Chapter 271 - အားနည်းတဲ့ ပုရွတ်ဆိတ်လေးလား
တန်ချင်ကို ကြည့်ပြီး ယန်ချီတစ်ယောက် တိတ်တဆိတ် ခေါင်းခါမိလိုက်တယ်။ သူမက ဘာကြောင့် နားမလည်သေးတာလဲ။
ဒီအချိန်မှာပဲ သိုင်းပညာရှင်တွေနဲ့ စစ်သည်တွေက သူမရဲ့ မျက်လုံးကို သူတို့ တစ်သက်တာမှာ အပြူးကျယ်ဆုံး ဖွင့်လိုက်ကြတယ်။ သူတို့တွေက ဒီလို မြင်ကွင်းမျိုးကို မြင်ရလိမ့်မယ်လို့ အိမ်မက် မမက်ဖူးဘူးလေ။
တန်ချင်က ယန်ချီဆီကို ပြေးဝင်လာခဲ့ပြီး သူမရဲ့ လက်သီးနဲ့ ယန်ချီကို ဒေါသပြင်းထန်စွာနဲ့ ထိုးလိုက်တယ်။
ယန်ချီရဲ့ အမြင်မှာတော့ တန်ချင်ရဲ့ လက်သီးချက်က သူ့ကို ကလိထိုးတာလောက်တောင် မရှိဘူးလို့ မြင်နေခဲ့တယ်။
ဒါကြောင့် သူက လုံးဝကို မရှောင်တိမ်းခဲ့ပါဘူး။
ယန်ချီ မရှောင်တိမ်းတာကို မြင်တော့ သိုင်းပညာရှင်တွေနဲ့ စစ်သားတွေက ထိတ်လန့်သွားကြတယ်။
တန်ချင်ရဲ့ လက်သီးက ယန်ချီနဲ့ အနည်းငယ်သာ ဝေးပါတော့တယ်။
ယန်ချီတစ်ယောက် မရှောင်တိမ်းတာကို မြင်တော့ တန်ချင်က နှာခေါင်းရှုံ့လိုက်တယ်။ သူမရဲ့ လက်သီးက ယန်ချီကို ထိတော့မယ်ဆိုတာ သူမ သိလိုက်ပြီး ဒီလူကို သူမ ကိုင်တွယ်နိုင်တယ်ဆိုတာ သဘောပေါက်လိုက်တယ်။
“ဘုန်း”
တန်ချင်ရဲ့ လက်သီးက ယန်ချီရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားတာ သံသယ ဝင်စရာ မလိုပါဘူး။
သိုင်းပညာရှင်တွေနဲ့ စစ်သည်တွေက ယန်ချီကို ဇောက်ထိုးမိုးမျှော် လွင့်စင်သွားပြီလို့ ထင်နေကြချိန်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူတို့တွေ အံ့သြမှင်သင်သွားခဲ့ကြတယ်။
ဘာကြောင့်လဲဆိုတော့ တန်ချင်ရဲ့ လက်သီးက ယန်ချီရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားပေမယ့် ယန်ချီက လွင့်ထွက်မသွားတဲ့အပြင် ခြေလှမ်းဝက်တောင် နောက်မဆုတ်လိုက်ရပါဘူး။
ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။
ဒီမြင်ကွင်းကို ကြည့်နေတဲ့ သိုင်းပညာရှင်တွေနဲ့ စစ်သားတွေက စဉ်းစားမရ ဖြစ်သွားခဲ့တယ်။ သူတို့ရဲ့ အမြင်အရ ဒါက လုံးဝကို မဖြစ်နိုင်ဘူးလေ။
တန်ချင်ဆိုတာ ရှင်ယုအရှင်သခင်ကြီးရဲ့ မြေးဖြစ်ပြီး အဆင့်မြင့်သိုင်းဆရာအဆင့် တစ်ယောက်ပါ။
ယန်ချီက အဆင့်မြင့်သိုင်းဆရာတစ်ယောက် ထိုးလိုက်တဲ့ လက်သီးကို ခံလိုက်ရပေမယ့် ခြေလှမ်းဝက်တောင် နောက်ဆုတ်မသွားခဲ့ဘူးလေ။
ဒါကို ခံနိုင်ရည်ရှိတာဆိုတော့ ဘယ်လောက် အစွမ်းထက်လိုက်တာလဲ။
ရုတ်တရက် သိုင်းပညာရှင်တွေနဲ့ စစ်သည်တွေ နေရာမှာတင် ကျောက်ရုပ်အလား တုန့်ဆိုင်သွားကြတယ်။ သူတို့ရဲ့ မျက်နှာထက်မှာလည်း အလွန်တရာ ထိတ်လန့်မှုတွေ အပြည့်နဲ့ပါ။
တန်ချင်ကတော့ အထိတ်လန့်ဆုံး ဖြစ်ခဲ့ပါတယ်။
သူမအနေနဲ့ သူမရဲ့ လက်သီးကို အကြွင်းမဲ့ ယုံကြည်မှု ရှိပါတယ်။ သူမရဲ့လက်သီးက သူမအရှေ့က လူကို ထိမှန်သွားပေမယ့်လည်း အဲ့ဒီလူကို ခြေလှမ်းဝက်တောင် နောက်မဆုတ်သွားစေပါဘူး။
တန်ချင်တစ်ယောက် အိမ်မက်တစ်ခု မက်နေတဲ့အလား ခံစားခဲ့ရတယ်။
မျက်တောင်ကို အနည်းငယ် ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးနောက် တန်ချင်က အခု ဖြစ်ပျက်နေတာတွေက အိမ်မက်မဟုတ်ပဲ တကယ် အစစ်အမှန်ဆိုတာကို သိလိုက်တယ်။
“ရှင်. . ဘယ်လိုလုပ်ပြီး နင်က . . .”
