Love = Love ( Taekook ) ( Com...

By nectarine_jeon

61.1K 4.4K 2.3K

Unicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 20. 4.2022 End date - 16. 5.20... More

Ep : 1
Ep : 2
Ep : 3
Ep : 4
Ep : 5
Ep : 6
Ep : 7
Ep : 8
Ep : 9
Ep : 10
Ep : 11
Ep : 12
Ep : 14
Ep : 15
Ep : 16
Final - 1
Final -2

Ep : 13

2.6K 198 86
By nectarine_jeon

Unicode

ပိတ်ရက်ပေမို့ အပြင်ထွက်ရန် တာဆူနေသည့် ထယ်ယောင်းဟာ ညနေခင်းဆို ဖင်တကြွကြွဖြစ်နေသည်မှာ လချီလို့နေပြီဖြစ်သည်။ပုံမှန်ဆို ဒီအချိန်ဆိုင်ကိုဝိုင်းကူရင်း စာလုပ်နေကျဖြစ်သော်လည်း ယခုမူ စာထက်ပိုအရေးကြီးသည့်အရာက ပေါ်လာပြီဖြစ်သည်။အခုလည်း ဝိုင်းသာကူနေတာ စိတ်ကမပါပေ။ကြက်ကြော်တွေအား ဝိုင်းတွေမှားချပြီးရင်း မှားချနေတာဖြစ်သည်။အခုချိန်သူဆုတောင်းသည်က အော်ဒါလေးတွေမှာဖို့သာ။ဒါမှ အပြင်ထွက်ရမှာကိုးး..!

"သား ! မေမေ့ကို ပါဆယ်လေးပို့ပေးအုံး !"

"ဟုတ် မေမေ !"

ထယ်ယောင်းရဲ့ဆုတောင်းကို ဘုရားရှင်က ဖြည့်ဆည်းပေစလိုက်ပုံပါပဲ။မေမေ့ဆီက ပါဆယ်ဆိုသည့် အသံကြားရတော့သည်။ထိုအခါ ထယ်ယောင်းဟာ တုံ့ပြန်သံ မြူးမြူးနဲ့အတူ ကိုယ်ကပါဆက်ခနဲမတ်သွားပြီးတာနဲ့ ဆိုင်ကယ်ဦးထုပ်ပြေးဝတ်လေတော့သည်။

"အော် ဒါနဲ့ သားအပြန်နောက်ကျမယ်နော် ~ ပူတူးဆီ ခဏဝင်မလို့ ~"

"ငါ့သားလည်း ရည်းစားရမှ အိမ်ကိုမကပ်တော့ဘူး ~ ပူတူးးဆိုတာချည်းပဲ ~"

"ဟာဗျာ မေမေကလည်း ~ "

မေမေ့က ပြုံးစစနဲ့ပြောတော့ အရှက်ကြီးသူလူရိုးကြီးက မျက်နှာရဲတက်လာသည်မှာ ချက်ချင်းပင်။သို့ပေမယ့် မဟုတ်ဘူးလားဆိုတော့လည်း မဟုတ်ပြန်ဘူး။မေမေပြောတာ အတိအကျမှန်နေတယ်လေ။အရင်ကဆို စာလုပ်ချိန်နောက်ကျမှာစိုးလို့ ဂျီမင်တို့ခေါ်ရင်တောင် အကြောင်းမျိုးစုံပြပြီးငြင်းနေကျ။မဖြစ်မနေထွက်ရရင်တောင် မိနစ်နဲ့မှတ်ပြီး အတိအကျပြန်လာသူက အခုတော့ ပါဆယ်သွားပို့ပြီဆိုသည်နှင့် အပြန်ဆို "ပူတူးအိမ် ခဏဝင်မလို့" က အမြဲကြားနေရပြီဖြစ်သည်။

ဖေဖေရော မေမေကပါ ထယ်ယောင်းတို့အကြောင်းကိုသိသည်မို့ ပူတူးအိမ်လာတိုင်း "သားငယ်လေး" ဆိုတာက နှုတ်ဖျားကမချဘဲ သူ့ထက်တောင်ပိုဂရုစိုက်ပေးတတ်သလို ထယ်ယောင်းကိုလည်း အမြဲစနောက်တတ်သည်။ကြားနေကျဖြစ်သော်လည်း ထယ်ယောင်းမှာတော့ ရှက်တာကြီးက ခုထိဖျောက်မရသေးပေ။

ခက်တော့ ခက်နေပါပြီ !

"မဟုတ်လို့လား ? အဲ့လောက်မခွဲနိုင်ရင်လည်း အိမ်သာခေါ်ထားလိုက်တော့ ဒီအမေက အကုန်ခွင့်ပြုတယ် !"

"တော်ပြီဗျာ ! သွားတော့မယ် !"

"ဆိုင်ကယ်ကို ဂရုစိုက်မောင်းဦးနော် ~"

"ဟုတ် !"

ဆက်နေရင် မေမေ့အပြောနဲ့တင် ဒီလူက မျက်နှာတစ်ခုလုံးအပူလွန်ပြီး ဆေးခန်းပြရတော့မည်။ဒါကြောင့်ပဲ လုပ်နေကျအတိုင်း လက်ပြနှုတ်ဆက်က လမ်းချိုးလေးအတိုင်း ဖြေးဖြေးမှန်မှန်မောင်းထွက်လာခဲ့သည်။

ကျွီ..! ဒုန်းး..!

ခပ်မှန်မှန်သာသွားနေသော ဆိုင်ကယ်အနီလေးသည် လမ်းသုံးခွအရောက်တွင်တော့ တစ်ဖက်လမ်းကြားမှ ဖြတ်တတ်ကာ ကွေ့လာသည် မော်ဒယ်လ်မြင့်ကားအနက်ဖြင့် ပွတ်တိုက်မိတော့သည်။

"အာ့ ! ကျွတ် ! "

မှောက်သွားတဲ့ဆိုင်ကယ်အနီလေးဘေး သွေးထွက်နေသောတံတောင်ဆစ်ကလေးအား မျက်ခုံးတွန့်စွာကြည့်ရင်း နာနာကျင်ကျင်ညည်းညူလိုက်မိသည်။

ကံကောင်းလို့သာပေါ့။အရှောင်မြန်လို့ ဒီလိုပွန်းပဲ့ရုံဖြစ်သွားတာဖြစ်သည်။နမို့ဆို ဆေးရုံထမင်းက ထယ်ယောင်းအတွက်ဖြစ်လိမ့်မည်။

ဘုန်းး!

ကားတံခါးဖွင့်သံကြောင့် လားရာကိုကြည့်တော့ high heelအနက်တစ်စုံနဲ့အတူ တဖြည်းဖြည်းရုပ်လုံးပုံလာသည့်မိန်းကလေးကြောင့် သိလိုက်ပါပြီ။သူဌေးသားသမီးတွေဆိုတော့ လမ်းကိုသူ့အဖေ့ပိုင်သလို ပရမ်းပတာမောင်းတာ မဆန်းပါလေ။

"ဟေးးယူ ! ရရဲ့လားဟင် ?"

"မင်းကွာ ! ကားကို ဘယ်လိုတောင်မောင်းရတာလဲ ? အကွေ့မှာ အချက်ပြမီးလေးတော့ ပြသင့်တာပေါ့ !"

"ဟို တို့က အခုမှ လမ်းမပေါ်ကားစမောင်းတာမို့ ~ "

တစ်ဖက်ဆီမှ အားနာဟန်မျက်နှာငယ်လေးနဲ့အတူ ငိုမဲ့မဲ့အသံကြောင့် ထယ်ယောင်းဆက်ပြီး အကျယ်မချယ်ချင်တော့။ဘာမှ မထူးတော့တာ။

"ကျစ် ! ပြီးပြီးသားပဲ ! ငါလည်း ဘာမှမဖြစ်တော့ ထားလိုက်ပါတော့ ! ဒါမဲ့ နောက်အခါ ကား‌မောင်းမယ်ဆိုရင် ကျွမ်းကျင်မှ ခုလိုလမ်းမကြီးပေါ်တက် !"

"တောင်းပန်ပါတယ် ~ တို့ နောက်ဆို ယူပြောတဲ့အတိုင်း ဆင်ခြင်ပါ့မယ် ~ "

"ရပါတယ် ~ ငါက အကြံပြုရုံပါ ~"

"ဒါနဲ့ လက်က ရရဲ့လား ? သွေးတွေနဲ့ ~ ဆေးခန်းသွားမလား ?"

သွေးထွက်နေတဲ့ တံတောင်ဆစ်အား လက်ညိုးထိုးမေးလာသူကြောင့်ခေါင်းခါလိုက်သည်။

"နေပါစေ ရပါတယ် ~"

ပြောပြီးတာနဲ့ လဲနေသော ဆိုင်ကယ်လေးအားပြန်မတ်ကာ ဆိုင်ကယ်ပေါ်ပြန်ထိုင်လိုက်သည်။တော်သေးတာပေါ့ ပါဆယ်တွေက ပို့ပြီးပြီမို့။ဒါပေမယ့် အဆိုးကတော့ ထယ်ယောင်း ဒီနေ့ ပူတူးအိမ်မသွားရတော့ပေ။ဒီလက်က ဒဏ်ရာကို ပူတူးသာမြင်ရင် စိတ်ပူနေမှာ။ပြီးတော့ ကားမောင်းတဲ့သူကိုပါ ရန်ရှာနေမှာလည်း စိုးရသည်။

တကယ် ဒီနေ့က ထယ်ယောင်းအတွက် ပြဿဒါးပင် !

"နာမည် နာမည်လေးပြောခဲ့ပါအုံး ~"

"နောက်လည်း တွေ့ရမယ့်သူမှမဟုတ်တာ နာမည်သိတော့ဘာထူးမှာလဲ !"

ဝူးးး..!

လက်ကို မဝံ့တဝံ့လမ်းကိုင်ကာ မေးပေမယ့် ခပ်အေးအေးလေသံငြိမ်နဲ့ ငြင်းလိုက်ကာ ဝူးခနဲမောင်းထွက်သွားသူကြောင့် ရင်ထဲခံပြင်းစရာပါ။သူမလိုလူမျိုးကို အခုလို တစ်ချက်ပင်ဝေ့မကြည့်တဲ့ ဒီလူချောလေးက တကယ့်ကို စိတ်ဝင်စားစရာပါပဲ။

"အဲ့လို အေးစက်စက်မျိုးကိုပဲ တို့က ပိုကြိုက်တာ ~"

သူမအတွက် ဘဝမှာပထမဆုံးအချိန်သဘောကျမိတဲ့လူကိုတွေ့ခဲ့သည်။ပျားရည်ကဲ့သို့ အသားလတ်လတ်နဲ့အမျိုးကောင်းသားလေးက ခပ်နွမ်းနွမ်းအင်္ကျီနဲ့တောင် ကြည့်ကောင်းပါသည်။တွန့်ကျိုးနေတဲ့ မျက်ခုံးတန်းတို့က စိတ်အလိုမကျနေတာတောင် ပြေပြစ်တဲ့မေးရိုးနဲ့ ချွန်မြတဲ့နှာတံတို့ကြောင့် ကြည့်ရဆိုးမသွားပေ။ပကတိရေခဲပမာတည်ငြိမ်နေတဲ့ မျက်ဝန်းအိမ်က သူမအတွက်တော့ ပြန်ရုန်းထွက်မရတဲ့ အသူရာချောက်ကြီးပမာ နက်ရှိုင်းလှသည်။

တောင့်တောင့်ကလေးရပ်နေရာမှ ကျောပြင်ကျယ်လေးသာ မြင်ရတော့သည့်ဘက်သို့ ဦးတည်လိုက်ရင်း ခပ်တိုးတိုးရေရွတ်သည်က...

