ခွန်းရဲနှောင်ကြိုးငယ်🍀 အပိုင်း - ၁၇
(Unicode)
ဖြူငယ်အိပ်ယာကနိုးတော့ ကိုကြီးက ဇာတ်ကားကြည့်နေလေသည်။ အချိန်က ညနေလောက်သာရှိသေးသည်မို့ နုံးနေသည့်ခန္ဓာကိုယ်ကို ရေချိုးပစ်လိုက်ချင်ပါသည်။
"ကိုကြီး ဖြူငယ် ရေပြန်ချိုးအုံးမယ်"
"အွန်း"
ဖြူငယ်ရေချိုးရင်းမှ နေ့လည်ကကိစ္စလေးကိုပြန်တွေးမိတော့ စိတ်ထဲတင်းကျပ်လာရတော့၏။ ဘယ်လိုပဲ ဖြူငယ်ကပါးရိုက်ခဲ့သည်ဆိုအုံးတော့ စကားလုံးရင့်ရင့်တွေနှင့် အစော်ကားခံလိုက်ရသည်မို့ လူကစိတ်ဓာတ်တွေကျနေရသည်။ သို့ပေမယ့်ဖြူငယ်မငိုပါ။ ဇာတ်ကားကြည့်ရင်းငိုတတ်သည့်ကောင်မလေးက ငိုသင့်သည့်နေရာမငိုတော့ပဲ တင်းခံတတ်သည်ကိုတော့ မည်သူကသိမည်နည်း။
"ရောက်ပြီ ကိုကြီးဘာကားကြည့်နေတာလဲ "
ဂါဝန်လွင့်လွင့်လေးရယ် မခြောက်သေးသည့်ပါးထက်က သနပ်ခါးစိုစိုလေးရယ်နှင့် ခလေးမက ဆွဲရမ်းအာဘွားတွေပေးပစ်ချင်သည်အထိ လှပါသည်။ သို့ပေမယ့် ခပ်ကြာကြာမငေးရဲ့ ခလေးမလန့်သွားမည်ဆိုးရသည်။
"အင်း...ဒီကားကောင်းတယ်ဆိုလို့"
"ဟုတ်လား ဖြူငယ်လဲကြည့်မယ်"
ကြည့် ပြီးရင်ငိုရမှာမလို့ ကြည့်ပါကွာ။ တမင်ငိုရတဲ့ကားကို ရှာပြီးငယ့်ကိုပြခြင်းဖြစ်သည်။ နေ့လည်ကမငိုပဲ တင်းခံနေသည်မို့ စိတ်ထဲနေလို့မကောင်းဖြစ်မည်ဆိုး၍ တမင်ရှာ၍ကြည့်ခိုင်းလိုက်တော့၏။
မကြာပါ မျက်ရည်တွေဖြိုင်ဖြိုင်ကျလာကာ ငိုနေပြီဖြစ်သည်ကို ဘေးမှနေ၍ ခွန်းမျက်တောင်မခက်တမ်းကြည့်မိတော့သည်။ ဘာလို့ငိုတာတောင် ချစ်စရာကောင်းရတာလဲကွာ။ သနပ်ခါးလေးတွေဆိုလဲ ပြန်၍စိုကုန်ပြီဖြစ်ပြီး နှာလုံးလုံးလေးဟာလဲ ရဲလို့နေပြီဖြစ်၏။
"ကိုကြီး Tissue ပေး"
"ဟောဗျာ ငိုရလို့လား"
"အင်း ...မသိဘူး ဘာကားတွေပြနေတာတုန်း ငိုရတယ် အီး ....."
နေ့လည်ထဲကငိုချင်နေပါတယ်ဆို ဇာတ်ကားလာပြတော့ ငိုရတာနဲနဲ တင်းခံထားသည့်ခံစားချက်တွေပေါက်ထွက်၍ ရောပေါင်းပြီးငိုလိုက်မိသည်။
"တော်ပြီ အများကြီးမငိုရဘူး"
"ငိုတာတောင်လာ ချွေတာခိုင်းနေတယ် ...အီး ...ရီး ....."
"ကြည့်လေ ငိုရတဲ့အခန်းမှမပါတော့တာ"
"အီး.... နမ်းနေကြပြန်ပြီ မကြည့်ရဲပါဘူးဆို ရီး...."
ပြောပြောပြီးငိုနေသည့်ခလေးမကို အသာလေးမျက်ရည်သုတ်ပေး၍ အနားလေးသို့တိုးကပ်လိုက်သည်။
"နှစ်ခုလုံးအတွက် ဖြေရှင်းနည်းရှိတယ် သိချင်လား..."
မျက်ရည်များပြည့်နေသည့်မျက်လုံးလေးနှင့် ကြည့်လာသည့်ခလေးမက သိချင်၍သာ
ကြည့်သည်မို့ ခွန်း တစ်ချက်ပြုံးလိုက်တော့၏။
"လာခဲ့ ပြမယ်"
ဖြူငယ့် လည်တိုင်လေးကိုကိုင်လာပြီး နှုတ်ခမ်းပေါ်ကျလာသည့်ပူနွေးသည့် အထိတွေ့ကြောင့် မျက်လုံးလေးပုတ်ခက်ပုတ်ခက်နှင့် မျက်ရည်တွေဘယ်ပျောက်မှန်းမသိကြောင်အသွားရတော့၏။ အသိဝင်လာ၍ အတင်းရုန်းပြီးကိုကြီးကိုထုသော်လည်း ဖြူငယ့်လက်နှစ်ဖက်လုံးကို ကိုကြီးလက်တစ်ဖက်ထဲနှင့်ချုပ်ထားလေသည်။ အသက်ရူရကြပ်လာသည်မို့ နှုတ်ခမ်းလေးဖွင့်ဟမိလိုက်တော့ အထက်နှုတ်ခမ်းလေးကို အတင်းစုတ်ယူနေလေ၏။ အောက်နှုတ်ခမ်းတို့ကိုရော တလှည့်စီစုတ်ယူငုံ့ထွေးနေသည့်ကိုကြီးကြောင့် ပေါက်ထွက်တော့မယ်ရင်ခုန်သံတွေက ဝုန်းဒိုင်းကြဲ၍နေလေပြီဖြစ်၏။
တစ်ခါမှအဲ့လိုအနမ်းမခံဖူး၍လားမသိ ကြောက်လဲကြောက်မိသည် အနေလဲခက်လှသည်။
ဖြူငယ်အသက်ရူမဝသည်ထိ အကြာကြီးနမ်းနေသည့်ကိုကြီးကြောင့် မူးမေ့လဲချင်လာပြန်သည်။ တော်ပြီလေနော့ အငိုလဲတိတ်ပြီ နမ်းတာလဲသိသွားပြီကို။