တန်ချင်တစ်ယောက် ယန်ချီကို အံ့အားသင့်စွာ ကြည့်ပြီးတ ံတွေးမြိုချမိလိုက်တယ်။
“မင်းက ရှင်ယုအရှင်သခင်ကြီးရဲ့ မြေးဖြစ်တိုင်း လုပ်ချင်တာ လုပ်လို့ရပြီလို့ ထင်နေတာလား။ အခု ငါက မင်းထက်ပိုပြီး အစွမ်းထက်တယ် ဆိုတော့ မင်းကိုငါ လုပ်ချင်တာ လုပ်လို့ ရပြီလား”
ယန်ချီက တန်ချင်ကို ညင်သာစွာ ပြောလိုက်တယ်။
သိုင်းပညာရှင်တွေနဲ့ စစ်သည်တွေက ယန်ချီရဲ့ စကားကို နားထောင်ပြီး တိတ်တဆိတ် ထိတ်လန့်သွားကြတယ်။ သူတို့တွေက ယန်ချီကို ကြောက်စရာ ကောင်းတယ်လို့ တွေးနေခဲ့ကြလို့ပါ။
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ယန်ချီက ရှင်ယုအရှင်သခင်ကြီး ဖြစ်သူကိုတောင် မကြောက်ပဲ ရှင်ယုအရှင်သခင်ကြီးရဲ့ မြေးဖြစ်သူကိုတောင် ရင်ဆိုင်ရဲတယ်။
သိုင်းပညာရှင်တွေနဲ့ စစ်သည်တွေက ဒီလောကမှာ ဝိဉာဉ်ဘုရင်အဆင့်ဖြစ်တဲ့ မဟာဧကရာဇ်ယန်ချီ ပေါ်ပေါက်လာတယ်လို့ ကြားခဲ့ပေမယ့်လည်း မဆက်စပ်မိကြပါဘူး။
ဘာကြောင့်လဲဆိုတော့ သူတို့တွေက မဟာဧကရာဇ်ယန်ချီကို မမြင်ဖူးတာကြောင့် မဟာဧကရာဇ် ယန်ချီက အသက်နှစ်ဆယ်လောက်ပဲ ရှိဦးမယ်လို့ သူတို့တွေ မထင်ခဲ့ကြမိပါဘူး။
အချိန်အတော်ကြာပြီးနောက် တန်ချင်က သတိပြန်ဝင်လာခဲ့တယ်။
ယန်ချီတစ်ယောက် တန်ချင်ရဲ့ မျက်နှာပေါ်မှာ ကြောက်ရွံ့မှုတွေက ပျောက်ကွယ်သွားပြီး အေးစက်မှုတွေ ပြန်ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားမိပါဘူး။
တန်ချင်က ယန်ချီကို အေးစက်စက် ကြည့်လိုက်တယ်။
“နင်က င့ါထက်ပိုပြီး အစွမ်းထက်တယ်လို့ ပြောနိုင်တယ်လို့ ထင်နေတာလား။ ငါက တကယ်ကို ရှင်ယုအရှင်သခင်ကြီးရဲ့ မြေးပဲ”
တန်ချင်ရဲ့ အမြင်မှာတော့ ယန်ချီကို ဆရာသခင်အဆင့်လို့ ထင်နေပြီး ဒီလို ဆရာသခင်အဆင့်က သူမအဖိုးဖြစ်သူအရှေ့မှာ ဘာများလုပ်နိုင်မှာလဲ။ အားနည်းတဲ့ ပုရွတ်ဆိတ်တစ်ကောင်နဲ့တောင် တူနေဦးမယ်လို့ တွေးနေခဲ့တယ်။
“ဒီလို အားနည်းတဲ့ ပုရွတ်ဆိတ်လို့ကောင်က သူမကို ဘာကြောင့် ဒီလို စကားမျိုးတွေ ပြောတာလဲ”
🐼🐼🐼🐼🐼🐼🐼🐼
Chapter 272 - နင့်အဖိုးက ငါ့ကို တွေ့ရင် လေးစားမှု ပြသရမှာ
တန်ချင်ပြောလိုက်တဲ့ စကားကို ကြားပြီးနောက် သိုင်းပညာရှင်တွေနဲ့ စစ်သည်တော်တွေက ယန်ချီကို လှည့်ကြည့်လိုက်ကြတယ်။
သူတို့တွေက ယန်ချီ ဘယ်လို ပြန်ဖြေမလဲဆိုတာ သိချင်ခဲ့ကြတယ်။
ယန်ချီက တန်ချင်ကို လွှမ်းမိုးနိုင်တဲ့ အကြည့်နဲ့ ကြည့်ပြီး တိတ်တဆိတ် သက်ပြင်းချမိလိုက်တယ်။
အစောပိုင်းမှာ သူက တန်ချင်တစ်ယောက် အမှန်ကို နားလည်သွားပြီးလို့ ထင်လိုက်ပေမယ့် ဘာကြောင့်များ သူမက အခုထိ နားမလည်သေးနိုင်တာလဲ။
ဖြစ်နိုင်တာက သူမအနေနဲ့ ရှင်ယုအရှင်သခင်ကြီးရဲ့ မြေးဖြစ်တာကြောင့် ဒီအဆင့်အတန်းကို သူမက အလွန်ယုံကြည်မှု ရှိနေတာလား။
ဒီလိုသာဆိုရင်တော့ သူ့အနေနဲ့ တန်ချင်ရဲ့ ဂုဏ်ယူနေတဲ့ အဆင့်အတန်း လဲပြိုကျသွားအောင် လုပ်ရမှာပါ။
“သွားကြစို့”
ယန်ချီက တန်ချင်ကိုေ ပြာလိုက်တယ်။
တန်ချင်တစ်ယောက် နားမလည်နိုင်ဖြစ်သွားခဲ့့တယ်။
သူမအနေနဲ့ ယန်ချီ ဘာပြောချင်တာလဲဆိုတာကို နားမလည်ခဲ့ပါဘူး။
သိုင်းပညာရှင်တွေနဲ့ စစ်သည်တွေရဲ့ မျက်နှာကထက်မှာတော့ အံ့အားသင့်မှုတွေ ပြည့်နှက်နေခဲ့တယ်။
“မင်း ပြောတော့ မင်းက ရှင်ယုအရှင်သခင်ကြီးရဲ့ မြေးဆို ။ ဒါဆိုရင် ငါ သူ့ကို သွားမေးမလို့”
“ဟူး. . .. ”
သိုင်းပညာရှင်တွေနဲ့ စစ်သည်တွေက ယန်ချီရဲ့ စကားတွေကို နားထောင်ပြီး အသက်တောင် မရှုနိုင်ကြပဲ အလွန်တရာ ကြောင်အမ်းသွားကြတယ်။
“ဒီလူက တကယ်ကို သေချင်နေတာလား”
“သူက သခင်မလေးတန်ချင်ကို ရှင်ယုဆီ ခေါ်သွားခိုင်းရဲတာပဲ။ သူတို့တွေအနေနဲ့ သေခြင်တဲ့ လူတွေကို မြင်ဖူးပေမယ့်လည်း ယန်ချီလို ဒီလိုမျိုး သေခြင်းတရားကို ရှာတဲ့ သူကိုတော့ ဒီတခါသာမြင်ဖူးပါတယ်။
တန်ချင်ကိုယ်တိုင်လည်း ယန်ချီတစ်ယောက် ဒီလို စကားမျိုး ပြောလိမ့်မယ်လို့ မမျှော်လင့်ထားမိပါဘူး။
