Slowly Falling For Changkong...

By ANyein_26

56.9K 5.7K 167

COMPLETED โœ”๏ธ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.1... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18.1
Chapter-18.2
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ )
Chapter-58 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ‚ )
Chapter-59 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แƒ )
Chapter-60 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ„ )
Chapter-61 ( แ€œแ€€แ€บแ€‘แ€•แ€บแ€แ€ฝแ€„แ€บแ€ทแ€แ€ฑแ€ฌแ€„แ€บแ€ธแ€แ€ผแ€„แ€บแ€ธ )
Chapter-62 ( แ€œแ€€แ€บแ€‘แ€•แ€บแ€‘แ€ญแ€™แ€บแ€ธแ€™แ€ผแ€ฌแ€ธแ€แ€ผแ€„แ€บแ€ธ )
Chapter-63 ( แ€€แ€œแ€ฑแ€ธแ€œแ€ฑแ€ธ )
Chapter-64 ( Date )
Chapter-65 ( แ€•แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€›แ€ฝแ€พแ€ฑแ€ทแ€แ€ผแ€„แ€บแ€ธ )
Chapter-66 ( แ€แ€ฑแ€ทแ€›แ€ญแ€แ€ปแ€”แ€บ ) The End

Chapter-7

697 86 2
By ANyein_26


နောက်တစ်နေ့မနက်ခင်း၌ ဝေ့ရိချန်အိမ်ကနေထွက်ရန် အဆင်သင့်ဖြစ်နေခဲ့ပြီ ၊ သူ့အိမ်ခန်းတံခါးနားလျှောက်လာသည့်အချိန်မှာတော့ သူ့ကိုသော့ပိတ်ထားကြောင်းသိလိုက်ရ၏။ သူ မျက်မှောင်ကြုတ်လျက် တံခါးကိုအခေါက်ပေါင်းမနည်းကန်နေခဲ့ပေမဲ့လည်း တံခါးကတော့လှုပ်တောင်မလှုပ်လာခဲ့ပေ။

မားမားဝေ့က ကန်ကျောက်သံတွေကိုကြားတော့ အလျင်အမြန်ပြေးတက်လာကာ

"သား အပင်ပန်းမခံနဲ့ အမေတို့အိမ်ကတံခါးတွေက စျေးကွက်ထဲကအခိုင်ခန့်ဆုံးတွေပဲ ရပ်လိုက်တော့"

ဝေ့ရိချန် "......."

သူက မြင့်တက်လာသည့်သူ့ဒေါသတွေကိုပြန်ချိုးနှိမ်ရင်း အလိုလိုက်ဆိုးသွမ်းနေသည့်အသံဖြင့်

"အမေ ကျွန်တော့်ကိုဘာလို့သော့ပိတ်ထားတာလဲ"

"ဒါတွေအကုန်လုံး လောင်ဝေ့ရဲ့အကြံတွေပဲ သူပြောတာ သားကကျိန်းသေပေါက်ထွက်ပြေးလိမ့်မယ်မှာမလို့ သူကသားကိုသော့ပိတ်ထားခဲ့တာ"

ဝေ့ရိချန် ပေါက်ကွဲထွက်လာပြီး
"သူကဘာတွေတွေးနေတာလဲ သူကကျွန်တော့်ကို အခုအကျဉ်းသားတစ်ယောက်လိုဆက်ဆံနေတာလေ ဟုတ်တယ်မလား"

"မဟုတ်ပါဘူး မဟုတ်ပါဘူး မင်းအဖေပြောတာက မင်းနဲ့နျဲ့လေ........"

"မဖြစ်နိုင်ဘူး ဘယ်လိုမှမဖြစ်နိုင်ဘူး!"

ဝေ့ရိချန်၏ရုတ်တရက်အော်ဟစ်လာသံက မားမားဝေ့ကိုထိတ်လန့်စေခဲ့၏။ သူမ သက်ပြင်းချရင်း သူ့ကိုဖျောင်းဖျရန်ကြိုးစားရတော့သည်။

"သား ဒီဟာကိုဒိတ်တစ်ခုလို့သက်မှတ်စရာမလိုပါဘူး..နျဲ့လေကတကယ်ကိုမိန်းမကောင်းလေးတစ်ယောက်ပါ ၊ သားသူနဲ့သိကျွမ်းမယ်ဆိုရင်လဲ သားဘာမှမဆုံးရှုံးသွားဘူးလေ..နောက်ပြီး သားရဲ့အခုလိုပုံစံနဲ့ အမေလုံးဝစိတ်မအေးနိုင်ဘူး"

မားမားဝေ့မျက်ရည်တွေကျလာရင်း ငိုရှိုက်လုနီးပါးပဲ ၊အတန်ကြာတိတ်ဆိတ်နေပြီးနောက် ဝေ့ရိချန်သက်ပြင်းချကာဆိုလာခဲ့သည်။

"ဟုတ်ကဲ့ပါ အမေ ဝမ်းမနည်းပါနဲ့တော့ ကျွန်တော်သွားလိုက်ပါ့မယ်"

မားမားဝေ့ တော်တော်ကလေးအံ့ဩသွားသဖြင့်
"တကယ်လား?"

"အင်း ၊ ဒါပေမဲ့ ကျွန်တော်ဗိုက်နည်းနည်းဆာနေတယ် အန်တီ့ကိုစားဖို့တစ်ခုခုယူလာပေးပါဦးလို့ပြောလိုက်ဦး"

"ကောင်းပြီ သားစောင့်နေဦး အမေသူ့ကိုသွားပြောလိုက်မယ်"

အပြင်ကခြေသံတွေ တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားသံကိုကြားတော့ ဝေ့ရိချန်က သူ့ပစ္စည်းတွေကိုမြန်မြန်ထုပ်ပိုးလျက် သူ့ညီအစ်ကိုတွေထံမက်ဆေ့ပို့တော့၏။ အရာအားလုံးစီစဉ်ထားပြီးနောက် အန်တီကအစားအသောက်ပို့ရန် သူ့အခန်းတံခါးကိုဖွင့်လိုက်သည်နှင့် အပြေးအလွှားထွက်သွားတော့သည်။

အန်တီကဘေးဘက်ကိုအတွန်းခံရကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဝေ့ရိချန်ကတံခါးပေါက်ကနေထွက်ပြေးသွားခဲ့လေပြီ ၊ တံခါးပေါက်ကအလုပ်သမားတွေကလည်း သူ့နောက်ပြေးလိုက်ကြပေမဲ့ အမီမလိုက်နိုင်ခဲ့ကြ။ ဝေ့ရိချန် အိမ်ရာလမ်းတစ်လျှောက်ကနေထွက်ပြေးလာခဲ့ပြီး သူ့ထံမောင်းနှင်းလာနေသည့်ဆိုင်ကယ်သုံးစီးကိုမြင်လိုက်ရ၏။

"ချန်ကော.."

သူတို့ထဲကတစ်ယောက်က သူ့ကိုလက်လှမ်းပြ၏။ ဝေ့ရိချန် ချက်ချင်းတစ်ဟုန်ထိုးပြေးသွားပြီး ဆိုင်ကယ်မောင်းနေသည့်လူ၏ဦးထုပ်အားပြောင်းယူလိုက်သည်။ ထို့နောက် သူခုန်တက်လိုက်၏။

"သား ဘာလုပ်နေတာလဲ"

မားမားဝေ့က ကမန်းကတန်းပြေးလာရင်း သူတို့နောက်ကျောတွေကိုကြည့်ကာအော်ပြောနေ၏။

ဝေ့ရိချန် နောက်လှည့်၍ သူမကိုအော်ပြောလိုက်သည်။

"အမေ ကျွန်တော်အမေ့ကိုဖုန်းခေါ်လိုက်မယ်နော်"

ညီအစ်ကိုသုံးယောက်က အဝေးသို့မောင်းနှင်းသွားရင်း အောင်ပွဲခံလိုက်ကြ၏။ ဝေ့ရိချန်သည် သူထိုင်နေသည့်အနေအထားကိုပြုပြင်ရင်း သူ့နားကိုဖြတ်၍သွားသည့် လေတိုးသံတွေကိုနားထောင်နေခဲ့သည်။

"ချန်ကော ဘယ်သွားမှာလဲ"

ဝေ့ရိချန် ပြန်မဖြေခင် တစ်ခဏစဉ်းစားလိုက်သည်။

"အရင်ဆုံး Starlight ပန်းခြံကိုသွားမယ်"

......

