှန်သဖြင့် သွေးပေါင်များကျဆင်းကာ အလွန်အားနည်းနေခဲ့သည်။ သမီးဖြစ်သူကိုသာ ထမင်းနပ်မှန်အောင်ကျွေးခဲ့ပြီး ဂရုစိုက်ခဲ့သော်လည်း သူမကတော့ဖြစ်ဖြစ်မြောက်မြောက်မစားခဲ့ပေ။

ဈေးထဲတွင် ဘုရားပန်းတစ်စည်းမှ မရောင်းရသည့်နေ့များတွင်မူ ထမင်းဟင်းဖိုးရအောင် ပိုက်ဆံလိုက်ချေးခဲ့ရသည်။ ထိုစဥ်က သူမအနားတွင် သမီးသိမ်မွေ့စံနွယ်ကလွဲလျှင် မည်သည့်မိသားစုဝင်မှ မရှိခဲ့ပေ။ သူမ၏ခင်ပွန်းသည်အပါအဝင် သူမ၏အစ်ကိုနှင့်အစ်မကလည်း စွန့်ပစ်ထားခဲ့ကြသည်။ သို့ရာတွင် သူမတစ်ယောက်တည်း သူမ၏မိုက်ပြစ်များကို သိမ်မွေ့စံနွယ်လေးနှင့်အတူတူ ခံစားခဲ့ရသည်။

မမေကလျာနွယ်တစ်ယောက် ဆေးရုံတွင် သတိပြန်ရလာခဲ့သည်။ သူမဘေးနားတွင် ကိုသူရမြိုင်နှင့်သိမ်မွေ့စံနွယ်လေးရှိနေသည်ကိုတွေ့ရလျှင် အနည်းငယ်အားတက်သွားသည်။ သို့သော် စကားပြောဖို့ရာ အားမရှိနေပေ။

" မေ ... သတိရလာပြီလား၊ ခုဘယ်လိုနေသေးလဲ "

ကိုသူရမြိုင်မှာ သူမကိုကြင်နာသောလေသံနှင့် စိုးရိမ်တကြီးမေးမြန်းသည်ကိုကြားလျှင် နှလုံးသားထဲတွင် အေးခနဲဖြစ်သွားရသည်။

' မေ ' ဟူသောနာမ်စားကလေး။
သူမ အတော်ကြာအောင် မကြားရခဲ့သည့် စကားလုံးလေး။

" မေမေ "

သိမ်မွေ့စံနွယ်လေးကလည်း 'မေမေ' ဟုခေါ်လျက် သူမလက်ကို သူမလေး၏လက်သေးသေးလေးများဖြင့် ဆုပ်ကိုင်လာသည်။ ကိုသူရမြိုင်၏မျက်လုံးများက မျက်ရည်ဝဲနေသည်။ သူ့မျက်လုံးများတွင် စိတ်ပူခြင်းနှင့်စိုးရိမ်ပူပန်ခြင်းအငွေ့အသက်များပါဝင်နေလျက်။

သူမ ပျော်ရွှင်မိသည်။ သူမ၏ချစ်ခင်ပွန်းဆီမှ ပြန်စိတ်အပူခံရပြီး သူမနာမည်ကို အဖျားဆွတ်ခေါ်သောကြောင့်။

" ယောကျာ်း ... "

အားနည်းတုန်ချိနေသောအသံလေးနှင့်ခေါ်လိုက်သည်။

" ကိုယ်ရှိပါတယ် မေကလေး၊ ကိုယ်ရှိနေတယ်"

မမေကလျာနွယ်မှာ တဖြည်းဖြည်းဝမ်းသာလုံးဆို့တက်လာရင်း မျက်ရည်မိုးစက်များမှာ သူမ၏ပါးပြင်များတစ်လျှောက် ဝေခလာခဲ့သည်။

" ကိုယ့်မေကလေးငိုရင် ပိုအဖျားတက်မှာပေါ့၊ မငိုပါနဲ့၊ ကိုယ်ရှိနေတယ် "

