(Unicode)
ကလပ်ရှိ ဝိုင်းတစ်ဝိုင်းတွင် သောက်သောက်စားစားလူမင်းသားလုပ်နေသည့် လူသုံးယောက်ရှိလေ၏။
"ဘုန်းသစ် မင်းအချိုးတွေပြောင်းနေတယ်နော်"
"ငါဘာလုပ်လို့လဲကွ"
"ဘောပဲ ...ကိုယ့်ကိုစဥ်းစားကြည့်"
တေဇထဆဲ၍ အရက်တစ်ခွက်ကိုမော့၍သောက်လိုက်လေ၏။
"တေဇပြောတာဟုတ်တယ် မင်းဖြူငယ့်အပေါ်မရိုးဘူးမို့လားဘုန်းသစ်"
"မင်းသစ္စာကိုမင်းလက်လွန်တာမှ တော်တော်ကိုလွန်တာ မျက်နှာရော ခေါင်းပါ စိစိညှပ်ညှပ်ကျေသွားတာနော် "
"ငါတို့က မသတ်ရဘူးလို့မပြောပါဘူး မင်းအဲ့တုန်းက ဘာကြောင့်စိတ်လွတ်သွားရတာလဲဘုန်းသစ် "
"ငါ ..ငါက..ငါလဲသေချာမသိဘူး"
"မင်းကွာ ခွန်းအကြောင်းမင်းအသိဆုံးနော်"
"ငါ့ကိုယ်ငါတောင် မသိလိုက်ဘူးပြောပြီးပြီလေ"
"မင်း ဖြူငယ့်အပေါ်ချက်ခံစားတွေမလွန်ခင် ပြန်ထိန်းလိုက်ဘုန်းသစ် ငါတို့ကဘေးကလူ မင်းထက်ပိုသိတယ် "
"ငါဖြူငယ့်အပေါ် ညီမလေးတစ်ယောက်လိုပဲချစ်တာကွ မင်းတို့မဟုတ်တာမပြောနဲ့"
ဘုန်းသစ်ပြောသာပြောလိုက်ရပေမယ့် လိပ်ပြာမလုံသလိုဖြစ်နေရသည်။
"အေးပါ နောက်မှမင်းဇာတ်ကိုမင်းမနိုင်မှာဆိုးတာ ငါတို့ကသတိပေးပြီးပြီ ကျန်တာမင်းကိစ္စ"
သူငယ်ချင်းအရင်းကြီးတွေကြည့်ပဲမလို့ ကြားမှဝင်၍မဖြစ်သင့်တာတွေမဖြစ်အောင် တေဇတို့ဝင်၍ပြောနေရခြင်းဖြစ်သည်။
.............
ဖြူငယ်သတိမေ့နေသည့်ရက်နှင့်တွက်လျှင် ခေါင်းလျှော်ရေချိုးမလုပ်ရတာ ၆ ရက်ရှိပြီဖြစ်သည်။ ဒီနေ့တော့ ကိုကြီးကိုအတင်းပြော၍ ရေချိုးရမည်မို့ ကိုကြီးကိုချွဲကြည့်ရန်လုပ်ငန်းစလိုက်တော့သည်။
"ကိုကြီးရေ ...ကိုကြီးရေ ..."
ခေါ်သံက ပုံမှန်မဟုတ်ပုံထောက်ရင် ငယ်တစ်ခုခုပူဆာတော့မယ်ဆိုတာ ခွန်းရိပ်မိလိုက်ပြီဖြစ်သည်။ နောက်မှီခုံပေါ်ထိုင်နေသည့်ငယ့်အနားသို့ ခွန်းမုဆိုးဒူးထောက် သွားထိုင်လိုက်တော့သည်။
"ပြောပါအုံး ငယ်ဘာလုပ်ချင်လို့လဲ"
"ဖြူငယ် ရေချိုးချင်လို့ ပြီးတော့ ခေါင်းလဲလျှော်ချင်တာ"
"မရဘူး ရေစိုလို့မရသေးဘူးဒဏ်ရာက"
"ကိုကြီးကလဲ ရေမချိုးရတာကြာပြီလေနော် လုပ်ပါနော် ..နော်လို့..."
လက်ကိုအတင်းဆွဲ၍ ပြောနေသူလေးကို မလွန်ဆန်နိုင်မှန်းခွန်းသိပါသည်။
"အဲ့တာဆို ကိုကြီးချိုးပေးမယ်"
"ဟမ် မရဘူးလေ "
ဖြူငယ်လန့်တောင်လန့်သွားရတော့သည်။
"ကိုယ့်ဘာသာချိုးမှရမှာပေါ့ "
"ငယ့် ..စကားနားထောင်လေ တစ်ယောက်ထဲဘယ်လိုလုပ်ရမှာလဲကွ"
"တင့်တင့်ရှိတယ်လေ တင့်တင့်ကိုခေါ်လိုက်မယ်လေနော် "
"ရတယ် ခေါင်းလျှော်တာ ကိုကြီးလုပ်ပေးမယ် ချိုးပြီးရင် လှမ်းခေါ်လိုက်နော် "
"ကိုကြီးကလဲ "
"ခေါင်းမလျှော်ချင်ဘူးလား"
"ဟုတ် အဲ့တာဆိုလျှော်ပေးနော်"
ငယ့်ကိုတင့်တင့်ကရေချိုးပေးနေသည်မို့ ခွန်းအပြင်မှာသာစောင့်နေလိုက်တော့သည်။
"အကိုလေး မမလေးရေချိုးပြီးပြီရှင့် "
"အင်းရပြီ သွားတော့"
"ဟုတ် "
ရေချိုးခန်းဆီဝင်လိုက်တော့ ဂါဝန်လေးဝတ်ထားပြီဖြစ်သည့်ငယ်က ကြမ်းပြင်ပေါ် ထိုင်၍စောင့်နေလေသည်။ ဘာမှလိမ်းခြယ်ထားခြင်းမရှိသည့်ငယ့် မျက်နှာလေးက ခလေးတစ်ယောက်လို ချစ်စရာကောင်းနေလေပြီး အပြုံးလှလှလေးနှင့်ကြိုဆိုနေသည့်အခါ ရူးရပြီပေါ့ဗျာ။
"ကိုကြီး လျှော်တတ်လို့လား"
"လွယ်လွယ်လေးကို ဒီမှာထိုင်လိုက်ငယ် "
နောက်မှီခုံလေးတစ်ခုံယူလာပြီးထိုင်ခိုင်း၍ ငယ့်ဆံပင်လေးများကိုသေချာဖီးပေးပြီး ရေလောင်းလိုက်၏။ Shampoo လေးထည့်ပြီးသည်နှင့် သေချာနှိပ်နယ်ပေးလိုက်တော့ မျက်လုံးလေးမှိတ်လို့ ဇိမ်ခံနေသည့်ငယ်က တစ်ချက်တစ်ချက် ထထရယ်တတ်သေးသည်။
"ကိုကြီးက ခေါင်းလျှော်တာလဲတော်တာပဲ"
"အင်း ငယ်နာရင်ပြောနော် "
"မနာဘူးရတယ် ဟီးနေလို့ကောင်းလို့"
"အင်းခဏပဲနှိပ်ပေးမယ်နော် အကြာကြီးဆိုဖျားနေမယ်"
"ဟုတ်"
ခေါင်းလျှော်ပြီး ငယ့်ဆံပင်လေးကို ရေသုတ်ပေးရန်ပြင်လိုက်တော့ စိုရွှဲနေသည့်ဆံပင်လေးများက ငယ့်ပခုံးပေါ် ရေလေးများကျနေလေသည်။ ထိုမြင်ကွင်းလေးကို ခွန်းမျက်တောင်မခက်တမ်း ကြည့်မိတော့ခွန်းစိတ်တွေထိန်း၍မရတောင်ဖြစ်လာရသည်။ ငယ်ရဲ့လည်တိုင်လေးက တဂယ်လှသည်။ ရေလေးများစီးကျနေသည်ကြောင့်လား ခွန်းကိုယ်တိုင်ကပဲ စည်းကျော်နေချင်သည်ကြောင့်လား ခွန်းစိတ်အစုံက ကစုံပေါက်နေပြီဖြစ်သည်။
ရှေ့က အရုပ်မလေးကတော့ ခွန်းရဲ့စိတ်ကိုသိပုံမရ မှန်ထဲကနေ ပြုံးပြနေသေးသည်ကြောင့်...
