π‘‚π‘’π‘Ÿ π‘†π‘œπ‘›π‘” (𝑆𝑒𝑛𝑔𝐽𝑒...

By Aurelius_Calcifer

817 79 38

π‘†π‘ˆπ‘πΊπ½πΈπ‘πΊ 𝑂𝑁𝐸𝑆𝐻𝑂𝑇 𝐹𝑂𝑅 𝑇𝐻𝐸 𝐢𝑂𝑀𝑀𝐼𝑆𝑆𝐼𝑂𝑁 Burmese Enhypen Fanfiction More

π˜–π˜Άπ˜³ 𝘚𝘰𝘯𝘨

817 79 38
By Aurelius_Calcifer

'သရဲကားကြည့်လို့ရမလား' ဆိုပြီးအနားကပ်ပြီး တိုးတိုးလေးလာပြောတော့ ဂျုံဆောင်းယောင်ပြီး သူ့ကိုလှည့်ကြည့်မိသေးတယ်။

'ငါမင်းကိုဖက်ထားချင်လို့။ မကြောက်တတ်ရင်တောင် ဒီအတိုင်းလေးအဖက်ခံထားပေးပါ' ဆိုပြီးတောင်းဆိုလာတာလေ။ ဂျုံဆောင်းမရှက်ဘဲနေမလား။ လက်မှတ်ဖြတ်ပေးမဲ့ ကောင်တာကကောင်မလေးက မဖောက်ရသေးတဲ့တူနှစ်ချောင်းလို ပူးကပ်နေတဲ့သူတို့နှစ်​​ယောက်ကိုတောင် ပြုံးပြီးမျက်နှာလွှဲသွားပြီ။

နီရဲနေတဲ့ကိုယ့်ရဲ့ပါးနှစ်ဖက်ကို ဂျုံဆောင်းလျစ်လျူရှုပြီး ရှေ့မှာပြထားတဲ့ထူးထူးဆန်းဆန်းမျက်နှာကြီးတစ်ခုပါတဲ့ ခပ်မှောင်မှောင်ပိုစ့်စတာတစ်ခုကိုပဲ လက်ညှိုးထိုးပြီး လက်မှတ်နှစ်စောင်ဝယ်လိုက်ရတယ်။ ပတ်ခ်ဆောင်ဟွန်းလုပ်လို့ သူ့မှာအကြွေဖြတ်တာတောင် လက်ကတုန်ချိချိဖြစ်သွားရတယ်။

ဘာမှထုတ်မပြောပေမဲ့လည်း သူ့ကောင်လေးကို ဂျုံဆောင်းအရမ်းအသည်းယားပါတယ်။

ပတ်ခ်ဆောင်ဟွန်းကအလွန့်အလွန်ကိုရောမန္တိကဖြစ်လွန်းလှပါတယ် လူတွေရယ်...

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ဆိုတဲ့စကားကို ဂျုံဆောင်းပြန်ရုတ်သိမ်းပါရစေ။

"ပျောက်သွားပြီလား ဘေဘီ"

"အင်း ပျောက်သွားပြီ။"

"ဟုတ်လို့လား။"

"ဪ တကယ်ပါဆိုနေမှ။"

သူနှစ်ခေါက်လောက်ပြောတော့မှ မယုံချင်ယုံချင်နဲ့ ဂျုံဆောင်းနောက်ကျောနောက်ဝင်ပုန်းနေတဲ့ သူ့ခေါင်းကိုပြန်ထောင်ပြီး ပတ်ခ်ဆောင်ဟွန်းကဟိုဟိုဒီဒီလိုက်ကြည့်တယ်။ ပြီးတော့မှ သူ့ကိုပြုံးဖြီးဖြီးနဲ့ပြန်လှည့်ကြည့်တယ်။ ဒါတောင်သူ့ကိုဖက်ထားတဲ့လက်တွေက ရုပ်ရှင်စပြတည်းကတစ်ချက်တောင်မလွှတ်ရသေးဘူး။ ပတ်ခ်ဆောင်ဟွန်းကအစကတည်းက ဖက်ထားချင်လို့လို့ပဲ ပြောခဲ့တာပါပဲ။ ဘာကြောင့်ဖက်ချင်ပါတယ်လို့မှ မပြောခဲ့ဘဲကို။ မဆီမဆိုင်အားကိုးချင်စိတ်တွေဖြစ်သွားမိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ရုပ်ရှင်ကားထဲပါတဲ့ ဆယ်ပေါင်တူကြီးနဲ့ထုပစ်လိုက်ချင်တော့တယ်။

ဒီအတိုင်း Serial killer က ဇာတ်ကောင်တစ်ယောက်ရဲ့ခေါင်းတစ်ခြမ်းကိုဆယ်ပေါင်တူလေးနဲ့ထုလိုက်လို့ မျက်လုံးတစ်လုံးပြွတ်ခနဲလွင့်ထွက်သွားတဲ့အခန်းရောက်လာတာကို ထအော်ပြီးသူ့ခန္ဓာကိုယ်ကြီးကိုမှအားမနာ ဂျုံဆောင်းကို သူ့လက်နှစ်ဖက်အားနဲ့ ဆွဲညှစ်ထားလိုက်သေးတယ်။

အဲ့ဒါ သူတို့စဒိတ်ခါစတုန်းက ဘာတွေပဲဖြစ်လာလာ ဂျုံဆောင်းကိုကာကွယ်ပေးမဲ့ကောင်ပါကွာ ဆိုပြီး သူ့လက်မောင်းကြွက်သားတွေကို Flex ပြဖူးတဲ့ ပတ်ဆောင်ဟွန်းတဲ့လေ။
ဂျုံဆောင်းတစ်ယောက်တော့ အဲ့နေ့ကဒိတ်မှာ ပတ်ခ်ဆောင်ဟွန်းရဲ့ခွခေါင်းအုံးတစ်လုံးဘဝကို နှစ်နာရီခွဲစာလောက်ရောက်သွားရင်း ဒိတ်လေးလည်းပြီးသွားရတော့တာပေါ့။

°•°•°•°•°•°

ညစာစားပွဲဝိုင်းကမိသားစုစကားဝိုင်းမှာ ကုမ္ကဏီကအကြောင်းပြောနေကြရာက ဘယ်ကနေဘယ်လို ကိုယ့်တက္ကသိုလ်ကအဆင့်တွေအကြောင်းရောက်သွားသလဲမသိဘူး။ ဂျုံဆောင်းတွေးနေတာ လူကြီးတွေအကြောင်းမှမဟုတ်ဘဲကို။ အဖေနဲ့အဖေ့ညီမက ဂျုံဆောင်းရဲ့အဆင့်တွေကောင်းလားမေးတယ်။ အဲ့ဒီလိုမေးခွန်းလေးတွေအမေးခံရတဲ့အခါ တစ်ခါမှလျှောမကျဖူးတဲ့ လေးထောင့်မျက်မှန်လေးကိုပင့်ပင့်တင်ပြီး အထက်စီးကနေပြန်ပြောရတာကိုတော့ ဂျုံဆောင်းနည်းနည်းလေးခရေဇီဖြစ်မိတယ်။ သူတို့ကလည်းအဲ့ဒီလိုမျိုး ဂျုံဆောင်းကိုစာနဲ့ပတ်သက်ပြီး စိတ်ချထားလို့ရတာသိတော့ အများကြီးဆက်မပြောကြဘူး။