မမေကလျာနွယ်မှာ သူမအိမ်မက်မက်နေသည်ဟု ထင်နေမိသည်။ သူမအပေါ်နာကျည်းစွာ မုန်းတီးစိမ်းကားခဲ့သော သူမခင်ပွန်းမှာ ယခုကဲ့သို့တစ်ဖန်ပြန်လည်၍ ကြင်နာယုယနေသည့်အပေါ် အံ့အားသင့်သလို ပျော်ရွှင်နေမိသည်။ ဤမျက်ရည်များက ဝမ်းသာပီတိမျက်ရည်များသာ။

သို့သော် သူမမှာ သက်တမ်းဘယ်လောက်မှ မကျန်ရှိတော့သလို ခံစားနေရသည်။

သူမ၏ခင်ပွန်းနှင့်သမီးလေးနှင့်အတူတူ ဆက်နေနိုင်ပါဦးမလား။

" တောင်းပန်ပါတယ် ဒုက္ခတွေပေးမိခဲ့လို့ပါ ...  မွေ့လေးကို စောင့်ရှောက်ပေးနော် ... မေ့ကိုမုန်းရင်တောင်မှပေါ့... နောက်အိမ်ထောင်ပြုမယ်ဆိုရင်လည်း မေ့ထက်အများကြီးလိမ္မာပြီး သမီးလေးကိုချစ်ပေးနိုင်တဲ့အမျိုးသမီးလေးနဲ့လက်ထက်ပါနော် ... ကို ... "

မမေကလျာနွယ်မှာစကားလုံးများကို တစ်လုံးချင်းအားယူကာ ပြောရှာသည်။ ဆေးသွင်းထားသော သူမ၏ဘယ်ဘက်လက်လေးကို မြှောက်လာပြီး ကိုသူရမြိုင်၏ပါးပြင်များကို တုန်ယင်စွာထိတွေ့လာသည်။

" မေ နမိတ်မရှိတာတွေမပြောပါနဲ့ကွာ၊ မေက အရမ်းဆိုးတယ်၊ ကိုယ့်ကိုခံစားရအောင် အရမ်းလုပ်တယ်"

" တောင်းပန်ပါတယ် ကိုရယ် ... ဒီမိန်းမဆိုးကြောင့် အရာရာပျက်စီးသွားခဲ့လို့ ... "

" ကိုယ်တို့တွေ တစ်ကနေပြန်စလို့ရပါတယ်၊ မေသာအခု နေကောင်းအောင် ကြိုးစားပြီးနေနော်၊ သမီးလေးကို ပျိုးထောင်ပေးရအုံးမယ်လေ"

ကိုသူရမြိုင်လည်း သူ့ချစ်ဇနီး​၏အားနည်းတုန်ယင်နေသောလက်ကလေးများကို ဆုပ်ကိုင်ထားလိုက်ပြီး လက်လေးများကိုနမ်းရှိုက်ခဲ့သည်။ သူမမျက်ဝန်းများထဲကမျက်ရည်များကိုလည်း သူ့လက်ဖြင့် ညင်သာစွာ ဖယ်ရှားပေးခဲ့သည်။ သိမ်မွေ့စံနွယ်လေးကတော့မိခင်ဖြစ်သူနှင့်ဖခင်ဖြစ်သူကို ငေးကြည့်နေခဲ့သည်။

" ကိုယ့်မိန်းမကို အရမ်းချစ်တယ်နော်၊ ဒီတစ်ခါ ကိုယ့်စကားနားထောင်ပြီး လိမ္မာပေးရမယ်နော်၊ နေအမြန်ပြန်ကောင်းအောင်လုပ်ရင်း ကိုယ်နဲ့သမီးလေးအနားမှာ အတူတူပြန်နေပေးရမယ် ဟုတ်ပြီလား "

ကိုသူရမြိုင်မှာ သူမ၏နဖူးလေးကို နမ်းခဲ့လျှင် သူမက ပြုံးယောင်သမ်းနေခဲ့သည်။ မျက်ရည်များ စီးကျလာပြီး မျက်လုံးလေးမှေးလာသည်။ ထို့နောက် သနားစရာသားအဖနှစ်ယောက်ကို ကြည့်ရှုရင်း ...