"သေချာပေါက် ညိုချောလေးဆီ ရောက်အောင်လာခဲ့မှာ ~" တဲ့လေ။
.
.
.
~~~~~~~~~~~~~

ဒီနေ့သည် ထယ်ယောင်းတို့တက္ကသိုလ်ကျောင်းကြီးရဲ့ အထူးနေ့တစ်နေ့ဖြစ်သည်။ပထမနှစ်ဝက်စာမေးပွဲမဖြေမှီ ကျောင်းသား‌သမဂ္ဂမှ ဦးစီး‌လုပ်ပေးသည့် မုန့်ရောင်းပွဲတော်ဖြစ်သည်။ထိုပွဲတော်သည် မေဂျာမျိုးစုံ စာသစ်နှစ်မျိုးစုံရှိ ကျောင်းသားကျောင်းသူတို့မှ အဖွဲ့လိုက် ဈေးရောင်းကြချင်းဖြစ်သည်။ကျောင်းဝန်းရဲ့မြေကွက်လပ်တွင် စတုရန်းပုံစံကြိုးတန်းကြီးရှိပြီး ထိုအထဲတွင် အမိုးအပြာလေးတွေမိုးထားသည့် ယာယီ အခန်းသေးသေးလေးတွေကိုပါ စတုရန်းပုံစံ အစီအရီထားရှိသည်။အခန်းတစ်ခန်းဆီသည် ဆိုင်တစ်ဆိုင်ကို ကိုယ်စားပြုပြီး မျိုးမတူသော မုန့်များကို အပြိုင်အဆိုင်ရောင်းကြရသည်။

ထိုပွဲမှရသော အမြတ်ငွေတို့အား လိုအပ်သည့်နေရာတွင် လှူကြသည်။ကျောင်းသား/သူတွေ စုပေါင်းပျော်ရသလို ကုသိုလ်လည်းရသည့်ပွဲမို့ အတော်အများပါဝင်ကြသည်။ထိုအထဲတွင် နာမည်ကြီးလူဆိုးလေးလည်း ပါပါရဲ့!

"ဟဲ့ ကြည့်ပါအုံး ပန်းရောင်လေးနဲ့ ချစ်စရာလေးဟယ် !"

"ငါတော့ ကြက်ကြော်ထပ် အဲ့ယုန်ကလေးကိုပိုစားချင်တယ်အေ !"

"လူဆိုးလေးကုကီးကနေ အခု ယုန်ကုကီးလေးဖြစ်သွားပြီတော်!"

ကျောင်းသူတွေတစ်ယောက်တစ်ပေါက်ဖြင့် ပြုံးစိစိလုပ်သူကလုပ်၊ဓာတ်ပုံသွားရိုက်သူကရိုက်သလို ဖြတ်သွားဖြတ်လာတို့ရဲ့ အာရုံအပြည့်ရထားသည့် လူအရပ်လောက်ရှိသောမွေးပွအရုပ်ကြီးထဲရှိ နီနီရဲရဲကောင်လေး။နေအပူရှိန်တာမို့ အသားဖြူဖြူလေးက ချွေးစေးတို့တွယ်ငြိနေသလို မျက်နှာလေးပါ ရဲနေခြင်းဖြစ်သည်။

"ဟို ဓာတ်ပုံလေးရိုက်လို့ရလား ?"

"ဒီတိုင်းတော့မရဘူး ကြက်ကြော်ဝယ်မှရမယ် ~"

"ဟာ ဝယ်မှာ ဝယ်မှာ !"

တစ်ဖက်က အုပ်စုလိုက်ကြီးဖြင့် ဂျောင်ကုနားလာကာ ဓာတ်ပုံရိုက်ဖို့ပြောတော့ စိတ်မပါပေမယ့်လည်း ခေါင်းညိတ်ရသည်။ဒါမှ ကြက်ကြော်ရောင်းရမှာကို။

"များများဝယ်ရမှာနော် ~"

"ဝယ်မှာပေါ့လို့ အဟီး ! ဟို စီနီယာထယ်ယောင်းရှီး ~ ညီမတို့ကို ယုန်လေးနဲ့နှစ်ပုံလောက် ရိုက်ပေးပါအုံး !"

ပူကပူနဲ့ နေပူထဲမှာ အကြာကြီးရပ်နေရတော့ ခြေထောက်တွေလည်းတောင့်နေလေပြီ။ကိုကိုကတော့ မလုပ်ဖို့ပြောပေမယ့် ဂျောင်ကုက ယောက်ျားရင့်မာကြီးမို့ ကိုယ့်တာဝန်ကို ကျေပွန်အောင်လုပ်နေတာဖြစ်သည်။

အဟွန်း ! ဂျွန်ဂျောင်ကုကွ မလုပ်နိုင်တာမရှိဘူး !

ကင်မ်ထယ်ယောင်းလို လူအေးကြီးကိုတောင် ရအောင်ယူထားတာ ဒီလောက်က Easy ပါ !

"အဟမ်း ! ဘာလို့ ဆူပုတ်နေတာလဲ ကိုကိုကလည်း ~"

ကိုယ့်အတွေးနဲ့ကို ပြုံးရွှင်ကာ ဓာတ်ပုံရိုက်ခံပြီး ပိုင်ရှင်ကြီးဆီ ဝေ့ကြည့်မိတော့ လငမုတ်ဖမ်းသလို မျက်နှာကြီးက ညိုမဲနေလေပြီ။ဂျောင်ကုအနားသွားပြီး မေးတာတောင် ခေါင်းလေးသာ ခါပြသည်။

ကြည့် ! ဒါမျိုးကျ သဝန်တိုတတ်တယ်ပေါ့ !

"ကိုကို !"

ထပ်ခေါ်လည်း မထူးတာမို့ တကယ်ပဲ သဝန်တိုပြီး စိတ်ကောက်တာ သေချာနေပြီဆိုတော့မသိမသာလေးပြုံးလိုက်သည်။

ဟွန်းး ဒီတော့ ချော့ရမှာပေါ့ !

"မထူးဘူးပေါ့ ကိုကိုကွာ ~"

"ပြန်ကြမယ် လာ လိုက်ပို့မယ်~"

ဂျောင်ကုဆီမှ ခြေလေးဆောင့်လို့ အသံသေးသေးလေးဖြင့် ဆွဲငင်ကာခေါ်တဲ့အခါမှာတော့ ရေခဲတုံးကြီးမနေသာတော့ပေ။ချက်ချင်းတုံ့ပြန်လာလေရဲ့။ဒါမဲ့ လူကို အိမ်ပြန်ဖို့ပဲ တာဆူနေတာဖြစ်သည်။ဂျောင်ကုကလည်း ဘူးဆိုဖရုံမသီးသူပီပီ ငဂျစ်လေးလုပ်တော့သည်။

"ဟင့်အင်း မပြန်ဘူး~ ဈေးရောင်းအုံးမှာ ~"

"နေအရမ်းပူတယ် ~ မဆိုးနဲ့ ~ လာ ပြန်မယ် ~"

ချစ်စရာကောင်းတဲ့ ယုန်ကလေးကို အားလုံးကဝိုင်းချစ်ကြတာလေ ထယ်ယောင်းက သဝန်မတိုရဘူးလား။ဒါလေးကို အပွန်းအပဲ့မခံနိုင်လွန်းလို့ ပိုးလေးမွေးသလို ဥထားရတာကို ဟိုမိန်းကလေးတွေဆွဲလားရမ်းလားနဲ့။မတော်လို့ ချော်လဲရင် ဘယ်လိုလုပ်မတုန်း။ကျန်တာ သည်းခံနိုင်ပေမယ့် ပူတူးနဲ့ဆိုရင်တော့မရပါ။လုံးဝမကြိုက်ပါဘူး !

သို့သော် ထယ်ယောင်း သဝန်တိုတာမှန်ပေမယ့် စိတ်ပူတာလည်းပါ‌သေးသည်။အစကတည်းက အရုပ်ကြီးထဲမဝင်ပါနဲ့ဆိုတာကို ဇွတ်ဝင်သည်။နေအရမ်းပူလာသည်နှင့်အမျှ ဒီကောင်ကပဲ စိုးရိမ်လာရလေဖြစ်သည်။နဂိုတည်းက အရမ်းနုသူမို့ နည်းနည်းလေးမှ အမှားမခံပေ။အဂျစ်လေးကတော့ ထုံးစံတိုင်း နှုတ်ခမ်းလေးဆူပြီး လူကိုဆိုးပါပြီ!

"မပြန်ဘူးဆို မပြန်ဘူးနော် ~ပြီးတော့ စိတ်ကောက်နေတဲ့ လူကြီးကိုချော့အုံးမှာ ~"

"ကိုယ် စိတ်_"

"ပြွတ် !"

ထယ်ယောင်းစကားမဆုံးလိုက်ပါ။ခပ်နွေးနွေးအထိအတွေ့လေးက သူ့နှုတ်ခမ်းထက် အိခနဲထပ်တူကြလာသည်။ရုတ်တရက်မို့ မျက်ဝန်းအစုံပြူးကျယ်ကာ ဘေးဘီကြည့်မိတော့ အားလုံးပုံမှန်ပါ‌ပဲ။

"အဲ့လို နမ်းရင် ပြေမှာလား ?"

"ပူတူးကွာ ~"

ဂျောင်ကုရဲ့ လျှပ်တပြတ်အနမ်းနဲ့တိုက်စစ်ဆင်ခံလိုက်ရတဲ့ စိတ်ကောက်နေသူက မျက်နှာကြောကြီးအနည်းငယ်ပြေလျော့ကာ လေသံကပါပျော့လာပြီဖြစ်သည်။ထပ်ပြီး ပြေလျော့သွားဖို့နည်းလမ်းကတော့ အဟမ်း ဒါပဲရှိတော့မယ်လေ။

"အွန့်!"

ထပ်ပြီး ထယ်ယောင်းရဲ့စကားတွေကို အထွက်မခံတဲ့‌ပူတူးက သူ့ပါးနှစ်ဖက်ကို ယုန်လက်လေးနှစ်ဖက်ဖြင့်အုပ်ကိုင်ကာ အတည်ကြီးနမ်းတော့သည်။ဦးဆောင်ကာ နမ်းလာသူက သူ့နှုတ်ခမ်းပိစိလေးနဲ့ ထယ်ယောင်းနှုတ်ခမ်းထူထူအား တစ်လွှာချင်းဆီဖြေးညင်းစွာ စုပ်ယူသည်။

သူကလည်း ဘာမို့လို့တုန်း!

ဒါမျိုးက ကြိုက်တာပေါ့!

ပူတူးရဲ့ဦးဆောင်မှုနောက် အသာအယာစီးမြောရင်း ချိုမြမြနှုတ်ခမ်းလေးအား အရသာခံနေလိုက်သည်။ပူတူးနှုတ်ခမ်းနဲ့ထိလိုက်တိုင်း သတိလစ်သူပမာ ဖြစ်သွားတတ်တာ ထယ်ယောင်းရဲ့အားနည်းချက်ပင်။တိပ်ပေါ်ရောက်နေသလို တစ်လောကလုံးပိုင်ဆိုင်သွားသည့် အခိုက်ပေါ့။ပတ်ဝန်းကျင်ကိုတောင် မေ့လောက်သည်အထိပင် အနမ်းတို့က ကြာရှည်ခဲ့သည်။

"ဟမ်း! ပြွတ် !"

"အားး ! ကမရေ နမ်းကုန်ပြီတော် !"

"ဟဲ့ ငါကရိုးနေပြီ ! နင်တို့ကို ပြောသားပဲ အစောတည်းက သူ့ပိုင်ရှင်ကြီးက ငါတို့ကို လူသတ်တော့မလို ကြည့်နေပါတယ်ဆို !"

"အံမယ် အခု သူ့ကလေးလေး ချော့တော့ ပျော့သွားတာကြည့်ပါအုံး ! စီနီယာထယ်ယောင်းက အချော့ကြိုက်တယ်တော် !"

အားး! သွားပြီ မျက်နှာပူစရာတွေ ဖြစ်ကုန်ပြီ !

အသံတွေဆူညံလာတာမို့ အနမ်းတို့ကိုရပ်ကာ စုံမှိတ်ထားမိသည့်မျက်ဝန်းတို့အားဖွင့်ကာ စူးစမ်းတော့ အားလုံးကဝိုင်းကြည့်နေတာတဲ့လား။ စိတ်ထဲတွင် အကြီးအကျယ်အော်လိုက်မိသည်။

ပူတူးကတော့ သူ့ရဲ့ပုံစံကို ကြည့်ပြီးယုန်သွားလေးတွေပေါ်အောင် ရယ်ပဲရယ်နေသည်။ထယ်ယောင်းမှာတော့ ကြားလိုက်ရတဲ့စကားတွေကြောင့် မျက်နှာကြီးပါမကာ နားရွက်ဖျားတွေပါ ပူလာရသည်။

ဘာတဲ့ အချော့ကြိုက်တာတဲ့လား?

အချော့ကြိုက်ပေမယ့် သုံးစက္ကန့်လောက်တော့ တောင့်ခံနိုင်တာ သူတို့မှမသိဘဲ !

ထိုစကားကိုတော့ သူထုတ်မပြောမိခဲ့။အဲ့ဒီအစား ရှက်ကိုးရှက်ကန်းဖြင့် ‌လည်ပင်းအား အကြောင်းမဲ့ပွတ်ရင်း...

"ဟို ဟို မနက်ဖြန် ကိုကိုနဲ့ လျှောက်လည်ရအောင် ပူတူးလေး~"

"တကယ် ~"

"အွန်း တကယ်ပေါ့ ~ လာ ခုတော့ အိမ်ပြန်ရ‌အောင်နော် ကိုကိုလိုက်ပို့မယ် ~ "

"ဟုတ်ကဲ့ !"

"ချစ်စရာလေး~"

ကြည့်ပါအုံး ထယ်ယောင်းကလေးလေးက ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲ။လူကို အသည်းယားအောင်လုပ်တဲ့နေရာမှာ သိပ်တော်ပါသည်။မျက်လုံးဝိုင်းတွေမှိတ်ကျသည်အထိကို သဘောတကျနဲ့ ခေါင်းလုံးလေးကို တဆက်ဆက်ညိတ်နေတာဖြစ်သည်။အူယားလွန်းလို့ ပါးဖောင်းလေးနှစ်ဖက်အား အသာဖျစ်ညစ်လိုက်သည်။
.
.
.

ထယ်ယောင်းနဲ့ အပြင်သွားရမှာကို အလွန်ပျော်နေတာဖြစ်သည်။သူနဲ့ကိုကိုရဲ့ ပထမဆုံးလျှောက်လည်ခြင်းဖြစ်မှာမို့ ရင်တွေလည်းခုန်သည်။ဘဝအတွက်လည်း ပထမဆုံးအကြိမ်ဆုံးမို့ ရင်ထဲလည်း တမျိုးကြီး ငိုချင်သလိုတောင်‌ဖြစ်လာသည်။ကိုကိုက ဒုတိယမြောက်ဖြစ်ခဲ့ပေမယ့် ပထမဆုံးတွေချည်းကို ယူလာပေးခဲ့တာ!

ဂျောင်ကုမြန်မြန်ပဲအဝတ်လဲပြီး ကိုကို့အား ကားမောင်းစေကာ သူကတော့ lover seat‌တွင် ကိုကို့ရဲ့လက်ချောင်းရှည်တွေကြား ထပ်ကိုင်ရင်း သီချင်းလေးငြီးကာ လိုက်ပါလာခဲ့သည်။

ခြံဂိတ်ပေါက်ရောက်တော့ ကိုကိုက ကားပေါ်ကဆင်းသည်။ဂျောင်ကုကပါ အတူလိုက်ဆင်းကာ လက်လေးယမ်းခါရင်း...

"တာ့တာ ကိုကို မနက်ဖြန်မှ တွေ့မယ် ~"

"အိမ်ပြန်ရောက်ရင် ရေတန်းမချိုးရဘူးနော် ပူတူး ~ ရေလေးအရင်သောက် ရိုးရိုးရေနော် ~ ခဏနေပြီးမှ ချိုး ~ အပူရှပ်မှားစိုးလို့ ~ ညအိပ်ခါနီး ခြေထောက်ကို ဆေးလိမ်းအုံးနော် ~ ဒါတော့ ကိုကို ထပ်သတိပေးပါမယ် ~ သွား သွား အထဲဝင်တော့ ~"

အလွတ်ရနေပြီးသားဆိုပေမယ့် ဘယ်တော့မှ မငြီးငွေ့တဲ့ကိုကို့ရဲ့ မှာတမ်းတွေက ဂျောင်ကုအတွက်တော့ ဘယ်တော့မှ မငြီးငွေ့နိုင်ပါ။စိတ်ပူလွန်းတတ်တဲ့ချစ်သူကြောင့် အပျော်ကြီးသာပျော်နေရသည်။ပြီးတော့ " စကားနားထောင်ရင် ကိုကိုက ပိုချစ်မှာ " ဆိုကတည်းက ဂျွန်ဂျောင်ကုတို့ အပိုးကျိုးလာသည်။ အခုလည်း လက်လေးလေးချောင်းကို စုကာ နဖူးဘေးတွင် ကပ်ရင်း အလေးပြုဟန်လုပ်ပြီးနောက်...

"ရက်စ် ! ဘော့စ် ! အရမ်းချစ်တယ် !"

ပြွတ်စ်!

လုပ်ပြန်ပါပြီ ဒီပူတူး!

ခြံဝမှာ အစောင့်တွေရှိနေတာကို ဂရုမစိုက် နှုတ်ခမ်းကို ဖြတ်ခနဲနမ်းကာ ကားပေါ်လစ်ခနဲပြေးဝင်ပြီး မောင်းထွက်သွားလေရဲ့။ကျန်ခဲ့တဲ့ ထယ်ယောင်းကတော့ ကျောက်ရုပ်ကြီးလို မလှုပ်မရပ်နဲ့ ဘယ်ဘက်ရင်အုံအား လက်ဖြင့်အုပ်ကိုင်လျက်သာ...

တော်သေး နှလုံးခုန်သေးလို့ အသက်ရှိနေတာ!

"ပူတူးက အရမ်းသွက်တာပဲ ~ ဟူးး ရင်ခုန်လိုက်တာ ~"
.
.
.

မြင်ကွင်းအစအဆုံးအား အိမ်တော်ရဲ့ အပေါ်ဆုံးထပ်ရှိ ဝရန်တာဘေးအခန်းရဲ့လိုက်ကာအကွယ်ကနေ စောက့်ကြည့်နေသူလည်းရှိသည်။ဂျွန်ဂျောင်ကုဆိုတဲ့လူသားလေး အခုလိုပြုံးရွှင်နေတာကို တစ်အိမ်လုံးနှစ်ခြိုက်ကြသော်လည်း တစ်စုံတစ်ယောက်အတွက်မှု ထိုသို့ဖြစ်စေတဲ့တရားခံအား သူ့အတွက် ဆူးငြောင့်ခလုတ်လို့ မှတ်ယူထားသည်။

ဒုတိယမြောက် ဖျက်ဆီးပစ်ရမယ့် ခပ်လွယ်လွယ် အကာအရံသာသာအဖြစ်ပေါ့ !

နီနီရဲရဲနှုတ်ခမ်းသားတို့ကို လှလှပပတွန့်ချိုးသူက ကျက်သရေရှိလှတဲ့အပြုံးကိုပိုင်ဆိုင်သော်လည်း နောက်ကွယ်တွင်တော့ ကောက်ကျစ်မှုက အပြည့်ဖြစ်နေသည်။လက်ထဲရှိ ဖုန်းအားဖွင့်ကာ နံပါတ်တစ်ခုကို ခေါ်လိုက်ပြီးနောက်...

"ဟယ်လို ~ မင်းကို လူတစ်ယောက်အကြောင်းစုံစမ်းခိုင်းစရာရှိတယ် ~"

"...."

"ပုံပို့လိုက်မယ် ~ အမြန်ဆုံးသိချင်တယ် ~ ခရေစေ့တွင်းကျနော်~"

"...."

"ကောင်းပြီ ~ အကောင့်ထဲ ဝမ်သန်း၂၀၀အရင်ထည့်ပေးထားမယ် ~ "

တီ__

ပြတ်တောင်းသွားသောဖုန်း!
နောက်ကွယ်ကစေခိုင်းမှုနဲ့ အပြုံးလှလှ!
ဆိုးရွာကာ ကြေကွဲစရာဖြစ်ရပ်ကို ဖန်တီးပေးမည်ဟု ကြွေးကြော်ခဲ့သည်!
.
.
.
~~~~~~~~~~~~~

