Sad But True ( Completed )

بواسطة Suu_KaNyar

2.7K 95 11

စချစ်တာမောင်ဆိုရင် ဆက်ချစ်တာ ကိုယ်ပေါ့ المزيد

Hey!
Part - 1
Part - 2

Part - 3 (End)

609 28 7
بواسطة Suu_KaNyar

မရေမရာဖြစ်လာသော ဩဂုတ်ညတွေ.....

တဖြည်းဖြည်း မောင်က ကျွန်တော့်အပေါ် အေးစက်လာခဲ့ပြီ။ မောင်နဲ့ conservation တွေက အရင်လို မနွေးထွေးတော့။ စကားပြောနေကြတာမျိူးမဟုတ်ပဲ...မောင်က ကျွန်တော် တစ်ခုခုမေးမှသာ ဖြေသည့်သဘောမျိူး။

မောင့်ဘက်က စကားစပြောသည်က ရှားလာသည်။ မောင်ပြောင်းလဲလာတာကို ရိပ်မိသလောက်...မောင့်ကိုဆွဲထားဖို့ ကျွန်တော် အမျိူးမျိူး ကြံစည်နေခဲ့ရသည်။ ဘယ်လိုမျိူးဆို မောင် ကျွန်တော့်နား ကြာကြာနေမလဲပေါ့။

တစ်ချိူ့ရက်တွေမှာ ကျွန်တော် စကားမပြောပဲ နေကြည့်သည်။ ထိုအခါ မောင်လည်း လာမပြောတော့ပါ။ မာနစိတ်ခံလေးဖြင့် တင်းခံနေသော်လည်း....မောင်က မောင်ဖြစ်နေသေးတာမို့ ကျွန်တော့်ဘက်က အကြိမ်ကြိမ် အလျော့ပေးကာ မောင့်အနား ပြန်ပြန်ရောက်လာခဲ့သည်။

မကြာမီ ကျွန်တော့်မွေးနေ့ရောက်တော့မည်။ အိမ်မှာ ပွဲလုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။ အကြောင်းအရင်းကတော့ မောင့်ကို လာစေချင်လို့ပင်။ မောင့်ကသူ့ကိုယ်သူ မပြည့်စုံသူ ဟုသတ်မှတ်ထားသော်လည်း ကျွန်တော် ဆိုသည့် လူသားကလည်း ပြီးပြည့်စုံနေတာမျိူး မဟုတ်ကြောင်း မောင့်ကိုပြချင်ခဲ့သည်။

ဩဂုတ်လအစတွေထဲက မွေးနေ့ အကြောင်း ကျွန်တော် စကားကိုစထားသည်။ ရက်အတိအကျပါ ကျွန်တော် ပြောပြထားပြီးသားပင်။

သို့သော်... သို့....သော်.....မွေးနေ့မရောက်ခင်တစ်ရက်လိုထိ မောင်ဟာ ကျွန်တော့်မွေးနေ့ကို စိတ်ဝင်စားခြင်း အလျင်းမရှိခဲ့။

ဝါဆိုသင်္ကန်းကပ်နှင့်မွေးနေ့ကို ရောလုပ်မည်ဖြစ်၍ မွေးနေ့မတိုင်ခင်ညနေက သင်္ကန်းခြင်းတို့အား ထွယ်ဝယ်ခဲ့သည်။

တစ်နေ့လုံး မွေးနေ့ကိစ္စအတွက်အလုပ်ရှုပ်နေ၍ မောင်နဲ့ စကားတောင်မပြောရသေး။ သင်္ကန်းဝယ်ပြီး ပြန်အလာ...မောင့်အား စကားစရန် ဖုန်းကို ဖွင့် အမြဲစိမ်းလျက်ရှိသော မောင့်အကောင့်လေးဆီသို့

'' ဟိတ် ကောင်လေး ဘာတွေလုပ်နေလဲ ''

'' ဘာမှ မလုပ်ပါဘူး ဒါနဲ့ ခင်ဗျားရော ''

ဒီမေးခွန်းအတွက် ကျွန်တော် ပျော်သွားသည်မှာအမှန်ပင်။

'' မနက်ဖြန်အတွက် သင်္ကန်းထွက်ဝယ်တာ စောနကမှ ပြန်ရောက်တယ် ''

စိတ်ထဲ ဆုတောင်းမိတာ မောင် ကျွန်တော့်မွေးနေ့လေးတော့ မှတ်မိလောက်ပါစေပေါ့။ သိူ့သော်

'' သင်္ကန်း... ?? ဘာအတွက်လဲ ''

ဟော ကျွန်တော် ရင်ထဲ ဆစ်ခနဲ။

မောင်က သူသဘောကျပါသည်ဆိုတဲ့ကျွန်တော့် မွေးနေ့လေးတောင် မှတ်မထားဘူးလား။

'' မနက်ဖြန် ကိုယ့်မွေးနေ့လေ ''

'' ဪ မနက်ဖြန်လား..''

ဒါပဲ....မောင့်ဆီက တုန့်ပြန်မှုက ဒါပဲ....ကျွန်တော် ခပ်ရွဲ့ရွဲ့တောင်ပြုံးမိသွားသည်။

မောင့်မွေးနေ့တုန်းကဆို  ကျွန်တော် ကိုယ်တိုင် အော်ဒါမှာထားတဲ့ကိတ်လေးကိုင်ပြီး မောင့်ဆီသွားဖူးသည်။ အိမ်ကတောင်အသိအမှတ်မပြုသည့် မွေးနေ့လေးပါပဲဟူသော မောင့်စကားက ကျွန်တော့်ရင်ထဲ စူးတစ်ချောင်းလိုပင်။ ထို့ကြောင့် မွေးနေ့ကိတ်လေးတော့ မောင့်ကိုခွဲစေချင်သည်။

သို့သော် လမ်းတစ်ဝက် တွင် မောင်တင်လိုက်သော
ပို့စ်တစ်ခုကြောင့် ကျွန်တော် ကိတ်လေးကိုင်ပြီး အိမ်ကိုသာပြန်ဖူးသည်။

အဖြူရောင်နှင်းဆီပန်းစည်းတစ်စည်းနဲ့ သေသပ်လှပကာ ထည်ဝါနေသော အဖြူရောင် ကိတ်မုန့်တစ်လုံး။ ပို့ပေးသူကို မောင်မသိပါဘူးတဲ့။ ဒါပေမယ့် ကျေးဇူးတင်ကြောင်းကို မောင် ရေးတင်ထားသည်။

အိမ်လိပ်စာသိ၍ အိမ်ထိတောင်ရောက်လာသည်ဆိုတော့ ပို့ပေးသည့် ပုဂ္ဂိုလ် က မောင်နဲ့ သာမန်ကာလျှံကာ သိရုံလောက်ဖြစ်နိုင်ပါ့မလား။

အဲ့သည့် အချိန်ထိ ကျွန်တော်မောင့်အိမ်လိပ်စာ အတိအကျ ကို မသိသေးပါ။ ကားဂိတ်မှာသာ ကျွန်တော်တို့ တွေ့တွေ့ဖြစ်ခဲ့ကြသည်မို့ အိမ်လိပ်စာအတိအကျကိုမေးမထားမိ။

ပထမဆုံး မှမဟုတ် ဘာမှ မလိုချင်တာ ကျွန်တော့် စရုိက်ဗျ....

မောင့်ကိုပြောပြတုန်းကတောင် မောင်က ဝမ်းနည်းသွားသေးသည်။ မတတ်နိုင်ပါ အဲ့ ဇွန်နေ့တွေက မောင့်အပေါ် ကျွန်တော်က နိုင်စားနေတဲ့ကာလလေ။

အခုများတော့....မောင့်က ကျွန်တော်မွေးနေ့တောင် မမှတ်ထားပေ။

အကြိမ်ကြိမ် အခါခါ မွေးနေ့ကို ဖိတ်ဖူးပါသော်လည်း မောင်က လူကြောက်တတ်သည်ဆိုသော စကားတစ်ခွန်းကြောင့် ကျွန်တော် လက်လျော့လိုက်ရသည်။

မှန်သော အတ္တပါ မောင်....
မွေးနေ့လေးကို တခြားသူတွေထက် မောင်နဲ့အတူ ဖြတ်သန်းချင်ခဲ့တာ ။

အဲ့သည်လိုနဲ့ မွေးနေ့လေးတောင် မှတ်မထားသော မောင့်ကို တစ်ဖက်သတ်စိတ်ဆိုးနေခဲ့လိုက်မိသည်။ သို့သော် မောင်မသိပါ။

မနက် တရားနာချိန်ကနေ ညနေစောင်း ထိ မောင် ရောက်လာနိုင်သည်ဟူသော မျှော်လင့်ချက်တစ်စွန်းတစ်စက ရှိသေးသည်။

စပရိုက်ဆိုသော အရာကို ကျွန်တော်မမက်ခဲ့ပေမယ့် မောင်ရောက်ရင်လည်း ရောက်လာနိုင်သေးသည်မလား။ ကျွန်တော် ညနေက မောင့်ကိုစိတ်ဆိုးထားတယ်လေ။

ကျွန်တော်မေ့သွားခဲ့တာက ကျွန်တော် စိတ်ဆိုးနေကြောင်းတော့ မောင့်ကို မပြောပြမိခဲ့ဘူး။

မောင်နဲ့ ကျွန်တော်ဟာ အရင်းနှီးဆုံး သူစိမ်းတွေဆိုတာ မောင်နဲ့ကျွန်တော် သာအသိဆုံးဖြစ်ပါသည်။

မွေးနေ့လေးမှာ မောင့်ဆီက Attention တစ်ခုခုကို ကျွန်တော်ရသင့်သည်မဟုတ်လား။

ဥပမာ....ခင်ဗျား မွေးနေ့က ဘယ်လိုလဲ လူများလား...ပျော်ရဲ့လား...မလာနိုင်တဲ့အတွက် တောင်းပန်ပါတယ်...

စတာမျိူးတွေပေါ့ လိုလိုလားလားခေါ်ခဲ့တာတောင် မရောက်လာနိုင်တဲ့မောင့်မှာ အားနာစိတ်နဲ့ ကျွန်တော့်အပေါ် ပို ယုယပေးနိုင်ခဲ့မယ်ထင်ခဲ့တာ..

သို့ပေမယ့် ထိုကျွန်တော့်မွေးနေ့ တစ်နေ့လုံးစာအတွက် မောင့်ဆီက '' Happy Birthday Pr '' တဲ့

ဒါပါပဲ ကျွန်တော့်မွေးနေ့တစ်နေ့စာအတွက်  မောင့်စေတနာ ဒါပါပဲ။

မသိစိတ်မျှော်နေခဲ့တာလေးလည်းရှိသေးဗျ။

ကျွန်တော်က မောင့်အတွက် VIP လေ အဲ့တော့... မွေးနေ့လက်ဆောင်အဖြစ် Chibi လေး များရမလား... portraits လေးများရမလား ခဲခြစ်လေးများရမလား.....

