မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင...

By harley__robbie

278K 4.7K 92

​" နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ ၁၅၀၀ နဲ့ ၅၂၈ သီအိုရမ်မေတ္တာအစုအပုံတွေ တစ်စတစ်စ ပေါက်ဖွားလာတယ်။ အဲဒါဘယ်သ... More

To Dear Honeys 🍯
Thein Mwae San Nwe's Art
Nay Han Mine's Art
✽ အပိုင်း ၁ ✽
✽ အပိုင်း ၂ ✽
✽ အပိုင်း ၃ ✽
✽ အပိုင်း ၄ ✽
✽ အပိုင်း ၅ ✽
✽ အပိုင်း ၆ ✽
✽ အပိုင်း ၈ ✽
✽ အပိုင်း ၉ ✽
✽ အပိုင်း ၁၀ ✽
✽ အပိုင်း ၁၁ ✽
✽ အပိုင်း ၁၂ ✽
✽ အပိုင်း ၁၃ ✽
✽ အပိုင်း ၁၄ ✽
✽ အပိုင်း ၁၅ ✽
✽ အပိုင်း ၁၆ ✽
✽ အပိုင်း ၁၇ ✽
✽ အပိုင်း ၁၈ ✽
✽ အပိုင်း ၁၉ ✽
✽ အပိုင်း ၂၀ ✽
✽ အပိုင်း ၂၁ ✽
✽ အပိုင်း ၂၂ ✽
✽ အပိုင်း ၂၃ ✽
✽ အပိုင်း ၂၄ ✽
✽ အပိုင်း ၂၅ ✽
✽ အပိုင်း ၂၆ ✽
✽ အပိုင်း ၂၇ ✽
✽ အပိုင်း ၂၈ ✽
✽ အပိုင်း ၂၉ ✽
✽ အပိုင်း ၃၀ ✽
✽ အပိုင်း ၃၁ ✽ (ဇာတ်သိမ်းပိုင်း)
PDF File version (Unicode)
New OC Fiction Announcement (Unicode)
1 (Zaw)
2 (Z)
3 (Z)
4 (Z)
5 (Z)
6 (Z)
7 (Z)
8 (Z)
9 (Z)
10 (Z)
11 (Z)
12 (Z)
13 (Z)
14 (Z)
15 (Z)
16 (Z)
17 (Z)
18 (Z) 🔞⚠️‼️
19 (Z)
20 (Z)
21 (Z)
22 (Z) 🔞
23 (Z)
24 (Z)
25 (Z) 🔞
26 (Z) 🔞
27 (Z)
28 (Z)
29 (Z)
30 (Z)
31 (Z) Final Part
PDF File Ver (Zawgyi)
New OC Fiction Announcement (Zawgyi)

✽ အပိုင်း ၇ ✽

6.1K 158 0
By harley__robbie



" ကိုယ့်ဘဝမှာ အမေပြီးရင် အချစ်ဆုံးအမျိုးသမီးက မင်းဖြစ်လာလောက်တယ် မွေ့စံ "

သူ့စကားက သိမ်မွေ့စံနွယ်၏နှလုံးသားကို နွေးခနဲဖြစ်သွားစေရုံမက သူမ၏ပါးဖောင်းဖောင်းလေးပေါ်တွင် အပြုံးချိုချိုလေးတစ်ခုပေါ်လာအောင်လည်း ဖန်တီးပေးခဲ့သည်။

" ဖြစ်လာအောင်လုပ်မယ် ... "

သိမ်မွေ့စံနွယ်မှာ နေဟန်မှိုင်းကို အပြုံးလေးနှင့်တစိမ့်စိမ့်ကြည့်နေရင်း သူ၏နဖူးထိပ်က ဆံပင်ကောက်ကောက်လေးများကို သူမလက်ကလေးများဖြင့် ကိုင်တွယ်နေပြီး ဆော့နေခဲ့သည်။

" ကိုကို့ဆံပင်က နဂိုကောက်လေးတွေလား "

" အွန်း နဂိုကောက် ... "

" ကောင်းလိုက်တာ ... မွေ့စံတို့မိန်းကလေးတွေလို ဆိုင်မှာသွားပြီး ဆံပင်ကောက်စရာမလိုဘူး "