ဒီနေ့မှာတော့ ရွှီလျန်နှင့်ကျန်းကော်အာက သူတို့အော်ဒါကိုပြောင်းရန်ဆုံးဖြတ်ပြီး ဟင်းပွဲနှစ်ပွဲနှင့်စွပ်ပြုတ်တစ်ပွဲသာမှာယူခဲ့သည်။ သူတို့အော်ဒါတွေကိုစောင့်ရန် ဆိုင်ပထမထပ်ကိုသွားလိုက်ကြပေမဲ့ အော်ဒါပို့သည့်ကောင်လေးအစား ဝေ့ရိချန်နှင့်သာတွေ့လိုက်ရ၏။

သူတို့နှစ်ယောက် ဆိုင်ကယ်အသံတွေကိုကြားချိန်တွင် ရွှီလျန်လှမ်းကြည့်ရင်း ဝေ့ရိချန်ကိုတွေ့လိုက်လေသည်။ ကျန်းကော်အာက သူမမှတ်စုစာအုပ်ကိုထုတ်ကာ ဝေ့ရိချန်စာမျက်နှာတွင်ရေးမှတ်လိုက်သည်မှာ : 'ချန်ကောက လတ်တလော မကြာမကြာလာနေတာ..သူအမြဲတမ်းလေပြင်းတိုက်နေပုံရတယ်'

ရွှီလျန်လည်း သူ့ကိုမြင်တော့အံ့ဩသွားရ၏။

"နင်ဘာလို့ဒီကိုထပ်ရောက်နေတာလဲ ဒီနေ့ဘာဖျော်ဖြေပွဲမှမရှိဘူးမလား"

"ငါမင်းကိုတွေ့တဲ့အချိန်တိုင်း ဖျော်ဖြေပွဲရှိနေရမှာလား ၊ ငါတို့တခြားတစ်ခုခုလဲလုပ်လို့ရပါတယ်"

ဝေ့ရိချန်က တမင်သက်သက် သူ့မျက်နှာအားရွှီလျန်နှင့်နီးစေရန်ငုံ့လိုက်၏။ ကျန်းကော်အာ တိတ်တဆိတ် သူ့တည်ရှိမှုကိုလျှော့စေရန်

"ကျွန်မ အရင်ဆုံး ထွက်သွားသင့်လား"

ရွှီလျန် : "မင်းသွားတဲ့အချိန် သူ့ကိုပါခေါ်သွား"

ကျန်းကော်အာ "........"

သူမ မလုပ်ရဲပါဘူးနော်...

ဝေ့ရိချန် သူ့ဟာသတွေရပ်တန့်ကာ
"ငါ နိုင်ငံခြားကိုသွားရမယ် ငါပြန်လာနိုင်ဖို့ အချိန်ခဏလောက်တော့ကြာလိမ့်မယ်"

"နိုင်ငံခြားသွားမယ်?"

ဤစကားနှစ်လုံးနဲ့တင် ရွှီလျန်သည် နေရာတိုင်း၌ သွေးများစီးကျလာသည်ကို စိတ်ကူးကြည့်နိုင်၏။

"နင် ဘယ်သူ့ကိုမကျေမနပ်ဖြစ်စေခဲ့တာလဲ"

ဝေ့ရိချန် အသံမာမာဖြင့်
"ငါကလူတွေကိုမကျေမနပ်စေပြီးတာနဲ့အဝေးထွက်ပြေးတက်တဲ့ မကောင်းတဲ့ကောင်မျိုးလား"

ရွှီလျန်ပြန်မဖြေတော့ ဝေ့ရိချန်ကအင်တင်တင်ဖြင့်ဆို၏။

"ငါ့အဖေက ငါ့ကိုကြင်ဖက်တွေ့ဖို့ဖိအားပေးနေလို့"

ရွှီလျန် အံ့အားသင့်နေလျက်
"နင်ကပျော့ညံ့လွန်းတာပဲ ဟမ်?"

ဝေ့ရိချန် "......"

ဝေ့ရိချန် ရွှီလျန်ကိုစိတ်ပါလက်ပါဖြင့်မကြည့်ခင် နှစ်စက္ကန့်လောက်တိတ်ဆိတ်နေခဲ့၏။

"မဟုတ်ရင် ငါတို့လက်ထပ်ရမှာ ဒီလိုဆိုရင် ငါလက်ထပ်ဖို့ဖိအားပေးခံရစရာမလိုတော့ဘူး"

ရွှီလျန်က အကြင်နာမဲ့စွာဖြင့်ဆက်လက်ပြော၏။

"သာယာတဲ့ခရီးစဉ်လေးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်"

ဝေ့ရိချန် "........"

အခြားတစ်ဖက်၌ ကျန်းကော်အာကဆက်လက်ရေးမှတ်နေသည်မှာ : 'ချန်ကောက ရုတ်တရက်ကြီးလက်ထပ်ခွင့်တောင်းနေခဲ့တယ် ဒါပေမဲ့ ဘော့စ်ငြင်းတာခံလိုက်ရတယ်'

"ထပ်မပြောနဲ့တော့ ငါလေယာဉ်အမီသွားဖို့လိုတယ်..ဒါပေမဲ့ ငါမသွားခင်တော့မင်းကိုအစားအသောက်ဝယ်ပေးခဲ့မယ်"

ဝေ့ရိချန်က သူ့လက်မောင်းတွေကိုဖွင့်ဟလျက် ရွှီလျန်အားပြော၏။

"နှုတ်ဆက်ပွေ့ဖက်မလား?"

"အာ.."

ရုတ်တရက် ဝေ့ရိချန်စိတ်အခြေအနေကထိပ်ဆုံးရောက်နေပေမဲ့လည်း ရွှီလျန်၏ဆက်ပြောလာသည့်စကားကြောင့် ပြန်ကျဆင်းသွားခဲ့၏။

"ငါတို့အော်ဒါမှာပြီးသွားပြီ"

ဝေ့ရိချန် "......"

သူ့ဆိုင်ကယ်ဦးထုပ်ကိုကောက်ယူရင်း စိတ်ဆိုးမာန်ဆိုးဖြင့်ထွက်သွားတော့သည်။ ကျန်းကော်အာက 'စိတ်မသက်မသာဖြစ်နေ' ဟူသောကို စာလုံးအကြီးဖြင့်ရေးကာ ဝိုင်းထားလိုက်လေသည်။

ဝေ့ရိချန် ဆိုင်ထဲမှအပြင်ထွက်လာချိန်တွင် ရှန့်ချန်ခုန်းသည် သူ့စကူတာလေးကိုရပ်တန့်လိုက်၏။ သူ့မျက်နှာကတော်တော်အထင်ကြီးစရာကောင်းသောကြောင့် ဝေ့ရိချန် သူ့အနားကဖြတ်သွားသော်ငြားလည်း သူမှတ်မိနေသည်။

ယနေ့ ဝေ့ရိချန်ကမိတ်ကပ်မလိမ်းထားတာကြောင့် သူ့အသားအရေက အရင်တစ်ခေါက်ကလောက်တော့ ဖြူမနေခဲ့ ၊ သို့သော် သူ့မျက်ခုံးတွေကတင်းနေလျက် သူ့မျက်နှာအမူအရာမှာလည်း ခက်ထန်နေသောကြောင့် သူ့မျက်နှာကသိပ်ကြည့်ကောင်းမနေခဲ့ပေ။

ရှန့်ချန်ခုန်းသည် ဆိုင်တံခါးနားလျှောက်လာရင်း ထိုသူနှင့်ရွှီလျန်အကြားဆက်ဆံရေးကို လုံးဝမတွေးနေတော့ပေ ၊ ဝေ့ရိချန်ထွက်သွားပြီးနောက် သူတံခါးဆွဲဖွင့်ကာ

"ဟယ်လို ဒီမှာမင်းတို့ရဲ့အော်ဒါပါ"

"ကျေးဇူးပါ ကျွန်မကိုပေးပါ!"

ကျန်းကော်အာ အပြေးလေးရောက်လာပြီး အိတ်တွေကိုယူနေစဉ် ရှန့်ချန်ခုန်း၏လက်ဗလာကိုကြည့်ရန်လည်း အခွင့်အရေးယူလိုက်သေးသည်။ သူ့လက်ချောင်းရှိအရိုးတွေဟာ ထင်ရှားပြတ်သားနေပြီး လက်တစ်ချောင်းချင်းစီကလည်း ရှည်ပြီးလှပ၏။ လက်ရှိမှာတော့ ဤပစ္စည်းပို့တဲ့အစ်ကိုလေးကအသာစီးရနေတာပဲ လို့သူမတိတ်တိတ်လေးတွေးနေမိခဲ့သည်။

"ကောင်းကောင်းသုံးဆောင်ကြပါ"

ရှန့်ချန်ခုန်း ဤသို့ပြောပြီးနောက် မြန်မြန်ပြန်သွားတော့သည်။ ကျန်းကော်အာက နေ့လည်စာဘူးကိုဖွင့်ရင်း ရွှီလျန်အား

"ဒီပစ္စည်းပို့တဲ့အစ်ကိုလေးကတော့ မြန်မြန်လာပြီး မြန်မြန်ပြန်သွားတော့တာပဲ"

"သူ့မှာ နေ့တိုင်းပို့စရာအစားအသောက်တွေ အများကြီးရှိနေလို့နေမှာပေါ့ ၊ လူတိုင်းကသူတို့ရဲ့နေ့လည်စာကိုစောင့်နေကြတာလေ"

ကျန်းကော်အာ ခေါင်းညိတ်လျက်
"ခက်ခဲမှာပဲနော်"

ရွှီလျန် : "အသက်ရှင်နေထိုင်ရတာခက်ခဲတယ်"

ကျန်းကော်အာမျက်ဝန်းတွေ လင်းလက်သွားကာ

"ကျွန်မအဲဒါကိုမှတ်သားလို့ရလား? ကျွန်မ အဲဒါကိုရေးမှတ်ထားလိုက်တော့မယ်!"

ရွှီလျန် "......."

ယနေ့ ရှန့်ချန်ခုန်းက အစောပိုင်းတာဝန်ကျသောကြောင့် ရှစ်နာရီတွင် အလုပ်ပြီး၏။ Starlight ပန်းခြံထဲတွင် ခုံတန်းလျားတစ်ခုကိုရှာ၍ ညစာသုံးဆောင်ရန် ခုနစ်နာရီခွဲတဲ့ထိစောင့်လိုက်ရသည်။ တိုက်တိုက်ဆိုင်ဆိုင် သူသည် တခြားပစ္စည်းပို့သည့်ညီအစ်ကို ချန်းဖန်ကိုထပ်တွေ့လိုက်ရ၏။

"အာ ရှန့်....ရှန့်ချန်ခုန်း! ငါမှတ်မိပြီ!"