စိတ်ဆိုးနေတာဆိုတော့ မောင်ဘယ်အချိန်မှာများ ကျွန်တော့်ကို ဒီလိုလေးပေးပြီး ချော့မှာလဲ။

လိုချင်လွန်း၍ မဟုတ်ပေမယ့် မောင့်ဆီက သီးသန့်ဆန်တဲ့
ေမတ္တာစေတနာတစ်ခုကို မျှော်လင့်ခဲ့မိယုံပါ။ ကျွန်တော့်အတွက် ဆိုပြီး မောင်တတ်နိုင်တာလေးနဲ့ ဖြည့်ဆည်းပေမယ့် မောင့်ယုယမှုကို ကျွန်တော် တောင်းတခဲ့တာ။

ည ၁၂နာရီ....ကျွန်တော့်မွေးနေ့ မကျော်ခင်အထိ ကျွန်တော် ရူးရူးမိုက်မိုက် စောင့်နေခဲ့သေးတာ။

နာရီလက်တံက မနက် ၄နာရီကို ညွှန်နေချိန်မှာတော့ ကျွန်တော် လက်လျော့လိုက်ရလေပြီ။

​မောင် ကျွန်တော့်မွေးနေ့နဲ့ပတ်သတ်ပြီး ဘာမှ မရှိခဲ့ပေ။ အလွန်ဆုံး ကျွန်တော် နဲ့စကားလေးတောင်မပြောပေးနိုင်လောက်တဲ့အထိ မောင်က အလုပ်ရှုပ်နေခဲ့သည်။

မောင့်ကိုစိတ်ဆိုးပါသည်။ ပေါပေါပဲပဲ ခင်မင်ရင်းနှီးကြသည့် မိတ်ဆွေတွေလည်းမဟုတ်ပါပဲ။ မောင့်လုပ်ရပ်တွေက သိပ်ကို သူစိမ်းဆန်သွားခဲ့လေပြီ။

၂ရက်လောက် စကားသွားမပြောခဲ့ပါ။ ထို့အတူ မောင်လည်း လာမပြောခဲ့။

ဘယ်လောက်တောင် ပြောင်းလဲသွားတာများလဲ မောင်။

မနေနိုင်သော ကျွန်တော် ကတော့ မောင့်ကို စကားပြန်ပြောခဲ့ပါသည်။

'' ကိုယ်စိတ်ဆိုးနေတယ် မင်းကို ''

'' ဗျာ ကျွန်တော် ဘာလုပ်လို့လဲ ''

အနားမှာသာရှိရင် ဆွဲဆက် လုပ်ပစ်လိုက်မှာပင်။

အဲ့တော့ သည်ရက်ပိုင်းတွေမှာ ကျွန်တော်ကသာ တစ်ဖက်သတ်ကြီး ခံစားနေခဲ့ရတာပေါ့။

အဲ့ညက မောင်နဲ့ကျွန်တော် အကြီးအကျယ် ရန်ဖြစ်ခဲ့ကြသည်။

ပထမဆုံးပင် မောင့်ကိုဘယ်လောက်ချစ်ပါသည့်ဆိူသည့်အကြောင်းတွေ ကျွန်တော်ပြောမိသွားသည်။

မောင်က ကျွန်တော် သုံးနှစ်အတွင်း ပထမဆုံး ပြန်ချစ်မိသည့်လူသားပင်။ မောင့်မှာ ဘာမှ မက်မောစရာ တွေရှိမနေသည့်တိုင် မောင့်ကိုသာ ကျွန်တော်ရွေးချယ်ခဲ့မိသည်။

စကားလုံးတွေအများကြီးနဲ့ ကျွန်တော့်ခံစားချက်အား မောင့်အားဖွင့်ဟဝန်ခံခဲ့သည်။ သို့သော် မောင် ထပ်တလဲလဲ ပြောနေသည်များက....

'' ကျွန်တော် မရည်ရွယ်ခဲ့ပါဘူး။ ''

'' ခင်ဗျားကို နာကျင်အောင်လည်း မလုပ်ခဲ့မိပါဘူး ''

'' တကယ် မရည်ရွယ်ပဲ ဖြစ်သွားတာပါ။ ''

ကျွန်တော်က ကျွန်တော့်ခံစားချက်တွေကို မျက်ရည်တွေနဲ့ပြောပြနေသလောက် မောင်ဟာ သူ့ကို ကျွန်တော် အပြစ်ပြောနေသည်ဟုထင်ကာ ဇွတ်တွေကို သူမဟုတ်ပါဘူး ။ သူက အဲ့သည်လိုလူမဟုတ်ပါဘူးဆိုတာကို ဖန်ခါတလဲလဲ ပြောနေခဲ့သည်။

မောင့်စိတ်ထဲမှာ ရှေ့နှစ်လ က ကျွန်တော် တို့ပတ်သက်မှုတွေဟာ ဘာတွေများလဲ။

အနီးဆုံးတွေဟု ကျွန်တော်ထင်ခဲ့တာ တကယ်တော့ ကျွန်တော်တို့ဟာ တဖြည်းဖြည်း ဝေးလာခဲ့ကြတာပဲ။ ကျွန်တော်ပြေးပြေးလိုက်နေလို့ မသိသာတာများလား။

'' ခင်ဗျား ကျွန်တော့်ကို ချစ်နေမှန်းလည်းတကယ်မသိခဲ့ပါဘူး ''

ကျွန်တော် မျက်ရည်တွေနဲ့ရီချမိသည်။

'' အဲ့တော့ ကိုယ် ဒီလောက် ရှင်းရှင်းလေး ပြနေခဲ့တာတောင် ကိုယ့်အချစ်ကို မင်းမြင်ဖို့မလုံလောက်ခဲ့ဘူးလား။ ''

''. ....''

'' ကိုယ်လိုသွားခဲ့တာပဲနေမှာပါ။ မင်းမြင်အောင်မပြနိုင်ခဲ့တာကိုယ့်အမှားပဲ ''

'' မဟုတ်ဘူး ကျွန်တော် အဲ့လိုမရည်ရွယ်ပါဘူး။ ကျွန်တော့်ကြောင့်ဘယ်သူ့ကိုမှ မနာကျင်စေချင်ပါဘူး ''

ကျွန်တော် ဘာမှ ပြန်မပြောဖြစ်ခဲ့။ ဒီလောက်အများကြီး ပြောပြနေတာတောင် မောင်က အခုထိ ကျွန်တော့် စကားတွေကိုရှောင်ကာ ပြောနေတုန်း။

'' ကျွန်တော် အရင်က သစ္စာဖောက်ခံဖူးလို့ အချစ်ကိုကြောက်နေတာပါ။ ကျွန်တော် ထပ်ဖြစ်မှာကြောက်တယ်။ ''

'' မင်းယုံကြည်ရလောက်အောင် ကိုယ် မပြုမူခဲ့ဘူးထင်ပါရဲ့ ''

'' ခင်ဗျား ဘာဖြစ်နေတာလဲ ခင်ဗျားပြောတော့ တစ်ယောက်ကိုတစ်ယောက် သဘောကျနေရုံအဆင့်ပဲဆို ''

'' ဟက်...မင်း အမြင်မှာ ကိုယ်က သဘောကျရုံလေး ဆက်ဆံနေတယ်လို့ထင်နေခဲ့တာလား ''

''. ...''

'' မင်း မင်း ကွာ....ဒီလောက် ချစ်ပေးနေခဲ့တာတောင် ''

'' ကျွန်တော် လည်း မရည်ရွယ်ခဲ့ဘူးလေ။တစ်ချိန်က ခင်ဗျားပဲထွက်သွားမှာစိုး အဲ့တာကြောင့် ကျွန်တော် ခပ်ခွာခွာကနေ သံယောဇဉ် မတွယ်မိအောင်ပဲနေနေတာ ''

ကျွန်တော်အရူးတစ်ယောက်လို အော်ရီမိလိုက်သည်။
မျက်ရည်တွေနဲ့စိုရွဲနေတဲ့ မျက်နှာတစ်ခုလုံးကို လက်နှစ်ဖက်နဲ့ ဖိသုတ်ပစ်လိုက်ပြီး...

'' မင်းက မင်းနှလုံးသားကိုပဲ ဂရုစိုက်တာနော်။ မင်းနာကျင်ရမှာကြောက်နေတာလေးတစ်ခုနဲ့ မင်းကိုယ့်နှလုံးသားကို ချနင်းလျက်သားဖြစ်နေတာကို မင်းမသိဘူး ''

'' ကျွန်တော် မရည်ရွယ်ဘူးလို့ပြောပြီးပြီလေ ဗျာ။ အခု ခင်ဗျား ဘာဖြစ်ချင်လဲ ပြော ကျွန်တော်အကုန်လိုက်လျောပေးမယ် ။တွဲချင်တာလား တွဲပေးမယ် ''

ကျွန်တော် ပြောပြမတတ်အောင်ရင်တွေ စို့နင်နေပါပြီ ။ အခုထိ သူ ကျွန်တော့် ခံစားချက်ကိုနားမလည်သေး။

'' တော်ပြီကောင်လေး ။ ကိုယ်နားလည်သွားပြီ ။ ဒီကိစ္စမှာ မင်းအမှား မရှိဘူး ဟုတ်ပြီလား။ မှားချင်မှား ချစ်မိတဲ့ကိုယ့်အမှားပဲ ဖြစ်လိမ့်မယ်။ ''

'' ကျွန်တော် ခင်ဗျားကိုသဘောကျတယ်။ သဘောကျတယ်ဆိုရုံပဲ။ အကိုတစ်ယောက်လိုပေါ့ ''

ရှင်းသွားခဲ့ပြီ...အဖြေဟာရှင်းရှင်းလင်းလင်းပါပဲ။ မောင် ကျွန်တော့်ကို ချစ်နေပြီဟု ထင်နေခဲ့မိတာ... တကယ်တော့ မောင်က ကျွန်တော့်ကို သဘောကျရုံလေးပဲကိုး။

အဲ့ညက ရန်ပွဲကိုရပ်လိုက်ပြီး မောင့်ဆီကနေ ထွက်လာလိုက်တော့သည်။ မောင်မှ မချစ်တာ ကျွန်တော်ဘာလုပ်ရတော့မှာလဲ။

အဲ့လိုနဲ့ မောင်နဲ့ ကျွန်တော်ဝေးခဲ့ရပြန်သည်။ တစ်ပတ်....နှစ်ပတ်.....အဲ့ရက်တွေက ကျွန်တော့်အတွက် ငရဲတမျှကို ပိုဆိုးနေခဲ့သည်။