နမ်းလိုက်တော့ရုန်းနေပြီလေ ဘယ်ရမလဲ နီရဲနေတဲ့နှုတ်ခမ်းဖူးဖူးလေးကို အထက်အောက်မျှပြီး စုတ်ယူနမ်းရှိုက်ပေးလိုက်တော့ အငိုတိတ်ပြီး ထုရိုက်နေလေသည်။ ခလေးမရဲ့ အိစက်နူးညံ့သည့်နှုတ်ခမ်းတစ်စုံနဲ့ထိတွေ့မှုက ခွန်းအတွက် လွှတ်ပေးရန်ခဲရင်းလှသည်မို့ အတော်ကြာသည်အထိနမ်းပြီးမှ လွှတ်ပေးလိုက်တော့ ခလေးမက မောနေပြီဖြစ်သည်။
မျက်နှာရဲရဲလေးကို တယုတယကိုင်၍ ပါးလေးပေါ်မှ မျက်ရည်စလေးတွေကို သုတ်ပေးလိုက်၏။ ရင်ဘက်လေးဖောင်းလိုက်ပိန်လိုက်နှင့် မောဟိုက်နေသည့်ခလေးမက ခွန်းကိုပြူးကြောင်ကြောင်လေးကြည့်နေလေသည်မို့ ပို၍အူယားလာရသည်။
"အဆင်ပြေရဲ့လားငယ်"
"ဟင့်အင်း"
"ဘာဖြစ်လို့လဲ"
"အသက်ရူကျပ်လို့"
"ဖြစ်တတ်ပါတယ်"
"ဘာလို့နမ်းကြတာလဲအဲ့တာကို"
"ချိုလို့နေမှာပေါ့"
"ဟမ် မေ့လို့ ဘာလို့နမ်းတာလဲ ဖြူငယ့်ကို "
"အငိုတိတ်အောင်လို့လေ "
"အခြားနည်းနဲ့ချော့ပါလားလို့ နမ်းစရာမှမလိုတာကို"
"ငယ်ပဲ အနမ်းခန်းမကြည့်ရဲဘူးဆို ဒီလိုဆိုအတွေ့အကြုံလဲရ ကြည့်လဲကြည့်ရဲသွားပြီလေ"
"ဟင့်အင်းမသိဘူး ဖယ်ပေး ပြန်တော့မှာ"
"ထမင်းမစားရသေးဘူးလေ"
"မစားတော့ဘူး"
"ထပ်နမ်းခံချင်လို့လား"
ထပြန်မယ်လုပ်မှ ပြောလိုက်သည့်စကားကြောင့် ဖြူငယ်ပြန်ထိုင်နေရသည်။ ဟင့်အင်း ထပ်မနမ်းရဘူး ထပ်နမ်းရင် နှလုံးရပ်ပြီးသေတော့မည်ထင်သည်။ ရှက်ကလဲရှက်နှင့် ပြန်မယ်ဆိုတော့လဲ မပြန်ရဘူးတဲ့ ဖြူငယ်မျက်နှာဘယ်နားသွားထားရမှာလဲဟမ်ကိုကြီး။
အခုနေပြန်လွှတ်လိုက်ရင်မနက်ဖြန်ကျ မလာပဲနေမှာဆိုး၍ တမင်ညစ်ပြီး ပြန်မလွှတ်ပဲ နေခိုင်းသည်ကို ထပ်နမ်းမှာဆိုးလို့တဲ့ နှုတ်ခမ်းလေးအုပ်ပြီး ထိုင်နေလေသည်။ ခွန်းကိုတစ်ချက်လေးပြန်မကြည့်ရဲ မျက်လုံးလေးကလယ်ကလယ်နှင့် ရှက်နေသည်မို့ ထမင်းပွဲပြင်ရန်ထလာခဲ့လိုက်သည်။
"ရပြီငယ် "
"ဟုတ် "
ထမင်းစားတော့လဲ ဘာစကားမှမပြော မျက်နှာလဲမကြည့်ပဲ ထမင်းပဲငုံ့စားနေလေသည်။
"ဖြူငယ်ပြီးပြီပြန်တော့မယ်"
"နေဦးလိုက်ပို့မယ်"
"နီးနီးလေးကို"
"ရှေ့ကသွား"
ကိုကြီးကပါ ထမင်းဆက်မစားတော့ ထလာသည်မို့ ဖြူငယ်လဲရှေ့မှ မလုံမလဲလေး အခန်းဆီပြန်လာခဲ့သည်။
အခန်းရှေ့ရောက်တော့ သော့ဖွင့်ပြီးဝင်မည်အလုပ်...
"နေ့လည်ကလိုကိုကြီး ပြန်နှုတ်ပေးရမလား ငယ်"
"ဟင့်အင်း မလိုဘူး"
"ငယ်မလိုပေမယ့်ကိုကြီးက လိုတယ်လေ "
တခါးပိတ်မည်လုပ်နေသည့် ငယ့်လက်လေးကိုဆွဲယူလိုက်ပြီးသည်နှင့် ခပ်သင်းသင်းလေးရသည့်ကိုယ်သင်းနံ့လေးရနေသည့် ကိုယ်လုံးသေးသေးလေးကို ခါးလေးကဖက်၍ ထပ်ပြီး နမ်းလိုက်တော့သည်။
အစောကနမ်းတာထက်မလျှော့သည့်အချိန်အထိနမ်းပြီးမှ ရုန်းနေသည့်ငယ့်ကိုလွှတ်ပေးလိုက်တော့ တွန်းပြီး အခန်းထဲပြေးဝင်သွားလေသည်။ ခါးလေးကသေးသေးလေးနဲ့ ရှက်နေတာလေးနဲ့ ဟားကွာ ခွန်းစေရာတို့တော့ရူးပြီထင်ပါသည်။ သောက်လေသောက်လေငတ်မပြေဆိုသည့်အတိုင်း ငယ့်ကို တစ်နေ့လုံးထိုင်နမ်းနေချင်သည်။ အင်း... ဒီညတော့ ကိုယ်နမ်းလိုက်တာကြောင့်ရင်ခုန်ပြီး မငိုလောက်တော့ဘူးထင်ပါသည်။
ထိရုံတင်နမ်းတာမဟုတ်ပဲ နှုတ်ခမ်းကိုလာစုတ်နေသည်မို့ ပထမထဲက အငွေ့ပြန်ချင်နေပါတယ်ဆို အခုထပ်ပြီး နမ်းပြန်သည်။ ဒါတောင်ဖြူငယ်ရုန်းလိုက်လို့လွတ်သွားသည်နှင့် အခန်းထဲပြေးဝင်ခဲ့လိုက်သည်ကမြန်ပေလို့ တော်သေးသည်။ မောဟိုက်နေ၍ ရေသောက်လိုက်ပြီး နှုတ်ခမ်းလေးကိိုင်မိတော့ ထူပူပြီးကြိမ်းနေလေသည်။ အငိုတိတ်အောင်အဲ့လိုချော့ရသလားကိုကြီးရယ် ရင်တုန်ပြီးအိပ်ရမယ်မထင်ဘူး ဒီညတော့လေ။
ညက 4 နာရီမှအိပ်သည်မို့ ဖြူငယ်မနက်ခင်းထရန်အစီစဥ်မရှိ၍ စိတ်ချလက်ချအိပ်နေလိုက်သည်။ 11 ထိုးမှနိုးသည့်ဖြူငယ် ကိုကြီးအခန်းကိုမသွားပဲ အခန်းထဲမှာပဲ ဖုန်းကြည့်ပြီးနေနေသည်ကို လာပါပြီ တံခါးလာထုနေပြီလေ။
"လာပြီလို့..."
