Unicode
ဖြတ်လျှောက်........ဟုတ်တယ် ငါကဇာတ်လမ်းတွေထဲမှာ ဖြတ်လျှောက်တစ်ယောက်။အခြားသူတွေရဲ့ဇာတ်လမ်းတွေထဲမှာ ငါဟာဒီတိုင်းဖြတ်လျှောက်တစ်ယောက်ပင်မယ့် ငါ့ဇာတ်လမ်းမှာကတော့ ငါကအဓိကဇာတ်ကောင်တစ်ယောက် ဇာတ်ပို့ဇာတ်ရံကအစငါပဲ ကိုယ်တိုင် ကရတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ လူတိုင်းက ငါ့ကိုသတိမထားမိကြဘူး။ ဒါပေမယ့် တစ်ခါတစ်ရံ ဇာတ်လမ်းထဲမှာ ခဏတာ ဧည့်သည်တွေတော့ ပါလာတတ်ကြပါတယ်။ လူတွေသူတို့လိုအပ်ချိန်ဆိုရင်တော့ ငါ့ကိုမြင်လာတတ်ကြတယ်။အခုလည်းကြည့် ဒီနေ့သန့်ရှင်းအဖွဲ့မှာ ငါ့ကိုကူညီတောင်းဖို့ကျန်နေတဲ့ နှစ်ယောက်သောသူ အခုသူတို့ငါ့စီလျှောက်လာနေကြပြီ။
"ဟိုလေ...နင့်နာမည်က"
ဒါကြီးကတော့ အတော်ရှက်ဖို့ကောင်းတယ်လို့ယူဆမိတယ်။အကူညီအမြဲတောင်းနေပြီး နာမည်တောင်သေချာမမှတ်နိုင်ရတာလဲ။ ဒါပေမယ့် ဒါတွေကအဆင်ပြေပါတယ်လေ။ ကြုံနေကြအရာတွေဆန်းမှမဆန်းတာ။
"ပန်းယဉ်လှိုင်"
"ဟုတ်သားပဲ ငါတို့နှစ်ယောက် ဒီနေ့လည်းမအားလို့ နင့်ကိုအကူညီတောင်းချင်လို့"
"သန့်ရှင်းရေးမလား ရပါတယ်"
"ကျေးဇူးပါနော် ကျေးဇူး"
ဘာပဲဖြစ်ဖြစ်လေ တစ်ယောက်တည်းလုပ်ရတာပိုအဆင်ပြေတယ်။တခြားသူရှိနေရင် အာရုံနောက်စရာသိပ်ကောင်းတယ်။
အရပ်ရှည်တာကို ဒီနေရာမှာ မုန်းမိတယ်။ ကျောင်းကကျောက်သင်ပုန်းတွေက ဂျပုတွေမမီအောင် မြင့်လွန်းတဲ့အတွက် အမြဲတမ်းဖျက်ပြီးသန့်ရှင်းပေးရတာကတော့ ကိုယ်ပါပဲ။ပြတင်းပေါက်တွေက အလကားနေရင်း အပေါက်ကျယ်လွန်းတယ်လို့ ယူဆမိတယ်။ သန့်ရှင်းရေးလုပ်တိုင်း မပြုတ်ကြရအောင် ဂရုစိုက်နေရတယ်။
"ဘုန်း"
ငါကံက အဲ့လိုကောင်းတာလေ။ပြတင်းပေါက်ကပြုတ်ကျသွားပင်မယ့် ပထမဆုံးကျေးဇူးတင်မိတာက အခန်းကအောက်အထပ်ဖြစ်နေတာရယ် ဒုတိယအချက်ကတော့ ရှည်လွန်းလှတဲ့ ငါ့ရဲ့ ခြေထောက်တွေက ပြတင်းပေါက်နံရံကို ထိန်းနိုင်တာကြောင့်ရယ်ပဲ "ဘုန်း"ဆိုတဲ့အသံကဝောာ့ ပြတင်းပေါက်နံရံနဲ့ရိုက်ခတ်သံပဲ။ဒီချိန်ကျောင်းမှာလူနည်းတာကြောင့် ဒီဘက်အခြမ်းကိုလည်း