Unicode
"ခဏစောင့်အုံးနော်..ယူစရာရှိလို့.."
"ဟုတ်"
အ၀တ်အစားလဲပြီးနောက် Partyသွားဖို့ သူတို့နှစ်ယောက် ကားထဲ၀င်ထိုင်ကာ လုံခြုံရေးခါးပတ်ပတ်ပြီးမှ ရိပေါ်က ယူစရာရှိ၍ ကားထဲမှ ထွက်သွားပြန်၏။
"ရိရိတို့သားအဖ အင်္ကျီဆင်တူနဲ့ပါလား..."
ဘယ်အချိန်တည်းက အောက်ထပ်ပြန်ရောက်နေမှန်းမသိသည့် ဒယ်ဒီက sofaတွင်ထိုင်နေကာ အိမ်ထဲပြန်၀င်လာသော ရိပေါ်ကို မေးလေတော့
ဒယ်ဒီ့စကားကြောင့် ရိပေါ်ရယ်ချင်သွားသည်။
အင်္ကျီနက်ပြာရောင်Outfitဒီဇိုင်းသာကွဲ၍ အရောင်ချင်း ဆင်တူနေသည်ကို ဒယ်ဒီက သတိထားမိသွားပုံပါလေ။
ပြီးတော့ ဘာ...သားအဖ တဲ့လား။
ဒီအသက်နဲ့ ဒီအရွယ်က လင်မယားဆိုရင်တောင် ပိုပြီး ကြားကောင်းအုံးမယ်ထင်တယ်...
"Partyရောက်ရင် အားကျန့်ကို ကောင်းကောင်းဂရိုစိုက်နော်.."
ဒယ်ဒီ့စကားကြောင့် လှေကားပေါ် လှမ်းနေသည့် ရိပေါ်ခြေလှမ်းများ ရပ်တန့်သွား၏။
ရိပေါ် ပထမဆုံးအကြိမ် ဒယ်ဒီနှင့်Partyလိုက်သွားတုန်းက ပွဲရဲ့တစ်နေရာမှာ ပစ်ထားပြီး ပွဲပြီးတဲ့အခါ ရိပေါ်ကိုထားခဲ့ပြီး အိမ်ပြန်သွားတဲ့ ဒယ်ဒီ့အကြောင်းကို ပြန်မြင်ယောင်လာတာမို့။
"ဟုတ်ကဲ့..သေသေချာချာဂရုစိုက်လိုက်ပါ့မယ်"
ကျွန်တော်က ဒယ်ဒီ့လိုမဟုတ်ဘူး၊
တစ်စုံတစ်ယောက်ကိုမုန်းတိုင်း အဲ့ဒီတစ်စုံတစ်ယောက် ချစ်တဲ့လူကိုပါ
ကလဲ့စားခြေတတ်တဲ့ လူစားမျိုးမဟုတ်ဘူး။
ကျွန်တော်က မာမီ့လိုလဲမဟုတ်ပြန်ဘူး၊
တစ်စုံတစ်ယောက်ကိုချစ်လို့
အဲ့ဒီတစ်စုံတစ်ယောက် တန်ဖိုးထားတဲ့လူကို ရက်ရက်စက်စက်နင်းခြေတတ်တဲ့ လူစားမျိုးမဟုတ်ဘူး။
ကျွန်တော်က ဒယ်ဒီနဲ့မာမီရဲ့သွေးသားအရင်းဖြစ်ပေမဲ့
ကျွန်တော့်မှာ မိဘနှစ်ပါးနဲ့ တူညီတဲ့အကျင့်စရိုက်မရှိဘူး။
မိဘကမိဘပဲ၊ သားသမီးက သားသမီးပဲလေ။
အေးစက်စက်အငွေ့အသက်များနှင့် အပေါ်ထပ်သို့ တဒေါက်ဒေါက်တက်သွားသည့် သားဖြစ်သူကို ၀မ်ရိလင်း နားမလည်နိုင်စွာ မျက်စိတစ်ဆုံး ငေးကြည့်နေမိသည်။
°°°°°°°°°
"ကိုကိုလေး..."
"အင်း..."
ကားမှန်ချထားတာကြောင့် ကားမောင်းနေသည့် ကိုကိုလေးမျက်နှာဟာ လမ်း မီးရောင်အောက်တွင် ဖြူ၀င်းတောက်ပကာ နာမည်ကြီးသရုပ်ဆောင်တစ်ဦးကဲ့သို့။
ငေးမိငေးရာ ငေးနေသည့် ရှောင်းကျန့်က သူ့ဘက်မျက်နှာလှည့်လာသည့် ကိုကိုလေးကြောင့် ကားနောက်ခုံသို့ ခေါင်းကပ်ထားလိုက်မိသည်။
"ဘာပြောမလို့လဲ.."
"ဟို...အခုသွားနေတဲ့နေရာရောက်ရင်လေ...
အမြဲပြုံးနေရမှာလား ဒါမှမဟုတ် တည်တည်နေလို့ရလား.."
ရိပေါ်က ကားလမ်းဘက်သို့ မျက်နှာပြန်လှည့်လိုက်၏။
တကယ်ပါပဲ ဒီဆေးကျေင်းသားက Partyတစ်ခါမှမတက်ဖူးဘူးထင်ပါရဲ့။
"ကိုယ့်စိတ်အလိုကျနေလို့ရတယ်
စိတ်မကြည်ရင် တည်တည်နေလိုက်
ပျော်ရင် ပြုံးနေလိုက်..."
"အဲ့ဒီကိုရောက်ရင်
ကျွန်တော်က မက်တပ်ရပ်နေရမှာလား
ထိုင်နေရမှာလား.."
ရိပေါ် ရယ်ချင်သည့်စိတ်ကို တံတွေးမျိုချရင်း ထိန်းလိုက်၏။
ငါ့နှယ်...
"ထိုင်ခုံအလွတ်ရှိရင်ထိုင်လို့ရတယ်
ထိုင်စရာမရှိရင် မက်တပ်ရပ်နေရမှာပေါ့...
ဒါပေမဲ့ အခုသွားမဲ့Partyက လေလ့အသေးစားလေးရှိလို့ တစ်ချိန်လုံး ထိုင်နေရမှာ..."