"ကိုကြီးကလဲ ဖြေးဖြေးထုပါ တံခါးကြီး ပျက်သွားမယ်"
"ဘာလို့ အခန်းမလာတာလဲ "
"ခုမှနိုးလို့ "
ဆူပုတ်စွာဖြေလာပုံက သေချာသည် စိတ်တော့ဆိုးနေပြီဆိုတာ။
"ဆင်ခြေတွေနော် ဒေါ်ဖြူငယ်..."
"တဂယ်ခုမှနိုးတာပါဆို "
"လာထမင်းစားမယ် ခုထိမစားရသေးဘူးမို့လား..."
"ဗိုက်မဆာဘူး"
"ဂွီ... ဂွီ...."
တွေ့လားဖြူငယ့်ဗိုက်ကအစ ဖြူငယ့်ဘက်မပါဘူး အလိုက်ကန်းဆိုးမသိထအော်နေပြီလေ။
"ဗိုက်မဆာဘူးဆို"
"အင်း"
"လိုက်ခဲ့ နှစ်ခါမခေါ်ဘူးနော် "
မနက်လင်းထဲက စောင့်နေသည်ကို မလာ၍ မျက်နှာပူလို့မလာတာပဲလေဆိုပြီး ခဏလွှတ်ပေးထားတာကို နေ့လည်ရောက်တော့မည်ပေါ်မလာကိုယ်ဖျောက်နေသည်လေ။ ဟူး...ကြိုးနဲ့တုတ်ထားလိုက်တာပဲကောင်ပါတယ်လေ ဒေါ်ဖြူငယ်ရယ်။
တွေ့လားနမ်းပြီးတာနဲ့ အဲ့အနမ်းနဲ့ပဲလာခြိမ်းခြောက်နေတယ် မျက်နှာပူလွန်းလို့ ကိုကြီးကိုမတွေ့ချင်ပါဘူးဆို နေ့တိုင်းတွေ့နေရမှာမို့ ရင်လေးမိသည်။ သူများရဲ့ ပထမအနမ်းကို ချော့ဖို့သုံးလိုက်ပြီးတော့ ခုလဲ အာဏာတွေသုံးနေပြန်ပြီ မေမေရေ သမီးကိုကယ်ပါအုံး ဒီလူကြီးလက်က။
"ဘာတွေလက်အုပ်ချီပြီး ဆုတောင်းနေတာလဲငယ်..."
"ဘာမှဟုတ်ပါဘူး"
"အင်း ထမင်းစားပြီးဇာတ်ကားကြည့်မလား"
"ဟင့်အင် ဟင့်အင် မကြည့်တော့ဘူး ဖြူငယ်ပြန်အိပ်မှာ နေ့လည်..."
အမလေးလေး အဲ့ဇာတ်ကားကြောင့် အနမ်းခံလိုက်ရပါတယ်ဆို ထပ်ကြည့်ခိုင်းနေတယ် ရိုက်ခွဲပစ်ချင်နေပြီ အဲ့ TV ကြီးကို။
"ဖြူငယ်အိပ်ရင် လာမနိုးနဲ့နော် မနက်ခင်းထိတစ်ခါထဲ အိပ်မှာ "
"ဘယ်လို ဘယ်လို"
"တဂယ် တစ်ခါထဲအိပ်မှာလို့ "
ပြောပြီး အခန်းအပြင်ထွက်သွားသည့်ခလေမ ဘာတဲ့ မနက်ထိတဲ့လေ။
ညနေ ၆ နာရီထိမလာလို့ အခန်းသွားတော့ အိပ်နေရင်နိုးမည်ဆိုး၍ ငယ့်အခန်းသော့တစ်ချောင်းရှိသည်မို့ ဝင်ကြည့်မိတော့ အိပ်ပျော်နေတုန်းဗျာ။
တစ်နာရီခြားဝင်ကြည့်ပေမယ့်လဲ နေရာလဲမပြောင်းပဲ ဒီအတိုင်းလေးအိပ်ပျော်နေလေရဲ့ ည ၁၂ ထိ ဝင်ကြည့်သော်လည်းအိပ်ပျော်တုန်းမို့ တစ်ခုခုများဖြစ်သွားပြီလားတွေး၍ အသက်ရူသံလေးနားထောင်ကြည့်တော့လဲ တိုးတိုးလေး ကြားရသည်။ တဂယ်ကြီး မနက်ထိအိပ်မယ့်ပုံပဲမို့ ခွန်းလဲ အခန်းဆီပြန်လာ၍ အိပ်လိုက်တော့သည်။
မနက်ထမင်းလာစားတော့ ကြည်လင်ဝင်းပနေသည့် မျက်နှာလေး အများကြီးအိပ်လိုက်လို့ထင်ပါရဲ့လေ။
"ငယ် ဟိုတစ်ယောက်က အလုပ်ကမို့လား"
"ဟုတ်တယ်"
"နာမည်ဘယ်သူလဲ "
"ဘာလုပ်မို့လဲကိုကြီးက မပြောပြဘူးနော် "
"တဂယ် ကိုကြီးကိုမလိုဘူးလား"
"ဖြူငယ် ကိုယ့်ကိစ္စကိုရှင်းနိုင်ပါတယ်"
