“ပျင်းတယ်”
ကုတင်ကြီးပေါ်မှာ လူးလိမ့်နေတာဆိုလို့ ရှောင်းကျန့်ရယ်ပါ။ သူဒီရောက်တာ 3ရက်ကျော်နေပြီမို့ သူအိပ်မက် မက်နေတာလည်း မဖြစ်နိုင်တော့ ။ ဖုန်းတွေ အင်တာနက်တွေ မရှိတော့ သူပျင်းသည်။ မြို့စား၀မ်ဆိုတဲ့လူကလည်း နန်းတော်ထဲပဲ သွားနေတော့ အိမ်တော်ကြီးထဲမှာ ရှောင်းကျန့်တစ်ယောက်ထဲသာ ။
“အာ ရိရှောင်း ရှိတာပဲ ”
ရှောင်းကျန့်လည်း ရိရှောင်းဆီ သွားလိုက်တယ် ။ သွားနေရင်း အစေခံမလေးတွေကလည်း မကြည်သလို့ ကြည့်သွားသေးတာ ။ အင်းလေ အရင်ရှောင်းကျန့်က အစေခံတွေကိုလည်း ရိုက်နှက်နှိပ်စက်ခဲ့တာ ။
“ဟူး အိမ်တော်က ကြီးတော့ သွားရတာ မောလိုက်တာ ”
ရှောင်းကျန့်လည်း ပန်းခြံတစ်ခုနား ရောက်သွားတယ် ။ အဲ့နားမှာ ရိရှောင်းလေးက စာရွက်တစ်ရွက်နဲ့ ခံတံတစ်ခုကိုင်ကာ ခြစ်နေတယ် ။ ရှောင်းကျန့်ကို မြင်တော့ စာရွက်ကို ခေါက်သိမ်းလိုက်ပြီး အိပ်ကပ်ထဲ ထိုးထည့်လိုက်တယ် ။ မြို့စားကတော်က သူစာရေးတာကို သဘောမကျဖူးလေ ။
“ရိရှောင်း စာရေးနေတာလား”
ရိရှောင်းက ခေါင်းခါပြတယ်
“အမ် ခုနက စာရေးနေတာ မဟုတ်ဘူးလား”
“ရေးဝူး”
ခုနက သေချာပေါက်ရေးနေတာကို ရှောင်းကျန့် မြင်လိုက်တာပါ ။ ရှောင်းကျန့်က မယုံသလို့ ကြည့်ပြီး
“ခုနက သိမ်းလိုက်တဲ့စာရွက် ဦးဦးကိုပြ ”
ရိရှောင်းက မျက်နှာညိုးသွားပြီး အိပ်ကပ်လေးထဲက ထုတ်ပြီး ရှောင်းကျန့်ကို ပေးသည် ။ ရှောင်းကျန့် ကြည့်လိုက်တော့ လျှောက်ခြစ်ထားးတဲ့ စာလုံးတွေသာ ။ ဟုတ်သားပဲ ဒိုင်ယာရီထဲမှာ ရေးထားတာပဲ *ရိရှောင်းလေးကို စာသင်ခွင့်မပေး* ဆိုပြီး ရေးထားတာ ။ ရိရှောင်း စာရေးတာ မြင်ရင် ရှောင်းကျန့်က ရိုက်လေ ရှိသည် ။ ရှောင်းကျန့်လည်း သနားသွားရသည်။
“လာ ဦးဦး စာသင်ပေးမယ်”
ရိရှောင်းက မျက်လုံးဝိုင်းလေးတွေနဲ့ မော့ကြည့်လာသည် ။
“အားရိုး တကယ်ပါဆို”
“ဟုတ်”
ရှောင်းကျန့်လည်း အစေခံမလေးတွေကို ရေးဖို့ စာအုပ်တစ်အုပ်တောင်းလိုက်တယ် ။ အစေခံမလေးတွေကတော့
“ဟဲ့ သူပဲနှိပ်စက်ပြီး ဘာတွေထပ်ကြံအုံးမလဲမသိ”
“တိုးတိုး”
ရှောင်းကျန့် သူတို့ပြောတာတွေ ကြားပါတယ် ။ဒါပေမယ့် မကြားချင်ယောင်ဆောင်ပြီး ရိရှောင်းနားလေးပဲ နေလိုက်သည် ။ ရှောင်းကျန့် ရိရှောင်းကို စာတွေ စိတ်ရှည်လက်ရှည် သင်ပြပေးတယ် ။ ခနကြာတော့ ရိရှောင်းလေးက အိပ်ငိုက်လာတာကြောင့် ရှောင်းကျန့်ပေါင်ပေါ် မှောက်သွားတယ် ။
“ကျွတ် ကျွတ် အိပ်ချင်နေပြီလား”
“ဟုတ် မြို့စားကတော်”
“အဟင်း ဦးချောသိပ်မယ်”
ရှောင်းကျန့်လည်း ရိရှောင်းလေးကို ချီကာ ပန်းခြံထဲကို ဟိုလျှောက်ဒီလျှောက်နေလိုက်သည်။
“အိပ်မက်လှလှလေးမက်ပါစေ”