Audi RS 7 ကားအနိမ့်အနက်ကလေးအားမှီကာ ကျောင်းဆောင်ရဲ့ဝင်ကေါက်သော တမြော‌်မြော်ငေးနေသည့်သူမ။ဖြူဥနေသည့် အသားထက် အနက်ရောင် fit short dressလေးအား ကျော့ကျော့လေး ဝတ်ထားသည်။သွယ်လျနေသည့် ခြေတံတွေက bootအနက်ကလေးနဲ့အတူ ‌မြင်သမျှလူကို နှစ်ခါပြန်ကြည့်စေတဲ့အထိ မိမိုက်ပါသည်။နေကာမျက်မှန်အောက်ရှိ မျက်ဝန်းတို့က မပေါ်ပေမယ့် ဖြူနုနုမျက်နှာလေးက make-upခပ်ပါးပါးသာonထားသည်။ရွှေအိုရောင် ဆံပင်ကောက်လေးတွေက လေပြေအဝွေ့မှာ တလွင့်လွင့်။ထိုကိုရီးယားမလေးက မသိလျှင် ကပြားလေးလိုထင်ရလောက်အောင် ထူးခြားတဲ့အလှကို ပိုင်ဆိုင်ထားသည်။

"ကြာလိုက်တာ ညိုချောလေးက အမြဲနောက်ကျတာပဲ~"

မျက်မှန်လေးအား ချွတ်ကာ ခပ်တိုးတိုးညီညူပြီးမကြာပါ တရိပ်ရိပ်နဲ့ မျက်ဝန်းထဲဝင်လာသည့် ပုံရိပ်။မီးခိုးရောင်ဟူဒီလေးနဲ့ ဂျင်းပန့်ကိုသာဝတ်ထားတဲ့ ရိုးရှင်ကာ ကြည့်ကောင်းနေသည့် ‌သူမရဲ့နတ်သားလေး။နဖူး‌ပြေပြေထက် ဝဲကျနေတဲ့ ဆံသားတို့အား သပ်တင်ရင်း လျှောက်လာပုံက မော်ဒယ်လ်တွေတောင် အရှုံးပေးရလောက်ပါတယ်။

"အဟမ်း ဟို !"

"အော် မင်းပဲ !"

ထယ်ယောင်းမှာ ပူတူးကားရပ်ထားရာ ပါကင်ဘက်သို့  လျှောက်လာတုန်း ရှေ့တည့်တည့်ရပ်ကာ ဟန့်တားလာသည့်သူကြောင့် မျက်တောင့်ပင့်ကာကြည့်မတော့ ဟိုတစ်ရက်က သူမ။မှတ်မိလွယ်တဲ့ မျက်နှာမျိုးမို့ ထယ်ယောင်းနှုတ်က မသိမသာဖွင့်အသွားတော့ သူမက ပြုံးလာသည်။

"သက်သာရဲ့လား ?"

"အင်း !"

"တို့နဲ့ ကော်ဖီအတူတူ လိုက်သောက်လို့ရမလားဟင် ?"

"ကိုကို သွားရအောင် ~"

သူမရဲ့ အမေးဟာ အရာမရောက်ခဲ့။ကြားဖြတ်ခေါ်လာသည့် အသံကြည်ကြည်လေးကြောင့် သူမရဲ့ညိုချောလေးဟာ သူမအား မ‌ကောင်းတတ်လို့ နှုတ်ဆက်သလိုသာ ပြုမူပြီး အသံလာရာသို့သွားလေသည်။ထိုအသံလာရာကလည်း အခြားမဟုတ် ရင်းနှီးနေခဲ့သည့် အမည်နာမပိုင်ရှင်...

"လက်စသတ်တော့ ညိုချောလေးရဲ့ ဆိုင်သူက ဂျွန်ဂျောင်ကု " တဲ့လေ။
.
.
.

"ဘယ်သူလဲ ?"

ဆူပုတ်ပုတ်မျက်နှာလေးနဲ့အတူ ဆူအောင့်အောင့်အသံလေးက ရင်ထဲထိတ်ခနဲ။မုန်တိုင်းအစဆိုတာကို ပြနေပြီလေ...

"ပူတူးကို ဟိုရက်က ပြောပြတဲ့သူပါ ~"

"သူက ဘာကိစ္စနဲ့ကျောင်းထိလာရတာလဲ ? မဟုတ်မှ ကိုကို ခင်ဗျားကြီး ဘာတွေဇယားရှုပ်ထားသေးလဲ ?"