ဖြူငယ်အလုပ်ရောက်တော့ သည်နှင့် နှင်းနှင်းကအူယားဖားယားပြေးလာပြီး လာတောင်ပန်လေသည်။
"ဖြူငယ်ရယ် နှင်းနှင်းကိုခွင့်လွှတ်ပါနော် နှင်းနှင်းက အဲ့လောက်ကြီးထိမရည်ရွယ်ပါဘူး နော်...ဖြူငယ် နှင်းနှင်းတဂယ်တောင်းပန်ပါတယ်နော် "
"နှင်းနှင်းဒူးထောက်ပြီးတောင်ပန်ပါ့မယ်နော် ပြီးတော့ ဖြူငယ်ထပ်ရိုက်ချင်ရိုက်ပါ နှင်းနှင်း နောက်မလုပ်တော့ပါဘူး နှင်းနှင်းကိုယ့်အမှားကိုလဲသိပါပြီနော် နော်လို့ ဖြူငယ်"
ဖြူငယ့်ကို ဒူးထောက်လိုက်ပြီး တောင်းပန်နေသည်ကို ဆိုင်က ဝန်ထမ်းတွေလှမ်းကြည့်နေ၍ အကျယ်အကျယ်မဖြစ်ချင်၍ ဖြူငယ်
ဒူးထောက်ထားသည်ကို ထူပေးလိုက်သည်။
"နောက်ခါ ဖြူငယ့်ကိုအဲ့လိုဆက်ဆံရင်
ဖြူငယ်အဆိုးမဆိုနဲ့နော် ခွင့်လွှတ်တယ်လို့တော့မဟုတ်ဘူး ဖြူငယ်က အငြိုးကြီးတယ်လေ
နှင်းနှင်းက ဖြူငယ့်မိဘတွေကိုစော်ကားထားတာ
အဲ့တော့နှင်းနှင်းကို လွယ်လွယ်နဲ့ဘယ်ခွင့်လွှတ်နိုင်ပါ့မလဲ နောက်ဖြူငယ်နဲ့လာမပတ်သက်ရင်ကောင်းမယ်နှင်းနှင်း ..."
နှင်းနှင်းတောင်းပန်နေသည်ကို အရေးမလုပ်တဲ့အပြင် အနိုင်ပြောသွားသည်ကို မုန်းသည်။ သူ့လိုအဆင့်အတန်းမရှိတဲ့ကောင်မက နှင်းနှင်းကိုပါးရိုက်သွားသည်မို့အခဲတော့မကျေ ဒီမှာတင်မပြီးဘူးဖြူငယ် နင့်ကို ကိုခွန်းစေရာလဲလာမကယ်နိုင်အောင် ငါလုပ်ပြမယ် ကိုမင်းသစ္စာဆီမှာ နင့်ဘဝ ပျက်စီးအောင်ငါလုပ်ပြမယ်ဖြူငယ်။
လွန်ခဲ့တဲ့ နှစ်ရက်က👇👇👇
အလုပ်ပျက်ပြီး Shopping ထွက်သည်ကို ပြသနာရှာခဲ့သည့်နှင်းနှင်းကို အိမ်ရောက်တော့လဲ မာတာမိခင်က ပါးထပ်ရိုက်ပြန်သည်။ နဂိုကရိုက်ခံရလို့ နာနေပါတယ်ဆို ထပ်ပြီး သုံးချက်ဆင့်ရိုက်လာသည်မို့ ထိုအခိုက်တန့်က အသဲခိုက်အောင်ခံစားရပါသည်။
"မေမေ့ "
"ဘာလဲနင်ဘယ်သူ့ကိုရန်သွားစတာလဲမိနှင်း"
"ဘာလုပ်လို့လဲသမီးက"
"နင့်ဖအေကို ဟိုမှာအခု အလုပ်ထုတ်လိုက်ပြီလေ ညည်းကြောင့်"
"ဘယ်လို "
"ဟုတ်တယ် ခွန်းစေရာကိုယ်တိုင်ဖုန်းဆက်လာတာ နင့်ကိုရွေးမလား အလုပ်ရွေးမလားတဲ့"
"ဖေဖေက ဘာပြန်ဖြေလိုက်လဲဟင်မေမေ "
"နင့်လိုသမီးမိုက်ကိုရွေးစရာလား သွားအထုပ်ပြင်အခုအိမ်ပေါ်ကဆင်း "
"မေမေ့ သမီးကို ဒီတစ်ခါခွင့်လွှတ်ပါနော် မေမေရယ်လုပ်ပါ"
"ညည်းအသက်ရှင်ချင်ရင် မနက်ဖြန်ဒူးထောက်တောင်းပန်လိုက်တဲ့ အဲ့လိုမှမဟုတ်ရင် နင့်ဖအေလဲ နင့်အသက်ကိုမကယ်နိုင်တော့ဘူး ညည်းဘယ်သူ့ကိုသွားထိလိုက်တာလဲအေ
ငါတို့ဘဝကြီးတော့ပျက်တော့မှာပဲ"
"အဲ့ကောင်မကြောင့် ဖြစ်တာ အဲ့ကောင်မကြောင့် အကုန် အဲ့ကောင်မကြောင့်..."