ချန်းဖန်က သူ့စကူတာကို သူ့(ရှန့်ချန်ခုန်း)အရှေ့တွင်ရပ်လိုက်သည်။ ရှန့်ချန်ခုန်း ခေါင်းညိတ်ရင်းနှုတ်ဆက်၏။

"ဟယ်လို"

"မင်း အရမ်းယဉ်ကျေးလွန်းနေပြီ"

ချန်းဖန်က သူ၏ညစာဘူးလေးနှင့် သူ့ဘေးနားတွင်ဝင်ထိုင်ကာ စကားစမြည်ပြောတော့သည်။

"မင်းဘာတွေစားနေတာလဲ အခုလေးတင် ငါ့ရဲ့ညစာကိုဝယ်ဖို့ မုန့်ရောင်းတဲ့လမ်းထဲကိုသွားခဲ့တာ..အို့ ဒီမှာလေ ငါသူဌေးကို ဆန်ခေါက်ဆွဲနည်းနည်းကြော်ပေးဖို့ပြောခဲ့တာ မင်းနည်းနည်းလောက်မြည်းကြည့်ချင်လား"

"ရပါတယ် ကျေးဇူးပါပဲ"

ချန်းဖန် နှုတ်ခမ်းအသာသပ်လျက်

"မင်းကအရမ်းစာနာတက်တာပဲ"

ရှန့်ချန်ခုန်း "......."

ချန်းဖန် သူ့ခက်ရင်းကိုယူပြီး ခေါက်ဆွဲအချို့ကိုလိမ်ကာ သူ့ပါးစပ်ထဲထည့်သွင်းလိုက်၏။

"တကယ်စားကောင်းလိုက်တာ စျေးပေါပေမဲ့ဗိုက်ပြည့်တယ်"

သူက သူ့ဘေးနားမှာသိုသိုသိပ်သိပ်စားနေသည့်ရှန့်ချန်ခုန်းကိုကြည့်၍ သူ့ပါးစပ်ထဲကအစားအသောက်တွေကိုမြိုချကာ

"ညီအစ်ကို မင်းကပစ္စည်းပို့တဲ့လူနဲ့မတူဘူးလို့ ငါအမြဲတွေးနေခဲ့တာ မင်းကတမူထူးခြားပြီးတော့ ဆွဲဆောင်မှုရှိတယ်"

ရှန့်ချန်ခုန်းမျက်နှာ နည်းနည်းပုံမှန်မဟုတ်တော့သည့်အချိန် ချန်းဖန်စနောက်လာ၏။

"မရှက်ပါနဲ့ ငါမေးချင်လို့ပါ မင်းမှာကောင်မလေးရှိလား"

ရှန့်ချန်ခုန်း အမှန်တကယ် မဖြေချင်သော်ငြားလည်း ချန်းဖန်ကသူ့ကိုစိုက်ကြည့်နေသည့်အတွက် ပြန်ဖြေပေးခဲ့သည်။

"မရှိပါဘူး"

"သိပ္ပံနည်းကျမဟုတ်လိုက်တာ! ငါ့လိုလူတစ်ယောက်ကတောင် လက်ထပ်ပြီးသွားပြီ မင်းမှာဘယ်လိုလုပ်ကောင်မလေးမရှိရတာလဲ"

ချန်းဖန်သည် အောင်သွယ်တော်တစ်ယောက်၏အနေအထားတိုင်း ကိုယ်ကိုမတ်ကာ လည်ချောင်းရှင်းလျက်

"ဒါဆို ငါပြန်သွားရင် ငါ့မိန်းမမှာ single သူငယ်ချင်းများရှိမလားလို့ မေးလိုက်မယ် ၊ အကယ်လို့ ကောင်းတဲ့တစ်ယောက်ယောက်များရှိခဲ့ရင် ငါမင်းကိုမိတ်ဆက်ပေးမယ်"

"မလိုပါဘူး ကျေးဇူးတင်ပါတယ်"

"ယဉ်ကျေးမနေပါနဲ့ ကိုယ့်လူရာ!"

ချန်းဖန်ပြုံးလျက် မှောင်မည်းနေသည့်ကောင်းကင်ကိုမော့မကြည့်ခင် သူ့ပခုံးကိုပုတ်လိုက်၏။

"အရင်တစ်ခေါက်က မင်းပြောခဲ့တာ ဒီနေမှာကြယ်တွေကိုမမြင်ရဘူးဆို ဒါပေမဲ့ ဒီနေရာကိုတော့ Starlight ပန်းခြံလို့ခေါ်တယ်?"

"အင်း....ဒီပန်းခြံရဲ့ရင်းနှီးမြှုပ်နှံသူတွေက Starlight ကုန်တိုက်မှာရင်းနှီးမြှုပ်နှံထားတဲ့သူတွေနဲ့အတူတူပဲ...ဖြစ်နိုင်တာ အဲဒီကနေဆင်းသက်လာတာပဲဖြစ်မယ်"

"ဒါပေမဲ့ Starlight ကုန်တိုက်မှာလဲ ကြယ်တွေမရှိဘူးလေ"

"ဖြစ်နိုင်တာကတော့ သူတို့ကအသံထွက်ကိုကြိုက်လို့နေမယ်"

ရှစ်နာရီလောက်ထိ သူတို့နှစ်ယောက်ကစကားဆက်ပြောနေကြလေသည်။ ချန်းဖန်က အော်ဒါအသစ်တစ်ခုလက်ခံရရှိသောကြောင့် အလျင်အမြန်နှုတ်ဆက်လိုက်တော့၏။ ရှန့်ချန်ခုန်း သူ့စကူတာလေးဆီသွားကာ အိမ်ကိုစောစောပြန်လာခဲ့တော့သည်။

သူ့လက်ရှိနေရာအရ အိမ်ရောက်ဖို့အမြန်ဆုံးလမ်းက ရွှီလျန်ဆိုင်ကိုဖြတ်သွားစရာမလို ၊ သို့သော် တမင်ရည်ရွယ်၍လား ဘာလားတော့မသိ...သူဟာ ရွှီလျန်ဆိုင်အရှေ့၌သာရပ်နေရင်း အဆုံးသတ်သွားခဲ့သည်။

ရွှီလျန်က အခုထိအိမ်မပြန်သေး။

ကောင်တာကိုတာဝန်ယူနေကျ ကောင်မလေးကတော့အလုပ်ဆင်းသွားခဲ့လေပြီ ၊ ရွှီလျန်တစ်ယောက်တည်းပဲ ဆိုင်ထဲမှာကျန်ရှိခဲ့၏။ သူမခေါင်းထက်ကမီးအိမ်တစ်ခုတည်းကိုသာ ဖွင့်ထားပြီး အခြားမီးတွေအားလုံးကိုတော့ ပိတ်ထားခဲ့သည်။ သူမလေးက အလင်းနှင့်အမှောင်ကြားတွင်ရပ်နေကာ ကမ္ဘာကြီးကသူမကိုသာဗဟိုပြုလည်ပတ်နေသကဲ့သို့ ၊ မှောင်ရိပ်တွေက သူမပုံရိပ်လေးကိုဖုံးလွှမ်းထားလျက် သူမအား အတင်းအကြပ် တစ်ဝက်ပိုင်းထားခံရသလိုမျိုးနှင့်ပင်တူနေခဲ့၏။

ဤပုံရိပ်လေးက ရှန့်ချန်ခုန်း အချိန်အတော်ကြာ အမှတ်ရနေမည့်ပုံရိပ်လေးတစ်ခုသာဖြစ်ပြီး နှစ်အတော်ကြာပြီးနောက် သူ တခါတရံ ၎င်းကိုပင်အိပ်မက်မက်ပေလိမ့်မည်။

ဆိုင်အပြင်ဘက်တွင် သူ့စကူတာကိုရပ်ထားရင်း MONSTER ဆိုင်တံခါးကိုဖွင့်ပြီးမဝင်ခင် တစ်ခဏလောက် အပြင်တွင်မတ်တပ်ရပ်နေခဲ့၏။

တံခါးရှိသံစုံခေါင်းလောင်းမြည်ဟီးသံကြောင့် ရွှီလျန် အလိုအလျောက် မော့ကြည့်လိုက်မိသည်။ အို့? ဒါက လွမ်းဆွေးဖွယ်မျက်ဝန်းတွေနဲ့ပစ္စည်းပို့တဲ့ကောင်လေးမလား? သူမခေါင်းကိုစောင်းငဲ့ရင်း သံသယအချို့ဖြင့်ဆို၏။

"ဆောရီး ကျွန်မဘာမှမမှာထားပါဘူးနော်"

ရှန့်ချန်ခုန်း၏ကိုးရိုးကားရားဗီဇအပြင် နည်းနည်းလည်းရှက်ရွံ့လာရ၏။

"မဟုတ်ပါဘူး ကျွန်တော်တစ်ခုခုဝယ်ချင်လို့ပါ မင်းဆိုင်ပိတ်တော့မှာလား"

ရွှီလျန်အံ့အားသင့်နေသော်လည်း မီးအကုန်လုံးကိုဖွင့်၍ သူ့ထံလျှောက်သွားလိုက်သည်။

"မပိတ်သေးပါဘူး ကိစ္စမရှိဘူး..ရှင်ဘာဝယ်ချင်လို့လဲ"