" ဆံပင်မကောက်ပါနဲ့ ... ခုတောင် မွေ့စံဆံပင်လေးက ဆေးဆိုးထားလို့နေမယ်၊ ဆံပင်အဖျားတွေတော်တော်နာပြီး နှစ်ခွနေပြီ၊ ဆံပင်ကောက်လိုက်ရင် ဆံသားကောင်းတော့မှာ မဟုတ်ဘူး "

နေဟန်မှိုင်း၏လက်များကလည်း သူမလေး၏ရွှေအိုရောင်ဆံနွယ်လေးများကို တစ်မျှင်ချင်း ယုယစွာ ကြည့်ရှုစစ်ဆေးနေခဲ့သည်။ ထို့နောက် အိစက်နေသော သူ့မွေ့စံပါးပြင်လေးကို အနမ်းပေးခဲ့သည်။

" အိမ်ပြန်သင့်နေပြီ ... လူကြီးတွေစိတ်ပူနေမယ်၊ နှစ်ယောက်သား အဆင်ပြေတဲ့အချိန် ထပ်တွေ့ကြတာပေါ့ "

" အယ် ... ဒါနဲ့ ကိုကို့ဘက်က ကတိတည်ရမယ်နော်၊ ဒီနေ့က ရည်းစားစဖြစ်တဲ့နေ့ဆိုတော့ နောက်ပိုင်းကျရင် မွေ့စံတို့ရဲ့anniversary ဖြစ်လာမှာ ကိုကိုမမေ့ရဘူးနော် "

" အွန်း ... မမေ့ဘူး "

နေဟန်မှိုင်းလည်း အသာတကြည် ခေါင်းငြိမ့်လျက် ပါးချိုင့်အနည်းငယ်ပေါ်သည်အထိ ပြုံးခဲ့သည်။ ထို့နောက် သိမ်မွေ့စံနွယ်မှာ သူမ၏ညာဘက်လက်ကောက်ဝတ်တွင် ပတ်ထားသော ပန်းပွင့်ပုံလေးများပါဝင်သည့် နံ့သာရောင်ခေါင်းစည်ကြိုးလေးကို ဖြုတ်လိုက်ကာ နေဟန်မှိုင်း၏ဘယ်ဘက်လက်တွင် ဝတ်ဆင်ပေးခဲ့သည်။

" မွေ့စံကို အချိန်တ်ိုင်းသတိရနေအောင်လို့ ကိုကို့ကို လက်ဆောင်ပေးထားတာ ... ဒီလက်ပတ်ကို ကိုကိုစိတ်ခံစားချက်မကောင်းတဲ့အခါ၊ အထီးကျန်ဆန်နေတဲ့အချိန်တွေရယ် ပြီးတော့ ကံမကောင်းဘူးလို့ခံစားလာရရင် ဒီခေါင်းစည်းကြိုးလေးကို ကံကောင်းခြင်းလက်ပတ်လေးအနေနဲ့ ပတ်ထားပေးနော် "

နေဟန်မှိုင်းလည်း သူ့လက်က နံ့သာရောင်ခေါင်းစည်းကြိုးလေးကို ပီတိအပြုံးနှင့်ကြည့်နေခဲ့သည်။ သူ့ဘဝတွင် မိဘနှစ်ပါးဆုံးပြီးချိန်၌ မည်သူတစ်ဦးတစ်ယောက်ထံမှ လက်ဆောင်မရရှိခဲ့သည်မှာ နှစ်အတော်ကြာခဲ့လေပြီ။ ထို့ကြောင့် တန်ဖိုးမမြင့်သော ဤလက်ဆောင်ငယ်လေးအား အလွန်သဘောကျမိလျက်။

" အွန်း ... ကိုယ်သေချာသိမ်းထားပြီး လိုအပ်တဲ့အချိန် ထုတ်ဝတ်မယ် "

" ဟုတ်ပြီ၊ ကိုကိုကရော ဘာလက်ဆောင်ပေးမှာလဲ ... ခုပေးစရာမရှိလည်း နောက်ကျပေးရမယ်နော် "

သူမ၏စကားကြောင့် နေဟန်မှိုင်းခေါင်းထဲတွင် ပေါ်လာသည်မှာ သူ၏အမည်းရောင်လက်ကိုင်ပဝါပင်။

" လောလောဆယ် မွေ့စံလေးကိုပေးထားတဲ့လက်ကိုင်ပဝါရှိမယ် "

