"တီချယ် ဒေါ်သက်သက်ရီနဲ့တွေ့ချင်လို့ပါ..."
"ခဏနော် သမီးတို့...
ဆရာမကြီးက ဒီ အချိန် round
လှည့်နေမှာ သေချာတယ်...ရုံးခန်းမှာပဲ ခဏစောင့်လိုက်နော်....ဒါနဲ့ ဒီဘူးအကြီးကြီးကဘာလဲကွဲ့..."
"ဗုံး...."
"ဘာကြီး...."
"ဟို....ဘာ...ဘာမှ မဟုတ်ပါဘူး တီချယ်.....
ငယ့် သူငယ်ချင်းက ဒီလိုပဲ ဟာသဉာဏ်ရွှင်လို့ပါ.....တီချယ်ကြီးအတွက် ယူခဲ့ပေးတာပါ...."
"အော်..အေး..အေး...."
ဉာဏ်ကြီးရှင် ဖြူစင်ရဲ့အကြံအတိုင်း...
လက်ဆောင်သွားပေးရင်း...
တီချယ်နဲ့ မိတ်ဆက်ပေးရမတဲ့....
"ဘာလာ ရှုပ်တာလဲ ကလေးမ...."
"ဟင်..တီ..တီချယ်...ဟို...ဟိုလေ...."
လဝန်းက လက်တို့တော့...ဖြူစင်ကပဲ..
စကား လမ်းကြောင်း လွဲပေးရတော့တယ်
"တီချယ်ကြီး မဂ်လာပါ...
သမီး နာမည်က ဖြူစင်ဝေ ပါ...
လဝန်းရဲ့ သူငယ်ချင်းပါ....
ဟို လဝန်းက မိတ်ဆက်ပေးမယ်ဆိုလို့
လိုက်လာတာပါ...."
"အော်...အင်း...တွေ့ရတာ ဝမ်းသာပါတယ်...
တီချယ်က ဒေါ်သက်သက်ရီ...
လဝန်းရဲ့ ဆရာမ.."
"ဟုတ်ကဲ့..တီချယ်...
တီချယ်က သိပ်လှတာပဲနော်...
လဝန်းပြောတုန်းက အရမ်းပိုတယ် ထင်နေတာ...အခုတော့ လိုတောင် လိုနေသေးတယ်..."
"ကျေးဇူးပါကွယ်..."
"တီချယ်...ဒီမှာလေ...တီချယ့်အတွက်လက်ဆောင်..
လဝန်းပေးတာ...တီချယ် စိတ်ဆိုးနေတယ်ဆိုလို့..."
"မင်းက ရှေ့နေ လိုက်ပေးတာ သိပ်တော်တာပဲနော်....
နောက် တီချယ်လိုရင် ငှားမယ်နော်..."
"ဟားဟား...တီချယ်က အတည်ပေါက်နဲ့
နောက်တတ်သားပဲ...."
"ကဲ...ကိစ္စပြီးပြီလား..."
"ဟုတ်ကဲ့ တီချယ်...အဲ့တာဆို သမီးတို့ပြန်လိုက်အုံးမယ်နော်...."
"အင်း...ဖြူစင် အရင် ပြန်လိုက်...တီချယ်..
သမီး သူငယ်ချင်းကို စကားတစ်ချက်ပြောမလို့..."
"ဟုတ် ရပါတယ်...သမီး ကားပေါ်မှာ စောင့်နေလိုက်မယ်...."
လေထုထဲ ငြိမ်သက်သွားတယ်.....
ဖြူစင်ပဲ ဒိုင်ခံပြောနေတဲ့ စကားဝိုင်းလေးက
ပျောက်ကွယ်သွားတဲ့ တစ်ခဏ....
ငယ့်ဘက်က စကားစ ဆို တော့တယ်...
မဟုတ်ရင်လည်း...တီချယ် ဒီအတိုင်း ငယ့်ကို
စိုက်ကြည့်နေရင်...ငယ် ထွက်ပြေးမိတော့မယ်....
"တီချယ်...ထမင်းစားပြီးပြီလားဟင်...."
"ဘာစာလဲ...."
"ဟို...နေ့လည်စာ..."
"နေ့လည် ၂နာရီတောင်ရှိနေပြီ...စားပြီးပြီပေါ့..."
"ဟုတ်..."
ပြန်ငြိမ်သက်သွားဆဲ....
"တီချယ်...ညက အိပ်ရေးဝရဲ့လား....
မောင့်ကို စိတ်ကောက်နေသေးလားဟင်..."
"အို...စိတ်ကောက်ရအောင် တို့က ကလေးလား...."
"ဒါဆို စိတ်မကောက်ဘူးပေါ့နော်...."
"စိတ်မကောက်ဘူး စိတ်ဆိုးတယ်....
ဒါနဲ့ ပိုက်ဆံ မဖြုန်းနဲ့လို့ပြောထားတာကို ဘာလို့...
လက်ဆောင်ဝယ်ခဲ့ပြန်တာလဲ...
ဘာလဲ..တသက်လုံး မခေါ်ဘဲ စိတ်ဆိုးခံချင်လို့လား..."
"အယ်...အဲ့...အဲ့သလို မဟုတ်ပါဘူး တီချယ်ရဲ့....
ဟို..ဒီလက်ဆောင်က တစ်ပြားမှ မကုန်ပါဘူး...
တီချယ်ဖွင့်ကြည့်လိုက်လေ...."
လက်ဆောင်ဘူးကြီးက တော်တော်ကြီးတယ်...
ဖြူစင့်ကိုပဲ တပြားမှ မကုန်အောင် စီစဉ်ခိုင်းထားတာ...မောင် ကိုယ်တိုင်တောင် ရင်ခုန်တယ်...
ဖြူစင်မ ဘယ်လို Romantic ဆန်ဆန် လုပ်ထားမလဲလို့.....
"ပြောစရာ မရှိလည်း ပြန်တော့...."
"ဟုတ်...ညနေ ကျောင်း လာကြိုမယ်နော်...."
"စိတ်ပါရင် လာကြို...မပါရင်လည်း လာ မကြိုနဲ့..."
"ဟုတ်ကဲ့ စိတ်ပါရင် လာကြိုလိုက်မယ် တီချယ်..."
"မပါရင်ရော..."
"စိတ်မပါရင်တော့ လာမကြိုတော့ဘူး...."
"လဝန်းစုတ်!!!