" ချစ်တယ်နော် "

မမေကလျာနွယ်မှာ နောက်ဆုံးမျက်ရည်စများနှင့်အတူ သူမချစ်ရသောခင်ပွန်းနှင့်သမီးလေးကိုကြည့်ရင်း ဘဝတစ်ပါးသို့ အပြီးတိုင်ကူးပြောင်းသွားခဲ့သည်။

ကိုသူရမြိုင်မှာ သူ၏ချစ်ဇနီးဆုံးပါးသွားပြီးနောက် နေ့စဥ်ရက်ဆက်အရက်သောက်လာသည်။ သမီးဖြစ်သူ သိမ်မွေ့စံနွယ်လေးကိုလည်း သေချာမစောင့်ရှောက်နိုင်ပေ။ သို့ဖြစ်၍ ကိုစံကျော်နှင့်ဒေါ်ဥမ္မာတို့မောင်နှမအိမ်ကိုသာ အချိန်တိုင်း သိမ်မွေ့စံနွယ်လေးကို ပို့ထားခဲ့သည်။

သိမ်မွေ့စံနွယ်လေး (၃) နှစ်ပြည့်ဖို့ (၁၀) ရက်အလိုတွင် ကိုသူရမြိုင်မှာ သူ၏တိုက်ခန်းတွင် ထိုင်လျက်သားသေဆုံးနေခဲ့သည်။

ထိုအချိန်မှစ၍ သိမ်မွေ့စံနွယ်မှာ မိဘမဲ့သွားရသည်။

----

" မွေ့ မွေ့ ... "

သိမ်မွေ့စံနွယ်မှာ အိမ်မက်ဆိုးများမက်နေခဲ့ပြီး စူးစူးဝါးဝါးငိုနေခဲ့သဖြင့် နေဟန်မှိုင်းက သူမကိုပွေ့ချီထားကာ နှိုးနေခဲ့သည်။

" မွေ့ငယ်လေး ... ကိုကိုရှိတယ်လေ "

သိမ်မွေ့စံနွယ်၏အိမ်မက်များထဲတွင် မည်ကဲ့သို့အိမ်မက်များမက်နေသည်ကို သူမသိသော်လည်း သူမပုံစံက အိမ်မက်ထဲတွင် အတော်လေးကြောက်လန့်နေခဲ့သည့်ပုံစံပင်။ ခဏအကြာတွင် သိမ်မွေ့စံနွယ်မှာ မျက်လုံးပွင့်လာသည်။

" မွေ့ငယ် ... ဘာအိမ်မက်တွေ မက်နေလို့လဲ "

" ဟင် ... "

" မွေ့ငယ် အော်ငိုနေတာကြာနေပြီ၊ အိမ်မက်ကနေယောင်ပြီးတော့ "

" အင်း ... အစုံပါပဲ ကိုကိုရယ်၊ ရင်တုန်လိုက်တာ "

" မတုန်နဲ့၊ ကိုကိုရှိတယ်၊ နောက်ထပ် အိမ်မက်ဆိုးမက်တော့အောင်  သီချင်းလေးနားထောင်ပြီးအိပ်... ခု ရေသောက်လိုက်နော် မွေ့လေး "

နေဟန်မှိုင်းက သူအသင့်ယူထားသော ရေဘူးငယ်ကို ဖွင့်လိုက်ကာ သူမကိုရေဝဝလင်လင်တိုက်ခဲ့သည်။ ထို့နောက် ရေဘူးအဖုံးကိုပြန်ပိတ်ခဲ့ပြီး သူမကိုတင်းကျပ်စွာ ပွေ့ဖက်ထားခဲ့သည်။

" ကိုကို ... "

" ဟွန် ... "

" မွေ့ပြန်အိပ်လို့ရမယ်မထင်ဘူး ... ရင်ဘတ်ထဲခုချိန်ထိ လှိုက်လှိုက်ဖြစ်ပြီး တုန်နေတုန်းပဲ "