ဒါပေမဲ့ လူကြီးတွေဆိုတာ အရမ်းကိုစိတ်ဒုက္ခပေးချင်လို့ ကလေးတွေမွေးထားကြတာမဟုတ်ဘူးလားနော်။ ကျောင်းစာတွေ၊ အဆင့်တွေနဲ့ဆူလို့မရတော့ သူငယ်ချင်းတွေအကြောင်းဆီရောက်လာတယ်။

"ပတ်ခ်ဂျုံဆောင်း သားအပေါင်းအသင်းတွေဆိုလည်း သေသေချာချာပေါင်းနော်။ အပေါင်းအသင်းမှားရင် လမ်းမှားရောက်သွားတတ်တယ်။"

အဖေကပြောတော့ အဒေါ်ဖြစ်တဲ့မိန်းမကြီးကပါ နောက်ကနေလိုက်ထောက်ခံတယ်။

"ဟုတ်တယ်။ ဟိုတလောကလေ ဂျေးတို့ တက္ကသိုလ်ကယူနီဖောင်းနဲ့ ကျောင်းသားတစ်ယောက်ရဲ့ video တွေလိုင်းပေါ်တက်လာတယ်လေ။ ဂျေးနဲ့အတန်းတူလားမသိဘူး။ လမ်းဘေးမှာ ဂစ်တာတီးပြီးပိုက်ဆံတောင်းနေတာလေ။ ရုပ်လေးကချောရဲ့သားနဲ့ကလေကချေအလုပ်တွေလျှောက်လုပ်နေတာလေ။ အဲ့လိုလူတွေနဲ့ မပေါင်းမိစေနဲ့ ဂျေး။"

အဒေါ်ဖြစ်တဲ့သူကို သူကြည့်မရတာအဲ့ဒါတွေထိပ်ဆုံးကပါတယ်။ သူ့ရည်းစားလေးကိုပြောရအောင် အဲ့ဒီမိန်းမကြီးကဘာမို့လို့လဲ။ ပြီးတော့ အဲ့ဒီတုန်းက ဆောင်ဟွန်းက အိမ်မရှိတဲ့လမ်းဘေးကအဘွားတစ်​ယောက်ကအကူအညီတောင်းလို့ အဘွားအတွက် ပိုက်ဆံရအောင်ဂစ်တာတီးပြခဲ့တာလေ။ ဆောင်းဟွန်းကလေကြီးလေကျယ်နည်းနည်းပြောတတ်တာလေးကလွဲလို့ ကျန်တာအားလုံးကကောင်းတာထက်ကိုပိုတဲ့ ကောင်လေးလေ။ အမျိုးတွေအကြောင်းကွယ်ရာမှာ အတင်းပြန်တုပ်ပြီး သူတို့ရှေ့ရောက်ရင်တစ်မျိုးလုပ်ပြနေတဲ့ အဲ့ဒီမိန်းမကြီးကများ သူ့နတ်သားလေးကို ဒီလိုပြောစရာလား။

"အင်း ဟုတ်တယ် ဂျေး။"

အဖေကပါပြောလိုက်တော့ ဂျုံဆောင်းတစ်ယောက်အူနုကျွဲခတ်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ ဒီနှစ်​ယောက်ကိုလည်း တစ်ခုခုပြန်ပြောမှ အသိတရားရကြမဲ့ပုံတွေရယ်နော်။ ဂျုံဆောင်းကတော့ မပြောချင်တော့လို့ ပြောကိုမပြောတော့ဘူးရယ်။

"ဂျုံဆောင်းကရည်းစားတွေရော ရှိပြီလား။"

ဆောင်းဟွန်းနဲ့ အခါနှယ်ဆယ်မက အနမ်းကဗျာတွေအတူတူရေးပြီးကြပြီ ဖခင်ရယ်လို့ ဖြေလိုက်ရင် ဝက်သားတွေပါစားထားပြီး သွေးဆောင့်တက်သွားမဲ့ အဖြစ်မျိုးမဖြစ်စေချင်လို့ အဖေ့အကျိုးအတွက်ရည်မျှော်ပြီး ဂျုံဆောင်းမလိမ်ချင်ဘဲလိမ်လိုက်ရပြန်တယ်။

"ထားစရာလားဗျာ...။"

"အင်း. အင်း. ရည်းစားမထားနဲ့လို့မတားချင်ပေမဲ့ ရည်းစားထားပြီး စာဘက်မှာပေါ့လာမှာမျိုးတော့ မလိုချင်ဘူး သား။"

"နားလည်ပါတယ် အဖေ။"

"ဂျေးတို့အတန်းထဲမှာ ဂင်မ်ဟယ်မီဆိုတဲ့ကလေးမလေးရှိတယ်မလား။ အဲ့ဒီကလေးမလေးက အစ်ကို့ရဲ့အသိကုမ္ပဏီကဥက္ကဌရဲ့မြေးမလေးလေ။ ဂျေး သူနဲ့သိတယ်မလား။ အစ်ကို့ကုမ္ပဏီကလည်းသူတို့နဲ့အလုပ်လုပ်ချင်တယ်လို့ ဟန်နာ့ကိုပြောဖူးတယ်မလားနော်။ သားသူနဲ့စကားတွေဘာတွေပြောကြည့်လေ။"

ပတ်ခ်ဟန်နာဆိုတဲ့ အဘွားကြီးသွားလေရာနေရာတိုင်း ဖိနပ်ပေါ်ကပြုတ်ကျပြီး သံမန်တလင်းနဲ့နဖူးမိတ်ဆက်သွားပါစေလို့ ဂျုံဆောင်းခပ်နာနာလေးကြိတ်ဆုတောင်းမိတယ်။ အဲ့လောက်ဖြစ်နေရင် အဲ့ဥက္ကဌအဘိုးကြီးကို သူယူလိုက်ပါ့လား။ ဘယ့်နှယ့်သူများသားပျိုလေးကို သူ့ပစ္စည်းလိုတွေလုပ်ပြီး အမြတ်လိုက်ထုတ်နေရတာလဲ။

စိတ်တိုလွန်းလို့ ညစာစားပြီးတာနဲ့ ဂျုံဆောင်းကိုယ့်အခန်းထဲဝင်ပြီး စာပဲဖိလုပ်နေလိုက်တယ်။ စိတ်ရှိတိုင်းသာလုပ်မယ်ဆို အဲ့အဘွားကြီးလွယ်မယ်မထင်ဘူး။

စာမှာနှစ်နာရီလောက်အာရုံစိုက်ပြီးတော့ ဂျုံဆောင်းအိပ်ငိုက်လာတယ်လေ။ လူအိပ်ချိန်ရောက်နေပြီပဲ။ မျက်နှာ၊ ခြေ၊ လက်ဆေးကြောပြီးတာနဲ့အိပ်ရာထဲဝင်မယ်လို့တွေးနေရင်း ပြတင်းပေါက်လိုက်ကာနောက်က မှန်ကိုခေါက်သံကြားလိုက်ရတယ်။ ဘယ်ကကလေကချေတွေက လူအိပ်ချိန်ကိုလာအနှောင့်အယှက်လုပ်နေရပါသလဲ။