ရှန့်ချန်ခုန်း ဝေ့ကြည့်လိုက်သည် ၊ ရွှီလျန်ဆိုင်နာမည်က နူးနူးညံ့ညံ့မရှိပေမဲ့လည်း သူမရောင်းချနေသည့်အမျိုးအစားတွေနှင့်တွဲကြည့်မယ်ဆိုလျှင် အပြင်အဆင်တွေကပိုပြီးစတိုင်ကျ၏။ ဆိုင်ထောင့်စွန်းဘက်၌လည်း ပန်းအစစ်တွေနှင့်ပြင်ဆင်ထားပြီး ပန်းဥယျာဉ်အသေးစားလေးတစ်ခုလိုမျိုး စီစဉ်ထားလျက်ရှိသည်။ ပန်းတွေက လန်းဆန်းကာအသက်ဝင်တက်ကြွနေ၏။ သူတို့တွေအားလုံး ပိုင်ရှင်ဆီကသေသေချာချာဂရုစိုက်ခံထားရမှန်းပြောနိုင်၏။

မတူညီသည့်ပုံစံများဖြင့် ရေမွှေးဖယောင်းတိုင်အမျိုးမျိုးအဖုံဖုံရှိကာ တစ်ခုချင်းစီ၌ သူတို့ကိုယ်ပိုင်ထူးခြားသည့်လက္ခဏာများရှိ၏။ တစ်ခုခုကိုချက်ချင်းရွေးချယ်ရန် ရှန့်ချန်ခုန်းအတွက်တော့မဖြစ်နိုင် ၊ သူ ရုတ်တရက်ဆို၏။

"ကျွန်တော့်ညီမလေးမွေးနေ့က မကြာခင်ရောက်တော့မှာ ကျွန်တော် သူ့ကိုတစ်ခုခုပေးချင်လို့"

ရွှီလျန် ခေါင်းညိတ်ရင်းမေး၏။

"ရှင့်ညီမလေးကအသက်ဘယ်လောက်လဲ"

"အထက်တန်းတတိယနှစ်"

"ဒါဆို သူမက မကြာခင် တက္ကသိုလ်သွားရတော့မှာပေါ့"

ရွှီလျန် ထိုအကြောင်းကိုတွေးရင်း ဖယောင်းတိုင်အစား ရိုမန့်တစ်ဆန်သည့်ကဒ်တစ်ကဒ်အား အကြံပေးခဲ့သည်။

"ဒီကဒ်လေးဆိုရင်ရော? ကျွန်မက ဒီအနံ့လေးကိုတကယ်ကြိုက်တာ..လန်းဆန်းတယ် အရမ်းမမွှေးဘူး စိတ်အေးချမ်းစေတဲ့သက်ရောက်မှုလည်းရှိတယ် ၊ ကျွန်မစိတ်ပင်ပန်းတဲ့အချိန်ဆို ပုံမှန်အားဖြင့် ဒီရနံ့အဆီကို အော်ဒါမှာတက်တယ်"

ရှန့်ချန်ခုန်း သူမလက်ထဲကပစ္စည်းကိုကြည့်လိုက်သည်။ ရိုးရိုးရှင်းရှင်းနှင့်လှပသည့် စိန်ပုံစံဂျစ်ပဆမ်အပြားလေးဖြစ်ကာ ပန်းခြောက်အမျိုးမျိုးဖြင့် အလှဆင်ထား၏။ အရောင်ပဲဲဖြစ်ဖြစ် ဒီဇိုင်းပဲဖြစ်ဖြစ် ၎င်းအပြားလေးဟာ အလွန်လက်ရာမြောက်လှ၏။ ကြည့်နေရင်း ရှန့်ချန်ခုန်း သူမကိုအမေးပြုလိုက်သည်။

"ဒီဟာကို မင်းကိုယ်တိုင်လုပ်တာလား"

"အင်း ဒီဆိုင်ထဲကပစ္စည်းအားလုံးကို ကျွန်မကိုယ်တိုင်လုပ်ထားတာ ကျွန်မက ဒီပန်းခြောက်တွေကို နိုင်ငံခြားကနေတင်သွင်းခဲ့တာ..တရုတ်ပြည်ကထုတ်တဲ့ပန်းခြောက်အမျိုးအစားတော်တော်များများကို ကျွန်မသုံးကြည့်ခဲ့ပြီးပြီ ဒါပေမဲ့ သူတို့ကအရမ်းမခိုင်ဘူး ၊ တခါတလေ ဖွဖွလေးထိလိုက်တာနဲ့ သူတို့ကတစ်ပိုင်းတစ်စစီဖြစ်သွားတာ အဲဒါကြောင့် ပုံဖော်ဖို့အတွက် သူတို့ကိုသုံးရတာက သိပ်အဆင်မပြေဘူး။ တင်သွင်းလာတဲ့ပန်းတွေရဲ့တန်ဖိုးက ပြည်တွင်းကပန်းတွေထက် အဆများစွာစျေးကြီးတယ်...အဲဒါကြောင့် ဒီဟာလေးရဲ့တန်ဖိုးက အတော်လေးတော့စျေးကြီးလိမ့်မယ် ၊ ကျွန်မမှာလဲ တခြားရနံ့တွေနဲ့ဂျစ်ပဆမ်အပြားလေးတွေမရှိတော့ဘူး..အကယ်လို့ ဒီတစ်ခုရဲ့ရနံ့ကိုမကြိုက်ရင်တော့ ရနံ့အဆီတစ်ခုကိုရွေးပြီးတော့ ရှင်ကိုယ်တိုင်ပဲ အဲဒီအပေါ်မှာချလိုက်လို့ရတယ် ၊ ရနံ့ကကြာရှည်တော့ခံမှာမဟုတ်ဘူး"

ရှန့်ချန်ခုန်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်နေရင်း အာရုံထွေပြားနေမိသည်။ ဒီတစ်ကြိမ်က ရွှီလျန်စကားအများကြီးပြောတာကို သူပထမဆုံးအကြိမ်ကြားဖူးတာပဲ ၊ သူထင်ထားခဲ့တာက ရွှီလျန်က စကားနည်းနည်းပဲပြောတက်တဲ့ ခပ်မိုက်မိုက်ကောင်မလေးတစ်ယောက်လို့...ဒါပေမဲ့ ကြည့်ရတာ အကြောင်းအရာက သူမသဘောကျတဲ့အကြောင်းဖြစ်နေသရွေ့ သူမလေးက လေအိုးတစ်ယောက်အဖြစ်ပြောင်းသွားမယ့်ပုံပဲ။

သူ သူမလေးကိုပြုံးကာဆို၏။

"ရပါတယ် ကျွန်တော် ဒီတစ်ခုကိုတကယ်ကြိုက်တယ် မင်းကျွန်တော့်အတွက်ထုပ်ပေးလို့ရမလား"

_________________

အသစ်ပြန်လည်ပြင်ဆင်ထားတဲ့မြန်မာစာအသုံးမှာ 'လဲ' ကိုစကားပြောတွေမှာသုံးပါတယ် ၊ အရင်က 'လည်း' လို့သုံးခဲ့ပေမဲ့ အခု 'လဲ' လို့သုံးရပါတယ်...
Update ကနှစ်ရက်တစ်ပိုင်းပုံသေထားလိုက်ပါမယ် နေ့တိုင်းတင်လို့အဆင်မပြေတာကြောင့်ပါ ၊ ဒါပေမဲ့ တခါတလေလဲ ကြားထဲမှာ bonus လေးဘာလေးတော့ရှိချင်ရှိမှာပါ..

******

ေနာက္တစ္ေန႕မနက္ခင္း၌ ေဝ့ရိခ်န္အိမ္ကေနထြက္ရန္ အဆင္သင့္ျဖစ္ေနခဲ့ၿပီ ၊ သူ႕အိမ္ခန္းတံခါးနားေလွ်ာက္လာသည့္အခ်ိန္မွာေတာ့ သူ႕ကိုေသာ့ပိတ္ထားေၾကာင္းသိလိုက္ရ၏။ သူ မ်က္ေမွာင္ၾကဳတ္လ်က္ တံခါးကိုအေခါက္ေပါင္းမနည္းကန္ေနခဲ့ေပမဲ့လည္း တံခါးကေတာ့လႈပ္ေတာင္မလႈပ္လာခဲ့ေပ။

မားမားေဝ့က ကန္ေက်ာက္သံေတြကိုၾကားေတာ့ အလ်င္အျမန္ေျပးတက္လာကာ

"သား အပင္ပန္းမခံနဲ႕ အေမတို႔အိမ္ကတံခါးေတြက ေစ်းကြက္ထဲကအခိုင္ခန့္ဆုံးေတြပဲ ရပ္လိုက္ေတာ့"

ေဝ့ရိခ်န္ "......."

သူက ျမင့္တက္လာသည့္သူ႕ေဒါသေတြကိုျပန္ခ်ိဳးႏွိမ္ရင္း အလိုလိုက္ဆိုးသြမ္းေနသည့္အသံျဖင့္

"အေမ ကြၽန္ေတာ့္ကိုဘာလို႔ေသာ့ပိတ္ထားတာလဲ"

"ဒါေတြအကုန္လုံး ေလာင္ေဝ့ရဲ႕အႀကံေတြပဲ သူေျပာတာ သားကက်ိန္းေသေပါက္ထြက္ေျပးလိမ့္မယ္မွာမလို႔ သူကသားကိုေသာ့ပိတ္ထားခဲ့တာ"

ေဝ့ရိခ်န္ ေပါက္ကြဲထြက္လာၿပီး
"သူကဘာေတြေတြးေနတာလဲ သူကကြၽန္ေတာ့္ကို အခုအက်ဥ္းသားတစ္ေယာက္လိုဆက္ဆံေနတာေလ ဟုတ္တယ္မလား"

"မဟုတ္ပါဘူး မဟုတ္ပါဘူး မင္းအေဖေျပာတာက မင္းနဲ႕န်ဲ့ေလ........"