" အာ ... ဟုတ်သားပဲနော်၊ ကိုကို့လက်ကိုင်ပဝါရှိတာပဲ၊ မွေ့စံအပိုင်ယူသွားပြီ "

" ဒါနဲ့ ... "

နေဟန်မှိုင်းမှာ စကားကိုအဆုံးထိမပြောနိုင်ဘဲ အသက်တစ်ချက်ရှူရှိုက်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း လေရှူထုတ်ခဲ့သည်။ ထို့နောက်တွင် သူ၏စကားကို ပြန်ဆက်ပြောဖို့ ပြင်လိုက်သည်။

" ကိုယ့်ကိုရွေးချယ်လိုက်လို့ နောင်တရမိတဲ့အချိန်တွေရှိလာခဲ့ရင် လမ်းခွဲချင်လည်းရတယ်နော် ... မွေ့စံလေးကို တစ်သက်လုံးပျော်အောင်ထားပါ့မယ်တို့၊ အမြဲတမ်းရှိနေပါ့မယ်တို့ ကိုယ်ကတိမပေးနိုင်တာ ခွင့်လွှတ်ပါ၊ ဒါကတော့ ကိုယ်က ဒုစရိုက်ကောင်ဖြစ်နေလို့လေ၊ ဒါပေမဲ့ ကိုယ့်ဘဝထဲကို မွေ့စံဝင်လာတာ နှစ်ကြာလာရင်တော့ ကိုယ်ဒီလောကကနေ ရအောင်ကို ထွက်မှာပါ၊ မွေ့စံအနေနဲ့ ကိုယ်လူကောင်းတစ်ယောက်ဖြစ်လာဖို့ အချိန်တွေတော့ အများကြီးစောင့်ရလိမ့်မယ် "

" အို စောင့်မှာပေါ့၊ ယောကျာ်းလေးတွေက သူတို့တကယ်ချစ်တဲ့မိန်းကလေးတွေအတွက်ဆို သူတို့ဘာသာ သူတို့အသိစိတ်နဲ့ပြောင်းလဲနိုင်ကြတယ် ... လူကောင်းတစ်ယောက်ဖြစ်ဖို့ကိုပေါ့၊ ကိုကိုကသာ အကောင်းဆုံးကြိုးစားမယ်ဆို မွေ့စံ စိတ်ရှည်ရှည်စောင့်ပေးနိုင်တာပေါ့၊ ကိုကို ဒီလိုလူ-တ်တာတွေ မလုပ်ချင်လည်း တခြားကောင်းတဲ့အလုပ်တွေအများကြီးလုပ်လို့ရတာပဲ၊ မွေ့စံလည်း ကူညီပေးနိုင်တယ် "

" အွန်း အွန်း ... လောလောဆယ် လက်ခံထားတဲ့အလုပ်တွေ ၁၀ ခုလောက်ရှိတယ်။ အခြေအနေပေါ်မူတည်ပြီး အချိန်က ၁နှစ်ကျော်လောက်ကြာလိမ့်မယ် "

ထို့နောက် မိနစ်အနည်းငယ်ကြာအောင် စကားအဆက်ပြတ်သွားကြပြီး တိတ်ဆိတ်သွားကြသည်။ နေဟန်မှိုင်းလည်း အချိန်မဆွဲနေတော့ဘဲ ကားနောက်ခန်းကနေ အရင်ထွက်လာကာ ကားတံခါးပိတ်လိုက်သည်။ သိမ်မွေ့စံနွယ် ထိုင်နေသည့်ဘေးဖက်က ကားတံခါးကို လာဖွင့်ပေးကာ သူမကို ကားအပြင်သို့ထွက်စေခဲ့ပြီးနောက် ရှေ့ခန်းမှာ ထိုင်ခိုင်းခဲ့သည်။ သိမ်မွေ့စံနွယ် ထိုင်ခုံမှာထိုင်ခဲ့ပြီးချိန်၌ သူမကို ထိုင်ခုံခါးပတ် ပတ်ပေးခဲ့သည်။ ထို့နောက် သူ၏ဒရိုင်ဘာထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ကားတံခါးပိတ်လိုက်သည်။ ကားစက်နိုးပြီးနောက် ...

