Dear Medical Student[Complete...
By Thone_82
65.5K 4.6K 231
☪️BJYXSZD💖 💚YiZhan FanFiction❤️ ဖခင်၏ ခိုင်းစေမှုကြောင့် တစ်ခါမှမမြင်ဖူးသည့် လူတစ်ယောက်အား မိမိဆန္ဒမပါပဲ... More
into & Part-1
Part-2
Part-3
Part-4
Part-5
Part-5(2)
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-18
Part-19
Part-20
Part-21
Part-22
Part-22(2)
Part-23
Part-24
Part-25 [Final]
Part-17
1.9K 148 4
By Thone_82
Unicode
မနက်ပိုင်း ကားရေဆေးမှုကြောင့် ရေစို၍ အအေးပတ်ကာ ၀မ်ရိပေါ်တို့ ဒေါသနှင့်ပေါင်းပြီး ဖျားလေတော့သည်။
ဆောင်းတွင်းမဟုတ်ရင် အမြဲဒေါင်ဒေါင်မြည်ဖြစ်နေတတ်သော သားဖြစ်သူ ဖျားသည်ဆိုတော့ ၀မ်ရိလင်း သူ့ရောဂါကိုတောင် အလေးမထားဘဲ အိပ်ယာပေါ်လှဲနေသည့်သားအနား တစ်ချိန်လုံး ထိုင်၍ စောင့်ကြည့်နေ၏။
"ဆေးထိုးမှ သက်သာမှာပါ သခင်လေး..."
"မသက်သာရင်နေပါစေ၊ လုံး၀မထိုးဘူး!"
Family Doctorက သခင်ကြီး၀မ်ရိလင်အား မျက်နှာငယ်လေးနှင့်ပြန်ကြည့်၏။
'မရရအောင် ထိုး' ဟူသည့် ၀မ်ရိလင်း၏ အကြည့်များကြောင့် ဒေါက်တာခမျာ သက်ပြင်းအသာခိုးချမိသည်။
Family Doctorဟာ ၀မ်သခင်ကြီးထက် သခင်လေးကို ပိုကြောက်ရ၏။
တစ်ခါက ၁၀တန်းကျောင်းသားအရွယ် သခင်လေး ဆောင်းတွင်းအဖျာတက်လေတော့ အဖျားကျအောင် ဆေးတစ်လုံးထိုးပေးလေရာ သခင်လေးက သူ့အား နှစ်ဆပြန်ထိုးသည်။လက်သီးဖြင့်။
ထို၁၀တန်းကျောင်းသားလေး၏ ပြင်းထန်သည့်လက်သီးချက်က ဒေါက်တာ၏ အရိုးထဲ အခုထိ စွဲထင်နေတုန်းပါ။
"ကျန်းချန်ပြန်ရောက်ပြီလား"
၀မ်ရိလင်းက ခေါင်းငြိမ့်ပြ၏။
"အားကျန့်အခန်းထဲမှာ စာအတူကျက်နေကြတယ်လေ"
"အင်း"
'အား....'
တစ်ဖက်အခန်းထဲမှ စူးရှရှအော်သံကြောင့် ၀ရံတာထွက်ကာ စာကျက်နေသည့်ကျန်းချန်နင့်ရှောင်းကျန့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြသည်။
ပြီးမှ ခပ်ပြုံးပြုံးမျက်နှာထားများနှင့် စာအုပ်အထူကြီးထဲ ခေါင်းပြန်စိုက်ကြ၏။
'ခွပ်!'
လက်ခုံတွင် ဆေးပိုက်တန်းလန်းနှင့် ရိပေါ်က Family Doctor၏ မျက်နှာတည့်တည့်အား လက်သီးဖြင့်ထိုးချလိုက်ခြင်းဖြစ်သည်။
"ရိရိ! စိတ်လျော့!
ဒါသားကောင်းဖို့လုပ်ပေးတာနော်
စေတနာကို မစော်ကားရဘူး!"