"အော်..."
"ဘာသိချင်တာရှိသေးလဲ
မေးလေ.."
ခပ်ပါးပါးပြုံးရင်း ခေါင်းခါပြလိုက်တော့ ကိုကိုလေးက ရယ်၏။ ခါတိုင်းရယ်သလိုမဟုတ်ဘဲ မျက်လုံးနက်စွေးစွေးတွေ ပိတ်ကျသွားသည်အထိ ရယ်နေတော့ ရှောင်းကျန့်မှာ ခိုးခိုးငေးရတာ အမော။
ကိုယ့်ဘာသာ အငေးကောင်းနေတာကို ပြန်သတိထားမိပြီး အကြည့်လွှဲရသည်မှာလဲ ခဏခဏပင်။
Partyကျင်းပရါနေရာသို့ ရောက်တဲ့အခါ ရိပေါ်က ကားပါကင်သို့မောင်းသွားကာ ကားရပ်လိုက်၏။
"ရောက်ပြီ...ဆင်းလေ"
"ဟုတ်.."
နှစ်ဦးသားကားပေါ်မှပြိုင်တူဆင်းလိုက်ပြီးနောက်
ရိပေါ်က ဦးဆောင်ကာ ပွဲခန်းမအတွင်းသို့ လျှောက်သွားပြီး ရှောင်းကျန့်က အနောက်မှ လိုက်သည်။
လူတော်တော်များများက ဘေးချင်းယှဥ်လျက် ၀င်လာသည့် သူတို့နှစ်ယောက်ထံ ၀ိုင်းအုံကြည့်လာသည့်အခါ ရှောင်းကျန့်မှာ ချက်ချင်း ရိပေါ်အနားသို့ တိုးကပ်ပါ၏။
"ဒီပါတီက သာမာန်လေလံဆွဲတဲ့အခမ်းအနားတစ်ခုမို့လို့
သူတို့အားလုံးက မင်းကိုစကားလာပြောကြမှာမဟုတ်ဘူး"
"အိုး...မစ္စတာ၀မ်..ရောက်လာတာစောသားပဲ
ဒီတစ်ခါတော့ ပါတနာပါခေါ်လာတယ်ပေါ့
မိတ်ဆက်ပေးအုံးလေ..."
ရောက်ရောက်ချင်း တံခါး၀တွင် ဆီးကြိုကာ အာလူးဖုတ်နေသည့်လူကြီးကိုကြည့်ကာ ရှောင်းကျန့် လှည့်ပြန်ချင်စိတ်ပေါက်လာ၏။
ခရားရေလွတ်ပြောနေလိုက်တာများ မသိရင် ကိုကိုလေးက သူ့သားကျနေရောပဲ....
ထိုလူကြီးအား မသိမသာမျက်စောင်းထိုးရင်း ရှောင်းကျန့်က ရိပေါ်၏ ကုတ်လက်ရှည်၏ အနားသပ်အစွန်းလေးအား အသာဆွဲထားလိုက်၏။
ရိပေါ် ဆေးကျောင်းသားလေးအား အသာစောင်းငဲ့ကြည့်ရင်း
"ဟုတ်တယ် ချင်ယန်...သူက ကိုယ့်ပါတနာ
နာမည်က ရှောင်းကျန့်..
အားကျန့်..ဒီဘက်က Mr.Qing Yan
လေလံပွဲစီစဥ်သူပေါ့..
"တွေ့ရတာ ၀မ်းသာပါတယ် မစ္စတာရှောင်း
ခင်ဗျားတို့နှစ်ယောက်က တကယ်လိုက်ဖက်ပါတယ်ဗျာ.."
ပြုံးပြကာ ထွက်သွားသည့် ချင်ယန်ဆိုသောလူကြီးက ပွဲသို့ လာရောက်ကြသော အခြားဧည့်သည်များကို လိုက်လံနှုတ်ဆက်နေ၏။
"ကိုကိုလေး...ကျွန်တော်က ကိုကိုလေးရဲ့ မွေးစားသားလို့ ပြောရမှာမဟုတ်ဘူးလား.."
"မွေးစားသားလို့ ပြောရင်တောင် ဘယ်သူက ယုံမှာလဲ၊ အခုအတိုင်ပဲကောင်းတယ်
ထိုင်ရအောင် လာ...
ရှောင်းကျန့်လက်ကိုဆွဲကာ ရှေ့ဆုံးခုံတန်း၏ နံရံဘက်တွင် ၀င်ထိုင်သည့် ကိုကိုလေးကြောင့် သူလဲ အလိုလို ကိုကိုလေးဘေးတွင်ထိုင်မိလျက်သား။
နှစ်ယောက်က လက်ချင်းမတွဲထားပေမဲ့ သာမာန်ထက် ပိုမိုပူးကပ်နေတာကြောင့် လူအများအမြင်မှာ အင်္ကျီအရောင်ဆင်တူနှင့်မို့ ညီအစ်ကိုထက် စုံတွဲလို့ပင် ထင်ချင်စရာပါ။
"ပွဲစတော့မယ်...လိုချင်တာရှိရင်ပြော.. "
မိန်းမငယ်လေးများ ပိတ်စအနီနှင့်အုပ်ကာ သယ်လာသည့် ပစ္စည်းများကိုသာ ကြည့်နေသည့်ကိုကိုလေးက ရှောင်းကျန့်ဘက်ကို ကြည့်မနေ။
"ဟုတ်.."
တစ်ဖြည်းဖြည်း ခန်းမအတွင်းရှိ ခုံအနီများတွင် လူတွေပြည့်ကြပ်လာပြီး တစ်ချို့ဆို နောက်ဆုံးတွင် မက်တပ်ရပ်ကြည့်နေရသည်အထိ နေရာမကျန်တော့ပေ။
"ဟိတ်..."
အစီအစဥ်ကြီးကြပ်သူမှ လေလံပစ္စည်းများကို အမျိုးအမည်နှင့် အသုံး၀င်ပုံတို့ပြောပြနေတာမို့ ရှောင်းကျန့် အာရုံစိုက်နားထောင်နေသည့်အချိန်
ဘေးခုံရှိ လူရွယ်တစ်ယောက်မှ လက်အား လာထိတာကြောင့် တစ်ကိုယ်လုံး တွံ့ခနဲဖြစ်သွား၏။
"ဟင်..."