ဘယ်သူမှလာဖြစ်မည်မထင်။ခေါင်းကို ကြမ်းပြင်ပေါ်ကို ဖြည်းဖြည်းချင်းချရအောင် လုပ်ရတော့မယ်။ခြေထောက်ကိုအားပြုပြီး ကိုယ်ကိုမပြီး ထိုင်ဖို့စဉ်းစားမိပင်မယ့် မဖြစ်နိုင်တဲ့လုပ်ရပ်တစ်ခုလို့သာတွေးပြီး ခေါင်းကိုကြမ်းပြင်ပေါ်ကို ချလိုက်တယ်။ပြီးတော့ ငါဘာဆက်လုပ်သင့်လဲလို့တွေးနေမိတယ်။ နံရံကိုထိန်းထားတဲ့ခြေထောက်တွေကို လွှတ်ဖို့လုပ်ပင်မယ့် စိတ်ကြောင့်ပဲလားမသိ လွှတ်မရဖြစ်နေမိတယ်။ တန်းလန်းဖြစ်လျက်သာရှိနေတော့တယ်။လူတစ်ယောက်လာနေတာကြောင့် မျက်လုံးတွေကိုမှိတ်ထားလိုက်တယ်။ စိတ်ကတော့ ကျေးဇူးပြု၍မသိချင်ယောင်ဆောင်သွားပါလို့ပဲရေရွတ်နေမိတယ်။ ခဏကြာတော့ မျက်လုံးအသာဖွင့်ပြီး ကြည့်လိုက်တော့ လူရှိနေသေးတာကြောင့် မျက်လုံးကိုအတင်းပြန်ပိတ်လိုက်တယ်။
"ဟဲလို အကူညီလိုလား"
ဘယ်လိုတောင်မေးရတာလဲ။လိုတာပေါ့လို့။ ဒါကရှက်စရာအနေအထားကြီး ဖြစ်နေလို့သာ။မျက်လုံးဖွင့်ပြီးကြည့်လိုက်တော့ ဆံပင်နှစ်ဖက်ခွဲစီးလေးနဲ့ကောင်မလေး။
"ငါ့နာမည်က နှင်းဆီပွင့်"
နာမည်ဘာလို့ လာနှုတ်ဆက်နေရတာလဲ ကူညီရမှာမဟုတ်လားလို့အော်လိုက်ချင်ပင်မယ့်
"ဟိုင်း ငါ့နာမည်က ...arrrr"
ထိန်းထားတဲ့ခြေထောက်တွေဟာ အရှေ့ဘက်ကိုယိုင်ကျလာတယ်။ခြေထောက်တွေဟာငါ့မျက်နှာပေါ်ကိုရောက်လာတယ်။ အခုလက်ရှိငါ့ပုံစံက ယောဂ ကျင့်နေတဲ့အတိုင်းပဲ။ ဒါဟာတကယ်ကို ရှက်ဖို့ကောင်းလိုက်တာ။ နှစ်ယောက်လုံးခဏတာကြောင်သွားပင်မယ့် မတ်တပ်အမြန်ထရပ်လိုက်ကာ နှုတ်ဆက်ခြင်းကို ပြန်အစပြုလိုက်တယ်။
"ဟိုင်း ငါ့နာမည်က ပန်းယဉ်လှိုင်"
"အို့...နင်နာမည်မှာလည်း ပန်းပါတာလား နင်ကရောပန်းတွေကြိုက်လား"
နာမည်က ပန်းပါတာနဲ့ ပန်းကြိုက်ရမှာလားလို့တွေးမိတယ်။
"မကြိုက်ဘူး ဒါနဲ့ ခွင့်ပြုပါအုန်း "
ပြောပြီးတာနဲ့ ပြတင်းပေါက်ကနေ ဝင်ကာ ခုံသိမ်းကာ အိမ်ပြန်ဖို့ထွက်လာလိုက်တယ်။ဒီကောင်မလေးကတကယ့်ကိုအထူးအဆန်းပဲ။သူလည်းငါ့လိုဖြတ်လျှောက်ပဲထင်ပါရဲ့။