ဂျုံဆောင်းလည်းလိုက်ကာကိုဖယ်လိုက်တော့ မှန်နောက်ကပြုံးပြနေတဲ့သူ့ရည်းစားလေးရယ်ပါ။ အခုကျတော့ သရဲလိုလို၊ သူခိုးလိုလို၊ သရဲသူခိုးလေးနဲ့တကယ်တူသွားတာ။ ဂျုံဆောင်းအသံမထွက်ဘဲ ဖြေးဖြေးချင်းပြတင်းပေါက်မှန်ကိုဖွင့်ပေးတော့ အသားဖြူဖြူမျောက်လွှဲကျော်လေးကစွေ့ခနဲခုန်ဝင်လာတယ်။

"ဟွန်း ဒီအချိန်ကြီးဘာလာလုပ်..။"

"မင်းကိုတွေ့ချင်လို့လေ။"

"ညအိပ်ချိန်ကြီးလေ။"

"ကိုယ့်ရည်းစားဆီကိုယ်လာတွေ့တာလေ။ ဘာလဲ။ ငြိုငြင်တာလား။"

"ဒါပေါ့။"

"ဟာ..."

"မငြိုငြင်စေချင်ရင် ငါ့ကိုဂစ်တာတီးပြ။"

"မင်းအိမ်ကကြားသွားမှာပေါ့။"

"အင်းလေ.. မင်းအိမ်ကိုလိုက်လာရင်မကြားရတော့ဘူးပေါ့။"

"ဒါပေါ့... ဟင်! အခုပတ်ခ်ဂျုံဆောင်းဆိုတဲ့စာပဲသိတဲ့ကျောင်းသားလေးက အိမ်ကခိုးထွက်ဖို့လုပ်နေတာလား။"

"ပြတ်ပြီ မင်းနဲ့ငါနဲ့။ ငါ့အိမ်ပေါ်ကဆင်း။"

ပြတင်းပေါက်ကနေတွန်းချဖို့ လုပ်တော့မှ ဆောင်းဟွန်းကသူ့လက်နှစ်ဖက်ကိုကိုင်ပြီး လက်ဖမိုးနှစ်ခုကိုနမ်းတယ

"ဘေဘီကလည်း ငါကဒီအတိုင်းစတာကို။ လာ... မင်းအရင်ဆင်းမလား။ ငါအရင်ဆင်းရမလား။"

"ငါအရင်ဆင်းမယ်။"

ပြောရင်းဆိုရင်းနဲ့ ဂျုံဆောင်းပြတင်းပေါက်ကနေထွက်လိုက်ပြီး ပိုက်လိုင်းတစ်ခုပေါ်ကိုခွပြီး အိမ်အောက်မြက်ခင်းပေါ်ကြွကြွရွရွလေးခုန်ဆင်းလိုက်တယ်။

ခဏနေတော့ ဆောင်းဟွန်းကပါ ခုန်ဆင်းလာတယ်။ ဒါပေမဲ့ သူ့လက်ထဲမှာတော့ ဂျုံဆောင်းရဲ့အဝတ်ဗီရိုထဲက ဂျာစီအထူတစ်ထည်ပါပါလာတယ်။

"သွားချင်တာနဲ့ ဇွတ်ဆင်းသွားတာပဲ။ အပြင်မှာအေးတယ်လေကွာ။"

ဂျုံဆောင်းဘာမှမပြောတော့ဘဲ ဂျာစီကိုထပ်ဝတ်ရင်း သူတို့နှစ်ယောက်ခြံစည်းရိုးကို အသံမထွက်အောင်ခွကျော်ရတယ်။ ဘာရယ်မဟုတ် Relationship goal လေးတွေရယ်ပေါ့နော်။ နင်ဂျာသိုင်းကွက်တွေသုံးနေရပေမဲ့ စိတ်လှုပ်ရှားဖို့ကောင်းတော့ အေးစိမ့်စိမ့်ညမှာတောင် ဂျုံဆောင်းရဲ့နဖူးမှာချွေးစက်လေးတချို့ သီးလာတယ်။

"လာ.. ငါ့ကားကဟိုဘက်မှာ။"

သူတို့နှစ်ယောက် ပတ်ခ်ဆောင်ဟွန်းရဲ့အိမ်ကိုရောက်လာကြပြန်တယ်။ ဆောင်းဟွန်းတို့အိမ်ကိုရောက်ကြပြန်တော့လည်း ဂျုံဆောင်းကကားခုံတွေအောက်နားဆင်းပြီး ပုန်းရသေးပြန်တယ်။ လူမသိသူမသိပုန်းလျှိုးကွယ်လျှိုးဒိတ်ရတာ ဒုက္ခတွေများပေမဲ့ ပျော်စရာကောင်းတယ်လေ။ သူတစ်ခုခုဖြစ်မှာစိုးလို့ ဆောင်းဟွန်းကပါလိုက်ပို့မယ်ဆိုပြီး ပြတင်းပေါက်တွေကနေပဲ ဆောင်းဟွန်းအခန်းထဲဝင်ကြပြန်တယ်။

"ဝိုး... မင်းအခန်းကငါ့အခန်းထက်တောင်ကျယ်လိုက်တာ။"

"ရပြီ။ မင်းအိပ်ချင်နေတယ်မလား။ ငါအိပ်ပျော်လို့ကောင်းအောင်တီးပေးမယ်။"

ဆောင်းဟွန်းဂစ်တာတီးရင် ဂျုံဆောင်းအရမ်းသဘောကျရတယ်။ အရမ်းတွေကြည့်ကောင်းနေတာမဟုတ်ဘူးလား။ တစ်ခါတလေကျ ကျောင်းမှာလည်းဆောင်းဟွန်းကဂစ်တာတွေတီးတတ်တယ်။ အဲ့ဒီအချိန်ဆို မိန်းကလေးတွေအများကြီးကပျားတွေလိုပဲ သူ့အနားဝိုင်းလာတတ်သေးတယ်။ ဆောင်းဟွန်းကအရမ်းချစ်ဖို့ကောင်းပြီး အလိုက်သိတတ်တဲ့ကောင်လေးလို့ပြောရင် ဂျုံဆောင်းအပိုပြောတာမဟုတ်ဘူး။ ကိုယ့်ရည်းစားကို ကောင်မလေးတွေအများကြီးဝိုင်းနေတာကို ဂျုံဆောင်းသဝန်တိုပေမဲ့ အရမ်းချုပ်ချယ်သလိုဖြစ်မှာစိုးလို့ ထုတ်မပြောဖြစ်ခဲ့ဘူးလေ။ ဒါပေမဲ့ သူတို့တွဲတဲ့အချိန်ကစပြီး ဆောင်းဟွန်းကသူ့ရှေ့မှာကလွဲပြီး ဘယ်သူ့ရှေ့မှာမှဂစ်တာမတီးတော့ဘူးရယ်။

