Never

By Blacksheep303

26.1K 1.2K 107

ဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျ... More

Never (ဘယ်တော့မှ) - 1
Never (ဘယ္ေတာ့မွ) Zawgyi -1
Never (ဘယ်တော့မှ) - 2
Never (ဘယ္ေတာ့မွ) - Zawgyi 2
Never (ဘယ်တော့မှ ) - 3
Never (ဘယ္ေတာ့မွ) - Zawgyi 3
Never (ဘယ်တော့မှ)-4
Never (ဘယ္ေတာ့မွ) - Zawgyi 4
Never (ဘယ်တော့မှ)- 5
Never (ဘယ္ေတာ့မွ) - Zawgyi 5
Never (ဘယ်တော့မှ ) -6
Never (ဘယ္ေတာ့မွ) - Zawgyi 6
Never (ဘယ်တော့မှ)- 7
Never (ဘယ္ေတာ့မွ) - Zawgyi 7
Never (ဘယ်တော့မှ) - 8
Never (ဘယ္ေတာ့မွ) - Zawgyi 8
N ever (ဘယ်တော့မှ) - 9
Never (ဘယ္ေတာ့မွ) -Zawgyi 9
Never (ဘယ်တော့မှ)- 10
Never (ဘယ္ေတာ့မွ) - Zawgyi 10
Never (ဘယ်တော့မှ) - 11
Never (ဘယ္ေတာ့မွ) - Zawgyi 11
Never (ဘယ်တော့မှ) -12
Never (ဘယ္ေတာ့မွ) - Zawgyi 12
Never (ဘယ်တော့မှ) - 13
Never (ဘယ္ေတာ့မွ) - Zawgyi 13
Never (ဘယ်တော့မှ) - 14
Never (ဘယ္ေတာ့မွ) - Zawgyi 14
Never (ဘယ်တော့မှ) - 15
Never (ဘယ္ေတာ့မွ) - Zawgyi 15
Never (ဘယ်တော့မှ) - 16
Never (ဘယ္ေတာ့မွ) - Zawgyi 16
Never (ဘယ်တော့မှ) - 17
Never (ဘယ္ေတာ့မွ) - Zawgyi 17
Never (ဘယ်တော့မှ) - 18
Never (ဘယ္ေတာ့မွ) - Zawgyi 18
Never (ဘယ်တော့မှ) - 19
Never (ဘယ္ေတာ့မွ) - Zawgyi 19
Never (ဘယ်တော့မှ) - 20
Never (ဘယ္ေတာ့မွ) - Zawgyi 20
Never (ဘယ်တော့မှ) - 21
Never (ဘယ္ေတာ့မွ) - Zawgyi 21
Never (ဘယ်တော့မှ) -22
Never (ဘယ္ေတာ့မွ) - Zawgyi 22
Never (ဘယ်တော့မှ) - 23
Never (ဘယ္ေတာ့မွ) - Zawgyi 23
Never (ဘယ်တော့မှ) -24
Never (ဘယ္ေတာ့မွ) - Zawgyi 24
Never (ဘယ်တော့မှ) - 25
Never (ဘယ္ေတာ့မွ) - Zawgyi 25
Never (ဘယ်တော့မှ) - 26
Never (ဘယ်တော့မှ) - Zawgyi 26
Never (ဘယ်တော့မှ) - Zawgyi 27
Never (ဘယ်တော့မှ) - 28
Never (ဘယ္ေတာ့မွ) - Zawgyi 28
Never (ဘယ်တော့မှ) - 29
Never (ဘယ္ေတာ့မွ) - Zawgyi 29
Never (ဘယ်တော့မှ) - 30
Never (ဘယ္ေတာ့မွ) - Zawgyi 30
Never (ဘယ်တော့မှ) - 31
Never (ဘယ္ေတာ့မွ) - Zawgyi 31
Never (ဘယ်တော့မှ) - 32
Never (ဘယ္ေတာ့မွ) - Zawgyi 32
Never (ဘယ်တော့မှ) - 33
Never (ဘယ္ေတာ့မွ) - Zawgyi 33
Never (ဘယ်တော့မှ) - 34 (Final)
Never (ဘယ္ေတာ့မွ) - Zawgyi 34 (Final)
Author's Note (Unicode+ Zawgyi)
Never (ဘယ်တော့မှ) - Special Part
Never (ဘယ္ေတာ့မွ) - Special Part (Zawgyi)

Never (ဘယ်တော့မှ) - 27

405 28 5
By Blacksheep303

ပထမအဆင့် နဲ့ ဒုတိယအဆင့် တွေကို ရှောင်းကျန့်အောင်အောင်မြင်မြင််နဲ့ ဖြတ်ကျော်နိုင်ခဲ့ပါပြီ ရှောင်းကျန့် မိသားစု ရော ရိပေါ် မားမားကပါ ရှောင်းကျန့် နဲ့ Neverလေးကို လက်ခံသလို ရှောင်းကျန့် ရိပေါ်ကို ရအောင် ပြန်ကြိုးစားမယ်ဆိုတာကိုပါ ခွင့်ပြုချက်ရထားပြီးပြီ
အခုတတိယအဆင့်အနေနဲ့ ရိပေါ် နားကို အရောက်သွားဖို့ ပြင်ဆင်နေတာ

