မောင့်ချယ်ရီ ဝေသောမြေ (Emerge...

由 Milk_tea_94

48K 2.2K 138

ခွဲစိတ်ဆရာဝန်နဲ့ အထွေထွေရောဂါကုဆရာဝန် ကြားက ဇာတ်လမ်းတစ်ပုဒ် ပါ မတူညီတဲ့ပြိုင်မျဥ်းတွေဟာ လားရာတစ်ခုတည်းအတူသ... 更多

👨🏻‍⚕️👨🏻‍⚕️
Dr.
၁၀
၁၁
၁၂
၁၃
၁၄
၁၅
View
၁၆
၁၇
၁၈
၁၉
၂၀ (End)
View
ကလောမြေရဲ့ည

3.9K 143 2
由 Milk_tea_94

တောင်ကြီးမြို့ရဲ့ ရာသီဥတုဟာ သိပ်ကို မျက်နှာများလှသည်။ နွေရာသီမှာ မြူတွေဆိုင်းချင် ဆိုင်းလာတတ်သလို  ဆောင်းရာသီမှာလည်း မိုးရွာချင်ရွာလာတတ်ပါသေးသည်။ ယနေ့မနက်လည်း အိပ်ရာထစအချိန်မှာ ကြည်လင်နေခဲ့သောရာသီဥတုသည် သူ  ဂျူတီသွားချိန်ရောက်ခါမှ ကောက်ခါငင်ခါ မိုးတွေရွာချလာတော့သည်။

" အေးလိုက်တာ  အေးလိုက်တာ  အေးလိုက်တာ   "
ချက်ချင်းဆိုသလို အအေးဓာတ်က ရောက်လာသဖြင့် နှုတ်မှအော်ညည်းမိသည်။
လက်နှစ်ဖက်ကိုပိုက်ရင်း ကိုယ်ကို ခပ်ကွေးကွေးလုပ်ကာ  အိမ်ထဲ ပြန်ဝင်ရတော့သည်။ အဝတ်ဗီရိုထဲမှ အညိုရောင် ဆွယ်တာကိုထုတ်ယူဝတ်လိုက်ပြီးမှ  အပေါ်ကနေ လောင်းကုတ်တစ်ထည်ထပ်ဝတ်လိုက်သည်။ ကားသော့ကိုယူပြီး အပြင်ပြန်ထွက်လာသည့်အခိုက် ခြံစည်ရိုးရှိ နှင်းဆီပင်ဟာ အပွင့်တွေရဲနေအောင် ပွင့်နေလေသည်ကိုလှမ်းမြင်လိုက် ရာ တံခါးနားရှိ ထီးကိုယူပြီး အပင်နားကို လျှောက်သွားလိုက်သည်။ အေးစက်သော မိုးရေတို့ဟာ ခပ်ဖွဲဖွဲကျဆင်းလျက် နှင်းဆီပွင့်ဖတ်တွေဟာ မိုးစက်တို့ကြောင့် စိုစိုရဲရဲ။ ငွားငွားစွင့်စွင့်ပွင့်နေလေသော ပန်းတစ်ပွင့်အား ချိုးယူလိုက်ပြီး  ကားဆီကိုပြန်လာခဲ့သည်။ထီးကို  ကားနောက်ခန်းရှိ ခြင်းငယ်ထဲတွင် ထည့်လိုက်ပြီးမှ  အရှေ့ခန်းတွင် ဝင်ထိုင်လိုက်သည်။ ကားစက်မနှိုးရသေးခင်  ချိုးယူလာသော နှင်းဆီပန်းအား ကုတ်အင်္ကျီထက်တွင် ရင်ထိုးသဖွယ် ထိုးလိုက်သည်။ ခပ်သင်းသင်းနှင်းဆီရနံ့ကြောင့် စိတ်ကကြည်လင်သွားကာ ကားအတွင်းပျံ့လွင့်နေသော သီချင်းသံအေးအေးကို နှုတ်မှ လိုက်ဆိုရင်း  ဆေးရုံဆီထွက်လာခဲ့တော့သည်။

သူ တာဝန်ကျသည့် ဆေးရုံဟာတောင်ကြီးမြို့ပေါ်တွင်မဟုတ်ပေ။ တောင်အောက်ရှိ မြို့ငယ်လေးအထိ အချိန်ခဏပေးပြီးသွားရသေးသည်။ ဆေးရုံကိုရောက်သည့်အချိန်ကားရပ်နားသည့်နေရာတွင် ကားကိုထားပြီးမှ  ထီးကိုယူကာ  လျှောက်လာခဲ့သည်။ ပြင်ပလူနာဌာနကိုအရောက်မှာတော့  ထီးကို ခြင်းတောင်းထဲထည့်ပြီးမှ လှမ်းဝင်လာသည့်အချိန် တာဝန်ကျနေသည့် ဝန်ထမ်းများက နှုတ်ဆက်လာသည်။

" ဆရာမိုးသောက်  မင်္ဂလာပါ  "