" မွေ့လေး အိပ်လို့မရရင် ကိုကိုလည်းမအိပ်ပါဘူး၊ စကားပြောမယ်လေ "

နေဟန်မှိုင်းက သူမ၏နှုတ်ခမ်းလေးကို အကြိမ်ကြိမ်နမ်းနေခဲ့သလို သူမ၏ရင်ဘတ်လေးကိုလည်း သူ့လက်နှင့်ဖိပေးထားခဲ့သည်။

" ကိုကို အိပ်ရေးပျက်မှာပေါ့ "

" မနက်ပြန်အိပ်လို့ရတာပဲ၊ အေးဆေး "

" အိမ်မက်ဆိုးတွေက အရမ်းမုန်းဖို့ကောင်းလိုက်တာ "

" ဒီလိုပဲ ... အကြောက်တရားတွေ၊ ဒေါသတွေ၊ ဝမ်းနည်းရတာတွေရော စိတ်စွဲတာတွေပါအကုန်စုပြီး အိမ်မက်ဆိုးဖြစ်လာတာ "

နေဟန်မှိုင်းမှာ အိမ်မက်ဆိုးကြောင့် ကတုန်ကယင်ဖြစ်နေသော သူ၏သိမ်မွေ့စံနွယ်လေး တည်ငြိမ်စေရန် သူမကိုယ်လုံးလေးကိုပွေ့ထားရာမှ ကျောမတ်လိုက်သည်။ ထို့နောက် သူ့ပေါင်ပေါ်တွင် ထိုင်ခိုင်းခဲ့ကာ သူမလေးကိုအနမ်းခြွေခဲ့သည်။

ထို့နောက် သိမ်မွေ့စံနွယ်၏ပါးလျပ်သော ညအိပ်ဇာဂါဝန်အောက်က ပေါင်တံဖြူဖြူသွယ်သွယ်လေးကို ဖျစ်ညှစ်ကာ ပွတ်သပ်ပေးနေသည်။ ပြီးလျှင် တပြွတ်ပြွတ်နမ်းရှိုက်နေရာမှ သူမကိုယ်လုံးလေးကို ဆွဲလဲလိုက်သည်။ သိမ်မွေ့စံနွယ်၏မျက်ဝန်းနက်ကလေးများကို တစိမ့်စိမ့်ကြည့်ရှုနေသည်။

" မွေ့ငယ်လေး ... "

" ရှင် "

" ကို့ကို မမုန်းနဲ့နော် ငယ်"

" အရင်းမရှိအဖျားမရှိ ကိုကိုရယ်၊ ဘာကိုပြောချင်တာလဲ "

" ဒီည မွေ့အိပ်မပျော်မယ့်အတူတူ စိတ်လွတ်လက်ပျော်ကြည့်မလား ... အချစ်သုခဘုံထဲကိုလေ "
သိမ်မွေ့စံနွယ်မှာ သူပြောသည့်စကားကို သဘောမပေါက်ခဲ့ပေ။ ' အချစ်သုခဘုံ' ကို ဖြူဖြူစင်စင်သာတွေးမိသည်။ သို့သော် သူဆိုလိုသည့် ' အချစ်သုခဘုံ ' မှာ ဖြူစင်မှု မပါဝင်နေပေ။

" ကိုကို့မွေ့ငယ်လေးက သဘောမပေါက်နေဖူးပဲ ... တရားဝင်လင်မယားမဖြစ်ခင် လင်မယားလုပ်တမ်း အစမ်းကစားကြမယ်လေ "

" အို ရဲတင်းလိုက်တာ ဒီလူကြီးကတော့"

" ..... "

သိမ်မွေ့စံနွယ်လည်း မျက်နှာတစ်ပြင်လုံး နီရဲတွတ်သွားပြီး ရင်တဒိတ်ဒိတ်ခုန်သွားသည်။

" လိုချင်တာရပြီးရင် စိတ်ပြန်မဖောက်နဲ့နော်၊ ပြန်ဖောက်ရင် get out ပဲ"