“နင် ဘာပြောလိုက်တာလဲ”
တန်ချင်က ယန်ချီကို ကြည့်ပြီး အံ့အားသင့်စွာေ မးလိုက်တယ်။
“ကြည့်ရတာ မင်းက ပုရွတ်ဆိတ်လေးသာမက နားထိုင်းလည်း ဖြစ်နေတာကိုး”
ယန်ချီက တည်ငြိမ်စွာ ပြုံးပြီး ပြောလိုက်တယ်။
သူက ရှင်ယုအရှင်သခင်ကြီးရဲ့ အိမ်ကို သွားကြည့်ချင်တယ်လို့ တွေးနေခဲ့ပြီး ကောင်းမွန်တဲ့ နေရာတစ်ခုလို့ မြင်ထားပါတယ်။
ဒီနေ့မှာတော့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားစုစုပေါင်းက ဂျင် သန်း ၂၅၀ ရှိပြီး သူ့မှာ တစ်နာရီစာ သုံးပြုနိုင်တဲ့ အစစ်အမှန်နဂါးနှစ်ကောင်ရဲ့ စွမ်းအားလည်း ပိုင်ဆိုင်ထားပါတယ်။
ဒီတော့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအား အကုန်လုံးကို ပေါင်းလိုက်မယ်ဆိုရင် ကြောက်မက်ဖွယ်ကောင်းတဲ့ ဂျင် သန်း ၄၅၀ ကိုေ ရာက်နေပါပြီ။
သူ့မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအားတွေ ရှိတယ်လေ။
နတ်ဘုရားသချိုင်းနတ်ဆိုးပင်လယ်သာ လောက ကာကွယ်ရေးမြို့တော်ကိုလာတိုက်ခိုက်မယ်ဆိုရင် သူ့အနေနဲ့ လုံလောက်မှုရှိတယ်လို့ ခံစားခဲ့ရတယ်။
တန်ချင်ရ့ ဖြူဖွေးတဲ့ မျက်နှာက အလွန်တရာ အေးစက်သွားခဲ့တယ်။
သူမက မွေးကတည်းက ဖူးဖူးမှုတ်ခံထားရသူ ဖြစ်တော့ ယန်ချီရဲ့ မောက်မာမှုကို ရိုက်ချိုးချင်ခဲ့တယ်။ သူမအနေနဲ့ သူ့ကို သူမရဲ့ အဖိုးဆီကို ခေါ်သွားရမှာပါ။
“ဟားဟား”
တန်ချင်က ယန်ချီကို စူးစိုက်ကြည့်လိုက်ပြီး လှောင်ပြောင်ရယ်မောလိုက်တယ်။
“နင်က အလွန်အစွမ်းထက်တယ်ဆိုတာ ငါ ဝန်ခံပေမယ့် ငါ့အဖိုးအရှေ့မှာတော့ နင် ဒီလို လုပ်နိုင်ဦးမလားဆိုတာ ကြည့်ချင်သေးတယ်”
“ပုရွတ်ဆိတ်လား အမှိုက်လားပေါ့”
ယန်ချီရဲ့ မျက်နှာကတော့ ဒီစကားကို ကြားပေမယ့်လည်း တည်ငြိမ်နေဆဲပါ။
သူက ဘာမှ ပြန်မပြောခဲ့ပါဘူး။
ဘာကြောင့်လဲဆိုတော့ တန်ချင်က စကားမဆုံးသေးကြောင်းကို သူသိတာကြောင့်ပါ။
အသေအချာပါပဲ။ ယန်ချီပြန်မဖြေတာကို မြင်လိုက်တော့ တန်ချင်က အေးစက်စက် ပြောလိုက်တယ်။
“ငါ့အဖိုးကလူသားမျိုးနွယ်ထဲမှာ ရှိတဲ့ အရှင်သခင်ကြီးသုံးဦးထဲက တစ်ယောက်ပဲ။ သူရဲ့ စွမ်းအားက ဝိဉာဉ်ဘုရင်အဆင့်နား ကပ်နေပြီ။ ငါ့အဖိုးနဲ့ နင် စကားပြောတဲ့အခါ နင်မျက်နှာ မပြောင်းလဲပဲ နေမလားဆိုတာ ငါကြည့်ချင်သေးတယ်။ ဘယ်လိုလဲ နင်ကြောက်နေပြီလား”
တန်ချင်က ယန်ချီကို စူးစိုက်ကြည့်လိုက်တယ်။
တန်ချင်ရဲ့ စကားတွေကို နားထောင်ပြီး ယန်ချီတစ်ယောက် ရယ်ချင်နေခဲ့တယ်။
“ငါ မင်းကို ပြောပြမယ် ” ယန်ချီက တန်ချင်ကို ကြည့်ပြီး ပြောလိုက်တယ်။ “ရှင်ယုအရှင်သခင်ကြီးက ငါ့ကို တွေ့တဲ့အခါကျရင် လေးစားမှုကို ပြသလိမ့်မယ်”
ဒီစကားကို ကြားတော့ တန်ချင်၊ သိုင်းပညာရှင်တွေနဲ့ စစ်သည်တွေအားလုံး အံ့သြမှင်သက်သွားကြတယ်။
“ရှင်ယုအရှင်သခင်ကြီးက ဒီလူကို မြင်လိုက်တဲ့အခါ သူ့မျက်နှာမှာ ရိုသေလေးစားမှုတွေ ပေါ်လာမှာလား”
ဒါကို တွေးမိလိုက်တော့ သူတို့အားလုံးကို ယန်ချီကို တကယ့်အရူးတစ်ယောက် လုံးဝကို ရူးသွပ်နေသူ တစ်ယောက်လို့ ခံစားမိလိုက်တယ်။
လူသားမျိုးနွယ်ရဲ့ အရှင်သခင်ကြီးသုံးဦးထဲက ဂုဏ်သရေရှိသူ တစ်ယောက်ဖြစ်တဲ့ ရှင်ယုအရှင်သခင်ကြီးလိုလူက ဒီလို အသက်နှစ်ဆယ်လောက်ရှိတဲ့ လူငယ်လေးကို တွေ့ဆုံးမိရင် သူ့အနေနဲ့ ရိုသေးလေးစားမှုကို ပြရမှာလား။
အရင်တုန်းက ရှင်ယုအရှင်သခင်ကြီးအနေနဲ့ ဒီလောကမှာ ရှိတဲ့ ဘယ်သူကိုမှ ရိုသေလေးစားမှု မပြခဲ့ဖူးဆိုတာ သူတို့အားလုံး သိကြပါတယ်။
အခုတော့ ရှင်ယုအရှင်သခင်ကြီး ရိုသေလေးစားပြရမယ့်သူ တစ်ဦးတော့ ရှိခဲ့ပါပြီ။
အဲ့ဒီသူကတော့ ယန်ချီ မဟာဧကရာဇ်ပါ။
ဒါပေမယ့်လည်း သိုင်းပညာရှင်တွေဖြစ်ဖြစ် စစ်သည်တွေဖြစ်ဖြစ် ယန်ချီကို မဟာဧကရာဇ်ယန်ချီလို့ မထင်ခဲ့ကြမိပါဘူး။
သူမရဲ့ အဖိုးဖြစ်သူ ရှင်ယုအရှင်သခင်ကြီးအတွက် အမြဲတမ်းဂုဏ်ယူနေတက်တဲ့ တန်ချင်က ယန်ချီတစ်ယောက် သူမအဖိုးက ဒီလို ပြောတာကို ကြားတော့ အလွန်ဒေါသထွက်သွားခဲ့တယ်။