" မင်္ဂလာပါ  "

" ဟာ  ဆရာ သန့်လှချည်လား  "

" ပုံမှန်ပါပဲဗျာ "

အပြန်အလှန်နှုတ်ဆက်နေကြရင်း  သူနာပြုဆရာမလေးက ထအော်သည်။

" ဆရာမိုးသောက်   "

" ဗျာ  "

" ဘာလို့ နှင်းဆီပန်းအနီကြီး ရင်ဘတ်ထိုးလာရတာလဲ   ဟာ   တကယ်ပါပဲ  ဆရာကလည်း      "

ဆေးရုံရှိ ဝန်ထမ်းများရဲ့ အစွဲတွေကို  ယခုမှပင်သတိရမိတော့သည်။ နှင်းဆီပန်းကို မြင်စဥ်ကတော့  လှလွန်းသဖြင့် ရင်ဘတ်မှာ ထိုးထားလိုက်ခြင်းသာ။ ဆေးရုံမှ အယူအဆတစ်ခုက ဝန်ထမ်းတစ်ယောက်ဟာ ဆေးရုံကိုလာစဥ်မှာ အနီရောင်ယူဆောင်လာခဲ့လျှင်  လူနာရှုပ်တတ်သည်တဲ့လေ။

" sorry ဆရာမရေ    ကျွန်တော် တကယ်ကို မေ့သွားလို့ပါဗျာ  ပြန်ဖြုတ်လိုက်ပြီနော်  "

ရင်ဘတ်က ပန်းကိုဖြုတ်နေသည့်အခိုက်မှာပဲ အရေးပေါ်ကားသံ တဝီဝီကို ကြားလိုက်ရတော့သည်။

"ဝှီ..ဝီ....ဝှီ...ဝီ    "

" ကဲ   ဆရာ  "

အပြစ်တင်သည်မဟုတ်ပေမယ့်  'တွေ့တယ်မလား ' ဆိုသည့်သဘောဖြင့် ကြည့်လာသည့် ဝန်ထမ်းတွေကြောင့်  ရယ်ရယ်မောမောနဲ့ သာ ငြိမ်နေလိုက်ရတော့သည်။ ကားပေါ်ပါလာသည့် ပရဟိတအသင်းမှ လူတစ်ယောက်က တာဝန်ကျ ဆရာဝန်ဆီသွားကာ  လူနာအကြောင်းသိသမျှ ပြောလာသည်။

"  ကားနဲ့ ဆိုင်ကယ် တိုက်တာ ဆရာ  ခြေထောက်ကျိုးသွားတယ်လို့လည်း ထင်တယ်ဆရာ   အခြားပြင်ပဒဏ်ရာတော့ ဆိုးဆိုးရွားရွားမရှိဘူး     မိသားစုတွေလည်း နောက်ကလိုက်လာနေပြီ  "

ထိုအချိန်မှာ ကျန်ရှိသည့် ဆရာဝန်အငယ်နဲ့ ဆရာမတွေကတော့  လူနာအနားပြေးသွားကာ  လိုအပ်သည့် စစ်ဆေးမှုများ လုပ်နေခဲ့သည်။ လူနာက သက်ကြီးပိုင်းအရွယ်  တိုင်းရင်းသား ယောကျ်ားတစ်ယောက်ပင်။ 

"ဆရာ၊ အစ်ကိုသီဟ BP က 80/60 ပဲရှိနေတယ်  Pulse ကလည်း နည်းနည်းတော့ faint ဖြစ်တယ်   ညာဘက်ခြေထောက် ကတော့  BB fracture ဖြစ်လောက်မယ်      "

( သွေးပေါင်ချိန်တွေ ထိုးကျနေပြီးတော့  သွေးခုန်နှုန်း က အားမကောင်းတာပါခြေ ​​ထောက်က အရိုးကျိုးတယ်လို့ ပြောတာပါ    )

ပြင်ပဒဏ်ရာကြီးကြီးမားမားမရှိပါဘဲ  BP ကျနေသဖြင့်  စိုးရိမ်စရာပင်။ လူနာအနားသွားကြည့်ကာ  ခေါင်းကနေခြေအဆုံး နောက်တစ်ကြိမ် စစ်ဆေးကြည့်သည်။ ဘေးနားရှိ သူနာပြုများကတော့ cannula ထိုးသည့်သူက ထိုး ဒဏ်ရာများကို သန့်ရှင်းပေးသည့်သူက သန့်ရှင်းပေးနေသည်။

" အထဲမှာ Bleeding ရနေတာ ဖြစ်နိုင်တယ်  USG urgent ရိုက်လိုက်ပါ  Drip အရင် run လိုက်ပါဦး   ECG အခြေနေကရော ဘယ်လိုရှိလဲ     "

( ခန္ဓာကိုယ်တွင်း သွေးယိုစီးတာရယ်  ဝမ်းဗိုက်ဓာတ်မှန်ရိုက်တာ  ဆေးပုလင်းချိတ်ခိုင်းတာ  နှလုံးစက်ဆွဲတာ  )