ပါးပါးနားကနေ တစ်နှစ်ခွင့်တောင်းပြီး YH Entertainment ရဲ့ ဒီဇိုင်း teamက အနုပညာရှင်တွေအတွက် Personal Stylist အလုပ်ခေါ်နေတဲ့အတွက် အလုပ်ဝင်ဖို့ ခွင့်တောင်းထားတာပါ ပါးပါးက လူက YH မှာအလုပ်လုပ်ရင်းနဲ့ Xiao Co.ltd ကိုဆက်ခံဖို့ လေ့လာတာကိုလည်း အဆက်မပြတ်စေနဲ့ လိုအပ်ရင် YH က ပိတ်ရက်မှာ ကုမ္ပဏီ အလုပ်တွေကို ဝင်လုပ်ရမယ် ပြီးတော့ တစ်နှစ်ပြည့်ရင် ရိပေါ်ကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ YH က ပြန်လာပြီး ကုမ္ပဏီကို မဖြစ်မနေ ဆက်ခံရမယ် ဒါကိုနားလည်လက်ခံတယ်ဆိုရင် ခွင့်ပေးမယ်ဆိုပြီး ခွင့်ပြုထားတာပါ

ဒါကြောင့်အခု YH မှာ လူတွေ့အင်တာဗျူးဖြေဖို့အတွက် ရောက်နေတာပါ အစက အင်တာဗျူးက မနက်၉နာရီလို့ပြောထားတာပါ ဒီရောက်မှ CEO နဲ့ အကြီးပိုင်းတွေက လက်ရှိနာမည်ကြီးမင်းသားတစ်ယောက် ပြဿနာတက်လို့ အရေးတကြီးကိစ္စတွေရှိနေလို့ အင်တာဗျူးကို ၁၀နာရီနောက်ပိုင်းလို့ အချိန်နည်းနည်းရွေ့ထားလိုက်တာပါ ရတဲ့အချိန်က ဇကောဇက ဒီမှာရောက်တာ အားလုံးက ဒီဇိုင်းနာတွေကြီးပဲမို့ အတွေ့အကြုံဖလှယ်ရအောင် မပြန်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီး အားလုံးထဲမှာ ရှောင်းကျန့်က အကြီးဆုံးမို့ ဦးဆောင်ပြီး

" ဒီ​နေ့ အင်တာဗျူးက နောက်ကျမှာဆိုပေမယ့် ဒီအားသွားတဲ့အချိန်လေးကို ကိုယ်တို့အကျိုးလေးရှိသွားအောင် အချင်းချင်း ဘဝအတွေ့အကြုံလေးတွေ ဖလှယ်ရင်းနဲ့ ဘာကြောင့်ဒီမှာလုပ်ချင်ကြတာလဲဆိုတာလေးတွေ အချင်းချင်းဝေမျှကြရအောင်လေ"

ရှောင်းကျန့် စကားအဆုံးအားလုံးက ရုတ်တရက် ခင်ဗျားက ဘာမို့လဲဆိုတဲ့ Vibeမျိုးနဲ့ ကြည့်လာကြတာမို့

"ကိုယ်ကအရင်ဆုံး မိတ်ဆက်ပေးပါ့မယ် ကိုယ့်နာမည်ကရှောင်းကျန့်ပါ Red-Bunny ဆိုတဲ့ နာမည်နဲ့ ဒီဇိုင်းဆွဲတာပါ ဒီ YHကိုရောက်လာရတဲ့အကြောင်းရင်းက ကိုယ်ချစ်ခင်တဲ့ ကြယ်ပွင့် လေး တစ်ပွင့်ကို ပိုပြီးလင်းလက်တောက်ပအောင် ကိုယ်တတ်နိုင်တာလေးနဲ့ မြှင့်တင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပါ ကိုယ်ကြောင့် အထီးကျန်နေတဲ့ ကြယ်လေးကို အဖော်လာလုပ်ပေးချင်လို့ ကိုယ်က YHမှာလာလုပ်တာ "

မိတ်ဆက်စကားဆုံးမှ အားလုံးရဲ့ မျက်လုံးအရောင်တွေက ရုတ်တရက်ပြောင်းသွားပြီး အာ
"Red-Bunny လား တကယ်ကြီးကိုပေ့ါ မယုံနိုင်ဘူး" "Red-Bunnyက လူကြားထဲမျက်နှာထွက်မပြဘူးဆို"

"ဒါ လူကြားထဲမှ မဟုတ်တာ ဒီဇိုင်းနာတွေကြားပဲလေ မင်းတို့အားလုံးနဲ့ လည်း ခင်ချင်လို့ပါ"