ရိရှောင်းလေး အိပ်ပျော်သွားတော့ ရှောင်းကျန့်လည်း သူအခန်းကုတင်ပေါ် သေချာတင်ပေးလိုက်ပြီး စောင်ခြုံပေးလိုက်သည် ။ ပြတင်းပေါက်ကနေ ကားဟွန်းသံ ကြားတော့ မြို့စား၀မ်ပြန်လာတာ သိလိုက်သည် ။ ရှောင်းကျန့် ဒိုင်ယာရီထဲမှာတော့ ဉာဉ့်နက်ပိုင်းမှ ပြန်တာများသည်။ အလုပ်ကို နန်းတော်ထဲမှာပဲ အချိန်ကုန်တာများသည်တဲ့ ။ ဒီနေ့တော့ နေ့လယ်ခင်းမှာတင် ပြန်လာသည် ။ရှောင်းကျန့်လည်း သွားကြိုပေးလိုက်သည်။
“ဟဲဟဲ ပြန်လာပြီလား”
“အင်း”
မြို့စား၀မ်က ကုတ်အင်္ကျီချိတ်ပြီး အပေါ်ထပ် တက်သွားသည် ။ သေချာပေါက် ရိရှောင်းဆီနေမှာ ။ မြို့စား၀မ်က အေးစက်တဲ့ပုံထင်ရပေမယ့် သူသား
ရိေရှာင်းအပေါ်တော့ နူးညံ့ပါတယ် ။ ရှောင်းကျန့်လည်း မီးဖိုချောင်ထဲ၀င်သွားလိုက်ေတာ့ အစေခံမလေးတစ်သိုက်က ဟင်းချက်နေကြသည် ။ တစ်ချို့ကတော့ ပန်းကန်တွေနဲ့ဇွန်းတွေ ပြင်နေကြသည် ။ ရှောင်းကျန့်လည်း လျှောက်စပ်စုကြည့်လိုက်တယ် ။
“ဟို ဟင်းတွေ အများကြီး ပြင်ဆင်နေသလို့ပဲ”
“မြို့စားကတော် တော်၀င်မင်းသမီး လာမှာမို့လို့ပါ”
“တော်၀င်သမီး.? အော် ဆက်လုပ်ကြပါ”
ဒီလိုဘက်မှာ တော်၀င်မင်းသမီးတွေလည်း ရှိသေးတာပဲလား။ ရှောင်းကျန့် အနည်းငယ်တော့
စိတ်၀င်စားသွားသည် ။ သူ ဟိုဘက်မှာ မားကို လွမ်းပေမယ့် ဒီဘက်မှာ နည်းနည်းတော့ ပျော်သည်။ ဟိုသစ္စဖောက်နှစ်ယောက်ကိုလည်း မတွေ့ရဘူးလေ ။ တကယ်လို့ သူခန္ဓာကိုယ်ထဲ အရင်ရှောင်းကျန့်၀င်နေရင်ရော ? ။
“၀င်တော့လည်း သူသောက်ကြောင်းပဲလေ အဟွန်း အယ့် မဟုတ်သေးပါဘူး ငါပြန်ရောက်သွားလို့ ဗရမ်းဗတာ လျှောက်လုပ်ထားရင်ရော အား စိတ်ရှုပ်လိုက်တာ”
>>>>>>>>>>>>>>>>>>>
“ဟူး မောင် !”
ရှောင်းကျန့်က ဖုန်သုတ်နေရင်းနဲ့ ပန်းကန်ဆေးနေတဲ့ေမာင်ကို လှမ်းခေါ်လိုက်သည် ။ မောင်ကတော့ တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေတဲ့ပုံ ။ တစ်ခါတစ်လေ မျက်မှောင်လေးက ကျုတ်သွားသေးတာ ။ ရှောင်းကျန့်က အဲ့ဒါလေးတွေကအစ မြတ်နိုးပါတယ် ။
၀မ်ရိပေါ် ရှောင်းကျန့်အသံကြားပေမယ့် ဖုန်းထဲက ကိစ္စကြောင့် ခနလျစ်လျှူထားလိုက်သည် ။ သူမားနဲ့ ဖုန်းပြောနေတာ ။ သူမားက ထုံးစံအတိုင်း သူကိုအိမ်ထောင်ဖက် သွားတွေ့ဖို့ ပြောနေတာ ။ တစ်ဖက်က မိန်းကလေးကလည်း တခြားသူမဟုတ် ။ သူနဲ့ငယ်ငယ်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းအရင်းကြီး ယူနာ ဖြစ်သည် ။ ယူနာက သူကို စိတ်၀င်စားနေတာ သိပေမယ့် သူကတော့ သူငယ်ချင်းခံစားချက်ပဲ ရှိသည် ။
“ဟာ မားကလည်း မတွေ့ချင်ပါဘူးဗျာ သူနဲ့က ဆေးရုံမှာလည်း တွေ့နေတာပဲကို”