"စိတ်ထိန်းစမ်း ...စိတ်ထိန်းစမ်းခွန်း
ငယ်ကနေမကောင်းဖြစ်နေတာလေ
မင်းကြောင့်ရတဲ့ဒဏ်ရာကမပျောက်သေးဘူးလေ မင်းက ဘာတွေတွေးနေတာလဲ မင်းက
ဘာလို့အဲ့လိုတွေတွေးနေတာလဲကွ..."
ခွန်း စိတ်ထဲကရေရွက်၍ ကိုယ့်ပါးကို ပြန်ရိုက်လိုက်ပြီး စိတ်ကို ပြန်စုစည်းလိုက်သည်။
"ဖြောင်း!..."
"အမလေးတော့ ..."
ရုပ်တရက်အသံကကျယ်သည်ကြောင့် ဖြူငယ်လန့်သွားရတော့သည်။
"ဟမ် ကိုကြီးဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ဘူးငယ် ခြင်ကိုရိုက်လိုက်တာ"
"ပြပါအုံး ရဲနေပြီလေကိုကြီးရဲ့ ဘာလို့အားကြီးနဲ့ရိုက်တာလဲ"
ဘာမှမသိသည့်ငယ်က နောက်သို့လှည့်၍ ခွန်းရဲ့ပါးကို လက်နုနုကလေးများနှင့်ကိုင်၍ စိုးရိမ်ပေးနေသေးသည်မို့ ကိုယ့်ကိုပို၍စိတ်ပျက်ရသည်။
"မနာပါဘူးငယ့်ရဲ့ Dryer မှုတ်ပေးမယ်နော်"
"ဟုတ်"
ဖြူငယ်ရေချိုးပြီးထဲက အိပ်ချင်နေသည်ကို ညနေခင်းမို့ မအိပ်ရဘူးဟုပြောကာ မအိပ်ခိုင်းသည့်ကိုကြီးကြောင့် တဝှားဝှားနှင့်သန်းနေရတော့သည်။
"ကိုကြီး ဖြူငယ်ဇာတ်ကားကြည့်ချင်တယ်"
"ကြည့်လေငယ်ရဲ့"
"ကိုကြီးနဲ့ကြည့်ချင်တာ"
"ဟုတ်ပါပြီဗျာ အဲ့ကိုလာခဲ့မယ်"
"ဖြူငယ်လာခဲ့မယ်လေ"
"အိပ်ပြီးကြည့်လေငယ်ရဲ့"
"ဖြူငယ့်ဒဏ်ရာက သက်သာနေပြီလေ
လှဲမနေချင်ဘူး လာပြီနော်"
စာဖက်ခန်းတံခါးဝကနေ ပုန်းပြီးပြောနေသည့်ငယ်က ခွန်းဆီလျှောက်လာပြီး ထိုင်နေသည့်ခွန်း ပေါင်ပေါ် ခွေခွေလေးလာထိုင်လေသည်။ ခွန်းကိုငယ်က ချစ်ပါတယ်ပြောပြီးဆေးရုံကဆင်းထဲက အပြုမူလေးကအစ ရင်းနှီးလာသည်မို့ ခွန်းမှာ စိတ်ထဲကြည်နူးရသည်။
"အင်း ဘယ်ကားလဲ "
"fighting ကားကြည့်ချင်လို့"
"ဟား ငယ်က Romance ကားကြည့်မယ်ထင်တာ"
"fighting ကားကြည့်ပြီး သင်မလို့ "
"ငယ်က ဘာသင်မို့လဲ"
"ချတာလေ နောက်ခါ ကိုကြီးကို ရန်စပြီး ချတဲ့လူရှိရင် ဖြူငယ်က ချကူမလို့ ဟီး..."
အတွေးလေးကချစ်စရာကောင်းပေမယ့်လဲ သေချာတွေးကြည့်လျှင်စိတ်မကောင်းဖြစ်ရလေသည်။
"ငယ်ကကွာ နောက်တစ်ခါအဲလိုရန်ဖြစ်မှာမဟုတ်တော့ဘူးစိတ်ချ ပြီးတော့ ဖြစ်ခဲ့ရင်လဲ ငယ်ဝင်မပါရဘူး အခုလိုကိုကြီးအစား
ဝင်ပြီးလဲ ဓားထိုးမခံရဘူး "
"ကိုကြီးကလဲ ဖြူငယ်က ဘာမှမလုပ်နိုင်ပဲ ကြည့်မနေနိုင်ဘူးလေ "
"ငယ် မကြောက်ဘူးလား အဲ့တုန်းက"
"ဟင့်အင်း ..."
"ဘာလို့မကြောက်တာလဲ "
"တစ်ခုတော့ကြောက်တယ် အဲ့တုန်းက ကိုကြီးကိုဘာမှမကူနိုင်ပဲ ရပ်ကြည့်နေတဲ့အချိန်လေ အဲ့တုန်းကတွေးပြီးကြောက်တာက ကိုကြီးတစ်ခုခုဖြစ်သွားမှာဆိုးတာ"
"အဲ့တာကြောင့် အစားဝင်ခံလိုက်တာပေါ့"
"အင်း ကိုကြီးအပေါ်ကျလာမယ့် ရိုက်ချက်လေးတစ်ခုကိုဖြစ်ဖြစ်ဖြူငယ်က တားဆီးပေးချင်တာ ဓားကိုမြင်တော့ ဖြူငယ်ကြောက်သွားတာတအားပဲ ကိုကြီးအထိုးခံရပြီးနာသွားမှာကိုလေ "
"ငယ်နာမှာကျတော့ မတွေးဘူးပေါ့"
"အဲ့လိုအတွေးမရှိပါဘူးဆို ကိုကြီးကိုကာကွယ်ပေးချင်တာပဲသိတယ်အဲ့တုန်းက"
"ငယ်က သတ္တိခဲလေးပဲ"
"ဟီး ဒါမယ့် အခုပြန်တွေးကြည့်တော့တစ်မျိုးကြီးပဲ အူယားလို့ "
"ဟောဗျာ ငယ်ကမကြောက်ပဲအူယားနေတာလား"
"ဓားက ဖြူငယ့်ဗိုက်ဆီဝင်သွားတာလေ တွေးပြီးအူယားနေတာ ပြိးတော့ ဇာတ်ကားထဲ
ကလို ဇွတ်လို့မြည်သေးလားတောင်သေချာ
မသိလိုက်ဘူး"
"ဟား ငယ်ကအဲ့တာမသိလိုက်လို့လား"
"အင်း ဘာမှမကြားလိုက်ရဘူး"