လိုအပ်သည့် ဆေးဝါးတွေပါ ညွှန်ကြားပေးပြီးနောက်  အဖြေများရလျှင် သူ့ဆီလာပြဖို့ပြောနေတုန်း  မိသားစုကို မေးမြန်းနေသည့် လက်ထောက်ဆရာဝန် ကဆေးစာအုပ်ကိုင်ကာ အနားရောက်လာသည်။

" ဆရာ  patient က ဆရာအရုဏ်ဦးနဲ့ ပြနေကျပါတဲ့   history မှာ sinus tachycardia ရှိတယ်ဆရာ  treatment လည်း ယူနေတယ်ဆရာ  ဒီမှာ မှတ်တမ်းတွေပါ   "

( sinus tachycardia နှလုံးမြန်တဲ့ နှလုံးရောဂါတစ်မျိုး )

အရုဏ်ဦးဆိုသည့် နာမည်ကြားလိုက်ရကတည်းက သူ့ခေါင်းတွေဟာ ထိုးကိုက်လာသည်။ အဲ့သည် လက်ပေါက်ကပ်သော physician- သမားတော် ဟာ သူနှင့် ဘယ်လိုမှ အကြောမတည့်။ ထိပ်တိုက်တွေ့သည့်နှင့် ကတောက်ကဆဖြစ်ရမြဲ။ လေပူတွေမှုတ်ထုတ်လိုက်ရင်း   ဆရာဝန်လေးကို ညွှန်ကြားလိုက်သည်။

"  အဲ့ဒါဆိုရင်လည်း  ဆရာအရုဏ်ကို  inform လိုက်ပါဦးကွာ   သေသေချာချာ အသေးစိတ်ပြောနော်    "

" ဆရာ  BP က 100/60 တော့ ဖြစ်လာပြီ  USG သွားရိုက်တယ်ဆရာ     "

" Injection တွေ အကုန်ထိုးပြီးပြီလား "

" ဟုတ်ကဲ့  "

တာဝန်ကျရာ ခွဲစိတ်ဆောင်ကိုပင် မသွားရသေးဘဲ  ပြင်ပလူနာဌာနမှာတင်  သောင်တင်နေရသည်။ လက်ထောက်ဆရာဝန် တွေထိုင်သည့် ကောင်တာမှာပင်ဝင်ထိုင်ရင်း  အဖြေတွေကို စောင့်ဆိုင်းနေသည့်အခိုက်   အရုဏ်ဦး ကို အကြောင်းကြားနေသည့် ဆရာဝန်လေးက ရောက်လာသည်။

" ဆရာ  ဆရာအရုဏ်  အခုပဲ လာခဲ့မယ်တဲ့  "

ပြောရင်းဆိုရင်းမှာပင်  ပြင်ပလူနာဌာနဆီ ခပ်သွက်သွက်လျှောက်လာနေသော  အရုဏ်ဦးကို လှမ်းမြင်လိုက်ရသည်။ မြင်နေကျပုံစံအတိုင်း  သပ်သပ်ရပ်ရပ်ဖြီးသင်ထားသော ဆံပင်တွေဟာ ပုံစံတကျရှိနေခဲ့ကာ   အနက်ရောင်ဆွယ်တာအင်္ကျီကိုအောက်ကတစ်ထပ်ခံပြီး အပေါ်က ဂျူတီကုတ်အဖြူကိုသာ ထပ်ဝတ်ထားသည်။ပိန်ပိန်ပါးပါးခန္ဓာကိုယ်ဟာ ရှည်လျားသည့် အရပ်ကြောင့် ပိုလို့ပင် ပိန်နေသယောင်။ ကတ္တီပါ ဖိနပ်အနက်ရောင်နှင့် ပုဆိုးအနက်က နဂိုဖြူသော အသားအရေကို ဖြူစွတ်သည်အထိ ထင်ရစေသည်။

ကောင်တာတွင်ထိုင်နေသော  သူ့ကိုမြင်တော့ နှုတ်ဆက်သည့်ဟန်  ခေါင်းတစ်ချက်ငြိမ့်ပြကာ  တာဝန်ကျဆရာဝန်ဘက်လှည့်သွားတော့သည်။ ပြုံးပြခြင်းမရှိ၊ နှုတ်ဆက်ခြင်းလည်းမရှိ။ သူစိမ်းဆန်လွန်းလှသည့် အပြုအမူဟာ သူ့အတွက်တော့  မထူးဆန်းတော့။ ဒါသည်  ဒေါက်တာမိုးသောက်အတွက်သာ သီးသန့်ဖြစ်တည်နေသော အပြုအမူဖြစ်မှန်းသိထားပြီးသားပင်။

" USG အဖြေရလာပြီဆရာ  ကံကောင်းတာက ဆရာထွန်းဦးပါ  အဆင်သင့်ရှိနေတာပဲ  abdominal bleeding ပါ     "