“ကောင်းပြီလေ ငါ နင့်ကို ငါ့အဖိုးဆီခေါ်သွားမယ်”
🐼🐼🐼🐼🐼🐼🐼🐼
Chapter 273 - သနားစရာ ကောင်းအောင် ရူးနေတာပဲ
တန်ချင်က ဒီစကားကို ပြောလိုက်ပြီးနောက် အရှေ့ကနေ ဦးဆောင်လျှောက်သွားခဲ့တယ်။
ယန်ချီကတော့ နောက်ကနေ တိတ်တိတ်လေးသာ လိုက်ပါသွားခဲ့တယ်။
သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်က လောက ကာကွယ်ရေးမြို့တော်ဆီကို ရောက်လာခဲ့တယ်။
တန်ချင်က ယန်ချီကို တန်မျိုးနွယ်ဆီ ခေါ်လာခဲ့တယ်။
တန်မျိုးနွယ်ဆိုတာ လောက ကာကွယ်ရေးမြို့တော်မှာ အစွမ်းအထက်ဆုံး မျိုးနွယ်တစ်ခုပါ။
လူသားမျိုးနွယ်ရဲ့ အရှင်သခင်ကြီးသုံးဦးထဲက ရှင်ယုအရှင်သခင်ကြီးကလည်း တန်မျိုးနွယ်ရဲ့ ဘိုးဘေးပဲ ဖြစ်ပါတယ်။
တန်မျိုးနွယ်တွေက လောက ကာကွယ်ရေးမြို့တော်မှာ ရှိတဲ့ နဂါးတောင်တန်းမှာ နေထိုင်ကြတယ်။
အဝေးကနေကြည့်မယ်ဆိုရင် အလွန်တရာ ကြီးကျယ်ခမ်းနားတဲ့ စံအ်ိတွေကို နဂါးတောင်တန်းမှာ မြင်တွေ့နိုင်မှာပါ။
နောက်ဆုံးမှာတော့ ယန်ချီကို ခေါ်ပြီး တန်ချင်တစ်ယောက် မျိုးနွယ်အိမ်တွေဆီကို ရောက်လာခဲ့တယ်။
တန်မျိုးနွယ်ရဲ့ ဝင်ပေါက်က အလွန်တရာကို တောက်ပနေခဲ့တယ်။
ဝင်ပေါက်မှာတော့ ရွှေဆေးနဲ့ ရေးထားတဲ့ တန်မျိုးနွယ်ဆိုတဲ့ စာလုံးကြီးရေးထွင်းထားတယ်။
တောက်ပတဲ့ နေရောင်အောက်မှာ ရွှေဆေးနဲ့ ရေးထားတဲ့ စာလုံးတွေက အရောင်ပြန်နေပြီး တလက်လက် တောက်ပနေတော့ လူတွေကို အံ့အားသင့်မှုတွေ ခံစားစေပါတယ်။
“ဒါက ငါတို့ မျိုးနွယ်ပဲ”
တန်ချင်က ယန်ချီကို ကြ့ည့်ပြီး အေးစက်စက်ပြောလိုက်တယ်။
သူမရဲ့ အမြင်မှာတော့ ဒီနေရာက တန်မျိုးနွယ်ဖြစ်တာကြောင့် ဒီအချိန်မှာ ယန်ချီတစ်ယောက် ကြောက်လန့်သင့်ပါပြီ။
ဒါပေမယ့်လည်း ယန်ချီကတော့ ဘာတစ်ခုမှကို မမြင်သလို သူ့ရဲ့ မျက်နှာက အလွန်တည်ငြိမ်နေလိမ့်မယ်လို့ တန်ချင် ဘယ်တုန်းကမှ မမျှော်လင့်မိပါဘူး။
ဒါ့အပြင် ယန်ချီက သူမကို ဂရုမစိုက်ခဲ့ပါဘူး။
ယန်ချီရဲ့ မျက်နှာအမူအယာကို ကြည့်ပြီး တန်ချင်တစ်ယောက် အံ့ကြိတ်လိုက်မိတယ်။ သူမက ယန်ချီကို တစ်ခုခု ပြောချင်ခဲ့ပေမယ့် ဒေါသထွက်လွန်းတာကြောင့် ဘာပြောရမှန်း မသိခဲ့ပါဘူး။
“နင့် ငါ့အဖိုးနဲ့ တွေ့ချင်နေတာမဟုတ်လား။ အထဲကို သွားကြမယ်”
တန်ချင်က အေးစက်စက်ပြောလိုက်တယ်။ သူမက စကားပြောပြီးနောက် တန်မျိုးနွယ်အိမ်ဝန်းထဲကို လမ်းလျှောက်သွားခဲ့တယ်။
တန်ချင်ရဲ့ နောက်ကျောကို ကြည့်ပြီး ယန်ချီက ခေါင်းခါပြီး ပြုံးလိုက်မိတယ်။ ဒါပေမယ့်လည်း ရှင်ယုအရှင်သခင်ကြီးရဲ့ မျိုးနွယ်နေရာက ကောင်းမွန်တဲ့ နေရာတစ်ခုလို့ ခံစားမိနေခဲ့တယ်။
ရှင်ယုအရှင်သခင်ကြီးရဲ့ နာမည်က တန်ရှောင်ပါ။
သူက မွေးကတည်းက ဒီလောကရဲ့ အစွမ်းအထက်ဆုံးပါရမီရှင်တစ်ယောက်ပါ။
ယန်ချီလည်း တန်ချင်အနောက်ကနေ လိုက်ပြီး တန်မျိုးနွယ်ထဲ ဝင်လာခဲ့တယ်။
တန်မျိုးနွယ်တွေရဲ့ အိမ်ဝန်းက အံ့အားသင့်စရာ ကောင်းလောက်အောင် ကြီးမားပါတယ်။
တန်မျိုးနွယ်မှာ တိုက်ရိုက်မျိုးဆက်တွေ မျိုးနွယ်ခွဲတွေ များစွာ ရှိပါတယ်။
တန်ချင်က တိုက်ရိုက်မျိုးဆက်က ဖြစ်ပြီး စစ်မှန်တဲ့ မျိုးဆက်သွေးပါသူ ဖြစ်ပါတယ်။
တန်မျိုးနွယ်မှာတော့ သူမက စစ်မှန်တဲ့ မျိုးဆက်သွေးပါသူ တစ်ဦးပေါ့။
“သခင်မလေး ပြန်လာပြီလား”
မျိုးနွယ်ခွဲတွေနဲ့ တိုက်ရိုက်မျိုးဆက်က ကလေးတွေက တန်ချင်ကို အဆောတလျင်နှုတ်ဆက်လိုက်ကြတယ်။
သူတို့တွေက တန်ချင်ရဲ့ဘေးက ယန်ချီကို သတိပြုမိတာကြောင့် သူတို့ရဲ့ မျက်နှာထက်မှာ ပဟေဠိတွေ ဖြစ်သွားကြတယ်။
“သခင်မလေး သူက ဘယ်သူလဲ”
တန်မျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက်က တန်ချင်ကို မေးလိုက်တယ်။
“သူလား .. ” တန်ချင်က ပြုံးလိုက်ပြီး ပြောလိုက်တယ်။ “ကောင်းကင်နဲ့ မြေကြီးရဲ့ အတိုင်းအတာကို မသိတဲ့ လူတစ်ယောက်ပေါ့”
“ကောင်းကင်နဲ့ မြေကြီးရဲ့ အတိုင်းအတာကို မသိတဲ့ လူတစ်ယောက်. . .”