လက်ကာပြပြီးပြောနေတဲ့ငယ်က တဂယ်ပဲ အဲ့လိုတွေးခဲ့သည်တဲ့လား ခလေးဆန်သည့်အတွေးဖြစ်ပေမယ့် ငယ်လုပ်ရပ်ကရင့်ကျက်လွန်းသည့်ရွေးချယ်မှုမလား။ ရင်ခွင်ထဲကငယ့်ကိုငုံကြည့်၍ ခွန်းသက်ပြင်းလေးချမိသည်။ ဒါနဲ့ဆို ခွန်းနောက်ကျတာ နှစ်ခါရှိပြီမို့လား ပြသနာကိုမတားနိုင်သလို နှစ်ခါလုံးငယ်ပဲ ထိခိုက်နေရသည်မဟုတ်လား။
"ကိုကြီးသိတဲ့ fighting ကားရှိလား"
"အင်း ဂျပန်နပန်းလုံးပွဲတော့ သိတယ်"
"ချတာတွေပါတယ်ပေါ့"
"အင်းပါတာပေါ့ တော်တော်လဲကြမ်းတယ်"
"ဟုတ်လား ပြ အဲ့ကား"
"အဲ့တာက ငယ်မကြည့်ပါနဲ့ အခြားကားကြည့်"
"ဟင် ပြောတော့ ကြမ်းတယ်ဆို ကြည့်ချင်တယ်လေ ပြ"
"ဂျက်ကီချန်းကားကြည့်နော် ကောင်းတဲ့ကားတွေအများကြီးပဲ"
"ဟွန်း ပြီးရော "
ဂျပန်နပန်းပွဲပြလိုက်ရင် ငယ်ထွက်ပြေးသွားမှာပေါ့ကွ။ ဘာကားမှန်းမသိပဲ ကြည့်ချင်တယ်လုပ်နေသည့်ငယ်ကြောင့်ရယ်ချင်မိသည်။ ခွန်းကလဲပြောမိသည်ကို။
fighting ကားကြည့်မယ်ပြောပြီး ဇာတ်ကားစထဲက မှီပြီးအိပ်နေသည့်ငယ်က ခွန်း၏ခါးဆီမှငယ့်လက်ကတော့လွှတ်မသွားပဲ မြဲ၍နေလေသည်။ အိပ်ချင်လို့ဇာတ်ကားကြည့်မယ်လုပ်နေမှန်းခွန်းသိပါသည်။ ဒီခလေးက တစ်ခါတစ်ခါ သူလိုချင်တာကို သွယ်ဝိုက်ပြီးလဲ ရယူတတ်သေးသည်ကို ခွန်းသေချာစွာသိလိုက်ရပြီလေ။
မေမေဧည့်ခန်တွင်ထိုင်နေသည်ကို မေမေ့နားကပ်၍ ချွဲရန်ပြင်နေသည့် ငယ့်ကြောင့် တစ်ဖက်က ခုံတွင်ထိုင်၍ဖုန်းသုံးဟန်ဆောင်နေလိုက်သည်။ ငယ်ဘယ်လိုများပြောမလဲ ခွန်းသိချင်မိပါရဲ့လေ။
"အန်တီမေရေ ကိုကြီးကိုပြောပေးပါအုံး "
"မေမေ့နားမထောင်နဲ့"
ခွန်းဝင်ပြောလိုက်တော့ မျက်စောင်းလေးထိုးသွားလေသည်။
"သမီးကို အလုပ်မခေါ်ဘူးတဲ့ "
"မေမေ့ လိုက်လို့မရဘူးလို့ပြောလိုက်"
"ဖြူငယ်ကလိုက်မှာပဲလို့ပြောပေး အန်တီမေ"
"အခန်းထဲ တံခါးပိတ်ခဲ့မှာလို့ပြောလိုက်
မေမေ"
"ပိတ်ခဲ့ပေါ့ ရေအကြာကြီးချိုးပြီး ခေါင်းရော အကြာကြီးလျှော်ပစ်မှာလို့ ပြောပေးအန်တီမေ့"
"အဲ့လိုလုပ်မှာဆိုးလို့ ကြိုးနဲ့တုတ်ခဲ့မှာလို့ပြောလိုက်မေမေ့"
"အဲ့ကျရင် ဖြူငယ်အကြာကြီးမေ့လဲတဲ့အထိ ငိုနေမှာလို့ပြောပေး အန်တီမေ"
"ငယ့် "
"ဘာလဲ"
"အစထဲက အဲ့လိုပြောလိုက်ကြပါလား အခုတော့မေမေက ကြားက ဘယ်သူ့စကားပြောရမှန်းမသိတော့ဘူးကွယ်"
"မေမေ့သမီးက ပြောလို့ကိုမရတာ"
"ဖြူငယ်က ကောင်းနေပြီကို "
"မရဘူးငယ်"
"ငိုမှာနော်... ငိုတော့မှာနော်.. "
နောက်ဆုံးအကွက်ကိုငယ်က ထုတ်သုံးနေပြီဖြစ်သည်။
"ငယ်ကကွာ"
"တဂယ်ငိုမှာနော် ငိုပြီနော် ..အီး..."
"ကဲပါဒေါ်ဖြူငယ်ရယ် ကျွန်တော်မျိုး အရှုံးပေးပါတယ်"
"ဟီးအဲ့လိုလုပ်ပါ အင်းကျီက လဲပြီးသားသွားမယ်လေ"
ညထဲက ဂျီကျနေသည့်ငယ်က မနက်ရောက်တော့လဲ ဆက်ဂျီကျတုန်း၍ အလုပ်လိုက်မယ်သာတစ်တွတ်တွတ်ပြောနေလေသည်။ ပြောမရတဲ့အဆုံး ခေါ်သွားဖို့ပဲ ရှိတော့သည်မဟုတ်လား။
ဖြူငယ့်ကိုအိမ်မှာပဲနေခိုင်းတာ 3 ပတ်လောက်ရှိပြီလေ ပျင်းတာပေါ့ သူကျတော့အလုပ်သွားပြီး ဖြူငယ့်ကိုမခေါ်ဘူးတဲ့လေ ရမလား ဖြူငယ်လဲလိုက်မှာပေါ့ ငိုမယ်ဆိုပြီးတစ်ကွက်ပဲထုတ်သုံးရသေးသည်ကိုတောင် ကိုကြီးက အရှုံးပေးနေပြီလေ ဟီး ဖြူငယ်တော်တယ်မဟုတ်လား။
ဖြူငယ့်ကိုထားပြီး အစည်းဝေးခန်းသွားသည့်ကိုကြီးကြောင့် ဖြူငယ်အခန်းထဲအိပ်ပဲနေရသည်။ ပျင်းလို့ အပြင်သို့မမစမိုင်းမသိအောင်ခိုးထွက်လာခဲ့လိုက်သည်ကာ လျှောက်၍လည်ပစ်လိုက်တော့သည်။
"ခွန်းစေရာ မတ်မတ်ရပ်နေစမ်း..."
