ကြည်ပြာရောင်နေ့စွဲများ

Από Suekyalaung

24.3K 1.9K 350

လွတ်လပ်ခွင့်ရခဲ့တဲ့နေ့ရက်တွေထက် မျိုသိပ်ခဲ့ရတဲ့​နေ့ရက်တွေက ပိုများပါတယ်။ ဖွင့်ပြောစရာမလိုဘူးထင်ခဲ့လို့မျိုသိ... Περισσότερα

ရက်စွဲ (၁)
ရက်စွဲ (၂)
ရက်စွဲ(၃)
ရက်စွဲ(၄)
ရက်စွဲ (၅)
ရက်စွဲ(၆)
ရက်စွဲ (၇)
ရက်စွဲ (၈)
ရက်စွဲ (၉)
ရက်စွဲ (၁၁)
ရက်စွဲ (၁၂)
ရက်စွဲ (၁၃)
ရက်စွဲ (၁၄)
ရက်စွဲ(၁၅)
ရက်စွဲ (၁၆)
ရက်စွဲ(၁၇)
ရက်စွဲ (၁၈)
ရက်စွဲ(၁၉)
ရက်စွဲ (၂၀)
ရက်စွဲ (၂၁)
ရက်စွဲ (၂၂)
ရက်စွဲ (၂၃)
ရက်စွဲ (၂၄)
ရက်စွဲ(၂၅)
ရက်စွဲ (၂၆)
ရက်စွဲ(၂၇)
ရက်စွဲ(၂၈)
ရက်စွဲ (၂၉)
ရက်စွဲ(၃၀)
ရက်စွဲ (၃၁)
ရက်စွဲ (၃၂)
ရက်စွဲ(၃၃)
ရက်စွဲ(၃၄)
ကြည်ပြာရောင်လက်ကျန်နေ့စွဲများဆီသို့

ရက်စွဲ (၁၀)

566 58 5
Από Suekyalaung

အချိန်တွေ ကုန်ဆုံးသွားသည်မှာ တိမ်တွေ လေလွင့်နေသလိုပင်။ ဖြည်းညင်းစွာရွေ့နေတာကို ကြည့်ရင်းကဘဲ အမှောင်ထု ဖုံးလွှမ်းသွားမှ သတိပြန်ဝင်လာတာမျိုးပေါ့။ ခုလဲ နွေရာသီကျောင်းပိတ်ရက်သို့ရောက်ခဲ့ပြီ။ နောက်ဆုံး ပြည်နယ်စစ် စာမေးပွဲမှာ အခက်ခဲမရှိ အဒီးနှင့် စူးကျယ်အောင်တို့ နှစ်ယောက်လုံး ဖြေဆိုနိုင်ခဲ့သည်။ စူးကျယ်အောင်၏ အစီစဉ်ကတော့ ရန်ကုန်မှာ ပြည်ပ ဘွဲ့ကို ယူနိုင်သည့် အင်တာနေရှင်နယ် ကျောင်းကို ပြည်တွင်းကပင် တက်မည်ဟု အပါကြီးနှင့် တိုင်ပင်နှင့်ပြီးသားဖြစ်သည်။ အဒီး၏ အစီစဉ်တော့မသိရသေးပေ။မေးကြည့်ဦးမှ ပါလေ။

နွေရာသီ ညနေခင်းတစ်ခုတွင်ဖြစ်သည်။ နမ္မတီးကချောင်းလေးမှာလဲ လူတွေရေလာချိုးနေကြသည်။ ဆောင်းတွင်းကလို အပြေးလွှားတွေ လာချိုးပြီး မြန်မြန်ဆန်ဆန် ပြန်သွားကြတော့သည်မဟုတ်တော့။ နွေရာသီမှာ ရေက ပို၍ကြည်လင်လှသည်။ ရေအနည်းငယ်လျော့သွားသည်မှ အပ တစ်ခမ်းတစ်နားမလှပဘဲ ရိုးရိုးလေးသာ ရှိနေခဲ့သည်။ ချောင်းလေးကို ဖြတ်ထိုးထားတဲ့ တံတားလေးပေါ်မှာတော့ ကောင်လေး နှစ်ယောက် ခြေထောက်များ တံတားအောက်တွဲလောင်းချိတ်ကာ ထိုင်နေခဲ့ကြသည်။