" ကဲ အဲ့ဒီတော့လည်း  ခွဲစိတ်ကြတာပေါ့  OT team ကို inform လိုက်ပါ ဆရာအရုဏ်ကိုလည်းပြောလိုက်ပါဦး "

လူနာ၏ အခြေနေနှင့် ခွဲစိတ်ရမည့်အကြောင်း  မိသားစုဝင်များကို ရှင်းပြဖို့  ပြင်နေစဥ်မှာပင်  အနောက်နေကြားလိုက်ရသည့် အေးစက်စက်အသံကြောင့်  ခေါင်းလှည့်ကြည့်လိုက်သည်။

" ကျွန်တော့်ဘက်ကတော့  fit ပေးနိုင်တဲ့အ​ခြေ နေမဟုတ်ပါဘူးဆရာ   "

လာပါပြီ။ ကပ်သီးကပ်သတ်နဲ့ လက်ပေါက်ကပ်သော ဒေါက်တာအရုဏ်ဦး။ Bleeding ဟာ အရေးကြီးနေမှန်း သိပါလျက်နဲ့  တမင်သက်သက်ပြောလာခြင်း။

" ဆရာ့ဘက်က fit မပေးနိုင်လည်း  မေ့ဆေးကိုတော့ မေးကြည့်ရဦးမှာပါ "

ခပ်ပြုံးပြုံးမျက်နှာနဲ့ပြောနေပေမယ့်  စိတ်ထဲမှာတော့ အရှေ့ကလူကို လုံးချေပစ်ချင်လာသည်။ အေးစက်နေသော ရေခဲရုပ်ဟာ  ဘေ့စ်ဘောတုတ်တံကို ကိုင်ပြီး ခွမ်းကနဲနေအောင် ရိုက်ချိုးပစ်လိုက်ဖို့ကောင်းသည်။

" ကောင်းပါပြီ  မေ့ဆေးဆရာဝန်နဲ့ ညှိကြည့်လိုက်ပါ   ကျွန်တော့်ဘက်က လည်း မေ့ဆေးကို ဆက်သွယ်ပြီး အ​ခြေနေတွေပြောပြလိုက်ပါ့မယ်  Bleeding ကအရေးကြီးနေတာဆိုတော့  OT ကတော့ ဝင်ရမှာပေါ့  "

Fit ပေးသလား မပေးသလား  မသဲမကွဲပြောပြီး ပြန်ထွက်သွားသည့် ရေခဲရုပ်ကြောင့်   တည်ငြိမ်အောင်ထိန်းချုပ်ထားသည့်  ဒေါသတွေကို  ထုတ်လွှတ်မိသွားသည်။

" ဒီကောင် အရုဏ်ဦး   "

" ဆရာ စိတ်ထိန်း စိတ်ထိန်း   လူနာတွေရှိနေတယ်  "

ကုတ်အင်္ကျီကို ဆွဲချရင်း ဒေါသကို တတ်နိုင်သမျှ ထိန်းကာ  ခွဲစိတ်ဆောင်ဆီ  အမြန်ထွက်ခဲ့ရတော့သည်။

ဆက်ရန်

author note_  ဆေးဘက်ဆိုင်ရာအသုံးနှုန်းတွေများတာကြောင့်  ဒီအောက်မှာပဲ စု​အဓိပ္ပါယ်တွေ ပြောပြထားမယ်နော်   တတ်နိုင်သမျှ ကြိုးစားပြီးရေးထားပေမယ့်  မှားနေတာတွေ့ရင် ထောက်ပြပေးပါဦး  ရေးတဲ့သူက ဆရာဝန်လည်းမဟုတ်တော့လေ

BP သွေးပေါင်ချိန်

Bleeding သွေးထွက်တာ

Drip က ဆေးပုလင်း.

OT team က ခွဲစိတ်ခန်းက ဝန်ထမ်းတွေပေါ့

Inform က လူနာနဲ့ပတ်သက်ပြီး လူနာအခြေနေကို အကြောင်းကြားတာ

Physician က သမားတော်

Fit ပေးတာက ကျတော့  ခွဲစိတ်တဲ့အချိန်မှာ သမားတော်ရဲ့သဘောတူညီချက်ပေါ့  လူနာအခြေနေက ခွဲစိတ်မှုကို ခံနိုင်ရည်ရှိ မရှိ  ခွဲစိတ်သင့်တယ် မသင့်ဘူး ဒါမျိုး

ဆရာဝန်မဖြစ်ချင်ဘူး ဆရာဝန်နဲ့ပဲ ဖြစ်ချင်တော့တယ်ဟယ်  ခေါင်းမူးလိုက်တာ

Zawgyi

ေတာင္ႀကီးၿမိဳ႕ရဲ႕ ရာသီဥတုဟာ သိပ္ကို မ်က္ႏွာမ်ားလွပါတယ္။ ႏြေရာသီမွာ ျမဴေတြဆိုင္းခ်င္ ဆိုင္းလာတတ္သလို  ေဆာင္းရာသီမွာလည္း မိုး႐ြာခ်င္႐ြာလာတတ္ပါေသးသည္။ ယေန႕မနက္လည္း အိပ္ရာထအခ်ိန္မွာ ၾကည္လင္ေနခဲ့ေသာရာသီဥတုသည္  ဂ်ဴတီသြားခ်ိန္ေရာက္ခါမွ ေကာက္ခါငင္ခါ မိုးေတြ႐ြာခ်လာေတာ့သည္။