"ပထမဆုံးအကြိမ် လေလံလာပစ်တာလား မင်း.."
ဘာအဓိပ္ပါယ်မှန်းမသိတာမို့ ရှောင်းကျန့်ခေါင်းခါပြလိုက်မိသည်။
"ဒါဆို တစ်ယောက်ထဲ လာတာလား.."
"ကို..ကိုကိုလေးလဲ..ပါတယ်"
"ကိုယ်က တစ်ယောက်တည်းလာတာ"
ထိုလူက ဖော်ဖော်ရွေရွေပြုံးပြလာပေမဲ့ ရှောင်းကျန့် မပြုံးနိုင်။
"ကိုကိုလေး...."
"အဲ့တစ်ခုသဘောကျလား...
လက်စွပ်က ရိုးရှင်းပေမဲ့ ရှေးဟောင်းလက်စွပ်မို့ စျေးတန်တယ်.."
စင်မြင့်ထက်ရှိ ပတ္တမြားလက်စွပ်ထံ မျက်လုံးမခွါသည့် ရိပေါ်က ရှောင်းကျန့်အခြေအနေအား မမြင်လေတော့ ရှောင်းကျန့်မှာ ပြောရမလိုလို၊နှုတ်ပိတ်နေရမလိုလို။
ရုတ်တရက် ရှောင်းကျန့်ပေါင်ပေါ်ရောက်လာသည့် ထိုလူ့လက်ကြောင့် လန့်ကာ နေရာရွေ့ရင်း ကိုကိုလေးကိုယ်ပေါ် တက်ထိုင်မိမတက် ဖြစ်သွား၏။
"ကျွန်တော် နံရံဘက်မှာ ထိုင်ချင်လို့ ကိုကို...!"
"ဘာဖြစ်လို့လဲ.."
အခြေအနေကို ရိပ်မိသွားသော ရိပေါ်က ရှောင်းကျန့်ကိုယ်လေးအား သူ့ပေါင်ပေါ် သေသေချာချာတင်ရင်း ခါးမှ ဆွဲဖက်ထားလိုက်သည်။
"ကိုယ့်နဲ့ဆိုင်တဲ့နေရာမှာပဲနေတာ ကောင်းမယ်!!"
ရိပေါ်၏ အေးစက်စက်စကားအဆုံး လန့်သွားပုံရသော ထိုလူရွယ်မှာ ထိုင်နေရာမှ ထရင်း အနောက်ဘက်သို့ ထွက်သွားတော့သည်။
သာမာန်ထက် ပိုမြင့်နေသည့်အနေအထားကြောင့် အနေခတ်နေသည့်ရှောင်းကျန့်က ကိုကိုလေး၏ ပေါင်ပေါ်မှ ဆင်းရန် ကြံစည်နေ၏။
"ကိုကိုလေး.."
"ဘာမှမဖြစ်တော့ဘူး...ဟိုကောင် ထွက်သွားပြီ
ခုနပြောတဲ့လက်စွပ်ကို သဘောကျလား.."
"ဟုတ်!"
မိမိခုံနေရာသို့ ပြန်ထိုင်ရန် ပြင်လိုက်ပေမဲ့ ရှောင်းကျန့်တစ်ကိုယ်လုံးက သန်မာသည့်လက်မောင်းနှစ်ဖက်ကြား ညှပ်နေတာမို့ လေလံပွဲပြီးသည်အထိ ထိုအတိုင်းသာ ထိုင်နေခဲ့ရသည်။
°°°°°°°°°°
"ခနလေးစောင့်..ကိုယ်ပြန်လာခဲ့မယ်"
လေလံပွဲပြီးလို့ ကားဆီသို့ပြန်လာပြီး ကားပါကင်အတွင်းရှိ ကားအား အပြင်ဘက်ထုတ်ပြီမှ ထွက်သွားပြန်သည့်ကိုကိုလေးကြောင့် ရှောင်းကျန့်ကားမှန်လေးအား မှီရင်း စောင့်နေခဲ့သည်။
"ဟိတ်....အားကျန့်"
နားထဲ တစ်ချက်တစ်ချက် ကိုကိုလေး၏ ခေါ်သံလိုလို ကြားနေရပေမဲ့ ရှောင်းကျန့်စိတ်အစုံအား အိတ်ချင်သည့် စိတ်က လွှမ်းမိုးအနိုင်ယူသွားတော့၏။
"တကယ်ပါပဲ...
ဒီအတိုင်းအိပ်နေရင်လမ်းမကောင်းတဲ့နေရာတွေကျ
ခေါင်းတွေနာတော့မယ်..."
ပါးစပ်လေး ဟ,လျှက် ကားမှန်ကိုမှီရင်း အိပ်နေသည့်ကောင်လေး၏ ခေါင်းအား Driver Seatရှိကောင်လေးက ခပ်ဖွဖွကိုင်ကာ Seatနောက်မှီသို့ ပြောင်းတင်ပေးနေ၏။
"ဟာ..ဟာ...
ဒါဘယ်လိုဖြစ်လာတာလဲ ရိရိ..."
ည၉နာရီကျော်သည်အထိ သားနှစ်ယောက်လုံး ပြန်မရောက်သေးတာမို့ မအိပ်နိုင်ပဲ အောက်ထပ်ဆင်းကာ ဆိုဖာပေါ်၌ ဖင်တကြွကြွဖြစ်နေသည့် ၀မ်ရိလင်းက အိမ်ထဲ၀င်လာသည့်ကားကြောင့် အိမ်ရှေ့သို့ ပြေးထွက်ကြည့်လိုက်တဲ့အခါ ပျော့ခွေနေသည့် ရှောင်းကျန့်အား ပွေ့ချီလာသည့် သားဖြစ်သူကြောင့် ရင်ထဲ ဒိန်းခနဲ။
"မင်း! အားကျန်ကို...အရက်တွေစွတ်တိုက်ပြီး ဘာလုပ်.!"
"ဒယ်ဒီထင်နေတာတွေအကုန်မှားတယ်
ရှောငးကျန့်က သူ့ဘာသာအိပ်ပျော်နေတာ..