တိုက်ရိုက်မျိုးဆက်က ကလေးတွေနဲ့ မျိုးနွယ်ခွဲက ကလေးတွေအားလုံး နားမလည်နိုင်ဖြစ်သွားကြတယ်။
သူတို့တွေက တန်မျိုးနွယ်မင်းသမီးလေး ပြောတဲ့ အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပါဘူး။
“ သူပြောတာက အဖိုးသာ သူနဲ့ တွေ့ဆုံခဲ့ရင် ရိုသေလေးစားမှုကို ပြသရမယ်တဲ့။ သူက ကောင်းကင်နဲ့ မြေကြီးရဲ့ အတိုင်းအတာကို မသိတဲ့လူတစ်ယောက် မဟုတ်ဘူးလား”
“ဘာ. . ”
တိုက်ရိုက်မျိုးဆက်က ကလေးတွေနဲ့ မျိုးနွယ်ခွဲက ကလေးတွေအားလုံးအ ံ့သြမှင်သက်သွားကြတယ်။ သူတို့တွေက နားကြားများ မှားနေသလားလို့တောင် ထင်မိလိုက်ကြတယ်။
“ဘိုးဘေးကြီးက ဒီလူငယ်ကို မြင်တဲ့အခါ သူ့မျက်နှာမှာ ရိုသေလေးစားမှုတွေ ပြရမှာလား”
တိုက်ရိုက်မျိုးဆက်က ကလေးတွေနဲ့ မျိုးနွယ်ခွဲက ကလေးတွေအားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြတယ်။
ဒီကိစ္စဆိုတာ သူတို့တွေ တခါမှ မမက်ဖူးတဲ့ ကြောက်လန့်ဖွယ် အိမ်မက်တစ်ခုမဟုတ်ဘူးလား။
“ဒီလူက သူ့ကိုယ်သူ မဟာဧကရာဇ် ယန်ချီများမှတ်နေတာလား”
ယန်ချီကတော့ သူ့အရှေ့မှာ ရှိတဲ့ တန်မျိုးနွယ်က လူငယ်တွေရဲ့ မျက်နှာအမူအယာကို ကြည့်နေခဲ့ပြီး သူတို့တွေဘာကြောင့် ဒီလို အမူအယာဖြစ်နေလဲဆိုတာ မြင်နေခဲ့တယ်။
ဒါပေမယ့် ဒီကိစ္စက ပုံမှန်ပဲလို့ သူ ခံစားခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် သူ့အသက်အရွယ်က အလွန်ငယ်ရွယ်သေးတာကြောင့် ဘယ်သူမှ သူ့ကို မဟာဧကရာဇ်လို့ ထင်မိမှာ မဟုတ်ဘူးလေ။
“ဒီလူက ရူးနေတာလား”
“အဲ့ဒါ မဖြစ်နိုင်ဘူး။ သူ့ကိုယ်သူ မဟာဧကရာဇ်ယန်ချီလို့ ထင်မှတ်နေတာလား ”
“ဒါပေမယ့် သူက ဆိုးဆိုးရွားရွား အဆုံးသတ်သွားမယ်။ တကယ်ကို သနားစရာ ကောင်းတဲ့ လူပဲ”
တိုက်ရိုက်မျိုးဆက်နဲ့ မျိုးနွယ်ခွဲတွေက လူငယ်တွေက ခေါင်းခါလိုက်ကြပြီး ယန်ချီကို စာနာသနားစိတ်နဲ့ ကြည့်နေခဲ့ကြတယ်။
အားနည်းတဲ့ သူအနေနဲ့ စိတ်ဖောက်ပြန်မှုကြောင့် သူ့ကိုယ်သူ မဟာဧကရာဇ်ယန်ချီလို့ ထင်မှတ်နေပုံရတယ်။
ဒါ့အပြင် သူက တန်မျိုးနွယ်ဆီကိုပါ ရောက်လာသေးတယ်။
“ဒီလူက တကယ်ကို သနားဖို့ ကောင်းတဲ့ လူပဲ”
🐼🐼🐼🐼🐼🐼🐼
Chapter 274 - သူက တကယ်ကို မဟာဧကရာဇ် ယန်ချီပဲ
တန်မျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက်နဲ့ မျိုးနွယ်ခွဲတွေက လူငယ်လေးတွေရဲ့ ကဲ့ရဲ့သံကို ကြားပေမယ့်လည်း ယန်ချီရဲ့ မျက်နှာက အမူအယာပျက်ယွင်းသွားခြင်းမရှိပါဘူး။
တန်ချင်ကတော့ ယန်ချီရဲ့ မျက်နှာပေါ်က အမူအယာကို ကြည့်ပြီး အလွန် ဒေါသထွက်သွားခဲ့တယ်။
ရုတ်တရက် တန်မျိုးနွယ်ခန်းမဆီကနေ . . .။
ရဲရင့်သန်စွမ်းပုံရတဲ့ အဖိုးကြီးတစ်ဦး ထွက်လာခဲ့တယ်။ ဒီအဖိုးကြီးမှာ ဓါးသွားလို ထက်ရှတဲ့ မျက်ခုံးတွေ ရှိပြီး ကျားသစ်လို မျက်လုံးပိုင်ရှင်ဆိုတော့ အလွန်တရာကို လွှမ်းမိုးနိုင်စွမ်း ရှိသူတစ်ယောက်ပါ။
သူ့ရဲ့ လှုပ်ရှားပုံ အပြုအမူတိုင်းက လွှမ်းမိုးမှုတွေ ပြည့်နှက်နေခဲ့တယ်။
“အဖိုး. .”