"ဟုတ်"
"မင်းကလေ ဒါလေးတောင်အသုံးမကျရင် လုပ်ငန်းတွေဘယ်လိုဦးစီးမလဲကွ"
"မှားသွားပါတယ်လို့ပြောပြီးပြီပဲ"
"ဘာကွ ငါကောက်ပေါက်လိုက်ရ"
ဖြူငယ်ပြန်လာတော့ ကိုကြီးက လက်နောက်ပစ်၍ ရပ်နေပြီး ထိုဦးလေးကြီးက
ကိုကြီးခုံမှာထိုင်နေသည်ကိုတွေ့လိုက်ရသည်။ အခြေနေကထူးဆန်းနေသလို ဖန်ခွက်ကိုကိုင်၍ ကိုကြီးဆီပစ်ပေါက်ရန်အသင့်အနေထားဖြစ်နေသည်ကြောင့် ဖြူငယ်ကိုကြီးဆီပြေးသွားလိုက်၏။
"အမ် အယ် အယ် ဦးလေးကြီးကဘယ်သူလဲ"
"မင်းကရော ဘယ်သူလဲ"
"စကားနဲ့ပြောပါလားလို့ ဘာလို့ သူများကိုကြီးကို ရွယ်နေတာလဲ"
"ငယ့် နောက်ဆုတ်နေ "
ခွန်းရဲ့ရှေ့မှာပိတ်ရပ်ပြီး ငယ့်လက်များကို ဘေးသို့ဆန့်၍ ခွန်းကိုကာကွယ်ပေးနေသည့်ငယ်က နောက်ဆုတ်ခိုင်းလိုက်တော့ နောက်ကိုလှည့်ပြီး တိုးတိုးလေးလာပြောလေသည်။
"ကိုကြီးမကြောက်နဲ့ ဖြူငယ်ရှိတယ်"
"ဦးလေးကြီးက ဘာလို့ဒီမှာရှိနေတာလဲ"
"ဘာလို့လို့ထင်လဲ"
"အွန်းဖြူငယ်သိပ်တော့မသိဘူး ကိုကြီးနဲ့ရန်ငြိုးရှိတဲ့လူမို့လား"
"မဆိုးပါဘူး မှန်းတာတော်သားပဲ "
"ဟမ် တဂယ်ကြီးလား "
"ဟုတ်တယ်"
"ဘာမှန်းတော့မသိပေမယ့် ကိုကြီးက အရင်လိုမဆိုးတော့ဘူး လိမ္မာနေပြီလို့ အဲ့တာကြောင့်ရန်ဖြစ်လို့မရဘူး "
"ဒါမယ့် ဦးက ရန်ဖြစ်လို့ရတယ်လေ"
ဖြူငယ်အကြပ်ရိုက်သွားရသည်။
"အဲ့တာဆို ဖြူငယ်ကကိုကြီးအစားရန်ဖြစ်ပေးမယ်လေ ရတယ်မို့လား"
"ငယ့် ဘာတွေပြောနေတာလဲ"
"ဖြူငယ်ကာကွယ်ပေးမယ် မကြောက်နဲ့နော်"
တဂယ်ပါကွာ ခွန်းကို ဒီသေးသေးလေးက ကွာကွယ်ပေးမယ်တဲ့လေ အော်ရယ်ချင်ပေမယ့် ရှေ့က ဖေဖေက မျက်စိမှိတ်ပြ၍ ငြိမ်နေရသည်။
"အဲ့ကောင်က လူတစ်ယောက်ကိုမကာကွယ်နိုင်လို့ဆုံးမနေတာ"
"ဘယ်သူလဲ အဲ့တာ"
"ဦးရဲ့ ရွှေးမလောင်း "
"အဲ့တာကိုကြီးနဲ့ ဘာဆိုင်လို့လဲ"
"ဆိုင်တာပေါ့ သူ့အနာဂတ်သတို့သမီးလောင်းလေ"
"ဟမ် နေပါအုံး ဖြူငယ်စဥ်းစားလိုက်အုံးမယ်"
ဖြူငယ်က အဲ့လိုတွေမစပ်တတ်ပါဘူးဆို ပြောတဲ့စကားက ရှုပ်နေ၍ ခဏစဥ်းစားလိုက်သည်။
"ကိုကြီးကသတိုးသမီးလောင်းရှိတာလား"
အော် သိပြီထင်လိုက်တာလေကွာ။ ဒီငရစ်လေး ဒါကျတော့မသိတော့ဘူးပေါ့လေ။
"ကိုကြီးကဖြူငယ့်အပြင် နောက်ထပ်လူရှိသေးတာပေါ့"
နောက်သို့လှည့်လာသည့်ငယ်က ငိုမဲ့မဲ့လေးဖြစ်နေလေသည်။
"မဟုတ်ဘူးလေ ကိုကြီးသတိုးသမီးလောင်းကငယ်လေကွာ"
ဖြူငယ်စိတ်သက်သာရာရသွား၍ ပြန်တွေးမိလိုက်သည်။
"အဲ့ဦးကြီးရဲ့ချွေးမလောင်း ကိုကြီးရဲ့သတိုးသမီးလောင်း ပြီးတော့သတိုးသမီးလောင်းကဖြူငယ်တဲ့.."
"ဟမ် အဲ့တာဆိုကိုကြီးဖေဖေပေါ့ "
"အွန်း မှန်သွားပြီပဲကွ"
"သွားပါပြီ ကိုကြီးဘာလို့အစောက မပြောတာလဲ"
ခွန်း ဖေဖေမှန်းသိသွားတော့ ခွန်းရှေ့ကနေ ဘယ်လိုအနောက်ရောက်သွားမှန်းမသိသည့်ငယ်က ပုန်းနေသည်တဲ့ဗျာ။
"ဟိုဟာ ကိုကြီးတို့အေးဆေးစကားပြောနော် ဖြူငယ်အပြင်ကစောင့်နေမယ်"
ဖြူငယ်ကိုယ့်သေတွင်းကို တူးမိတာမှန်းသိရတော့ စကားလမ်းကြောင်းလွှဲ၍ အမြန်ပြေးထွက်လာခဲ့လိုက်သည်။
"ဟား ဟား ..မဆိုးဘူး
ငါ့သား အရွေးတော်တယ်"
"ဖေဖေ့သားပဲ "
"ဒါမယ့် သားမေမေတုန်းက ပိုချောတယ်ကွ"
"ငယ်က ပိုချစ်စရာကောင်းတာပါ "
"မင်းမေမေကမှ ပိုပြီးရင့်ကျက်တာကွ"
"ငယ်က ပိုဖြူစင်တာပါဖေဖေကလဲ
ပြီးတော့ ငယ်က ဘယ်လိုကြည့်ကြည့်ချစ်စရာလေးမမြင်ဘူးလား"
"ငါလုပ်လိုက်ရ မင်းမေမေက ပိုပြီး ပြီးပြည့်စုံတာမင်းမသိပဲနဲ့"
"ငယ်က ပိုပြီးအရာရာပြည့်စုံနေတာ ဖေဖေလဲမြင်တာပဲ"
သားဖနှစ်ယောက် ပခုံးဖက်၍ တန်ဖိုးထားရသည့်လူနှစ်ယောက်ကို ပြိုင်ပြောနေကြသည်က အထင်းသားချစ်စရာကောင်းစွာရှိနေကြသည်။ လွတ်လပ်တဲ့မိသားစုဖြစ်တာကြောင့်လဲပါမည် နားလည်မှုအပြည့်ရှိသည့်ခွန်းတို့မိသားစုလေးက ဒီလိုမျိုးပဲ အမြဲပျော်စရာကောင်းခဲ့သည်မဟုတ်လား။ အခုတော့ငယ်ရော ပါလာသည်မို့ ပိုပြီး မိသားစုလေးပြီးပြည့်စုံခဲ့ရပြီဖြစ်၏။
Words 3056
(Zawgyi)
ခြန္းရဲ႕ႏွောင္ႀကိဳးငယ္ အပိုင္း - ၃၇
ကလပ္ရွိ ဝိုင္းတစ္ဝိုင္းတြင္ ေသာက္ေသာက္စားစားလူမင္းသားလုပ္ေနသည့္ လူသုံးေယာက္ရွိေလ၏။
"ဘုန္းသစ္ မင္းအခ်ိဳးေတြေျပာင္းေနတယ္ေနာ္"
"ငါဘာလုပ္လို႔လဲကြ"
"ေဘာပဲ ...ကိုယ့္ကိုစဥ္းစားၾကည့္"
ေတဇထဆဲ၍ အရက္တစ္ခြက္ကိုေမာ့၍ေသာက္လိုက္ေလ၏။
"ေတဇေျပာတာဟုတ္တယ္ မင္းျဖဴငယ့္အေပၚမရိုးဘူးမို႔လားဘုန္းသစ္"
"မင္းသစၥာကိုမင္းလက္လြန္တာမွ ေတာ္ေတာ္ကိုလြန္တာ မ်က္ႏွာေရာ ေခါင္းပါ စိစိညွပ္ညွပ္ေက်သြားတာေနာ္ "
"ငါတို႔က မသတ္ရဘူးလို႔မေျပာပါဘူး မင္းအဲ့တုန္းက ဘာေၾကာင့္စိတ္လြတ္သြားရတာလဲဘုန္းသစ္ "
"ငါ ..ငါက..ငါလဲေသခ်ာမသိဘူး"
"မင္းကြာ ခြန္းအေၾကာင္းမင္းအသိဆုံးေနာ္"
"ငါ့ကိုယ္ငါေတာင္ မသိလိုက္ဘူးေျပာၿပီးၿပီေလ"
"မင္း ျဖဴငယ့္အေပၚခ်က္ခံစားေတြမလြန္ခင္ ျပန္ထိန္းလိုက္ဘုန္းသစ္ ငါတို႔ကေဘးကလူ မင္းထက္ပိုသိတယ္ "
"ငါျဖဴငယ့္အေပၚ ညီမေလးတစ္ေယာက္လိုပဲခ်စ္တာကြ မင္းတို႔မဟုတ္တာမေျပာနဲ႕"
ဘုန္းသစ္ေျပာသာေျပာလိုက္ရေပမယ့္ လိပ္ျပာမလုံသလိုျဖစ္ေနရသည္။
"ေအးပါ ေနာက္မွမင္းဇာတ္ကိုမင္းမနိုင္မွာဆိုးတာ ငါတို႔ကသတိေပးၿပီးၿပီ က်န္တာမင္းကိစၥ"
သူငယ္ခ်င္းအရင္းႀကီးေတြၾကည့္ပဲမလို႔ ၾကားမွဝင္၍မျဖစ္သင့္တာေတြမျဖစ္ေအာင္ ေတဇတို႔ဝင္၍ေျပာေနရျခင္းျဖစ္သည္။
.............