ဟုတ်ပြီလား.."
အဖေဖြစ်သူအား မထိမိအောင်ကွေ့ရှောင်ရင်း အပေါ်ထပ်သို့ ပေါ့ပေါ့ပါးပါး တက်သွားသည့်၀မ်ရိပေါ်က သူ့လက်ထဲမှရှောင်းကျန့်အား ဂွမ်းထုတ်လေးသယ်လာသလို။
"ဒီအတိုင်းအိပ်ခိုင်းလို့ဖြစ်ပါ့မလား?
ခေါ်နိုးပြီးPajamaလဲ၀တ်ခိုင်းရမလား?
ဒါမှမဟုတ် ငါပဲ၀တ်ပေးလိုက်ရမလား?
အင်း အဲ့တာကောင်းတယ်"
ကိုယ့်ဘာသာမေးကာ ကိုယ့်ဘာသာဖြေနေသည့်ရိပေါ်က အခုဆိုရင် ရှောင်းကျန့်ရဲ့ အ၀တ်ဗီဒိုပိစိလေးထဲမှ Pajamaတစ်စုံအား ရှာနေပါ၏။
"ဗီဒိုကလဲ သေးလိုက်တာ၊ ကုတင်ရောပဲ...
နောက်ဆို ပရိဘောဂတွေအကုန် BigSizeချည်း ၀ယ်ပေးထားရမယ်..."
ရှောင်းကျန့်ကိုယ်ပေါ်ရှိ Tshirtနက်ပြာလေး၏ ကြယ်သီးများအား တစ်လုံးချင်းချွတ်ကာ တစ်ကိုယ်တည်းရေရွတ်နေသည့် ရိပေါ်က Pajamaအင်္ကျီအား ၀တ်ပေးပြီးနောက် ဘောင်းဘီ၀တ်ပေးဖို့ရာ အခက်တွေ့နေ၏။
ကာယကံရှင်က ခွင့်မပြုပါဘဲ ကိုယ့်သဘောနဲ့ကိုယ် အ၀တ်လဲပေးမိတာ ရိုင်းရာကျမလား..
ဘာပဲပြောပြော ကိုယ်က အပေါ်ပိုင်းတောင် ည၀တ်အင်္ကျီလဲပေးပြီးပြီမို့လား၊
အောက်ပိုင်းလဲကိစ္စတော့မရှိလောက်ပါဘူး၊သူBoxerတော့ ၀တ်ထားလောက်မှာပါ..
Boxer၀တ်၀တ် မ၀တ်၀တ်၊ သူလဲယောကျ်ား ကိုယ်လဲယောကျ်ားပဲဆိုတော့လေ...
ဘောင်းဘီကြယ်သီအား ဖြုတ်ရန်လက်လှမ်းပြီးနောက် ရိပေါ်လက်များက ကုတင်အောက်ဘက်ရှိ စောင်ဆီသို့ ရောက်ရှိသွားပြီး ရှောင်းကျန့်အောက်ပိုင်းအား စောင်ဖြင့် အုပ်ထားလိုက်၏။
ဒီလိုဆို အဆင်ပြေပြီ!
ထို့နောက် စောင်အတွင်းသို့ လက်လျှိုသွင်းကာ ရှောင်းကျန့်ဘောင်းဘီအား ဖြည်းဖြည်းချင်းချွတ်၍ Pajamaဘောင်းဘီကို ခြေတစ်ဖက်ချင်း သွင်းထည့်ကာ အချိန်အတော်သုံး၍ အ၀တ်အစားလဲပေးလိုက်ရသည်။
"အာ...ဒယ်ဒီ ဒီမှါဘာရပ်လုပ်နေတာလဲ.."
ရှောင်းကျန့်အခန်း၀တွင် ရပ်စောင့်နေသည့် ဒယ်ဒီက ရိပေါ် တံခါးအရင်မဖွင့်လျှင် သူအရင်ဖွင့်တော့မည့် ဒီဇိုင်းနှင့်။
"ရိရိက ၀င်သွားတာ ကြာပြီး ခုထိထွက်မလာသေးလို့ပေါ့!
ပြောစရာရှိတယ် လိုက်ခဲ့ ကြားလား..!"
လက်ပိုက်လျှက် ပုံခုံးတွန့်ပြသည့်ရိပေါ်က စိတ်ထဲတွင်တော့ လေပူများမှုတ်ထုတ်နေရသည်။
တော်သေးတာပေါ့...
ဟိုတစ်ယောက်ကို အ၀တ်လဲပေးနေတုန်း ဒယ်ဒီ၀င်မလာခဲ့လို့။
ဒယ်ဒီသာ အခန်းထဲ၀င်လာခဲ့ပါလျှင် အနှစ်နှစ်အလလ စောင့်ထိန်းလာခဲ့သည့် ရိပေါ်၏ Cool Guy imageတွေ ရေစုန်မျောလိုက်မည့် ဖြစ်ခြင်း။
°°°°°
TBC
Updateမတင်ချင်လို့မဟုတ်🤧
ဆောင်း၀င်လာတော့ အော်သာ နှာစေးချောင်းဆိုးအပြင် အဖျားလဲကူးနေလို့😞
Zawgyi
"ခဏေစာင့္အံုးေနာ္..ယူစရာရိွလို႔.."
"ဟုတ္"
အ၀တ္အစားလဲၿပီးေနာက္ Partyသြားဖို႔ သူတို႔ႏွစ္ေယာက္ ကားထဲ၀င္ထိုင္ကာ လံုၿခံဳေရးခါးပတ္ပတ္ၿပီးမွ ရိေပၚက ယူစရာရိွ၍ ကားထဲမွ ထြက္သြားျပန္၏။
"ရိရိတို႔သားအဖ အက်ႌဆင္တူနဲ႔ပါလား..."