ရှောင်းကျန့်ကို Red-Bunnyလို့သိပြီးနောက်ပိုင်း အချင်းချင်းမိတ်ဆက်ကြတာ လာလုပ်ရတဲ့ ရည်ရွယ်ချက်တွေပြောပြကြတာမို့ စကားဝိုင်းလေးက စိုစိုပြေပြေနဲ့ အချိန်ကုန်လို့ကုန်မှန်းမသိ ဖြစ်နေတာပေါ့ အဲဒီထဲမှာ ထူးထူးဆန်းဆန်း ကောင်မလေးတစ်ယောက်ပါလာတာပါ အဲဒီ မိန်းကလေးရဲ့မျက်လုံးလေးတွေကို ရင်းရင်းနှီးနှီး သိနေတယ်လို့ ခံစားနေရတာပါ ဒါပေမယ့် ဘယ်မှာသိခဲ့မှန်းကို မသိဘူး တစ်ယောက် တစ်လှည့်စီပြောရင်းနဲ့ အဲဒီကောင်မလေးအလှည့်ရောက်တော့

"ညီမက မျိုးရိုးမရှိပါဘူး အိမ်က သူတို့မကြိုက်တာလုပ်ထားလို့ ကန်ချထားတာ မျိုးရိုးနာမည်ပါ မတပ်နဲ့လို့ ပြောပြီး နှင်ချထားလို့ မျိုးရိုးမယူထားဘူး နာမည်ကတော့ ရိဖိန်းပါ ဒီိဇိုင်းဆွဲရင်တော့ "ညီညီလေး"ဆိုတဲ့နာမည်ကို သုံးပါတယ် ဘာကြောင့်လဲဆိုရင် ညီမ ငယ်ငယ်က ဘေးအိမ်က အစ်ကိုကြီးတစ်ယောက်က ညီညီလေးလို့ခေါ်တဲ့ အသံကို အမြဲနားထဲဆွဲနေလို့ အရမ်းငယ်သေးတဲ့အချိန်မှာ အဲဒီအကိုကြီးရဲ့မျက်နှာကို မမှတ်မိပေမယ့် သေချာတော့ မသိတော့ပေမယ့် မိဘတွေရဲ့ ပြောပြချက်အရ အဲဒီအစ်ကိုကြီးက အရမ်းပဲ နွေးနွေးထွေးထွေးနဲ့ကို ချစ်ခင်စောင့်ရှောက်ပေးခဲ့တာတဲ့ ဒါကြောင့် အဲဒီအိမ်နီးချင်း အစ်ကိုကြီးကို သတိရမိ လို့ အမှတ်တရအနေနဲ့ ဒီဇိုင်းနာလောကမှာ ကျင်လည်ဖို့ နာမည်ကို ညီညီလေး လို့ပဲပေးခဲ့တာ ဖြစ်နိုင်ရင်တော့ ငယ်ငယ်က ကိုယ့်ကို အရမ်းနွေးထွေးခဲ့တဲ့ ကိုယ်မမှတ်မိတဲ့ အစ်ကိုကြီးကို တစ်ခါလောက် ပြန်တွေ့ချင်တဲ့ စိတ်ကူးလေးနဲ့ပါပဲ"

ကောင်မလေးရဲ့ စကားကြောင့် ရှောင်းကျန့်က ဝင်ထောက်ပေးတဲ့အနေနဲ့

" မိန်းကလေးတစ်ယောက်ကို ညီညီလေးလို့ခေါ်တာတော့ အရမ်းထူးဆန်းတာပဲ ပြီးတော့ ရုပ်တောင်မမှတ်မိပဲနဲ့ဆိုတော့ ပြန်တွေ့နိုင်ဖို့ တော်တော်ခက်လိမ့်မယ် ထင်တယ်"

"နာမည်မှတ်မိတယ် ရှာလို့လည်းတွေ့ထားတယ် သူပေးထားတဲ့ပစ္စည်းလေးလည်း ရှိတယ် ဒါပေမယ့် သူက လက်ခံပါ့မလား လို့စဉ်းစားနေလို့ သွားတွေ့ရသေးတာ ဒီဇိုင်းလောကထဲ ရောက်လာတာကလည်း အဲဒီအစ်ကိုကြီးကို ရှာတွေ့တဲ့အချိန်တုန်းက သူက ဒီဇိုင်းပညာသင်နေတာလေ ဒါကြောင့် သူနဲ့အတွေးအမြင်တူချင်လို့ ဒီလောကထဲဝင် ဖြစ်သွားတာ"