" ကဲ ... မွေ့စံလေးနေတဲ့နေရာပြော "

သိမ်မွေ့စံနွယ်လည်း အပြုံးလေးနှင့် နေဟန်မှိုင်းကိုကြည့်ခဲ့ပြီးနောက် သူမ၏အိမ်လိပ်စာကိုပြောပြပေးခဲ့သည်။ ကားပေါ်တွင် သိမ်မွေ့စံနွယ်မှာ နေဟန်မှိုင်းကို တောင်းဆိုချင်သည့်ကိစ္စတစ်ခုရှိနေခဲ့ပြီး ပြောသင့်မပြောသင့် စဥ်းစားနေခဲ့ကာ နေဟန်မှိုင်းဘက်ကိုပဲ တစ်ချိန်လုံးကြည့်နေခဲ့သည်။ စိတ်ဖတ်တော်သော နေဟန်မှိုင်းလည်း သိမ်မွေ့စံနွယ်၏မျက်နှာဟန်ပန်အမူအရာကိုကြည့်ကာ ရိပ်မိခဲ့သည်။

" မွေ့စံလေး ... ကိုယ့်ကိုဘာပြောချင်လို့လဲ "

" ကိုကိုအဆင်ပြေမယ်ဆိုရင် မွေ့စံရဲ့အိမ်ကိုခဏလိုက်ခဲ့ပေးလို့ရမလားဟင်၊ မွေ့စံရဲ့ မိသားစုက ကိုကို့ကို ရုပ်မမြင်ဖူးဘဲနဲ့ကျေးဇူးတင်နေခဲ့ကြတာ ... ကိုကို အဆင်ပြေမပြေမသိလို့ "

နေဟန်မှိုင်းလည်း ကားမောင်းနေရင်း သိမ်မွေ့စံနွယ်၏စကားကို မိနစ်အနည်းငယ်ကြာအောင် စဥ်းစားနေခဲ့သည်။

" ခဏလောက်ဆို အဆင်ပြေတယ်မလား "

" အွန်း ပြေတယ်၊ ပြေတယ် "

ဤသို့ဖြင့် သူမနေထိုင်ရာ တိုက်ခန်းရှေ့သို့ မကြာခင်တွင် ရောက်ရှိလာခဲ့ပြီးနောက် သိမ်မွေ့စံနွယ်၏အိမ်သားများမှာ တိုက်ခန်းအောက်တွင် မတ်တပ်ရပ်စောင့်နေခဲ့ကြသည်ကို သူမနှင့်နေဟန်မှိုင်းက မြင်ခဲ့သည်။ သိမ်မွေ့စံနွယ်လည်း ကားတံခါးဖွင့်ကာ ချက်ချင်းဆင်းသွားခဲ့သည်။

" ဟယ် ... ငါ့သမီးရယ်၊ ငါတို့မှာ ညဥ်းကိုဖုန်းတွေတောက်လျှောက်ဆက်နေကြတာ ဆက်မရလို့ ရုံးကိုလိုက်လာကြဖို့ပြင်နေကြတာ "

ဒေါ်လေးဥမ္မာမှာ စိတ်ပူတကြီးပြောခဲ့ရင်း ကားပေါ်ကဆင်းလာသော နေဟန်မှိုင်းကိုမြင်လျှင် မျက်မှောင်ကြုတ်ကာ ကြည့်ခဲ့သည်။

" ဟဲ့ကောင်မလေး ... ညဥ်း ဖယ်ရီနဲ့မပြန်လာဘဲ ဘယ်သူ့ကားနဲ့ပြန်လာရတာတုန်း "

" အေး ... မွေ့စံ၊ ဟိုလူက ဘယ်သူတုန်းဟ "

ဒေါ်လေးဥမ္မာနှင့် ဦးလေးစံကျော်တို့ မောင်နှမနှစ်ယောက်က စပ်စုစွာ မေးခဲ့ကြချိန်၌ ဒေါ်မာမိန်ကလည်း ကြောင်တောင်တောင်ဖြင့် နေဟန်မှိုင်းကို ကြည့်နေခဲ့သည်။

" အယ် ... အဲဒါဦးနေဟန်မှိုင်းလေ၊ ပြောရအုံးမယ်၊ ဦးကသမီးရုံးကို ဆိုင်းမဆင့်ဗုံမဆင့်ရောက်ချလာပြီး သမီးကိုလာတွေ့တာ သိလား "