ျဖဴငယ္သတိေမ့ေနသည့္ရက္ႏွင့္တြက္လွ်င္ ေခါင္းေလွ်ာ္ေရခ်ိဳးမလုပ္ရတာ ၆ ရက္ရွိၿပီျဖစ္သည္။ ဒီေန႕ေတာ့ ကိုႀကီးကိုအတင္းေျပာ၍ ေရခ်ိဳးရမည္မို႔ ကိုႀကီးကိုခြၽဲၾကည့္ရန္လုပ္ငန္းစလိုက္ေတာ့သည္။
"ကိုႀကီးေရ ...ကိုႀကီးေရ ..."
ေခၚသံက ပုံမွန္မဟုတ္ပုံေထာက္ရင္ ငယ္တစ္ခုခုပူဆာေတာ့မယ္ဆိုတာ ခြန္းရိပ္မိလိုက္ၿပီျဖစ္သည္။ ေနာက္မွီခုံေပၚထိုင္ေနသည့္ငယ့္အနားသို႔ ခြန္းမုဆိုးဒူးေထာက္ သြားထိုင္လိုက္ေတာ့သည္။
"ေျပာပါအုံး ငယ္ဘာလုပ္ခ်င္လို႔လဲ"
"ျဖဴငယ္ ေရခ်ိဳးခ်င္လို႔ ၿပီးေတာ့ ေခါင္းလဲေလွ်ာ္ခ်င္တာ"
"မရဘူး ေရစိုလို႔မရေသးဘူးဒဏ္ရာက"
"ကိုႀကီးကလဲ ေရမခ်ိဳးရတာၾကာၿပီေလေနာ္ လုပ္ပါေနာ္ ..ေနာ္လို႔..."
လက္ကိုအတင္းဆြဲ၍ ေျပာေနသူေလးကို မလြန္ဆန္နိုင္မွန္းခြန္းသိပါသည္။
"အဲ့တာဆို ကိုႀကီးခ်ိဳးေပးမယ္"
"ဟမ္ မရဘူးေလ "
ျဖဴငယ္လန့္ေတာင္လန့္သြားရေတာ့သည္။
"ကိုယ့္ဘာသာခ်ိဳးမွရမွာေပါ့ "
"ငယ့္ ..စကားနားေထာင္ေလ တစ္ေယာက္ထဲဘယ္လိုလုပ္ရမွာလဲကြ"
"တင့္တင့္ရွိတယ္ေလ တင့္တင့္ကိုေခၚလိုက္မယ္ေလေနာ္ "
"ရတယ္ ေခါင္းေလွ်ာ္တာ ကိုႀကီးလုပ္ေပးမယ္ ခ်ိဳးၿပီးရင္ လွမ္းေခၚလိုက္ေနာ္ "
"ကိုႀကီးကလဲ "
"ေခါင္းမေလွ်ာ္ခ်င္ဘူးလား"
"ဟုတ္ အဲ့တာဆိုေလွ်ာ္ေပးေနာ္"
ငယ့္ကိုတင့္တင့္ကေရခ်ိဳးေပးေနသည္မို႔ ခြန္းအျပင္မွာသာေစာင့္ေနလိုက္ေတာ့သည္။
"အကိုေလး မမေလးေရခ်ိဳးၿပီးၿပီရွင့္ "
"အင္းရၿပီ သြားေတာ့"
"ဟုတ္ "
ေရခ်ိဳးခန္းဆီဝင္လိုက္ေတာ့ ဂါဝန္ေလးဝတ္ထားၿပီျဖစ္သည့္ငယ္က ၾကမ္းျပင္ေပၚ ထိုင္၍ေစာင့္ေနေလသည္။ ဘာမွလိမ္းျခယ္ထားျခင္းမရွိသည့္ငယ့္ မ်က္ႏွာေလးက ခေလးတစ္ေယာက္လို ခ်စ္စရာေကာင္းေနေလၿပီး အၿပဳံးလွလွေလးႏွင့္ႀကိဳဆိုေနသည့္အခါ ႐ူးရၿပီေပါ့ဗ်ာ။
"ကိုႀကီး ေလွ်ာ္တတ္လို႔လား"
"လြယ္လြယ္ေလးကို ဒီမွာထိုင္လိုက္ငယ္ "
ေနာက္မွီခုံေလးတစ္ခုံယူလာၿပီးထိုင္ခိုင္း၍ ငယ့္ဆံပင္ေလးမ်ားကိုေသခ်ာဖီးေပးၿပီး ေရေလာင္းလိုက္၏။ Shampoo ေလးထည့္ၿပီးသည္ႏွင့္ ေသခ်ာႏွိပ္နယ္ေပးလိုက္ေတာ့ မ်က္လုံးေလးမွိတ္လို႔ ဇိမ္ခံေနသည့္ငယ္က တစ္ခ်က္တစ္ခ်က္ ထထရယ္တတ္ေသးသည္။
"ကိုႀကီးက ေခါင္းေလွ်ာ္တာလဲေတာ္တာပဲ"
"အင္း ငယ္နာရင္ေျပာေနာ္ "
"မနာဘူးရတယ္ ဟီးေနလို႔ေကာင္းလို႔"
"အင္းခဏပဲႏွိပ္ေပးမယ္ေနာ္ အၾကာႀကီးဆိုဖ်ားေနမယ္"
"ဟုတ္"
ေခါင္းေလွ်ာ္ၿပီး ငယ့္ဆံပင္ေလးကို ေရသုတ္ေပးရန္ျပင္လိုက္ေတာ့ စို႐ႊဲေနသည့္ဆံပင္ေလးမ်ားက ငယ့္ပခုံးေပၚ ေရေလးမ်ားက်ေနေလသည္။ ထိုျမင္ကြင္းေလးကို ခြန္းမ်က္ေတာင္မခက္တမ္း ၾကည့္မိေတာ့ခြန္းစိတ္ေတြထိန္း၍မရေတာင္ျဖစ္လာရသည္။ ငယ္ရဲ႕လည္တိုင္ေလးက တဂယ္လွသည္။ ေရေလးမ်ားစီးက်ေနသည္ေၾကာင့္လား ခြန္းကိုယ္တိုင္ကပဲ စည္းေက်ာ္ေနခ်င္သည္ေၾကာင့္လား ခြန္းစိတ္အစုံက ကစုံေပါက္ေနၿပီျဖစ္သည္။
ေရွ႕က အ႐ုပ္မေလးကေတာ့ ခြန္းရဲ႕စိတ္ကိုသိပုံမရ မွန္ထဲကေန ၿပဳံးျပေနေသးသည္ေၾကာင့္...
