''အချစ်ဟုခေါ်သည်''

By Ei_25_10

322K 13.7K 187

အထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသား​ပေးရေးထားခြင်းဖြစ်သည်။ More

(Intro)
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55(Final)
မမစိမ်း❤
မြတ်နိုးရာ....

Part-24

5.2K 261 1
By Ei_25_10

(Unicode)

ရိပ်အိမ်သို့ ပြန်ရောက်သည့်အခါ အခန်းထဲသို့ဝင်ကာ
ကုတင်ပေါ်မောက်ရက် လှဲချလိုက်ပြီး ခေါင်းအုံးနှင့် မျက်နှာအပ်ကာ ငိုလေတော့သည်။စိမ်းအား ဒေါသဖြစ်စေခဲ့သည့်
လုပ်ရပ်ကြောင့် ကိုယ်ကိုကိုယ်သာ အကြိမ်ကြိမ် အပြစ်တင်နေမိတော့သည်။ ည(၇) နာရီလောက် မှာညစာ ထမင်းစားရန်အတွက် ဒေါ်မေနန်း ရိပ်အားလာခေါ်လေသည်။

''ဒေါက်...ဒေါက်....ဒေါက်..''

''ရိပ် ထမင်းစားရအောင်လေ''

အထဲမှ တံခါးဖွင်လိုက်သည်နှင့် မြင်လိုက်ရသည့်ရိပ်၏နီမြန်းနေသောမျက်လုံးများအား ​ဒေါ်မေနန်း
သတိထားမိသည်။ရိပ်ကတော့ ဒေါ်မေနန်းအား တင်းကြပ်စွာဖက်ထားလိုက်ပြီး က​လေးတယောက်လိုသာ ငိုချ ပြန်သည်။

''ရိပ်.... သမီး ဘာဖြစ်လို့လဲ သမီးရယ်''

''.......''

ရိပ်ကတော့ ငိုသာငိုနေဆဲပင်။

''ရိပ်ရယ် မေမေစိတ်ပူလိုက်တာ ဘာဖြစ်တာလဲ''

ထိုအခါမှ ရိပ်လည်း ဖက်ထားသောလက်များအား
လွှတ်လိုက်ကာ...

''မေမေ... မမက ရိပ်ကို... စိတ်ဆိုးသွားပြီ။
ရိပ်ကို စာသင်မပေးတော့ဘူးထင်တယ် ဟင့်''

''ဟင်...ဘာလို့လဲ သမီးရဲ့''

''မေမေ..ရိပ်..ဒီနေ့..ကျောင်းမတက်ပဲ ကျောင်းပြေးခဲ့တာ။
အဲ့ဒါ မမက...အင့်.. သိသွားတယ်။ ရိပ်က အိမ်မှာပဲ စာလုပ်နေတာပါလို့ လိမ်လိုက်မိတာ။ မမ... ရိပ်ကို..အရမ်းစိတ်ဆိုးသွားပြီ...အင့်ဟင့်..''

''ရိပ်ရယ်..ဘာလို့များ အဲ့လိုလုပ်ရတာလဲကွယ်''

''ရိပ် မမဆီမှာ အရိုက်ခံပြီးပါပြီ။ ဒါပေမဲ့ မမက..
စိတ်ဆိုးနေတုန်း ထင်တယ်...ရိပ်..ရိပ်....
ဘယ်လိုလုပ်ရမလဲဟင်''

'' စိမ်းက အကြာကြီးတော့ စိတ်မဆိုးလောက်ပါဘူး''

''ဟင့်..မေမေ...ရိပ်မှားတာပါ။
ရိပ်..အသုံးမကျလို့.. ဖြစ်ရတာ''

''ကဲပါ..အမှားကိုသိတာ ကောင်းပါတယ်။
စိမ်း ကိုနောက်ထပ် တောင်းပန်လိုက်ပါ။
စိမ်းက အဲ့လောက် ရက်စက်တတ်တဲ့သူမျိုး မဟုတ်ပါဘူး။
အခုတော့ မေမေဆေးလိမ်းပေးမယ်နော်''

''ဟင့်အင်း..မမ ခွင့်မလွှတ်မချင်း မလိမ်းဘူး''

''အင်းပါ..ရိပ်သဘော''

''မေမေ... မမကလေ ရိပ်ကို ခွင့်လွှတ်လောက်မှာပါနော်''

''ခွင့်လွှတ်မှာပါ သမီးရဲ့။ အရမ်း စိတ်ဆိုးတုန်းမို့
ဖြစ်မှာပါ။ မေမေသာ စိမ်းနေရာမှာဆိုရင်လည်း အဲ့လို
စိတ်ဆိုးပြီး ရိုက်မိမှာပဲ။ စိမ်းမမှားဘူး သမီး''

''ဟုတ်ပါတယ် ရိပ်မှားတာပါ''

''အင်း မေမေ့သမီးက လူတော်လေးပါ။
အမှားအတွက် ပြန်တောင်းပန်ရမယ်..ဟုတ်ပြီလား''

''ဟုတ်ကဲ့ မေမေ''

''ကဲ... အခု ထမင်းစားကြရအောင်''

''ဟုတ်''

ရိပ်စိတ်ထဲတွင် စိမ်းခွင့်လွှတ်ဖို့ကိုသာ မျှော်လင့်နေမိသည်။
စိတ်ပျက်သွားပြီလား ဟူသည့် အတွေးပေါင်းများစွာဖြင့်
တုန်လှုပ်နေမိသည်။ပေးသမျှ အပြစ်ဒဏ်ကို ခံယူဖို့
အသင့်ပါ။ ကျေးဇူးပြုပြီး စိတ်တော့မပျက်လိုက်ပါနဲ့လား။

••••••••••••••••••••••••

ပထမဆုံး စာသင်ချိန် အတန်းပိုင်ဒေါ်ကလျာရဲ့ အချိန်
အခန်းသို့ ရောက်လာသော ကျောင်းသားတဦး။
ထိုသူကတော့ ကောင်းခန့်လင်း ။ကောင်းခန့် အခန်းဝမှ
ရပ်ပြီး ကလျာ့အား လှမ်းခေါ်လိုက်သည်။

''ဆရာမ''

'' အေးသား ပြောလေ''

''ဆရာမစိမ်းကလေ သံစဥ်ချိုရယ် ဝတ်ရည်ငယ်ရယ်
ရွှန်းလဲ့မေရယ်ကို ခေါ်ခိုင်းလိုက်လို့ပါ''

''အော်... ရွှန်းလဲ့တို့ သမီးတို့ဆရာမ ခေါ်နေတယ်
သွားလိုက်အုံးနော်''

''ဟုတ် ဆရာမ''

သံစဥ်တို့ သုံးယောက်ကတော့ ဘုမသိဘမသိ ကြောင်တောင်တောင်လေးတွေ ဖြစ်လို့။ ရိပ်ကတော့
သူ့ကြောင့်မို့ အားလုံးမိကုန်သည် ဖြစ်သောကြောင့်
သူငယ်ချင်းများအား အားနာနေမိသည်။

''ဟဲ့ ကောင်းခန့်...ဆရာမက ဘာလို့ခေါ်တာလဲ''

''အေး..ငါလည်း မသိဘူးဟ..
ဒီတိုင်း နားနေခန်းကို လာခဲ့လို့ပဲ ပြောလိုက်တာ''

နားနေခန်းသို့ သွားရာလမ်းတွင် သူငယ်ချင်း အချင်းချင်း
တီးတိုးမေးကြတာပေါ့။ နားနေခန်းအတွင်းသို့ ရောက်သော်
အခန်းထဲတွင် စိမ်းတယောက်သာရှိနေသည်။ စိမ်းတို့နားနေခန်းရှိ ဆရာမ ၆ယောက်တွင်စိမ်းမှလွဲ၍ ကျန်ဆရာမများက အတန်းပိုင်များဖြစ်သည်မို့ ပထမဆုံးအချိန် ကိုယ်စီအတန်း
ချိန်ရှိကြသည်။

''ဆရာမ သားတို့ ရောက်ပါပြီ''

ထိုအခါ စိမ်းက သူ့ရှေ့၌ ရပ်နေသော လေးယောက်အား
အေးစက်စွာကြည့်လိုက်သည်။

''မနေ့က ဘယ်သွားလဲ''

မထင်မှတ်ထားသည့် ထိုအမေးကြောင့် လေးယောက်စလုံး ဘာဖြေရမှန်းမသိဆွံ့အသွားတော့သည်။

''အမှန်အတိုင်း ဖြေတာပဲ လိုချင်တယ်''