"ညည်းက အသိတရားမရသေးပါလား သွားအခုအိမ်ပေါ်ကဆင်းတော့ နင့်လိုသမီးမျိုးမလိုချင်ဘူး"
Words 2536
(Zawgyi)
ခြန္းရဲႏွောင္ႀကိဳးငယ္ အပိုင္း - ၁၇
ျဖဴငယ္အိပ္ယာကနိုးေတာ့ ကိုႀကီးက ဇာတ္ကားၾကည့္ေနေလသည္။ အခ်ိန္က ညေနေလာက္သာရွိေသးသည္မို႔ ႏုံးေနသည့္ခႏၶာကိုယ္ကို ေရခ်ိဳးပစ္လိုက္ခ်င္ပါသည္။
"ကိုႀကီး ျဖဴငယ္ ေရျပန္ခ်ိဳးအုံးမယ္"
"အြန္း"
ျဖဴငယ္ေရခ်ိဳးရင္းမွ ေန႕လည္ကကိစၥေလးကိုျပန္ေတြးမိေတာ့ စိတ္ထဲတင္းက်ပ္လာရေတာ့၏။ ဘယ္လိုပဲ ျဖဴငယ္ကပါးရိုက္ခဲ့သည္ဆိုအုံးေတာ့ စကားလုံးရင့္ရင့္ေတြႏွင့္ အေစာ္ကားခံလိုက္ရသည္မို႔ လူကစိတ္ဓာတ္ေတြက်ေနရသည္။ သို႔ေပမယ့္ျဖဴငယ္မငိုပါ။ ဇာတ္ကားၾကည့္ရင္းငိုတတ္သည့္ေကာင္မေလးက ငိုသင့္သည့္ေနရာမငိုေတာ့ပဲ တင္းခံတတ္သည္ကိုေတာ့ မည္သူကသိမည္နည္း။
"ေရာက္ၿပီ ကိုႀကီးဘာကားၾကည့္ေနတာလဲ "
ဂါဝန္လြင့္လြင့္ေလးရယ္ မေျခာက္ေသးသည့္ပါးထက္က သနပ္ခါးစိုစိုေလးရယ္ႏွင့္ ခေလးမက ဆြဲရမ္းအာဘြားေတြေပးပစ္ခ်င္သည္အထိ လွပါသည္။ သို႔ေပမယ့္ ခပ္ၾကာၾကာမေငးရဲ႕ ခေလးမလန့္သြားမည္ဆိုးရသည္။
"အင္း...ဒီကားေကာင္းတယ္ဆိုလို႔"
"ဟုတ္လား ျဖဴငယ္လဲၾကည့္မယ္"
ၾကည့္ ၿပီးရင္ငိုရမွာမလို႔ ၾကည့္ပါကြာ။ တမင္ငိုရတဲ့ကားကို ရွာၿပီးငယ့္ကိုျပျခင္းျဖစ္သည္။ ေန႕လည္ကမငိုပဲ တင္းခံေနသည္မို႔ စိတ္ထဲေနလို႔မေကာင္းျဖစ္မည္ဆိုး၍ တမင္ရွာ၍ၾကည့္ခိုင္းလိုက္ေတာ့၏။
မၾကာပါ မ်က္ရည္ေတြၿဖိဳင္ၿဖိဳင္က်လာကာ ငိုေနၿပီျဖစ္သည္ကို ေဘးမွေန၍ ခြန္းမ်က္ေတာင္မခက္တမ္းၾကည့္မိေတာ့သည္။ ဘာလို႔ငိုတာေတာင္ ခ်စ္စရာေကာင္းရတာလဲကြာ။ သနပ္ခါးေလးေတြဆိုလဲ ျပန္၍စိုကုန္ၿပီျဖစ္ၿပီး ႏွာလုံးလုံးေလးဟာလဲ ရဲလို႔ေနၿပီျဖစ္၏။
"ကိုႀကီး Tissue ေပး"
"ေဟာဗ်ာ ငိုရလို႔လား"
"အင္း ...မသိဘူး ဘာကားေတြျပေနတာတုန္း ငိုရတယ္ အီး ....."
ေန႕လည္ထဲကငိုခ်င္ေနပါတယ္ဆို ဇာတ္ကားလာျပေတာ့ ငိုရတာနဲနဲ တင္းခံထားသည့္ခံစားခ်က္ေတြေပါက္ထြက္၍ ေရာေပါင္းၿပီးငိုလိုက္မိသည္။
"ေတာ္ၿပီ အမ်ားႀကီးမငိုရဘူး"
"ငိုတာေတာင္လာ ေခြၽတာခိုင္းေနတယ္ ...အီး ...ရီး ....."
"ၾကည့္ေလ ငိုရတဲ့အခန္းမွမပါေတာ့တာ"
"အီး.... နမ္းေနၾကျပန္ၿပီ မၾကည့္ရဲပါဘူးဆို ရီး...."
ေျပာေျပာၿပီးငိုေနသည့္ခေလးမကို အသာေလးမ်က္ရည္သုတ္ေပး၍ အနားေလးသို႔တိုးကပ္လိုက္သည္။
"ႏွစ္ခုလုံးအတြက္ ေျဖရွင္းနည္းရွိတယ္ သိခ်င္လား..."
မ်က္ရည္မ်ားျပည့္ေနသည့္မ်က္လုံးေလးႏွင့္ ၾကည့္လာသည့္ခေလးမက သိခ်င္၍သာ
ၾကည့္သည္မို႔ ခြန္း တစ္ခ်က္ၿပဳံးလိုက္ေတာ့၏။
"လာခဲ့ ျပမယ္"
ျဖဴငယ့္ လည္တိုင္ေလးကိုကိုင္လာၿပီး ႏႈတ္ခမ္းေပၚက်လာသည့္ပူႏြေးသည့္ အထိေတြ႕ေၾကာင့္ မ်က္လုံးေလးပုတ္ခက္ပုတ္ခက္ႏွင့္ မ်က္ရည္ေတြဘယ္ေပ်ာက္မွန္းမသိေၾကာင္အသြားရေတာ့၏။ အသိဝင္လာ၍ အတင္း႐ုန္းၿပီးကိုႀကီးကိုထုေသာ္လည္း ျဖဴငယ့္လက္ႏွစ္ဖက္လုံးကို ကိုႀကီးလက္တစ္ဖက္ထဲႏွင့္ခ်ဳပ္ထားေလသည္။ အသက္႐ူရၾကပ္လာသည္မို႔ ႏႈတ္ခမ္းေလးဖြင့္ဟမိလိုက္ေတာ့ အထက္ႏႈတ္ခမ္းေလးကို အတင္းစုတ္ယူေနေလ၏။ ေအာက္ႏႈတ္ခမ္းတို႔ကိုေရာ တလွည့္စီစုတ္ယူငုံ႕ေထြးေနသည့္ကိုႀကီးေၾကာင့္ ေပါက္ထြက္ေတာ့မယ္ရင္ခုန္သံေတြက ဝုန္းဒိုင္းႀကဲ၍ေနေလၿပီျဖစ္၏။
တစ္ခါမွအဲ့လိုအနမ္းမခံဖူး၍လားမသိ ေၾကာက္လဲေၾကာက္မိသည္ အေနလဲခက္လွသည္။
ျဖဴငယ္အသက္႐ူမဝသည္ထိ အၾကာႀကီးနမ္းေနသည့္ကိုႀကီးေၾကာင့္ မူးေမ့လဲခ်င္လာျပန္သည္။ ေတာ္ၿပီေလေနာ့ အငိုလဲတိတ္ၿပီ နမ္းတာလဲသိသြားၿပီကို။