"မျဖစ္နိုင္ဘူး ဘယ္လိုမွမျဖစ္နိုင္ဘူး!"

ေဝ့ရိခ်န္၏႐ုတ္တရက္ေအာ္ဟစ္လာသံက မားမားေဝ့ကိုထိတ္လန့္ေစခဲ့၏။ သူမ သက္ျပင္းခ်ရင္း သူ႕ကိုေဖ်ာင္းဖ်ရန္ႀကိဳးစားရေတာ့သည္။

"သား ဒီဟာကိုဒိတ္တစ္ခုလို႔သက္မွတ္စရာမလိုပါဘူး..န်ဲ့ေလကတကယ္ကိုမိန္းမေကာင္းေလးတစ္ေယာက္ပါ ၊ သားသူနဲ႕သိကြၽမ္းမယ္ဆိုရင္လဲ သားဘာမွမဆုံးရႈံးသြားဘူးေလ..ေနာက္ၿပီး သားရဲ႕အခုလိုပုံစံနဲ႕ အေမလုံးဝစိတ္မေအးနိုင္ဘူး"

မားမားေဝ့မ်က္ရည္ေတြက်လာရင္း ငိုရွိုက္လုနီးပါးပဲ ၊အတန္ၾကာတိတ္ဆိတ္ေနၿပီးေနာက္ ေဝ့ရိခ်န္သက္ျပင္းခ်ကာဆိုလာခဲ့သည္။

"ဟုတ္ကဲ့ပါ အေမ ဝမ္းမနည္းပါနဲ႕ေတာ့ ကြၽန္ေတာ္သြားလိုက္ပါ့မယ္"

မားမားေဝ့ ေတာ္ေတာ္ကေလးအံ့ဩသြားသျဖင့္
"တကယ္လား?"

"အင္း ၊ ဒါေပမဲ့ ကြၽန္ေတာ္ဗိုက္နည္းနည္းဆာေနတယ္ အန္တီ့ကိုစားဖို႔တစ္ခုခုယူလာေပးပါဦးလို႔ေျပာလိုက္ဦး"

"ေကာင္းၿပီ သားေစာင့္ေနဦး အေမသူ႕ကိုသြားေျပာလိုက္မယ္"

အျပင္ကေျခသံေတြ တျဖည္းျဖည္းေမွးမွိန္ေပ်ာက္ကြယ္သြားသံကိုၾကားေတာ့ ေဝ့ရိခ်န္က သူ႕ပစၥည္းေတြကိုျမန္ျမန္ထုပ္ပိုးလ်က္ သူ႕ညီအစ္ကိုေတြထံမက္ေဆ့ပို႔ေတာ့၏။ အရာအားလုံးစီစဥ္ထားၿပီးေနာက္ အန္တီကအစားအေသာက္ပို႔ရန္ သူ႕အခန္းတံခါးကိုဖြင့္လိုက္သည္ႏွင့္ အေျပးအလႊားထြက္သြားေတာ့သည္။

အန္တီကေဘးဘက္ကိုအတြန္းခံရကာ မ်က္စိတစ္မွိတ္အတြင္းမွာပဲ ေဝ့ရိခ်န္ကတံခါးေပါက္ကေနထြက္ေျပးသြားခဲ့ေလၿပီ ၊ တံခါးေပါက္ကအလုပ္သမားေတြကလည္း သူ႕ေနာက္ေျပးလိုက္ၾကေပမဲ့ အမီမလိုက္နိုင္ခဲ့ၾက။ ေဝ့ရိခ်န္ အိမ္ရာလမ္းတစ္ေလွ်ာက္ကေနထြက္ေျပးလာခဲ့ၿပီး သူ႕ထံေမာင္းႏွင္းလာေနသည့္ဆိုင္ကယ္သုံးစီးကိုျမင္လိုက္ရ၏။

"ခ်န္ေကာ.."

သူတို႔ထဲကတစ္ေယာက္က သူ႕ကိုလက္လွမ္းျပ၏။ ေဝ့ရိခ်န္ ခ်က္ခ်င္းတစ္ဟုန္ထိုးေျပးသြားၿပီး ဆိုင္ကယ္ေမာင္းေနသည့္လူ၏ဦးထုပ္အားေျပာင္းယူလိုက္သည္။ ထို႔ေနာက္ သူခုန္တက္လိုက္၏။

"သား ဘာလုပ္ေနတာလဲ"

မားမားေဝ့က ကမန္းကတန္းေျပးလာရင္း သူတို႔ေနာက္ေက်ာေတြကိုၾကည့္ကာေအာ္ေျပာေန၏။

ေဝ့ရိခ်န္ ေနာက္လွည့္၍ သူမကိုေအာ္ေျပာလိုက္သည္။

"အေမ ကြၽန္ေတာ္အေမ့ကိုဖုန္းေခၚလိုက္မယ္ေနာ္"

ညီအစ္ကိုသုံးေယာက္က အေဝးသို႔ေမာင္းႏွင္းသြားရင္း ေအာင္ပြဲခံလိုက္ၾက၏။ ေဝ့ရိခ်န္သည္ သူထိုင္ေနသည့္အေနအထားကိုျပဳျပင္ရင္း သူ႕နားကိုျဖတ္၍သြားသည့္ ေလတိုးသံေတြကိုနားေထာင္ေနခဲ့သည္။

"ခ်န္ေကာ ဘယ္သြားမွာလဲ"

ေဝ့ရိခ်န္ ျပန္မေျဖခင္ တစ္ခဏစဥ္းစားလိုက္သည္။

"အရင္ဆုံး Starlight ပန္းၿခံကိုသြားမယ္"

......

ဒီေန႕မွာေတာ့ ႐ႊီလ်န္ႏွင့္က်န္းေကာ္အာက သူတို႔ေအာ္ဒါကိုေျပာင္းရန္ဆုံးျဖတ္ၿပီး ဟင္းပြဲႏွစ္ပြဲႏွင့္စြပ္ျပဳတ္တစ္ပြဲသာမွာယူခဲ့သည္။ သူတို႔ေအာ္ဒါေတြကိုေစာင့္ရန္ ဆိုင္ပထမထပ္ကိုသြားလိုက္ၾကေပမဲ့ ေအာ္ဒါပို႔သည့္ေကာင္ေလးအစား ေဝ့ရိခ်န္ႏွင့္သာေတြ႕လိုက္ရ၏။

သူတို႔ႏွစ္ေယာက္ ဆိုင္ကယ္အသံေတြကိုၾကားခ်ိန္တြင္ ႐ႊီလ်န္လွမ္းၾကည့္ရင္း ေဝ့ရိခ်န္ကိုေတြ႕လိုက္ေလသည္။ က်န္းေကာ္အာက သူမမွတ္စုစာအုပ္ကိုထုတ္ကာ ေဝ့ရိခ်န္စာမ်က္ႏွာတြင္ေရးမွတ္လိုက္သည္မွာ : 'ခ်န္ေကာက လတ္တေလာ မၾကာမၾကာလာေနတာ..သူအၿမဲတမ္းေလျပင္းတိုက္ေနပုံရတယ္'

႐ႊီလ်န္လည္း သူ႕ကိုျမင္ေတာ့အံ့ဩသြားရ၏။

"နင္ဘာလို႔ဒီကိုထပ္ေရာက္ေနတာလဲ ဒီေန႕ဘာေဖ်ာ္ေျဖပြဲမွမရွိဘူးမလား"

"ငါမင္းကိုေတြ႕တဲ့အခ်ိန္တိုင္း ေဖ်ာ္ေျဖပြဲရွိေနရမွာလား ၊ ငါတို႔တျခားတစ္ခုခုလဲလုပ္လို႔ရပါတယ္"

ေဝ့ရိခ်န္က တမင္သက္သက္ သူ႕မ်က္ႏွာအား႐ႊီလ်န္ႏွင့္နီးေစရန္ငုံ႕လိုက္၏။ က်န္းေကာ္အာ တိတ္တဆိတ္ သူ႕တည္ရွိမႈကိုေလွ်ာ့ေစရန္

"ကြၽန္မ အရင္ဆုံး ထြက္သြားသင့္လား"

႐ႊီလ်န္ : "မင္းသြားတဲ့အခ်ိန္ သူ႕ကိုပါေခၚသြား"

က်န္းေကာ္အာ "........"

သူမ မလုပ္ရဲပါဘူးေနာ္...

ေဝ့ရိခ်န္ သူ႕ဟာသေတြရပ္တန့္ကာ
"ငါ နိုင္ငံျခားကိုသြားရမယ္ ငါျပန္လာနိုင္ဖို႔ အခ်ိန္ခဏေလာက္ေတာ့ၾကာလိမ့္မယ္"

"နိုင္ငံျခားသြားမယ္?"