အပြစ်လုပ်ထားသူတို့ဟာ လိပ်ပြာလုံစွာ ဘယ်နေနိုင်ပါ့မလဲ။
အမှန်အတိုင်းသာ ဝန်ခံရတော့တာပေါ့။ ယောကျာ်းလေးဖြစ်သည့် ကောင်းခန့်လင်းကပဲ ဦးဆောင်ကာဝန်ခံလိုက်တော့သည်။

''မနေ့က သားတို့၄ယောက်လုံး ကျောင်းပြေးခဲ့တာပါ''

''၄ယောက်တည်းလား''

စိမ်း မျက်ခုံးပင့်ကာ ​မေးလိုက်သည်။
ထိုအခါ ကောင်းခန့်တို့ ၄ယောက်လုံး အကြပ်ရိုက်ရလေပြီ။

''ဟုတ်''

လေးယောက်လုံး ပြိုင်တူဖြေလိုက်ခြင်းဖြစ်သည်။

''နှောင်းရိပ်သျှင် က မင်းတို့ကို
အတင်းခေါ်ခဲ့တာမဟုတ်ဘူးလား''

''မဟုတ်..မဟုတ်ပါဘူး..ဆရာမ..ကျောင်းပြေးတာ
ရိပ်မပါပါဘူး''

ဝတ်ရည်က ပြာပြာသလဲ ဝင်ဖြေရှင်းကာ ပြောရတော့သည်။
အကောင်းဆုံးသူငယ်ချင်းတွေမို့ သစ္စာတရားဟာ
အရေးကြီးဆုံးပင်။

''အော်..ဟုတ်လား''

ထိုစကားအား ပြုံးပြီး ပြောလာသည့် စိမ်း​က ဝတ်ရည်အား
စိုက်ကြည့်နေသည်။ အရင်ကတည်းက ချစ်ကြောက်ရိုသေ
ရသည့် ဆရာမတဦးဖြစ်သည်မို့ ဝတ်ရည် အနည်းငယ်တုန်လှုပ်နေမိသည်။

''မနေ့က ရိပ်ပြောတာတော့ သူက မင်းတို့ကို
အတင်းခေါ်ခဲ့တာတဲ့''

ထိုစကားကြောင့် လေးယောက်လုံးကြောင်အန်းအန်းဖြစ်
​သွားရ၏။ ရိပ်နဲ့ ဆရာမက ဘယ်လိုပတ်သက်တာလဲ။
ဆရာမက ဘယ်လိုသိတာလဲ စသည်ဖြင့် အသီးသီးတွေးနေကြသည်။

''အားလုံးက ကိုယ့်သဘောနဲ့ ကိုယ်ဆုံးဖြတ်ကြတာပါ။
ရိပ် က အတင်းခေါ်တာ မဟုတ်ပါဘူး''

ဝတ်ရည်၏စကားကြောင့် စိမ်း မဲ့ပြုံးတချက်ပြုံးလိုက်ပြီး....

'' ဝတ်ရည်ငယ်...ခုနက ပြောတော့ ရိပ်မပါဘူးဆို ''

စိမ်း၏ တရားခံစစ် သည့်အလား မေးနေသည့် အမေးတို့အောက် ဝတ်ရည်ငယ် ဘယ်လိုမှ လိမ်လို့မရတော့ပေ။

''မင်းတို့ လိမ်တဲ့နေရာမှာ သိပ်တော်တာပဲ။
မင်းတို့သူငယ်ချင်း အတိုင်းပဲ။
ဒါပေမဲ့ ခက်တာက ငါယုံအောင်တော့ မလိမ်နိုင်သေးဘူး''

လေးယောက်စလုံး ခေါင်းလေးတွေငုံ့ကာ ဘာမှပင်
ပြန်မပြောနိုင်ခဲ့ပေ။

''ငါပြောခဲ့ဖူးပါတယ် ငါအကုန်သိတယ်လို့''

''..........''

'' ချစ်သူရည်းစား ထားတဲ့ကိစ္စလည်း ငါသိတယ်။
မင်းတို့ရဲ့ ချစ်ရေးချစ်ရာ ကိစ္စတွေ တော့
ငါဝင်မပြောသေးဘူး။ အေး ဒါပေမဲ့ အဲ့ဒီကိစ္စ
တွေကြောင့် ပညာရေးကို ထိခိုက်လာရင်တော့
ငါလုံးဝ ခွင့်မလွှတ်ဘူး။အခု ငါမေးမယ် မင်းတို့မှာ
အပြစ်ရှိလား''

''ဟုတ် ရှိပါတယ်''

အပြစ်ရှိသူပီပီ အပြစ်ပေးခံရန် အားလုံး ပြိုင်တူဖြေလိုက်ကြသည်။

''ငါ အပြစ်ပေးမှာကိုရော လက်ခံလား''

''ဟုတ်''

''ကောင်းခန့်လင်း ကနေစမယ်။ ဒီနားလာခဲ့..''

ကောင်းခန့်လည်း စိမ်းခေါ်သည့် နေရာသို့ ခပ်သုတ်သုတ်ပင်
လာလိုက်သည်။

''လက်နှစ်ဖက်လုံးဖြန့်... ငါ ၅ချက်ပဲရိုက်မယ်။
နောက်တခါဆိုရင်တော့ ဒီလောက်နဲ့မပြီးဘူး။ကြားလား''

''ဟုတ်''

တယောက်ကို ၅ချက်စီသာ ရိုက်ပြီး အခန်းသို့ပြန်လွှတ်လိုက်သည်။ အခန်းသို့ပြန်ရောက်သည့်အခါ မျက်နှာမကောင်းကြသည်မို့ ရိပ်လည်း အလိုက်တသိနှင့်ပဲ ဘာမှမမေးခဲ့သေး။
နေ့လည် မုန့်စားဆင်းချိန်ရောက်တော့ ထုံးစံအတိုင်း
သူငယ်ချင်း ၅ယောက် အအေးဆိုင်လေး မှာဆုံကြတာပေါ့။

''ငါ့ကို မမစိမ်းက guide ပြန်ပြပေးနေတာ။
အဲ့ဒါ နင့်တို့ကို မပြောပြခဲ့လို့ တောင်းပန်ပါတယ်''

''အော် အဲ့လိုလား။ ငါက နင်နဲ့ဆရာမ ဘယ်လိုများ
ပတ်သက်လဲ လို့တွေးနေတာ''

''ဒါနဲ့ ဆရာမက ဘယ်လိုသိတာလဲဟင်''

သံစဥ်နှင့် ရိပ်တို့ ပြောနေကြသည်ကို ဝတ်ရည်က
ဝင်မေးလိုက်ခြင်းဖြစ်သည်။

''အဲ့ဒါက မနေ့က ငါကားမှတ်တိုင်မှာ ကားစောင့်နေတုန်း
မမ တွေ့သွားတာထင်တယ်''

''အော်''

''ဘာလို့ နင်က အတင်းခေါ်တာလို့ပြောလိုက်တာလဲ ရိပ်ရဲ့''

'' အဲ့ဒါ ငါနင်တို့ အပြစ်ပေးခံရမှာ စိုးလို့ပါ''

''ရိပ်ကလည်းဟာ ငါတို့ကသူငယ်ချင်းတွေပဲ။
အပြစ်လုပ်တော့လည်း အတူတူ။ အပြစ်ပေးခံရတော့လည်း
အတူတူပေါ့ ဟ''

''အေးလေဟာ အခုတော့ ဆရာမက နင့်ကို
အထင်လွဲမှာပေါ့''

ရွှန်းလဲ့၏ အပြောအား ကောင်းခန့်ကလည်း ထောက်ခံဟန်
ပြောလာသည်။

'' ဒါပေမဲ့ ငါနမော်နမဲ့ နိုင်လို့ အားလုံးမိရတာလေ
ငါ့မှာ တာဝန်ရှိတာပေါ့''

''အဲ့လိုလည်း ဘယ်ဟုတ်ပါ့မလဲဟာ''

''ဒါနဲ့ ရိပ် နင်ရော အရိုက်ခံရလားဟင်''

''အင်း... နည်းနည်းပါးပါး ပါ''

''ဘယ်ကိုရိုက်တာလဲဟင် ''

''ခြေသလုံးကို''

''ပြကြည့်ပါလားဟင်''