ဂျောင်ကု ပြောရင်းနဲ့ စိတ်တိုလာရသည်။ဟိုရက်ဆိုတာကို ကြားတာနဲ့ အလိုလို ကိုကို့တံတောင်ကာ အနာကိုပြေးမြင်ပြီးသား။ကားမမောင်းတတ်ဘဲ တတ်မောင်းတဲ့ မလောက်လေးမလောက်စားကြောင့် သူဘယ်လောက်စိတ်ပူခဲ့ရလဲ။ပြေးထိုးချင်မိတဲ့အထိ။ခုလည်း ဘာလာရှုပ်ပြန်ပြီလဲမသိ!

"ဟာ ကိုကို့မှာ ဒီဟာလေးတစ်ယောက်လုံးရှိတာ ဘာရှုပ်စရာရှိရမှာလဲ ? သူမလာတာလဲ ကိုကိုနဲ့မှမဆိုင်တာ ~"

"ရုတ်ရုတ်သဲသဲလုပ်ဖို့မကြံနဲ့ ! ဂျွန်ဂျောင်ကုအကြောင်း သိတယ်နော် !"

"စိတ်ချ ဖောက်ပြန်တဲ့အလုပ်ကို ဘယ်သောအခါမှ မလုပ်ဘူး ~ ပူတူးတင်မဟုတ်ဘူး ကိုကိုကိုယ်တိုင်က အဲ့လိုလူကို စက်စုပ်ရွံရှာလို့ ~"

ပူတူးဘာကိုစိုးရိမ်နေလဲ ထယ်ယောင်းသိပါသည်။ပူတူးအမုန်းဆုံးအရာသည် သူ့အတွက်လည်း အရွံဆုံးသော ဖောက်ပြန်မှုမို့ ဘယ်လိုမျိုးနဲ့ ဖြစ်လာစရာမရှိ။နှလုံးသားရဲ့ပိုင်ရှင်က ဂျွန်ဂျောင်ကုက လွဲပြီးထပ်မရှိနိုင်တာ သူကိုယ်တိုင်သာအသိဆုံးဖြစ်သည်။

အသက်ရှိသ၍ ချစ်မယ်!
အသက်မရှိတော့လို့ နှလုံးခုန်မရပ်တန့်ခင် နောက်ဆုံးစက္ကန့်အထိ ပူတူးကိုသာလျှင် တမ်းတမယ်!

~~~~~~~~~~~~~~~~

ရုံးခန်းကျယ်ကြီးတစ်ခုက အခြေအတင် တစ်ယောက်တစ်ခွန်းစကားနာမထိုးခင် တိတ်ဆိတ်နေသည်။အသက်ရှူသံပြင်းပြင်းကတော့ မာနတွေပြိုင်နေကြသည်။ရန်သူပမာ အကြည့်စူးတွေက မျက်နှာချင်းဆိုင်ထိုင်‌နေသူနှစ်ဦးဟာ သိပ်အားကျစရာကောင်းတဲ့စုံတွဲဆိုတာမယုံနိုင်စရာ။
တကယ်လည်း ဒါဟာ ဟန်ဆောင်မှုသပ်သပ်သာဆိုတာ သူတို့သိတာပေါ့!

ဒက်!

အေးစက်‌နေပြီဖြစ်တဲ့ ကြွေခွက်အဖြူ‌လေးထဲရှိခါးသပ်သပ်ကော်ဖီအား တို့ထိရုံမျှအရသာခံကာ စားပွဲပေါ်ပြန်ချလိုက်ပြီးနောက် စကားစလာသည့်သူမ...

"သားကို လူနာနဲ့ စေ့စပ်ဖို့စီစဉ်မှဖြစ်တော့မယ် ~"

"မင်းကို ပြောပြီးသား မိုအာ ! ငါ့သားရဲ့ဆန္ဒက အရေးကြီးဆုံးလို့ ! သူ့ဆန္ဒမပါဘဲ အတင်းလုပ်စရာ မင်းမှာ ဘာအခွင့်မှမရှိဘူး !"

သားငယ်လေးအတွက် ပျော်ရွှင်စရာမိသားစုလေးမဖန်တီးနိုင်ပေမယ့် သာယာတဲ့အချစ်ခရီးလေးကိုတော့ ဖြောင့်ဖြူးစေချင်ပါသည်။ဒါကြောင့်လည်း သားငယ်လေးလုပ်သမျှ သိနေတာတောင် သူဘာမှမလုပ်ဘဲ ငြိမ်နေခဲ့တာ။ပြီးတော် တစ်ဖက်က ကလေးကလည်း ရည်ရည်မွန်မွန်ပါပဲ။သားငယ်ကိုလည်း အလွန်ဂရုစိုက်သည်။ဟန်ဆောင်မှုမပါဘူးဆိုတာကိုတော့ ဓာတ်ပုံကမြင်ရတဲ့ မျက်ဝန်းကတစ်ဆင့်ခံစားမိပါသည်။

ကိုယ်တိုင်လည်း သိပ်ချစ်ခဲ့ဖူးသူပဲမလား!

"ရှင်သိအောင် တစ်ခုပြောထားရအုံးမယ် ! ဂျွန်ဂျောင်ကုက ကျွန်မဝမ်းနဲ့မလွယ်ထားရပေမယ့် မွေးစာရင်းရဲ့မိခင်နေရာ ကျွန်မဆိုတာ သိထား !"

"အဟက် ! အဲ့ဒါနဲ့ပဲ မင်းစိတ်တိုင်းကျဖြစ်စရာလား ? မင်း ဘာကြံနေတယ်ဆိုတာ ငါမသိဘူးမထင်နဲ့ လီမိုအာ !"

ဂျွန်မင်ယောင်းဆိုတဲ့သူက မိုအာဆိုတဲ့မိန်းမရဲ့ကောက်ကျစ်တဲ့အကြံကိုမသိပဲရှိလေမလား။သားငယ်ဟာ သူ့သားမဟုတ်ဘဲမိခင်အရာခံယူပြီး လုပ်ချင်တာလုပ်နေတဲ့သူမက နောက်ဆုံးမှာ အချစ်ဦးရဲ့သမီးနဲ့ပေးစားဖို့ကြံနေတာဟာ ပိုင်ဆိုင်မှုတွေကြောင့်ကလွဲဘာရှိမှာလဲ။

"ရှင်သိတယ်ဆိုလည်း ပြီးတာပဲလေ ! ဒါပေမယ့် ဂုဏ်သရေရှိလှပြီးဖြောင့်မတ်မှန်ကန်တဲ့ဝန်ကြီးချုပ်ရဲ့သားဟာ တိတ်တိတ်ပုန်းမယားငယ်က ရတာပါဆိုတဲ့ အမှန်တရားမပေါ်စေချင်ရင်တော့ ဆက်တားပေါ့ !"

"မင်းး..!"

"အဟင်းး~"

အမှန်တရားကို သိပ်ကြောက်တဲ့သူကြီးက ဘာစကားမှမဆိုနိုင်တော့။သူမအားလက်ညိုးထိုးကာ ခပ်စူးစူးသာကြည့်နိုင်လေရဲ့။လုပ်ကြည့်လိုက် တားကြည့်လိုက်ပေါ့။အကုန်ဖွင့်ပြောပစ်မှာ။အဲ့အခါကျမှ ဖောက်ပြန်နေတယ်ဆိုတဲ့သူမကိုတောင် လူထုက ဝိုင်းသနားကြအောင် သူမစီစဉ်ပြီးသား။ဒါမဲ့ ဂျွန်မင်ယောင်းဆိုတဲ့ သတ္တိကြောင်တဲ့သူက ဘယ်လုပ်ပါ့မလဲ ?

"ငါကြောက်လို့မင်းဆန္ဒကို လိုက်လျောတာလို့ထင်ရင် ဆုတောင်းနေလိုက် ! ငါ့သိပ်ချစ်ရတဲ့သူရဲ့ဂုဏ်သိက္ခာကို ထိပါးမှာစိုးလို့ ! ငါ့သား ပိုခံစားရမှာစိုးလို့ကွ !"

မချစ်မနှစ်သက်တဲ့မိန်းမကို လက်ထပ်ခဲ့ရပြီး သိပ်ချစ်ခဲ့ရတဲ့အမျိုးသမီးလေးကိုတော့ သတ္တိကြောင်စွာ ထားရစ်ခဲ့ပေမယ့် ဒီတစ်ခါတော့ နောင်တထပ်မရချင်။အကုန်‌ပေါ်သွားရင် ဖြစ်လာမှာက မကောင်းပေ။ထပ်ပြီး ဒါဟီးရဲ့သိပ္ခာကိုထိပါးလာမှာ။လောကမှာ မရှိတော့တဲ့သူမကို နာမည်ဆိုးနဲ့မကျန်စေချင်။သားငယ်လေးအတွက်လည်း ဒဏ်ရာတွေထပ်ပေးနေမိမှာ။

ဒါကြောင့်ပဲ သူဒီကြိမ်လည်းငြိမ်နေရအုံးမည်။

"ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မစီစဉ်တာကို ဝင်မစွက်ဖက်ပါနဲ့ !"

နောက်ဆုံးအောင်နိုင်သူဟာ လီမိုဟာပါပဲ !
အားနည်းချက်ကို ချုပ်ကိုင်ထားနိုင်တော့ သူမအတွက် ဂျွန်မင်ယောင်းက ရုပ်သေးရုပ်သာသာပါ!
.
.
.
To be continued...

_____________________

Thanks for reading >> ⭐ <<

Feedback please 💌

Zawgyi

ပိတ္ရက္ေပမို႔ အျပင္ထြက္ရန္ တာဆူေနသည့္ ထယ္ေယာင္းဟာ ညေနခင္းဆို ဖင္တႂကြႂကြျဖစ္ေနသည္မွာ လခ်ီလို႔ေနၿပီျဖစ္သည္။ပုံမွန္ဆို ဒီအခ်ိန္ဆိုင္ကိုဝိုင္းကူရင္း စာလုပ္ေနက်ျဖစ္ေသာ္လည္း ယခုမူ စာထက္ပိုအေရးႀကီးသည့္အရာက ေပၚလာၿပီျဖစ္သည္။အခုလည္း ဝိုင္းသာကူေနတာ စိတ္ကမပါေပ။ၾကက္ေၾကာ္ေတြအား ဝိုင္းေတြမွားခ်ၿပီးရင္း မွားခ်ေနတာျဖစ္သည္။အခုခ်ိန္သူဆုေတာင္းသည္က ေအာ္ဒါေလးေတြမွာဖို႔သာ။ဒါမွ အျပင္ထြက္ရမွာကိုးး..!

"သား ! ေမေမ့ကို ပါဆယ္ေလးပို႔ေပးအုံး !"

"ဟုတ္ ေမေမ !"

ထယ္ေယာင္းရဲ႕ဆုေတာင္းကို ဘုရား႐ွင္က ျဖည့္ဆည္းေပစလိုက္ပုံပါပဲ။ေမေမ့ဆီက ပါဆယ္ဆိုသည့္ အသံၾကားရေတာ့သည္။ထိုအခါ ထယ္ေယာင္းဟာ တုံ႔ျပန္သံ ျမဴးျမဴးနဲ႔အတူ ကိုယ္ကပါဆက္ခနဲမတ္သြားၿပီးတာနဲ႔ ဆိုင္ကယ္ဦးထုပ္ေျပးဝတ္ေလေတာ့သည္။

"ေအာ္ ဒါနဲ႔ သားအျပန္ေနာက္က်မယ္ေနာ္ ~ ပူတူးဆီ ခဏဝင္မလို႔ ~"

"ငါ့သားလည္း ရည္းစားရမွ အိမ္ကိုမကပ္ေတာ့ဘူး ~ ပူတူးးဆိုတာခ်ည္းပဲ ~"

"ဟာဗ်ာ ေမေမကလည္း ~ "

ေမေမ့က ျပဳံးစစနဲ႔ေျပာေတာ့ အ႐ွက္ႀကီးသူလူ႐ိုးႀကီးက မ်က္ႏွာရဲတက္လာသည္မွာ ခ်က္ခ်င္းပင္။သို႔ေပမယ့္ မဟုတ္ဘူးလားဆိုေတာ့လည္း မဟုတ္ျပန္ဘူး။ေမေမေျပာတာ အတိအက်မွန္ေနတယ္ေလ။အရင္ကဆို စာလုပ္ခ်ိန္ေနာက္က်မွာစိုးလို႔ ဂ်ီမင္တို႔ေခၚရင္ေတာင္ အေၾကာင္းမ်ိဳးစုံျပၿပီးျငင္းေနက်။မျဖစ္မေနထြက္ရရင္ေတာင္ မိနစ္နဲ႔မွတ္ၿပီး အတိအက်ျပန္လာသူက အခုေတာ့ ပါဆယ္သြားပို႔ၿပီဆိုသည္ႏွင့္ အျပန္ဆို "ပူတူးအိမ္ ခဏဝင္မလို႔" က အၿမဲၾကားေနရၿပီျဖစ္သည္။

ေဖေဖေရာ ေမေမကပါ ထယ္ေယာင္းတို႔အေၾကာင္းကိုသိသည္မို႔ ပူတူးအိမ္လာတိုင္း "သားငယ္ေလး" ဆိုတာက ႏႈတ္ဖ်ားကမခ်ဘဲ သူ႕ထက္ေတာင္ပိုဂ႐ုစိုက္ေပးတတ္သလို ထယ္ေယာင္းကိုလည္း အၿမဲစေနာက္တတ္သည္။ၾကားေနက်ျဖစ္ေသာ္လည္း ထယ္ေယာင္းမွာေတာ့ ႐ွင္တာႀကီးက ခုထိေဖ်ာက္မရေသးေပ။

ခက္ေတာ့ ခက္ေနပါၿပီ !

"မဟုတ္လို႔လား ? အဲ့ေလာက္မခြဲႏိုင္ရင္လည္း အိမ္သာေခၚထားလိုက္ေတာ့ ဒီအေမက အကုန္ခြင့္ျပဳတယ္ !"

"ေတာ္ၿပီဗ်ာ ! သြားေတာ့မယ္ !"

"ဆိုင္ကယ္ကို ဂ႐ုစိုက္ေမာင္းဦးေနာ္ ~"

"ဟုတ္ !"

ဆက္ေနရင္ ေမေမ့အေျပာနဲ႔တင္ ဒီလူက မ်က္ႏွာတစ္ခုလုံးအပူလြန္ၿပီး ေဆးခန္းျပရေတာ့မည္။ဒါေၾကာင့္ပဲ လုပ္ေနက်အတိုင္း လက္ျပႏႈတ္ဆက္က လမ္းခ်ိဳးေလးအတိုင္း ေျဖးေျဖးမွန္မွန္ေမာင္းထြက္လာခဲ့သည္။

ကြၽီ..! ဒုန္းး..!

ခပ္မွန္မွန္သာသြားေနေသာ ဆိုင္ကယ္အနီေလးသည္ လမ္းသုံးခြအေရာက္တြင္ေတာ့ တစ္ဖက္လမ္းၾကားမွ ျဖတ္တတ္ကာ ေကြ႕လာသည္ ေမာ္ဒယ္လ္ျမင့္ကားအနက္ျဖင့္ ပြတ္တိုက္မိေတာ့သည္။

"အာ့ ! ကြၽတ္ ! "

ေမွာက္သြားတဲ့ဆိုင္ကယ္အနီေလးေဘး ေသြးထြက္ေနေသာတံေတာင္ဆစ္ကေလးအား မ်က္ခုံးတြန္႔စြာၾကည့္ရင္း နာနာက်င္က်င္ညည္းညဴလိုက္မိသည္။

ကံေကာင္းလို႔သာေပါ့။အေ႐ွာင္ျမန္လို႔ ဒီလိုပြန္းပဲ့႐ုံျဖစ္သြားတာျဖစ္သည္။နမို႔ဆို ေဆး႐ုံထမင္းက ထယ္ေယာင္းအတြက္ျဖစ္လိမ့္မည္။

ဘုန္းး!

ကားတံခါးဖြင့္သံေၾကာင့္ လားရာကိုၾကည့္ေတာ့ high heelအနက္တစ္စုံနဲ႔အတူ တျဖည္းျဖည္း႐ုပ္လုံးပုံလာသည့္မိန္းကေလးေၾကာင့္ သိလိုက္ပါၿပီ။သူေဌးသားသမီးေတြဆိုေတာ့ လမ္းကိုသူ႕အေဖ့ပိုင္သလို ပရမ္းပတာေမာင္းတာ မဆန္းပါေလ။

"ေဟးးယူ ! ရရဲ႕လားဟင္ ?"

"မင္းကြာ ! ကားကို ဘယ္လိုေတာင္ေမာင္းရတာလဲ ? အေကြ႕မွာ အခ်က္ျပမီးေလးေတာ့ ျပသင့္တာေပါ့ !"

"ဟို တို႔က အခုမွ လမ္းမေပၚကားစေမာင္းတာမို႔ ~ "

တစ္ဖက္ဆီမွ အားနာဟန္မ်က္ႏွာငယ္ေလးနဲ႔အတူ ငိုမဲ့မဲ့အသံေၾကာင့္ ထယ္ေယာင္းဆက္ၿပီး အက်ယ္မခ်ယ္ခ်င္ေတာ့။ဘာမွ မထူးေတာ့တာ။

"က်စ္ ! ၿပီးၿပီးသားပဲ ! ငါလည္း ဘာမွမျဖစ္ေတာ့ ထားလိုက္ပါေတာ့ ! ဒါမဲ့ ေနာက္အခါ ကား‌ေမာင္းမယ္ဆိုရင္ ကြၽမ္းက်င္မွ ခုလိုလမ္းမႀကီးေပၚတက္ !"

"ေတာင္းပန္ပါတယ္ ~ တို႔ ေနာက္ဆို ယူေျပာတဲ့အတိုင္း ဆင္ျခင္ပါ့မယ္ ~ "

"ရပါတယ္ ~ ငါက အၾကံျပဳ႐ုံပါ ~"

"ဒါနဲ႔ လက္က ရရဲ႕လား ? ေသြးေတြနဲ႔ ~ ေဆးခန္းသြားမလား ?"

ေသြးထြက္ေနတဲ့ တံေတာင္ဆစ္အား လက္ညိဳးထိုးေမးလာသူေၾကာင့္ေခါင္းခါလိုက္သည္။

"ေနပါေစ ရပါတယ္ ~"

ေျပာၿပီးတာနဲ႔ လဲေနေသာ ဆိုင္ကယ္ေလးအားျပန္မတ္ကာ ဆိုင္ကယ္ေပၚျပန္ထိုင္လိုက္သည္။ေတာ္ေသးတာေပါ့ ပါဆယ္ေတြက ပို႔ၿပီးၿပီမို႔။ဒါေပမယ့္ အဆိုးကေတာ့ ထယ္ေယာင္း ဒီေန႔ ပူတူးအိမ္မသြားရေတာ့ေပ။ဒီလက္က ဒဏ္ရာကို ပူတူးသာျမင္ရင္ စိတ္ပူေနမွာ။ၿပီးေတာ့ ကားေမာင္းတဲ့သူကိုပါ ရန္႐ွာေနမွာလည္း စိုးရသည္။

တကယ္ ဒီေန႔က ထယ္ေယာင္းအတြက္ ျပႆဒါးပင္ !

"နာမည္ နာမည္ေလးေျပာခဲ့ပါအုံး ~"

"ေနာက္လည္း ေတြ႕ရမယ့္သူမွမဟုတ္တာ နာမည္သိေတာ့ဘာထူးမွာလဲ !"

ဝူးးး..!

လက္ကို မဝံ့တဝံ့လမ္းကိုင္ကာ ေမးေပမယ့္ ခပ္ေအးေအးေလသံၿငိမ္နဲ႔ ျငင္းလိုက္ကာ ဝူးခနဲေမာင္းထြက္သြားသူေၾကာင့္ ရင္ထဲခံျပင္းစရာပါ။သူမလိုလူမ်ိဳးကို အခုလို တစ္ခ်က္ပင္ေဝ့မၾကည့္တဲ့ ဒီလူေခ်ာေလးက တကယ့္ကို စိတ္ဝင္စားစရာပါပဲ။

"အဲ့လို ေအးစက္စက္မ်ိဳးကိုပဲ တို႔က ပိုႀကိဳက္တာ ~"

သူမအတြက္ ဘဝမွာပထမဆုံးအခ်ိန္သေဘာက်မိတဲ့လူကိုေတြ႕ခဲ့သည္။ပ်ားရည္ကဲ့သို႔ အသားလတ္လတ္နဲ႔အမ်ိဳးေကာင္းသားေလးက ခပ္ႏြမ္းႏြမ္းအက်ႌနဲ႔ေတာင္ ၾကည့္ေကာင္းပါသည္။တြန္႔က်ိဳးေနတဲ့ မ်က္ခုံးတန္းတို႔က စိတ္အလိုမက်ေနတာေတာင္ ေျပျပစ္တဲ့ေမး႐ိုးနဲ႔ ခြၽန္ျမတဲ့ႏွာတံတို႔ေၾကာင့္ ၾကည့္ရဆိုးမသြားေပ။ပကတိေရခဲပမာတည္ၿငိမ္ေနတဲ့ မ်က္ဝန္းအိမ္က သူမအတြက္ေတာ့ ျပန္႐ုန္းထြက္မရတဲ့ အသူရာေခ်ာက္ႀကီးပမာ နက္႐ိႈင္းလွသည္။

ေတာင့္ေတာင့္ကေလးရပ္ေနရာမွ ေက်ာျပင္က်ယ္ေလးသာ ျမင္ရေတာ့သည့္ဘက္သို႔ ဦးတည္လိုက္ရင္း ခပ္တိုးတိုးေရ႐ြတ္သည္က...

"ေသခ်ာေပါက္ ညိဳေခ်ာေလးဆီ ေရာက္ေအာင္လာခဲ့မွာ ~" တဲ့ေလ။
.
.
.
~~~~~~~~~~~~~