အဖိုးအို ထွက်ပေါ်လာတာကို မြင်တော့ တန်ချင်က အဖိုးအိုကို အဆောတလျင်ခေါ်လိုက်တယ်။
ဒီအဖိုးကြီးကတော့ တန်မျိုးနွယ်ရဲ့ ဘိုးဘေးဖြစ်သူ လူသားမျိုးနွယ်ရဲ့ အရှင်သခင်ကြီးသုံးဦးထဲက တစ်ဦးဖြစ်သူ ရှင်ယုအရှင်သခင်ကြီးပါပဲ။
ဒါပေမယ့် သူက တန်ချင်ရဲ့ အော်ခေါ်သံကို မကြားသလိုပဲ မျက်နှာအမူအယာက တည်ငြိမ်သွားခဲ့တယ်။
တန်မျိုးနွယ်ရဲ့ မျိုးဆက်တွေက ဒီအမူအယာကို မြင်တော့ အံ့အားသင့်နေကြတယ်။
သူတို့တွေအနေနဲ့ ဘိုဘေးကြီးရဲ့ ဒီလိုအမူအယာကို အရင်က မမြင်ဖူးပါဘူး။ ဘိုးဘေးကြီးက သူ တခါမှ မမြင်ဖူးတဲ့ အရာကို မြင်လိုက်ရတဲ့ အမူအယာ ဖြစ်နေခဲ့တယ်။
“မဟာဧကရာဇ် ယန်ချီ ”
ရုတ်တရက် ရှင်ယုအရှင်သခင်ကြီးက ယန်ချီကို ကြည့်လိုက်ပြီး သူ့ရဲ့ တည်ငြိမ်နေတဲ့ အမူအယာအစား ပျော်ရွှင်မှုတွေ ပေါ်လာခဲ့တယ်။
သူက ယန်ချီဆီကို လျင်မြန်စွာ လျှောက်သွားခဲ့တယ်။
“မဟာဧကရာဇ်ယန်ချီ မင်းဘာကြောင့် ဒီကို ရောက်လာတာလဲ”
ရှင်ယုအရှင်သခင်ကြီးအနေနဲ့ ယန်ချီကို တန်မျိုးနွယ်ဆီ လာလည်လိမ့်မယ်လို့ မထင်ထားမိပါဘူး။
ရှင်ယုအရှင်သခင်ကြီးက မဟာဧကရာဇ် ယန်ချီ ဆိုတဲ့ စကားလုံးတွေ သုံးလိုက်တဲ့အခါ တန်မျိုးနွယ်က မျိုးဆက်တွေအားလုံး ထိတ်လန့်သွားကြတယ်။
သူတို့တွေက မိုးကြိုးအပစ်ခံလိုက်ရသလို အံ့သြမှင်သက်နေကြတယ်။
“ယန်ချီ မဟာဧကရာဇ် ယန်ချီလား”
ဘိုးဘေးကြီးက ဒီအသက်နှစဆယ်လောက်ပဲ ရှိသေးတဲ လူငယ်လေးကို မဟာဧကရာဇ် ယန်ချီ လို့ ခေါ်လိုက်တာလား။
အရင်တုန်းက ကောင်းကင်ကြီး ပြိုကျခဲ့မယ်ဆိုရင်တောင် သူတို့တွေက ယန်ချီနဲ့ မဟာဧကရာဇ် ယန်ချီ ကို ဆက်စပ်တွေးမိမှာမဟုတ်ပါဘူး။
ဒါကြောင့် ဘယ်လိုလုပ်ပြီး သူတို့အနေနဲ့ ယန်ချီကို မဟာဧကရာဇ် ယန်ချီ မှန်း မသိနိုင်ဘူးလေ။
အခုတော့ သူတို့တွေက ဒီလောကရဲ့ အစွမ်းအထက်ဆုံး သိုင်းပညာရှင်တစ်ယောက်ကို လှောင်ပြောင်ခဲ့ကြတယ်လေ။ ပြီးတော့ ယန်ချီက ပင်လယ်ရေတွေကို ကားဆီးပေးထားတဲ့ ခရမ်းရွှေရောင်တံတိုင်းကြီးလို ကောင်းကင်ကို ထောက်မပေးထားတဲ့ ကျောက်စိမ်းဖြူတိုင်ကြီးအလား ဖြစ်နေခဲ့တယ်လေ။
ဒီအကြောင်းကို တွေးမိလိုက်တော့ တန်မျိုးနွယ်က မျိုးဆက်သစ်လူငယ်လေးတွေအားလုံး သူတို့ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို တစ်ခုခုက စုပ်ယူလိုက်သလို ခံစားလိုက်မိပြီး မြေပြင်ပေါ်ကို လဲကျမတက်ဖြစ်သွားကြတယ်။
တန်ချင်လည်း သူမအဖိုးနဲ့ ယန်ချီတို့ရဲ့ စကားဝိုင်းကို ကြည့်ပြီး အံ့အားသင့်နေခဲ့တယ်။
လောက ကာကွယ်ရေးမြို့တော်မှာတုန်းက ယန်ချီ သူမကို ပြောခဲ့တဲ့ စကားတွေကို ပြန်အမှတ်ရနေခဲ့တယ်။
“ရှင်ယုအရှင်သခင်ကြီးက သူနဲ့ တွေ့ဆုံရင် လေးစားမှုကို ပြသလိမ့်မယ်”
အဲ့ဒီတုန်းက သူမအနေနဲ့ ဘယ်လိုလုပ်ပြီး ယုံကြည်နိုင်မှာလဲ။
ဒါပေမယ့် အခုတော့ သူမမယုံကြည်နိုင်ဖြစ်နေခဲ့တယ်။
ဒီအချိန်မှာတော့ တန်ချင်ရဲ့ မျက်နှာပေါ်မှာ နားမလည်နိင်တဲ့ အမူအယာတွေ ပေါ်လွင်နေခဲ့တယ်။ သူမအနေနဲ့ သူမကိုယ်သူမ လူရွှင်တော်တစ်ယောက်အလား ထင်နေခဲ့မိတယ်။ သူမက လောက ကာကွယ်ရေးမြို့တော်မှာတုန်းက နတ်ဘုရားတစ်ပါးကို လှောင်ပြောင်ခဲ့မိတယ်လေ။
အခြေအနေတွေ ဒီလို ဖြစ်သွားတာကို သူမ လက်မခံနိုင်ဖြစ်နေခဲ့ရတယ်။
သူမရဲ့ မျက်လုံးတွေက မြင်နိုင်စွမ်းမရှိ ဖြစ်နေခဲ့ပြီး သူမရဲ့ဝိဉာဉ်ကလည်း သူမရဲ့ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်သွားသလို ခံစားခဲ့ရတယ်။
“ဒါနဲ့ စကားမစပ် မဟာဧကရာဇ် ယန်ချီ မင်း ဘယ်ကြောင့် ငါတို့ မျိုးနွယ်ဆီ ရောက်လာတာလဲ”
ရှင်ယုအရှင်သခင်ကြီးက ယန်ချီကို နားမလည်နိုင်စွာ မေးလိုက်တယ်။
“အလည်လာပြီး လေ့လာတာလေ”
ယန်ချီလည်း ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။
သူက တန်ချင်အနေနဲ့ အမှန်တရားကို နားလည်သွားလိမ့်မယ်ဆိုတာ သိတာကြောင့် တန်ချင်ကို ကြည့်အနေတော့ပါဘူး။
“မဟာဧကရာဇ် ယန်ချီ ကျေးဇူးပြုပြီး အထဲကို ကြွပါ”
ရှင်ယုအရှင်သခင်ကြီးက ယန်ချီကို အလွန်လေးစားပြူငှာတဲ့ အမူအယာနဲ့ ဖိတ်ခေါ်လိုက်တယ်။
ယန်ချီလည်း ငြင်းမနေတော့ပါဘူး။ သူ့အနေနဲ့ ဒီကို ရောက်မှာတော့ အထဲကို ဝင်ပြီး စကားစမြည်ပြောရတာပေါ့။