ဖြေးဖြေးချင်းပဲထွက်လာတဲ့ နူးနူးညံ့ညံ့ဂစ်တာတီးသံလေးနဲ့ ဂစ်တာကိုပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်လှုပ်ရှားနေတဲ့ လက်သွယ်သွယ်လေးဆယ်ချောင်းက ဂျုံဆောင်းအကြည့်မခွာနိုင်တဲ့အထိကို ဆွဲဆောင်အားကောင်းလွန်းလှတယ်။

ဆောင်းဟွန်းကဂစ်တာတီးနေရတဲ့အချိန်ဆို အမြဲပြုံးနေတတ်လို့ ဂျုံဆောင်းကနှစ်ထပ်ကွမ်းပြီး ပိုပျော်ရတယ်။ ဆောင်းဟွန်းကသူ့ဘဝရဲ့ Placebo လေးလို့တင်စားရင် လွန်သွားလိမ့်မလား။ မလွန်လောက်ပါဘူး။ တကယ်လည်း ဂျုံဆောင်းကဆောင်းဟွန်းနဲ့အတူတူရှိနေရရင်ဆိုတဲ့ အတွေးလေးနဲ့တင် ဘာလုပ်လုပ်ပီတိသောမနဿဖြစ်နေရတာလေ။

ဆယ်မိနစ်လောက် ပတ်ခ်ဆောင်းဟွန်းဂစ်တာတီးတာကိုပဲငေးနေရင်း မျက်လုံးတွေမှေးစင်းလာတာတောင် ဂျုံဆောင်းသတိမထားမိလိုက်ဘူး။ ဆောင်းဟွန်းကသူ့ဘေးနားဝင်လှဲပြီး သူ့ခေါင်းအောက်ကိုလက်မောင်းလျှိုသွင်းလာတာကိုခံစားမိတော့ ဂျုံဆောင်းလည်းဆောင်းဟွန်းရင်ဘတ်ကို မျက်နှာအပ်ပြီး အိပ်လိုက်ဖို့ပဲတွေးတော့တယ်။ ဒါပေမဲ့ ရင်ထဲကပြောချင်နေတဲ့စကားတစ်ခွန်းကိုတော့ အိပ်မပျော်ခင်ဂျူံဆောင်းထုတ်ပြောမိလိုက်ပါတယ်။

"ဟွန်း.."

"အင်း.. ပြော။"

"မင်းငါ့အတွက်သီချင်းတစ်ပုဒ်ဆိုပြရမယ်။"

"ဘာသီချင်းလဲ။"

"ငါတို့ရဲ့သီချင်း။"

"ဟင်... အဲ့ဒါသီချင်းနာမည်လား။"

"မဟုတ်ဘူး။ ငါနားထောင်ချင်တာက တစ်ကမ္ဘာလုံးပေါ်မှာရှိတဲ့ ဘယ်သူကမှမပိုင်ဆိုင်ဘဲ ငါတို့နှစ်ယောက်ပဲပိုင်တဲ့ ငါတို့နှစ်ယောက်နဲ့ပဲသက်ဆိုင်တဲ့ ငါတို့ရဲ့သီချင်း။ မင်းရေးပြီးတဲ့အချိန်ကျ ငါ့ကိုဆိုပြနော်။"

"ငါမှတစ်ခါမှသီချင်းမရေးဖူးတာ ဘေဘီရဲ့။"

"..."

"ဘေဘီ... အိပ်ပျော်သွားပြီလား။ ပြောချင်ရာပြောပြီး အိပ်ပျော်သွားပြန်ပြီ ပတ်ခ်ဂျုံဆောင်းတို့ကတော့။"

အဲ့ဒီနောက်တော့ အိမ်ကြီးထဲကအခန်းလေးတစ်ခုက ညမီးအိမ်လေးလည်းပိတ်သွားပြီးနောက်တစ်နေ့ကို ကူးပြောင်းဖို့အတွက်သက်ရှိသက်မဲ့အားလုံးလည်း အနားယူကြတော့တယ်။

°•°•°•°•°•°•°

ဂျုံ​ဆောင်းတက်နေတဲ့ Private University မှာရှိတဲ့ယောက်ျားလေးတွေကို နှစ်မျိုးနှစ်စားပဲခွဲလို့ရတယ်။ စာအရမ်းတော်ပြီး Top 1 to 10 ကိုတစ်လှည့်စီယူပြီး ​​တဝဲလည်လည်ဖြစ်နေမဲ့ Hyper လေးတွေရယ်၊ ပေတေတေလူဆိုးတွေရယ်ဆိုပြီးတော့ပေါ့။ သူတို့နှစ်ဖွဲ့က တစ်ဖွဲ့ကိုတစ်ဖွဲ့လည်းကြည့်မရကြပါဘူး။ Hyper လေးတွေကလည်းသူတို့အုပ်စုနဲ့သူတို့ဝါသနာပါရာစုပြီး လူဆိုးလေးတွေကလည်း သူတို့ဘာသာသူတို့သပ်သပ်နေပြီး မိန်းကလေးတွေကိုလိုက်စကြ၊ အတန်းထဲဆူညံအောင်လုပ်လိုက်နဲ့ပေါ့။

ဂျုံဆောင်းကအဲ့ဒီလိုလူနှစ်ဖွဲ့ နှစ်ခြမ်းတိတိပြဲကွဲနေတဲ့ နေရာမှာထူးထူးခြားခြားဖြစ်နေတာလေ။ ပတ်ဝန်းကျင်ကသူတွေပြောတာခံလာရတာကြောင့်အမြင်ကပ်ပြီးတမင်လုပ်ပြတာကြောင့်ရယ်၊ ဒါမှမဟုတ် ဝါသနာထုံလို့ကို ဆိုးချင်ကြတဲ့လူဆိုးလေးတွေနဲ့ပဲ ဂျုံဆောင်းကပေါင်းသင်းတယ်။ Hyper လေးတွေမှာလည်း သူတို့ရဲ့ကျေးဇူးရှင်အမည်ခံတွေက တစ်နည်းမဟုတ်တစ်နည်းဖိနှိပ်ထားလို့ စာပဲကုန်းလုပ်နေရတဲ့သူတွေရှိတယ်။ ဒါပေမဲ့ ဂျုံဆောင်းအတွက်တော့သူ့အတန်းထဲက ပေတေတေလူဆိုးလေးတွေက Hyper လေးတွေထက်ပိုပြီးစစ်မှန်တယ်လို့ခံစားရတယ်။

လူဆိုးလေးတွေနဲ့ပဲပေါင်းနေပေမဲ့ ဂျုံဆောင်းက Roll 2, Roll 3 အမြဲတမ်းရနေတဲ့ Bad genius လေးတစ်​ယောက်။ လူဆိုးလေးတွေနဲ့ပဲ စကားပြောပြီး ဂျစ်ကန်ကန်နေနေပေမဲ့ ဘာမှဆိုးဆိုးရွားရွားလည်းမလုပ်တာမို့ ဆရာ၊ ဆရာမတွေကဂျုံဆောင်းကိုပြောဖို့အကွက်မတွေ့ကြဘူး။ ဒါပေမဲ့ စာမေးပွဲဖြေတိုင်း ဂျုံဆောင်းကစာခိုးပြီးပြပေးလို့ ဂျုံဆောင်းနားမှာထိုင်ရတဲ့သူကတကယ့်မောင်ကံကောင်းလေးဖြစ်တတ်လို့ လူဆိုးလေးတွေကဂျုံဆောင်းကို ဘော်ဒါအရင်းတွေလိုပဲ ဆက်ဆံကြတယ်။ ပြီးတော့ ပြောချင်တာကကွာ။ "Fuck the ranking system" လေနော်။ ကျောင်းသားတွေကိုထရော်မာပေးချင်လို့ကို သပ်သပ်လုပ်ထားတာကြီးကို။