နင် မြန်မြန် သွားတော့...ကြာရင်လေ...ဟင်းဟင်း...
ဟင်းဟင်း...."
"ဟုတ် သွားခွင့်ပြုပါ တီချယ်..."
"လစ်...လစ်..."
နေခင်းဘက် အရမ်းပူနေပေမဲ့...
ချစ်ရသူလေး အရှေ့မှာတော့ ရင်ခုန်လွန်းလွန်း...
ခြေလက်တွေ အေးစက်နေရပါတယ် ချစ်သူရယ်....
တီချယ့်ကို လာကြိုတာများ စိတ်မပါဘဲ နေမလား...
ဆိုက်ဆိုက်မြိုက်မြိုက်ပဲ ရောက်လာတာပေါ့....
"ရောက်လာသေးတယ်နော်....မယ်မင်းကြီးမ..."
"ဟင်!!!ဘာ..ဘာလို့လဲ တီချယ်"
"သိချင်ရင်...ကားပေါ်ရောက်မှ ဆက်ရှင်းမယ်..."
"အယ်...ဘာ..ဘာကြီးလဲ တီချယ်...."
"လဝန်းသော်!!! ဒီမှာကြည့်စမ်းပါ...
ဒါ ဘာလုပ်တာလဲ...ဟမ်း...ရော့...ဖတ်ကြည့်စမ်း...."
တီချယ်ကမ်းပေးတဲ့စာရွက်ကြမ်းလေးတစ်ရွက်....
"ဖတ် ကျယ်ကျယ် အော် ဖတ်ပြ...."
"ဟိုလေ...အဲ့တာက...သမီး လုပ်တာ...မ..."
"ဖတ်ပြစမ်းလို့!!!!!"
"ဟို...ဟိုလေ...
ကျောက်ကလပ်က..ပဲဟင်းနဲ့...သီးစုံကြော်က
သိပ်စားကောင်းတယ်...တီချယ်..
ကျန်းမာရေးလည်း ဖြစ်တာပေါ့...
ဒါကြောင့်ပါဆယ် ဆွဲခဲ့တာ...."
"ဆက်ဖတ်လေ...ဘာ ကြည့်တာလဲ...."
"ဟို...ဟုတ်...
ကျန်းမာရေးအဖြစ်...လေလည်ရင်လည်း...
ကလေးက မငြိုငြင်တတ်ပါဘူး....
နွားမကြီး ကိတ်မုန့်နဲ့ M-150 ပုလင်းက...
တောင်ပေါ်ပတ်ရင်း..အလှူတစ်ခုမှာကမ်းတာတွေ့လို့...၃ခါတန်းစီပြီး ယူခဲ့တာပါ...
အဲ့ ၃ထုပ်ကို တီချယ် စားတာနဲ့ ဗိုက်အပြည့်
ဖြစ်စေရမယ်...အာမခံပါတယ်....
ကြက်ဆီထမင်း တစ်ထုပ်ကတော့...
အသုဘတစ်ခုတွေ့လို့ ဝင်ဆွဲခဲ့တာပါ....
ဒါတွေ စားပြီးရင်တော့ သမီးကို စိတ်ဆိုးပြေပါ....
ပုံ...လ...လဝန်း...."
"လဝန်းသော်!!!"
"ရှင်...ဟို...တီ..တီချယ့်ကို စိတ်ဆိုးပြေစေချင်လို့ပါ...
ဟို...ဒါ..ဒါက မောင် လုပ်တာမဟုတ်ပါဘူး....
တီချယ်...စိတ်..စိတ်မဆိုးပါနဲ့....
မောင်...တီချယ် ကျေနပ်တဲ့ အထိ
တီချယ်ပြောသလို လုပ်ပါ့မယ်...."
"မင်းနော်!!!!မင်း....
ကျောင်းမှာတော့ ဆရာမတွေက ပြောနေကြတာ...
တီချယ်ကြီး တပည့်က သိပ်သိတတ်တာပဲတဲ့...
ငါ့မှာတော့ ဂုဏ်ဆာခဲ့ရတာ....
ဘူး ကြီးက အကြီးကြီး မို့ သူတို့ရှေ့ဖောက်တာ...
ငါ့အရှက်တွေက ဗြုန်းဗြုန်းကွဲရတာ....
ငါ နော်....ဟင်း....စိတ်တွေ မနည်း လျော့နေရတယ်...ဟင်း...ဟင်း.."
"စိတ်လျော့ နော် တီချယ်...
မောင် ဘယ်လောက် ချစ်တတ်လဲတော့ အဲ့ ဆရာမတွေ သိမှာ မဟုတ်ဘူး...."
"အပိုတွေ သိပ်ပြော..."
ရန်ကုန်က ပြန်လာကတည်းက တီချယ့်ကို မဖက်ရသေးတာမို့....အားကြီးနဲ့ပွေ့ဖက်လိုက်တာ....
"ဟီးဟီး...တီချယ်က အရင်အတိုင်းပဲနော်...
ဒေါသထွက်နေလဲ ချစ်စရာလေး....
မောင့်ရဲ့တဘဝလုံးစာ အတွက် ချစ်စရာကောင်းနေပေးတဲ့ အမျိုးသမီးလေးကို အရမ်းချစ်တယ်ဗျာ..."
"ဟွန့်...တော်တော် စကားတတ်...
နောက်ပြီးရင် သူပဲ မဟုတ်တာ လုပ်မယ်...."
"ဟော်..တီချယ်က မယုံတာလား...
မောင်..ဒီလိုပေါက်ပေါက်ရှာရှာတွေ မလုပ်တတ်တာ
တီချယ်လည်း သိရဲ့သားနဲ့...
မနေ့ညက သူ့ ခင်ကို အခဲမကြေတာနဲ့
သက်သက်မဲ့..မောင့်ကို လာပြီး ပွဲရှာသွားတာ..."
"ဟင်...မောင့် သူငယ်ချင်းက မောင့်လိုပဲလား..."
"ဟုတ်ပါ့...ဒါတင်ဘယ်ကမလဲ...
သူက မောင်နဲ့ဆို ဆွေမျိုးတောင်တော်အုံးမှာ..."
"ဘယ်လို..."
"သူက ဒေါ်ခင်စုလှိုင်ချစ်သူလေ...."
"ဘာ!!!!"
"လန့်...လန့်လိုက်တာ တီချယ်ရယ်..."