"မင်းဘာဆက်တက်မှာလဲ"
"ဆေးမှီရင်တော့ မန်းလေး(မန္တလေး)ပဲသွားရမှာပါ့အေ့၊ မင်းကော ရန်ကုန်မှာ တစ်ယောက်တည်းနေလို့ အဆင်ပြေပါ့မလား"
"ပြေမှာပါ ၊ကျောင်းက စီစဉ်ပေးတဲ့ Apartment (အဆောင်) ဘဲဆိုတော့ အဆင်ပြေမှာပါ"
"လွမ်းရအုန်းမှာပေါ့"
"မညယ်လော"

အဒီးသတိထားမိလိုက်ပါသည်။ စူးလေးမျက်နှာ အနည်းငယ် ညှိုးသွားသည်ကိုပေါ့၊ တကယ်တော့ စူးလေးက မာချင်ယောင်သာ ဆောင်တာ၊အမှန်စင်စစ် သူစိတ်အားငယ်တန်သည်ကို အနီးကပ်ဆုံး အပါကြီးနှင့် အဒီးမှလွဲ၍ အခြားသူမသိပေ။ စူးလေ အမေတောင် သိပါ့မလားမသိ။ခုဆို သူကတော့နောက်အိမ်ထောင်နဲ့ သာသာယာယာ ရှိလောက်နေမည်။ စူးလေးအားဖုန်းပင်တစ်ချက်မဆက်ပါ။ စူးလေးလည်း သူ့အမေကို ရင်နာနာ နှင့်ပင်ပစ်ထားသည်။

"ပြန်ကြမလား၊ငါစာကြည့်တိုက်ဝင်ချင်သေးတယ်ရော"
"အင်း သွားမယ်လေ"

အဒီး သည် စူးလေးကို ဆိုင်ကယ် ဦးထုပ်ဆောင်းပေးလိုက်သည်။ နွေရာသီဆို သည်ချောင်းကို ရောက်ဖို့ ဖြတ်လာရသော ရပ်ကွက်က ဖုန်ထသဖြင့် ၊စူးလေးအဆင်မပြေတာသိသောကြောင့် ဖြစ်သည်။သူကိုယ်တိုင်မေးသိုင်းကြိုးတပ်ပေးလိုက်သည်။

ချောင်းလေးကို ထားရစ်ခဲ့ကြပြီး ဆိုင်ကယ်နှင့် မြို့ထဲ သို့ပြန်ဝင်ခဲ့ကြသည်။ နေလုံးနီနီလေးကတော့ သူတို့ကိုစိတ်ဆိုးနေပေရော့မည်။ သူ့ကို ကြည့်မသွားလို့ ဆိုပြီးတော့ပေါ့။

နမ္မတီး မြို့လေးမှာ ရှားရှားပါးပါး ဖုန်တက်နေသော စာကြည့်တိုက်ဟူ၍ သည်တစ်ခုသာရှိသည်။ မြို့ကြီးပြကြီးကလို တစ်ခမ်းတစ်နားကြီး မရှိနေပါ။ အညတရ စာကြည့်တိုက်လေးမှာ စာကြည့်တိုက်မှူး အမကြီးတစ်ယောက် ၊စူးကျယ်အောင်တို့ နှစ်ယောက်နှင့် စာအုပ်လာငှါးသူ သုံးလေးယောက်မျှသာ ရှိကာ တိတ်ဆိတ်လှသည်။ စူးကျယ်အောင်ကတော့ စာဖတ်ရသည်ကို နှစ်ခြိုက်သည်။ အဒီးကတော့ ဖုန်းတစ်လုံးနှင့် ဂိမ်းဆော့ သီချင်းနားထောင်ရခြင်းကို ပိုစွဲလမ်းသည်။ သည်နေ့တော့ စူးလေးနှင့် ဆင်တူ ဖြစ်သွားအောင်သူပါရောယောင်၍ စာအုပ်များငှါးရန်ဉာဏ်ဆင်နေသည်။ ဥတ္တရလမင်း၊ ခံစားသူအကြိုက်ဝတ္ထုတိုများပေါင်းချုပ်တဲ့၊ စာအုပ်ကတော့ အတော်လေး ထူသားဘဲ။ ဒီတစ်အုပ်ဘဲ ယူလိုက်တော့မည်ဟု စူးကျယ်အောင် ဆုံးဖြတ်ချက်ချလိုက်သည်။ အဒီးကတော့ ဝါရင့်စာဖတ်သမားမဟုတ်လေတော့ တွေ့ရာ စာအုပ် ၂အုပ်ပင်ကောက်ယူလိုက်သည်။ထို့နောက်စာကြည့်တိုက်မှူးထံ စာရင်းပေးကာ ပြန်ခဲ့ဖို့ပြင်ကြတော့သည်။