သိမ်မွေ့စံနွယ်၏ပီရိသောမုသားစကားကို သူတို့လည်း ယုံကြည်သွားကြကာ သုံးယောက်စလုံးလည်း မျက်နှာစပ်ဖြီးဖြီးနှင့် သူတို့လိုရာဆွဲတွေးခဲ့ကြသည်။ နေဟန်မှိုင်းမှာလည်း သူတို့နားကို လမ်းလျှောက်လာခဲ့ကာ ရပ်နေခဲ့သည်။

" ဟယ် ... ငါ့တူကြီးက အရပ်ကြီးရှည်ကြီးပဲကွ၊ ဂေါ်ဇီလာကြီးအတိုင်းပဲ၊ ယောကျာ်းချင်းတောင် ငါမော်ကြည့်နေရတယ်၊ တောင့်လို့ဖြောင့်လို့ပါလား တူကြီးရယ်၊ သိမ်မွေ့စံနွယ်ရဲ့အနာဂတ်ယောကျာ်းလောင်းဖြစ်လာရင် မိုက်တယ်ဟ "

ဒေါ်မာမိန်မှာ ဦးစံကျော်၏လက်ကို ဆတ်ခနဲ ပုတ်ခဲ့သည်။

" ယောကျာ်းရယ် ... ကလေးတွေ မျက်နှာပူအောင်လို့ ပေါက်ကရတွေ မပြောစမ်းနဲ့ "

" ဘာပေါက်ကရလဲနော်၊ အစ်မ မာမိန်ကလည်း ... ကြည့်ပါလား ရုပ်လေးတွေကအစ ဆင်တူလေးတွေလိုလို၊ နေနဲ့လ ရွှေနဲ့မြလို ပနံသင့်ကြတာ၊ ကျွန်မ အစ်ကိုစံကျော်ပြောတာ မမှားဘူး ဟီးဟီးဟီး "

ဒေါ်လေး ဥမ္မာမှာလည်း နေဟန်မှိုင်းကို မော့ကြည့်ခဲ့ပြီး သူ၏လက်မောင်းနှစ်ဖက်ကို ကိုင်တွယ်ကာ ပြုံးပြုံးကြီးကြည့်ခဲ့သည်။

" မင်း ယောကျာ်းစစ်တယ်မလား၊ ယောကျာ်းစစ်ရင် ငါ့တူမလေးကို သဘောကျပြီး စိတ်ဝင်စားမှာပဲ၊ မဟုတ်ရင် မင်းက အထီးအထီးချင်း ကြိုက်နေလို့ပဲ "

ဒေါ်လေးဥမ္မာ၏စကားကြောင့် နေဟန်မှိုင်းမှာ မျက်ခုံးပင့်တက်သွားသလို သိမ်မွေ့စံနွယ်မှာ တခစ်ခစ်ရယ်နေခဲ့သည်။ ဦးလေးစံကျော်မှာလည်း နေဟန်မှိုင်းကို ဖက်ကာ ကျောပြင်ကို ပွတ်သပ်နေခဲ့သည်။ ဒေါ်မာမိန်မှာမူ သူမ၏ယောကျာ်းနှင့်ယောင်းမဖြစ်သူကို ကြည့်ကာ အနည်းငယ်စိတ်ကုန်နေမ်ိသည်။

" အေး ... အဲ့နေဟန်မှိုင်းနဲ့ သိမ်မွေ့စံနွယ်မဖြစ်ဘဲ ... နင်တို့တွေနဲ့ဖြစ်နေဦးမယ်၊ တကယ်ပါပဲ "

စကားကို နေရာမရှောင် ဒဲ့တိုးပြောတတ်သော ဒေါ်မာမိန်၏စကားကြောင့် ဦးစံကျော်နှင့်ဒေါ်ဥမ္မာလည်း ဒေါ်မာမိန်ဆီ အကြည့်များရောက်သွားကြသည်။

" မာမိန်ကလည်း ငါတို့တူသားသမက်လောင်းလေးမဖြစ်လာလည်း သူကငါတို့မွေ့စံလေးရဲ့ကျေးဇူးရှင်ပဲကို ... "

ဒေါ်လေးဥမ္မာက ဒေါ်မာမိန်ကို ပြန်ပြောခဲ့ပြီးနောက် နေဟန်မှိုင်းဘက်ကို ပြန်ကြည့်ခဲ့သည်။