အရှိန်ပြင်းပြင်း ထိုးခံလိုက်ရသည့် Family Doctorက ထိုလက်သီးချက်၏ အရှိန်နှင့်အတူ
ကုတင်ခြေရင်းဘက် နံရံသို့ ပြေးကပ်နေရ၏။
"ကျွန်တော်တစ်ယောက်တည်းနေချင်တယ် ဒယ်ဒီ"
ဒယ်ဒီနှင့် ထိုဒေါက်တာ အိပ်ခန်းအပြင်ဘက်ထွက်သွားမှ ရိပေါ် ဆေးပိုက်အား ဆတ်ခနဲ ဆွဲဖြုတ်ကာ လက်ခုံရှိ အပ်ရာမှ ထွက်လာသော သွေးများကို ဂွမ်းစဖြင့် ဖိထားရင်း အိပ်ယာပေါ်မှ ဆင်းလိုက်သည်။
"ဆေးနံ့တွေ ရှိနေပြန်ပြီ!"
ထို့နောက် အိပ်ခန်းတစ်ခုလုံးအား ကိုယ်တိုင်သန့်ရှင်းရေးလုပ်နေလေ၏။
အခန်းအပြင်ဘက်တွင် နှာခေါင်းတစ်ပေါက်ထဲ ဂွမ်းစထိုးထည့်ကာ လက်ပိုက်လျှက် Family Doctorက သခင်ကြီး၀မ်ရိလင်းအား မှင်သေသေကြည့်နေသည်။
"ကျွန်တော်ပြောပါတယ်
ဒီလိုအခြေအနေဖြစ်မယ်ဆိုတာကို
သခင်ကြီးရဲ့သားက ဆာမူရိုင်းသွေးပါနေသလိုပဲ
ပြင်းလိုက်တဲ့လက်သီးချက်.."
Family Doctirက သူ့နှာခေါင်းနှင့် မျက်နှာတစ်ခြမ်းအား လက်ဖဝါးဖြူဖြူလေးဖြင့် ဖိအုပ်ကာ ပြော၏။
"ဒီနည်းလမ်းအပြင် တစ်ခြားမရှိလို့ပါကွာ
စိတ်ထဲမထားပါနဲ့ လစာပိုပေးပါ့မယ်"
"အဲ့ဒီအစါး ကျွန်တော့်ကို နှုတ်ထွက်ခွင့်ပေးပါလားဗျာ
ကျွန်တော် ငွေမယူပဲ ထွက်သွာပါ့မယ်"
"ဒါတေါ့ ရမလားကွ၊ မင်းကမှ နှစ်တွေအကြာကြီး ၀မ်မိသားစုရဲ့Family Doctorအဖြစ် သည်းခံနေနိုင်တာ
တစ်ခြားDoctorတွေဆို တစ်ပတ်လောက်နဲ့ပြေးကြတာကို"
"သခင်လေးကိုကြောက်ကြတာကိုးဗျ
သခင်ကြီးရဲ့ ရောဂါအခြေအနေလဲ စစ်ဆေးဖို့ရှိတယ်နော် လာခဲ့ အခုစစ်ဆေးမယ်"
၀မ်ရိလင်းက ခေါင်းငြိမ့်ကာ Family Doctorနှင့်အတူ အခန်းအတွင်း ၀င်သွား၏။
"ဘယ်လိုလဲကွ! အရင်နှစ်ဆောင်းတွင်းတုန်းက လက်သီးချက်နဲ့ အခုနဲ့ ဘယ်ဟာပိုပြင်းလဲ Doctor.."