"ခင်စုက တကယ်ကြီးလား...
အဲ့လိုဆိုတော့လည်း ကောင်းတာပေါ့...
မောင်နဲ့ တီချယ့်ကို ခွဲရင် ပြန်ကိုင်လို့ရတဲ့...
သူ့ အားနည်းချက်လေး တစ်ခုရတာပေါ့..."
"ဟင်...တီချယ် ဘာတွေ ပြောနေတာလဲ..."
"ရှူး...ကလေးက ကလေးလိုနေ..."
တီချယ့်ကို ဖက်ထားရင်း...
တစ်ကမ္ဘာလုံးမှာ နှစ်ယောက်သားပဲ ရှိနေခဲ့တဲ့ အတွေးတွေဝင်ပြီး လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေခဲ့တာ...ဦးလေးကြီး တစ်ယောက် အသိပေးမှပဲ အသိဝင်တော့တယ်...
"ဒေါက် ဒေါက်..."
"မျိုး....ခေါ်နေတာ ကြာပြီလား....သက် ကလေ...
ဟို...."
"ကြာပြီ ဆိုင်ကယ်ထွက်ဖို့...ကားက ပိတ်ရပ်ထားတော့လေ...."
"အချင်းချင်းကို ခေါ်လိုက်တာ မဟုတ်ဘူးကွာ..."
"အော်...ကျွန်မနှယ့်...ရှင်တို့ကြည်နူးနေတာလေး
မဖျက်စီးပစ်ချင်ပါဘူးတော်...."
"ဟုတ်သား...လွှတ်လေ...လဝန်း..."
"ဟုတ်...ဟုတ်ကဲ့ တီချယ်..."
"မျိုး သွားတော့မယ်နော်..
ဆိုင်ကယ်ဖြည်းဖြည်းမောင်းအုံး......"
"ကျွန်မကိုတော့ စိတ်ချပါအသက်ရယ်...
ရှင်သာ ကလေးပအပေါ် သိပ် မဆိုးနဲ့..."
"ဟုတ်ကဲ့ ရှင့်..."
"ဟားဟား...တီချယ်ရယ်...သူများကို...
အဲ့လောက် မရွဲ့ပါနဲ့....."
"ဘာဖြစ်လဲ ရွဲ့တော့...ရှင့်အမျိုးသမီးက
ရှင့်လိုပဲပေါ့.."
"ဟုတ်ကဲ့ပါ တီချယ်ရယ်...
ဟီးဟီး....စိတ်ဆိုးပြေပြီလားဟင်..."
"အင်း...မပြေ့တပြေ...
နောက် ပေါက်ကရလျှောက်မလုပ်နဲ့...
သွားတော့..."
"ဟုတ်ကဲ့...အိမ်လိုက်ပို့မယ်နော်..."
"သွားစေ ရှင်..."
"အမိန့်တော်မြတ် အတိုင်းပါ ဘုရား...."
"ခွပ်..."
"ပေါတောတောနဲ့...."
"မပေါတော့ဘူး...ပေါတိုင်း ခေါက်ခံထိနေတာ...
မ ကျေနပ်ဘူးနော်..."
"မကျေနပ်တော့ မောင်က ပြန်ခေါက်ချင်လို့လား
တီချယ့်ကို...."
"မလုပ်ရဲပါဘူး....
မောင့် ဘဝကလေ....
ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်သလို
ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်တာပဲ...."
"အွန်း သိရင် ပြီးတာပဲ...
အိမ်ထဲ မဝင်နဲ့တော့....အိမ်ကို ရောက်အောင်ပြန်နော်.."
"စိတ်ချပါရှင့်..."
"လိမ္မာ တယ်...ဒီနားကပ်ပါအုံး..."
"ဘာ...ဘာလုပ်မလို့လဲ...
မောင် ခေါင်းတွေ တော်တော်ကျိန်းနေပြီ..."
"မွှေးမွှေး ပေးလို့ကို မယူလည်းနေတော့...."
"ဟီးဟီး...ချစ်တယ်လေနော်...
ဒီမှာ ပေး...."
"မွ..."
"အားး....ဟီး...ဒီနေ့တော့ Perfect ပဲ..."
"ကဲစိန်လေး...."
တီချယ် ကားပေါ်က ဆင်းသွားမှပဲ...
ကားနောက်ခန်းမှာ ပုန်းနေတဲ့ ဖြူစင်မ ကတော့ အောင်နိုင်သူ အပြုံးကြီးနဲ့
ထ လာတော့တယ်....
အဲ့ဟာမလေးကို...တီချယ်စု အသေဝုန်းပေးပါလို့ပဲ
ကျိန်ဆဲနေမိတယ်....
"ကိုယ့်ရဲ့သဲလေး အဆင်ပြေလား...."
"ဟဲ့...ပြေစရာလား...
နင်လုပ်တာ ငါ ထောင်းခံထိတော့ မလို့...
မျက်နှာချိုသွေးလိုက်ရတယ်...."
"ဟားဟား...ဟားဟား...နင်ပဲ စဉ်းစားကြည့်လေ...
နင်ပြောသလို ပိုက်ဆံ တစ်ပြားမှ မကုန်တဲ့..
လက်ဆောင်မျိုး စီစဉ်ပေးဆိုတော့ ငါ မနည်းကြံဖန်လိုက်ရတာ...ဒါတောင် ဆီဖိုးနဲ့boxဖိုးက ငါ စိုက်ပေးလိုက်တယ်ပဲ သဘောထား....
ကျေးဇူးတောင် ပြန်တင်ရအုံးမယ်..."
"ဟုတ်ကဲ့ပါ ကျေးဇူးရှင်မကြီးရယ်...
အခုတော့ ငါ့အဖေ မျှော်နေပြီ...အိမ်သို့ ကြွမြန်းဖို့ လိုက်ခဲ့တော်မူပါအုံး...."
"ကြွစေ...."
~~~~~~~~
"ငယ်..ဖေဖေ ပြောစရာရှိလို့ အခန်းထဲ လိုက်ခဲ့..."
"ဟုတ်ဖေဖေ...ဖြူစင်..ငါ့မေမေနဲ့ စကားတချက်ပြောနေနော်...."
"အေ...ရပါတယ်ဟ..."
ဖေဖေနဲ့ နှစ်ကိုယ်ကြားဆွေးနွေးဖြစ်တဲ့ အကြောင်းကတော့....