ဘယ္အခ်ိန္တည္းက ေအာက္ထပ္ျပန္ေရာက္ေနမွန္းမသိသည့္ ဒယ္ဒီက sofaတြင္ထိုင္ေနကာ အိမ္ထဲျပန္၀င္လာေသာ ရိေပၚကို ေမးေလေတာ့
ဒယ္ဒီ့စကားေၾကာင့္ ရိေပၚရယ္ခ်င္သြားသည္။
အက်ႌနက္ျပာေရာင္Outfitဒီဇိုင္းသာကြဲ၍ အေရာင္ခ်င္း ဆင္တူေနသည္ကို ဒယ္ဒီက သတိထားမိသြားပံုပါေလ။
ၿပီးေတာ့ ဘာ...သားအဖ တဲ့လား။
ဒီအသက္နဲ႔ ဒီအရြယ္က လင္မယားဆိုရင္ေတာင္ ပိုၿပီး ၾကားေကာင္းအံုးမယ္ထင္တယ္...
"Partyေရာက္ရင္ အားက်န္႔ကို ေကာင္းေကာင္းဂရိုစိုက္ေနာ္.."
ဒယ္ဒီ့စကားေၾကာင့္ ေလွကားေပၚ လွမ္းေနသည့္ ရိေပၚေျခလွမ္းမ်ား ရပ္တန္႔သြား၏။
ရိေပၚ ပထမဆံုးအႀကိမ္ ဒယ္ဒီႏွင့္Partyလိုက္သြားတုန္းက ပြဲရဲ့တစ္ေနရာမွာ ပစ္ထားၿပီး ပြဲၿပီးတဲ့အခါ ရိေပၚကိုထားခဲ့ၿပီး အိမ္ျပန္သြားတဲ့ ဒယ္ဒီ့အေၾကာင္းကို ျပန္ျမင္ေယာင္လာတာမို႔။
"ဟုတ္ကဲ့..ေသေသခ်ာခ်ာဂရုစိုက္လိုက္ပါ့မယ္"
ကြၽန္ေတာ္က ဒယ္ဒီ့လိုမဟုတ္ဘူး၊
တစ္စံုတစ္ေယာက္ကိုမုန္းတိုင္း အဲ့ဒီတစ္စံုတစ္ေယာက္ ခ်စ္တဲ့လူကိုပါ
ကလဲ့စားေျခတတ္တဲ့ လူစားမ်ိဳးမဟုတ္ဘူး။
ကြၽန္ေတာ္က မာမီ့လိုလဲမဟုတ္ျပန္ဘူး၊
တစ္စံုတစ္ေယာက္ကိုခ်စ္လို႔
အဲ့ဒီတစ္စံုတစ္ေယာက္ တန္ဖိုးထားတဲ့လူကို ရက္ရက္စက္စက္နင္းေျခတတ္တဲ့ လူစားမ်ိဳးမဟုတ္ဘူး။
ကြၽန္ေတာ္က ဒယ္ဒီနဲ႔မာမီရဲ့ေသြးသားအရင္းျဖစ္ေပမဲ့
ကြၽန္ေတာ့္မွာ မိဘႏွစ္ပါးနဲ႔ တူညီတဲ့အက်င့္စရိုက္မရိွဘူး။
မိဘကမိဘပဲ၊ သားသမီးက သားသမီးပဲေလ။
ေအးစက္စက္အေငြ့အသက္မ်ားႏွင့္ အေပၚထပ္သို႔ တေဒါက္ေဒါက္တက္သြားသည့္ သားျဖစ္သူကို ၀မ္ရိလင္း နားမလည္ႏိုင္စြာ မ်က္စိတစ္ဆံုး ေငးၾကည့္ေနမိသည္။
°°°°°°°°°
"ကိုကိုေလး..."
"အင္း..."
ကားမွန္ခ်ထားတာေၾကာင့္ ကားေမာင္းေနသည့္ ကိုကိုေလးမ်က္ႏွာဟာ လမ္း မီးေရာင္ေအာက္တြင္ ျဖဴ၀င္းေတာက္ပကာ နာမည္ႀကီးသရုပ္ေဆာင္တစ္ၪီးကဲ့သို႔။
ေငးမိေငးရာ ေငးေနသည့္ ေရွာင္းက်န္႔က သူ႔ဘက္မ်က္ႏွာလွည့္လာသည့္ ကိုကိုေလးေၾကာင့္ ကားေနာက္ခံုသို႔ ေခါင္းကပ္ထားလိုက္မိသည္။
"ဘာေျပာမလို႔လဲ.."
"ဟို...အခုသြားေနတဲ့ေနရာေရာက္ရင္ေလ...
အၿမဲျပံဳးေနရမွာလား ဒါမွမဟုတ္ တည္တည္ေနလို႔ရလား.."
ရိေပၚက ကားလမ္းဘက္သို႔ မ်က္ႏွာျပန္လွည့္လိုက္၏။
တကယ္ပါပဲ ဒီေဆးေက်င္းသားက Partyတစ္ခါမွမတက္ဖူးဘူးထင္ပါရဲ့။
"ကိုယ့္စိတ္အလိုက်ေနလို႔ရတယ္
စိတ္မၾကည္ရင္ တည္တည္ေနလိုက္
ေပ်ာ္ရင္ ၿပံဳးေနလိုက္..."
"အဲ့ဒီကိုေရာက္ရင္
ကြၽန္ေတာ္က မက္တပ္ရပ္ေနရမွာလား
ထိုင္ေနရမွာလား.."
ရိေပၚ ရယ္ခ်င္သည့္စိတ္ကို တံေတြးမ်ိဳခ်ရင္း ထိန္းလိုက္၏။
ငါ့ႏွယ္...
"ထိုင္ခံုအလြတ္ရိွရင္ထိုင္လို႔ရတယ္
ထိုင္စရာမရိွရင္ မက္တပ္ရပ္ေနရမွာေပါ့...
ဒါေပမဲ့ အခုသြားမဲ့Partyက ေလလ့အေသးစားေလးရိွလို႔ တစ္ခ်ိန္လံုး ထိုင္ေနရမွာ..."
"ေအာ္..."
"ဘာသိခ်င္တာရိွေသးလဲ
ေမးေလ.."