"စိတ္ထိန္းစမ္း ...စိတ္ထိန္းစမ္းခြန္း
ငယ္ကေနမေကာင္းျဖစ္ေနတာေလ
မင္းေၾကာင့္ရတဲ့ဒဏ္ရာကမေပ်ာက္ေသးဘူးေလ မင္းက ဘာေတြေတြးေနတာလဲ မင္းက
ဘာလို႔အဲ့လိုေတြေတြးေနတာလဲကြ..."
ခြန္း စိတ္ထဲကေရ႐ြက္၍ ကိုယ့္ပါးကို ျပန္ရိုက္လိုက္ၿပီး စိတ္ကို ျပန္စုစည္းလိုက္သည္။
"ေျဖာင္း!..."
"အမေလးေတာ့ ..."
႐ုပ္တရက္အသံကက်ယ္သည္ေၾကာင့္ ျဖဴငယ္လန့္သြားရေတာ့သည္။
"ဟမ္ ကိုႀကီးဘာျဖစ္လို႔လဲ"
"ဘာမွမျဖစ္ဘူးငယ္ ျခင္ကိုရိုက္လိုက္တာ"
"ျပပါအုံး ရဲေနၿပီေလကိုႀကီးရဲ႕ ဘာလို႔အားႀကီးနဲ႕ရိုက္တာလဲ"
ဘာမွမသိသည့္ငယ္က ေနာက္သို႔လွည့္၍ ခြန္းရဲ႕ပါးကို လက္ႏုႏုကေလးမ်ားႏွင့္ကိုင္၍ စိုးရိမ္ေပးေနေသးသည္မို႔ ကိုယ့္ကိုပို၍စိတ္ပ်က္ရသည္။
"မနာပါဘူးငယ့္ရဲ႕ Dryer မႈတ္ေပးမယ္ေနာ္"
"ဟုတ္"
ျဖဴငယ္ေရခ်ိဳးၿပီးထဲက အိပ္ခ်င္ေနသည္ကို ညေနခင္းမို႔ မအိပ္ရဘူးဟုေျပာကာ မအိပ္ခိုင္းသည့္ကိုႀကီးေၾကာင့္ တဝွားဝွားႏွင့္သန္းေနရေတာ့သည္။
"ကိုႀကီး ျဖဴငယ္ဇာတ္ကားၾကည့္ခ်င္တယ္"
"ၾကည့္ေလငယ္ရဲ႕"
"ကိုႀကီးနဲ႕ၾကည့္ခ်င္တာ"
"ဟုတ္ပါၿပီဗ်ာ အဲ့ကိုလာခဲ့မယ္"
"ျဖဴငယ္လာခဲ့မယ္ေလ"
"အိပ္ၿပီးၾကည့္ေလငယ္ရဲ႕"
"ျဖဴငယ့္ဒဏ္ရာက သက္သာေနၿပီေလ
လွဲမေနခ်င္ဘူး လာၿပီေနာ္"
စာဖက္ခန္းတံခါးဝကေန ပုန္းၿပီးေျပာေနသည့္ငယ္က ခြန္းဆီေလွ်ာက္လာၿပီး ထိုင္ေနသည့္ခြန္း ေပါင္ေပၚ ေခြေခြေလးလာထိုင္ေလသည္။ ခြန္းကိုငယ္က ခ်စ္ပါတယ္ေျပာၿပီးေဆး႐ုံကဆင္းထဲက အျပဳမူေလးကအစ ရင္းႏွီးလာသည္မို႔ ခြန္းမွာ စိတ္ထဲၾကည္ႏူးရသည္။
"အင္း ဘယ္ကားလဲ "
"fighting ကားၾကည့္ခ်င္လို႔"
"ဟား ငယ္က Romance ကားၾကည့္မယ္ထင္တာ"
"fighting ကားၾကည့္ၿပီး သင္မလို႔ "
"ငယ္က ဘာသင္မို႔လဲ"
"ခ်တာေလ ေနာက္ခါ ကိုႀကီးကို ရန္စၿပီး ခ်တဲ့လူရွိရင္ ျဖဴငယ္က ခ်ကဴမလို႔ ဟီး..."
အေတြးေလးကခ်စ္စရာေကာင္းေပမယ့္လဲ ေသခ်ာေတြးၾကည့္လွ်င္စိတ္မေကာင္းျဖစ္ရေလသည္။
"ငယ္ကကြာ ေနာက္တစ္ခါအဲလိုရန္ျဖစ္မွာမဟုတ္ေတာ့ဘူးစိတ္ခ် ၿပီးေတာ့ ျဖစ္ခဲ့ရင္လဲ ငယ္ဝင္မပါရဘူး အခုလိုကိုႀကီးအစား
ဝင္ၿပီးလဲ ဓားထိုးမခံရဘူး "
"ကိုႀကီးကလဲ ျဖဴငယ္က ဘာမွမလုပ္နိုင္ပဲ ၾကည့္မေနနိုင္ဘူးေလ "
"ငယ္ မေၾကာက္ဘူးလား အဲ့တုန္းက"
"ဟင့္အင္း ..."
"ဘာလို႔မေၾကာက္တာလဲ "
"တစ္ခုေတာ့ေၾကာက္တယ္ အဲ့တုန္းက ကိုႀကီးကိုဘာမွမကူနိုင္ပဲ ရပ္ၾကည့္ေနတဲ့အခ်ိန္ေလ အဲ့တုန္းကေတြးၿပီးေၾကာက္တာက ကိုႀကီးတစ္ခုခုျဖစ္သြားမွာဆိုးတာ"
"အဲ့တာေၾကာင့္ အစားဝင္ခံလိုက္တာေပါ့"
"အင္း ကိုႀကီးအေပၚက်လာမယ့္ ရိုက္ခ်က္ေလးတစ္ခုကိုျဖစ္ျဖစ္ျဖဴငယ္က တားဆီးေပးခ်င္တာ ဓားကိုျမင္ေတာ့ ျဖဴငယ္ေၾကာက္သြားတာတအားပဲ ကိုႀကီးအထိုးခံရၿပီးနာသြားမွာကိုေလ "
"ငယ္နာမွာက်ေတာ့ မေတြးဘူးေပါ့"
"အဲ့လိုအေတြးမရွိပါဘူးဆို ကိုႀကီးကိုကာကြယ္ေပးခ်င္တာပဲသိတယ္အဲ့တုန္းက"
"ငယ္က သတၱိခဲေလးပဲ"
"ဟီး ဒါမယ့္ အခုျပန္ေတြးၾကည့္ေတာ့တစ္မ်ိဳးႀကီးပဲ အူယားလို႔ "
"ေဟာဗ်ာ ငယ္ကမေၾကာက္ပဲအူယားေနတာလား"
"ဓားက ျဖဴငယ့္ဗိုက္ဆီဝင္သြားတာေလ ေတြးၿပီးအူယားေနတာ ၿပိးေတာ့ ဇာတ္ကားထဲ
ကလို ဇြတ္လို႔ျမည္ေသးလားေတာင္ေသခ်ာ
မသိလိုက္ဘူး"
"ဟား ငယ္ကအဲ့တာမသိလိုက္လို႔လား"
"အင္း ဘာမွမၾကားလိုက္ရဘူး"