ဝတ်ရည်ငယ်ကတော့ စပ်စုစိန်မို့ အကျင့်အတိုင်း စပ်စုလေရဲ့။ရိပ်လည်း ခြေသလုံးလေးပေါ်အောင်  ထဘီလေးနဲနဲဆွဲ မလိုက်သည်။ ထိုအချိန် ခြေသလုံးထက်က နီညိုရောင်
အရှိုးရာများအား မြင်သည့်အခါ ဝတ်ရည်အပါဝင် ကျန်သုံးယောက်ပါ ပါးစပ်အဟောင်းသား။

''ရိပ် နင်ဘယ်နှချက်တောင် အရိုက်ခံရတာလဲဟင်''

သံစဥ်က ဝမ်းနည်းစွာ မေးလာခဲ့သည်။ ကိုယ့်သူငယ်ချင်း
အခုလို မိမိတို့ကို ကာကွယ်ပေးရင်း ဖြစ်ရတာလေ
ဘယ်စိတ်ကောင်းပါ့မလဲ။

''၁၅ချက်''

''ဟမ်...၁၅ချက်တောင်လား''

''အင်း''

''အရမ်း နာနေမှာပဲ ရိပ်ရယ်''

''ငါအဆင်ပြေပါတယ် နာတော့နာတာပေါ့ဟာ
ဒါပေမဲ့ မမ စိတ်ဆိုးနေတော့ ငါမခံစားနိုင်ဘူး။
မမ စိတ်ပျက်သွားမှာကို ကြောက်နေမိတယ်''

သူငယ်ချင်းများကလည်း ရိပ်အား ဝိုင်းပြီး နှစ်သိမ့်
ပေးကြသည်။ ထို့နေ့တနေ့လုံး ရိပ် စိမ်းနှင့် မျက်နှာချင်းဆိုင်မတွေ့ရသေး။ အဂ်လိပ်စာ အချိန်လည်း ကျောင်းအစည်းအဝေး ရှိ၍ စိမ်း မဝင်ဖြစ်ခဲ့။ ထို့ကြောင့် ဒီနေ့
တနေ့လုံးတော့ ရိပ်ဟာ စိတ်မကောင်းဖြစ်ကာ မှိုင်နေမိတော့သည်။ နာကျင်ရတာပေါ့ အချစ်ရယ်။
မင်း ရဲ့ စိတ်ပျက်စွာ ကြည့်လိုက်တဲ့အကြည့်တချက်က
ကိုယ့်ရင်ထဲ သေမတတ်နာကျင်ရပါတယ်ကွယ်။

•••••••••••••••••••••••••••

ရိပ် ဧည့်ခန်းအတွင်းသို့ ရောက်သော် စိမ်းအားမတွေ့မိ။
ရိပ် စိတ်ထဲ ဝမ်းနည်းစိတ်တို့လှိုက်တက်လာပြီး ငိုချင်မိတော့သည်။ မိမိကိုများ ရှောင်နေတာလားဟူသည့်
အတွေးများနှင့်ပင်။ မျက်စိအောက်က အပျောက်မခံနိုင်သည်အထိ စွဲလမ်းနေမိပြီ ထင်ပါရဲ့။ထိုအချိန်
ဒေါ်သန္တာ ရောက်လာပြီး.....

''ရိပ်....စာလုပ်နေနှင့်အုံးနော်... စိမ်းခဏနေ လာလိမ့်မယ်''

'' ဟုတ် ဒေါ်လေး''

ရိပ်လည်း ဒေါ်သန္တာပြောသည့်အတိုင်း စာအုပ်လေးဖွင့်ကာ
စာထဲသာ စိတ်နှစ်ထားလိုက်သည်။ ၅မိနစ် အကြာ အိမ်ရှေ့မှ
ကားစက်သံအား ကြားလိုက်ရသည်။စိမ်း အိမ်ထဲသို့
ဝင်လာသော်လည်း ဧည့်ခန်းအတွင်းသို့ တချက်သာကြည့်ပြီး
အိမ်အပေါ်ထပ်သို့ တက်သွားသည်။ စိမ်း၏ မျက်နှာမှာ
သာမန်ပင် ဖြစ်ပေမယ့် ရိပ်ကတော့ မိမိအားစိတ်ဆိုးနေသည်ဟုသာ တွေးနေလေသည်။ ခဏအကြာ စိမ်း အောက်သို့ ပြန်ဆင်းလာပြီး ဧည့်ခန်းဝသို့ ရောက်သည့်အခါ အိမ်ရှေ့မှ
ကားသံကြောင့် တံခါးဆီသို့သာ ပြန် ထွက်လာခဲ့သည်။
ထိုဧည့်သည်ဟာ စိမ်းတို့သူငယ်ချင်း လေးယောက်ထဲမှ
ရဲနောင် ဆိုသည့်သူပင်။ သူငယ်ချင်း လေးယောက်ထဲမှ
ရဲနောင်နှင့် ကလျာတို့ကတော့ ချစ်သူရည်းစား တွေပေါ့။

''ရဲနောင်.. လာ အိမ်ထဲဝင်...ကလျာရော''

''အေး ကလျာက.... ရှေ့နားက g&gမှာ ဝယ်စရာရှိလို့
ဆင်းနေခဲ့တာ။ခဏနေ လိုက်လာလိမ့်မယ်''

''အော်''

ဧည့်ခန်းအတွင်းသို့ စိမ်းနှင့်အတူ ပါလာသော အမျိုးသား
တယောက်ကြောင့် ရိပ်မျက်မှောင်ကျုံ့ လိုက်သည်။
စိတ်ထဲတွင်လည်း ထိုသို့ ​အမျိုးသားတဦးနှင့် မြင်လိုက်ရခြင်းအား လုံးဝ အလိုမကျ။

''ရဲနောင်... ထိုင်..''

ထိုအမျိုးသားအား ပြုံးပြနေသည့် စိမ်း၏ အပြုံးတို့ကြောင့်
ရိပ် ဒေါသစိတ်များ တရိပ်ရိပ်တက်လာပြီး
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

''ဒီက ဆိုင်တွေကို နင်ပဲ ဦးစီးတော့မှာပေါ့''

''အေးဟ... ငါ့မိဘတွေလည်း အသက်ကြီးပြီဆိုတော့
သူတို့ကိုလည်း မပင်ပန်းစေချင်တော့လို့လေ''

''အော်..ကောင်းပါတယ်''

ရဲနောင်ကတော့ ''jewel Gallery  ''ဆိုသည့် လက်ဝတ်ရတနာ ပစ္စည်းဆိုင်ပိုင်ရှင်၏ သားကြီးတယောက်ဖြစ်ပေသည်။
အရင်ကတော့ပြင်ဦးလွင် ကခြံလုပ်ငန်းတွေကို ဦးစီးသော်လည်း ယခု ညီဖြစ်သူက ကျောင်းပြီးပြီမို့ ခြံလုပ်ငန်းများအား တာဝန်လွှဲကာ ရန်ကုန်သို့ပြန်လာခဲ့ခြင်းဖြစ်သည်။

ထိုအချိန် ရဲနောင်သည် သူတို့ ထိုင်နေသည့် မျက်စောင်းထိုးက စားပွဲလေးရှိ ရိပ်အား သတိပြုလိုက်မိသည်။

'' ဒါနဲ့စိမ်း...ဒီကလေးက....''

''အော် အဲ့ဒါ ငါ့တပည့်လေ''

''တပည့်''ဟု ဖြေလိုက်ခြင်းကြောင့် ရိပ်ဟန်ပင်မဆောင်နိုင်ပဲ
မျက်နှာမှာ တည်တင်းကာနေတော့သည်။ တကယ်ဆိုရင်လည်း တပည့်ပဲ မဟုတ်လား။ သို့သော် ရိပ်ကတော့
သဝန်တိုမှုကြောင့် ဘာကိုမှပင် မမှုနိုင်တော့။ ခဏအကြာ
ရိပ် စိတ်ရှုပ်နေမှုကြောင့် မတ်တပ်ထရပ်လိုက်ပြီး....