"သခင်ကြီးသားက တစ်နှစ်ထက်တစ်နှစ် ပိုအားကြီးလာတာလေဗျာ
ကျွန်တော့် နှာခေါင်းက သွေးတွေကိုပဲကြည့်"
သခင်ကြီးက သူ၏ ညိုမဲနေသော နှာခေါင်းအားကြည့်ကာ ခပ်ဟဟရယ်သည်။
Family Doctorကတော့ မရယ်နိုင်ပါ၊
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို နှာတံစင်းစင်းက သခင်လေးရဲ့လက်သီးချက်ကြောင့် အခြေအနေမဟန်တော့ပဲ တစ်ပတ်လောက်အိမ်တွင်းအောင်းရတော့မည်။
➖➖➖➖➖➖
စနေနေ့တစ်နေ့လုံး ၀မ်ရိပေါ်က ဖျားနေတာမို့ အခန်းထဲက အခန်းပြင်မထွက်သလို ရှောင်းကျန့်ကလဲ ဗိုက်မဆာသည်ကိုအကြောင်းပြပြီး အခန်းထဲမှအခန်းပြင်မထွက်။
ကြည့်ရတာ နှစ်ယောက်စလုံးက မနက်ကကိစ္စအတွက် မျက်နှာချင်းမဆိုင်ရဲကြတာဖြစ်မည်ဟု ၀မ်ရိလင်း ထင်မိသည်။
ဒီညရဲ့ ညစာစား၀ိုင်းတွင် သခင်ကြီးနှင့် သူ၏ မွေးစားသားကျန်းချန်တို့သာ ရှိပြီး တိတ်ဆိတ်စွာ ညစာစားနေကြ၏။
"ကြီးကြီးဟွားမေ.."
"ရှင် သခင်လေး..."
ကျန်းချန်ခေါ်လိုက်တာကြောင့် ဗန်းတစ်ချပ်သယ်ကာ ထမင်းစားခန်းအပြင်ဘက်ထွက်ရန်ပြင်နေသည့် ဟွားမေက သခင်လေးအနား အမြန်​သွားရပ်လိုက်သည်။
"အဲ့တာ ရှောင်းကျန့်ကိုပို့မဲ့ နွားနို့မို့လားဗျ"
"ဟုတ်ကဲ့ သခင်လေးရှောင်းကျန့်က ညစာမစားတဲ့အခါ ညဘက်တွေကျရင် ဗိုက်ဆာတတ်လို့ နွားနို့သွားပို့ပေးမလို့ပါ ပြီးတော့ သခင်လေး၀မ်အတွက်ရောပဲ   "
"အဲ့တာဆို ထားခဲ့လိုက်ပါ ကြီးကြီး
ကျွန်တော်ခနနေအပေါ်တက်ရမှာဆိုတော့ ကျွန်တော်ပဲ ယူသွားပေးလိုက်ပါ့မယ်"
ဟွားမေက ခေါင်းအားနှစ်ကြိမ်ခန့် ငြိမ့်ပြကာ စားပွဲပေါ် နွားနို့ဗန်းကို တင်ပေးလိုက်သည်။
ညစာစားပြီးတဲ့အခါ ကျန်ချန်က အန်ကယ်၀မ်ရိလင်းအား တွဲခေါ်ကာ နွားနို့ဗန်းကိုင်လျှက် အပေါ်ထပ် တက်ခဲ့သည်။
"ရပါပြီ အန်ကယ့်ကို ဒီနားအထိပဲ လိုက်ပို့တော့.."
"ဟုတ်ကဲ့အန်ကယ်"
"ဒါနဲ့ အားချန်...
မင်းရဲ့၀မ်ကောဆီ တကယ်ကြီးနွားနို့သွားပို့မှာလား"
ကျန်းချန်က သွာများပေါ်အောင် ပြုံးပြလိုက်ပြီး
"ကျွန်တော့်မှာ Ideaရှိပါတယ်
စိတ်မပူပါနဲ့ အန်ကယ် ..."