အိပ်ချိန်စားချိန်ဆိုတာ မသိတော့သလို အခန်းထဲမှာပဲ တစ်ချိန်လုံးနေနေမိသည်။ အိပ်ချင်သော်လည်း အိပ်မရသည့်အခါ အိပ်ဆေးတွေကို စွဲစွဲမြဲမြဲသောက်လိုက်သည်။

မောင်က ညဘက်ကော်ဖီသောက်တာလုံးဝမကြိုက်။ သို့သော် မောင်လာဆူပါစေတော့ဆိုပြီး ကော်ဖီတွေ အများကြီး သောက်သည်။

အငွေ့တွေလွင့်နေသော ကော်ဖီနှစ်ခွက်ကိုထိုင်ကြည့်ရင်း ကျွန်တော်ဟာ မျက်ရည်တွေစီးကျနေခဲ့သည်။

ကြုံရင်ကြုံသလို ဆေးလိပ်တွေသောက်သည်။ အခန်းထဲကအမှိုက်ပုံးထဲမယ် ဆေးလိပ်တိုနဲ့ပြာတွေ။ စားပွဲပေါ်မှာ သောက်လက်စတွေနဲ့ သောက်ပြီးသားကော်ဖီခွက်တွေ။

အရင်က ဘာအနာအဆာမှ မရှိသည့်ကျွန်တော့်မျက်နှာက အခုတော့ ရစရာမရှိအောင်ကို အဖုအထစ်တွေနဲ့ ကြောက်စရာကောင်းနေပြီ။

ဘုံဆိုင်တွေသွားသည်။ မူးမှ ပြန်လာသည်။ တစ်ခါတလေ အိမ်ထိပါ သယ်လာပြီး သောက်သည်။

မည်သို့ပင် ချစ်ပါသည်ဟုဆိုစေဦးတော့ မာနဆိုတာလေးကလည်းရှိနေပြန်တော့ မနေနိုင်သည့်တိုင် ကိုယ်ကအရင်သွားပြန်ခေါ်ဖို့ရာ မာနအခံက ခွင့်မပြုနေ။

သို့ပေမယ့်လည်း......

ကျွန်တော် သိ်ပ်သဘောကျရပါသော မောင့်လက် အပူလောင် သွားသည် ဟု ကြားလိုက်ရသောအခါ...ကျွန်တော် ရင်တွေ ပူလောင်ရပြန်သည်။

မောင် က အနာကြောင့် နာကျင်ရသည်ဆို မောင့်အနာကြောင့် ကျွန်တော့်ရင်က ပိုနာကျင်ရပေလိမ့်မည်။

ပူပန်လာသော စိတ်အစဥ်ကထိန်းမရသိမ်းမရမို့ ကျွန်တော် မောင့်မီးစိမ်းလေးဆီ အပြေးအလွှား သွားပြီ မေးမိလိုက်သည်။

'' လက်က သက်သာလား ကောင်လေး ''

'' အင်း ''

အင်းတဲ့ တစ်လုံးတည်းပါပဲ။ ကျွန်တော်လည်း ဘာမှမပြောဖြစ်တော့ ။ သို့ပေမယ့်တစ်ခုခုဆို ကြိတ်ကုတတ်သောမောင်က လက်အပူလောင်တာ အိမ်ကိုအသိပေးရဲ့လား။
မတော်၍ လက်က အမာရွတ်တွေဘာတွေကျန်နေခဲ့ရင်ရော.... အဲ့ဒါ ကျွန်တော် တယုတယနဲ့ မြတ်နိုးရတဲ့မောင့်လက်လေ။

အကယ်၍ မပြောပြ ထားဘူးဆို မောင့် ဆီ လိမ်းဆေးနဲ့ သောက်ဆေးတွေ.... အမာရွတ်ပျောက်ဆေးတွေ သွားပေးရန် ကျွန်တော်ဆုံးဖြတ်လိုက်သည်။ လိုအပ်လျှင် ဆေးခန်းထိပါ ကျွန်တော်ခေါ်သွားပြချင်သည်။

'' အိမ်ကရောသိလား။ အခုရောဆေးလူးထားလား ''

'' အင်းသိတယ်။ ဆေးလည်းလူးထားတယ် ''

အိမ်က သိသည်ဆိုတော့လည်း ကျွန်တော် မောင်နဲ့တွေ့ဖို့ အခွင့်အရေးမရပြန်တော့။ မောင်က ကျွန်တော့်ကိုမှ မချစ်တာလေ။ ကျွန်တော့် ဂရုစိုက်မှုကလည်း မောင်လိုချင်မှလိုမှာ။

ကျွန်တော့်ထင်မြင်ချက်ပေမယ့် မောင့်ပို့စ်တွေအောက်ကမိန်းကလေးတွေက မောင့်ကိုသိပ်ဂရုစိုက်နေကြသည်။ အဲ့သည့်အတွက် မောင်က ကျွန်တော်မရှိလည်းဖြစ်သည်။

နောက်တစ်နေ့ ဘားတစ်ခုကို သူငယ်ချင်း တွေနဲ့ရောက်သွားခဲ့သည်။ မောင်က ကျွန်တော့် စကားတွေကို အခုထိ အေးစက်စက်သာ ပြောနေသေးတာမို့ ရင်ထဲတေယ်တော်လေးမကောင်း။

အရင်က စကားတွေကို တောင်စဥ်ရေမရပြောသည့်မောင်က အခုတော့ အင်း တစ်လုံး တည်းသားပြောတော့သည်မို့ မောင့်ပြောင်းလဲမှုကိုကျွန်တော်ခံနိုင်ရည်မရှိခဲ့။

အဲ့နေ့က ရေချိန်ကိုက်ပြီး အမူးလွန်ခဲ့သည်။ မူးမူးနဲ့ပဲ လက်က မောင့် contact လေးကိုနှိပ်မိပြီး မောင့် ကိုခေါ်နေလေပြီ။

'' ဟယ်လို ''

ေမာင့်အသံလေးက နားထောင်လို့ကောင်းလိုက်တာ ...

'' သက်သာလား ကလေး။ ဆေးရောပုံမှန်လိမ်းနေရဲ့လား ''

မူးနေသော အသံအားမောင်ကရိပ်မိပုံပင်။

'' ခင်ဗျားမူးနေတာလား ''

'' နည်းနည်းပါ ''

ထိုစဥ် ဘေးက သူငယ်ချင်း မိန်းကလေးက စကားပြောလိုက်သည်ကို မောင်ကြားသွားသည်။ အထင်လွဲသွားသည်ထင် ဖုန်းကို တိခနဲ ချပစ်သည်။

ပြန်ခေါ်တော့ မောင်က ကျွန်တော့်ဖုန်းကို ဘလော့သွားလေပြီ။

အဲ့နေ့က အိမ်မပြန်ဖြစ်ပါ။ သူငယ်ချင်းရဲ့အိမ်မာပဲ လိုက်အိပ်ဖြစ်သည်။ ဒီပုံတိုင်းအိမ်ပြန်လျှင် အိပ်ပေါ်က ခေါင်းနဲ့ဆင်းရနိုင်သည်။

မောင့်ဥပေက္ခာ ဓားသွားက သိပ်ကို ထက်သည်။ နှလုံးသားကို မွှန်းသွားလိုက်တာများ.....သေသေသပ်သပ်။

အဲ့သည်လို ဩဂုတ်ညတွေကတော့ မောင့်ဆီက မရေရာတဲ့ မျှော်လင့်ချက်တွေကို တောင်းတရင်း ဆက်ခဲ့သည်။

စက်တင်ဘာညတွေ....စိတ်တွေသေနေပြီ....

ကျွန်တော် မောင့်ဆီ ပြန်သွားခဲ့သည်။ မောင့်ကို ကျွန်တော် မခွဲနိုင်ပါ။

တစ်ခါတလေ မောင်က အကြာကြီး စကားမပြောပဲနေသည်။ ကျွန်တော့် စာတွေအား Reply တွေကြာလာခဲ့သည်။

စက်တင်ဘာ ပထမပတ်တွေမှာ ကျွန်တော့်မိသားစု အလုပ် အချစ်ရေး အစစအရာရာ ဘာမှ အဆင်မပြေနေခဲ့။

ကျွန်တော့်အပူတွေအား မောင့်ကိုပြောပြဖို့လည်း ဆန္ဒမရှိ။ မောင်ပါ အပူကူးသွားရင် ကျွန်တော် ကိုယ့်ကိုယ်ကို ခွင့်လွှတ်မှာမဟုတ်။

အခြေအနေတွေဘယ်လောက်ဆိုးသွားသည်မသိ။

ကျွန်တော် စိတ်တွေသေ သွားတာကို သတိစထားမိသည်။

ပျော်ရွှင်းခြင်း ဝမ်းနည်းခြင်း ဘာမှမရှိ။ ခံစားချက်ဗလာဖြစ်နေသည်။ ခါတိုင်း မောင့်ကို ချစ်နေသည့်စိတ်တို့ လွမ်းသည့်စိတ်တို့ မောင် ဥပေက္ခာပြုသည့်အခါ ဝမ်းနည်း​တာ တို့....တကယ်ကို ဘာမှမရှိ။ ဘာမှလည်း လုပ်ကိုင်ချင်စိတ်မရှိ။ အိပ်ဆေးသောက်မှ အိပ်ပျော်သည်။

အရယ်အပြုံးဆိုတာလည်း ဇူလိုင် နောက်ဆုံးပတ်တွေကတည်းက ပျောက်သွားလေပြီ။

စိတ်ချရောဂါဘက်သို့ဦးတည်နေပြီမို့ စိတ်အထူးကုဆရာဝန် နဲ့ဆွေးနွေးဖို့အထိပါ ဖြစ်လာသည်။

သည်စက်တင်ဘာတစ်လလုံး ကျွန်တော်စိတ်တွေ သေသွားခဲ့သည်။ ဒီကြားထဲ မောင့်ကိုလည်း သိပ်အာရုံမစိုက်နိုင်။ မောင်ဆိုတာကလည ကျွန်တော်မှ စမပြောရင် ဘာမှပြောတတ်တဲ့သူမဟုတ်ပြန်တော့....မောင်နဲ့ကျွန်တော် ဝေးလာသလို ခံစားရပြန်ပြီ။

အောက်တိုဘာညတွေ....မချစ်နိုင်တာသေချာသွားပြီ

စိတ်ခံစားချက်တွေအကြောင်း မောင့်ကို ပြောပြဖြစ်တော့ မောင်က သနားသွားသည်နှင့်တူပါသည်။ အရင် စတွေ့ခါစ မောင့်ပုံစံ ပြန်ဖြစ်လာသည်။