''ဆရာမ''

မမ လို့မခေါ်ပဲ ဆရာမ လို့ပြောင်းလဲခေါ်လိုက်မှုကြောင့်
စိမ်းလည်း အနည်းငယ် ကြောင်သွားမိသည်။ ဘာကြောင့်များလဲ ဆိုသည့်အတွေးနှင့်ပေါ့။

''အင်း..ရိပ် ပြောလေ''

'' ဒီ ဦးလေးကြီး အတွက် မုန့်သွားယူပေးရမလား''

ရဲနောင်အား မေးငေါ့ကာ ပြောလိုက်သည့် စကားကြောင့်
စိမ်း ရယ်ချင်စိတ်အား မနည်းထိန်းထားရသည်။
ရိပ် ၏ နှုတ်ခမ်းလေးဆူကာ လူကြီးတယောက်ကဲ့သို့
ဒေါသကြီးနေပုံမှာ ချစ်စရာပင်။ ရဲနောင်ကတော့ ရုတ်တရက်
ဦးလေးကြီးလို့ အခေါ်ခံလိုက်ရသည်ကြောင့် ပါးစပ်လေးအဟောင်းသားနှင့်။

''အင်း နောက်မှာ ဒေါ်လေးရှိတယ်။ ဒေါ်လေးကို
စီစဥ်ခိုင်းပြီး ယူလာခဲ့လိုက်ခဲ့''

စိမ်းအား ဘာမှပင်ပြန်မပြောပဲ ရဲနောင်အား
ဘုကြည့်တချက်ကြည့်ကာ ခြေလှမ်းကျဲကြီးများဖြင့်
ထွက်သွားသော ရိပ်၏ ပုံစံမှာ ဒေါသဖြစ်နေသော်လည်း
စိမ်းအတွက်ကတော့ တကယ်အူယားစရာပင်။

''ဟဲ့..စိမ်း..နင့်တပည့်ကလေ ငါ့များအမြင်မကြည်ဘူးလား
မသိဘူးနော်''

''အေးလေ..ဟုတ်မှာပေါ့...နင့်ပုံကလည်း
အမြင်မကြည်ချင်စရာကိုး''

စိမ်းလည်း ရဲနောင်အား စနောက်ကာ စကားဆိုလိုက်သည်။
ရဲနောင်ကလည်း လူအကဲခတ်တော့ တော်ပါပေရဲ့။

''ဒေါ်လေး...ရှေ့မှာ ဧည့်သည်ရောက်နေလို့
အဲ့ဒါ သူ့အတွက် မုန့်လာယူပေးတာ''

''အော်..အေးအေးသမီး..ဒေါ်လေး စီစဥ်ပေးမယ်နော်''

အိမ်နောက်ဖေးခန်း သို့ရောက်သည်အထိ ရိပ်မျက်နှာမှာ
ဆူပုတ်နေဆဲ။ ခဏအကြာ ဧည့်ခန်းထဲသို့ မုန့်ဗန်းလေးကိုင်ကာ ဝင်လာခဲ့သည်။ ရဲနောင်ရှေ့ မုန့်ဗန်းလေးအား မသိမသာ
ဆောင့်ချပြီး......

''ဦးလေးကြီး စားဖို့ မုန့် ''

ထိုအခါ ရဲနောင်လည်း မျက်လုံးလေး ပြူးကြောင်ကြောင်နှင့်
ရိပ်အား မော့ကြည့်ပြီး....

''အာ..ဦလေးကြီးတဲ့လား... ''

''အင်းလေ... ဘာလို့လဲ''

''အော်...ဘာမှမဖြစ်ပါဘူး...အဟမ်း''

ဘုဆက်ဆက်နှင့် မသိမသာ ရန်တွေ့နေသော ရိပ်အား
ကြည့်၍ စိမ်းမသိမသာလေး ရယ်နေမိသည်။ ထိုအချိန်
အခန်းထဲသို့ ကလျာလည်း ရောက်လာခဲ့သည်။
ရိပ်က ကလျာအား ခေါင်းလေးငုံ့ကာ နှုတ်ဆက်လိုက်ပြီး
စာရေး စားပွဲသို့ပြန်လာကာ လုပ်စရာရှိသည့်စာကိုသာ
လုပ်နေတော့သည်။ မျက်နှာကတော့ ဆူပုတ်နေဆဲ။
သူငယ်ချင်း သုံးယောက်သား ဆုံတွေ့ခိုက် စကားလက်စုံကျပြီး မိနစ် ၂၀ခန့် ကြာသွားခဲ့သည်။

''ဒါဆို စိမ်း ငါတို့ ပြန်တော့မယ်နော်
ပိတ်ရက်မှပဲ လာတော့မယ်။ နင်လည်း ရိပ်ကို
စာသင်ရအုံးမှာဆိုတော့''

''အေးအေး.. ကလျာ''

''ဒါနဲ့ စိမ်း ရိပ်ကဘာဖြစ်နေတာလဲ။
မျက်နှာက ဆူပုတ်နေတာပဲ''

ကလျာက စိမ်းနားကပ်ကာ တိုးတိုးလေးမေးလိုက်သည်။

''ငါလည်း မသိဘူးလေ''

''နင်တို့မိန်းကလေးတွေလည်းနော် အားအားနေ
အတင်းပဲ တုတ်နေကြ သိလား''

''ဟဲ့..အတင်းတုတ်နေတာ မဟုတ်ဘူးဟဲ့
အရေးကြီး ကိစ္စပြောနေတာ''

ကလျာက ရဲနောင်အား မျက်စောင်းထိုးကာ ပြန်ပြောလိုက်သည်။ရဲနောင်နှင့် ကလျာတို့သည် ချစ်သူရည်းစားဖြစ်သော်လည်း သူငယ်ချင်းတွေလို ပေါ့ပေါ့ပါးပါး Relationship မျိုးပင်။

''အေးပါ...နင်ကလည်း ရန်တွေ့မယ် ဆိုတာချည်းပဲ''

ထို့နောက် ကလျာလည်း ရိပ်ဘက်သို့ကြည့်ကာ....

''ရိပ်.... ဆရာမ တို့ပြန်တော့မယ်နော်''

''ဟုတ် ဆရာမ''

''ဒါနဲ့ မိတ်ဆက်ပေးရအုံးမယ်...ဒါ ဆရာမရဲ့
သတို့သားလောင်းလေ ''

''ရှင်.... ဆရာမ က လက်ထပ်တော့မှာပေါ့''

''အင်း..နောက်လလေ''

ရဲနောင်အား သတို့သားလောင်းလို့ မိတ်ဆက်ပေးလိုက်သည့်အခါ ရိပ်စိတ်ထဲ အပျော်ကြီး ပျော်သွားလေသည်။
မျက်လုံးလေးများ အရောင်လတ်လာပြီး ခုနက ဆူပုတ်နေသော မျက်နှာနှင့် လားလားမျှမတူ။

''ဝိုး..ဆရာမ နဲ့ ဒီအစ်ကိုကြီးက လိုက်တယ်သိလား။
ဒါပေမဲ့ ဆရာမ က ပိုချောတယ် ဟီးဟီး..''

ဦးလေးကြီးခေါ်လိုက် အစ်ကိုကြီး ခေါ်လိုက်နှင့်အပြောင်းအလဲ မြန်လှသော ရိပ်အား ရဲနောင်ပင်
နားမလည်နိုင်တော့ပေ။

•••••••••••••••••••••••••

(Zawgyi)

ရိပ္အိမ္သို႔ ျပန္ေရာက္သည့္အခါ အခန္းထဲသို႔ဝင္ကာ
ကုတင္ေပၚေမာက္ရက္ လွဲခ်လိဳက္ၿပီး ေခါင္းအုံးႏွင့္ မ်က္ႏွာအပ္ကာ ငိုေလေတာ့သည္။စိမ္းအား ေဒါသျဖစ္ေစခဲ့သည့္
လုပ္ရပ္ေၾကာင့္ ကိုယ္ကိုကိုယ္သာ အႀကိမ္ႀကိမ္ အျပစ္တင္ေနမိေတာ့သည္။ ည(၇) နာရီေလာက္ မွာညစာ ထမင္းစားရန္အတြက္ ေဒၚေမနန္း ရိပ္အားလာေခၚေလသည္။

''ေဒါက္...ေဒါက္....ေဒါက္..''

''ရိပ္ ထမင္းစားရေအာင္ေလ''

အထဲမွ တံခါးဖြင္လိုက္သည္ႏွင့္ ျမင္လိုက္ရသည့္ရိပ္၏နီျမန္းေနေသာမ်က္လုံးမ်ားအား ေဒၚေမနန္း
သတိထားမိသည္။ရိပ္ကေတာ့ ေဒၚေမနန္းအား တင္းၾကပ္စြာဖက္ထားလိုက္ၿပီး ကေလးတေယာက္လိုသာ ငိုခ် ျပန္သည္။

''ရိပ္.... သမီး ဘာျဖစ္လို႔လဲ သမီးရယ္''

''.......''