ဒီေန႔သည္ ထယ္ေယာင္းတို႔တကၠသိုလ္ေက်ာင္းႀကီးရဲ႕ အထူးေန႔တစ္ေန႔ျဖစ္သည္။ပထမႏွစ္ဝက္စာေမးပြဲမေျဖမွီ ေက်ာင္းသား‌သမဂၢမွ ဦးစီး‌လုပ္ေပးသည့္ မုန္႔ေရာင္းပြဲေတာ္ျဖစ္သည္။ထိုပြဲေတာ္သည္ ေမဂ်ာမ်ိဳးစုံ စာသစ္ႏွစ္မ်ိဳးစုံ႐ွိ ေက်ာင္းသားေက်ာင္းသူတို႔မွ အဖြဲ႕လိုက္ ေဈးေရာင္းၾကခ်င္းျဖစ္သည္။ေက်ာင္းဝန္းရဲ႕ေျမကြက္လပ္တြင္ စတုရန္းပုံစံႀကိဳးတန္းႀကီး႐ွိၿပီး ထိုအထဲတြင္ အမိုးအျပာေလးေတြမိုးထားသည့္ ယာယီ အခန္းေသးေသးေလးေတြကိုပါ စတုရန္းပုံစံ အစီအရီထား႐ွိသည္။အခန္းတစ္ခန္းဆီသည္ ဆိုင္တစ္ဆိုင္ကို ကိုယ္စားျပဳၿပီး မ်ိဳးမတူေသာ မုန္႔မ်ားကို အၿပိဳင္အဆိုင္ေရာင္းၾကရသည္။

ထိုပြဲမွရေသာ အျမတ္ေငြတို႔အား လိုအပ္သည့္ေနရာတြင္ လႉၾကသည္။ေက်ာင္းသား/သူေတြ စုေပါင္းေပ်ာ္ရသလို ကုသိုလ္လည္းရသည့္ပြဲမို႔ အေတာ္အမ်ားပါဝင္ၾကသည္။ထိုအထဲတြင္ နာမည္ႀကီးလူဆိုးေလးလည္း ပါပါရဲ႕!

"ဟဲ့ ၾကည့္ပါအုံး ပန္းေရာင္ေလးနဲ႔ ခ်စ္စရာေလးဟယ္ !"

"ငါေတာ့ ၾကက္ေၾကာ္ထပ္ အဲ့ယုန္ကေလးကိုပိုစားခ်င္တယ္ေအ !"