နမ္းလိုက္ေတာ့႐ုန္းေနၿပီေလ ဘယ္ရမလဲ နီရဲေနတဲ့ႏႈတ္ခမ္းဖူးဖူးေလးကို အထက္ေအာက္မွ်ၿပီး စုတ္ယူနမ္းရွိုက္ေပးလိုက္ေတာ့ အငိုတိတ္ၿပီး ထုရိုက္ေနေလသည္။ ခေလးမရဲ႕ အိစက္ႏူးညံ့သည့္ႏႈတ္ခမ္းတစ္စုံနဲ႕ထိေတြ႕မႈက ခြန္းအတြက္ လႊတ္ေပးရန္ခဲရင္းလွသည္မို႔ အေတာ္ၾကာသည္အထိနမ္းၿပီးမွ လႊတ္ေပးလိုက္ေတာ့ ခေလးမက ေမာေနၿပီျဖစ္သည္။
မ်က္ႏွာရဲရဲေလးကို တယုတယကိုင္၍ ပါးေလးေပၚမွ မ်က္ရည္စေလးေတြကို သုတ္ေပးလိုက္၏။ ရင္ဘက္ေလးေဖာင္းလိုက္ပိန္လိုက္ႏွင့္ ေမာဟိုက္ေနသည့္ခေလးမက ခြန္းကိုျပဴးေၾကာင္ေၾကာင္ေလးၾကည့္ေနေလသည္မို႔ ပို၍အူယားလာရသည္။
"အဆင္ေျပရဲ႕လားငယ္"
"ဟင့္အင္း"
"ဘာျဖစ္လို႔လဲ"
"အသက္႐ူက်ပ္လို႔"
"ျဖစ္တတ္ပါတယ္"
"ဘာလို႔နမ္းၾကတာလဲအဲ့တာကို"
"ခ်ိဳလို႔ေနမွာေပါ့"
"ဟမ္ ေမ့လို႔ ဘာလို႔နမ္းတာလဲ ျဖဴငယ့္ကို "
"အငိုတိတ္ေအာင္လို႔ေလ "
"အျခားနည္းနဲ႕ေခ်ာ့ပါလားလို႔ နမ္းစရာမွမလိုတာကို"
"ငယ္ပဲ အနမ္းခန္းမၾကည့္ရဲဘူးဆို ဒီလိုဆိုအေတြ႕အႀကဳံလဲရ ၾကည့္လဲၾကည့္ရဲသြားၿပီေလ"
"ဟင့္အင္းမသိဘူး ဖယ္ေပး ျပန္ေတာ့မွာ"
"ထမင္းမစားရေသးဘူးေလ"
"မစားေတာ့ဘူး"
"ထပ္နမ္းခံခ်င္လို႔လား"
ထျပန္မယ္လုပ္မွ ေျပာလိုက္သည့္စကားေၾကာင့္ ျဖဴငယ္ျပန္ထိုင္ေနရသည္။ ဟင့္အင္း ထပ္မနမ္းရဘူး ထပ္နမ္းရင္ ႏွလုံးရပ္ၿပီးေသေတာ့မည္ထင္သည္။ ရွက္ကလဲရွက္ႏွင့္ ျပန္မယ္ဆိုေတာ့လဲ မျပန္ရဘူးတဲ့ ျဖဴငယ္မ်က္ႏွာဘယ္နားသြားထားရမွာလဲဟမ္ကိုႀကီး။
အခုေနျပန္လႊတ္လိုက္ရင္မနက္ျဖန္က် မလာပဲေနမွာဆိုး၍ တမင္ညစ္ၿပီး ျပန္မလႊတ္ပဲ ေနခိုင္းသည္ကို ထပ္နမ္းမွာဆိုးလို႔တဲ့ ႏႈတ္ခမ္းေလးအုပ္ၿပီး ထိုင္ေနေလသည္။ ခြန္းကိုတစ္ခ်က္ေလးျပန္မၾကည့္ရဲ မ်က္လုံးေလးကလယ္ကလယ္ႏွင့္ ရွက္ေနသည္မို႔ ထမင္းပြဲျပင္ရန္ထလာခဲ့လိုက္သည္။
"ရၿပီငယ္ "
"ဟုတ္ "
ထမင္းစားေတာ့လဲ ဘာစကားမွမေျပာ မ်က္ႏွာလဲမၾကည့္ပဲ ထမင္းပဲငုံ႕စားေနေလသည္။
"ျဖဴငယ္ၿပီးၿပီျပန္ေတာ့မယ္"
"ေနဦးလိုက္ပို႔မယ္"
"နီးနီးေလးကို"
"ေရွ႕ကသြား"
ကိုႀကီးကပါ ထမင္းဆက္မစားေတာ့ ထလာသည္မို႔ ျဖဴငယ္လဲေရွ႕မွ မလုံမလဲေလး အခန္းဆီျပန္လာခဲ့သည္။
အခန္းေရွ႕ေရာက္ေတာ့ ေသာ့ဖြင့္ၿပီးဝင္မည္အလုပ္...
"ေန႕လည္ကလိုကိုႀကီး ျပန္ႏႈတ္ေပးရမလား ငယ္"
"ဟင့္အင္း မလိုဘူး"
"ငယ္မလိုေပမယ့္ကိုႀကီးက လိုတယ္ေလ "
တခါးပိတ္မည္လုပ္ေနသည့္ ငယ့္လက္ေလးကိုဆြဲယူလိုက္ၿပီးသည္ႏွင့္ ခပ္သင္းသင္းေလးရသည့္ကိုယ္သင္းနံ႕ေလးရေနသည့္ ကိုယ္လုံးေသးေသးေလးကို ခါးေလးကဖက္၍ ထပ္ၿပီး နမ္းလိုက္ေတာ့သည္။
အေစာကနမ္းတာထက္မေလွ်ာ့သည့္အခ်ိန္အထိနမ္းၿပီးမွ ႐ုန္းေနသည့္ငယ့္ကိုလႊတ္ေပးလိုက္ေတာ့ တြန္းၿပီး အခန္းထဲေျပးဝင္သြားေလသည္။ ခါးေလးကေသးေသးေလးနဲ႕ ရွက္ေနတာေလးနဲ႕ ဟားကြာ ခြန္းေစရာတို႔ေတာ့႐ူးၿပီထင္ပါသည္။ ေသာက္ေလေသာက္ေလငတ္မေျပဆိုသည့္အတိုင္း ငယ့္ကို တစ္ေန႕လုံးထိုင္နမ္းေနခ်င္သည္။ အင္း... ဒီညေတာ့ ကိုယ္နမ္းလိုက္တာေၾကာင့္ရင္ခုန္ၿပီး မငိုေလာက္ေတာ့ဘူးထင္ပါသည္။
ထိ႐ုံတင္နမ္းတာမဟုတ္ပဲ ႏႈတ္ခမ္းကိုလာစုတ္ေနသည္မို႔ ပထမထဲက အေငြ႕ျပန္ခ်င္ေနပါတယ္ဆို အခုထပ္ၿပီး နမ္းျပန္သည္။ ဒါေတာင္ျဖဴငယ္႐ုန္းလိုက္လို႔လြတ္သြားသည္ႏွင့္ အခန္းထဲေျပးဝင္ခဲ့လိုက္သည္ကျမန္ေပလို႔ ေတာ္ေသးသည္။ ေမာဟိုက္ေန၍ ေရေသာက္လိုက္ၿပီး ႏႈတ္ခမ္းေလးကိိုင္မိေတာ့ ထူပူၿပီးႀကိမ္းေနေလသည္။ အငိုတိတ္ေအာင္အဲ့လိုေခ်ာ့ရသလားကိုႀကီးရယ္ ရင္တုန္ၿပီးအိပ္ရမယ္မထင္ဘူး ဒီညေတာ့ေလ။
ညက 4 နာရီမွအိပ္သည္မို႔ ျဖဴငယ္မနက္ခင္းထရန္အစီစဥ္မရွိ၍ စိတ္ခ်လက္ခ်အိပ္ေနလိုက္သည္။ 11 ထိုးမွနိုးသည့္ျဖဴငယ္ ကိုႀကီးအခန္းကိုမသြားပဲ အခန္းထဲမွာပဲ ဖုန္းၾကည့္ၿပီးေနေနသည္ကို လာပါၿပီ တံခါးလာထုေနၿပီေလ။
"လာၿပီလို႔..."