" ေအးလိုက္တာ  ေအးလိုက္တာ  ေအးလိုက္တာ   "

လက္ႏွစ္ဖက္ကိုပိုက္ရင္း ကိုယ္ကို ခပ္ေကြးေကြးလုပ္ကာ  အိမ္ထဲ ျပန္ဝင္ရေတာ့သည္။ အဝတ္ဗီရိုထဲမွ အညိုေရာင္ ဆြယ္တာကိုထုတ္ယူဝတ္လိုက္ၿပီးမွ  အေပၚကေန ေလာင္းကုတ္တစ္ထည္ထပ္ဝတ္လိုက္သည္။ ကားေသာ့ကိုယူၿပီး အျပင္ျပန္ထြက္လာသည့္အခိုက္ ၿခံစည္ရိုးရွိ ႏွင္းဆီပင္ဟာ အပြင့္ေတြရဲေနေအာင္ ပြင့္ေနေလရာ တံခါးနားရွိ ထီးကိုယူၿပီး အပင္နားကို ေလွ်ာက္သြားလိုက္သည္။ ေအးစက္ေသာ မိုးေရတို႔ဟာ ခပ္ဖြဲဖြဲက်ဆင္းလ်က္ ႏွင္းဆီပြင့္ဖတ္ေတြဟာ မိုးစက္တို႔ေၾကာင့္ စိုစိုရဲရဲ။ ငြားငြားစြင့္စြင့္ပြင့္ေနေလေသာ ပန္းတစ္ပြင္အား ခ်ိဳးယူလိုက္ၿပီး  ကားဆီကိုျပန္လာခဲ့သည္။ထီးကို  ကားေနာက္ခန္းရွိ ျခင္းငယ္ထဲတြင္ ထည့္လိုက္ၿပီးမွ  အေရွ႕ခန္းတြင္ ဝင္ထိုင္လိုက္သည္။ ကားစက္မႏွိုးရေသးခင္  ခ်ိဳးယူလာေသာ ႏွင္းဆီပန္းအား ကုတ္အကၤ်ီထက္တြင္ ရင္ထိုးသဖြယ္ ထိုးလိုက္သည္။ ကားအတြင္းပ်ံ့လြင့္ေနေသာ သီခ်င္းသံေအးေအးကို ႏႈတ္မွ လိုက္ဆိုရင္း  ေဆး႐ုံဆီထြက္လာခဲ့ေတာ့သည္။

ေဆး႐ုံဟာေတာင္ႀကီးၿမိဳ႕ေပၚတြင္မဟုတ္ေပ။ ေတာင္ေအာက္ရွိ ၿမိဳ႕ငယ္ေလးအထိ အခ်ိန္ခဏေပးၿပီးသြားရေသးသည္။ ေဆး႐ုံကိုေရာက္သည့္အခ်ိန္ကားရပ္နားသည့္ေနရာတြင္ ကားကိုထားၿပီးမွ  ထီးကိုယူကာ  ေလွ်ာက္လာခဲ့သည္။ ျပင္ပလူနာဌာနကိုအေရာက္မွာေတာ့  ထီးကို ျခင္းေတာင္းထဲထည့္ၿပီးမွ လွမ္းဝင္လာသည့္အခ်ိန္ တာဝန္က်ေနသည့္ ဝန္ထမ္းမ်ားက ႏႈတ္ဆက္လာသည္။

" ဆရာမိုးေသာက္  မဂၤလာပါ  "

" မဂၤလာပါ  "

" ဟာ  ဆရာ သန့္လွခ်ည္လား  "

" ပုံမွန္ပါပဲဗ်ာ "

အျပန္အလွန္ႏႈတ္ဆက္ေနၾကရင္း  သူနာျပဳဆရာမေလးက ထေအာ္သည္။

" ဆရာမိုးေသာက္   "

" ဗ်ာ  "

" ဘာလို႔ ႏွင္းဆီပန္းအနီႀကီး ရင္ဘတ္ထိုးလာရတာလဲ   ဟာ   တကယ္ပါပဲ  ဆရာကလည္း      "

ေဆး႐ုံရွိ ဝန္ထမ္းမ်ားရဲ႕ အစြဲေတြကို  ယခုမွပင္သတိရမိေတာ့သည္။ ႏွင္းဆီပန္းကို ျမင္စဥ္ကေတာ့  လွလြန္းသျဖင့္ ရင္ဘတ္မွာ ထိုးထားလိုက္ျခင္းသာ။ ဝန္ထမ္းတစ္ေယာက္က ေဆး႐ုံကိုလာစဥ္မွာ အနီေရာင္ယူေဆာင္လာခဲ့လွ်င္  လူနာရႈပ္တတ္သည္တဲ့ေလ။