“ဟဲ့ ယူနာကလည်း နင်ဖွင့်ပြောမယ်အချိန်ကို စောင့်နေတာဟဲ့ နင်ဖွင့်ပြောလိုက်ပါတော့ ငါသားရယ် ”
“တော်ပြီ မား ကျွန်တော်လုပ်စရာ ရှိသေးတယ်”
“ဟဲ့ ဟဲ့ နေဦး ငါနားထဲမှာ မောင် ဆိုတဲ့အသံကြားလိုက်သလို့ပဲ”
“မားနားကြားလွဲတာနေမှာပေါ့”
“အေး နင်နော် ငါယူနာနဲ့ပဲ သဘောတူတာ”
၀မ်ရိပေါ်လည်း စိတ်ရှုပ်ရှုပ်နဲ့ ဖုန်းချလိုက်သည် ။ ဒါပေမယ့် အသံချိုလေးကြောင့် စိတ်ရှုပ်တာတွေ ပျောက်ကွယ်သွားရသည်။
“မောင် မောနေတာလားဟင်”
ရှောင်းကျန့်က ၀မ်ရိပေါ်ကို တီရှူးနဲ့ ချွေးသုတ်ပေးသည်။
“မမောပါဘူး မင်းသာမောနေတာမလား”
၀မ်ရိေပါ်လည်း တီရှူးယူပြီး ရှောင်းကျန့်ကို သုတ်ပေးလိုက်သည် ။ ရှောင်းကျန့်က သွားပေါ်အောင် ရယ်ပြသည် ။ ၀မ်ရိပေါ်လည်း ခေါင်းကိုဖွပေးလိုက်သည် ။ ရှောင်းကျန့်က အံဩသွားပြီး ပြီးကျမှ ပြုံးပျော်သွားကာ
“မောင် ကျန့်ကျန့်ကို မစိမ်းကားတော့ဘူးမလားဟင်”
“.......”
“မောင် ကျန့်ကျန့်ကို ပြစ်ထားတာ 5နှစ်တောင်ပဲ တစ်ခါတစ်လေ စကားတောင် မပြောဘူး အဲ့ကျ ကျန့်ကျန့် အရမ်း၀မ်းနည်းတာပဲ”
တကယ်ဆို ရှောင်းကျန့်လည်း ရိရှောင်းလေးကို မရိုက်ချင်ပါ ။ သူအတိတ်တွေကို ပြန်မှတ်မိတာ ကြာပြီ။ မောင်နဲ့သူက အရမ်းလိုက်ဖက်တဲ့စုံတွဲဖြစ်ခဲ့ဖူးတာကိုလည်း သူမှတ်မိပြီးပြီ ။ မောင်က သူကို အရေးမလုပ်တော့လို့ ရိရှောင်းလေးကို အသုံးချပြီး လုပ်ကြည့်တော့လည်း မအောင်မြင်ပါ။ မောင်က သူကို ပိုစိမ်းကားသွားသေး ။ အမှန်တော့ သူကိုယ်သူ သတ်သေဖို့ ကြိုးစားရင်း အစေခံလေးတွေရဲ့ ရေပုံးကို မတော်တဆတတ်နင်းမိသွားရုံသာ ။
“အော် မင်းဗိုက်ဆာရင် ready madeတွေ ရှိတယ်”
“ဟမ် ရယ်ဒီ..ဘာကြီး”
“အသင့်စားခေါက်ဆွဲပြောတာ”
“အာ့ ဘာကြီးလဲ မောင်”
“.......”
“မောင်လို့ !”
“အော် ငါမှားတာ ငါပဲ ဟင်းချက်ပေးခဲ့မယ်”
“မောင်က ဘယ်သွားမှာလဲဟင်”
“ဈေး၀ယ်ထွက်မလို့လေ”
“ကျန့်ကျန့်လည်း လိုက်ချင်တယ်”
////////////////////
အဟမ်း ရှင်းပြမယ်လို့ မပြောဘူး တိုသွားတယ်
Zawgyi
“ပျင်းတယ်”
“အာ ရိရှောင်း ရှိတာပဲ ”
“ရေးဝူး”
“လာ ဦးဦး စာသင်ပေးမယ်”
“အားရိုး တကယ်ပါဆို”
“ဟုတ်”
“တိုးတိုး”
“ဟုတ် မြို့စားကတော်”
“အဟင်း ဦးချောသိပ်မယ်”
“ဟဲဟဲ ပြန်လာပြီလား”
“အင်း”
>>>>>>>>>>>>>>>>>>>
“ဟူး မောင် !”
“ဟဲ့ ဟန်နာကလည်း နင်ဖွင့်ပြောမယ်အချိန်ကို စောင့်နေတာဟဲ့ နင်ဖွင့်ပြောလိုက်ပါတော့ ငါသားရယ် ”
“အေး နင်နော် ငါဟန်နာနဲ့ပဲ သဘောတူတာ”
“မောင် မောနေတာလားဟင်”
“.......”
“ဟမ် ရယ်ဒီ..ဘာကြီး”
“အာ့ ဘာကြီးလဲ မောင်”
“.......”
“မောင်လို့ !”
“ဈေးဝယ်ထွက်မလို့လေ”
////////////////////