"ကိုႀကီးကလဲ ေျဖးေျဖးထုပါ တံခါးႀကီး ပ်က္သြားမယ္"
"ဘာလို႔ အခန္းမလာတာလဲ "
"ခုမွနိုးလို႔ "
ဆူပုတ္စြာေျဖလာပုံက ေသခ်ာသည္ စိတ္ေတာ့ဆိုးေနၿပီဆိုတာ။
"ဆင္ေျခေတြေနာ္ ေဒၚျဖဴငယ္..."
"တဂယ္ခုမွနိုးတာပါဆို "
"လာထမင္းစားမယ္ ခုထိမစားရေသးဘူးမို႔လား..."
"ဗိုက္မဆာဘူး"
"ဂြီ... ဂြီ...."
ေတြ႕လားျဖဴငယ့္ဗိုက္ကအစ ျဖဴငယ့္ဘက္မပါဘူး အလိုက္ကန္းဆိုးမသိထေအာ္ေနၿပီေလ။
"ဗိုက္မဆာဘူးဆို"
"အင္း"
"လိုက္ခဲ့ ႏွစ္ခါမေခၚဘူးေနာ္ "
မနက္လင္းထဲက ေစာင့္ေနသည္ကို မလာ၍ မ်က္ႏွာပူလို႔မလာတာပဲေလဆိုၿပီး ခဏလႊတ္ေပးထားတာကို ေန႕လည္ေရာက္ေတာ့မည္ေပၚမလာကိုယ္ေဖ်ာက္ေနသည္ေလ။ ဟူး...ႀကိဳးနဲ႕တုတ္ထားလိုက္တာပဲေကာင္ပါတယ္ေလ ေဒၚျဖဴငယ္ရယ္။
ေတြ႕လားနမ္းၿပီးတာနဲ႕ အဲ့အနမ္းနဲ႕ပဲလာၿခိမ္းေျခာက္ေနတယ္ မ်က္ႏွာပူလြန္းလို႔ ကိုႀကီးကိုမေတြ႕ခ်င္ပါဘူးဆို ေန႕တိုင္းေတြ႕ေနရမွာမို႔ ရင္ေလးမိသည္။ သူမ်ားရဲ႕ ပထမအနမ္းကို ေခ်ာ့ဖို႔သုံးလိုက္ၿပီးေတာ့ ခုလဲ အာဏာေတြသုံးေနျပန္ၿပီ ေမေမေရ သမီးကိုကယ္ပါအုံး ဒီလူႀကီးလက္က။
"ဘာေတြလက္အုပ္ခ်ီၿပီး ဆုေတာင္းေနတာလဲငယ္..."
"ဘာမွဟုတ္ပါဘူး"
"အင္း ထမင္းစားၿပီးဇာတ္ကားၾကည့္မလား"
"ဟင့္အင္ ဟင့္အင္ မၾကည့္ေတာ့ဘူး ျဖဴငယ္ျပန္အိပ္မွာ ေန႕လည္..."
အမေလးေလး အဲ့ဇာတ္ကားေၾကာင့္ အနမ္းခံလိုက္ရပါတယ္ဆို ထပ္ၾကည့္ခိုင္းေနတယ္ ရိုက္ခြဲပစ္ခ်င္ေနၿပီ အဲ့ TV ႀကီးကို။
"ျဖဴငယ္အိပ္ရင္ လာမနိုးနဲ႕ေနာ္ မနက္ခင္းထိတစ္ခါထဲ အိပ္မွာ "
"ဘယ္လို ဘယ္လို"
"တဂယ္ တစ္ခါထဲအိပ္မွာလို႔ "
ေျပာၿပီး အခန္းအျပင္ထြက္သြားသည့္ခေလမ ဘာတဲ့ မနက္ထိတဲ့ေလ။
ညေန ၆ နာရီထိမလာလို႔ အခန္းသြားေတာ့ အိပ္ေနရင္နိုးမည္ဆိုး၍ ငယ့္အခန္းေသာ့တစ္ေခ်ာင္းရွိသည္မို႔ ဝင္ၾကည့္မိေတာ့ အိပ္ေပ်ာ္ေနတုန္းဗ်ာ။
တစ္နာရီျခားဝင္ၾကည့္ေပမယ့္လဲ ေနရာလဲမေျပာင္းပဲ ဒီအတိုင္းေလးအိပ္ေပ်ာ္ေနေလရဲ႕ ည ၁၂ ထိ ဝင္ၾကည့္ေသာ္လည္းအိပ္ေပ်ာ္တုန္းမို႔ တစ္ခုခုမ်ားျဖစ္သြားၿပီလားေတြး၍ အသက္႐ူသံေလးနားေထာင္ၾကည့္ေတာ့လဲ တိုးတိုးေလး ၾကားရသည္။ တဂယ္ႀကီး မနက္ထိအိပ္မယ့္ပုံပဲမို႔ ခြန္းလဲ အခန္းဆီျပန္လာ၍ အိပ္လိုက္ေတာ့သည္။
မနက္ထမင္းလာစားေတာ့ ၾကည္လင္ဝင္းပေနသည့္ မ်က္ႏွာေလး အမ်ားႀကီးအိပ္လိုက္လို႔ထင္ပါရဲ႕ေလ။
"ငယ္ ဟိုတစ္ေယာက္က အလုပ္ကမို႔လား"
"ဟုတ္တယ္"
"နာမည္ဘယ္သူလဲ "
"ဘာလုပ္မို႔လဲကိုႀကီးက မေျပာျပဘူးေနာ္ "
"တဂယ္ ကိုႀကီးကိုမလိုဘူးလား"
"ျဖဴငယ္ ကိုယ့္ကိစၥကိုရွင္းနိုင္ပါတယ္"
ျဖဴငယ္အလုပ္ေရာက္ေတာ့ သည္ႏွင့္ ႏွင္းႏွင္းကအူယားဖားယားေျပးလာၿပီး လာေတာင္ပန္ေလသည္။