🌷🌷🌷🌷
'ဒေါက် ဒေါက်'
"တံခါးလော့မချထားဘူး ဒေါ်ကြီး"
ရှောင်းကျန့်က ကျန်းချန်အား ကြီးကြီးဟွားမေဟုထင်သွားပုံရသည်။
တံခါးလက်ကိုင်ဘုအား ဆွဲလှည့်လိုက်တော့ ချက်ချင်းပွင့်သွားတာမို့ အခန်းထဲ ၀င်ခဲ့လိုက်သည်။
"ဟာ ရှောင်းကျန့်! မျက်မှန်တွေ တပ်လို့ပါလား"
မျက်မှန်အကြည်ရောင်လေးတပ်လျှက် အသံတိတ်စာကျက်နေသော ရှောင်းကျန့်က ပါးစပ်လေးဟ,လျှက် မော့ကြည့်လာ၏။
"အင်းလေ....မျက်မှန်မပါဘဲ စာကြည့်ရတာကြာတော့ မျက်လုံးတွေကိုက်လို့
ဒီမျက်မှန်ရဲ့ ဒီဂရီက ငါ့မျက်လုံးနဲ့ကွက်တိပဲလေ..
ဒါနဲ့ မင်းဘာလာလုပ်တာလဲ"
ကျန်းချန်က နွားနို့ဗန်းထဲမှ နွားနို့တစ်ခွက်အား ယူကာပြတော့ ရှောင်းကျန့်က မျက်၀န်းလှလှလေးများ မှိတ်ကျသွားသည်အထိ ရယ်ပြသည်။
တကယ်ပါ၊ ကျန်းချန်ရဲ့ သူငယ်ချင်းလေးက အရမ်းချစ်ဖို့ကောင်းတာ။
"ဟိုနားက စားပွဲပေါ်တင်ခဲ့နော်သူငယ်ချင်းလေး
ဒီမှါဆို စာရွက်တွေပေါ် နွားနို့ ဖိတ်မှာစိုးလို့"
"အဟေး....အင်း အင်း ထားခဲ့မယ်နော်"
ကျန်းချန်ထွက်သွားပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ရှောင်းကျန့်က စာတွေရသွားပြီမို့ စာအုပ်များကို သပ်သပ်ရပ်ရပ် စီလိုက်ပြီး မျက်မှန်အား စားပွဲပေါ်ချကာ အကျောဆန့်လိုက်သည်။
အခန်းထဲမှ ဖန်စားပွဲပုလေးဆီက နွားနို့ခွက်ဆီ အကြည့်ရောက်သွားသည့်အခါ ရှောင်းကျန့် အမြန်နွားနို့ဗန်းအနား လျှောက်သွား၏။
"နှစ်ခွက်တောင်လား"
နွားနို့တစ်ခွက်အား ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး နောက်တစ်ခွက်ကို ယူသောက်ဖို့အလုပ် ဖန်ခွက်အား မ,လိုက်တဲ့အခါ ဖန်ခွက်အောက်ခြေတွင် စာရွက်ခေါက်လေးတစ်ခုကို တွေ့သွားပါ၏။
'ဒီနွါးနို့တစ်ခွက်က ၀မ်ကောအတွက်နော် အားကျန့်
ငါမပို့ရဲ့တာမို့ အကူအညီတောင်းပါတယ်နော်'
ဒါက မင်းသွားပို့ပေးပါလို့  သွယ်၀ှိုက်သည့်နည်းဖြင့် ပြောနေသလိုပင်။
သူနှင့်ကိုကိုလေး စကားများကြတာကို ကျန်းချန်သိပုံမရ။
ရှောင်းကျန့် သောက်ပြီးသားနွားနို့တွေတောင် ပြန်အန်ထွက်ချင်သလိုဖြစ်သွားရ၏။
ကိုယ်တိုင်မပို့လို့မဖြစ်တာမို့ ရှောင်းကျန့် သက်ပြင်းချရင်း နွားနို့ဗန်းကိုင်ကာ ဘေးအခန်းဆီ ထွက်လာခဲ့သည်။
တံခါးခေါက်ဖို့လုပ်လိုက်ပေမဲ့ ပွင့်နေတဲ့တံခါးကြောင့် အသံမပေးဘဲ အခန်းထဲ၀င်ကြည့်လိုက်၏။
"ဘယ်သူလဲ!"