"သမီး... Violet Sky company ကို သိတယ်မလား..."
"ဟုတ် သိတယ်လေ..ဖေဖေ..
CEOက သမီးတို့ ကျူရှင်တက်တုန်းက
သူငယ်ချင်းလေ...လင်းထက်..."
"အင်း..အဲ့သူငယ်လေးနဲ့ သမီးကို အိမ်ထောင်ပြုပေးချင်လို့...သူတို့က သမီး အဖွားအပေါ်လည်း ကျေးဇူးရှိဖူးတော့...."
"ဘာလဲ...ဖေဖေ သမီးကို ကျေးဇူးဆပ်ဖို့အတွက် မွေးခဲ့ပေးတာလား...သမီး လက်မခံနိုင်ဘူး..."
"ဖေဖေတို့ စကားလွန်ထားပြီးပြီ သမီးရဲ့....
နောက်ပြီး သမီးအမေက အခု အသည်းတစ်ခြမ်းပျက်စီးနေတယ်...ဆေးကုဖို့ ဖေဖေတို့ ငွေလိုတယ်ကွ
ငွေလိုတယ်..."
"ဖေဖေ...အဲ့အတွက် သမီးက မချစ်မနှစ်သက်တဲ့သူကို လက်ထပ်ရမှာလား...."
"အဲ့ အတွက်ပဲ မဟုတ်ဘူး...
ငါ့သမီး...ဆေးကျောင်းတက်နိုင်ဖို့...ဖေဖေ
သူ့ဆီက ငွေတွေ ချေးထားတာလဲ...ဆက်လို့ မကုန်ဘူး...သမီး အမေကိုကော...လက်လွတ်ခိုင်းမလို့လား.."
"ဖေဖေ...သမီးမှာ ချစ်ရသူ ရှိတယ်နော်...
သမီးက lesbianဖြစ်နေတဲ့ အတွက် ဘယ်လိုမှ ယောက်ျားတယောက်ကို လက်ထပ်နိုင်မှာ မဟုတ်ဘူး..."
"သမီး...အဲ့ မိန်းမ တယောက် အတွက်နဲ့ သမီးအမေရဲ့ အသက်...သမီးရဲ့ငယ်ဘဝတွေရှိတဲ့ ဒီအိမ်...
သမီးရဲ့အနာဂတ်တွေကို အဆုံးရှုံးခံမလို့လား...
ဟမ်း"
"သမီး စဉ်းစား ပါရစေအုံး ဖေဖေ..."
"သမီးစဉ်စားလဲ...
သမီးအဖြေက လင်းထက်ကို လက်ထပ်ရမယ်ဆိုတာပဲ...ဒါကို ခေါင်းထဲထည့်ထား...."
"ကျစ်!!! သွားတော့မယ်...."
"ဒုန်း...."
ဖေဖေ့တံခါးဆောင့်ချအသံနဲ့ အတူ...
အောက်ထပ်က ဖြူစင်နဲ့ မေမေ လန့် သွားတယ်...
"မေမေ သမီး ပြန်အုံးမယ်...
လာ ဖြူစင်..."
စိတ်ညစ်ညစ်နဲ့...ကားကို ကမ်းနားဘက် မောင်းချလာခဲ့တယ်...
"လဝန်း အဆင်ပြေရဲ့လား...."
"နင့်ရင်ခွင်လေး ခဏငှားပါဟာ....ဟင့်...ဟင့်...."
ဖြစ်ကြောင်း အကုန်စင်ကို ဖြူစင့်ကို ပြောပြလိုက်တော့...ဖြူစင်လည်း သနားသွားရှာတယ်...
"ဘာမှ အားမငယ်ပါနဲ့ဟာ...ငါရှိတယ်လေ...
နင့်အတွက် ငါ ရှိနေတာပဲ...ဘာမှ စိတ်မပူနဲ့နော်...
နင် တီချယ့်ကိုပဲ လက်ထပ်ရမှာ ငါ အာမခံတယ်..."
"ကျေးဇူးပါဟာ...ငါစိတ်အရမ်းညစ်နေလို့
တီချယ့်ကို ညစာသွားပို့ပေးပါလား....ငါ ဒီမှာပဲ ခဏနေခဲ့အုံးမယ်..."
"နင့် တီချယ်က ငါ့ကိုယုံပါ့မလားဟ..."
"ငါ နေမကောင်းဘူးလို့ပြောလိုက်ဟာ...
သူ ဒီလောက်တော့ နားလည်ပေးတတ်ပါတယ်...
ငါ့တီချယ်က အကြင်နာအုံနေတာ.."
"အေးပါဟ...ဒါဆို တီချယ့်ကို ညနေစာ ပို့ပေးပြီးမှ ငါပြန်လာခဲ့မယ်...နင် စိတ်ပြေအောင် အသက်ဝ ဝ ရှုပြီး...နေဝင်ချိန်ကို ငါ့ အစားကြည့်ထားလိုက်..."
"အိုကေ ဘေဘီ...."
__________
Zawgyi
"တီခ်ယ္ ေဒၚသက္သက္ရီနဲ႔ေတြ႕ခ်င္လို႔ပါ..."
"ခဏေနာ္ သမီးတို႔...
ဆရာမႀကီးက ဒီ အခ်ိန္ round
လွည့္ေနမွာ ေသခ်ာတယ္...႐ုံးခန္းမွာပဲ ခဏေစာင့္လိုက္ေနာ္....ဒါနဲ႔ ဒီဘူးအႀကီးႀကီးကဘာလဲကြဲ႕..."
"ဗုံး...."
"ဘာႀကီး...."
"ဟို....ဘာ...ဘာမွ မဟုတ္ပါဘူး တီခ်ယ္.....
ငယ့္ သူငယ္ခ်င္းက ဒီလိုပဲ ဟာသဉာဏ္႐ႊင္လို႔ပါ.....တီခ်ယ္ႀကီးအတြက္ ယူခဲ့ေပးတာပါ...."
"ေအာ္..ေအး..ေအး...."
ဉာဏ္ႀကီး႐ွင္ ျဖဴစင္ရဲ႕အၾကံအတိုင္း...
လက္ေဆာင္သြားေပးရင္း...
တီခ်ယ္နဲ႔ မိတ္ဆက္ေပးရမတဲ့....
"ဘာလာ ႐ႈပ္တာလဲ ကေလးမ...."