ကျွန်တော့်ကို စကားတွေစပြောသည်။ ရယ်စရာတွေလည်းပြောသည်။ အရင်ကထက် ကျွန်တော့်ကို ပိုအချိန်ပေးလာသည်။

ထူးဆန်းပါသည်။ ဆရာဝန်နဲ့တောင်မဆွေးနွေးရသေး....ကျွန်တော် သက်သာလာနေပြီဟုခံစားလိုက်ရသည်။ ညဘက်တွေ အိပ်ဆေးမလိုတော့။ မောင်က အိပ်တော့ဟုပြောလျှင် နှစ်နှစ်ခြိုက်ခြိုက် ပင်။

ရက်နှစ်ဆယ်လောက် မောင့်ကို ကျွန်တော်ပိုင်ခဲ့သလိုခံစားရသည်။

'' မင်းက ကိုယ့်ကို ထားသွားဦးမှာ ''

'' နောက်တစ်ခါ မဖြစ်စေရဘူး ''

မောင်ပေးတာ ကတိမဆန်ပေမယ့် ကတိလို့ပဲ ကျွန်တော်သတ်မှတ်လိုက်သည်။ အဲ့တူန်းက ကျွန်တော်ထင်လိုက်တာ မောင့်စိတ်တွေ ကျွန်တော့်ဆီ ပြန်ယိုင်လာနေပြီလို့ပေါ့။

သိပ်မကြာပါ....ဘာမဟုတ်သည့်ကိစ္စလေးတစ်ခုနဲ့ရန်ဖြစ်အပြီးမှာ မောင်ကျွန်တော့်ဆီက လူံးဝ ထွက်သွားခဲ့သည်။

ပြန်လာနိုးနိုးနဲ့ စောင့်နေသော်လည်း တစ်ပတ်တိတိ မောင့်ဆီမှ ဘာစာတစ်စောင်မှ ရောက်မလာခဲ့။

လိုင်းတက်ရမှာကြောက်လာသည်။ မောင်စာပို့ထားဖို့မျှော်နေမိသလို မပို့ထားတာတွေ့ရင် ပိုရင်နာရသည်။

ကျွန်တော့်စိတ်တွေ ပြန်ကျလာပြန်လာသည်။ ညဘက်တွေကောင်းကောင်းအိပ်မရတော့။

မောင်က ကျွန်တော့်ကို သနားရုံသနားခဲ့တာ.... ချစ်လာတာမဟုတ်ဘူးပဲ

သေချာနေခဲ့ပြီ....သေချာသွားခဲ့ပြီ....
မောင်ကျွန်တော့်ကို မချစ်ဘူး။

တိကျပြတ်သားသည့်အဖြေတစ်ခုကိုကျွန်တော်လိုချင်နေပြီ။

မောင်က ဒဏ်ရာပေးလိုက် ဆေးပေးလိုက်လုပ်နေတဲ့ဒဏ်ကိုလည်း ကျွန်တော်မခံနိုင်တော့။

ကျွန်တော့်ဘက်ကနေပဲစပြီး မေးလိုက်ပါတော့သည်။

'' အနီးဆုံးမဟုတ်ရင် အဝေးဆုံးပေါ့ ကလေး။ မင်းရွေးချယ်ပေးပါ။ မင်းရဲ့မပြတ်သားမှုက ကိုယ့်ကို အတော်လေးအထိနာစေတယ် ''

'' ကျွန်တော် ခင်ဗျားကို သံယောဇဉ် ရှိပါတယ် ''

'' ကိုယ့်ကို မင်း ဘလော့ပေးပါ။ ဘာစာမှရောက်မလာတဲ့မင်းအကောင့်ကိုဝင်ဝင်ကြည့်ရတာ ကိုယ်ပင်ပန်းနေပြီ။ မင်းပိုစ်အောက်က ကောင်မလေးတွေကလည်း ကိုယ့်အသည်းကို အခါခါ ကွဲစေတယ်။ ''

'' ကျွန်တော် မဘလော့ပေးနိုင်ဘူး။ ''

'' ကိုယ်တောင်းဆိုနေတာပါ ။ ကိုယ့်အနားမှာ မနေပေးနိုင်ရင် အဝေးဆုံးကိုထွက်သွားလိုက်ပါတော့။ ကိုယ်အရမ်းပင်ပန်းနေပြီ ။ ''

'' မဘလော့ချင်ဘူး။ ကျွန်တော် အပြစ်ရှိသလိုခံစားနေရမှာ ပြီးတော့ ခင်ဗျားကိုလည်း မဘလော့ချင်ဘူး ။ စကားလာမပြောတော့ဘူးဆိုတာလည်း ခင်ဗျားကိုမျှော်လင့်ချက်ပေးနေသလိုဖြစ်နေမှာစိုးလို့ ရှောင်သွားခဲ့တာ ''

'' ကိုယ်သိတာမို့။ နောက်ဆုံးအနေနဲ့ ကိုယ့်ကိုဒါလေးတစ်ခုတော့ လိုက်လျောပေးပါ။ ကိုယ်မင်းဆီကထွက်သွားဖို့ မလွယ်ကူတာမို့ မင်းက ပဲ ကိုယ့်ဆီကနေ အဝေးဆုံးကိုထွက်သွားပေးပါ ''

ကျွန်တော်သိတယ် မောင်လည်း ဟိုဘက်မှာ ငိုနေမှာ။ ကျွန်တော့်လိုပေါ့။

မောင်က သိပ်တွေဝေတယ်။ ကျွန်တော့်ကို သူမယုံဘူး။ ကျွန်တော့်ကိုလည်း သူမချစ်နိုင်ဘူး။

'' ကျွန်တော့်ကိုဖိအားမပေးပါနဲ့။ ခင်ဗျားကိုနာကျင်လိုစိတ် ကျွန်တော့်မှာ မရှိဘူး။ ''

'' ကိုယ်နားလည်တယ်။ ပြီးတော့ မင်းမှ ကိုယ့်ကိုမချစ်တာ။ ကိုယ့်ကို လက်လွှတ်လိုက်ရလို့ မင်းမနစ်နာပါဘူး ''

''. ....''

'' အဲ့တော့ရွေးချယ်ပေးပါ။ အနီးဆုံးလား....အဝေးဆုံးလား ''

.................

မောင့်ကို ဆုံးရှုံးလိုက်ရတယ်လို့ပြောရအောင်လည်း ဘယ်တော့အခါမှ မပိုင်ဆိုင်ခဲ့ဖူးဘူးကိုး။

အခုတော့ မပိုင်လိုက်ရတဲ့ဆိုင်သူလေးကို ကျွန်တော် ညတိုင်းလွမ်းနေမိလေတယ်။ ပြန်မလာတာ သေချာသွားတာတောင် မောင်ပြန်လာပါစေဆိုတာကို စိတ်ထဲက ကြိတ်ဆုတောင်းနေတုန်း။

အစကနေအဆုံး Conservation ကို ပြန်ဖတ်ကြည့်မိတော့ အစကတည်းက မောင်က ကျွန်တော့်ကို သဘောကျတယ်လို့ပဲပြောခဲ့တာ ချစ်တယ်ဟု မပြောဖူးခဲ့ဘူးပဲလေ။

မောင်က ဒဏ်ရာတွေပေးတယ်။ ပြီးရင် သူပဲ ပြန်လာကုတယ်။ ကျွန်တော် ကလည်း မောင့်ကြောင့်ငိုရတယ်ဆိုရင်တောင် မောင့်ရင်ခွင်ထဲမှာပဲ ငိုနေချင်မိတာမျိူး။

မောင်မှန်ပါတယ်။ ဒီအချစ်က အမှားတစ်ခုဆိုရင်တောင် ချစ်မိတဲ့ ကိုယ့်အမှားပဲ ဖြစ်ပါလိမ့်မယ်။

End 🖤


( Zawgyi)

မေရမရာျဖစ္လာေသာ ဩဂုတ္ညေတြ.....

တျဖည္းျဖည္း ေမာင္က ကြၽန္ေတာ့္အေပၚ ေအးစက္လာခဲ့ၿပီ။ ေမာင္နဲ႕ conservation ေတြက အရင္လို မႏြေးေထြးေတာ့။ စကားေျပာေနၾကတာမ်ိဴးမဟုတ္ပဲ...ေမာင္က ကြၽန္ေတာ္ တစ္ခုခုေမးမွသာ ေျဖသည့္သေဘာမ်ိဴး။

ေမာင့္ဘက္က စကားစေျပာသည္က ရွားလာသည္။ ေမာင္ေျပာင္းလဲလာတာကို ရိပ္မိသေလာက္...ေမာင့္ကိုဆြဲထားဖို႔ ကြၽန္ေတာ္ အမ်ိဴးမ်ိဴး ႀကံစည္ေနခဲ့ရသည္။ ဘယ္လိုမ်ိဴးဆို ေမာင္ ကြၽန္ေတာ့္နား ၾကာၾကာေနမလဲေပါ့။

တစ္ခ်ိဴ႕ရက္ေတြမွာ ကြၽန္ေတာ္ စကားမေျပာပဲ ေနၾကည့္သည္။ ထိုအခါ ေမာင္လည္း လာမေျပာေတာ့ပါ။ မာနစိတ္ခံေလးျဖင့္ တင္းခံေနေသာ္လည္း....ေမာင္က ေမာင္ျဖစ္ေနေသးတာမို႔ ကြၽန္ေတာ့္ဘက္က အႀကိမ္ႀကိမ္ အေလ်ာ့ေပးကာ ေမာင့္အနား ျပန္ျပန္ေရာက္လာခဲ့သည္။

မၾကာမီ ကြၽန္ေတာ့္ေမြးေန႕ေရာက္ေတာ့မည္။ အိမ္မွာ ပြဲလုပ္မည္ဟု ဆုံးျဖတ္လိုက္သည္။ အေၾကာင္းအရင္းကေတာ့ ေမာင့္ကို လာေစခ်င္လို႔ပင္။ ေမာင့္ကသူ႕ကိုယ္သူ မျပည့္စုံသူ ဟုသတ္မွတ္ထားေသာ္လည္း ကြၽန္ေတာ္ ဆိုသည့္ လူသားကလည္း ၿပီးျပည့္စုံေနတာမ်ိဴး မဟုတ္ေၾကာင္း ေမာင့္ကိုျပခ်င္ခဲ့သည္။

ဩဂုတ္လအစေတြထဲက ေမြးေန႕ အေၾကာင္း ကြၽန္ေတာ္ စကားကိုစထားသည္။ ရက္အတိအက်ပါ ကြၽန္ေတာ္ ေျပာျပထားၿပီးသားပင္။

သို႔ေသာ္... သို႔....ေသာ္.....ေမြးေန႕မေရာက္ခင္တစ္ရက္လိုထိ ေမာင္ဟာ ကြၽန္ေတာ့္ေမြးေန႕ကို စိတ္ဝင္စားျခင္း အလ်င္းမရွိခဲ့။