ခပ္ပါးပါးၿပံဳးရင္း ေခါင္းခါျပလိုက္ေတာ့ ကိုကိုေလးက ရယ္၏။ ခါတိုင္းရယ္သလိုမဟုတ္ဘဲ မ်က္လံုးနက္ေစြးေစြးေတြ ပိတ္က်သြားသည္အထိ ရယ္ေနေတာ့ ေရွာင္းက်န္႔မွာ ခိုးခိုးေငးရတာ အေမာ။
ကိုယ့္ဘာသာ အေငးေကာင္းေနတာကို ျပန္သတိထားမိၿပီး အၾကည့္လႊဲရသည္မွာလဲ ခဏခဏပင္။
Partyက်င္းပရါေနရာသို႔ ေရာက္တဲ့အခါ ရိေပၚက ကားပါကင္သို႔ေမာင္းသြားကာ ကားရပ္လိုက္၏။
"ေရာက္ၿပီ...ဆင္းေလ"
"ဟုတ္.."
ႏွစ္ၪီးသားကားေပၚမွၿပိဳင္တူဆင္းလိုက္ၿပီးေနာက္
ရိေပၚက ၪီးေဆာင္ကာ ပြဲခန္းမအတြင္းသို႔ ေလ်ွာက္သြားၿပီး ေရွာင္းက်န္႔က အေနာက္မွ လိုက္သည္။
လူေတာ္ေတာ္မ်ားမ်ားက ေဘးခ်င္းယွဥ္လ်က္ ၀င္လာသည့္ သူတို႔ႏွစ္ေယာက္ထံ ဝိုင္းအံုၾကည့္လာသည့္အခါ ေရွာင္းက်န္႔မွာ ခ်က္ခ်င္း ရိေပၚအနားသို႔ တိုးကပ္ပါ၏။
"ဒီပါတီက သာမာန္ေလလံဆြဲတဲ့အခမ္းအနားတစ္ခုမို႔လို႔
သူတို႔အားလံုးက မင္းကိုစကားလာေျပာၾကမွာမဟုတ္ဘူး"
"အိုး...မစၥတာ၀မ္..ေရာက္လာတာေစာသားပဲ
ဒီတစ္ခါေတာ့ ပါတနာပါေခၚလာတယ္ေပါ့
မိတ္ဆက္ေပးအံုးေလ..."
ေရာက္ေရာက္ခ်င္း တံခါး၀တြင္ ဆီးႀကိဳကာ အာလူးဖုတ္ေနသည့္လူႀကီးကိုၾကည့္ကာ ေရွာင္းက်န္႔ လွည့္ျပန္ခ်င္စိတ္ေပါက္လာ၏။
ခရားေရလြတ္ေျပာေနလိုက္တာမ်ား မသိရင္ ကိုကိုေလးက သူ႔သားက်ေနေရာပဲ....
ထိုလူႀကီးအား မသိမသာမ်က္ေစာင္းထိုးရင္း ေရွာင္းက်န္႔က ရိေပၚ၏ ကုတ္လက္ရွည္၏ အနားသပ္အစြန္းေလးအား အသာဆြဲထားလိုက္၏။
ရိေပၚ ေဆးေက်ာင္းသားေလးအား အသာေစာင္းငဲ့ၾကည့္ရင္း
"ဟုတ္တယ္ ခ်င္ယန္...သူက ကိုယ့္ပါတနာ
နာမည္က ေရွာင္းက်န္႔..
အားက်န္႔..ဒီဘက္က Mr.Qing Yan
ေလလံပြဲစီစဥ္သူေပါ့..
"ေတြ့ရတာ ၀မ္းသာပါတယ္ မစၥတာေရွာင္း
ခင္ဗ်ားတို႔ႏွစ္ေယာက္က တကယ္လိုက္ဖက္ပါတယ္ဗ်ာ.."
ၿပံဳးျပကာ ထြက္သြားသည့္ ခ်င္ယန္ဆိုေသာလူႀကီးက ပြဲသို႔ လာေရာက္ၾကေသာ အျခားဧည့္သည္မ်ားကို လိုက္လံႏႈတ္ဆက္ေန၏။
"ကိုကိုေလး...ကြၽန္ေတာ္က ကိုကိုေလးရဲ့ ေမြးစားသားလို႔ ေျပာရမွာမဟုတ္ဘူးလား.."
"ေမြးစားသားလို႔ ေျပာရင္ေတာင္ ဘယ္သူက ယံုမွာလဲ၊ အခုအတိုင္ပဲေကာင္းတယ္
ထိုင္ရေအာင္ လာ...
ေရွာင္းက်န္႔လက္ကိုဆြဲကာ ေရ႔ွဆံုးခံုတန္း၏ နံရံဘက္တြင္ ၀င္ထိုင္သည့္ ကိုကိုေလးေၾကာင့္ သူလဲ အလိုလို ကိုကိုေလးေဘးတြင္ထိုင္မိလ်က္သား။
ႏွစ္ေယာက္က လက္ခ်င္းမတြဲထားေပမဲ့ သာမာန္ထက္ ပိုမိုပူးကပ္ေနတာေၾကာင့္ လူအမ်ားအျမင္မွာ အက်ႌအေရာင္ဆင္တူႏွင့္မို႔ ညီအစ္ကိုထက္ စံုတြဲလို႔ပင္ ထင္ခ်င္စရာပါ။
"ပြဲစေတာ့မယ္...လိုခ်င္တာရိွရင္ေျပာ.. "
မိန္းမငယ္ေလးမ်ား ပိတ္စအနီႏွင့္အုပ္ကာ သယ္လာသည့္ ပစၥည္းမ်ားကိုသာ ၾကည့္ေနသည့္ကိုကိုေလးက ေရွာင္းက်န္႔ဘက္ကို ၾကည့္မေန။
"ဟုတ္.."
တစ္ျဖည္းျဖည္း ခန္းမအတြင္းရိွ ခံုအနီမ်ားတြင္ လူေတျြပည့္ၾကပ္လာၿပီး တစ္ခ်ိဳ႕ဆို ေနာက္ဆံုးတြင္ မက္တပ္ရပ္ၾကည့္ေနရသည္အထိ ေနရာမက်န္ေတာ့ေပ။
"ဟိတ္..."
အစီအစဥ္ႀကီးၾကပ္သူမွ ေလလံပစၥည္းမ်ားကို အမ်ိဳးအမည္ႏွင့္ အသံုး၀င္ပံုတို႔ေျပာျပေနတာမို႔ ေရွာင္းက်န္႔ အာရံုစိုက္နားေထာင္ေနသည့္အခ်ိန္
ေဘးခံုရိွ လူရြယ္တစ္ေယာက္မွ လက္အား လာထိတာေၾကာင့္ တစ္ကိုယ္လံုး တြံ႔ခနဲျဖစ္သြား၏။
"ဟင္..."