ရိပ္ကေတာ့ ငိုသာငိုေနဆဲပင္။

''ရိပ္ရယ္ ေမေမစိတ္ပူလိုက္တာ ဘာျဖစ္တာလဲ''

ထိုအခါမွ ရိပ္လည္း ဖက္ထားေသာလက္မ်ားအား
လႊတ္လိုက္ကာ...

''ေမေမ... မမက ရိပ္ကို... စိတ္ဆိုးသြားၿပီ။
ရိပ္ကို စာသင္မေပးေတာ့ဘူးထင္တယ္ ဟင့္''

''ဟင္...ဘာလို႔လဲ သမီးရဲ႕''

''ေမေမ..ရိပ္..ဒီေန႕..ေက်ာင္းမတက္ပဲ ေက်ာင္းေျပးခဲ့တာ။
အဲ့ဒါ မမက...အင့္.. သိသြားတယ္။ ရိပ္က အိမ္မွာပဲ စာလုပ္ေနတာပါလို႔ လိမ္လိုက္မိတာ။ မမ... ရိပ္ကို..အရမ္းစိတ္ဆိုးသြားၿပီ...အင့္ဟင့္..''

''ရိပ္ရယ္..ဘာလို႔မ်ား အဲ့လိုလုပ္ရတာလဲကြယ္''

''ရိပ္ မမဆီမွာ အရိုက္ခံၿပီးပါၿပီ။ ဒါေပမဲ့ မမက..
စိတ္ဆိုးေနတုန္း ထင္တယ္...ရိပ္..ရိပ္....
ဘယ္လိုလုပ္ရမလဲဟင္''

'' စိမ္းက အၾကာႀကီးေတာ့ စိတ္မဆိုးေလာက္ပါဘူး''

''ဟင့္..ေမေမ...ရိပ္မွားတာပါ။
ရိပ္..အသုံးမက်လိဳ႕.. ျဖစ္ရတာ''

''ကဲပါ..အမွားကိုသိတာ ေကာင္းပါတယ္။
စိမ္း ကိုေနာက္ထပ္ ေတာင္းပန္လိုက္ပါ။
စိမ္းက အဲ့ေလာက္ ရက္စက္တတ္တဲ့သူမ်ိဳး မဟုတ္ပါဘူး။
အခုေတာ့ ေမေမေဆးလိမ္းေပးမယ္ေနာ္''

''ဟင့္အင္း..မမ ခြင့္မလႊတ္မခ်င္း မလိမ္းဘူး''

''အင္းပါ..ရိပ္သေဘာ''

''ေမေမ... မမကေလ ရိပ္ကို ခြင့္လႊတ္ေလာက္မွာပါေနာ္''

''ခြင့္လႊတ္မွာပါ သမီးရဲ႕။ အရမ္း စိတ္ဆိုးတုန္းမို႔
ျဖစ္မွာပါ။ ေမေမသာ စိမ္းေနရာမွာဆိုရင္လည္း အဲ့လို
စိတ္ဆိုးၿပီး ရိုက္မိမွာပဲ။ စိမ္းမမွားဘူး သမီး''

''ဟုတ္ပါတယ္ ရိပ္မွားတာပါ''

''အင္း ေမေမ့သမီးက လူေတာ္ေလးပါ။
အမွားအတြက္ ျပန္ေတာင္းပန္ရမယ္..ဟုတ္ၿပီလား''

''ဟုတ္ကဲ့ ေမေမ''

''ကဲ... အခု ထမင္းစားၾကရေအာင္''

''ဟုတ္''

ရိပ္စိတ္ထဲတြင္ စိမ္းခြင့္လႊတ္ဖို႔ကိုသာ ေမွ်ာ္လင့္ေနမိသည္။
စိတ္ပ်က္သြားၿပီလား ဟူသည့္ အေတြးေပါင္းမ်ားစြာျဖင့္
တုန္လႈပ္ေနမိသည္။ေပးသမွ် အျပစ္ဒဏ္ကို ခံယူဖို႔
အသင့္ပါ။ ေက်းဇူးျပဳၿပီး စိတ္ေတာ့မပ်က္လိုက္ပါနဲ႕လား။

ပထမဆုံး စာသင္ခ်ိန္ အတန္းပိုင္ေဒၚကလ်ာရဲ႕ အခ်ိန္
အခန္းသို႔ ေရာက္လာေသာ ေက်ာင္းသားတဦး။
ထိုသူကေတာ့ ေကာင္းခန့္လင္း ။ေကာင္းခန့္ အခန္းဝမွ
ရပ္ၿပီး ကလ်ာ့အား လွမ္းေခၚလိုက္သည္။

''ဆရာမ''

'' ေအးသား ေျပာေလ''

''ဆရာမစိမ္းကေလ သံစဥ္ခ်ိဳရယ္ ဝတ္ရည္ငယ္ရယ္
႐ႊန္းလဲ့ေမရယ္ကို ေခၚခိုင္းလိုက္လို႔ပါ''

''ေအာ္... ႐ႊန္းလဲ့တို႔ သမီးတို႔ဆရာမ ေခၚေနတယ္
သြားလိုက္အုံးေနာ္''

''ဟုတ္ ဆရာမ''

သံစဥ္တို႔ သုံးေယာက္ကေတာ့ ဘုမသိဘမသိ ေၾကာင္ေတာင္ေတာင္ေလးေတြ ျဖစ္လို႔။ ရိပ္ကေတာ့
သူ႕ေၾကာင့္မို႔ အားလုံးမိကုန္သည္ ျဖစ္ေသာေၾကာင့္
သူငယ္ခ်င္းမ်ားအား အားနာေနမိသည္။

''ဟဲ့ ေကာင္းခန့္...ဆရာမက ဘာလို႔ေခၚတာလဲ''

''ေအး..ငါလည္း မသိဘူးဟ..
ဒီတိုင္း နားေနခန္းကို လာခဲ့လို႔ပဲ ေျပာလိုက္တာ''

နားေနခန္းသို႔ သြားရာလမ္းတြင္ သူငယ္ခ်င္း အခ်င္းခ်င္း
တီးတိုးေမးၾကတာေပါ့။ နားေနခန္းအတြင္းသို႔ ေရာက္ေသာ္
အခန္းထဲတြင္ စိမ္းတေယာက္သာရွိေနသည္။ စိမ္းတို႔နားေနခန္းရွိ ဆရာမ ၆ေယာက္တြင္စိမ္းမွလြဲ၍ က်န္ဆရာမမ်ားက အတန္းပိုင္မ်ားျဖစ္သည္မို႔ ပထမဆုံးအခ်ိန္ ကိုယ္စီအတန္း
ခ်ိန္ရွိၾကသည္။

''ဆရာမ သားတို႔ ေရာက္ပါၿပီ''

ထိုအခါ စိမ္းက သူ႕ေရွ႕၌ ရပ္ေနေသာ ေလးေယာက္အား
ေအးစက္စြာၾကည့္လိုက္သည္။

''မေန႕က ဘယ္သြားလဲ''

မထင္မွတ္ထားသည့္ ထိုအေမးေၾကာင့္ ေလးေယာက္စလုံး ဘာေျဖရမွန္းမသိဆြံ႕အသြားေတာ့သည္။

''အမွန္အတိုင္း ေျဖတာပဲ လိုခ်င္တယ္''

အျပစ္လုပ္ထားသူတို႔ဟာ လိပ္ျပာလုံစြာ ဘယ္ေနနိုင္ပါ့မလဲ။
အမွန္အတိုင္းသာ ဝန္ခံရေတာ့တာေပါ့။ ေယာက်ာ္းေလးျဖစ္သည့္ ေကာင္းခန့္လင္းကပဲ ဦးေဆာင္ကာဝန္ခံလိုက္ေတာ့သည္။

''မေန႕က သားတို႔၄ေယာက္လုံး ေက်ာင္းေျပးခဲ့တာပါ''

''၄ေယာက္တည္းလား''

စိမ္း မ်က္ခုံးပင့္ကာ ေမးလိုက္သည္။
ထိုအခါ ေကာင္းခန့္တို႔ ၄ေယာက္လုံး အၾကပ္ရိုက္ရေလၿပီ။

''ဟုတ္''

ေလးေယာက္လုံး ၿပိဳင္တူေျဖလိုက္ျခင္းျဖစ္သည္။

''ႏွောင္းရိပ္သွ်င္ က မင္းတို႔ကို
အတင္းေခၚခဲ့တာမဟုတ္ဘူးလား''

''မဟုတ္..မဟုတ္ပါဘူး..ဆရာမ..ေက်ာင္းေျပးတာ
ရိပ္မပါပါဘူး''