ဝါဆိုသကၤန္းကပ္ႏွင့္ေမြးေန႕ကို ေရာလုပ္မည္ျဖစ္၍ ေမြးေန႕မတိုင္ခင္ညေနက သကၤန္းျခင္းတို႔အား ထြယ္ဝယ္ခဲ့သည္။

တစ္ေန႕လုံး ေမြးေန႕ကိစၥအတြက္အလုပ္ရႈပ္ေန၍ ေမာင္နဲ႕ စကားေတာင္မေျပာရေသး။ သကၤန္းဝယ္ၿပီး ျပန္အလာ...ေမာင့္အား စကားစရန္ ဖုန္းကို ဖြင့္ အၿမဲစိမ္းလ်က္ရွိေသာ ေမာင့္အေကာင့္ေလးဆီသို႔

'' ဟိတ္ ေကာင္ေလး ဘာေတြလုပ္ေနလဲ ''

'' ဘာမွ မလုပ္ပါဘူး ဒါနဲ႕ ခင္ဗ်ားေရာ ''

ဒီေမးခြန္းအတြက္ ကြၽန္ေတာ္ ေပ်ာ္သြားသည္မွာအမွန္ပင္။

'' မနက္ျဖန္အတြက္ သကၤန္းထြက္ဝယ္တာ ေစာနကမွ ျပန္ေရာက္တယ္ ''

စိတ္ထဲ ဆုေတာင္းမိတာ ေမာင္ ကြၽန္ေတာ့္ေမြးေန႕ေလးေတာ့ မွတ္မိေလာက္ပါေစေပါ့။ သိူ႕ေသာ္

'' သကၤန္း... ?? ဘာအတြက္လဲ ''

ေဟာ ကြၽန္ေတာ္ ရင္ထဲ ဆစ္ခနဲ။

ေမာင္က သူသေဘာက်ပါသည္ဆိုတဲ့ကြၽန္ေတာ့္ ေမြးေန႕ေလးေတာင္ မွတ္မထားဘူးလား။

'' မနက္ျဖန္ ကိုယ့္ေမြးေန႕ေလ ''

'' ဪ မနက္ျဖန္လား..''

ဒါပဲ....ေမာင့္ဆီက တုန့္ျပန္မႈက ဒါပဲ....ကြၽန္ေတာ္ ခပ္႐ြဲ႕႐ြဲ႕ေတာင္ၿပဳံးမိသြားသည္။

ေမာင့္ေမြးေန႕တုန္းကဆို  ကြၽန္ေတာ္ ကိုယ္တိုင္ ေအာ္ဒါမွာထားတဲ့ကိတ္ေလးကိုင္ၿပီး ေမာင့္ဆီသြားဖူးသည္။ အိမ္ကေတာင္အသိအမွတ္မျပဳသည့္ ေမြးေန႕ေလးပါပဲဟူေသာ ေမာင့္စကားက ကြၽန္ေတာ့္ရင္ထဲ စူးတစ္ေခ်ာင္းလိုပင္။ ထို႔ေၾကာင့္ ေမြးေန႕ကိတ္ေလးေတာ့ ေမာင့္ကိုခြဲေစခ်င္သည္။

သို႔ေသာ္ လမ္းတစ္ဝက္ တြင္ ေမာင္တင္လိုက္ေသာ
ပို႔စ္တစ္ခုေၾကာင့္ ကြၽန္ေတာ္ ကိတ္ေလးကိုင္ၿပီး အိမ္ကိုသာျပန္ဖူးသည္။

အျဖဴေရာင္ႏွင္းဆီပန္းစည္းတစ္စည္းနဲ႕ ေသသပ္လွပကာ ထည္ဝါေနေသာ အျဖဴေရာင္ ကိတ္မုန့္တစ္လုံး။ ပို႔ေပးသူကို ေမာင္မသိပါဘူးတဲ့။ ဒါေပမယ့္ ေက်းဇူးတင္ေၾကာင္းကို ေမာင္ ေရးတင္ထားသည္။

အိမ္လိပ္စာသိ၍ အိမ္ထိေတာင္ေရာက္လာသည္ဆိုေတာ့ ပို႔ေပးသည့္ ပုဂၢိုလ္ က ေမာင္နဲ႕ သာမန္ကာလွ်ံကာ သိ႐ုံေလာက္ျဖစ္နိုင္ပါ့မလား။

အဲ့သည့္ အခ်ိန္ထိ ကြၽန္ေတာ္ေမာင့္အိမ္လိပ္စာ အတိအက် ကို မသိေသးပါ။ ကားဂိတ္မွာသာ ကြၽန္ေတာ္တို႔ ေတြ႕ေတြ႕ျဖစ္ခဲ့ၾကသည္မို႔ အိမ္လိပ္စာအတိအက်ကိဳေမးမထားမိ။

ပထမဆုံး မွမဟုတ္ ဘာမွ မလိုခ်င္တာ ကြၽန္ေတာ့္ စရုိက်ဗျ....

ေမာင့္ကိုေျပာျပတုန္းကေတာင္ ေမာင္က ဝမ္းနည္းသြားေသးသည္။ မတတ္နိုင္ပါ အဲ့ ဇြန္ေန႕ေတြက ေမာင့္အေပၚ ကြၽန္ေတာ္က နိုင္စားေနတဲ့ကာလေလ။

အခုမ်ားေတာ့....ေမာင့္က ကြၽန္ေတာ္ေမြးေန႕ေတာင္ မမွတ္ထားေပ။

အႀကိမ္ႀကိမ္ အခါခါ ေမြးေန႕ကို ဖိတ္ဖူးပါေသာ္လည္း ေမာင္က လူေၾကာက္တတ္သည္ဆိုေသာ စကားတစ္ခြန္းေၾကာင့္ ကြၽန္ေတာ္ လက္ေလ်ာ့လိုက္ရသည္။

မွန္ေသာ အတၱပါ ေမာင္....
ေမြးေန႕ေလးကို တျခားသူေတြထက္ ေမာင္နဲ႕အတူ ျဖတ္သန္းခ်င္ခဲ့တာ ။

အဲ့သည္လိုနဲ႕ ေမြးေန႕ေလးေတာင္ မွတ္မထားေသာ ေမာင့္ကို တစ္ဖက္သတ္စိတ္ဆိုးေနခဲ့လိုက္မိသည္။ သို႔ေသာ္ ေမာင္မသိပါ။

မနက္ တရားနာခ်ိန္ကေန ညေနေစာင္း ထိ ေမာင္ ေရာက္လာနိုင္သည္ဟူေသာ ေမွ်ာ္လင့္ခ်က္တစ္စြန္းတစ္စက ရွိေသးသည္။

စပရိုက္ဆိုေသာ အရာကို ကြၽန္ေတာ္မမက္ခဲ့ေပမယ့္ ေမာင္ေရာက္ရင္လည္း ေရာက္လာနိုင္ေသးသည္မလား။ ကြၽန္ေတာ္ ညေနက ေမာင့္ကိုစိတ္ဆိုးထားတယ္ေလ။

ကြၽန္ေတာ္ေမ့သြားခဲ့တာက ကြၽန္ေတာ္ စိတ္ဆိုးေနေၾကာင္းေတာ့ ေမာင့္ကို မေျပာျပမိခဲ့ဘူး။

ေမာင္နဲ႕ ကြၽန္ေတာ္ဟာ အရင္းႏွီးဆုံး သူစိမ္းေတြဆိုတာ ေမာင္နဲ႕ကြၽန္ေတာ္ သာအသိဆုံးျဖစ္ပါသည္။

ေမြးေန႕ေလးမွာ ေမာင့္ဆီက Attention တစ္ခုခုကို ကြၽန္ေတာ္ရသင့္သည္မဟုတ္လား။

ဥပမာ....ခင္ဗ်ား ေမြးေန႕က ဘယ္လိုလဲ လူမ်ားလား...ေပ်ာ္ရဲ႕လား...မလာနိုင္တဲ့အတြက္ ေတာင္းပန္ပါတယ္...

စတာမ်ိဴးေတြေပါ့ လိုလိုလားလားေခၚခဲ့တာေတာင္ မေရာက္လာနိုင္တဲ့ေမာင့္မွာ အားနာစိတ္နဲ႕ ကြၽန္ေတာ့္အေပၚ ပို ယုယေပးနိုင္ခဲ့မယ္ထင္ခဲ့တာ..

သို႔ေပမယ့္ ထိုကြၽန္ေတာ့္ေမြးေန႕ တစ္ေန႕လုံးစာအတြက္ ေမာင့္ဆီက '' Happy Birthday Pr '' တဲ့

ဒါပါပဲ ကြၽန္ေတာ့္ေမြးေန႕တစ္ေန႕စာအတြက္  ေမာင့္ေစတနာ ဒါပါပဲ။

မသိစိတ္ေမွ်ာ္ေနခဲ့တာေလးလည္းရွိေသးဗ်။

ကြၽန္ေတာ္က ေမာင့္အတြက္ VIP ေလ အဲ့ေတာ့... ေမြးေန႕လက္ေဆာင္အျဖစ္ Chibi ေလး မ်ားရမလား... portraits ေလးမ်ားရမလား ခဲျခစ္ေလးမ်ားရမလား.....