အဲ့ဒီနောက်တော့ ယန်ချီက ခန်းမထဲကို ဝင်လာခဲ့တယ်။
“မဟာဧကရာဇ် ယန်ချီ မင်း အတွက် ငါ ဘာလုပ်ပေးရမလဲ”
ရှင်ယုအရှင်သခင်ကြီးကတော့ ယန်ချီမှာ အရေးကြီးတာ တစ်ခုခု ရှိနေတယ်လို့ ခံစားမိနေဆဲပါ။ အဲ့ဒီလိုမှမဟုတ်ရင် ဘယ်လိုလုပ်ပြီး ယန်ချီက သူ့ရဲ့ မျိုးနွယ်ဆီကို ရောက်လာမှာလဲ။
“ကျွန်တော် ဒီကိုလာတာ လာလေ့လာကြည့်ဖို့ပါ”
ယန်ချီလည်း ဖြေလိုက်ရတယ်။
ရှင်ယုအရှင်သခင်ကြီးက ဒီအဖြေကို ကြားတော့ အံ့အားသင့်သွားခဲ့တယ်။
“တကယ်ကို လေ့လာကြည့်ဖို့ လာတာလား”
ဒါပေမယ့်လည်း သူ ဆက်မမေးတော့ပါဘူး။
ခဏလောက်အကြာမှာတော့ ရှင်ယုအရှင်သခင်ကြီးက တစ်ခုခုကို တွေးမိပြီး ယန်ချီကို ပြောလိုက်တယ်။
“မဟာဧကရာဇ် ယန်ချီ အလွန်တရာ ကြောက်စရာ ကောင်းတဲ့ ပင်လယ်သားရဲတွေက ပင်လယ်ပြင်မှာ ပေါ်ထွက်လာတယ်လို့ သတိပေးချက်ရထားတယ်”
🐼🐼🐼🐼🐼🐼🐼🐼🐼
Chapter 275 - နတ်ဆိုးမိစ္ဆာတွေရဲ့ ရှေ့ပြေးများ ရောက်ရှိလာခြင်း
ရှင်ယုအရှင်သခင်ကြီးပြောလိုက်တဲ့ နတ်ဆိုးမိစ္ဆာတွေ ထွက်ပေါ်လာတဲ့ နေရာက နတ်ဘုရားသချိုင်းနတ်ဆိုးပင်လယ်ကို ပြောတာပါ။
နတ်ဘုရားသချိုင်းနတ်ဆိုးပင်လယ်ကနေ ထွက်လာတဲ့ ပင်လယ်သားရဲဘုရင်ကို ယန်ချီက သတ်ပစ်လိုက်ပါတယ်။
အခုဆိုရင် ကြောက်မက်ဖွယ်ကောင်းတဲ့ ပင်လယ်သားရဲတွေ ဘယ်လောက်များ ထွက်ပေါ်လာမလဲမသိပါဘူး။
“အဲ့ဒီပင်လယ်သားရဲတွေက နတ်ဘုရားသချိုင်းနတ်ဆိုးပင်လယ် အတွင်းပိုင်းကနေ ထွက်လာတာ။ သူတို့အားလုံးက ပင်လယ်သားရဲဘုရင်နဲ့ အဆင့်ခြင်းတူတူပဲ။ သူတို့တွေသာ လောက ကာကွယ်ရေးမြို့တော်ကိုတိုက်ခိုက်ခဲ့မယ်ဆိုရင် ငါတို့တွေ ရှုံးနိမ့်နိုင်တယ်”
“ငါ အခုပဲ လောက ခန်းမကို သွားမလို့။ ဒီအကြောင်းတွေကို မင်းဆီကို သတင်းသွားပို့မလို့”
ရှင်ယု အရှင်သခင်ကြီးက ယန်ချီကို ပြောလိုက်တယ်။
ယန်ချီလည်း ဒီအကြောင်းတွေကို စဉ်းစားကြည့်လိုက်တယ်။
အပြင်ဖက် ပင်လယ်မှာ ပင်လယ်သားရဲတွေ ပေါ်လာခဲ့ပြီး ဒါက နတ်ဘုရားသချိုင်းနတ်ဆိုးပင်လယ်က နတ်ဆိုးမိစ္ဆာတွေရဲ့ အစီအစဉ်လားဆိုတာ တွေးတောနေခဲ့တယ်။
“ငါတော့ ဒီအကြောင်းတွေကို ခွမ်ယွင်အရှင်သခင်ကြီးနဲ့ ကြယ်ပျံအရှင်သခင်ကြီးတို့နဲ့ ဆွေးနွေးပြီးပြီ။ ငါတို့တွေက လောက ခန်းမမှာ နေကြမှာ။ မဟာဧကရာဇ် ယန်ချီ မင်းရော ဘယ်လို ထင်လဲ”
“အင်း”
ယန်ချီလည်း ခေါင်းညိတ်လက်ခံလိုက်တယ်။
သူ့အနေနဲ့ ပင်လယ်သားရဲတွေက လောက ကာကွယ်ရေးမြို့တော်ကို အချိန်မရွေး လာတိုက်ခိုက်လိမ့်မယ်လို့ ထင်ထားမိတယ်။ ဒါကြောင့် သူ့အနေနဲ့ လောက ကာကွယ်ရေးမြို့မှာ အချိန်တိုင်းရှိနေတာက အကောင်းဆုံးပါပဲ။
ယန်ချီက ညနေစာကို တန်မျိုးနွယ်မှာ စားသောက်ခဲ့လိုက်တယ်။
သူ ခန်းမထဲက ထွက်လာခဲ့တော့ ရှင်ယုအရှင်သခင်ကြီးက သူ့ကို ဝင်ပေါက်နားထိ လိုက်ပို့ပါတယ်။
သူက လောကခန်းမဆီကို ပြန်တော့မယ်အချိန်မှာ သူ့အနောက်ကနေ အသံတစ်သံ ထွက်ပေါ်လာခဲ့ပါတယ်။
“မဟာ ဧကရာဇ် ယန်ချီ ”
ယန်ချီလည်း ရပ်လိုက်တယ်။
ဒီအသံက တန်ချင်ရဲ့ အသံဖြစ်မှန်း သူ သိပါတယ်။ တန်ချင်က ဘာကြောင့် သူ့ကို ရပ်တန့်ခိုင်းမှန်း သူ သိပါတယ်။
သူက နောက်လှည့်လိုက်ပြီး တန်ချင်ကို ကြည့်လိုက်တယ်။
တန်ချင်ရဲ့ မျက်နှာပေါ်မှာတော့ အလွန်တရာကို ရှုပ်ထွေးနေတဲ့ အမူအယာ ဖြစ်ခဲ့ပြီး စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာ သူမက သတ္တိမွေးပြီး ပြောလိုက်တယ်။
“မဟာ ဧကရာဇ် ယန်ချီ တောင်းပန်ပါတယ်”
စကားသံ ဆုံးသွားတာနဲ့ တန်ချင်က ယန်ချီကို လေးလေးနက်နက် အရိုအသေပေးလိုက်တယ်။
“အင်း အဆင်ပြေပါတယ်”
စကားပြောပြီးနောက် ယန်ချီက ကောင်းကင်ခြေလှမ်းကို အသုံးပြုလိုက်ပြီး နေရာကနေ ပျောက်ကွယ်သွားခဲ့တယ်။
သူက ဒီမှာ အချိန်အကြာကြီးမနေချင်ပါဘူး။ အဲ့ဒီလိုမှ မဟုတ်ရင် တန်ချင်က သူ့ကို ပျင်းရိဖွယ်ကောင်းတဲ့ စကားတွေကို ပြောနေဦးမှာပါ။
တန်ချင်က ခေါင်းကို မော့လိုက်တော့ ယန်ချီ မရှိတာကို မြင်လိုက်တယ်။
သူမက တိတ်တဆိတ် သက်ပြင်းချလိုက်မိတယ်။
သူမက သူမရဲ့ ရင်ဘတ်ကို ဖိလိုက်ပြီး ရင်သပ်ရှုမော ဖြစ်နေခဲ့တယ်။ ဒါက အစွမ်းအထက်ဆုံး တည်ရှိမှု တစ်ခုလားလို့ တွေးနေခဲ့ရတယ်။
“ဝိဉာဉ်ဘုရင်အဆင့် . .”