အဲဒီစကားကို ရိဖိန်းက ရှောင်းကျန့်ကို သေချာကြည့်ပြီး ပြောနေတာမို့ ရှောင်းကျန့်လည်း ငယ်ငယ်က သူဘေးအိမ်က ကလေးလေးကို သူ့ညီလေးတစ်ယောက်လို အရမ်းချစ်ခဲ့တာကို သွားသတိရမိတယ် သူလက်ဝှေ့လောကထဲဝင်ဖြစ်တာကလည်း အဲဒီကလေးငယ်ငယ်က လက်ဝှေ့ အရမ်းဝါသနာပါတယ် သူ့ထမင်းကျွေးမယ်ဆိုရင် လက်ဝှေ့ပြိုင်ပွဲတွေ ဖွင့်ပေးရတာ ကြီးလာရင်ဘာလုပ်မှာလဲဆိုတော့ လက်ဝှေ့ထိုးမှာဆိုတာ ချည်းပဲဖြေတာ ဒါကြောင့်လည်း အဲဒီကလေးနဲ့ ပြန်ဆုံလို ပြန်ဆုံငြား လက်ဝှေ့ထိုးဖြစ်သွားတာ နောက်ပိုင်းမှ ထိုးရင်းထိုးရင်းနဲ့ အရမ်းကို စိတ်ဝင်စားသွားတာမို့ ဆက်ထိုးဖြစ်သွားတာ အဲဒီကလေးနဲ့ ပြန်မတွေ့ဖြစ်ပေမယ့်လည်း ရိပေါ်နဲ့တွေ့ခဲ့တာမို့ အဲဒီကလေးကို ကျေးဇူးတင်မိ သေးတယ် အခုလည်း ဒီကောင်မလေးက လည်း သူနဲ့အဖြစ်တူနေတော့

" သွားရှာလိုက်ပါ ပြောလို့ဘယ်ရမလဲ အဲဒီအစ်ကိုကြီးကလည်း တွေ့ချင်နေတာမျိုးလည်း ဖြစ်ရင်ဖြစ်မှာပေါ့ ပြန်တွေ့ပါစေလို့လည်း ဆုတောင်းပေးပါတယ်နော် ဪဒါနဲ့ YH ကို ဘာလို့လာလုပ်တာလဲ"

"ဟီး ဟီး ဝမ်ရိပေါ်ကြောင့်ပါ အခုက ဘယ်သူဘယ်ဝါရယ်လို့တော့ မဟုတ်ပေမယ့် အခုခေါ်တာ YH က နာမည်ရစပြုလာတဲ့ အနုပညာရှင် တွေ အတွက် ဆိုတော့ သေချာပေါက် ဝမ်ရိပေါ် ပါမှာပဲ ညီမက ဝမ်ရိပေါ် မျက်နှာလေး မြင်နေရရင် ဘဝကြီးက ပြည့်စုံနေပြီလို့ ခံစားရတာ ဒါကြောင့် YHကိုလာတာ သတင်းကြားတာက အနုပညာရှင် တစ်ယောက်ကို ဒီဇိုင်းနာနှစ်ယောက်ပါတဲ့ Team တစ်ခုထားပေးမယ်ဆိုပဲ ညီမမှာ ဝမ်ရိပေါ်အတွက် သူ့ပုံတွေနဲ့ သူ့အတွက် သီးသန့် ဆွဲထားတဲ့ Designက ၁၀၀ကျော်ရှိနေပြီးသား ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ညီမက ဝမ်ရိပေါ် Teamမှာရမှာလို့ ကိုယ့်ကိုကိုယ် ယုံကြည်ပြီးသား ညီမမှာ အခုမျိုးရိုးမရှိသေးပေမယ့် ပြောလို့မရဘူး နောက်ဆို ဝမ်ရိဖိန်းဆိုပြီး မဖြစ်လာ နိုင် ဘူးလို့ ဘယ်သူပြောနိုင်လို့လဲ ဟီး...ဟီး....."

ကောင်မလေးစကားအဆုံး ခုနက ဒီကလေးမလေးက ခင်ချင်စရာလေးလို့ ထင်ထားရာကနေ အခုတော့ အမြင်ကတ်စရာလေး အဲဒီလောက် ထိ ဝမ်ရိပေါ်ကို ကြိုက်စရာလိုလို့လား ဝမ်ရိဖိန်းက ဖြစ်ချင်နေသေးတယ် ရှောင်းကျန့်သေတောင် မဖြစ်စေရဘူး....................

"ဝမ်ရိပေါ် မှာ ချစ်တဲ့သူရှိတယ်ကြားတယ် စိတ်ကူးမယဉ်နဲ့ကလေးမ Stylistက Stylistလိုပဲ အလုပ်လုပ်ဖို့စဉ်းစားပါ"

ရှောင်းကျန့်စကားကြောင့် ကောင်မလေးက အံ့အားသင့်သွားပြီး

"ချစ်သူရှိတာ အိမ်ထောင်ရှိတာမှ မဟုတ်တာ ညီမမှာ ကြိုးစားခွင့်ရှိပါသေးတယ် Stylistအလုပ်လုပ်ရင်းနဲ့ နီးစပ်သွားနိုင်တာပဲလေ ဒီမယ်   အစ်ကိုကြီးက ထင်တာပြောနေတာ ညီမတို့Fanတွေ စုံစမ်းထားသလောက် ဘာချစ်သူမှ မရှိဘူး ရှိလည်း ဂရုပါမစိုက်ဘူး အစ်ကိုကြီး သဘောကျတဲ့ မင်းသမီးအကြောင်းသာ စိတ်ထဲထည့်ထားလိုက် ညီမလေးနဲ့ဝမ်ရိပေါ်အတွက် စိတ်မပူနဲ့ "