" sorry ဆရာမေရ    ကြၽန္ေတာ္ တကယ္ကို ေမ့သြားလို႔ပါဗ်ာ  ျပန္ျဖဳတ္လိုက္ၿပီေနာ္  "

ရင္ဘတ္က ပန္းကိုျဖဳတ္ေနသည့္အခိုက္မွာပဲ အေရးေပၚကားသံ တဝီဝီကို ၾကားလိုက္ရေတာ့သည္။

"ဝွီ..ဝီ....ဝွီ...ဝီ    "

" ကဲ   ဆရာ  "

အျပစ္တင္သည္မဟုတ္ေပမယ့္  'ေတြ႕တယ္မလား ' ဆိုသည့္သေဘာျဖင့္ ၾကည့္လာသည့္ ဝန္ထမ္းေတြေၾကာင့္  ရယ္ရယ္ေမာေမာနဲ႕ သာ ၿငိမ္ေနလိုက္ရေတာ့သည္။ ပရဟိတအသင္းမွ လူတစ္ေယာက္က တာဝန္က် ဆရာဝန္ဆီသြားကာ  လူနာအေၾကာင္းသိသမွ် ေျပာလာသည္။

"  ကားနဲ႕ ဆိုင္ကယ္ တိုက္တာ ဆရာ  ေျခေထာက္က်ိဳးသြားတယ္လို႔လည္း ထင္တယ္ဆရာ   အျခားျပင္ပဒဏ္ရာေတာ့ ဆိုးဆိုး႐ြား႐ြားမရွိဘူး     မိသားစုေတြလည္း ေနာက္ကလိုက္လာေနၿပီ  "

ထိုအခ်ိန္မွာ က်န္ရွိသည့္ ဆရာဝန္အငယ္နဲ႕ ဆရာမေတြကေတာ့  လူနာအနားေျပးသြားကာ  လိုအပ္သည့္ စစ္ေဆးမႈမ်ား လုပ္ေနခဲ့သည္။ လူနာက သက္ႀကီးပိုင္းအ႐ြယ္  တိုင္းရင္းသား ေယာက်္ားတစ္ေယာက္ပင္။ 

"ဆရာ၊ အစ္ကိုသီဟ BP က 80/60 ပဲရွိေနတယ္  Pulse ကလည္း နည္းနည္းေတာ့ faint ျဖစ္တယ္   ညာဘက္ေျခေထာက္ ကေတာ့  BB fracture ျဖစ္ေလာက္မယ္      "

( ေသြးေပါင္ခ်ိန္ေတြ ထိုးက်ေနၿပီးေတာ့  ေသြးခုန္ႏႈန္း က အားမေကာင္းတာပါ ေခေထာက္က အရိုးက်ိဳးတယ္လို႔ ေျပာတာပါ    )

ျပင္ပဒဏ္ရာႀကီးႀကီးမားမားမရွိပါဘဲ  BP က်ေနသျဖင့္  စိုးရိမ္စရာပင္။ လူနာအနားသြားၾကည့္ကာ  ေခါင္းကေနေျခအဆုံး ေနာက္တစ္ႀကိမ္ စစ္ေဆးၾကည့္သည္။ ေဘးနားရွိ သုနာျပဳမ်ားကေတာ့ cannula ထိုးသည့္သူက ထိုး ဒဏ္ရာမ်ားကို သန့္ရွင္းေပးသည့္သူက သန့္ရွင္းေပးေနသည္။

" အထဲမွာ Bleeding ရေနတာ ျဖစ္နိုင္တယ္  USG urgent ရိုက္လိုက္ပါ  Drip အရင္ run လိုက္ပါဦး   ECG အေျခေနကေရာ ဘယ္လိုရွိလဲ     "

( ခႏၶာကိုယ္တြင္း ေသြးယိုစီးတာရယ္  ဝမ္းဗိုက္ဓာတ္မွန္ရိုက္တာ  ေဆးပုလင္းခ်ိတ္ခိုင္းတာ  ႏွလုံးစက္ဆြဲတာ  )

လိုအပ္သည့္ ေဆးဝါးေတြပါ ၫႊန္ၾကားေပးၿပီးေနာက္  အေျဖမ်ားရလွ်င္ သူ႕ဆီလာျပဖို႔ေျပာေနတုန္း  မိသားစုကို ေမးျမန္းေနသည့္ လက္ေထာက္ဆရာဝန္ ကေဆးစာအုပ္ကိုင္ကာ အနားေရာက္လာသည္။

" ဆရာ  patient က ဆရာအ႐ုဏ္ဦးနဲ႕ ျပေနၾကပါတဲ့   history မွာ sinus tachycardia ရွိတယ္ဆရာ  treatment လည္း ယူေနတယ္ဆရာ  ဒီမွာ မွတ္တမ္းေတြပါ   "