Zawgyi
ျဖတ္ေလွ်ာက္........ဟုတ္တယ္ ငါကဇာတ္လမ္းေတြထဲမွာ ျဖတ္ေလွ်ာက္တစ္ေယာက္။အျခားသူေတြရဲ႕ဇာတ္လမ္းေတြထဲမွာ ငါဟာဒီတိုင္းျဖတ္ေလွ်ာက္တစ္ေယာက္ပင္မယ့္ ငါ့ဇာတ္လမ္းမွာကေတာ့ ငါကအဓိကဇာတ္ေကာင္တစ္ေယာက္ ဇာတ္ပို႔ဇာတ္ရံကအစငါပဲ ကိုယ္တိုင္ ကရတဲ့ ဇာတ္လမ္းတစ္ပုဒ္ေပါ့။ လူတိုင္းက ငါ့ကိုသတိမထားမိၾကဘူး။ ဒါေပမယ့္ တစ္ခါတစ္ရံ ဇာတ္လမ္းထဲမွာ ခဏတာ ဧည့္သည္ေတြေတာ့ ပါလာတတ္ၾကပါတယ္။ လူေတြသူတို႔လိုအပ္ခ်ိန္ဆိုရင္ေတာ့ ငါ့ကိုျမင္လာတတ္ၾကတယ္။အခုလည္းၾကည့္ ဒီေန႕သန႔္ရွင္းအဖြဲ႕မွာ ငါ့ကိုကူညီေတာင္းဖို႔က်န္ေနတဲ့ ႏွစ္ေယာက္ေသာသူ အခုသူတို႔ငါ့စီေလွ်ာက္လာေနၾကၿပီ။
"ဟိုေလ...နင့္နာမည္က"
ဒါႀကီးကေတာ့ အေတာ္ရွက္ဖို႔ေကာင္းတယ္လို႔ယူဆမိတယ္။အကူညီအၿမဲေတာင္းေနၿပီး နာမည္ေတာင္ေသခ်ာမမွတ္နိုင္ရတာလဲ။ ဒါေပမယ့္ ဒါေတြကအဆင္ေျပပါတယ္ေလ။ ႀကဳံေနၾကအရာေတြဆန္းမွမဆန္းတာ။
"ပန္းယဥ္လွိုင္"
"ဟုတ္သားပဲ ငါတို႔ႏွစ္ေယာက္ ဒီေန႕လည္းမအားလို႔ နင့္ကိုအကူညီေတာင္းခ်င္လို႔"
"သန႔္ရွင္းေရးမလား ရပါတယ္"
"ေက်းဇူးပါေနာ္ ေက်းဇူး"
ဘာပဲျဖစ္ျဖစ္ေလ တစ္ေယာက္တည္းလုပ္ရတာပိုအဆင္ေျပတယ္။တျခားသူရွိေနရင္ အာ႐ုံေနာက္စရာသိပ္ေကာင္းတယ္။
အရပ္ရွည္တာကို ဒီေနရာမွာ မုန္းမိတယ္။ ေက်ာင္းကေက်ာက္သင္ပုန္းေတြက ဂ်ပဳေတြမမီေအာင္ ျမင့္လြန္းတဲ့အတြက္ အၿမဲတမ္းဖ်က္ၿပီးသန႔္ရွင္းေပးရတာကေတာ့ ကိုယ္ပါပဲ။ျပတင္းေပါက္ေတြက အလကားေနရင္း အေပါက္က်ယ္လြန္းတယ္လို႔ ယူဆမိတယ္။ သန႔္ရွင္းေရးလုပ္တိုင္း မျပဳတ္ၾကရေအာင္ ဂ႐ုစိုက္ေနရတယ္။
"ဘုန္း"
ငါကံက အဲ့လိုေကာင္းတာေလ။ျပတင္းေပါက္ကျပဳတ္က်သြားပင္မယ့္ ပထမဆုံးေက်းဇူးတင္မိတာက အခန္းကေအာက္အထပ္ျဖစ္ေနတာရယ္ ဒုတိယအခ်က္ကေတာ့ ရွည္လြန္းလွတဲ့ ငါ့ရဲ႕ ေျခေထာက္ေတြက ျပတင္းေပါက္နံရံကို ထိန္းနိုင္တာေၾကာင့္ရယ္ပဲ "ဘုန္း"ဆိုတဲ့အသံကေဝာာ့ ျပတင္းေပါက္နံရံနဲ႕ရိုက္ခတ္သံပဲ။ဒီခ်ိန္ေက်ာင္းမွာလူနည္းတာေၾကာင့္ ဒီဘက္အျခမ္းကိုလည္း ဘယ္သူမွလာျဖစ္မည္မထင္။ေခါင္းကို ၾကမ္းျပင္ေပၚကို ျဖည္းျဖည္းခ်င္းခ်ရေအာင္ လုပ္ရေတာ့မယ္။ေျခေထာက္ကိုအားျပဳၿပီး ကိုယ္ကိုမၿပီး ထိုင္ဖို႔စဥ္းစားမိပင္မယ့္ မျဖစ္နိုင္တဲ့လုပ္ရပ္တစ္ခုလို႔သာေတြးၿပီး ေခါင္းကိုၾကမ္းျပင္ေပၚကို ခ်လိဳက္တယ္။ၿပီးေတာ့ ငါဘာဆက္လုပ္သင့္လဲလို႔ေတြးေနမိတယ္။ နံရံကိုထိန္းထားတဲ့ေျခေထာက္ေတြကို လႊတ္ဖို႔လုပ္ပင္မယ့္ စိတ္ေၾကာင့္ပဲလားမသိ လႊတ္မရျဖစ္ေနမိတယ္။ တန္းလန္းျဖစ္လ်က္သာရွိေနေတာ့တယ္။လူတစ္ေယာက္လာေနတာေၾကာင့္ မ်က္လုံးေတြကိုမွိတ္ထားလိုက္တယ္။ စိတ္ကေတာ့ ေက်းဇူးျပဳ၍မသိခ်င္ေယာင္ေဆာင္သြားပါလို႔ပဲေရ႐ြတ္ေနမိတယ္။ ခဏၾကာေတာ့ မ်က္လုံးအသာဖြင့္ၿပီး ၾကည့္လိုက္ေတာ့ လူရွိေနေသးတာေၾကာင့္ မ်က္လုံးကိုအတင္းျပန္ပိတ္လိုက္တယ္။
"ဟဲလို အကူညီလိုလား"
ဘယ္လိုေတာင္ေမးရတာလဲ။လိုတာေပါ့လို႔။ ဒါကရွက္စရာအေနအထားႀကီး ျဖစ္ေနလို႔သာ။မ်က္လုံးဖြင့္ၿပီးၾကည့္လိုက္ေတာ့ ဆံပင္ႏွစ္ဖက္ခြဲစီးေလးနဲ႕ေကာင္မေလး။
"ငါ့နာမည္က ႏွင္းဆီပြင့္"
နာမည္ဘာလို႔ လာႏႈတ္ဆက္ေနရတာလဲ ကူညီရမွာမဟုတ္လားလို႔ေအာ္လိုက္ခ်င္ပင္မယ့္
"ဟိုင္း ငါ့နာမည္က ...arrrr"
ထိန္းထားတဲ့ေျခေထာက္ေတြဟာ အေရွ႕ဘက္ကိုယိုင္က်လာတယ္။ေျခေထာက္ေတြဟာငါ့မ်က္ႏွာေပၚကိုေရာက္လာတယ္။ အခုလက္ရွိငါ့ပုံစံက ေယာဂ က်င့္ေနတဲ့အတိုင္းပဲ။ ဒါဟာတကယ္ကို ရွက္ဖို႔ေကာင္းလိုက္တာ။ ႏွစ္ေယာက္လုံးခဏတာေၾကာင္သြားပင္မယ့္ မတ္တပ္အျမန္ထရပ္လိုက္ကာ ႏႈတ္ဆက္ျခင္းကို ျပန္အစျပဳလိုက္တယ္။
"ဟိုင္း ငါ့နာမည္က ပန္းယဥ္လွိုင္"
"အို႔...နင္နာမည္မွာလည္း ပန္းပါတာလား နင္ကေရာပန္းေတြႀကိဳက္လား"
နာမည္က ပန္းပါတာနဲ႕ ပန္းႀကိဳက္ရမွာလားလို႔ေတြးမိတယ္။
"မႀကိဳက္ဘူး ဒါနဲ႕ ခြင့္ျပဳပါအုန္း "
ေျပာၿပီးတာနဲ႕ ျပတင္းေပါက္ကေန ဝင္ကာ ခုံသိမ္းကာ အိမ္ျပန္ဖို႔ထြက္လာလိုက္တယ္။ဒီေကာင္မေလးကတကယ့္ကိုအထူးအဆန္းပဲ။သူလည္းငါ့လိုျဖတ္ေလွ်ာက္ပဲထင္ပါရဲ႕။