" ကိုကို ခုလည်းပုံမှန်ပြန်ဖြစ်နေပြီပဲကို ... "

" အင်းပါ ... "

သိမ်မွေ့စံနွယ်က ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလွှဲခဲ့သည်။ နေဟန်မှိုင်းက ကုတင်ပေါ်ကနေဆင်းပြီး သူ့အိတ်ထဲက ကွန်ဒုံးများကို သွားယူသည်။ ထို့နောက် ကုတင်ပေါ်ကို ပြန်တက်လာခဲ့ပြီး သိမ်မွေ့စံနွယ်၏ကိုယ်လုံးလေးပေါ် တက်ဖိထားလိုက်သည်။

" မွေ့လေး မှန်မှန်ပြော ... ကိုကိုနဲ့ပတ်သက်ပြီး စိတ်မလုံခြုံဖြစ်နေလား၊ ကိုကို့ကို မလိုက်လျောလည်းရတယ်နော်၊ ပြီးမှ စိတ်မသိုးမသန့်နဲ့ နောင်တရနေတဲ့ပုံကိုမြင်ရရင် ကိုကို စိတ်ကောင်းမှာမဟုတ်ဘူး၊ အသက်ပြည့်နေတဲ့မိန်းကလေးတစ်ယောက်ဖြစ်သလို လူကြီးတွေကလည်း သဘောအရမ်းတူတယ်၊ မကြာခင်လည်းစေ့စပ်တော့မယ်၊ လက်ထပ်ဖို့အထိသေချာနေလို့ ခုလိုမေးလိုက်တာ ... "

" နောင်တရနေမှာတော့မဟုတ်ပါဘူး၊ ကိုကို့ကို စတွေ့ကတည်းက ယုံကြည်တယ် ခုထိပဲ ... "

သိမ်မွေ့စံနွယ်က ချိုသာကြည်မြသောအပြုံးလေးနှင့် နေဟန်မှိုင်း၏လည်ပင်းကို သိုင်းဖက်လိုက်ပြီး နမ်းခဲ့သည်။ နေဟန်မှိုင်းကလည်း အလိုက်သင့်ပြန်နမ်းပြီးနောက် ...

" ဖူးစာက ဆန်းကြယ်သား၊ ကိုယ်ကယ်ခဲ့တဲ့ကလေးမလေးက ကိုယ့်မိန်းမအလောင်းအလျာလေးဖြစ်လာလိမ့်မယ်လို့မထင်ထားမိဘူး "

' ကျွန်တော် သူမလေးကို ကယ်ခဲ့တုန်းက သူမမျက်နှာလေးကို သနားစိတ်ဝင်ခဲ့ရုံကလွဲရင် တခြားဘာစိတ်မှ မရှိနေခဲ့ဘူး။ ကလေးအားလုံးကို ကယ်ခဲ့ပေမယ့် သူမကတော့ သိပ်ကံကောင်းခဲ့တယ်။ ကျွန်တော့်ရဲ့နာမည်အပြည့်အစုံကိုပြောပြခဲ့တဲ့ ပထမဆုံးသူဟာလည်း သူမလေးပဲ။'

' သူမနဲ့အချိန်အတော်ကြာအောင် နှစ်ရှည်လများဝေးကွာခဲ့တဲ့အချိန်တွေမှာ သူမကိုခဏခဏသတိရခဲ့တယ်။ သူမကိုတွေ့တုန်းက သူမက (၁၃)နှစ်ကလေးလေး၊ ကျွန်တော်က (၂၅)နှစ် ကြေးစားလူသတ်သမားကောင်။ '

' အမှတ်မထင် သူမနဲ့ကျွန်တော် ပြန်တွေ့တဲ့အချိန် သူမလေးက ကျွန်တော့်ကို တော်တော်စွဲစွဲလမ်းလမ်းဖြစ်နေခဲ့တယ်။ ကျွန်တော့်နှလုံးသားက သူမလေးရဲ့အကြင်နာငွေ့လေးတွေကြောင့် အေးစက်နေရာကနေ အမြဲတမ်းနွေးထွေးခဲ့တယ်။ '