"စျေးခဏ သွားမလားဟေ့"
စူးကျယ်အောင် စကားစလိုက်သည်။ သူတို့မြို့လေးမှာ မြို့အခေါ် ညစျေးလေး တစ်ခုရှိသည်။ မြို့မစျေး နှင့်စုစုပေါင်းမှ သည်နှစ်ခုသာ ရှိသည်။ မြို့မစျေးကတော့မနက်ဆို အစောကြီးဖွင့်၊ နေ့လယ်ဆို ဝယ်သူပါး၊ ညနေဆို သိမ်းသွားသည်။ သည်ညစျေးလေးကတော့ မွန်းလွဲပိုင်းလောက်တွင် လူစည်ကားစပြုပြီး ညဘက် ၈နာရီခွဲလောက်ထိတော့ လူရှိတတ်သည်။ယခု ၇နာရီ ဖြစ်သည်။

"ဘာဝယ်ချင်လို့လဲ"
"တစ်ခုခုပေါ့၊ ညကျရင် စားဖို့လေ"

ညစျေးလေးမှာ အလွန်တရာ မပြည့်စုံလှပါ။ ရှမ်းဆိုင်လေးတစ်ချို့(ရှမ်းခေါက်ဆွဲရောင်းသောဆိုင်)၊ လမ်းဘေး စကောခင်း၍ ရောင်းသော ဟင်းသီးဟင်းရွက်သည် တစ်ချို့၊ ရှားရှားပါးပါး ဝက်သားဆိုင်တစ်ဆိုင်၊ အမဲသားဆိုင်တစ်ဆိုင်နှင့် ငါးဆိုင် နှစ်ဆိုင်၊ ခေါင်းဘီး၊ကလစ်၊မှန်၊စျေးခပ်ပေါပေါနှုတ်ခမ်းနီ၊မိတ်ကပ်၊ ခေါင်းစည်းကွင်းစသည်တို့ ကို ဗန်းနှင့်ချရောင်းသော ဆိုင်လေး နှစ်ဆိုင် သုံးဆိုင်၊ မြန်မာမုန့် ရောင်းသော ဆိုင်လေးတစ်ချို့၊ ကုန်စုံဆိုင် လေးတစ်ချို့ နှင့် ဘေထုပ်ပုံ လေးငါးပုံ ။သည်မျှသာ ဖြစ်သည်။ ခေါပုပ် ကြော်ပြီးသားတစ်ချို့နှင့် လိမ္မော်သီး တစ်ချို့ဝယ်ကာ ပြန်ခဲ့ကြသည်။ နွေဦးမို့ထင်ပါရဲ့ ဆိုင်ကယ်စီးရင်း တစ်ခုခုကိုလွမ်းမိသလိုပင်။အမည်မတပ်တတ်သော လွမ်းဆွတ်မှုလေးတစ်ခုမျှသာ။