နေရခက်နေသော နေဟန်မှိုင်းကို သိမ်မွေ့စံနွယ်လည်း သနားလာပြီး စကားဖြတ်ပြောဖို့ ပြင်ခဲ့သည်။

" ကဲ ကဲ ... ဒေါ်လေးတို့ အစ်ကိုနေဟန်မှိုင်းလည်း အိမ်ပြန်ရအုံးမယ်လေ၊ မိုးချုပ်နေပြီ "

" ဪ ... အေးပါ၊ အေးပါ၊ နောက်လာလည်နော် သားလေး၊ အိမ်ကိုတစ်ရက်လောက် ထမင်းစားဖိတ်ပါတယ်တော် "

" လာရမယ်နော် ... ငါ့တူကြီး အဟဲ"

ဒေါ်ဥမ္မာနှင့်ဦးစံကျော်တို့ကြောင့် နေဟန်မှိုင်းလည်း ရှက်ရှက်နှင့် မျက်နှာပူနေခဲ့သော်လည်း ကြိုးစားပြီးပြုံးနေခဲ့သည်။

" ဟုတ်ကဲ့ပါ ... ခုတော့ ကျွန်တော့်ကို ခွင့်ပြုပါဦးခင်ဗျာ "

နေဟန်မှ်ိုင်းလည်း ယဥ်ယဥ်ကျေးကျေးခွင့်တောင်းခဲ့ပြီးနောက် သိမ်မွေ့စံနွယ်ဘက်ကိုလှည့်ခဲ့သည်။

" သွားတော့မယ်နော် "

" အွန်း ... တာ့တာနော်၊ ကားကို ဂရုစိုက်မောင်းနော် "

ဤသို့ဖြင့် နေဟန်မှိုင်း၏ကားလည်း တိုက်ခန်းရှေ့မှ ထွက်သွားခဲ့သည်။ ကျန်ရစ်နေသော သိမ်မွေ့စံနွယ်ကို ထိုမိသားစုသုံးယောက်မှ သူတို့၏မျက်လုံးများက ပီတိများဖြင့် ကြည့်နေခဲ့ပြီး သူမအား ' ကောင်မလေး ... သူ့ဦးနဲ့အဆင်ပြေလို့ ပျော်ရွှင်ကျေနပ်နေပြီမလား ' ဟူသော အမူအရာများဖြင့် စကားပြောနေခဲ့ကြသည်။

ထို့နောက် ၄ ယောက်စလုံး တိုက်ခန်းထဲသို့ ပြန်ခဲ့ကြသည်။

ညဘက်အိပ်ခံနီးအချိန်၌ သိမ်မွေ့စံနွယ်မှာ နေဟန်မှိုင်းကို sms ပို့ခဲ့သည်။

" Good Night နော် ကိုကို၊ နောက်ဆိုရင် Viber တို့ ဘာတို့ကနေ စကားပြောကြမယ်နော်၊ ဒီည ပျော်လွန်းလို့ အိပ်ရမှာမဟုတ်ဘူး ... >///< ❤️"

နေဟန်မှိုင်းလည်း ထို sms ကို အပြုံးတစ်ခုနှင့်ဖတ်ခဲ့ပြီးနောက် ....

" ဘာပဲဖြစ်ဖြစ် စောစောအိပ်ပါ၊ အိပ်ရေးပျက်ရင် ပန်ဒါမလေးဖြစ်နေမယ်၊ Good Night, My Girl 🤍 "

• ────── ✾ ────── •

Continue Reading

You'll Also Like

38.7K 2.9K 50
In the vast landscape of relationships, they've found a sister not by blood, but by the resonance of their hearts. Unfazed by societal norms, they ch...
60K 2.1K 25
''''ဘယ်လိုလဲ...အဆင့်တက်ချင်လား...အစ်ကိုကနေကိုကိုကို'' ''ဟင့်အင်း...မတက်ချင်ဘူး''
59.6K 1.4K 47
Tessa Gray is a good girl who never breaks the rules. Will Herondale is a bad boy who is with a different girl everyday. When Tessa moves to London...
25K 636 35
Modern time Story Rhaenyra and Daemon are asked by her father if her brother can stay with them while his home is being renovated. Aemond and Deirys...