"ပထမဆံုးအႀကိမ္ ေလလံလာပစ္တာလား မင္း.."
ဘာအဓိပၸါယ္မွန္းမသိတာမို႔ ေရွာင္းက်န္႔ေခါင္းခါျပလိုက္မိသည္။
"ဒါဆို တစ္ေယာက္ထဲ လာတာလား.."
"ကို..ကိုကိုေလးလဲ..ပါတယ္"
"ကိုယ္က တစ္ေယာက္တည္းလာတာ"
ထိုလူက ေဖာ္ေဖာ္ေရြေရြၿပံဳးျပလာေပမဲ့ ေရွာင္းက်န္႔ မၿပံဳးႏိုင္။
"ကိုကိုေလး...."
"အဲ့တစ္ခုသေဘာက်လား...
လက္စြပ္က ရိုးရွင္းေပမဲ့ ေရွးေဟာင္းလက္စြပ္မို႔ ေစ်းတန္တယ္.."
စင္ျမင့္ထက္ရိွ ပတၲျမားလက္စြပ္ထံ မ်က္လံုးမခြါသည့္ ရိေပၚက ေရွာင္းက်န္႔အေျခအေနအား မျမင္ေလေတာ့ ေရွာင္းက်န္႔မွာ ေျပာရမလိုလို၊ႏႈတ္ပိတ္ေနရမလိုလို။
ရုတ္တရက္ ေရွာင္းက်န္႔ေပါင္ေပၚေရာက္လာသည့္ ထိုလူ႔လက္ေၾကာင့္ လန္႔ကာ ေနရာေရြ့ရင္း ကိုကိုေလးကိုယ္ေပၚ တက္ထိုင္မိမတက္ ျဖစ္သြား၏။
"ကြၽန္ေတာ္ နံရံဘက္မွာ ထိုင္ခ်င္လို႔ ကိုကို...!"
"ဘာျဖစ္လို႔လဲ.."
အေျခအေနကို ရိပ္မိသြားေသာ ရိေပၚက ေရွာင္းက်န္႔ကိုယ္ေလးအား သူ႔ေပါင္ေပၚ ေသေသခ်ာခ်ာတင္ရင္း ခါးမွ ဆြဲဖက္ထားလိုက္သည္။
"ကိုယ့္နဲ႔ဆိုင္တဲ့ေနရာမွာပဲေနတာ ေကာင္းမယ္!!"
ရိေပၚ၏ ေအးစက္စက္စကားအဆံုး လန္႔သြားပံုရေသာ ထိုလူရြယ္မွာ ထိုင္ေနရာမွ ထရင္း အေနာက္ဘက္သို႔ ထြက္သြားေတာ့သည္။
သာမာန္ထက္ ပိုျမင့္ေနသည့္အေနအထားေၾကာင့္ အေနခတ္ေနသည့္ေရွာင္းက်န္႔က ကိုကိုေလး၏ ေပါင္ေပၚမွ ဆင္းရန္ ႀကံစည္ေန၏။
"ကိုကိုေလး.."
"ဘာမွမျဖစ္ေတာ့ဘူး...ဟိုေကာင္ ထြက္သြားၿပီ
ခုနေျပာတဲ့လက္စြပ္ကို သေဘာက်လား.."
"ဟုတ္!"
မိမိခံုေနရာသို႔ ျပန္ထိုင္ရန္ ျပင္လိုက္ေပမဲ့ ေရွာင္းက်န္႔တစ္ကိုယ္လံုးက သန္မာသည့္လက္ေမာင္းႏွစ္ဖက္ၾကား ၫွပ္ေနတာမို႔ ေလလံပြဲၿပီးသည္အထိ ထိုအတိုင္းသာ ထိုင္ေနခဲ့ရသည္။
°°°°°°°°°°
"ခနေလးေစာင့္..ကိုယ္ျပန္လာခဲ့မယ္"
ေလလံပြဲၿပီးလို႔ ကားဆီသို႔ျပန္လာၿပီး ကားပါကင္အတြင္းရိွ ကားအား အျပင္ဘက္ထုတ္ၿပီမွ ထြက္သြားျပန္သည့္ကိုကိုေလးေၾကာင့္ ေရွာင္းက်န္႔ကားမွန္ေလးအား မွီရင္း ေစာင့္ေနခဲ့သည္။
"ဟိတ္....အားက်န္႔"
နားထဲ တစ္ခ်က္တစ္ခ်က္ ကိုကိုေလး၏ ေခၚသံလိုလို ၾကားေနရေပမဲ့ ေရွာင္းက်န္႔စိတ္အစံုအား အိတ္ခ်င္သည့္ စိတ္က လႊမ္းမိုးအႏိုင္ယူသြားေတာ့၏။
"တကယ္ပါပဲ...
ဒီအတိုင္းအိပ္ေနရင္လမ္းမေကာင္းတဲ့ေနရာေတြက်
ေခါင္းေတြနာေတာ့မယ္..."
ပါးစပ္ေလး ဟ,လ်ွက္ ကားမွန္ကိုမွီရင္း အိပ္ေနသည့္ေကာင္ေလး၏ ေခါင္းအား Driver Seatရိွေကာင္ေလးက ခပ္ဖြဖြကိုင္ကာ Seatေနာက္မွီသို႔ ေျပာင္းတင္ေပးေန၏။
"ဟာ..ဟာ...
ဒါဘယ္လိုျဖစ္လာတာလဲ ရိရိ..."
ည၉နာရီေက်ာ္သည္အထိ သားႏွစ္ေယာက္လံုး ျပန္မေရာက္ေသးတာမို႔ မအိပ္ႏိုင္ပဲ ေအာက္ထပ္ဆင္းကာ ဆိုဖာေပၚ၌ ဖင္တႂကြၾကျြဖစ္ေနသည့္ ၀မ္ရိလင္းက အိမ္ထဲ၀င္လာသည့္ကားေၾကာင့္ အိမ္ေရ႔ွသို႔ ေျပးထြက္ၾကည့္လိုက္တဲ့အခါ ေပ်ာ့ေခြေနသည့္ ေရွာင္းက်န္႔အား ေပြ့ခ်ီလာသည့္ သားျဖစ္သူေၾကာင့္ ရင္ထဲ ဒိန္းခနဲ။
"မင္း! အားက်န္ကို...အရက္ေတြစြတ္တိုက္ၿပီး ဘာလုပ္.!"