ဝတ္ရည္က ျပာျပာသလဲ ဝင္ေျဖရွင္းကာ ေျပာရေတာ့သည္။
အေကာင္းဆုံးသူငယ္ခ်င္းေတြမို႔ သစၥာတရားဟာ
အေရးႀကီးဆုံးပင္။

''ေအာ္..ဟုတ္လား''

ထိုစကားအား ၿပဳံးၿပီး ေျပာလာသည့္ စိမ္းက ဝတ္ရည္အား
စိုက္ၾကည့္ေနသည္။ အရင္ကတည္းက ခ်စ္ေၾကာက္ရိုေသ
ရသည့္ ဆရာမတဦးျဖစ္သည္မို႔ ဝတ္ရည္ အနည္းငယ္တုန္လႈပ္ေနမိသည္။

''မေန႕က ရိပ္ေျပာတာေတာ့ သူက မင္းတို႔ကို
အတင္းေခၚခဲ့တာတဲ့''

ထိုစကားေၾကာင့္ ေလးေယာက္လုံးေၾကာင္အန္းအန္းျဖစ္
သြားရ၏။ ရိပ္နဲ႕ ဆရာမက ဘယ္လိုပတ္သက္တာလဲ။
ဆရာမက ဘယ္လိုသိတာလဲ စသည္ျဖင့္ အသီးသီးေတြးေနၾကသည္။

''အားလုံးက ကိုယ့္သေဘာနဲ႕ ကိုယ္ဆုံးျဖတ္ၾကတာပါ။
ရိပ္ က အတင္းေခၚတာ မဟုတ္ပါဘူး''

ဝတ္ရည္၏စကားေၾကာင့္ စိမ္း မဲ့ၿပဳံးတခ်က္ၿပဳံးလိုက္ၿပီး....

'' ဝတ္ရည္ငယ္...ခုနက ေျပာေတာ့ ရိပ္မပါဘူးဆို ''

စိမ္း၏ တရားခံစစ္ သည့္အလား ေမးေနသည့္ အေမးတို႔ေအာက္ ဝတ္ရည္ငယ္ ဘယ္လိုမွ လိမ္လို႔မရေတာ့ေပ။

''မင္းတို႔ လိမ္တဲ့ေနရာမွာ သိပ္ေတာ္တာပဲ။
မင္းတို႔သူငယ္ခ်င္း အတိုင္းပဲ။
ဒါေပမဲ့ ခက္တာက ငါယုံေအာင္ေတာ့ မလိမ္နိုင္ေသးဘူး''

ေလးေယာက္စလုံး ေခါင္းေလးေတြငုံ႕ကာ ဘာမွပင္
ျပန္မေျပာနိုင္ခဲ့ေပ။

''ငါေျပာခဲ့ဖူးပါတယ္ ငါအကုန္သိတယ္လို႔''

''..........''

'' ခ်စ္သူရည္းစား ထားတဲ့ကိစၥလည္း ငါသိတယ္။
မင္းတို႔ရဲ႕ ခ်စ္ေရးခ်စ္ရာ ကိစၥေတြ ေတာ့
ငါဝင္မေျပာေသးဘူး။ ေအး ဒါေပမဲ့ အဲ့ဒီကိစၥ
ေတြေၾကာင့္ ပညာေရးကို ထိခိုက္လာရင္ေတာ့
ငါလုံးဝ ခြင့္မလႊတ္ဘူး။အခု ငါေမးမယ္ မင္းတို႔မွာ
အျပစ္ရွိလား''

''ဟုတ္ ရွိပါတယ္''

အျပစ္ရွိသူပီပီ အျပစ္ေပးခံရန္ အားလုံး ၿပိဳင္တူေျဖလိုက္ၾကသည္။

''ငါ အျပစ္ေပးမွာကိုေရာ လက္ခံလား''

''ဟုတ္''

''ေကာင္းခန့္လင္း ကေနစမယ္။ ဒီနားလာခဲ့..''

ေကာင္းခန့္လည္း စိမ္းေခၚသည့္ ေနရာသို႔ ခပ္သုတ္သုတ္ပင္
လာလိုက္သည္။

''လက္ႏွစ္ဖက္လုံးျဖန့္... ငါ ၅ခ်က္ပဲရိုက္မယ္။
ေနာက္တခါဆိုရင္ေတာ့ ဒီေလာက္နဲ႕မၿပီးဘူး။ၾကားလား''

''ဟုတ္''

တေယာက္ကို ၅ခ်က္စီသာ ရိုက္ၿပီး အခန္းသို႔ျပန္လႊတ္လိုက္သည္။ အခန္းသို႔ျပန္ေရာက္သည့္အခါ မ်က္ႏွာမေကာင္းၾကသည္မို႔ ရိပ္လည္း အလိုက္တသိႏွင့္ပဲ ဘာမွမေမးခဲ့ေသး။
ေန႕လည္ မုန့္စားဆင္းခ်ိန္ေရာက္ေတာ့ ထုံးစံအတိုင္း
သူငယ္ခ်င္း ၅ေယာက္ အေအးဆိုင္ေလး မွာဆုံၾကတာေပါ့။

''ငါ့ကို မမစိမ္းက guide ျပန္ျပေပးေနတာ။
အဲ့ဒါ နင့္တို႔ကို မေျပာျပခဲ့လို႔ ေတာင္းပန္ပါတယ္''

''ေအာ္ အဲ့လိုလား။ ငါက နင္နဲ႕ဆရာမ ဘယ္လိုမ်ား
ပတ္သက္လဲ လို႔ေတြးေနတာ''

''ဒါနဲ႕ ဆရာမက ဘယ္လိုသိတာလဲဟင္''

သံစဥ္ႏွင့္ ရိပ္တို႔ ေျပာေနၾကသည္ကို ဝတ္ရည္က
ဝင္ေမးလိုက္ျခင္းျဖစ္သည္။

''အဲ့ဒါက မေန႕က ငါကားမွတ္တိုင္မွာ ကားေစာင့္ေနတုန္း
မမ ေတြ႕သြားတာထင္တယ္''

''ေအာ္''

''ဘာလို႔ နင္က အတင္းေခၚတာလို႔ေျပာလိုက္တာလဲ ရိပ္ရဲ႕''

'' အဲ့ဒါ ငါနင္တို႔ အျပစ္ေပးခံရမွာ စိုးလို႔ပါ''

''ရိပ္ကလည္းဟာ ငါတို႔ကသူငယ္ခ်င္းေတြပဲ။
အျပစ္လုပ္ေတာ့လည္း အတူတူ။ အျပစ္ေပးခံရေတာ့လည္း
အတူတူေပါ့ ဟ''

''ေအးေလဟာ အခုေတာ့ ဆရာမက နင့္ကို
အထင္လြဲမွာေပါ့''

႐ႊန္းလဲ့၏ အေျပာအား ေကာင္းခန့္ကလည္း ေထာက္ခံဟန္
ေျပာလာသည္။

'' ဒါေပမဲ့ ငါနေမာ္နမဲ့ နိုင္လို႔ အားလုံးမိရတာေလ
ငါ့မွာ တာဝန္ရွိတာေပါ့''

''အဲ့လိုလည္း ဘယ္ဟုတ္ပါ့မလဲဟာ''

''ဒါနဲ႕ ရိပ္ နင္ေရာ အရိုက္ခံရလားဟင္''

''အင္း... နည္းနည္းပါးပါး ပါ''

''ဘယ္ကိုရိုက္တာလဲဟင္ ''

''ေျခသလုံးကို''

''ျပၾကည့္ပါလားဟင္''

ဝတ္ရည္ငယ္ကေတာ့ စပ္စုစိန္မို႔ အက်င့္အတိုင္း စပ္စုေလရဲ႕။ရိပ္လည္း ေျခသလုံးေလးေပၚေအာင္  ထဘီေလးနဲနဲဆြဲ မလိုက္သည္။ ထိုအခ်ိန္ ေျခသလုံးထက္က နီညိုေရာင္
အရွိုးရာမ်ားအား ျမင္သည့္အခါ ဝတ္ရည္အပါဝင္ က်န္သုံးေယာက္ပါ ပါးစပ္အေဟာင္းသား။

''ရိပ္ နင္ဘယ္ႏွခ်က္ေတာင္ အရိုက္ခံရတာလဲဟင္''

သံစဥ္က ဝမ္းနည္းစြာ ေမးလာခဲ့သည္။ ကိုယ့္သူငယ္ခ်င္း
အခုလို မိမိတို႔ကို ကာကြယ္ေပးရင္း ျဖစ္ရတာေလ
ဘယ္စိတ္ေကာင္းပါ့မလဲ။