"ဟင္..တီ..တီခ်ယ္...ဟို...ဟိုေလ...."
လဝန္းက လက္တို႔ေတာ့...ျဖဴစင္ကပဲ..
စကား လမ္းေၾကာင္း လြဲေပးရေတာ့တယ္
"တီခ်ယ္ႀကီး မဂ္လာပါ...
သမီး နာမည္က ျဖဴစင္ေဝ ပါ...
လဝန္းရဲ႕ သူငယ္ခ်င္းပါ....
ဟို လဝန္းက မိတ္ဆက္ေပးမယ္ဆိုလို႔
လိုက္လာတာပါ...."
"ေအာ္...အင္း...ေတြ႕ရတာ ဝမ္းသာပါတယ္...
တီခ်ယ္က ေဒၚသက္သက္ရီ...
လဝန္းရဲ႕ ဆရာမ.."
"ဟုတ္ကဲ့..တီခ်ယ္...
တီခ်ယ္က သိပ္လွတာပဲေနာ္...
လဝန္းေျပာတုန္းက အရမ္းပိုတယ္ ထင္ေနတာ...အခုေတာ့ လိုေတာင္ လိုေနေသးတယ္..."
"ေက်းဇူးပါကြယ္..."
"တီခ်ယ္...ဒီမွာေလ...တီခ်ယ့္အတြက္လက္ေဆာင္..
လဝန္းေပးတာ...တီခ်ယ္ စိတ္ဆိုးေနတယ္ဆိုလို႔..."
"မင္းက ေ႐ွ႕ေန လိုက္ေပးတာ သိပ္ေတာ္တာပဲေနာ္....
ေနာက္ တီခ်ယ္လိုရင္ ငွားမယ္ေနာ္..."
"ဟားဟား...တီခ်ယ္က အတည္ေပါက္နဲ႔
ေနာက္တတ္သားပဲ...."
"ကဲ...ကိစၥၿပီးၿပီလား..."
"ဟုတ္ကဲ့ တီခ်ယ္...အဲ့တာဆို သမီးတို႔ျပန္လိုက္အုံးမယ္ေနာ္...."
"အင္း...ျဖဴစင္ အရင္ ျပန္လိုက္...တီခ်ယ္..
သမီး သူငယ္ခ်င္းကို စကားတစ္ခ်က္ေျပာမလို႔..."
"ဟုတ္ ရပါတယ္...သမီး ကားေပၚမွာ ေစာင့္ေနလိုက္မယ္...."
ေလထုထဲ ၿငိမ္သက္သြားတယ္.....
ျဖဴစင္ပဲ ဒိုင္ခံေျပာေနတဲ့ စကားဝိုင္းေလးက
ေပ်ာက္ကြယ္သြားတဲ့ တစ္ခဏ....
ငယ့္ဘက္က စကားစ ဆို ေတာ့တယ္...
မဟုတ္ရင္လည္း...တီခ်ယ္ ဒီအတိုင္း ငယ့္ကို
စိုက္ၾကည့္ေနရင္...ငယ္ ထြက္ေျပးမိေတာ့မယ္....
"တီခ်ယ္...ထမင္းစားၿပီးၿပီလားဟင္...."
"ဘာစာလဲ...."
"ဟို...ေန႔လည္စာ..."
"ေန႔လည္ ၂နာရီေတာင္႐ွိေနၿပီ...စားၿပီးၿပီေပါ့..."
"ဟုတ္..."
ျပန္ၿငိမ္သက္သြားဆဲ....
"တီခ်ယ္...ညက အိပ္ေရးဝရဲ႕လား....
ေမာင့္ကို စိတ္ေကာက္ေနေသးလားဟင္..."
"အို...စိတ္ေကာက္ရေအာင္ တို႔က ကေလးလား...."
"ဒါဆို စိတ္မေကာက္ဘူးေပါ့ေနာ္...."
"စိတ္မေကာက္ဘူး စိတ္ဆိုးတယ္....
ဒါနဲ႔ ပိုက္ဆံ မျဖဳန္းနဲ႔လို႔ေျပာထားတာကို ဘာလို႔...
လက္ေဆာင္ဝယ္ခဲ့ျပန္တာလဲ...
ဘာလဲ..တသက္လုံး မေခၚဘဲ စိတ္ဆိုးခံခ်င္လို႔လား..."
"အယ္...အဲ့...အဲ့သလို မဟုတ္ပါဘူး တီခ်ယ္ရဲ႕....
ဟို..ဒီလက္ေဆာင္က တစ္ျပားမွ မကုန္ပါဘူး...
တီခ်ယ္ဖြင့္ၾကည့္လိုက္ေလ...."
လက္ေဆာင္ဘူးႀကီးက ေတာ္ေတာ္ႀကီးတယ္...
ျဖဴစင့္ကိုပဲ တျပားမွ မကုန္ေအာင္ စီစဥ္ခိုင္းထားတာ...ေမာင္ ကိုယ္တိုင္ေတာင္ ရင္ခုန္တယ္...
ျဖဴစင္မ ဘယ္လို Romantic ဆန္ဆန္ လုပ္ထားမလဲလို႔.....
"ေျပာစရာ မ႐ွိလည္း ျပန္ေတာ့...."
"ဟုတ္...ညေန ေက်ာင္း လာႀကိဳမယ္ေနာ္...."
"စိတ္ပါရင္ လာႀကိဳ...မပါရင္လည္း လာ မႀကိဳနဲ႔..."
"ဟုတ္ကဲ့ စိတ္ပါရင္ လာႀကိဳလိုက္မယ္ တီခ်ယ္..."
"မပါရင္ေရာ..."
"စိတ္မပါရင္ေတာ့ လာမႀကိဳေတာ့ဘူး...."
"လဝန္းစုတ္!!!
နင္ ျမန္ျမန္ သြားေတာ့...ၾကာရင္ေလ...ဟင္းဟင္း...
ဟင္းဟင္း...."
"ဟုတ္ သြားခြင့္ျပဳပါ တီခ်ယ္..."
"လစ္...လစ္..."
ေနခင္းဘက္ အရမ္းပူေနေပမဲ့...
ခ်စ္ရသူေလး အေ႐ွ႕မွာေတာ့ ရင္ခုန္လြန္းလြန္း...
ေျခလက္ေတြ ေအးစက္ေနရပါတယ္ ခ်စ္သူရယ္....