"ျဖဴငယ္ရယ္ ႏွင္းႏွင္းကိုခြင့္လႊတ္ပါေနာ္ ႏွင္းႏွင္းက အဲ့ေလာက္ႀကီးထိမရည္႐ြယ္ပါဘူး ေနာ္...ျဖဴငယ္ ႏွင္းႏွင္းတဂယ္ေတာင္းပန္ပါတယ္ေနာ္ "
"ႏွင္းႏွင္းဒူးေထာက္ၿပီးေတာင္ပန္ပါ့မယ္ေနာ္ ၿပီးေတာ့ ျဖဴငယ္ထပ္ရိုက္ခ်င္ရိုက္ပါ ႏွင္းႏွင္း ေနာက္မလုပ္ေတာ့ပါဘူး ႏွင္းႏွင္းကိုယ့္အမွားကိုလဲသိပါၿပီေနာ္ ေနာ္လို႔ ျဖဴငယ္"
ျဖဴငယ့္ကို ဒူးေထာက္လိုက္ၿပီး ေတာင္းပန္ေနသည္ကို ဆိုင္က ဝန္ထမ္းေတြလွမ္းၾကည့္ေန၍ အက်ယ္အက်ယ္မျဖစ္ခ်င္၍ ျဖဴငယ္
ဒူးေထာက္ထားသည္ကို ထူေပးလိုက္သည္။
"ေနာက္ခါ ျဖဴငယ့္ကိုအဲ့လိုဆက္ဆံရင္
ျဖဴငယ္အဆိုးမဆိုနဲ႕ေနာ္ ခြင့္လႊတ္တယ္လို႔ေတာ့မဟုတ္ဘူး ျဖဴငယ္က အၿငိဳးႀကီးတယ္ေလ
ႏွင္းႏွင္းက ျဖဴငယ့္မိဘေတြကိုေစာ္ကားထားတာ
အဲ့ေတာ့ႏွင္းႏွင္းကို လြယ္လြယ္နဲ႕ဘယ္ခြင့္လႊတ္နိုင္ပါ့မလဲ ေနာက္ျဖဴငယ္နဲ႕လာမပတ္သက္ရင္ေကာင္းမယ္ႏွင္းႏွင္း ..."
ႏွင္းႏွင္းေတာင္းပန္ေနသည္ကို အေရးမလုပ္တဲ့အျပင္ အနိုင္ေျပာသြားသည္ကို မုန္းသည္။ သူ႕လိုအဆင့္အတန္းမရွိတဲ့ေကာင္မက ႏွင္းႏွင္းကိုပါးရိုက္သြားသည္မို႔အခဲေတာ့မေက် ဒီမွာတင္မၿပီးဘူးျဖဴငယ္ နင့္ကို ကိုခြန္းေစရာလဲလာမကယ္နိုင္ေအာင္ ငါလုပ္ျပမယ္ ကိုမင္းသစၥာဆီမွာ နင့္ဘဝ ပ်က္စီးေအာင္ငါလုပ္ျပမယ္ျဖဴငယ္။
လြန္ခဲ့တဲ့ ႏွစ္ရက္က
အလုပ္ပ်က္ၿပီး Shopping ထြက္သည္ကို ျပသနာရွာခဲ့သည့္ႏွင္းႏွင္းကို အိမ္ေရာက္ေတာ့လဲ မာတာမိခင္က ပါးထပ္ရိုက္ျပန္သည္။ နဂိုကရိုက္ခံရလို႔ နာေနပါတယ္ဆို ထပ္ၿပီး သုံးခ်က္ဆင့္ရိုက္လာသည္မို႔ ထိုအခိုက္တန့္က အသဲခိုက္ေအာင္ခံစားရပါသည္။
"ေမေမ့ "
"ဘာလဲနင္ဘယ္သူ႕ကိုရန္သြားစတာလဲမိႏွင္း"
"ဘာလုပ္လို႔လဲသမီးက"
"နင့္ဖေအကို ဟိုမွာအခု အလုပ္ထုတ္လိုက္ၿပီေလ ညည္းေၾကာင့္"
"ဘယ္လို "
"ဟုတ္တယ္ ခြန္းေစရာကိုယ္တိုင္ဖုန္းဆက္လာတာ နင့္ကိုေ႐ြးမလား အလုပ္ေ႐ြးမလားတဲ့"
"ေဖေဖက ဘာျပန္ေျဖလိုက္လဲဟင္ေမေမ "
"နင့္လိုသမီးမိုက္ကိုေ႐ြးစရာလား သြားအထုပ္ျပင္အခုအိမ္ေပၚကဆင္း "
"ေမေမ့ သမီးကို ဒီတစ္ခါခြင့္လႊတ္ပါေနာ္ ေမေမရယ္လုပ္ပါ"
"ညည္းအသက္ရွင္ခ်င္ရင္ မနက္ျဖန္ဒူးေထာက္ေတာင္းပန္လိုက္တဲ့ အဲ့လိုမွမဟုတ္ရင္ နင့္ဖေအလဲ နင့္အသက္ကိုမကယ္နိုင္ေတာ့ဘူး ညည္းဘယ္သူ႕ကိုသြားထိလိုက္တာလဲေအ
ငါတို႔ဘဝႀကီးေတာ့ပ်က္ေတာ့မွာပဲ"
"အဲ့ေကာင္မေၾကာင့္ ျဖစ္တာ အဲ့ေကာင္မေၾကာင့္ အကုန္ အဲ့ေကာင္မေၾကာင့္..."
"ညည္းက အသိတရားမရေသးပါလား သြားအခုအိမ္ေပၚကဆင္းေတာ့ နင့္လိုသမီးမ်ိဳးမလိုခ်င္ဘူး"
Words 2536