"ဘာ ညီမလေးနဲ့ ဝမ်ရိပေါ်လည်း ......အဲလိုဆို ဒီကညီမလေးက စနိုက်ကြော်ဖြစ်သွားမှာပေါ့ ကိုယ့်ညီမလေးလို ခင်လို့ပြောမယ် ချစ်သူရှိမှန်းသိရင် နောက်ဆုတ်လိုက်လေ"

"မဆုတ်ပါဘူး ချစ်သူနဲ့ပြတ်သွားရင် ပြတ်သွားမှာပေါ့ ပထမလူကို တကယ်ချစ်ရင် ဒုတိယလူဆိုတာ မပေါ်လာဘူးတဲ့ ဒီအတိုင်းတော့ ဖြတ်မခုတ်ပါဘူး သူတို့ချင်းပြတ်သွားရင်တော့ တမျိုးပေါ့"

"မပြတ်ပါဘူး ဘယ်သူကပြတ်တယ်ပြောနေလို့လဲ"

ရှောင်းကျန့်နဲ့ရိဖိန်း နည်းနည်းလို အခြေအတင်ဖြစ်လာလို့ ဘေးလူကဝိုင်းပြီးထိန်းပေးကြပါတယ်

"တော်ကြပါတော့်နော် .....တော်ကြာပါတော့ ဝမ်ရိပေါ်နားရောက်ဖို့နေနေသာသာ ဒီဇိုင်းTeamမှာ အရင် ၄လလောက် အလုပ်လုပ်ရဦးမှာ
ဒီဇိုင်းteam မှာနေပြီး ရှိသမျှ အနုပညာရှင်တွေအတွက် လုပ်ပြီးမှ အခြေအနေပေါ်မူတည်ပြီး လိုအပ်နေတဲ့ သူဆီပို့မှာ ဒါကြောင့် ဘာမှမ ဖြစ်သေးတာတွေ အတွက် စိတ်ကူးယဉ်ပြီး အချေအတင် မဖြစ်ကြပါနဲ့"

ဝိုင်းတားတဲ့သူတွေရှိနေလို့ စကားစပြတ်သွားတဲ့အချိန် အင်တာဗျူးအတွက် ပြင်ဆင်ထားပေးကြပါလို့လာပြီးအသိပေးတာကြောင့် စကားစတွေ ပြတ်သွားကြပါတယ် နောက်မှ ဝမ်ရိပေါ်ကို သတိပေးရမယ် ရိဖိန်းဆိုတဲ့ Stylist ကိုအနားအကပ်မခံနဲ့လို့ ပြောမယ့်သာပြောနေရတာ ကိုယ့်ဖာသာကိုယ်တောင် သူ့နား မရောက်နိုင်သေးဘူး အစကဖြည်းဖြည်းချင်း ရိပေါ်ကို ချည်းကပ်မလို့ အခုတော့ အချိန်ဆွဲလို့ မဖြစ်ဘူး လွယ်လွယ်ကူကူ အနားကပ်လို့မရရင်တော့ ရိပေါ်မားမားနား အပူကပ်ရမယ် ခုလို ခပ်ကဲကဲလေးတွေနောက် ရိပေါ်ပါသွားရင်တော့ ရှောင်းကျန့်ရင်ကျိုးလိမ့်မယ် မဖြစ်ဘူး ဖြစ်တဲ့နည်းနဲ့ ရိပေါ်အနားကို သွားရလိမ့်မယ် လိုအပ်ရင် ရှိသမျှပါဝါထုတ်သုံးပြမယ် ကြည့်နေ

၄ယောက်မြောက်အင်တာဗျူး ဝင်ရမှာမယ့်သူက ရိဖိန်းမလို့ သူထထွက်သွားချိန်မှာ ရိဖိန်းက

"သွားလိုက်ပါဦးမယ် အစ်ကိုကြီး နွေးထွေးတယ်ဆိုတဲ့ စကားလုံးက အစ်ကိုကြီးနဲ့ နည်းနည်းမှ မတန်ဘူးပဲ နောက်ပြီး ညီမဘက်မှာ ကံကြမ္မာက ရှိတယ်နော် ညီမနာမည်က ရိဖိန်း သူ့နာမည်က ရိပေါ် ကဲ ဘယ်လောက်လိုက်ဖက်လည်း နောက်ပြီး ညီမအဖေနာမည်က ဝမ်ကျားအယ် ညီမရဲ့ ကံကြမ္မာက ဝမ်မျိုးရိုးဖြစ်ဖို့ ပါလာပြီးသား ပါးပါးကြောင့် ဝမ်ပြုတ်သွားပေမယ့် ရိပေါ်ကြောင့် ဝမ်ရိဖိန်း ပြန်ဖြစ်လာလိမ့်မယ်
.....အဟက် သွားပြီ တာ့...တာ့"