"အော့် ပြန်လာကြပြီပါ့အေ့"
"အော့်"
"အိုက်၊ သည်ည သည်မှာဘဲ သားသားနဲ့ အိပ်မလား၊အပါကြီး အက်ခေါင်တို့ အိမ်သွားမလို့"
အိုက်ဆိုသည်မှာ ရှမ်းလို သား ဟုခေါ်ခြင်းဖြစ်သည်။ သည်မြို့မှာက ကချင်က ခပ်ရှားရှား ရှမ်းက ခပ်များများဖြစ်သည်။
"အော့် ၊သွားလေ အိပ်ပေးမယ်၊အိမ်ကို အပါကြီး ဝင်ပြောခဲ့ပေးနော့်"
"အော့်၊ အဲ့တာဆို အပါကြီးသွားပြီနော့်"
"အပါကြီး အရက်မသောက်နဲ့နော်"
"ရက်စ်ဆား"
စူးကျယ်အောင် သတိလှမ်းပေးလိုက်သော်လည်း အပါကြီးသောက်မည်ကို ကြို သိနှင့်နေသည်။ ဘာမှတော့မဖြစ်ပါဘူးလေ ။အပါကြီးက မူးလာရင်ပိုတောင်ချစ်ဖို့ကောင်းသေးသည်။ မုန့်ဖိုးတွေပေး၊ ဟာသတွေပြော၊ သီချင်းတွေဆိုခိုင်း၊သူက က။ ဟုတ်တော့ဟုတ်နေတာဘဲ။အပါကြီး ခုလို တစ်ခါတစ်ရံ အက်ခေါင်တို့အိမ်သွားတတ်သည်။ အက်ခေါင်တို့အိမ်မှာက ရုပ်မြင်သံကြား ရှိသည်။ ဘောလုံးပွဲ မျိုးစုံလဲကြည့်လို့ရသည်။ စူးကျယ်အောင်တို့က ဝယ်နိုင်ရဲ့သားနှင့် မဝယ်ကြခြင်းဖြစ်သည်။ ဝယ်လဲ အပိုသာ ဖြစ်မည်လေ ။ သည်အိမ်မှာ အပါကြီးက အမြဲ ရှိသည်မဟုတ်။ စူးကျယ်အောင်ကလည်း ဝါသနာပါသည်မဟုတ်။ အပါကြီးကလည်း အားရင် စာဖတ်၊အပင်စိုက်ဖို့သာ စိတ်အားသန်သည်။ ထို့ကြောင့်မဝယ်ကြခြင်းဖြစ်သည်။

"စာမေးပွဲပြီးတော့လည်း ရင်ထဲ ဟာတာတာကြီးပါ့"
"အလား၊ မင်းက ဘာတွေလုပ်ချင်သေးလို့လဲ"
"အဲ့လိုတော့မဟုတ်ဘူးလေ၊ ရော် .....၊နေရတာ တစ်မျိုးကြီးဖြစ်သွားတာပါ့အေ့၊ နေ့တိုင်းကျောင်းသွား၊ကျောင်းပြန်၊စာလုပ်၊အဲ့တာကနေ ရုတ်တရက်ကြီး ဘာမှ လုပ်စရာ မရှိတော့ ပျင်းတာပါ့အေ့"
"လုပ်စရာမရှိရင် အနောက်မှာ ရေနွေးအိုးသွားတည်"
"အော်၊အေးပါကွာ"
"ငါအောက်မှာ မုန့်တွေ ပြင်ထားမယ်"

တာဝန်ကိုယ်စီ ခွဲလိုက်ပြီး နောက် ညသည် အနည်းငယ်တိတ်ဆိတ်သွားသည်၊ စားပွဲပေါ်က နာရီကတော့ ၈နာရီ နဲ့ ၁၀မိနစ်။

သူတို့နှစ်ယောက် စာအုပ်တစ်ယောက်တစ်အုပ်စီနှင့် အိမ်အောက်က ကွပ်ပျစ်မှာ မုန့်စားရင်း ဇိမ်ကျနေကြသည်။ စူးကျယ်အောင်၏ ကြက်များလည်း ကြက်ခြံထဲ တုပ်တုပ်မှ ပင် မလှုပ်တော့ပါချေ။ ပဲသီးစင် က ပဲရွက်များလည်း နှင်းရည် စိုစွတ်မနေတော့၊ သည်အိမ်ရှေ့မှာ လယ်ကွင်းပြင် ရှိတော့ လေလေးတော့ တိုက်ပါရဲ့။ စူးကျယ်အောင် ငြိမ်သက်ကာ စာဖတ်နေသဖြင့် အဒီးပါ ငြိမ်ပြီးစာဖတ်ရင်း နှစ်ယောက်လုံး စာအုပ်ထဲ စျာန်ဝင်နေကြသည်။ ကိုးနာရီ ခွဲသွားတော့ အနည်းငယ် ပျင်းလာကြသည်။

"သီချင်းဆိုကြမလားဟေ့ရောင်"
"ကချင်ကောင်က ဗမာသံ ပီလို့လား၊ ဗမာသီချင်းကို ကချင်သံနဲ့တော့ ငါမခံစားနိုင်ဘူးမောင်"
"အလား မညယ်၊သွားသွား ဂီတာသွားယူ"
နောက်ဆုံးကျန် လိမ္မော်သီးတစ်မြွှာ ကို ဝါးရင်း အိမ်ပေါ် သို့ ဂီတာ တက်ယူလိုက်သည်။ စူးကျယ်အောင်ရော အဒီးပါ ဂီတာ တီးတတ်သည်။ အပါကြီးသင်ပေးထားသည်လေ။