Roll 1 လား? ဘယ်သူ့မှနံပါတ် ၁ ရတဲ့ကောင်အကြောင်းမပြောကြဘူး။ သတိလည်းမရဘူး။ ဒီဇာတ်လမ်းက ရုပ်ပြကာတွန်းတစ်ပုဒ်ဖြစ်နေမယ်ဆိုရင်တောင် အဆင့် ၁ ရတဲ့ကောင်က Protagonist မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင်လည်းအဖြေကရှင်းရှင်းလေး။ ဂျုံဆောင်းရဲ့ဘဝကရုပ်ရှင်တစ်ပုဒ်ဆိုရင် ပတ်ခ်ဆောင်ဟွန်းဆိုတဲ့ ဂစ်တာတီးတဲ့နတ်သားလေးက Main Lead လေ။

သွားစွယ်လေးနဲ့ လခြမ်းကွေးလေးလိုလင်းလက်နေတဲ့အပြုံးလေးတွေနဲ့ အဲ့ဒီကောင်လေးကကျ ကျောင်းသား၊ ကျောင်းသူတိုင်းရဲ့ပီယဆေးလေးတစ်ဖုံလေ။ လူတိုင်းနဲ့အဆင်ပြေပြေပေါင်းတတ်တယ်။ သူကိုကသူများတွေမတူဘဲ တစ်မူကွဲနေတဲ့ကောင်လေးပေါ့။ နှာခေါင်းသွေးလျှံတဲ့အထိ ကျောင်းစာအုပ်ပုံကြီးထဲခေါင်းငိုက်နေတဲ့ စာပဲသိတဲ့ဟိုက်ပါလေးတွေလိုမျိုးမဟုတ်သလို ဆံပင်ကိုကြောင်ကျားကျားအရောင်တွေဆိုး၊ နားဆွဲအရှည်ကြီးတွေတပ်၊ Graffiti ဆွဲရတာဝါသနာပါတဲ့ သူတို့အတန်းထဲကလူဆိုးလေးတွေလိုမျိုးလည်း မဟုတ်ပြန်ဘူး။

သူတို့စတွေ့တုန်းက ဆောင်းဟွန်းကအဲ့လိုမျိုးပီယပိုင်ရှင်ကောင်လေး။ အခုတော့အဲ့ဒီကောင်လေးရဲ့အိတ်ကပ်ထဲအထည့်ခံပြီး သူကနေရာတကာလိုက်နေပြီပေါ့။ တစ်ကျောင်းလုံးက Bad genius လေးနဲ့ School's sweetheart လေးတို့ Duo ကိုအရမ်းသဘောကျကြတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်တွဲနေတာကိုတော့ ဘယ်သူမှမသိကြဘူး။

သူတို့ဘာလို့မပြောကြလဲဆိုတာလည်း ရှင်းရှင်းလေးပါပဲ။ အိမ်ကလူကြီးတွေကြောင့်ပေါ့။ ပတ်ဝန်းကျင်ဆိုတဲ့အရာကိုတောင် ထည့်စဥ်းစားဖို့မလိုသေးဘူး။ ဇီဇာကြောင်၊ သားဂုဏ်မောက်နေတဲ့ ဆောင်းဟွန်းရဲ့အမေနဲ့ ဂျုံဆောင်းရဲ့အဖေနဲ့တင်သူတို့နှစ်​ယောက်အတွက်က ခြေချုပ်မိနေနှင့်ကြပြီးပြီ။ သူတို့ကအဲ့ဒါတွေဂရုမစိုက်ပေမဲ့ သူတို့အတွက်ဆိုပြီးခေါင်းစဥ်လှလှလေးတပ်ရင်း ကိုယ့်အတွက်ကိုယ်ပဲစဥ်းစားကြတဲ့ လူကြီးတွေကြားမှာမို့ သူတို့နှစ်​ယောက်စလုံးတိတ်တိတ်လေးပဲနေနေခဲ့ကြတာလေ။ ရိုမီယိုနဲ့ဂျူလီယန်ဆိုတာလည်း ရုပ်ဆိုးအကျည်းတန်လှတဲ့ အချစ်ပုံပြင်မှမဟုတ်တာလို့ ဂျုံဆောင်းအားမလိုအားမရတွေးဖူးတယ်။

ဘယ်သူမှအရာအားလုံးကို ထာဝရဖုံးကွယ်ထားလို့မရပြန်ဘူး။ ဂျုံဆောင်းနဲ့ဆောင်းဟွန်းဟာလည်း ချွင်းချက်မဟုတ်ခဲ့ဘူး။ တစ်နေ့တော့ဆောင်းဟွန်းရဲ့အမေက သူတို့နှစ်ယောက်ရဲ့သီတင်းကိုသိသွားသလို သတင်းဟာလည်းဂျုံဆောင်းရဲ့အဖေဆီရောက်သွားပြန်တယ်။ ကြိုခန့်မှန်းထားပေမဲ့ မြန်လွန်းလှတယ်။ တယ်လီပသီဆက်နေသလားလို့တောင် ပြောလို့ရတဲ့နှစ်ဖက်မိဘတွေဟာ သူတို့နှစ်ယောက်ကို မိရိုးဖလားရှေးရိုးထုံးစံအတိုင်း အကျယ်ချုပ်ချလိုက်ကြတယ်။

အဖေရဲ့စိတ်ဆိုးနေတဲ့မျက်နှာကြီးကို ပြန်တွေးမိတိုင်းသူ့မှာတခွိခွိနဲ့ဗိုက်နှိပ်ပြီးရယ်နေမိတော့တာပဲ။ ဒီနေ့ဝက်သားဟင်းမချက်တဲ့ ထမင်းချက်အန်တီကိုပဲဂျုံဆောင်းကျေးဇူးတင်မိတယ်။ လူကြီးတွေဆိုသည်မှာလည်း အခန်းထဲထည့်ပိတ်လိုက်ရုံလေးနဲ့အဆင်ပြေနေပြီထင်နေကြတာလားမသိဘူး။ ဂျုံဆောင်းလည်းအဖေ့ကိုကြိတ်ပြီးဟားရင်း ဆောင်းဟွန်းရဲ့ဖုန်းဆီဆက်လိုက်တယ်။ ငါးခါလောက်ဆက်တဲ့အထိမကိုင်တော့ ဆောင်းဟွန်းအမေကဖုန်းသိမ်းသွားလောက်ပြီလို့တွေးမိပြီး ဆောင်းဟွန်းနဲ့သူနဲ့ပဲသိတဲ့အရန်ဖုန်းနံပါတ်တစ်လုံးကိုဆက်လိုက်တော့မှ ချက်ချင်းကိုင်လာတော့တယ်။