တီခ်ယ့္ကို လာႀကိဳတာမ်ား စိတ္မပါဘဲ ေနမလား...
ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ပဲ ေရာက္လာတာေပါ့....
"ေရာက္လာေသးတယ္ေနာ္....မယ္မင္းႀကီးမ..."
"ဟင္!!!ဘာ..ဘာလို႔လဲ တီခ်ယ္"
"သိခ်င္ရင္...ကားေပၚေရာက္မွ ဆက္႐ွင္းမယ္..."
"အယ္...ဘာ..ဘာႀကီးလဲ တီခ်ယ္...."
"လဝန္းေသာ္!!! ဒီမွာၾကည့္စမ္းပါ...
ဒါ ဘာလုပ္တာလဲ...ဟမ္း...ေရာ့...ဖတ္ၾကည့္စမ္း...."
တီခ်ယ္ကမ္းေပးတဲ့စာ႐ြက္ၾကမ္းေလးတစ္႐ြက္....
"ဖတ္ က်ယ္က်ယ္ ေအာ္ ဖတ္ျပ...."
"ဟိုေလ...အဲ့တာက...သမီး လုပ္တာ...မ..."
"ဖတ္ျပစမ္းလို႔!!!!!"
"ဟို...ဟိုေလ...
ေက်ာက္ကလပ္က..ပဲဟင္းနဲ႔...သီးစုံေၾကာ္က
သိပ္စားေကာင္းတယ္...တီခ်ယ္..
က်န္းမာေရးလည္း ျဖစ္တာေပါ့...
ဒါေၾကာင့္ပါဆယ္ ဆြဲခဲ့တာ...."
"ဆက္ဖတ္ေလ...ဘာ ၾကည့္တာလဲ...."
"ဟို...ဟုတ္...
က်န္းမာေရးအျဖစ္...ေလလည္ရင္လည္း...
ကေလးက မၿငိဳျငင္တတ္ပါဘူး....
ႏြားမႀကီး ကိတ္မုန္႔နဲ႔ M-150 ပုလင္းက...
ေတာင္ေပၚပတ္ရင္း..အလႉတစ္ခုမွာကမ္းတာေတြ႕လို႔...၃ခါတန္းစီၿပီး ယူခဲ့တာပါ...
အဲ့ ၃ထုပ္ကို တီခ်ယ္ စားတာနဲ႔ ဗိုက္အျပည့္
ျဖစ္ေစရမယ္...အာမခံပါတယ္....
ၾကက္ဆီထမင္း တစ္ထုပ္ကေတာ့...
အသုဘတစ္ခုေတြ႕လို႔ ဝင္ဆြဲခဲ့တာပါ....
ဒါေတြ စားၿပီးရင္ေတာ့ သမီးကို စိတ္ဆိုးေျပပါ....
ပုံ...လ...လဝန္း...."
"လဝန္းေသာ္!!!"
"႐ွင္...ဟို...တီ..တီခ်ယ့္ကို စိတ္ဆိုးေျပေစခ်င္လို႔ပါ...
ဟို...ဒါ..ဒါက ေမာင္ လုပ္တာမဟုတ္ပါဘူး....
တီခ်ယ္...စိတ္..စိတ္မဆိုးပါနဲ႔....
ေမာင္...တီခ်ယ္ ေက်နပ္တဲ့ အထိ
တီခ်ယ္ေျပာသလို လုပ္ပါ့မယ္...."
"မင္းေနာ္!!!!မင္း....
ေက်ာင္းမွာေတာ့ ဆရာမေတြက ေျပာေနၾကတာ...
တီခ်ယ္ႀကီး တပည့္က သိပ္သိတတ္တာပဲတဲ့...
ငါ့မွာေတာ့ ဂုဏ္ဆာခဲ့ရတာ....
ဘူး ႀကီးက အႀကီးႀကီး မို႔ သူတို႔ေ႐ွ႕ေဖာက္တာ...
ငါ့အ႐ွက္ေတြက ျဗဳန္းျဗဳန္းကြဲရတာ....
ငါ ေနာ္....ဟင္း....စိတ္ေတြ မနည္း ေလ်ာ့ေနရတယ္...ဟင္း...ဟင္း.."
"စိတ္ေလ်ာ့ ေနာ္ တီခ်ယ္...
ေမာင္ ဘယ္ေလာက္ ခ်စ္တတ္လဲေတာ့ အဲ့ ဆရာမေတြ သိမွာ မဟုတ္ဘူး...."
"အပိုေတြ သိပ္ေျပာ..."
ရန္ကုန္က ျပန္လာကတည္းက တီခ်ယ့္ကို မဖက္ရေသးတာမို႔....အားႀကီးနဲ႔ေပြ႕ဖက္လိုက္တာ....
"ဟီးဟီး...တီခ်ယ္က အရင္အတိုင္းပဲေနာ္...
ေဒါသထြက္ေနလဲ ခ်စ္စရာေလး....
ေမာင့္ရဲ႕တဘဝလုံးစာ အတြက္ ခ်စ္စရာေကာင္းေနေပးတဲ့ အမ်ိဳးသမီးေလးကို အရမ္းခ်စ္တယ္ဗ်ာ..."
"ဟြန္႔...ေတာ္ေတာ္ စကားတတ္...
ေနာက္ၿပီးရင္ သူပဲ မဟုတ္တာ လုပ္မယ္...."
"ေဟာ္..တီခ်ယ္က မယုံတာလား...
ေမာင္..ဒီလိုေပါက္ေပါက္႐ွာ႐ွာေတြ မလုပ္တတ္တာ
တီခ်ယ္လည္း သိရဲ႕သားနဲ႔...
မေန႔ညက သူ႕ ခင္ကို အခဲမေၾကတာနဲ႔
သက္သက္မဲ့..ေမာင့္ကို လာၿပီး ပြဲ႐ွာသြားတာ..."
"ဟင္...ေမာင့္ သူငယ္ခ်င္းက ေမာင့္လိုပဲလား..."
"ဟုတ္ပါ့...ဒါတင္ဘယ္ကမလဲ...
သူက ေမာင္နဲ႔ဆို ေဆြမ်ိဳးေတာင္ေတာ္အုံးမွာ..."
"ဘယ္လို..."
"သူက ေဒၚခင္စုလိႈင္ခ်စ္သူေလ...."
"ဘာ!!!!"