''၁၅ခ်က္''

''ဟမ္...၁၅ခ်က္ေတာင္လား''

''အင္း''

''အရမ္း နာေနမွာပဲ ရိပ္ရယ္''

''ငါအဆင္ေျပပါတယ္ နာေတာ့နာတာေပါ့ဟာ
ဒါေပမဲ့ မမ စိတ္ဆိုးေနေတာ့ ငါမခံစားနိုင္ဘူး။
မမ စိတ္ပ်က္သြားမွာကို ေၾကာက္ေနမိတယ္''

သူငယ္ခ်င္းမ်ားကလည္း ရိပ္အား ဝိုင္းၿပီး ႏွစ္သိမ့္
ေပးၾကသည္။ ထို႔ေန႕တေန႕လုံး ရိပ္ စိမ္းႏွင့္ မ်က္ႏွာခ်င္းဆိုင္မေတြ႕ရေသး။ အဂ္လိပ္စာ အခ်ိန္လည္း ေက်ာင္းအစည္းအေဝး ရွိ၍ စိမ္း မဝင္ျဖစ္ခဲ့။ ထို႔ေၾကာင့္ ဒီေန႕
တေန႕လုံးေတာ့ ရိပ္ဟာ စိတ္မေကာင္းျဖစ္ကာ မွိုင္ေနမိေတာ့သည္။ နာက်င္ရတာေပါ့ အခ်စ္ရယ္။
မင္း ရဲ႕ စိတ္ပ်က္စြာ ၾကည့္လိုက္တဲ့အၾကည့္တခ်က္က
ကိုယ့္ရင္ထဲ ေသမတတ္နာက်င္ရပါတယ္ကြယ္။

ရိပ္ ဧည့္ခန္းအတြင္းသို႔ ေရာက္ေသာ္ စိမ္းအားမေတြ႕မိ။
ရိပ္ စိတ္ထဲ ဝမ္းနည္းစိတ္တို႔လွိုက္တက္လာၿပီး ငိုခ်င္မိေတာ့သည္။ မိမိကိုမ်ား ေရွာင္ေနတာလားဟူသည့္
အေတြးမ်ားႏွင့္ပင္။ မ်က္စိေအာက္က အေပ်ာက္မခံနိုင္သည္အထိ စြဲလမ္းေနမိၿပီ ထင္ပါရဲ႕။ထိုအခ်ိန္
ေဒၚသႏၱာ ေရာက္လာၿပီး.....

''ရိပ္....စာလုပ္ေနႏွင့္အုံးေနာ္... စိမ္းခဏေန လာလိမ့္မယ္''

'' ဟုတ္ ေဒၚေလး''

ရိပ္လည္း ေဒၚသႏၱာေျပာသည့္အတိုင္း စာအုပ္ေလးဖြင့္ကာ
စာထဲသာ စိတ္ႏွစ္ထားလိုက္သည္။ ၅မိနစ္ အၾကာ အိမ္ေရွ႕မွ
ကားစက္သံအား ၾကားလိုက္ရသည္။စိမ္း အိမ္ထဲသို႔
ဝင္လာေသာ္လည္း ဧည့္ခန္းအတြင္းသို႔ တခ်က္သာၾကည့္ၿပီး
အိမ္အေပၚထပ္သို႔ တက္သြားသည္။ စိမ္း၏ မ်က္ႏွာမွာ
သာမန္ပင္ ျဖစ္ေပမယ့္ ရိပ္ကေတာ့ မိမိအားစိတ္ဆိုးေနသည္ဟုသာ ေတြးေနေလသည္။ ခဏအၾကာ စိမ္း ေအာက္သို႔ ျပန္ဆင္းလာၿပီး ဧည့္ခန္းဝသို႔ ေရာက္သည့္အခါ အိမ္ေရွ႕မွ
ကားသံေၾကာင့္ တံခါးဆီသို႔သာ ျပန္ ထြက္လာခဲ့သည္။
ထိုဧည့္သည္ဟာ စိမ္းတို႔သူငယ္ခ်င္း ေလးေယာက္ထဲမွ
ရဲေနာင္ ဆိုသည့္သူပင္။ သူငယ္ခ်င္း ေလးေယာက္ထဲမွ
ရဲေနာင္ႏွင့္ ကလ်ာတို႔ကေတာ့ ခ်စ္သူရည္းစား ေတြေပါ့။

''ရဲေနာင္.. လာ အိမ္ထဲဝင္...ကလ်ာေရာ''

''ေအး ကလ်ာက.... ေရွ႕နားက g&gမွာ ဝယ္စရာရွိလို႔
ဆင္းေနခဲ့တာ။ခဏေန လိုက္လာလိမ့္မယ္''

''ေအာ္''

ဧည့္ခန္းအတြင္းသို႔ စိမ္းႏွင့္အတူ ပါလာေသာ အမ်ိဳးသား
တေယာက္ေၾကာင့္ ရိပ္မ်က္ေမွာင္က်ဳံ႕ လိုက္သည္။
စိတ္ထဲတြင္လည္း ထိုသို႔ အမ်ိဳးသားတဦးႏွင့္ ျမင္လိုက္ရျခင္းအား လုံးဝ အလိုမက်။

''ရဲေနာင္... ထိုင္..''

ထိုအမ်ိဳးသားအား ၿပဳံးျပေနသည့္ စိမ္း၏ အၿပဳံးတို႔ေၾကာင့္
ရိပ္ ေဒါသစိတ္မ်ား တရိပ္ရိပ္တက္လာၿပီး
လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္။

''ဒီက ဆိုင္ေတြကို နင္ပဲ ဦးစီးေတာ့မွာေပါ့''

''ေအးဟ... ငါ့မိဘေတြလည္း အသက္ႀကီးၿပီဆိုေတာ့
သူတို႔ကိုလည္း မပင္ပန္းေစခ်င္ေတာ့လို႔ေလ''

''ေအာ္..ေကာင္းပါတယ္''

ရဲေနာင္ကေတာ့ ''jewel Gallery  ''ဆိုသည့္ လက္ဝတ္ရတနာ ပစၥည္းဆိုင္ပိုင္ရွင္၏ သားႀကီးတေယာက္ျဖစ္ေပသည္။
အရင္ကေတာ့ျပင္ဦးလြင္ ကၿခံလုပ္ငန္းေတြကို ဦးစီးေသာ္လည္း ယခု ညီျဖစ္သူက ေက်ာင္းၿပီးၿပီမို႔ ၿခံလုပ္ငန္းမ်ားအား တာဝန္လႊဲကာ ရန္ကုန္သို႔ျပန္လာခဲ့ျခင္းျဖစ္သည္။

ထိုအခ်ိန္ ရဲေနာင္သည္ သူတို႔ ထိုင္ေနသည့္ မ်က္ေစာင္းထိုးက စားပြဲေလးရွိ ရိပ္အား သတိျပဳလိုက္မိသည္။

'' ဒါနဲ႕စိမ္း...ဒီကေလးက....''

''ေအာ္ အဲ့ဒါ ငါ့တပည့္ေလ''

''တပည့္''ဟု ေျဖလိုက္ျခင္းေၾကာင့္ ရိပ္ဟန္ပင္မေဆာင္နိုင္ပဲ
မ်က္ႏွာမွာ တည္တင္းကာေနေတာ့သည္။ တကယ္ဆိုရင္လည္း တပည့္ပဲ မဟုတ္လား။ သို႔ေသာ္ ရိပ္ကေတာ့
သဝန္တိုမႈေၾကာင့္ ဘာကိုမွပင္ မမႈနိုင္ေတာ့။ ခဏအၾကာ
ရိပ္ စိတ္ရႈပ္ေနမႈေၾကာင့္ မတ္တပ္ထရပ္လိုက္ၿပီး....