အ႐ုဏ္ဦးဆိုသည့္ နာမည္ၾကားလိုက္ရကတည္းက သူ႕ေခါင္းေတြဟာ ထိုးကိုက္လာသည္။ အဲ့သည္ လက္ေပါက္ကပ္ေသာ physician ဟာ သူႏွင့္ ဘယ္လိုမွ အေၾကာမတည့္။ ထိပ္တိုက္ေတြ႕သည့္ႏွင့္ ကေတာက္ကဆျဖစ္ရၿမဲ။ ေလပူေတြမႈတ္ထုတ္လိုက္ရင္း   ဆရာဝန္ေလးကို ၫႊန္ၾကားလိုက္သည္။

"  အဲ့ဒါဆိုရင္လည္း  ဆရာအ႐ုဏ္ကို  inform လိုက္ပါဦးကြာ   ေသေသခ်ာခ်ာ အေသးစိတ္ေျပာေနာ္    "

" ဆရာ  BP က 100/60 ေတာ့ ျဖစ္လာၿပီ  USG သြားရိုက္တယ္ဆရာ     "

" Injection ေတြ အကုန္ထိုးၿပီးၿပီလား "

" ဟုတ္ကဲ့  "

တာဝန္က်ရာ ခြဲစိတ္ေဆာင္ကိုပင္ မသြားရေသးဘဲ  ျပင္ပလူနာဌာနမွာတင္  ေသာင္တင္ေနရသည္။ လက္ေထာက္ဆရာဝန္ ေတြထိုင္သည့္ ေကာင္တာမွာပင္ဝင္ထိုင္ရင္း  အေျဖေတြကို ေစာင့္ဆိုင္းေနသည့္အခိုက္   အ႐ုဏ္ဦး ကို အေၾကာင္းၾကားေနသည့္ ဆရာဝန္ေလးက ေရာက္လာသည္။

" ဆရာ  ဆရာအ႐ုဏ္  အခုပဲ လာခဲ့မယ္တဲ့  "

ေျပာရင္းဆိုရင္းမွာပင္  ျပင္ပလူနာဌာနဆီ ခပ္သြက္သြက္ေလွ်ာက္လာေနေသာ  အ႐ုဏ္ဦးကို လွမ္းျမင္လိုက္ရသည္။ ျမင္ေနက်ပဳံစံအတိုင္း  သပ္သပ္ရပ္ရပ္ၿဖီးသင္ထားေသာ ဆံပင္ေတြဟာ ပုံစံတက်ရွိေနခဲ့ကာ   အနက္ေရာင္ဆြယ္တာအကၤ်ီကိုေအာက္ကတစ္ထပ္ခံၿပီး အေပၚက ဂ်ဴတီကုတ္အျဖဴကိုသာ ထပ္ဝတ္ထားသည္။ပိန္ပိန္ပါးပါးခႏၶာကိုယ္ဟာ ရွည္လ်ားသည့္ အရပ္ေၾကာင့္ ပိုလို႔ပင္ ပိန္ေနသေယာင္။ ကတၱီပါ ဖိနပ္အနက္ေရာင္ႏွင့္ ပုဆိုးအနက္က နဂိုျဖဴေသာ အသားအေရကို ျဖဴစြတ္သည္အထိ ထင္ရေစသည္။

ေကာင္တာတြင္ထိုင္ေနေသာ  သူ႕ကိုျမင္ေတာ့ ႏႈတ္ဆက္သည့္ဟန္  ေခါင္းတစ္ခ်က္ၿငိမ့္ျပကာ  တာဝန္က်ဆရာဝန္ဘက္လွည့္သြားေတာ့သည္။ ၿပဳံးျပျခင္းမရွိ၊ ႏႈတ္ဆက္ျခင္းလည္းမရွိ။ သူစိမ္းဆန္လြန္းလွသည့္ အျပဳအမူဟာ သူ႕အတြက္ေတာ့  မထူးဆန္းေတာ့။ ဒါသည္  ေဒါက္တာမိုးေသာက္အတြက္သာ သီးသန့္ျဖစ္တည္ေနေသာ အျပဳအမူျဖစ္မွန္းသိထားၿပီးသားပင္။

" USG အေျဖရလာၿပီဆရာ  ကံေကာင္းတာက ဆရာထြန္းဦးပါ  အဆင္သင့္ရွိေနတာပဲ  abdominal bleeding ပါ     "

" ကဲ အဲ့ဒီေတာ့လည္း  ခြဲစိတ္ၾကတာေပါ့  OT team ကို inform လိုက္ပါ ဆရာအ႐ုဏ္ကိုလည္းေျပာလိုက္ပါဦး "

လူနာ၏ အေျခေနႏွင့္ ခြဲစိတ္ရမည့္အေၾကာင္း  မိသားစုဝင္မ်ားကို ရွင္းျပဖို႔  ျပင္ေနစဥ္မွာပင္  အေနာက္ေနၾကားလိုက္ရသည့္ ေအးစက္စက္အသံေၾကာင့္  ေခါင္းလွည့္ၾကည့္လိုက္သည္။