အိမ်ရှေ့က ကွင်းပြင်ကြီးမှာ အုတ်ခုံလေးရှိသည်။ ညသည် တိတ်ဆိတ်သော်လည်း အသက်ဝင်နေသလို ခံစားရမိသည်။ ကောင်းကင်ပေါ်မှာတော့ တိမ်လွှလွှလေးတွေ မြင်ရသည်၊လကိုတော့ မဖုံးသေး၊ ကြယ်များကတော့ မစုံလင်လှပါ။

အဒီး လက်ချောင်းများ ဂီတာ ကြိုးပေါ် ပြေးဆင်းသွားကာ စည်းချက်ညီညီ ရိုက်ခတ်မိသည်နှင့်တစ်ပြိုင်နက်

"မျက်ဝန်းများနဲ့xxxxxသူရယ်ကိုယ် xxxxဆုံတွေ့တဲ့ခဏ...မျက်ဝန်းများထဲ အချစ်ကိုxxxxxတွေ့ရှိခဲ့ကြ၊ လောကကြီးနဲ့ အဆက်ဖြတ်ကာ လေဟာနယ်ထဲxxxxxမိုးသားများအဖြစ် တို့ နှစ်ဦးxxxxxမျောလွင့်သွားကြ၊ နှလုံးသားထဲxxxxထိန်းချုပ်မရ၊ ပြေးထွက်မရxxxxxအချစ်ရဲ့ဆွဲအားxxxxxxxxထူးဆန်းတဲ့ တန်ခိုးများကxxxxတို့ကို.......ခေါ်ဆောင်သွားကြxxxxx
တိမ်လိုလွင့်မျောလိုက်xxxxxxတိမ်လိုပြိုလဲလိုက်xxxxxစေညွှန်ရာလွင့်ခဲ့ အချစ်ရဲ့လေညှင်းထဲxxxxမင်းနဲ့တို့ နှစ်ယောက် ခရီးထွက်ခဲ့......နူးညံ့တဲ့ အမိန့်တော်အတိုင်း....xxxxx"

၊သူတို့နှစ်ယောက်သည် ညကို အသက်သွင်းပေးလိုက်သည့်နှယ်။ ဟိုဘက်တစ်အိမ်ကျော်မှ ညီအစ်မ၄ဖော်တို့လဲ ကောင်လေးနှစ်ယောက်သီချင်းဆိုသည်ကို ပေါ်တင် နားထောင်ခဲ့ကြသည်။ ၁၇နှစ်မပြည့်တတ်သေးသော လူပျိုရွယ်လေးနှစ်ယောက်၏ နုပျို လတ်ဆတ်မှုတို့ကို ဂီတာတစ်လက်၊သီချင်း တစ်ပုဒ်
နှင့် ပေါင်းစပ်ကာ ညကို နုပျိုစေခဲ့သည်။ ညက သူတို့ကိုကို အချိန်အကြာကြီး အတူရှိမနေစေပါ။ မိုးလင်းလာလျှင်တော့ အိမ်ပြန်ရတော့မည်။ ထိုညကို အဒီးမကုန်လွန်စေချင်ပါ။

ည ဆယ်နာရီ ထိုးပြီ။ နာရီမှ နှိုးစက်သံလေး မြည်ခဲ့တော့သည်။

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

7.1M 366K 92
If dish soap, rutabagas, and firecrackers aren't an essential part of your zombie apocalypse kit, you better grab them now! Season 1 of The Virus Wit...
The Boyfriend App Από Mon D Rea

Εφηβική Φαντασία

1.7M 17.3K 3
*Wattys 2018 Winner / Hidden Gems* CREATE YOUR OWN MR. RIGHT Weeks before Valentine's, seventeen-year-old Kate Lapuz goes through her first ever br...
4M 195K 101
✅ "We always long for the forbidden things." 𝐝𝐲𝐬𝐭𝐨𝐩𝐢𝐚𝐧 𝐧𝐨𝐯𝐞𝐥 ↯ ⚔︎ ʙᴏᴏᴋ ᴏɴᴇ ᴀɴᴅ ᴛᴡᴏ ᴄᴏᴍʙɪɴᴇᴅ ⚔︎ ...
22.5M 791K 69
"The Hacker and the Mob Boss" ❦ Reyna Fields seems to be an ordinary girl with her thick-framed glasses, baggy clothes, hair always up in a ponytail...