"လူဆိုးေလးကုကီးကေန အခု ယုန္ကုကီးေလးျဖစ္သြားၿပီေတာ္!"

ေက်ာင္းသူေတြတစ္ေယာက္တစ္ေပါက္ျဖင့္ ျပဳံးစိစိလုပ္သူကလုပ္၊ဓာတ္ပုံသြား႐ိုက္သူက႐ိုက္သလို ျဖတ္သြားျဖတ္လာတို႔ရဲ႕ အာ႐ုံအျပည့္ရထားသည့္ လူအရပ္ေလာက္႐ွိေသာေမြးပြအ႐ုပ္ႀကီးထဲ႐ွိ နီနီရဲရဲေကာင္ေလး။ေနအပူ႐ွိန္တာမို႔ အသားျဖဴျဖဴေလးက ေခြၽးေစးတို႔တြယ္ၿငိေနသလို မ်က္ႏွာေလးပါ ရဲေနျခင္းျဖစ္သည္။

"ဟို ဓာတ္ပုံေလး႐ိုက္လို႔ရလား ?"

"ဒီတိုင္းေတာ့မရဘူး ၾကက္ေၾကာ္ဝယ္မွရမယ္ ~"

"ဟာ ဝယ္မွာ ဝယ္မွာ !"

တစ္ဖက္က အုပ္စုလိုက္ႀကီးျဖင့္ ေဂ်ာင္ကုနားလာကာ ဓာတ္ပုံ႐ိုက္ဖို႔ေျပာေတာ့ စိတ္မပါေပမယ့္လည္း ေခါင္းညိတ္ရသည္။ဒါမွ ၾကက္ေၾကာ္ေရာင္းရမွာကို။

"မ်ားမ်ားဝယ္ရမွာေနာ္ ~"

"ဝယ္မွာေပါ့လို႔ အဟီး ! ဟို စီနီယာထယ္ေယာင္း႐ွီး ~ ညီမတို႔ကို ယုန္ေလးနဲ႔ႏွစ္ပုံေလာက္ ႐ိုက္ေပးပါအုံး !"

ပူကပူနဲ႔ ေနပူထဲမွာ အၾကာႀကီးရပ္ေနရေတာ့ ေျခေထာက္ေတြလည္းေတာင့္ေနေလၿပီ။ကိုကိုကေတာ့ မလုပ္ဖို႔ေျပာေပမယ့္ ေဂ်ာင္ကုက ေယာက်္ားရင့္မာႀကီးမို႔ ကိုယ့္တာဝန္ကို ေက်ပြန္ေအာင္လုပ္ေနတာျဖစ္သည္။

အဟြန္း ! ဂြၽန္ေဂ်ာင္ကုကြ မလုပ္ႏိုင္တာမ႐ွိဘူး !

ကင္မ္ထယ္ေယာင္းလို လူေအးႀကီးကိုေတာင္ ရေအာင္ယူထားတာ ဒီေလာက္က Easy ပါ !

"အဟမ္း ! ဘာလို႔ ဆူပုတ္ေနတာလဲ ကိုကိုကလည္း ~"

ကိုယ့္အေတြးနဲ႔ကို ျပဳံး႐ႊင္ကာ ဓာတ္ပုံ႐ိုက္ခံၿပီး ပိုင္႐ွင္ႀကီးဆီ ေဝ့ၾကည့္မိေတာ့ လငမုတ္ဖမ္းသလို မ်က္ႏွာႀကီးက ညိဳမဲေနေလၿပီ။ေဂ်ာင္ကုအနားသြားၿပီး ေမးတာေတာင္ ေခါင္းေလးသာ ခါျပသည္။

ၾကည့္ ! ဒါမ်ိဳးက် သဝန္တိုတတ္တယ္ေပါ့ !

"ကိုကို !"

ထပ္ေခၚလည္း မထူးတာမို႔ တကယ္ပဲ သဝန္တိုၿပီး စိတ္ေကာက္တာ ေသခ်ာေနၿပီဆိုေတာ့မသိမသာေလးျပဳံးလိုက္သည္။

ဟြန္းး ဒီေတာ့ ေခ်ာ့ရမွာေပါ့ !

"မထူးဘူးေပါ့ ကိုကိုကြာ ~"

"ျပန္ၾကမယ္ လာ လိုက္ပို႔မယ္~"

ေဂ်ာင္ကုဆီမွ ေျခေလးေဆာင့္လို႔ အသံေသးေသးေလးျဖင့္ ဆြဲငင္ကာေခၚတဲ့အခါမွာေတာ့ ေရခဲတုံးႀကီးမေနသာေတာ့ေပ။ခ်က္ခ်င္းတုံ႔ျပန္လာေလရဲ႕။ဒါမဲ့ လူကို အိမ္ျပန္ဖို႔ပဲ တာဆူေနတာျဖစ္သည္။ေဂ်ာင္ကုကလည္း ဘူးဆိုဖ႐ုံမသီးသူပီပီ ငဂ်စ္ေလးလုပ္ေတာ့သည္။

"ဟင့္အင္း မျပန္ဘူး~ ေဈးေရာင္းအုံးမွာ ~"

"ေနအရမ္းပူတယ္ ~ မဆိုးနဲ႔ ~ လာ ျပန္မယ္ ~"

ခ်စ္စရာေကာင္းတဲ့ ယုန္ကေလးကို အားလုံးကဝိုင္းခ်စ္ၾကတာေလ ထယ္ေယာင္းက သဝန္မတိုရဘူးလား။ဒါေလးကို အပြန္းအပဲ့မခံႏိုင္လြန္းလို႔ ပိုးေလးေမြးသလို ဥထားရတာကို ဟိုမိန္းကေလးေတြဆြဲလားရမ္းလားနဲ႔။မေတာ္လို႔ ေခ်ာ္လဲရင္ ဘယ္လိုလုပ္မတုန္း။က်န္တာ သည္းခံႏိုင္ေပမယ့္ ပူတူးနဲ႔ဆိုရင္ေတာ့မရပါ။လုံးဝမႀကိဳက္ပါဘူး !

သို႔ေသာ္ ထယ္ေယာင္း သဝန္တိုတာမွန္ေပမယ့္ စိတ္ပူတာလည္းပါ‌ေသးသည္။အစကတည္းက အ႐ုပ္ႀကီးထဲမဝင္ပါနဲ႔ဆိုတာကို ဇြတ္ဝင္သည္။ေနအရမ္းပူလာသည္ႏွင့္အမွ် ဒီေကာင္ကပဲ စိုးရိမ္လာရေလျဖစ္သည္။နဂိုတည္းက အရမ္းႏုသူမို႔ နည္းနည္းေလးမွ အမွားမခံေပ။အဂ်စ္ေလးကေတာ့ ထုံးစံတိုင္း ႏႈတ္ခမ္းေလးဆူၿပီး လူကိုဆိုးပါၿပီ!

"မျပန္ဘူးဆို မျပန္ဘူးေနာ္ ~ၿပီးေတာ့ စိတ္ေကာက္ေနတဲ့ လူႀကီးကိုေခ်ာ့အုံးမွာ ~"

"ကိုယ္ စိတ္_"

"ႁပြတ္ !"

ထယ္ေယာင္းစကားမဆုံးလိုက္ပါ။ခပ္ေႏြးေႏြးအထိအေတြ႕ေလးက သူ႕ႏႈတ္ခမ္းထက္ အိခနဲထပ္တူၾကလာသည္။႐ုတ္တရက္မို႔ မ်က္ဝန္းအစုံျပဴးက်ယ္ကာ ေဘးဘီၾကည့္မိေတာ့ အားလုံးပုံမွန္ပါ‌ပဲ။

"အဲ့လို နမ္းရင္ ေျပမွာလား ?"

"ပူတူးကြာ ~"

ေဂ်ာင္ကုရဲ႕ လွ်ပ္တျပတ္အနမ္းနဲ႔တိုက္စစ္ဆင္ခံလိုက္ရတဲ့ စိတ္ေကာက္ေနသူက မ်က္ႏွာေၾကာႀကီးအနည္းငယ္ေျပေလ်ာ့ကာ ေလသံကပါေပ်ာ့လာၿပီျဖစ္သည္။ထပ္ၿပီး ေျပေလ်ာ့သြားဖို႔နည္းလမ္းကေတာ့ အဟမ္း ဒါပဲ႐ွိေတာ့မယ္ေလ။

"အြန္႔!"

ထပ္ၿပီး ထယ္ေယာင္းရဲ႕စကားေတြကို အထြက္မခံတဲ့‌ပူတူးက သူ႕ပါးႏွစ္ဖက္ကို ယုန္လက္ေလးႏွစ္ဖက္ျဖင့္အုပ္ကိုင္ကာ အတည္ႀကီးနမ္းေတာ့သည္။ဦးေဆာင္ကာ နမ္းလာသူက သူ႕ႏႈတ္ခမ္းပိစိေလးနဲ႔ ထယ္ေယာင္းႏႈတ္ခမ္းထူထူအား တစ္လႊာခ်င္းဆီေျဖးညင္းစြာ စုပ္ယူသည္။

သူကလည္း ဘာမို႔လို႔တုန္း!

ဒါမ်ိဳးက ႀကိဳက္တာေပါ့!

ပူတူးရဲ႕ဦးေဆာင္မႈေနာက္ အသာအယာစီးေျမာရင္း ခ်ိဳျမျမႏႈတ္ခမ္းေလးအား အရသာခံေနလိုက္သည္။ပူတူးႏႈတ္ခမ္းနဲ႔ထိလိုက္တိုင္း သတိလစ္သူပမာ ျဖစ္သြားတတ္တာ ထယ္ေယာင္းရဲ႕အားနည္းခ်က္ပင္။တိပ္ေပၚေရာက္ေနသလို တစ္ေလာကလုံးပိုင္ဆိုင္သြားသည့္ အခိုက္ေပါ့။ပတ္ဝန္းက်င္ကိုေတာင္ ေမ့ေလာက္သည္အထိပင္ အနမ္းတို႔က ၾကာ႐ွည္ခဲ့သည္။

"ဟမ္း! ႁပြတ္ !"

"အားး ! ကမေရ နမ္းကုန္ၿပီေတာ္ !"

"ဟဲ့ ငါက႐ိုးေနၿပီ ! နင္တို႔ကို ေျပာသားပဲ အေစာတည္းက သူ႕ပိုင္႐ွင္ႀကီးက ငါတို႔ကို လူသတ္ေတာ့မလို ၾကည့္ေနပါတယ္ဆို !"

"အံမယ္ အခု သူ႕ကေလးေလး ေခ်ာ့ေတာ့ ေပ်ာ့သြားတာၾကည့္ပါအုံး ! စီနီယာထယ္ေယာင္းက အေခ်ာ့ႀကိဳက္တယ္ေတာ္ !"

အားး! သြားၿပီ မ်က္ႏွာပူစရာေတြ ျဖစ္ကုန္ၿပီ !

အသံေတြဆူညံလာတာမို႔ အနမ္းတို႔ကိုရပ္ကာ စုံမွိတ္ထားမိသည့္မ်က္ဝန္းတို႔အားဖြင့္ကာ စူးစမ္းေတာ့ အားလုံးကဝိုင္းၾကည့္ေနတာတဲ့လား။ စိတ္ထဲတြင္ အႀကီးအက်ယ္ေအာ္လိုက္မိသည္။

ပူတူးကေတာ့ သူ႕ရဲ႕ပုံစံကို ၾကည့္ၿပီးယုန္သြားေလးေတြေပၚေအာင္ ရယ္ပဲရယ္ေနသည္။ထယ္ေယာင္းမွာေတာ့ ၾကားလိုက္ရတဲ့စကားေတြေၾကာင့္ မ်က္ႏွာႀကီးပါမကာ နား႐ြက္ဖ်ားေတြပါ ပူလာရသည္။

ဘာတဲ့ အေခ်ာ့ႀကိဳက္တာတဲ့လား?

အေခ်ာ့ႀကိဳက္ေပမယ့္ သုံးစကၠန္႔ေလာက္ေတာ့ ေတာင့္ခံႏိုင္တာ သူတို႔မွမသိဘဲ !