တံခါး၀၌ တောင့်တောင့်လေးရပ်ကာ လူရှိမရှိ လှည့်ပတ်ရှာနေသည့်ရှောင်းကျန့်က နားရွက်နား ကပ်ကာ ပြောလာသည့် သြရှရှအသံကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားကာ ကိုင်ထားသည့် နွားနို့ဗန်းကိုပင် လွှတ်ချမိမတက်။
အစိမ်းရင့်ရင့်Pajamaတစ်စုံနှင့် ကိုကိုလေးက သာမန်ထက် အရပ်ပိုရှည်နေသလို ခံစားရသည်။
"ဟို..ကိုကိုလေး"
တင်းမာနေသည့် မျက်လုံးတောက်တောက်များက ရှောင်းကျန့်မျက်နှာကိုတွေ့မှ မျက်လွှာချရင်း ရှောင်းကျန့်လက်ထဲကအရာဆီ အကြည့်ပို့၏။
"နွားနို့လာပို့တာလား"
"ဟုတ်!"
ဆက်ခနဲဆွဲယူကာ ရှောင်းကျန့်မျက်နှာအား ကြည့်ရင်းတစ်ကျိုက်တည်းမော့သောက်ပစ်လိုက်ပြီးနောက် ရိပေါ်အကြည့်များက ဖန်ခွက်အောက်တွင်ရှိနေသော စာရွက်ထံ ရောက်သွားပြီး စာရွက်ကို ဆွဲယူလိုက်သည်။
"အာ ကိုကိုလေး ..အဲ့..အဲ့တာက"
ရှောင်းကျန့် အောက်နှုတ်ခမ်းအား ခပ်တင်းတင်းဖိကိုက်ထားမိသည်မှာ ပေါက်ထွက်မတက်။
ဘာလို့စာရွက်ကို မဖယ်ထားမိတာပါလိမ့်။
ဦးနှောက်ရယ်!
စာရွက်ကို လှမ်းယူဖို့လုပ်ပေမဲ့ ကိုကိုလေးက သူ့လက်တံရှည်ကြီးနှင့်အပေါ်မြှောက်ထားလိုက်တာမို့ အရှိန်လွန်ကာ ရင်ခွင်ကျယ်ကြီးထဲ ပြုတ်ကျသည်။
ရှောင်းကျန့်တစ်ကိုယ်လုံး တောင့်တင်းသွားပြီးသေသေချာချာ မက်တပ်ရပ်လိုက်သည့်အခါ ကိုကိုလေးက အနောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ ရှောငူကျန့်အား အနားကပ်မခံသည့် သဘောမျိုး။
ထို့နောက် စာရွက်ထဲမှစာသားအားဖတ်ကြည့်ပြီး ကိုကိုလေးကရှောင်းကျန့်မျက်နှာအား မယုံနိုင်သလို ကြည့်လာသည်။
အဲ့ဒီအကြည့်တွေကို ရှောင်းကျန့်မကြိုက်ပါ။
တစ်ခါမှ ဒီလိုအကြည့်စိမ်းမျိုး ကိုကိုလေးဆီက အကြည့်ခံရဖို့ တွေးတောင်မတွေးဖူးတာမို့ မျက်ရည်ကအလိုလို၀ဲတက်လာ၏။
"ထင်တောင်ထင်မထားဘူး ရှောင်းကျန့်...
သူများခိုင်းလို့ လာပို့ရတဲ့! မင်းရဲ့ စေတနာမပါတဲ့ နွားနို့ကို သောက်ရတာ အဆိပ်သောက်ရသလိုပဲ.."