လက္ကာျပၿပီးေျပာေနတဲ့ငယ္က တဂယ္ပဲ အဲ့လိုေတြးခဲ့သည္တဲ့လား ခေလးဆန္သည့္အေတြးျဖစ္ေပမယ့္ ငယ္လုပ္ရပ္ကရင့္က်က္လြန္းသည့္ေ႐ြးခ်ယ္မႈမလား။ ရင္ခြင္ထဲကငယ့္ကိုငုံၾကည့္၍ ခြန္းသက္ျပင္းေလးခ်မိသည္။ ဒါနဲ႕ဆို ခြန္းေနာက္က်တာ ႏွစ္ခါရွိၿပီမို႔လား ျပသနာကိုမတားနိုင္သလို ႏွစ္ခါလုံးငယ္ပဲ ထိခိုက္ေနရသည္မဟုတ္လား။
"ကိုႀကီးသိတဲ့ fighting ကားရွိလား"
"အင္း ဂ်ပန္နပန္းလုံးပြဲေတာ့ သိတယ္"
"ခ်တာေတြပါတယ္ေပါ့"
"အင္းပါတာေပါ့ ေတာ္ေတာ္လဲၾကမ္းတယ္"
"ဟုတ္လား ျပ အဲ့ကား"
"အဲ့တာက ငယ္မၾကည့္ပါနဲ႕ အျခားကားၾကည့္"
"ဟင္ ေျပာေတာ့ ၾကမ္းတယ္ဆို ၾကည့္ခ်င္တယ္ေလ ျပ"
"ဂ်က္ကီခ်န္းကားၾကည့္ေနာ္ ေကာင္းတဲ့ကားေတြအမ်ားႀကီးပဲ"
"ဟြန္း ၿပီးေရာ "
ဂ်ပန္နပန္းပြဲျပလိုက္ရင္ ငယ္ထြက္ေျပးသြားမွာေပါ့ကြ။ ဘာကားမွန္းမသိပဲ ၾကည့္ခ်င္တယ္လုပ္ေနသည့္ငယ္ေၾကာင့္ရယ္ခ်င္မိသည္။ ခြန္းကလဲေျပာမိသည္ကို။
fighting ကားၾကည့္မယ္ေျပာၿပီး ဇာတ္ကားစထဲက မွီၿပီးအိပ္ေနသည့္ငယ္က ခြန္း၏ခါးဆီမွငယ့္လက္ကေတာ့လႊတ္မသြားပဲ ၿမဲ၍ေနေလသည္။ အိပ္ခ်င္လို႔ဇာတ္ကားၾကည့္မယ္လုပ္ေနမွန္းခြန္းသိပါသည္။ ဒီခေလးက တစ္ခါတစ္ခါ သူလိုခ်င္တာကို သြယ္ဝိုက္ၿပီးလဲ ရယူတတ္ေသးသည္ကို ခြန္းေသခ်ာစြာသိလိုက္ရၿပီေလ။
ေမေမဧည့္ခန္တြင္ထိုင္ေနသည္ကို ေမေမ့နားကပ္၍ ခြၽဲရန္ျပင္ေနသည့္ ငယ့္ေၾကာင့္ တစ္ဖက္က ခုံတြင္ထိုင္၍ဖုန္းသုံးဟန္ေဆာင္ေနလိုက္သည္။ ငယ္ဘယ္လိုမ်ားေျပာမလဲ ခြန္းသိခ်င္မိပါရဲ႕ေလ။
"အန္တီေမေရ ကိုႀကီးကိုေျပာေပးပါအုံး "
"ေမေမ့နားမေထာင္နဲ႕"
ခြန္းဝင္ေျပာလိုက္ေတာ့ မ်က္ေစာင္းေလးထိုးသြားေလသည္။
"သမီးကို အလုပ္မေခၚဘူးတဲ့ "
"ေမေမ့ လိုက္လို႔မရဘူးလို႔ေျပာလိုက္"
"ျဖဴငယ္ကလိုက္မွာပဲလို႔ေျပာေပး အန္တီေမ"
"အခန္းထဲ တံခါးပိတ္ခဲ့မွာလို႔ေျပာလိုက္
ေမေမ"
"ပိတ္ခဲ့ေပါ့ ေရအၾကာႀကီးခ်ိဳးၿပီး ေခါင္းေရာ အၾကာႀကီးေလွ်ာ္ပစ္မွာလို႔ ေျပာေပးအန္တီေမ့"
"အဲ့လိုလုပ္မွာဆိုးလို႔ ႀကိဳးနဲ႕တုတ္ခဲ့မွာလို႔ေျပာလိုက္ေမေမ့"
"အဲ့က်ရင္ ျဖဴငယ္အၾကာႀကီးေမ့လဲတဲ့အထိ ငိုေနမွာလို႔ေျပာေပး အန္တီေမ"
"ငယ့္ "
"ဘာလဲ"
"အစထဲက အဲ့လိုေျပာလိုက္ၾကပါလား အခုေတာ့ေမေမက ၾကားက ဘယ္သူ႕စကားေျပာရမွန္းမသိေတာ့ဘူးကြယ္"
"ေမေမ့သမီးက ေျပာလို႔ကိုမရတာ"
"ျဖဴငယ္က ေကာင္းေနၿပီကို "
"မရဘူးငယ္"
"ငိုမွာေနာ္... ငိုေတာ့မွာေနာ္.. "
ေနာက္ဆုံးအကြက္ကိုငယ္က ထုတ္သုံးေနၿပီျဖစ္သည္။
"ငယ္ကကြာ"
"တဂယ္ငိုမွာေနာ္ ငိုၿပီေနာ္ ..အီး..."
"ကဲပါေဒၚျဖဴငယ္ရယ္ ကြၽန္ေတာ္မ်ိဳး အရႈံးေပးပါတယ္"
"ဟီးအဲ့လိုလုပ္ပါ အင္းက်ီက လဲၿပီးသားသြားမယ္ေလ"
ညထဲက ဂ်ီက်ေနသည့္ငယ္က မနက္ေရာက္ေတာ့လဲ ဆက္ဂ်ီက်တဳန္း၍ အလုပ္လိုက္မယ္သာတစ္တြတ္တြတ္ေျပာေနေလသည္။ ေျပာမရတဲ့အဆုံး ေခၚသြားဖို႔ပဲ ရွိေတာ့သည္မဟုတ္လား။
ျဖဴငယ့္ကိုအိမ္မွာပဲေနခိုင္းတာ 3 ပတ္ေလာက္ရွိၿပီေလ ပ်င္းတာေပါ့ သူက်ေတာ့အလုပ္သြားၿပီး ျဖဴငယ့္ကိုမေခၚဘူးတဲ့ေလ ရမလား ျဖဴငယ္လဲလိုက္မွာေပါ့ ငိုမယ္ဆိုၿပီးတစ္ကြက္ပဲထုတ္သုံးရေသးသည္ကိုေတာင္ ကိုႀကီးက အရႈံးေပးေနၿပီေလ ဟီး ျဖဴငယ္ေတာ္တယ္မဟုတ္လား။
ျဖဴငယ့္ကိုထားၿပီး အစည္းေဝးခန္းသြားသည့္ကိုႀကီးေၾကာင့္ ျဖဴငယ္အခန္းထဲအိပ္ပဲေနရသည္။ ပ်င္းလို႔ အျပင္သို႔မမစမိုင္းမသိေအာင္ခိုးထြက္လာခဲ့လိုက္သည္ကာ ေလွ်ာက္၍လည္ပစ္လိုက္ေတာ့သည္။
"ခြန္းေစရာ မတ္မတ္ရပ္ေနစမ္း..."