"ဘေဘီ အမေတော့အကြီးကြီးပေါက်ကွဲနေပြီ။ အခုလည်းငါ့အခန်းရှေ့မှာလမ်းပတ်လျှောက်နေတာ။ တိုးတိုးလေးပဲပြောလို့ရမယ်။"

"ငါ့အဖေရောပဲ ဟွန်းရာ။ တကယ်ကြီးပေါက်ကွဲနေတာ။ မသိရင်သူ့ကိုယ်ဝန်ရသွားလို့စိတ်ဆိုးနေတာကျနေတာပဲ။"

ဆောင်းဟွန်းဆီကခပ်တိုးတိုးရယ်သံလေးကို ကြားလိုက်ရတယ်။ အဲ့ဒီနေ့ကလည်းလူချင်းမတွေ့ရတာကလွဲရင် သူတို့ဖုန်းနဲ့တိတ်တိတ်လေးကြိတ်ပြီး သူတို့ညတိုင်းစကားပြောကြတယ်။ မနက်ကျရင်တော့ သူတို့ကိုစောင့်ကြည့်ဖို့ လွှတ်ထားတဲ့လူတွေကြောင့် တက္ကသိုလ်မှာတော့ သူတို့အနေအထိုင်ဆင်ခြင်ပြရတယ်။

ပြီးတော့ သူတို့နှစ်ယောက်သတင်းကိုဖွတဲ့ Hyper လေးတစ်ယောက်ကိုလည်း မှတ်လောက်သားလောက်အောင်ဆုံးမပေးလိုက်ကြတယ်။ ဒါမျိုးဆို သူတို့နှစ်ယောက်ကစိတ်တူကိုယ်တူပဲ။ ကိုယ့်ဘာသာကိုယ်အေးအေးချမ်းချမ်းလေးနေတာကို အရမ်းပြဿနာရှာချင်ကြတဲ့ဟာတွေလေ။

အဖေတို့လွှတ်ထားတဲ့လူတွေမသိအောင် သူတို့ဘယ်သူမှမသိတဲ့စကားပြောနည်းမျိုးစုံနဲ့ စကားပြောတယ်။ လက်လွှတ်မလားဆိုရင် ဘယ်တော့မှလက်မလွှတ်ဘူးဆိုတာ ဂျုံဆောင်းရော၊ ဆောင်းဟွန်းရော ထုတ်ပြောစရာမလိုအောင်ကို စိတ်ချင်းဆက်နေကြတာလေ။

ဒါပေမဲ့ တစ်ညတော့ဖုန်းပြောနေရင်း ဆောင်းဟွန်းဆီကထိတ်လန့်ဖွယ်ရာ စကားတစ်ခွန်းကြားလိုက်ရတယ်။

"ငါ့ကိုဟယ်မီနဲ့စေ့စပ်ပေးတော့မယ်တဲ့ ဘေဘီ။"

ဂျုံဆောင်းရဲ့အော်သံကိုအဖေလည်းကြားသွားလောက်ရောပေါ့။ နားနားကပ်ပြီးနားထောင်ရတဲ့ သူ့ရည်းစားလေးကတော့ စိတ်မဆိုးလောက်ပါဘူး။ ချစ်တဲ့စိတ်နဲ့ပြောလည်း ဒီစကားပဲ။ မုန်းတဲ့စိတ်နဲ့ပြောလည်း ဒီစကားပဲလေ။ ဂျုံဆောင်းကပိစိလေး Tone မြင့်သွားတာ။

"ဖြေးဖြေးအော်ပါ ဘေဘီရာ။"

"အော်တော့ဘာဖြစ်လဲကွာ!"

"အဲ့ဒါ... ငါ..."

"အင်း ဘာဖြစ်လဲ ကောက်ကောက်ပါအောင် လိုက်သွားတော့မှာလား ပတ်ခ်ဆောင်ဟွန်း!"

"ဘေဘီ ဘာလို့အဲ့လောက်အသံကျယ်နေတာလဲကွာ။"

"ခဏသည်းညည်းခံလိုက်။ ငါ့အဖေခိုးနားထောင်နေတယ်။ မင်းနဲ့ငါပြတ်သွားလောက်ပြီလို့ထင်ရအောင် လုပ်ဖို့လိုနေလို့...။"

ဂျုံဆောင်းတိုးတိုးလေးထပ်ပြောရင်း အသံကိုထပ်မြှင့်ပြီးပြောလိုက်တယ်။

"မင်းအခုတော့အဲ့ဒီလိုစိတ်ပြောင်းသွားပြီပေါ့။ မတူကွဲပြားမယ်လို့ထင်ထားတာ မင်းလည်းအတူတူပဲ၊ ပတ်ခ်ဆောင်ဟွန်း!"

ခုတင်ပေါ်ကတိတ်တိတ်လေးထပြီး ဘေးနားကပန်းအိုးလှလှလေးရယ်၊ ဖန်နဲ့လုပ်ထားတဲ့ ရေကရား၊ ရေခွက်လေးတွေကို စားပွဲစွန်းကိုရောက်အောင် ပို့ပြီးတွန်းချလိုက်တယ်။

ခွမ်း... ခွမ်း.. ခွမ်း

ဒါရိုက်တာပတ်ခ်ဂျုံဆောင်းနဲ့ သရုပ်ဆောင်ပတ်ခ်ဂျုံဆောင်းရဲ့ ပေါင်းစပ်မှုက ရုပ်မမြင်အသံကြားရေဒီယိုဇာတ်လမ်းလေးနားထောင်ချင်နေတဲ့ အဖေ့ကိုတကယ်ကြီးထင်သွားအောင်လုပ်နိုင်တယ်။ အရေးရယ်၊ အကြောင်းရယ်ဆို စာသားမေ့လို့နားနားကပ်ထားတဲ့ဖုန်းကိုဖွင့်ပြီး Google မှာ Maniac သီချင်းစာသားတွေပြန်ရှာကြည့်ရသေးတယ်။

"Don't you know that i already knew everything about you. huh! You were with your friend partying and said you wanted me dead. But then you showed up your ass in front of me and pretend like there's nothing happened!"

"ဘေဘီ ဘာတွေပြောနေတာလဲ။ ငါနားမလည်တော့ဘူးနော်။"

အမေရိကန်သွေးတစ်ဝက်ပါတဲ့ ဂျုံဆောင်းဟာငယ်ငယ်က အမေရိကမှာပဲနေဖြစ်လို့ စိတ်တိိုလာရင်ကိုရီးယားစကားတွေမပီတော့ဘဲ အင်္ဂလိပ်လိုချည်းပဲထွက်လာတတ်တာ အကျင့်ဖြစ်နေတတ်တယ်။ အဲ့ဒါကိုသူတို့တစ်အိမ်လုံးသိတဲ့အတွက် ဂျုံဆောင်းဆိုက်ကိုတွေရိုက်သွင်းပေးလိုက်တယ်။ ပျော်စရာကြီးပါပဲ။

"Do you think I'm a fucking clown! Fine. Just go tell all of your friends that I'm crazy and drive you mad! Tell 'em that I'm a stalker, a watcher, a psychopath. Also tell them you fucking hate me and dated me just for laughs! You fucking MANIAC!!!"