ကလေးမ စကားကြောင့် သွေးတောင်တက်ချင်သလိုလိုဖြစ်သွားတယ် ဒါကြောင့်Toiletထဲ အမြန်သွားပြီး ကျိုးချန်ဆီ ချက်ချင်းဖုန်းဆက်ပြီးလွန်ခဲ့သော ၂နှစ်က နိုင်ငံခြားမထွက်ခင် LINING ကရှယ်ယာရောင်းပြီး YHက ရှယ်ယာဝယ်ခိုင်းထားတာရယ် ဒီပြန်ရောက်လာပြီးမှ ကြားထဲ ရရင် ရသလို ဝယ်ခိုင်းထားတာ ဘယ်လောက် ရာခိုင်နှုန်း ရှိလဲ နဲ့ အဲဒါနဲ့ ဆိုင်တဲ့ စာရွက်စာတမ်းတွေကို ချက်ချင်း ဓါတ်ပုံရိုက်ပုံပို့ခိုင်း
လိုက်ပါတယ် စုစုပေါင်း ၁၂%ရှိတယ် ဒါနဲ့ ရှောင်းကျန့်ရဲ့ အရည်အချင်းနဲ့ဆိုရင် ရိပေါ်နား ချက်ချင်းသွားလို့ရကောင်းပါရဲ့

အင်တာဗျူးအခန်းထဲရောက်တော့ ထုံးစံအတိုင်း နာမည်တွေ အရည်အချင်းအတွက် လက်မှတ်တွေ ပြရတာပေါ့ ရှောင်းကျန့်က နဂိုကတည်းက နာမည်ရ Designer အပြင် Switzerlandမှာလည်း Fashion Course ၃ခုလောက် တက်ခဲ့တာမို့ အင်တာဗျူးတဲ့သူတွေအားလုံးက သဘောကျပါတယ် အခုလက်ရှိနာမည်အကြီးဆုံး မင်းသားနားလုပ်နိုင်မလားလို့ လည်းမေးပါတယ် ဒါပေမယ့် ရှောင်းကျန့်က ဝမ်ရိပေါ်နားမှာ Personal Stylist အနေနဲ့ပဲလုပ်မှာ တခြားဘယ်သူ့အတွက်မှ မလုပ် နိုင်ဘူး ဝမ်ရိပေါ်အတွက် သီးသန့် လုပ်ပေးမယ့် တခြားသူမထားနဲ့လို့ တောင်းဆိုတော့ Design Team ရဲ့ဌာနမှူးက New Appointment အနေနဲ့ခန့်ထားတဲ့ ဒီဇိုင်းနာက ရွေးချယ်ခွင့် မရှိဘူးလို့ ထောက်ပြပါတယ် ဒါကြောင့်လည်း CEO ဆီကို ဖုန်းထဲမှာ ဓါတ်ပုံရိုက်ထားတဲ့ စာရွက်စာတမ်းတွေကို ထိုးပြပြီး ဒီမှတ်တမ်းတွေနဲ့ဆိုရင် ရွေးချယ်ခွင့် ရှိမရှိသိပါရစေလို့ မေးလိုက်ပါတယ် CEO က သီးသန့်ပြောမယ်ဆိုပြီး သီးသန့်ခန်းထဲခေါ်သွားပါတယ်

"ဒါတွေ ထုတ်ပြရတဲ့ ရည်ရွယ်ချက်ကဘာလဲ"

"ကျွန်တော်နေချင်တဲ့ အနုပညာရှင်နားနေခွင့်ရအောင် ထုတ်ပြတာပါ ဒါတွေက ဘာအတွက်မှ မဟုတ်ပါဘူး ဒီရှယ်ယာတွေကလည်း ဝမ်ရိပေါ်  Traineeဘဝကတည်းက ဝယ်ထားတာပါ ရက်စွဲတွေ သေချာကြည့်နိုင်ပါတယ် ဒီတလောမှ ဝယ်ထားတာ ၃ရာခိုင်နှုန်းပဲရှိတာပါ"

"ဘာလို့ ဝမ်ရိပေါ်လဲ"

"သူက ကျွန်တော့်လူ သူ့မှာအရည်အချင်းအပြည့်အဝရှိမှန်းသိပါတယ် ဒါပေမယ့် သူ့ကို အညတရတစ်ယောက်လို ချောင်ထိုးထားတာမျိုး တခြား အနုပညာရှင်တွေနဲ့ ယှဉ်ရင် ခွဲခြားဆက်ဆံခံရမှာတို့ မတရားဖိနှိပ်ခံရမှာတို့  စိုးရိမ်လို့ ကျွန်တော်ဝယ်ထားတာ အခုလည်း ဝမ်ရိပေါ် လိုလူမျိုးက သူများယှဉ်ရင် ထင်းနေတာတောင် ဒီဇိုင်းTeam က သူ့ကိုပံ့ပိုးမှု အားနည်းနေသေးတယ် တကယ်ဆို သူက ဒီထက်ပို ထင်ပေါ်  သင့်တယ် အခုလည်း တနေ့တခြားနာမည်ရလာတာပဲလေ ကျွန်တော့်လက်ထဲသာ အပ်လိုက် သူ ဒီထက်ပိုပြီး တောက်ပလာစေရမယ် ဒါဆို ရင် ကုမ္ပဏီအတွက်လည်း ပိုအကျိုးအမြတ်ရမယ်လေ ကျွန်တော့်ကိုယုံကြည်ပါ  ဝမ်ရိပေါ်ကို Fashion King လို့တောင် ပြောလို့ရတဲ့အထိ ဖြစ်စေရ မယ် ဒါပေမယ့် တခြားသူတွေကိုတော့ ကျွန်တော်က ရှယ်ယာရှင်တစ်ယောက်ဆိုတာ မသိစေချင်ဘူး ဒါက ကုမ္ပဏီအတွက်လည်း အောက်ခြေအထိ ဆင်းပြီး တကယ့်အနေအထားတွေကို သိနိုင်စေမယ်လေ"  