စိတ္ဆိုးေနတာဆိုေတာ့ ေမာင္ဘယ္အခ်ိန္မွာမ်ား ကြၽန္ေတာ့္ကို ဒီလိုေလးေပးၿပီး ေခ်ာ့မွာလဲ။

လိုခ်င္လြန္း၍ မဟုတ္ေပမယ့္ ေမာင့္ဆီက သီးသန့္ဆန္တဲ့
ေမတ္တာစေတနာတစ်ခုကို ေမွ်ာ္လင့္ခဲ့မိယုံပါ။ ကြၽန္ေတာ့္အတြက္ ဆိုၿပီး ေမာင္တတ္နိုင္တာေလးနဲ႕ ျဖည့္ဆည္းေပမယ့္ ေမာင့္ယုယမႈကို ကြၽန္ေတာ္ ေတာင္းတခဲ့တာ။

ည ၁၂နာရီ....ကြၽန္ေတာ့္ေမြးေန႕ မေက်ာ္ခင္အထိ ကြၽန္ေတာ္ ႐ူး႐ူးမိုက္မိုက္ ေစာင့္ေနခဲ့ေသးတာ။

နာရီလက္တံက မနက္ ၄နာရီကို ၫႊန္ေနခ်ိန္မွာေတာ့ ကြၽန္ေတာ္ လက္ေလ်ာ့လိုက္ရေလၿပီ။

ေမာင္ ကြၽန္ေတာ့္ေမြးေန႕နဲ႕ပတ္သတ္ၿပီး ဘာမွ မရွိခဲ့ေပ။ အလြန္ဆုံး ကြၽန္ေတာ္ နဲ႕စကားေလးေတာင္မေျပာေပးနိုင္ေလာက္တဲ့အထိ ေမာင္က အလုပ္ရႈပ္ေနခဲ့သည္။

ေမာင့္ကိုစိတ္ဆိုးပါသည္။ ေပါေပါပဲပဲ ခင္မင္ရင္းႏွီးၾကသည့္ မိတ္ေဆြေတြလည္းမဟုတ္ပါပဲ။ ေမာင့္လုပ္ရပ္ေတြက သိပ္ကို သူစိမ္းဆန္သြားခဲ့ေလၿပီ။

၂ရက္ေလာက္ စကားသြားမေျပာခဲ့ပါ။ ထို႔အတူ ေမာင္လည္း လာမေျပာခဲ့။

ဘယ္ေလာက္ေတာင္ ေျပာင္းလဲသြားတာမ်ားလဲ ေမာင္။

မေနနိုင္ေသာ ကြၽန္ေတာ္ ကေတာ့ ေမာင့္ကို စကားျပန္ေျပာခဲ့ပါသည္။

'' ကိုယ္စိတ္ဆိုးေနတယ္ မင္းကို ''

'' ဗ်ာ ကြၽန္ေတာ္ ဘာလုပ္လို႔လဲ ''

အနားမွာသာရွိရင္ ဆြဲဆက္ လုပ္ပစ္လိုက္မွာပင္။

အဲ့ေတာ့ သည္ရက္ပိုင္းေတြမွာ ကြၽန္ေတာ္ကသာ တစ္ဖက္သတ္ႀကီး ခံစားေနခဲ့ရတာေပါ့။

အဲ့ညက ေမာင္နဲ႕ကြၽန္ေတာ္ အႀကီးအက်ယ္ ရန္ျဖစ္ခဲ့ၾကသည္။

ပထမဆုံးပင္ ေမာင့္ကိုဘယ္ေလာက္ခ်စ္ပါသည့္ဆိူသည့္အေၾကာင္းေတြ ကြၽန္ေတာ္ေျပာမိသြားသည္။

ေမာင္က ကြၽန္ေတာ္ သုံးႏွစ္အတြင္း ပထမဆုံး ျပန္ခ်စ္မိသည့္လူသားပင္။ ေမာင့္မွာ ဘာမွ မက္ေမာစရာ ေတြရွိမေနသည့္တိုင္ ေမာင့္ကိုသာ ကြၽန္ေတာ္ေ႐ြးခ်ယ္ခဲ့မိသည္။

စကားလုံးေတြအမ်ားႀကီးနဲ႕ ကြၽန္ေတာ့္ခံစားခ်က္အား ေမာင့္အားဖြင့္ဟဝန္ခံခဲ့သည္။ သို႔ေသာ္ ေမာင္ ထပ္တလဲလဲ ေျပာေနသည္မ်ားက....

'' ကြၽန္ေတာ္ မရည္႐ြယ္ခဲ့ပါဘူး။ ''

'' ခင္ဗ်ားကို နာက်င္ေအာင္လည္း မလုပ္ခဲ့မိပါဘူး ''

'' တကယ္ မရည္႐ြယ္ပဲ ျဖစ္သြားတာပါ။ ''

ကြၽန္ေတာ္က ကြၽန္ေတာ့္ခံစားခ်က္ေတြကို မ်က္ရည္ေတြနဲ႕ေျပာျပေနသေလာက္ ေမာင္ဟာ သူ႕ကို ကြၽန္ေတာ္ အျပစ္ေျပာေနသည္ဟုထင္ကာ ဇြတ္ေတြကို သူမဟုတ္ပါဘူး ။ သူက အဲ့သည္လိုလူမဟုတ္ပါဘူးဆိုတာကို ဖန္ခါတလဲလဲ ေျပာေနခဲ့သည္။

ေမာင့္စိတ္ထဲမွာ ေရွ႕ႏွစ္လ က ကြၽန္ေတာ္ တို႔ပတ္သက္မႈေတြဟာ ဘာေတြမ်ားလဲ။

အနီးဆုံးေတြဟု ကြၽန္ေတာ္ထင္ခဲ့တာ တကယ္ေတာ့ ကြၽန္ေတာ္တို႔ဟာ တျဖည္းျဖည္း ေဝးလာခဲ့ၾကတာပဲ။ ကြၽန္ေတာ္ေျပးေျပးလိုက္ေနလို႔ မသိသာတာမ်ားလား။

'' ခင္ဗ်ား ကြၽန္ေတာ့္ကို ခ်စ္ေနမွန္းလည္းတကယ္မသိခဲ့ပါဘူး ''

ကြၽန္ေတာ္ မ်က္ရည္ေတြနဲ႕ရီခ်မိသည္။

'' အဲ့ေတာ့ ကိုယ္ ဒီေလာက္ ရွင္းရွင္းေလး ျပေနခဲ့တာေတာင္ ကိုယ့္အခ်စ္ကို မင္းျမင္ဖို႔မလုံေလာက္ခဲ့ဘူးလား။ ''

''. ....''

'' ကိုယ္လိုသြားခဲ့တာပဲေနမွာပါ။ မင္းျမင္ေအာင္မျပနိုင္ခဲ့တာကိုယ့္အမွားပဲ ''

'' မဟုတ္ဘူး ကြၽန္ေတာ္ အဲ့လိုမရည္႐ြယ္ပါဘူး။ ကြၽန္ေတာ့္ေၾကာင့္ဘယ္သူ႕ကိုမွ မနာက်င္ေစခ်င္ပါဘူး ''

ကြၽန္ေတာ္ ဘာမွ ျပန္မေျပာျဖစ္ခဲ့။ ဒီေလာက္အမ်ားႀကီး ေျပာျပေနတာေတာင္ ေမာင္က အခုထိ ကြၽန္ေတာ့္ စကားေတြကိုေရွာင္ကာ ေျပာေနတုန္း။

'' ကြၽန္ေတာ္ အရင္က သစၥာေဖာက္ခံဖူးလို႔ အခ်စ္ကိုေၾကာက္ေနတာပါ။ ကြၽန္ေတာ္ ထပ္ျဖစ္မွာေၾကာက္တယ္။ ''

'' မင္းယုံၾကည္ရေလာက္ေအာင္ ကိုယ္ မျပဳမူခဲ့ဘူးထင္ပါရဲ႕ ''

'' ခင္ဗ်ား ဘာျဖစ္ေနတာလဲ ခင္ဗ်ားေျပာေတာ့ တစ္ေယာက္ကိုတစ္ေယာက္ သေဘာက်ေန႐ုံအဆင့္ပဲဆို ''

'' ဟက္...မင္း အျမင္မွာ ကိုယ္က သေဘာက်႐ုံေလး ဆက္ဆံေနတယ္လို႔ထင္ေနခဲ့တာလား ''

''. ...''

'' မင္း မင္း ကြာ....ဒီေလာက္ ခ်စ္ေပးေနခဲ့တာေတာင္ ''

'' ကြၽန္ေတာ္ လည္း မရည္႐ြယ္ခဲ့ဘူးေလ။တစ္ခ်ိန္က ခင္ဗ်ားပဲထြက္သြားမွာစိုး အဲ့တာေၾကာင့္ ကြၽန္ေတာ္ ခပ္ခြာခြာကေန သံေယာဇဥ္ မတြယ္မိေအာင္ပဲေနေနတာ ''

ကြၽန္ေတာ္အ႐ူးတစ္ေယာက္လို ေအာ္ရီမိလိုက္သည္။
မ်က္ရည္ေတြနဲ႕စို႐ြဲေနတဲ့ မ်က္ႏွာတစ္ခုလုံးကို လက္ႏွစ္ဖက္နဲ႕ ဖိသုတ္ပစ္လိုက္ၿပီး...

'' မင္းက မင္းႏွလုံးသားကိုပဲ ဂ႐ုစိုက္တာေနာ္။ မင္းနာက်င္ရမွာေၾကာက္ေနတာေလးတစ္ခုနဲ႕ မင္းကိုယ့္ႏွလုံးသားကို ခ်နင္းလ်က္သားျဖစ္ေနတာကို မင္းမသိဘူး ''

'' ကြၽန္ေတာ္ မရည္႐ြယ္ဘူးလို႔ေျပာၿပီးၿပီေလ ဗ်ာ။ အခု ခင္ဗ်ား ဘာျဖစ္ခ်င္လဲ ေျပာ ကြၽန္ေတာ္အကုန္လိုက္ေလ်ာေပးမယ္ ။တြဲခ်င္တာလား တြဲေပးမယ္ ''

ကြၽန္ေတာ္ ေျပာျပမတတ္ေအာင္ရင္ေတြ စို႔နင္ေနပါၿပီ ။ အခုထိ သူ ကြၽန္ေတာ့္ ခံစားခ်က္ကိုနားမလည္ေသး။

'' ေတာ္ၿပီေကာင္ေလး ။ ကိုယ္နားလည္သြားၿပီ ။ ဒီကိစၥမွာ မင္းအမွား မရွိဘူး ဟုတ္ၿပီလား။ မွားခ်င္မွား ခ်စ္မိတဲ့ကိုယ့္အမွားပဲ ျဖစ္လိမ့္မယ္။ ''

'' ကြၽန္ေတာ္ ခင္ဗ်ားကိုသေဘာက်တယ္။ သေဘာက်တယ္ဆို႐ုံပဲ။ အကိုတစ္ေယာက္လိုေပါ့ ''

ရွင္းသြားခဲ့ၿပီ...အေျဖဟာရွင္းရွင္းလင္းလင္းပါပဲ။ ေမာင္ ကြၽန္ေတာ့္ကို ခ်စ္ေနၿပီဟု ထင္ေနခဲ့မိတာ... တကယ္ေတာ့ ေမာင္က ကြၽန္ေတာ့္ကို သေဘာက်႐ုံေလးပဲကိုး။

အဲ့ညက ရန္ပြဲကိုရပ္လိုက္ၿပီး ေမာင့္ဆီကေန ထြက္လာလိုက္ေတာ့သည္။ ေမာင္မွ မခ်စ္တာ ကြၽန္ေတာ္ဘာလုပ္ရေတာ့မွာလဲ။

အဲ့လိုနဲ႕ ေမာင္နဲ႕ ကြၽန္ေတာ္ေဝးခဲ့ရျပန္သည္။ တစ္ပတ္....ႏွစ္ပတ္.....အဲ့ရက္ေတြက ကြၽန္ေတာ့္အတြက္ ငရဲတမွ်ကို ပိုဆိုးေနခဲ့သည္။