"လန္႔...လန္႔လိုက္တာ တီခ်ယ္ရယ္..."
"ခင္စုက တကယ္ႀကီးလား...
အဲ့လိုဆိုေတာ့လည္း ေကာင္းတာေပါ့...
ေမာင္နဲ႔ တီခ်ယ့္ကို ခြဲရင္ ျပန္ကိုင္လို႔ရတဲ့...
သူ႕ အားနည္းခ်က္ေလး တစ္ခုရတာေပါ့..."
"ဟင္...တီခ်ယ္ ဘာေတြ ေျပာေနတာလဲ..."
"႐ွဴး...ကေလးက ကေလးလိုေန..."
တီခ်ယ့္ကို ဖက္ထားရင္း...
တစ္ကမ႓ာလုံးမွာ ႏွစ္ေယာက္သားပဲ ႐ွိေနခဲ့တဲ့ အေတြးေတြဝင္ၿပီး ေလာကႀကီးနဲ႔ အဆက္အသြယ္ျပတ္ေနခဲ့တာ...ဦးေလးႀကီး တစ္ေယာက္ အသိေပးမွပဲ အသိဝင္ေတာ့တယ္...
"ေဒါက္ ေဒါက္..."
"မ်ိဳး....ေခၚေနတာ ၾကာၿပီလား....သက္ ကေလ...
ဟို...."
"ၾကာၿပီ ဆိုင္ကယ္ထြက္ဖို႔...ကားက ပိတ္ရပ္ထားေတာ့ေလ...."
"အခ်င္းခ်င္းကို ေခၚလိုက္တာ မဟုတ္ဘူးကြာ..."
"ေအာ္...ကြၽန္မႏွယ့္...႐ွင္တို႔ၾကည္ႏူးေနတာေလး
မဖ်က္စီးပစ္ခ်င္ပါဘူးေတာ္...."
"ဟုတ္သား...လႊတ္ေလ...လဝန္း..."
"ဟုတ္...ဟုတ္ကဲ့ တီခ်ယ္..."
"မ်ိဳး သြားေတာ့မယ္ေနာ္..
ဆိုင္ကယ္ျဖည္းျဖည္းေမာင္းအုံး......"
"ကြၽန္မကိုေတာ့ စိတ္ခ်ပါအသက္ရယ္...
႐ွင္သာ ကေလးပအေပၚ သိပ္ မဆိုးနဲ႔..."
"ဟုတ္ကဲ့ ႐ွင့္..."
"ဟားဟား...တီခ်ယ္ရယ္...သူမ်ားကို...
အဲ့ေလာက္ မ႐ြဲ႕ပါနဲ႔....."
"ဘာျဖစ္လဲ ႐ြဲ႕ေတာ့...႐ွင့္အမ်ိဳးသမီးက
႐ွင့္လိုပဲေပါ့.."
"ဟုတ္ကဲ့ပါ တီခ်ယ္ရယ္...
ဟီးဟီး....စိတ္ဆိုးေျပၿပီလားဟင္..."
"အင္း...မေျပ့တေျပ...
ေနာက္ ေပါက္ကရေလွ်ာက္မလုပ္နဲ႔...
သြားေတာ့..."
"ဟုတ္ကဲ့...အိမ္လိုက္ပို႔မယ္ေနာ္..."
"သြားေစ ႐ွင္..."
"အမိန္႔ေတာ္ျမတ္ အတိုင္းပါ ဘုရား...."
"ခြပ္..."
"ေပါေတာေတာနဲ႔...."
"မေပါေတာ့ဘူး...ေပါတိုင္း ေခါက္ခံထိေနတာ...
မ ေက်နပ္ဘူးေနာ္..."
"မေက်နပ္ေတာ့ ေမာင္က ျပန္ေခါက္ခ်င္လို႔လား
တီခ်ယ့္ကို...."
"မလုပ္ရဲပါဘူး....
ေမာင့္ ဘဝကေလ....
ဖက္ေပၚဆူးက်လည္း ဖက္ေပါက္သလို
ဆူးေပၚဖက္က်လည္း ဖက္ေပါက္တာပဲ...."
"အြန္း သိရင္ ၿပီးတာပဲ...
အိမ္ထဲ မဝင္နဲ႔ေတာ့....အိမ္ကို ေရာက္ေအာင္ျပန္ေနာ္.."
"စိတ္ခ်ပါ႐ွင့္..."
"လိမၼာ တယ္...ဒီနားကပ္ပါအုံး..."
"ဘာ...ဘာလုပ္မလို႔လဲ...
ေမာင္ ေခါင္းေတြ ေတာ္ေတာ္က်ိန္းေနၿပီ..."
"ေမႊးေမႊး ေပးလို႔ကို မယူလည္းေနေတာ့...."
"ဟီးဟီး...ခ်စ္တယ္ေလေနာ္...
ဒီမွာ ေပး...."
"မြ..."
"အားး....ဟီး...ဒီေန႔ေတာ့ Perfect ပဲ..."
"ကဲစိန္ေလး...."
တီခ်ယ္ ကားေပၚက ဆင္းသြားမွပဲ...
ကားေနာက္ခန္းမွာ ပုန္းေနတဲ့ ျဖဴစင္မ ကေတာ့ ေအာင္ႏိုင္သူ အျပဳံးႀကီးနဲ႔
ထ လာေတာ့တယ္....
အဲ့ဟာမေလးကို...တီခ်ယ္စု အေသဝုန္းေပးပါလို႔ပဲ
က်ိန္ဆဲေနမိတယ္....
"ကိုယ့္ရဲ႕သဲေလး အဆင္ေျပလား...."
"ဟဲ့...ေျပစရာလား...
နင္လုပ္တာ ငါ ေထာင္းခံထိေတာ့ မလို႔...
မ်က္ႏွာခ်ိဳေသြးလိုက္ရတယ္...."
"ဟားဟား...ဟားဟား...နင္ပဲ စဥ္းစားၾကည့္ေလ...
နင္ေျပာသလို ပိုက္ဆံ တစ္ျပားမွ မကုန္တဲ့..
လက္ေဆာင္မ်ိဳး စီစဥ္ေပးဆိုေတာ့ ငါ မနည္းၾကံဖန္လိုက္ရတာ...ဒါေတာင္ ဆီဖိုးနဲ႔boxဖိုးက ငါ စိုက္ေပးလိုက္တယ္ပဲ သေဘာထား....