ဒီလောကမှာ အစွမ်းအထက်ဆုံးဖြစ်တဲ့ သိုင်းပညာရှင်က သူမနဲ့ ဂရုမစိုက်ခဲ့ပါဘူး။ သူမအဖိုးဖြစ်သူက ယန်ချီကို ဘာအတွက် တန်မျိုးနွယ်ကိုလာတာလဲလို့ မေးခဲ့တယ်။
ဒါပေမယ့်လည်း ယန်ချီက လောက ကာကွယ်ရေးမြို့တော်မှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာကို မပြောခဲ့ပါဘူး။
တန်ချင်က ကိုယ့်ကိုယ်ကို ရယ်စရာ ကောင်းတယ်လို့ ရုတ်တရက် ခံစားမိလိုက်တယ်။
လောက ကာကွယ်ေ့ရးမြို့တော်မှာတုန်းက သိုင်းပညာရှင်တွေက သူ့ကို ပိုကြည့်မိတဲ့အတွက် သူမက သိုင်းပညာရှင်တွေကို ဒူးထောက်စေခဲ့တယ်။
ဒီလိုမျိုး ယန်ချီရဲ့ အပြုအမူနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ သူမက ဖုန်မှုန့်အလားပါပဲ။
ဒါတွေကို ယန်ချီက တန်ချင်ကိုနားလည်စေချင်ခဲ့တယ်။
ဒီလိုနဲ့ ယန်ချီက လောက ခန်းမဆီကို ပြန်ရောက်လာခဲ့တယ်။
သူက ဝိဉာဉ်ဘုရင်အဆင့်ကို ချိုးဖြတ်ပြီးနောက်မှာ လောကခန်းမက သူ့ရဲ့ နန်းဆောင်ဖြစ်လာခဲ့တယ်။
နောက်တစ်နေ့ရောက်တော့ နေရောင်က ထွန်းလင်းလာခဲ့တယ်။
ယန်ချီက လောက ကာကွယ်ရေးမြို့တော်ဆီ နောက်တစ်ကြိမ် အလည်အပတ် သွားလိုက်ပြန်တယ်။
လောက ကာကွယ်ရေးမြို့တော်ကို ရောက်ပြီး အလယ် ခံစစ်တံတိုင်းဆီကို ရောက်သွားခဲ့တယ်။
အရင်တစ်ခေါက်တုန်းက ယန်ချီနဲ့ အရှင်သခင်ကြီး သုံးဦးက ဒီခံစစ်တံတိုင်းဆီကို ရောက်လာခဲ့တယ်။ ခံစစ်တံတိုင်းပေါ်က သိုင်းပညာရှင်တွေနဲ့ စစ်သည်တွေက သူ့ကို မဟာဧကရာဇ်ယန်ချီမှန်း သိကြပါတယ်။
သိုင်းပညာရှင်တွေနဲ့ စစ်သည်တွေရဲ့ မျက်နှာထက်မှာ ရိုသေလေးစားမှုတွေ ပြည့်နှက်နေခဲ့တယ်။
သိပ်မကြာခင်မှာပဲ ယန်ချီက အရှင်သခင်ကြီးသုံးဦးကို မြင်လိုက်ရတယ်။
အရှင်သခင်ကြီး သုံးဦးက နတ်ဘုရားသချိုင်းနတ်ဆိုးပင်လယ်ကို စောင့်ကြည့်နေကြတာပါ။
ဒီအချိန်မှာတော့ ပင်လယ်ပြင်မှာ လှိုင်းကြက်ခွပ်တောင် မရှိပါဘူး။
အရာအားလုံးက ဒီအတိုင်း တည်ငြိမ်နေခဲ့တယ်။
အရှင်သခင်ကြီး သုံးဦးက ယန်ချီကို မြင်လိုက်တဲ့အခါ တစ်ယောက်ပြီး တစ်ယောက်အရိုအသေပေးလိုက်ကြတယ်။
“မဟာဧကရာဇ်ယန်ချီ မင်း ရောက်လာပြီလား”
“အင်း”
ယန်ချီက ခေါင်းညိတ်လိုက်ပြီးနောက် သူလည်း နတ်ဘုရားသချိုင်းနတ်ဆိုးပင်လယ်ကို ကြည့်လိုက်တယ်။
“ဘာကြောင့်မှန်း မသိဘူး။ ငါရဲ့ ပင်ကိုယ်သိစိတ်ကနေ တစ်ခုခု ဖြစ်ပျက်တော့မယ်လို့ ပြောနေတယ်”
“သတင်းပို့ပါတယ်”
ရုတ်တရက် ကျယ်လောင်တဲ့ အော်ဟစ်သံတစ်သံကို ကြားလိုက်ရတယ်။
ယန်ချီနဲ့ အရှင်သခင်ကြီးသုံးဦးအရှေ့ကို စစ်သားတစ်ယောက် ရောက်လာခဲ့တယ်။
“မဟာဧကရာဇ်ယန်ချီကို တင်ပြပါတယ်။ ပင်လယ်သားရဲများစွာက ကာကွယ်ရေးတံတိုင်းဆီကို ချီတက်သွားတာ မြင်လိုက်ရတယ်”