ထိုစကားကိုေတာ့ သူထုတ္မေျပာမိခဲ့။အဲ့ဒီအစား ႐ွက္ကိုး႐ွက္ကန္းျဖင့္ ‌လည္ပင္းအား အေၾကာင္းမဲ့ပြတ္ရင္း...

"ဟို ဟို မနက္ျဖန္ ကိုကိုနဲ႔ ေလွ်ာက္လည္ရေအာင္ ပူတူးေလး~"

"တကယ္ ~"

"အြန္း တကယ္ေပါ့ ~ လာ ခုေတာ့ အိမ္ျပန္ရ‌ေအာင္ေနာ္ ကိုကိုလိုက္ပို႔မယ္ ~ "

"ဟုတ္ကဲ့ !"

"ခ်စ္စရာေလး~"

ၾကည့္ပါအုံး ထယ္ေယာင္းကေလးေလးက ဘယ္ေလာက္ခ်စ္ဖို႔ေကာင္းလိုက္သလဲ။လူကို အသည္းယားေအာင္လုပ္တဲ့ေနရာမွာ သိပ္ေတာ္ပါသည္။မ်က္လုံးဝိုင္းေတြမွိတ္က်သည္အထိကို သေဘာတက်နဲ႔ ေခါင္းလုံးေလးကို တဆက္ဆက္ညိတ္ေနတာျဖစ္သည္။အူယားလြန္းလို႔ ပါးေဖာင္းေလးႏွစ္ဖက္အား အသာဖ်စ္ညစ္လိုက္သည္။
.
.
.

ထယ္ေယာင္းနဲ႔ အျပင္သြားရမွာကို အလြန္ေပ်ာ္ေနတာျဖစ္သည္။သူနဲ႔ကိုကိုရဲ႕ ပထမဆုံးေလွ်ာက္လည္ျခင္းျဖစ္မွာမို႔ ရင္ေတြလည္းခုန္သည္။ဘဝအတြက္လည္း ပထမဆုံးအႀကိမ္ဆုံးမို႔ ရင္ထဲလည္း တမ်ိဳးႀကီး ငိုခ်င္သလိုေတာင္‌ျဖစ္လာသည္။ကိုကိုက ဒုတိယေျမာက္ျဖစ္ခဲ့ေပမယ့္ ပထမဆုံးေတြခ်ည္းကို ယူလာေပးခဲ့တာ!

ေဂ်ာင္ကုျမန္ျမန္ပဲအဝတ္လဲၿပီး ကိုကို႔အား ကားေမာင္းေစကာ သူကေတာ့ lover seat‌တြင္ ကိုကို႔ရဲ႕လက္ေခ်ာင္း႐ွည္ေတြၾကား ထပ္ကိုင္ရင္း သီခ်င္းေလးၿငီးကာ လိုက္ပါလာခဲ့သည္။

ျခံဂိတ္ေပါက္ေရာက္ေတာ့ ကိုကိုက ကားေပၚကဆင္းသည္။ေဂ်ာင္ကုကပါ အတူလိုက္ဆင္းကာ လက္ေလးယမ္းခါရင္း...

"တာ့တာ ကိုကို မနက္ျဖန္မွ ေတြ႕မယ္ ~"

"အိမ္ျပန္ေရာက္ရင္ ေရတန္းမခ်ိဳးရဘူးေနာ္ ပူတူး ~ ေရေလးအရင္ေသာက္ ႐ိုး႐ိုးေရေနာ္ ~ ခဏေနၿပီးမွ ခ်ိဳး ~ အပူ႐ွပ္မွားစိုးလို႔ ~ ညအိပ္ခါနီး ေျခေထာက္ကို ေဆးလိမ္းအုံးေနာ္ ~ ဒါေတာ့ ကိုကို ထပ္သတိေပးပါမယ္ ~ သြား သြား အထဲဝင္ေတာ့ ~"

အလြတ္ရေနၿပီးသားဆိုေပမယ့္ ဘယ္ေတာ့မွ မၿငီးေငြ႕တဲ့ကိုကို႔ရဲ႕ မွာတမ္းေတြက ေဂ်ာင္ကုအတြက္ေတာ့ ဘယ္ေတာ့မွ မၿငီးေငြ႕ႏိုင္ပါ။စိတ္ပူလြန္းတတ္တဲ့ခ်စ္သူေၾကာင့္ အေပ်ာ္ႀကီးသာေပ်ာ္ေနရသည္။ၿပီးေတာ့ " စကားနားေထာင္ရင္ ကိုကိုက ပိုခ်စ္မွာ " ဆိုကတည္းက ဂြၽန္ေဂ်ာင္ကုတို႔ အပိုးက်ိဳးလာသည္။ အခုလည္း လက္ေလးေလးေခ်ာင္းကို စုကာ နဖူးေဘးတြင္ ကပ္ရင္း အေလးျပဳဟန္လုပ္ၿပီးေနာက္...

"ရက္စ္ ! ေဘာ့စ္ ! အရမ္းခ်စ္တယ္ !"

ႁပြတ္စ္!

လုပ္ျပန္ပါၿပီ ဒီပူတူး!

ျခံဝမွာ အေစာင့္ေတြ႐ွိေနတာကို ဂ႐ုမစိုက္ ႏႈတ္ခမ္းကို ျဖတ္ခနဲနမ္းကာ ကားေပၚလစ္ခနဲေျပးဝင္ၿပီး ေမာင္းထြက္သြားေလရဲ႕။က်န္ခဲ့တဲ့ ထယ္ေယာင္းကေတာ့ ေက်ာက္႐ုပ္ႀကီးလို မလႈပ္မရပ္နဲ႔ ဘယ္ဘက္ရင္အုံအား လက္ျဖင့္အုပ္ကိုင္လ်က္သာ...

ေတာ္ေသး ႏွလုံးခုန္ေသးလို႔ အသက္႐ွိေနတာ!

"ပူတူးက အရမ္းသြက္တာပဲ ~ ဟူးး ရင္ခုန္လိုက္တာ ~"
.
.
.

ျမင္ကြင္းအစအဆုံးအား အိမ္ေတာ္ရဲ႕ အေပၚဆုံးထပ္႐ွိ ဝရန္တာေဘးအခန္းရဲ႕လိုက္ကာအကြယ္ကေန ေစာက့္ၾကည့္ေနသူလည္း႐ွိသည္။ဂြၽန္ေဂ်ာင္ကုဆိုတဲ့လူသားေလး အခုလိုျပဳံး႐ႊင္ေနတာကို တစ္အိမ္လုံးႏွစ္ၿခိဳက္ၾကေသာ္လည္း တစ္စုံတစ္ေယာက္အတြက္မႈ ထိုသို႔ျဖစ္ေစတဲ့တရားခံအား သူ႕အတြက္ ဆူးေျငာင့္ခလုတ္လို႔ မွတ္ယူထားသည္။

ဒုတိယေျမာက္ ဖ်က္ဆီးပစ္ရမယ့္ ခပ္လြယ္လြယ္ အကာအရံသာသာအျဖစ္ေပါ့ !

နီနီရဲရဲႏႈတ္ခမ္းသားတို႔ကို လွလွပပတြန္႔ခ်ိဳးသူက က်က္သေရ႐ွိလွတဲ့အျပဳံးကိုပိုင္ဆိုင္ေသာ္လည္း ေနာက္ကြယ္တြင္ေတာ့ ေကာက္က်စ္မႈက အျပည့္ျဖစ္ေနသည္။လက္ထဲ႐ွိ ဖုန္းအားဖြင့္ကာ နံပါတ္တစ္ခုကို ေခၚလိုက္ၿပီးေနာက္...

"ဟယ္လို ~ မင္းကို လူတစ္ေယာက္အေၾကာင္းစုံစမ္းခိုင္းစရာ႐ွိတယ္ ~"

"...."

"ပုံပို႔လိုက္မယ္ ~ အျမန္ဆုံးသိခ်င္တယ္ ~ ခေရေစ့တြင္းက်ေနာ္~"

"...."

"ေကာင္းၿပီ ~ အေကာင့္ထဲ ဝမ္သန္း၂၀၀အရင္ထည့္ေပးထားမယ္ ~ "

တီ__

ျပတ္ေတာင္းသြားေသာဖုန္း!
ေနာက္ကြယ္ကေစခိုင္းမႈနဲ႔ အျပဳံးလွလွ!
ဆိုး႐ြာကာ ေၾကကြဲစရာျဖစ္ရပ္ကို ဖန္တီးေပးမည္ဟု ေႂကြးေၾကာ္ခဲ့သည္!
.
.
.
~~~~~~~~~~~~~

Audi RS 7 ကားအနိမ့္အနက္ကေလးအားမွီကာ ေက်ာင္းေဆာင္ရဲ႕ဝင္ေကါက္ေသာ တေျမာ‌္ေျမာ္ေငးေနသည့္သူမ။ျဖဴဥေနသည့္ အသားထက္ အနက္ေရာင္ fit short dressေလးအား ေက်ာ့ေက်ာ့ေလး ဝတ္ထားသည္။သြယ္လ်ေနသည့္ ေျခတံေတြက bootအနက္ကေလးနဲ႔အတူ ‌ျမင္သမွ်လူကို ႏွစ္ခါျပန္ၾကည့္ေစတဲ့အထိ မိမိုက္ပါသည္။ေနကာမ်က္မွန္ေအာက္႐ွိ မ်က္ဝန္းတို႔က မေပၚေပမယ့္ ျဖဴႏုႏုမ်က္ႏွာေလးက make-upခပ္ပါးပါးသာonထားသည္။ေ႐ႊအိုေရာင္ ဆံပင္ေကာက္ေလးေတြက ေလေျပအေဝြ႕မွာ တလြင့္လြင့္။ထိုကိုရီးယားမေလးက မသိလွ်င္ ကျပားေလးလိုထင္ရေလာက္ေအာင္ ထူးျခားတဲ့အလွကို ပိုင္ဆိုင္ထားသည္။

"ၾကာလိုက္တာ ညိဳေခ်ာေလးက အၿမဲေနာက္က်တာပဲ~"

မ်က္မွန္ေလးအား ခြၽတ္ကာ ခပ္တိုးတိုးညီညဴၿပီးမၾကာပါ တရိပ္ရိပ္နဲ႔ မ်က္ဝန္းထဲဝင္လာသည့္ ပုံရိပ္။မီးခိုးေရာင္ဟူဒီေလးနဲ႔ ဂ်င္းပန္႔ကိုသာဝတ္ထားတဲ့ ႐ိုး႐ွင္ကာ ၾကည့္ေကာင္းေနသည့္ ‌သူမရဲ႕နတ္သားေလး။နဖူး‌ေျပေျပထက္ ဝဲက်ေနတဲ့ ဆံသားတို႔အား သပ္တင္ရင္း ေလွ်ာက္လာပုံက ေမာ္ဒယ္လ္ေတြေတာင္ အ႐ႈံးေပးရေလာက္ပါတယ္။

"အဟမ္း ဟို !"

"ေအာ္ မင္းပဲ !"

ထယ္ေယာင္းမွာ ပူတူးကားရပ္ထားရာ ပါကင္ဘက္သို႔  ေလွ်ာက္လာတုန္း ေ႐ွ႕တည့္တည့္ရပ္ကာ ဟန္႔တားလာသည့္သူေၾကာင့္ မ်က္ေတာင့္ပင့္ကာၾကည့္မေတာ့ ဟိုတစ္ရက္က သူမ။မွတ္မိလြယ္တဲ့ မ်က္ႏွာမ်ိဳးမို႔ ထယ္ေယာင္းႏႈတ္က မသိမသာဖြင့္အသြားေတာ့ သူမက ျပဳံးလာသည္။

"သက္သာရဲ႕လား ?"

"အင္း !"

"တို႔နဲ႔ ေကာ္ဖီအတူတူ လိုက္ေသာက္လို႔ရမလားဟင္ ?"

"ကိုကို သြားရေအာင္ ~"

သူမရဲ႕ အေမးဟာ အရာမေရာက္ခဲ့။ၾကားျဖတ္ေခၚလာသည့္ အသံၾကည္ၾကည္ေလးေၾကာင့္ သူမရဲ႕ညိဳေခ်ာေလးဟာ သူမအား မ‌ေကာင္းတတ္လို႔ ႏႈတ္ဆက္သလိုသာ ျပဳမူၿပီး အသံလာရာသို႔သြားေလသည္။ထိုအသံလာရာကလည္း အျခားမဟုတ္ ရင္းႏွီးေနခဲ့သည့္ အမည္နာမပိုင္႐ွင္...

"လက္စသတ္ေတာ့ ညိဳေခ်ာေလးရဲ႕ ဆိုင္သူက ဂြၽန္ေဂ်ာင္ကု " တဲ့ေလ။
.
.
.

"ဘယ္သူလဲ ?"

ဆူပုတ္ပုတ္မ်က္ႏွာေလးနဲ႔အတူ ဆူေအာင့္ေအာင့္အသံေလးက ရင္ထဲထိတ္ခနဲ။မုန္တိုင္းအစဆိုတာကို ျပေနၿပီေလ...

"ပူတူးကို ဟိုရက္က ေျပာျပတဲ့သူပါ ~"

"သူက ဘာကိစၥနဲ႔ေက်ာင္းထိလာရတာလဲ ? မဟုတ္မွ ကိုကို ခင္ဗ်ားႀကီး ဘာေတြဇယား႐ႈပ္ထားေသးလဲ ?"

ေဂ်ာင္ကု ေျပာရင္းနဲ႔ စိတ္တိုလာရသည္။ဟိုရက္ဆိုတာကို ၾကားတာနဲ႔ အလိုလို ကိုကို႔တံေတာင္ကာ အနာကိုေျပးျမင္ၿပီးသား။ကားမေမာင္းတတ္ဘဲ တတ္ေမာင္းတဲ့ မေလာက္ေလးမေလာက္စားေၾကာင့္ သူဘယ္ေလာက္စိတ္ပူခဲ့ရလဲ။ေျပးထိုးခ်င္မိတဲ့အထိ။ခုလည္း ဘာလာ႐ႈပ္ျပန္ၿပီလဲမသိ!

"ဟာ ကိုကို႔မွာ ဒီဟာေလးတစ္ေယာက္လုံး႐ွိတာ ဘာ႐ႈပ္စရာ႐ွိရမွာလဲ ? သူမလာတာလဲ ကိုကိုနဲ႔မွမဆိုင္တာ ~"

"႐ုတ္႐ုတ္သဲသဲလုပ္ဖို႔မၾကံနဲ႔ ! ဂြၽန္ေဂ်ာင္ကုအေၾကာင္း သိတယ္ေနာ္ !"

"စိတ္ခ် ေဖာက္ျပန္တဲ့အလုပ္ကို ဘယ္ေသာအခါမွ မလုပ္ဘူး ~ ပူတူးတင္မဟုတ္ဘူး ကိုကိုကိုယ္တိုင္က အဲ့လိုလူကို စက္စုပ္႐ြံ႐ွာလို႔ ~"

ပူတူးဘာကိုစိုးရိမ္ေနလဲ ထယ္ေယာင္းသိပါသည္။ပူတူးအမုန္းဆုံးအရာသည္ သူ႕အတြက္လည္း အ႐ြံဆုံးေသာ ေဖာက္ျပန္မႈမို႔ ဘယ္လိုမ်ိဳးနဲ႔ ျဖစ္လာစရာမ႐ွိ။ႏွလုံးသားရဲ႕ပိုင္႐ွင္က ဂြၽန္ေဂ်ာင္ကုက လြဲၿပီးထပ္မ႐ွိႏိုင္တာ သူကိုယ္တိုင္သာအသိဆုံးျဖစ္သည္။

အသက္႐ွိသ၍ ခ်စ္မယ္!
အသက္မ႐ွိေတာ့လို႔ ႏွလုံးခုန္မရပ္တန္႔ခင္ ေနာက္ဆုံးစကၠန္႔အထိ ပူတူးကိုသာလွ်င္ တမ္းတမယ္!