ေက်းဇူးေတာင္ ျပန္တင္ရအုံးမယ္..."
"ဟုတ္ကဲ့ပါ ေက်းဇူး႐ွင္မႀကီးရယ္...
အခုေတာ့ ငါ့အေဖ ေမွ်ာ္ေနၿပီ...အိမ္သို႔ ႂကြျမန္းဖို႔ လိုက္ခဲ့ေတာ္မူပါအုံး...."
"ႂကြေစ...."
~~~~~~~~
"ငယ္..ေဖေဖ ေျပာစရာ႐ွိလို႔ အခန္းထဲ လိုက္ခဲ့..."
"ဟုတ္ေဖေဖ...ျဖဴစင္..ငါ့ေမေမနဲ႔ စကားတခ်က္ေျပာေနေနာ္...."
"ေအ...ရပါတယ္ဟ..."
ေဖေဖနဲ႔ ႏွစ္ကိုယ္ၾကားေဆြးေႏြးျဖစ္တဲ့ အေၾကာင္းကေတာ့....
"သမီး... Violet Sky company ကို သိတယ္မလား..."
"ဟုတ္ သိတယ္ေလ..ေဖေဖ..
CEOက သမီးတို႔ က်ဴ႐ွင္တက္တုန္းက
သူငယ္ခ်င္းေလ...လင္းထက္..."
"အင္း..အဲ့သူငယ္ေလးနဲ႔ သမီးကို အိမ္ေထာင္ျပဳေပးခ်င္လို႔...သူတို႔က သမီး အဖြားအေပၚလည္း ေက်းဇူး႐ွိဖူးေတာ့...."
"ဘာလဲ...ေဖေဖ သမီးကို ေက်းဇူးဆပ္ဖို႔အတြက္ ေမြးခဲ့ေပးတာလား...သမီး လက္မခံႏိုင္ဘူး..."
"ေဖေဖတို႔ စကားလြန္ထားၿပီးၿပီ သမီးရဲ႕....
ေနာက္ၿပီး သမီးအေမက အခု အသည္းတစ္ျခမ္းပ်က္စီးေနတယ္...ေဆးကုဖို႔ ေဖေဖတို႔ ေငြလိုတယ္ကြ
ေငြလိုတယ္..."
"ေဖေဖ...အဲ့အတြက္ သမီးက မခ်စ္မႏွစ္သက္တဲ့သူကို လက္ထပ္ရမွာလား...."
"အဲ့ အတြက္ပဲ မဟုတ္ဘူး...
ငါ့သမီး...ေဆးေက်ာင္းတက္ႏိုင္ဖို႔...ေဖေဖ
သူ႕ဆီက ေငြေတြ ေခ်းထားတာလဲ...ဆက္လို႔ မကုန္ဘူး...သမီး အေမကိုေကာ...လက္လြတ္ခိုင္းမလို႔လား.."
"ေဖေဖ...သမီးမွာ ခ်စ္ရသူ ႐ွိတယ္ေနာ္...
သမီးက lesbianျဖစ္ေနတဲ့ အတြက္ ဘယ္လိုမွ ေယာက်္ားတေယာက္ကို လက္ထပ္ႏိုင္မွာ မဟုတ္ဘူး..."
"သမီး...အဲ့ မိန္းမ တေယာက္ အတြက္နဲ႔ သမီးအေမရဲ႕ အသက္...သမီးရဲ႕ငယ္ဘဝေတြ႐ွိတဲ့ ဒီအိမ္...
သမီးရဲ႕အနာဂတ္ေတြကို အဆုံး႐ႈံးခံမလို႔လား...
ဟမ္း"
"သမီး စဥ္းစား ပါရေစအုံး ေဖေဖ..."
"သမီးစဥ္စားလဲ...
သမီးအေျဖက လင္းထက္ကို လက္ထပ္ရမယ္ဆိုတာပဲ...ဒါကို ေခါင္းထဲထည့္ထား...."
"က်စ္!!! သြားေတာ့မယ္...."
"ဒုန္း...."
ေဖေဖ့တံခါးေဆာင့္ခ်အသံနဲ႔ အတူ...
ေအာက္ထပ္က ျဖဴစင္နဲ႔ ေမေမ လန္႔ သြားတယ္...
"ေမေမ သမီး ျပန္အုံးမယ္...
လာ ျဖဴစင္..."
စိတ္ညစ္ညစ္နဲ႔...ကားကို ကမ္းနားဘက္ ေမာင္းခ်လာခဲ့တယ္...
"လဝန္း အဆင္ေျပရဲ႕လား...."
"နင့္ရင္ခြင္ေလး ခဏငွားပါဟာ....ဟင့္...ဟင့္...."
ျဖစ္ေၾကာင္း အကုန္စင္ကို ျဖဴစင့္ကို ေျပာျပလိုက္ေတာ့...ျဖဴစင္လည္း သနားသြား႐ွာတယ္...
"ဘာမွ အားမငယ္ပါနဲ႔ဟာ...ငါ႐ွိတယ္ေလ...
နင့္အတြက္ ငါ ႐ွိေနတာပဲ...ဘာမွ စိတ္မပူနဲ႔ေနာ္...
နင္ တီခ်ယ့္ကိုပဲ လက္ထပ္ရမွာ ငါ အာမခံတယ္..."
"ေက်းဇူးပါဟာ...ငါစိတ္အရမ္းညစ္ေနလို႔
တီခ်ယ့္ကို ညစာသြားပို႔ေပးပါလား....ငါ ဒီမွာပဲ ခဏေနခဲ့အုံးမယ္..."
"နင့္ တီခ်ယ္က ငါ့ကိုယုံပါ့မလားဟ..."
"ငါ ေနမေကာင္းဘူးလို႔ေျပာလိုက္ဟာ...
သူ ဒီေလာက္ေတာ့ နားလည္ေပးတတ္ပါတယ္...
ငါ့တီခ်ယ္က အၾကင္နာအုံေနတာ.."
"ေအးပါဟ...ဒါဆို တီခ်ယ့္ကို ညေနစာ ပို႔ေပးၿပီးမွ ငါျပန္လာခဲ့မယ္...နင္ စိတ္ေျပေအာင္ အသက္ဝ ဝ ႐ႈၿပီး...ေနဝင္ခ်ိန္ကို ငါ့ အစားၾကည့္ထားလိုက္..."
"အိုေက ေဘဘီ...."
_________