အိပ္ခ်ိန္စားခ်ိန္ဆိုတာ မသိေတာ့သလို အခန္းထဲမွာပဲ တစ္ခ်ိန္လုံးေနေနမိသည္။ အိပ္ခ်င္ေသာ္လည္း အိပ္မရသည့္အခါ အိပ္ေဆးေတြကို စြဲစြဲၿမဲၿမဲေသာက္လိုက္သည္။

ေမာင္က ညဘက္ေကာ္ဖီေသာက္တာလုံးဝမႀကိဳက္။ သို႔ေသာ္ ေမာင္လာဆူပါေစေတာ့ဆိုၿပီး ေကာ္ဖီေတြ အမ်ားႀကီး ေသာက္သည္။

အေငြ႕ေတြလြင့္ေနေသာ ေကာ္ဖီႏွစ္ခြက္ကိုထိုင္ၾကည့္ရင္း ကြၽန္ေတာ္ဟာ မ်က္ရည္ေတြစီးက်ေနခဲ့သည္။

ႀကဳံရင္ႀကဳံသလို ေဆးလိပ္ေတြေသာက္သည္။ အခန္းထဲကအမွိုက္ပုံးထဲမယ္ ေဆးလိပ္တိုနဲ႕ျပာေတြ။ စားပြဲေပၚမွာ ေသာက္လက္စေတြနဲ႕ ေသာက္ၿပီးသားေကာ္ဖီခြက္ေတြ။

အရင္က ဘာအနာအဆာမွ မရွိသည့္ကြၽန္ေတာ့္မ်က္ႏွာက အခုေတာ့ ရစရာမရွိေအာင္ကို အဖုအထစ္ေတြနဲ႕ ေၾကာက္စရာေကာင္းေနၿပီ။

ဘုံဆိုင္ေတြသြားသည္။ မူးမွ ျပန္လာသည္။ တစ္ခါတေလ အိမ္ထိပါ သယ္လာၿပီး ေသာက္သည္။

မည္သို႔ပင္ ခ်စ္ပါသည္ဟုဆိုေစဦးေတာ့ မာနဆိုတာေလးကလည္းရွိေနျပန္ေတာ့ မေနနိုင္သည့္တိုင္ ကိုယ္ကအရင္သြားျပန္ေခၚဖို႔ရာ မာနအခံက ခြင့္မျပဳေန။

သို႔ေပမယ့္လည္း......

ကြၽန္ေတာ္ သိ္ပ္သေဘာက်ရပါေသာ ေမာင့္လက္ အပူေလာင္ သြားသည္ ဟု ၾကားလိုက္ရေသာအခါ...ကြၽန္ေတာ္ ရင္ေတြ ပူေလာင္ရျပန္သည္။

ေမာင္ က အနာေၾကာင့္ နာက်င္ရသည္ဆို ေမာင့္အနာေၾကာင့္ ကြၽန္ေတာ့္ရင္က ပိုနာက်င္ရေပလိမ့္မည္။

ပူပန္လာေသာ စိတ္အစဥ္ကထိန္းမရသိမ္းမရမို႔ ကြၽန္ေတာ္ ေမာင့္မီးစိမ္းေလးဆီ အေျပးအလႊား သြားၿပီ ေမးမိလိုက္သည္။

'' လက္က သက္သာလား ေကာင္ေလး ''

'' အင္း ''

အင္းတဲ့ တစ္လုံးတည္းပါပဲ။ ကြၽန္ေတာ္လည္း ဘာမွမေျပာျဖစ္ေတာ့ ။ သို႔ေပမယ့္တစ္ခုခုဆို ႀကိတ္ကုတတ္ေသာေမာင္က လက္အပူေလာင္တာ အိမ္ကိုအသိေပးရဲ႕လား။
မေတာ္၍ လက္က အမာ႐ြတ္ေတြဘာေတြက်န္ေနခဲ့ရင္ေရာ.... အဲ့ဒါ ကြၽန္ေတာ္ တယုတယနဲ႕ ျမတ္နိုးရတဲ့ေမာင့္လက္ေလ။

အကယ္၍ မေျပာျပ ထားဘူးဆို ေမာင့္ ဆီ လိမ္းေဆးနဲ႕ ေသာက္ေဆးေတြ.... အမာ႐ြတ္ေပ်ာက္ေဆးေတြ သြားေပးရန္ ကြၽန္ေတာ္ဆုံးျဖတ္လိုက္သည္။ လိုအပ္လွ်င္ ေဆးခန္းထိပါ ကြၽန္ေတာ္ေခၚသြားျပခ်င္သည္။

'' အိမ္ကေရာသိလား။ အခုေရာေဆးလူးထားလား ''

'' အင္းသိတယ္။ ေဆးလည္းလူးထားတယ္ ''

အိမ္က သိသည္ဆိုေတာ့လည္း ကြၽန္ေတာ္ ေမာင္နဲ႕ေတြ႕ဖို႔ အခြင့္အေရးမရျပန္ေတာ့။ ေမာင္က ကြၽန္ေတာ့္ကိုမွ မခ်စ္တာေလ။ ကြၽန္ေတာ့္ ဂ႐ုစိုက္မႈကလည္း ေမာင္လိုခ်င္မွလိုမွာ။

ကြၽန္ေတာ့္ထင္ျမင္ခ်က္ေပမယ့္ ေမာင့္ပို႔စ္ေတြေအာက္ကမိန္းကေလးေတြက ေမာင့္ကိုသိပ္ဂ႐ုစိုက္ေနၾကသည္။ အဲ့သည့္အတြက္ ေမာင္က ကြၽန္ေတာ္မရွိလည္းျဖစ္သည္။

ေနာက္တစ္ေန႕ ဘားတစ္ခုကို သူငယ္ခ်င္း ေတြနဲ႕ေရာက္သြားခဲ့သည္။ ေမာင္က ကြၽန္ေတာ့္ စကားေတြကို အခုထိ ေအးစက္စက္သာ ေျပာေနေသးတာမို႔ ရင္ထဲေတယ္ေတာ္ေလးမေကာင္း။

အရင္က စကားေတြကို ေတာင္စဥ္ေရမရေျပာသည့္ေမာင္က အခုေတာ့ အင္း တစ္လုံး တည္းသားေျပာေတာ့သည္မို႔ ေမာင့္ေျပာင္းလဲမႈကိုကြၽန္ေတာ္ခံနိုင္ရည္မရွိခဲ့။

အဲ့ေန႕က ေရခ်ိန္ကိုက္ၿပီး အမူးလြန္ခဲ့သည္။ မူးမူးနဲ႕ပဲ လက္က ေမာင့္ contact ေလးကိုႏွိပ္မိၿပီး ေမာင့္ ကိုေခၚေနေလၿပီ။

'' ဟယ္လို ''

ေမာင့်အသံလေးက နားေထာင္လို႔ေကာင္းလိုက္တာ ...

'' သက္သာလား ကေလး။ ေဆးေရာပုံမွန္လိမ္းေနရဲ႕လား ''

မူးေနေသာ အသံအားေမာင္ကရိပ္မိပုံပင္။

'' ခင္ဗ်ားမူးေနတာလား ''

'' နည္းနည္းပါ ''

ထိုစဥ္ ေဘးက သူငယ္ခ်င္း မိန္းကေလးက စကားေျပာလိုက္သည္ကို ေမာင္ၾကားသြားသည္။ အထင္လြဲသြားသည္ထင္ ဖုန္းကို တိခနဲ ခ်ပစ္သည္။

ျပန္ေခၚေတာ့ ေမာင္က ကြၽန္ေတာ့္ဖုန္းကို ဘေလာ့သြားေလၿပီ။

အဲ့ေန႕က အိမ္မျပန္ျဖစ္ပါ။ သူငယ္ခ်င္းရဲ႕အိမ္မာပဲ လိုက္အိပ္ျဖစ္သည္။ ဒီပုံတိုင္းအိမ္ျပန္လွ်င္ အိပ္ေပၚက ေခါင္းနဲ႕ဆင္းရနိုင္သည္။

ေမာင့္ဥေပကၡာ ဓားသြားက သိပ္ကို ထက္သည္။ ႏွလုံးသားကို မႊန္းသြားလိုက္တာမ်ား.....ေသေသသပ္သပ္။

အဲ့သည္လို ဩဂုတ္ညေတြကေတာ့ ေမာင့္ဆီက မေရရာတဲ့ ေမွ်ာ္လင့္ခ်က္ေတြကို ေတာင္းတရင္း ဆက္ခဲ့သည္။

စက္တင္ဘာညေတြ....စိတ္ေတြေသေနၿပီ....

ကြၽန္ေတာ္ ေမာင့္ဆီ ျပန္သြားခဲ့သည္။ ေမာင့္ကို ကြၽန္ေတာ္ မခြဲနိုင္ပါ။

တစ္ခါတေလ ေမာင္က အၾကာႀကီး စကားမေျပာပဲေနသည္။ ကြၽန္ေတာ့္ စာေတြအား Reply ေတြၾကာလာခဲ့သည္။

စက္တင္ဘာ ပထမပတ္ေတြမွာ ကြၽန္ေတာ့္မိသားစု အလုပ္ အခ်စ္ေရး အစစအရာရာ ဘာမွ အဆင္မေျပေနခဲ့။

ကြၽန္ေတာ့္အပူေတြအား ေမာင့္ကိုေျပာျပဖို႔လည္း ဆႏၵမရွိ။ ေမာင္ပါ အပူကူးသြားရင္ ကြၽန္ေတာ္ ကိုယ့္ကိုယ္ကို ခြင့္လႊတ္မွာမဟုတ္။

အေျခအေနေတြဘယ္ေလာက္ဆိုးသြားသည္မသိ။

ကြၽန္ေတာ္ စိတ္ေတြေသ သြားတာကို သတိစထားမိသည္။

ေပ်ာ္႐ႊင္းျခင္း ဝမ္းနည္းျခင္း ဘာမွမရွိ။ ခံစားခ်က္ဗလာျဖစ္ေနသည္။ ခါတိုင္း ေမာင့္ကို ခ်စ္ေနသည့္စိတ္တို႔ လြမ္းသည့္စိတ္တို႔ ေမာင္ ဥေပကၡာျပဳသည့္အခါ ဝမ္းနည္းတာ တို႔....တကယ္ကို ဘာမွမရွိ။ ဘာမွလည္း လုပ္ကိုင္ခ်င္စိတ္မရွိ။ အိပ္ေဆးေသာက္မွ အိပ္ေပ်ာ္သည္။

အရယ္အၿပဳံးဆိုတာလည္း ဇူလိုင္ ေနာက္ဆုံးပတ္ေတြကတည္းက ေပ်ာက္သြားေလၿပီ။

စိတ္ခ်ေရာဂါဘက္သို႔ဦးတည္ေနၿပီမို႔ စိတ္အထူးကုဆရာဝန္ နဲ႕ေဆြးႏြေးဖို႔အထိပါ ျဖစ္လာသည္။