ဤစကားႏွစ္လုံးနဲ႕တင္ ႐ႊီလ်န္သည္ ေနရာတိုင္း၌ ေသြးမ်ားစီးက်လာသည္ကို စိတ္ကူးၾကည့္နိုင္၏။

"နင္ ဘယ္သူ႕ကိုမေက်မနပ္ျဖစ္ေစခဲ့တာလဲ"

ေဝ့ရိခ်န္ အသံမာမာျဖင့္
"ငါကလူေတြကိုမေက်မနပ္ေစၿပီးတာနဲ႕အေဝးထြက္ေျပးတက္တဲ့ မေကာင္းတဲ့ေကာင္မ်ိဳးလား"

႐ႊီလ်န္ျပန္မေျဖေတာ့ ေဝ့ရိခ်န္ကအင္တင္တင္ျဖင့္ဆို၏။

"ငါ့အေဖက ငါ့ကိုၾကင္ဖက္ေတြ႕ဖို႔ဖိအားေပးေနလို႔"

႐ႊီလ်န္ အံ့အားသင့္ေနလ်က္
"နင္ကေပ်ာ့ညံ့လြန္းတာပဲ ဟမ္?"

ေဝ့ရိခ်န္ "......"

ေဝ့ရိခ်န္ ႐ႊီလ်န္ကိုစိတ္ပါလက္ပါျဖင့္မၾကည့္ခင္ ႏွစ္စကၠန့္ေလာက္တိတ္ဆိတ္ေနခဲ့၏။

"မဟုတ္ရင္ ငါတို႔လက္ထပ္ရမွာ ဒီလိုဆိုရင္ ငါလက္ထပ္ဖို႔ဖိအားေပးခံရစရာမလိုေတာ့ဘူး"

႐ႊီလ်န္က အၾကင္နာမဲ့စြာျဖင့္ဆက္လက္ေျပာ၏။

"သာယာတဲ့ခရီးစဥ္ေလးျဖစ္ပါေစလို႔ဆုေတာင္းေပးပါတယ္"

ေဝ့ရိခ်န္ "........"

အျခားတစ္ဖက္၌ က်န္းေကာ္အာကဆက္လက္ေရးမွတ္ေနသည္မွာ : 'ခ်န္ေကာက ႐ုတ္တရက္ႀကီးလက္ထပ္ခြင့္ေတာင္းေနခဲ့တယ္ ဒါေပမဲ့ ေဘာ့စ္ျငင္းတာခံလိုက္ရတယ္'

"ထပ္မေျပာနဲ႕ေတာ့ ငါေလယာဥ္အမီသြားဖို႔လိုတယ္..ဒါေပမဲ့ ငါမသြားခင္ေတာ့မင္းကိုအစားအေသာက္ဝယ္ေပးခဲ့မယ္"

ေဝ့ရိခ်န္က သူ႕လက္ေမာင္းေတြကိုဖြင့္ဟလ်က္ ႐ႊီလ်န္အားေျပာ၏။

"ႏႈတ္ဆက္ေပြ႕ဖက္မလား?"

"အာ.."

႐ုတ္တရက္ ေဝ့ရိခ်န္စိတ္အေျခအေနကထိပ္ဆုံးေရာက္ေနေပမဲ့လည္း ႐ႊီလ်န္၏ဆက္ေျပာလာသည့္စကားေၾကာင့္ ျပန္က်ဆင္းသြားခဲ့၏။

"ငါတို႔ေအာ္ဒါမွာၿပီးသြားၿပီ"

ေဝ့ရိခ်န္ "......"

သူ႕ဆိုင္ကယ္ဦးထုပ္ကိုေကာက္ယူရင္း စိတ္ဆိုးမာန္ဆိုးျဖင့္ထြက္သြားေတာ့သည္။ က်န္းေကာ္အာက 'စိတ္မသက္မသာျဖစ္ေန' ဟူေသာကို စာလုံးအႀကီးျဖင့္ေရးကာ ဝိုင္းထားလိုက္ေလသည္။

ေဝ့ရိခ်န္ ဆိုင္ထဲမွအျပင္ထြက္လာခ်ိန္တြင္ ရွန့္ခ်န္ခုန္းသည္ သူ႕စကူတာေလးကိုရပ္တန့္လိုက္၏။ သူ႕မ်က္ႏွာကေတာ္ေတာ္အထင္ႀကီးစရာေကာင္းေသာေၾကာင့္ ေဝ့ရိခ်န္ သူ႕အနားကျဖတ္သြားေသာ္ျငားလည္း သူမွတ္မိေနသည္။

ယေန႕ ေဝ့ရိခ်န္ကမိတ္ကပ္မလိမ္းထားတာေၾကာင့္ သူ႕အသားအေရက အရင္တစ္ေခါက္ကေလာက္ေတာ့ ျဖဴမေနခဲ့ ၊ သို႔ေသာ္ သူ႕မ်က္ခုံးေတြကတင္းေနလ်က္ သူ႕မ်က္ႏွာအမူအရာမွာလည္း ခက္ထန္ေနေသာေၾကာင့္ သူ႕မ်က္ႏွာကသိပ္ၾကည့္ေကာင္းမေနခဲ့ေပ။

ရွန့္ခ်န္ခုန္းသည္ ဆိုင္တံခါးနားေလွ်ာက္လာရင္း ထိုသူႏွင့္႐ႊီလ်န္အၾကားဆက္ဆံေရးကို လုံးဝမေတြးေနေတာ့ေပ ၊ ေဝ့ရိခ်န္ထြက္သြားၿပီးေနာက္ သူတံခါးဆြဲဖြင့္ကာ

"ဟယ္လို ဒီမွာမင္းတို႔ရဲ႕ေအာ္ဒါပါ"

"ေက်းဇူးပါ ကြၽန္မကိုေပးပါ!"

က်န္းေကာ္အာ အေျပးေလးေရာက္လာၿပီး အိတ္ေတြကိုယူေနစဥ္ ရွန့္ခ်န္ခုန္း၏လက္ဗလာကိုၾကည့္ရန္လည္း အခြင့္အေရးယူလိုက္ေသးသည္။ သူ႕လက္ေခ်ာင္းရွိအရိုးေတြဟာ ထင္ရွားျပတ္သားေနၿပီး လက္တစ္ေခ်ာင္းခ်င္းစီကလည္း ရွည္ၿပီးလွပ၏။ လက္ရွိမွာေတာ့ ဤပစၥည္းပို႔တဲ့အစ္ကိုေလးကအသာစီးရေနတာပဲ လို႔သူမတိတ္တိတ္ေလးေတြးေနမိခဲ့သည္။

"ေကာင္းေကာင္းသုံးေဆာင္ၾကပါ"

ရွန့္ခ်န္ခုန္း ဤသို႔ေျပာၿပီးေနာက္ ျမန္ျမန္ျပန္သြားေတာ့သည္။ က်န္းေကာ္အာက ေန႕လည္စာဘူးကိုဖြင့္ရင္း ႐ႊီလ်န္အား

"ဒီပစၥည္းပို႔တဲ့အစ္ကိုေလးကေတာ့ ျမန္ျမန္လာၿပီး ျမန္ျမန္ျပန္သြားေတာ့တာပဲ"

"သူ႕မွာ ေန႕တိုင္းပို႔စရာအစားအေသာက္ေတြ အမ်ားႀကီးရွိေနလို႔ေနမွာေပါ့ ၊ လူတိုင္းကသူတို႔ရဲ႕ေန႕လည္စာကိုေစာင့္ေနၾကတာေလ"

က်န္းေကာ္အာ ေခါင္းညိတ္လ်က္
"ခက္ခဲမွာပဲေနာ္"

႐ႊီလ်န္ : "အသက္ရွင္ေနထိုင္ရတာခက္ခဲတယ္"

က်န္းေကာ္အာမ်က္ဝန္းေတြ လင္းလက္သြားကာ

"ကြၽန္မအဲဒါကိုမွတ္သားလို႔ရလား? ကြၽန္မ အဲဒါကိုေရးမွတ္ထားလိုက္ေတာ့မယ္!"

႐ႊီလ်န္ "......."

ယေန႕ ရွန့္ခ်န္ခုန္းက အေစာပိုင္းတာဝန္က်ေသာေၾကာင့္ ရွစ္နာရီတြင္ အလုပ္ၿပီး၏။ Starlight ပန္းၿခံထဲတြင္ ခုံတန္းလ်ားတစ္ခုကိုရွာ၍ ညစာသုံးေဆာင္ရန္ ခုနစ္နာရီခြဲတဲ့ထိေစာင့္လိုက္ရသည္။ တိုက္တိုက္ဆိုင္ဆိုင္ သူသည္ တျခားပစၥည္းပို႔သည့္ညီအစ္ကို ခ်န္းဖန္ကိုထပ္ေတြ႕လိုက္ရ၏။

"အာ ရွန့္....ရွန့္ခ်န္ခုန္း! ငါမွတ္မိၿပီ!"