" ကြၽန္ေတာ့္ဘက္ကေတာ့  fit ေပးနိုင္တဲ့အေျခ ေနမဟုတ္ပါဘူးဆရာ   "

လာပါၿပီ။ ကပ္သီးကပ္သတ္နဲ႕ လက္ေပါက္ကပ္ေသာ ေဒါက္တာအ႐ုဏ္ဦး။ Bleeding ဟာ အေရးႀကီးေနမွန္း သိပါလ်က္နဲ႕  တမင္သက္သက္ေျပာလာျခင္း။

" ဆရာ့ဘက္က fit မေပးနိုင္လည္း  ေမ့ေဆးကိုေတာ့ ေမးၾကည့္ရဦးမွာပါ "

ခပ္ၿပဳံးၿပဳံးမ်က္ႏွာနဲ႕ေျပာေနေပမယ့္  စိတ္ထဲမွာေတာ့ အေရွ႕ကလူကို လုံးေခ်ပစ္ခ်င္လာသည္။ ေအးစက္ေနေသာ ေရခဲ႐ုပ္ဟာ  ေဘ့စ္ေဘာတုတ္တံကို ကိုင္ၿပီး ခြမ္းကနဲေနေအာင္ ရိုက္ခ်ိဳးပစ္လိုက္ဖို႔ေကာင္းသည္။

" ေကာင္းပါၿပီ  ေမ့ေဆးဆရာဝန္နဲ႕ ညွိၾကည့္လိုက္ပါ   ကြၽန္ေတာ့္ဘက္က လည္း ေမ့ေဆးကို ဆက္သြယ္ၿပီး အေျခေနေတြေျပာျပလိုက္ပါ့မယ္  Bleeding ကအေရးႀကီးေနတာဆိုေတာ့  OT ကေတာ့ ဝင္ရမွာေပါ့  "

Fit ေပးသလား မေပးသလား  မသဲမကြဲေျပာၿပီး ျပန္ထြက္သြားသည့္ ေရခဲ႐ုပ္ေၾကာင့္   တည္ၿငိမ္ေအာင္ထိန္းခ်ဳပ္ထားသည့္  ေဒါသေတြကို  ထုတ္လႊတ္မိသြားသည္။

" ဒီေကာင္ အ႐ုဏ္ဦး   "

" ဆရာ စိတ္ထိန္း စိတ္ထိန္း   လူနာေတြရွိေနတယ္  "

ကုတ္အကၤ်ီကို ဆြဲခ်ရင္း ေဒါသကို တတ္နိုင္သမွ် ထိန္းကာ  ခြဲစိတ္ေဆာင္ဆီ  အျမန္ထြက္ခဲ့ရေတာ့သည္။

ဆက္ရန္

author note_  ေဆးဘက္ဆိုင္ရာအသုံးႏႈန္းေတြမ်ားတာေၾကာင့္  ဒီေအာက္မွာပဲ စုအဓိပ္ပါယ်တွေ ေျပာျပထားမယ္ေနာ္   တတ္နိုင္သမွ် ႀကိဳးစားၿပီးေရးထားေပမယ့္  မွားေနတာေတြ႕ရင္ ေထာက္ျပေပးပါဦး  ေရးတဲ့သူက ဆရာဝန္လည္းမဟုတ္ေတာ့ေလ

BP ေသြးေပါင္ခ်ိန္

Bleeding ေသြးထြက္တာ

Drip က ေဆးပုလင္း.

OT team က ခြဲစိတ္ခန္းက ဝန္ထမ္းေတြေပါ့

Inform က လူနာနဲ႕ပတ္သက္ၿပီး လူနာအေျခေနကို အေၾကာင္းၾကားတာ

Physician က သမားေတာ္

Fit ေပးတာက က်ေတာ့  ခြဲစိတ္တဲ့အခ်ိန္မွာ သမားေတာ္ရဲ႕သေဘာတူညီခ်က္ေပါ့  လူနာအေျခေနက ခြဲစိတ္မႈကို ခံနိုင္ရည္ရွိ မရွိ  ခြဲစိတ္သင့္တယ္ မသင့္ဘူး ဒါမ်ိဳး

ဆရာဝန္မျဖစ္ခ်င္ဘူး ဆရာဝန္နဲ႕ပဲ ျဖစ္ခ်င္ေတာ့တယ္ဟယ္  ေခါင္းမူးလိုက္တာ

继续阅读

You'll Also Like

3.1M 254K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
1.1M 28K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
27.1K 540 20
Josie and Hope broke up because Hope had to jump into Malivore but she didn't tell Josie that and she just broke up with her without telling her why...
4K 76 15
ချစ်​ခဲ့မိတာကို အပြစ်​လို့ဆိုရင်​ချစ်​ဖို့​ကောင်း​အောင်​နေတဲ့မင်းကတရားခံပဲ