သည္စက္တင္ဘာတစ္လလုံး ကြၽန္ေတာ္စိတ္ေတြ ေသသြားခဲ့သည္။ ဒီၾကားထဲ ေမာင့္ကိုလည္း သိပ္အာ႐ုံမစိုက္နိုင္။ ေမာင္ဆိုတာကလည ကြၽန္ေတာ္မွ စမေျပာရင္ ဘာမွေျပာတတ္တဲ့သူမဟုတ္ျပန္ေတာ့....ေမာင္နဲ႕ကြၽန္ေတာ္ ေဝးလာသလို ခံစားရျပန္ၿပီ။

ေအာက္တိုဘာညေတြ....မခ်စ္နိုင္တာေသခ်ာသြားၿပီ

စိတ္ခံစားခ်က္ေတြအေၾကာင္း ေမာင့္ကို ေျပာျပျဖစ္ေတာ့ ေမာင္က သနားသြားသည္ႏွင့္တူပါသည္။ အရင္ စေတြ႕ခါစ ေမာင့္ပုံစံ ျပန္ျဖစ္လာသည္။

ကြၽန္ေတာ့္ကို စကားေတြစေျပာသည္။ ရယ္စရာေတြလည္းေျပာသည္။ အရင္ကထက္ ကြၽန္ေတာ့္ကို ပိုအခ်ိန္ေပးလာသည္။

ထူးဆန္းပါသည္။ ဆရာဝန္နဲ႕ေတာင္မေဆြးႏြေးရေသး....ကြၽန္ေတာ္ သက္သာလာေနၿပီဟုခံစားလိုက္ရသည္။ ညဘက္ေတြ အိပ္ေဆးမလိုေတာ့။ ေမာင္က အိပ္ေတာ့ဟုေျပာလွ်င္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ပင္။

ရက္ႏွစ္ဆယ္ေလာက္ ေမာင့္ကို ကြၽန္ေတာ္ပိုင္ခဲ့သလိုခံစားရသည္။

'' မင္းက ကိုယ့္ကို ထားသြားဦးမွာ ''

'' ေနာက္တစ္ခါ မျဖစ္ေစရဘူး ''

ေမာင္ေပးတာ ကတိမဆန္ေပမယ့္ ကတိလို႔ပဲ ကြၽန္ေတာ္သတ္မွတ္လိုက္သည္။ အဲ့တူန္းက ကြၽန္ေတာ္ထင္လိုက္တာ ေမာင့္စိတ္ေတြ ကြၽန္ေတာ့္ဆီ ျပန္ယိုင္လာေနၿပီလို႔ေပါ့။

သိပ္မၾကာပါ....ဘာမဟုတ္သည့္ကိစၥေလးတစ္ခုနဲ႕ရန္ျဖစ္အၿပီးမွာ ေမာင္ကြၽန္ေတာ့္ဆီက လူံးဝ ထြက္သြားခဲ့သည္။

ျပန္လာနိုးနိုးနဲ႕ ေစာင့္ေနေသာ္လည္း တစ္ပတ္တိတိ ေမာင့္ဆီမွ ဘာစာတစ္ေစာင္မွ ေရာက္မလာခဲ့။

လိုင္းတက္ရမွာေၾကာက္လာသည္။ ေမာင္စာပို႔ထားဖို႔ေမွ်ာ္ေနမိသလို မပို႔ထားတာေတြ႕ရင္ ပိုရင္နာရသည္။

ကြၽန္ေတာ့္စိတ္ေတြ ျပန္က်လာျပန္လာသည္။ ညဘက္ေတြေကာင္းေကာင္းအိပ္မရေတာ့။

ေမာင္က ကြၽန္ေတာ့္ကို သနား႐ုံသနားခဲ့တာ.... ခ်စ္လာတာမဟုတ္ဘူးပဲ

ေသခ်ာေနခဲ့ၿပီ....ေသခ်ာသြားခဲ့ၿပီ....
ေမာင္ကြၽန္ေတာ့္ကို မခ်စ္ဘူး။

တိက်ျပတ္သားသည့္အေျဖတစ္ခုကိုကြၽန္ေတာ္လိုခ်င္ေနၿပီ။

ေမာင္က ဒဏ္ရာေပးလိုက္ ေဆးေပးလိုက္လုပ္ေနတဲ့ဒဏ္ကိုလည္း ကြၽန္ေတာ္မခံနိုင္ေတာ့။

ကြၽန္ေတာ့္ဘက္ကေနပဲစၿပီး ေမးလိုက္ပါေတာ့သည္။

'' အနီးဆုံးမဟုတ္ရင္ အေဝးဆုံးေပါ့ ကေလး။ မင္းေ႐ြးခ်ယ္ေပးပါ။ မင္းရဲ႕မျပတ္သားမႈက ကိုယ့္ကို အေတာ္ေလးအထိနာေစတယ္ ''

'' ကြၽန္ေတာ္ ခင္ဗ်ားကို သံေယာဇဥ္ ရွိပါတယ္ ''

'' ကိုယ့္ကို မင္း ဘေလာ့ေပးပါ။ ဘာစာမွေရာက္မလာတဲ့မင္းအေကာင့္ကိုဝင္ဝင္ၾကည့္ရတာ ကိုယ္ပင္ပန္းေနၿပီ။ မင္းပိုစ္ေအာက္က ေကာင္မေလးေတြကလည္း ကိုယ့္အသည္းကို အခါခါ ကြဲေစတယ္။ ''

'' ကြၽန္ေတာ္ မဘေလာ့ေပးနိုင္ဘူး။ ''

'' ကိုယ္ေတာင္းဆိုေနတာပါ ။ ကိုယ့္အနားမွာ မေနေပးနိုင္ရင္ အေဝးဆုံးကိုထြက္သြားလိုက္ပါေတာ့။ ကိုယ္အရမ္းပင္ပန္းေနၿပီ ။ ''

'' မဘေလာ့ခ်င္ဘူး။ ကြၽန္ေတာ္ အျပစ္ရွိသလိုခံစားေနရမွာ ၿပီးေတာ့ ခင္ဗ်ားကိုလည္း မဘေလာ့ခ်င္ဘူး ။ စကားလာမေျပာေတာ့ဘူးဆိုတာလည္း ခင္ဗ်ားကိုေမွ်ာ္လင့္ခ်က္ေပးေနသလိုျဖစ္ေနမွာစိုးလို႔ ေရွာင္သြားခဲ့တာ ''

'' ကိုယ္သိတာမို႔။ ေနာက္ဆုံးအေနနဲ႕ ကိုယ့္ကိုဒါေလးတစ္ခုေတာ့ လိုက္ေလ်ာေပးပါ။ ကိုယ္မင္းဆီကထြက္သြားဖို႔ မလြယ္ကူတာမို႔ မင္းက ပဲ ကိုယ့္ဆီကေန အေဝးဆုံးကိုထြက္သြားေပးပါ ''

ကြၽန္ေတာ္သိတယ္ ေမာင္လည္း ဟိုဘက္မွာ ငိုေနမွာ။ ကြၽန္ေတာ့္လိုေပါ့။

ေမာင္က သိပ္ေတြေဝတယ္။ ကြၽန္ေတာ့္ကို သူမယုံဘူး။ ကြၽန္ေတာ့္ကိုလည္း သူမခ်စ္နိုင္ဘူး။

'' ကြၽန္ေတာ့္ကိုဖိအားမေပးပါနဲ႕။ ခင္ဗ်ားကိုနာက်င္လိုစိတ္ ကြၽန္ေတာ့္မွာ မရွိဘူး။ ''

'' ကိုယ္နားလည္တယ္။ ၿပီးေတာ့ မင္းမွ ကိုယ့္ကိုမခ်စ္တာ။ ကိုယ့္ကို လက္လႊတ္လိုက္ရလို႔ မင္းမနစ္နာပါဘူး ''

''. ....''

'' အဲ့ေတာ့ေ႐ြးခ်ယ္ေပးပါ။ အနီးဆုံးလား....အေဝးဆုံးလား ''

.................

ေမာင့္ကို ဆုံးရႈံးလိုက္ရတယ္လို႔ေျပာရေအာင္လည္း ဘယ္ေတာ့အခါမွ မပိုင္ဆိုင္ခဲ့ဖူးဘူးကိုး။

အခုေတာ့ မပိုင္လိုက္ရတဲ့ဆိုင္သူေလးကို ကြၽန္ေတာ္ ညတိုင္းလြမ္းေနမိေလတယ္။ ျပန္မလာတာ ေသခ်ာသြားတာေတာင္ ေမာင္ျပန္လာပါေစဆိုတာကို စိတ္ထဲက ႀကိတ္ဆုေတာင္းေနတုန္း။

အစကေနအဆုံး Conservation ကို ျပန္ဖတ္ၾကည့္မိေတာ့ အစကတည္းက ေမာင္က ကြၽန္ေတာ့္ကို သေဘာက်တယ္လို႔ပဲေျပာခဲ့တာ ခ်စ္တယ္ဟု မေျပာဖူးခဲ့ဘူးပဲေလ။

ေမာင္က ဒဏ္ရာေတြေပးတယ္။ ၿပီးရင္ သူပဲ ျပန္လာကုတယ္။ ကြၽန္ေတာ္ ကလည္း ေမာင့္ေၾကာင့္ငိုရတယ္ဆိုရင္ေတာင္ ေမာင့္ရင္ခြင္ထဲမွာပဲ ငိုေနခ်င္မိတာမ်ိဴး။

ေမာင္မွန္ပါတယ္။ ဒီအခ်စ္က အမွားတစ္ခုဆိုရင္ေတာင္ ခ်စ္မိတဲ့ ကိုယ့္အမွားပဲ ျဖစ္ပါလိမ့္မယ္။

End

واصل القراءة

ستعجبك أيضاً

222K 2.6K 9
មើលដោយការទទួលខុសត្រូវ បើមិនពេញចិត្តសូមកុំអានអី។អធ្យាស្រ័យបើមានពាក្យពេចន៍ណាលើសលួស🔞
643K 1.2K 29
နာမည်ကြီး သဘောကျခဲ့သော စာအုပ်များကို ပြန်တင်ပေးထားချင်းသာဖြစ်ပါသည်
528K 32.4K 42
#Unicode ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စောက်ရမ်းချစ်မိနေတဲ့ ဒီလူကလဲ မ ရက်စက်လေ ပိုချစ်လေဆိုတာ တနေ့တခြာ...
1M 48.6K 100
Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ္ခ်င္ေက်ာ္သြား❗️ Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ်ချင်ကျော်သွား❗️