ခ်န္းဖန္က သူ႕စကူတာကို သူ႕(ရွန့္ခ်န္ခုန္း)အေရွ႕တြင္ရပ္လိုက္သည္။ ရွန့္ခ်န္ခုန္း ေခါင္းညိတ္ရင္းႏႈတ္ဆက္၏။

"ဟယ္လို"

"မင္း အရမ္းယဥ္ေက်းလြန္းေနၿပီ"

ခ်န္းဖန္က သူ၏ညစာဘူးေလးႏွင့္ သူ႕ေဘးနားတြင္ဝင္ထိုင္ကာ စကားစျမည္ေျပာေတာ့သည္။

"မင္းဘာေတြစားေနတာလဲ အခုေလးတင္ ငါ့ရဲ႕ညစာကိုဝယ္ဖို႔ မုန့္ေရာင္းတဲ့လမ္းထဲကိုသြားခဲ့တာ..အို႔ ဒီမွာေလ ငါသူေဌးကို ဆန္ေခါက္ဆြဲနည္းနည္းေၾကာ္ေပးဖို႔ေျပာခဲ့တာ မင္းနည္းနည္းေလာက္ျမည္းၾကည့္ခ်င္လား"

"ရပါတယ္ ေက်းဇူးပါပဲ"

ခ်န္းဖန္ ႏႈတ္ခမ္းအသာသပ္လ်က္

"မင္းကအရမ္းစာနာတက္တာပဲ"

ရွန့္ခ်န္ခုန္း "......."

ခ်န္းဖန္ သူ႕ခက္ရင္းကိုယူၿပီး ေခါက္ဆြဲအခ်ိဳ႕ကိုလိမ္ကာ သူ႕ပါးစပ္ထဲထည့္သြင္းလိုက္၏။

"တကယ္စားေကာင္းလိုက္တာ ေစ်းေပါေပမဲ့ဗိုက္ျပည့္တယ္"

သူက သူ႕ေဘးနားမွာသိုသိုသိပ္သိပ္စားေနသည့္ရွန့္ခ်န္ခုန္းကိုၾကည့္၍ သူ႕ပါးစပ္ထဲကအစားအေသာက္ေတြကိုၿမိဳခ်ကာ

"ညီအစ္ကို မင္းကပစၥည္းပို႔တဲ့လူနဲ႕မတူဘူးလို႔ ငါအၿမဲေတြးေနခဲ့တာ မင္းကတမူထူးျခားၿပီးေတာ့ ဆြဲေဆာင္မႈရွိတယ္"

ရွန့္ခ်န္ခုန္းမ်က္ႏွာ နည္းနည္းပုံမွန္မဟုတ္ေတာ့သည့္အခ်ိန္ ခ်န္းဖန္စေနာက္လာ၏။

"မရွက္ပါနဲ႕ ငါေမးခ်င္လို႔ပါ မင္းမွာေကာင္မေလးရွိလား"

ရွန့္ခ်န္ခုန္း အမွန္တကယ္ မေျဖခ်င္ေသာ္ျငားလည္း ခ်န္းဖန္ကသူ႕ကိုစိုက္ၾကည့္ေနသည့္အတြက္ ျပန္ေျဖေပးခဲ့သည္။

"မရွိပါဘူး"

"သိပၸံနည္းက်မဟုတ္လိုက္တာ! ငါ့လိုလူတစ္ေယာက္ကေတာင္ လက္ထပ္ၿပီးသြားၿပီ မင္းမွာဘယ္လိုလုပ္ေကာင္မေလးမရွိရတာလဲ"

ခ်န္းဖန္သည္ ေအာင္သြယ္ေတာ္တစ္ေယာက္၏အေနအထားတိုင္း ကိုယ္ကိုမတ္ကာ လည္ေခ်ာင္းရွင္းလ်က္

"ဒါဆို ငါျပန္သြားရင္ ငါ့မိန္းမမွာ single သူငယ္ခ်င္းမ်ားရွိမလားလို႔ ေမးလိုက္မယ္ ၊ အကယ္လို႔ ေကာင္းတဲ့တစ္ေယာက္ေယာက္မ်ားရွိခဲ့ရင္ ငါမင္းကိုမိတ္ဆက္ေပးမယ္"

"မလိုပါဘူး ေက်းဇူးတင္ပါတယ္"

"ယဥ္ေက်းမေနပါနဲ႕ ကိုယ့္လူရာ!"

ခ်န္းဖန္ၿပဳံးလ်က္ ေမွာင္မည္းေနသည့္ေကာင္းကင္ကိုေမာ့မၾကည့္ခင္ သူ႕ပခုံးကိုပုတ္လိုက္၏။

"အရင္တစ္ေခါက္က မင္းေျပာခဲ့တာ ဒီေနမွာၾကယ္ေတြကိုမျမင္ရဘူးဆို ဒါေပမဲ့ ဒီေနရာကိုေတာ့ Starlight ပန္းၿခံလို႔ေခၚတယ္?"

"အင္း....ဒီပန္းၿခံရဲ႕ရင္းႏွီးျမႇုပ္ႏွံသူေတြက Starlight ကုန္တိုက္မွာရင္းႏွီးျမႇုပ္ႏွံထားတဲ့သူေတြနဲ႕အတူတူပဲ...ျဖစ္နိုင္တာ အဲဒီကေနဆင္းသက္လာတာပဲျဖစ္မယ္"

"ဒါေပမဲ့ Starlight ကုန္တိုက္မွာလဲ ၾကယ္ေတြမရွိဘူးေလ"

"ျဖစ္နိုင္တာကေတာ့ သူတို႔ကအသံထြက္ကိုႀကိဳက္လို႔ေနမယ္"

ရွစ္နာရီေလာက္ထိ သူတို႔ႏွစ္ေယာက္ကစကားဆက္ေျပာေနၾကေလသည္။ ခ်န္းဖန္က ေအာ္ဒါအသစ္တစ္ခုလက္ခံရရွိေသာေၾကာင့္ အလ်င္အျမန္ႏႈတ္ဆက္လိုက္ေတာ့၏။ ရွန့္ခ်န္ခုန္း သူ႕စကူတာေလးဆီသြားကာ အိမ္ကိုေစာေစာျပန္လာခဲ့ေတာ့သည္။

သူ႕လက္ရွိေနရာအရ အိမ္ေရာက္ဖို႔အျမန္ဆုံးလမ္းက ႐ႊီလ်န္ဆိုင္ကိုျဖတ္သြားစရာမလို ၊ သို႔ေသာ္ တမင္ရည္႐ြယ္၍လား ဘာလားေတာ့မသိ...သူဟာ ႐ႊီလ်န္ဆိုင္အေရွ႕၌သာရပ္ေနရင္း အဆုံးသတ္သြားခဲ့သည္။

႐ႊီလ်န္က အခုထိအိမ္မျပန္ေသး။

ေကာင္တာကိုတာဝန္ယူေနက် ေကာင္မေလးကေတာ့အလုပ္ဆင္းသြားခဲ့ေလၿပီ ၊ ႐ႊီလ်န္တစ္ေယာက္တည္းပဲ ဆိုင္ထဲမွာက်န္ရွိခဲ့၏။ သူမေခါင္းထက္ကမီးအိမ္တစ္ခုတည္းကိုသာ ဖြင့္ထားၿပီး အျခားမီးေတြအားလုံးကိုေတာ့ ပိတ္ထားခဲ့သည္။ သူမေလးက အလင္းႏွင့္အေမွာင္ၾကားတြင္ရပ္ေနကာ ကမာၻႀကီးကသူမကိုသာဗဟိုျပဳလည္ပတ္ေနသကဲ့သို႔ ၊ ေမွာင္ရိပ္ေတြက သူမပုံရိပ္ေလးကိုဖုံးလႊမ္းထားလ်က္ သူမအား အတင္းအၾကပ္ တစ္ဝက္ပိုင္းထားခံရသလိုမ်ိဳးႏွင့္ပင္တူေနခဲ့၏။

ဤပုံရိပ္ေလးက ရွန့္ခ်န္ခုန္း အခ်ိန္အေတာ္ၾကာ အမွတ္ရေနမည့္ပုံရိပ္ေလးတစ္ခုသာျဖစ္ၿပီး ႏွစ္အေတာ္ၾကာၿပီးေနာက္ သူ တခါတရံ ၎ကိုပင္အိပ္မက္မက္ေပလိမ့္မည္။

ဆိုင္အျပင္ဘက္တြင္ သူ႕စကူတာကိုရပ္ထားရင္း MONSTER ဆိုင္တံခါးကိုဖြင့္ၿပီးမဝင္ခင္ တစ္ခဏေလာက္ အျပင္တြင္မတ္တပ္ရပ္ေနခဲ့၏။

တံခါးရွိသံစုံေခါင္းေလာင္းျမည္ဟီးသံေၾကာင့္ ႐ႊီလ်န္ အလိုအေလ်ာက္ ေမာ့ၾကည့္လိုက္မိသည္။ အို႔? ဒါက လြမ္းေဆြးဖြယ္မ်က္ဝန္းေတြနဲ႕ပစၥည္းပို႔တဲ့ေကာင္ေလးမလား? သူမေခါင္းကိုေစာင္းငဲ့ရင္း သံသယအခ်ိဳ႕ျဖင့္ဆို၏။

"ေဆာရီး ကြၽန္မဘာမွမမွာထားပါဘူးေနာ္"

ရွန့္ခ်န္ခုန္း၏ကိုးရိုးကားရားဗီဇအျပင္ နည္းနည္းလည္းရွက္႐ြံ႕လာရ၏။

"မဟုတ္ပါဘူး ကြၽန္ေတာ္တစ္ခုခုဝယ္ခ်င္လို႔ပါ မင္းဆိုင္ပိတ္ေတာ့မွာလား"

႐ႊီလ်န္အံ့အားသင့္ေနေသာ္လည္း မီးအကုန္လုံးကိုဖြင့္၍ သူ႕ထံေလွ်ာက္သြားလိုက္သည္။

"မပိတ္ေသးပါဘူး ကိစၥမရွိဘူး..ရွင္ဘာဝယ္ခ်င္လို႔လဲ"