"ဒယ္ဒီထင္ေနတာေတြအကုန္မွားတယ္
ေရွာငးက်န္႔က သူ႔ဘာသာအိပ္ေပ်ာ္ေနတာ..
ဟုတ္ၿပီလား.."
အေဖျဖစ္သူအား မထိမိေအာင္ေကြ့ေရွာင္ရင္း အေပၚထပ္သို႔ ေပါ့ေပါ့ပါးပါး တက္သြားသည့္၀မ္ရိေပၚက သူ႔လက္ထဲမွေရွာင္းက်န္႔အား ဂြမ္းထုတ္ေလးသယ္လာသလို။
"ဒီအတိုင္းအိပ္ခိုင္းလို႔ျဖစ္ပါ့မလား?
ေခၚႏိုးၿပီးPajamaလဲ၀တ္ခိုင္းရမလား?
ဒါမွမဟုတ္ ငါပဲ၀တ္ေပးလိုက္ရမလား?
အင္း အဲ့တာေကာင္းတယ္"
ကိုယ့္ဘာသာေမးကာ ကိုယ့္ဘာသာေျဖေနသည့္ရိေပၚက အခုဆိုရင္ ေရွာင္းက်န္႔ရဲ့ အ၀တ္ဗီဒိုပိစိေလးထဲမွ Pajamaတစ္စံုအား ရွာေနပါ၏။
"ဗီဒိုကလဲ ေသးလိုက္တာ၊ ကုတင္ေရာပဲ...
ေနာက္ဆို ပရိေဘာဂေတြအကုန္ BigSizeခ်ည္း ၀ယ္ေပးထားရမယ္..."
ေရွာင္းက်န္႔ကိုယ္ေပၚရိွ Tshirtနက္ျပာေလး၏ ၾကယ္သီးမ်ားအား တစ္လံုးခ်င္းခြၽတ္ကာ တစ္ကိုယ္တည္းေရရြတ္ေနသည့္ ရိေပၚက Pajamaအက်ႌအား ၀တ္ေပးၿပီးေနာက္ ေဘာင္းဘီ၀တ္ေပးဖို႔ရာ အခက္ေတြ့ေန၏။
ကာယကံရွင္က ခြင့္မျပဳပါဘဲ ကိုယ့္သေဘာနဲ႔ကိုယ္ အ၀တ္လဲေပးမိတာ ရိုင္းရာက်မလား..
ဘာပဲေျပာေျပာ ကိုယ္က အေပၚပိုင္းေတာင္ ည၀တ္အက်ႌလဲေပးၿပီးၿပီမို႔လား၊
ေအာက္ပိုင္းလဲကိစၥေတာ့မရိွေလာက္ပါဘူး၊သူBoxerေတာ့ ၀တ္ထားေလာက္မွာပါ..
Boxer၀တ္၀တ္ မ၀တ္၀တ္၊ သူလဲေယာက်္ား ကိုယ္လဲေယာက်္ားပဲဆိုေတာ့ေလ...
ေဘာင္းဘီၾကယ္သီအား ျဖဳတ္ရန္လက္လွမ္းၿပီးေနာက္ ရိေပၚလက္မ်ားက ကုတင္ေအာက္ဘက္ရိွ ေစာင္ဆီသို႔ ေရာက္ရိွသြားၿပီး ေရွာင္းက်န္႔ေအာက္ပိုင္းအား ေစာင္ျဖင့္ အုပ္ထားလိုက္၏။
ဒီလိုဆို အဆင္ေျပၿပီ!
ထို႔ေနာက္ ေစာင္အတြင္းသို႔ လက္လ်ိႈသြင္းကာ ေရွာင္းက်န္႔ေဘာင္းဘီအား ျဖည္းျဖည္းခ်င္းခြၽတ္၍ Pajamaေဘာင္းဘီကို ေျခတစ္ဖက္ခ်င္း သြင္းထည့္ကာ အခ်ိန္အေတာ္သံုး၍ အ၀တ္အစားလဲေပးလိုက္ရသည္။
"အာ...ဒယ္ဒီ ဒီမွါဘာရပ္လုပ္ေနတာလဲ.."
ေရွာင္းက်န္႔အခန္း၀တြင္ ရပ္ေစာင့္ေနသည့္ ဒယ္ဒီက ရိေပၚ တံခါးအရင္မဖြင့္လ်ွင္ သူအရင္ဖြင့္ေတာ့မည့္ ဒီဇိုင္းႏွင့္။
"ရိရိက ၀င္သြားတာ ၾကာၿပီး ခုထိထြက္မလာေသးလို႔ေပါ့!
ေျပာစရာရိွတယ္ လိုက္ခဲ့ ၾကားလား..!"
လက္ပိုက္လ်ွက္ ပံုခံုးတြန္႔ျပသည့္ရိေပၚက စိတ္ထဲတြင္ေတာ့ ေလပူမ်ားမႈတ္ထုတ္ေနရသည္။
ေတာ္ေသးတာေပါ့...
ဟိုတစ္ေယာက္ကို အ၀တ္လဲေပးေနတုန္း ဒယ္ဒီ၀င္မလာခဲ့လို႔။
ဒယ္ဒီသာ အခန္းထဲ၀င္လာခဲ့ပါလ်ွင္ အႏွစ္ႏွစ္အလလ ေစာင့္ထိန္းလာခဲ့သည့္ ရိေပၚ၏ Cool Guy imageေတြ ေရစုန္ေမ်ာလိုက္မည့္ ျဖစ္ျခင္း။
°°°°°
TBC
Updateမတင္ခ်င္လို႔မဟုတ္🤧
ေဆာင္း၀င္လာေတာ့ ေအာ္သာ ႏွာေစးေခ်ာင္းဆိုးအျပင္ အဖ်ားလဲကူးေနလို႔😞