"အိုခေ.. ဒါတော့နည်းနည်းအိုဗာတင်းဖြစ်သွားပြီ ဘေဘီ။"

အဖေ့အရိပ်လေး ခေါင်းလေးငြိမ့်ပြီးထွက်သွားတာကိုကြည့်ပြီးတော့မှ ဂျုံဆောင်းတခွိခွိနဲ့ကြိတ်ရယ်ပစ်လိုက်တော့တယ်။

"တတ်လည်းတတ်နိုင်တယ် ဘေဘီရာ" တဲ့။ ဂျုံဆောင်းကတော့ တစ်သက်လုံးမှာ ဒီတစ်ချီပဲအဖေ့ကိုကောင်းကောင်းဆော်လို့ရတာမို့ ထွက်မသွားခင်လေး ရသလောက်ဆော်သွားချင်တယ်လေနော်။

"ဟွန်း အခုဘာဆက်လုပ်ရမလဲ သိတယ်မလား။"

"ဟင် ဘာဆက်လုပ်မလို့လဲ ဘေဘီက။"

တုံးပါရန်ကော ပတ်ခ်ဆောင်ဟွန်းရယ်။ ဂျုံဆောင်းကိုယ့်နဖူးကိုယ်ရိုက်မိလိုက်တယ်။

"မင်းငါ့ကိုလာခိုးမလား။ ငါမင်းကိုလာခိုးရမလား။"

"ခိုးပြေးကြမလို့လား ဘေဘီ။"

"အင်းလေ ငါကြိုသိထားလို့ ကားတစ်စီးကိုငါ့သူငယ်ချင်းအိမ်မှာထုတ်ထားတာ။ ဆီပါအပြည့်ဖြည့်ပြီးသား ဟဲဟဲ။"

"ငါလည်းအဲ့လိုလုပ်ထားတယ်။ ဘယ်သူလာလာအဆင်ပြေတာပဲ။"

ချစ်သူတွေမှာ ဘယ်လိုမှခန့်မှန်းလို့မရတဲ့ တယ်လီပသီတစ်ခုရှိတာဆိုတာ မှန်တယ်လို့ဂျုံဆောင်းထင်တယ်။ အခုလို အခြေအနေတွေမှာ အတွေးတူနေတတ်တာလေးကအစ ဂျုံဆောင်းကိုကြည်နူးမိစေပြန်တယ်လေ။

"အခုထွက်လာခဲ့။ ငါတို့ရဲ့ပထမဆုံး Date တဲ့နေရာ။"

"အိုခေ.. အနွေးထည်ထူထူဝတ်ဖို့မမေ့နဲ့ ဘေဘီ။"

__________

"ငါတို့ရဲ့ပထမဒိတ်တုန်းက မင်းကိုမနမ်းလိုက်ရဘူးနော် ဘေဘီ။"

ဂျုံဆောင်းရဲ့ခေါင်းကို သူ့မေးချွန်ချွန်လေးနဲ့ပွတ်ပြီးပြောလာတော့ ဂျုံဆောင်းဘာမှမပြောဘဲ ပြုံးနေမိတယ်။ သူတို့စဒိတ်ခဲ့တယ်ဆိုတဲ့နေရာက တခြားဘယ်နေရာမှမဟုတ်တဲ့ ဟန်မြစ်ဘေးနားလေးက ထိုင်ခုံလေးတစ်ခုမှာပါပဲ။ အဲ့ဒီတုန်းကတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်ခံစားချက်အစစ်အမှန်တွေဖွင့်ပြောပြီးကာစတုန်းပဲရှိသေးတာကြောင့် လက်လေးပဲကိုင်ထားရင်း စကားနည်းနည်းပြောရင်း ဒိတ်လေးအဆုံးသတ်ခဲ့ရတယ်လေ။ အခုတော့ ချမ်းစိမ့်စိမ့်ညမှာ ဂျုံဆောင်းကဆောင်းဟွန်းရဲ့ကိုယ်ငွေ့ကိုခံစားရင်း ငြိမ်ငြိမ်လေးနေနေကြတယ်။

"ဟွန်း.."

"ပြော ဘေဘီ။"

"ငါစိတ်အဆင်မပြေတဲ့အချိန်တိုင်း မင်းပခုံးပေါ်မှာအနားယူချင်တယ်။ ငါကခေါင်းမာတယ်ဆိုပေမဲ့ အဖေ​ခဏခဏ​ပြောတဲ့စကားတိုင်းမှာ အတွေးတွေများများလာတာပဲ။ ငါရွေးချယ်လိုက်တာ မမှားဘူးလို့မင်းလည်းထင်တယ်မလား။"

"ငါရောပဲ ဘေဘီ။ အမြဲအဲ့လိုတွေးနေမိတာပဲ။ ဒါပေမဲ့ ငါတို့တွေဘာဖြစ်ဖြစ်အဆင်ပြေမယ်လို့ ထင်တယ်။ အနည်းဆုံးတော့ မင်းအဆင်မပြေတဲ့အချိန်မှာ ငါ့ပခုံးကိုငှားပေးလို့ရတဲ့အတွက် ငါပျော်နေဦးမှာ။"

သူတို့နှစ်​ယောက်လုံးက နှစ်ဆယ့်တစ်ရာစုမှာမွေးဖွားလာခဲ့ကြတဲ့ ထိပ်စီးနံပါတ် ၂ ကိုပြောင်းတော့မဲ့ အရွယ်လေးတွေပဲရှိသေးတာလေ။ ရင့်ကျက်သင့်သလောက်ရင့်ကျက်လာကြပြီဆိုပေမဲ့ လူကြီးတွေရဲ့ဖိအားတွေအောက်မှာ လိုအပ်တာထက်ပိုရင့်ကျက်ခဲ့ကြပြီး တချို့ပျော်စရာတွေကို သိပ်မခံစားခဲ့ကြရပြန်ဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်ဆုံလိုက်တဲ့အချိန်တိုင်းမှာ ဒီခံစားချက်တွေက ပြန်အသက်ဝင်လာခဲ့ကြတာကို နှစ်ယောက်လုံးခံစားမိခဲ့ကြတယ်။ အဲ့ဒါကြောင့်ပဲ သူတို့နှစ်ယောက်ကပိုနီးကပ်လာခဲ့ကြတာလေ။

အတူတူအတွေးတွေများဖူးကြသလို အတူတူစိတ်ညစ်ဖူးကြတယ်။ တစ်ယောက်အတွက်တစ်ယောက်နှစ်သိမ့်ပေးဖို့ အမြဲရှိနေပေးကြတယ်။ တစ်ယောက်လိုအပ်နေတဲ့ပျော်ရွှင်မှုကို ဘယ်လိုဖြည့်ပေးရမလဲဆိုတာကို တစ်ယောက်ကကောင်းကောင်းနားလည်တယ်။ အဲ့ဒါကြောင့်ပဲ သူတို့အချင်းချင်းအတူတူရှိနေဖို့လိုတယ်ဆိုတာ သူတို့မြန်မြန်နားလည်ခဲ့ကြတယ်။

"ဘေဘီ."