ရွန့္ခ်န္ခုန္း ေဝ့ၾကည့္လိုက္သည္ ၊ ႐ႊီလ်န္ဆိုင္နာမည္က ႏူးႏူးညံ့ညံ့မရွိေပမဲ့လည္း သူမေရာင္းခ်ေနသည့္အမ်ိဳးအစားေတြႏွင့္တြဲၾကည့္မယ္ဆိုလွ်င္ အျပင္အဆင္ေတြကပိုၿပီးစတိုင္က်၏။ ဆိုင္ေထာင့္စြန္းဘက္၌လည္း ပန္းအစစ္ေတြႏွင့္ျပင္ဆင္ထားၿပီး ပန္းဥယ်ာဥ္အေသးစားေလးတစ္ခုလိုမ်ိဳး စီစဥ္ထားလ်က္ရွိသည္။ ပန္းေတြက လန္းဆန္းကာအသက္ဝင္တက္ႂကြေန၏။ သူတို႔ေတြအားလုံး ပိုင္ရွင္ဆီကေသေသခ်ာခ်ာဂ႐ုစိုက္ခံထားရမွန္းေျပာနိုင္၏။

မတူညီသည့္ပုံစံမ်ားျဖင့္ ေရေမႊးဖေယာင္းတိုင္အမ်ိဳးမ်ိဳးအဖုံဖုံရွိကာ တစ္ခုခ်င္းစီ၌ သူတို႔ကိုယ္ပိုင္ထူးျခားသည့္လကၡဏာမ်ားရွိ၏။ တစ္ခုခုကိုခ်က္ခ်င္းေ႐ြးခ်ယ္ရန္ ရွန့္ခ်န္ခုန္းအတြက္ေတာ့မျဖစ္နိုင္ ၊ သူ ႐ုတ္တရက္ဆို၏။

"ကြၽန္ေတာ့္ညီမေလးေမြးေန႕က မၾကာခင္ေရာက္ေတာ့မွာ ကြၽန္ေတာ္ သူ႕ကိုတစ္ခုခုေပးခ်င္လို႔"

႐ႊီလ်န္ ေခါင္းညိတ္ရင္းေမး၏။

"ရွင့္ညီမေလးကအသက္ဘယ္ေလာက္လဲ"

"အထက္တန္းတတိယႏွစ္"

"ဒါဆို သူမက မၾကာခင္ တကၠသိုလ္သြားရေတာ့မွာေပါ့"

႐ႊီလ်န္ ထိုအေၾကာင္းကိုေတြးရင္း ဖေယာင္းတိုင္အစား ရိုမန့္တစ္ဆန္သည့္ကဒ္တစ္ကဒ္အား အႀကံေပးခဲ့သည္။

"ဒီကဒ္ေလးဆိုရင္ေရာ? ကြၽန္မက ဒီအနံ႕ေလးကိုတကယ္ႀကိဳက္တာ..လန္းဆန္းတယ္ အရမ္းမေမႊးဘူး စိတ္ေအးခ်မ္းေစတဲ့သက္ေရာက္မႈလည္းရွိတယ္ ၊ ကြၽန္မစိတ္ပင္ပန္းတဲ့အခ်ိန္ဆို ပုံမွန္အားျဖင့္ ဒီရနံ႕အဆီကို ေအာ္ဒါမွာတက္တယ္"

ရွန့္ခ်န္ခုန္း သူမလက္ထဲကပစၥည္းကိုၾကည့္လိုက္သည္။ ရိုးရိုးရွင္းရွင္းႏွင့္လွပသည့္ စိန္ပုံစံဂ်စ္ပဆမ္အျပားေလးျဖစ္ကာ ပန္းေျခာက္အမ်ိဳးမ်ိဳးျဖင့္ အလွဆင္ထား၏။ အေရာင္ပဲဲျဖစ္ျဖစ္ ဒီဇိုင္းပဲျဖစ္ျဖစ္ ၎အျပားေလးဟာ အလြန္လက္ရာေျမာက္လွ၏။ ၾကည့္ေနရင္း ရွန့္ခ်န္ခုန္း သူမကိုအေမးျပဳလိုက္သည္။

"ဒီဟာကို မင္းကိုယ္တိုင္လုပ္တာလား"

"အင္း ဒီဆိုင္ထဲကပစၥည္းအားလုံးကို ကြၽန္မကိုယ္တိုင္လုပ္ထားတာ ကြၽန္မက ဒီပန္းေျခာက္ေတြကို နိုင္ငံျခားကေနတင္သြင္းခဲ့တာ..တ႐ုတ္ျပည္ကထုတ္တဲ့ပန္းေျခာက္အမ်ိဳးအစားေတာ္ေတာ္မ်ားမ်ားကို ကြၽန္မသုံးၾကည့္ခဲ့ၿပီးၿပီ ဒါေပမဲ့ သူတို႔ကအရမ္းမခိုင္ဘူး ၊ တခါတေလ ဖြဖြေလးထိလိုက္တာနဲ႕ သူတို႔ကတစ္ပိုင္းတစ္စစီျဖစ္သြားတာ အဲဒါေၾကာင့္ ပုံေဖာ္ဖို႔အတြက္ သူတို႔ကိုသုံးရတာက သိပ္အဆင္မေျပဘူး။ တင္သြင္းလာတဲ့ပန္းေတြရဲ႕တန္ဖိုးက ျပည္တြင္းကပန္းေတြထက္ အဆမ်ားစြာေစ်းႀကီးတယ္...အဲဒါေၾကာင့္ ဒီဟာေလးရဲ႕တန္ဖိုးက အေတာ္ေလးေတာ့ေစ်းႀကီးလိမ့္မယ္ ၊ ကြၽန္မမွာလဲ တျခားရနံ႕ေတြနဲ႕ဂ်စ္ပဆမ္အျပားေလးေတြမရွိေတာ့ဘူး..အကယ္လို႔ ဒီတစ္ခုရဲ႕ရနံ႕ကိုမႀကိဳက္ရင္ေတာ့ ရနံ႕အဆီတစ္ခုကိုေ႐ြးၿပီးေတာ့ ရွင္ကိုယ္တိုင္ပဲ အဲဒီအေပၚမွာခ်လိဳက္လို႔ရတယ္ ၊ ရနံ႕ကၾကာရွည္ေတာ့ခံမွာမဟုတ္ဘူး"

ရွန့္ခ်န္ခုန္း မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ျဖစ္ေနရင္း အာ႐ုံေထြျပားေနမိသည္။ ဒီတစ္ႀကိမ္က ႐ႊီလ်န္စကားအမ်ားႀကီးေျပာတာကို သူပထမဆုံးအႀကိမ္ၾကားဖူးတာပဲ ၊ သူထင္ထားခဲ့တာက ႐ႊီလ်န္က စကားနည္းနည္းပဲေျပာတက္တဲ့ ခပ္မိုက္မိုက္ေကာင္မေလးတစ္ေယာက္လို႔...ဒါေပမဲ့ ၾကည့္ရတာ အေၾကာင္းအရာက သူမသေဘာက်တဲ့အေၾကာင္းျဖစ္ေနသေ႐ြ႕ သူမေလးက ေလအိုးတစ္ေယာက္အျဖစ္ေျပာင္းသြားမယ့္ပုံပဲ။

သူ သူမေလးကိုၿပဳံးကာဆို၏။

"ရပါတယ္ ကြၽန္ေတာ္ ဒီတစ္ခုကိုတကယ္ႀကိဳက္တယ္ မင္းကြၽန္ေတာ့္အတြက္ထုပ္ေပးလို႔ရမလား"

_________________

အသစ္ျပန္လည္ျပင္ဆင္ထားတဲ့ျမန္မာစာအသုံးမွာ 'လဲ' ကိုစကားေျပာေတြမွာသုံးပါတယ္ ၊ အရင္က 'လည္း' လို႔သုံးခဲ့ေပမဲ့ အခု 'လဲ' လို႔သုံးရပါတယ္...
Update ကႏွစ္ရက္တစ္ပိုင္းပုံေသထားလိုက္ပါမယ္ ေန႕တိုင္းတင္လို႔အဆင္မေျပတာေၾကာင့္ပါ ၊ ဒါေပမဲ့ တခါတေလလဲ ၾကားထဲမွာ bonus ေလးဘာေလးေတာ့ရွိခ်င္ရွိမွာပါ..

******

Continue Reading

You'll Also Like

11.6K 758 49
Name - Hello, Mr. Zhou (Love and Marriage Anecdotes) Type - Web Novel (CN) Genre - Drama Mature Romance Slice of Life Tags - Absent Parents Acting Be...
5.6M 492K 98
โœซ ๐๐จ๐จ๐ค ๐Ž๐ง๐ž ๐ˆ๐ง ๐‘๐š๐ญ๐ก๐จ๐ซ๐ž ๐†๐ž๐ง'๐ฌ ๐‹๐จ๐ฏ๐ž ๐’๐š๐ ๐š ๐’๐ž๐ซ๐ข๐ž๐ฌ โŽโŽโŽโŽโŽโŽโŽโŽโŽโŽโŽ She is shy He is outspoken She is clumsy He is graceful...
7.8K 310 5
แ€€แ€ปแ€ฝแ€„แ€บแ€šแ€ฒแ€ทแ€›แ€ฝแ€พแ€™แ€บ & แ€แ€ปแ€ฑแ€ฌแ€„แ€บแ€แ€ปแ€„แ€บแ€ธ
5.6M 230K 68
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally โฃ๏ธ Cover credit...