အလိုလို ရင်ထဲကြပ်တည်းကာ ၀ဲတက်လာသည့်မျက်ရည်ကြည်တို့က မျက်၀န်းအိမ်တစ်ခုလုံး ပြည့်နက်လာပြီး မျက်လုံး၀ိုင်း၀ိုင်းလေး၏ ထောင့်နားဆီမှတဆင့်  မျက်ရည်တစ်စက်က နှုတ်ခမ်းထောင့်နားအထိ တရဇက် စီးဆင်းသွား၏။
ထိုမှတဆင့်် မေ့ဖျားအထိ စီးကျကာ ​ချောမွတ်သော ကြွေပြားပေါ် ပြုတ်ကျသွားတာမို့ တိတ်ဆိတ်နေသည့်အခန်းထဲတွင် ဖောက်ခနဲ အသံထွက်လာသည်။
"မငိုနဲ့ ရှောင်းကျန့်
ငါကတော့မင်းကို....!"
"ကိုကိုလေး! ကိုကိုလေး!"
ရှောင်းကျန့် ပုခုံးပေါ် ခေါင်းအကြီးကြီး ပြုတ်ကျလာပြီးနောက် ခန္ဓာကိုယ်လေးလေးကြီးက ကိုယ်ပေါ် ပြိုကျလာ၏။
"အားကျန့်...အား....ကျန့်"
ပူခြစ်တောက်နေသည့် လက်ဖဝါးက ရှောင်းကျန့်ပါးတစ်ဖက်အား လာရောက် ထိကပ်သည့်အခါ ရှောင်းကျန့်မျက်လုံတို့ ၀ိုင်းခနဲ။
"ကိုကိုလေး ဖျားနေတယ်"
°°°°°
TBC
နောက်တစ်ပိုင်းဆို ခါးတော့ဘူး😁
Zawgyi
"အင်း"
'အား....'
'ခွပ်!'
"ရိရိ! စိတ်လျော့!
"ကျွန်တော်ပြောပါတယ်
➖➖➖➖➖➖
"ကြီးကြီးဟွားမေ.."
"ရှင် သခင်လေး..."
"ဟုတ်ကဲ့အန်ကယ်"
"ဒါနဲ့ အားချန်...
စိတ်မပူပါနဲ့ အန်ကယ် ..."
🌷🌷🌷🌷
'ဒေါက် ဒေါက်'
"နှစ်ခွက်တောင်လား"
"ဘယ်သူလဲ!"
"ဟို..ကိုကိုလေး"
"နွားနို့လာပို့တာလား"
"ဟုတ်!"
ဉီးနှောက်ရယ်!
ထိုမှတဆင့် မေ့ဖျားအထိ စီးကျကာ ​ချောမွတ်သော ကြွေပားပေါ် ပြုတ်ကျသွားတာမို့ တိတ်ဆိတ်နေသည့်အခန်းထဲတွင် ဖောက်ခနဲ အသံထွက်လာသည်။
"မငိုနဲ့ ရှောင်းကျန့်
ငါကတော့မင်းကို....!"
"ကိုကိုလေး! ကိုကိုလေး!"
"အားကျန့်...အား....ကျန့်"
"ကိုကိုလေး ဖျားနေတယ်"
°°°°°
TBC
Continue Reading
You'll Also Like
32.7K 3.1K 21
Omegaverseဖြစ်ပြီးMarried lifeလေးပါ Start date -2.8.2024 End date -??
156K 14.6K 48
ပထမဆုံးရေးထားတဲ့fiction လေးမို့ ဖတ်လို့ကောင်းမယ်မထင်မိဘူးရယ်။ကလေးဆန်လွန်းတဲ့ အရေးအသားတွေကြောင့် မျက်နှာပူမိပါတယ်။ နှမြောလို့ အမှတ်တရအနေနဲ့ published...
55.2K 5.2K 29
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
725K 123K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!