"အင်း... ပြော။"

"မင်းရေးခိုင်းထားတဲ့သီချင်းအကြောင်း ငါသိလိုက်ပြီ။"

"ရေးပြီးသွားပြီပေါ့။"

"ရေးတော့မရေးရသေးဘူး။ ရေးဖို့တောင်မလိုအပ်ဘူးထင်တယ်။ ငါပြောတာသေချာနားထောင်နော်။"

"အင်း... ဆိုစမ်းပါဦး ဆရာ။"

သူဆောင်းဟွန်းရင်ခွင်ထဲကထွက်လာပြီး မျက်နှာချင်းဆိုင်လိုက်တော့ ဆောင်းဟွန်းကသူ့လက်နှစ်ဖက်ကို ငုံ့ကြည့်ရင်းပြောတယ်။ ပတ်ခ်ဆောင်ဟွန်းရှက်နေလို့များလားလို့ ဂျုံဆောင်းတွေးမိတယ်။

"မင်းပြောတယ်လေ။ ငါတို့ပဲပိုင်တဲ့ငါတို့နှစ်ယောက်ရဲ့သီချင်းမရှိသေးဘူးဆိုပြီးတော့။ အမှန်တော့ ငါတို့ရဲ့သီချင်းကငါတို့မှာရှိပြီးသားပါ ဘေဘီရာ။"

"ဟင်...။ ဘယ်တုန်းကလဲ။"

"ငါတို့စတွေ့တဲ့အချိန်တည်းကပဲ။ အဲ့အချိန်ကတည်းက မင်းငါ့ကိုပြုံးပြရင်း ရယ်တဲ့အသံလေးက ငါ့ရဲ့သီချင်းပဲ။ မင်းငါ့ကိုစာရှင်းပြတဲ့အခါ ဂရုတစိုက်နဲ့အာရုံစိုက်ပြီးပြောနေတဲ့အသံလေးက ငါ့ရဲ့သီချင်းပဲ။ ငါပြောတာကိုနားလည်လား။

အဲ့ဒီအချိန်တည်းက မင်းပြောသမျှအရာတွေကငါရဲ့သီချင်းဖြစ်လာခဲ့တာ။ မင်းနဲ့ငါရဲ့သီချင်းမှာလေ ညဘက်ခိုးထွက်ဖို့ မင်းကိုပြတင်းပေါက်ကနေလာခေါ်တဲ့အခါ မှန်တံခါးကိုငါခေါက်လို့ထွက်လာတဲ့အသံလေးအဆုံးမှာ မင်းမျက်နှာလေးပေါ်လာတာကိုကြည့်ပြီး ငါပျော်ရတယ်။ အဲ့ဒီအသံလေးကလည်းငါတို့ရဲ့သီချင်းပဲလို့ငါထင်တယ်။ ငါ့အမေမကြားအောင် ညဘက်ဖုန်းခိုးပြောရတဲ့အခါ ငါစိတ်မပူအောင်ဖြေးဖြေးချင်းပြောနေတဲ့ မင်းရဲ့အသံလေးကို ငါအမြဲကြားချင်တယ်။

ငါတို့ကားအတူတူလျှောက်မောင်းရင်း အော်ဟစ်နေကြတာကလည်း ငါတို့ရဲ့သီချင်းပဲ ဘေဘီ။ မင်းနဲ့ဒိတ်ပြီးတိုင်း နောက်တစ်နေ့မှာ မင်းကိုဒီလိုလေးပဲပြန်တွေ့ချင်ပါတယ်ဆိုပြီး ဘုရားသခင်ကိုငါအမြဲဆုတောင်းမိတတ်တယ်။ ပတ်ခ်ဂျုံဆောင်းဆိုတဲ့ငါ့ရဲ့သီချင်းလေးကို ငါအမြဲဖွင့်ပြီးနားထောင်ချင်တယ်။ အဲ့ဒါတွေအားလုံးက မင်းနဲ့ငါနဲ့ပဲသက်ဆိုင်တဲ့ ငါတို့နှစ်ယောက်ပဲပိုင်တဲ့ ငါတို့ရဲ့သီချင်းပဲလို့ငါထင်တယ်။"

ပတ်ခ်ဆောင်ဟွန်းခေါင်းမမော့လာတာကိုပဲ ကျေးဇူးတင်ရမယ်။ သူပြောလိုက်တဲ့စကားတွေကြောင့် နီရဲနေတဲ့ဂျုံဆောင်းမျက်နှာကို မမြင်လိုက်ဘူးလေ။ ဆောင်းဟွန်းခေါင်းမမော့လာခင် ရဲနေတဲ့ပါးတွေကိုသတိမထားမိဖို့ ဂျုံဆောင်းသူ့ကိုခပ်တင်းတင်းဖက်လိုက်တယ်။

"ငါ့အတွက်ရောပဲ ဟွန်း။ မင်းတီးတဲ့ဂစ်တာသံတွေ၊ မင်းပြောသမျှစကားတစ်ခွန်းချင်းစီကငါ့ရဲ့သီချင်းပဲ။ သရဲကြောက်လို့အော်တဲ့အသံရောပဲ။"

သူစလိုက်တဲ့စကားကို သူ့ရင်ခွင်ထဲကဆောင်းဟွန်းက ပခုံးတွေတသိမ့်သိမ့်တုန်အောင်ရယ်ပြီး တုန့်ပြန်တယ်။

သူတို့နှစ်ယောက်ရဲ့သီချင်းလေးကို ရှာတွေ့ခဲ့ကြပြီးတဲ့နောက်မှာ သီချင်းလေးကိုဆက်ပြီးတီးခတ်သီဆိုကြတော့မဲ့ လူသားနှစ်ယောက်ရဲ့အနာဂတ်ကို ပုံဖော်တွေးမိရုံနဲ့ ကြယ်လေးတွေက နှစ်နှစ်ခြိုက်ခြိုက်သဘောကျကြတာမို့ သူတို့နှစ်ယောက်ကို ကောင်းကင်ကြီးထဲကနေ လှလှပပတောက်ပပေးလိုက်ကြတယ်။

The end...

°•°•°•°•°•°

Continue Reading

You'll Also Like

1M 33.9K 80
"π™Ύπš‘, πš•πš˜πš˜πš” 𝚊𝚝 πšπš‘πšŽπš–! πšƒπš πš˜ πš•πš’πšπšπš•πšŽ πš—πšžπš–πš‹πšŽπš› πšπš’πšŸπšŽπšœ! π™Έπš'𝚜 πš•πš’πš”πšŽ πšπš‘πšŽπš’'πš›πšŽ...πšπš˜πš™πš™πšŽπš•πšΓ€πš—πšπšŽπš›πšœ 𝚘𝚏 πšŽπšŠπšŒπš‘...
1.7M 63.4K 43
" Wtf is wrong with you, can't you sleep peacefully " " I-Its pain..ning d-down there, I can't...s-sleep " " JUST SLEEP QUIETLY & LET ME ALSO SLEEP...
1.7M 99.9K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
690K 32.1K 34
(Bad Boy AU) β€žπ»π‘’ π‘Ÿπ‘’π‘Žπ‘™π‘™π‘¦ π‘‘β„Žπ‘–π‘›π‘˜π‘  β„Žπ‘–π‘”β„Žπ‘™π‘¦ π‘œπ‘“ β„Žπ‘–π‘šπ‘ π‘’π‘™π‘“" Who thought that the school's bad boy would fall for someone like her |Fir...