"ကောင်းပြီလေ ဝမ်ရိပေါ်ရဲ့ Personal Stylistအဖြစ် ထားပေးမယ် ဆိုပေမယ့် ဝမ်ရိပေါ် Activity တွေမရှိရင် တခြားအနုပညာရှင်တွေ
အတွက် လည်း လုပ်ပေးရမယ်"

"လက်ခံတယ် နောက်တစ်ခုက ရိဖိန်းဆိုတဲ့ ဒီဇိုင်းနာကို ဝမ်ရိပေါ်နား မပို့နဲ့"

"သူ့ကို Design Team မှာ ၄လနေပြီးရင် ဝမ်ရိပေါ်နား ထားပေးမယ်လို့ ပြောလိုက်ပြီးပြီ"

"ဒါဆိုရင်လည်း တစ်လ ..တစ်လပြည့်ပြီးတာနဲ့ တခြားအနုပညာရှင်ဆီ ပို့ပေးပါ"

"ဘာလို့လဲ"
"အဆင်မပြေလို့ ကျွန်တော့်ကို ဒါလေးတစ်ခုကူညီတာနဲ့ ကျွန်တော့် ရှယ်ယာ ၁၂ရာခိုင်နှုန်းက CEO ကို Support ဖြစ်စေရမယ် ပြောလို့မရဘူးလေ CEO ပိုင်တဲ့ ရှယ်ယာက ၃၉ရာခိုင်နှုန်းပဲ ရှိတာလေ Board of Director (BOD) အဖွဲ့ရဲ့ Chairperson အဖြစ်လည်း ဆက်ရှိချင် တယ် ဆိုရင် ကျွန်တော်က CEO နောက်မှာရှိနေသမျှ CEO က BOD မှာလည်း Chairperson အဖြစ်နဲ့ စင်ပေါ်ကလူ အဖြစ်နေရုံပဲ ဘယ်သူမှ ရိုက် ချလို့မရနိုင်ဘူးလေ"

" OKလေ အပြောနဲ့ အလုပ်သာ ကိုက်ညီပါစေ ရိဖိန်း ဝမ်ရိပေါ်နားမရောက်လာခင် ဝမ်ရိပေါ် ရဲ့ Fashionတွေအပေါ် ပရိသတ် အသိအမှတ် ပြုမှုရရင် ရိဖိန်းကို တစ်လပြည့်တာနဲ့ ပြန်ပြောင်းပေးမယ် မဟုတ်ရင်တော့မရဘူး အဲဒီကလေးမရဲ့ ဒီဇိုင်းတွေကလည်း တော်တော်လေး ကောင်းသလို Fashionအမြင်ကလည်း ခေတ်မှီနေတယ် သူ့ကို ပြန်ပြီး ပထုတ်ချင်ရင်တော့ သူ့ထက်သာတယ်ဆိုတာ ပြထားမှ ရမယ်လေ မဟုတ်ဘူးလား"

"လက်ခံတယ် ကျွန်တော် လက်ခံတယ်"

ဒီလိုနဲ့ ရှိသမျှနည်းလမ်းအကုန်သုံးပြီး ဝမ်ရိပေါ်ရဲ့ အနားကို လှမ်းနိုင်ခဲ့ပါပြီ
သူ့နား ရောက်လာနိုင်တဲ့ ပြိုင်ဘက်တွေကိုလည်း ပထုတ်ဖို့ စီစဉ်ထားပြီးပြီ ရိပေါ် နဲ့ တွေ့ဖို့ပဲ လိုတော့တယ်
ကံကြမ္မာကလည်း အရောက်ပို့ပါတယ် မနက်ဖြန် မနက် ဝမ်ရိပေါ် Photo Shooting ရှိတာမို့ ဒီနေ့ ညနေကတည်း Fittingချတာ အဝတ်အစားတွေ ကြိုစီစဉ်ပေးတာမျိုးလုပ်ပေးရမှာဆိုတဲ့အတွက် ဒီညနေ ၃နာရီလောက် တခါတည်း အလုပ်ဆင်းပေးပါတဲ့ အယ်လယ့်
*
*
*
*
*
*
၃နာရီိဆိုပေမယ့် ရှောင်းကျန့်က ၂နာရီလောက်ကတည်းက အရောက်သွားလိုက်တာပါ နက်ဖြန် Photo Shootingအတွက် ပြင်ဆင်ထားတဲ့ အကြမ်းဖျင်းရွေးထားတဲ့ အဝတ်အစား ၇စုံက ရှောင်းကျန့်အမြင် သိပ်မဆန်းသစ်သလိုမျိုးမို့ Design Team နဲ့ ညှိပြီး ချက်ချင်းရနိုင်တဲ့ အဝတ်အစားတွေ ရနိုင်တဲ့အထဲက နောက်ထပ် ရနိုင်သမျှသွားရွေးထုတ်ထားလိုက်ပါတယ် ဒီတစ်ခါ Shootingပြီးရင် ဝမ်ရိပေါ်ဆိုတာ လူကြိုက်ပိုများလာစေရမယ်လို့လည်း ကြုံးဝါးထားပြီးသား စိတ်တိုင်းကျဝတ်စုံရွေးပြီးတော့၃နာရီထိုးဖို့ ၁၀မိနစ်လောက် လိုပါသေးတယ်