' သူမက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့တဲ့အမျိုးသမီးလေးမို့ ကျွန်တော့်ရဲ့မေတ္တာတွေက သူမအပေါ် သောက်လို့မကုန်တဲ့ပင်လယ်ရေတွေလို အမြဲယိုဖတ်လို့နေတယ်။ '

' ခုဆိုရင် သူမရဲ့အပျိုစင်ဘဝကို ကျွန်တော့်ဆီရဲရဲပေးဖို့ သေချာဆုံးဖြတ်ခဲ့တယ်။ သူမကို ကျွန်တော် အထင်မသေးပါဘူး။ ကျွန်တော့်ကိုယုံကြည်ပြီး သူမတစ်ဘဝလုံးစာကို ပုံအပ်နိုင်တဲ့ကျွန်တော့်အမျိုးသမီးလေးကို ကျွန်တော် အယုတ်တမာစိတ်နဲ့ အထင်မသေးနိုင်ဘူး။ အဲဒီအစား ပိုတောင်ချစ်မြတ်နိုးမိပါတယ်။ "

နေဟန်မှိုင်း၏အပြုံးက သူ၏အတွေးများကြောင့် ပိုလတ်ဆတ်နေသည်။

" ဒီကလေးမကတော့ စတွေ့ကတည်းက ဒီလူကြီးကို' သူက ငါကြီးလာရင်လက်ထပ်မယ့်ယောကျာ်းပဲ ' လို့ ထင်ခဲ့တာပဲ၊ စတွေ့ကတည်းက ဖောအင်လပ်ခဲ့သလို ခုထိလည်းဖောအင်လပ်နေတုန်းပဲ "

' ကျွန်မကို ကယ်ခဲ့တဲ့အမျိုးသားက နတ်သားလေးလို၊ ချပ်ဝတ်တန်ဆာဆင်ထားတဲ့ သူရဲကောင်းမင်းသားလေးလို အရမ်းချောတယ်။ သန်မာပြီး သတ္တိရှိတယ်။ ပျောက်ဆုံးသွားတဲ့ ရွှေမင်းသားလေးကို ရှာပုံတော်ဖွင့်ခဲ့ရာကနေ ပြန်တွေ့ခဲ့တဲ့အချိန် ... အဲဒီအချိန်က ဘဝမှာအတိုင်းမသိပျော်ခဲ့ရတဲ့အချိန်ပါပဲ။ '

' ကျွန်မရဲ့မင်းသားလေးက ကြေးစားလူသတ်သမားဖြစ်ခဲ့ပေမယ့် ကျွန်မအတွက်တော့ သူက လာခြင်းကောင်းတဲ့ ဘုရားလက်ဆောင်လေး၊ တစ်နည်းအားဖြင့် ဘဝမီးအိမ်ရှင် တောင်ပံလေးတွေ ဖြန့်ကျက်ထားတဲ့ နတ်မင်းသားလေးပဲ။ '

' ကျွန်မ ကိုကို့ကို ချစ်တယ်။ ကျွန်မကို လေးစားတန်ဖိုးထားပြီး ညှာတာကြင်နာတဲ့ ဒီအမျိုးသားလေးကို သိပ်ချစ်ရပါတယ်။ အမြဲတမ်း ဒီအမျိုးသားလေးအနားမှာ အိုမင်းတဲ့အထိရှိနေချင်ပါရဲ့။ '


• ────── ✾ ──────

Continue Reading

You'll Also Like

279K 6.3K 78
♨ ဦး​နေဗိမ္မာန်​​တော်​ ♨ [Sun] အသက်​ - ၃၄ အရပ်​ - 6'3 အလုပ်​အကိုင်​ - ​​မြေ​အောက်​​လောကတစ်​ခုလုံးရဲ့ဂိုဏ်းချုပ်​။ လက်​နက်​​မှောင်​ခိုလုပ်​ကိုင်...
567K 19.3K 144
Read and find out...
993K 30.7K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
814K 17K 30
Where a dangerous mafia boss falls deeply in love with a sweet, innocent, young girl.