~~~~~~~~~~~~~~~~

႐ုံးခန္းက်ယ္ႀကီးတစ္ခုက အေျခအတင္ တစ္ေယာက္တစ္ခြန္းစကားနာမထိုးခင္ တိတ္ဆိတ္ေနသည္။အသက္႐ွဴသံျပင္းျပင္းကေတာ့ မာနေတြၿပိဳင္ေနၾကသည္။ရန္သူပမာ အၾကည့္စူးေတြက မ်က္ႏွာခ်င္းဆိုင္ထိုင္‌ေနသူႏွစ္ဦးဟာ သိပ္အားက်စရာေကာင္းတဲ့စုံတြဲဆိုတာမယုံႏိုင္စရာ။
တကယ္လည္း ဒါဟာ ဟန္ေဆာင္မႈသပ္သပ္သာဆိုတာ သူတို႔သိတာေပါ့!

ဒက္!

ေအးစက္‌ေနၿပီျဖစ္တဲ့ ေႂကြခြက္အျဖဴ‌ေလးထဲ႐ွိခါးသပ္သပ္ေကာ္ဖီအား တို႔ထိ႐ုံမွ်အရသာခံကာ စားပြဲေပၚျပန္ခ်လိုက္ၿပီးေနာက္ စကားစလာသည့္သူမ...

"သားကို လူနာနဲ႔ ေစ့စပ္ဖို႔စီစဥ္မွျဖစ္ေတာ့မယ္ ~"

"မင္းကို ေျပာၿပီးသား မိုအာ ! ငါ့သားရဲ႕ဆႏၵက အေရးႀကီးဆုံးလို႔ ! သူ႕ဆႏၵမပါဘဲ အတင္းလုပ္စရာ မင္းမွာ ဘာအခြင့္မွမ႐ွိဘူး !"

သားငယ္ေလးအတြက္ ေပ်ာ္႐ႊင္စရာမိသားစုေလးမဖန္တီးႏိုင္ေပမယ့္ သာယာတဲ့အခ်စ္ခရီးေလးကိုေတာ့ ေျဖာင့္ျဖဴးေစခ်င္ပါသည္။ဒါေၾကာင့္လည္း သားငယ္ေလးလုပ္သမွ် သိေနတာေတာင္ သူဘာမွမလုပ္ဘဲ ၿငိမ္ေနခဲ့တာ။ၿပီးေတာ္ တစ္ဖက္က ကေလးကလည္း ရည္ရည္မြန္မြန္ပါပဲ။သားငယ္ကိုလည္း အလြန္ဂ႐ုစိုက္သည္။ဟန္ေဆာင္မႈမပါဘူးဆိုတာကိုေတာ့ ဓာတ္ပုံကျမင္ရတဲ့ မ်က္ဝန္းကတစ္ဆင့္ခံစားမိပါသည္။

ကိုယ္တိုင္လည္း သိပ္ခ်စ္ခဲ့ဖူးသူပဲမလား!

"႐ွင္သိေအာင္ တစ္ခုေျပာထားရအုံးမယ္ ! ဂြၽန္ေဂ်ာင္ကုက ကြၽန္မဝမ္းနဲ႔မလြယ္ထားရေပမယ့္ ေမြးစာရင္းရဲ႕မိခင္ေနရာ ကြၽန္မဆိုတာ သိထား !"

"အဟက္ ! အဲ့ဒါနဲ႔ပဲ မင္းစိတ္တိုင္းက်ျဖစ္စရာလား ? မင္း ဘာၾကံေနတယ္ဆိုတာ ငါမသိဘူးမထင္နဲ႔ လီမိုအာ !"

ဂြၽန္မင္ေယာင္းဆိုတဲ့သူက မိုအာဆိုတဲ့မိန္းမရဲ႕ေကာက္က်စ္တဲ့အၾကံကိုမသိပဲ႐ွိေလမလား။သားငယ္ဟာ သူ႕သားမဟုတ္ဘဲမိခင္အရာခံယူၿပီး လုပ္ခ်င္တာလုပ္ေနတဲ့သူမက ေနာက္ဆုံးမွာ အခ်စ္ဦးရဲ႕သမီးနဲ႔ေပးစားဖို႔ၾကံေနတာဟာ ပိုင္ဆိုင္မႈေတြေၾကာင့္ကလြဲဘာ႐ွိမွာလဲ။

"႐ွင္သိတယ္ဆိုလည္း ၿပီးတာပဲေလ ! ဒါေပမယ့္ ဂုဏ္သေရ႐ွိလွၿပီးေျဖာင့္မတ္မွန္ကန္တဲ့ဝန္ႀကီးခ်ဳပ္ရဲ႕သားဟာ တိတ္တိတ္ပုန္းမယားငယ္က ရတာပါဆိုတဲ့ အမွန္တရားမေပၚေစခ်င္ရင္ေတာ့ ဆက္တားေပါ့ !"

"မင္းး..!"

"အဟင္းး~"

အမွန္တရားကို သိပ္ေၾကာက္တဲ့သူႀကီးက ဘာစကားမွမဆိုႏိုင္ေတာ့။သူမအားလက္ညိဳးထိုးကာ ခပ္စူးစူးသာၾကည့္ႏိုင္ေလရဲ႕။လုပ္ၾကည့္လိုက္ တားၾကည့္လိုက္ေပါ့။အကုန္ဖြင့္ေျပာပစ္မွာ။အဲ့အခါက်မွ ေဖာက္ျပန္ေနတယ္ဆိုတဲ့သူမကိုေတာင္ လူထုက ဝိုင္းသနားၾကေအာင္ သူမစီစဥ္ၿပီးသား။ဒါမဲ့ ဂြၽန္မင္ေယာင္းဆိုတဲ့ သတၱိေၾကာင္တဲ့သူက ဘယ္လုပ္ပါ့မလဲ ?

"ငါေၾကာက္လို႔မင္းဆႏၵကို လိုက္ေလ်ာတာလို႔ထင္ရင္ ဆုေတာင္းေနလိုက္ ! ငါ့သိပ္ခ်စ္ရတဲ့သူရဲ႕ဂုဏ္သိကၡာကို ထိပါးမွာစိုးလို႔ ! ငါ့သား ပိုခံစားရမွာစိုးလို႔ကြ !"

မခ်စ္မႏွစ္သက္တဲ့မိန္းမကို လက္ထပ္ခဲ့ရၿပီး သိပ္ခ်စ္ခဲ့ရတဲ့အမ်ိဳးသမီးေလးကိုေတာ့ သတၱိေၾကာင္စြာ ထားရစ္ခဲ့ေပမယ့္ ဒီတစ္ခါေတာ့ ေနာင္တထပ္မရခ်င္။အကုန္‌ေပၚသြားရင္ ျဖစ္လာမွာက မေကာင္းေပ။ထပ္ၿပီး ဒါဟီးရဲ႕သိပၡာကိုထိပါးလာမွာ။ေလာကမွာ မ႐ွိေတာ့တဲ့သူမကို နာမည္ဆိုးနဲ႔မက်န္ေစခ်င္။သားငယ္ေလးအတြက္လည္း ဒဏ္ရာေတြထပ္ေပးေနမိမွာ။

ဒါေၾကာင့္ပဲ သူဒီႀကိမ္လည္းၿငိမ္ေနရအုံးမည္။

"ဘယ္လိုပဲ ျဖစ္ျဖစ္ ကြၽန္မစီစဥ္တာကို ဝင္မစြက္ဖက္ပါနဲ႔ !"

ေနာက္ဆုံးေအာင္ႏိုင္သူဟာ လီမိုဟာပါပဲ !
အားနည္းခ်က္ကို ခ်ဳပ္ကိုင္ထားႏိုင္ေတာ့ သူမအတြက္ ဂြၽန္မင္ေယာင္းက ႐ုပ္ေသး႐ုပ္သာသာပါ!
.
.
.
To be continued...

_____________________

Thanks for reading >> ⭐ <<

Feedback please 💌

Continue Reading

You'll Also Like

35.8K 7.6K 101
بە سام و هەیبەتەوە فەرمانی کرد ؛سەما بکە لەجێگاکەم بەبێ یاساو پشودان .....
84K 5.5K 34
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ကိုကိုရယ္! ငယ္ရြယ္တဲ့အခ်စ္မလို႔ ျပက္ရယ္မျပဳ လိုက္ပါနဲ႔ဗ်ာ....။ ကိုကိုရယ်! ငယ်ရွယ်တဲ့အချစ်မလို့ ပြက်ရယ...
566K 19.3K 144
Read and find out...
551K 35.2K 71
"Sshhhhh....." he hushed and pinned us against the wall leaving no space between us. I held onto his biceps with my hand in reflex. He shook his head...