"ဟုတ္"
"မင္းကေလ ဒါေလးေတာင္အသုံးမက်ရင္ လုပ္ငန္းေတြဘယ္လိုဦးစီးမလဲကြ"
"မွားသြားပါတယ္လို႔ေျပာၿပီးၿပီပဲ"
"ဘာကြ ငါေကာက္ေပါက္လိုက္ရ"
ျဖဴငယ္ျပန္လာေတာ့ ကိုႀကီးက လက္ေနာက္ပစ္၍ ရပ္ေနၿပီး ထိုဦးေလးႀကီးက
ကိုႀကီးခုံမွာထိုင္ေနသည္ကိုေတြ႕လိုက္ရသည္။ အေျခေနကထူးဆန္းေနသလို ဖန္ခြက္ကိုကိုင္၍ ကိုႀကီးဆီပစ္ေပါက္ရန္အသင့္အေနထားျဖစ္ေနသည္ေၾကာင့္ ျဖဴငယ္ကိုႀကီးဆီေျပးသြားလိုက္၏။
"အမ္ အယ္ အယ္ ဦးေလးႀကီးကဘယ္သူလဲ"
"မင္းကေရာ ဘယ္သူလဲ"
"စကားနဲ႕ေျပာပါလားလို႔ ဘာလို႔ သူမ်ားကိုႀကီးကို ႐ြယ္ေနတာလဲ"
"ငယ့္ ေနာက္ဆုတ္ေန "
ခြန္းရဲ႕ေရွ႕မွာပိတ္ရပ္ၿပီး ငယ့္လက္မ်ားကို ေဘးသို႔ဆန့္၍ ခြန္းကိုကာကြယ္ေပးေနသည့္ငယ္က ေနာက္ဆုတ္ခိုင္းလိုက္ေတာ့ ေနာက္ကိုလွည့္ၿပီး တိုးတိုးေလးလာေျပာေလသည္။
"ကိုႀကီးမေၾကာက္နဲ႕ ျဖဴငယ္ရွိတယ္"
"ဦးေလးႀကီးက ဘာလို႔ဒီမွာရွိေနတာလဲ"
"ဘာလို႔လို႔ထင္လဲ"
"အြန္းျဖဴငယ္သိပ္ေတာ့မသိဘူး ကိုႀကီးနဲ႕ရန္ၿငိဳးရွိတဲ့လူမို႔လား"
"မဆိုးပါဘူး မွန္းတာေတာ္သားပဲ "
"ဟမ္ တဂယ္ႀကီးလား "
"ဟုတ္တယ္"
"ဘာမွန္းေတာ့မသိေပမယ့္ ကိုႀကီးက အရင္လိုမဆိုးေတာ့ဘူး လိမၼာေနၿပီလို႔ အဲ့တာေၾကာင့္ရန္ျဖစ္လို႔မရဘူး "
"ဒါမယ့္ ဦးက ရန္ျဖစ္လို႔ရတယ္ေလ"
ျဖဴငယ္အၾကပ္ရိုက္သြားရသည္။
"အဲ့တာဆို ျဖဴငယ္ကကိုႀကီးအစားရန္ျဖစ္ေပးမယ္ေလ ရတယ္မို႔လား"
"ငယ့္ ဘာေတြေျပာေနတာလဲ"
"ျဖဴငယ္ကာကြယ္ေပးမယ္ မေၾကာက္နဲ႕ေနာ္"
တဂယ္ပါကြာ ခြန္းကို ဒီေသးေသးေလးက ကြာကြယ္ေပးမယ္တဲ့ေလ ေအာ္ရယ္ခ်င္ေပမယ့္ ေရွ႕က ေဖေဖက မ်က္စိမွိတ္ျပ၍ ၿငိမ္ေနရသည္။
"အဲ့ေကာင္က လူတစ္ေယာက္ကိုမကာကြယ္နိုင္လို႔ဆုံးမေနတာ"
"ဘယ္သူလဲ အဲ့တာ"
"ဦးရဲ႕ ေ႐ႊးမေလာင္း "
"အဲ့တာကိုႀကီးနဲ႕ ဘာဆိုင္လို႔လဲ"
"ဆိုင္တာေပါ့ သူ႕အနာဂတ္သတို႔သမီးေလာင္းေလ"
"ဟမ္ ေနပါအုံး ျဖဴငယ္စဥ္းစားလိုက္အုံးမယ္"
ျဖဴငယ္က အဲ့လိုေတြမစပ္တတ္ပါဘူးဆို ေျပာတဲ့စကားက ရႈပ္ေန၍ ခဏစဥ္းစားလိုက္သည္။
"ကိုႀကီးကသတိုးသမီးေလာင္းရွိတာလား"
ေအာ္ သိၿပီထင္လိုက္တာေလကြာ။ ဒီငရစ္ေလး ဒါက်ေတာ့မသိေတာ့ဘူးေပါ့ေလ။
"ကိုႀကီးကျဖဴငယ့္အျပင္ ေနာက္ထပ္လူရွိေသးတာေပါ့"
ေနာက္သို႔လွည့္လာသည့္ငယ္က ငိုမဲ့မဲ့ေလးျဖစ္ေနေလသည္။
"မဟုတ္ဘူးေလ ကိုႀကီးသတိုးသမီးေလာင္းကငယ္ေလကြာ"
ျဖဴငယ္စိတ္သက္သာရာရသြား၍ ျပန္ေတြးမိလိုက္သည္။
"အဲ့ဦးႀကီးရဲ႕ေခြၽးမေလာင္း ကိုႀကီးရဲ႕သတိုးသမီးေလာင္း ၿပီးေတာ့သတိုးသမီးေလာင္းကျဖဴငယ္တဲ့.."
"ဟမ္ အဲ့တာဆိုကိုႀကီးေဖေဖေပါ့ "
"အြန္း မွန္သြားၿပီပဲကြ"
"သြားပါၿပီ ကိုႀကီးဘာလို႔အေစာက မေျပာတာလဲ"
ခြန္း ေဖေဖမွန္းသိသြားေတာ့ ခြန္းေရွ႕ကေန ဘယ္လိုအေနာက္ေရာက္သြားမွန္းမသိသည့္ငယ္က ပုန္းေနသည္တဲ့ဗ်ာ။
"ဟိုဟာ ကိုႀကီးတို႔ေအးေဆးစကားေျပာေနာ္ ျဖဴငယ္အျပင္ကေစာင့္ေနမယ္"
ျဖဴငယ္ကိုယ့္ေသတြင္းကို တူးမိတာမွန္းသိရေတာ့ စကားလမ္းေၾကာင္းလႊဲ၍ အျမန္ေျပးထြက္လာခဲ့လိုက္သည္။
"ဟား ဟား ..မဆိုးဘူး
ငါ့သား အေ႐ြးေတာ္တယ္"
"ေဖေဖ့သားပဲ "
"ဒါမယ့္ သားေမေမတုန္းက ပိုေခ်ာတယ္ကြ"
"ငယ္က ပိုခ်စ္စရာေကာင္းတာပါ "
"မင္းေမေမကမွ ပိုၿပီးရင့္က်က္တာကြ"
"ငယ္က ပိုျဖဴစင္တာပါေဖေဖကလဲ
ၿပီးေတာ့ ငယ္က ဘယ္လိုၾကည့္ၾကည့္ခ်စ္စရာေလးမျမင္ဘူးလား"
"ငါလုပ္လိုက္ရ မင္းေမေမက ပိုၿပီး ၿပီးျပည့္စုံတာမင္းမသိပဲနဲ႕"
"ငယ္က ပိုၿပီးအရာရာျပည့္စုံေနတာ ေဖေဖလဲျမင္တာပဲ"
သားဖႏွစ္ေယာက္ ပခုံးဖက္၍ တန္ဖိုးထားရသည့္လူႏွစ္ေယာက္ကို ၿပိဳင္ေျပာေနၾကသည္က အထင္းသားခ်စ္စရာေကာင္းစြာရွိေနၾကသည္။ လြတ္လပ္တဲ့မိသားစုျဖစ္တာေၾကာင့္လဲပါမည္ နားလည္မႈအျပည့္ရွိသည့္ခြန္းတို႔မိသားစုေလးက ဒီလိုမ်ိဳးပဲ အၿမဲေပ်ာ္စရာေကာင္းခဲ့သည္မဟုတ္လား။ အခုေတာ့ငယ္ေရာ ပါလာသည္မို႔ ပိုၿပီး မိသားစုေလးၿပီးျပည့္စုံခဲ့ရၿပီျဖစ္၏။
Words 3056