''ဆရာမ''

မမ လို႔မေခၚပဲ ဆရာမ လို႔ေျပာင္းလဲေခၚလိုက္မႈေၾကာင့္
စိမ္းလည္း အနည္းငယ္ ေၾကာင္သြားမိသည္။ ဘာေၾကာင့္မ်ားလဲ ဆိုသည့္အေတြးႏွင့္ေပါ့။

''အင္း..ရိပ္ ေျပာေလ''

'' ဒီ ဦးေလးႀကီး အတြက္ မုန့္သြားယူေပးရမလား''

ရဲေနာင္အား ေမးေငါ့ကာ ေျပာလိုက္သည့္ စကားေၾကာင့္
စိမ္း ရယ္ခ်င္စိတ္အား မနည္းထိန္းထားရသည္။
ရိပ္ ၏ ႏႈတ္ခမ္းေလးဆူကာ လူႀကီးတေယာက္ကဲ့သို႔
ေဒါသႀကီးေနပုံမွာ ခ်စ္စရာပင္။ ရဲေနာင္ကေတာ့ ႐ုတ္တရက္
ဦးေလးႀကီးလို႔ အေခၚခံလိုက္ရသည္ေၾကာင့္ ပါးစပ္ေလးအေဟာင္းသားႏွင့္။

''အင္း ေနာက္မွာ ေဒၚေလးရွိတယ္။ ေဒၚေလးကို
စီစဥ္ခိုင္းၿပီး ယူလာခဲ့လိုက္ခဲ့''

စိမ္းအား ဘာမွပင္ျပန္မေျပာပဲ ရဲေနာင္အား
ဘုၾကည့္တခ်က္ၾကည့္ကာ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္
ထြက္သြားေသာ ရိပ္၏ ပုံစံမွာ ေဒါသျဖစ္ေနေသာ္လည္း
စိမ္းအတြက္ကေတာ့ တကယ္အူယားစရာပင္။

''ဟဲ့..စိမ္း..နင့္တပည့္ကေလ ငါ့မ်ားအျမင္မၾကည္ဘူးလား
မသိဘူးေနာ္''

''ေအးေလ..ဟုတ္မွာေပါ့...နင့္ပုံကလည္း
အျမင္မၾကည္ခ်င္စရာကိုး''

စိမ္းလည္း ရဲေနာင္အား စေနာက္ကာ စကားဆိုလိုက္သည္။
ရဲေနာင္ကလည္း လူအကဲခတ္ေတာ့ ေတာ္ပါေပရဲ႕။

''ေဒၚေလး...ေရွ႕မွာ ဧည့္သည္ေရာက္ေနလို႔
အဲ့ဒါ သူ႕အတြက္ မုန့္လာယူေပးတာ''

''ေအာ္..ေအးေအးသမီး..ေဒၚေလး စီစဥ္ေပးမယ္ေနာ္''

အိမ္ေနာက္ေဖးခန္း သို႔ေရာက္သည္အထိ ရိပ္မ်က္ႏွာမွာ
ဆူပုတ္ေနဆဲ။ ခဏအၾကာ ဧည့္ခန္းထဲသို႔ မုန့္ဗန္းေလးကိုင္ကာ ဝင္လာခဲ့သည္။ ရဲေနာင္ေရွ႕ မုန့္ဗန္းေလးအား မသိမသာ
ေဆာင့္ခ်ၿပီး......

''ဦးေလးႀကီး စားဖို႔ မုန့္ ''

ထိုအခါ ရဲေနာင္လည္း မ်က္လုံးေလး ျပဴးေၾကာင္ေၾကာင္ႏွင့္
ရိပ္အား ေမာ့ၾကည့္ၿပီး....

''အာ..ဦေလးႀကီးတဲ့လား... ''

''အင္းေလ... ဘာလို႔လဲ''

''ေအာ္...ဘာမွမျဖစ္ပါဘူး...အဟမ္း''

ဘုဆက္ဆက္ႏွင့္ မသိမသာ ရန္ေတြ႕ေနေသာ ရိပ္အား
ၾကည့္၍ စိမ္းမသိမသာေလး ရယ္ေနမိသည္။ ထိုအခ်ိန္
အခန္းထဲသို႔ ကလ်ာလည္း ေရာက္လာခဲ့သည္။
ရိပ္က ကလ်ာအား ေခါင္းေလးငုံ႕ကာ ႏႈတ္ဆက္လိုက္ၿပီး
စာေရး စားပြဲသို႔ျပန္လာကာ လုပ္စရာရွိသည့္စာကိုသာ
လုပ္ေနေတာ့သည္။ မ်က္ႏွာကေတာ့ ဆူပုတ္ေနဆဲ။
သူငယ္ခ်င္း သုံးေယာက္သား ဆုံေတြ႕ခိုက္ စကားလက္စုံက်ၿပီး မိနစ္ ၂၀ခန့္ ၾကာသြားခဲ့သည္။

''ဒါဆို စိမ္း ငါတို႔ ျပန္ေတာ့မယ္ေနာ္
ပိတ္ရက္မွပဲ လာေတာ့မယ္။ နင္လည္း ရိပ္ကို
စာသင္ရအုံးမွာဆိုေတာ့''

''ေအးေအး.. ကလ်ာ''

''ဒါနဲ႕ စိမ္း ရိပ္ကဘာျဖစ္ေနတာလဲ။
မ်က္ႏွာက ဆူပုတ္ေနတာပဲ''

ကလ်ာက စိမ္းနားကပ္ကာ တိုးတိုးေလးေမးလိုက္သည္။

''ငါလည္း မသိဘူးေလ''

''နင္တို႔မိန္းကေလးေတြလည္းေနာ္ အားအားေန
အတင္းပဲ တုတ္ေနၾက သိလား''

''ဟဲ့..အတင္းတုတ္ေနတာ မဟုတ္ဘူးဟဲ့
အေရးႀကီး ကိစၥေျပာေနတာ''

ကလ်ာက ရဲေနာင္အား မ်က္ေစာင္းထိုးကာ ျပန္ေျပာလိုက္သည္။ရဲေနာင္ႏွင့္ ကလ်ာတို႔သည္ ခ်စ္သူရည္းစားျဖစ္ေသာ္လည္း သူငယ္ခ်င္းေတြလို ေပါ့ေပါ့ပါးပါး Relationship မ်ိဳးပင္။

''ေအးပါ...နင္ကလည္း ရန္ေတြ႕မယ္ ဆိုတာခ်ည္းပဲ''

ထို႔ေနာက္ ကလ်ာလည္း ရိပ္ဘက္သို႔ၾကည့္ကာ....

''ရိပ္.... ဆရာမ တို႔ျပန္ေတာ့မယ္ေနာ္''

''ဟုတ္ ဆရာမ''

''ဒါနဲ႕ မိတ္ဆက္ေပးရအုံးမယ္...ဒါ ဆရာမရဲ႕
သတို႔သားေလာင္းေလ ''

''ရွင္.... ဆရာမ က လက္ထပ္ေတာ့မွာေပါ့''

''အင္း..ေနာက္လေလ''

ရဲေနာင္အား သတို႔သားေလာင္းလို႔ မိတ္ဆက္ေပးလိုက္သည့္အခါ ရိပ္စိတ္ထဲ အေပ်ာ္ႀကီး ေပ်ာ္သြားေလသည္။
မ်က္လုံးေလးမ်ား အေရာင္လတ္လာၿပီး ခုနက ဆူပုတ္ေနေသာ မ်က္ႏွာႏွင့္ လားလားမွ်မတူ။

''ဝိုး..ဆရာမ နဲ႕ ဒီအစ္ကိုႀကီးက လိုက္တယ္သိလား။
ဒါေပမဲ့ ဆရာမ က ပိုေခ်ာတယ္ ဟီးဟီး..''

ဦးေလးႀကီးေခၚလိုက္ အစ္ကိုႀကီး ေခၚလိုက္ႏွင့္အေျပာင္းအလဲ ျမန္လွေသာ ရိပ္အား ရဲေနာင္ပင္
နားမလည္နိုင္ေတာ့ေပ။

Continue Reading

You'll Also Like

10.2M 641K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
99.3K 6K 32
ဘဝမှာတစ်စုံတစ်ယောက်ကိုချစ်မိသွားရင် အဲ့ဒီတစ်စုံတစ်ယောက်ကိုပိုင်ဆိုင်ဖို့ကြိုးစားမိကြမယ်မဟုတ်လား။ကျွန်မလည်းအဲ့ဒီအတိုင်းပါပဲ။ကျွန်မ တစ်စုံတစ်ယောက်ကိုပိ...
22.6K 827 5
မာနခဲလေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းချိုချိုးလေးပါ
1.8K 128 5
ပြိုင်ပွဲတစ်ခုမှာအနိုင်အရှုံးရှိရင် ကိုယ်ဆိုတဲ့လူကလဲအနိုင်ပဲလိုချင်တာ ဒါဆိုအချစ်ပြိုင်ပွဲဆိုရင်ကော? Z+U × ၿပိဳင္ပြဲတစ္ခုမွာအနိုင္အရႈံးရွိရင္ ကိုယ္ဆိ...