၃နာရီထိုးတော့ တခြားသူတွေလည်းရောက်လာပါတယ် ဒါပေမယ့် ဝမ်ရိပေါ်ကို မမြင်သေးဘူး Staffတွေ ပြောပြတာက အခုလာတာက မင်းသမီးအတွက် သူ့ရဲ့ ကိုယ်ပိုင်Stylist နဲ့ Makeup Artistတွေတဲ့ သူတို့မင်းသမီးနဲ့လိုက်မယ့် ဝတ်စုံတွေ ပြန်ညှိပေးဖို့ ပြောလာတာကြောင့် ဝတ်စုံတွေကို နည်းနည်းပြန်ညှိပေးရပါတယ် တကယ်တမ်းရိုက်မှာ က ၃စုံတည်း ဒါပေမယ့် မင်းသမီး ဘာဝတ်မယ်မှန်းမသေချာသေးလို့ ၇စုံ ပြင်ထားတာဆိုပဲ သူတို့မင်းသမီးက ပိုနာမည်ကြီးနေတာဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့ ငါ့မင်းသားနာမည်ကြီးလာရင် မင်းတို့မင်းသမီးတွေ အစုံတစ်ရာလောက်ကို ပြင်ခိုင်းထားဦးမယ် တွေ့ချင်သူက မတွေ့ရသေးဘူး မမြင်ချင်တဲ့သူတွေပဲ အရင်မြင်နေရပြီ

၃နာရီ ၁၀မိနစ်လောက်မှ ရောက်လာပါတယ် တွဲဖက်ရိုက်ရမယ့် မင်းသမီးနဲ့ ရီရီမောမော ပြုံးပြုံးရွှင်ရွှင်နဲ့ ဝင်လာတာပါ မင်းသမီးက ဟာသတွေပြောနေတော့လည်း ရီတာနေမှာပေါ့ ဒါပေမယ့် ရင်ထဲမှာ မကောင်းဘူး အခန်းထဲ ဝင်လာတဲ့အထိ ရှောင်းကျန့်ကို မမြင်သေးပါဘူး စကားပြောနေတဲ့အထိလည်း လက်ခံနိုင်တယ် ရီနေတာလည်း စိတ်မဆိုးဘူး ငါ့ကိုမမြင်သေးတာတော့ များသွားပြီ Staffတွေက မင်းသားနဲ့ မင်းသမီး ဝတ်စုံတွေ စမ်းကြည့်ဖို့ အဆင်သင့်ဖြစ်နေပါပြီဆိုမှ စကားလက်ဆုံကြနေတာကို ရပ်ပြီး ကိုယ့် Fitting Team ရှိတဲ့ဆီတွေ လာလိုက်ကြတာပါ အနားရောက်မှ အရမ်းအံ့အားသင့်တဲ့ပုံစံနဲ့

"ကျန့်ကော"

"ကျွန်တော်တို့သိကြလို့လား ကျွန်တော် ဒီဇိုင်းနာ Red Bunnyပါ မင်းသားရဲ့ Personal Stylist အသစ်ပါ"

လက်ဆွဲနှုတ်ဆက်ဖို့တောင် လက်တောင်ထုတ်မပေးဘဲ ဦးညွှတ် နှုတ်ဆက်လိုက်တာပါ

မင်းင့ါကို မမြင်တဲ့အတွက် ငါလည်းမင်းကို မသိဘူးရိပေါ် .....................................

Continue Reading

You'll Also Like

798K 48.3K 120
Y/N L/N is an enigma. An outgoing, cheerful, smiley teenage boy. Happy, sociable, excitable. A hidden gem in the rough of Japan's younger soccer pl...
3.3K 272 14
အမှာစာ စာရေးသူက စိတ်ကူးယဥ် ဇာတ်လမ်းတွေ၊ သဘာဝလွန်တွေကို နှစ်သက်သူတစ်ယောက်ပါ။ ဒါ့ကြောင့် စာရေးသူ ငယ်စဉ်က ကြည့်ခဲ့ဖူးတဲ့ အင်္ဂလန်ဇာတ်လမ်းတွဲ တစ်ပုဒ်ဖြစ်...
6.7K 211 35
"စီနီယာဘေးကင်းရဲ့လား။ကျွန်တော်စိတ်ပူနေတာ။ "ဘာမှမဖြစ်ဘူးကိုယ့်ဘာသာပဲဂရုစိုက်"
1.9M 83.8K 127
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC